10/01/13

တပ်မတော်ဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့နဲ့ တိုင်းပြည်ကို ကာကွယ်ဖို့ပဲဖြစ်စေချင်တယ်၊ နိုင်ငံရေးထဲမှာပါဝင်တဲ့ တပ်မတော် မဖြစ်စေချင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောဆိုလိုက်ပါတယ်။

နေပြည်တော် လွှတ်တော်ဝင်းအတွင်းမှာရှိတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီရေးရာအဆောင်မှာ ဒီနေ့ နေ့လည်ပိုင်းက သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းပြောဆိုလိုက်တာပါ။

"တပ်မတော်ရဲ့ အခန်းကဏ္ဍဆိုတာဟာ ပြည်သူကိုကာကွယ်ဖို့၊ တိုင်းပြည်ကို ကာကွယ်ဖို့၊ ကျမဘယ်တုန်းကမှ နိုင်ငံရေးထဲကို ဝင်ပါတဲ့တပ်မတော်ကို အားမပေးခဲ့ဘူး၊ အဲဒါပွင့်ပွင့်လင်းလင်းပြောတာ၊ တပ်မတော်ကို မချစ်လို့မဟုတ်ဘူး၊ ချစ်လို့ တန်ဖို့းထားလို့သာ မလုပ်စေချင်တာ၊ မလုပ်သင့်တဲ့ကိစ္စမို့လို့ မလုပ်စေချင်တာ၊ တကယ်ဆို ပြည်သူလူထုက ရွေးချယ်ထားတဲ့ အရပ်သားအစိုးရဟာ တပ်မတော်အတွက် အားလုံးတာဝန်ယူရမယ်၊ တပ်မတော်ဆိုတာ ပိုက်ဆံရှာနေစရာ လိုရမယ့်ဟာမဟုတ်ဘူး၊ အရပ်သားအစိုးရက ပြည့်ပြည့်စုံစုံပေးထားရမှာ၊ အဲဒါမှ တပ်မတော်က အဆင့်မြင့်မြင့်နဲ့ အိနြေ္ဒရရနေနိုင်မှာ"

တပ်မတော်ကိုလည်း တကယ့်ကိုအရည်အချင်းပြည့်ဝပြီး ကမ္ဘာ့စံချိန်မှီတဲ့၊ ပြည်သူတွေက ထောက်ခံအားပေးတဲ့ ၊ ပြည်သူချစ်တဲ့ တပ်မတော် ဖြစ်စေချင်တယ်လို့လည်း ပြောခဲ့ပါတယ်။
တပ်မတော်နဲ့ ပတ်သက်တာအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်စီးပွားရေး စတဲ့အချက်တွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေ မေးမြန်းတာကို ဖြေကြားခဲ့ပါတယ်။

RFA


နိုင်ငံရေးပုရောဟိတ်လုပ်ချင်ကြသူအချို့ နဲ့  တက်ကြွလှုပ်ရှားသူအချို့ ကဒီကနေ အခြေအနေတွေဟာ စစ်အစိုးရကိုယ်တိုင် အပြောင်းအလဲလုပ်ချင်လို့ ဖြစ်လာရတာပါဆိုပြီး အခွင့်အရေးကြုံ တိုင်း ပြောဟောပို့ ချနေကြပါတယ်။
ဒီစကားကအပြည့်အ၀မှန်တယ်လို့ မဆိုနိုင်သလိုအပြည့်အ၀မှားနေတယ်လို့ လည်းကျွန်တော်တို့ မငြင်းလိုပါဘူး။ ပြည်သူလူထုကြီးကိုယ်တိုင်တက်ကြွစွာပါဝင်ခဲ့တဲ့၁၉၈၈ဒီမိုကရေစီတောင်းဆိုမှုတွေကနေ နောက်ဆုံးပြီးခဲ့တဲ့၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုအထိ ဆက်တိုက်ဖြစ်ပေါ်ခဲ့တဲ့ လူထုဖိအား၊ တွန်းအားတွေကြောင့် ဒီနေ့ လိုအနေအထားရောက်လာတာကို လျစ်လျူရှုပြီးထည့်မစဉ်းစားလို့ မရပါဘူး။ ပြီးတော့ စစ်အုပ်စုကိုယ်တိုင် ပြောင်းချင်တယ်ဆိုရာမှာ
ဘယ်ပုံစံပြောင်းချင်တာလဲဆိုတဲ့မေးခွန်း မေးစရာရှိပါတယ်။ ပြောင်းရင်ပြီးရော၊ အရင်လို ယူနီဖောင်းဝတ်မထားရင်ပြီးရော လွယ်လွယ်လေးသတ္တုချလို့ ရနိုင်ပါသလား။

စစ်အုပ်စုအနေနဲ့ အရင်လိုပြောင်အုပ်ချုပ်တဲ့ စစ်အာဏာရှင်ပုံစံဆက်သွားနေတာကိုပြည်သူက ဆက်သည်းမခံတော့တဲ့အဆုံးမှာပုံစံပြောင်းပြီးဆက်အုပ်ချုပ်ဖို့ စဉ်းစားလာရပါတယ်။ နောက်တချက်က နိုင်ငံတကာရဲ့ 

တရားဝင်အသိအမှတ်ပြုမှုနဲ့ စီးပွားရေးပိတ်ဆို့ မှု ရုပ်သိမ်းပေးရေးအတွက် စစ်အုပ်ချုပ်ရေးပုံစံဟောင်းကိုစွန့် လွှတ်မှရမယ်ဆိုတာ နအဖအစိုးရ နားလည်သဘောပေါက်လာပါတယ်။
ဒါပေမယ့် အာဏာကိုအပြည့်အ၀ စွန့် လွှတ်ဖို့ ကျတော့ ၀န်လေးနေတာကြောင့်စစ်အုပ်ချုပ်ရေးယန္တရားကို သွယ်ဝိုက်ပြီး တရားဝင်ဖြစ်အောင်လုပ်ဖို့ ကြံစည်လာရပါတယ်။ ဒီအခြေခံအကြောင်းတရားတွေကြားက လမ်းပြမြေပုံ(၇)ချက်နဲ့  ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပေါ်ထွက်လာရတာပါ။
စေတနာသန့် သန့် နဲ့  အသွင်ကူးပြောင်းရေးစဉ်းစားချက် မပါဘူးဆိုတာစစ်တစ်ပိုင်းအစိုးရ ဘုန်းတော်ဘွဲ့ ကို သီဆိုချီးမြှင့်နေသူတွေကို ပြတ်ပြတ်သားသားသတိပေးလိုက်ပါရစေ။

၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေရဲ့ အခန်း (၁) “နိုင်ငံတော်အခြေခံမူများ” အခန်းမှာစုစုပေါင်းအပိုဒ် (၄၈)ခု ပါဝင်ပါတယ်။ ဒီထဲက ကျန်တဲ့အပိုဒ်တွေဟာ အသေးစိတ်ရှင်းလင်းချက်နဲ့ ဖွင့်ဆိုပြချက်တွေဘဲဖြစ်ပြီး အပိုဒ် (၆)ကတကယ့်အတွင်းသရုပ်ဖြစ်ပါတယ်။ နိုင်ငံတော်သည် (က) ပြည်ထောင်စုမပြိုကွဲရေး
(ခ) တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး (ဂ) အချုပ်အချာအာဏာတည်တံ့
ခိုင်မြဲရေး (ဃ) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်
ထွန်းကားရေး (င) နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်း
ဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေး နှင့် (စ) နိုင်ငံတော်၏
အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်
နိုင်ရေးတို့ ကို အစသ်တစိုက်ဥိးတည်သည် ဆိုတဲ့ အချက် (၆)ချက်က
လက်ရှိဖွဲ့ စည်းပုံရဲ့ အသက်ဘဲဖြစ်ပါတယ်။

ဒီအခြေခံမူ(၆)ချက်ဟာ၁၉၉၃ကစတင်ကျင်းပတဲ့အမျိုးသားညီလာခံအတွင်းမှာချမှတ်ခဲ့တာလည်းမဟုတ်ပါဘူး။ န၀တ/နအဖ စစ်အာဏာရှင်အစိုးရကိုယ်တိုင်သေသေချာချာ ပြင်ဆင်ချမှတ်ပြီးမှ သူတို့ ကိုယ်စားလှယ်အများစုတက်ရောက်ခဲ့တဲ့ညောင်နှစ်ပင်ညီလာခံမှာ ထည့်သွင်းအတည်ပြုခဲ့တာပါ။ ဒါဟာ ဘာကိုပြနေသလဲဆိုရင် နိုင်ငံတော်အခြေခံမူတွေဟာ တစ်ခုနဲ့ တစ်ခု ဆန့် ကျင်ကွဲလွဲနေတဲ့
အနေအထားမှာရှိပြီး လွတ်လပ်ခွင့်ကို ကန့် သတ်ပိတ်ပင်တဲ့ ကြိုတင်စည်းသတ်မှတ်ချက်တွေလည်း ပါဝင်နေတာကိုတွေ့ ရပါတယ်။ ပိုဆိုးတာကဒီအခြေခံမူတွေဟာ စစ်အာဏာရှင်စနစ် ဆက်လက်သက်ဆိုးရှည်စေမယ့်ရေခံမြေခံတွေဘဲဖြစ်နေသလို ပြည်သူလူထုကို ဖိနှိပ်ဆန့် ကျင်တဲ့ သဘောတရားကြီးကြီးမားမား ကိန်းဝပ်နေတာကိုလည်း တွေ့ နိုင်ပါတယ်။

အခြေခံမူ (၆)ချက်ထဲက ရှေ့  (၃)ချက်ဖြစ်တဲ့ တို့ တာဝန်အရေးသုံးပါးရဲ့ အနှစ်ချုပ်သဘောဟာ အာဏာကို စစ်တပ်က တလုံးတစည်းတည်းထိန်းချုပ်ဖို့ ထားမယ်လို့ ပြောတာပါ။ ၁၉၆၂ မှာ ရှမ်းပြည်နယ်ခွဲထွက်ရေး အကြောင်းပြချက်ရှာပြီးအာဏာသိမ်းခဲ့တဲ့စစ်တပ်ဟာလည်းအချုပ်အချာအာဏာကိုလိုချင်တပ်မက်တဲ့ လောဘစိတ်ရဲ့ တွန်းအားပေးမှုကတစ်ဆင့် ကာယကံမြောက်လုပ်ဆောင်ခဲ့တာပါဘဲ။


 ပြည်ထောင်စုလို့ အမည်တပ်ထားပေမယ့် လက်တွေ့ အားဖြင့် တစ်ပြည်ထောင်စနစ်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ ဒီမူ(၃)ချက်ကရည်ညွှန်းနေပါတယ်။

၁၉၇၄ တော်လှန်ရေးကောင်စီအခြေခံဥပဒေအတိုင်း ပြည်နယ်ခုနစ်ခု၊ တိုင်းခုနစ်ခု ပြန်ထားတာကိုကြည့်ရင် ပြည်ထောင်စုစစ်စစ်
မဖြစ်လိုဘူးဆိုတာ၊ ဖက်ဒရယ်စနစ်ကို အကောင်အထည် မဖော်ချင်သေးဘူးဆိုတာ
တွေ့ နေရပါတယ်။ နောက်ထပ် ဒီအချက်ကိုထင်ရှားစေတဲ့ သက်သေပြချက်ကတော့
ပြည်နယ်များရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံပေးနိုင်တဲ့ ပြည်နယ်ဖွဲ့ စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေများ ရေးဆွဲခွင့် သီးခြားမရရှိတာဘဲဖြစ်ပါတယ်။ ပြည်ထောင်စု
ဖွဲ့ စည်းပုံအခြေခံဥပဒေထဲမှာ တစ်ပေါင်းတည်း ရောထွေးဖော်ပြထားတာကို
တွေ့ ရပါတယ်။

“စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်” ဆိုတဲ့ ပြဌာန်းချက်မှာ
“စည်းကမ်း” ဆိုတာ ထည့်သွင်းထားမှုက အာဏာရှင်အငွေ့ အသက်မကင်းတဲ့
ဒီမိုကရေစီကို အကောင်အထည်ဖော်မယ်လို့ ပြောတာနဲ့ အတူတူပါဘဲ။ စည်းကမ်းရဲ့ 
သဘာဝက အထက်ကနေအောက်သို့  စီးဆင်းတဲ့အသွင်ဆောင်ပါတယ်။
ဒါကြောင့် စစ်အုပ်စုဆိုလိုတဲ့ဒီမိုကရေစီဟာ တင်းတင်းကြပ်ကြပ်
ချုပ်ကိုင်မှုအောက်မှာသာ ရှိနေတဲ့ ပဒုမပေါင်တို ဒီမိုကရေစီလို့ ဘဲ
စွပ်စွဲဝေဖန်ချင်ပါတယ်။ ဒါကို ကျောမှာထမ်းပိုးပြီး ရှင်သန်အောင် ကျွေးမွေးပြုစု
ယုယသုတ်သင်ပေးမယ်ဆိုရင် ပြည်သူကို သစ္စာဖောက်ရာကျနေလိမ့်မယ်လို
ယူဆပါတယ်။

နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်က
ပါဝင်ထမ်းဆောင်နိုင်ရေး မူဝါဒဟာ တော်တော်လေးဆိုးဝါးတဲ့ တောင်းဆိုချက်
တစ်ခုဖြစ်ပြီး ဘယ်ပြည်သူကမှ လက်သင့်မခံနိုင်တဲ့ သဘောထားတစ်ခုပါ။
စစ်အာဏာရှင်စနစ်ကို ဆက်လက်အသက်သွင်းဖို့  ကြိုးပမ်းချက်တစ်ခုဘဲ
ဖြစ်ပါတယ်။ အရပ်ဘက်ဝန်ထမ်းတွေ အစိုးရနေရာမှာ ပါဝင်ချင်ရင်
ရာထူးက နုတ်ထွက်ရမယ်လို့ ပြဌာန်းထားပြီး စစ်သားတွေကတော့ ရာထူးက
နုတ်ထွက်စရာမလိုဘဲ နိုင်ငံရေးလုပ်ခွင့်ရှိတယ်ဆိုတဲ့သဘော ဆောင်နေပါတယ်။
ဒီလို မိုးကျရွှေကိုယ် အခွင့်ထူးခံလူတန်းစားဖန်တီးမှုဟာ အချက် (၅)မှာ ထည့်သွင်း
ပြဌာန်းထားတဲ့ လောကပါလတရား (၃)ပါးကို ပြန်လည်ချိုးဖောက်လိုက်တာဘဲ
ဖြစ်ပါတယ်။ ဒီအခြေခံမူတွေကို ခြုံငုံသုံးသပ်ရရင် ၁၉၆၂ စစ်အာဏာသိမ်းမှု၊
၁၉၈၈ စစ်အာဏာသိမ်းမှုတို့ ကို တစ်ဆင့်မြှင့်ထားတဲ့ ပါလီမန်အသွင်ဆောင်
စစ်အာဏာသိမ်းမှုတစ်ရပ် ထပ်မံကျူးလွန်ထားခြင်းဘဲဖြစ်ပါတယ်။ ဗိုလ်နေ၀င်း
ချက်လုပ်ခဲ့တဲ့ ၀ိုင်အရက်ကို ပုလင်းအသစ်ပြောင်းပြီး တံဆိပ်အသစ်ကပ်ကာ
ပြန်လည်ထုတ်လုပ်လိုက်တာဘဲဖြစ်တယ်လို့  ရှုမြင်ရပါလိမ့်မယ်။

အခြေခံဥပဒေပြင်ဆင်ရေး ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲဝင်ခဲ့တဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ လွှတ်တော်ထဲမှာ လွယ်လင့်တကူပြင်မရဘူး
ဆိုတဲ့အသိကို မကြာခင်ကမှ ရရှိခဲ့ပါပြီ။ အခြေခံဥပဒေပြင်ဆင်ဖို့ မဆိုထားနဲ့ 
ပြည်သူလူထုအတွက် အကျိုးရှိစေမည့် သာမန်ဥပဒေတစ်ခု ပြဌာန်းဖို့ 
အတွက်တောင် (၆) ရာခိုင်နှုန်းမျှသာရှိသော အမတ်အင်အားနဲ့ မဖြစ်နိုင်ပါ။
ဒါကြောင့် အခြေခံဥပဒေကို ပြင်ဆင်ရေးလုပ်မလား၊ လုံးဝဖျက်သိမ်းပြီး
အသစ်တစ်ခုနဲ့  အစားထိုးမလားဆိုတာ လူထုဆီက ဆန္ဒဖော်ထုတ်
လက်မှတ်ကောက်ခံဖို့  ဒီချုပ်က ဆုံးဖြတ်လိုက်ပါတယ်။

ကျွန်တော့်သဘောပြောရရင်ပြည်သူကိုလုံးဝအကျိုးမပြုဘဲစစ်အာဏာရှင်စနစ်ဆက်လက်တည်မြဲစေဖို့  ရေးသားထားတဲ့အခြေခံဥပဒေကို ဟိုတစ်ကွက်ဒီတစ်ကွက်ပြင်ဆင်နေတာက လုံးဝအဓိပ္ပာယ်ရှိလိမ့်မည်မဟုတ်ပါ။ လူနည်းစုအခွင့်အရေးကို
အာမခံနိုင်တဲ့ ပြည်ထောင်စုစစ်စစ် ပေါ်ထွန်းစေမယ့် အခြေခံဥပဒေသစ်တစ်ခုနဲ့ တစ်စုံလုံး အစားထိုးနိုင်ရေးကိုသာ ၀ိုင်းဝန်းကြိုးပမ်းရပါလိမ့်မယ်။ ဒီမိုကရေစီရေး၊ငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူညီမျှရေးဆိုတဲ့ မျက်မှောက်ကာလ နိုင်ငံရေးလိုလားချက်တွေကို ရရှိဖို့ အတွက် အဖြေရှာမယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကတော့ မဖြစ်နိုင်တာ သေချာနေပါပြီ။ ပြင်ဆင်တာထက်စာရင်ဖျက်သိမ်းပြီး အသစ်ပြန်စတာကသာ အမှန်ကန်ဆုံးနည်းလမ်းဖြစ်ပါလိမ့်မယ်။

အရေပြားတစ်ထောက်စာ ပြင်ဆင်ရေးကို ၀မ်းသာအားရ လက်ကမ်းကြိုဆိုဖို့ လုံဝမစဉ်းစားကြပါနဲ့ ။ အရင်က မဖော်ပြခဲ့ရတဲ့နာမည်တွေကို စာနယ်ဇင်းပေါ်မှာထည့်သွင်းခွင့်ရရှိရုံလောက်နဲ့  လွတ်လပ်ခွင့်ရှိပြီလို့ ဆိုမလား၊ အရင်ကပိတ်ပင်ထားတဲ့ နိုင်ငံခြားခရီးစဉ်တွေ သွားလို့ ရရုံလောက်နဲ့  ဒီမိုကရေစီရှိပြီလို့ ပြောနိုင်မလား၊ အရင်က ကျင်းပခွင့်မရှိတဲ့ အထိမ်းအမှတ်အခမ်းအနားတွေ
ကျင်းပဖို့ ရပြီဆိုရုံလောက်နဲ့  ပြုပြင်ပြောင်းလဲရေးဖြစ်တယ်လို့  ကောက်ချက်ချနိုင်ပါ့မလား။ အပေါ်ယံသရုပ်ထဲက မထူးခြားသေးတဲ့အတွင်းသဏ္ဍာန်ကိုဆုပ်ဆုပ်ကိုင်ကိုင် ထုတ်ပြပြီး ပြည်သူတွေရည်မှန်းတဲ့ ပန်းတိုင်အစစ်ကိုဆက်လက်ရှာဖွေဖို့ လိုအပ်ကြောင်း တင်ပြလိုက်ပါတယ်။

ကျော်ကိုကို

(Venus News ဂျာနယ် အတွဲ ၅၊ အမှတ် ၁၀ တွင်ပါရှိသော “အရေပြား
တစ်ထောက်စာ အပြောင်းအလဲနှင့် ၂၀၀၈ အခြေခံဥပဒေ အရှုပ်အထွေးများ” မှ
ထုတ်နုတ်ဖော်ပြပါသည်)


ကိုအောင်မျိုးထွန်း

ပြည်တွင်း၌ တရားဥပဒေစိုးမိုးမှု မရှိလျှင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် အစိုးရတို့အကြား စစ်မှန်သော ငြိမ်းချမ်းရေး မရနိုင်ကြောင်းကို စက်တင်ဘာ ၂၇ ရက်နေ့တွင် ကျရောက်သော NLD ပါတီ တည်ထောင်ခြင်း ၂၅ နှစ်ပြည့် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က မီဒိယာများသို့ ပြောကြားခဲ့သည်။

လက်ရှိ ပြည်တွင်း တရားဥပဒေစိုးမိုးနေမှုသည် ပြည်သူများအတွက် စိုးရိမ်ရသော အနေအထားတွင် ရှိနေသေးကြောင်း၊ ဥပဒေစိုးမိုးမှုမရှိလျှင် တိုင်းရင်းသားအဖွဲ့များနှင့် အစိုးရ အပစ်အခတ် ရပ်စဲရေးကို ဆောင်ရွက်နေသော်လည်း တစ်ချိန်တွင် ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာနိုင်ကြောင်း၊ တိုင်းရင်းသားအားလုံး လက်မခံနိုင်သော ၂၀၀၈ ဖွဲ့စည်းပုံကို အဓိက ဦးစားပေး ပြင်ဆင်သွားမည် ဖြစ်ကြောင်း၊ ၂၀၀၈ အခြေခံဖွဲ့စည်းပုံ ပြင်ဆင်နိုင်မှသာလျှင် ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ပေါ်ပေါက်လာနိုင်မည်ဖြစ်ကြောင်း၊ အရပ်သား နိုင်ငံရေးအဖွဲ့များနှင့် တပ်မတော်နိုင်ငံရေးအရ ထိတွေ့မှု ဖြစ်လာစေရန် ပူးပေါင်းသွားမည်ဖြစ်ကြောင်း၊ ပြည်သူများအကျိုး ဖြစ်ပေါ် တိုးတက်လာစေရန် အခက်အခဲများကြားမှ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့အနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ လက်နက်ကိုင်များအားလုံးနဲ့ အပစ်အခတ် ရပ်စဲနိုင်ဖို့ အောက်တိုဘာလအတွင်းမှာ လက်မှတ်ရေးထိုးသွားမှာပါ။ ပြည်တွင်း တရားဥပဒေ စိုးမိုးမှုရှိဖို့ လာဘ်ပေး၊ လာဘ်ယူစနစ်တွေ ပပျောက်ဖို့လည်း နိုင်ငံတော်ဘက်က အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ်”ဟု ပြည်တွင်းငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ပြောသည်။

“အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေမှာ ညှိယူနေရတဲ့ အချက်တွေက အစိုးရနဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး မူ (၈)ချက်မှာ (၂) ချက်ကို တိုင်းရင်းသားတွေဘက်က လက်မခံနိုင်ဘူး။ အဲဒါက (၁) ၂၀၀၈ အခြေခံ ဥပဒေကို လက်ခံပြီး ပြင်ဆင်ရန် လိုအပ်ပါက လွှတ်တော်မှ အများစု သဘောတူညီချက်ဖြင့် ပြင်ဆင်ရမည်။ (၂) ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တစ်ခုတည်းသော တပ်မတော်အဖြစ် တည်ရှိမှုကို ၀ိုင်းဝန်းဆောင်ရွက်ရမည် ဆိုတာကို လက်မခံတာ”ဟု နိုင်ငံရေးပညာရှင် ဒေါက်တာသောင်းထွန်းက ပြောသည်။

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ တောင်ကြီးမြို့တွင် ကျင်းပခဲ့သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း၊ ဆွေးနွေးပွဲတွင် တစ်ပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခြင်းကို အောက်တိုဘာလကုန်နှင့် နိုင်ငံရေးဆွေးနွေးပွဲကြီးကို ၂၀၁၄ နှစ်ဆန်း ပိုင်းတွင် စတင်ပြုလုပ်နိုင်ရန် မျှော်မှန်းထားကြောင်း၊ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် မည်သူကိုမျှ ချန်လှပ်မထားဘဲ တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့လုံးကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်းကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

ကျော်စိုးဦး
(မြန်မာသံတော်ဆင့်)

တယ်လီနောကုမ္ပဏီ အတွက် ဈေးကွက် သစ်တစ်ခုဖြစ် သော မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ငှားရမ်းသုံးစွဲမှုမှာ ၂၀၁ရ အကုန် ၌ နိုင်ငံ့လူဦးရေ၏ ထက်ဝက်ခန့်အ ထိ ငါးဆကျော်မြင့်တက်လာမည် Telenor ASA ၏ အမှုဆောင် အရာရှိချုပ်ဂျွန်ဖရက်ဒရစ်ဘက်ခ် ဆတ်စ်က ပြောကြားခဲ့သည်။

ယခုနှစ်ကုန်တွင် လိုင်စင် တရားဝင်ချပေးလိမ့်မည်ဟု နော့ ဒစ်ဒေသ၏ အကြီးဆုံးဖုန်းကုမ္ပဏီ နှင့် မြန်မာ့ဆက်သွယ်ရေးကွန် ရက်တည်ဆောက်ရေး အတွက် ရွေးချယ် ခံရသော အော်ပရေတာ နှစ်ဦးအနက်တစ်ဦးဖြစ်သော တယ် လီနောက မျှော်လင့်ထားသည်ဟု မစ္စတာ ဘက်ခ်ဆတ်စ်က ပြော ကြားခဲ့သည်။ ယင်းသို့ချထားပေး ပြီးနောက် ခုနစ်လမှ ရှစ်လအတွင်း ဝန်ဆောင်မှုများစတင်မည်ဖြစ် ကြောင်းလည်း စက်တင်ဘာ ၂၈ ရက်က စင်ကာပူတွင်ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် ၎င်းက ပြောကြားခဲ့သည်။

''အခုအချိန်မှာ မြန်မာနိုင်ငံ ရဲ့မိုဘိုင်း ဖုန်းသုံးစွဲမှုဟာ ၁ဝရာခိုင်နှုန်း အောက် သာရှိပေ မယ့် အချိန်တို အတွင်း သိသိသာသာမြင့်တက် လာလိမ့်မယ်''ဟု မစ္စတာဘက်ခ် ဆက်စ်ကပြောကြားခဲ့သည်။ လာ မည့်သုံးနှစ်အတွင်း မိုဘိုင်းဖုန်းသုံး စွဲမှုမှာ ရာခိုင်နှုန်း ၅ဝရှိလာနိုင် သည်ဟု ၎င်းကပြောကြား ခဲ့သည်။

မဖော်ထုတ်ရသေးသည့် ကမ္ဘာ့နောက်ဆုံးဈေးကွက်များထဲ မှတစ်ခုကို ဖွင့်လှစ်ပေးသည့်အ နေဖြင့် မြန်မာသည် ဇွန်လက တယ်လီနောနှင့် အူရီဒူး ကို ရွေး ချယ်ခဲ့သည်။ မြန်မာနိုင်ငံတွင် မို ဘိုင်းဖုန်းသုံးစွဲမှု ကျယ်ပြန့် လာခြင်း က တယ်လီနော၏ ရောင်းချရမှု ကို ၂၀၂ဝပြည့်နှစ်တွင် ခုနစ်ရာ ခိုင်နှုန်းမှ ရှစ်ရာခိုင်နှုန်းအထိ မြင့် တက်လာနိုင်ကြောင်း Swedbank AB ၏ ဩဂုတ်လခန့်မှန်းချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု အတွက် ဘဏ္ဍာရေးဆိုင်ရာရည် မှန်းချက် များပြောကြားခြင်း ကိုမူ မစ္စတာဘက်ခ်ဆက်စ်က ငြင်းပယ် ခဲ့သည်။ လိုင်စင်များအရ တယ်လီ နောနှင့် အူရီဒူးသည် မြန်မာနိုင်ငံ ၏ လူဦးရေ၅၉သန်းခန့်အတွက် ဝန်ဆောင် မှုပေးမည့် နိုင်ငံတစ်ဝန်း ကြိုးမဲ့ကွန်ရက်လုပ်ငန်းကို ၁၅နှစ် ကြာ လုပ်ကိုင်ခွင့်ရရှိ မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ် အားလိုင်းများထက် နိုင်ငံတွင်းရှိ ကွန်ရက်လုပ်ငန်းများအတွက် နေ ရောင်ခြည်စွမ်းအင်ကိုသာ ပိုမို အားထား ရမည်ဟု အသက် ၅၈ နှစ်အရွယ်ရှိ မစ္စတာဘက်ခ်ဆက်စ် က ပြောကြားခဲ့ သည်။ အခြေစိုက်စခန်းတိုင်းအ တွက် စွမ်းအင်လိုအပ်သော် လည်း ကျေး လက်ဒေသ များတွင် လျှပ် စစ်ဓာတ်အားလိုင်းမရှိသည့်အ တွက် စွမ်းအင်ကဏ္ဍကို မိမိတို့ကိုယ် တိုင် ထူထောင် ထုတ်လုပ်သွား မည်ဟု ဘက်ခ်ဆက်စ်က ပြော ကြားခဲ့သည်။

Yangon media group

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန်အတွက် အပြောင်းအလဲကြီးတစ်ခုအဖြစ် ဖန်တီးခဲ့သော ၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတု အထိမ်းအမှတ် အခမ်းအနားတွင် ပြည်သူအားလုံး တက်ကြွစွာ ပါဝင်စေချင်ကြောင်းကို စက်တင်ဘာ ၂၉ ရက်တွင် ၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတုအထိမ်းအမှတ်အခမ်းအနား ကျင်းပရေးကော်မတီဝင် ရုပ်ရှင်ဒါရိုက်တာ ကြည်ဖြူသျှင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

၁၃၀၀ ပြည့် အရေးတော်ပုံကြီးသည် ကျောင်းသား၊ လယ်သမား၊ အလုပ်သမား အားလုံးစုပေါင်းကာ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အပြောင်းအလဲကြီးတစ်ခုအဖြစ် ဖန်တီးပေးခဲ့သော အဓိက တိုက်ပွဲဖြစ်ကြောင်း၊ မြန်မာပြည် အတွက် အဓိက အရေးပါသော ၁၃၀၀ ပြည့် အရေးတော်ပုံ၏ သမိုင်းကြောင်းကို ပြည်သူများ ပြန်လည် သတိရစေရန် ရည်ရွယ်၍ စိန်ရတု အထိမ်းအမှတ် အခမ်းအနား ကျင်းပရခြင်းဖြစ်ကြောင်း၊ အခမ်းအနားများကို ချောက်မြို့၊ ရန်ကုန်မြို့နှင့် မန္တလေးစသော မြို့ကြီးများအပါအ၀င် အောက်မြန်မာပြည် မြို့ကြီးအချို့တွင်လည်း ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း၊ ၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတု အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေးအတွက် ပြည်သူ အားလုံး တက်ကြွစွာ ပါဝင်စေချင်ကြောင်းကို ၎င်းက ပြောသည်။

“၁၃၀၀ ပြည့် အရေးတော်ပုံကြီးက လွတ်လပ်ရေးရဖို့အတွက် အပြောင်းအလဲကြီးတစ်ခုအဖြစ် ဖန်တီးပေးခဲ့တဲ့ အဓိက အကြောင်းရင်းတစ်ခုလေ။ ဒါကို အခုဆိုရင် အစ်မတို့လိုအရွယ်တွေတောင် သိပ်မသိကြတော့ဘူး။ အစ်မတောင် ဗိုလ်ချုပ်ဇာတ်ကား ရိုက်တဲ့အထဲမှာ ပါလို့သိရတာ။ ဒီလိုသမိုင်းဝင်တဲ့ အရာတွေရဲ့ သမိုင်းကြောင်း ပျောက်မသွား စေချင်ဘူး။ အဲဒီလို ရည်ရွယ်ချက်တွေကြောင့် ဒီအခမ်းအနားဖြစ်မြောက်ရေးမှာ ပြည်သူအားလုံးကို ပါစေချင်တယ်” ဟု ၎င်းက ထပ်မံပြောသည်။

အဆိုပါ အခမ်းအနားနှင့် စပ်လျဉ်း၍ “အခုဆို လူတော်တော်များများက ၁၃၀၀ ပြည့် အရေးတော်ပုံအကြောင်း မသိကြ တော့ဘူး။ ဒီလိုအထိမ်းအမှတ် အခမ်းအနား ကျင်းပတာ ကောင်းပါတယ်။ အရင်တုန်းကဆိုရင် ၆ လပတ်၊ ၉ လပတ် စာမေးပွဲတွေမှာ ၁၃၀၀ ပြည့်အခမ်းအနား အကြောင်းက မပါမဖြစ်မေးတာ။ ဒီလိုသမိုင်းတွေ ပျောက်သွားတာ စိတ်မ ကောင်းဘူး။ အန်တီတို့လည်း ပါဝင်ချင်ပါတယ်။ ဒါပေမဲ့ ပြည်သူအားလုံးမှာ သိတဲ့လူ မသိတဲ့လူကရှိတော့ အခမ်းအနား မလုပ်ခင်မှာ ကြိုတင် လှုံ့ဆော်စေချင်တယ်” ဟု ပြည်သူတစ်ဦးက ပြောသည်။

အဆိုပါ အထိမ်းအမှတ် အခမ်းအနားအတွက် အထိမ်းအမှတ်စာအုပ်နှင့် မှတ်တမ်းရုပ်ရှင်တို့အား အလုပ်သမား၊ လယ်သမားတို့၏ အခြေခံရပိုင်ခွင့် အခွင့်အရေးများ အပြည့်အ၀ ရရှိရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အ၀ ရရှိရေး၊ သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင်ခွင့်ရရှိရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ၁၃၀၀ ပြည့် အရေးတော်ပုံစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး စသော ဦးတည်ချက်များနှင့်အညီ ထုတ်ဝေသွားမည်ဖြစ်သည်။

ဇင်မာ
(မြန်မာသံတော်ဆင့်)

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂ဝဝ၁ ခုနှစ်၊ ဇန်နဝါရီလမှစ၍ တည်ထောင်ခဲ့ပြီး၊ လူမှုရေး လုပ်ငန်းများကို အစဉ်တစိုက် အလှူရှင်များနှင့် လက်တွဲ၍ ဆောင်ရွက်ကူညီပေးဆပ်ခဲ့ရာ ယခုဆိုလျှင် (၁၃) နှစ်ကာလသို့ပင် ရောက်ရှိတော့မည်ဖြစ်သည်။ ထို (၁၃) နှစ်တာကာလအတွင်း ပြည်သူတို့၏ နာရေး အသင်းအဖွဲ့များ၊ ကျန်းမာရေးအခက်အခဲများနှင့် နယ်ပရဟိတအဖွဲ့များ၏ လိုအပ်ချက်များနှင့် သဘာဝ ဘေးဒုက္ခ (ရေရှားခြင်း၊ ရေကြီးခြင်း၊ မီးလောင်ခြင်း၊ စစ်ဘေးသင့်ခြင်း)တို့ကို တတ်စွမ်းသ၍ ဖြည့်ဆည်း ပေးခဲ့သည်။ ထိုဖြည့်ဆည်းလှူဒါန်းမှုများတွင် မီးသင်္ဂြိုဟ်စက်များ၊ ရေတွင်း၊ ရေကန်များ၊ လူနာတင်ယာဉ်၊ ဝှီးချဲ၊ အောက်ဆီဂျင်အိုးများ၊ အလူမီနီယံအခေါင်း၊ စတီးဗန်း၊ လူနာထမ်းစင်များ အစရှိသည့် နာရေးကူညီမှု နှင့် စပ်ဆက်လျှက်ရှိသောပစ္စည်းများအပြင် နာရေးနိဗ္ဗာန်ယာဉ်၊ လှည်းယာဉ်၊ ထော်လာဂျီ၊ နိဗ္ဗာန်ရေ/ လှေယာဉ်) များအားလည်း လှူဒါန်းပေးလျှက်ရှိသည်။

၂၈.၉.၂ဝ၁၃ ရက်နေ့တွင် ကျောက်ဆည်မြို့နယ် အနောက်သာဂရကျေးရွာ၌ ကိုယ်ထူကိုယ်ထ ဖွဲ့စည်းထားသော “အကြင်နာ” လူမှုကူညီရေးအသင်းသို့ နာရေးပို့ဆောင်ကူညီမှုလုပ်ငန်းများ ပိုမိုတိုးတက် ကူညီပေးနိုင်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အသုံးပြုလျက်ရှိသော နိဗ္ဗာန်ယာဉ်များမှ ယာဉ်အမှတ် ၆က/၆၅၅၄၊ HILUX ယာဉ်အား ပေးအပ်လှူဒါန်းခဲ့သည်။ အဆိုပါ အကြင်နာ လူမှုကူညီရေး အသင်းသို့ ၂ဝ၁ဝ ခုနှစ်တွင်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နိဗ္ဗာန်ယာဉ်တစ်စီး လှူဒါန်းခဲ့ဖူးသည်။ ၄င်းအသင်းသည် ကျောက်ဆည်မြို့နယ်၊ စဉ့်အိုင်မြို့နယ်၊ တံတားဦးမြို့နယ်၊ မြစ်သာမြို့နယ်များရှိ ကျေးရွာပေါင်း (၃ဝ) ကျော်မှ နာရေးများကို ကူညီပေးနေရသော အသင်းအဖွဲ့ဖြစ်သည်နှင့်အညီ ထိုနိဗ္ဗာန် ယာဉ်သည် အသုံးပြုမှုများပြားမှုကြောင့် စက်ပိုင်းဆိုင်ရာ အားနည်းချက် ဖြစ်ပေါ်လာသောကြောင့် နာရေး ကူညီမှုလုပ်ငန်းများတွင် အများပြည်သူများ အဆင်ပြေချောမွေ့စွာ ပိုမိုကူညီပေးနိုင်ရန်အတွက် ယခုကဲ့သို့ ထပ်မံ၍ နိဗ္ဗာန်ယာဉ်တစ်စီးအား လှူဒါန်းရခြင်းပင်ဖြစ်သည်။ “အကြင်နာ” လူမှုကူညီရေးအသင်းမှလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေကျပ် (၁၅) သိန်းကျပ်တိတိ ပြန်လည်လှူဒါန်းခဲ့သည်။ ထိုသို့ လူမှုရေးအသင်းအဖွဲ့များ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အကြင်နာတရား ပြည့်ဝစွာ အပြန်အလှန် ကူညီလှူဒါန်းမှုအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ နိဗ္ဗာယာဉ်နှင့် ပတ်သက်သည့် စာချုပ်စာတန်းများနှင့် ဂုဏ်ပြုမှတ်တမ်းများတို့အား အကြင်နာ လူမှုကူညီရေးအသင်းသို့ အပြန်အလှန် ပေးအပ်ကြပြီး သာဓုအနု မောဒနာ (၃) ကြိမ် ခေါ်ဆိုခဲ့သည်။

ထို့အတူ ယင်းနေ့တွင် ပုတီးကုန်းမြို့နယ်ရှိ စေတနာရှင် နာရေးကူညီမှုအသင်း(ပုတီးကုန်း)သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နိဗ္ဗာန်ယာဉ်အမှတ် ၂ဂ/၁၄၆၉ အားပေးအပ်လှူဒါန်းခဲ့ပြန်သည်။ ယင်း ပု တီးကုန်းမြို့နယ်တွင်လည်း ဘဝတစ်ပါးသို့ပြောင်းသွားသော ကွယ်လွန်သူတို့အတွက် ကူညီသင်္ဂြိုဟ်မှု ပေး နိုင်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မီးသင်္ဂြိုဟ်စက်တစ်လုံးအား လှူဒါန်းထားပြီးဖြစ်သည်။ လှူဒါန်းပေးအပ်ရာတွင် စေတနာရှင် နာရေးကူညီမှုအသင်း(ပုတီးကုန်း)မှ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ အလှူငွေကျပ် (၁၇) သိန်းကျပ်တိတိအား ပြန်လည်လှူဒါန်းပေးခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ နိဗ္ဗာန်ယာဉ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများနှင့် အလှူငွေဂုဏ်ပြုလွှာအား သာဓုအနုမောဒနာ ခေါ်ဆိုခဲ့လေသည်။

အလားတူပင် ၂ဝ၁ဝ ခုနှစ်တွင် မြန်မာပြည်အလယ်ပိုင်း ပြည်မြို့ဝန်းကျင်တွင် ရေရှားပါးမှု သောက် /သုံးရေရှားပါးမှု ပြဿနာရပ်အား နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် အတူလက်တွဲ၍ လူမှုရေး စိတ်ဓါတ် ပြည့်ဝစွာဖြင့်၎င်း၊ ငွေစာရင်းရှင်းတမ်းများ တိကျမှန်ကန်မှုကြောင့်၎င်း၊ မျိုးဆက်သစ် ပရဟိတလူငယ်များ၏ စည်းလုံးညီညွတ်တက်ကြွစွာ အနစ်နာခံအပင်ပန်းခံ အများပြည်သူတို့အတွက် ပေးဆပ်ခဲ့ကြသော လူမှုရေး သစ္စာတရား စောင့်ထိန်းခဲ့ကြသော ပြည်မြို့ရှိ “မိုးမေတ္တာ” ပရဟိတလူငယ် သွေးလှူရှင်များအဖွဲ့အား သုခ ကုသိုလ်ဖြစ်ဆေးခန်း(ပြည်) ဟူ၍ ၈.၆.၂ဝ၁၁ ရက်နေ့တွင် အများပြည်သူ၊ ရဟန်းရှင်လူတို့အတွက် ကျန်းမာရေး ကူညီစောင့်ရှောက်မှုများပေးနိုင်ရန် သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)ဟူ၍ ဖွင့်လှစ်ပေးခဲ့ပြီါ် ပြည်သူလူထုအပေါင်းအား ကူညီပေးဆပ်ဝန်ဆောင်မှုနှင့် “မိုးမေတ္တာ” ပရဟိတလူငယ် သွေးလှူရှင်များ၏ သွေးဖြင့် အသက်ပေါင်းမြောက်များစွာ ကယ်တင်ပေးဆပ်နိုင်မှုတို့ကြောင့်၎င်း၊ ပြည်မြို့နယ်အတွင်းရှိ မိဘ ပြည်သူအပေါင်းတို့၏ တောင်းဆိုမှုများတို့ကြောင့်၎င်း၊ ဦးကျော်သူ၏ တိုက်တွန်းမှုကြောင့်၎င်း၊ ယခုအခါ ထပ်မံ၍ “မိုးမေတ္တာ” နာရေးကူညီမှုအသင်း(ပြည်)ဟူ၍ ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် နာရေးကူညီမှု အသင်း(ရန်ကုန်)မှ အထူးနိဗ္ဗာန်ယာဉ် ၇ခ/၃၄၆ဝ အား “မိုးမေတ္တာ” နာရေးကူညီမှုအသင်း(ပြည်)အား ပေးအပ်လှူဒါန်းနိုင်ခဲ့တော့သည်။ လှူဒါန်းပေးအပ်ရာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ စာရွက်စာတမ်းများနှင့် မော်တော်ယာဉ်အား “မိုးမေတ္တာ” နာရေးကူညီမှုအသင်း(ပြည်) ဥက္ကဌ ဦးစိုးမိုးနိုင် အတွင်းရေးမှူး ဦးညီညီအောင်နှင့် အမှုဆောင်များမှ လက်ခံရယူခဲ့သည်။ “မိုးမေတ္တာ” နာရေးကူညီမှု အသင်း(ပြည်)အား ၂၆.၉.၂ဝ၁၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယာယီအနေဖြင့် ရွှေပေါက်ပင်တောရ ကျောင်း၌ ရုံးခန်းခေတ္တထားရှိကာ နာရေးကူညီမှုလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးတော့မည်ဖြစ်သည်။

ထို့ကြောင့် ယခုကဲ့သို့ နယ်ဒေသများရှိ လူမှုရေးအသင်းအဖွဲ့များတွင် လိုအပ်လျှက်ရှိသော နိဗ္ဗာန် ယာဉ်များကို စေတနာရှင်၊ အလှူရှင်များ၏ သဒ္ဓါတရားဖြင့် လှူဒါန်းထားမှု၊ ထိုအလှူငွေများဖြင့် ပြန်လည်၍ ထပ်ဆင့်လှူဒါန်းပေးနေသောကြောင့် အလှူရှင်များအနေဖြင့် ထပ်ဆင့်ကုသိုလ်ထူးများ ရရှိကြသလို နယ် ဒေသရှိ လူမှုရေးအသင်းအဖွဲ့များနှင့် နယ်ဒေသများရှိ မိဘပြည်သူများအနေဖြင့်လည်း အဆင်ပြေချောမွေ့ စွာဖြင့် နာရေးကိစ္စရပ်များအား ဆောင်ရွက်နိုင်တော့မည်ဖြစ်သည်။ ထို့ကြောင့် ဤမွန်မြတ်လှစွာသော မြတ်ဒါနအလှူတို့အား အလှူရှင်အပေါင်းတို့နှင့်တကွ သုံးဆယ့်တစ်ဘုံသား ဝေနေယျ သုခိတာ၊ ဒုက္ခိတာ အပေါင်းတို့အား အမျှပေးဝေလိုက်ရပါတော့သည်။

ဤကဲ့သို့ မိဘပြည်သူ၊ ရဟန်းရှင်လူ မြန်မာပြည်သူ/သားများအတွက် လူမျိုးဘာသာ၊ ဆင်းရဲ ချမ်းသာမရွေးတို့အတွက် သက်ရှိလူသားတိုင်းတို့အတွက် အနစ်နာခံခဲ့ကြသော “မိုးမေတ္တာ” နာရေးကူညီမှု အသင်း(ပြည်)၊ “စေတနာရှင်” နာရေးကူညီမှုအသင်း(ပုတီးကုန်း)နှင့် “အကြင်နာ” လူမှုကူညီမှုအသင်း (ကျောက်ဆည်)တို့အား လှူဒါန်းခဲ့သော နိဗ္ဗာန်ယာဉ်ကုသိုလ်တော်ကြီးအား မေတ္တာ၊ စေတနာ၊ အကြင်နာ ကုသိုလ်တော်ကြီး ဟူ၍ ကင်ပွန်းတပ်လိုက်ရပါတော့သည်။

ကျော်သူ












အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ရာတွင် တပ်မတော်အား ပူးပေါင်းပါဝင်လာရန် မျှော်လင့်ကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့ အမျိုးသား ဒီမိုကရေစီချုပ် ရုံး၌ ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး နှင့် ပတ်သက်၍ တိုင်းရင်းသားပါတီ များနှင့် တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသွားခဲ့ကြောင်း သိရှိရသည်။

တပ်မတော် ပါဝင်လာရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး နဲ့ ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် စစ်တပ် ပါဝင်လာဖို့ ၁ဝဝ ရာခိုင်နှုန်း မျှော်လင့်ထားပါတယ်” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အနေဖြင့် အမျိုးသား ရင်ကြားစေ့ရေး နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးတို့တွင် စစ်တပ်မှ ပါဝင်လာပါက မိမိတို့ တိုင်းရင်းသားအားလုံးက လက်ကမ်း ကြိုဆိုမည်ဟု ထင်ကြောင်း၊ မကြိုဆိုနိုင်စရာ မရှိကြောင်း၊ နိုင်ငံသူ နိုင်ငံသားအားလုံးက ကြိုဆိုမည်သာ ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။

“အမျိုးသား ရင်ကြားစေ့ရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် စစ်တပ်က ပါဝင်လာမယ်၊ ပူးပေါင်းဆောင်ရွက်မယ် ဆိုရင် ကျွန်မတို့ တိုင်းရင်းသားတွေက အားလုံး ကြိုဆိုမယ်လို့ ထင်ပါတယ်။ မကြိုဆို စရာ အကြောင်း ဘာရှိလဲ။ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားအားလုံးက ကြိုဆိုမှာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

အထက်ပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်ကလည်း “ဒီနေ့ မြန်မာ့နိုင်ငံရေး လောကမှာ တပ်မတော်က ဘာပဲဖြစ်ဖြစ် ပါဝင်နေတဲ့ အနေအထားမှာ ရှိတယ်။ ဖွဲ့စည်းပုံ အရလည်းပဲ ပါဝင်နေတာဟာ ဒီဘက်ခေတ်မှာ ရှိနေတော့ တစ်မျိုးသားလုံး ပြန်လည်သင့်မြတ်ရေး တည် ဆောက်တဲ့နေရာမှာ တပ်မတော် ပါဝင်လာမှုကို ကျွန်တော်တို့က လိုလားပါတယ်”ဟု ပြောကြားသည်။

ဆက်လက်၍ တပ်မတော်သည် ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်သည့်နေရာတွင် မူလတာဝန် ဖြစ်သည့် ကာကွယ်ရေးတာဝန်ကိုသာ ယူရမည်ဖြစ်ကြောင်း၊ သို့သော်လည်း တပ်မတော်သည် ယခုအချိန်၌ လွှတ်တော် တွင် သာမက အစိုးရအဖွဲ့များတွင်ပါ အတိုင်းအတာ တစ်ခုထိ ပါဝင်နေကြောင်း၊ ယခုကဲ့သို့ ပါဝင်နေမှုများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲသည်နှင့် တစ်ပြိုင်နက် ပြောင်းလဲရမည် ဖြစ်သည့်အတွက် ပြုပြင် ပြောင်းလဲရန် တပ်မတော်လည်း ပါဝင်လာရန် လိုအပ်ကြောင်း ဦးအေးသာအောင်က သုံးသပ်ပြောကြားသည်။

ယခုလက်ရှိတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင် ရန် (သို့မဟုတ်) အသစ် ပြန်လည်ရေးဆွဲရန်အတွက် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ကျေးရွာများအထိ ဆင်းကာ ပြည်သူ့ဆန္ဒ သဘောထားများကို ကောက်ယူသွားမည်ဖြစ်ပြီး လာမည့် ဒီဇင်ဘာ ၁ ရက်နေ့ နောက်ဆုံးထား၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၂၈ ရက် ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တိုင်းရင်းသားပါတီ ၁၃ ပါတီနှင့် အစည်းအဝေး အပြီး သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားသွားချက်အရ သိရှိရသည်။

Yangon chronicle

Photo..Irrawaddy
မြန်မာ နိုင်ငံရှိ တရားရုံးများ၏ တရားစီ ရင်ရေး ကို အယုံအကြည်မရှိသော ကြောင့် အယူခံလုံးဝဝင်မည်မဟုတ် ဟု ဒေါ်နော်အုန်းလှကပြောကြောင်း ၎င်း၏ရှေ့နေ ဦးရောဘတ် ဆန်း အောင်မှ တစ်ဆင့် သိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်နှင့် ဒေါ် နော်အုန်းလှ ကွန်ရက်အဖွဲ့ဝင်တို့ သည် စက်တင်ဘာ ၂၈ ရက်က ဒေါ်နော်အုန်းလှ အယူခံဝင်မည့် ကိစ္စနှင့်ပတ်သက်၍ ယင်းအား မန္တလေးအကျဉ်းထောင်တွင် သွား ရောက်ခဲ့စဉ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

''ဒေါ်နော်အုန်းလှက အယူ ခံမတက်လိုဘူးလို့ ပြောခဲ့တယ်။ ၂၀၀၉ ခုနှစ်တုန်းကလဲ ဒီလိုပဲ တစ်ကြိမ်ကြုံတုန်းက အယူခံဝင် တာ ဘာမှမထူးခြားဘူး။ တရား ရုံးတွေကို ယုံကြည်ချက်မရှိဘူး။ ဒီမိုကရေစီစနစ်နဲ့ကိုက်ညီတဲ့ တ ရားစီရင်ရေးစနစ်ကို မပြောင်းသ ရွေ့ သူအယူခံဝင်မှာမဟုတ်ဘူးလို့ ပြောတယ်။ အယူခံဝင်ဖို့အတွက် ကျွန်တော်အမျိုးမျိုးပြောပေမယ့် သူလက်မခံပါဘူး''ဟု တရားလွှတ် တော်ရှေ့နေ ဦးရောဘတ်ဆန်း အောင်က ပြောသည်။

အပြစ်မရှိဘဲနှင့် ဖမ်းဆီးအ မှုဆင်ခြင်း၊ တရားရုံးတွင်အမှုစစ် စဉ်က သက်သေခံချက်များပြော သည့်အတိုင်း မှတ်တမ်းမတင်ဘဲ ပြစ်မှုဖြစ်အောင် မှတ်တမ်းတင် ခြင်း၊ အမှုအားစစ်ဆေးသည့်အ ခါတွင်လည်း ဥပဒေနှင့် အညီလုပ် ဆောင်ခြင်းမရှိဘဲ စစ်ဆေးခြင်း မရှိဘဲ ဖမ်းဆီးပြီးနှစ်ရက် အကြာ တွင် အမိန့်ချမှတ်လိုက်ခြင်း၊ ပြစ် ဒဏ်ချမှတ်ရာ တွင် လည်း ရိုးရိုး ထောင်ဒဏ် သာ ချမှတ်ရသည့်ပုဒ် မအား အလုပ်နှင့်ထောင်ဒဏ်ချ မှတ်ခဲ့ခြင်း စသည့်အချက်များ ကြောင့် ၎င်းအယူခံ မဝင်ရခြင်း ဖြစ်ကြောင်း ဒေါ်နော်အုန်းလှ က ပြောသည်ဟု ဦးရောဘတ်ဆန်း အောင်မှ တစ်ဆင့်ပြောချက်အ ရ သိရသည်။

ဒေါ်နော်အုန်းလှသည် ၎င်း အား မုံရွာမြို့နယ်တရားရုံးမှ အ လုပ်နှင့်ထောင် ဒဏ် နှစ်နှစ် ချမှတ် လိုက် သည့်နေ့မှစ၍ တရားစီရင် ရေးအား မကျေနပ်၍ ၁၅ရက်ကြာ အစာငတ်ခံဆန္ဒပြခဲ့ပြီး မုံရွာထောင် မှ မန္တလေးထောင် သို့ပြောင်းပြီး သုံးရက်အကြာတွင် သပိတ်လှန် ခဲ့ကြောင်း ဒေါ်နော်အုန်းလှ ကွန် ရက်အဖွဲ့ဝင်များက ပြောသည်။

ကာယကံရှင်မှ ယင်းသို့အ ယူခံဝင်ရန် ငြင်းဆိုနေသည့်အ တွက် ကာယကံရှင်မှရှေ့နေလွှဲစာ မပေးသည့်အတွက်ကြောင့် အယူ ခံဝင်ရန်အတွက် ရှေ့ဆက်လုပ် ဆောင်၍မရကြောင်း၊ သို့သော် ပုဒ်မ၅၀၅(ခ)သည် ရိုးရိုးထောင် ဒဏ်သာချမှတ်ရသော ပုဒ်မဖြစ် သောကြောင့် စစ်ကိုင်းတိုင်းဒေသ ကြီးဥပဒေချုပ်နှင့်
တိုင်းဒေသကြီး တရားသူကြီးချုပ်တို့တွင် တာဝန် ရှိကြောင်း ဦးရောဘတ်ဆန်း အောင်က ပြောသည်။

ဦးရောဘတ်ဆန်းအောင် က ''နိုင်ငံရေးမှုတွေနဲ့ပတ်သက် လာရင် တရားရုံးတွေက ပြစ်ဒဏ် ပေးဖို့ပဲနားလည်တဲ့ အနေအထား ရှိတော့ သူ့အနေနဲ့ အယူခံဝင်မှာ မဟုတ်ဘူးပြောတယ်။ သက်ဆိုင် ရာကာယကံရှင်ကမတင်လဲ ခရိုင် တရားရုံးမှာ အမှုပြင်ဆင်ပြီးလုပ် ရမယ့်တာဝန်ရှိတယ်''ဟု ပြော သည်။

Source By- Yangon Media Group

လယ်တီဆရာတော်ဘုရားကြီး၏ သာသနိကအဆောက်အဦးများအား ထိမ်းသိမ်းရေးဆန္ဒထုတ်ဖော်သူများနှင့် ဖြေလျော့ရေးအဖွဲ့ သဘောတူညီချက်စာချူပ်အား ခရိုင်အုပိချုပ်ရေးမှူး နှင့် ဆန္ဒဖော်ထုတ်လမ်းလျှောက်သူများ ပြေလည်စွာ ဆွေးနွေးသဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ကြပြီဖြစ်ပါသည်။
လက်ပန်တောင်းဒေသက လယ်တီဆရာတော်ကြီး သိမ်နဲ့စေတီကို ကြေးနီစီမံကိန်း နယ်မြေကနေ ထိန်းသိမ်းရေးအတွက် မန္တလေးတိုင်း အမရပူရမြို့နယ်ကနေ လက်ပန်တောင်းတောင်ခြေအထိ လမ်းလျှောက်ချီတက်လာသူတွေဟာ မနေ့ညက စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရား ဓမ္မာရုံမှာ တညနားပြီး ဒီနေ့မနက်မှာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှနှိုင်းရာ မနက်ပိုင်းက အဆင်မပြေခဲ့ပါ။ အဲဒီ့မှာ စစ်ကိုင်း(၃) အမျိုးသားလွှတ်တော် NLD အမတ် ဒေါက်တာမြင့်နိုင်က ကြားဝင်ဆွေးနွေးခဲ့ပြီး အခုနေ့လယ်မှာ သဘောတူညီမှု အချက်(၃)ချက် ရရှိထားကြောင်း သိရပါတယ်။

သဘောတူညီမှုတွေကတော့ အကြမ်းအားဖြင့်

(၁) လယ်တီသိမ်နဲ့စေတီကို မူလနေရာကမရွှေ့ရေး လွှတ်တော်ကို တင်ပြဆွေးနွေးစဉ် မည်သည့်အကြောင်းနဲ့မျှ မပျက်စီး၊ မပြောင်းရွှေ့ပါ၊

(၂) ဘုရားဖူးပြည်သူ(၅)ယောက်ထက်မပို ဖူးမျှာ်နိုင်ရန် (၃ရက်အတွင်း ခွင့်ပြုမိန့်တောင်းရမည်)၊

(၃) စက်တင်ဘာ ၂၉ ရက်န့က မန္တလေးကနေ လမ်းလျှောက်ချီတက်လာသူတွေကို အရေးယူမှု မပြုရန် တို့ ဖြစ်ကြပါတယ်။

Kyaw Swar Myint

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.