11/13/13

၂၀၁၅ ခုနှစ်တွင် သမ္မတမည်သူဖြစ်ရေး မှာ ပြည်သူ့အရေးပင်ဖြစ်ပြီးNLD မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေး အတွက် လူထုဆန္ဒသဘော ထားရယူနေသည်မှာ ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ရေးကို ဦးတည်ဆောင်ရွက်နေခြင်းဟု ပြောကြားနေမှုများမှာ မဟုတ် ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းပုံပြင် ဆင်ရေး ကော်မတီ အဖွဲ့ဝင် ရှေ့နေကြီး ဦးကိုနီက ပြောကြားသည်။

ရှေ့နေကြီးဦးကိုနီက ''အဖွဲ့ ချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့ လုပ်နေတာ ဟာ ဒေါ်အောင် ဆန်းစုကြည်ကို သမ္မတဖြစ်စေချင် လို့ လုပ်နေတာဆိုပြီး မလိုတဲ့ သူ တွေက ဝါဒဖြန့်စကား ပြောတယ်။ ဂျာနယ်တွေမှာလဲဒီလိုဆောင်းပါးမျိုးတွေ တွေ့ရတယ်။
ဒေါ် အောင်ဆန်းစုကြည်သမ္မတဖြစ် ရေးမဖြစ်ရေးမှာ ပြည်သူများရဲ့ အရေးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အရေးမဟုတ်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်လို့ သူဘာမှ မဖြစ်ဘူးဗျာ။ အမျိုးသားခေါင်းဆောင်၊ ပါတီ ခေါင်းဆောင်တစ်ဦးအနေနဲ့ သူ့ အလုပ် ကို အေးအေးဆေးဆေး ဆက်လုပ်နေမှာပဲ။ ဖြစ်မှာက ခင် ဗျားတို့ ကျွန်တော်တို့ ဒုက္ခဖြစ်မှာ'' ဟု ယင်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်က ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးနှင့်ပတ်သက် ၍ တိုင်းနှင့် ပြည်နယ်အသီးသီး၌ လူထုဆန္ဒသဘောထားများကို ရ ယူလျက်ရှိရာတွင်NLD အား အမြင်မကြည်သူများ ၏ပြောကြား နေမှုများ ရှိသည့်အပေါ် နိုဝင်ဘာ ၁ဝရက်က ဗဟန်းမြို့နယ် ဗိုလ် စိန်မှန်အားကစားကွင်းတွင်ပြုလုပ် သည့် ရန်ကုန်တိုင်းလုံးကျွတ်ဖွဲ့ စည်းပုံအခြေခံ ဥပဒေဆိုင်ရာပြည် သူ့ဆန္ဒသဘောထားခံ ယူခြင်း ဟောပြောပွဲတွင် ပြန်လည်တုံ့ပြန် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်ရေးဆွဲစဉ်ကပင် အဖွဲ့ချုပ်က ကန့်ကွက်ခဲ့သဖြင့် အမျိုးသားညီ လာခံမှပင် ထုတ်ပယ်ခံခဲ့ရကြောင်း၊ ယင်းသို့ ညီလာခံမှထွက်လာချိန် တွင် ဖွဲ့စည်းပုံရေးသားနေမှုမှာ သမ္မတ ပြဋ္ဌဌာန်း ချက် အခန်းပင် ပါဝင်ခြင်းမရှိသေးဘဲ အခန်း(၁) အခြေခံမူများ အခန်းအပြီးတွင် အမျိုးသားညီလာခံမှ ထွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀ဝ၈ ဖွဲ့စည်းပုံကို မကြိုက်သည်မှာ စရေးစဉ်ကပင် ဒီမိုကရေစီဖွဲ့စည်းပုံမဟုတ်၍ မကြိုက် ခြင်း ဖြစ်ကြောင်း၊ ယင်း အတွက် ပြင်ဆင်လိုခြင်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးမဖြစ်ရေးနှင့် မည်သို့မျှ ပတ်သက်ခြင်း မရှိကြောင်း ပြော ကြားသည်။ လူထုအများစုမှ ယုံကြည် လေးစားကာ ကမ္ဘာတစ်ခုလုံးမှ လေးစားသည့်ပုဂ္ဂိုလ်မျိုးမှ မြန်မာ နိုင်ငံကို ဦးဆောင်ပါက မြန်မာ ပြည်တိုးတက်လာမည့် အခွင့်အလမ်း ရှိသည်ဟု ပြည်သူအများစုမှ ယုံ ကြည်နေသည့်အတွက် ဒေါ်အောင် ဆန်းစုကြည်သမ္မတဖြစ်ရေးကို လိုလားနေကြခြင်းဖြစ်ကြောင်း၊ ယင်း ဆန္ဒအရ ပြည်သူများလိုလားသည့် အတိုင်းဖြစ်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်အောင် ပြင်ဆင်ပေးရန် ဦးကိုနီမှ တောင်းဆိုခဲ့သည်။ သမ္မတဖြစ်ရေးမှာ လူတိုင်း ဖြစ်ခွင့်၊ လူတိုင်းဝင်ရောက်ယှဉ် ခွင့်ရှိပါကြောင်း၊ ယင်းအချက်ကို လက်ခံ ကြောင်း၊ ဦးရွှေမန်း အရွေး ချယ်ခံသော်လည်းကောင်း၊ ဦးသိန်း စိန် ပြန်လည်အရွေးခံသော်လည်း ကောင်း ကြိုဆိုပါကြောင်း၊ ဆုံး ဖြတ်ချက်မှာ ပြည်သူ့အပေါ်တွင် မူတည်ကြောင်း ယင်းက ဆိုသည်။၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ သမ္မတဖြစ်ခွင့် ပြဋ္ဌဌာန်း ချက်နှင့်ပတ်သက်၍ ဒဂုံဆိပ်ကမ်း မြို့နယ်မှ ဦးမိုးသစ်ကိုက ''သမ္မတ ဖြစ်ခွင့်ကတော့ အားလုံးဖြစ်ခွင့် ရှိသင့်တယ်။ ဒါပေမဲ့ ၅၉(စ)နဲ့ ပတ်သက်ပြီးတော့ ပြင်ဖို့လိုမလို စဉ်းစားပြီး လုပ်ရမယ်။ ပြင်မယ် ဆိုရင် တစ်ဦးတစ်ယောက်အတွက် လမ်းပွင့်သွားနိုင်ပေမယ့် ဒီအချက် ကိုနင်းပြီး တခြားသူတွေကလဲ အခွင့်အရေးရသွားနိုင်တယ်ဆို တာလဲ စဉ်းစားစရာပါပဲ။ ဘာ ဖြစ်လို့လဲဆိုတော့ သမ္မတဆိုတာ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော် ထဲ ရောက်သူတိုင်း ဖြစ်ခွင့်ရှိနေလို့ပါ'' ဟု ယင်းအမြင်ကို ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဖွဲ့စည်းပုံပြင်ဆင်ရေးကော် မတီအား ကော်မတီဝင် ခြောက်ဦး ဖြင့် ၂၀၁၃ခုနှစ် စက်တင်ဘာ ၆ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့ မှ အဖွဲ့ဝင်များမှ မိမိတာဝန်ယူထား သည့် သက်ဆိုင်ရာတိုင်းနှင့် ပြည် နယ်အလိုက် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ပြည်သူ့သဘောထားခံယူ ခြင်းကို အောက်တိုဘာလအတွင်း မှစ၍ မြို့နယ်၊ ရပ်ကွက်များအထိ ပြည်သူ့ဆန࿿ ဒသဘော ထား များ ရ ယူခဲ့ခြင်းဖြစ်သည်

။ကောင်းမြတ်ကျော်

yangon media group

ပါတီရုံးဖွင့်ရာတွင် မတော်တဆဖြစ်စဉ်ကြောင့် လက်နှစ်ဖက်ဆုံးရှုံးသွားသော ပါတီဝင်တစ်ဦးအား ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီတောင်းခံမှုကြောင့် ဂျာမနီအစိုးရက လက်နှက်ဖက် အစားထိုးပြန်လည်တပ်ဆင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း အင်းစိန်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးရုံးဖွင့်လှစ်ရန်အတွက် ပါတီအလံ တက်ရောက်တပ်ဆင်ရာတွင် အနီးရှိ ဗို့အား ၃၃၀၀ ခန့်ရှိ လျှပ်စစ်ဝိုင်ယာကြိုးဖြင့် ငြိမိကာ အင်းစိန်မြို့နယ် ကမ်းနားလယ်ရပ်ကွက် ရပ်ကျေးအသင်း အလုပ်အမှုဆောင် ဒုဥက္ကဋ္ဌ ဦးဇင်မင်းဦးသည် လက်နှစ်ဖက်စလုံး တံတောင်ဆစ်နေရာမှ ပြတ်တောက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
““အန်တီကနေ ဂျာမနီအစိုးရကို ကျွန်တော်ဆေးရုံတက်နေစဉ်မှာ ပြတ်သွားတဲ့လက်နှစ်ဖက်ကို အစားထိုးကုသဖို့ အကူအညီတောင်းတယ်။ ဂျာမနီအစိုးရအကူအညီနဲ့ ကျွန်တော်လက်နှစ်ဖက်ပြန်ရတယ်။ ဘယ်လောက်ကုန်လဲမသိပါဘူး””ဟု ဦးဇင်မင်းဦးက ပြောသည်။

ပြတ်သွားသော လက်နှစ်ဖက်စလုံးကို အစားထိုးတပ်ဆင်ရန်အတွက် ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်မှ ဂျာမနီနိုင်ငံသို့ထွက်ခွာခဲ့ပြီး ဂျာမနီနိုင်ငံတွင် ဆေးကုသခံယူကာ နိုဝင်ဘာ၁၀ ရက်တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ဦးဇင်မင်းဦး၏ အစားထိုးလက်နှစ်ဖက်သည် သာမန်ပကတိလက်ကဲ့သို့ပင် လှုပ်ရှားအသုံးပြုနိုင်သည်ကို တွေ့ရသည်။

7DAY DAILY

(အဘ /သခင် ဦးလှကြိုင် ၏ ကိုယ်ရေး အကျဉ်းချုပ်)

(၁) အမည်- ဦးလှကြိုင်

(၂)မွေးနေ့-၁၂၈၄ ခုနတ်တော်လဆန်း(၇)ရက်
အင်္ဂါနေ့ (၉၂) နှစ်

(၃)မွေးဖွားရာဇာတိ-ဟင်္သာတခရိုင်၊ကရင်အေးကျေးရွာ

(၄)အဘ အမည်-ဦးအောင်ဘွင့် (ဆန်စက်ပိုင်ရှင်)

(၅)အမိ အမည်-ဒေါ်တိုး

(၆)မွေးချင်းမောင်နှမ ၅ဦးအနက်အကြီးဆုံးသား

(၇)ဇနီးအမည်- ဒေါ်ဝက်(မော်လမြိုင်သူ-ကွယ်လွန်)

(၈)သားသမီး-သမီးကြီး-ဒေါ်ခင်လှ(၆၅)နှစ် ၊

သမီးငယ်-ဒေါ်သန်းစိန်(၅၅)နှစ်[ ဆေးလိပ်လိပ်/ကျဘမ်း
အလုပ်(ကျန်းမာရေးမကောင်း နှင့်အတူနေသည်၊]

စစ်မူ့ထမ်းဆောင်ခြင်း
=============
၁၆ နှစ်သား အရွယ်တွင် ဗိုလ်ရန်နိုင် ၊ သခင်ထွန်းအုပ်တို့ ဟင်္သာတသို့ ရောက်စဉ်၊
တို့ ဗမာ အစည်းအရုံး သို့ဝင်ရောက်ခဲ့ပြီး ၊အင်္ဂလိပ်တော်လှန်ရေး တွင်ရွှေတောင်ဒေသ၊
ဖက်စစ်တော်လှန်ရေးတွင်သာယာဝတီအနောက်ခြမ်းနှင့်မော်လမြိုင် ဒေသတို့တွင်
ဝင်ရောက်တိုက်ပွဲဝင်ခဲ့ပါသည်။

တော်လှန်ရေးကာလတွင် ဝမ်းလိုင်းသရီးစတား(တပ်ကြပ်ကြီး)ရာထူးထိ ရရှိပြီး
လစာ ၅၅/-ကျပ်ရရှိခဲ့ပါသည်။

တော်လှန်ရေးပြီးနောက် ရန်ကုန်မြို့ရှိ ဗိုလ်ထွန်းလှ တပ်ရင်းတွင် လက်နက်ပြန်လည် အပ်နှံပြီးအငြိမ်းစားယူခဲ့ပါသည်။

တပ်မတော် အငြိမ်းစားယူပြီးနောက်ပိုင်းကာလ
---------------------------------------------
တော်လှန်ရေးပြီးနောက် မော်လမြိုင်သူ ဒေါ်ဝက် နှင့်လက်ထပ်ပြီး
ပုသိမ်ညွန့်ရပ်ကွက် တွင် အခြေ ချ၍ဆေးဆိုးပန်းရိုက် လုပ်ငန်း လုပ်ကိုင်ခဲ့ရာ
တစ်နှစ်အကျော်တွင် မီးလောင် သဖြင့်၊ မြောက်ဥက္ကလာပမြို့နယ်၊
( ဈ) ရပ်ကွက် စတ္ကဝတ်လမ်း ၊ အမှတ် (၅၅ )သို့ပြောင်းရွှေ နေထိုင်ကာ
၊ဆေးဆိုးပန်းရိုက် လုပ်ငန်းလုပ်ကိုင်ခဲ့ပါသည်။

ထို့နောက် အဘ သည် ဇာတ်ဝါသနာပါသူတစ်ဦး ဖြစ်၍တက်ခေတ်စိန် ဇာတ်တွင်
""ငှက်တော်"" အမည်ဖြင့်လူရွှင်တော် ဘဝကို ဖြတ်သန်းခဲ့ပါသည်။

နောက်ပိုင်း(နှစ်မမှတ်မိ) တွင် ပဲခူး၊ အိုးလေးစု သို့ပြောင်းရွှေပြီး
၊ဆေးဆိုးပန်းရိုက် လုပ်ငန်း လုပ်ကိုင်ခဲ့သောလည်းအဆင်မပြေဖြစ်ပြီး
စီးပွါးပျက်ကာ သမီးငယ်နှင့် အတူနေထိုင်လျှက်ရှိပါသည်။

Credit- ဗမာ့ သားကောင်း

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.