11/02/13


ဒီကနေ့မနက် 8:45 နာရီက ဥရောပခရီးစဉ် မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသော အမေ ဒေါ်အောင်ဆန်းစုကြည် အား လာရောက်ကြိုဆိုသော ပြည်သူအများမှ ဖွဲ့စည်းပုံအခြခံဥပဒေကို အမြန်ဆုံးပြင်ဆင်သည်ကို မြင်လိုကြောင်း ပြောဆိုကြပြီး 2015 မှာ သမတကြီးဖြစ်ပါစေလို့ ဆုမွန်ကောင်းများ တောင်းဆိုကြသည်...

(ရိုက်ကူး .. တည်းဖြတ် ... မောပြေ (ခ) ခွန်ခေါင်) ...


မြန်မာပြည်၏ ဝေါ့ဒစ္စနေးရဲ့ နောက်ဆုံးခရီး
၃ဝ.၁ဝ.၂ဝ၁၃ ရက်နေ့ မွန်းလွဲ (၁၂း၂ဝ) နာရီအချိန်တွင် မြန်မာပြည်၏ ဝေါ့ဒစ္စနေးဟု တင်စားခြင်း ခံရအောင် နာမည်ကြီး ကာတွန်းဇာတ်ကောင်များဖြစ်ကြသည့် ဦးရှံစားနဲ့ ဦးဒိန်းဒေါင်၊ သူဌေးကြီးဦးကပ်စီး နဲ့ ခင်မောင်သိန်းထွန်းဝင်း၊ ဦးစိတ်တို နဲ့ မျောက်ညို၊ ကြာဇံ၊ နမူနာပါဘဲ “ခင်”၊ ဗိုလ်ပုချို၊ တီထွင်မှုပါရဂူ ဦးဆိတ်ဖြူ၊ ဘဲကောင်း - ဆန်ပြုတ် - အီကြာကွေး အစရှိသည့် ဇာတ်ကောင်များဖန်တီး၍ ကာတွန်းရုပ်ပြ တစ်ခေတ်အား ဦးဆောင်ခဲ့သူ ကာတွန်းဆရာကြီး ဦးအောင်ရှိန် အသက် (၈၆) နှစ်သည် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ကွယ်လွန်အနိစ္စရောက်ခဲ့ခြင်းသည် မြန်မာ့ကာတွန်းလောကအတွက် အစားထိုးမရသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်။ ၃၁.၁ဝ.၂ဝ၁၃ ရက်နေ့ နံနက် (၁၁း၃ဝ) နာရီအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးမှ ဆရာကြီး၏ သက်မဲ့ရုပ်ခန္ဓာအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရေဝေးသုဿန်အအေးခန်းသို့ ကူညီဖေးမ ပို့ဆောင်ပေးခဲ့သည်။

ဆရာကြီးသည် နာမည်ကျော်ကာတွန်းဆရာကြီး ဦးဘဂျမ်းနှင့် ဦးဟိန်စွန်းတို့၏ ကာတွန်းလက်ရာ များတို့အား မြင်ဆရာအဖြစ် လေ့လာဆည်းပူးခဲ့သူဖြစ်သည်။ ၁၉၄၉ ခုနှစ်တွင် သူငယ်ချင်းဖြစ်သူ ကာတွန်း ဖေသိန်း၏ အားပေးကူညီမှုဖြင့် မြန်မာ့အလင်း သတင်းစာ၌ ကာတွန်းများရေးဆွဲခဲ့ပြီး နောက်ပိုင်းတွင် ပေါ်ပြူလာ ကော့မစ်ကာတွန်းလုံးချင်းကို စတင်ရေးဆွဲခဲ့သည်။ ထိုမှအစပြု၍ ကာတွန်းဇာတ်ကောင်များစွာ မွေးဖွားဖန်တီး၍ ရုပ်ပြကာတွန်းစာအုပ် အမြောက်အမြား ရေးဆွဲခဲ့သည်။ မြန်မာရုပ်ပြကာတွန်း စာအုပ် လောကတွင် အအောင်မြင်ဆုံး ကာတွန်းဆရာကြီးလည်းဖြစ်သည်။ အထင်ရှားဆုံးဖြစ်သည့် ဦးရှံစားနဲ့ ဦးဒိန်းဒေါင် ဇာတ်ကောင်ဖြင့်ရေးဆွဲသော ရုပ်ပြကာတွန်းစာအုပ်များသည် ရုပ်ရှင်၊ ဗီဒီယိုအဖြစ် ရိုက်ကူး အောင်မြင်ခဲ့သည်။

၁.၁၁.၂ဝ၁၃ ရက်နေ့ ညနေ (၅းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်၌ မြန်မာ့ကာတွန်းလောကအတွက် အစားထိုးမရနိုင်တော့သူ ကာတွန်းဆရာကြီး ဦးအောင်ရှိန်၏ ဈာပနအခမ်းအနားအား နာရေးကူညီမှုအသင်း (ရန်ကုန်)မှ စီစဉ်ဆောင်ရွက် ကူညီပေးခဲ့ရာ ဆရာကြီးအား လေးစားချစ်ခင်ကြသော ကာတွန်းရေးဆွဲသူများ၊ ကာတွန်းချစ်သူ၊ ကာတွန်းချစ်ပရိသတ်များ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများနှင့် ဆရာကြီး၏ မိသားစုဝင်များတို့ဖြင့် စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပခဲ့သည်။

လူသားတို့ လိုလားတောင့်တခြင်း များစွာသောစိတ်ဆန္ဒအား အနိစ္စတရားသည် ကျော်ဖြတ်၍ အနိုင်ယူစမြဲပင်။ ဆရာကြီးရေးဆွဲခဲ့သည့် ပရိသတ်အချစ်တော် သက်ရှိထင်ရှား နာမည်ကျော်ဇာတ်ကောင် ပုံရိပ်များအား နောင်လူနောက်သားများ၊ ကာတွန်းချစ်ပရိသတ်များ၊ ကာတွန်းချစ်သူ၊ ကာတွန်းရေးဆွဲသူ များအတွက် “ဒါ .. ကာတွန်းဆရာကြီး ဦးအောင်ရှိန်” ၏ ကာတွန်းလက်ရာများအဖြစ် ဂုဏ်ယူဝင့်ကြွား ပြ သနိုင်လောက်သည့် ဖန်တီးမှုများနှင့် ထိုက်တန်သည့် ခံစားမှုမျိုးအား ဆရာကြီး မရရှိခဲ့ပါသည်။ အအောင် မြင်ဆုံး ရုပ်စုံ၊ ရုပ်ပြကာတွန်းဆရာကြီး တစ်ဦးဖြစ်ခဲ့ပြီး လက်ရှိအချိန်တွင် တစ်ဦးတည်း ကျန်ရစ်ခဲ့သည့် သက်တော်ရှည် ဆရာကြီးကွယ်လွန်မှုကြောင့် ကာတွန်းဆရာများ သာမက ကာတွန်းချစ်ပရိသတ်များ အတွက် အစားထိုးမရသည့် ဆုံးရှုံးမှုကြီး ဖြစ်ခဲ့တော့သည်။

(ဆရာကြီး ဦးအောင်ရှိန် ရောက်ရာအရပ်တွင် ပြည်သူ့အတွက် ကာတွန်းများ ဆက်လက်ရေးဆွဲနိုင်ပါစေ။)

ဂျပန် နိုင်ငံတိုကျိုမြို့ရှိ ''ရှီဗူဗာရှီ'' Up Link ရုပ်ရှင်ရုံတွင် ပြသခဲ့ သည့် မြန်မာဗီဒီယိုဇာတ်ကား နှစ်ကား အား ယင်းနိုင်ငံတွင် ထပ်မံပြသ ရန်အတွက် လာရောက်ဝယ်ယူမှု များရှိနေကြောင်း သိရသည်။

အဆိုပါဗီဒီယိုဇာတ်ကား နှစ် ကားမှာ ၂၀၁၃ခုနှစ် ဧပြီ ၂၆ ရက်က ဂျပန်နိုင်ငံတွင် သွားရောက် ပြသခဲ့သည့် ဇာတ်ကားများဖြစ် ပြီး ပြသစဉ် ကအင်္ဂလိပ်စာတန်း ထိုးဖြင့်ပြသခဲ့ရာ ဂျပန်လူငယ် များက အများ ဆုံးကြိုက်နှစ် သက် ခဲ့သည့်အတွက် ထပ်မံတောင်းဆို မှုများကြောင့် ယခုလိုလာရောက် ဝယ်ယူခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ရုပ်ရှင် အစည်းအရုံးမှတာဝန်ရှိသူတစ်ဦး က ''အခုလိုမျိုး လာရောက်ဝယ် ယူတာဆိုတော့ ကောင်းတာပေါ့၊ အဲဒီလိုမျိုး တခြားနိုင်ငံတွေ က လာ ရောက်ဝယ်ယူမှုများလေ ဗီဒီယို ဈေးကွက်ကောင်းဖို့ အလားအလာ တစ်ခုဖြစ်တယ်၊ ဒါပေမဲ့ ကိုယ့် ဘက်ကလဲ ဇာတ်ကားတွေကို အ ကောင်းဆုံးဖြစ်အောင် ရိုက်ဖို့လို မယ်။ ဖြစ်ကတတ်ဆန်း မရိုက်ဘဲနဲ့ ကောင်းကောင်းမွန်မွန်ရိုက်မယ် ဆိုရင် ဒါလဲဖောက်ထွက် နည်းတစ် ခုပဲ''ဟု ပြောသည်။

ယင်းဇာတ်ကားနှစ်ကား မှာ ဒါရိုက်တာဝိုင်းရိုက်ကူးထားပြီး နေတိုးနှင့် အိန္ဒြာကျော်ဇင်တို့ သရုပ်ဆောင်ထားသည့် ''ကောင် မလေးတွေ မသိစေနဲ့''ဇာတ်ကား နှင့် လူမင်းပါဝင်သရုပ်ဆောင်ထား သည့်'' ငရဲတစ်ပိဿာ''ဆိုသည့် ဇာတ်ကားတို့ဖြစ်ကြောင်း သိရ သည်။

ယခုအခါတွင် ယင်းဇာတ် ကားနှစ်ကားအား ဂျပန်စာတန်း ထိုးပြီးပြသမည်ဖြစ်ကာ တိုကျို မြို့ ရှီဗာဗူရှိ Up Link ရုပ်ရှင်ရုံ တွင်ပင် ပြသမည်ဖြစ်သည်။

Yangon media group

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထား ရယူရေး ဟောပြောပွဲအား အောက်တိုဘာ ၂၆ ရက်တွင် အောက်မင်္ဂလာဒုံ လမ်းမကြီး စဥ့်ငူရပ်ကွက်၊ အင်းစိန်မြို့နယ် ကောင်းကောင်း ခန်းမ၌ NLD ပါတီမှ ကြီးမှူး ကျင်းပခဲ့ပြီး၊ ထိုအခမ်းအနားပွဲ၌ တပ်မတော်သားများ အားလုံးအနေဖြင့် ပြည်သူလူထု ယုံကြည်နိုင်ရန် ကယ်တင် နိုင်သေးကြောင်း (NLD)ပါတီ၏ နာယကဖြစ်သူ ဦးတင်ဦးက အခမ်းအနားတွင် ပြောကြားခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်နိုင်လျှင် တိုင်းရင်းသားများနှင့် ယုံကြည်မှု မတည်ဆောက်နိုင်။ ယုံကြည်မှု မရပါက ပြည်တွင်းငြိမ်းချမ်းရေး မရယူနိုင်။ ငြိမ်းချမ်းရေး မရှိပါက အမျိုးသား ပြန်လည် သင့်မြတ်မှု မရနိုင် သင့်မြတ်မှုမရဘဲနှင့် စစ်မှန်သော ပြည်ထောင်စု မပေါ်ထွန်းနိုင်။ စစ်မှန်သော ပြည်ထောင်စု မဟုတ်လျှင် ဖွံ့ဖြိုးတိုးတက်မှု မဖြစ်နိုင်၊ ဖွံ့ဖြိုးတိုးတက်မှု မရှိလျှင် ပြည်သူများ ဆင်းရဲတွင်းက မလွတ်နိုင်။ ထို့ကြောင့် အခြေခံဥပဒေ ပြင်ဆင်ဖို့ ပြည်သူ့ဆန္ဒ ဖော်ပြကြပါစို့ဟု NLD ပါတီမှ ကြေညာချက်များ ထုတ်ပြန်ထားသည်။

““တပ်မတော်သားတွေ အားလုံးဟာ ကိုယ့်ရဲ့တပ်မတော်ကို ကယ်တင် နိုင်ပါသေးတယ်။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် အဖြစ် ကယ်တင် နိုင်ပါသေးတယ်။ ဘယ်လိုကယ်မလဲ။ ဖြောင့်ဖြောင့်မတ်မတ်နဲ့ ပြည်သူလူထုရဲ့ ဆန္ဒကို ခင်ဗျားတို့ အပိုင်ကိုင်ပြီး လေးစားပါလို့ ပြောချင်တယ်””ဟု အခမ်းအနားတွင် NLD ပါတီ၏ နာယက ဖြစ်သူ ဦးတင်ဦးက ပြောကြားခဲ့သည်။

တပ်မတော်သားများအနေဖြင့် လွှတ်တော်၌ ၂၅ ရာခိုင်နှုန်း နေရာယူထားပုံကို ၎င်းမှ-

““ကာကွယ်ရေး ဦးစီးချုပ်ဖြစ်တဲ့ ပုဂိ္ဂုလ်က ကျုပ်တို့တွေ အမြင်မှန်ရပါပြီ။ လာမယ့် ၂၀၁၅ ခုနှစ်မှာတော့ ဒီ ၂၅ ရာခိုင်နှုန်း ကျုပ်တို့ သဘောနဲ့ ကျုပ်တို့ ဒီမိုကရေစီကို ကျင့်ကြံလိုတဲ့အတွက် မပါတော့ပါဘူးဗျာလို့ ကြေညာ လိုက်ရင် ပြည်သူတွေ ကြိုက်တဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်လာပါလိမ့်မယ်လို့ ပြောချင်ပါတယ်”” ဟု ထပ်မံ ပြောကြားခဲ့သည်။

NLD ပါတီမှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း ဒေသကြီးမှ တာဝန်ခံ ဦးကိုနီက ““ဒီမိုကရေစီ ဖွဲ့စည်းပုံဖြစ်ဖို့ အချက်နှစ်ချက်ပဲ လိုပါတယ်။ တစ်ချက်က ပြည်သူလူထုက ရေးတဲ့ ဖွဲ့စည်းပုံ ဖြစ်ရမယ်၊ လူထုဆန္ဒနဲ့အညီ ရေးတဲ့ဖွဲ့စည်းပုံ ဖြစ်ရမယ်၊ နံပါတ်နှစ် လိုအပ်ချက်က နိုင်ငံတော်ရဲ့ အာဏာကို လူထုကို ပီပီပြင်ပြင် ခိုင်ခိုင်မာမာ အပ်နှင်းရမယ်၊ နိုင်ငံတော် အာဏာကို ဘယ်သူ့ကိုမှ မအပ်ရဘူး၊ လူထုကိုပဲ အပ်ရမယ်””ဟု အခမ်းအနားတွင် ပြောကြားခဲ့သည်။

ထိုလူထုဆန္ဒ ခံယူပွဲအား တက်ရောက်လာသော ပြည်သူတစ်ဦးက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိုသာ လိုလားပါကြောင်း၊ လူတိုင်းတွင် အခွင့်အရေး ရှိကြောင်း မြန်မာသံတော်ဆင့်သို့ ပြောသည်။

ထိုလူထုဆန္ဒ ခံယူပွဲသို့ တက်ရောက်လာသော ပါတီဝင်နှင့် ပြည်သူလူထု စုစုပေါင်း ၃,၀၀၀ ကျော်ခန့်ရှိပြီး ထိုအခမ်းအနားပွဲသို့ တက်ရောက်လာသော ၈၀ ရာခိုင်နှုန်း အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအား ပြန်လည် ပြင်ဆင်ရန်သာ သဘောတူခဲ့ပြီး ကျန် ၂၀ ရာခိုင်နှုန်းမှာ အသစ်ပြန်လည် ရေးဆွဲရေးကို သဘောထား ဆန္ဒပေးခဲ့၍ ထိုပြည်သူ့ဆန္ဒ ခံယူပွဲကို အင်းစိန်မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ထန်းတပင်မြို့နယ် စသော မြို့နယ် ၃ မြို့နယ်အား ပေါင်း၍ ပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၂၇ ရက်တွင် ပဲခူးလမ်းကြီး၊ ထောက်ကြံ့၊ မင်္ဂလာဒုံ မြို့နယ်၌ လည်းကောင်း၊ အောက်တိုဘာ ၂၉ ရက်တွင် ပြည်လမ်း၊ အိုးတန်းရပ်ကွက်၊ တိုက်ကြီးမြို့နယ် တို့တွင် ပြည်သူလူထုဆန္ဒ ခံယူ၍ ၂၀၀၈ ဖွဲ့စည်းပုံအကြောင်း ဟောပြောမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

ချမ်းမြေ့ခိုင်
ုမြန်မာသံတော်ဆင့်

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.