10/20/13


ကွယ်လွန်သူ ဝါရင့်သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်းရဲ့ ဈာပနကို အောက်တိုဘာ ၂ဝရက်နေ့က ရန်ကုန်မြို့ ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပြီး သတင်းမီဒီယာ၊ နိုင်ငံရေးပါတီတွေနဲ့ ဆွေမျိုးမိသားစုတွေ လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။
မြန်မာပြည်၏ တဦးတည်းသော ရွှေကလောင်ဆုရှင် ဂါးဒီးယန်း ဦးစိန်ဝင်း ၏ ဇာပနအခမ်းအနားမြင်ကွင်း(DVB)
Kamayut Media

ကိုပေါ်ရဲ့နောက်လာမယ့်ခေါင်းဆောင်အတွက်ပေးတဲ့ဥပမာ။ထောင်ထဲမှာဟင်းချက်စားသလိုလုပ်ကြပါ။ သိချင်ရင်သူ့ကိုမေးကြပါ။ ကျနော်တော့အင်မတန်ကြိုက်သဗျာ..
မြန်မာ့ ဗုဒ္ဓသာသန ရိပ်သာ (ကိုရီးယား) မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် ဆရာ တော် များအား သွားရောက် ဂရ၀ပြုပြီး ဆရာတော်များ၏ သြ၀ါဒ ခံယူစဉ်

Photo..ကိုရန်နိုင်ထွန်း


အချိန်ကာလသည် မိုးအကုန်ဆောင်းအကူး ဖြစ်သည်နှင့်အညီ ဟေမာန်ဆောင်း၏ ညလေပြေညှင်းသည် တသုန်သုန်နှင့်တိုက်ခတ်ကာ လပြည့်ဝန်းကြီးမှာလည်း ထိန်ထိန်သာ လျှက်ရှိပေသည်။ ထို့ပြင် ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ အမွန်မြတ်ဆုံး ဖြစ်သော မြတ်စွာဘုရား ဝါတွင်း(၃)လကာလပါတ်လုံး နတ်ပြည်တွင်တရားဟောခဲ့ပြီး လူ့ပြည်သို့ ပြန်လည်ကြွချီရာတွင် ဆီမီးများဖြင့် ပူဇော်ကြသော ဝါကျွတ်၊ သီတင်းကျွတ် အဖိတ်နေ့ညပင် ဖြစ်တော့သည်။

ကျွန်တော်တို့သည်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် တနေ့တာ အလုပ်တာဝန်များပြီးဆုံးပြီး နောက် ဘဝတစ်ပါးသို့ပြောင်းလဲသွားကြရာဝယ် မကျွတ်မလွတ်သောဘုံဘဝသို့ ရောက်ရှိနေကြသော သတ္တဝါ အပေါင်းတို့အား ပြုခဲ့သမျှ ကုသိုလ်ကောင်းမှုများနှင့် အကျွတ်အလွတ် အဓိဌာန်ပုတီးစိပ်ကာ အမျှဝေ ပြီးသော အချိန် ည (၂၂းဝဝ)နာရီတွင် အိပ်စက်အနားယူရန် ပြင်ဆင်နေသည့် အချိန်သမယပင် ဖြစ်ပေတော့သည်။ တသုန်သုန် တိုက်ခတ်လျှက်ရှိသော မြောက်ပြန်လေနှင့်အတူ အဝေးဆီမှ ဥသြသံတချို့ကို ကျွန်တော့်နားနှင့် ရုတ်တရက်ကြားလိုက်ရပြီး လေ့ကျင့်ရည် ပြည့်ဝနေသော ခန္ဓာကိုယ်နှင့် အသိစိတ်တို့မှ “ဖျဉ်း” ကနဲ ကြက်သီးများ ထကာ အိပ်ယာမှထ၍ Stand By (အသင့်) အနေအထားဖြစ်ပြီး သတင်းအခြေအနေကို ဆက်လက်စောင့်ကြည့် နေမိတော့သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ကျွန်တော်တို့ လက်ကိုင်ဖုန်းများအတွင်းသို့ မီးသတင်းများ ဝင်ရောက် လာကာ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့မှာ စက္ကန့်ပိုင်းအတွင်း မှာပင် ရှေ့တန်းမီးလောင်ပြင်သို့ ထွက်ရန် အဆင်သင့် ဖြစ်သွားခဲ့သည်။ နောက်များမကြာ စက္ကန့်ပိုင်းအတွင်းမှာပင် ကျွန်တော်တို၏ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သည် သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့မှ လှူဒါန်းထား သော ယာဉ်အမှတ် ၈ည - ၁၂၂၂ ပေါ်တွင် ယာဉ်မောင်း ဦးရဲလင်းမြင့်၊ ကယ်ဆယ်ရေး အဖွဲ့ဝင်များဖြစ်ကြသော ဦးရောဘတ်အောင်၊ ဦးဇွဲမဟိဏ်ခ၊ တို့နှင့်အတူ ကျွန်တော် ရဲသွင်ထွဋ် တို့သည် မီးလောင်ပြင်ရှေ့တန်းဖြစ်သော ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်သို့ တရိပ်ရိပ်ပြေးလွှားနေသော လူနာတင်ယာဉ်နှင့်အတူ ထွက်ခွာသွား ပြီဖြစ်သည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ် တည်ရှိရာ မ/ဒဂုံမြို့နယ်မှ ကျောက်တံတားမြို့နယ်သို့ အလာ ကမ္ဘာအေးဘုရား လမ်းပေါ်ရှိ လမ်းနီမှတ်တိုင်အရောက်တွင် ရုတ်တရက် လက်ကိုင်ဖုန်းမှ မည်သဖြင့် ပြန်လည်ဖြေကြားရာတွင် ကျောက်တံတားမြို့နယ် မီးလောင်ပြင်မှာ အခြေအနေအားလုံးကောင်းပြီး၊ မီးငြိမ်းသွားပြီ ဖြစ်ကြောင်း Ambulance မလိုတော့ကြောင်း ဆက်သွယ်အကြောင်းကြားလာသဖြင့် ကျွန်တော်တို့လည်း မီးလောင်ပြင်သို့သွားရာလမ်းတွင် ကားအားနောက်ပြန်လှည့်၍ မိမိတို့ရုံးဆိုက်ရာ နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ ပြည်လှည့်ကာ မောင်းနှင်လာခဲ့ပါသည်။

ကျွန်တော်တို့ ရုံးချုပ်သို့ ပြန်လည်ရောက်ရှိပြီးသည့်နောက်တွင် ယာဉ်နှင့်လိုက်ပါလာသော တာဝန်ကျ အဖွဲ့ဝင် အသီးသီးမှာလည်း နေအိမ်သို့ ပြန်သူကပြန်၊ ကိုယ်လက်သန့်စင်သူကသန့်စင်နှင့် အေးအေးဆေးဆေး လုပ်ကိုင်လျှက်ရှိပါသည်။ ထိုစဉ် ရုတ်တရက် ဖုန်းလာသဖြင့် ပြန်လည်ဖြေကြားရာတွင် အထက်ပါ ကျောက်တံတား မြို့နယ်၊ ပန်းဆိုးတန်းလမ်းတွင် လောင်နေသောမီးမှာ အမှန်တကယ်ငြိမ်းသွားခြင်းမရှိဘဲ အတွင်းတွင် မီးခိုးများနှင့် ပိတ်ပြီးအတွင်း၌ တမြေ့မြေ့လှိုက်စားကာ လောင်ကျွမ်းလျှက်ရှိကြောင်း အခြေအနေသည် မီးမှာ အမှန်တကယ် ငြိမ်းသတ် သွားခြင်းမရှိကြောင်း ဆက်သွယ်သတင်းပေး အကြောင်းကြားလာသည်။ ယခင်က အနားယူရန် ပြင်ဆင်နေသော ကျွန်တော်တို့အဖွဲ့မှာ ကယ်ဆယ်ရေးဝတ်စုံများ၊ Eqyipment များကိုဆွဲကာ လူနာတင်ယာဉ်ပေါ်သို့ အပြေးအလွှား ထပ်မံ၍ သွားရောက်ရပေတော့သည်။

ယခုအကြိမ်သည် အထက်ပါ မီးလောင်ပြင်သို့ ဒုတိယအကြိမ် ထပ်မံ၍ သွားရောက်ရသည့် ခရီးပင် ဖြစ်တော့သည်။ ပထမအကြိမ်နှင့် ဒုတိယအကြိမ်ကြားတွင် အချိန်ကွာဟမှု (၁၅)မိနစ်ခန့်သာရှိခဲ့ပြီး ယခုဒုတိယအကြိမ်ပြန်လည်ထွက်ခွါရာတွင် ယာဉ်မောင်းဦးမျိုးဝင်း၊ ဦးရောဘတ်အောင်၊ ဦးဇွဲမဟိဏ်ခနှင့်အတူ ထွက်ခွါလာပါတော့သည်။ ယာဉ်မောင်း ဦးမျိုးဝင်းဆိုလျှင် ၄င်းမှာ (၁၉.၁ဝ.၂ဝ၁၃) ရက်နေ့ နံနက်(၄းဝဝ)နာရီခန့် တွင် ကျွန်တော်တို့အသင်းမှ နယ်ခရီးစဉ် တစ်ခုအား ယာဉ်မောင်းနှင်ပေးရန် တာဝန်ယူထားသူပင်ဖြစ်သည်။ ဦးမျိုးဝင်းသည် သူ၏ အနားယူချိန်တွင်နားပြီး နောက်တစ်နေ့ခရီးဆက်ရန် အားမယူသေးဘဲ အသင်းအတွက် အများအတွက် လိုက်လံပေးဆပ်လျှက်ရှိပေသည်။
မီးလောင်ပြင်အရောက်တွင် မီးလောင်ပြင်၌ အသင့်စောင့်နေသော ကျွန်တော်တို့အသင်းမှ ဦးမြတ်သူ၊ ဦးဆန်းလင်းဦး၊ ဦးကျော်စိုးနိုင်တို့နှင့်အတူ ယှဉ်တွဲ၍ ရန်ကုန်တိုင်းကြက်ခြေနီ သူနာပြုတပ်ဖွဲ့နှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက် ပေတော့သည်။ ကျွန်တော်တို့ ကားအားမီးလောင်ပြင်ရှေ့ခန်းတွင် အရေးပေါ်ကယ်ဆယ်ရေးစခန်းအား ကားအတွင်းတွင်ဖွင့်လှစ်၍ တိုင်းကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့်အတူ မီးသတ် ရဲဘော်များထံ နှာခေါင်းစည်းများဝေငှခြင်း၊ လက်အိတ်၊ ရေဘူးများအား ဝေငှခြင်းများကို အတူလက်တွဲ ပြုလုပ်ခဲ့ ပြီးနောက် ကျွန်တော်တို့သည့်ဆေးအိတ်များ၊ ထမ်းစင်များနှင့်အတူ မီးလောင်မှုဖြစ်ပွားရာ တိုက်အနီးအနားတွင် အသင့်စောင့်လျှက်ရှိပါသည်။ များမကြာမီအချိန်တွင် စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ကြပ်ကြီး (၁)ဦးဖြစ်သူမှာ မီးခိုးများမွန်၍ အသက်ရှုပိတ်ပြီး ပြင်ပသို့ ဆွဲထုတ်လာရာ ကျွန်တော်တို့မှ ယာယီအရေးပေါ် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသော လူနာတင်ယာဉ်ဆီသို့ခေါ်ဆောင်လာပြီး လူနာအခြေအနေကို ဆန်းစစ်ကာ ဆေးရုံတက်ရန်မလိုသဖြင့် ကားအတွင်း၌ပင် First Aid နှင့် ကျွမ်းကျင်မှုပေါင်းစပ်ကာ ပြုစုပေးခဲ့ပါသည်။

မီးလောင်ပြင်တွင် နောက်တနေ့ မနက်ကူးထိ စောင့်ကြည့်နေခဲ့ပြီးနောက် မီးအခြေအနေအားလုံး ပြီးစီးသွားပြီ ဆိုမှသာ ကျွန်တော်တို့ကားမှာ မီးလောင်ပြင်မှ အသင်းရုံးချုပ်သို့ ပြန်လည် ထွက်ခွာလာပါတော့သည်။ အသင်းရုံးချုပ်သို့ရောက်ပြီး ကျွန်တော်တို့ အနားယူရန် ကြံနေစဉ်မှာပင် လက်ကိုင်ဖုန်းများမှ ပန်ဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းတွင် မီးလောင်နေကြောင်း ထပ်မံသတင်းပေးပို့လာပါသည်။ မီးသတင်းအား အတည်ပြုပြီး မီးအခြေအနေအား စောင့်ကြည့်ပြီး လူနာတင်ယာဉ်အဖွဲ့အား အသင့်အနေအထားဖြင့် ထားရှိခဲ့ပါသည်။ နောက် (၃)မိနစ်ခန့်အကြာတွင် မီးလောင်ပြင်မှ သတင်းများ ရောက်ရှိပါသည်။ မီးမှာအချိန်မှီငြိမ်းသတ်နိုင်ခဲ့ပြီး လူနာတင်ယာဉ်မလိုအပ်တော့ကြောင်း သတင်းများရောက်ရှိလာပါတော့သည်။ ထိုမှသာ ကျွန်တော်တို့အဖွဲ့မှ သက်ပြင်းများကိုယ်စီချပြီး တနေ့တာ အိပ်စက်အနားယူရန်အတွက် ပြင်ဆင်လိုက်ပါတော့သည်။ အချိန်သည်ကား (၁၉.၁ဝ.၂ဝ၁၃) ရက်နေ့ နံနက်(ဝ၂းဝဝ)နာရီခန့်ပင်ဖြစ်တော့သည်။

သို့ရာတွင် ကျွန်တော်၏ မျက်လုံး၊ ကျွန်တော်၏ နား၊ ကျွန်တော်၏ ဦးနှောက်တို့သည် ကျွန်တော့်အား အိပ်စက်ခွင့်မပြုချေ ကျွန်တော်၏မျက်လုံးထဲတွင် မီးလောင်မှုကြောင့် အော်ဟစ်ပြေးလွှားသံများ၊ မီးသတ်ရဲဘော် တို့၏ စွန့်စွန့်စားစား မီးငြိမ်းသတ်ပုံများ ပြန်လည်မြင်ရောင်နေသလို ကျွန်တော်၏ နားအာရုံတွင်လည်း အော်ဟစ်သံများ အရေးပေါ်ဥသြဆွဲသံများ ပဲ့တင်ထပ်နေတော့သည်။ ထို့ကြောင့် ကျွန်တော်အိပ်စက်၍ မရသည့်အဆုံး ကျွန်တော် Facebook စာမျက်နှာတွင် “ခင်ဗျားတို့တွေ.... ပျော်ပါး...ပျော်ရွှင်နေဖို့... ကျူပ်တို့တွေ...မီးလျှံကြားထဲကနေ...အသက်ကိုရင်းပြီး..မီးလျှံ၊ မီးတောက်များဆီသို့ ......တိုးရင်း...တိုးရင်း.....” ဟူ၍ ရေးချလိုက်တော့သည်။ ထိုအချိန်စက္ကန့်ပိုင်းအတွင်း “နာရေးကူညီမှုအသင်း (ရန်ကုန်) အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့ မှ လူမှုရေးသမားများအား လေးစားဂုဏ်ယူမိပါတယ်” ဟူသော ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌဦးကျော်သူ၏ Comment ကျွန်တော်၏ Facebook စာမျက်နှာပေါ်တွင် တက်လာပါတော့သည်။ နောက်တစ်ကြိမ် ကျွန်တော် “တော်ပါသေးရဲ့...ဒီညAmbulance ပေါ်က မဆင်းရတော့ဘူးထင်နေတာ.......၀ှူးးးး...........မောတော့မောတာပေါ့....ဒါပေမဲ့..မမောဘူး..”ဟူ၍ ကျွန်တော် ထပ်မံ၍ ရေးသားလိုက်သည်။ တစ်ချိန်တည်း တပြိုင်နက်တည်း ဥက္ကဌဦးကျော်သူဆီမှ “ပရဟိတသမား ဆိုတာ အများအတွက်ဆိုရင် အရာရာကိုစွန့်လွတ်ရဲရတယ်”ဟုပြန်လည်ရေးသားမှုကို မြင်တွေ့လိုက်ရသည်။ သြော် … ကျွန်တော်တို့ ဥက္ကဌကြီး အခုချိန်ထိ မအိပ်သေးပါလား ကျွန်တော်တို့နည်းတူ အများပြည်သူအတွက် စိုးရိမ်သောကဖြစ်ကာ အင်တာနက်လိုင်းအား အခုအချိန်အထိ စောင့်ကြည့်ဖတ်ရှုနေပါလား၊ ပြည်သူတို့၏ အခြေအနေအား စိုးရိမ်တကြီး စောင့်ကြည့်နေသလို ကျွန်တော်တို့ မျိုးဆက်သစ် ပရဟိတခေါင်းဆောင်များ ဖြစ်လာမည့် လူငယ်များအားလည်း အချိန်နှင့်တပြေးညီလူမှုရေးစိတ်ဓါတ်များ လူမှုရေး ခွန်အားများကို မျက်ခြေမပျက်ပေးဆပ်နေပါလားဟူ၍ တွေးတောမိတော့သည်။

ကျွန်တော်တို့ ငယ်စဉ်ကလေးဘဝများ၌ သီတင်းကျွတ် အချိန်ကာလများတွင် မြတ်စွာဘုရားရှင်အား ကြိုဆိုပူဇော်မှုအနေဖြင့် မီးပန်းလေးများ၊ ဆီမီးခွက် ဖယောင်းတိုင်လေးများထွန်းညှိခြင်း ဗျောက်အိုးငယ်လေးများ ဖောက်၍ ဆော့ကစားခြင်းများပြုလုပ်ခဲ့သည်။ ယခု ၂ဝ၁၃ ခုနှစ်ကျွန်တော်လူလားမြောက်၍ ပရဟိတသမားတစ်ဦး အဖြစ် ရပ်တည်နေသော အချိန် သီတင်းကျွတ်အချိန်ကာလတွင်တော့ မြတ်စွာဘုရားအား ပူဇော်ကြိုဆိုခြင်းကာ ကြောက်ခမန်းလုလုပင်ဖြစ်တော့သည်။ ဗျောက်အိုးငယ်လေးများအစား လူများသေကြေပျက်စီးနိုင်သော ဗုံးများ ဆက်တိုက်ဆိုသလို ပေါက်ကွဲခြင်းနှင့် ဆီမီးပူဇော်မှုအစား အိုးအိမ်တိုက်တာများမီးလောင်ကျွမ်းပြီး ပျက်စီး ဆုံးရှုံးခြင်းတို့ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတော့သည်။ မည်သို့ပင်ဖြစ်စေကာမှု ဦးကျော်သူ၏ “ပရဟိတသမား ဆိုတာ အများအတွက်ဆိုရင် အရာရာကိုစွန့်လွတ်ရဲရတယ်”ဟူသော အားပေးစကားအား ကျွန်တော်ကျင့်သုံး လိုက်နာ ယုံမှတစ်ပါး အခြားမရှိတော့ချေ။
ရဲသွင်ထွဋ် (FFSS)

မိုးစက်ဝိုင်ကို ထောက်ခံနေသူတွေထဲမှာ

အာဏာရှင်ဘက်သားတွေ တော်တော်များများတွေ့တယ်။

သူတို့ပြောတာလေး တွေ့မိပါတယ်။ ဘာတဲ့ ...

'မြန်မာလူမျိုးဂုဏ်တက်ဖို့ မိုးစက်ဝိုင်ကို အားပေးရမယ်'

တဲ့။ ဒါကို မဆွေးနွေးလိုပါဘူး။ တစ်ခုတော့ ပြောမယ်

အခု မိုးစက်ဝိုင်သွားပြိုင်တာ Miss Universe နော်

ခင်ဗျားတို့ သူ့ကို Miss Universe မရစေချင်ဘူးလား

ရစေချင်တယ်လို့ ဖြေမှာပဲ။ ဒါဆို ဆက်မေးမယ်။ ဘာလို့ရစေ့ချင်လဲ

အထက်ကအတိုင်း ဖြေမယ်ထင်တယ်။

'တိုင်းပြည်ဂုဏ်တက်အောင်' ဟုတ်လား။

ဒါဆို Miss Universe နဲ့ Nobel ဆု ဘယ်ဟာက ကမ္ဘာမှာပိုသိက္ခာရှိသလဲ

ဒီလောက်ကြီး နှိုင်းတာတောင် မအပ်မရာ နှိုင်းသလိုဖြစ်သွားပါပြီ

နည်းနည်းလျှော့ပြောမယ်။ Miss Universe နဲ့ မာလာလာ

ဘယ်သူက ပိုသိက္ခာရှိမယ် ထင်သလဲ။

အေး၊ ကျနော်တို့ဆီမှာ မာလာလာတွေ အများကြီးရှိတယ်။

ဒေါ်နော်အုန်းလှ၊ ဒေါ်ဖြူဖြူသင်း၊ ကိုမင်းကိုနိုင်၊ ကိုကျော်သူ စသဖြင့်

သူတို့ရထားတဲ့ အဆင့်အတန်းမြင့်လှစွာသော

ကမ္ဘာအဆင့် ဆုတံဆိပ်တွေကိုကြည့်စမ်းပါ။

မာလာလာနဲ့ အသာလေးနှိုင်းလို့ရတယ်။

မာလာလာလို့ပြောရင် ကလေးမလေးနဲ့နှိုင်းတယ်ဘာညာ အစဆွဲထုတ်ဦးမယ်။

ကျနော်ပြောချင်တာက ဂုဏ်သိက္ခာအကြောင်းပါ။

Miss Universe နဲ့ဆို မနှိုင်းသာလောက်အောင် မြင့်ကြသပေါ့ဗျာ။

ဒါပေမဲ့ သူတို့ဟာ ... အခု

“မြန်မာလူမျိုးဂုဏ်တက်ဖို့ မိုးစက်ဝိုင်ကို အားပေးရမယ်”

ဆိုပြီး ဆော်သြနေသူတွေထဲက တစ်ချို့ရဲ့ ပါးစပ်ဖျားမှာ

နှစ်ပြားမတန်အောင် အပြောခံခဲ့ကြရတယ်။

ကျနော်တို့ကိုတောင် ဒေါ်စုကို ထောက်ခံလို့တဲ့။

အဖွားကြီး ထမိန်နားခိုချင်နေတဲ့သူတွေ ... တဲ့

သူက ကျနော်တို့အတွက် အမေပဲလေ။ ပြီးတော့

သူ့ကြောင့်ကျနော်တို့ဘယ်လောက် ကမ္ဘာ့အလည်မှာဂုဏ်တက်ရသလဲ?

ပြန်နှိုင်းလိုက်ဦးမယ်ဗျာ။

ကမ္ဘာမှာ Miss Universe ဆိုတာ အလွန်ဆုံးနာမည်ကြီးမှ တစ်နှစ်ပါ။

ဘယ် ကမ္ဘာ့ခေါင်းဆောင်မှလဲ Miss Universe ကို အလေးမထားပါဘူး

အခု မိုးစက်ဝိုင်ကို ၀ိုင်းအားပေးလို့ ရရင် အင်တာနက်မယ်ပါပဲ။

Miss Universe ဆုကတော့ကျနော်တို့ လဲ,သေနေအောင်အားပေးလဲ

သူ အရည်အချင်းရှိမှ ရမှာ။

ကျနော်တို့မြန်မာပြည်က မြန်မာမကြီးတစ်ယောက်ဟာ

ကမ္ဘာမှာ ရနိုင်ခဲလှသော Nobel ဆုကြီးရထားတယ်ဗျာ

ကမ္ဘာ့ခေါင်းဆောင်တွေကလဲ သူ့ကို

(လူငယ်စကားပြောရင်) 'ဂါ' ကြတယ်ဗျာ။

ဒီတော့ ... ကျနော်တို့က သူ့ကြောင့် မာန်ဝံ့တယ်ဗျာ။

သူ့ကို သိပ်ချီးကျူးတယ်ဗျာ။ သူ့ကို တန်ဘိုးထားတယ်ဗျာ။

ဒါ တို့တိုင်းပြည် ဂုဏ်တက်စေတဲ့ အဆောင်လက်ဖွဲ့ကြီးပဲ

... ဆိုတဲ့သဘောမျိုး အလေးအမြတ်ပြုကြတယ်ဗျာ။

မိုးစက်ဝိုင်သာ Miss Universe ရလာကြည့်စမ်း

ဟိုလူတွေ ဘယ်လောက် ပျော်မလဲ။

အဲဒီလိုအချိန်များ မိုးစက်ဝိုင်ကို တစ်ခွန်းလောက်ပြောမိကြည့်

ဘယ်လောက် ဆတ်ဆတ်ခါမလဲ။

အေး၊ ကျုပ်တို့က အဲဒီထက် မနှိုင်းအပ်မနှိုင်းရာဖြစ်လောက်အောင် မြင့်တဲ့

Nobel ဆုရှင်ကြီးကို မိုက်မိုက်ရိုင်းရိုင်းတွေ အဆဲခံရတော့

ဆတ်ဆတ်ခါတယ်ဗျာ။ အသည်းနာတယ်ဗျာ။

ကိုယ့်တိုင်းပြည်အတွက် ဒီလောက်ဂုဏ်တက်စေတဲ့လူကို ဆဲနေတာ

ဒီလူတွေ ဒီတိုင်းပြည်သားမှ ဟုတ်ရဲ့လားလို့တောင် ထင်တယ်ဗျာ။

Thorn Nay Soe


ဒီတပါတ် ဖတ်မိတဲ့ သတင်းတစ်ပုဒ်ကို မှတ်မှတ်ရရ ရှိလို့ မိတ်ဆွေများလည်း ဂုဏ် ယူနိုင်အောင် တင်ပေးလိုက်ပါတယ် ။ သမ္မတနဲ့ အဖွဲ့ကတော့ လန်ဒန်မှာ ၂ ရက်ပဲ နေပါတယ် တစ်တစ် ခွခွ ပေါင် ၁ သောင်း ၈ ထောက်ဖိုး စားကြ သောက်ကြ ပေါ့ဗျာာာ .... ဒီစာရင်းတွေကို အင်္ဂလန် ပြည်သူတွေက တရားဝင်တောင်းကြည့်လို့ ရတယ်ဆိုတာလည်း မသိဘူး ထင်ပါ့ စုစုပေါင်း ကုန်ကျစာရိတ်က ပေါင် သုံးသောင်းကျော် .... ဒေါ်လှ ခြောက်သောင်း နီးပါး ....

ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကတော့ သူနဲ့ အတူပါ အဖွဲ့ဝင်တွေကို ကိုယ့်အ၀တ် ကိုယ်လျော်ဖို့ ၊ ဟိုတယ်ရဲ့ လောင်ဒရီဆားဗစ်ကိုပင် မသုံးဖို့ ညွှန်ကြားသဗျ ....

ကျနော်တို့မှာလည်း အဲသည်လို ခေါင်းဆောင်ကောင်းမျိုး ရှိပေလို့သာပဲ .... အစုတ် အပြတ်တွေ ၁မတ်တွေကြား ခံသာနေတယ် ထင်ပါရဲ့ ဗျာ..

ဒီမို ဖက်တီး


သူရိယအလင်း ဂျာနယ်တိုက်ကို ညအချိန်တွင်ဝင်ရောက် ခဲ့ပြီး ဖိုးလပြည့်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သား ဦးသူရိန်တို့က ကွန်ပျူ တာများ ယူဆောင်သွားကြကြောင်း ဂျာနယ် စီအီးအို ဦးမိုးဟိန်းပြောကြားခဲ့သော်လည်း တစ်ဖက်တွင် ကာယကံရှင်များက အဆိုပါပြောကြားချက်အပေါ် မဟုတ်မှန်ကြောင်း ဖလားဝါးနယူးစ်သို့ ပြောသည်။ သူရိယအလင်းဂျာနယ် စီအီးအို ဦးမိုးဟိန်းက ''အောက်တိုဘာ ၁၈ ရက် ည ၁၂ နာရီနဲ့ ၁နာရီကြားမှာ စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သား ဦးသူ ရိန်နဲ့ အပေါင်းအပါ ၁၅ ဦးလောက်က ကျွန် တော်တို့ရုံးကို လာရောက်ပြီး တံခါးဖွင့်ခိုင်း ကာ ရုံးထဲမှ ကွန်ပျူတာ ၁၄လုံးနဲ့ စီစီတီဗွီတွေ ကို ထိန်းချုပ်တဲ့ မိန်းဆာဗာကိုပါ ဖြုတ်ယူ သွားတာပါ''ဟု ပြောသည်။
သို့ရာတွင် ယင်းဖြစ်ရပ်တွင် ဖိုးလ ပြည့်နှင့် ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်၏ သား ဦးသူရိန်တို့ ပါဝင်ပတ်သက်ခြင်းမရှိ ကြောင်းနှင့် ယင်းဖြစ်စဉ်တွင် ဂျာနယ်တိုက် ပိုင်ရှင်နှင့် ထုတ်ဝေသူဖြစ်သူ ဦးယုနိုင်ကိုယ် တိုင် ဝင်ရောက်ယူဆောင်ခြင်းသာဖြစ်ကြောင်း ကာယကံရှင်များက ဖလားဝါးနယူးစ်ဂျာနယ် ၏ ဆက်သွယ်မေးမြန်းချက်အား ပြန်လည် ဖြေကြားသည်။

အောက်တိုဘာ ၁၉ရက် ည၁၂ နာရီဝန်းကျင်တွင် သူရိယအလင်းဂျာနယ် တိုက်သို့ ဖိုးလပြည့်နှင့် ကိုသူရိန်တို့မှ လူအင် အား၁၅ယောက်ခန့်ဖြင့် လာရောက်၍ ရုံး အတွင်းရှိ ကွန်ပျူတာများကို ဖြုတ်ယူဆောင် သွားသည်ဆိုပြီး သူရိယအလင်းဂျာနယ်၏ စီအီးအိုဦးမိုးဟိန်းက သတင်းစာရှင်းလင်းပွဲ တွင် ပြောသည်။

ဦးနေရွှေသွေးအောင်(ခ)ဖိုးလ ပြည့်က ''ညကဖြစ်ခဲ့တဲ့ဖြစ်ရပ်မှာ ကျွန်တော့် အနေနဲ့ လုံးဝပါဝင်ပတ်သက်ခဲ့ခြင်းမရှိခဲ့ပါ ဘူး။ ကျွန်တော် သူတို့နဲ့လိုက်လဲမသွားဘူး။ ကျွန်တော်တို့ ညက သူရိယအလင်းထုတ်ဝေ သူ ဦးယုနိုင်မွေးနေ့မှာ ကိုသူရိန်နဲ့တွေ့လို့ မင်းတို့ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ တအားများ နေတယ်။ မကောင်းဘူးနော်လို့ ပြောခဲ့ပါ တယ်။ ပြီးတော့ မွေးနေ့အထိမ်းအမှတ် စား သောက်ပြီးပြန်ခဲ့ပါတယ်''ဟု ပြောသည်။
စီးပွားကူးသန်းဝန်ကြီးဦးဝင်းမြင့် ၏သားဖြစ်သူ ကိုသူရိန်က ''ကျွန်တော်က ဂျာနယ်တိုက်ထဲကိုဝင်ပြီး ကွန်ပျူတာတွေကို ဝင်ရောက်ဖြုတ်ယူတယ်ဆိုတာ လုံးဝမဟုတ် ပါဘူး။ ကျွန်တော်တို့ မနေ့ညက သူရိယအ လင်းထုတ်ဝေသူဦးယုနိုင်ရဲ့ မွေးနေ့ညစာ အတူစားပြီးတော့ ဦးယုနိုင်ရယ် ကျွန်တော့် သူငယ်ချင်းတွေရယ် သူရိယအလင်းဂျာနယ် ရဲ့ ထွက်သမျှဂျာနယ်တွေဝယ်မယ်ဆိုပြီး ရုံး ကို ရောက်သွားပါတယ်။ ရုံးရောက်သွားတော့ ဦးယုနိုင်က တံခါးဖွင့်ပေးဖို့ပြောပေမယ့် မဖွင့် ပေးလို့ ကျွန်တော်တို့ တော်တော်ကြာကြာ ထိုင်စောင့်နေခဲ့ရပါတယ်။ တံခါးဖွင့်လာ တော့မှ သူရိယအလင်းဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်ကိုယ်တိုင် ကွန်ပျူတာတွေကိုဖြုတ် ပြီး ကားပေါ်တင်သွားတာပါ''ဟု ပြောသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲ တွင်ပင် မိမိတို့အနေဖြင့် ယခုကဲ့သို့ဖြစ်ရပ်များ ဖြစ်မည်ကို ကြိုတင်မျှော်မှန်းထားပြီးဖြစ် သဖြင့် သူရိယအလင်းဂျာနယ်ကို မထုတ်ဝေ ဖြစ်တော့ပါက နောက်ထပ်ထုတ်ဝေရန် ဂျာ နယ်တစ်စောင်နာမည်ကို သူရိယနေဝန်းနာ မည်နဲ့ ထုတ်ဝေခွင့်တင်ထားခဲ့တာ အခုဆို ရင် ထုတ်ဝေခွင့်ကျနေပါပြီ''ဟု ဦးမိုးဟိန်းက ပြောသည်။ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ သတင်းစာဆရာတစ်ဦးက''အခုပြဿနာက ထုတ်ဝေသူနဲ့ အယ်ဒီတာကြားကဖြစ်တဲ့ ပြဿနာပါ။ ထုတ်ဝေသူအနေနဲ့ မိမိလုပ်ငန်း ကို ရပ်ဆိုင်းနိုင်သလို လုပ်ငန်းပစ္စည်းတွေ ကို ယူခွင့်ရှိပါတယ်။ လုပ်ထုံးလုပ်နည်းမှားနေ တယ်။ သန်းခေါင်ကျော်မှာ ဝင်ယူတယ်ဆို တာ မှားတယ်လို့ယူဆပါတယ်။ အဖွဲ့အစည်း ကို အစည်းအဝေးခေါ်တင်ပြဖြေရှင်းပြီး လုပ် ငန်းဖျက်သိမ်းမယ်ဆိုလဲ ဖျက်သိမ်းတာမျိုး လုပ်သင့်ပါတယ်''ဟု သုံးသပ်ပြောသည်။

Yangon mediagroup

ကိုရဲ

အောက်တိုဘာ ၂၉ ရက်က ဘရူနိုင်းနိုင်ငံတွင် ကျင်းပသော ၂၃ ကြိမ်မြောက် အာဆီယံထိပ်သီးအ စည်းအဝေးတွင် အလှည့်ကျ အာဆီ ယံဥက္ကဋ္ဌရာထူးကို မြန်မာနိုင်ငံက လွှဲ ပြောင်းရယူခဲ့သည်။ ထိုသို့လွှဲပြောင်း ရယူခြင်းအထိမ်းအမှတ်အဖြစ် အ စည်းအဝေးတွင် နိုင်ငံ၏အကြီးအကဲ သမ္မတဦးသိန်းစိန်က အာဆီယံနိုင်ငံ ခေါင်းဆောင်များသို့ကတိပေးပြော ကြားခဲ့သော ဦးစားပေးအကောင်အ ထည်ဖော်ဆောင်မည့်အချက် ခုနစ် ချက်တွင် လူ့အခွင့်အရေးကိစ္စရပ် များကိုပါ ဦးစားပေးအကောင်အ ထည်ဖော်သွားမည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အာဆီယံ ဥက္ကဋ္ဌတာဝန်ယူရန် ၂၀၀၆ ခုနှစ်၊ (နအဖအစိုးရလက်ထက်)က တစ် ကြိမ်အလှည့်ကျခဲ့သော်လည်း ထိုစဉ် အချိန်က ဖြစ်ပေါ်နေခဲ့သော နိုင်ငံ ရေးအခြေအနေအပါအ၀င် လူ့အ ခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်များ ကြောင့် တာဝန်မယူနိုင်ခဲ့ဘဲ ယခု အရပ်ဝတ်လဲအစိုးရလက်ထက် ဒုတိ ယအကြိမ် အလှည့်ကျချိန်မှ တာဝန် ယူနိုင်ခြင်း ဖြစ်သည်။

အစိုးရသစ်တာဝန်ယူပြီးနောက် ပိုင်း လက်ရှိအချိန်ထိလူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသေးသော ကြောင့် အာဆီယံထိပ်သီးအစည်း အဝေး၌ သမ္မတဦးသိန်းစိန်ပြော ကြားသောစကားများအတွက် မည် ကဲ့သို့တာဝန်ယူလုပ်ဆောင်မည်ဆို သည်မှာ နိုင်ငံရေးစိတ်ဝင်စားသူနှင့် လူ့အခွင့်အရေးလှုပ်ရှားသူအသိုင်းအ ၀ိုင်းအတွင်း မေးခွန်းထုတ်စရာတစ် ခုဖြစ်လာခဲ့သည်။

“အာဆီယံဒေသအတွင်းမှာ လူ့အခွင့်အရေးတွေရှိဖို့၊ ပိုမိုကောင်း မွန်လာဖို့ သမ္မတကပြောခဲ့တယ်ဆိုရင် အဲဒီသမ္မတအုပ်ချုပ်နေတဲ့ မြန် မာနိုင်ငံမှာကော အခြေခံလူ့အခွင့် အရေးတွေအတွက် အစိုးရကဘယ် လိုလုပ်ဆောင်ချက်တွေ ရှိနေလဲ။ ဘယ်လိုအာမခံချက်တွေ ရှိနေလဲဆို တဲ့ကိစ္စက ပိုပြီးအရေးကြီးပါတယ်။ သူများနိုင်ငံမှာ လူ့အခွင့်အရေးရှိဖို့ တိုက်တွန်းမယ်၊ ပြောဆိုမယ်ဆိုရင် ကိုယ့်နိုင်ငံမှာလည်း လူ့အခွင့်အရေး အခြေခံအချက်တွေပြည့်စုံနေဖို့ လို ပါတယ်”ဟုလူ့အခွင့်အရေးကာကွယ် မြှင့်တင်သူများကွန်ရက် (HRDP)မှ ဦးမြင့်အေးကပြောသည်။

အလားတူပင် မြန်မာနိုင်ငံ၏ လက်ရှိလူ့အခွင့်အရေးအခြေအနေ နှင့် ပတ်သက်၍ လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့ (HREIB) မှ ဦး စောတင့်နိုင်ကလည်း “လူ့အခွင့် အရေးနဲ့ပတ်သက်ရင် အများကြီး ကြိုးစားရဦးမယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ အများကြီးအလုပ်လုပ် ရဦးမယ်။ ပြည်သူတွေအများကြီး ပါဝင်လာဖို့လိုသလို ဌာနဆိုင်ရာတွေ ကလည်း ကူညီပါဝင်ဖို့ လိုအပ်ပါ တယ်။ ကဏ္ဍပေါင်းစုံကနေ အများ ကြီးကြိုးစားရဦးမယ်လို့မြင်ပါတယ်” ဟု သုံး သပ်ပြောဆိုသည်။

ယခုလက်ရှိမြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေသည် ယခင်စစ်အာဏာရှင်လက်ထက်က ကဲ့သို့ဥပဒေမဲ့ ချိုးဖောက်ခြင်းမျိုး မဟုတ်တော့ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြဋ္ဌာန်းကာ စနစ်တကျလူ့ အခွင့်အရေးချိုးဖောက်နေခြင်းဖြစ်ကြောင်း ဥပဒေပညာရှင်များနှင့် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာ သူတို့က သုံးသပ်ပြောဆိုကြသည်။

“၂၀၀၈ အခြေခံဥပဒေကို ရေး ဆွဲတုန်းက ပြည်သူလူထုပါဝင်ပတ် သက်ခွင့်ဆိုတာ လုံးဝမရခဲ့ပါဘူး။ အုပ်ချုပ်သူအစိုးရက သူတို့စိတ် ကြိုက်ပြင်ဆင်ရေးဆွဲသွားတာပဲဖြစ် ပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ကို ကျွန်တော်တို့ လူ့အခွင့်အရေး  သမားတွေ အခြေခံကိုင်တွယ်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းအချက် ၃၀ နဲ့ တိုက်ဆိုင်ပြီး စာမေးပွဲစစ်သလိုသာ စစ်ဆေးမယ်ဆိုရင် ဒီအခြေခံဥပဒေ ဟာရှုံးပါတယ်။ စာမေးပွဲမအောင်ပါ ဘူး”ဟုလူ့အခွင့်အရေး ကာကွယ်မြှင့် တင်သူများကွန်ရက် (HRDP) မှ ဦး မောင်မောင်လေးက ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေဆွေးနွေးပွဲတွင် သုံး သပ်ပြောဆိုခဲ့သည်။

၂၀၁၃ ခုနှစ် အောက်တိုဘာ ၄ ရက်နေ့က နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်သော ကြေညာချက်စာတမ်းတွင်လည်း ပြဋ္ဌာန်း ထားသောဥပဒေဖြင့် လူ့အခွင့်အ ရေးချိုးဖောက်ပုံများကို ကျယ်ပြန့် စွာ ရေးသားဖော်ပြထားသည်။

အဆိုပါ ကြေညာချက်တွင် ၂၀၁၂ ဇူလိုင် ၅ ရက်မှ စတင်ပြဋ္ဌာန်းလိုက်သော ငြိမ်းချမ်းစွာစုဝေး ခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေ တွင်ပါဝင်သည့် ဥပဒေပုဒ်မ ၁၈ ကို အသုံးချကာ လူ့အခွင့်အရေးချိုး ဖောက်မှုများ လုပ်ဆောင်နေခြင်း ကြောင့် ထိုဥပဒေဖြင့် တရားစွဲဆို ခြင်းခံရကာ အမှုရင်ဆိုင်နေရသူ ၁၂၈ ဦးရှိနေကာ ၂၉ ဦး ပြစ်ဒဏ် ပေးခံထားရပြီး လက်ရှိကာလတွင် ၁၅ ဦး အကျဉ်းကျခံနေရကြောင်း ဖော်ပြထားသည်။

(ဥပဒေပုဒ်မ ၁၈၌ “မည်သူမဆို ခွင့်ပြုမိန့်မရရှိဘဲ ငြိမ်းချမ်းစွာစု ဝေးခြင်း သို့မဟုတ် စီတန်းလှည့် လည်ခြင်းပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကိုတစ်နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃၀ç၀၀၀ ထက်မပိုသော ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်”ဟု ပြဋ္ဌာန်းထားရာ ခွင့် ပြုမိန့်မရရှိဘဲ ငြိမ်းချမ်းစွာစုဝေးခြင်း၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုသူများသည် ယင်းဥပဒေပုဒ်မ ၁၈ ဖြင့် အရေးယူအပြစ်ပေးခံရခြင်းဖြစ် သည်။)

ထိုငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်ခွင့်ဆိုသည်မှာ နိုင်ငံတ ကာတွင် ကျင့်သုံးနေသော လူ့အခွင့် အရေးစံချိန်စံညွှန်းများအနက် အနိမ့် ဆုံးမရှိမဖြစ် စံနှုန်းတစ်ခုဖြစ်ကြောင်း ဆန္ဒဖော်ထုတ်မည့်သူများအနေဖြင့် ဆန္ဒထုတ်ဖော်ရသည့် ရည်ရွယ်ချက် အား အာဏာပိုင်များအား သိရှိအာ ရုံစိုက်လာစေရန်လုပ်ဆောင်ခြင်းသာ ဖြစ်သောကြောင့် ဆန္ဒထုတ်ဖော်ရန် ခွင့်တောင်းခံစရာမလိုသည်ကို တွေ့ ရှိရကြောင်း အဆိုပါငြိမ်းချမ်းစွာစု ဝေးခွင့်နှင့် စီတန်းလှည့်ခွင့်ဥပဒေပုဒ် မ ၁၈ သည် လွတ်လပ်စွာ ထုတ် ဖော်ပိုင်ခွင့်နှင့်ပတ်သက်သည့် နိုင်ငံ တကာစံချိန်စံညွှန်းကို အတိအလင်း ချိုးဖောက်နေသော ဥပဒေဖြစ်နေ ကြောင်းကိုလည်း ဖော်ပြထားသည်။

၁၉၄၈ ကုလသမဂ္ဂအပြည် ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာ စာတမ်းတွင် ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့်ပတ်သက်၍ အပိုဒ် ၁၉။ လူတိုင်း တွင် လွတ်လပ်စွာထင်မြင်ယူဆနိုင် ခွင့်နှင့်လွတ်လပ်စွာဖွင့်ဟဖော်ပြနိုင် ခွင့်ရှိသည်။ အဆိုပါအခွင့်အရေးများ ၌ အနှောင့်အယှက်မရှိဘဲ လွတ် လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်ပါဝင် သည့်အပြင် နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအ ကြောင်းအရာနှင့်သဘောတရားများ ကို တစ်နည်းနည်းဖြင့်လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချိခွင့်တို့လည်း ပါဝင် သည်။

အပိုဒ်၂၀။  ၁။ လူတိုင်းတွင် လွတ်လပ် အေးချမ်းစွာ စုဝေးနိုင်ခွင့်နှင့်ဖွဲ့စည်း နိုင်ခွင့်တို့ရှိသည်။

              ၂။ မည်သူကိုမျှ အဖွဲ့အစည်း တစ်ခုသို့ဝင်စေရန် အတင်းအကျပ် မပြုရဟု ထည့်သွင်းပြဋ္ဌာန်းထား သည်ကိုတွေ့ရှိရသည်။

နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံ ရေးအခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ်(ICCPR) အပိုဒ်  ၂၁ တွင်လည်း လွတ်လပ်စွာစုရုံးပိုင်ခွင့်အား အသိအမှတ်ပြုရမည်ဟု ပြဋ္ဌာန်းထားသည်ကိုလည်းတွေ့ရသည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်ဥပဒေအပြင် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က အတည်ပြု ပြဋ္ဌာန်းထားသော ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဥပဒေသည်လည်း လူ့အခွင့်အရေး ကို အကာအကွယ်ပေးဖို့ထက် ခြိမ်း ခြောက်သည့် သဘောသို့ သက် ရောက်နေကြောင်း နိုင်ငံသားတစ်ဦး ၏အခြေခံရပိုင်ခွင့် တစ်ခုဖြစ်သည့် လွတ်လပ်စွာနေထိုင်ခွင့်ကို ပိတ်ပင် ထားသည့်ဥပဒေဖြစ်ကြောင်း လူ့အ ခွင့်အရေးလှုပ်ရှားသူများက ဝေဖန် ပြောဆိုကြသည်။

ရပ်ကွက်(သို့မဟုတ်)ကျေးရွာ အုပ်ချုပ်ရေးမှူးဥပဒေ အခန်း ၉ တွင် အပိုဒ် ၁၇ (က)နှင့်(ခ)တွင် မိမိနေအိမ်သို့ အခြားသောနေရာဒေသ တွင် နေထိုင်သူ ညဥ့်အိပ်ညဥ့်နေလာ ရောက်ခြင်း၊ ထွက်ခွာခြင်းကို ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ တိုင်ကြားရမည်ဟု ဖော်ပြပါရှိပြီး အခန်း ၁၁ အပိုဒ် ၂၇ တွင် ပျက် ကွက်ပါက ကျခံရမည့်ငွေဒဏ်နှင့် ထောင်ဒဏ်များကိုဖော်ပြထားသည်။

နိုင်ငံအများစုတွင် အသုံးပြုခြင်းမရှိသော ရပ်ကွက်/ကျးရွာ အုပ်ချုပ်ရေးမှူးထံတွင် ဧည့်စာရင်း တိုင်ကြားစေခြင်း၊ ထောက်ခံစာရယူ စေခြင်းများကြောင့် ပြည်သူလူထုအ များစုမှာ မိဘဆွေမျိုးသားချင်းအိမ် သို့ သွားရောက်လည်ပတ်ရာတွင်ပင် အခက်အခဲတစ်ခုဖြစ်ကြရသည်ဟု ပြည်သူများကဆိုသည်။

“ကျွန်တော်တို့မလေးမှာနေတုန်းက ပတ်စပို့စ်စာအုပ်တစ်အုပ် ကိုင်ပြီး တစ်နိုင်ငံလုံးလှည့်ပတ်သွား လာနေတာပဲလေ။ ဘာဧည့်စာရင်းမှ တိုင်စရာမလိုသလို ဘယ်သူ့ဆီကမှ လည်း ထောက်ခံစာမတောင်းခဲ့ရဖူး ဘူး။ ပြစ်မှုမကျူးလွန်ထားရင် ဘယ် သူ့မှလည်း ကြောက်နေစရာမလို ဘူး။ ခုတော့ဒီမှာဧည့်စာရင်းဆိုတာ ကြီးက ရှိသေးတယ်။ နောက်ပြီးရပ် ကွက်ထောက်ခံစာ၊ ရဲစခန်းထောက် ခံစာကိစ္စ။ ရပ်ကွက်ထောက်ခံစာ ဆို ရင် နှစ်ဆင့်လုပ်ရမယ်။ ရာအိမ်မှူး တစ်ခါပြီးမှ အုပ်ချုပ်ရေးမှူး။ သူတို့ လက်မှတ်တစ်ခါထိုးဖို့ အရေးစစ်ဆေးမေးမြန်းခံရပြီး ပိုက်ဆံက ပေး ရသေးတယ်။ ဒီမိုကရေစီခေတ်မှာ ဒီလိုကိစ္စတွေရှိ မနေသင့်တော့ဘူး” ဟု မလေးရှားနိုင်ငံတွင် အရောင်း မန်နေဂျာအဖြစ်လုပ်ကိုင်ခဲ့သူ ကိုနေ မိုးက ပြောဆိုဝေဖန်သည်။

ထိုကဲ့သို့ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးဥပဒေတွင် ဧည့်စာရင်းတိုင်ကြားရန် ပြဋ္ဌာန်း ထားခြင်းနှင့်ပတ်သက်၍ “ဒါလည်း လုံခြုံရေးအခြေအနေကို အကြောင်း ပြုပြီးပြောတာပါ။ လုံခြုံရေးအခြေ အနေဆိုတာကလမ်းတွေမှာထောက် လှမ်းရေးတွေ၊ CCTV Camera တွေ၊ သူတို့မှာရှိတဲ့ သူတို့ ဖြန့်ကြက်ထားတဲ့ ထောက်လှမ်းရေး ကွန်ရက်တွေရှိ မယ်။ သတင်းဌာနတွေရှိမယ်။ အဲဒီ ကနေမစုံစမ်းဘဲနဲ့ သူများခြင်ထောင် သွားလှန်ပြီးတော့ ဧည့်စာရင်းစစ်ပါ တယ်ဆိုတာကတော့ မလျော်ကန် ဘူးလို့ ကျွန်တော်ယူဆတယ်ဗျာ”ဟု လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ များကွန်ရက် (HRDP) မှ ဦးမြင့်အေးက ထောက်ပြပြောဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်ပေါ်ပေါက်လာသော သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသည်ဟု ပြောဆိုနေသော်လည်း ထိုလုပ်ဆောင်ချက်များသည် အောက်ခြေအထိ မသက်ရောက်သေးဘဲ ယခင်စစ်အာဏာရှင်လက်ထက်က ကဲ့သို့ ကျင့်သုံးနေမှုများနှင့်ပတ်သက် ၍ ဝေဖန်ပြောဆိုမှုများလည်းရှိနေ သည်။ အထူးသဖြင့်တပ်မတော်မှ တိုက်ရိုက်ကိုင်တွယ်သည့် ပြည်ထဲ ရေးဝန်ကြီးဌာနလက်အောက်ရှိ ရဲ တပ်ဖွဲ့ဝင်များ၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့၏  လူ့အခွင့်အရေးချိုးဖောက်လုပ်ဆောင်မှုများသည် ပြည်သူများအကြား ဝေဖန်ပြောဆို အခံရဆုံးဖြစ်သည်။

ထို့အပြင် ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်ရှိ ရဲတပ်ဖွဲ့ဝင်အ ချို့က ပြည်သူလူထုအပေါ် ပျူငှာမှုမရှိ မောက်မာစွာဟိန်းဟောက်ဆက်ဆံခြင်း၊ အဓိကရုဏ်းနှိမ်နင်းရာတွင် အကြမ်းဖက်နှိမ်နင်းခြင်း၊ အကျဉ်းထောင်အတွင်း ညှဉ်းပန်းနှိပ်စက်ခြင်း များကဲ့သို့သော လူ့အခွင့်အရေးချိုး ဖောက်မှုများသည် ပြည်သူဗဟိုပြုဒီမိုကရေစီစနစ်သို့ သွားနေသော ယနေ့အချိန်ကာလအထိ ရှိနေသေးခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များအား အခြေခံလူ့အခွင့်အရေးသင်တန်းပေးခြင်းများ ပြုလုပ်သင့်သည်ဟုလည်း လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောဆိုဝေဖန်ခဲ့ကြသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ရဲတပ်ဖွဲ့ဝင်များအား ရာထူးအဆင့်အလိုက် သင်တန်းများပေးနေပြီး လူ့အခွင့် အရေးသင်တန်းများလည်းပါဝင်ကြောင်းပြောကြားခဲ့သော်လည်း အောက်ခြေတွင်မူ လိုက်နာကျင့်သုံးခြင်းမရှိဘဲ ရဲတပ်ဖွဲ့ဝင်အချို့ ပြည်သူ လူထုအပေါ်ဆက်ဆံပုံမှာ ရိုင်းစိုင်းမောက်မာကာ နိုင့်ထက်စီးနင်းဆန် နေဆဲဖြစ်ကြောင်း ပြည်သူများကဆို သည်။

“မဖမ်းနဲ့မဟုတ်ဘူး။ ဖမ်းပါ။ ဥပဒေအရစီရင်ပါ။ အပြစ်ရှိရင် ဆုံး ဖြတ်ရမှာပဲ။ ဒါလူ့အဖွဲ့အစည်းရဲ့ဥပ ဒေပါ။ ဒါပေမဲ့ ဘယ်သူပဲဖြစ်ဖြစ်၊ ဘာကြောင့်ပဲဖြစ်ဖြစ်အကျဉ်းထောင် ထဲရောက်လို့ရှိရင် အငြိုးအတေး၊ အာဃာတတွေနဲ့ နှိပ်စက်ညှဉ်းပန်း ပိုင်ခွင့်  ဘယ်သူမှခွင့်ပြုမထားဘူး။ ဒါပေမဲ့ ဒီနေ့အဲဒါတွေရှိနေတယ်” ဟု ဦးမြင့်အေးက ဝေဖန်ထောက် ပြသည်။

ထို့အပြင် အခြားသော လူ့အ ခွင့်အရေးချိုးဖောက်မှုများဖြစ်သည့် ကလေးစစ်သားကိစ္စ၊ မြေယာသိမ်း ဆည်းခြင်းကိစ္စ၊ အလုပ်သမားအခွင့် အရေးကိစ္စများအား သမ္မတဦးသိန်း စိန်ဦးဆောင်သော အစိုးရအဖွဲ့က ကိုင်တွယ်ဖြေရှင်းနေသည်ဟုဆိုသော် လည်း ယခင်ပြဿနာအဟောင်း များကို အပြီးအပြတ်ဖြေရှင်းနိုင်ခြင်း မရှိသေးသကဲ့သို့ အသစ်အသစ်ဖြစ်ပေါ်လာသည့် ပြဿနာများလည်း ရှိသည်။

ထို့အပြင် ဥပဒေ၊ နည်းဥပ ဒေများပြဋ္ဌာန်းရာတွင်လည်းပြည်သူလူထုအား အကာအကွယ်ပေးသည့်ဥပဒေထက် ချုပ်ကိုင်လွှမ်းမိုးရန် ကြိုး စားသည့်ဥပဒေများကိုသာပြဋ္ဌာန်းရန် ကြိုးစားနေသည်ကိုလည်းတွေ့ရှိ နေရသည်။ ထို့အပြင် လူ့အခွင့်အရေးချိုးဖောက်မှု အဆိုးရွားဆုံးအဖြစ် မှတ်တမ်းဝင်စေခဲ့သည့် ယခင်စစ်အာဏာရှင် အစိုးရလက်ထက် ကျူးလွန်ခဲ့ကြသော ကျေးရွာများမီးရှို့ဖျက်ဆီးမှု၊ လူသတ်မှု၊ မုဒိမ်းမှုနှင့် အခြားအခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ အရေးယူမခံရစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း ပြဋ္ဌာန်းကာ ကာကွယ်ထားခြင်းကိုလည်း ဆိုးဝါးသောလုပ်ရပ်အဖြစ် (New York)အခြေစိုက် လူ့အခွင့်အ ရေးစောင့်ကြည့်မှုအဖွဲ့(HRW) က ၈၈ လူထုအရေးတော်ပုံငွေရတုနှစ်ပတ်လည်ကာလအတွင်း ကြေညာ ချက်ထုတ်ပြန်ကာဝေဖန်ခဲ့သည်။

လူ့အခွင့်အရေးစောင့်ကြည့်မှု အဖွဲ့ကလွန်ခဲ့သည့် ၂၅ နှစ်အတွင်း ဖြစ်ပွားခဲ့သောလူ့အခွင့် အရေးချိုးဖောက်မှုများအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ အမှန် တရားဖော်ထုတ်ပေးရန် သမ္မတ ဦး သိန်းစိန်ဦးဆောင်သော အစိုးရ   အဖွဲ့ကို တိုက်တွန်းတောင်းဆိုခဲ့ သည်။

အထူးသဖြင့် ဒီမိုကရေစီနိုင်ငံ တော်ကို တည်ထောင်မည်ဟု စိတ်ပိုင်းဖြတ်ကာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို အကောင်အထည်ဖော်နေသော အစိုးရတစ် ရပ်အနေဖြင့် အတိတ်ကာလလူ့ အခွင့်အရေးချိုးဖောက်မှုတွေကို တိတိကျကျကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း၊ အမျိုးသားရင်ကြား စေ့ရေးကိုဖော်ဆောင်ရာတွင် ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်၊ အမှန်တရားပေါ်အခြေခံကာ ဖော်ဆောင်မှသာ ရေရှည်တည်တံ့နိုင်မည်ဖြစ် ကြောင်း(HRW)မှ ဖေးလ်ရောဘတ်စန်က ယူဆသည်။

“တည်တံ့ခိုင်မြဲတဲ့ အမျိုးသား ရင်ကြားစေ့ရေးလုပ်မယ်ဆိုရင် အ တိတ်ကာလတုန်းက ဘယ်သူဘယ်လို လုပ်ကိုင်ကျူးလွန်ခဲ့တယ် ဆိုတာကို သိထားဖို့လိုပါမယ်။ ပြီးခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မသိကျိုးကျွံခွင့်ပြုထားပြီးလုပ်တဲ့ အမျိုးသားရင်ကြားစေ့ရေးမျိုးလုပ်မယ်ဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှု တွေဆက်ဖြစ်နေဦးမှာပါ။ ၁၉၈၈ ခုနှစ်မှာ တာဝန်ကျခဲ့တဲ့စစ်တပ်က အရာရှိတွေဟာဆိုရင် အခုအခါ ရာထူးအတော်ကြီးကြီး ဖြစ်နေလောက်ပါပြီ။ ဒီလိုကျူးလွန်ခဲ့တဲ့သူ တွေကို ဒီအတိုင်းလွှတ်ထားလို့မရပါဘူး။ အမှန်တရားကို ဖုံးအုပ်ထားတာထက် ဖြစ်ခဲ့တဲ့အမှန်တရားတွေ အပေါ် အသိအမှတ်ပြုမှု အခြေခံတဲ့ အမျိုးသားရင်ကြားစေ့ရေးဖြစ် သင့်ပါတယ်”ဟုဖေးလ်ရောဘတ်စန် က ပြောဆို ကြောင်း HRW ကြေညာချက်တွင် ဖော်ပြထားသည်။

ပြုပြင်ပြောင်းလဲရေးကာလများတွင်သာ ပေါ်ပေါက်လာလေ့ရှိသည့် ဤသို့သောကိစ္စသည် သက်ဆိုင်ရာ ကာယကံရှင်များနှင့် အဓိကသက်ဆိုင်ပြီး ခွင့်လွတ်ကျေအေးပေးသင့်သည်ဟု ထင်မြင်ယူဆသူများရှိသကဲ့သို့ ခံစားခဲ့ကြရသူများ၏ အတိတ်မှဝေဒနာများကို သက်သာစေမည့် အစားထိုးကုစားမှုများပြုလုပ်ပေးရန် လိုအပ်သည်ဟု ထင်မြင်ယူဆသူ များလည်းရှိသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အာဏာရှင်စစ်အစိုးရစနစ်မှ ဒီမိုက ရက်တစ်ဝန်းကျင်သို့ ပြုပြင်ပြောင်း လဲရေးလုပ်ဆောင်ရာတွင် တရားမျှ တမှုရှိရန်လိုကြောင်း ယခင်စစ်အစိုး ရမှပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲများအရ ပေါ်ပေါက်လာသော လက်ရှိအစိုးရသည် ယခင်စစ်အာဏာရှင် အစိုးရ၏ အမွေကို ဆက်ခံရမည်ဖြစ်ရာ ယခင် အစိုးရပြုလုပ်ခဲ့သော လူ့အခွင့်အ ရေးချိုးဖောက်မှုကိစ္စများကိုလည်း ဆက်ခံရမည်ဖြစ်ကြောင်း၊ လူ့အခွင့် အရေးချိုးဖောက်ခံရသူများအပေါ် တစ်စုံတစ်ခုသော အတိုင်းအတာဖြင့် ကုစားပေးသင့်ကြောင်း လူ့အခွင့်  အရေးကာကွယ်မြှင့်တင်ရေးကွန်ရက် (HEDP) မှ ဦးမောင်မောင်လေးက သုံးသပ်ပြောဆိုသည်။

“ကာယကံရှင်နှစ်ဦးပြေလည် သွားပြီဆိုရင် ပြုပြင်ပြောင်းလဲရေး မှာ တရားမျှတတဲ့ ပြုပြင်ပြောင်းလဲရေးလို့ တစ်စိတ်တစ်ပိုင်းပြောလို့ရ နိုင်တယ်။ အဲဒီတော့ ဒီပြုပြင်ပြောင်းလဲရေးကာလ တရားမျှတမှုဆိုတာ အမွေဆက်ခံတဲ့အစိုးရက ဒီကိစ္စအပေါ်မှာ တစ်စုံတစ်ရာတော့ ကုစားပေးဖို့တာဝန်ရှိတယ်။ အမွေခံရလိမ့်မယ်။ ပြန်လည်တရားစွဲဆိုဖို့ပြောနေတာမဟုတ်ဘူး။ ခုနက ပြောခဲ့သလို ၀န်ခံခြင်း၊ တောင်းပန်ခြင်း၊ ဒါမှ မဟုတ် ဒီမိုကရေစီအရေးအခင်းမှာ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေနဲ့ပတ်သက်တဲ့ Memorial အဆောက်အအုံကြီးတွေ ဆောက်ပေးတာ စသဖြင့် ဒီလိုနည်းတွေနဲ့လည်း ကုစားပေးလို့ရပါတယ်။ အရင်အစိုးရရဲ့အမွေကိုဆက်ခံတဲ့အစိုးရအနေနဲ့ ကောင်းမွေတော့ခံပြီး ဆိုးမွေ တော့ ငါတို့နဲ့မဆိုင်ဘူး၊ အရင်ကအ စိုးရကိစ္စပဲလို့ လက်ညှိုးထိုးလို့မရ ဘူး။ တရားမျှတတဲ့ ပြုပြင်ပြောင်း လဲရေးဖြစ်ဖို့ဆိုရင် ဒါကိုလည်း သ မိုင်းအမွေခံရလိမ့်မယ်”ဟု ဦးမောင် မောင်လေးကသုံးသပ်ပြောဆိုသည်။

ယခုနှစ်ကုန်ပိုင်းအချိန်တွင်  အကျဉ်းထောင်များအတွင်း နိုင်ငံရေး သမားအကျဉ်းသားများမရှိတော့စေရန် လုပ်ဆောင်မည်ဟု နိုင်ငံတော် သမ္မတဦးသိန်းစိန်ကပြောဆိုထားသော်လည်း နစ်နာဆုံးရှုံးမှုများအတွက် ဆန္ဒဖော်ထုတ်တောင်းဆိုနေသူများအား  ညှိနှိုင်းဖြေရှင်းခြင်းထက် အကြမ်းဖက်နှိမ်နင်းခြင်း၊ တရားစွဲဆို ခြင်းများကိုသာ ဆက်လက်ပြုလုပ် နေဆဲဖြစ်သည်။
ယခင်အစိုးရအဆက်ဆက်၏ လက်ထဲတွင် မြန်မာနိုင်ငံသားတို့သည် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ပိတ်ပင်မှုများကို ခံစားခဲ့ရသည်။ အသွင်ပြောင်းအစိုးရတက်လာပြီးနောက်ပိုင်းတွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများ ယခင်ကထက်
လျော့နည်းလာသော်လည်း  ရှိနေဆဲပင်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ လက်ရှိအသွင်ပြောင်းအစိုးရ၏ အဓိကတာဝန်၇ှိသူ သမ္မတအနေဖြင့် နိုင်ငံတစ်ကာအဖွဲ့အစည်းတွင် လူ့အခွင့်အရေးကိစ္စနှင့်ပတ်သက်ပြီး ကတိပေးခဲ့သည့်အပေါ် မြန်မာနိုင်ငံသားများ မည်မျှမျော်လင့်နိုင်မည်နည်း ဆိုသည်ကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်သည်။

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.