10/15/13

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေး နွေးပွဲ များနှင့် နိုင်ငံရေးအပြောင်း အလဲများ ကိုမလိုလားသည့် တတိ ယအင်အားစုတစ်ခုမှ နိုင်ငံရေး တည်ငြိမ်မှုမရအောင် လှုံ့ဆော်မှု များနှင့် ဖောက်ခွဲဖျက်ဆီးရေးလုပ် ငန်းများ ကို လုပ်ကိုင်နေသည်ဟု ယူဆကြောင်း မြန်မာ့နိုင်ငံရေးလေ့ လာသူများ၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများက ပြော ကြားလိုက်သည်။

KNU/KNLAမှ ဗိုလ်ကြီး စောမိုးဇက်က''ကျွန်တော်တို့အ ဖွဲ့အနေနဲ့ကတော့ ဒီလိုဖောက် ခွဲမှုတွေနဲ့ လုံးဝပတ်သက်မှုမရှိ ဘူးဆိုတာပြောရဲပါတယ်။ ဒီလုပ် ရပ်တွေနဲ့ပတ်သက်ပြီး ကျွန်တော် တို့တိုင်းရင်းသားတွေက လုံးဝရှုတ် ချပါတယ်။ ကျွန်တော် တို့ တိုင်းရင်း သားအဖွဲ့တွေနဲ့ အစိုးရငြိမ်းချမ်း ရေးဆွေးနွေးပွဲ အောင်မြင်တာ တွေ၊ နိုင်ငံရေးအပြောင်းအလဲကို မလိုလားတဲ့ နိုင်ငံရေးကစားလိုတဲ့ တတိယအဖွဲ့တစ်ခုလိုမျိုးက ဒီလို အဖျက်လုပ်ငန်းတွေကို လုပ်နေ တယ်လို့ ထင်ပါ တယ်''ဟု ပြော သည်။

လက်ရှိဖြစ်ပေါ်နေသော ဖောက်ခွဲဖျက်ဆီးရေးဖြစ်စဉ်များ ကို KNU/KNLA မှလည်း လေ့ လာစောင့်ကြည်မှုများပြုလုပ်နေ ပြီး လိုအပ်ပါက အစိုးရနှင့်ပူးပေါင်း ဆောင်ရွက်ဖော်ထုတ်ပေးနိုင်ရန် ကူညီသွားမည်ဖြစ်ကြောင်း ဗိုလ် ကြီးစောမိုးဇက်က ပြောသည်။

၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးဌေးကြွယ်က''အ ခု ကျွန်တော် တို့နိုင်ငံမှာက Hard Liner သမား တွေနဲ့ အစွန်းရောက်တဲ့သူတွေ ရှိနေပါတယ်။ ကျွန်တော်တို့နိုင်ငံ ရဲ့အပြောင်းအလဲဟာ ကောင်းမွန် တဲ့အရွေ့တစ်ခုကို ဦးတည်နေ ပါပြီ။ အခုဖြစ်နေတဲ့အကြမ်းဖက် မှုတွေ ဖောက်ခွဲမှုတွေနဲ့ အပြောင်း အလဲကို မရနိုင်ပါဘူး။ဒီအချိန်မှာကနိုင်ငံရေးစားပွဲဝိုင်းပေါ်မှာ ဆွေးနွေးရမယ့်အချိန်ဖြစ်နေပါ ပြီ''ဟု ပြောသည်။

 မြန်မာ့နိုင်ငံရေးလေ့လာသူ ကိုကျော်လင်းဦးက ''နိုင်ငံရေးက စားလို သူ အုပ်စုတစ်စုကြောင့်လို့ ပြောလို့ရသလို ပြည်ပအကြမ်း ဖက်အဖွဲ့အစည်းတွေကလဲ ဒီလို လုပ်ရပ်တွေလုပ်နိုင်ပါတယ်။ ကျွန် တော်တို့နိုင်ငံမှာ အရင်ကလဲ ဖောက်ခွဲမှုတွေဖြစ်ခဲ့တိုင်း အစိုးရ အနေနဲ့ တရားခံကို ဖော်ထုတ်နိုင် မှုအားနည်းခဲ့ ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေက အရေးကြီးတဲ့အချိန်မျိုး ရောက် နေတဲ့အချိန်မှာ အခုလိုဖြစ်ရပ် တွေကိုအစိုးရအနေနဲ့ ဂရုတစိုက် ဖြေရှင်းဖို့ လိုပါတယ်''ဟု ပြော သည်။

ထို့အပြင် အစိုးရအနေဖြင့် ပြည်တွင်းအင်အားစုများအပြင် ပြည်ပအင်အားစုများနှင့် အကြမ်း ဖက်အဖွဲ့အစည်းများကိုပါ အထူး အာရုံစိုက် လေ့လာစောင့်ကြည့် သွားရန်လိုကြောင်း နိုင်ငံရေးလေ့ လာသုံးသပ်သူများက ပြောဆိုနေ ကြသည်။

ငယ်ထွေး (ကလေး)
Yangon media group

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင်များဖြစ်သော နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စု တရားသူကြီး ချုပ်တို့ တက်ရောက်လက်မှတ်ရေးထိုးရမည်ဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က တောင်းဆိုချက်ထုတ်ပြန်လိုက်ကြောင်း UNFC ဒုတိယဥက္ကဋ္ဌ ဦးစောဒေးဗစ်သာကပေါ ကပြောကြားသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအတွက် UNFC သဘောထားများကို အောက်တိုဘာ ဒုတိယအပတ် အတွင်း ပြုလုပ်ခဲ့သော UNFC ကောင်စီအစည်းအဝေးဆုံးဖြတ်ချက်အရ အဆိုပါထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။

နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင် ငါးဦးမှ တစ်ဦးဦးပျက်ကွက်ပါက နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ ရေး သဘောတူညီချက် အောင်မြင်မည်မဟုတ်ကြောင်း ဦးစောဒေးဗစ်သာကပေါက ရှင်းပြသည်။

အဆိုပါနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်အပါ အဝင် ပြည်သူလူထုထောက်ခံမှုရရှိထားသော နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ အသိသက်သေအဖြစ် လက်မှတ်ထိုးရမည်ဖြစ်ကြောင်း UNFC ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှုရချင်ရင်တော့ နိုင်ငံတော်အဆင့်မှာ အာမခံချက်ပေးနိုင်တဲ့သူတွေ တက်ရောက်ဖို့ လိုတယ်” UNFC ဒုတိယဥက္ကဋ္ဌဦးစောဒေးဗစ်သာပေါ ကပြောကြားသည်။

သက်သေများအဖြစ် UNA ဥက္ကဋ္ဌ၊ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ နိုင်ငံတကာခေါင်းဆောင်များ၊ UNFC ဥက္ကဋ္ဌ၊ UNFC အဖွဲ့ဝင်မဟုတ်သော လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ တက်ရောက်ရမည်ဟု ထုတ်ပြန်ချက်တွင်ပါရှိကြောင်း UNA (တိုင်းရင်းသား မဟာမိတ်ပါတီများ) နာယက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

“ အဓိကက ဒီလက်မှတ်ထိုးပွဲမှာ ဖက်ဒရယ်စနစ်ကို ထည့်သွင်းဆွေးနွေးသွားလိမ့်မယ်” ဟု၎င်းကဆိုသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲကို အောက်တိုဘာလကုန်ပိုင်းတွင် ပြုလုပ်သွား မည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ကြေညာထားသော်လည်း KIO/KIA အဖွဲ့နှင့် ပလောင်လွတ်မြောက်ရေးတပ်ဖွဲ့ TNLA/PSLF တို့နှင့် အပစ်အခတ်ရပ်စဲနိုင်ရန် ကျန်ရှိနေသေးသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲတွင် မှတ်ပုံတင်ထားပြီးသော နိုင်ငံရေးပါတီများ အားလုံး အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးရန် ဖိတ်ကြားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက စက်တင်ဘာလ တတိယအပတ်တွင် ပြောကြား ထားသည်။

Yangon chronicle

(၁၄.၁၀.၂၀၁၃)နေ့ည သန်းခေါင်ယံ အချိန်တွင် Traders hotel ကုန်သည်ကြီးများ ဟိုတယ် ပေါက်ကွဲမှုတွင် သံသယရှိသူ စောမြင့်လွင်၊(၂၆)နှစ်၊(ဘ)ဦးကိုညွန့် ၊နိုင်ငံသား စီစစ်ရေး ကဒ်ပြား အမှတ်-၃/ဖမန(နိုင်)၀၂၂၅၇၆ သူမွဲထကျေးရွာ၊ ဖာပွန်မြို့နယ် နေသူအား (၁၅.၁၀.၂၀၁၃)နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ဘီးလင်း မြို့နယ်၊ ဘီးလင်း - နတ်ကြီး ကားလမ်းပေါ်၌ ဆိုင်ကယ်စီးလာစဉ် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ အထူး ဖမ်းဆီးရေးအဖွဲ့ မှ ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိပါတယ်။

အခင်းဖြစ်စဉ်မှာ ရရှိတဲ့ တရားခံရဲ့ အချက်အလက်တွေရရှိရှိခြင်း သထုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်သန်းက သထုံခရိုင် (၄) မြို့နယ်လုံးကို ပေးပို့ပြီး၊ အဓိကနေရာတွေမှာ ပိတ်ဆို့ရှာဖွေခဲ့ပါတယ်။ အဓိကသွားလာမှု လမ်းကြောင်းဖြစ်တဲ့ ဘီးလင်းမြို့နယ် နဲ့ တည်းခိုနိုင်မယ့် အိမ်တွေကိုရှာဖွေတဲ့အခါမှာ တရားခံပုံပန်းသဏ္ဍာန် မသင်္ကာဖွယ်ရာလူတစ်ဦး နတ်ကြီးလမ်းပေါ်မှာ တွေ့ရှိကြောင်းသတင်းရရှိတဲ့ အတွက် ဘီးလင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်း ဒုရဲအုပ်ကျော်မြတ်သူ နဲ့ အဖွဲ့က လိုက်လံဖမ်းဆီးနိုင်ခဲ့ကြောင်းကို သထုံခရိုင် ရဲတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

အဆိုပါ ဗုံးဖောက်ခွဲမှု သံသယဖြစ်ခံရသူအား အလုံမြို့ နယ် western park II စားသောက်ဆိုင်မှာ ဗုံးတွေ့  မှု ဖြစ်စဉ်ကတည်းက စတင်ခြေရာခံ မိခဲ့ပြီး၊၄င်းစီးနင်းလာတဲ့ Taxi ပေါ် မှတ်ပုံတင် ကျန်ခဲ့ရာမှ သူ့ရဲ့ နေရပ်လိပ်စာကို အတည်ပြုနိုင်ခဲ့ပြီး။ ကုန်သည်ကြီးများ ဟိုတယ် CCTV မှတ်တမ်းအရ လူပုံကိုပါ ဖမ်းနိုင်ခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ တရားခံကိုတော့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က အထူးဖမ်းဆီးရေး ရဲမှူးသိန်းလွင် ဦး စီးတဲ့အဖွဲ့အား သထုံခရိုင်ရဲတပ်ဖွဲ့နှင့် ဘီးလင်းရဲစခန်း တာဝန်ရှိသူများက ဒီနေ့ မနက်မှာဘဲ လွဲပြောင်း ပေးအပ် လိုက်ပြီလို့သိရပါတယ်။\

သတင်း..သထုံခရိုင်ရဲတပ်ဖွဲ့

(ကာတွန်း အောင်မော်)
(THE LADIES Weekly News Journal Vol 1. N0.84 Oct 13, 2013)
အခုတလော အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လှုပ်လှုပ်ရှားရှား သတင်းတွေ ကြားရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီဆယ်ပါတီတို့ဟာ အခြေခံဥပဒေကိုအသစ်ရေးမလား၊ ပြင်မလားဆိုတာ ဆွေးနွေးရာမှာ တစ်ညီတစ်ညွတ် သဘောတူညီချက်မရတဲ့အတွက် ပြည်သူ့ဆန္ဒသဘောထားကောက်ယူဖို့ စီစဉ်မယ်လို့ ဆိုပါ တယ်။ ပြည်ထောင်စုတိုင်းရင်းသားများမဟာမိတ်အဖွဲ့ (ယူအင်အေ)ကတော့ ဒီဥပဒေဟာ ပြင်ရခက်အောင် (စပယ်ရှယ်) ရေးထားတဲ့ဥပဒေလို့ ပညာရှင်တချို့ကဆိုတဲ့အတွက် အသစ်ရေးတာက ပိုရှင်းတယ်လို့ ယူဆပါသတဲ့။ အချို့ ဥပဒေပညာရှင်များကလည်း ဒီအခြေခံဥပဒေက ရှေ့နောက်မညီတာတွေ၊ ဒီမိုကရေစီစံနှုန်းနဲ့ မညီတာတွေ များပြီး ပြင်ဖို့မလွယ်လို့အခြေခံဥပဒေကို အသစ်ရေးဆွဲ သင့်ကြောင်း ပြောဆို သံ လည်း ကြားရပါတယ်။ ဒါကတော့ ဆရာတို့ရယ် ရှေ့နောက် ညီ တယ်၊ ဒီမိုကရေစီစံကိုက်တယ်ဆိုတာမျိုးတွေက ဘယ်ဥပဒေပညာရှင်မဆို လုပ်တတ်တာပဲဟာ။ ဒီလိုမျိုးကတော့ ပါရမီရှိသူများမှဆွဲနိုင်တာ လေ။ (အိုးရွဲ့ကို ဖုံးဖို့ စလောင်းရွဲ့ဆိုတာမျိုးက အော်ဒါမှာသလို တမင်လုပ်မှဖြစ်နိုင်တာမျိုး ဖြစ်ချင်ဖြစ်နေမှာကိုး)။

ပြည်ခိုင်ဖြိုးပါတီကလည်း ၂၀၁၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ဆွဲခဲ့သမျှ အခြေခံဥပဒေတွေ
ကို လေ့လာနေကြတယ်လို့ ဆိုပါတယ်။ ပြီးတော့ လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ အခြေခံဥပဒေလေ့လာ
သုံးသပ်ရေးကော်မတီမှာဆို ပြည်ခိုင်ဖြိုးဥက္ကဋ္ဌကြီးကိုယ်တိုင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်
၁၀၉ဦးမှာ ပြည်ခိုင်ဖြိုးက ၅၂ဦးအထိ ပါဝင်ပြီး တက်တက်ကြွကြွ ဆောင်ရွက်နေတာပါပဲ။ ဒါပေမဲ့
အခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့ မီဒီယာအင်တာဗျူးတစ်ခုမှာတော့ ပြည်ခိုင်ဖြိုး
ဒုဥက္ကဋ္ဌကြီးက နိုင်ငံခေါင်းဆောင် ရွေးချယ်ရေးမှာ အများသဘောကျသူကို ရွေးချယ်မယ်ဆိုရင်
အများသဘောကျတယ်ဆိုတာက အများကြီးရှိမှာဖြစ်ကြောင်း၊ (ဟုတ်ကဲ့၊ အများသဘောကျတဲ့ သူက
တော့ သဘောကျသူတွေ အများကြီး၊ အများသဘောမကျတဲ့သူကလည်း သဘောမကျသူတွေ အများ
ကြီးဆိုတာကတော့ သေချာ နေတာပါပဲ)။ ပြီးတော့ လူတွေက ]ကိုယ့်ရဲ့ အချုပ်အခြာအာဏာကို တခြား
နိုင်ငံတွေက လွှမ်းမိုးနိုင်တယ်၊ ထိခိုက်နိုင်တယ် ဆိုတာကိုတော့ များသောအားဖြင့် မစဉ်းစားကြပါကြောင်း}
စသည်ဖြင့် ပြောသွားတာ ကြားရပြန်ပါတယ်။ ဟုတ်ပါ့ဗျာ။ ကျွန်တော်တို့တတွေဟာ နောင်ဖြစ်မယ့် နိုင်ငံ
ခေါင်းဆောင်၊ နောင်ဖြစ်မယ့် အာဏာရပါတီဟာ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာ၊ ကျွန်တော်တို့ရဲ့
ရေမြေကို တခြားနိုင်ငံက လာထိပါးပြီး စီးပွားရှာခေါင်းပုံဖြတ်မှာကို ခွင့်ပြုမယ့် လူမျိုး၊ အဖွဲ့မျိုး ... ။ ဆို
ပါစို့၊ ကျွန်တော်တို့ ရေမြေကို လာထိပါးလို့ တစ်တိုင်းတစ်ပြည်လုံး မခံမရပ်နိုင်ဝိုင်းပြောတော့မှ ရပ်သွားတဲ့
မြစ်ဆုံ စီမံကိန်းလိုဟာမျိုးကို ပြန်စဖို့ ခွင့်ပြုမယ့် အစိုးရမျိုး မရွေးဖြစ်ဖို့တော့ လိုတာကိုးခင်ဗျ။ ဒါကတော့
တကယ်ကြီးကို ထောက်ခံရမယ့် အချက်ဖြစ်ကြောင်းပါဗျာ။

တစညပါတီလို့ လူသိများတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက အခြေခံဥပဒေကို အသစ်ရေးဖို့
သဘောမတူကြောင်း ပြင်ဆင်ဖို့လိုအပ်တာတွေကိုတော့ စိစစ်တင်ပြမယ့်အကြောင်း ပြောသံကြားလိုက်ပါ
တယ်။ ဒါပေမဲ့ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဟန်ရွှေက သမ္မတဖြစ်နိုင်ခွင့် အရည်အချင်း
နှင့်ပတ်သက်တဲ့အချက်ကို မပြင်လိုကြောင်း၊ မိသားစုထဲမှာ နိုင်ငံခြားသားမပါဝင်ရဆိုတဲ့ အချက်ကို မပြင်
လိုတာက နိုင်ငံခြား ပယောဂကင်းရှင်းစေချင်သည့်ဆန္ဒဖြစ်ပြီး မည်သူ့ကိုမှ ပုဂ္ဂိုလ်ရေးမရည်ရွယ်ကြောင်း
ပြောသွားသံလည်း ကြားလိုက်ပါတယ်။ အမှန်ဆို ဒီပါတီဟာဆိုရင် လွှတ်တော်ကိုယ်စားလှယ်နေရာ ၆၄
နေရာနဲ့ လွှတ်တော်ထဲမှာ ဒုတိယလိုက်တဲ့ ပါတီဖြစ်ပေမယ့် လွှတ်တော်တွင်းမှာ အဆိုတင်သွင်းခြင်း၊ ကန့်
ကွက်ခြင်းတွေ သိပ်လုပ်လေ့မရှိပါဘူး။ ဒါကြောင့် လူတွေရဲ့ စိတ်ဝင်စားမှု နယ်အပြင်ကိုရောက်နေပြီး အဲဒီ
ပါတီအကြောင်း အခုတလော သိပ်ပြောဖြစ်ကြဘူး။ အခုပြောသံကြားမှပဲ ပြန်သတိတရရှိမိတော့ ၁၉၉၀ ခု
နှစ် ရွေးကောက်ပွဲတုန်းကလည်း လွှတ်တော်နေရာ ဒုတိယအများဆုံးရခဲ့ဖူးတဲ့ပါတီဖြစ်ပြီး အဲဒီတုန်းက
ရွေးကောက်ပွဲနိုင်သူများအတွက် လွှတ်တော်ခေါ်မပေးတဲ့အခါ ဘာမှ မပြောရှာပဲ ပိပိပြားပြား ငြိမ်ငြိမ်သက်
သက်နဲ့အလိုက်သင့်ကလေး နေခဲ့တဲ့ပါတီဖြစ်ပါတယ်။ ဒါကြောင့် အခု ၂၀၁၀ ရွေးကောက်ပွဲမှာလည်း
အနိုင်ရမယ်လို့ ယုံကြည်ကြောင်းပြောပြီးပြိုင်ခဲ့ပေမယ့် စည်သူလွင်ရဲ့ ]ဒုတိယလူ}သီချင်းကိုပဲ ထပ်ဆိုရ
ပြန်တယ်လေ။ ဒါပေမဲ့ ဒီပါတီကြီးမှာ ပါတီဝင်ပေါင်းက၇သိန်းတောင်ရှိပြီး စီးပွားရေးလုပ်မှာမဟုတ်ပဲ ပါတီ
ဝင်တစ်ယောက်ကို တစ်နှစ်ကို၁၀၀ကောက်တဲ့ငွေနဲ့ ပြည်တွင်းကသဒ္ဒါ ကြည်ဖြူလှူဒါန်းသူတွေနဲ့ ရပ်တည်
မယ်ဆိုတာမျိုးလည်း ကြားဖူးလိုက်ရဲ့။ (ဆင်ပိန် ခြင်္သေ့လောက်ဆိုလား မြန်မာစကားပုံ ကြားဖူးတယ်လေ)။

အခုလည်း ဒီပါတီရဲ့ ရပ်တည်ချက်ကို နားထောင်လိုက်တဲ့အခါ တိုင်းပြည်ကိုချစ်ရာမှာ အရင်က
လိုမျိုးနဲ့တပြားမှ မပြောင်းလဲစတမ်း ပုံစံနဲ့ပဲ ဆက်ပြီးအချစ်ကြီးချစ်နေပုံကို မြင်ကြရမှာပါ။ အခြေခံဥပဒေ
အကြောင်းပြောရာမှာတောင် သူ့ရဲ့ရေသောက်မြစ်ကြီးဖြစ်တဲ့ အမျိုးသား ညီလာခံကြီးကတည်းက ပါဝင်
ခဲ့ပုံကို ဂုဏ်ယူပြောသွားခဲ့ပြီး အခုဆိုရင် ဒီအကြောင်းမျိုးကို ပြည်ခိုင်ဖြိုးကလူကြီးမင်းများကတောင် သိပ်
သတိတရ ဂုဏ်ယူမပြောကြတော့တာကို သတိထားမိပါတယ်။ ဒီနေ့မှာ အခြေခံဥပဒေကြီးကို ဘယ်လို
ရည်ရွယ်ချက်ကြီးတွေနဲ့ ဘယ်လိုကြီးများတောင်လုပ် ထားလို့ ဒီနေ့မပြင်နိုင်တော့သလို ပြောဆိုနေသူကြီး
များကို အခြေခံဥပဒေကြီးက အလွန့်အလွန် အရေးကြီးလှတာမှန်ပေမယ့် (ဒါတောင် ဦးဌေးဦးက သတင်း
စာဆရာရဲ့ မေးခွန်းကိုဖြေရာမှာ အင်္ဂလန်နိုင်ငံကြီးတောင် အခြေခံဥပဒေမရှိတာ ထည့်ပြောသွားပါသေး
တယ်)။ အဲဒါ ထက် ပိုအရေးကြီးလှတာက ]ဥပဒေအခြေခံ}ဆိုတာကို ပြောချင်ပါတယ်။

အဲဒါကဘာလဲဆိုတော့ (All citizens, including the lawmakers, are under an obligation
to obey the law) ဥပဒေဆိုတာ ဥပဒေပြုသူအပါအ၀င် ပြည်သူအားလုံး လိုက်နာဖို့တာဝန်ရှိတယ်ဆိုတာ
ပါပဲ။ တစညရဲ့ မူလဘူတဖြစ်တဲ့ (တစညကလည်း ဒီနေ့အထိ မဖုံးမကွယ်ဂုဏ်ယူဆဲဖြစ်တဲ့) မဆလပါတီ
အစိုးရကြီးဟာ ၁၉၇၄ အခြေခံဥပဒေကြီးကိုရေးဆွဲပြီး မဲပေးခွင့်ရှိသူ ပြည်သူအားလုံးရဲ့ ၉၄.၅ ရာခိုင်နှုန်း
ကြီးများတောင်ရဲ့ (အဟမ်း) တခဲနက်ဆန္ဒမဲနဲ့ (အမှန်တော့ ဆန္ဒမဲဆိုတာထက် ဆန္ဒဖြူဆို ပိုမှန်မလားပဲ။
ဘာကြောင့်ဆိုတော့ ဒီဥပဒေကို ကန့်ကွက်သူကအမဲထည့်၊ ထောက်ခံသူကအဖြူထည့်ဆိုရာမှာ မဲလည်းဖြူ၊
ဖြူလည်းဖြူနဲ့ မဲတယ်ဆိုတာမပါသလောက်ဖြစ်ခဲ့တဲ့ သမိုင်းမျိုးကို ခပ်တည်တည်ကြီးရေးခဲ့တာကိုး) အတည်
ပြုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအခြေခံဥပဒေပုဒ်မ၈၀မှာ လွှတ်တော်နှစ်ရပ်အကြား ဥပဒေကဲ့သို့ အာဏာတည်
သောအမိန့် ထုတ်ပြန်ရာမှာ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌက လက်မှတ်ရေးထိုးထုတ်ပြန်ရမယ်ဆိုတာကို ပြဋ္ဌာန်း
ထားပါ တယ်။ ဒါပေမဲ့ ဥပဒေအတည်ပြုပြီး ၁၃နှစ်ကျော်အကြာ ၁၉၈၇ ခု စက်တင်ဘာလ ၅ရက်နေ့မှာ ၇၅
ကျပ်တန်၊ ၃၅ကျပ်တန်၊ ၂၅ကျပ်တန် ငွေစက္ကူများကို တရားမ၀င်ကြေငြာတဲ့အမိန့်ကို နိုင်ငံတော်ကောင်စီ
ဥက္ကဋ္ဌအစား အတွင်းရေးမှူးဦးစိန်လွင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။ တကယ်တော့ အဲဒီဥပဒေ
ကဲ့သို့ အာဏာတည်သောအမိန့်ဆိုတာကြီးဟာ အခြေခံဥပဒေ ပြဋ္ဌာန်းချက်နဲ့မကိုက်ညီတဲ့အတွက် စတင်
ထုတ်ပြန် ကတည်းက တရားမ၀င်ပါဘူး။ ဒါ့အပြင် ကျွန်တော်မှတ်မိတာမမှားဘူးဆိုရင် အဲဒီဥပဒေကဲ့သို့
အာဏာတည်တဲ့အမိန့်ကို အနီးဆုံး ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တင်ပြအတည်ပြုချက်ရယူရမယ်
ဆိုတာကိုလည်း အတည်ပြုချက်မယူခဲ့ဘူးလို့ မှတ်မိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအမိန့်ဟာ စတင်ထုတ်ပြန်က
တည်းက ဘောင်မ၀င်တဲ့အမိန့်တစ်ရပ်ဖြစ်ပြီး အဲဒီအမိန့်အရ အစိုးရက ပြည်သူ့ဆီကငွေတွေကို မတရား
သဖြင့် ဓားပြတိုက်ယူလိုက်တာပါပဲ။ ဒီနေရာမှာ ရယ်စရာလည်းကောင်း၊ သနားစရာလည်းကောင်းတဲ့ သမိုင်း
ရဲ့သရော်ကွက်တစ်ခုကတော့ အဲဒီနေ့က အိမ်မှာရှိသမျှငွေ ဓားပြတိုက်ခံရတဲ့လူတွေထဲမှာ မြန်မာ့အသံက
အဲဒီအမိန့်ကို ကြေငြာတဲ့ဝန်ထမ်း၊ ဒီအမိန့်ထုတ်ပြန်ပါမယ်လို့ စတင်ပြီး အစီအစဉ်ကိုကြေငြာတဲ့ အစီအစဉ်
မှူးနဲ့အတူ ဒီအမိန့်ကို လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ နိုင်ငံတော်ကောင်စီအတွင်းရေးမှူးကိုယ်တိုင် ပါနေ
တာပါပဲ။ ဒီလို မတရားသဖြင့် ဥပဒေမဲ့ခံကြရရာမှာ အဲဒီအမိန့်ကို လက်မှတ်ထိုးတဲ့သူတောင်ပါတယ်ဆိုတာ
ဘယ်လောက် အံ့သြစရာ၊ သနားစရာ၊ ရယ်စရာကောင်းလဲ စဉ်းစားလည်း ကြည့်ပါဦးဗျာ။ (ဒါတင်ဘယ်က
မလဲ၊ သူလက်မှတ်ထိုးမှ တရားဝင်ပါမယ်ဆိုတဲ့ နိုင်ငံတော် ကောင်စီ ဥက္ကဋ္ဌ ကိုယ်တိုင်လည်း ကြိုမသိရရှာပဲ
ဓားပြတိုက်ခံရပါတယ်)။ ဒါပေမဲ့ ဒီလိုမျိုး ဥပဒေက ဘယ်လိုပြဋ္ဌာန်းခဲ့ပေမယ့် ဥပဒေကိုမလိုက်နာတဲ့အခါ
ပြည်သူကဘာမှမတတ်နိုင်ပဲ အကာအကွယ်မဲ့သွားခဲ့တယ်။ ဒီတရားမ၀င်အမိန့်ကိုပြင်ဖို့လည်း အခွင့်အရေး
ဘယ်တော့မှမရတော့ပဲဖြစ်ခဲ့ပါတယ်။

ဒီတော့ ဥပဒေကို ပြဋ္ဌာန်းထားတဲ့အစိုးရလည်း လိုက်နာရမှာပဲဆိုတဲ့ ဥပဒေအခြေခံလေးကိုမှ
မလိုက်နာပဲ အခြေခံဥပဒေဆိုတာကြီးက ရွှေပုရပိုဒ်နဲ့ ရေးထားတော့ရော၊ ဘာလုပ်ရမှာမို့လဲ။ ဒီတော့
အခြေခံဥပဒေဆိုတာကြီးမှာ ဘယ်လိုကြီးကြီးကျယ်ကျယ် အချက်တွေပါနေလို့ ပြင်ဖို့မသင့်ကြောင်းပြော
နေသူများရဲ့ သမိုင်းမှာ ဥပဒေအခြေခံကို မလိုက်နာသူများနဲ့ ရောယှက်ပတ်သက်ခဲ့ပြီး အဲဒီအလေ့အကျင့်
ကြီးက အခုအထိပါနေသေးတာကို မြင်နေရသေးတယ်ဆိုရင် လူထုက အဲဒီအခြေခံဥပဒေဆိုတာကြီးကို
ဘယ်လိုတန်ဖိုးထား လေးစားနိုင်ပါ့မလဲ။ ဥပဒေဆိုတာဟာ ပြဋ္ဌာန်းပြီးရင် ပြဋ္ဌာန်းသူအပါအ၀င် အားလုံး
လိုက်နာရတယ်ဆိုတာကို ကိုးနှစ်သားနဲ့ဘုရင်ဖြစ်ပေမယ့် ကိုယ်ထုတ်တဲ့ဥပဒေကို ကိုယ်လိုက်နာရကြောင်း
ကိုယ့်လက်ညှိုးကိုယ်ဖြတ်ပြီး သက်သေပြခဲ့တဲ့ ရခိုင်ဘုရင်မင်းထီးလို ရှေးအစဉ်အလာလည်း ရှိခဲ့ပြီးသား
မဟုတ်လား။

တခြား ဥပဒေများကို အသာထား၊ အခြေခံဥပဒေ ပုဒ်မ ၃၉၆(ခ)မှာ အတိအလင်းပြဋ္ဌာန်းထား
တဲ့(Right of Recall) လို့ ဆို တဲ့ "မဲဆန္ဒရှင် အနည်းဆုံး၁ရာခိုင်နှုန်းက တာဝန်မှ ပြန်လည်ရုတ်သိမ်းလို
သော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်း ချက်ကို ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်ထံ တင်ပြရမည်"ဆိုတာကို 'ပါတီစုံထူထောင်ရေးမှာ အခက်အခဲတွေ့မှာစိုးလို့ ခဏထား ဦးစို့'
ဆိုတာမျိုးက မသင့်တော်လှပါဘူး။ (တကယ်တော့ ၁ရာခိုင်နှုန်းကတိုင်ရုံနဲ့ အင့်ကနဲ ပြုတ်ချသွားမှာတော့
မဟုတ်ဘူးခင်ဗျ၊ ကိုယ်စားလှယ် ရုပ်သိမ်းခြင်း ဥပဒေကြမ်းမှာ ဖော်ပြထားတာကို ဖတ်မိတာတော့
ကော်မရှင်က အဖွဲ့ဖွဲ့ပြီးစစ်ရဦးမယ်၊ စစ်ပြီးဟုတ်မှန်ကြောင်း တွေ့တော့မှ ရွေးကောက်ပွဲပြန်လုပ်ပေးပြီး
ထက်ဝက်ကျော်က ရုတ်သိမ်းဖို့ထောက်ခံမှသာ ပြုတ်မှာပါဆိုတော့ အဆင့်တွေအများကြီးကျန်နေပါ
သေးတယ်)။ ဒါကို ]ခဏထား}နေသေးခြင်းဖြင့် အခြေခံဥပဒေကြီးနဲ့ သွေဖီနေတာ၊ ပြီးတော့ ပိုင်ဆိုင်မှု
ကြေငြာခြင်းနဲ့ ပတ်သက်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ၁၀၀၊၁၀၁တို့ကို မလိုက်နာလို့
လွှတ်တော်ကိုယ်စားလှယ်အချင်းချင်းကပင် ထောက်ပြဝေဖန်နေတာများ ကြားရနားဝမသက်သာလှပါဘူး။

ဥပဒေကိုပြဋ္ဌာန်းပြီးရင် ပြဋ္ဌာန်းသူအပါအ၀င် အားလုံးလိုက်နာရမယ်ဆိုတဲ့ ဥပဒေအခြေခံ
လောက်မှ မလေးစားပဲနဲ့ အခြေခံဥပဒေ အကြောင်း ကြီးကြီးကျယ်ကျယ်ပြောနေကြတာဟာ အပေါ်က
တော့ တိုက်ပုံနဲ့ ပိုးခေါင်းပေါင်းနဲ့ အောက်ကတော့ ပုဆိုးဟောင်းလောင်းဆိုတာမျိုး ရှက်စရာဖြစ်နေ
ပါကြောင်း အားနာနာနဲ့ပဲ ပြောလိုက်ပါရစေ ခင်ဗျား။ ။

ရီနေနိုင်


အောက်တိုဘာလ ၁၅ ရက်နေ့နံနက်က ကျင်းပပြုလုပ်သော ပထမအကြိမ် ပြည်သူ့လွှတ်တော် အဌမပုံမှန် အစည်းအဝေး ဒဿမနေ့ကိုတက်ရောက်လာစဉ် လတ်တလော ပြည်တွင်း တွင် ဖြစ်ပေါ်လျက်ရှိသော ဗုံးကိစ္စနှင့် ပတ်သက် ၍ မီဒီယာများမေးမြန်းမှုကို  တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး
ကော်မတီဥည်က္ကဌ ဒေါ်အောင်ဆန်းစုကြည်ကဖြေကြားရာတွင်ဒါကတော့အုပ်ချုပ်ရေးပိုင်းနှင့်ဆိုင်တဲ့ကိစ္စဘဲ
အမေတို့ကလိုက်ဖမ်းနိုင်တဲ့သူတွေမှ မဟုတ်တာ လုံခြုံရေးအစီအစဉ်အားနည်းတယ်လို့ပြောရအောင်လည်း ဘယ်တွေမှာဗုံးတွေချတယ်ဆိုတာလည်းရှိသေးတယ်ပေါ့နော်။အရေးကြီးတာက ဘယ်သူတွေ လုပ်လဲဆိုတာမြန်မြန်ဖေါ်ထုတ်ဖို့ပါဘဲ။ ပြည်သူတွေကဆိုးရိမ်တော့ဆိုးရိမ်တာပေါ့
ဗုံးတွေဘာတွေဖြစ်တယ်ဆိုတော့အမေကတော့ဒါပေမယ့် အမေကတော့ ယုံကြည်တယ် အမေတို့ ပြည်သူတွေကခေါင်းအေးအေးနဲ့ စဉ်းစားတတ်မှာပါ။

ဒါတွေကတ မင်ပေါ့နော်လုပ်လုပ်ရှားရှားဖြစ်အောင်လို့စွတာဆိုတော့အဲ့ထောင်ချောက်ထဲ ၀င်မသွားဖို့ လိုတယ်။ တမင်စိတ်လှုပ်ရှားအောင် လန့်အောင်ဖြန့်အောင်တမင်လုပ်တာဆိုတော့ ဒီထောင်ချောက်ထဲ ၀င်မသွားဖို့ လိုတယ်။ပြည်သူတွေက ခေါင်းအေးအေးနဲ့ စဉ်းစားတက်ဖို့လိုတယ်။ဒါကို သတိတော့ ထားရမှာပေါ့။

စိုးရိမ်မှု လွန်ကဲနေလို့တော့ ဘယ် ဖြစ်မလဲ ။လူများတဲ့ နေရာသွားရင် အန္တရယ် ဖြစ်မလားဆိုတာ စိုးရိမ်လာရတာပေါ့။

သတိရှိတာတော့ မမှားပါဘူး။ဒါပေမယ့်အစိုးရိမ်လွန်နေလို့တော့လည်းမကောင်းဘူးဘာဘဲပြောပြော မဇ္စိမပရိပရာပေါ့ ဥပဒေပြုပြင်ပြောင်းလည်းရေးနှင့်ပတ်သပ်ပြီးမေးမြန်းရာ အဲ့တာလည်းဖြစ်နိုင်တယ်
ပြောလို့တော့မရဘူးပေါ့နော် ..

ဒါကအုပ်ချုပ်ရေးပိုင်းဆိုင်ရာကဘယ်သူတွေဟာလုပ်တာလည်းဆိုတာ ဖေါ်ထုတ်ပေးမှဖြစ်မှာပေါ့၊ မှန်းခြေနဲ့သိပ်စဉ်းစားနေရင်တခါတလေမဖြစ်သင့်တာတွေဖြစ်သွားလိမ့်မယ် တင်းမာမှုတွေဖြစ်သွားနိုင်မယ် စသည်ဖြင့်ဖြေကြားခဲ့သည်။

သတင်းနှင့်ဓါတ်ပုံ-National League for Democracy

မနူဟာဥပဒေ

ကျွန်တော်ထံသို့ မီဒီယာသတင်းသမားများ၊ သတင်းထောက်များ မြောက်များစွာ လာရောက်၍ တွေ့ဆုံမေးမြန်းမှုများ မကြာခဏ လုပ်လေ့ရှိသည်။ ကျွန်တော်သည် သူတို့မေးမြန်းမှုများ၊ သိလိုမှုများအား ကျွန်တော်ရင်ထဲရှိသမျှ၊ ခံစားမိသမျှ၊ ပြည်သူလူထုနှင့် ထပ်တူထပ်မျှ ထုတ်ဖော်ပြောကြားလေ့ရှိသည်။ ၁၃.၁ဝ.၂ဝ၁၃ ရက်နေ့တွင် ပြည်မြို့ မိုးမေတ္တာ နာရေးကူညီမှုအသင်းမှ ဥက္ကဌဖြစ်သူ ဦးစိုးမိုးနိုင်နှင့် အတွင်းရေးမှူး ဦးညီညီအောင်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်စဉ် ကျွန်တော့်အား စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာ ဖတ်ရှုပြီးပြီလား၊ အဲဒီ သတင်းစာထဲမှာ ကိုကျော်သူနဲ့ မီဒီယာ သတင်း ထောက်ဖြစ်သူ အောင်မြင်ရဲဇော် တို့တွေ့ဆုံမေးမြန်းခန်းကို အလွန်နှစ်သက်ကြကြောင်း အများပြည်သူ တို့နှင့် နယ်ပေါင်းစုံ လူမှုရေးအသင်းအဖွဲ့များမှ ပြောကြားကြောင်းကို ကျွန်တော့်အား ပြောကြားခဲ့သည်။ ကျွန်တော်လုံးဝ မဖတ်ဖြစ်သေးပါ။ ထို့ကြောင့် ဦးစိုးမိုးနိုင်နှင့် ဦးညီညီအောင်တို့မှ ကျွန်တော့်အား သူတို့ ဝယ်ယူထားသော ယင်း စံတော်ချိန်သတင်းစာအား ဖတ်ရှုရန် ပေးခဲ့တော့သည်။ ၁၁.၁ဝ.၂ဝ၁၃ ရက် (သောကြာနေ့)ထုတ် သတင်းစာ၏ စာမျက်နှာ (၁၄)ရှိ “လူမှုရေးသမားတွေကို ဥပဒေနဲ့ ဘောင်ခတ်တာဟာ မြတ်စွာဘုရားကို ဥပဒေနဲ့ ချုပ်ကိုင်တာနဲ့ အတူတူပါပဲ” ဟူသော ဆောင်းပါးအား ဖတ်ရှုလိုက်သောအခါ … ။
လူတစ်ဦးအတွက် အောင်မြင်နေချိန်၌ ထိုအောင်မြင်မှုကို စွန့်လွှတ်ရန်မှာ ခက်ခဲသည်။ ယင်းသို့ အောင်မြင်မှုကို စွန့်လွှတ်ရုံမျှမက ကိုယ်ကျိုးစွန့်၍ ပရဟိတအလုပ်ကို လုပ်ကိုင်ရန်မှာ ပို၍ပင် ခက်ခဲလွန်းလှ သည်။ လက်ရှိ မြန်မာနိုင်ငံ၏ အနေအထားကလည်း ပရဟိတအလုပ်ပင်လျှင် စိတ်ရှိတိုင်း လွတ်လပ်စွာ လုပ်ကိုင်ခွင့်မရသေး။ ထိုကဲ့သို့သော အခက်အခဲ အကျပ်အတည်းကြားမှပင် ကိုယ်တတ်နိုင်သော အတိုင်း အတာထက်ပို၍ မဖြစ်ဖြစ်အောင် အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေသည့် မြန်မာနိုင်ငံ၏ ပရဟိတ လောကမှစံပြပုဂ္ဂိုလ် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နှုတ်ဖော်ပြ လိုက်ရပါသည်။
ဦးကျော်သူက တစ်ချိန်တုန်းကဆို အရမ်းအောင်မြင်ခဲ့တဲ့ အနုပညာသမားတစ်ယောက်ဖြစ်ခဲ့တယ်။ ခေတ် တစ်ခေတ်ထူထောင်နိုင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့တယ်။

ဒီလိုအနေအထားကနေပြီး ပရဟိတ သမားတစ်ယောက်အဖြစ် ဘဝကိုတစ်ဆစ်ချိုးပြောင်းလဲစေခဲ့တဲ့ အဓိက တွန်းအားတစ်ရပ်က ဘာဖြစ်မလဲ။
အဓိကတွန်းအားကတော့ ကျွန်တော့် သမီးနဲ့သားပါ။ ကျွန်တော်အရမ်းအောင်မြင်ခဲ့တဲ့ အနုပညာ လောကဆိုတာ ပျက်စီးမယ့်အကြောင်းအရာတွေ အများကြီးရှိတယ်။ မူးယစ်ဆေး၊ အရက်၊ မိန်းမ။ ဒါတွေ အများကြီး။ အဲဒီအချိန်တုန်းကလည်း ကျွန်တော်အရက် အရမ်းသောက်တယ်။ အလုပ်အကိုင် မပျက်ဘူး ဆိုပေမယ့် ကျွန်တော့်ကလေးတွေကို ပြန်ကြည့်တဲ့အခါ ကျွန်တော်နဲ့ တခြားစီဖြစ်နေတယ်။ သူ့အမေရဲ့ သွန်သင်ဆုံးမမှုကြောင့် လိမ္မာရေးခြားရှိပြီး သင်္ကြန်ဆိုလည်း အောင်ဆန်းဆရာတော်ဆီမှာ တရားစခန်းဝင် တယ်။ အဲဒီမှာ သမီးနဲ့သားက အနုပညာသမားတွေ သေဆုံးရင် ဘယ်ဘုံရောက်လဲလို့ ဆရာတော်ကြီးကို မေးတယ်။ ဆရာတော်ကြီး ဖြေလိုက်တဲ့အဖြေကို ပြန်ကြားတော့ ကျွန်တော် တော်တော်ကြီး တုန်လှုပ်သွား တယ်။ အနုပညာသမားဆိုတာ လူတွေကို ငိုခိုင်းတယ်။ ရယ်ခိုင်းတယ်။ ဒေါသထွက်ခိုင်းတယ်။ ဝမ်းသာခိုင်း တယ်။ ဒီလိုဖြစ်အောင် ကိုယ်ကလုပ်နေရတဲ့အတွက် အကုသိုလ်ဆိုတာရှိတယ်။ ကျွန်တော် (၁ဝ) နှစ် ကျော် (၁၅) နှစ်လောက် ဖြတ်သန်းလာခဲ့တဲ့ အချိန်တုန်းက ရရှိခဲ့တဲ့ အများပြည်သူက ကျွန်တော့်ကို ချီးမြှင့် ကြတဲ့ အနုပညာကြေးတွေနဲ့ ကျွန်တော့် သားသမီးတွေကို ပညာတတ်တွေဖြစ်အောင် လုပ်ပေးနိုင်ခဲ့တယ်။ အဲဒီတော့ ဘယ်လိုပြန် ကျေးဇူးဆပ်မလဲဆိုတာ စဉ်းစားတဲ့အချိန် ကျွန်တော့်အမျိုးသမီးရဲ့အဒေါ် မြန်မာစာ ပါမောက္ခဟောင်း ဒေါ်လှမြတ်က ကျွန်တော်တို့ နာရေးအသင်းထက် နှစ်နှစ်၊ သုံးနှစ်လောက်စောတဲ့ မန္တ လေး ဗြဟ္မစိုရ်အသင်းမှာ နာယကအဖြစ် ပါနေတယ်။ ကျွန်တော့်အမျိုးသမီးက သူ့အဒေါ်ဆီက နာရေး အလုပ်တွေကိုကြားပြီး စိတ်ဝင်စားနေတဲ့အချိန်မှာ ဘဘ ဦးသုခက နာရေးကူညီမှု တည်ထောင်မယ်ဆိုပြီး ကြားတာနဲ့ ဝင်ပါပြီး ဒီဘက်ကို ကူးလာတာ။ အရင်တုန်းက အနုပညာအလုပ်က တစ်ဖက်ရှိနေတော့ ကိုယ် အားတဲ့အချိန် ကားရိုက်ခဏနားတဲ့ အချိန်ပိုင်းလောက်ပဲ လုပ်ပေးနိုင်တယ်။ ၂ဝဝ၇ ခုနှစ် စက်တင်ဘာ သံဃာအရေးအခင်းအပြီးမှာ ကျော်သူ့ကို အနုပညာအလုပ် လုပ်ခွင့်မပေးတော့ဘူးလို့ အစိုးရက ပြောကြား ခဲ့တဲ့အတွက် ဒီပရဟိတအလုပ်ကိုဘဲ ထဲထဲဝင်ဝင် လုပ်ဖြစ်လာတယ်။ အဲဒီနောက်ပိုင်း နာရေးအလုပ် အပေါ် စိတ်နှစ်ပြီး လုပ်လာခဲ့တာ ကျွန်တော်အခုဆို အိမ်မပြန်ဖြစ်တာ သုံးနှစ်ကျော်ပြီ။ လူမှု့ရေးသက်တမ်း (၁၃) နှစ်ထဲ ရောက်လာပြီ။

ဦးကျော်သူတို့ရဲ့ နာရေးကူညီမှုအသင်းက နာရေးကနေ တခြားပရဟိတလုပ်ငန်းတွေ ဆက်လုပ်ဖို့ ဘယ်လိုအတွေးရခဲ့လဲ။
ကျွန်တော်တို့ နာရေးလုပ်လာတာ တစ်ရက်ကို အလောင်းက (၃ဝ) နဲ့ (၄ဝ) ကြားရှိတယ်။ ဘာ ကြောင့်အဲ့လို သေဆုံးတာများလဲလို့ ပြန်သုံးသပ်တော့ ကျန်းမာရေးအတွက် ဆေးဝါးမကုသနိုင်လို့ ဆေးကု သစရိတ်တွေကြီးလို့ဆိုတာ သိလိုက်ရတယ်။ အဲဒါနဲ့ ကျွန်တော်တို့လည်း သုခ ကုသိုလ်ဖြစ်ဆေးခန်းဆိုတာ ကိုဖွင့်ပြီးတော့ လူနာတွေကို အခမဲ့ ကုသပေးခဲ့တယ်။ အခုဆို လူနာကတစ်ရက်ကို အယောက်(၂ဝဝ) ကျော်ဖြစ်လာပြီ။ နောက်ပြီး လူတွေကျန်းမာရေးကအစ ဗဟုသုတရနိုင်ဖို့အတွက် သုခအလင်းပညာရေး ဆိုတာကိုလုပ်ခဲ့တယ်။ကလေးငယ်တွေအတွက်လည်း နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စာ အခြေခံသင်တန်း၊ ပန်းချီသင်တန်း၊ လူငယ်ပိုင်းတွေအတွက် အင်္ဂလိပ်စာသင်တန်းတွေ၊ တက္ကသိုလ်ဝင် တန်း ကျောင်းသား/သူများအတွက် ဘာသာစုံသင်တန်းတွေ၊ LCCI သင်တန်း၊ Hospitality သင်တန်းစတဲ့ အလုပ်အကိုင်ရှာဖွေရေးအတွက် အထောက်အကူပြုတဲ့ သင်တန်းတွေကိုပါ ဖွင့်ပေးထားတယ်။ ပညာရေး တင်မကဘူး အသက်မွေးဝမ်းကျောင်းအတွက်ပါ အဆင်ပြေအောင် လုပ်ပေးထားတယ်။ သင်တန်းတစ်ခုစီ မှာ သင်တန်းသားအယောက် (၄ဝ) လောက်စီရှိပါတယ်။ တကယ်ကိုဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေက ကလေးတွေကို အထောက်အကူပေးနိုင်တဲ့အတွက် တကယ်လည်းကြည်းနူးမိတယ်။
စစ်အစိုးရလက်ထက်မှာ လူတစ်ဦးတစ်ယောက်က သြဇာရှိလာပြီ၊ လူကြိုက်များလာပြီဆိုရင် စိုးရိမ်တကြီးနဲ့ လိုက်ပြီးစောင့်ကြည့် ထိန်းချုပ်တာမျိုးတွေရှိတယ်။ ဦးကျော်သူကလည်း နာရေး ကူညီမှုအသင်းနဲ့အတူ ပြည်သူတွေရဲ့ယုံကြည်မှုကိုရလာတဲ့အချိန်မှာ ဘယ်လိုမျိုးကြုံခဲ့ရသေးလဲ။

ဒါတွေက တောက်လျှောက်ကြုံခဲ့ရပါတယ်။ စလုပ်တဲ့ ၂ဝဝ၁ ခုနှစ်လောက်က ဘဘဦးသုခ ရှိသေး တယ်။ ဘဘက နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ကြည်ညိုလေးစားခံရတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်နေတော့ သိပ်ပြဿနာ မရှိခဲ့ဘူး။ ဘဘကွယ်လွန်ပြီးနောက်တော့ ဖိအားတွေ အမျိုးမျိုးပေးလာတယ်။ ဒီလိုလူမှုရေးအသင်းအဖွဲ့ တွေကို ဖိအားပေးတယ်။ ထိန်းချုပ်လာတာ ဘာကြောင့်လဲဆိုတော့ လူမှုရေးအသင်းအဖွဲ့တွေက တကယ့် ကို ဒုက္ခရောက်နေကြတဲ့ ပြည်သူလူထုကို ထဲထဲဝင်ဝင် ကူညီနိုင်တဲ့ အဖွဲ့တွေ၊ အစိုးရကဒါတွေလိုက် မလုပ် ပေးနိုင်ဘူး။ တကယ်တမ်း မလုပ်နိုင်တာ မဟုတ်ဘူး။ လုပ်နိုင်ရဲ့သားနဲ့ ပရဟိတဆိုတဲ့ စိတ်မရှိကြတာ။ အခုလို အစိုးရပြောင်းလဲချိန်မှာတောင် မူဝါဒတွေ မပြောင်းလဲသေးတော့ ခက်တယ်။
အရင် စစ်အစိုးရလက်ထက်နဲ့ အခု အရပ်သားအစိုးရလက်ထက် လုပ်ရကိုင်ရတာ ဘာတွေ ကွာခြား သွားသလဲ။ ပြောင်းလဲလာပြီလို့ရော ဦးကျော်သူအနေနဲ့ ယူဆလား။
ပြောင်းလဲလာပြီလားဆိုတော့ နည်းနည်းလေးပဲ ပြောင်းလဲလာတာလို့ ကျွန်တော်မြင်တယ်။ ဘာလို့ လဲဆိုတော့ ကျွန်တော် နယ်ခရီးတွေ သွားတဲ့အခါမှာ ပိုပြီးတော့ သိလာတယ်။ ကျော်သူဘာလုပ်နေတယ် ဆိုတာကိုလည်း လူကြီးတွေသိနေတာပဲ။ ဘာဖြစ်လို့ ကျော်သူ့နောက်က တစ်ကောက်ကောက်လိုက် နေရတာလဲ။ SB တွေလိုက်တယ်။ သတင်းလိုက်ယူတယ်။ ကျွန်တော့်နောက်လိုက်တယ်ဆိုရင် သင်္ချိုင်း ကုန်းနဲ့ ဘုန်းကြီးကျောင်းပဲ ရောက်မှာပဲ။ ကျွန်တော်လုပ်တာက နာရေးတို့၊ ကျန်းမာရေးတို့၊ လူမှုရေးတို့ပဲ လုပ်တာ။ ပါတီထောင်ပြီးတော့ နေရာယူဖို့၊ သမ္မတဖြစ်ဖို့ လုပ်နေတာလည်း မဟုတ်ဘူး။ နိုင်ငံတော်ကို ပုန်ကန်ဖို့လုပ်နေတာလည်း မဟုတ်ဘူး။ အများအတွက် လုပ်ပေးနေတာ။ ပထမတော့ အနှောင့်အယှက် ဖြစ်တာပေါ့။ နောက်ပိုင်းတော့ ရိုးသွားတော့လည်း သူတို့(SB)တွေမရှိရင်တောင် စားရ၊ သောက်ရ၊ အိပ်ရ တာ မလုံခြုံဘူးလို့ခံစားရတယ်။

အကျင့်ကပါသွားပြီ။ နောက်တစ်ခုက သမ္မတကြီးက ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေအတွက် ဂုဏ်ထူးဆောင်လက်မှတ်ပေးတယ်။ ဒါပေမယ့် ကျွန်တော် တချို့နယ်တွေ သွား တဲ့အခါ တည်းခိုခွင့်မရတာမျိုးတွေ၊ ဟောပြောခွင့်မရတာမျိုးတွေ၊ လွတ်လပ်စွာကူညီပေးမှု မရတာမျိုးတွေ ရှိတယ်။ အဲဒီလိုကို အပေါ်နဲ့အောက်နဲ့က အချိတ်အဆက်လွဲနေတယ်။ ဆိုလိုချင်တာက အသင်းအဖွဲ့ တစ်ခုမှာ ခေါင်းဆောင်တစ်ယောက်က ဘာလုပ်နေလဲဆိုတာ အသင်းသားတွေသိရမယ်။ ဒီလိုပဲ နိုင်ငံတစ် နိုင်ငံမှာ သမ္မတက ဘာတွေအမိန့်ထုတ်ထားလဲ၊ ဘာတွေလမ်းညွှန်ထားလဲဆိုတာ အောက်ခြေဝန်ထမ်း တွေကအစ သိရမယ်။ မသိဘဲနဲ့ ငါတကော ကောနေရင်တော့ တိုင်းပြည်က မလွယ်ဘူး။ ဗိုလ်တစ်ထောင် မင်းမနိုင် ဖြစ်နေရင်တော့ တိုင်းပြည်ပျက်မှာပဲ။ နယ်တွေမှာဆို တော်တော်လေးကို အကြောက်တရားများ ပြီး အသိဉာဏ်နည်းပါးနေတာတွေ့တော့ ရင်လေးရတယ်။ ဒါတွေက ခေတ်အဆက်ဆက်ရဲ့ အုပ်ချုပ်မှု ဒဏ်တွေကြောင့် ပြည်သူ/သားတွေလည်း ဒီလိုဖြစ်ကုန်တာ။ ဒီတော့ အခုလိုဖြစ်အောင်လုပ်ခဲ့တဲ့ သူတွေကို အပြစ်တင်မနေတော့ဘဲ ပြည်သူ/သားတွေက ကိုယ့်ကိုယ်ကို ပြုပြင်ဖို့ပဲလိုတယ်။
နာရေးကူညီမှုအသင်းကို အသင်းအဖွဲ့တွေနဲ့ဆိုင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လို သဘောရလဲ။ ဘယ်လိုမှတ်ချက်မျိုး ပေးချင်လဲ။

အစိုးရက လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းတစ်ခုကို ထုတ်ထားတယ်။ အဲဒီလို လုပ်တာက လူမှုရေးသမားတွေ မရှိအောင်၊ လူမှုရေးအသင်းအဖွဲ့တွေ မရှိအောင် လုပ်လိုက်တာနဲ့တူတယ်။ ဥပမာ အသင်းအဖွဲ့အတွက် မှတ်ပုံတင်တယ်ဆိုရင် ပိုက်ဆံဘယ်လောက် ပေးရမယ်ဆိုတာမျိုးတွေ လုပ် လာတယ်။ မှတ်ပုံမတင်ဘူးဆိုရင်လည်း တရားမဝင် အဖွဲ့အစည်းအဖြစ် သတ်မှတ်မယ်။ အဲဒီအဖွဲ့အစည်း မှာပါတဲ့ အသင်းဝင်တွေကို အချိန်မရွေးဖမ်းပြီး ထောင်ချပစ်နိုင်တယ် ဆိုတာမျိုးတွေ ဖြစ်လာတယ်။ နယ်က လူမှုရေးအသင်းငယ်လေးတွေအနေနဲ့ မှတ်ပုံတင်ကြေး လေးငါးသိန်းပေးဖို့ဆိုတာ တော်တော်လေးကို ခက် ခဲတယ်။ လူသားချင်းစာနာတဲ့ စိတ်ဓါတ်လေးနဲ့ ရပ်ရွာကို ကူညီဖို့လုပ်ကြတာဆိုတော့ အစိုးရလုပ်ပုံက အဲဒီ စိတ်ဓါတ်လေးတွေပါ ပျောက်သွားနိုင်တယ်။ ဒီလို ဗြဟ္မစိုရ်စိတ်လေးတွေ ပျောက်သွားမယ်ဆိုရင် တိုင်းပြည် ကဘယ်လိုမှ မျှော်လင့်စရာမရှိတော့ဘူး။ ဒီတော့ ဒီဥပဒေကြမ်းကို ကန့်ကွက်တယ်။ မလိုချင်ဘူး။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေနဲ့ မြန်မာ နိုင်ငံအရပ်ရပ်မှာရှိတဲ့ အသင်းအဖွဲ့ (၅ဝဝ) နီးပါးနဲ့ ဘုံသဘောတူညီချက်ကိုလည်း ရထားပြီးပြီ။ ဒီဥပဒေကြမ်း ကို ကန့်ကွက်တယ်။ မလိုချင်ဘူး။ မြန်မာနိုင်ငံအရပ်ရပ်မှာရှိတဲ့ အသင်းအဖွဲ့ (၅ဝဝ) နီးပါးရဲ့ ဘုံသဘော တူညီချက်ကိုလည်း ရထားပြီးပြီ။ ဒီဥပဒေကိုရအောင် ကာကွယ်ရမယ်။ ဖ.ဆ.ပ.လ ညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလိုပဲ ဗြဟ္မစိုရ် တရားတွေ ခေါင်းပါးနေရင် တိုင်းပြည်က ကပ်ဘေးအမျိုးမျိုး ကြုံရမယ် ဆိုတာဒါပဲ။ကျွန်တော်တို့ တိုင်းပြည် မှာ ပြဿနာတွေ ကြုံနေတာလည်း ဒါကြောင့်ပဲ။ အစိုးရလူကြီးပိုင်းရော ပြည်သူအားလုံးကပါ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်စိတ်လေးတွေ မွေးထားဖို့လိုတယ်။

ပရဟိတလုပ်နေတဲ့သူတွေအပေါ် ဒီလိုဥပဒေနဲ့ထိန်းချုပ်ဖို့ကြိုးစားနေကြတဲ့အပေါ် ဦးကျော်သူအနေနဲ့ ဘာပြောချင်ပါလဲ။
ပရဟိတသမားဆိုတာက ပြည်သူတွေ လှူတဲ့အလှူငွေနဲ့ ပြည်သူတွေကိုပြန်ပြီးတော့ အကျိုးပြု နေတာပါ။ လူမှုရေးလုပ်စားနေတာမဟုက်ဘူး။ ကိုယ်ကျိုးလုံးဝမပါဘူး။ အတ္တလုံးဝမပါဘူး။ ကျွန်တော် ဆိုရင် ၂ဝဝ၁ ခုနှစ်ကတည်းက ကိုယ့်ထမင်းကိုယ်စားပြီး ဒီအလုပ်လုပ်လာတာ။ မြတ်စွာဘုရားရဲ့ ဗြဟ္မစိုရ် တရားလေးပါးကို လက်ကိုင်ပြုပြီးတော့လုပ်နေတဲ့ တကယ့်လူမှုရေးသမားတွေကို ဥပဒေနဲ့လာပြီး ဘောင်ခတ်တယ်ဆိုရင် မြတ်စွာဘုရားကို ဥပဒေနဲ့ချုပ်ကိုင်တာနဲ့အတူတူပဲ။ ဒါကျွန်တော့်ခံယူချက်ပဲ။ လူမှုရေးသမားတစ်ယောက်ဟာ အသင်းအဖွဲ့မှာငွေကြေးအလွဲသုံးစားလုပ်တယ်။ လူမှုရေးဖောက်ပြန် တယ်။ ဒါမျိုးဆိုရင် တိုင်းပြည်ကချမှတ်ထားတဲ့ တရားဥပဒေလမ်းကြောင်းအတိုင်း ပုဒ်မတပ်ပြီး အရေးယူ လို့ရတယ်။ ကိုယ့်ဘက်ကခိုင်လုံတယ်၊ မှန်ကန်တယ်၊ လိပ်ပြာသန့်တယ်ဆိုရင် ထိန်းချုပ်ဖို့ကြိုးစားတာဟာ မြတ်စွာဘုရားကို ချုပ်ကိုင်လိုက်တာနဲ့ အတူတူပဲ။
ဦးကျော်သူတို့အနေနဲ့ ပရဟိတအလုပ်တွေလုပ်တဲ့အခါမှာ တားဆီးခံရတာမျိုးကြုံခဲ့ဖူးတယ်နော်။ ဥပမာ အမှိုက်ကောက်တဲ့အစီအစဉ်တုန်းကလိုမျိုးပေါ့။ ဒီလိုဖြစ်ရပ်မျိုးအပေါ်မှာရော ဘာပြောစရာရှိလဲ။

သူတို့က မကောက်နဲ့ဆိုလည်းမကောက်ရုံပေါ့။ တော်ကြာ အမှိုက်ကောက်မှ ထောင်ဘယ်နှနှစ် ကျ တယ်ဆိုတာမျိုး ကျခံနေရဦးမယ်။ အမှိုက်မကောက်ရတော့ ဘာဖြစ်လဲ။ အခုမိုးရွာရင် မြင်တဲ့အတိုင်းပဲ။ တစ်မြို့လုံးအမှိုက်တွေပေါလောပေါ်လို့။ စည်ပင်သာယာမှာ ဝန်ထမ်းအလုံအလောက်ရှိပါတယ်။ ဖိဖိစီးစီး လည်းလုပ်နေပါတယ်။ ခင်ဗျားတို့ကို နာရေး၊အသုဘချဖို့ခွင့်ပြုပေးထားတာပဲ။ ဒါတွေလုပ်စရာမလိုပါဘူးလို့ စည်ပင်အရာရှိက ပြောခဲ့တယ်။ ဒါကြောင့်ဆက်မကောက်တော့တာ။ နယ်တွေမှာတော့ ကြုံရင်ကြုံသလို အမှိုက်ကောက်တယ်။ သစ်ပင်စိုက်တယ်။ အခုဆိုရင် ရေသယ်ကားကြီးလည်း ဝယ်ထားတယ်။ ကျွန်တော် တို့ လမ်းဘေးတောက်လျှောက် စိုက်ထားတဲ့ အရိပ်ရပင်တွေကို ရေလိုက်ဖျန်းတယ်။ ရေရှားတဲ့ဒေသတွေ ကို ဒီကားနဲ့သွားပြီး သောက်သုံးရေတွေလှူပေးတယ်။ စက်ရေတွင်းတွေ အများကြီးလည်း လိုက်တူးပေး ထားတယ်။ မီးသင်္ဂြိုလ်စက်တွေလည်း လိုက်ဆောက်ပေးတယ်။ နိုင်ငံတစ်နိုင်ငံမှာ အစိုးရက လူမှုရေးအဖွဲ့ တွေကို လုပ်ပါလို့တွန်းအားပေးရမယ်။ လမ်းဖွင့်ပေးရမယ်။ ပူးပေါင်းပြီး လုပ်သင့်ရင်လည်း လုပ်ရမယ်။ ဒါတွေဟာ သူတို့အတွက် ဘာမှအပန်းကြီးတာမဟုတ်ဘူး။ လူမှုရေးအဖွဲ့တွေကို ငွေကြေးထောက်ပံ့ ခိုင်း တာလဲမဟုတ်ဘူး။ လုပ်တဲ့လမ်းကြောင်းကို ဖွင့်ပေးပြီးမှ ဟန့်တားနေတာမျိုးကတော့ အဓိပ္ပါယ်မရှိဘူး။

အခုဆို နာရေးကူညီမှုအသင်းဟာ နာရေးအတွက်သာမက ကျန်းမာရေး၊ ပညာရေးအတွက်တွေမှာ တကယ်အကူအညီလိုအပ်နေတဲ့ သူတွေအတွက် အကောင်းဆုံးလုပ်ဆောင်ပေးနေတယ်။ ဒီအပေါ်မှာ အများပြည်သူကလည်း အသိအမှတ်ပြုကြတယ်။ ဒီတော့ ဦးကျော်သူအနေနဲ့ လက်ရှိလုပ်နေတဲ့ အလုပ်တွေအပြင် ပရဟိတနဲ့ ပတ်သက်ပြီးဘာတွေထပ်လုပ်ဖို့ အာသီသရှိနေလဲ။
ကျွန်တော်တို့အခုလုပ်နေတာက ဘာမှသိပ်ပြီး ပြည့်စုံအောင် လုပ်နိုင်သေးတာမဟုတ်ဘူး။ ကိုယ့် စိတ်ထဲမှာရှိတဲ့အတိုင်း လုပ်ခွင့်လည်းရသေးတာမဟုတ်ဘူး။ ဒီလိုလုပ်ခွင့်ရဖို့ အစိုးရဘက်က ခွင့်ပြုဖို့လည်း လိုတယ်။ စေတနာရှင်တွေလည်းလိုတယ်။ ဒီလုပ်ငန်းက အလှူငွေရှိမှလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင် မှာ၊ စိတ်ဓါတ်ရှိရုံတစ်ခုတည်းနဲ့လည်း လုပ်နေလို့မရသေးဘူး။ တချို့နယ်က အသင်းအဖွဲ့တွေ အရမ်းဒုက္ခ ရောက်တယ်။

လုပ်ချင်ကိုင်ချင်တဲ့ စိတ်ဓါတ်ရှိကြပေမဲ့ အစစအရာရာ အဆင်မပြေကြတော့ လုပ်ချင်သလောက် မလုပ်နိုင်ကြဘူး။ ကျွန်တော်ဆိုရင် လုပ်ချင်တာအများကြီးရှိတယ်။ ကျွန်တော်ပြည်ပသွားတယ်ဆိုရင် ရှော့ပင်း သွားတာမဟုတ်ဘူး။ ပြည်ပရောက်ရင် သုဿန်တွေကိုပဲ သွားလေ့လာတယ်။ ရောက်တဲ့ နိုင်ငံ တိုင်းက သုဿန်တွေကိုကြည့်တယ်။ သူတို့သုဿန်တွေကိုကြည့်ပြီးတော့ ကိုယ့်နိုင်ငံကသုဿန်တွေ အတွက် တော်တော်ရင်နာရတယ်။ သူတို့သုဿန်တွေက တကယ့်ကိုခမ်းခမ်းနားနားကြီးတွေနဲ့ မလေးရှား မှာက အရိုးပြာတွေထည့်တဲ့ သုဿန်တစ်ခုဆို ဟိုတယ်ကြီးလိုခမ်းနားတယ်။ အမေရိကားမှာဆိုလည်း သူတို့အိမ်ကမွေးတဲ့ အိမ်မွေးတိရစ္ဆာန်တွေကအစ သေသွားရင် အရိုးပြာကို အိမ်ရှင်အရိုးပြာနဲ့ ယှဉ်ရက် ကလေးတွေထားကြတယ်။ သြစတြေးလျမှာဆိုလည်း ပန်းခြံကြီးတွေလိုပဲ သုဿန်တွေကို ခမ်းနားအောင် ဖန်တီးကြတယ်။ ကိုယ့်နိုင်ငံမှာ တော့ ရှိတဲ့သုဿန်တွေကတော့ ပျောက်ပျောက်ကုန်တယ်။ ကျွန်တော်တို့ နိုင်ငံက သုဿန်တွေကိုလည်း တခြားနိုင်ငံကလိုပဲ ခမ်းခမ်းနားနား ဖြစ်စေချင်တယ်။ ဒီနိုင်ငံမှာ ဆန္ဒရှိတိုင်း လုပ်လို့မရဘူး။ အခု မီးသင်္ဂြိုဟ်စက် ဆောက်မယ်ဆိုရင်တောင်မှ စည်ပင်သာယာကို တင်ရမယ်။ စည်ပင် က ခွင့်ပြုမှ ဒါတောင်ဘယ် လောက်အကုန်အကျ ခံမှာလဲဆိုတာကအစ မေးသေးတယ်။
ပရဟိတသမားတစ်ယောက်ဖြစ်ဖို့ အဓိကခံယူချက်နဲ့ စိတ်ထားက ဘယ်လိုမျိုးဖြစ်မလဲ။

အဓိကကတော့ ပရဟိတသမားဆိုတာ ဗြဟ္မစိုရ်တရားလေးပါးရှိရမယ်။ လူသားချင်း စာနာစိတ်ရှိရ မယ်။ ကိုယ်ချင်းစာစိတ်ရှိရမယ်။ အတ္တလုံးဝမပါဘဲ ပရအတွက်ပဲလုပ်ရမယ်။ ပြီးတော့ ဘယ်လောက် အနစ် နာခံနိုင်လဲ။ ဘယ်လောက် ပေးဆပ်နိုင်လဲဆိုတဲ့အပေါ် မူတည်တယ်။ ကိုယ့်လုပ်ရပ်အပေါ် ရဲရဲဝင့်ဝင့် သစ္စာဆိုရဲနိုင်ရမယ်။ ကျွန်တော်ဆိုရင် ၂ဝဝ၇ ခုနှစ် ကတည်းက ကိုယ်ပိုင်ဝင်ငွေတစ်ပြားမှ မရှိဘူး။ ဒါပေမယ့် ကိုယ့်မိသားစု အသိုင်းအဝိုင်းရဲ့ နဂိုကတည်းကရှိထားတဲ့ စည်းစိမ်ငွေကြေးတွေနဲ့ ကျွန်တော်ရှာ ထားတဲ့ ဝင်ငွေတွေကို စနစ်တကျ သိမ်းဆည်းထားတာတွေရှိတဲ့အတွက် ဝင်ငွေမရှိပေမယ့် ကျွန်တော် နေနိုင်တယ်။ စားနိုင်တယ်။ ပရဟိတအလုပ်ကို လုပ်နိုင်တယ်။ သားသမီးတွေကလည်း လှည့်ကြည့်စရာ မလိုတော့ဘူး။ ကိုယ့်ရဲ့အနုပညာအလုပ်ကို စွန့်လွှတ်ရတယ်။ ကိုယ့်သားသမီးကိုလည်း လှည့်ကြည့်ချိန်မ ရဘူး။ စွန့်လွှတ်ခြင်းတွေများမှ လူမှုရေးကို လုပ်နိုင်မယ်။ ဦးဆောင်နိုင်မယ်။
အခု မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ဘာသာရေးမုန်းတီးမှု အခြေခံတဲ့ အကြမ်းဖက်မှုတွေအပေါ် ဦးကျော်သူ အနေနဲ့ ဘယ်လိုသုံးသပ်ချင်လဲ။
ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်၊ ဘယ်ဘာသာပဲဖြစ်ဖြစ် အားလုံးက လူသားတွေချည်းပဲ။ တိရစ္ဆာန်တွေမှ မဟုတ်ကြတာ။ ကမ္ဘာ့ရန်ဘက် တိရစ္ဆာန်တွေဖြစ်တဲ့ ခွေးနဲ့ကြောင်တောင်မှ တစ်ခါတလေ ခွေးမကြီးက ကြောင်ပေါက်ကလေးတွေကို နို့တိုက်နေတာတွေ၊ ကျားမကြီးက ဝက်ကလေးကို နို့တိုက်နေတာတွေ ရှိတတ်တာပဲ။ အသိဉာဏ်မရှိတဲ့ တိရစ္ဆာန်တွေတောင် စာနာစိတ်မွေးတတ်ကြတာ။ အသိဉာဏ်ရှိတဲ့ လူသားတွေကဘာလို့ လူသားချင်းစာနာစိတ် မမွေးနိုင်ကြတာလဲ။ သူကအသားမည်းလို့၊ သူက အသားဖြူ လို့ လူမဟုတ်ဘူးလို့ ပြောလို့မှမရဘဲ။ ဆင်းရဲချမ်းသာ လူမျိုးဘာသာမရွေး လူကိုလူလို့ပဲ သတ်မှတ်ရမှာ ပေါ့။ ဘုရားဟောထားတာလည်း ဒီအတိုင်းပဲ။ ဘာသာစွဲတွေ၊ အစွန်းရောက်တာတွေ လက်မခံဘူး။ ကျွန်တော်တို့လည်း မလိုချင်ဘူး။ ငါ့ဘာသာမှ ကောင်းတယ်။ သူ့ဘာသာက မကောင်းဘူး။ ဒါမျိုးမဟုတ် ဘူး။ ဘာသာတိုင်းမှာ ကောင်းတာလေးတွေရှိတယ်။ အဲဒီကောင်းတာလေးတွေကို စုပြီးတော့ လူသားချင်း စာနာတဲ့စိတ်နဲ့ အတန်းစား မခွဲခြားဘဲနဲ့ ဆက်ဆံတယ်ဆိုရင် အကောင်းဆုံးပါပဲ။ ။
(၁၁.၁ဝ.၂ဝ၁၃ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်သတင်းစာပါ ကျွန်တော်ကျော်သူနှင့် ဆောင်းပါးရှင် အောင်မြင်ရဲဇော်တို့ တွေ့ဆုံမေးမြန်းခြင်း ဤနေရာတွင် အဆုံးသတ်ခဲ့သည်။)

ဤဆောင်းပါးတွင် ကျွန်တော်ဖြေကြားခဲ့သည်များကို မိမိကိုယ်ကို ပြန်လည်သုံးသပ်မိသည်။ ကျွန်တော်လုပ်ကြံပြောခြင်းမရှိ၊ ရင်ထဲက ခံစားမှု၊ အများပြည်သူတို့နှင့် ထပ်တူခံစားမှု၊ နယ် ပရဟိတအဖွဲ့ များကိုယ်စား ခံစားမှုများသာဖြစ်ကြောင်း ပြန်လည်သုံးသပ်မိသည်။
ထို့ကြောင့် … ကျွန်တော် အမှန်များကို ပြောခဲ့သည်။
အမှန်တရားဘက်ကသာ ရပ်တည်သူဖြစ်သည်။
ဒါဆိုရင် တစ်ခုစဉ်းစားမိပြန်တော့သည်။

မြန်မာပြည်တွင်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အစပြု၍ ကိုယ်ထူကိုယ်ထ ဖွဲ့စည်းတည်ထောင် ထားသော လူမှုရေးအသင်းအဖွဲ့များသည် မြန်မာပြည်သူလူထုတို့၏ လှူဒါန်းမှုများဖြင့် မြန်မာပြည်သူလူထု အပေါင်းကို “အများပြည်သူအတွက် အများပြည်သူကောင်းမှု” ဟူသော ဆောင်ပုဒ်ကဗ္ဗည်းအတိုင်း ရပ်တည်ပေးဆပ်နေသော အဖွဲ့များဖြစ်သည်။ ပြည်ပအဖွဲ့အစည်းများ၏ ထောက်ပံ့မှုနှင့် ရပ်တည်နေသော ဒေါ်လာ စားအဖွဲ့များ မဟုတ်ပါ။
ယခုကဲ့သို့ ဗြဟ္မစိုရ်တရာလေးပါးကို လက်ကိုင်ပြု ကျင့်သုံးနေသော လူမှုရေးသမားများ၊ (ပရဟိတသမားများ) သည် အများပြည်သူလူထုတို့အတွက် အနစ်နာခံ ပေးဆပ်မှုဖြစ်နေသော သူများဖြစ်ကြသည့်အတွက် သီးခြားဥပဒေ မသတ်မှတ်စေချင်ပါ။ အသင်းအဖွဲ့၏ စည်းမျဉ်းစည်းကမ်းများဖြစ်သော (ငွေကြေး၊ လူမှုရေး) ဖောက်ဖျက်ပါက နိုင်ငံတော်မှ ချမှတ်ထားသော တရားဝင်တရားဥပဒေအရ အရေးယူ ယုံပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် မြတ်စွာဘုရားချမှတ်ထားသော လူသားချင်းစာနာစိတ်၊ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ပွားများကြပြီး အတ္တများကိုဖြုတ်ကြကာ “မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ မျက်နှာတော်အား တစ်ချက်လောက်တော့ ငဲ့ကြည့်ပြီးမှ အသင်းအဖွဲ့ဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့အစည်း ဥပဒေကိုပြဌာန်းသင့်ပါကြောင်း” ပြောကြားလိုပါသည်။ ကျွန်တော်၏ စိတ်အစဉ်တို့သည် ယင်းကဲ့သို့ ဗြဟ္မစိုရ်တရားကို ဥပဒေသတို့ဖြင့် ချုပ်ကိုင်မည်ဆိုပါက ပုဂံမြို့ရှိ “မနူဟာ မြတ်စွာဘုရားကြီး” ၏ မျက်နှာတော်အား မြင်ယောင်မိတော့သည်။ “မနူဟာ ဥပဒေ” မဖြစ်ရန်သာ အရေးကြီးလှသည်။
ထို့ကြောင့် အများပြည်သူလူထုတို့အတွက် ရပ်တည်ပေးနေသော၊ အများပြည်သူတို့မှ တင်မြောက် ပေးထား သောဗုဒ္ဓဘာသာဝင် ပြည်သူ့လွှတ်တော် အမတ်များ၏ စေတနာ၊ ဂရုဏာ၊ မေတ္တာတရားတို့သည် “ပြည်သူ့အသံ .. လွှတ်တော်အသံ၊ လွှတ်တော်အသံ .. ပြည်သူ့အသံ” ဟူ၍ ပြည်သူလူထုတို့နှင့် တသားတည်း ဖြစ်ပေလိမ့် မည်ဟု မျှော်လင့်မိပါတော့သည်။

အများပြည်သူတို့အတွက် အနစ်နာခံ ပေးဆပ်နေသော ပြည်တွင်းရှိ လူမှုရေးအသင်းအဖွဲ့ပေါင်း (၅ဝဝ) ကျော်တို့ကိုယ်စား

ကျော်သူ

Myanmese soldiers inspect the damage in front of the logo of Traders hotel in Yangon after a bomb blast. (AFP)
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ TRADER HOTEL တွင် (၁၄-၁၀-၂၀၁၃)ရက်နေ့ ည(၁၁း၂၀)နာရီတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားရာသို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရန်ကုန်မြို့ သတင်းရိုက်ကူးရေး အဖွဲ့မှ သတင်း သွားရောက် ရယူခဲ့ရာ TRADER HOTEL အထွေထွေမန်နေဂျာ MR.PHILLIP COUVARUS က ညသန်းခေါင်ယံခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဧည့်သည်တယောက် ဒဏ်ရာ ရရှိကာ ဆေးရုံသို့ ပို့ခဲ့ရကြောင်း၊ ဖြစ်ပွားမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ (Mrtv)


Photo..စောင့်ကြည့်သတင်းဂျာနယ်
ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ တနင်္လာနေ့က ဗုံးတွေ တွေ့ရှိလို့ လုံခြုံရေးတွေကနေ ဖယ်ရှားဖျက်ဆီးမှုတွေ လုပ်ခဲ့ရပြီး တခြား ဗုံးလန့်မှုတွေ လည်း ရှိခဲ့ပါတယ်။

ရန်ကုန် အလုံက Western Park 2 စားသောက်ဆိုင်မှာ ဗုံးတလုံး တွေ့ခဲ့လို့ လုံခြုံရေးတွေကနေ ဖယ်ရှားခဲ့ရတာ ဖြစ်ပါတယ်။

မန္တလေးမှာတော့ လမ်း ၈၀ ၁၆ လမ်းထောင့်က ရွှေဘဲ စားတော်ဆက်ရှေ့မှာ နေ့လည်ပိုင်းက ဓာတ်ခဲ ၆ လုံး တပ်ထားတဲ့ လက်လုပ် ဗုံး တလုံးကို တွေ့ရှိခဲ့လို့ သက်ဆိုင်ရာက ဖျက်ဆီးလိုက်ပါတယ်။

ညနေ ၃ နာရီ လောက်မှာတော့ ဝေပုလ္လာရာမ ခေါ် မက္ခရာကျောင်းတိုက်ရှေ့မှာ ဗုံးလို့ယူဆရတဲ့ အထုပ်တစ်ထုပ်ကို တွေ့ရပြီး နောက်ပိုင်းမှာတော့ ဗုံးမဟုတ်ကြောင်း သိရပါတယ်။

လူ ၈ သောင်း လောက် ဝင်ထွက်သွားလာနေတဲ့ ရန်ကုန် အောင်မင်္ဂလာ အဝေးပြေး ကားဂိတ်မှာလည်း နေ့လယ်ပိုင်းက ဗုံးတွေ့တယ် ဆိုပြီး လူတွေ အထိတ်တလန့် သတင်းပို့တာ ရှိကြောင်း ရွှေလီရတနာ ကားဂိတ်ပိုင်ရှင် ဦးရန်နိုင်က ဘီဘီစီကို ပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သတ်လို့ လူစည်ကားရာ နေရာတွေ ဖြစ်တဲ့ သင်္ဘောဆိပ် ကားဂိတ်၊ မီးရထား ဘူတာရုံ ၊ လေဆိပ် စတဲ့ နေရာတွေမှာ ရဲတပ်ဖွဲ့တွေက ပုံမှန် လှည့်ကင်း၊ ပတ်ကင်း၊ စောင့်ကြည့်ကင်းများ အပြင် အရပ်ဝတ်နဲ့လည်း ဖြန့်ကျက်ပြီး နေ့ညမပြတ် စောင့်ကြည့်ကာ လုံခြုံရေး တိုးမြှင့် ဆောင်ရွက်ပေးထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဗုံးတွေ တွေ့နေတာဟာ ဘယ်သူ့လက်ချက် ဖြစ်တယ် ဆိုတာကို အစိုးရက ဒီနေ့အထိတော့ ထုတ်ပြောခြင်း မရှိသေးပေမယ့် အခုလို ဗုံးတွေကို ဆက်တိုက် ဘာလို့ တွေ့နေတာလဲ၊ ဘယ်သူတွေက လုပ်နေတာလဲ ဆိုတာကို လူတွေ ကတော့ သိချင်နေကြပါတယ်။

တနင်္ဂနွေနေ့ကလည်း ရန်ကုန်မြို့မှာ ဗုံးပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားခဲ့ရာ ပလတ်စတစ်ကောက်တဲ့ ကလေးငယ် နှစ်ဦး ဒဏ်ရာ ရသွားပြီး ဆေးရုံပို့လိုက်ရပါတယ်။

BBC



လွှတ်တော်ထဲမှာရှိတဲ့တမတ်သားစစ်တပ်ကိုယ်စားလှယ်တွေကိုလျှော့မလား?
နာဂစ်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုအသစ်ရေးဆွဲဖို့ကြိုးစားမယ်ဆိုရင်တော့အန္တရာယ်ရှိမယ်.
.ပြင်တာကောင်းတယ်..ပြင်မယ်ဆိုရင်အကျိုးများပြီးအပျက်နည်းမယ်တဲ့..အသစ်ရေးဆွဲဖို့လုပ်မယ်ဆိုရင်တော့ အပျက်များပြီး တိုင်းပြည်မတည်မငြိမ်ဖြစ်မယ်..ဆိုပြီး စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်ဟောင်းတဖြစ်လဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးမှ ခေါင်းဆောင်တွေခြိမ်းခြောက်တဲ့အတိုင်း အန္တရာယ်ရှိမယ်ဆိုပြီး ပြောဆိုသွားကြပါတယ်..

နာဂစ်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုအသစ်ရေးဆွဲဖို့ကြိုးစားမယ်ဆိုရင်တော့အန္တရာယ်ရှိမယ်..လို့ပြောဆိုတဲ့Mrtvကနေလာသွားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဥပဒေစကားဝိုင်း

ဦးသောင်းညွန့် (နိုင်ငံတော်သမ္မတ၏ ဥပဒေအကြံပေး၊ အမျိုးသားညီလာခံ
ကျင်းပရေးကော်မရှင်)

♦ ဒေါက်တာ တူးဂျာ (အမျိုးသားညီလာခံကိုယ်စားလှယ်)

♦ ဦးကျော်ဝင်း (နိုင်ငံရေးပညာရှင်၊ စာရေးဆရာ)

♦ ဒေါက်တာဆလိုင်းငွန်ကျုံးလျန် (MPC, အခြေခံဥပဒေဆိုင်ရာ ပါရဂူဘွဲ့ရရှိထားသူ)

♦ ဦးသန်းအောင် (ညွှန်မှူး-အငြိမ်းစား၊ ရှေ့နေချုပ်ရုံး)

“ဝင်ပြင်ရင်တော့ နစ်မှာပဲ” (ကာတွန်း အောင်မော်)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.