10/07/13




(၇) ရက်သော သားသမီးများတို့အား အမှူးထားပြီး Miss Supranational Internet ဆု၊ Missosology Website မှ ပေးအပ်သည့် People Choice Award, Face of Miss Supranational 2013, Belarus Webste မှ ပေးအပ်သည့် Most Beautiful Girl in the World အစရှိသည့် ဆု (၄) ဆု ဆွတ်ခူး ရယူခဲ့သူ ခင်ဝင့်ဝါသည် အမိမြန်မာပြည်သို့ ပြန်လည်ရောက်ရှိခဲ့ချိန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၆.၇.၂ဝ၁၃ ရက်နေ့တွင် မိသားစုနှင့်အတူ အလှူငွေ ၅ဝဝဝဝဝိ/- (ငါးသိန်းကျပ်) တိတိတို့အား လာရောက် လှူဒါန်းခဲ့ရာ ဥက္ကဋ္ဌ ဦးကျော်သူမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ဦးကျော်သူမှ အသင်း၏ လုပ်ဆောင်ပေးဆပ်မှုများ (နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး ကူညီမှုနှင့် အရေးပေါ်ကယ်ဆယ်ရေး) အစရှိသည်တို့အား လိုက်လံရှင်းလင်း ပြသခဲ့ပြီး ၇.၁ဝ.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၂ဝ၁၃ ခုနှစ် တစ်နှစ်တာအတွင်း နာရေးကူညီမှု (တစ် သောင်းပြည့်) အစီအစဉ်အား ကျင်းပပြုလုပ်ရန်ရှိကြောင်း ပြောကြားခဲ့ရာ ခင်ဝင့်ဝါမှ ယင်းနေ့တွင် စာမေးပွဲ တစ်ခု ဖြေဆိုရန်ရှိနေသည့်အတွက် စာမေးပွဲဖြေဆိုပြီးချိန်တွင် လာရောက်၍ ကိုယ်တိုင်ကိုယ်ကျ ယင်း တစ်သောင်းပြည့် နာရေးဈာပနအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ အသင်းသား/ သူများ၊ လူမှုရေးမောင်နှမများ၊ ပရဟိတ အနုပညာမောင်နှမများနှင့်အတူ လက်တွဲ၍ ကုသိုလ်ယူမည် ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

ထိုကဲ့သို့သော နုငယ်လှပသည့် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် အလှမယ်ကလေးများဖြစ်ကြသော နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ၊ ဂုဏ်ရည်အေးကျော်တို့ကဲ့သို့ လူသားတိုင်း မလွန်ဆန်နိုင်သော သေခြင်းတရား ဖြစ်သည့် နာရေးတည်းဟူသော နောက်ဆုံးခရီးစဉ်အား မိမိတို့ပိုင်ဆိုင်မှု မှတ်တိုင်ထူထားသော ဘွဲ့ထူး၊ ဂုဏ်ထူး၊ ဆုတံဆိပ်များနှင့် မသက်ဆိုင်သည်ဟု အများထင်မြင် ယူဆထားသော အယူသည်းမှုတို့ကို ရိုက်ချိုးတိုက်ဖျက်မှုအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှများစွာ လေးစားဂုဏ်ယူမိကာ သံသရာဘဝ မှ စောင့်မျှော်နေကြသော သမ္မာဒေဝါ နတ်ကောင်းနတ်မြတ်များတို့မှလည်း သာဓု .. သာဓု .. သာဓု ဟု ခေါ်ဆိုနေမည်မှာ မလွဲတော့ပေ။


အပြစ်တွေပုံ
စစ်ဝတ်တွေ မသွေခြုံလို့
စစ်မီးဟုန် အထာပေါက်
ပြာပုံရောက်ခဲ့ရပုံ…။
သူမယုံ ကိုယ်မယုံ
ဒေါသမီးတွေပုံကာရှို့တော့
လောင်းရပြီဗျို့ ပြည်တွင်းစစ်အဖုံဖုံ…။

ရန်ကိုရန်ချင်း တုံ့ပြန်နှင်းတော့
ရန်မီးတွင်းက မလွတ်နိုင်
သူနိုင်ကိုယ်နိုင် အပြိုင်တိုက်တော့
စစ်အမှောင်မိုက်က မကျွတ်နိုင်…။
ဘယ်သူနိုင်နိုင် ဘယ်သူရှုံးရှုံး
နှစ်ဖက်လုံးအရှုံးချည်းသာ
ဒုက္ခရောက်နေတာ
မြေဇာပြည်သူတွေပါ…။
စစ်စိတ်တွေဖျောက်
စစ်အမိန့်တွေပျောက်မှ
တည်ဆောက်နိုင်မယ့်ငြိမ်းချမ်းရေးမဏ္ဍိုင်
တူပြိုင်ပြိုင်ထူထောင်နိုင်
မေတ္တာအလံတော်ကိုကိုင်ပြီး
ငြိမ်းချမ်းမယ့်ပန်းတိုင်သို့်
တူပြိုင်ကာ မသွေတမ်း
လျှောက်လှမ်းကြပါစို့…။…။

တက္တသိုလ်ဘုန်းကြွယ်(အောက်တိုဘာ ၆ ၁၃)

ဘယ်လိုမှ ဖုံးလို့ မလုံတဲ့ ဆင်သေကြီးပါလား(Photo..Win tun)
သမ္မတဦးသိန်းစိန်အစိုးရသည် ဘဏ္ဍာငွေကြေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ကမ္ဘာ့ဘဏ်အပါအဝင် ပြည်ပငွေကြေးလုပ်ငန်းများရှုပ်ထွေးပွေလိမ်သော ကူးလူး ဆက်ဆံမှုများကို လူမသိရှင်မကြား ပြုလုပ်ချက်များရှိပေသည်။ မကြာမီက စာနယ်ဇင်းများ၌ ဟော်လေတကျိုး၊ဟိုးလေး တကျော် ပြဿနာတစ်ရပ်ရှိခဲ့ပေသည်။ ပြည်ပဘဏ်များ၌
မြန်မာ စာရင်းပေါက် ဒေါ်လာငွေသန်း ပေါင်း ၁၁၀၀၀ အပ်နှံထားသည့်ငွေစာရင်း ကိစ္စဖြစ်ပေသည်။

ထိုမျှလောက်ပမာဏရှိသော ငွေစာရင်းကိန်းဂဏန်းသည်ကမ္ဘာ့လှည့်ငွေချေးငှား နေသည့် အစိုးရတရပ်၏လက်တွင်း၌ မည်သို့မည်ပုံ
တနင့်တပိုး ရှိနေသနည်းဟူသော သံသယများကို အများပြည်သူတို့အကြား၌ ပွားများစေလျက်ရှိပေသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဗဟိုဘဏ်က ရှင်းလင်းတင်ပြရာ၌ မြန်မာ နိုင်ငံ၏ နိုင်ငံခြားငွေအပ်နှံထားမှုသည် အမေရိကန်ဒေါ်လာ ၇ ဒဿမ ၆ သန်းအထိရှိ ကြောင်း ဝန်ခံခဲ့ပေသည်။ ဤတွင်ပြဿနာနှစ်ရပ် ပေါ်ထွက်လာခဲ့ပေသည်။ ဤမျှ များပြား တောင့်တင်းသောငွေကြေးပမာဏလက်ဝယ်ရှိပါလျက် အဘယ် ကြောင့် အတိုးနှုန်း
မြင့်မားသော တရုတ်နိုင်ငံမှ ငွေအမြောက်အမြားကို ချေးယူသနည်းဟူသော မေးခွန်း မျိုးသည် မေးစရာဖြစ်လာပေသည်။

ထပ်ဆင့်မေးခွန်းမေးစရာရှိလာပြန်ပေသည်။ အစိုးရ၏ ပြည်ပဘဏ်အပ်ငွေသည် သန်းပေါင်း ၇၀၀၆ ရှိကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်က
ဝန်ခံပြောကြားခဲ့သည်။ သို့ဆိုလျှင် ကမ္ဘာ့ ဘဏ်များရှိ မြန်မာအမည်ပေါက်ငွေစာရင်းများသည် ပုဂ္ဂလိက ပိုင်ငွေစာရင်းများဖြစ်သည်ဟု ယူဆဖွယ်
ဖြစ်ပေသည်။ ထိုငွေများသည် ပြည်တွင်းပုဂ္ဂလိက ငွေရှင် ကြေးရှင်ကြီးများလျှို့ဝှက်အပ်နှံငွေစာရင်းများဖြစ်သည်ဟုလည်း တွေးယူနိုင်ဖွယ် ရှိပေ
သည်။စစ်အာဏာရှင်အစိုးရများလက်ထက်က ရွက်ပုန်းသီးပေါ်ပေါက်ခဲ့သည့် ငွေကြေး ဆိုင်ရာမသမာမှုများ၊ ကိုယ်ကျိုးရှာမှုများ၊ ငွေကြေးခဝါချ
မှုများ၊ ပြည်ပကဲ့ထုတ်သိုဝှက် ငွေများစသည်တို့သည် စစ်အာဏာရှင်မိသားစုများနှင့် ခိုးဖော်ဆိုးဖက်များနှင့်၊ စား ဖော်ဝါးဖက်များစသည့် အရပ်အခေါ်
ငတက်ပြားဂိုဏ်း၏ လက်ချက်များလည်း ဖြစ်နိုင်ဖွယ်ရှိပေသည်။

တဆက်တည်းပင် လက်ရှိအစိုးရ၏ နှီးနွယ်ပတ်သက်မှုရှိမရှိဆိုသည့် အချက်သည်လည်း ပြည်သူ လူထု၏ သံသယစက်ဝန်း၌ ကျရောက်
လျက်ရှိပေသည်။ ဗဟိုဘဏ်နှင့် ငွေကြေးဆိုင်ရာ အစိုးရပိုင်းတာဝန်ရှိသူများသည် ဤပြဿနာကို ပိုမိုပွင့်လင်းမြင်သာမှုရှိအောင် ပြည်သူလူထု
အား အခိုင်အမာ အတိအကျဖော်ထုတ်ရှင်းလင်းရန် တာဝန်ရှိနေပြီဟုယူဆပေသည်။

ိD wave
အယ်ဒီတာ အာဘော်
အတွဲ (၂ ) အမှတ် (၃၈ ) တနင်္လာနေ့ ၊ ၃၀ - ၉ - ၂၀၁၃

မကြာခင် ရက်ပိုင်းက Miss Universe ပြိုင်ပွဲဝင်ဖို့ မြန်မာနိုင်ငံမှာ ပြိုင်ဘက်ကင်း မြန်မာ့အလှမယ် (Miss Myanmar) တစ်ဦးကို တိုင်းသိ ပြည်သိ ရွေးချယ်ခဲ့တယ်။... သူဟာ မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုရမယ့် (၀ါ) မြန်မာပြည်ရဲ့ အိုင်ကွန် တစ်ဦး ဖြစ်လာတယ်။...

အဲ့ဒီလို နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်ရတဲ့ သန်း ၆၀ ထက်များသော မြန်မာပြည်သူတွေကို ကိုယ်စားပြုမယ့်သူကို ဘယ်လိုပုံစံနဲ့ ရွေးချယ်ခဲ့တာလဲ...

ဒီနေရမှာ စာရေးသူ ဥပမာ တစ်ခုအနေနဲ့ ဘောလုံးအားကစားနဲ့ ပမာနှိုင်းလို့ သုံးသပ်ကြည့်ချင်ပါတယ်။..

စာရေးသူတို့ မမွေးခင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်အချိန်လောက်က မြန်မာ့လက်ရွေးစင် အသင်းဆိုတာ အာရှမှာ ထိပ်သီးအသင်းတစ်သင်းပါ... ပွဲတိုင်းနိုင် မြန်မာ့လက်ရွေးစင် အသင်းနဲ့ ပြိုင်ရဖို့ အာရှအသင်းတွေ နောက်တွန့်လေ့ရှိတယ်။...

အဲ့ဒီလို အာရှမှာ လျှမ်းလျှမ်းတောက်ခဲ့တဲ့ မြန်မာ့လက်ရွေးစင် ကစားသမားတွေကို ဘယ်လိုပုံစံရွေးချယ်ခဲ့ကြသလဲလို့ ပြန်လည် လေ့လာကြည့်မိတယ်။

ကစားသမားကောင်း တစ်ယောက်ဟာ ရပ်ကွက်အဆင့် ဘောလုံး ပြိုင်ပွဲမှာ ရပ်ကွက်လက်ရွေးစင်ဖြစ်လာဖို့ ရပ်ကွက် ပဏာမလက်ရွေးစင်အဖြစ်ကစလို့ အရွေးချယ်ခံရတယ်။ ရပ်ကွက်ထဲမှာ အတော်ဆုံးအဖြစ် လက်ရွေးစင် ဖြစ်လာတော့ မြို့နယ်အဆင့် ဘောလုံးပြိုင်ပွဲ ဆိုပြီး ရပ်ကွက်ပေါင်းစုံက ဘောလုံးသမားကောင်းတွေ ၀င်ပြိုင်ရတယ်။ အဲ့ဒီလို ရာဂဏန်းမျှသော ဘောလုံးသမားတွေထဲကမှ ခြေစွမ်းပိုင်းကအစ စိတ်ဓါတ်ပိုင်း စာရိတ္တပိုင်းအထိ ကြည့်ပြီး ပဏာမ မြိဲ့နယ် လက်ရွေးစင် ဆိုပြီးအရွေးခံရတယ်။ ဒီအဆင့်နဲ့ အရွေးခံရဖို့ တော်တော်လေး အရည်အချင်း ပြည့်ဝဖို့လိုသလို ခက်ခဲကြပါတယ်။

ပဏာမ မြို့နယ်လက်ရွေးစင်ကစားသမားတွေထဲကမှ လေ့ကျင့်အပြီး မြို့နယ်အဆင့် လက်ရွေးစင်တွေ ထပ်မံ ရွေးချယ်လို့ မြို့နယ်ပေါင်းစုံ ဆိုပြီး (ခရိုင်အဆင့်) ပြိုင်ပွဲတွေ ဆက်လက် ကျင်းပပြိုင်ဆိုင်ရတယ်။

ခရိုင်အဆင့်ကနေ ခရိုင်ပေါင်းစုံ (တိုင်းနဲ့ပြည်နယ်အဆင့်) ပြိုင်ပွဲတွေပြိုင်လို့ နောက်ဆုံးမှ ပဏာမ မြန်မာ့လက်ရွေးစင်အဆင့် ဆိုပြီး အရွေးခံရတယ်။

ကဲစဉ်းစားကြည့်ဗျာ.... ပဏာမ လက်ရွေးစင်အဆင့်ရောက်လာတဲ့ ကစားသမားဆိုရင် တော်တော်လေးကို ဒေါင်ဒေါင်မြည်နေပြီ. စိတ်ဓါတ်ပိုင်းကစလို့ ဘောလုံးအရည်အသွေး အတော်လေး ထူးချွန်နေပြီလေ..

အဲ့ဒီလို ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ ဘောလုံးအသင်းတစ်သင်းကို ထပ်မံလေ့ကျင့်ပေးပြီး မြန်မာ့လက်ရွေးစင် ဆိုပြီး မြန်မာပြည်သူ သန်းပေါင်းများစွာကို ကိုယ်စားပြုလို့ နိုင်ငံတကာ ပြိုင်ပွဲတွေ လွှတ်လိုက်တဲ့အခါ မြန်မာပြည်သူတွေ စိတ်ချမ်းသာကြရမယ့် ရလဒ်တွေ သရဖူတွေ ဆောင်ကျင်းလာနိုင်ခဲ့ကြတယ်။...

အဲ့ဒီလို ပြိုင်ပွဲတွေကို စနစ်တကျ ဘက်လိုက်မှုကင်းကင်းနဲ့ ကျင်းပနေချိန်ကတော့ မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းဟာ အာရှမှာ ချန်ပီယံအသင်း တစ်သင်းလို အောင်မြင်မှုသရဖူတွေ ဆောင်းနိုင်ခဲ့ပေမယ့် နောက်ပိုင်း မြန်မာ့ လက်ရွေးစင် အသင်းဟာ ကျလာလိုက်တာ အခုဆိုရင် အရှေ့တောင် အာရှမှာတောင် ကိုယ့်ကို နိုင်တဲ့အသင်းတွေ များလာပြီ.. ကိုယ်နိုင်တဲ့အသင်းကလည်း တစ်သင်း နှစ်သင်းလောက်သာရှိတော့တယ်.. ဒါကရော ဘာ့ကြောင့်လဲ..

အရင်ကလို ရပ်ကွက်အဆင့် လက်ရွေးစင် လူရွေးချယ်ပွဲကို သန့်သန့်ရှင်းရှင်း မလုပ်ကြတော့ပဲ ရပ်ကွက်လူကြီးရဲ့အမျိုး၊ ရပ်ကွက်လူကြီးရဲ့ သား/သမက်၊ ရပ်ကွက်လက်ရွေးစင်နည်းပြရဲ့ တပည့် စသည်ဖြင့် နီးစပ် ပါတ်သက်ရာလူတွေကို ရွေးချယ်ကြတော့တာပါပဲ။ အဲ့ဒီလိုပဲ မြို့နယ်အဆင့်၊ ခရိုင်၊ တိုင်း ကနေစလို့ မြန်မာ့လက်ရွေးစင် အဆင့်အထိကို ကိုယ့်တပည့်၊ သူ့တပည့်၊ ပါတ်သက်ရာ ပါတ်သက်ကြောင်းတွေ ရွေးချယ်လိုက်ကြတာ ဘောလုံးသမားကအစ ဘောလုံးအဖွဲ့ချူပ် ဥက္ကဌ အထိ ၀က်ဝက်ကွဲပေါ့...

အဲ့ဒီလို အကျင့်ပျက် ခြစားမှု ကနေ ရလာတဲ့ ရလဒ်ကလည်း အခုဖြစ်နေတဲ့ မြန်မာ့လက်ရွေးစင် အသင်းရဲ့ အဆင့်အတန်းကို မီးမောင်းထိုးပြနေသလို မြန်မာပြည်သူတွေက ဘယ်တော့မှ စိတ်ချမ်းသာရတယ် မရှိလောက်အောင်ပါပဲ...

ပြည်သူတွေရင်ထဲမှာလည်း "ငါတို့ကို ကိုယ်စားပြုနေတဲ့ ကစားသမားတွေပါလား" လို့ ရင်ထဲမှာ ရောက်မလာလောက်အောင်ကို အခြေအနေ ဆိုးခဲ့တယ်။

ဥပမာလေးရှည်သွားပြီ..

Miss Universe ပြိုင်ပွဲအတွေ မြန်မာ့ပြည်သူ သန်း ၆၀ ကျော်ကို ကိုယ်စားပြုမဲ့ မယ်မြန်မာ ( Miss Myanmar) ရွေးပုံကိုမေးခွန်းထုတ်ချင်တာပါ.. မကြာခင်က ရွေးချယ်လိုက်တဲ့ မယ်မြန်မာဆိုတာ ဘယ်လိုပုံစံနဲ့ ရွေးချယ်လိုက်တာလဲ.. ရပ်ကွက်အဆင့်၊ မြို့နယ်အဆင့်၊ ခရိုင် နဲ့ တိုင်းနဲ့ပြည်နယ် အဆင့်ကနေ စိတ်ဓါတ်၊ စည်းကမ်း၊ အရည်အသွေး စသည်ဖြင့် ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံကနေ အဂတိကင်းကင်းနဲ့ စနစ်တကျ ရွေးချယ်ခဲ့တာလား...

ဒါမှမဟုတ် ရပ်ကွက်အဆင့်ကနေ စလို့ ရပ်ကွက်လူကြီးနဲ့ မရှင်းတဲ့သူ၊ ရပ်ကွက်လူကြီးသားရဲ့ ပေးစာ ကမ်းစာကို စားနေတဲ့သူ စသည်ဖြင့် နီးစပ်ရာကနေ တဆင့် အဂတိလိုက်စားလို့ မယ်မြန်မာ ပြိုင်ပွဲအထိရောက်ခဲ့တာလား..

ဒါမှမဟုတ် ဗဟိုအဆင့်မှာပဲ လျှောက်လွှာတွေ လက်ခံလို့ မယ်ကမ္ဘာပြိုင်ပွဲဝင်ရမယ့် မယ်မြန်မာ ဆိုတာကို ရွေးချယ်လိုက်တာလား...

စာရေးသူဟာ လွန်ခဲ့တဲ့ ရက်ပိုင်းက Miss Myanmar ဖြစ်ခဲ့တဲ့ သူတစ်ယောက်ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်ချင်စိတ်နဲ့ ဒီဆောင်းပါးလေးကို ရေးခဲ့တာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြပါရစေ..

ဆိုလိုရင်းက Miss Universe ပြိုင်ပွဲဝင်မယ့် မြန်မာပြည်သူ သန်း ၆၀ ကျော်သော ပြည်သူတွေကို ကိုယ်စားပြုမယ့် Miss Myanmar ရွေးချယ်ရေး ပုံစံကိုသာ မေးခွန်းထုတ်ချင်တာ ဖြစ်ပါတယ်။

အရွေးခံ၇တဲ့ Miss Myanmar တစ်ယောက်ကိုလည်း စိတ်ဓါတ်၊ စည်းကမ်း၊ အကျင့်စာရိတ္တ၊ အရည်အသွေးကစလို့ ဘက်ပေါင်းစုံမှာ မြန်မာနိုင်ငံရဲ့ စံပြတစ်ယောက်အဖြစ် မြင်ချင် တွေ့ချင်ပါ...

ဟိုးအရင် စစ်အစိုးရလက်ထက်တုန်းက အကယ်ဒမီ ရွေးပွဲမှာ ဘန်းကိုင်ဖို့အမျိုးသမီး မော်ဒယ်တွေကို ၀န်ကြီးတွေက သေချာ (စမ်းသပ်ပြီး) ရွေးတာပါ ဆိုတာမျိုး သတင်းမထွက်စေဖို့ကိုလည်း ရည်၇ွယ်ပါတယ်....

Miss Myanmar အဆင့်ကနေ Miss Universe အဆင့်အထိ ဂုဏ်ယူဝင့်ကြွားနိုင်သော မြန်မာ့အမျိုးသမီးများ ပေါ်ထွန်းလာနိုင်ပါစေ..

(ဇော်လွင်ဝင်း)

(photo..zaw htet koko)

လက်ရှိ ဥက္ကဋ္ဌကိုသံခဲ အပစ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက် အောင်ပွဲခံပျော်ပါးနေကြသည့်ပုံကို တွေ့မြင် ရသည်။ ထို့နောက် အစိုးရမှ တပ်ဦးခေါင်းဆောင်များသို့ ကားအစီး (၆၀) ကားပါမစ်ကို ချပေးလိုက်သည့် ကိစ္စနှင့်ပတ်သက်၍ ကိုသံခဲမှ ကိုဆန်နီမရင်ဒါကို တာဝန်ပေးအပ်လိုက်သည့်စာကိုလည်း အင်တာနက်ထဲတွင် ဖတ်လိုက်ရသည်။

တပ်ဦးခေါင်းဆောင်များက နယ်စပ်ရှိ ရဲဘော်များ၏ နေထိုင်စားသောက်မှုများကို တာဝန်ယူရမည် ဖြစ်သဖြင့် ဤကဲ့သို့အခွင့်အရေးပေးသည်ကိုယူခဲ့ရပါသည်ဆိုလျှင် ထိုအခွင့်အရေးသည် မည်မျှအထိ မိမိရဲဘော်များ၏ စားဝတ်နေရေးကိစ္စအဝဝကို ဖြေရှင်းပေးနိုင်မည်ကို အလေးအနက်ထား၍ စဉ်းစားရမည့်အပြင်၊ မိမိအဖွဲ့အစည်းသည် အခွင့်ထူးခံအဖွဲ့အစည်းမဟုတ်၊ စီးပွါးရေးလုပ်စားမည့်အဖွဲ့အစည်းမဟုတ်၊ ပြည်သူတို့ လိုလားသည့် ဒီမိုကရေစီစနစ်ကို ထူထောင်ရန် တိုက်ပွဲဝင်သွားမည့်အဖွဲ့အစည်းဖြစ်သည်ကို မျက်ခြေမပြတ်၊ ရည်မှန်းချက် မပျောက်ပျက်၊ ဖို့လိုပေသည်။

ယခုရရှိသောကားပါမစ်များသည် ရောင်းစားလျှင် ပါမစ်တခုကို ဒေါ်လာ ၂၀၀၀ ထက်ပို၍မရနိုင်ချေ။ ယခင်က ကားပါမစ်များကို ခရိုနီများကသာ ရရှိခံစားနေရသောခေတ်တွင် ကားပါမစ်တစောင်သည် ဒေါ်လာ ၅သောင်းမှ တသိန်းဝန်းကျင်ရှိပြီး ပါမစ်ရသောသူသည် နေ့ချင်းအိမ်ဝယ်၊ တိုက်ဆောက်နိုင်သည့်အခြေအနေရှိခဲ့ပေသည်။ သို့ရာတွင် ယခုခေတ်တွင် ထိုစားဖါးများစား၍ဝသွားသောအချိန်မှ စားကြွင်းစားကျန်များကို ချပေးသည်ကိုသာ ယူရသည့်ဘဝသည် အတော့်ကို အသည်းနာဖို့ ကောင်းလှပေတော့သည်။ ထိုကဲ့သို့ယူခဲ့ခြင်းကို ပြည်သူတို့ကသိခဲ့သော် တပ်ဦးသည် မြောင်းထဲသို့ ဒိုင်ဗင်ထိုးဆင်းလိုက်သည်နှင့်တူနေပေသည်။ ကိုဆန်နီနှင့် နေဇင်လတ်တို့ကို တာဝန်ပေးလိုက်သည်ဟု ကိုသံခဲလက်မှတ်ထိုးထားသည့်စာကို မည်သူက တင်ခဲ့သနည်း။ ဤလုပ်ရပ်သည် ABSDF ကို ပြည်သူတို့မှ ရွံရှာစက်ဆုပ်သွားစေရန် အသေရိုက်သတ်လိုက်ခြင်းပင်ဖြစ်သည်။

ယနေ့ခေတ်တွင်ကားပါမစ်တစီးလျှင် = ဒေါ်လာ ၂,၀၀၀ ခန့်ပေါက်ဈေးရှိသည်-

ကားအစီး ၆၀= ၆၀X ၂၀၀၀ = ဒေါ်လာ ၁၂၀,၀၀၀ (တသိန်းနှစ်သောင်း) ရမည်ဖြစ်သည်။

ထိုဒေါ်လာတသိန်းနှစ်သောင်းနှင့် ဘာလုပ်စားကြမည်နည်း။ တောတွင်းနှင့် မဲဆောက်ရဲဘော်များ၏ စားဝတ် နေရေးအတွက် ထိုငွေနှင့်အများဆုံးခံလှ ၃ လ ပင်ဖြစ်မည်။ ထိုငွေသည် ရဲဘော်များထံ မည်မျှရောက်မည် မသိနိုင်သေး။

အဓိကတောင်းဆိုရမည်မှာ-

၁။ အဖမ်းဆီးခံရဲဘော်များလွတ်မြောက်ရေး

၂။ ပြည်တွင်းသို့ပြန်ဝင်လာလျှင် ရဲဘော်များ နေထိုင်လုပ်ကိုင်စားသောက်ရန်အတွက် မြေနေရာ၊ အလုပ်အကိုင် အခွင့်အလမ်းများ။

၃။ ပြည်တွင်းတွင်လွတ်လပ်စွာနိုင်ငံရေးလှုပ်ရှားခွင့်၊ စည်းရုံးခွင့်၊ ဟောပြောခွင့်နှင့် ခရီးသွားလာခွင့်

၎။ ပြည်ပရောက်တပ်ဦးရဲဘော်များ ကန့်သတ်မှုမရှိ ပြည်တွင်းသို့ ပြန်လာနိုင်ခွင့်စသည်တို့ကို

တောင်းဆိုနိုင်ပါက အဓိပ္ပါယ်ရှိသောလုပ်ဆောင်မှုဖြစ်လာပါလိမ့်မည်။ ထိုကဲ့သို့မဟုတ်ဘဲ ကျောင်းသား စိတ်ဓါတ်ကို ကားပါမစ်နှင့် လဲလှယ်လိုက်ခြင်းသည် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ် တပ်ဦးမှ ခေါင်းဆောင်များသည် ယုံကြည်ချက်အတွက် မည်သည့်လစာမျှမယူဘဲ ဇွဲနဘဲနှင့် တိုက်ပွဲဝင်ရင်း အသက်ပေးသွားသည့် ကျောင်းသားရဲဘော်များ၊ ခြေပြတ်လက်ပြတ်ဖြစ်ကာ ဒုက္ခိတဖြစ်ပြီး အတိဒုက္ခ ရောက်နေသည့် ရဲဘော်များအားလုံး၏ မျက်နှာကို -ီးနှင့် ထိုးလိုက်သည်နှင့် တူနေပါတော့သည်။

ထွန်းအောင်ကျော် (၇၄)

UCL ဥက္ကဌ ကိုနေရွှေသွေးအောင်မှ Admin Team သို့ပေးပို့စာ

"Admin team ခင်ဗျား

- ကျွန်တော့်စာလေးကိုကျေးဇူးပြု၍ ဖြန့်ဝေပေးပါ။ကျွန်တော်ဟာ ဘောလုံးအားကစားကိုငယ်ငယ်ထဲက ဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော့်နည်းတူ အခြားလူငယ်များကိုလဲအားကစားကို စိတ်ဝင်စား၊ကစားစေလိုသူတစ်ယောက်လဲဖြစ်ပါတယ်။ ဒါကြောင့်လဲကျွန်တော်ယခုကျောင်းပြီးပြီးနောက် နှစ်အတန်ကြာမလုပ်ဖြစ်ခဲ့တဲ့ တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲကို ပြန်လည်ကျင်းပနိုင်ရန်ကြိုးစားစီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။အစပိုင်းမှာ အခက်အခဲများစွာရှိ၍ သိပံ္ပနှင့်နည်းပညာအောက်ရှိ တက္ကသိုလ်များသာယှဉ်ပြိုင်ရန်ရည်ရွယ်သော်လည်း အခြားဆေး နှင့် ရေကြောင်းတို့မှလည်းစိတ်ပါဝင်စားစွာ ဆက်သွယ်လာခဲ့၍ (၁၆)သင်းပြည့်သည်အထိလက်ခံယှဉ်ပြိုင်စေခဲ့ပါတယ်။ ဒါတောင်အခြားတက္ကသိုလ်များကို အချိန်မမီ၍မျက်နှာနာစွာပင်နောက်တစ်ကြိမ်မှပါဝင်ပေးပါရန် မေတ္တာရပ်ခံခဲ့ရပါတယ်။ဒီနေရာမှာ ကျေးဇူးအထူးတင်ရှိရမှာကတော့ ကျွန်တော့်ရဲ့တင်ပြချက်ကို ပထမဦးစွာစိတ်ပါဝင်စားစွာဆွေးနွေးတုံ့ပြန်ပေးခဲ့တဲ့ သိပံ္ပနှင့်နည်းပညာပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး၊နယ်မှကစားသမားများရန်ကုန်တွင် နေထိုင်နိုင်ရေးအတွက်ကူညီပေးခဲ့တဲ့ အားကစားပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယဝန်ကြီး၊ လုံခြုံရေးပိုင်းကိုအဘက်ဘက်ကပံ့ပိုးကူညီပေးခဲ့တဲ့
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အမြဲတမ်းကိုယ့်အသင်းအတွက်အကောင်းဆုံးဖြစ်အောင်စီစဉ်ပေးခဲ့တဲ့ ပြိုင်ပွဲဝင်အသင်းများမှပါချုပ်ကြီးများ၊ဆရာ၊ဆရာမများ၊အားတက်သရော ကိုယ့်တက္ကသိုလ်ဂုဏ်ဆောင်နိုင်ရန်ပါဝင်ယှဉ်ပြိုင်လာတဲ့ ထူးချွန်ထက်မြတ်တဲ့ကစားသမားများ နဲ့ နိုင်ငံကြီးသားပီသစွာအားပေးလာတဲ့ ကျောင်းသားထုပရိသတ်တို့ပဲဖြစ်ပါတယ်။

- ကျွန်တော့်အနေနဲ့ဒီပြိုင်ပွဲကိုဝါသနာပါ၍ ကျောင်းသားများအားကစား Life ရရှိစေရန်သာရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး မိမိအနေဖြင့်မည်သည့်အကျိုးကိုမျှမမျှော်လင့်ပါ။ ဒီလိုပြိုင်ပွဲကျင်းပခြင်းအားဖြင့်လဲ တက္ကသိုလ် ကျောင်းသားများအနေဖြင့် ပြိုင်ပွဲကိုခမ်းခမ်းနားနားယှဉ်ပြိုင်ရုံကလွဲပြီး ကျွန်တော်တို့အတွက်လဲမည်သည့်အကျိုးအမြတ်မှမရပါ။ထို့ကြောင့်အချို့သောသူများအနေဖြင့် အစိုးရအဖွဲ့မှတာဝန်ရှိသူများ ကျွန်တော်တို့နှင့်ပူးပေါင်းလာမှုအပေါ် အမြင်မစောင်းစေလိုပါ။ကျွန်တော်တို့ ကော်မတီဝင်များ(ပြိုင်ပွဲဝင်တက္ကသိုလ်များမှ ဆရာ၊ဆရာမများအပါအဝင်)အနေဖြင့် ကျောင်းသား၊ကျောင်းသူများအတွက် အစွမ်းကုန်အဆင်ပြေစေရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိ၍ တာဝန်ရှိသူများယခုကဲ့သို့ မြေတောင်မြှောက်ပေးရန်ရည်ရွယ်ချက်ဖြင့်ပူးပေါင်းလာခြင်းကို မိမိတို့အနေဖြင့်ဝမ်းမြောက်ဝမ်းသာကြိုဆိုရမည်ဖြစ်ပါသည်။

- ကျွန်တော့်အနေဖြင့် မည်သူ့ကိုမဆိုချစ်ကြည်လေးစားရင်းနှီးစွာဆက်ဆံ၊ခင်မင်တတ်ပြီး တက္ကသိုလ်များမှ ဆရာ၊ဆရာမများ၊ကျောင်းသားများကို အစည်းအဝေးပွဲများတွင်ဆုံသောအခါတိုင်းတွင်လည်း ရင်းနှီးဖော်ရွေစွာပင်ဆက်ဆံ၊နှုတ်ဆက်လေ့ရှိပါတယ်။(ဤသည်ကိုကျွန်တော်နှင့်ဆုံဖူးသော ဆရာ၊ဆရာမများ၊ကျောင်းသားများအသိဖြစ်ပါသည်၊ ကျွန်တော်တို့အပေါ်အမြင်စောင်းစေလို၍၊ ကျောင်းသားများနှင့်သွေးခွဲလို၍ တစ်ဘက်စောင်းနင်းရေးသားထားသောသတင်းများကို လုံးဝမယုံစေလိုပါခင်ဗျာ)

- နောက်တစ်ခုကျွန်တော်ပြောလိုတာကတော့ Miss universe ကိစ္စဖြစ်ပါတယ်။သူဟာကျွန်တော်နဲ့သိယုံသာသိပြီးလူခြင်းမခင်ပါ။ သူဟာ နှစ်ပေါင်း(၅၀)ကျော်ကြာမှတစ်ကျော့ပြန်ဆုရရှိခဲ့သူဖြစ်ပြီး ကျွန်တော်တို့တို့ပြိုင်ပွဲမှာလည်း နှစ်အတော်အတန်ကြာမှပြန်လည်ကျင်းပခဲ့ခြင်းဖြစ်တာကြောင့် ဖွင့်ပွဲကြီးပိုမိုစည်ကားသိုက်မြိုက်စေရန်ရည်ရွယ်၍၊ သူ့ကိုဆုရုပ်တုသယ်ဆောင်ပေးပါရန် ကျွန်တော်ကိုယ်တိုင်လေးလေးစားစားဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး သူကလည်းဝမ်းမြောက်ဝမ်းသာပင် (အခကြေးငွေတစ်ပြား၊တစ်ချပ်မျှမယူပဲ) တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများကို လေးစားဂုဏ်ပြုသောအားဖြင့် ပါဝင်ပေးခဲ့ခြင်းဖြစ်ပါတယ်။ Internet တွင်ဖွနေသလို ပြိုင်ကားမှာကျွန်တော့်ကားမဟုတ်သလို ကျွန်တော်မောင်းပို့ပေးခြင်းလဲမဟုတ်ပါ။ကျွန်တော်နဲ့အဆက်အသွယ်လဲမရှိပါ။ ပြိုင်ပွဲကျင်းပမှုပိုမိုခမ်းနားလေ တက္ကသိုလ်များမှ ဆရာ၊ဆရာမများ၊ကျောင်းသားများပိုမို ပျော်ရွှင်ဂုဏ်ရှိလေသာဖြစ်ဖြစ်၍သူ့ကိုပါဝင်နိုင်ရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပါသည်။ တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများကိုများကို လေးစား၍ပါဝင်ဆင်နွှဲပေးခဲ့သော မမိုးစက်ဝိုင်အပေါ် အခြေအမြစ်မရှိသော စွပ်စွဲချက်များအတွက် ကျွန်တော့်အနေဖြင့်အထူးပင်စိတ်မကောင်းဖြစ်ရပါသည်။

- နောက်ဆုံးတစ်ခုမိမိအကြံရထားသည်ကို တင်ပြလိုပါသည်။ဤပြိုင်ပွဲကြီးပြီးဆုံးလျှင်မိမိအနေဖြင့် ဤပြိုင်ပွဲမှအကောင်းဆုံးကစားသမား(၂၀)ခန့်ကို ရွေးချယ်ပြီးအိမ်နီးချင်းနိုင်ငံများမှ တက္ကသိုလ်များနှင့် (နိုင်ငံခြားသို့ စရိတ်ငြိမ်းစေလွှတ်၍) ယှဉ်ပြိုင်စေနိုင်ရန်စဉ်းစားလျက်ရှိပါသည်။ ပရိသတ်ကြီး၏အကြံဉာဏ်သဘောထားကိုလည်းရယူလိုပါသည်။ Admin team မှတဆင့်ဆက်သွယ်အကြံပြုစေလိုပါသည်။

- ကျေးဇူးအထူးတင်ရှိပါသည်။ "

ပြည်မြို့၊ န၀ဒေး တံတား အောက်တွင် ချိန်းတွေ့ နေကြသော သမီး ရည်းစား စုံတွဲထံမှ ပစ္စည်းယူ လူသတ်မှုသည် စွပ်စွဲ ခံနေရသူ တပ်မတော်သား သုံးဦးနှင့် မသက်ဆိုင် ကြောင်း၊ ၄င်းတို့ သုံးဦးအား မိမိရာထူးနှင့် လဲ၍ ကာကွယ်ပေး သွားမည် ဖြစ်ကြောင်း ပြည်မြို့ ဒေသ ကွပ်ကဲမှု စစ်ဌာန ချုပ်မှူး ဗိုလ်မှူးကြီး မြင့်အောင်က ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက် က ပြည်မြို့ ဒကစ ရိပ်သာတွင် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက ကာယကံရှင် များ၏ မိဘဆွေမျိုး များကို ခေါ်ယူ ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။ အခင်းဖြစ် ပွားရာ နေ့က တပ်မတော်သား သုံးဦး အနေဖြင့် ညနေ တန်းစီချိန်တွင် တပ်ထဲ၌ ရှိနေကြောင်း တပ်ကြပ်ကြီး တစ်ဦးထံမှ ပိုက်ဆံ ၂၀၀၀၀ ချေးပြီး ဘုရားကြီး အနောက်စောင်း တန်းသို့ သွားရာတွင် လူမြင် မခံရဲသဖြင့် အောက်လမ်းက သွားရာမှ ယခုကဲ့သို့ စွပ်စွဲ ဖမ်းဆီးခံရ ခြင်းဖြစ်သည်ကို သက်သေများဖြင့် တင်ပြ ရှင်းလင်းနိုင်ကြောင်း ဗိုလ်မှူး ကြီးမြင့်အောင်က ပြောကြားခဲ့သည်ဟု ရှင်းလင်းပွဲ တက်ရောက်ခဲ့သူ ဦးမြင့်ကိုက မြန်မာပို့စ်သို့ ပြန်လည် ဖြေကြားခဲ့သည်။

ထို့ပြင် ဗိုလ်မှူးကြီး မြင့်အောင်က သူ၏ တပ်မတော် သားများကို သူ့ ရာထူးနှင့် လဲပြီး ကာကွယ်သွားမည် ဖြစ်ကြောင်း၊ ခိုင်လုံသည့် အထောက်အထား မပြနိုင်ပါက သူ့ လူများကို မလွှဲပေး နိုင်ကြောင်း၊ မှုခင်း ရဲတပ်ဖွဲ့ အနေဖြင့် ခိုင်လုံသည့် အထောက် အထားပြမှသာ လွှဲပေး မည် ဖြစ်ကြောင်း၊ ယခုအချိန်တွင် ယင်း တပ်မတော်သား သုံးဦးအား တပ်စည်းကမ်း ဖောက်ဖျက်မှုဖြင့် ထောင်သုံးလ အမိန့်ချထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ထွက်ပြေးတဲ့ သူက ဒီပွဲကျမှ တပ်သား သန်းဝင်းအောင် ဆိုပြီး ပေါ် လာတာလေ။ နဂိုတုန်းက တပ်သား ရဲကိုဦးနဲ့ သန်းထိုက်အောင် နှစ် ယောက်ပဲ အရင် ပေးထားပြီးတော့ ထွက်ပြေးတဲ့ တပ်သား သန်းဝင်း အောင် အနေနဲ့ မူမှန်ရင် ထွက်ပြေး စရာ မလိုဘူးလေ"ဟု ဦးမြင့်ကိုက မှတ်ချက်ပြု ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၃ ရက်ကဖြစ်ပွားခဲ့သော ယင်းအမှု အပေါ် အရေးယူမှု နှောင့်နှေးကြန့်ကြာ နေခြင်းနှင့် ပတ်သက်၍ ဒေသခံ များက စက်တင်ဘာ လဆန်းပိုင်းမှ စတင်ကာ လက်မှတ်များစတင် ကောက်ခံ နေချိန်တွင် အဆိုပါရှင်းလင်းပွဲ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ သံလွင်ခက် လူထုအခြေပြု အဖွဲ့မှ ကိုမင်းမင်းက "ဒီလို မသက်ဆိုင်ဘူး လို့ သူတို့ ရှင်းလင်းပွဲ လုပ်တယ်ဆို အားလုံးကို ဖိတ်ကြားပြီးတော့ ပွင့်ပွင့် လင်းလင်း ရှင်းလင်းရင် အကောင်း ဆုံးပဲ။ အခုတော့ ပွင့်လင်း မြင်သာမှု မရှိဘဲနဲ့ ကိုယ့်ဟာကိုယ် ဖန်တီးထား ပြီး ကိုယ်ပြော တာကို ပြန်မပြော ရဲတဲ့ လူတွေကိုပဲ ခေါ်ပြီးပြောတာ။ ဘာမှ ထူးခြားမှု ရမှာမဟုတ်ဘူး"ဟု သုံးသပ် ပြောကြားသည်။

အဆိုပါ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် ပြည်မြို့နယ် တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်လင်း ကလည်း အမှု မှန်ပေါ်ပေါက် စေရန်အတွက် အမြန်ဆုံး တောင်းဆို သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက် ည ၉ နာရီခန့်က ပြည်မြို့ န၀ဒေး တံတားအောက်တွင် သမီးရည်းစား စုံတွဲ ချိန်းတွေ့နေသည့် အချိန် လူသုံး ယောက်မှ လုယက်ရာတွင် အမျိုး သားမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အမျိုး သမီးမှာ ဒဏ်ရာ များစွာဖြင့် ပြည် ဆေးရုံကြီးတွင် တက်ရောက် ကုသခဲ့ ရသည်။

မြန်မာပို့စ်(ဂလိုဘယ်လ်)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.