10/10/13

ရန်ကုန်မြို့၏ မြို့နေလူထုလေးပုံတပုံနီးပါးသည် အိမ်ဌားရမ်းနေထိုင်ကြရသူများဖြစ်ကြသည် ။ လူနေထူထပ်သည့် မြို့နယ်များဖြစ်သော စမ်းချောင်း ၊အလုံ ၊ ကန်တော်လေး ၊ တာမွေ ၊ ပုဇွန်တောင် စသည့် မြို့နယ်များတွင် ယခုကဲ့သို့ သီတင်းဝါလ ကျွတ်ချိန် စပ်ကူးမတ်ကူး ကာလများတွင် မြေလျှောက်ပွဲစားများသည် အလွန်တရာမှ အလုပ်များကြလေတော့သည် ။

ယခင် မိုဘိုင်းဖုန်းများ ဈေးနှုန်းမြင့်မားစဉ်က အိမ်ပွဲစားတိုင်း ဖုန်းကိုင်းနိုင်သူမရှိသဖြင့် ရပ်ကွက် လမ်းဆုံလမ်းခွ လက်ဖက်ရည်ဆိုင်များတွင် စုရပ်သတ်မှတ်ပြီး အိမ်ဌားမည့်ပိုင်ရှင်နှင့် အိမ်ဌားလိုသူတို့  အားချိတ်ဆက်ပေးပြီး ပွဲခရရှိရေးအတွက်ကြိုးပမ်းကြရလေသည် ။ယခုအခါမှာတော့ ပွဲစားတိုင်းဖုန်းကိုင်ထားကြပြီး လမ်းလည်ခေါင်ဟိတ်ကြီးဟန်ကြီးဖြင့် ပွဲစားပီပီ လေလုံးကြီးကြီးများပစ်နေကြသည်ကိုတွေ့ရပြီး တခါတရံမှာတော့ အနှီ ပွဲစားတစုသည် လမ်းခွဆုံတွင် ကြမ်းကြမ်းတမ်းတမ်းဆဲဆို ရန်ဖြစ်ကြပြီး လေကိုရင်း၍ရလာသော သိန်းချီသည့်ငွေကြေးကို ခွဲတမ်းချရာ ပြဿနာ တက်ကြရပြန်သည်။

၎င်းတို့ လောကသည် လေကိုရင်းပြီးအကျိုးအမြတ်ရှာကြသူများဖြစ်ကြသော်လည်း မြေလျှောက်အိမ်ပွဲစားအများစုမှာ မိန်းမများဖြစ်ကြသည့်အတွက် အလွန်အင်မတန်မှ ရှုပ်ထွေးပွေလီ လှပေသည်။မြေလျှောက်ပွဲစားများအချင်းချင်းလည်း မသင့်မြတ်ကြ ၊ အုပ်စုဖွဲ့ပြီး ဂိုဏ်းဆန်ဆန် လုပ်စားကြသူများလည်းရှိသည် ။ နှစ်ယောက်တပိုင်းနှင့် လုပ်ကြသူများလည်းရှိသည်။

မည်သို့ပင်ဆိုစေကာမူ ရန်ကုန်မြို့ တွင် လူနေမှုစရိတ်မြင့်တက်လာခြင်းမှာ ၎င်းတို့ ၏လက်ချက်ကြောင့်ပင်ဖြစ်သည် ။ အစိုးရသို့  မှတ်ပုံတင်စရာမလို ၊ အခွန်ဆောင်စရာမလိုပဲ လမ်းသလားရင်း မျိုးမျိုးမြတ်မြတ်ရကြသည် မို့  လောဘ တက်သည်ထက်တက်လာကြပြီး ၎င်းတို့  အလုပ်ဖြစ်ရေး အကျိုးအမြတ်များများရရှိရေးကိုသာ ဦးတည်ကြသည်။

ဥပမာအားဖြင့် - တလလျှင် ဌားရမ်းခ ငါးသောင်းခန့်သာရှိသော တိုက်ခန်း တခန်းကို ပိုင်ရှင်ဖြစ်သူမှ ၎င်းအား ပွဲစားအဖြစ် အကျိုးဆောင်စေရန်အတွက် အိမ်ရှင်ဖြစ်သူအား ရှစ်သောင်း တသိန်း ရစေရမည်ဟု မက်လုံးပေး၍ဆွယ်လေတော့သည် ။ ထို့အတွက် အိမ်ရှင်ဖြစ်သူမှ ငွေကြေးပိုမိုရရှိသလို ၎င်းအနေဖြင့်လည်း ပွဲခအနေဖြင့် ဌားရမ်းခ တလစာ ရရှိသည်ဖြစ်သောကြောင့် အမှန်တကယ်ဌားရမ်းနေထိုင်လိုသူများ မှာတော့၎င်းတို့  အကွက်ချသမျှ လည်စင်းခံကြရသည်သာဖြစ်သည် ။

ဤမျှနှင့် ပြီးပြတ်သည်မဟုတ် အိမ်ရှင်အိမ်ဌား စာချူပ်သက်တမ်း ပြည့်သည့်အခါတွင် ၎င်းတို့ ပွဲခ တဖန်ရရှိရန်အတွက် အိမ်ရှင်ဖြစ်သူအား ပွဲစားတို့ ထုံးစံအတိုင်း စကားသပ်ထိုး၍လက်ရှိဌားရမ်းထားသူအား အကြောင်းအမျိုးမျိုးဖြင့် ကော်ထုတ်စေကာ နောက်ထပ်ဌားရမ်းမည့်လူသစ်ကို ရှာကြပြန်လေသည်။

ထိုသို့ လှည့်ကာပတ်ကာဖြင့် လေကိုရင်းပြီး အကျိုးအမြတ်ရှာကြရာ လည်လွန်းသူတို့ ထုံးစံအတိုင်း နည်းအမျိုးမျိုးထွင်ကြရာ အိမ်ရှင်ဖြစ်သူတို့ မှ ၎င်းတို့ အား အလုပ်အပ်စေရေးအတွက် ၎င်းတို့  ရမည့် ဌားရမ်းခ တလစာမှ တ၀က်ကို အိမ်ရှင်ဖြစ်သူအား ပွဲခပေးရပြန်ပါတော့သည်။ ထိုသည့်မှာလည်း ၎င်းတို့  ထွင်ခဲ့သည့် အိမ်ရှင်က ပွဲခ တ၀က်ပါတယ်ဆိုသည့် စနစ်အသစ်ပင်ဖြစ်သည် ။

နောက်ဆုံးမှာတော့ ၎င်းတို့ သည်လည်း ပိုနေမြဲကျားနေမြဲအတိုင်း ရရှိကြသည်သာဖြစ်ပြီး အကျိုးအမြတ်များ ရရှိသွားကြသူမျာမှာ ပိုင်ရှင်ဖြစ်သူများဖက်မှဖြစ်ပြီး အမှန်တကယ် လည်စင်းခံလိုက်ကြရသူများမှာ အမှန်တကယ်လိုအပ်နေသည့် ပြည်သူများသာဖြစ်သည်။

အခြေခံလူတန်းစားများအား မွဲဆေးဖော်နေသည်မှာ နှစ်လုံးထီ ချဲထီရောင်းဝယ်ကြသူများသာ မက ၎င်းမြေလျှောက်ပွဲစားများ၏ စနက်သည်လည်း အဓိက နေရာမှ ပါဝင်နေသည်ဖြစ်သည်။

မကြာမီကထုတ်ပြန်ခဲ့သော ရန်ကုန်မြို့ မြေဈေးသတ်မှတ်ချက်အတိုင်း အထက်ဖော်ပြပါဖြစ်ရပ်များကိုလည်းသက်ဆိုင်ရာမှ ထိမ်းသိမ်းနိုင်မည့် နည်းဥပဒေသတရပ်ရပ်ဖြင့် ထုတ်ပြန် ထိမ်းချုပ်သင့်သည်ဟု ယူဆမိသည့်အလျှောက် အခြေခံလူတန်းစားများအတွက်လည်း အမှန်တကယ် အထောက်အကူဖြစ်နေနိုင်မှာဖြစ်ပါတယ် ။ ထိုသို့  မထိမ်းချုပ်နိုင်ပါက ရန်ကုန်မြို့ လူနေမှုစရိတ်သည် ဆက်လက်မြင့်တက်နေဦးမည်သာဖြစ်ပြီး ကာလကြာမြင့်လာသည်နှင့်အမျှ ထိမ်းသိမ်းကိုင်တွယ်ရန်ပိုမို ခက်ခဲလာနိုင်ဖွယ်ရှိသည့်အတွက် ယခုလိုတင်ပြလိုက်ရပါသည်။

မြတ်သူ

မန္တလေး ကားအရောင်းအ၀ယ် လောကတွင် ကျပ်သိန်းပေါင်း လေး သောင်းခန့် လိမ်လည် မှုဖြစ်ပွားခဲ့ရာ ငွေလိမ်လည်သူ ဘက်မှ ဖြေရှင်းမှု တစ်စုံတစ်ရာ မရရှိပါက တရားစွဲဆို သွားမည်ဖြစ်ကြောင်း ငွေကြေးနစ် နာ ဆုံးရှုံးသူများ ကိုယ်စား ဖြေရှင်း ဆောင်ရွက်နိုင်ရန် ဖွဲ့စည်း ခဲ့သည့် ကော်မတီ မှ ပြောကြားခဲ့သည်။

မန္တလေးမြို့ လင်းကမ္ဘာခြံပိုင် ရှင်နှင့် ၎င်း၏ အကျိုးတူ စီးပွားဘက် ဦးကျော်ခိုင်စိုးတို့မှ သြဂုတ် ၁ ရက်မှ သြဂုတ် ၄ ရက်အထိ မန္တလေးမြို့ တော် စည်ပင် သာယာရေးကော်မတီ၊ မြို့တော်ခန်းမ(၁)တွင် ကားအ ရောင်းပြ ပွဲပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ၎င်းပြပွဲတွင် ရောင်းချသော ကားများကို ကား ၀ယ်ရောင်းများက ကားအစီးရေ ပေါင်း ၁၅၀ ခန့်၊ ကာလတန်ဖိုး ကျပ် သိန်းပေါင်း လေးသောင်းဖိုးခန့်ကို ၀ယ်ယူခဲ့ကြကြောင်း ယင်းကော်မတီက ဆိုသည်။

"ယာဉ်လိုင်စင်နဲ့ နံပါတ်က ရန် ကုန် ကုမ္ပဏီတွေ ကနေ လင်းကမ္ဘာ ကုမ္ပဏီက ထုတ်ယူပြီးမှ ကျွန်တော် တို့ကရမှာပါ။ အဲဒါတွေ ရဖို့အတွက် အချိန်တစ် လစောင့်ဖို့ သတ်မှတ် ထားပါတယ်။ အခုတစ်လ ကိုကျော် ပြီး သုံးလေး လဖြစ်လာတော့မှ ရန် ကုန်က ကုမ္ပဏီတွေကို လှမ်းမေး ကြည့်တယ်။ ကားတန်ဖိုးငွေ အကြေ မပေးလို့ ယာဉ်လိုင်စင်နဲ့ ဖောင်းကြွ နံပါတ်ပြား ထုတ်မပေးဘူး လို့သိလိုက် ရတယ်။ အဲဒီတော့ ကျွန်တော်တို့မှာ ကားတစ်စီး ဆုံးရှုံးနစ်နာမှုက ကားစလစ် တစ်စောင်ကို ကာလပေါက်ဈေး က ၁၁၅ သိန်းနဲ့ ယာဉ်လိုင်စင်ပြု လုပ်ပေးမယ့် ကုမ္ပဏီတွေက အပိုငွေ တောင်းတာ သိန်း ၃၀ ဆိုတော့ အားလုံးပေါင်း ၁၄၅ သိန်းလောက် နောက်ထပ် ဆုံးရှုံးရပါတယ်"ဟု ကား ၀ယ်ရောင်း လုပ်သူ ကိုအောင်ကပြော သည်။

ကားဝယ်ယူ သူများ၏ အမည် ပေါက်၊ လိပ်စာပေါက်၊ စလစ်ကပ် ခြင်း၊ ယာဉ်မှတ်ပုံတင် စာအုပ်၊ ကား ဒစ်ဝိုင်း၊ ဖောင်းကြွ နံပါတ်ပြားရရှိ သည်အထိ ပြုလုပ်ပေး မည်ဟုဆိုကာ ကားတစ်စီးလျှင် ငွေကျပ်သိန်း ၂၀၀ ခန့် ပေးချေ ခဲ့ရသည်ဟုဆိုသည်။ ယာဉ်မှတ်ပုံတင် စာအုပ်နှင့် ဒစ်ဝိုင်း အတွက် ကားတန်ဖိုး အနက်မှ ကျပ် သိန်း ၂၀ ကိုသာ ချန်ပြီး ကျန်ငွေ အားလုံးကို ကုမ္ပဏီ သို့ငွေအကြေ ပေးချေရပြီး ၀ယ်ယူသည့် ကားများ ကို ၀ယ်သူ လက်လွှဲပြောင်းပေး ခဲ့ သည်ဟု သိရသည်။

"ရန်ကုန်ကို လှမ်းစုံစမ်းလိုက် တော့မှ ငွေတွေ လိမ်ထားမှန်းသိ တာ။ ဒါကြောင့် လင်းကမ္ဘာ ကုမ္ပဏီ နဲ့ ဦးကျော်ခိုင်စိုး တို့ကို ကျွန်တော်တို့ နဲ့တွေ့ဆုံညှိနှိုင်းဖို့ ထိပ်တိုက်တွေ့ပြီး ပြောခဲ့ ပါတယ်။ ဒီလိုတောင်းဆို တော့ ဦးကျော်ခိုင်စိုးက ထွက်ပြေး တိမ်းရှောင်သွားတယ်"ဟု ကားဝယ် ရောင်းပြုလုပ်သူ ကိုဝဏ္ဏကပြောသည်။

ဝယ်ယူထားသော ကားများမှာ နံပါတ်ပြားမရရှိခြင်း၊ နံပါတ်ပြားရရှိ သော်လည်း ဒစ်ဝိုင်းမရရှိခြင်း၊ အချို့ ကားများမှာ ရန်ကုန်တွင် ခဲခြစ်ပြီး ဖြစ်သော်လည်း စာအုပ်မရရှိခြင်း များကြောင့် ကားရှိသော်လည်း စီး နင်း၍ မရဖြစ်နေသည်ဟု ကားဝယ် ရောင်း သမားများ ကပြောသည်။

မြန်မာပို့စ် (ဂလိုဘယ်)

ရန်ကုန်မြို့ ကြီးမှာ နေ့စဉ်ရွှေထုတ်ယူနိုင်တယ်ဆိုတာ မယုံနိုင်စရာ ဖြစ်ပေမယ့် တကယ်လက်တွေ့ထုတ်ယူနေကြသူတွေ ရှိနေပါတယ် ။ ရွှေကျင်သမား တဦးလျှင် နေ့စဉ်ရွှေ ၁ရွေး သားမှ ၂ ရွေးသားအထိ ကျင်ယူရရှိနိုင်ပြီး ပြန်လည်ရောင်းချပါက ရွှေကျင်သမားတဦးလျှင် တနေ့ဝင်ငွေ ၅၀၀၀ မှ တသောင်းကျော်အထိ ၀င်ငွေရှိပါတယ် ။

၁ရွေးလျှင် ရွှေရည်အပေါ်မူတည်၍ ဈေးဖြတ်ရာတွင် ၅၀၀၀ကျပ် ၀န်းကျင် ရရှိကြပါသည်။
ရန်ကုန်မြို့ အတွင်း ၎င်းတို့  အဓိကရွှေ ကျင်နေကြသည့်နေရာများမှတော့ တာမွေမြို့ နယ်ကျောက်မြောင်းရပ်ကွက်ရှိ လမ်းများမှ ဖြစ်ပါတယ်။ အခြားမြို့ နယ်တခုမှာ သာကေတမြို့ နယ်ဖြစ်ပြီး ရွှေထွက်ရှိမှု နည်းပါးပါတယ်။

၎င်းရွှေကျင်အဖွဲ့ တွင် ၁၄ နှစ် ၁၅ နှစ် အရွယ် လူငယ်များပါဝင်ပြီး မိုးရာသီ ရေစီးချောင်းများ ဖြစ်ပေါ်နေချိန်တွင်ပိုမို ထုတ်ယူနိုင်ကြတာကိုတွေ့ရှိရပါတယ်။ ပန်းထိမ်းလုပ်ငန်းများ အများအပြားရှိသည့် လမ်းများအတွင်း ရေနှုတ်မြောင်းများ မှ တနေကုန် နီးပါး ရွှေကျင်ကြပြီး လမ်းတလမ်းလျှင် ၁၀ ရက် ၁၅ ရက်ခန့်ခြားပြီး တကြိမ်ရွှေကျင်ကြပါသည် ။
၎င်းတို့ တွင် ရွှေကျင်ရာတွင် အသုံးပြုသည့် ဒယ်ပြား ၊ ငရဲမီး ၊ ကြွေဇွန်း (သို့ ) ကြွေခွက် ၊ မီးသွေးမီးဖို အသေးစား တခုနှင့် ဖားဖို နေရာတွင် အစားထိုးအသုံးပြုသည့် ထီးရိုးသံပိုက်ကို ပြုပြင်ထားသည့် လေမှုတ်ပိုက်တခုတို့  ပါဝင်ပါတယ်။

ညနေပိုင်းတွင် ရေနှုတ်မြောင်းများအတွင်းမှ တနေကုန်ကျင်ယူရရှိထားသည့်ရွှေမှိုက်များကို ပင်နဆလင် ပုလင်းကဲ့သို့ သော ဖန်ပုလင်းများအတွင်း ထည့်ယူလာခဲ့ပြီး ၎င်းတို့  စုံရပ်တွင် စုကာ ရွှေသန့်စင်ခြင်းကို ပြုလုပ်ကြပါတယ်။ ရွှေမှိုက်များကို မီးအားပြင်းပြင်းဖြင့် အရည်ကြိုခြင်း ၊ ငရဲမီးဖြင့် သန့်စင်ခြင်းများကို လေးငါးကြိမ်ထက်မနည်းပြုပြင်ပြီးသည့်အချိန်မှာတော့ ၎င်းတို့ လက်ထဲတွင် ငရုတ်ကောင်းစေ့နီးပါး ရှိသည့် ရွေလုံးကလေးများ ကိုယ်စီရရှိလာကြပြီး ရွှေရည်အကြောင်းကိုခန့်မှန်းနိုင်သည့် သူတဦးမှ ၁၃ဲရည် ၁၄ဲရည် စသည့်ဖြင့် ခန့်မှန်းပေးပါတယ်။

၎င်းတို့ ၏ ရွှေများကို ပြန်လည်ရောင်းချရတွင်လည်း ကျောက်မြောင်းရပ်ကွက်အတွင်းရှိ န၀လီပြန်လည်ဝယ်ယူကြသော ရွှေဆိုင်ငယ်လေးများတွင် ပြန်လည် ရောင်းချကြပြီး မိုးချုပ်စနေ၀င်ပြီးချိန်မှာတော့ ၎င်း တို့ လက်များတွင် ၁၀၀၀တန်ငွေစက္ကူများကို မြင်တွေ့နိုင်မှာဖြစ်ပြီး အသီးသီးလမ်းခွဲကာ အိမ်ပြန်သွားကြသူများရှိ သလို ချောင်ကျကျ အ၇က်ဆိုင်များဆီသို့  ချီတက်သွားကြသူများလည်း ရှိပါသည်။

မိမိမှ ၎င်းတို့ ရွှေကျင်မှုကျွမ်းကျင် ကြသည့်အတွက် ရွှေထွက်သည့် ကရင်ပြည်နယ်ကဲ့သို့ သော ဒေသများတွင် သွားရောက်လုပ်ကိုင်ကြရန် အကြုံပြုကြည့်ရာ ၎င်းတို့  အဖွဲ့ မှာ သွားရောက်လုပ်ကိုင်ခဲ့ကြပြီးဖြစ်ကြောင်း ၊ ၎င်းတို့ အတွက် တွက်ခြေမကိုက်လှကြောင်းနှင့် စက်ကြီးများဖြင့်ထုတ်လုပ်ကြသော ကုပ္မဏီကြီးများသာ အလုပ်ဖြစ်ကြသည့်အတွက် ပြန်လာပြီး ရန်ကုန်မြို့ ထဲတွင်ပင်ပြန်လည်လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း ပြန်လည်ပြောပြခဲ့ပါသည်။

နောင်တွင်လည်း ရန်ကုန်မြို့ ထဲတွင်သာ လေလွှင့်ဆုံးရှုးံသွားမည့် ရွှေများကိုသာ ဆက်လက်ရှာဖွေသွားမည့် ဆိုသည့်အကြောင်းကိုလည်း သိရှိခဲ့ရပါသည်။
စကားချပ်- ၎င်းတို့ အနေဖြင့် ယခုလို လုပ်ကိုင်နေကြပြီး အကျိုးအမြတ်ရရှိနေကြသည့်အပေါ် ဟိုလူကြီးများတည်ထောင်ထားသော ရွှေသတ္တုထူးဖော်ထုတ်လုပ်ရေး ကုပ္မဏီများထံသတင်းပေါက်ကြားသွားမှာကိုလည်း စိုးရိမ်နေကြသည်ဟု ထင်မြင်မိပါသည်။

မြတ်သူ

အောက်တိုဘာ ၉ ရက်၊ နံနက် ၁၁ နာရီ အချိန်ခန့်တွင် ဖြူးမြို့၊ ရုံး လမ်းနှင့် ရန်ကုန်- မန္တလေးလမ်း ထောင့် မြို့နယ် ဆက်သွယ်ရေး ရုံးရှေ့ ညောင်လေးပင် ကားဂိတ် ရောက် ခရီးသည်တင် ယာဉ်တစ်စီး ပေါ်မှ ဗုံးတစ်လုံး တွေ့ရှိ ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇေယျာဟိန်း ခရီး သည် တင် ယာဉ်လိုင်းမှ ယာဉ်မောင်း ဦးစိုးဝင်း (မြို့မ-၂ ရပ်ကွက်၊ ညောင် လေးပင်နေသူ) မောင်းနှင်လာသော ၈/စ-၉၄၆၈ လိုက်အေ့စ် အဖြူရောင် မော်တော်ယာဉ်သည် ညောင်လေး ပင်မှ ခရီးသည်များ တင်ဆောင်ထွက် ခွာလာရာ ဖြူး ကားဂိတ် စာတိုက်ရှေ့ အရောက်တွင် ခရီးသည်များ အား လုံး ဆင်းသွားပြီးနောက် ကားပေါ် တွင် ကျွတ်ကျွတ်အိတ် တစ်လုံးကျန် ရှိရာ အဆိုပါ အိတ်ငယ် အတွင်းတွင် သပွတ်တံ အသစ် တစ်ချောင်း၊ သွား တိုက်ဆေးဘူး တစ်ဘူးနှင့် အတူ နာရီ စက်၊ ၀ါယာကြိုးများနှင့် ဗုံးဟု ယူဆ ရသော အရာတစ်ခု ကိုပါ တွေ့ရှိရ သည်။

ယင်းနောက် နယ်မြေခံ ရဲတပ် ဖွဲ့စခန်း နယ်မြေခံ တပ်ရင်းသို့ အကြောင်းကြားခဲ့ရာ လုံခြုံရေးတပ် ဖွဲ့ဝင် များရောက်ရှိလာပြီး အဆိုပါ ဗုံးအထုပ်အား တိုင်ကီဖြင့် အုပ်၍ ဘေးမှ သဲအိတ်များဖြင့် အကာ အကွယ်ပြု လုပ်ပြီး အင်ဂျင်နီယာ တပ်ရင်းသို့ အကြောင်းကြား ခဲ့ ကြောင်း သိရသည်။

ညနေ ၄ နာရီ အချိန်တွင် စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်း ၉၁၁ မှ တပ်ဖွဲ့ဝင်များရောက် ရှိလာပြီး အန္တရာယ် ကင်းရှင်းရေး လုပ်ဆောင်ရန် ဖြူးမြို့ အမှတ် ၃၀၆ တပ်ရင်းဝင်း အတွင်း ယူဆောင်၍ ဖောက်ခွဲပစ် ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဗုံးမှာ လက်လုပ်ဗုံး တစ် လုံးဖြစ်ပြီး၊ ဗုံးကို စတင် ရှင်းလင်းချိန် တွင် ရန်ကုန်-မန္တလေး ကားလမ်းကို နာရီဝက်ခန့် ပိတ်ထား ခဲ့ရကြောင်း တာဝန်ရှိ ရဲတပ်ဖွဲ့ဝင် တစ်ဦးကပြော သည်။

မြန်မာပို့စ် ဂလိုဘယ်

နော်အုန်းလှနဲ့ အယူခံကိစ္စအတွက် မန္တလေးအကျဉ်းထောင်ကို သွားရောက်ထောင်ဝင်စာတွေ့ခဲ့ကြတဲ့ DPW အဖွဲ့မှ မသန္တာ၊ မရှမ်းမ၊ မချိုတို့နဲ့အတူ နော်အုန်းလှကို ၁ နာရီနီးပါးတွေ့ခွင့်ကို ထောင်အာဏာပိုင်များက ခွင့်ပြုပေးခဲ့လို့ အေးအးဆေးဆေး တွေ့ခွင့်ရပါတယ်။

နော်အုန်းလှကတော့ ...

(၁) မြန်မာနိုင်ငံတရားစီရင်ရေးစနစ်ဟာ အပြစ်ပေးရေးကိုသာ ဦးတည်ကြောင်း၊

(၂) သူကိုယ်တိုင် တရားရုံးတွင်မေးတဲ့ မေးခွန်းတွေကို မှတ်တမ်းမတင်ပေးတာကတကြောင်း၊

(၃) ညနေ ၃ နာရီခွဲလောက်မှာ ဖမ်းပြီး ၄ နာရီခွဲခါနီးမှာ ထောင်တန်းပို့ပြီး မည်သည့်စစ်ချက်မှမယူဘဲ တရားစွဲကြောင်း၊

(၄) ပုဒ်မ ၅၀၅ (ခ) တွင်အလုပ်နဲ့ထောင်ဒဏ်ချရမည်ဟု ပြဋ္ဌာန်းခြင်းမရှိပါဘဲ မုံရွာမြို့နယ်တရားသူကြီး ဦခင်မောင်ဝင်းက သူ့သဘောနဲ့သူ အလုပ်ကိုပါထည့်ချထားကြောင်း၊

(၅) ဒီမိုကရေစီပါလို့ အပြင်မှာကြွေးကြော်နေချိန်မှာအရင်၂၀၀၉ ခုနှစ်ကလိုပဲ လုပ်ချင်ရာလုပ်နေကြောင်း စသည့်အချက်များကြောင့် အယူခံဝင်ခြင်းကိုလည်း ယုံကြည်မှုမရှိကြောင်း ပြောဆိုလိုက်ပါတယ်။ အယူခံလည်းအပိုပဲဖြစ်လို့ အယူမခံဘူးဆိုပြီး ရှေ့နေပါဝါစာမှာ လက်မှတ်ထိုးမပေးခဲ့ပါ။

ဥပဒေရှုထောင့်မှကြည့်သော်

ဒီလို အပြစ်ပေးခံရသူက အယူခံမဝင်လည်းအမိန့်ဟာ ဥပဒေနဲ့ညီမညီ ခရိုင်တရားရုံးနဲ့ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်တို့က စိစစ်င်္ပြီး ဥပဒေနဲ့မညီရင် ပြင်ဆင်မှု (က) ဆိုတာ ဖွင့်ပြီးပြင်ဆင်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မူရင်းပုဒ်မအရ အလုပ်မပါတဲ့ပြဋ္ဌာန်းချက်ကို မလိုက်နာဘဲ အလုပ်ထည့်ပြီး အလုပ်နှင့်ထောင်ဒဏ် ၂ နှစ်ချတာဟာ ဥပဒေကို ပုဂ္ဂိုလ်အပေါ် အစွဲပြုချမှတ်ရာရောက်ပြီး တရားသူကြီးက လွှတ်တော်၏လုပ်ပိုင်ခွင့်ကို အသုံးပြုရာရောက်တဲ့အပြင် တရားမျှတမှုကိုလည်း ထိခိုက်ရ၊ အစိုးရရဲ့ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေရလို့ပါ။ အခုတော့ ခရိုင်နှင့်တိုင်း တရားသူကြီးတို့ကတော့ မည်သို့ဆက်လုပ်ပေးမည် မသိပါ။

Yamoun Nar

( မြန်မာပြည်ထုတ် တရုတ်သံရုံးဖတ် တရုတ်သတင်းစာမှ တရုတ်မလေး ရန်စင်းရောင် (ခေါ်) ဝေဝေခိုင် (ခေါ်) မိုးစက်ဝိုင်/Photo..သိုးကလေး)

မိုးစက်ဝိုင်ကိစ္စကိုပြောတိုင်း..တစ်ဘက်က မိုးစက်ဝိုင်ပရိတ်သတ်များ ကနှမချင်း စာနာသင့်ကြောင်း.နိုင်ငံကိုယ်စားပြုမို့. ဒီလိုမပြောသင့်ကြောင်း.. တရုတ်မလို့ပြောနေတာဟာအမြင်အင်မတန်ကျဉ်းကြောင်းကို.....လေတစ်လုံးမိုးတစ်လုံးပြောကြတော့တာပါပဲ

ကျွန်တော်ပြောချင်တာက....သူမ ဟာမယ်တစ်ယောက်ပါ...မယ်မှာမှ ကမ္ဘာအမြင့်ဆုံးမယ်စကြာဝဠာ ပြိုင်ပွဲကို နိုင်ငံကိုယ်စားပြုဝင်ပြိုင်မယ့် မယ်ပါ.....
မယ်တစ်ယောက်ဟာအင်မတန်အနေအထိုင်တတ်ဖို့လိုတယ်......ပြည်သူကမေတ္တာမပျက်အောင်နေရမှာကိုက သူ့တာဝန်ဖြစ်တယ်..သူကမယ်ဖြစ်နေလို့ ပြည်သူကမေတ္တာပြန်ထားပေးရမှာမဟုတ်ဘူး...အဲဒီလိုဆို equationက ပြောင်းပြန်ဖြစ်သွားလိမ့်မယ်......လူအများရဲ့ထောက်ခံမှုကိုမှ ရအောင်မလုပ်နိုင်မှတော့ ဒီမယ်သောက်သုံးမကျဘူးဆိုတာ အသိသာကြီးပါ...

အရင် ၂၀၀၉ ခုနှစ်မှာ ကျင်းပခဲ့တဲ့ Miss Chinese International 2009 ကတရုတ်ပြည်ထဲမှာလုပ်တာဆိုရင် သူကမြန်မာကိုယ်စားပြုပြီးပြိုင်ခဲ့တာမဟုတ်ဘူးလား။
အဲဒါဆိုရင်လည်း ဘာဖြစ်လို့ သူမက မြန်မာနာမည်မသုံးခဲ့တာလည်း။

တကယ်လို့မြန်မာပြည်ထဲမှာ လုပ်ခဲ့တဲ့ပွဲဆိုရင်လည်း မြန်မာစာလုံးလေးတလုံးတောင် ရေးထားတာ မတွေ့ရတဲ့ပွဲဆိုတော့ စဉ်းစားစရာတော်တော်များ သွားပါပြီ။

ဘယ်လိုအဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ ပြိုင်ပွဲဖြစ်လို့လဲ။

ဘာဖြစ်လို့ မြန်မာပြည်ထဲမှာ အဲဒီလို လူမျိုးတခုတည်းကို ကိုယ်စားပြုတဲ့ပွဲကို သက်ဆိုင်ရာက ဘယ်လိုပုံစံမျိုးနဲ့ ခွင့်ပြုချက်ပေးခဲ့တာလည်း။

အခုလို သူမကမြန်မာပြည်ကိုယ်စားပြု ပြီး ပြိုင်ရမှာကို တရုပ်ပြည်က ရုပ်သံတွေက Myanmar Chinese ဆိုပြီး ကျယ်တဝင့် အရေးတယူလုပ်ပြီး သတင်းတင်နေရတာလည်း။

နန်းခင်ဇေယျာတို့၊ ခင်ဝင့်ဝါတို့တုန်းက သူတို့အသံမထွက်ခဲ့ပါ။
အခုကြတော့မှ................

ပြည်သူကဘယ်လိုလူမျိုးကိုမုန်းပြီး.....ဘယ်လိုနေရင်သဘောကျတယ်ဆိုတာ....လူတိုင်းနားလည်ပါတယ်....
နန်းခင်ဇေယျာတို....ခင်ဝင့်ဝါတို့....ဘယ်လိုအပြုံးချိုချိုနဲ့ပြည်သူ့မေတ္တာတောင်းခံသလဲ...ဘာအလုပ်တွေလုပ်သလဲပြီး.
.ပြည်သူချစ်အောင်နေသလဲဆိုတာကြည့်လိုက်ပါဦး.....ချဉ်ဖတ်အိုးနားနေလို့ ချဉ်ဖတ်နံ့ရတယ်ပြောတာ ပြောတဲ့သူအလွန်လား.....အနေအထိုင်မတတ် ချဉ်ဖတ်အိုးနားနေမိတဲ့လူအလွန်လားဆိုတာစဉ်းစားရမယ်.....

ပရဟိတဆိုတာ ဆုကလေးကိုင်ပြီးပြိုင်ကားထဲကဆင်းလာတာမဟုတ်ဘူးဆိုတာ လူတိုင်းနားလည်တယ်.... ဒီတော့ သတင်းစာရှင်းလင်းပွဲလုပ်မယ့်အစား...မိဘမဲ့ကလေးတွေဆီသွားပြီး ကိုယ်တိုင်ကိုယ်ကျ လှူတန်းတာမျိုး.....ဘိုးဘွားရိပ်သာမှာ ငွေအားအပြင် လုပ်အားဒါနပါပေးတာမျိုး.....စတာတွေကို ဟန်ပြလောက်ဖြစ်ဖြစ်လုပ်သင့်ပါတယ်....တကယ်စေတနာပါပါမလုပ်တတ်ဘူးဆိုရင်ပြောတာပါ...ဒါမှပြည်သူချစ်တဲ့...ပြည်သူကထောက်ခံတဲ့မယ်တစ်ယောက်ဖြစ်မယ်......

တရုတ်မဖြစ်နေတာကတော့..ဘာမှပြောစရာမရှိပါဘူး..ဒါပေမယ့် တရုတ်ရုပ်သံမှာ chinese woman to winဆိုတာမျိုးပါလာခဲ့ရင်....ကိုယ်ကမြန်မာပြည်သားဖြစ်ကြောင်း...မြန်မာလူမျိုးကိုအင်မတန်ချစ်ကြောင်း....မြန်မာပြည်ဖွားမို့ မိမိကိုယ်ကို မြန်မာတစ်ယောက်ဖြစ်ရတာဂုဏ်ယူကြောင်း စသဖြင့်အင်တာဗျူးတစ်ခုလောက်ခေါ်ပြီးရွှမ်းရွှမ်းဝေအောင်ပြောလိုက်စမ်းပါ.....ပရိတ်သတ်တွေကလည်း...ဒါမျိုးဆိုလွှတ်ထောက်ခံပြီး...ကိုယ်ဘက်တောင်ပြန်ပါလာဦးမှာပါ...အခုက..မျက်မုန်းကကျိုးနေချိန်မှာ...ဒါကြီးက ထောက်ပြစရာလိုပိုဖြစ်နေတာပေါ့.... ဒါကြောင့်မယ်တစ်ယောက်ဟာအင်မတန်နေတတ်ထိုင်တတ်ပြောတတ်ဆိုတတ်ဖို့လိုပါတယ်....

နောက်ဆုံးအနေနဲ့ကတော့...အခုရထားတဲ့သရဖူဟာတည်မြဲနေတာမဟုတ်ပါဘူး...အနေအထိုင်မတတ်..သောက်ချိုးမပြေရင်..ချက်ချင်းပြန်သိမ်းလို့ရပါတယ်.... အစားအသောက်သောင်းကျန်းရင်တောင် ပြန်သိမ်းလို့ရသေးတာ....ဘယ်လူမှမကြိုက်တဲ့အပြုအမှုမျိုးလုပ်ရင်..ပိုတောင်သိမ်းခွင့်ရှိဦးမှာပါ.....မယ်တစ်ယောက်ရဲ့ imageမထိခိုက်ဖို့လိုပါတယ်.....

.သေချာမှတ်ထားဖိုပြောပါရစေ..မယ်ဆိုတာ....မယ်ဖြစ်သွားလို့လူတွေကအားပေး မေတ္တာထားပေးရမှာမဟုတ်ဘူး.....မယ်တစ်ယောက်က ပြည်သူဆီက ချစ်ခြင်းကို တောင်းခံရယူတတ်ရမှာ.....လူချစ်လူခင်ပေါအောင်နေတတ်ရမှာ....စင်းလုံးချောကိုဖြစ်နေ၇မှာ....လူချစ်အောင်တောင်မနေတတ်ရင်....အဲဒီလောက်မှသောက်သုံးမကျရင် နိုင်ငံကိုယ်စားပြုမယ်လုပ်မနေပါနဲ့တော့....ရှက်ဖို့လည်းကောင်းပါတယ်...အမြင်ကျဉ်းတယ်လို့ဝိုင်းပြောနေကြတဲ့ မျက်စိပိတ်ပရိတ်သတ်ရော ခုလောက်ဆိုမျက်စိပွင့်လောက်ရောပေါ့....

ဒီလောက်ပါပဲ......နေတတ်ထိုင်တတ်ပါစေ.......

လင်းလွန်းညို

Miss Universe Myanmar တရုတ် CCTV ကရုပ်သံပါ..
ခေါင်းစဉ်ကတော့ တရုတ်လို 华裔女子胜出အင်္ဂလိပ်လို ဘာသာပြန်ရင်တော့ Chinese woman to win ဆိုပြီးလုပ်ချ လိုက်လေရဲ့..(ဒီမိုဝေယံ)

ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်က ဗြိတိန်ပါလီမန်အတွင်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၀ ပြည့်နှစ်တုန်းက ရရှိခဲ့တဲ့ EU Sakharov လူ့အခွင့်အရေးဆုကို ဥရောပပါလီမန်မှာ ကိုယ်တိုင်သွားရောက် လက်ခံရယူတော့မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်က ဗြိတိန်ပါလီမန်အတွင်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် ဒေါ်အောင်ဆန်းစုကြည်က ဥရောပနိုင်ငံကိုသွားပြီး အောက်တိုဘာလ ၂၂ ရက်နေ့မှာ အဲဒီဆုကို လက်ခံမှာဖြစ်တယ်လို့ ဥရောပလွှတ်တော်က ထုတ်ဖော်ပြောဆိုထားပါတယ်။

၁၉၉၀ ပြည့်နှစ် ရွှေးကောက်ပွဲတုန်းက NLD ပါတီအနိုင်ရခဲ့တာကို မြန်မာစစ်အစိုးရက အသိအမှတ်မပြုခဲ့ပဲ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံခဲ့ရတဲ့ အတွက် ပေးခဲ့တဲ့ ဆုဖြစ်ပါတယ်။

ဒီလူ့အခွင့်အရေးဆုအတွက် ယူရိုငွေ ၅၀၀၀၀၊ အမေရိကန်ဒေါ်လာ ၆၅၀၀၀ လောက်ရရှိမှာဖြစ်ပြီး အရင်တုန်းက အဲဒီဆုကို တောင်အာဖရိကနိုင်ငံ ခေါင်းဆောင်ဟောင်း နယ်လ်ဆင်မန်ဒဲလားနဲ့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်တို့ ရရှိခဲ့ပါတယ်။

ဒီနှစ် EU Sakharov ဆုအတွက် စကာတင်ရွေးချယ်ခံရသူတွေထဲမှာ အမေရိကန်နိုင်ငံ ထောက်လှမ်းရေးအမှုထမ်းဟောင်း Edward Snowden၊ ပါကစ္စတန်နိုင်ငံက ပညာရေးအခွင့်အရေးဆိုင်ရာ လှုပ်ရှားသူ Malala Yousafzai နဲ့ Belarus နိုင်ငံက ထောင်ဒဏ်ကျခံနေရတဲ့ လှုပ်ရှားသူ သုံးဦးတို့ ပါဝင်ပါတယ်။

ABC Radio Australia

၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ဖျက်ပြီး အသစ်ရေးဆွဲမလား၊ ပြင်မလားလို့ မေးသံကြားလိုက်ရတိုင်း လာမေးတဲ့သူကို ဗိုလ်သိန်းစိန် ကြံ့ဖွံ့ အစိုးရထံ
စိတ်လည်နေသူဖြစ်ချင်ဖြစ်၊ ဒါမှမဟုတ် စစ်အာဏာရှင်စနစ်နဲ့ တိတ်တိတ်ပုန်း ညားနေသူ ဖြစ်ချင်ဖြစ် အဲဒီလို သတ်မှတ်ချင်တယ်။

ပြင်မယ်လို့ ပြောရအောင် လက်ပတ်နာရီ၊ ဆဲဖုန်း၊ ထီးဖိနပ်ပျက်လို ပြင်သလိုအပြင်ဆိုင်ကိုအပ်၊ ပြင်ဆရာချိန်းတဲ့နေ့ သွားယူကာ “ကောင်းသွားပြီ” ဆိုသလိုမျိုး
ထင်နေကြတဲ့သူတချို့  မရှိမဟုတ် ရှိတယ်။ ၂၀၀၈ ကို သူတို့ မဖတ်ဘူး၊၂၀၀၈ ကို မသိဘူး။ ဒါပေမယ့် သူတို့ မကြိုက်တဲ့ ဒီဖွဲ့ စည်းပုံဥပဒေကို
သူတို့ အဖို့ ရာ လူ့ အသုံးအဆောင်ပစ္စည်း အသစ်ချပ်ကျွတ် မ၀ယ်နိုင်တဲ့စိတ်မမှန်းဆနိုင်တဲ့စိတ် အသားကျနေသလိုမျိုးခံစားကာ လုံခြည်စုတ်ကို ဖာထေးဝတ်
ဒန်အိုးပေါက်ကို အိုးဖာတိပ်ကပ် ပြုပြင်ခရီးဆက်သလို ၂၀၀၈ ဖွဲ့ စည်းပုံဟာပြုပြင်ဖာထေးရင် သုံးလို့ ရနိုင်ကောင်းကာင်းပါရဲ့ ဆိုပြီး ဘ၀ပေးအတွေးနဲ့ 
“ပြင်သင့်တယ်”လို့  အရိုးခံပြောနေကြသူတွေဖြစ်တယ်။

ဒီအုပ်စုဝင်တွေအတွက် သိန်းစိန်အစိုးရနဲ့  စစ်တပ်ကို မကြိုက်တဲ့ကိစ္စကအငြင်းပွားစရာ မဟုတ်သလို အားထည့်ပြီး စည်းရုံးစရာ အထွေအထူးမရှိလို့ 
ထင်တယ်။ ဒီအထိုင်ပေါ်ကနေ ဖွဲ့ စည်းပုံကို မကြိုက်ခြင်း ကောက်ချက်ချပြီးပြင်ဆင်ဖို့ ကို ဒေါမာန်ပါပါ ဆန္ဒပြုတဲ့သဘောဖြစ်တယ်ဆိုတာ ယုံကြည်တယ်။
ဖွဲ့ စည်းပုံထဲပါဝင်တဲ့ အခန်း (၁၂) ပြင်ဆင်ခြင်း ဖော်နည်းကားအကြောင်းသူတို့ ကို ကျေကျေလည်လည် ထွင်းဖောက်သိမြင်သွားအောင် ရှင်းပြဖို့ ရာ
အတိုက်အခံနိုင်ငံရေးသမားတွေ မဖြစ်မနေလုပ်ရမယ့်အလုပ်ဖြစ်တယ်။ဒီနေရာမှာ ခြေဆင်းတွေခင်း ပဏာမတီးလုံးတွေလုပ်မနေဘဲ “ပွိုင့်” နှစ်ခုသာ
တိုတိုတုတ်တုတ် ထောက်ပြဖို့ လိုတယ်။

စစ်တပ်သဘောမတူရင်၊ရွှေမန်း ဥက္ကဌလုပ်နေတဲ့ အာဏာရပါတီ ခေါင်းခါရင် မိမိတို့ ပြည်သူတွေဘယ်လိုဆန္ဒရှိရှိ ဖွဲ့ စည်းပုံကို ပြင်ခွင့်မရှိကြောင်း၊ ဖွဲ့ စည်းပုံပြင်ဖို့ 
နေပြည်တော်လွှတ်တော်ထဲ အတင်းကျုံးသွင်း မောင်းထည့်နေတာဟာလွှတ်တော်တစ်ခုလုံးနီးနီးကို စစ်အုပ်စုက အပိုင်စီး သိမ်းပိုက်ထားကြောင်းကို
မကွေ့ မ၀ိုက်ပြောဖို့ လိုအပ်တယ်။ အခန်း (၁၂)ဟာ စစ်အုပ်စုရဲ့ ပင်မသွေးကြောဖြစ်ကြောင်းကို ရှင်းလင်းစွာသိရှိအောင် ဖော်ထုတ်ပြရမယ်။
ဒီအခါ ပြင်ဆင်ရမယ်လို့ စိတ်ကူးသူများအတွက် သူတို့ မှန်းချချက်ဟာ ရေပေါ်အရုပ်ရေးသလို တကယ်အလုပ်မဖြစ်နိုင်ဘူးဆိုတာ သိမယ်။

ကြံ့ဖွံ့ ပါတီဝင် အရပ်ဝတ်စစ်ထွက်တွေနဲ့  လက်ရှိစစ်ခေါင်းဆောင်တွေက၂၀၀၈ ကို ပြင်ဆင်ဖို့ အရေး သိပ်စိတ်ပါလက်ပါရှိလှတယ် မဟုတ်ချေဘူး။
ဖြစ်နိုင်ရင် ကမ္ဘာပျက်သည့်တိုင် အတိမ်းအစောင်းမခံ ဒီအတိုင်းရှိစေချင်တာသူတို့ ရဲ့  မူလစိတ် သန္ဓေရင်းဖြစ်တယ်။ ဒါပေမယ့် နိုင်ငံရေးသဘောအရ
ရောင်းမကောင်းနိုင်တာမို့  ပြင်ဆင်ရေးလေသံကို ဈေးကွက်အခြေအနေအရအစွံထုတ်ရတာဖြစ်ပြီး ဆည်ဝက ဗျိုင်းစောင့်သလို အခန်း (၁၂)နဲ့  စိမ်ပြေနပြေ
ခေါင်ထိပ်မှာပိတ်ပြီး ပြင်ဆင်ရေးမိတ်ဆွေများကို “လာလေလာလေ” ဆိုကာရွှေလက်ယက် တပြပြနဲ့  ကြာပစ်နေတာဖြစ်တယ်။ ဖဲသုံးချပ်လူလိမ်ဝိုင်းကို
ဝင်ထိုင်ကာ ထိုးကြည့်ဖို့ မြှူဆွယ်နေတာမျိုးသာဖြစ်တယ်။

ဒါကြောင့် ဒီမိုကရက်တစ် အတိုက်အခံ စစ်ဝါဒဖြိုချလိုသူဖြစ်ရင်၊ကြံ့ဖွံ့ နဲ့ စစ်တပ် အလိုတော်ရိ ခိုင်းဖတ်ခံ နိုင်ငံရေးသမားမဟုတ်ရင်၊ဗမာပြည် စစ်အာဏာရှင်ဆန့် ကျင်ရေးတိုက်ပွဲအလီလီမှာ ထိခိုက်ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်များအပေါ် သစ္စာစောင့်သိတဲ့သူဆိုရင်ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးစကားကို ပြညသူလူထုကို
ဘာအကြောင်းနဲ့ မှ ညှော်ဆီထည့် အနံ့ ရှူခိုင်းစရာအကြောင်းမရှိလို့ ယူဆတယ်။

အောင်မျိုးထွန်း

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ အပြည်ပြည် ဆိုင်ရာ ပါလီမန်သမဂ္ဂအဖွဲ့ အိုင်ပီယူ ညီလာခံကို တက်ရောက်နေတဲ့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းကို ဘီဘီစီ က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
အခု အိုင်ပီယူ အစည်းအဝေးရဲ့ အဓိက အကြောင်းအရာက နျူကလီးယား ကင်းစင်သော ကမ္ဘာ ဖြစ်ရေး ပါတယ်။

မြန်မာ့ နျူကလီးယား ရည်မှန်းချက်နဲ့ ပတ်သက် ပြီးလည်း ကမ္ဘာမှာ စိုးရိမ်မှုတွေ ရှိကြောင်း ပြောထားတာ ရှိတော့ ပါလီမန် ဘက်က ဒီစိုးရိမ်မှုတွေ ပြေပျောက်အောင် ဥပဒေကြောင်း အရ ဘာတွေ လုပ်နိုင်မှာပါလဲ ဆိုတော့ ဆွေးနွေးတဲ့ ခေါင်းစဉ်နဲ့ မြန်မာ နိုင်ငံက လုပ်ဆောင်ချက်တွေနဲ့ ဆက်စပ်မှု ရှိတဲ့ အကြောင်းနဲ့ ဆွေးနွေး တဲ့ ခေါင်းစဉ်ဖြစ်တဲ့ ဓာတုလက်နက် ဖျက်သိမ်းရေး တွေကို ပါလီမန်တွေက ကြီးကြပ် ဆောင်ရွက်ရေး ခေါင်းစဉ် ကိုလည်း မြန်မာ နိုင်ငံက ပါလီမန် တွေက ထောက်ခံတဲ့အကြောင်း အဆို တင်သွင်း ပြောကြား ခဲ့တယ်လို့ ဦးရွှေမန်းက ဆိုပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ပြင်ဖို့ ခက်အောင် ပြဌာန်း ထားတဲ့ အချက်တွေကို အရင်ပြင်ဆင် ခဲ့ရင် အားလုံး အဆင်ပြေ ချောမွေ့ လာနိုင်ရက်နဲ့ ဘာလို့ မလုပ် နိုင်တာလဲ ဆိုတာကိုတော့ အခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ပြည်ထောင်စု လွှတ်တော် အနေနဲ့ လေ့လာ သုံးသပ်ရေး ကော်မတီ ဖွဲ့စည်းထားပြီး လုပ်ငန်းတွေ စတင် ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ ပြောပါတယ်။

ပြင်ဆင်သင့်တာ ပြင်ဆင်၊ ပြောင်းလဲ သင့်တာကိုပြောင်းလဲပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး တွေကို အောင်မြင်အောင် လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ ဒီလို လုပ်ဖို့ ခက်ခဲလို့ ဖြစ်ပါ့မလား ဆိုရင်တော့ ဖြစ်လာ စေချင်ကြောင်း၊ နိုင်ငံနဲ့ နိုင်ငံသား တွေရဲ့ အကျိုးစီးပွား အတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောပါတယ်။ လက်ရှိ အခြေအနေ နဲ့ တာဝန် ထမ်းဆောင်ရမယ့် လူတွေ အပေါ်မှာ မူတည်ကြောင်း ၊ ဘယ်ဟာ ပြင်မယ် မပြင်ဘူး ဆိုတာကို အဲဒီ ကော်မတီရဲ့ ဆုံးဖြတ် လုပ်ဆောင်ချက်ပေါ်မှာ မူတည်ကြောင်း ပြောပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စများ

ပြည်တွင်း ငြိမ်းချမ်းရေး အတွက် တိုင်းရင်းသား အဖွဲ့တွေဘက်က အစိုးရ၊ လွှတ်တော် နဲ့ တပ်မတော် တို့နဲ့ ဆွေးနွေးနေရလို့ ၃ ဖွဲ့ ၁ဖွဲ့ လို ဖြစ်နေပြီး ခရီးမရောက် နိုင်ဖြစ်နေ တယ်လို့ ပြောဆို မှုတွေ ရှိနေတာ နဲ့ ပတ်သက်လို့တော့ လွှတ်တော်ဟာ တိုင်းရင်းသား နဲ့ အမျိုးသား စည်းလုံး ရေးအတွက် တာဝန် ရှိတယ်လို့ ခံယူပြီး ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက် ရေး တွေမှာ ပူးပေါင်း ဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး သမ္မတ ဦးဆောင် ပြီး ဖွဲ့စည်း ထားတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို လုပ်ငန်း ကော်မတီမှာ လွှတ်တော်အမတ် တွေလည်း ပါကြောင်းနဲ့ လုပ်ငန်း ကော်မတီမှာလည်း ဒုသမ္မတ ၁ က ဦးဆောင်၊ နောက် လွှတ်တော် ကိုယ်စားလှယ် ၊ ပြည်ထောင်စု ဝန်ကြီးနဲ့ တပ်မတော် ကိုယ်စားလှယ်တွေက ဒုဥက္ကဌ တွေ အဖြစ် ငြိမ်းချမ်းရေး ကိစ္စတွေကို ဆောင်ရွက် နေကြတာကြောင့် မူစနစ် အရဆိုရင် လမ်းကြောင်း တခုထဲသာ ရှိလို့ တိုင်းရင်းသား တွေက အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် တနေရာစီ သွား ဆွေးနွေး ဖို့ မလိုဘူးလို့ ပြောပါတယ်။

(ဆက်သွယ်မေးမြန်းချက် ဒုတိယပိုင်းမှာတော့ သူရဦးရွှေမန်းက သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဆက်ဆံရေး၊ ၂၀၁၅ ရွေးကောက်ပွဲ နဲ့ ပတ်သက်တဲ့ ရည်မှန်းချက်တွေကို ပြောကြားခဲ့တာကို ဆက်လက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။)

bbcburmese

ဗိုလ် ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကား ၏အမည်ကို ''အောင် ဆန်း''ဟုပေးရန်အတွက် ဗိုလ်ချုပ် အောင်ဆန်းဖြစ်မြောက်ရေး ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
အ တည်ပြု ဆုံးဖြတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအတည်ပြုဆုံးဖြတ် ချက်အား အောက်တိုဘာ ၆ရက် တွင် နေပြည်တော် ၌ပြုလုပ်ခဲ့ သည့် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပ တ္တိရုပ်ရှင် ဇာတ်ကားဖြစ်မြောက် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဖြစ်ကြသော ဒါရိုက်တာ မင်းထင် ကိုကိုကြီး၊ ဒါရိုက်တာဝိုင်း၊ သရုပ် ဆောင်ဝေဠုကျော်၊ ဒါရိုက်တာ အိအိခိုင်၊ ဒါရိုက်တာကြည်ဖြူ သျှင်တို့နှင့်တွေ့ဆုံဆွေးနွေးပွဲတွင် ဆုံးဖြတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း အ တ္ထုပ္ပတ္တိရုပ်ရှင်ဇာတ် ကားဖြစ် မြောက်ရေး အဖွဲ့မှပြန်ကြားရေး တာဝန်ခံ ကိုဇော်သက်ထွေးက ''ဆွေးနွေးပွဲ မှာတုန်းကတော့ ကျွန် တော်မပါသွားခဲ့ဘူး။ အဲဒီအ စည်းအဝေးပြုလုပ်တာက ဗိုလ် ချုပ်ဇာတ်ကားကို အမည်ပေးဖို့ အတွက်ရယ်၊ ပြီးတော့ ကုမ္ပဏီ ရွေးချယ်ဖို့ အတွက် ရုပ်ရှင်ဇာတ် ကားနဲ့ပတ်သက်တာတွေ ကို ဆွေး နွေးခဲ့ကြတာပါ''ဟု ရှင်းပြသည်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကားရိုက် ကူးရန်အတွက် ယခုအချိန်တွင် မြန်မာဘာသာဖြင့် ဇာတ်ညွှန်းရေး သားခြင်းမှာ ပြီးစီးသွားပြီဖြစ်၍ အင်္ဂလိပ်ဘာသာပြန်ဆိုရန် လုပ် ဆောင်နေ ပြီဖြစ်ကြောင်းနှင့် ယင်း ပြန်ဆိုထားသော ဇာတ်ညွှန်း အား ဒေါ်အောင်ဆန်းစုကြည် မှ အတည် ပြုပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်မှာ လွန်စွာတာဝန် ကြီးမားသော ကိစ္စဖြစ်သည့်အ တွက် ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ညွှန်းရေးသားရာတွင် အ မှားအယွင်းမရှိစေရန် အတွက် ဆရာဦးသော်ကောင်း ဦးဆောင် သောသမိုင်း ပညာရှင်များနှင့် တွေ့ဆုံ၍ဇာတ်ညွှန်းပါအချက် အလက်များမှားယွင်းမှုမရှိစေ ရန်အတွက် တိုက်ဆိုင်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာဘာသာဖြင့် ဗိုလ်ချုပ် အကြောင်းဇာတ်ညွှန်းရေးသား သူများမှာ ဇာတ်ညွှန်းရေးဆရာ များဖြစ်ကြသော ဆရာကြည် စိုးထွန်း၊ ဆရာချစ်ဦးညို၊ ဆရာ မြမြင့်မိုရ်တို့ဖြစ်ကြောင်း သိရ သည်။

Yangon media group

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.