10/19/13

စစ်အာဏာရှင် လက်ထက်က တန်ခိုးထွား အကြမ်းဖက်ယုတ်မာခဲ့သော ဗိုလ်ခင် ညွန့်၏နှစ်၂၀ကျော်ကြာ မတရားဖမ်းဆီးထောင် ချခံခဲ့ရ သော ဘဘ ဦးဝင်းတင် ကို နှုတ် ဆက် 

Khin Nyunt beggin for forgiveness @ U Sain Win's funeral

Zaw Myo Aung

ယမန်နေ့ည သန်းခေါင်ကျော်ခန့်တွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ သူရိယအလင်းဂျာနယ်တိုက်သို့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေမြေး နေရွှေသွေးအောင်(ခေါ်) ဖိုးလပြည့် အပါအ၀င် စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်၏သားဦးဆောင်ကာ လူ ၁၅ ဦးခန့်ဝင်ရောက်ကာ ကွန်ပျူတာ Hard disk များနှင့် ဂျာနယ်များယူဆောင်သွားသည်ဟု ၎င်းဂျာနယ်ပိုင်ရှင် ဦးမိုးဟိန်းက ယနေ့နေ့လည် ၂ နာရီတွင် ၎င်းဂျာနယ်ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ထိုကဲ့သို့ဝင်ရောက်သိမ်းဆည်းသွားခြင်းမှာ နောက်ဆုံးထုတ်ဂျာနယ်တွင်ဖော်ပြခဲ့သည့် လပြည့်ညပြီးရင် လကွယ်ညနဲ့ လမိုက်ညလာစမြဲပဲ မော်စကိုမှာသာမယ့်လဆောင်းပါးနှင့် မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမယ် (သို့မဟုတ်) ရွှေပေါ်မြတင်ညီလေးများထံသို့ပေးစာ စသည့်ဆောင်းပါးများကြောင့် ဖြစ်နိုင်သည်ဟု ယူဆရကြောင်း ရှင်းလင်းပြောဆိုသည်။

၎င်းဆောင်းပါးများသည် Miss Universe Myanmar မိုးစက်ဝိုင်နှင့် ဖိုးလပြည့်တို့အကြောင်းအရာများရေးသားထားပြီး အခြားဆောင်းပါးအများစုမှာလည်း ယခင်စစ်အစိုးရဟောင်းများနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များကို တိုက်ခိုက်ရေးသားထားခြင်းဖြစ်သည်။

`ပြည်သူလူထုထံမှ မတရားအခွင့်အရေးများဖြင့် အချောင်ကြီးပွါးနေသော ခရိုနီကြီးများအားလုံးက ကျွန်ုပ်တို့မြန်မာပြည်သူများအားကိုးနေရသော သူရိယအလင်းဂျာနယ် အားနှောက်ရှက်ဟန့်တားခြင်း၊ ပျက်စီးရာ ပျက်စီးကြောင်းပြုလုပ်ခဲ့ပါက မိမိတို့ ရဟန်းရှင်လူပြည်သူများက ခရိုနီတစ်စုအား လက်တုန့်ပြန်သွားမည်´ ဟု သူရိယအလင်း ဂျာနယ်၏ ဖေ့စ်ဘွတ်စာမျက်နှာတွင်ရေးသားထားသည်ကိုတွေ့ရသည်။

ယခုကဲ့သို့ ဂျာနယ်တိုက်ဝင်ရောက်စီးနင်းခံရခြင်းအတွက် တရားဥပဒေအရလုပ်ဆောင်သွားမည်ဆိုခြင်းကို ရှင်းရှင်းလင်းလင်း မပြောကြားသေးဘဲ ညှိနှိုင်းနေဆဲဟုသာဆိုသည်။ ။

Yangon press international

DVB TV News

ရန်ကုန်မြို့၊ ကမ္ဘာအေး ဘုရားလမ်း၊ မြန်မာ့ကျောက်မျက်ရတနာ ပြခန်း မျက်နှာချင်းဆိုင်ရှိ သူရိယအလင်း သတင်းဂျာနယ်တိုက်ကို အောက်တိုဘာလ ၁၈ရက်နေ့ည ၁၂နာရီခန့်က နေရွှေသွေးအောင်(ခေါ်)ဖိုးလပြည့် အပါအဝင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သားနှင့် အပေါင်းအပါများက ဝင်ရောက်၍ ပစ္စည်းများ သိမ်းဆည်းသွားကြောင်း ၎င်းသတင်းဂျာနယ်တိုက်တွင် ညအိပ် တာဝန်ကျသူများထံမှ သိရသည်။

ယင်းဂျာနယ်တိုက်သို့ ဝင်ရောက်၍ ပစ္စည်းများ သိမ်းဆည်းခံရခြင်းမှာ သူရိယအလင်း သတင်းဂျာနယ် အတွဲ(၁)၊ အမှတ်(၁၂)ပါ စစ်သူရဲ ဗလမင်းထင်ရေးသားသော မော်စကိုမှာ သာသာမယ့် ဆောင်းပါးနှင့် ထောင်သူရဲ ဘအုပ်ရေးသားသောမြင်းခွာတစ်ချက်ပေါက်ရင် မီးတဟုန်ဟုန်းတောက်စေရမယ် (သို့မဟုတ်) ရွှေပေါ်မြတင် ညီလေးများထံသို့ပေးစာ ဆောင်းပါးများကြောင့် ဖြစ်သည်ဟု ၎င်းဂျာနယ် အယ်ဒီတာ တစ်ဦးက ပြောသည်။

“ညက ၁၁နာရီကျော်ကျော် လောက်မှာ ဖိုးလပြည့်နဲ့ အဖွဲ့တွေ ရောက်လာပြီး ရှေ့တံခါးကို ဖွင့်ခိုင်းတာ လုံခြုံရေး တာဝန်ခံက မဖွင့်ပေးတော့ မလွယ်ပေါက် ကနေ ဖွင့်ခိုင်းလို့ ကိုသစ်မင်းဆွေကို ဖွင့်ခိုင်းပြီး ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်ရဲ့သား သူရိန်နဲ့ လူအရောက်နှစ်ဆယ်လောက် ဝင်လာပြီး ဂျာနယ် အပါအဝင် ပစ္စည်းတွေကို သိမ်းသွားတာ။ ရုံးမှာ ချန်ထားတဲ့ဂျာနယ် ၁၀၀နဲ့ ပြန်သိမ်းလာတဲ့ ဂျာနယ်၆၀၀ရာလောက်ကော၊ ကွန်ပျူတာ ၂၂စုံက System ပုံး၁၄လုံး ဖြုတ်သွားတယ်။ အထဲဝင်ဝင်ချင်း CCTVကို စက္ကူနဲ့ အုပ်လိုက်တယ်။ ကျွန်တော်တို့ အခန်းမှာ ရှိတဲ့ CCTV ပုံးကိုလည်း ဖြုတ်သွားတယ်။ နည်းပညာသမား ကောင်းကောင်းပါတယ်ဗျ။ အဲဒီတော့ ရကော့(record) မရတော့ဘူးပေါ့ဗျာ”ဟု အဆိုပါဂျာနယ်၏ ရှယ်ယာ ကိုးဆယ်ရာခိုင်နှုန်းကို ပိုင်းဆိုင်ထားသည်ဆိုသော စီအီးအို အဖွဲ့ဝင် ကိုမိုးဝေက ဆိုသည်။

ယင်းသို့ ဂျာနယ်တိုက်အား ဝင်ရောက်စီးနင်းမှုနှင့် ပတ်သက်၍ ရဲစခန်းသို့ တိုင်ကြားထားခြင်း မရှိသေးဘဲ ရှေ့နေများနှင့် ဦးစွာ တိုင်ပင်သွားမည်ဟုလည်း ဆိုသည်။

၎င်းဂျာနယ်ပါ ဆောင်းပါးများကိုလည်း ကိုမိုးဝေနှင့် အယ်ဒီတာများက ဖြတ်တောက်ခြင်း လုံးဝ မပြုလုပ်ဘဲ ပြည်သူလုထု သိသင့်သောကြောင့် ဖော်ပြခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းကဆက်လက်ပြောသည်။

မ်ာစကိုမှာ သာမယ့်လ ဆောင်းပါးတွင် “ဒီနေရာမှာ စစ်သူရဲဗလမင်းထင် ဆိုတဲ့ကောင်က ခရိုနီအားလုံးကို အတိအလင်း သတိပေးလိုက်မယ်။ ကျုပ်ပြည်သူတွေ အတွက် မှန်တာရေးလို့ ခင်ဗျားတို့က ကျုပ်နဲ့ ကျုပ်မိတ်ဆွေတွေ ကျုပ်စာကို ဖော်ပြပေးနေတဲ့ သူရိယအလင်းဂျာနယ်ကို ထိပါး၊ စော်ကား လုပ်ကြံလာမယ်ဆိုရင် ကျုပ်တို့ကလည်း ခင်ဗျားတို့ ဆွေခုနှစ်ဆက်၊ မျိုးခုနစ်ဆက် အဆုံးတိုင်အောင် လက်တုံ့ပြန်သွားမယ် ဆိုတာရယ် ခင်ဗျားတို့အားလုံး နောင်တကြီးစွာ ရစေမယ် ဆိုတာတော့ ပြတ်ပြတ်သားသားကြီး ပြောထားလိုက်တယ်” ဟု စိန်ခေါ်မှု အရေးအသားဖြင့် ဖော်ပြထားခြင်းလည်း ဖြစ်သည်။

“ကျွန်တော်က ဒီအခန်းထဲမှာ အိပ်နေတာပါ။ သူရိန်တို့ အဖွဲ့တွေ ဝင်လာပြီး ပစ္စည်းတွေကော ဂျာနယ်တွေကော သိမ်းသွားတာ။ လူကိုတော့ ဘာမှ မလုပ်ပါဘူး။ သူတို့နဲ့က အစကတည်းက ရင်းလည်း ရင်းနှီးပါတယ်”ဟု CCTV မှတ်တမ်းစက်ထားရှိသော အခန်းတွင် အိပ်နေသည်ဆိုသော အယ်ဒီတာ အဖွဲ့ဝင် ဦးတင်အေးကဆိုသည်။

သတင်းဂျာနယ် တိုက်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သား ကိုသူရိန်နှင့် အဖွဲ့များက ပစ္စည်းများ သိမ်းဆည်းနေစဉ်တွင် ဂျာနယ်တိုက်၏ အပြင်ဖက်တွင် ဖိုးလပြည့်နှင့် သူရိယအလင်းဂျာနယ်၏ ထုတ်ဝေသူ ဦးယုနိုင်လည်း ရှိနေခဲ့သည်ဟုလည်း ဆက်လက် သိရသည်။

အက္ခရာနိုင်(မြန်မာ့ခေတ်)

မြန်မာ့ခေတ်
ဦးသန်းရွှေ မြေး ဖိုးလပြည့်နဲ့ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်ရဲ့သားအပါအဝင် ၁၁ ဦးက သူရိယ သတင်းဂျာနယ်တိုက်မှ ကွန်ပျူတာကို ဝင်သိမ်းသွားကြောင်းသတင်းရရှိပါတယ်.အပေါ်ကပုံကြောင့် အငြိုးထားလေသလော...အသိမ်းခံရတာ ကွန်ပျူတာ တစ်လုံးမဟုတ်ပါဘူး။ ၁၄လုံးပါ။ ရုံးက CCTV ကို A4 စာရွက်နဲ့အုပ်ပြီးလုပ်သွားတယ်လို့ ပြောပါတယ်။

ကဲ ၊ ဘယ်လိုတိုင်းပြည်လဲဗျာ။လက်ရှိအုပ်ချုပ်နေတဲ့လူတွေ ကို ရှိတယ်လို့ တောင်မထင်ကြပုံများ။ မြို့လည်ခေါင် အထင်ကရ hotel ကြီးမှာ တည်းရင်းခိုရင်းဗုံးထောင်သွားတဲ့သူကထောင်။ ခုလည်း နာမည်ကျော် လမ်းမတော်ဖိုးလပြည့် နဲ့ အဖွဲ့ ကမ္ကာအေး က သူရိယ သတင်းစာ တိုက်ကို ည ၁နာရီလောက်က လူအုပ်နဲ့ ဝင်စီးနင်းပြီး ကွန်ပြူတာ တစ်လုံးကို ယူဆောင်သွားလို့ ဆိုပဲ ။ ဝန်ကြီးသားတစ်ယောက်လည်းပါသေးတယ် လို့ သူရိယ စာစောင်ကိုဦးစီး ထုတ်လုပ်သူ ကိုမိုးဟိန်း က သူနဲ့ နီးစပ်ရာ နိုင်ငံရေး အသိုင်းအဝိုင်းကို အကြောင်းကြားလာပါတယ်။ တကယ်မှန်တယ်ဆိုရင်တော့ ၊ ဒီကနေ ရှေ့ Hotel တွေ၊ စားသောက်ဆိုင် တွေ အပြင် မီဒီယာရုံးခန်း တွေပါ လူရမ်းကားတွေ ရဲ့ ခြိမ်းခြောက် မှု အန္တရယ်တော့ရှိနေပြီ မို့ တခြားအလုပ်ကလေး ပြောင်းလုပ်ရကောင်းမလား စဉ်းစားနေရ ပြီမိတ်ဆွေတို့ ရေ။(သီဟသွေး)


အဆိုတော် မေခလာဆိုခဲ့တဲ့ ...ကော်လံပေါ်မှာ နူတ်ခမ်းနီ.♪ ♫ ♪ ♫ ♪.ကော်လံပေါ်မှာ နူတ်ခမ်းနီ.♪ ♫ ♪ ♫ ♪ သူလေလည်တာမိပြီ♪ ♫ ♪ ♫ ♪သူလေလည်တာမိပြီ♪ ♫ ♪ ♫ ♪မဟုတ်ပါ.. သူလိမ်လည်တာမိပြီ ဆိုတဲ့ ရဲချုပ်နဲ့ သတင်းထောက်မီဒီယာများ၏ သတင်းစာရှင်းလင်းပွဲ အမေးအဖြေ(ရုပ်/သံ)

“နေတိုးကတော့ ကျနော်တို့ ကေအဲန်ယူအဖွဲ့ရဲ့ စီးပွားရေးလုပ်ငန်းအဖွဲ့တခုမှာ ပါဝင်တဲ့ ပြောရမယ်ဆိုရင် စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ တာဝန်ခံတစ်ယောက် ဖြစ်တယ်ဆိုတာ တင်ပြလိုပါတယ်။” ... တဲ့ (တိကျလိုက်တဲ့ ရဲချုပ်ရယ်။ KNU ကတောင် မသိပါဘူး ဆိုတဲ့ နေတိုးပါလား။ တော်သေးတာပေါ့ ရုပ်ရှင်သရုပ်ဆောင်လို့ မပြောပေလို့။ ကြည့်ရတာ ဆက်ဖော်ရင် နေပြည်တော်က စာဖတ်သူကြီးဆီမှာ ဂိတ်ဆုံးတော့မယ်ထင်ပါရဲ့ :))))

အကြောင်းပြချက်ကလည်း (ရဲချုပ်အပြော စီးပွားရေးလုပ်ငန်းအဖွဲ့တခုရဲ့ ရည်ရွယ်ချက်က ...) ၁ အချက်ကတော့ ခရီးသွားလုပ်ငန်းတွေ တိုးချဲ့လာတာတွေကို အဟန့်အတားဖြစ်စေဖို့နဲ့ နောက်တခါ ၂ အချက်ကတော့ တိုင်းရင်းသားစီးပွားရေးလုပ်ငန်း ဧရိယာတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ တိုးလာမှာ တားဆီးဖို့၊ အဲ့ဒီ့လောက် ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ ... တဲ့ (ရယ်ချင်စရာဗျာ။ ရဲချုပ်ဇော်ဝင်း ... ဘယ်သူရေးပေးတဲ့ ဇာတ်လမ်းတွေ ဖတ်ပြနေရလဲမသိ။ ဇာတ်လမ်းက ယုတ္တိမရှိ မချိတ်အဆက်မမိ တရုတ်သိုင်းကားတွေလို ဖြစ်နေတယ် :
ူLun swe

မြန်မာပိုစ့်ဂလိုဘယ် သတင်းအဖွဲ့

အောက်တိုဘာ လဆန်းပိုင်းမှစတင်ကာ မြန်မာနိုင်ငံ နေရာအနှံ့ အထင်ကရမြို့ကြီးများတွင် ဗုံးတွေ့ရှိမှုများ၊ ဗုံးပေါက်ကွဲမှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ ထိုကဲ့သို့ ဖြစ်ပေါ်မှုများသည် နိုင်ငံတော်သမ္မတဦးသိန်းစိန် အာဆီယံဥက္ကဌရာထူးတာဝန် လွှဲပြောင်းရယူချိန်၊ အရှေ့တောင်အာရှအားကစားပွဲတော်အား အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် လပိုင်းသာလိုတော့သည့် အချိန်တို့နှင့် တိုက်ဆိုင်နေသည်။

ထို့အပြင် ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တစ်တိုင်းပြည်လုံးအပစ်အခတ်ရပ်ဆဲရေး လက်မှတ်ရေးထိုးရန် လပိုင်းသာကျန်၇ှိတော့ချိန်နှင့် ဥပဒေပညာရှင်များက အရည်အသွေး စံချိန်စံညွှန်းမမီဟု ပြောဆိုသတ်မှတ်ထားသည့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား အသစ်ပြန်လည်ရေးဆွဲရေး၊(သို့မဟုတ်)ပြုပြင်ရေးအတွက် လူထုထံမှ ဆန္ဒခံယူပွဲများပြုလုပ်ကာ တစ်တိုင်းပြည်လုံးအတိုင်းအတာအနေဖြင့် လက်မှတ်ကောက်ခံရန် စတင်ကြိုးပမ်းနေချိန်၌ အချိန်ကိုက် ပေါ်ပေါက်လာခြင်းလည်း ဖြစ်နေသည်။

ဗုံးတွေ့ရှိမှုနှင့် ပေါက်ကွဲမှုဖြစ်စဉ်များမှာ အောက်တိုဘာ ၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်အတွင်း ရန်ကုန်မြို့မှ ဖြူးမြို့သို့ ပြေးဆွဲလျက် ရှိသည့် ဇေယျာသိန်းယာဉ်လိုင်းပေါ် တွင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထား သည့် လက်လုပ်ဗုံးတစ်လုံး တွေ့ရှိမှုဖြင့် အစပြုခဲ့သည်။

ထို့နောက် အောက်တိုဘာ ၁၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ၁၇ရပ်ကွက် ၊ကန်လမ်းရှိ ချမ်းမြေ့တည်းခိုခန်းတွင် ည၉နာရီခန့်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အသက်၂၉ နှစ်အရွယ်ရှိ ရဲဝန်ထမ်းတစ်ဦးနှင့် အသက်၂၄ နှစ်အရွယ် မယုခိုင်အမည်ရှိ အမျိုးသမီးတစ်ဦးတို့ သေဆုံးကာ အသက်၂၇နှစ်အရွယ် မငြိမ်းသီတာနှင့် အခြားအမျိုးသမီးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။

အောက်တိုဘာ ၁၃ ရက်၊ နံနက် ၁၂နာရီ ၁၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းရပ်ကွက်ရှိ ကုန်တင်ယာဉ်ရပ်နားကွင်းအနီးရှိ ကားမှတ်တိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ပေါက်ကွဲမှုကြောင့် လူသူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း ကားမှတ်တိုင်မှာ ပျက်စီးသွားခဲ့သည်။ ထို့အပြင် ပေါက်ကွရြာနေရာနှင့် မလှမ်းမကမ်းတွင် မပေါက်ကွဲဘဲ ကျန်ရှိနေသည့် ဗုံးတလုံးကိုလည်း ဖယ်ရှားရှင်းလင်းခဲ့ရသည်။

ဆက်တိုက်ဆိုသလိုပင် ယင်းနေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နှင့် သာကေတ မြို့နယ် ကြားရှိ ယမုံနာလမ်းမဘေးတွင် ချိန်ကိုက်ဗုံးတလုံးပေါက်ကွဲခဲ့ကာ အသက် ၁၄ နှစ်အရွယ် မောင်ထက်အောင်နိုင်နှင့် မောင်ဝင်းမင်းထွေး တို့ ၂ ဦး လက်နှင့်ခြေထောက်များတွင် ဒဏ်ရာရရှိခဲ့သည်။ ထိုနေရာတွင်လည်း မပေါက်ကွဲဘဲ ကျန်ရှိနေသေးသည့် c-4အမျိုးအစား ယမ်းတောင့်၊ ချိန်ကိုက်နာရီတစ်လုံးနှင့် အဖြူနှင့် အ၀ါရောင်ရှိ ၀ါယာကြိုးခွေများကို တွေ့ရှိသိမ်းဆည်း နိုင်ခဲ့သည်။

ထို့အပြင် အောက်တိုဘာလ ၁၄ ရက်၊ နံနက် ၁၀ နာရီတွင် အလုံမြို့နယ် ကမ်းနားလမ်းရှိတနျအနမည စမေု မကဘပ စားသောက်ဆိုင်ရှိ စားပွဲ အမှတ် ၁၉ အောက်တွင် အနက်ရောင်ကြွပ် ကြွပ်အိတ်ဖြင့် ထုပ်ထားသော ဗုံး တစ် လုံးတွေ့ရှိခဲ့သည်။ ယင်းနေ့ နံနက် ၁၀နာရီ ၀န်းကျင်မှာပင် မန္တလေးမြို့ ကျုံးအနောက်ဘက် ၁၆ လမ်းနှင့် လမ်း ၈၀ ထောင့်ရှိ ရွှေဘဲ စားသောက်ဆိုင်တွင် ချိန်ကိုက်ဗုံးတလုံး တွေ့ရှိခဲ့ပြီး စနက်တံဖြုတ်မရသဖြင့် သက်ဆိုင်ရာက ဖောက်ခွဲဖျက်စီးခဲ့ရသည်။ ထိုတစ်နေ့တည်းပင် ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ် ၉လွှာ အခန်းအမှတ် ၉၂၁တွင် ည ၁၁နာရီ ၁၀မိနစ်အချန်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြန်သည်။ ပေါက်ကွဲမှုကြောင့် အသက်၄၃ နှစ်အရွယ် Mrs.Piaiorst အမည်ရှိ အမေရိကန်နိုင်ငံသူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာ ၁၅ရက် နံနက် ၃နာရီ ၄၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေပြည့်စုံ တည်းခိုးခန်းတွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ထိုနံနက်ပိုင်း ၄နာရီ ၄၅ မိနစ်အချိန်မှာပင် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော်၊ ကားရပ်နားကွင်းတွင် ဗုံးတလုံးပေါက်ကွဲခဲ့ပြန်သည်။ ဗုံးပေါက်ကွဲမှု နှစ်နေရာလုံးတွင် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

အထက်ပါ ဗုံးတွေ့ရှိမှုနှင့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များ အနက် ရန်ကုန်မြို့၊ ကုန်သည်ကြီးများဟိုတယ် ပေါက်ကွဲမှုတွင် သံသယရှိသူဟုယူဆရသော စောမြင့်လွင်(ခ)မောထအား မွန်ပြည်နယ်၊ ဘီလင်းမြို့၊ ဘီလင်း - နတ်ကြီး လမ်းပေါ်တွင် ဆိုင်ကယ်စီနေစဉ် ဖမ်းဆီးရမိခဲ့ပြီး၊ တောင်ငူမြို့နယ်၊ ချမ်းမြေ့တည်းခိုခန်း ပေါက်ကွဲမှုတွင် ပြစ်မှုကျူးလွန်သူမှာ စောထွန်းထွန်းဆိုသူဖြစ်နိုင်သည်ဟု ယူဆရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာသည်။

ထိုကဲ့သို့ မြန်မာနိုင်ငံ၏ထူးခြားသော အပြောင်အလဲ ဖြစ်စဉ်များ ပေါ်ပေါက်လာတော့မည့်အချိန်တွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်များ ပေါ်ပေါက်လာခြင်းနှင့်ပတ်သက်၍ ယင်းဖြစ်စဉ်များသည် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေပြီး၊ ဖောက်ခွဲသူများ၏ နောက်ကွယ်တွင် ကြိုးကိုင်သူများရှိသည်ဟု ယူဆရကြောင်း၊ အစိုးရသစ်၏ ငါးနှစ်သက်တမ်းတွင် ယခုအချိန်သည် အရေးအကြီးဆုံးတာဝန်များကို ထမ်းဆောင်နေသည့် ကာလဖြစ်သောကြောင့် လတ်တလောအဖြစ်အပျက် များသည် စိုးရိမ်စရာအခြေအနေ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က မှတ်ချက်ပြု ပြောဆိုသည်။

"လုပ်တဲ့သူတွေရဲ့နောက်ကွယ် မှာ တစ်စုံတစ်ရာရှိမယ်လို့ ယူဆလို့ ရတယ်။ ဒီလိုယူဆရတဲ့အနေအထားကို မဖော်ထုတ်နိုင်သေးတာလည်း တွေ့ရတယ်။ ဒါဟာ တရားဥပဒေ စိုးမိုးမှုနဲ့ တည်ငြိမ်မှုကို ထိခိုက်ပြီးတော့ လူတွေထိတ်လန့်နေရတဲ့ဟာမျိုးက မဖြစ်သင့်ပါဘူး။ အာဆီယံ ဥက္ကဋ္ဌအဖြစ်တာဝန်ယူရမယ်။ ဆီးဂိမ်းကို တာဝန်ယူကျင်းပရမှာ ဖြစ်တဲ့အတွက် နိုင်ငံတကာလေ့လာသူတွေ၊ သတင်းယူမယ့်သူတွေနဲ့ နိုင်ငံတကာ ဧည့်သည်တွေများမယ့် ကာလလည်းဖြစ်တယ်။ မကြာခင်မှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ လှုပ်လှုပ်ရှားရှားဖြစ်မယ့်ကာလည်းဖြစ် တယ်။ ဒီလိုအရေးကြီးတဲ့ကာလမှာ ဖောက်ခွဲမှုတွေလုပ်တာဟာ တမင် လုပ်တာလို့မြင်ပါတယ်။ ဒီလိုလုပ်ဖို့ အတွက် နောက်ကွယ်က ကြိုးကိုင် သူတွေရှိကိုရှိမယ်လို့ မြင်ပါတယ်။ ဒါတွေကို အရေးတကြီးဖော်ထုတ် မှုတွေလုပ်ဖို့လိုသလို ပြတ်ပြတ်သား သားကိုင်တွယ်ဖို့လိုတယ်"ဟု ၎င်းက ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ပေါ်ပေါက်လာသော ဗုံးပေါက်ကွဲမှုများသည် ပြည်သူများကို တုန်လှုပ် ခြောက်ခြားစေပြီး တရားဥပဒေစိုးမိုးမှုအပေါ် ယုံကြည်မှုနည်းပါးစေရန် စိတ်ဓာတ်စစ်ဆင်ရေးနည်းဖြင့် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်း ဇေယျာက သုံးသပ်သည်။

"အကြမ်းဖက်တဲ့ ပုံစံမျိုးမဖြစ်ဘူး။ လူထုကို စိတ်ဓာတ်ခြောက်ခြား အောင်လုပ်တဲ့ ပုံစံမျိုး၊ တစ်နည်း အားဖြင့် စိတ်ဓာတ်စစ်ဆင်ရေး အတွက် ဏူညေ ချပြီးလုပ်နေတယ်လို့ ထင်မိတယ်”ဟု ဦးမင်းဇေယျာကဆိုသည်။

ထို့အပြင် ၎င်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်၍ ဆန္ဒသဘောထားခံယူရန် လုပ်ဆောင်နေချိန်နှင့် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာ လက်မှတ်ရေးထိုးရန် ဆောင်ရွက်နေချိန်၊ ဆီးဂိမ်း၊ အာဆီယံဥက္ကဋ္ဌ စသည်ဖြင့် ကျဉ်းထဲကျပ်ထဲတွင် ဂရုတစိုက် လုပ်ဆောင်ရမည့် အချိန်တွင် ယခုကဲ့သို့ ပြည်သူလူထု ခြောက်ခြားစေရန် ဖန်တီးခြင်းသည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ထင်မြင်ယူဆကြောင်း၊ နောက်ဆက်တွဲအဖြစ် ပြည်သူလူထုအနေဖြင့် အစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့များအပေါ်တွင် ယုံကြည်အားကိုးမှုလျော့နည်းလာမည်ဖြစ်ကာ စီးပွားရေးနဲ့ နိုင်ငံရေးတည်ငြိမ်မှုအပေါ် ထိခိုက်လာမည်ကို စိုးရိမ်ကြောင်း ဆက်လက်ပြောဆိုသည်။

၂၀၀၅ခုနှစ်က ဖြစ်ပွားခဲ့သော မြေနီကုန်း ဒဂုံစင်တာ၊ ၈မိုင်လမ်းဆုံ ကုန်တိုက်၊ ပုဇွန်တောင် ကုန်သွယ်ရေးဗဟို ဌာန တို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများနှင့် ၂၀၁၀ခုနှစ် ဧပြီ ၁၅ရက်၊ သင်္ကြန်ကာလတွင် ဖြစ်ပွားခဲ့သောX20 သင်္ကြန်မဏ္ဍပ် ပေါက်ကွဲမှုများတွင် တရားခံများကို ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပေ။
(X2o သင်္ကြန်မဏ္ဍပ်ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ကိုဖြိုးဝေအောင်အား ဖမ်းဆီးအပစ်ပေးခဲ့သော်လည်း ၂၀၁၂ခုနှစ်အတွင်က ၎င်းပြန်လွှတ်လာကာ အကျဉ်းထောင်တွင် ရရှိလာသော ဒဏ်ရာများကြောင့် သေဆုံးပြီးနောက်ပိုင်း မိသားစုဝင်များက ကိုဖြိုးဝေအောင်တွင် လုံးဝအပစ်မရှိဘဲ တရားဥပဒေစိုးမိုးမှုကင်းမဲ့နေသည့် စစ်အာဏာရှင်လက်ထက်တွင် မတရားအမှုဆင်ဖမ်းဆီးကာ ထောင်ချခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ အတိအလင်းဖော်ထုတ်ကြေညာခဲ့သည်။)

ထိုကဲ့သို့သော ဖြစ်ရပ်မျိုးများ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ဖူးခြင်းများကြောင့် ပြည်သူများ၏သံသယများ ပြောပျောက်စေရန် အုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထုအကျိုးစီးပွားနှင့် တရားဥပဒေစိုးမိုးရေးအတွက် တရားခံအစစ် အမှန်များကို အမြန်ဆုံးဖော်ထုတ် ပေးရန်လိုအပ်ကြောင်း ဦးမင်းဇေယျာ ကပြောကြားသည်။

ပြည်တွင်း၌ ဖြစ်ပေါ်နေသော ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းမှုကို တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်က "အုပ်ချုပ် ရေးနဲ့ဆိုင်တဲ့ကိစ္စပဲ။ ကျွန်မတို့က လိုက်ဖမ်းနိုင်တဲ့ သူတွေမဟုတ်ဘူး။ လုံခြုံရေးအစီအစဉ်အားနည်းတယ်လို့ပြောရအောင်။ ဘယ်တွေမှာ ဗုံး ချတယ်ဆိုတာ ရှိသေးတယ်။ အရေး ကြီးတာက ဘယ်သူတွေလုပ်တာ လဲဆိုတာ မြန်မြန်ဖော်ထုတ်ဖို့ပါပဲ။ ဗုံးတွေဖြစ်တယ်ဆိုတော့ ပြည်သူ တွေက စိုးရိမ်တာပေါ့။ ဒါပေမဲ့ ကျွန် မကတော့ယုံကြည်တယ်။ ကျွန်မ တို့ပြည်သူတွေက ခေါင်းအေးအေး နဲ့ စဉ်းစားတတ်မှာပါ။ ဒါတွေဟာ တမင်လှုပ်လှုပ်ရှားရှားဖြစ်အောင် လို့လုပ်တာဆိုတော့ အဲဒီထောင် ချောက်ထဲဝင်မသွားဖို့လိုတယ်"ဟု သုံးသပ်ပြောကြားခဲ့သည်။

ဗုံးပေါက်ကွဲမှုများသည် ပြုပြင် ပြောင်းလဲရေးကို မလိုလားသော သူ များ၏ နိုင်ငံရေးလုပ်ကြံမှုဖြစ်ပြီး ၎င်းင်းအကျိုးဆက်ကြောင့် တရားဥပ ဒေစိုးမိုးရေးကို ထိခိုက်စေသော် လည်း နိုင်ငံရေး၏ ပင်မရေစီးဖြစ် သော ဒီမိုကရေစီနှင့်လူ့အခွင့်အရေး ကြိုးပမ်းဆောင်ရွက်မှုများကိုတော့ ထိခိုက်မှာမဟုတ်ကြောင်း NDFပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြော သည်။

"သွားနေတဲ့ နိုင်ငံရေးလမ်း ကြောင်းဟာ သူတို့အတွက် အကျိုး မရှိဘူးလို့ထင်တဲ့ အခွင့်အရေးသမား တွေရဲ့ ကြိုးပမ်းမှုသာဖြစ်တယ်။ နိုင်ငံ ရေးပင်မရေစီးကတော့ ပျက်စီးသွား စရာအကြောင်းမရှိဘူး။ ပြည်သူတွေ ကြားမှာ အထိတ်တလန့်နဲ့ သံသယတွဝင်ပြီးတော့ ငါတို့ရဲ့အသက်အိုး အိမ်စည်းစိမ်မလုံခြုံဘူး။ အစိုးရက လည်းကောင်းတာမဟုတ်ဘူး။ လွှတ် တော်ကလည်း ဥပဒေပြဋ္ဌာန်းပြီး တော့ ကာကွယ်ပေးနိုင်တာမရှိဘူး ဆိုပြီး ပြည်သူတွေဟာ ကြံရာမရ ဖြစ်တဲ့အနေအထားရောက်သွားတဲ့ အခါမျိုးဖြစ်တော့မှ ဆူပူမှုတွေဖန်တီး နိုင်တဲ့ အနေအထားလုပ်သလားဆို တာ သံသယဖြစ်ဖွယ်ရှိတယ်။ သို့ပေ မယ့်လည်း ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ရရှိ လိုတဲ့ ပြည်သူတွေရဲ့ ဆန္ဒကိုတော့ ဘယ်သူမှ ဟန့်လို့မရပါဘူး"ဟု ၎င်းင်း ကပြောသည်။

အာဆီယံဥက္ကဋ္ဌရာထူးလွှဲပြောင်း ယူမည့်အချိန်၊ အရှေ့တောင်အာရှ အားကစားပွဲကျင်းပရန် လပိုင်းသာလိုတော့သည့်အချိန်နှင့် တစ် တိုင်းပြည်လုံး အတိုင်းအတာ အပစ် အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးရန်ကြိုးပမ်းနေချိန်တွင် ပြည်တွင်းလုံခြုံရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက သံသယရှိပါက ရှေ့ဆက်မည့်လုပ်ငန်းစဉ်များအပေါ် ထိခိုက်မှုများရှိနိုင်ပြီး၊ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများသည် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး အပေါ် များစွာ ရိုက်ခတ်နေကြောင်း အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ထောက်ပြဝေ ဖန်သည်။

လက်ရှိဖြစ်ပေါ်နေသော ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ လွှတ်တော်တွင် အရေးတကြီးအဆိုတင်သွင်းရန်ကိစ္စအား ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က "လွှတ်တော်ထဲမှာ လောလောဆယ် တင်ထားတာတော့ မရှိသေးဘူး။ ဒါပေမဲ့ စောင့်ကြည့်နေတယ်။ လွှတ် တော်မှာ မေးခွန်း အဆိုတွေတင်ပြီး ဆွေးနွေးတာထက် ဒါကိုအုပ်ချုပ် ရေးပိုင်းက တာဝန်ယူပြီး လက်တွေ့ ကျကျ နိုင်နိုင်နင်းနင်း ပြည်သူတွေ ရဲ့ အသက်အိုးအိမ်လုံခြုံမှုကို တာ ၀န်ယူဖြေရှင်းတာက ပိုအရေးကြီးပါ တယ်"ဟု ပြောကြားသည်။

ယခုလက်ရှိဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်များကြောင့် ပြည်သူလူထုအတွင်း ထိတ်လန့်မှုများကြုံတွေ့နေရကာ အဝေးသင်တက္ကသိုလ်များတွင်ပင် ကျောင်သားကျောင်းသူများ တက်ရောက်မှု နည်းပါလျက်ရှိကြောင်း ကြားသိရသည်။ ထို့အပြင် ပြည်ပခရီးသည် ၀င်ရောက်နှုန်းများလည်း ကျဆင်းနှောင့်နှေးလျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်ရှင်များ၏ ပြောကြားချက်အရ သိရသည်။

အချုပ်အားဖြင့်ဆိုရမူ ယခင်စစ်အစိုးရ လက်ထက်ကတည်းက အားနည်းယိမ်းယိုင်နေသော မြန်မာနိုင်ငံ၏ တရာဥပဒေစိုးမိုးရေး အခြေအနေသည် သမ္မတဦးသိန်းစိန်ဦးဆောင်သည့် အစိုးရသစ်လက်ထက်တွင်လည်း အားနည်းယိမ်း၇ိုင်လျက်ရှိနေသေးကြောင်း ယခုလက်ရှိဖြစ်ပွားနေသော ဗုံးပေါက်ကွဲမှုများက မီးမောင်ထိုးပြနေသကဲ့သို့ ရှိနေသေးတော့သည်။

ဗေလုဝကို ဟာသသရုပ်ဆောင်မို့ ပေါ့သေးသေး မထင်နဲ့ သူ့ရဲ့ တိုင်းပြည်ချစ်စိတ် နိုင်ငံရေးအမြင်နဲ့ ခံယူချက်ကို မိနစ်၄၀ ကျော်လောက် နားထောင်ပြီးရင် အနုပညာသမားတယောက်ရဲ့ နိုင်ငံရေးခံယူချက်ဆိုတာ ဘာလဲ ဆိုတာ ခွဲခြမ်းစိတ်ဖြာမိသွားမယ်။

အပိုင်း(၁)

အပိုင်း(၂)


http://www.president-office.gov.mm/zg/မှ ကူးယူဖော်ပြပါသည်။

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလအတွင်း တိုင်းဒေသကြီးအချို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အရေးယူ ဆောင်ရွက်ချက်များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်း၏ ရှင်းလင်းချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

လေးစားအပ်ပါသော သတင်းစာဆရာကြီးများ၊ ပြည်တွင်း/ ပြည်ပ စာနယ်ဇင်းများမှ တာဝန်ခံများ၊ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ တာဝန်ခံများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ ခင်ဗျာ ရှေးဦးစွာ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေကြောင်း မေတ္တာပို့သလျက် လေးစားစွာ နှုတ်ခွန်းဆက်သ ဂါရဝ ပြုအပ် ပါတယ်။

သတင်းစာဆရာကြီးများနှင့် ဧည့်သည်တော်ကြီးများ ခင်ဗျာ ဒီနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ယခုရက်ပိုင်းအတွင်း ရန်ကုန်၊ တောင်ငူ၊ မန္တလေး၊ စစ်ကိုင်းမြို့ကြီးများမှာ ပေါက်ကွဲမှုဖြစ်စဉ်များ ဖြစ်ပွားရခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ပြည်သူလူထုနဲ့ ပူးပေါင်း၍ စုံစမ်းဖော်ထုတ် ဆောင်ရွက်ခဲ့မှု အခြေအနေ များအား ပြည်သူအားလုံးနဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာများ အားလုံး သိရှိနိုင် စေရန်အတွက် ရည်ရွယ် ပြုလုပ်ရခြင်း ဖြစ်ပါတယ်။

လေးစားအပ်ပါသော သတင်းစာဆရာကြီးများနှင့် ဧည့်သည်တော်ကြီးများခင်ဗျာ နိုင်ငံတော် အတွင်း တိုင်းဒေသကြီးအချို့မှာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့ဘဝ တည်ငြိမ် အေးချမ်းရေး ပျက်ပြားစေရန် ရည်ရွယ်ပြီး မသမာ သူများဟာ အောက်တိုဘာလ အတွင်း ဖောက်ခွဲမှုများ လုပ်ဆောင်ခဲ့ကြပါတယ်။ အထူးသဖြင့် ပြည်သူလူထုများ ထိတ်လန့်မှု၊ စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်ပျက်ပြား စေရန် ဦးတည်ဆောင်ရွက်ခဲ့ရာမှာ ပေါက်ကွဲမှု (၆) ကြိမ်၊ မိုင်းရှင်းလင်းပြီး ဘေးအန္တရာယ် ကင်းအောင် ဆောင်ရွက်ပေးနိုင်မှု (၄) ကြိမ်၊ စုစုပေါင်း (၁၀) ကြိမ် ဖြစ်ပွားခဲ့ပြီး မိုင်းအရေ အတွက် (၁၀) လုံးဖြစ်ကြောင်းနဲ့ ဒီဖြစ်စဉ်မှာ အပြစ်မဲ့ပြည်သူ (၂) ဦး သေဆုံးပြီး (၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း စိတ်မကောင်းဖွယ်ရာ သိရှိခဲ့ရပါတယ်။

ပထမဦးဆုံးဖြစ်စဉ်အနေနဲ့ အောက်တိုဘာလ ၉ ရက်နေ့ ၁၀၀၀ နာရီချိန် ဖြူးမြို့ ကားဂိတ်မှာ ဇေယျာဟိန်းခရီးသည်တင် ကားပေါ်မှ မသင်္ကာဖွယ်ရာ မိုင်းတစ်လုံးတွေ့ရှိရသဖြင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များနှင့် စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ဘေးအန္တရာယ် ကင်းရှင်းအောင် စနစ်တကျ ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်က ပြည်နယ်/ တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အားလုံးကို ယခု ဖြစ်စဉ်ချပြပြီး မိုင်းအန္တရာယ်ကင်းရှင်းရေး လုံခြုံရေး ဂရုပြုဆောင်ရွက်ဖို့နဲ့ လှည့်ကင်း ပတ်ကင်းများနဲ့ နယ်မြေစိုးမိုးမှု ရရှိရေး ဆောင်ရွက်ဖို့ ကြပ်မတ်ညွှန်ကြားခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖြူးမြို့မ ရဲစခန်းက ဥပဒေနဲ့အညီ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ ပုဒ်မ ၅ ဖြင့် ဥပဒေနဲ့ အညီ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိပါတယ်။

အဲဒီလို ဖြစ်ပွားပြီး တစ်ရက်ကျော်ဖြစ်တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့ ၂၀၅၀ နာရီချိန် တောင်ငူမြို့၊ ချမ်းမြေ့တည်းခိုခန်းမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ၂ ဦး သေဆုံး ၁ ဦး ဒဏ်ရာရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ရာ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ စိစစ်ဖော်ထုတ်ချက်အရ မသင်္ကာတရားခံ စောထွန်းထွန်းကို ဖော်ထုတ်နိုင်ခဲ့ပြီး ဝတ္တုပစ္စည်းများ ပုဒ်မ ၃ ဖြင့် ဥပဒေနဲ့ အညီ အမှုဖွင့်အရေးယူဆောင်ရွက်ထား ရှိပါတယ်။

သတင်းစာဆရာကြီးများနှင့် ဧည့်သည်တော်ကြီးများခင်ဗျာ

အောင်ဆန်းလင်း(ခ) ဆန်းလင်းကို ဖမ်းဆီးရမိတဲ့အခြေအနေကို တင်ပြသွားမှာဖြစ်ပါတယ်။

အဲဒီသတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းဖော်ထုတ်ခဲ့ရာမှာ အောက်တိုဘာလ ၁၄ ရက်နေ့ ၁၂၃၀ နာရီအချိန်မှာ လမ်းမတော်မြို့နယ် ကုန်တင်ကုန်ချ အလုပ်သမားရုံးမှာ လုပ်ကိုင်နေတဲ့ အောင်ဆန်းလင်း (ခ) ဆန်းလင်းကို အဲဒီ အလုပ်သမားရုံး အပေါ်ထပ်မှာ တွေ့ရှိဖမ်းဆီး နိုင်ခဲ့ပါတယ်။

ဆက်လက်ပြီး အငှားယာဉ်မောင်း အောင်မင်းဦးကို ဖမ်းဆီးရမိတဲ့ အခြေအနေကို တင်ပြပါမယ်။

ဆက်လက်ဖော်ထုတ်ချက်အရ ၁၄၀၀ ချိန် အငှားယာဉ်မောင်း အောင်မင်းဦးဟာ သာကေတမြို့နယ် (၆) အရှေ့ရပ်ကွက် ဝေဇယန္တာလမ်း အမှတ် (၁၀၁၀) တွင် နေထိုင်ကြောင်း သိရှိရလို့ သွားရောက်စုံစမ်းရာ ခြံတခါးနှင့် နေအိမ်တံခါးသော့ခတ်ထားပြီး ၁၁၃၀ ချိန်ခန့်မှ စလို့ နေအိမ်အပြင်ထွက်ခွာသွားကြောင်း သိရှိရတဲ့အတွက် ဖြန့်ကြက်ရှာဖွေခဲ့ရာ ၂၀၁၃ ချိန် လှိုင်သာယာမြို့နယ်၊ ကျန်စစ်သားလမ်း၊ ပြည့်စုံဝင်း စတိုးဆိုင်ရှေ့မှာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က အောင်မင်းဦးကို တွေ့ရှိဖမ်းဆီးနိုင်ခဲ့ပါတယ်။

အောင်မင်းဦးကို စစ်ဆေးရာမှာ အောက်တိုဘာလ ၁၃ ရက်နေ့ ၁၂၀၀ နာရီချိန်မှာ ကဝမြို့နယ် ကျားတက်ရွာမှ တစ်ရွာတည်းသား သူငယ်ချင်းဖြစ်တဲ့ မောင်မိုး (ဖ) ဦးမြင့်သိန်း မင်္ဂလာတောင်ညွှန့်မြို့နယ်နေသူက တက္ကဆီငှားရမ်းခဲ့ပြီး အောင်မိုးရဲ့ မိတ်ဆွေ (စောမြင့်လွင်) ကို သာကေတမြို့နယ် တိုင်းရင်းသားကျေးရွာမှ ကျောက်တံတားမြို့နယ် Hitachi အပေါ်ဆုံးထပ်မှာရှိတဲ့ ကော်ဖီဆိုင်ကို လိုက်ပို့ခဲ့ပြီး မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်ဘောင်ရပ်ကွက် (၉၄) လမ်း၊ အမှတ် (၃၁) ၊ (၄) လွှာ/ ယာဘက်မှာနေတဲ့ အောင်မိုး ရဲ့ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ ၁၈၀၀ ချိန်မှာ အောင်ဆန်းလင်း၊ အောင်မိုးနဲ့ ဇနီး၊ စောမြင့်လွင်တို့နဲ့ အတူ ဗဟန်းမြို့နယ်ရှိ ရွှေကောင်းဟော့ပေါ့ ဆိုင်ကို သွားရောက် စားသောက်ခဲ့ပြီးတော့ အောင်မိုးနဲ့ ဇနီးတို့ လမ်းခွဲကာ ၁၉၃၀ ချိန် အောင်ဆန်းလင်း၊ စောမြင့်လွင်တို့နဲ့အတူ အလုံမြို့နယ်ရှိ Western Park II စားသောက်ဆိုင်ကို ဆက်လက်သွားရောက် စားသောက်ခဲ့ကြောင်း၊ ၂၂၀၀ ချိန် အဲဒီဆိုင်ကနေ ပြန်လည် ထွက်ခွာပြီး စောမြင့်လွင်ကို အောင်ဆန်းလင်းနဲ့ အတူ ပဲခူးမြို့ထိ ပို့ဆောင်ပေးခဲ့ကြောင်းနဲ့ အောက်တိုဘာလ ၁၄ ရက်နေ့ ၀၅၀၀ နာရီအချိန်မှာတော့ သာကေတမြို့နယ် နေအိမ်ကို ပြန်ရောက် ရှိစဉ် စောမြင့်လွင်က အောင်မင်းဦးကို ဖုန်းဆက်သွယ်ပြီး သူ့ရဲ့ ပိုက်ဆံအိတ် ကားပေါ်မှာကျန်ခဲ့ကြောင်းပြောတဲ့အတွက် ကားပေါ်မှာ တွေ့ရတဲ့ ပိုက်ဆံအိတ်ကို ညီဖြစ်သူ ဝင်းသန်း(၃၅) နှစ် သာကေတ မြို့နယ်နေသူထံ ခေတ္တအပ်နှံပေးခဲ့ကြောင်းသိရပါတယ်။ ဝင်းသန်း အသက် ၃၅ နှစ် (ဖ) ဦးသောင်းစိန်ရဲ့ နေအိမ်မှာ အဲဒီ ပိုက်ဆံအိတ်ကို သွားရောက်ရှာဖွေရာ စောမြင့်လွင် အသက်၂၅ နှစ် ကရင်/ဗုဒ္ဓ၊ ကျပန်း၊ ၃/ ဖပန(နိုင်) ၀၂၂၅၇၆ မလိကျောက်ကျေးရွာ ဖာပွန်မြို့နယ်နေသူရဲ့ မှတ်ပုံတင်ကတ်ပြားနဲ့ အတူ မြန်မာငွေရောရာ ၃၇၁၅၀ ကျပ်၊ လိပ်စာကတ် ၁၀ ခု၊ ဈေးဝယ်ဘောင်ချာ ၁ စောင်နဲ့ ဘော့ပင် ၁ ချောင်းတို့ကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။

အဲဒီလိုသိမ်းဆည်းရမိတဲ့ စောမြင့်လွင်ရဲ့ မှတ်ပုံတင်နဲ့ ရန်ကုန်မြို့တွင်း တည်းခို သွားလာနိုင်မဲ့ နေရာတွေကို စိစစ်အတည်ပြုနေစဉ် ၂၃၂၀ အချိန်မှာ ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ် အခန်းအမှတ် (၉၂၁) မှာ မိုင်းတစ်လုံးပေါက်ကွဲလို့ နိုင်ငံခြားသူ တစ်ဦး ဒဏ်ရာရ တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရတဲ့ အတွက် အဲဒီဟိုတယ်ရဲ့ တည်းခိုသူ စာရင်းများကို အသေးစိတ်စိစစ်တဲ့အခါ စောမြင့်လွင်ဟာ အခန်းအမှတ် (၉၂၁) မှာ အောက်တိုဘာလ ၁၂ ရက်နေ့ ၁၅ ၀၀ အချိန်မှ ၁၃ ရက်နေ့ ၀၆ ၀၀ ချိန်ထိ တည်းခို သွားကြောင်း သိရှိရပြီး ဟိုတယ်ရဲ့ CCTV မှတ်တမ်းများကို စိစစ်ချက်အရလည်း စောမြင့်လွင် ရောက်ရှိသွားလာမှု မှတ်တမ်းများကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီပေါက်ကွဲမှု ဖြစ်စဉ် ကိုလည်း ကျောက်တံတားမြို့မရဲစခန်းမှ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ ပုဒ်မ ၃ ဖြင့်လည်းကောင်း၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၃၈ ဖြင့်လည်းကောင်း ဥပဒေနဲ့အညီ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိပါတယ်။

ဆက်လက်ပြီးတော့ စောမြင့်လွင်အား စုံစမ်းဖမ်းဆီးတဲ့ အခြေအနေများကို ရှင်းလင်း တင်ပြပါမယ်။

ဖမ်းဆီးရမိထားတဲ့ အငှားယာဉ်မောင်း အောင်မင်းဦးဆီက ရရှိတဲ့ သတင်းအချက်အလက် များအရ စောမြင့်လွင်ရဲ့ တည်နေရာကို နည်းပညာ အထောက်အကူနဲ့ အတည်ပြုခဲ့ရာမှာ ဘီးလင်းမြို့မှာ ရှိနေကြောင်း သိရလို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကို ပူးပေါင်းဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၁၅ ရက်နေ့ ၀၇ ၃၀ ချိန် ဘီးလင်းမြို့၊ ဗိုလ်တေဇရပ်ကွက်၊ ဘီးလင်း-နတ်ကြီး-ဖာပွန် သွားလမ်းမပေါ်မှာ ၂၄ယ/ ၉၅၁၀၁ ဆိုင်ကယ်နဲ့ မောင်းနှင်သွားနေတဲ့ စောမြင့်လွင်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ သူ့ကို အောက်တိုဘာလ ၁၅ ရက်နေ့ ၁၁ ၂၀ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကို ခေါ်ယူပြီး ဆက်လက်စစ်ဆေးနိုင်ခဲ့ပါတယ်။


ဆက်လက်ပြီး အောင်မိုးအား စုံစမ်းဖမ်းဆီးခဲ့တဲ့ အခြေအနေများကို တင်ပြပါမယ်။

ဖောက်ကွဲမှုတရားခံ စောမြင့်လွင်ရဲ့ မိတ်ဆွေ မင်္ဂလာတောင်ညွန့်မြို့နယ် နေထိုင်သူ အောင်မိုးကို ဖမ်းဆီးရမိဘို့အတွက် သူရဲ့နေအိမ်ကို သွားရောက်စုံစမ်းရာ တိမ်းရှောင် နေကြောင်း သိရပြီး နည်းပညာ အထောက်အကူနဲ့ သူရဲ့ တည်နေရာကို ရှာဖွေချက်အရ သန်လျင်မြို့၊ ဆေးရုံကြီးအနီးမှာ အောက်တိုဘာလ ၁၄ ရက်နေ့ ၂၃ ၀၀ နာရီအချိန် ဟိုင်းလပ်ဆပ်ဖ်အနက်ရောင် ယာဉ်အမှတ် ၄ ဃ/၂၅၇၆ နဲ့အတူ အောင်မိုးကို တွေ့ရှိဖမ်းဆီးရမိခဲ့ပါတယ်။

အောင်မိုးကို စိစစ်ဖော်ထုတ်ချက်အရ စောမြင့်လွင်ဟာ ရွှေဖူးကုမ္ပဏီပိုင်ရှင် ဦးမြဖူးရဲ့ ကားနဲ့ ရန်ကုန်သို့ လာရောက်ပြီး သူ့ရဲ့နေအိမ်မှာ ၁ ရက် တည်းခိုခဲ့ဘူးကြောင်း၊ စောမြင့်လွင်ဟာ အောက်တိုဘာလ ၁၃ ရက်နေ့ ၀၇ ၀၀ချိန် သူရဲ့ နေအိမ်ကို ရောက်ရှိခဲ့ကြောင်း၊ ရန်ကုန်မြို့မှာ သွားလာ လည်ပတ်နိုင်အောင် သူရဲ့သူငယ်ချင်း ယာဉ်မောင်း အောင်မင်းဦးကို ခေါ်ယူထည့်ပေးလိုက်ကြောင်း၊ ညနေပိုင်းမှာ ရွှေကောင်း ဟော့ပေါ့ဆိုင်၌ ညစာလိုက်ကျွေးကြောင်း၊ ညစာစားပြီး စောမြင့်လွင်က မြို့ထဲတွင် ထပ်မံစားသောက်ဖို့ ယာဉ်မောင်း အောင်မင်းဦး၊ အောင်ဆန်းလင်းတို့နဲ့အတူ ၁၉၃၀ ချိန် ထွက်ခွာသွားကြောင်း ထွက်ဆိုပါတယ်။

ဆက်လက်ပြီး စောမြင့်လွင်ကို စစ်ဆေးဖော်ထုတ်ရရှိမှု အခြေအနေများကို တင်ပြပါမယ်။

စောမြင့်လွင်ဟာ အသက် ၁၆ နှစ်အရွယ်မှာ စတင်၍ KNU ၌ ၅ နှစ် တာဝန် ထမ်းဆောင်ပြီးနောက် ၂၀၀၈ ခုနှစ်မှာ KNU မှ ထွက်ပြီးတော့ ဦးမြဖူးရဲ့ ရွှေဖူးသတ္တု တူးဖော်ရေး ကုမ္ပဏီ၌ နေ့စားအလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်ရာမှ KNU အဖွဲ့အစည်း ရဲ့ စီးပွားရေး အဖွဲ့တစ်ခုမှ နေတိုး(ခ) စောရွှေထူးနဲ့ ခင်မင်ရင်းနှီးခဲ့ကြောင်း၊ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ဘီးလင်းမြို့ ဦးမြဖူးနေအိမ်မှာ ရှိနေစဉ် နေတိုး(ခ) စောရွှေထူး က ဖုန်းဆက်ခေါ်တဲ့အတွက် စက်တင်ဘာလ ၂၈ ရက်နေ့ ၀၇၀၀ ချိန်ထွက်ခဲ့ရာ မလိကျောက် အကောက်ဂိတ်ကို ၁၂၀၀ ချိန်ရောက်ရှိခဲ့ပြီး နေတိုး(ခ) စောရွှေထူးရဲ့ တပည့် မောင်ချမ်းအေး၊ တင်အောင်ဟိန်းတို့ (၂) ဦး ကို တွေ့ရှိရကြောင်း၊ အကောက်ဂိတ်၌ ညအိပ်ပြီး စက်တင်ဘာလ ၂၉ ရက်နေ့မှာ နေတိုး(ခ) စောရွှေထူးက အိတ်(၁)လုံးဖွင့်ပြလို့ မိုင်း (၁၀) လုံး တွေ့ရှိရပြီး ဖောက်ခွဲနည်းကို (၁၅) ကြိမ်လောက် သင်ကြားပေးခဲ့လို့ တတ်မြောက်ခဲ့ကြောင်းနဲ့ နေတိုး(ခ) စောရွှေထူးက ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေမှာ မိုင်းထောင် ဖောက်ခွဲဖို့ မိုင်းနှစ်လုံးနဲ့ ငွေကျပ် ၅ သိန်းပေး စေခိုင်းခဲ့ပြီး သူလဲ ဘီးလင်းသို့ ပြန်လာခဲ့ကြောင်း သိရှိရပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့ ၀၆၀၀ ချိန် ဘီးလင်းနေအိမ်မှာ ရှိနေစဉ် နေတိုး(ခ) စောရွှေထူးက ဦးမြဖူးဆီ ဖုန်းနဲ့ ဆက်သွယ်ပြီး သူနဲ့အတူ ရန်ကုန်ကိုလာဘို့ ပြောတာကြောင့် ၁၂၀၀ ချိန် ဦးမြဖူးနဲ့ အတူ ရန်ကုန်ကို သွားခဲ့ကြောင်း၊ ၁၈၀၀ ချိန် နေတိုး(ခ) စောရွှေထူးနဲ့ စိုးမြင့်အောင်တို့ အိုလံပစ် ဟိုတယ်မှာ ရှိကြောင်း ဖုန်းဆက်ပြောတဲ့အတွက် အဲဒီဟိုတယ်ကို သွားရောက်တည်းခိုခဲ့ကြောင်း၊ အဲဒီလို တည်းခိုစဉ် ဦးမြဖူးက ဝင်းကိုကိုအမည်နဲ့ လည်း ကောင်း၊ နေတိုး(ခ) စောရွှေထူးက စောရွှေထူး (၃၀) နှစ်၊ (ဖ) ဦးပန်းအောင်၊ ၃/ဖပန(နိုင်) ၀၂၄၀၈၅ အမည်နဲ့လည်းကောင်း တည်းခိုကြရာမှာ နေတိုး(ခ) စောရွှေထူးက အခန်းအမှတ် (၁၀၄)၊ စိုးမြင့်အောင်နဲ့ သူက အခန်းအမှတ် (၁၀၉)မှာ ညအိပ်ပြီး ဦးမြဖူးဟာ ဟိုတယ် အပေါ်ထပ်မှာ သွားရောက် အိပ်ခဲ့ကြောင်း သိရှိရပါတယ်။

အောက်တိုဘာလ ၅ ရက်နေ့မှာ ချောင်းသာကို သွားခဲ့ကြပြီး ချောင်းသာ ဟိုတယ်မှာ နေတိုး(ခ) စောရွှေထူးက သူ့ကို နိုင်ငံခြားသားတွေ တည်းခိုတဲ့ ကုန်သည်ကြီးများဟိုတယ်၊ ဆီဒိုးနားဟိုတယ်နဲ့ နိုင်ငံခြားသား စားသောက်ဆိုင်တွေကို အဓိကထား ဖောက်ခွဲရမည် ဖြစ်ကြောင်း၊ ဖောက်ခွဲရတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံခြားသားများ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ပြီး တိုင်းရင်းသားများရဲ့ စီးပွားရေး လုပ်ငန်းများမှာ ဝင်ရောက်လုပ်ကိုင်လာမှုများ အဟန့်အတားဖြစ်စေဖို့ ဖြစ်ကြောင်း၊ အောက်တိုဘာလ ၁၅ ရက်နေ့နောက်ဆုံး ထားပြီး နှစ်နေရာ လုပ်ပေးရမှာ ဖြစ်ကြောင်း၊ အဲဒီလို လုပ်ပေးပါက ရွှေတူးဖော်ခွင့် လုပ်ကွက်ပေး မယ်လို့ ပြောတာမို့ သူက သဘောတူ လက်ခံခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာ ၆ ရက်နေ့မှာ သူတို့အဖွဲ့ ရန်ကုန်ကို ပြန်လာတာ အိုလံပစ် ဟိုတယ်မှာ နေတိုး (ခ) စောရွေထူး က အခန်းအမှတ် (၁၀၃)၊ သူက အခန်းအမှတ် (၁၀၄) တွင် တည်းခိုပြီး ဦးမြဖူးနဲ့ ဦးစိုးမြင့်အောင်တို့က နေအိမ်ပြန်အိပ်ကြကာ ညနေမှာတော့ နေတိုး (ခ) စောရွေထူးက သူ့ကို ကုန်သည်ကြီးများ ဟိုတယ်ကို လေ့လာဖို့ ဦးမြဖူးနဲ့ စေလွှတ် ခဲ့ကြောင်း သိရှိရပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့မှာ နေတိုး (ခ) စောရွေထူးက သူ့ကို ဘီးလင်းသို့ ပြန်လည် စေလွှတ်တဲ့အတွက် ပြန်လာခဲ့ပြီး နေတိုး (ခ) စောရွေထူးတို့မှာ ရန်ကုန်၌ ကျန်ရစ်ခဲ့ ကြကြောင်း၊ နေတိုး (ခ) စောရွေထူး၊ စိုးမြင့်အောင်၊ ဦးမြဖူး ယာဉ်မောင်း ဇော်လတ်မောင် တို့ဟာ အဖြူရောင် Mark-X ကားနဲ့ မန္တလေးဘက်သို့ ခရီးသွားရန်ရှိကြောင်း သိရပါတယ်။

စောမြင့်လွင်ဟာ အောက်တိုဘာလ ၁၂ ရက်နေ့မှာ မိုင်းနှစ်လုံးယူဆောင်ပြီးတော့ ဘီးလင်းကနေ ကားငှားထွက်ခွာခဲ့ရာ ၁၄၀၀ ချိန် ရန်ကုန်မြို့ကို ရောက်ရှိပြီး ၁၄၃၀ ချိန် ကုန်သည်ကြီးများ ဟိုတယ်အခန်းအမှတ် (၉၂၁) ကို ရောက်ရှိ တည်းခို ခဲ့ကြောင်း၊ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၀၃၀၀ ချိန် အိပ်ရာမှထပြီး မိုင်းတစ်လုံးထုတ်ကာ မိုင်းခွဲမဲ့ အချိန်ကို (၄၈) နာရီပြတဲ့ ပဉ္စမပေါက်အတွင်းသို့ ဝါယာကြိုး တစ်စ ထည့်ပြီး ရေအိမ်သာနောက်၌ ထောင်ထားခဲ့ကြောင်း၊ အဲဒီနောက် နံနက် ၀၆၀၀ ချိန် ဟိုတယ်မှ ထွက်ခွာလာပြီး ရွှေဖူးသတ္တု တူးဖော်ရေး ကုမ္ပဏီမှာ ရင်းနှီးခဲ့တဲ့ တာမွေမြို့နယ်နေ ကိုအောင်မိုးထံ ဖုန်းနဲ့ ဆက်သွယ်ပြီး ကိုအောင်မိုး နေအိမ်ကို ရောက်ခဲ့ကြောင်း၊ ၁၂၀၀ ချိန် ရန်ကုန်မြို့တွင်း လည်ပတ်ခဲ့ပြီး ၁၆၃၀ ချိန် ကိုအောင်မိုး အိမ်ပြန်ရောက် ခဲ့ကြောင်းနှင့် ၁၈၀၀ ချိန်ခန့်တွင် ကိုအောင်မိုးတို့ လင်မယားနဲ့ အတူ ရွှေကောင်းစားသောက်ဆိုင်သို့ သွားရောက်စားသောက်ခဲ့ကြကြောင်း သိရှိရပါတယ်။

အဲဒီကမှတစ်ဆင့် ၁၉၃၀ ချိန် အလုံမြို့နယ်၊ Western Park II စားသောက်ဆိုင်ကို သွားရောက်ခဲ့ပြီး စားပွဲအမှတ် (၁၉) ၌ အငှားယာဉ်မောင်း အောင်မင်းဦး၊ အောင်ဆန်းလင်း တို့နဲ့ ဘီယာသောက်နေစဉ် အငှားယာဉ်ပေါ်ရှိ ကျောပိုးအိတ်အတွင်းမှ လက်ကျန်မိုင်း တစ်လုံးကို ကြွပ်ကြွပ်အိတ်အနက်နဲ့ ယူဆောင်၍ စားပွဲအမှတ် (၁၉) အောက်တွင် ထောင်ထားခဲ့ကြောင်းနှင့် ၂၂၀၀ ချိန် အငှားယာဉ်မောင်း ကို ပဲခူးမြို့သို့ လိုက်ပို့ရန် ငွေကျပ် ၇၀၀၀၀ ဖြင့် ငှားရမ်းပြီး ရန်ကုန်မြို့မှ ထွက်ခွာခဲ့ရာ ၂၄၀၀ ချိန် ရွှေမော်ဓောဘုရားအနီး နေထိုင်တဲ့ ယခင်က ခင်မင်ရင်းနှီးသူ ရွှေတွင်းပိုင်ရှင် ဦးသိန်းဝင်းရဲ့ နေအိမ်သို့ ရောက်ရှိ ညအိပ်ခဲ့ကြောင်း သိရှိရပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့ ၀၇၀၀ ချိန် ပဲခူးမြို့မှ ဘီးလင်းမြို့သို့ ထွက်ခွာလာရာ ၀၉၀၀ ချိန် ရောက်ရှိခဲ့ပြီး ဦးမြဖူးရဲ့ နေအိမ်၌ တည်းခိုးနေထိုင်ကြောင်းနဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ ၀၇၄၅ ချိန် သူပိုင်တဲ့ ဆိုင်ကယ်နဲ့ စီးနင်းသွားလာစဉ် ဘီးလင်းမြို့နယ်၊ ဗိုလ်တေဇရပ်ကွက်၊ အောင်မင်္ဂလာလမ်းမပေါ် အရောက်တွင် ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ဘီးလင်းမြို့မှ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကို ခေါ်ဆောင်စစ်ဆေးခြင်း ခံခဲ့ရကြောင်း ထွက်ဆိုခဲ့ပါတယ်။

လေးစားအပ်ပါသော သတင်းစာဆရာကြီးများနှင့် ဧည့်သည်တော်ကြီးများ ခင်ဗျာ ဆက်လက်၍ မန္တလေး၊ စစ်ကိုင်းဖြစ်စဉ်များကို ရှင်းလင်း တင်ပြသွားပါမယ်။

အောက်တိုဘာလ ၁၄ ရက်နေ့ ၁၃၁၅ ချိန် မန္တလေးမြို့ ၁၆x၈၀ လမ်းထောင့် ရွှေဘဲ စားသောက်ဆိုင်အပေါ်ထပ်မှာ မသင်္ကာဖွယ်ရာ အထုပ်တွေ့ရှိရပြီး ၁၆ လမ်းတောင်ဘက် ပလက်ဖောင်းမှာ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့နဲ့ စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များက အဲဒီအထုပ်အတွင်းရှိ မိုင်းကို ဖောက်ခွဲ ဖျက်ဆီးပြီး ဘေးအန္တရာယ် ကင်းရှင်းအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီဖြစ်စဉ် မှာလည်း အောင်မြေသာစံ မြို့မ ရဲစခန်းမှ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ ပုဒ်မ ၃ ဖြင့် ဥပဒေနဲ့အညီ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့ ၀၃၃၀ ချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းလမ်းရပ်ကွက်၊ ရွှေပြည့်စုံ ဟိုတယ်အပေါ်ထပ်နဲ့ ၀၅၄၅ ချိန် စစ်ကိုင်းတောင်ပေါ်ရှိ ဆွမ်းဦးပုညရှင် မုခ်ဦးအဝင် ယာဉ်ရပ်နားစခန်းမှာ မိုင်းတစ်လုံးစီ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာ ရရှိမှုများ မရှိကြောင်း သိရှိရပါတယ်။ ဒီဖြစ်စဉ်များကိုလည်း စစ်ကိုင်းမြို့မ ရဲစခန်းမှ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ ပုဒ်မ ၃ ဖြင့် ဥပဒေနဲ့အညီ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိပါတယ်။

အဆိုပါ ဖြစ်စဉ်များ ဖြစ်ပွားမှုနှင့် ပတ်သက်လို့ ရဲချုပ်ဟာ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးတို့နဲ့ အတူ အောက်တိုဘာလ ၁၅ ရက်နေ့မှာ အခင်းဖြစ်ပွားတဲ့ နေရာများအား အသေးစိတ် စစ်ဆေးပြီး အခင်းဖြစ်နေရာ များမှာ တပ်ဆင်ထားရှိတဲ့ CCTV ကင်မရာမှတ်တမ်းများမှာရှိတဲ့ မှတ်တမ်းဓာတ်ပုံတွေကို ထုတ်ယူပြီးနောက် ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေးမြို့ ဖြစ်စဉ်များကို ဆက်စပ်ဖော်ထုတ် သွားဖို့ ညှိနှိုင်းဆွေးနွေး ညွှန်ကြားခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဟာ အခင်းဖြစ်ပွားတဲ့ ဟိုတယ်ကို အသေးစိတ် စစ်ဆေးရာမှာ တရားခံ စောမြင့်လွင်ရဲ့ ထွက်ဆိုချက်မှာ ပါတဲ့ နေတိုး (ခ) စောရွှေထူးနဲ့ ဇော်လတ်မောင်တို့ဟာ တည်းခိုသူ စာရင်း၌ ဇော်လတ်မောင် နာမည် တစ်ခုသာ ပေး၍ နှစ်ဦးတည်းခိုသွားကြောင်း မသင်္ကာဖွယ် တွေ့ရှိရလို့ ဟိုတယ်ရဲ့ CCTV မှတ်တမ်းအား ဆက်လက် ရှာဖွေခဲ့ရာ မသင်္ကာဖွယ် တရားခံဓာတ်ပုံများ ရရှိခဲ့တာကြောင့် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ကို ပေးပို့ စိစစ်စေခဲ့ရာ ဇော်လတ်မောင်နဲ့ နေတိုး (ခ) စောရွေထူးတို့ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ အဲဒီနောက် ဆွမ်းဦးပုညရှင်၊ ကောင်းမှုတော်ရှိ CCTV များက မှတ်တမ်းများနဲ့ တိုက်ဆိုင်စစ်ဆေးခဲ့ရာမှာ အဆိုပါ နေရာများကိုလည်း Mark-X အဖြူရောင် ၆ဂ/၅၉၄၈ နဲ့ ရောက်ရှိသွားလာ ခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ထိုနည်းတူစွာ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကလည်း အဆိုပါ ဓာတ်ပုံများနှင့် ရွှေဘဲ စားသောက်ဆိုင်ရှိ CCTV မှ မှတ်တမ်းပုံများကို ဆက်လက် တိုက်ဆိုင်ကြည့်ရှုရာမှာ အဲဒီ မသင်္ကာဖွယ် တရားခံများဟာ မိုင်းတွေရှိတဲ့ စားပွဲ အမှတ် (၁၄) ၌ အောက်တိုဘာလ ၁၃ ရက်နေ့ ၁၂၀၀ ချိန်ခန့်မှာ စားသောက်ခဲ့ကြောင်း ဖော်ထုတ်ရရှိတဲ့အပြင် စားပွဲအောက်မှာ မိုင်းကို ချည်နှောင်ထားခဲ့တဲ့ သွပ်ကြိုးစကို သိမ်းဆည်းရမိခဲ့ပါတယ်။

လေးစားအပ်ပါသော သတင်းစာဆရာကြီးများနဲ့ ဧည့်သည်တော်ကြီးများ ခင်ဗျာ

စစ်ကြောဖော်ထုတ်ချက်များအရ အဲဒီဖြစ်စဉ်မှာ ပါဝင်တဲ့ ဇော်လတ်မောင်နဲ့ ယာဉ်ပိုင်ရှင် ဦးမြဖူး တို့ကို မွန်ပြည်နယ် ရဲတပ်ဖွဲ့ဟာ KNU အဖွဲ့အစည်းရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖမ်းဆီးနိုင်ခဲ့ပြီး အောက်တိုဘာလ ၁၆ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့သို့ ပို့ဆောင် စစ်ဆေးခဲ့ပါတယ်။

ဇော်လတ်မောင်ရဲ့ ထွက်ဆိုချက်အရ မန္တလေးမြို့၊ စစ်ကိုင်းမြို့တို့မှ အခင်းဖြစ် နေရာများကို နေတိုး (ခ) စောရွေထူးနဲ့ အတူ ရောက်ရှိခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နေတိုး (ခ) စောရွေထူး၊ ဇော်လတ်မောင်တို့အဖွဲ့ဟာ ခရီးစဉ်၌ တောင်ငူ၊ ညောင်ဦး၊ မကွေး၊ ပုပ္ပါးမြို့ များကို ရောက်ရှိသွားလာခဲ့ကြောင်း သိရှိရတာကြောင့် ပြည်သူလူထု ဘေးကင်း လုံခြုံရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနဲ့ စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး သံသယဖြစ်ဖွယ်နေရာတွေကို မိုင်းအန္တရာယ် ကင်းရှင်းရေး ရှင်းလင်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။



အခင်းဖြစ်နေရာများက သိမ်းဆည်းရမိခဲ့တဲ့ သက်သေခံ ပစ္စည်းများအပေါ် မှုခင်းတပ်ဖွဲ့ရဲ့ ကျွမ်းကျင်သူ ထင်မြင်ချက်များ အရ အောက်တိုဘာက ၉ ရက်နေ့ ဖြူးမြို့ဖြစ်စဉ်၊ အောက်တိုဘာလ ၁၁ ရက်နေ့ တောင်ငူမြို့၊ ချမ်းမြေ့တည်းခိုခန်း ဖြစ်စဉ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းဖြစ်စဉ်နဲ့ သာကေတမြို့နယ်၊ ၃/မာန်ပြေ ရပ်ကွက်ဖြစ်စဉ် များက မိုင်း (၅) လုံးရဲ့ အသုံးပြု ပစ္စည်းများ နှိုင်းယှဉ်ရာမှာ TNT ယမ်းတုံး ၀.၅ ပေါင်စီ၊ ဒီတိုနေတာမှာ ဝါ/ဖြူ ဝါယာကြိုးနဲ့ ကြိုးအရှည် ၁၀ ပေ ခန့်စီ၊ ဘက်ထရီ ၉ ဗို့စီ၊ မီးတိတ် အနက်ရောင်များ၊ ချိန်ကိုက်နာရီ ၁.၅ ဗို့ ဓာတ်ခဲပါ မိုင်း (၄) လုံးနဲ့ ထောင်ချောက် မိုင်း (၁) လုံး အသုံးပြုခဲ့ကြောင်း တွေ့ရှိရတာကြောင့် အဖွဲ့အစည်း/ လူတစ်ဦးတည်းမှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းနဲ့ ဒေသလုပ် မိုင်းများဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။

အလားတူ အောက်တိုဘာ ၁၄ ရက်နေ့ အလုံမြို့နယ်၊ Western Park II ဖြစ်စဉ်နဲ့ အောင်မြေသာစံမြို့နယ်၊ ရွှေဘဲ စားတော်ဆက်ဖြစ်စဉ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ ကျောက်တံတားမြို့နယ်၊ Traders Hotel၊ စစ်ကိုင်းမြို့၊ ရွှေပြည့်စုံ ဟိုတယ်နဲ့ ဆွမ်းဦး ပုညရှင် စေတီဖြစ်စဉ်တို့က မိုင်း (၅) လုံးရဲ့ အသုံးပြုပစ္စည်းများ နှိုင်းယှဉ်ရာမှာ M-67 လက်ပစ်ဗုံး တစ်လုံးစီ၊ ဒီတိုနေတာ ဝါ/ဖြူ ဝါယာကြိုးနဲ့ ကြိုးအရှည် ၅ လက်မ ခန့်စီ၊ Sequence Controller များ အသုံးပြုခဲ့ကြောင်း တွေ့ရှိရတဲ့အတွက် အဖွဲ့အစည်း တစ်ခုတည်းမှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်းနဲ့ ဒေသလုပ်မိုင်းများ ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။

ရန်ကုန်ဖြစ်စဉ်နှစ်ခုမှာ နေတိုး (ခ) စောရွေထူးရဲ့ စေခိုင်းချက်ကြောင့် စောမြင့်လွင် ဆောင်ရွက်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တဲ့အတွက်ကြောင့် လည်းကောင်း၊ ကျန်တဲ့စစ်ကိုင်း မန္တလေးဖြစ်စဉ် သုံးခုမှာ အသုံးပြုခဲ့တဲ့ ပစ္စည်းများနှင့် တပ်ဆင်ပုံစနစ် တူညီမှုကြောင့် လည်းကောင်း၊ အဆိုပါနေရာတွေကို နေတိုး (ခ) စောရွေထူးနှင့် နေတိုး ဦးဆောင်တဲ့ အဖွဲ့က ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်ကြောင်း တွေ့ရှိရပါတယ်၊ စစ်ကြောဖော်ထုတ်ချက်များအရ နိုင်ငံအတွင်းမှာ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်တွေ ဝင်ရောက်လုပ်ကိုင်မှုကို ခြိမ်းခြောက်လိုတဲ့ အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ခိုင်လုံစွာ သိရှိရပါတယ်။ ဆက်လက် စစ်ကြော ဖော်ထုတ်ချက်များအရ ပိုမိုတိကျတဲ့ သတင်း အချက်အလက်များ ရရှိမှုကို သတင်းထုတ်ပြန် ပေးသွားမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော သတင်းစာဆရာကြီးများနဲ့ ဧည့်သည်တော်ကြီးများခင်ဗျာ

ဒီပေါက်ကွဲမှုဖြစ်စဉ်များမှာ ကျူးလွန်သူများနဲ့ ပါဝင်ပတ်သက်သူများကို ဖော်ထုတ်နိုင်ရေး အတွက် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများထံမှ နည်းပညာ အထောက်အကူများ ရယူ၍ လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ချုပ် Interpol မှ စုံစမ်းစစ်ဆေးရေးနဲ့ သတင်း အချက်အလက် အထောက်အကူများရယူ၍ လည်းကောင်း ကြိုတင်ကာကွယ်ရေး ဆိုင်ရာ အကြံပြုချက်များ၊ သတင်းအချက်အလက်များ ရရှိရေးအတွက် လည်းကောင်း ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း အသိပေးတင်ပြလိုပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ပြည်သူလူထုနဲ့ပူးပေါင်းပြီး နည်းပညာ အထောက်အကူ ပစ္စည်းများကို အခြေခံ၍ စုံစမ်းဖော်ထုတ်နိုင်မှုများကြောင့် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူ၊ ဖြစ်စဉ်များ၊ ကျူးလွန်တဲ့တရားခံများနဲ့ ပါဝင်ပတ်သက်သူများကို အချိန်တိုအတွင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး စုစုပေါင်း ၈ ဦးကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ထို့အပြင် အဓိက ပါဝင် ပတ်သက်နိုင်တဲ့ ကျန်တရားခံများကို ဆက်လက် ဖော်ထုတ်ဆောင်ရွက်နေဆဲ ဖြစ်ပါကြောင်းနဲ့ မိဘပြည်သူများရဲ့ စိုးရိမ်စိတ်များ လျော့ပါးစေရန်နဲ့ ဖြစ်စဉ်ဖြစ်ရပ် တို့ကို ဆောလျင်စွာ အသိပေးလိုပါသဖြင့် ယခုကဲ့သို့ ရှင်းလင်း တင်ပြရခြင်း ဖြစ်ပါတယ်။

လေးစားအပ်ပါသော မိဘပြည်သူများ၊ သတင်းစာဆရာကြီးများနဲ့၊ ဧည့်သည်တော်ကြီးများ ခင်ဗျာ

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ပြည်သူကို ဗဟိုပြုလျက် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးတို့အပြင် ပြည်သူတစ်ရပ်လုံး စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် အစဉ် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်းနဲ့ ပြည်သူလူထု တစ်ရပ်လုံးကလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ လက်တွဲ၍ ဆက်လက် ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် အလေးအနက် မေတ္တာရပ်ခံပန်ကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ရှိပါကြောင်း တင်ပြအပ်ပါတယ်။



ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင် ရာပြည်သူ့ကွန်ရက်ကို နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများဖြင့် ပေါင်းစုကာ အောက်တိုလာလ ၁၇ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး အဆိုပါ အဖွဲ့အနေဖြင့် ပြုပြင်ရန်(သို့) အသစ်ရေးဆွဲရန် ထောက်ပြဝေဖန်မှုများရှိနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ပြည်သူများ ပိုမိုသိရှိနားလည်နိုင်စေရန် အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ယင်းကွန် ရက်မှ သိရသည်။

ထို့ပြင် အဆိုပါ ကွန်ရက်မှ ဦးဆောင်၍ ပထမဆုံးအကြိမ် လှုပ်ရှားမှုအဖြစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမ၌ အခြေခံဥပဒေဆိုင်ရာ လူထုဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပွဲအား ဦးဆောင်ဆွေးနွေးခဲ့သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က “ပြည်သူများ အနေနဲ့ အခုလို ပြင်ဖို့ သို့မဟုတ် အသစ်ရေးဆွဲဖို့ အခွင့်အခါ ကြုံကြိုက်တဲ့အခါမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထူထောင်နိုင် ဖို့အတွက် တစ်ကယ့် စိတ်ပါကိုယ်ပါ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ကြပါ”ဟု တိုက်တွန်း ပြောကြား သည်။

ထိုပွဲသို့ တက်ရောက်ခဲ့သည့် ၀ါရင့်စာရေးဆရာ ဦးဖေမြင့်က “ဒီဖွဲ့စည်းပုံ အခြေခံနဲ့သက်ဆိုင်တဲ့ ပြည်သူလူ ထုကြီး အနေနဲ့လည်း ထောက်ခံသလား၊ ကန့်ကွက်သလားဆိုတာကို လာပြီး ဆန္ဒတောင်းတဲ့အခါကျမှ ပြောတာထက် ကျွန်တော်တို့ ပြည်သူလူထုသည် သဘောဆန္ဒတွေကို ဒီအချိန်ခါမျိုးမှာ သူများမတောင်းခင် ကြိုကြိုတင်တင် ပြောတာ ပိုကောင်းတယ်လို့ ခံယူပါတယ်”ဟု ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်သည် အောက်တိုဘာ ၁၇ ရက် ရက်စွဲဖြင့် သဘောထား ကြေညာချက်ကိုလည်း ထုတ်ပြတ် ကြေညာခဲ့သည်။ အဆိုပါ သဘောထားကြေညာချက်တွင် အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှ ဆင်းသက်ရမည်၊ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးများ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိရမည်၊ ပြည်ထောင်စုကို ဖယ်ဒရယ်ပြည်ထောင်စု စစ်စစ်မူဖြင့် ဖွဲ့စည်းရမည်၊ လူနည်းစုများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးရမည်၊ ဒီမိုကရေစီအခွင့်အရေး အခြေခံလူ့အခွင့်အရေးနှင့် ကျား/မဆိုင်ရာ တန်းတူညီမျှမှုကို အခြေခံရမည်၊ ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရမည်၊ ဘာသာရေးကို အခြေမခံသော နိုင်ငံဖြစ်ရမည်၊ အရပ်ဘက် အုပ်ချုပ်မှုအောက်တွင် လက်နက်ကိုင်တပ်ဖွဲ့များ ထားရှိရမည် စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ၏ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေး အတွက် လူထုဆန္ဒ ကောက်ခံ ရာတွင် လက်ရှိအချိန်အထိ အခြေခံဥပဒေ ပြင်ဆင်လိုသည့် ဆန္ဒမဲကသာ များနေကြောင်း အဆိုပါ ကော်မတီဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၏ ပြောကြားချက်မှ သိရသည်။ NLD အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို စက်တင်ဘာလ ပထမပတ်အတွင်း ဖွဲ့စည်းခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေးကို လူထုဆန္ဒ ကောက်ယူကာ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသို့ နိုဝင်ဘာလအတွင်း ပေးပို့သွားမည် ဖြစ်ကြောင်း NLD ပါတီက ထုတ်ပြန် ကြေညာ ထားသည်။

Yangon chronicle

(Bernama News မှ 17 Oct 2013 ရက်စွဲပါ “Malaysia not pulling out of Myanmar games-Khairy” သတင်းကို ဘာသာပြန်ဆိုသည်)

မကြာသေးမီက မြန်မာနိုင်ငံတွင် ဗုံးပေါက်ကွဲသည့် ဖြစ်ရပ်များကို ကြားသိရသော်လည်း ဒီဇင်ဘာလတွင်ကျင်းပ မည့် မြန်မာ ဆီးဂိမ်းမှ မလေးရှားနှုတ်ထွက်မည်မဟုတ်ဟု ဆိုပါသည်။

မလေးရှားလူငယ်နှင့် အားကစားဝန်ကြီး ခိုင်ရီဂျာမာလူဒင် က ၎င်း၏ ဝန်ကြီးဌာနသည် ရန်ကုန်မြို့ မလေးရှားသံရုံး နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ သတင်းပေးပို့မှုများကို အခြေခံကာ မြန်မာနိုင်ငံမှ အခြေအနေကို အနီးကပ်စောင့်ကြည့် နေသည်ဟု ပြောကြားသည်။

ကြာသာပတေးနေ့က National Sports Complex တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဝန်ကြီးက “မလေးရှား အားကစားသမားတွေကို မစေလွှတ်ခင်မှာ အဲဒီက လုံခြုံရေးအခြေအနေကို ကျွန်တော်တို့ အကဲဖြတ်ရဦးမှာပါ။ လောလော ဆယ်တော့ ဆီးဂိမ်းကို အားကစားသမားတွေ စေလွှတ်မယ့် မူလအစီအစဉ်အတိုင်းပဲ ရှိနေပါသေးတယ်။” ဟု ပြောကြားခဲ့ သည်။

တနလာင်္နေ့က ရန်ကုန်မြို့ ထရိတ်ဒါးဟိုတယ်တွင် အမေရိကန်နိုင်ငံသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည့် ဗုံးပေါက်ကွဲမှု အပါအဝင် လတ်တလော မြန်မာနိုင်ငံတွင် ဗုံးများကွဲနေသည့်ကိစ္စရပ်အပေါ် ဝန်ကြီးကမှတ်ချက် ပေးခဲ့ခြင်းဖြစ် သည်။

သို့ရာတွင် အားကစားသမားများနှင့် တာဝန်ရှိသူများ၏ ဘေးကင်းလုံခြုံရေးသည် အရေးကြီးဆုံးဖြစ်သောကြောင့် အကယ်၍ အခြေအနေဆိုးဝါးလာပါက ပြိုင်ပွဲမှ မလေးရှားနှုတ်ထွက်မည့် အလားအလာကို ဝန်ကြီးဦးခိုင်ရီ က လက်မလွှတ် သေးပေ။

ထို့အပြင် မလေးရှားအားကစားသမားများ မြန်မာနိုင်ငံတွင် ရှိနေစဉ် ၎င်းတို့၏ လုံခြုံရေးကို တာဝန်ယူမည့် ရဲမင်းကြီးဟောင်းတစ်ဦးဖြစ်သူ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒါတွတ်ဝီရာခမာဂူဒင် ၏ စွမ်းရည်ကိုလည်း စိတ်ချယုံကြည် သည်ဟု ဝန်ကြီးကဆိုပါသည်။

၂၇ ကြိမ်မြောက် ဆီးဂိမ်းအားကစားပွဲကို မြန်မာနိုင်ငံ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင်ကမ်းခြေ တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ ပြိုင်ပွဲ အမျိုးအစား ၃၁ မျိုးတွင် မလေးရှားနိုင်ငံက ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

အရှေ့တောင်အာရှတွင် ယခင်စစ်ဖက်အုပ်ချုပ်ခဲ့ပြီး ယခုနှစ်ပိုင်း များအတွင်း မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲ နေသော မြန်မာနိုင်ငံ၌ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရန်၊ တိုင်းရင်းသားများနှင့်ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းရန်၊ ဒေသတွင်း ဆီးဂိမ်းအားကစားပွဲ လက်ခံကျင်းပရန်၊ ၂၀၁၄ အာဆီယံအလှည့်ကျ ဥက္ကဌနေရာ တာဝန်ယူရန် ကြိုတင်ပြင်ဆင် စီစဉ်နေချိန်မျိုးတွင် ထူးထူးခြားခြား ဖြစ်ပေါ်ခဲ့သော ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ သံသယရှိသူများကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းလျက်ရှိသော်လည်း နောက်ကွယ်မှ အကြောင်းရင်းကိုမူ သဲသဲကွဲကွဲ မသိရသေးပေ။

Yangon chronicle

စစ်တပ်က ကျောထောက်နောက်ခံ ပြုပေးထားတာကြောင့် တရုတ်ကုမ္ပဏီတွေ  မြန်မာနိုင်ငံက သယံဇာတ တွေကို ခေါင်းပုံဖြတ်နေ တာဟာ သာမန်လုပ်ရိုးလုပ်စဉ်  ကိစ္စတစ်ခုလိုဖြစ်နေ . . .
လင်းထိုက် (YIT)
 တစ်ညတာ လုံးပဲ။ ကိုတင်ထွန်း တစ်ယောက် ကျောက်ကျိုး၊ ကျောက်ပဲ့ ပုံတွေ ကြားမှာ ယိမ်းထိုး လျှောက်သွား ရင်း ရှာဖွေလိုက်တာ ထန်းသီးလုံး အရွယ်လောက် ရှိတဲ့ ကျောက်စိမ်းတုံး တစ်တုံးကို ရရှိခဲ့တယ်။ သူ့အနာဂတ် အတွက်တော့ အလွန်ကို အရေးကြီးတဲ့ အရာတစ်ခုကို သူတွေ့ရှိ ခဲ့တာပဲ။

““မနှစ်က သိန်း ၅၀၀ လောက်တန်တဲ့ ကျောက်စိမ်း တစ်တုံး ကျွန်တော် ရဖူးတယ်”” လို့ ကိုတင်ထွန်းက ပြောဆိုပါတယ်။ ကိုတင်ထွန်း အတွက်တော့ ဒေါ်လာ ငါးသောင်း တန်ကြေးရှိတဲ့ မြန်မာငွေ သိန်းငါးရာဟာ သူ့ရဲ့ ဇာတိ ရပ်ရွာမှာ ခြံတစ်ကွက်၊ အိမ်တစ်လုံး ၀ယ်ဖို့ ပမာဏ အတွက် ကောင်းကောင်းကြီး လုံလောက် ပါတယ်။ ဒါပေမဲ့ ကိုတင်ထွန်း တို့လို ပါမွှား ကျောက်တူးသမား တစ်ယောက်အတွက် ဒီဖြစ်စဉ် မျိုးဟာလည်း တစ်သက်မှာ တစ်ခါ ဆိုသလို ကြုံတောင့် ကြုံခဲ ဖြစ်စဉ် တစ်ရပ်ပဲ။ ပြီးတော့ ဒီအရပ် ဒီဒေသက မြန်မာ စစ်တပ် ပိုင် ကျောက်စိမ်း ထုတ်စက်ရုံကြီး တွေရဲ့ မယုံကြည်နိုင် လောက်အောင် ချမ်းသာ ကြွယ်ဝလှတဲ့ ၀င်ငွေနဲ့ နှိုင်းယှဉ်ရင်တော့ ကျောက်တူးသမား ကိုတင်ထွန်းရဲ့ဝင်ငွေဟာ မိုးနဲ့ မြေ၊ ဆီနဲ့ရေ ဆိုသလို ကွာခြားလွန်း လှပါ တယ်။

တိုင်းပြည်ရဲ့ သူဌေးကြီးတွေ ပါဝင် ပတ်သက်မှု ရှိတဲ့ ကျောက်စိမ်း ကုမ္ပကြီးတွေ ဆီက ထွက်တဲ့ ကျောက်စိမ်းတွေရဲ့ နောက်ဆုံး ရောက်ရှိရာ ဇာတ်သိမ်း နယ်မြေကတော့ တရုတ်နိုင်ငံပဲ ဖြစ်ပါတယ်။ မြန်မာ့ ကျောက်စိမ်း ရောင်းချမှုရဲ့ တစ်ဝက်နီးပါးဟာ တရားမ၀င် ကုန်သွယ်မှုနဲ့ တရုတ်နယ်စပ်က တစ်ဆင့် တရုတ်နိုင်ငံထဲ တင်ပို့နေတာ ဟာဖြင့် တိုင်းပြည် အတွက်တော့ ဘဏ္ဍာငွေ အမြောက်အမြား ဆုံးရှုံးစေတဲ့ ဖြစ်ရပ်ပါပဲ။ ၂၀၁၁ဧပြီကနေ ၂၀၁၂ မတ်လ ဘဏ္ဍာရေး နှစ်အတွင်းမှာ ကချင်ဒေသကနေ ကျောက်စိမ်း ကီလိုဂရမ် ၄ ဒသမ ၃ သန်းကျော် ထုတ်လုပ် နိုင်ခဲ့တယ်။ ခန့်မှန်း တွက်ချက် ကြည့်ရင်ပဲ ကျောက်စိမ်း တစ်ကီ လိုဂရမ်ကို ဒေါ်လာ ၁၀၀။ ကီလိုဂရမ် ၄ ဒသမ၃ သန်းဟာ အမေရိကန်ဒေါ်လာ ၄ဒသမ၃ ဘီလီယံနဲ့ ညီမျှပါ တယ်။ ၂၀၁၁-၁၂ ဘဏ္ဍာ ရေးနှစ် တစ်နှစ်ကို ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံ ကျောက်စိမ်းကနေ ၀င်ငွေရတဲ့ သဘောပဲ ဖြစ်ပါတယ်။ …ဒါပေမဲ့ တရားဝင် ကိန်းဂဏန်း စာရင်းအင်းတွေ မှာတော့ ဒေါ်လာ ၄၃သန်း သာ ဖော်ပြခဲ့တာကို တွေ့ရတယ်။ တရုတ် အစိုးရရဲ့တရားဝင် ကိန်းဂဏန်းတွေ နောက် လိုက်တော့လည်း တရုတ် အစိုးရဟာ ကျောက်စိမ်းနဲ့ ပတ်သက်ပြီး ထိမ်ချန် လျှို့ဝှက်မှုတွေ အပြည့်နဲ့ ဖြစ်နေတာ တွေ့ရပြန်တယ်။ ဘယ် တော့မှလည်း စာရင်းဇယား တွေကို လူသိရှင်ကြား ထုတ်ပြန်လေ့ မရှိဘူး။ တရုတ်အစိုးရ စာရင်း ဇယားအရ ဆိုရင် ကျောက်စိမ်း အပါအ၀င် တခြား ကျောက်မျက်နဲ့ ဓာတ်သတ္တုတွေ တင်သွင်းတဲ့ ပမာဏဟာ ဒေါ်လာ ၂၉၃ သန်းပဲ ဖြစ်နေတာကို တွေ့ရတယ်။ မေးစရာ မေးခွန်းက မြန်မာ့ ကျောက်စိမ်း ရောင်းရငွေ ဘီလီယံ ချီတဲ့ ငွေတွေဟာ ဘယ်ကိုများ ရောက်သွား ရတာလဲ။ ရေနံ၊ ကျွန်းသစ်နဲ့ ကျောက်မျက် သယံဇာတတွေ ပေါသလောက် ဆင်းရဲ နုံချာလှတဲ့ မြန်မာပြည် အတွက် ဒီအပျောက် ရိုက်ထားတဲ့ ဘီလီယံ ဒေါ်လာတွေဟာ မြန်မာ့ အနာဂတ် အတွက်တော့ အကြီးမားဆုံး စိန်ခေါ်မှု တစ်ရပ်လို့ ဆိုရလိမ့်မယ်။ ရိုက်တာ သတင်းဌာန ဟာ ဒီလို ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ထုတ်လုပ်နေတဲ့ ဖားကန့်က မြန်မာ့ လျှို့ဝှက် ကျောက်စိမ်း တူးဖော်ရေး စက်ရုံကြီး တွေကို သွားရောက် သတင်းယူရာမှာ သွားရေး လာရေး ခက်ခဲလွန်းပြီး အစိုးရတပ်နဲ့ ကချင် လက်နက်ကိုင် KIA တို့ရဲ့ တိုက်ပွဲတွေကြောင့် အခက်အခဲ တွေနဲ့ ကြုံရပါတယ်။ စာရင်း ဇယားကွာဟ ပျောက်ဆုံးနေတဲ့ ဒေါ်လာ ဘီလီယံတွေနဲ့ ပတ်သက်ပြီး ရိုက်တာ သတင်းဌာနက သတ္တုတွင်း ၀န်ကြီး ဌာန၀န်ကြီးကို စာနဲ့ မေးခွန်းတွေ မေးမြန်းခဲ့ ရာမှာ ဘာမှ အကြောင်း ပြန်ကြားမှု မရရှိခဲ့ ပါဘူး။

ဦးသိန်းစိန် အစိုးရ လက်ထက်မှာ စီးပွားရေး ပြန်ထူထောင်ဖို့ ကြိုးပမ်း နေရာမှာ နိုင်ငံရပ်ခြား အကူအညီတွေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အပေါ် အဓိက ပုံအပ် အားထား ထားတဲ့ စနစ်ကို တွေ့ရပါတယ်။ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုဟာ သယံဇာတ ကုန်ကြမ်း တွေဆီက ဘဏ္ဍာငွေ ရရှိမှု အပေါ်မှာလည်း မူတည်နေတယ်လို့ သယံဇာ တ၀င်ငွေ အရေးကြီးပုံကို ပညာရှင်တွေက ထောက်ပြကြပါတယ်။ တရားမ၀င် တင်ပို့မှု အပါအ၀င် မြန်မာ့ ကျောက်စိမ်းက ရတဲ့ ရောင်းရ ငွေတွေကို တွက်ချက် ထားမှုတွေ ကလည်း ယုံကြည် စိတ်ချရတဲ့ ကိန်းဂဏန်း တွေမဟုတ်တာကို တွေ့ရတယ်။ လက်ရှိ အရပ်သား အစိုးရကို အကြံပေး အနေနဲ့ ဆောင်ရွက်နေတဲ့ Harvard Ash Centre မှာတော့ မြန်မာ့ ကျောက်စိမ်းနဲ့ ပတ်သက်ပြီး ရနိုင်သလောက် ကိန်းဂဏန်း အချက် အလက်တွေ စုဆောင်း ထားမိနေပြီလို့ ဆိုပါတယ်။ ဟားဗတ် စင်တာဟာ ဆန်းစစ် လေ့လာ သူတွေကို ကချင် ဒေသစေလွှတ် ပြီး တန်ပြန် ရရှိတဲ့ သတင်းအချက်တွေနဲ့ ၂၀၁၃ ဇူလိုင်မှာ အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ဟားဗတ် အစီရင်ခံစာ အဆိုအရ ၂၀၁၁ ခုနှစ်အတွင်း မြန်မာ့ ကျောက်စိမ်း ရောင်းရငွေ စုစုပေါင်းဟာ အမေရိကန် ဒေါ်လာ ၈ဘီလီယံ ရှိတယ်လို့ ဆိုပါတယ်။ ကျောက်စိမ်း ရောင်းရငွေ ဒေါ်လာ ၈ဘီလီ ယံဆိုတဲ့ ပမာဏဟာ မြန်မာ့သဘာဝ ဓာတ်ငွေ့ ရောင်းရငွေရဲ့ နှစ်ဆ ရှိပြီး အဲဒီ ၂၀၁၁ GDP ရဲ့ ခြောက်ပုံ တစ်ပုံ နီးပါးရှိ တယ်လို့ ဆိုပါတယ်။
““အစိုးရ လက်တွေ့ ကျကျ ဆောင်ရွက်တဲ့ အပိုင်း မရှိသေးဘူး။ ကျောက်စိမ်း ရောင်းရငွေက ရတဲ့ ၀င်ငွေကို စနစ်တကျနဲ့ ပြည်သူ့ ဘဏ္ဍာ တစ်ရပ်ကို ခေတ်မီစွာ ဖော်ဆောင် ထားရှိဖို့ လိုပါတယ်””လို့ အစီရင်ခံစာ ရေးရာမှာ ပါဝင်သူ David Dapice ကဆိုပါတယ်။
တရုတ် လူမျိုးတွေရဲ့ ရှေးနှစ်ထောင် ပေါင်းများစွာ ကတည်းက ယုံကြည်မှု တစ်ခုက ကျောက်စိမ်းဟာ အလှအပ ရတနာ သက်သက်တင် မဟုတ်ဘဲ ကျောက်စိမ်း ဆင်ယင် သူဟာ ကံကောင်း၊ ချမ်းသာ၊ ကျန်းမာ အသက်ရှည် တယ်လို့ ယုံကြည် သက်ဝင် ကြတယ်။ ဒါကြောင့်ပဲ မြန်မာ့ ကျောက်စိမ်းဟာ တရုတ်ရဲ့ အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှု လိုကိုဖြစ်နေတယ်။

““ကျောက်စိမ်းက တန်ဖိုးကြီး ရုံတင် မဟုတ်ဘူး။ သယ်ရတာလည်း အဆင်ပြေပါ တယ်”” ““ကျောက်စိမ်း လေလံပွဲ ရောက်သွားတဲ့ အတုံးတွေပဲ ဖုံးကွယ်ထားလို့ မရတာ”” လို့ နေပြည်တော်မှာ ပြုလုပ်တဲ့ တရားဝင် ကျောက်စိမ်း လေလံပွဲကို ရည်ညွှန်းပြီး ဖားကန့်ကျောက်စိမ်း ကုန်သည် ဦးတင်စိုးက ပြောပါတယ်။ ““လေလံပွဲ မရောက်တဲ့ ကျောက်စိမ်းတွေ ကတော့ မြန်မာ့ တပ်မတော်နဲ့ KIA အာဏာပိုင်တွေကို ဖြတ်သန်းပြီး ဂျော်ကီလို့ ခေါ်တဲ့ ကုန်ကားကြီး တွေနဲ့ တရုတ် ပြည်ကို မှောင်ခို ပို့ကြတာပဲ။ တပ်နှစ်ခုလုံး ကိုတော့ ဖြတ်သန်းခ ပေးရတာပေါ့ ””လို့ ထပ်ပြောပါ သေးတယ်။

တရုတ် အစိုးရနဲ့ ဆက်စပ်တဲ့ ဘေဂျင်း အခြေစိုက် တရုတ် ကျောက်စိမ်း ကုန်သွယ် မှုအသင်း AC JTA ကို ရိုက်တာက အင်တာဗျူး အကြိမ်ကြိမ် တောင်းဆိုတာ ကိုလည်း တရုတ်ဘက်က အကြိမ်ကြိမ် ငြင်းဆိုခဲ့ပါတယ်။
ကချင်ပြည်နယ် ဖားကန့် ဒေသက ထွက်တဲ့ ကျောက်စိမ်းဟာ အရည်အသွေး အရကော၊ အရေအတွက် အရကော ကမ္ဘာပေါ်မှာ ဘယ်နေရာ မှာမှ မရှိတဲ့ ကျောက်စိမ်းမျိုးပါ။ ““တိုင်းပြည်ရဲ့ ဘယ်နေရာကို မြေလှန်လိုက် လှန်လိုက်၊ သယံဇာတ ကတော့ အလျှံပယ်ပဲ”” ဖောင်စီးရင်း ရေငတ် ဆိုသလိုပဲ။ အဲဒီအလျှံပယ် ကြွယ်ဝတဲ့ သယံဇာတ တွေကို မြန်မာပြည်သူတွေ ကတော့ မခံစား ရပါဘူး။
ဖားကန့်ကို သွားတဲ့ လမ်းဟာ ကုန်ကားကြီး တစ်စီးစာ လောက်ကြီးတဲ့ ကျင်းကြီးတွေ ချိုင့်ကြီးတွေကို ကျော်လွှားပြီး သွားရတယ်။ မိုးရာသီဆို မြစ်ကြီးနား ကနေ ၆၈ မိုင် ဝေးတဲ့ ဖားကန့်ကို ၉နာရီလောက် ကြာအောင် သွားရတယ်။ ပြီးတော့ မြန်မာ မဟုတ်ရင် ဖားကန့်ကို ၀င်ဖို့ ခက်တယ်။ တရုတ်ကုန်သည် တွေကတော့ ရဲနဲ့ စစ်တပ် စစ်ဆေးရေး ဂိတ်တွေကို လာဘ်ငွေ ပေးရတဲ့ တက္ကစီကားတွေနဲ့ မတန်မဆ ကားခ ပေးပြီး သွားကြပါတယ်။ အရာရှိတွေ အကြောင်းပြတာ ကတော့ ဖားကန့် လမ်းမကြီးဟာ မြေမြှုပ် မိုင်းတွေ ၀န်းရံနေပြီး မြန်မာစစ်တပ်နဲ့ KIA တပ်တွေ ကာလ ကြာရှည် အပြိုင်လုနေ ကြလို့ စစ်ပွဲတွေရှိ တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကုလသမဂ္ဂ အကြီးတန်း အရာရှိ လုပ်ခဲ့ဖူးတဲ့ သုတေသီ Richard Horsey သုံးသပ်တာ ကတော့ ““ကချင်ပဋိပက္ခဟာ ကျောက်စိမ်း ပြဿနာနဲ့ အများကြီး ဆက်စပ် နေတယ်””လို့ဆိုပါတယ်။ ၂၀၁၁ ဇွန်မှာ ၁၇နှစ်ကြာ အပစ်အခတ် ရပ်စဲထား ကြတဲ့ KIA  နဲ့ မြန်မာစစ်တပ် တို့ကြား တိုက်ပွဲတွေ ပြန်ဖြစ်ပြီး လူပေါင်း ၁သိန်း ကျော် နေရပ်ကနေ ထွက်ပြေး ကြရတယ်။  Horsey  က ထပ်မံ သုံးသပ်ပြတာ ကတော့ ““တပ်နှစ်ခု လုံးမှာ ဒီလောက် များပြားတဲ့ ငွေကြေးတွေ ရနေခဲ့တာဟာ ပဋိပက္ခကို ပိုတောက်လောင် စေတဲ့ အချက်ပဲ။ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်တဲ့ စီးပွားရေး စနစ် တည်ဆောက်ဖို့ ဒီရှုပ်ထွေးတဲ့ စီးပွားရေး ဆိုင်ရာ အချက်တွေက အဟန့်အတား ဖြစ်နေတာပဲ””လို့ ဆိုပါတယ်။
အနောက် နိုင်ငံတွေဟာ အရင် စစ်အာဏာရှင် အစိုးရကို ၂၀၀၈က စပြီး ကျောက်စိမ်း၊ ပတ္တမြားနဲ့ တခြား ကျောက်မျက်တွေ တင်ပို့ခွင့် ပိတ်ပင်ခဲ့တယ်။ အနောက်က ပိတ်ဆို့ ပေမယ့်လည်း ကျောက်စိမ်း လိုဟာမျိုးကို အိမ်နီးချင်း တရုတ်နိုင်ငံက အမြောက်အမြား ၀ယ်ယူနေတဲ့ အခါ ပိတ်ဆို့မှု တွေဟာ မထိရောက်ဘူး လို့ပဲ ဆိုရ မယ်။ အခု ဦးသိန်းစိန် အရပ်သား လက်ထက်မှာ စီးပွားရေးနဲ့ နိုင်ငံရေး ပိတ်ဆို့မှု တွေကို အထိုက်အလျောက် ဖြေလျှော့ ပေးခဲ့ပေမယ့် ကျောက်စိမ်းနဲ့ ပတ္တမြား တင်ပို့မှု တွေကတော့ ပိတ်ဆို့မြဲ ပိတ်ဆို့ ထားဆဲပဲ။ အိမ်ဖြူတော် ကဆို သြဂုတ် ၇ရက် နေ့မှာ စစ်အာဏာရှင် စနစ် ပြန်အသက်သွင်းမယ့် စီးပွားရေး ပုံသဏ္ဌာန် ပေါက်နေတဲ့ ကျောက်စိမ်း တင်ပို့ခြင်း ပိတ်ဆို့မှုကို သက်တမ်းတောင် ထပ်တိုး လိုက်ပါ သေးတယ်။ ပိတ်ဆို့မှု သက်တမ်းတိုး ရတဲ့ အမေရိကန် ဘဏ္ဍာရေး ၀န်ကြီး ဌာနရဲ့အစီရင် ခံစာမှာ ““ဒီ ကျောက်မျက် ပြဿနာဟာ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ပံ့ပိုးနေပြီး မြန်မာ့ ပြုပြင် ပြောင်းလဲရေးကို အောက်ခြေက လှိုက်စားတဲ့ ပုံသဏ္ဌာန် ဖြစ်နေလို့””ဆိုပြီး ပါရှိတယ်။

ဖားကန့်မှာ နိုင်ငံခြား ကုမ္ပဏီတွေကို ကျောက်စိမ်း တူးခွင့် မပေးပေမယ့် တရုတ် ကုမ္ပဏီ ၂၀လောက် ကတော့ ငွေအရင်းအနှီး ကြီးမားစွာနဲ့ ထုတ်လုပ်မှုတွေ ရှိတယ်လို့ ကျောက်စိမ်း ကုန်သည် တချို့နဲ့ စက်ရုံအတွင်း လူတွေက ပြောဆိုပါတယ်။ မြန်မာ့ ကျောက်စိမ်းမြေ Jadeland Myanmar  ရဲ့ ဥက္ကဋ္ဌ ရပ်ဇော်ခေါင်က ““တချို့ပဲ အစိုးရ ရတာပါ။ အများစု ကတော့ တရုတ်တွေရဲ့ အိတ်ကပ်ထဲနဲ့ အရင် အာဏာရှင် အစိုးရ မိသားစု ၀င်တွေပဲ ရနေကြတာ””လို့ ပြောကြား ခဲ့တယ်။ ကျောက်စိမ်း ကိစ္စမှာ စစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီနဲ့ ခရိုနီကြီး တွေလည်း ပါဝင် ပတ်သက်နေကြ ပါတယ်။
ကျောက်စိမ်းတူး ကုမ္ပဏီကြီး တွေဟာ စစ်တပ်လည်း ရှိတယ်။ တစ်ခါတစ်ခါ သာမန် ကျောက်တူး သမားတွေကို စစ်တပ်က သေနတ်နဲ့ လေထဲ ဖောက်ခြောက်လှန့် တတ်ပါ သေးတယ်။ ““သူတို့ကို မြင်ရင် ကျွန်တော်တို့ အရူးတွေလို ပြေးကြရတာ”” လို့ ကျောက်တူးသမား ကိုထွန်းက ပြောပါတယ်။ ဦးပိုင် ကုမ္ပဏီ ကတော့ ကျောက်တူးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လုံးဝကို ရေငုံနှုတ်ပိတ် နေတယ်။ ရန်ကုန် အခြေစိုက် ဦးပိုင်ရုံးရဲ့ လူ့ အရင်းအမြစ် ဆိုင်ရာ အကြီးအကဲ ဗိုလ်မှူး မြင့်ဦးဆိုရင်““ကျွန်တော်တို့ကို နှောင့်ယှက်တာ ရပ်ပါတော့။ ခင်ဗျားတို့ ဒီနေရာမှာ အထက်လူကြီးနဲ့ လာတွေ့လို့ မရဘူး”” လို့ ရိုက်တာ သတင်းဌာနကို ပြောကြားဖူး ပါတယ်။ စစ်တပ်ပိုင် ကုမ္ပဏီ ဆိုတော့ တချို့ အရာတွေကို လျှို့ဝှက် ထားရမယ်ဆိုတဲ့ သဘောဖြစ်မယ် ထင်တယ်။

ဒီလို စစ်တပ်က ကျောထောက် နောက်ခံ ပြုပေး ထားတာကြောင့် တရုတ် ကုမ္ပဏီတွေ မြန်မာနိုင်ငံက သယံဇာတ တွေကို ခေါင်းပုံဖြတ် နေတာဟာ သာမန် လုပ်ရိုး လုပ်စဉ် ကိစ္စတစ်ခုလို ဖြစ်နေတာ တွေ့ရတယ်။ ၂၀၁၂ နိုဝင်ဘာမှာ ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခဆိုရင် တရုတ်ဘက် လိုက်ပြီး စစ်တပ်ဟာ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းရာမှာ သံဃာတော်တွေပါ မချန် နှိမ်နင်းခဲ့တယ်။ ပြည်သူ့အသံ ကျယ်လာလို့ ရပ်ဆိုင်း ပေးလိုက်ရတဲ့ တရုတ်မြစ်ဆုံ စီမံကိန်း ဆိုရင်လည်း ပြဿနာ အငြင်းပွားမှု တွေဟာ အခုထိ မပြီးဆုံး သေးပါဘူး။ မြန်မာ အစိုးရဟာ ပြည်နယ်တွေနဲ့ ပတ်သက်ပြီး သယံဇာတ ခွဲဝေမှု ပြဿနာမှာ မညီမျှ ဘူးလို့ စွပ်စွဲ ခံနေရတယ်။
ဇွန်လက နေပြည်တော်မှာ ပြုလုပ်တဲ့ ကျောက်မျက် လေလံပွဲမှာ ရောင်းချ ရမူဟာ ဒေါ်လာ ၂ဒသမ၆ ဘီလီယံ အထိရှိပြီး စံချိန် တင်တယ်လို့ ဆိုပါတယ်။ ၂၀၁၁ခု နှစ်မှာ ကျောက်မျက် တရားဝင် ရောင်းရငွေရဲ့ အခွန်ဟာ ကျောက်စိမ်းက အခွန် ၂၀ ရာ ခိုင်နှုန်း ရပါတယ်။ တရားမ၀င် ရောင်းဝယ်မှုတွေပါ ထည့်ပေါင်းရင် ရသင့်တဲ့ အခွန်ရဲ့ (၇) ရာခိုင်နှုန်းပဲ ရတယ်လို့ Harvard  စင်တာက တွက်ချက် ပြပါတယ်။
““သတ္တုတွင်း ကုမ္ပဏီတွေဟာ ကျောက်စိမ်း တစ်တန် ထုတ်လုပ်တာ ကုန်ကျစရိတ် ဒေါ်လာ ၄၀၀ ပဲ ကျသင့်ပြီ။ ပြန်ရောင်း ရင်တော့ တရားဝင် ရောင်းဈေးဟာ တစ်တန်ကို ဒေါ်လာ တစ်သိန်း နှစ်သောင်း ခြောက်ထောင် (ကျပ် ၁၂၆၀၀၀) အထိရပါတယ်”” လို့ ဟားဗတ် အစီရင်ခံစာမှာ ဖော်ပြထားတယ်။

““ကချင်နဲ့ မြန်မာ အခုထက် တစ်ဆင့် တက်ပြီး ငြိမ်းချမ်းရေး ရဖို့ နိုင်ငံရေး တည်ငြိမ်ဖို့ ဆိုရင် ဒေသခံ လူထု အကျိုးအတွက် သယံဇာတ ခွဲဝေမှု တစ်စုံတစ်ရာ ပြုလုပ်မှ ရမယ်လို့””လို့ သုတေသီ Horsey က ဆိုပါတယ်။

ကျောက်တူး ကုမ္ပဏီကြီးတွေ ချမ်းသာ ကြွယ်ဝသလောက် သာမန် ကျောက်တူး သမားတွေရဲ့ဘ၀တွေ ကတော့ အသက်နဲ့ ရင်းရတဲ့ စွန့်စားခန်းတွေ များပါတယ်။ ကုမ္ပဏီကြီးတွေက စွန့်ပစ်ထားတဲ့ ကျောက်စ ကျောက်န တွေနဲ့ တောင်လိုဖြစ်နေတဲ့ ကျောက်တောင်တွေ ပေါ်ကို လူစုလိုက် တက်ပြီး ကျောက်ရှာဖို့ အန္တရာယ် များလှတဲ့ စွန့်စားခန်းတွေ ပြုလုပ် ကြရတယ်။ တောင်ကမ်းပါးနဲ့ သတ္တုချေးပုံကြီး တွေဟာ မိုးရာသီမှာ ပြိုတတ်တယ်။ တောင်တစ်ခါ ပြိုတုန်းက လူ ၁၀ ယောက် အယောက် ၂၀လောက် သေတယ်လို့ ကချင်လူမျိုး ကျောက်တူး သမားတူးအောင်က ပြောပါ တယ် ““အလောင်းတောင် တချို့ပြန်ဖော် လို့မရဘူး။ ဘယ်သွားရှာ ရမှန်းလဲ မသိဘူး””

““၂၀၀၂တုန်းက ရေကြီးပြီး ကျောက်တွင်း ရေလွှမ်းသွားလို့ လူတစ်ထောင်လောက် သေဖူးတယ်””လို့ Jadeland Myanmar ဥက္ကဋ္ဌ ရပ်ဇော်ခေါင်က ရိုက်တာကို ဖြေကြား ပေးပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်ဟာ လုပ်ငန်း တွေ ရပ်ဆိုင်းသွားမှာ စိုးတာကြောင့် ဖုံးကွယ်ခြင်း ခံထားရတယ်။
ဖားကန့်ဟာ ဘိန်းမှာလည်း ကျော်ကြားတယ်။ ဖားကန့်မှာ ဘိန်းဖြူဟာ ဈေးပေါပြီး အလွယ်တကူလည်း ရနိုင်တယ်။ ““ကျောက်တူးသမား တစ်ဝက်လောက်ဟာ ဘိန်းစွဲ နေကြတယ်။ ကျန်တဲ့ သူတွေက အရက်စွဲ နေကြတယ်””လို့ ကျောက်စိမ်း ကုန်သည် လည်းဖြစ်၊ ဒေသခံ NLD ပါတီရဲ့ ခေါင်းဆောင်လည်း ဖြစ်တဲ့ ဦးတင်စိုးက ပြောဆိုပါတယ်။ တရားဝင် ကိန်းဂဏန်း ဆိုတာတော့ ဖားကန့်မှာ ဘယ်တုန်းကမှ မရှိဘူး။ ဘိန်းဖြူထိုး သူတွေရဲ့ ၄၀ ရာခိုင် နှုန်းဟာ HIV ရောဂါ ကူးစက် ခံနေရတယ်။ ဖားကန့်မှာ သေနတ်ပစ် အားကစားရုံ တစ်ရုံရှိပြီး အဲဒီ့မှာ ဘိန်းသုံးစွဲသူ ကျောက်တူးသမား အများစုဟာ ဘိန်းနဲ့ ကျောက်လဲလှယ် သုံးစွဲကြတယ်။

““အဲဒီရုံမှာတော့ ပွဲတော်ကြီး တစ်ခုလိုပဲဗျ။ စည်ကား နေတာ။ အဖမ်းခံရ မှာတော့ မကြောက်ဘူး။ ရုံပိုင်ရှင်က ရဲကို ပိုက်ဆံပေး ပြီးသား”” လို့ ၁၉၉၂မှာ ဖားကန့် ရောက်ပြီး သုံးနှစ်အကြာမှာ ဘိန်းစွဲသူ တစ်ဦး ဖြစ်သွားတဲ့ ကျောက်တူးသမား ကိုစိုးမိုးက ပြောဆိုပါတယ်။
““ဘိန်းသုံးတဲ့ အခါ ပျော်စရာလိုပဲ။ စွမ်းအင်တွေ ရှိလာတယ်။ အလုပ်လည်း ပိုလုပ်လာ နိုင်တယ် လေဗျာ”” လို့ ကိုစိုးမိုး က ထပ်ပြောပါသေးတယ်။

““လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် တုန်းက တော့ ဖားကန့်ကို KIA က ထိန်းချုပ်ထား နိုင်ပြီး ၁၉၉၄ အပစ်ရပ် စာချုပ်ချုပ် အပြီးမှာတော့ အစိုးရရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားပြီး မြေကော်စက်ကြီးတွေ၊ စက်ယန္တရားတွေ၊ ကုန်တင်ယာဉ်ကြီးတွေ ရောက်လာတော့ တာပဲ။ တောင်တစ်လုံးဟာ သုံးလပဲ ကြာတယ်””လို့ ရစ်နမ်ဇီလန် က ပြောဆိုပါတယ်။ ၂၀၁၂ အလယ်မှ မြန်မာတပ်တွေနဲ့ KIA တို့ တိုက်ပွဲတွေ ပြန်ဖြစ်တော့ ကျောက်တွင်း တွေကို ပိတ်လိုက်ရတယ်။ ၂၀၁၁ ခုနှစ်မှာ ကျောက်စိမ်း ထုတ်လုပ်မှုဟာ ကီလိုဂရမ် ၄၃ ဒသမ ၁သန်း ရှိရာက ၂၀၁၂မှာ ကီလိုဂရမ် ၁၉ဒသမ၁ သန်း အထိ ထုတ်လုပ်မှုတွေ ကျဆင်း သွားတယ်။ မေမှာ အစိုးရနဲ့ KIA တို့ အကြို အပစ်အခတ် ရပ်စဲရေး တစ်ရပ်ပြုလုပ်တော့ ကျောက်စိမ်း ကုန်သည်တွေဟာ မိုးအကုန် အောက်တိုဘာမှာ ဖားကန့် ကျောက်တွင်းတွေ ပြန်ဖွင့်မယ်လို့ ခန့်မှန်း ထားကြတယ်။ ဒါပေမဲ့ အပစ်အခတ်တွေ ကတော့ မရပ်စဲဘဲ ကျောက်စိမ်း ပြဿနာတွေနဲ့ ဆက်နွှယ် နေဆဲပါပဲ။
““ဒေသရဲ့ သယံဇာတ တွေကို လုယူ ခံနေရတယ်လို့ ကချင် တိုင်းရင်းသားတိုင်းက ၀မ်းနည်းစွာ ခံစား နေရပါတယ်။ ဒါတွေကို တားဆီးဖို့ ကျတော့လည်း ကျွန်တော်တို့မှာ ဘာအာဏာမှ မရှိဘူး””လို့  အမည်မ ဖော်လိုသူ မြစ်ကြီးနားက ကျောက်ကုန်သည် ဦးစီးဦးဆောင် တစ်ယောက်က နောက်ဆုံး အခြေအနေတစ် ရပ်ကို ရိုက်တာ သတင်းဌာနကို ပြောဆို ခဲ့ပါတယ်။
Ref: Myanmar old guard clings to $ 8 billion Jade empire by Andrew R.C Marshall and Min Zayar Oo Source: Reuters (Special Report)

မြန်မာသံတော်ဆင့်

ကျန်းမာ ချမ်းသာပါစေနှင့် ပြန်သွားကြတာလေ။ ဒါလား ဟက်လိုင်နာ။ ပြောစရာရှိတာတော့ ပြောရမှာပေါ့။ ငါတို့ပါတီမှာ ဟက်လိုင်နာမရှိဘူး။ သူတို့ ဟာသူတို့ ဟက်နေရင်တော့ မပြောတတ်ဘူး . . .

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထုစစ်တမ်း သဘောထားNLD ပါတီမှ ကောက်ယူစဉ်တွင် ကြံ့ခိုင်ရေး ပါတီ သဘောထား ကြေညာချက်အရ အခြေခံဥပဒေ ဖျက်သိမ်းပြီး အသစ်ရေးဆွဲပါက နိုင်ငံသားများအတွက် ပြဿနာများ ကြုံလာနိုင်ကြောင်း၊ ပါတီဒုဥက္ကဋ္ဌ ဦးဌေးဦးကလည်း အစိုးရနှင့် လွှတ်တော်ပါ ပျက်သွားနိုင်ပြီး ငြိမ်းချမ်းရေးလည်း ထိခိုက်နိုင်ကြောင်း စသည်ဖြင့် မီဒီယာသို့ ထုတ်ဖော်ပြောကြားချက်မှာ အခြေခံဥပဒေကို ပြင်ဆင်လိုသည့် (သို့မဟုတ်) အသစ်ရေး ဆွဲ လိုသည့် နိုင်ငံရေး စိတ်ဝင်စားသူ ပြည်သူများကို ကြံ့ခိုင်ရေးပါတီ အနေဖြင့် ခြိမ်းခြောက် သည့် သဘောဆောင်ကြောင်း ပြောဆို ဝေဖန်လျက် ရှိသည်။ ဦးဌေးဦး၏ ပြောကြားချက်မှာ ထိုကဲ့သို့ သဘောသက်ရောက်ခြင်း ရှိ၊ မရှိ ကြံ့ခိုင်ရေး ပါတီ ၀ါရင့် နိုင်ငံရေးသမားကြီး အဖြစ် ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင် တစ်ဖွဲ့လုံးက ရိုသေ လေးစားရသူ ပါတီဗဟို အတိုင်ပင်ခံ ဦးတင်ထွတ်ကို မြန်မာသံတော်ဆင့်က ဆက်သွယ် မေးမြန်းခဲ့ရာ ““သူကလည်း လျှောက်ပြော နေတာ ပြောရေးဆိုခွင့် ရှိသူဆိုပြီးတော့။ ပြောရဲဆိုခွင့် အဖွဲ့ကို ဖွဲ့ပေး ထားတယ်လေ။ …

သူပြောတဲ့ သဘောက အန္တရာယ်များတယ်။ ပြင်ချင်လို့ပဲ ငါတို့ပါတီက ဦးဆောင်ပြီးတော့ ဥပဒေပုဒ်မေ တွကို ပြင်မယ်။ ပြင်တာ တချို့က ကောင်းတယ်။ သူတို့တွေက ဒီဥစ္စာကို သဘောလည်း ပေါက်တာ မဟုတ်ဘူး။ ကိုယ်ဟာကိုယ် တွေးပြီးတော့ ပြည်သူရဲ့သဘောထားပါ ဆိုတဲ့ အဲလိုမျိုး လုပ်တာတွေလေ။ သူပြောတာက လုံးဝ ဒါကြီးကို အသစ်ဆွဲမယ်ဆိုရင် ပြဿနာတွေ လာမယ်လို့ ပြောတာ။ ငါက အဲလိုပဲ နားလည်တယ်။ မပြင်ဘူးဆိုတာတော့ ဘယ်လုပ်လို့ ရမလဲကွ။ ပြင်သင့် ပြင်ထိုက်တာတွေ အများကြီးပဲ။ မင်းအဘ ဦးအောင်သောင်း ကို မေးပါလားကွာ။ ဦးအောင်သောင်းကို ငါတို့က ပါတီမှာ ဆရာကြီးလို့ ခေါ်တယ်”” ဟု ပြောသည်။

လတ်တလော ပါတီမှ ရွေးချယ်ပေးထားသည့် ပြည်ထောင်စုဝန်ကြီး အချို့၏ မလျော်ကန်သော ကိစ္စရပ်များနှင့် ပတ်သက်၍လည်း ““ပြည်သူတွေနှင့် တစ်သားတည်း။ တို့မှာ ရန်သူလည်း မရှိဘူး။ ဟိုတစ်နေ့က မိကျောင်းကန် ကိစ္စလည်း ငါမသွားနိုင်တော့ ဦးအောင်သိန်းလင်းကို မင်းတို့ ဘယ်လိုပြော၊ ဘယ်လိုတွေ့ ငါသင်လွှတ် လိုက်တာ။ တို့ဆီက ၀င်လိုက်တော့ ပြေလည် သွားတာပေါ့ကွာ။ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဗိုလ်မှူးကြီး တင်ဝင်းလား မသိဘူး။ မင်းသိပါတယ်။ ကျန်းမာပါစေ၊ ချမ်းသာပါစေနှင့် ပြန်သွားကြတာလေ။ ဒါလား ဟက်လိုင်နာ။ ပြောစရာရှိတာတော့ ပြောရမှာပေါ့။ ငါတို့ပါတီမှာ ဟက်လိုင်နာမရှိဘူး။ သူတို့ဟာသူတို့ ဟက်နေရင်တော့ မပြောတတ်ဘူး။ ဟိုဘက်က ဆရာတွေကို ငါပြောတာပါ””ဟု ဗဟို အတိုင်ပင်ခံ ဦးတင်ထွတ်က ပြောသည်။ ဦးတင်ထွတ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခဲ့သော အမျိုးသားညီလာခံ ကျင်းပရေး ကော်မရှင် ဒုဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ဖြစ်ပြီး၊ ပြည်ထောင်စု လွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်၏ တရားဥပဒေ စိုးမိုးရေး/ တည်ငြိမ်အေးချမ်းရေး ကော်မတီထက် ပို၍ ပြဿနာများသော အစိုးရ၊ တပ်မတော်၊ ခရိုနီများနှင့် နစ်နာသူ လယ်သမားများအကြား ဖြေရှင်းပေးနေရသည့် လယ်ယာမြေ/ကော်မရှင် ဥက္ကဋ္ဌ တာဝန် ထမ်းဆောင် လျက်ရှိသည်။

မြန်မာသံတော်ဆင့်

Photo..Irrawaddy
အောက်တိုဘာ ၁၆ ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းများ ခေါ်ယူတဲ့ သတင်းကို တွေ့ရပါတယ်။ အသက် ၂၅ နှစ်ကနေ အသက် ၃၀ အောက် အိမ်ထောင်မရှိ အမျိုးသမီးတွေဟာ ရရှိထားတဲ့ ဘွဲ့အလိုက် ဗိုလ်လောင်းအဖြစ် လျှောက်ထားနိုင်ပြီး၊ သင်တန်းဆင်းပါက ပထမဘွဲ့ ရထားသူက ဒုတိယဗိုလ်အဖြစ်လည်းကောင်း၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့များ ရကြသူတို့က ဗိုလ်အဖြစ်လည်းကောင်း ခန့်အပ်သွားမယ်လို့ ကြေညာထားပါတယ်။

ဘယ်အတွက် စစ်သမီးတွေလဲ

အရင်ကတော့ စစ်သမီး (အမျိုးသမီး စစ်သား) တွေကို စစ်ဆေးရုံလို နေရာတွေမှာပဲ များများစားစား တွေ့ရလေ့ ရှိပါတယ်။ ပြင်ပမှာတော့ စစ်ဝတ်စုံနဲ့ သွားလာလုပ်ကိုင်နေတဲ့ စစ်သမီးတွေဆိုတာ တော်တော့်ကို ရှားရှားပါးပါး တွေ့ရတတ်တာမျိုး ဖြစ်ပါတယ်။ အခု များများစားစား တွေ့မြင်လာရဖွယ်ရှိတဲ့ အမျိုးသမီး စစ်ဗိုလ်တွေကို ဘယ်နေရာမှာများ တာဝန်ပေးအပ်မှာလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

အောက်တိုဘာ ၁၇ ထုတ် သည်ဗွိုင့်စ်ဒေးလီး သတင်းစာမှာတော့ ဒီအမျိုးသမီး စစ်ဗိုလ်တွေကို စစ်ရုံးတွေမှာ၊ စစ်ကြောင်း သရုပ်ပြပွဲမှာ၊ လေ့ကျင့်ရေးကျောင်းတွေမှာ တာဝန်ပေးဖို့ ဖြစ်တယ်လို့ တပ်အရာရှိတဦးကို ကိုးကားပြီး သတင်းရေးထားတာ တွေ့ရပါတယ်။

မကြာသေးခင်ကတော့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲက စစ်တပ်ကိုယ်စားလှယ်တွေထဲမှာ အမျိုးသားတွေချည်း (စစ်သားတွေချည်း) ဖြစ်နေတာကို ပြောဆိုသွားတာကို ဖတ်ခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာစပ်ပြီး အခုလို စစ်သမီး(ဗိုလ်လောင်း)တွေ ခေါ်ယူလာတာဟာ လွှတ်တော်ထဲ ထည့်ဖို့များလားလို့ ကျော်ပြီး ခပ်တည်တည် စဉ်းစားမိပြန်ပါတယ်။

အမျိုးသမီး အချိုး

လတ်တလော မြန်မာနိုင်ငံရဲ့ မဏ္ဍိုင်သုံးရပ်ထဲက အုပ်ချုပ်ရေး မဏ္ဍိုင်ဘက်မှာ ကြည့်မယ်ဆို အစိုးရအဖွဲ့ထဲ အမျိုးသမီးဝန်ကြီး တဦးထဲ တွေ့ရပြီး၊ အမျိုးသမီးဒုတိယ၀န်ကြီးအနေနဲ့တော့ သုံးလေးငါးဦး တွေ့ရပါတယ်။ ဌာနအကြီးအကဲနဲ့ သံအမတ်ကိုလည်း တွေ့လာရပါတယ်။ ဒါပေမဲ့ အမျိုးသားတွေနဲ့ အချိုးချ ကြည့်မယ်ဆိုရင်တော့ အချိုးအစား အများကြီး နည်းနေသေးတယ်လို့ သုံးသပ်နိုင်ပါတယ်။

ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ဘက်ကို ကြည့်မယ်ဆိုရင်တော့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲအပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီပါတီ) ကိုယ်စားပြုလို့ အနိုင်ရပြီး လွှတ်တော်ထဲ ရောက်လာကြတဲ့ အမျိုးသမီး အမတ်တွေပါ ပေါင်းကာမှ အမျိုးသမီးအမတ် ဦးရေက အမျိုးသားနဲ့ အချိုးချကြည့်ရင် ဂဏန်းနှစ်လုံးတောင် မရောက်သေးဘဲ ဂဏန်းတလုံး ရာခိုင်နှုန်း အတွင်းမှာပဲ ရှိပါသေးတယ်။ ဒီအတွက် တချို့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေက လွှတ်တော်တွင်းမှာ အမျိုးသမီးအမတ်တွေ အချိုးအစား တခုနဲ့ ပါဝင်ခွင့် ရရေးကို ဆွေးနွေးတာတွေတောင် ကြားရဖူးပါတယ်။

စစ်သမီးတွေ ဘယ်လဲ ဘာလဲ

စစ်သမီးတွေကို စစ်ရုံးနဲ့ ဆရာမ တာဝန်မျိုး တာဝန်အတွက် ထမ်းဆောင်စေတာကတော့ စစ်သမီးဖြစ်မှ လုပ်နိုင်တာမျိုး မဟုတ်ပါဘူး၊ စစ်သင်တန်း မတက်ဘဲနဲ့လည်း ဆောင်ရွက်နိုင်တာမျိုး ဖြစ်ပါတယ်။ မြောက်ကိုရီးယား၊ တရုတ်နဲ့ ကွန်မြူနစ် နိုင်ငံတွေရဲ့ စစ်ရေးပြတပ်မှာလို ဒေါင်းတိမောင်းတိ အမျိုးသမီး တပ်ဖွဲ့ဝင်တွေ ပါလာဖို့အတွက် မာမာတင်းတင်း စစ်သမီးတွေ မွေးထုတ်တယ် ဆိုရင်တော့ ခေတ်နဲ့ ညီပါရဲ့လားလို့ စဉ်းစားစရာ ဖြစ်ပါတယ်။

တကယ်တော့ အမျိုးသမီး တန်းတူ အခွင့်အရေးအတွက် အမှန်တကယ် လိုအပ်နေတာက အရပ်ရပ်သော လုပ်ငန်း ဌာနနဲ့ နယ်ပယ်တွေရဲ့ စီမံ ခန့်ခွဲမှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ပိုင်းမှာ တိုးလို့ နေရာပေးအပ်တာမျိုး ဖြစ်ပါတယ်။ အခိုင်းခံ အသုံးခံ နေရာမျိုးအတွက် ဗိုလ်အဆင့် နှင်းအပ်ပြီး ဆောင်ရွက်စေတာကို လက်ခံမှာလား ဆိုတာကတော့ ပါရဂူဘွဲ့အထိ ပါလာကြမယ့် အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ချက် အတိုင်းပဲ ဖြစ်ပါလိမ့်မယ်။

အာဏာ၊ သေနတ်နဲ့ ဘာပဲပြောပြော ခေတ်မကုန်သေးတဲ့ စစ်အာဏာ လက်ကျန်ကို အသုံးချလိုကြတဲ့အတွက် စိတ်ဝင်စားမယ့် အမျိုးသမီးတွေ၊ အထူးသဖြင့် အမျိုးသားတွေနဲ့ တန်းတူ ဒီလို အခွင့်အရေးမျိုး လိုချင်နေတဲ့ အမျိုးသမီးတွေ အတွက်တော့ ဒါဟာ အခွင့်ကောင်းလို့ ဆိုရမလားပါပဲ။

ဒါမှမဟုတ် လွှတ်တော်ထဲ အခန့်သင့် ၀င်ထိုင်နေကြတဲ့ စစ်သားတွေချည်း နေရာမှာ အနိမ့်ဆုံး အရပ်အမြင့် ၅ ပေ ၃ လက်မနဲ့ ပေါင်ချိန် ၁၀၀ ကနေ ၁၃၀ အတွင်း ခေါ်ထားတာမို့ ခြောက်လကြာ စစ်သင်တန်းဆင်းထားတဲ့ မြင့်မြင့်မားမား ကျစ်ကျစ်လစ်လစ် တောင့်တောင်းတင်းတင်း (ချောမချောတော့ အာမ မခံနိုင်ပါဘူး) စစ်သမီးတွေပါ ပါလာမယ်ဆိုရင်တော့ အခြေခံ ဥပဒေကို မပြင်နိုင်သေးလို့ ရှိနေကြဦးမယ့် လွှတ်တော်ထဲ မည်းမည်း၀၀ စစ်သားချည်း သက်သက်ထက်စာရင်တော့ စစ်သမီးတွေနဲ့ ကြည့်ကောင်းဦးမှာပါလား ဆိုတာကို မြင်ယောင်ရင်း ပြုံးမိပါတော့တယ်။

နောက်တခုကလည်း အသက် ၃၀ အထိ စစ်သင်တန်း မတက်ခင် ကထဲက အပျိုကြီး ဖြစ်နေရမယ့် စစ်သမီးလောင်းတွေဟာ အရွယ်လွန်လာဦးမယ့် ဇီဝခန္ဓာကိုယ်ကြီးကို မြန်မြန်ထက်ထက် မျိုးဆက်ပွားဖို့ အသုံးမချခဲ့ရင် တသက်လုံး အိမ်ထောင်မဲ့ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင်လည်း နိုင်ငံတချို့က စစ်သမီးတွေလို လိင်တူချင်း ညားကြတဲ့ အဖြစ်တွေလည်း မြန်မာပြည်ကြီးဝယ် တိုးလာမြင့်လာတော့မှာလားလို့ ထပ်ဆောင်း တွေးဆစ် အဖြေခြစ်ဖြစ်ပါတယ်။

၂၀၀၃ အောက်တိုဘာ ၁၇၊ ညနေ ၄ နာရီ။
ရန်ကုန်။

Myo Tha Htet