11/14/13

(13 Nov 2013 ရက်စွဲပါ The Diplomat မှ Ankit Panda ရေးသားသော Can Myanmar and North Korea say goodbye? သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနှင့် မြောက်ကိုရီးယားတို့သည် ကာလရှည်ကြာကပင် အာရှ-ပစိဖိတ်၏ ထူးဆန်းသောအတွဲတစ်ခု ဖြစ်ခဲ့ ပါသည်။ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး ခေတ်မတိုင်မီက အဆိုပါ နိုင်ငံနှစ်ခုသည် ရင်းနှီးသော သံတမန် ဆက်ဆံရေး ရှိခဲ့ပါသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် မဟာ အာရှ-ပစိဖိတ် ဒေသအတွင်း စစ်တပ်အုပ်ချုပ်သော အပယ်ခံနိုင်ငံချင်း ဘုံအကျိုးစီးပွားများကို ရှာဖွေခဲ့ကြပါသည်။ ယခုအခါ မြန်မာနိုင်ငံသည် အတိတ်က အထီးကျန်ဖြစ်ခဲ့သော ဘဝမှ ဝေးရာ သို့ ခိုင်မာစွာလျှောက်လှမ်းပြီး ကမ္ဘာကြီးနှင့် ပိုမိုပေါင်းစည်းနိုင်ရန် ဦးတည်နေရာ ၎င်းတို့နှစ်နိုင်ငံ ဆက်ဆံရေး ဆက်လက် ရှင်သန်နေဦးမည်လော။ မြောက်ကိုရီးယားနှင့် မြန်မာတို့ ဆက်လက် ပူးပေါင်းဆောင်ရွက်နေကြဦး မည်လော။

၂၀၁၃ စက်တင်ဘာနှောင်းပိုင်းက NK News Bertil Lintner ကမြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ခေတ်အစကို အစကောက်ရေးသားမှု တစ်ခုရှိခဲ့ပါသည်။ ၎င်းက မြန်မာနိုင်ငံ ပြည်သူ့လွှတ်တော် ဥက္ကဌဖြစ်ပြီး၊ ဦးသိန်းစိန် ၏ အရိုက်အရာကို ဆက်ခံဖွယ်ရှိသည့် ဦးရွှေမန်း ၂၀၀၈ ခုနှစ်က DPRK သို့သွားရောက် လည်ပတ်ခဲ့ပုံများကို ပြန်လည် ပြောပြခဲ့ပါသည်။ အဆိုပါ ခရီးစဉ်အတွင်း ၎င်းသည် ကင်ဂျုံအီနှင့် ရိုးသားပွင့်လင်းသော ဆက်ဆံရေးကို သရုပ်ဖော်ခဲ့ပြီး ၎င်းတို့၏ သာမန်ထက်ပိုသော မိတ်ဖက်အကျိုးစီးပွား ဆက်ဆံရေးအတွက် မဟာဗျူဟာကျသော စေ့ဆော်မှုကို ထင်ဟပ် ခဲ့ပါသည်။ ထိုခရီးစဉ်သည် အမေရိကန်ပြည်ထောင်စုရှိ လေ့လာစောင့်ကြည့်သူများကို စိတ်အနှောင့်အယှက် ဖြစ်အောင် နှိုးဆွခဲ့ပါသည်။

အများအား စိတ်အနှောင့်အယှက်ပေးလေ့ရှိသော မြန်မာအစိုးရ တာဝန်ရှိသူများ၏ အဆိုပါခရီးစဉ်နှင့် ပတ်သက် ၍ ပေါက်ကြားခဲ့သော အချက်များကို အခြေခံ၍ ဆိုရလျှင် ဦးရွှေမန်းနှင့် ကင်ဂျုံအီ တို့သည် နားလည်မှုစာချွန်လွှာ တစ်ခု (MOU) လက်မှတ်ရေးထိုးခဲ့သည်ဟု သိရပါသည်။ Wall Street Journal ၏ အဆိုအရ အဆိုပါ MOU သည် နှစ်နိုင်ငံ ကြားစစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို စနစ်တကျစီစဉ်ခြင်း ဖြစ်ပါသည်။ ၎င်း ပူးပေါင်းဆောင်ရွက်မှုများအတွက် ပါဝင်သော အချက်များမှာ မြန်မာနိုင်ငံတွင် မြောက်ကိုရီးယား ကြီးကြပ်မှုဖြင့် တည်ဆောက်နေသော စစ်တပ်နှင့် ဆိုင်သော အဆောက်အဦးများအတွက် အချက်များဖြစ်ပါသည်။ ၎င်းတွင် ဒုံးကျည်လေယာဉ်များ၊ အပြင်သင်္ဘောများပင် ဖွက်ထားနိုင်သော ဥမင်လှိုဏ်များနှင့် ဂူများပါဝင်ပါသည်။ မြန်မာနိုင်ငံသည် ၎င်း၏ အထူးတပ်ဖွဲ့များ၊ လေကြောင်း ကာကွယ်ရေးများနှင့် ပတ်သက်သော လေ့ကျင့်သင်ကြားမှု များရရှိခဲ့ပြီး၊ နှစ်နိုင်ငံ လက်နက်ကိုင်တပ်မှ အရာရှိများကြား ဘာသာစကား လေ့ကျင့်သင်ကြားမှု အစီအစဉ်များ လည်းပါဝင်သည်ဟု WSJ က ဆက်လက်ဖော်ပြခဲ့ပါသည်။

Lintner ၏ အဆိုအရ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း မြောက်ကိုရီးယားစစ်တပ်နှင့် ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ခဲ့သည်ဟု သိရပါသည်။ ထိုအထဲတွင် KPA လေတပ်မှ ဗိုလ်ချုပ်ကြီး Kim Su ၊ KPA ရေတပ်မှ ဒုတိယဗိုလ်ချုပ်ကြီး Kim Khan Son တင့်ကားတပ်မ တပ်မှူး ဗိုလ်မှူးကြီး Kim Ton Yong၊ ရေဒါစက်ရုံဒါရိုက်တာ Kang Man Su ၊ Igla ဒုံးကျည်စက်ရုံမှ အင်ဂျင်နီယာချုပ် Li Tae Song ၊ SCUD ဒုံးကျည် စက်ရုံမှ အင်ဂျင်နီယာချုပ် Kim Su Gil တို့အပြင် ကိုရီးယားအလုပ်သမားပါတီ (WPK) မှ တာဝန်ရှိသူများ၊ ကင်အီဆွန်း စစ်တပ်ဆိုင်ရာ တက္ကသိုလ်မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်ပါသည်။

၎င်း၏ အကျိုးဆက်ကား ၂၀၀၉ ခုနှစ်တွင် ဖြစ်ပါသည်။ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်မှုရေချိန် ချက်ခြင်းမြင့်တက်လာသည်ဟု ရှုမြင်လာကြပါသည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံသည် အသွင် ပြောင်းရေး လုပ်ငန်းစဉ်များကို ဖြတ်သန်းလုပ်ဆောင်ခဲ့ရာ ထိုသို့သော မြောက်ကိုရီးယား-မြန်မာ ဝင်ရိုးတန်းကိစ္စ ပြော ဆိုနေမှုများသည် သိသိသာသာ ငြိမ်သက်သွားခဲ့ပါသည်။ အမှန်တကယ်ပင် မြန်မာနိုင်ငံသည် အမေရိကန်ပြည်ထောင်စု နှင့် တောင်ကိုရီးယားတို့ဖြင့် ယုံကြည်မှု တည်ဆောင်ရန်အတွက် လက်နက်များ တင်ပို့ခြင်းနှင့် စစ်ရေးဆိုင်ရာကုန်သွယ်မှု အားလုံး အပါအဝင် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို လုံးဝဖြတ်တောက်ရန် စီစဉ်ခဲ့ပါသည်။

အမေရိကန် ဘဏ္ဍာရေးဌာနက မြန်မာနိုင်ငံမှ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးအား မြောက်ကိုရီးယား လက်နက် များ မြန်မာနိုင်ငံသို့ တရားမဝင် ကုန်သွယ်မှုတွင် ပတ်သက်မှုဖြင့် အမည်မည်းစာရင်းသွင်းခဲ့ရာ မြန်မာနိုင်ငံ၏ အစီအစဉ် တွင် အဖုအထစ်များ ဖြစ်ရပါသည်။ အမေရိကန် ဘဏ္ဍာရေးဌာနက ၎င်း၏ သတင်းထုတ်ပြန်မှုတွင် ထိုလုပ်ဆောင်မှုသည် မြန်မာအစိုးရကို ပစ်မှတ်ထားခြင်းမဟုတ်ကြောင်း သိစေခဲ့ပါသည်။ ၎င်းမှာ အမေရိကန်-မြန်မာ နွေးထွေးသော ဆက်ဆံ ရေးကို နှောင့်နှေးစေမည်ဟု မယူဆရဘဲ အများနှင့်လည်း သက်ဆိုင်ခြင်း မရှိပေ။ အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel ကလည်း အာဆီယံကာကွယ်ရေးဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံက မြောက်ကိုရီးယား နှင့် ဆက်ဆံရေးကို ဖြတ်တောက်နေခြင်း၏ အရေးပါပုံကို ထပ်မံပြောကြားခဲ့ပါသည်။

Lintner ကမူ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ ရှည်လျားသော သမိုင်းကြောင်းကို ကြည့်၍ မြောက်ကိုရီးယား နှင့် မြန်မာနိုင်ငံကြားလုံးဝဆက်ဆံရေး ပြတ်တောက်ရန် ဖြစ်နိုင်ချေကို သံသယရှိကြောင်း ဖော်ပြခဲ့ပါသည်။ လက်ရှိ နှစ်နိုင်ငံကြား မသဲကွဲသော အခြေအနေကို အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးကို မက်လုံးပေးနေသော အရေးယူမှုဖြေလျော့ရေး အသုံးပြုမှုက သတ်မှတ်ချက်များက ပြုထားသည့် သဘောရှိပါသည်။ မြန်မာနိုင်ငံသည် အထူးသဖြင့် မြောက်ကိုရီးယားနှင့် လုံခြုံရေးနှင့် ဆိုင်သော ဆက်ဆံရေးအပေါ် အမေရိကန်၏ တောင်းဆိုမှုကို ရှောင်ခွာ မည်ဆိုပါက၊ စီးပွားရေးအရ သက်ရောက်မှုမှာ ဆိုးရွားစွာထိခိုက်မှုက သက်သေပြလိမ့်မည် ဖြစ်ပါသည်။ တပ်မတော်သည် အမေရိကန်နှင့်တရုတ် (အချို့က အိန္ဒိယဟု ဆိုပါသည်) ကြားမဟာဗျူဟာ လွန်ဆွဲကစားပွဲတွင် မြန်မာနိုင်ငံ၏ အနေအထားအပေါ် သြဇာပေးရန် လွှမ်းမိုးမှု လုံးဝမရှိသော အခြေအနေတွင်ရှိနေခြင်း မဟုတ်ပေ။

အဆိုပါ ညီမျှခြင်းတွင် မြောက်ကိုရီးယားဖက်ခြမ်းကို ခန့်မှန်းရန် ခက်ခဲပါမည်။ လာမည့်နှစ်များအတွင်း ပြုံယမ်း ၏ မြန်မာနိုင်ငံအပေါ် ထားရှိသော ရည်ရွယ်ချက်များကို မည်သူမျှ ရှင်းရှင်းလင်းလင်း မတွေ့နိုင်ပေ။ ဆက်လက်၍ လျှို့ဝှက်ထားသော မြောက်ကိုရီးယား-မြန်မာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်သော အလားအလာများ အတွက် ခန့်မှန်းချက် အဖြေကိုထုတ်ရန် မြန်မာနိုင်ငံဖက်မှလာသော သတင်းများကိုသာ အခြေခံရလိမ့်မည် ဖြစ်ပါသည်။

Japan Times မှ ဆောင်းပါးတစ်ပုဒ်တွင် အာရှဖွံ့ဖြိုးရေးဘဏ်၏ အမေရိကန်သံအမတ်ဟောင်း Cyrtis S.Chin က ယခင် အမေရိကန်ဆီးနိတ် နိုင်ငံခြားဆက်ဆံရေး ကော်မတီ အကြီးတန်း ဝန်ထမ်းဟောင်း Keith Luse မေးမြန်းသော မေးခွန်းဆယ်ခုကို ဖြေကြားထားပါသည်။ အဆိုပါ မေးခွန်းများကို ဖြေကြားနိုင်ပါက နှစ်နိုင်ငံ ဆက်ဆံရေး ကို မီးမောင်းထိုးပြနိုင် လောက်ပါသည်။ (အဆိုပါ မေးခွန်းများကို မနက်ဖြန် ဆက်လက်ဖော်ပြပါမည်-အယ်ဒီတာ)

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုကို ဆက်လက်စိုးရိမ်ဖွယ်ဖြစ်နေသည့် အချက်အပြင် မြောက်ကိုရီး ယား မေးခွန်းမှာ မြန်မာနိုင်ငံကို ချဉ်းကပ်နေသော အနောက်တိုင်းနှင့် အာရှမှ မူဝါဒချမှတ်သူများအတွက် ရှုတ်ထွေးနေ ဆဲဖြစ်သည့် အဓိကပွိုင့်တစ်ခု ဖြစ်နေဆဲဖြစ်ပါသည်။ နှစ်နိုင်ငံ မခွဲနိုင် မခွာရက် ဖြစ်နေရသည့် အကြောင်းအရင်းများ ရှာမ ရပါ။ ၎င်းတို့သည် ရာသီမရွေးပါတနာများ ဖြစ်နေသည်လည်း မဟုတ်ပေ။ ယခင် ၂၀၀၀ ပြည့်နှစ်မတိုင်မီများက မြောက်ကိုရီးယားသည် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သော တောင်ကိုရီးယားသမ္မတ ချန်ဒူးဝှမ်ကို လုပ်ကြံရန် ကြိုးစားမှုကြောင့် ကြီးစွာတစိမ်းပြင်ပြင် ဖြစ်ခဲ့ဘူးပါသည်။ ထိုစဉ်က မြန်မာနိုင်ငံသည် မြောက်ကိုရီးယား၏ ရိုင်းစိုင်းမှု အတွက် နှစ်နိုင်ငံဆက်ဆံရေးကို ရုတ်သိမ်းခဲ့ပါသည်။ ဦးသိန်းစိန်အနေဖြင့် အနားယူရန် နီးကပ်နေပြီဖြစ်ရာ ၎င်းအနေဖြင့် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို အဆုံးသတ်ပေးခြင်းနှင့် အများသိလိုသော ၎င်းဆက်ဆံရေးတွင် မြန်မာနိုင်ငံ၏ ရည်ရွယ်ချက်ကို အဖြေပေးခြင်း အပါအဝင် ၎င်းအရင်က အစိုးရနှစ်နိုင်ငံနှင့် ပတ်သက်၍ လုပ်ဆောင်ချက်များကို ဖွင့်ချ ပေးသွားပြီး အမွေကောင်းများ ခိုင်မာစွာချခဲ့မည်ဆိုပါက ကောင်းမွန်သည့် သဘောဟုဆိုရပေလိမ့်မည်။ သို့မှသာ အာရှနှင့် လုံးဝပေါင်းစည်းနိုင်ရေးအတွက်လည်း လမ်းဖွင့်ပေးခဲ့နိုင်လိမ့်မည် ဖြစ်ပေသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမျိုးဘာသာမရွေးတို့၏ နာရေး၊ ကျန်းမာရေးနှင့် ပညာရေး လုပ်ငန်းများအား အများပြည်သူတို့အပေါ် ကူညီပေးရာ၌ အဆင်ပြေချောမွေ့စေရေးအတွက် မော်တော် ယာဉ်နှစ်စီးအား ၁၁.၁၁.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာ အမှတ်(၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ၄င်းမော်တော်ယာဉ် လှူဒါန်းပွဲတွင် အလှူရှင်များဖြစ်ကြသော ဦးရဲဝင်း၊ ဦးနေဝင်းနှင့် ဦးအောင်မြတ်သူ (တောင်ဒဂုံစက်မှုဇုံ - ၁) တို့မှ ၈ည - ၅၆၂၄ (WULING LAQ) တစ်စီးနှင့် ၈ည - ၃၃၅၈ (TOYOTA HIACE) တစ်စီးတို့အား ရုံးသုံးယာဉ်များအဖြစ် လှူဒါန်းပေးအပ်ခဲ့သည်။
မော်တော်ယာဉ်လှူဒါန်းပွဲတွင် ထူးခြားချက်မှာ၊ အလှူရှင်သုံးဦးတို့သည် ဗုဒ္ဓဘာသာဝင်တစ်ဦး၊ အစ္စလာမ် ဘာသာဝင်တစ်ဦးနှင့် ဟိန္ဒူ ဘာသာဝင်တစ်ဦးတို့ဖြစ်ကြသည်ကို ထူးခြားစွာ တွေ့မြင်ခဲ့ရပါ သည်။
အခမ်းအနားအား နံနက် (၁၁းဝဝ) နာရီအချိန်တွင် ကျင်းပခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင်နှင့် အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီး ကွက်နှင့် အလုပ်အမှုဆောင်များနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။ အလှူရှင်များတို့မှ မော်တော် ယာဉ်နှင့် ပါတ်သက်သော စာရွက်စာတမ်းများအား အပ်နှံခဲ့ကြပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှလက်ခံ ရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြပြီး အခမ်းအနားအား သာဓုအနု မောဒနာ (၃) ကြိမ်ခေါ်ဆိုကာ ရုပ်သိမ်းခဲ့သည်။ ထို့နောက် ဦးကျော်သူ ကိုယ်တိုင်ရေးဆွဲခဲ့သော ဘာသာ ပေါင်းစုံ ငြိမ်းချမ်းရေးပန်းချီကားချပ် (ဗီနိုင်း)အား အမှတ်တရအဖြစ် ပြန်လည်ပေးအပ်ခဲ့ပါသည်။
ယခုကဲ့သို့ လူမျိုးဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းရပ်များအား လုပ်ဆောင်ပေးဆပ်နေသော နာရေးကူညီမှု အသင်း(ရန်ကုန်)တွင် အသုံးပြုနိုင်ရန်အတွက် မတူညီကြသော ဘာသာဝင် သူငယ်ချင်းသုံးဦးမှ တူညီ သော ရည်ရွယ်ချက်ဖြင့်ပေါင်းစု၍ မော်တော်ယာဉ်များလှူဒါန်းခြင်းအပေါ် အများပြည်သူကိုယ်စား နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ အလှူရှင် ဦးရဲဝင်း၊ ဦးနေဝင်း၊ ဦးအောင်မြတ်သူ( တောင်ဒဂုံစက်မှုဇုံ - ၁) တို့အား လွန်စွာမှပင် ကျေးဇူးအထူးတင်မိကာ ဦးကျော်သူ ၂ဝ၁ဝခုနှစ်က ရေးသားထားခဲ့သော “ဆန္ဒ” ဟူ သည့် ကဗျာစာသားဖြင့် ဂုဏ်ပြုလိုက်ရပါတော့သည်။
“ဆန္ဒ”

အာဏာအတွက် တိုက်နေတဲ့ ......... စစ်ပွဲ
လွတ်လပ်မှုအတွက် တိုက်နေတဲ့ ......... စစ်ပွဲ
အာဃာတအတွက် တိုက်နေတဲ့ ......... စစ်ပွဲ
စီးပွါးရေးအတွက် တိုက်နေတဲ့ ......... စစ်ပွဲ
ဘာသာရေးအတွက် တိုက်နေတဲ့ ......... စစ်ပွဲ
လူမှုရေးအတွက် တိုက်နေတဲ့ ......... စစ်ပွဲ
ပညာရေးအတွက် တိုက်နေတဲ့ ......... စစ်ပွဲ
ကျန်းမာရေးအတွက် တိုက်နေတဲ့ ......... စစ်ပွဲ
အိမ်ထောင်ရေးအတွက် တိုက်နေတဲ့ ....... စစ်ပွဲ
အချစ်ရေးအတွက် တိုက်နေတဲ့ ......... စစ်ပွဲ
စတဲ့… စတဲ့... ဝိရောဓိ စစ်ပွဲများမှ
ငြိမ်းချမ်းမှုကို ရှေ့ရှုလျက် ငြိမ်းချမ်းမှု အနန္တကမ္ဘာဆီသို့ ........။
(ကျော်သူ)

ထို့ကြောင့် လူမျိုးဘာသာ မည်သို့ပင်ကွဲပြားပါစေ ကျွန်တော်တို့အားလုံးသည် လူသားများ ဖြစ်ကြ ပေသည်။ လူသားများဖြစ်သည်နှင့်အညီ မိမိတို့နေထိုင်ရာ လူ့ဘဝသက်တမ်းတစ်လျှောက်တွင် ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် နေထိုင်လိုစိတ်ရှိကြသည်။ သောကကင်းဝေးစွာ နေထိုင်လိုစိတ် ဖြစ်ပေါ် ကြသည်။ အချုပ်ဆိုရသော် လူတို့သည် ငြိမ်းချမ်းမှုကိုလိုလားသည်။ ငြိမ်းချမ်းမှုရရှိရန် မတူညီသော လူမျိုး ဘာသာ အစွဲများကို ခဝါချကာ တူညီသော စိတ်ဆန္ဒတို့ဖြင့် ကမ္ဘာလောကကြီးအား အလှဆင်ဖန်တီး ကြရ မည်မှာ ကျွန်တော်တို့အားလုံး၏ တာဝန်ပင်ဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ ဘာသာပေါင်းစုံမှ တူညီသော ဆန္ဒဖြင့် လှူဒါန်းမှုအား လူမှုရေးသမိုင်း မှတ်တိုင်တစ်ခုအဖြစ် စိုက်ထူနိုင်ခဲ့ပြီဖြစ်တော့သည်။ တစ်နည်း အားဖြင့် ပညတ်ကိုပယ်၍ ပရမတ်အား ဆောက်တည်နိုင်ခဲ့ခြင်းပင် ဖြစ်တော့သည်။

ကမ္ဘာသူ/သားများအားလုံး သောကကင်းဝေး ငြိမ်းချမ်းသာယာဝပြောနိုင်ကြပါစေ။

အဖွဲ့အစည်းတစ်ခု၊ အသင်းအဖွဲ့တစ်ခုဟုဆိုရာ၌ အသင်းတည်ထောင်သူ၊ အသင်းအုပ်ချုပ်သူနှင့် အသင်းအဖွဲ့တွင် ပါဝင်လှုပ်ရှားသူတို့အားလုံး ညီညွတ်မှုရှိမှ အောင်မြင်မှုရရှိမည်ဖြစ်သည်။ ထိုသို့ ညီညွတ် မှုဟုဆိုရာ၌ ထိုအသင်းအဖွဲ့တွင် ပါဝင်လှုပ်ရှားသူအားလုံး ကိုယ်စိတ်နှလုံးတက်ကြွကာ ရည်မှန်းချက်များ၊ ဦးတည်ချက်များသည် တစ်ခုတည်းသော ပန်းတိုင်ရှိရမည်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦးလည်း ထိတွေ့၊ ပြောဆို၊ ဝေဖန်၊ သုံးသပ်၊ ဆက်ဆံကြကာ ရည်မှန်းချက်များအတွက် လုပ်ကိုင်ဆောင်ရွက်မှုများကို ရင်းနှီးစွာ ရင်ဖွင့်ညှိနှိုင်းမှုများ ပြုလုပ်မည်ဆိုပါက ထိုအသင်းအဖွဲ့၏ အောင်မြင်မှုခြေလှမ်းများ တက်လှမ်း နိုင်မည်ဖြစ်သည်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အသင်းသူ/သားများ၊ ဝန်ထမ်းများ နှင့် အုပ်ချုပ်သူတို့သည် နေ့စဉ်ပြင်ပတွင် ထိတွေ့ဆက်ဆံမှုများရှိသည်။ လစဉ်လတိုင်း၌လည်း အသင်း၏ လပါတ်အစည်းအဝေးများ ကျင်းပခြင်း၊ အပါတ်စဉ် အုပ်ချုပ်ရေးအဖွဲ့ အမှုဆောင်အစည်းအဝေးများ ပြုလုပ် ၍ အသင်း၏ တိုးတက်ရာတိုးတက်ကြောင်း၊ အများပြည်သူတို့အား ဆထက်တန်ဘိုး ကူညီဖေးမမှုများ ပြုလုပ်ပေးနိုင်ရန်အတွက် အစီအစဉ်များရေးဆွဲခြင်း၊ ဝေဖန်သုံးသပ်မှုများ ပြုလုပ်ခြင်းတို့ကို မျက်နှာချင်း ဆိုင် အတ္တများကိုဖြုတ်၍ ပြုလုပ်ဆောင်ရွက်လျှက်ရှိသည်။

ကျွန်တော်တို့ လူမှုရေးအသင်းအဖွဲ့များထက် ပိုမို၍ ကိုယ်ကျင့်တရား၊ ကိုယ်ကျင့်သီလ၊ စိတ်ဓါတ်ခံ ယူချက်များဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ပရဟိတအဖွဲ့များလည်းရှိသည်။ ထိုအဖွဲ့ဝင်များသည် တစ်ဦးနှင့် တစ်ဦး ပြင်ပတွင် မြင်တွေ့၊ ထိတွေ့ ဆက်ဆံခြင်းများမရှိခဲ့ဘဲ စိတ်ဓါတ်ရေးရာအရ တူညီသော ခံယူချက်၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်များဖြင့် ဖွဲ့စည်းတည်ထောင်ထားသော အသင်းအဖွဲ့ရှိ အသင်းသူ၊ အသင်းသား၊ အုပ်ချုပ်တည်ထောင်သူတို့ ဖြစ်ကြသည်။ ထိုအသင်းအဖွဲ့များသည် အွန်လိုင်း အင်တာနက်မှ တဆင့် စကားပြောမှုများသာ ပြုလုပ်ခြင်းဖြင့် အများအကျိုး ပရဟိတလုပ်ငန်းရပ်အား အကောင်အထည် ဖော်ဆောင်ပေးနေသော အသင်းအဖွဲ့များပင်ဖြစ်သည်။ ၁၁.၁၁.၂ဝ၁၃ ရက်နေ့ နံနက် (၁၁းဝဝ) နာရီ အချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ “အဖြူရောင်အားမာန် အွန်လိုင်းပရဟိတအသင်း” အဖွဲ့မှ အဖွဲ့ဝင်များရောက်ရှိလာ၍ (၁) နှစ်ပြည့် အခမ်းအနားအား သုခခန်းမဆောင်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)သို့၎င်း၊ သုခကုသိုလ်ဖြစ်ဆေးခန်းသို့၎င်း၊ သုခအလင်းပညာရေးသို့၎င်း အလှူငွေများ ထည့်ဝင်လှူဒါန်းခြင်း၊ “ငြိမ်းချမ်းပါစေ မြန်မာပြည်” ခေါင်းစီးဖြင့် ကဗျာပြိုင်ပွဲကျင်းပခဲ့ရာ ဆုရရှိသော ကဗျာဆရာများအား ဆုချီးမြင့်ခြင်းနှင့် “အဖြူရောင်အားမာန် အွန်လိုင်းပရဟိတအသင်း” အဖွဲ့မှ အနစ်နာခံပေးဆပ်ခဲ့ကြသူတို့အား ပရဟိတလူစွမ်းကောင်းဆု ချီးမြှင့်ခြင်းတို့အပြင် ကြွရောက်လာ ကြသော ဧည့်ပရိသတ်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လာရောက်လုပ်ကိုင် ပေးဆပ်ကြသော ဝန်ထမ်းများ၊ ပရဟိတသမားများအား ထမင်းဟင်းဖြင့် ဧည့်ခံကျွေးမွေးခြင်းတို့ကို ပြုလုပ်ပေးခဲ့သည်။ အခမ်းအနား စတင်သည့်အချိန်တွင် “အဖြူရောင်အားမာန် အွန်လိုင်းပရဟိတအသင်း”အား ထူထောင်ခဲ့သူ အဝေးရောက် ဦးစောကျော်ဦး၏ နှုတ်ခွန်းဆက်စကားအား ပရိုဂျက်တာဖြင့် ပိတ်ကားပြင်ပေါ်တွင် ပြသ ခဲ့သည်။ “အဖြူရောင်အားမာန် အွန်လိုင်းပရဟိတအသင်း”မှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ငန်း များ ဆောင်ရွက်ရာတွက် အသုံးပြုရန်အတွက် (၁ဝ) သိန်းကျပ်၊ မျိုးချစ်မြန်မာဆရာတော် အရှင်သီဟ ဉာဏမှ ဒေါ်လာ (၁ဝဝဝ)၊ မျိုးချစ်မြန်မာဆရာတော်အား အမှူးပြု၍ အလုံမြို့နယ်နေ ဒေါ်နိုင်နိုင်အေး မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ (၁) သိန်းကျပ်၊ မျိုးချစ်မြန်မာဆရာတော်အား အမှူးပြု၍ အလုံမြို့နယ် နေ ဒေါ်မြမြမိုး မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ (၁) သိန်းကျပ်၊ မျိုးချစ်မြန်မာဆရာတော်အား အမှူး ပြု၍ မယ်တော်ဖြစ်သူ ဒေါ်ရွှေရ (မန္တလေး)မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ (၁) သိန်းကျပ်၊ မျိုးဆက် သစ် အွန်လိုင်းပရဟိတ ရန်ကုန်အကျိုးတော်ဆောင် ကိုအောင်မင်း မှ သုခအလင်း ပညာရေးအတွက် ဒေါ်လာ (၂၅ဝ) အား အသီးသီးပေးအပ်လှူဒါန်းကြရာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျာ်သူ မှ အလှူငွေများကို လက်ခံပြီး ကျေးဇူးတင်စကားပြောကြားပြီး မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
“အဖြူရောင်အားမာန် အွန်လိုင်းပရဟိတအသင်း” အဖွဲ့အား နော်ဝေနိုင်ငံရှိ ဦးစောကျော်ဦးမှ ပြည် တွင်းရှိ တိုင်းရင်းသားပေါင်းစုံတို့၏ အခက်အခဲများအား ဖြေရှင်းကူညီမှုပြုလုပ်ပေးလိုသော ဆန္ဒဖြင့် တည် ထောင်ဖွဲ့စည်း ပေးခဲ့သူတစ်ဦးဖြစ်သည်။ ဦးစောကျော်ဦးသည် နော်ဝေနိုင်ငံ အော်စလိုမြို့တွင် နေထိုင်ပြီး ကျန်းမာရေးချို့တဲ့နေမှူကြောင့် နော်ဝေအစိုးရမှ ပေးအပ်သော ဒုက္ခိတထောက်ပံ့ကြေးဖြင့် မိသားစုနှင့် အတူ ရပ်တည် နေထိုင်နေရသူတဦးဖြစ်ပါသည်။

ယခု http://www.sawkyawoo.com Website ဖြစ်သော အိမ်တွင်းမှု အနုပညာအိမ်ဆိုက်ကို စတင်၍ တည်ထောင်စဉ်ကသူသည် နော်ဝေနေအိမ်တွင် နေထိုင်လျှက်ရှိပြီး မြန်မာပြည်သားများအတွက်၊ ကွန်ပြူတာပိုင်းဆိုင်ရာ လုပ်ငန်းများဖြစ်သော ဓာတ်ပုံကူးခြင်း၊ ပုံကြီးချဲ့ခြင်း၊ CD/DVD အခွေများ တည်း ဖြတ်ထုတ်လုပ်ခြင်းနှင့် အခြားသော ကွန်ပြူတာပိုင်းဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်နေရလျှင် မိမိအတွက် စိတ်ပြေလက်ပြေရှိကာ ရောဂါဝေဒနာဘက်မှ စိတ်ဖြေသာအောင် ကြော်ငြာဆိုဒ်တခုအဖြစ် စတင် ဖွင့်လှစ် ခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် သူ၏မိတ်ဆွေများမှ သူသည်ယခင်ကလည်း သတင်းလုပ်ငန်းများတွင် လုပ် ကိုင်ခဲ့ဘူးသူဖြစ်သဖြင့် ဆိုက်တွင် နေ့စဉ်သတင်းများ တင်ပေးနိုင်မည်ဆိုပါက ပြည်တွင်း/ပမှ မြန်မာနိုင်ငံ သား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအတွက် ပိုမိုအကျိုးရှိမည်ဖြစ်ကြောင်း သိရှိရသည့်အတွက် “အဖြူရောင်အားမာန် အွန်လိုင်းပရဟိတအသင်း” အဖွဲ့အား တည်ထောင်ခဲ့သူ တစ်ဦးဖြစ်တော့သည်။

ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး ပြင်ပတွင် တွေ့ဆုံခြင်းမရှိခဲ့ဘဲနှင့် မြတ်စွာဘုရားရှင်၏ ဗြဟ္မစိုရ်တရား လေးပါးအား လက်ကိုင်ပြုကျင့်သုံးနေကြသော လူသားများအနေဖြင့် လူသားချင်းစာနာစိတ်အား အဓိက ထားကာ ကူညီဖေးမပေးလိုသော စိတ်ဆန္ဒတစ်ခုတည်းနှင့် ဖွဲ့စည်းတည်ထောင်ထားသော “အဖြူရောင် အားမာန် အွန်လိုင်းပရဟိတအသင်း” အား ယခုကဲ့သို့ လှူဒါန်းမှု အစုစုတို့အတွက် သာဓု .. သာဓု .. သာဓု ဟူ၍ ခေါ်ဆိုလိုက်ပြီးသည့်နောက် “အဖြူရောင်အားမာန် အွန်လိုင်းပရဟိတအသင်း” သည်လည်း နောင် နှစ်ပေါင်းများစွာ အများအကျိုးအတွက် ပရဟိတစိတ်ဓါတ်တို့ဖြင့် ရပ်တည်သွားနိုင် ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့ လိုက်ရပါတော့သည်။

“တစ်ဦးနှင့်တစ်ဦး ဘယ်လောက်ဝေးဝေး … ရည်ရွယ်ချက်ခြင်း တူညီနေဖို့ အရေးကြီးတယ်။”
“တစ်ဦးနှင့်တစ်ဦး ဘယ်လောက်ဝေးဝေး … ခံယူချက်ခြင်း ထပ်တူညီဖို့ အရေးကြီးတယ်။”
“တစ်ဦးနှင့်တစ်ဦး ဘယ်လောက်ဝေးဝေး … ဦးတည်ချက်ခြင်း မှန်ကန်နေဖို့ အရေးကြီးတယ်။”
“တစ်ဦးနှင့်တစ်ဦး ဘယ်လောက်ဝေးဝေး … နှလုံးသားခြင်း ထပ်တူကျနေဖို့ အရေးကြီးတယ်။”

ကျော်သူ

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.