11/17/13

၁၆.၁၁.၂ဝ၁၃ ရက်နေ့ နံနက် (၁၁းဝဝ) နာရီအချိန်တွင် အမှတ် (၆/၄၄၉)၊ နွယ်နီ (၁၂) လမ်း၊ င - ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်နေ ကွယ်လွန်သူ ဒေါ်သိန်းစိန် အသက် (၇၇) နှစ်၏ သက်မဲ့ ရုပ်ခန္ဓာအား ရေဝေးသုဿန် အအေးခန်းသို့ မြန်မာ့ဂုဏ်ဆောင် အလှမယ် ခင်ဝင့်ဝါမှ လာရောက်၍ ကူညီ ဖေးမခဲ့သည်။

၁၆.၁၁.၂ဝ၁၃ ရက်နေ့ မွေန်းလွဲ (၁းဝဝ) နာရီအချိန်တွင် အမှတ် ၇၆၊ ချယ်ရီလမ်း၊ ၁၄ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်နေ ကွယ်လွန်သူ ဦးစိန်လွင် အသက် (၄၇) နှစ်၏ သက်မဲ့ရုပ်ခန္ဓာအား ရေဝေးသုဿန် အအေးခန်းသို့ မြန်မာ့ဂုဏ်ဆောင် အလှမယ် ခင်ဝင့်ဝါမှ ထပ်မံ၍ ကူညီ ဖေးမခဲ့သည်။

နာရေးကူညီမှုအသင်း-ရန်ကုန်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ အကူအ ညီဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အင်းစိန်မြို့နယ်မှ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုဇင်မင်းဦးသည် ဂျာမနီနိုင်ငံတွင် လက်အတု သွားရောက် တပ်ဆင်ရာမှ နိုဝင်ဘာ ၁၀ ရက်တွင် မြန်မာနိုင်ငံ သို့ ပြန်လည်ရောက် ရှိပြီဖြစ်ကြောင်း သိရသည်။

ကိုဇင်မင်းဦးသည် လက်တု တပ်ဆင်ရန် အတွက် လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်း စုကြည်မှ ဂျာမနီနိုင်ငံသို့ အကူ အညီတောင်း ခံခဲ့ခြင်းဖြစ် ပြီး ဂျာမနီသံရုံး၏ အကူ အညီပေး မှုဖြင့် ဂျာမနီနိုင်ငံမှ ကုန်ကျစရိတ် အလုံး စုံကို တာဝန်ယူ ခဲ့ခြင်းဖြစ်သည်။

"အမေကို (ဒေါ်အောင်ဆန်းစု ကြည်) ကျွန်တော်ပြန်ရောက်ပြီ ဆိုတာ တစ်ဆင့်ခံ အကြောင်းကြား ထားတယ်။ ကျွန်တော့်လို ဟိုးအောက် ခြေက ပါတီဝင် တစ်ယောက်ကို အမေ အနေနဲ့ အခုလို ဂရုစိုက်ပေးမယ် ဆိုတာ မထင်ခဲ့ဘူး။ အမေ (ဒေါ်အောင်ဆန်းစုကြည်)နဲ့ တွေ့ ခွင့်ရပြီ ဆိုတာနဲ့ ကျွန်တော်ရဲ့ပျောက် ဆုံးသွားတဲ့ လူသား တစ်ယောက်ရဲ့ အခွင့်အရေး ပြန်ရပြီး လူကောင်း တစ် ယောက် လို ဖြစ်အောင် ပြန်လုပ်ပေး တဲ့ ခေါင်း ဆောင်ရဲ့ စေတနာ မေတ္တာတွေကို ကျွန်တော်နိုင်ငံရေး ဆက်လုပ်ရင်း တာဝန်ကျေ ရပါစေမယ်လို့ ပြောချင် တယ်"ဟု လက်နှစ်ဖက် အစားထိုး တပ်ဆင်ထားရသူ ကိုဇင်မင်းဦးက ပြောသည်။

လက်တု နှစ်ဖက် ကုန်ကျ စရိတ်နှင့် ပတ်သက်၍ ဂျာမနီနိုင်ငံမှ မည်မျှ ကုန်သည်ကို ပြောကြားခြင်း မရှိသော်လည်း လက်တု ကုမ္ပဏီတွင် အခြားသူ များ၏ ကုန်ကျ စရိတ်ကို ခန့်မှန်းပြီး တွက်ရမည် ဆိုပါက လက်တု တစ်ဖက်၏ ကုန်ကျ စရိတ်မှာ ယူရိုငွေ သုံးသောင်း အထက်တွင် ရှိနိုင်ကြောင်းနှင့် လက်တုတပ်ပေး သည့် ကုမ္ပဏီမှာ OTTOBORK ဖြစ်ကြောင်း ကိုဇင်မင်းဦးနှင့် အတူ ဂျာမနီနိုင်ငံသို့ လိုက်ပါ သွားသူ ကိုဝေဖြိုးဟန် ကပြောသည်။

ယခု တပ်ဆင်ထားသည့် လက် တုမှာ စာရေးနိုင်သည့် အထိရသည့် အမျိုးအစား မျိုးဖြစ်ကြောင်း၊ ယခု အခါ လက်မှတ်ထိုးနိုင် ရန်အတွက် လေ့ကျင့်နေကြောင်း၊ လက်တု ကုမ္ပဏီ၏ အဆိုအရ ကီလို ၁၀ အလေးချိန်ထိ သယ်နိုင်ကြောင်း လည်းသိရသည်။

ကိုဇင်မင်းဦးမှာ အင်းစိန်မြို့ နယ် ကမ်းနား အလယ်ရပ်ကွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အလုပ် အမှုဆောင် ဒုဥက္ကဋ္ဌဖြစ်ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်း ရပ်ကျေးပါတီ ဆိုင်းဘုတ်တင် အခမ်း အနားတွင် ဆိုင်းဘုတ် တင်နေ စဉ် ဓာတ်ကြိုးနှင့် ထိမိပြီး ဓာတ်လိုက် မှုဖြစ်ပွား ခဲ့သောကြောင့် လက်နှစ် ဖက်၊ ဘယ်ခြေ မှခြေသန်း တစ်ချောင်း တို့ ဖြတ်ပစ် ခဲ့ရခြင်းဖြစ်သည်။ လက် နှစ်ဖက် ဖြတ်ပစ် ခံရပြီးချိန် မှစ၍ အလုပ် မလုပ်နိုင်တော့ သည့်အတွက် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်မှ လစဉ်ထောက် ပံ့ကြေးပေး ထားကြောင်းလည်း သိရသည်။

မြန်မာပို့စ်


၂၀၀၁ခုနှစ်၊ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နအဖအတွင်းရေးမှူး (၂)မြန်မာ့တပ်မတော်စစ်ဦးစီးအ ရာရှိချုပ်(ကြည်း)ဗိုလ်ချုပ်ကြီးတင် ဦးနှင့်နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီအဖွဲ့ဝင်နဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သီဟသူရစစ် မောင်ဦးဆောင်တဲ့ တပ်မတော် အရာရှိကြီးများတစ်စုဟာ ရုရှား လုပ်ြ-၁၇ စစ်ရဟတ်ယာဉ်နဲ့ သံ လွင်မြစ်ပေါ်ကနေ ဘားအံမြို့နား ကို ရောက်ရှိလာတဲ့အချိန် ပေါ့ဗျာ။
ရာသီဥတုကလည်း ဆိုးနေ တယ်လို့ ဆိုတယ်။ အခု ဘားအံ မြို့အတွင်း သံလွင်မြစ်ကူးတံ တားကြီးရဲ့တောင်ဘက်ခပ်လှမ်း လှမ်းက လှမ်းမြင်ရတဲ့သံလွင်မြစ် ပြင်ထဲက ကျွန်းကလေးတစ်ခုမှာ ရဟတ်ယာဉ်ပျက်ကျသွားခဲ့တယ်။ အချိန်ကတော့ နံနက် ၈နာရီအ ချိန်ဖြစ်တယ်။ ရဟတ်ယာဉ်ပေါ် မှာ ရဟတ်ယာဉ်မှူးအပါအ၀င် အားလုံး လူ ၃၀လောက် လိုက် ပါခဲ့ပြီး ၁၄ ဦးကနေ ၁၇ ဦးအထိ သေဆုံးခဲ့ရပြီး ၁၄ဦးခန့် အသက် ရှင်ခဲ့ကြတယ်။ ရဟတ်ယာဉ်ပျက် ကျစဉ် သေဆုံးသူတွေကတော့ အတွင်းရေးမှူး(၂)ဒုတိယဗိုလ်ချုပ် ကြီးတင်ဦး (ကြည်း) ဥွှ၊ ရ.တ တိုင်းမှူး ဗိုလ်ချုပ်သီဟသူရစစ် မောင်(ကြညှ်းီဗ)၊ ၀န်ကြီးချုပ် ရုံးဝန်ကြီး ဗိုလ်မှူးချုပ်လွန်းမောင်နဲ့ စု စုပေါင်းတပ်မတော်ခေါင်း ဆောင် ၁၄ ဦးရှိတယ်လို့ ဆိုတယ်။
ထူးဆန်းတာက ဗိုလ်ချုပ်ကြီး တင်ဦးရဲ့ရုပ်အလောင်းမှာ ခြေနှစ်ဖက်စလုံး ပေါင်ရင်းကနေ ပြတ်နေတာ တွေ့ရတယ်။ ဗိုလ်ချုပ်သီဟသူရစစ်မောင်ရဲ့ ရုပ် အလောင်းကတော့ သုံးရက် လောက်အကြာမှာသံလွင်မြစ် တစ်နေရာမှာ ရုပ်ပျက်ဆင်းပျက်နဲ့ ရှာတွေ့နိုင်ခဲ့တယ်။ ပျက်ကျမှုမှာ သေဆုံးသွား ရသူတွေကတော့ ဒုတိယဗိုလ်ချုပ် ကြီးတင်ဦး ၆၇နှစ် ကြည်း /၈၁၈၂(ဥွှ ၂၂)၊ ဗိုလ်ချုပ်သီဟ သူရစစ်မောင် ၅၀နှစ် ကြည်း /၁၁၇၁၆ ၊ှီဗ -၁၂)၊ဗိုလ်ချုပ်လွန်း မောင် ၆၅ နှစ် ကြည်း/၁၀၁၃၃၃ -ဥွှ ၃၀)၊ ဗိုလ် မှူးကြီးဝင်းလှိုင် ၅၈နှစ်၊ ကြည်း/ ၁၁၄၆၇ ဥွှ ၃၈၊ ဒုတိယဗိုလ်မှူး ကြီးလှပိုင် ၄၄ နှစ် ကြည်း ၁၄၇၇၀ှီဗ ၂၀ ၊ ဗိုလ်မှူးအောင်ဖုန်းနိုင် ၄၀နှစ် ကြည်း/၁၈၁၇၁ှီဗ ၂၅ ၊ဗိုလ်ခင်မောင်ကျော် ၂၆ နှစ် ကြည်း /၂၉၄၇၀ှီဗ ၃၉ ၊ ဗိုလ်မှူးကြီးတင်ဝင်း ၅၁ နှစ် လေ/ ၁၆၁၃၃ ဥွှ ၁၄ ၊ဗိုလ်မှူးစိုးနိုင် ၄၁ နှစ် လေ/၁၈၆၂ှီဗ ၂၃၊ ဗိုလ်ကြီးနေမင်းအောင် လေ/ ၁၈၄၀၀ တပ်ကြပ်ကျော်ဆွေ ၃၇ နှစ် လေ/၁၉၇၅၂၊ တပ်ကြပ် ထိန်လင်းအောင် ၂၉နှစ် လေ/၂၂၆၁၄ တို့ သေဆုံးခဲ့ကြ တယ်။ နောက်တစ်နေ့ အစိုးရ သတင်းစာထဲမှာ အတွင်း ရေးမှူး (၁)ဒုတိယဗိုလ်ချုပ်ကြီးခင် ညွှန့်နဲ့ ဇနီးဒေါက်တာခင်ဝင်းရွှေတို့ရဲ့ ၀မ်းနည်းကြေကွဲကြောင်း ကြော် ငြာကို တွေ့ရတယ်။

ရဟတ်ယာဉ်ပျက်ကျမှုမှာ အ သက်ရှင်ကျန်ရစ်ခဲ့တာ ၁၃ဦးရှိ တယ်။ သေရွာပြန်တွေလို့ပြောရမှ ပဲ။ ကံကောင်းကြတာပေါ့ဗျာ။ အသက်ရှင်ခဲ့တဲ့သူတွေကတော့ ဗိုလ်ချုပ်သန်းမောင်၊ဗိုလ်မှူးကြီး လှဌေးဝင်း(ယခု ဗိုလ်ချုပ်ကြီးလှ ဌေးဝင်း မြန်မာ့တပ်မတော် ကြည်း၊ ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး) လက်ရှိမြန်မာတပ်မတော် မှာ နံပတ်(၃)အဆင့်ရှိသူ)၊ ဒုတိယဗိုလ်မှူး ကြီးခင်မောင်မြင့်၊ ဒု-ဗိုလ်မှူးကြီး အုန်းလွင်၊ ဗိုလ်မှူး စိုးအောင်ကျော်၊ ဗိုလ်မှူးနေမျိုးဦး၊ ဗိုလ်ကြီးအောင် ဇော်ထွန်း၊ဗိုလ်ကြီး ရဲမြင့်ထွန်း၊ ဗိုလ် အုန်းမြင့်၊ တပ် ကြပ်ကြီးဝင်းမော်၊ တပ်ကြပ်မြတ် ကျော်၊တပ်ကြပ် မောင်မောင်၊ အရပ်ဘက်က ဦးနေစိုးနိုင်တို့ အသက်ရှင်ခဲ့ကြတယ်။

အစိုးရက ရာသီဥတုဆိုးဝါးမှု ကြောင့် ရဟတ်ယာဉ်ပျက်ကျရ ခြင်းဖြစ်တယ်လို့ ကြေညာခဲ့တယ်။ ရုရှားနိုင်ငံကတော့ ရုရှားလုပ်ြ -၁၇ ရဟတ်ယာဉ်တွေဟာ ရုရှား ရာသီဥတုအလွန်ဆိုးဝါးတဲ့နေရာ တွေမှာ သုံးနိုင်အောင်တည် ဆောက်ထားတာမို့ ရဟတ်ယာဉ်ရဲ့ ချို့ယွင်း မှုကြောင့် မဖြစ်နိုင်ဘူးလို့ ပြန်ကြေညာခဲ့တယ်။ ဒီရဟတ် ယာဉ် မပျက်ကျခင်ကတည်းက ဗိုလ်ချုပ်ကြီးတင်ဦးဟာ နှစ်ကြိမ် တိုင်တိုင် အလုပ်ကြံခံရပြီး အသက် ဘေးမှသီသီ ကလေးလွတ်မြောက် လာခဲ့သူဖြစ်တယ်ဗျ။ သူ့ရဲ့နေအိမ် မှာစာတိုက် ကပို့လိုက်တဲ့လက် ဆောင်ဗုံးကို သူ့ကိုယ်စား သူ့ သမီးက ဖွင့်ကြည့်လိုက်လို့ သမီး သေဆုံးခဲ့ရပြီး သူအသက်ဘေးက လွတ်မြောက်ခဲ့တယ်။ တစ်ခါ ကမ္ဘာအေးလိုဏ်ဂူ တော်ကြီးမှာ ဗိုလ်ချုပ်ကြီးတင်ဦး လာမယ် သိ ထားလို့ထောင်ထားတဲ့ ချိန်ကိုက်ဗုံး က သူမရောက်ခင်ကွဲ သွားလို့ တစ်ခါအသက်ဘေးက လွတ်ခဲ့ပြန် တယ်။ ဒါတွေက အရှေ့မှာ ဖြစ်ခဲ့ တယ်။
ဗိုလ်ချုပ်ကြီးတင်ဦးနဲ့အတူ သေဆုံးခဲ့ရတဲ့ဗိုလ်ချုပ်သီဟသူရ စစ်မောင်အကြောင်းကတော့ အ နာဂတ်မြန်မာ့တပ်မတော်ရဲ့ကာ ကွယ်ရေးဦးစီးချုပ်ဆက်ခံနိုင်သူလို့ အသတ်မှတ်ခံထားရသူဖြစ်တယ်။

ဗိုလ်ချုပ်သူရစစ်မောင်ဟာ မြန်မာ့တပ်မတော်မှာ သူရဲကောင်း ဆုတွေ ဖြစ်တဲ့ သီဟသူရတစ်ကြိမ် သူရ တစ်ကြိမ်ရခဲ့ဖူးပြီး ဇွတ်တော့ လုပ်တတ်သူဖြစ်တယ်။ ၁၉၉၆ ဇူလိုင် လ ၂၄ ရက်က ဗိုလ်ချုပ် စစ်မောင်ကိုယ်တိုင် လိုက်ပါလာခဲ့ တဲ့ မြန်မာ့လေကြောင်းဖော်ကာ င်္ -၂၇ လေယာဉ် ဌ့ ဗနွှ ဟာ ခရီးသည် ၄၄ ဦးနဲ့ ထားဝယ်-မြိတ်ခရီးစဉ် ပျံသန်းလာစဉ် မြိတ် လေယာဉ်ကွင်း ဆင်းဖို့ မိုးတအား ရွာနေလို့ လေယာဉ်မှူးက မဆင်း ဘဲ ရန်ကုန်ပြန်လှည့်ဖို့ ဆုံးဖြတ် တယ်။ ဗိုလ်ချုပ်စစ်မောင်က သူ့ အလုပ်ကိစ္စအရေး တကြီးဖြစ်တာ မို့ အမိန့်နဲ့အတင်း ဆင်းခိုင်းတယ်။ ဒါနဲ့ လေယာဉ်လည်း မြိတ်အဆင်း လေယာဉ်ကွင်းမှာ လမ်းချော်သွား ပြီး ပျက်စီးသွားတယ်။ ခရီးသည် ၈ ဦးသေဆုံးခဲ့ရတယ်။ ဗိုလ်ချုပ်စစ် မောင်ကိုယ်တိုင်နဲ့ ခရီးသည် ၁၀ဦး ဒဏ်ရာရခဲ့ကြရဖူးတယ်။

ဗိုလ်မှူးကြီးမောင်အေးနဲ့ ဗိုလ် ချုပ်ကြီးတင်ဦးတို့ကတော့ ဗိုလ် ချုပ်စစ်မောင်ရဲ့သတ္တိကို သဘော ကျတယ်။ လက်ခံတယ်။ ဗိုလ်ချုပ် မှူးကြီးသန်းရွှေကတော့ ဗိုလ်ချုပ် စစ်မောင်ကို သိပ်သဘောမကျဘူး လို့ သိရတယ်။ ဒါနဲ့ ဗိုလ်ချုပ်စစ် မောင် သေဆုံးသွားပြီးနောက် ကမ်းရိုးတန်းစစ်ဌာနချုပ်တိုင်းမှူး နေရာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ဇနီးနဲ့နီးစပ်ဖြစ်သူလို့ ဆိုတဲ့ ဗိုလ်မှူးချုပ်မြင့်ဆွေကို တာဝန်ပေး ခဲ့တယ်။ နောက်တော့ သံလွင်မြစ်ပေါ်က ရဟတ်ယာဉ် ပျက်ကျမှုမှာ အနာဂတ်မြန်မာတပ်မတော် အတွက် အစဉ်အလာရှိတဲ့ ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ ဗိုလ်ချုပ်သီ ဟသူရ သူရစစ်မောင်တို့ သေဆုံး သွားပြီးတဲ့နောက်ပိုင်း တပ်မတော် ရဲ့ရာထူးအခင်းအကျင်းနှင့် ဗိုလ် ချုပ်မှူးကြီးသန်းရွှေစိတ်ကြိုက် ဗိုလ် ချုပ်ကြီးသူရရွှေမန်း ကြည်း/ ၁၁၅၃၄ှီဗ ၁၁ ကို ၂၀၀၁ နိုဝင် ဘာလ ၁၅ ရက် နေ့မှာ ကြည်း/ ရေ/လေ ညှိနှိုင်း ပူးတွဲညှိနှိုင်း ကွပ်ကဲရေးမှူး( ညှိကွပ်) နမခတိုင်း မှူးဗိုလ်ချုပ်စိုးဝင်း ကြည်း/ ၁၁၇၁၅ှီဗ -၁၂ကို လေကြောင်း ရန်ကာကွယ်ရေးအ ရာရှိချုပ်၊ တြိဂံစစ်ဒေသတိုင်းမှူး ဗိုလ်ချုပ် သိန်းစိန်(ကြည်း/၁၁၂၅၂)ှီဗ ၉ ကို စစ်ရေးချုပ်၊ရမခတိုင်းမှူး ဗိုလ်ချုပ်သီဟသူရတင်အောင် မြင့်ဦး(ကြည်း -၁၁၇၀၁)ှီဗ ၁၂ ကို စစ်ထောက်ချုပ်၊တပခတိုင်း မှူးဗိုလ်ချုပ်တင်အေး(ကြည်း/၁၁၂၃၆)ှီဗ ၉ကို ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်(ယခု ရွေးကောက်ပွဲကျင်းပရေးကော်မ ရှင်ဥက္ကဌ)စသည့်တို့ကို တာဝန် တွေ အသီးသီးပေးအပ်ခဲ့ကြတယ် ဗျာ။

နောက်ပိုင်းကျတော့ စစ်ရေး ချုပ်ဗိုလ်ချုပ်သိန်းစိန်က ၀န်ကြီး ချုပ်ဖြစ်လာတယ်။ ၂၀၁၀ကျ တော့ သမ္မတကြီးဦးသိန်းစိန်ဖြစ် လာ တယ်။ ဗိုလ်ချုပ်ကြီးရွှေမန်းက လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး တို့ပြီးရင် တကယ်သြဇာအရှိဆုံး ဗိုလ်ချုပ်ကြီးဖြစ်လာခဲ့တယ်။ ဗိုလ် ချုပ်ကြီး သီဟသူရတင်အောင်မြင့် ဦးက၂၀၁၀မှာ ဒုတိယသမ္မတဖြစ် လာပြီး ၂၀၁၂ မှာ ကျန်းမာရေး အကြောင်း ပြချက်နဲ့ဒုတိယသမ္မတ အဖြစ်နှုတ်ထွက်သွားတယ်။ စစ် ထောက်ချုပ် ဗိုလ်ချုပ်တင်အေးက တော့ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ရဲ့ ဥက္ကဋ္ဌဦးတင်အေး ဖြစ်လာတယ်။

သံလွင်မြစ်ထဲ ရဟတ်ယာဉ် ပျက်ကျစဉ်က အသက်မသေဘဲ အသက်ဘေးက လွတ်လာခဲ့တဲ့ ဗိုလ်ချုပ်ကြီးလှဌေးဝင်းကတော့ ဒီ နေ့ မြန်မာတပ်မတော်မှာ တစ်ချိန် က ဗိုလ်မှူးကြီးသူရရွှေမန်း ပထမ ဆုံးရခဲ့ဖူးတဲ့ရာထူး ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေးညှိနှိုင်းကွပ်ကဲ ရေးမှူး(ညှိ/ကွပ်)ရာထူးရပြီး တပ် မတော်အဆင့်(၃)တောင်ဖြစ်လာခဲ့ တယ်ဗျာ။
၁၉၈၈ကနေ့ အာဏာသိမ်း ပြီး တစ်စနဲ့တစ်စ အာဏာရှင် ဖြစ်လာခဲ့တဲ့ဗိုလ်ချုပ်မှူးကြီးသန်း ရွှေကတော့ ၂၀၁၀မှာ အငြိမ်းစား ယူပြီး နေပြည်တော်က သူရဲ့ခြံ ကြီးထဲမှာပဲ အေးအေးချမ်းချမ်းနဲ့ စာတွေ ဖတ်နေပါပြီ။ အားလုံးက ပြီးသွားခဲ့ပါပြီ။ ဗိုလ်ချုပ်မှူးကြီး မောင်အေးလည်း ကန့်ဘလူဇာတိ မြို့ကိုပြန်ပြီး ဘုန်းကြီးတောင် ၀တ် လိုက်သေးတယ်။ နောက်တော့ လေဖြတ်သွားတယ်။ စင်ကာပူ သွားကုလိုက်၊ တရုတ်ပြည်သွားကု လိုက်နဲ့ဆေးကုနေရတာနဲ့ပဲ အလုပ်ကို ရှုပ်နေပါပြီ။ ဘာမှကို မလုပ်နိုင်တော့ပါဘူး။ ဗိုလ်ချုပ်ကြီး ဟောင်းခင်ညွှန့်လည်း တပည့် တပန်းတွေ လာကန်တော့တာ လက်ခံလိုက်၊ ထောင်ထဲကမလွတ် သေးတဲ့သူ့ တပည့်တွေရဲ့မိသားစု တွေ မျက်ရည်လေးတစမ်းစမ်းနဲ့ လာကန်တော့တာကိုခံပြီး စိတ် မကောင်းရုံကလွဲပြီးသူလည်း ဘာမှမတတ်နိုင်တော့ပါဘူး။ ထောင်ထဲမှာရှိနေဆဲသူ့တပည့် စစ်ထောက်လှမ်းရေးတွေ အမြန် ဆုံး လွတ်မြောက်လာဖို့ပဲ ဆု တောင်းနေ ရတဲ့အခြေအနေ ရောက်နေပါပြီ။
ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ခင်မောင်သန်းရဲ့ဇနီးဒေါ်မာလာ မွေးနေ့ပွဲမှာ ဒုတိယဗိုလ်ချုပ်ကြီး ဟောင်းမျိုးညွန့်၊ ဒုတိယဗိုလ်ချုပ် ကြီးဟောင်းဝင်းမြင့်၊ ဒုတိယ ဗိုလ်မှူးကြီးဟောင်းတင်လှိုင် (ပြည် ထဲရေးဝန်ကြီးဟောင်း) ၊ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းထွန်းကြည်တို့ကို ဆီဒိုးနားဟိုတယ်မှာ တွေ့လိုက် သေးတယ်။ နေကောင်းရဲ့လားမေး တော့ “လူကြီးကောင်း ကောင်း တာပေါ့ဗျာ”တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဟောင်း မျိုးညွှန့်က ဖြေသွားတယ်။ ““ပီတိကိုစား အားရှိပါ၏””ဆိုတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မျိုး ညွန့်ခေတ်တစ်ခေတ်ကို သွား သတိရမိသေးတယ်။
အားလုံးကတော့ ပြီးသွားပါ ပြီ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တစ်ယောက်ကိုတော့ ကျုပ်အကြံ ပေးချင်တယ်။ စာလည်းဖတ်၊ တရားလည်းထိုင် အဘက စိုက်ပျိုး ရေးလည်း ၀ါသနာပါတယ်ဆို တော့ အဘရဲ့နေပြည်တော်ခြံထဲ မှာ ကြက်ဆူပင်တွေ စိုက်ပါလား လို့ ဘာဖြစ်လို့လဲဆိုတော့ ကြက်ဆူ ပင် စီမံကိန်းဆိုတာ အဘ တစ် ချိန်က အကြီးအကျယ်ယုံကြည်ပြီး လုပ်ဆောင်ခဲ့ဖူးတယ်လေ။ အဲဒီ တုန်းက အဘက မအားလပ်တော့ ကောင်းကောင်းအကောင်အထည် ဖော်ခဲ့ရလို့ ကြက်ဆူပင်စိုက်ပျိုး ရေးစီမံကိန်းမအောင်မြင်ခဲ့ရဘူး။ ဒါကြောင့် အခုလို အဘတစ် ယောက် အားလပ်နေပြီဆိုတဲ့အ ချိန်ကြတော့ အဘယုံကြည် သက် ၀င်ခဲ့ဖူးတဲ့ကြက်ဆူပင်စိုက်ပျိုးရေး ကို စိတ်အေးလက်အေးနဲ့ အာ ရုံစိုက်ပြီး စိုက်ပျိုးလို့ရပြီမို့ အဘ စိတ်ဝင်စားခဲ့တဲ့ကြက်ဆူပင်တွေ စိုက်ရင်း စာဖတ်ရင်းနဲ့ခပ်အေး အေးပဲနေလို့ရပါပြီလို့ တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်ဗျာ။
“အနောက်ဘက်စစ်မျက်နှာ တွင် အားလုံးငြိမ်သက်လျက်ရှိနေ တော့သည်”ဆိုတဲ့ကမ္ဘာကျော် ပထမ ကမ္ဘာ စစ်နောက်ခံဂန္ထ၀င် စစ်ကားကြီးကိုသာ သွားသတိရမိ ပါတယ်ဗျာ။

စစ်သူရဲဗလမင်းထင်
(သူရိယနေဝန်း)

စစ်တပ်သည် ဒီမိုကရေစီအပေါ် ဘယ်ကွေ့ ၊ ညာကွေ့ ၊ ဂငယ်ကွေ့ ကွေ့လို့ ရသမျှ အကုန် လျှောက်ကွေ့ နေသည် ။ မမှတ်မိလောက်တော့ မပြန်တတ်တော့လို့ ။ "မည်သည့် အတိုင်းအတာ အထိ လိုက်လျော လာနိုင်သနည်း ဆိုသည်ကို မှန်ကန်စွာ မတွက်ချက် တတ်ပါ ....

မိမိတို့ နိုင်ငံသည် ယနေ့ လက်ရှိ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ အကျပ်အတည်းနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ပဋိပက္ခ မြန်မာ့စီးပွားရေး အခြေအနေတို့ ပြည်သူတွေကို နည်းစနစ် မှန်မှန် နဲ့ တရားသဖြင့် မအုပ်ချုပ်တတ်တဲ့ နလပိန်တုန်း အုပ်ချုပ်သူ လူတန်းစား တစ်စုကြောင့် ရည်မှန်းချက် ပျောက်ဆုံးပြီး ဦးတည်ရာ လမ်းချော်နေတာ ရင်ဆိုင် ဖြတ်သန်း နေရသည် .....

တိုင်းပြည်ရဲ့ များမြောင် လှစွာသော ပြသနာတွေကို ဖြေရှင်းမယ်လို့ တွေးထင်မနေနဲ့ ။ နှစ်ကာလတွေထဲမှာ ပျော်ရွှင်မှုကို ရင်ဘတ်အတုနဲ့ ရှာဖွေ ခဲ့ဖူးတယ် ။ နာတာရှည် ဖြစ်နေပြီ ။
အာဏာ ပြန်လည် သိမ်းဖို့ မလိုတော့ပါ ,,,,, ယနေ့ မြန်မာနိုင်ငံ လက်ရှိ အစိုးရလက်ထက်မှာ ပြဌာန်းထား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ နဲ့ သိမ်းထားပြီး သားပါ ...... မိမိရဲ့ လုပ်ပိုင်ခွင့်တွေကို ယူသွားတာပဲ ။
မထူးပါဘူး ..... အတူတူဘဲ မဟုတ် လား?

ကိုယ့် လူမျိုးတယောက် တန်ဖိုး ရှိအောင် ... နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ အရေးကြီးတယ် ဆိုတာ ဘယ်သူမှ မငြင်းနိုင်တဲ့ အချက်ပါပဲ ။ ယနေ့ ရင်ဆိုင်ဖြတ်သန်း နေရသည့် နိုင်ငံရေး စိန်ခေါ်မှုအပေါ် အခြေအနေ အရပ်ရပ်ကို သိမ်မွေ့စွာ ကိုင်တွယ် သုံးသပ်ကြရပေ လိမ့်မည် ။ နည်းနည်း ပြန်စဉ်းစား သင့်တယ် ထင်တယ် ။

တရားဥပဒေ စိုးမိုးရေးအတွက် သေနတ် ဖြစ်နိုင်သလို
တရားဥပဒေ ချိုးဖေါက်ဖို့ အတွက်လဲ ဖြစ်နိုင်တယ် ..... သတိပြုမိကြမည် ထင်ပါသည် ။ တစ်နည်းအားဖြင့်ဆိုလျှင် လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ အကျပ်အတည်းနှင့် ပြည်တွင်းငြိမ်းချမ်းရေး စိန်ခေါ်မှုများကို ဖြေရှင်းဖို့ဆိုလျှင် စစ်တပ်က အဓိက အခန်းကဏ္ဍမှ မပါမပြီး ဖြစ်လာသည် ။

ပြောင်းလဲနေသော ကာလမှာ ဖြစ်နိုင်ခြေ ရှိသည်တို့ကို အားဖြည့် ရမှာပါ ။မြင်ရတာလည်း အမြင်မတော်ဘူး ။ ကုန်းကောက်စရာမရှိတဲ့ တောသူ တောင်သားတွေရဲ့ ထမင်းလုပ်ကို ပုတ်ချရုံမက ဘ၀တွေကိုပါ စစ်ဖိနပ်နဲ့ နင်းခြေသလို ဖြစ်နေပြီ ။
ကျော်ဖြတ်နိုင်တဲ့ နည်းလမ်းကို ရှာဖွေဖို့
ပိုမို ခိုင်မာသေချာအောင် လုပ်ရမှာပါ ........ အဲဒီ အလုပ်ကို ကူညီတဲ့သူတွေကို ကိုယ့် နိုင်ငံထဲမှာ အားဖြည့် ရမှာပါ ...

ကမ္ဘာ့သမိုင်းတွင်လည်း စစ်တပ်၏ ဦးဆောင်မှုဖြင့် တိုင်း ပြည်ကြီးပွား တိုးတက်သည်ဟူ၍ ဘယ်မှာမှ မရှိ ။ စစ်တပ်က အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး မပေးနိုင်ပါ ။ စစ်တပ်က စီးပွားရေး အောင်မြင်အောင် မလုပ်နိုင်ပါ ။

စစ်တပ်သည် ဗဟုအယူအဆ ဗဟုယဉ်ကျေးမှု နှင့် သဟဇာတ မဖြစ်နိုင်ပါ ။ နောက်ဆုံးတော့လည်း ကမ္ဘာ နှင့် အ၀န်း စစ်အုပ်ချုပ်ရေးများ ကျဆုံးပြီးရင်း ကျဆုံးကာ အရပ်ဘက် အုပ်ချုပ်ရေးများ ထူထောင် လာခဲ့ကြသည် ချည်းသာ ဖြစ်သည် ။

နိုင်ငံ တိုးတက်ဖို့ အရေးကြီးတယ် -- မနက်ဖန်အတွက် .. ဗဟုသုတ - အသိဥာဏ် -- မြင့်မားသူတွေ -- ဖြစ်ကြပါစေ --ပြည်သူချစ်အောင်နေ .. ပြည်သူကလည်း ပြန်ချစ်ဖို့ ၀န်မလေးဘူး ... ပြည်သူ့ဆီက မေတ္တာ လိုချင်ရင် ... ပြည်သူချစ်အောင် နေဗျာ ......

BY - Aung Oo


(ဆောင်းပါးရှင် - တင်နိုင်တိုး)

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ထွန်းဝေသည် တစ်ချိန်က မြန်မာ့ရုပ်ရှင် လောကတွင် လျှမ်းလျှမ်းတောက် ထင်ရှားကျော်ကြားခဲ့သူ ဖြစ်ပါသည်။ ရုပ်ရှင်မင်းသား ထွန်းဝေကား တစ်ချိန်က နယ်ခြားသတင်းထောက် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါသည်။

မျိုးရိုးဇာတိ

ရုပ်ရှင်မင်းသား ထွန်းဝေကို ၂၃ အောက်တိုဘာ ၁၉၂၀ တွင် သာယာဝတီခရိုင်၊ နတ်တလင်းမြို့၌ ကုန်သည် ဦးကျင်စိန်၊ ဒေါ်ရွှေရင်တို့က ဖွားမြင်ခဲ့ပါသည်။ ငယ်စဉ်က နတ်တလင်းမြို့ ဟိုက်စကူးကျောင်းတွင် ပညာဆည်းပူးခဲ့သည်။ ဖခင်မှာ တရုတ်သွေးပါသူ ဖြစ်ပါသည်။

သတင်းစာသင်တန်း

ထွန်းဝေသည် အသက် ၁၄ နှစ်အရွယ်တွင် တရုတ်နိုင်ငံသို့ သွားရောက်ကာ ချုံကင်းမြို့ရှိ သတင်းစာ သင်တန်းကျောင်းသို့ တက်ရောက်ခဲ့သည်။ ယင်းသတင်းစာ သင်တန်းကျောင်းတွင် သတင်းစာခေါက်ခြင်း၊ သတင်းစာပို့ခြင်း စသည့် အောက်ခြေလုပ်ငန်းများကိုပါ လုပ်ဆောင်ခဲ့ရသည်။ သတင်းစာဆိုင်ရာ ပညာရပ် များကိုလည်း အောက်ခြေမှစ၍ စနစ်တကျ လေ့လာဆည်းပူး ခဲ့ရသည်။

နယ်ခြားသတင်းထောက်

ဦးထွန်းဝေသည် သတင်းစာပညာကို အခြေကျကျ လေ့လာခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ထို့နောက် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၇ ခုနှစ်တွင် ရန်ကုန်မြို့၌ ထုတ်ဝေသော ဂိုက်(ဒ်)ဒေးလီး (Guide Daily) သတင်းစာ၏ တရုတ်မြန်မာ နယ်ခြားသတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

သတင်းထောက်ချုပ်

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ၁၉၄၈-၄၉ ခုနှစ်များတွင် ဦးထွန်းဝေသည် ဘ၀သစ်နေ့စဉ် သတင်းစာ (New Life Daily) ၌ သတင်းထောက်ချုပ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ယင်းသတင်းစာကို ၁၉၄၉ ခုနှစ် ဧပြီလတွင် စတင်ထုတ်ဝေ ခဲ့ခြင်းဖြစ်ပြီး မူလက မန္တလေးတွင် ထုတ်ဝေနေရာမှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့ ထုတ်ဝေခဲ့ခြင်း ဖြစ်သည်ဟု မှတ်ယူရပါသည်။ သတင်းစာ အယ်ဒီတာမှာ ဦးအောင်ကြမ်း ဖြစ်ပါသည်။

ရုပ်ရှင်လောကသို့

ဦးထွန်းဝေအား ရုပ်ရှင်လောကသို့ တွန်းပို့ပေးခဲ့သူမှာ စာရေးဆရာ သိန်းဖေမြင့် ဖြစ်သည်ဟု အဆိုရှိကြသည်။ ဦးသိန်းဖေမြင့်သည် ဦးထွန်းဝေနှင့် ခင်မင်ရင်းနှီးသူ ဖြစ်သည့်အလျောက် ဗြိတိသျှဘားမား ရုပ်ရှင်ဒါရိုက်တာ ဦးချန်ထွန်းထံသို့ စာရေးသား ဆက်သွယ်ပေးခဲ့သည်။ ဗြိတိသျှ ဘားမားက ဦးထွန်းဝေအား ဓာတ်ပုံဘက်တွင် စတင်သုံးခဲ့သည်။ ထို့နောက် အရန်သရုပ်ဆောင်အဖြစ် ရုပ်ရှင်ဇာတ်ကားများ၌ ပါဝင်စေခဲ့၏။

ရုပ်ရှင်ဓာတ်ပုံဆရာ ၁၉၅၀ ပြည့်နှစ်တွင် ရုပ်ရှင်ဓာတ်ပုံ ဆရာအဖြစ် ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်ခဲ့သူ ဦးထွန်းဝေသည် မကြာမီ ရုပ်ရှင်ဇာတ်ရံ သရုပ်ဆောင် ဘ၀သို့ ရောက်ရှိခဲ့သည်။ ဦးထွန်းဝေ ပထမဆုံး ဇာတ်ရံအဖြစ် ပါဝင်ရသော ရုပ်ရှင်ဇာတ်ကားမှာ ဒါရိုက်တာ ရွှေဒုံးဘီအောင်၏ ''မာလာရီ'' အမည်ရှိ ရုပ်ရှင်ဇာတ်ကား ဖြစ်ပါသည်။

ထင်ရှားသော ရုပ်ရှင်ဇာတ်ကားအချို့

ဦးထွန်းဝေသည် မာလာရီ ဇာတ်ကားဖြင့် စတင်ထင်ရှား လာခဲ့ပြီးနောက် ဒါရိုက်တာ ဦးသုခ၏ ''သည်ဆောင်းဟေမာန်'' ဇာတ်ကားတွင် မြင့်မြင့်ခင်၏ အစ်ကိုအဖြစ် ပါဝင်သရုပ်ဆောင် ခဲ့ပြန်ပါသည်။ ထို့နောက် ပွဲခါညောင်ရေ၊ သားဗိုလ်အောင်ဒင်၊ ဒေါက်တာအောင်ကျော်ဦး၊ ဖြေလျော့ခွေ၊ ဖူးစာနှစ်ခိုင်စသည့် ဇာတ်ကားများတွင် ဇာတ်ရံအဖြစ် ဆက်တိုက် ဆိုသကဲ့သို့ ပါဝင်ခဲ့ရသည်။

ပထမဆုံး ဇာတ်ဆောင်မင်းသား

ဦးထွန်းဝေ ပထမဆုံး ဇာတ်ဆောင်မင်းသားအဖြစ် စတင်သရုပ်ဆောင်ခဲ့ရသည့် ဇာတ်ကားမှာ ကန်တော်မိတ် ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ရိုက်ကူးသော ဒါရိုက်တာ ဦးနေဒွန်း၏ ''ဘုနှင့်ဘောက်'' ရုပ်ရှင်ဇာတ်ကား ဖြစ်ပါသည်။ ထို့နောက် ဘီသုံးလုံးရုပ်ရှင်မှ ဒါရိုက်တာ ဦးချင်းစိန် ရိုက်ကူးသော ဗိုလ်မြဒင် တွင်လည်း ထူးချွန်ပြောင်မြောက်စွာ သရုပ်ဆောင်ခဲ့သည်။

အကယ်ဒမီ ထူးချွန်ဆု

ဦးထွန်းဝေ၏ ပီပြင်သော သရုပ်ဆောင်မှု များကြောင့်ပင် ဒုတိယမြောက် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခွင့် ရရှိခဲ့သော ဗိုလ်မြဒင် ဇာတ်ကားဖြင့် ၁၉၅၇ ခုနှစ် အကယ်ဒမီ ထူးချွန်ဆုကို ဆွတ်ခူးရရှိ ခဲ့ပါသည်။ ထို့နောက် ၁၉၅၉ ခုနှစ်တွင် ''ကကြီး ရေးက'' ဇာတ်ကားဖြင့် အကယ်ဒမီဆု ထပ်မံရရှိ ခဲ့ပြန်ပါသည်။ ဦးထွန်းဝေသည် အမျိုးသားဇာတ်ဆောင် ထူးချွန်ဆုနှစ်ဆု ရရှိခဲ့ပြီးနောက် ၁၉၈၃ ခုနှစ်တွင် ''တတိယအရွယ်၏ ဒုတိယဝေဒနာ'' ဇာတ်ကားဖြင့် အမျိုးသားဇာတ်ပို့ ထူးချွန်ဆုကို ထပ်မံရရှိခဲ့ ပြန်ပါသည်။

ချစ်ကြည်ရေး ကိုယ်စားလှယ်

ဦးထွန်းဝေသည် မြန်မာတရုတ် ချစ်ကြည်ရေး အသင်းတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက် ခဲ့သည့်နည်းတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့လည်း အကြိမ်ကြိမ် သွားရောက်ခဲ့သည်။ ၁၉၅၂ ခုနှစ် အောက်တိုဘာလတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့်အတူ အာရှပစိဖိတ်ဒေသ ငြိမ်းချမ်းရေး ကွန်ဂရက်သို့ မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်အဖြစ် သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ၁၉၅၆ ခုနှစ်တွင် ချစ်ကြည်ရေး မြန်မာရုပ်ရှင်အဖွဲ့ အတွင်းရေးမှူးအဖြစ် ဆရာကြီး ဦးဥာဏ၊ ရွှေဒုံးဘီအောင် တို့နှင့်အတူ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် တရုတ်မြန်မာ နယ်ခြားစာချုပ် အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့စဉ်က အထိမ်းအမှတ် အောင်ပွဲသဘင်သို့လည်း သွားရောက်ခဲ့ရသေး၏။

ထိန်းသိမ်းခံရခြင်း

၁၉၆၇ ခုနှစ်တွင် ရုပ်ရှင်သရုပ်ဆောင် ဦးထွန်းဝေ သရုပ်ဆောင်မြတ်လေးနှင့်အတူ ထိန်းသိမ်းခံခဲ့ရသည်။ တော်လှန်ရေး ကောင်စီလက်ထက် အရေးအခင်း တစ်ခုတွင် ပါဝင်ခဲ့မှုကြောင့် ဖြစ်ပါသည်။ ၁၉၆၈ ခုနှစ် နိုဝင်ဘာလတွင် ပြန်လည်လွတ်မြောက် လာခဲ့ပြီးနောက် ရုပ်ရှင်လောကသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ အကောင်းဆုံး ဇာတ်ရံဆုမှာ ထိန်းသိမ်းခံရပြီး နောက်ပိုင်းတွင်မှ ရရှိခဲ့ခြင်း ဖြစ်သည်။

ရုပ်ရှင်ကုမ္ပဏီ

ဦးထွန်းဝေသည် ရန်ကင်းရုပ်ရှင် အမည်ရှိ ကိုယ်ပိုင်ရုပ်ရှင် ကုမ္ပဏီကိုလည်း တည်ထောင်ကာ ရုပ်ရှင်ဇာတ်ကား အများအပြား ရိုက်ကူးထုတ်လုပ်ခဲ့သည်။ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ရည်ရွယ်လျက် ''ရွှေပြည်တော်သည်'' ဇာတ်ကား၊ တိုင်းရင်းသား ချစ်ကြည်ရေးအတွက် ရည်ရွယ်လျက် ''တောင်ပေါ်မြေမှ မြေပြန့်ပန်း''၊ ရဲဘော်များ အကြောင်း ဘ၀သရုပ်ဖော်အဖြစ် ''ရဲဘက်ထွန်းလင်း'' စသည့် ဇာတ်ကားများကို ရိုက်ကူးခဲ့သည်။ ထို့ပြင် ဆောင်း၊ မန္တလေးနန်းတွင်း အရေးတော်ပုံနှင့် အရိုင်းစံပယ် ဇာတ်ကားများတွင်လည်း ပီပြင်စွာ သရုပ်ဆောင်ခဲ့သည်။

ဆိုဗီယက် ဆရာဝန်များအရေး

ရုပ်ရှင်သရုပ်ဆောင် ဦးထွန်းဝေသည် လမ်းစဉ်ပါတီ အစိုးရလက်ထက် တစ်ကြိမ်တွင် တိုင်းပြည်အတွက် သက်စွန့်ကြိုးပမ်းကာ တာဝန်ထမ်းဆောင် ခဲ့ဖူးပါသည်။ ရှမ်းပြည်နယ်ရှိ ကာကွယ်ရေး အဖွဲ့တစ်ဖွဲ့၏ ခေါင်းဆောင်အား လမ်းစဉ်ပါတီ အစိုးရက ဖမ်းဆီးထိန်းသိမ်းခြင်းအပေါ် မကျေမနပ်ဖြစ်ကာ တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံမှ ဆိုဗီယက် ဆရာဝန်နှစ်ဦးကို ပြန်ပေးဆွဲခဲ့သည့်အရေး ဖြစ်ပါသည်။

တရုတ်ဘာသာ စကားပြော ယင်းအဖွဲ့က သူတို့၏ ခေါင်းဆောင်နှင့် ဆိုဗီယက် ဆရာဝန်များအား အလဲအလှယ် လုပ်စေလိုခဲ့ရာ ယင်းအရေးတွင် ဦးသိန်းဖေမြင့် မှတစ်ဆင့် နိုင်ငံတော်၏ တာဝန်ပေးချက်အရ ဦးထွန်းဝေက တြိဂံဒေသအထိ သက်စွန့်ဆံဖျား သွားရောက်ကာ အောင်မြင်စွာ ညှိနှိုင်းပေးခဲ့ရသည်။

ဒီမိုကရေစီအရေး

ဦးထွန်းဝေသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ကာလတွင်လည်း ပြည်သူလူထုနှင့်အတူ တက်ကြွစွာ ပါဝင်ခဲ့သည်။ ၂၆ သြဂုတ် ၁၉၈၈ နံနက်တွင် ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်၌ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် စင်မြင့်ထက်၌ ဦးထွန်းဝေ ရှိနေခဲ့သည်။ လူချစ်လူခင် များလှသော ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီး ဦးထွန်းဝေကို ခင်မင်သူများက လေးလေးဟု ရင်းရင်းနှီးနှီး ခေါ်ဆိုကြသည်။

ဘ၀နိဂုံး

သတင်းစာလောကမှ သတင်းသမား တစ်ဦးအဖြစ် ဘ၀ကို စတင်ခဲ့သူ ရုပ်ရှင်သရုပ်ဆောင် ဦးထွန်းဝေသည် အသက် ၈၅ နှစ်အရွယ် ၁၃ သြဂုတ် ၂၀၀၅ တွင် ကွယ်လွန်သွားပါသည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ထွေးထွေး၊ သားကိုအောင်သာထွန်း၊ ကိုစံသာထွန်း၊ ကိုကျော်စွာထွန်းနှင့် မြေးလေးဦး ကျန်ရစ်သည်။
Eleven media group

Photo..ဧရာဝတီ
အခြေခံဥပဒေ ပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေး တို့အပေါ် ပြည်သူ့ သဘောထား ခံယူခြင်းများကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြုလုပ်လျက်ရှိရာ လာမည့် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၌ ပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန် ရှိသော အခြေခံ ဥပဒေ ဆိုင်ရာ ဟောပြောမှုနှင့် ပြည်သူ့ ဆန္ဒ ခံယူပွဲအတွက် ငြိမ်းချမ်းစွာ စုဝေးခွင့် တင်ပြခြင်းကို ခွင့်မပြုနိုင်ကြောင်း အကြောင်းပြချက် နှစ်ရပ်ဖြင့် မြို့နယ် ရဲတပ်ဖွဲ့မှူးက လက်မှတ်ထိုး၍ နိုဝင်ဘာလ ၁၄ ရက်နေ့က အကြောင်းပြန် လိုက်သည်။

အကြောင်းပြန်ကြားချက်၌ ငြိမ်းချမ်းစွာ စုဝေးခွင့်ပြုရန် လျှောက်ထားမှုတွင် ငြိမ်းချမ်းစွာစု ဝေးခွင့်ပြုရန် လျှောက်ထားခြင်း ပုံစံ(၁)ပါ အတိုင်း အချက်အလက်များ ပြည့်စုံစွာ မပါရှိခြင်းနှင့် ကျင်းပမည့် နေရာသည် ပျဉ်းမနား- တောင်ညိုသွား ကားလမ်းဘေး ဖြစ်ပြီး ကျင်းပမည့်ရက်သည် တနင်္လာနေ့ ရုံးဖွင့်ရက်ဖြစ်ခြင်း၊ နေပြည်တော် ကောင်စီရုံးနှင့် ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးများ၊ ဌာနဆိုင်ရာရုံးများ၊ တရားရုံးများနှင့် နီးကပ်စွာရှိခြင်း၊ ကျင်းပမည့် အချိန်သည် ရုံးသွား၊ ရုံးလာများ၊ အများပြည်သူများ သွားလာမှုများသည့် အချိန် နံနက်(၉)နာရီမှ (၁၂)နာရီအတွင်း ဖြစ်ခြင်းတို့ကြောင့် ယာဉ် မတော်တဆမှုများ ဖြစ်ပွားလာနိုင်ခြင်း၊ လုံခြုံရေး တာဝန် ထမ်းဆောင်ရမည့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း အခက်အခဲရှိခြင်း စသည့်ဖြင့် အကြောင်းပြငြင်း ဆိုထားသည်။ သို့သော် ထို အကြောင်းကြားစာတွင်ပင် ငြိမ်းချမ်းစွာ စုဝေးခွင့်ပြုရန် ပုံစံ(၁)ပါ အတိုင်း အချက် အလက်များ ပြည့်စုံစွာဖြင့် ပြန်လည်တင်ပြ လျှောက်ထားရန်နှင့် အခြား သင့်တော်သည့် နေရာအား ပြောင်းရွှေ့ ၍ ဥပဒေနှင့်အညီ …တင်ပြ လျှောက်ထား လာပါက ခွင့်ပြုပေးသွားမည်ဟု ပါရှိသည်။

ယင်းကိစ္စအပေါ် ဇဗ္ဗူသီရိ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းထံ နိုဝင်ဘာလ ၁၅ ရက် နေ့လယ် (၁) နာရီကျော်က ဆက်သွယ် မေးမြန်းရာ ““ဒီကိစ္စနဲ့ ပတ်သက်ပြီး အစ်မတို့ အင်တာဗျူး မလုပ်သေး ပါဘူး။ ပြီးတော့မှ၊ အခု အာဏာပိုင်နဲ့ စကားပြောနေ တယ်””ဟု ပြန်လည် ဖြေကြား ခဲ့သည်။

ပြည်ထဲရေး ၀န်ကြီးဌာနမှ ရေးဆွဲ၍ ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့သော ငြိမ်းချမ်းစွာ စုဝေးလှည့်လည်ခွင့် နည်းဥပဒေများသည် ဒီမိုကရေစီနှင့် ကိုက်ညီမှု မရှိကြောင်း ဝေဖန် ပြောကြားမှုများ ရှိနေပြီး အဆိုပါ ဥပဒေပါ ပုဒ်မ ၁၈ အရလည်း ဆန္ဒပြသူ အများအပြား တရားစွဲဆို ခံနေရခြင်း၊ လွတ်လပ်စွာ စုဝေးခွင့်၊ ဟောပြောခွင့်တို့ မရှိဘဲ ပြည်သူလူထု၏ ဆန္ဒ ထုတ်ဖော်မှုများကို မြို့နယ် ရဲတပ်ဖွဲ့မှူးက အဆုံးအဖြတ် ပြုသည်မှာ မသင့်တော်ခြင်း တို့ကို တစ်ညီတစ်ညွတ်တည်း ဝေဖန်လျက် ရှိကြရာ ယင်း ဥပဒေများသည် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးတွင် အမည်း စက် ဖြစ်ေ နကြောင်း နိုင်ငံရေး လေ့လာ စောင့်ကြည့်သူများက သုံးသပ် ကြသည်။

မကြာမီကပင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်သက်တမ်း (၃)နှစ် နီးပါးအတွင်း ပြဌာန်း အတည်ပြုခဲ့သော ဥပဒေများတွင် ချို့ယွင်းမှုများ၊ လိုအပ်ချက်များနှင့် ပြည်သူ့ဆန္ဒနှင့် မကိုက်ညီမှုများ ရှိနေကြောင်း ၀န်ခံ ပြောကြားခဲ့ပြီး ထိုဥပဒေများကို ပြန်လည် ပြင်ဆင်မည်နှင့် အသစ်ထပ်မံ ဆောင်ရွက်မည့် ဥပဒေများကို ကောင်းမွန်အောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားမှု ရှိခဲ့သည်။

ပြည်ထောင်စု လွှတ်တော် နာယကနှင့် ဥပဒေ ပညာရှင်များ တွေ့ဆုံမှု ပြုလုပ်ချိန်တွင် ထိုသို့ ပြောကြားခြင်း ဖြစ်ပြီး ဥပဒေ ပညာရှင်များကလည်း အထက်ပါ ငြိမ်းချမ်းစွာ စုဝေး စီတန်းလှည့်လည်ခွင့် ဥပဒေ အပါအ၀င် ဥပဒေအချို့ကို ပြင်ဆင်ရန် လိုအပ်ကြောင်း တင်ပြခဲ့သည်။

နိုဝင်ဘာလ (၁၈)ရက် နေ့တွင် နေပြည်တော်၌ ပြုလုပ်မည့် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့သဘောထား ခံယူပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဟောပြောမည် ဖြစ်၍ အစိုးရ၊ လွှတ်တော်နှင့် နိုင်ငံရေး အသိုင်းအ၀ိုင်းမှ စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ (၁၀) ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး တိုင်းလုံး ကျွတ် ပြည်သူ့ဆန္ဒ ခံယူပွဲသို့ တက်ရောက်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး အမှန်တကယ် တက်ရောက်ခဲ့ခြင်း မရှိသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကျန်းမာရေးအရ သာမန် ခွဲစိတ်မှု (မိုင်နာ အော်ပရေးရှင်း) ပြုလုပ်ရန် ရှိနေ၍ ဖြစ်ကြောင်း နိုင်ငံရေး အသိုင်းအ၀ိုင်း၌ ပြောကြားမှုများ ရှိခဲ့သည်။

NLD ပါတီ၏ ဗဟို အလုပ်အမှုဆောင် ဦးဉာဏ်ဝင်းကမူ ““အရင်ကတည်းက အဲဒီ့ပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖို့ အစီအစဉ် မရှိပါဘူး။ ခွဲတာစိတ်တာ လုပ်ရဖို့ရှိ မရှိတော့ မသိဘူး””ဟု ပြောကြားသည်။

ရန်ကုန် တိုင်းလုံးကျွတ် ဆန္ဒ ခံယူပွဲသည်လည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဆိုသော သတင်းကြောင့် စိတ်ဝင်တစား စောင့်ကြည့်ခြင်း ခံခဲ့ရပြီး ယခု နေပြည်တော် ဆန္ဒခံယူပွဲမှသာ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်၊ ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွန့်တို့ ဟောပြော ဆွေးနွေးမည် ဖြစ်ကြောင်း ခွင့်ပြုချက် တင်ရာတွင် တရားဝင် ပါရှိလာခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် နေပြည်တော်သည် နိုင်ငံရေးနယ်ပယ်၌ အရေးကြီး နေရာတစ်ခု ဖြစ်သောကြောင့် ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် ယခုကဲ့သို့ တက်ရောက်ခြင်း ဖြစ်ကြောင်း အစိုးရ အသိုင်းအ၀ိုင်း၌ပင် သုံးသပ်မှုများရှိနေစဉ် မြို့နယ် ရဲတပ်ဖွဲ့မှ ခွင့်မပြုကြောင်း အကြောင်းပြန်ကြား ခံခဲ့ရခြင်းဖြစ်သည်။

လင်းယုန်
မြန်မာသံတော်ဆင့်

““ပြောပြန်ရင်လည်းအောင်မင်းပဲ လွန်ရာကျဦးမယ်””ဆိုတဲ့အရပ်ထဲသုံး စကားလိုပဲမြင်သမျှကိုပြောမိပြန်ရင်လည်း ““ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရာ””ကျဦး မယ်။ မပြောပြန်တော့လည်းရင်ထဲက ယားကျိယားကျိနဲ့။ ““တို့မြန်မာတွေတယ်ဖျင်း၊ တယ်ညံ့လှချည်ရဲ့””လို့ဆိုပြန်ရင်လည်း ကိုယ့်ဟာကိုယ်တွေးမိတာတောင် ကိုယ့် ဟာကို မခံစားနိုင်ဘူး။ အဲဒီလောက်ကြီး တော့ မဟုတ်နိုင်ပါဘူးလေလို့ဖြေတွေး တွေးမိနေကြတာကြောင့်နဲ့ပဲရှေ့ဆက်မတိုး တက်နိုင်တော့တာထင်ပါတယ်။

ကျွန်မအဖေကတော့ပြောပါတယ်။““တို့မြန်မာတွေသူများနိုင်ငံတွေလိုလျှပ်စစ် ပစ္စည်းတွေတီထွင်၊ နည်းပညာတွေအဆင့် မြင့်အောင်လုပ်၊ ငွေကြေးစီးပွားရေးတွေ တောင့်တင်းခိုင်မာအောင်လုပ်ဖို့မပြောနဲ့။ လောက်စာလုံးတောင်ဝိုင်းအောင်မလုပ် တတ်ဘူး””တဲ့။ အဲဒီတော့မခံချင်တဲ့ ကျွန်မ ကပြန်ချေပမိတယ်။ ““လောက်စာလုံးမ ၀ိုင်းပေမယ့် လက်တည့်အောင်ပစ်တတ်တဲ့ သူတွေရှိပါသေးတယ်လို့””ပေါ့။ ကျွန်မ ပြောတာ မှန်ပါတယ်နော်။
အဓိကပြောချင်တာကတော့ ““ပိုက်ဆံ””ပါပဲ။ ““ပိုက်ဆံ””ဆိုတဲ့ငွေစက္ကူ အကြောင်းပါ။ ကျွန်မအထင်မသေးချင်တဲ့ ကျွန်မတို့မြန်မာတွေရဲ့အရည်အချင်းလေး အချို့ကိုဆက်လက်ဆန်းစစ်ကြည့်လိုက် ကြရအောင်။ ကျွန်မစာတွေထဲဖတ်ဖူးခဲ့ တာကတော့ ၁၉၆၂ မဆလအစိုးရ လက်ချက်နဲ့မြန်မာ့ငွေကြေးတွေဖောင်းပွ မှုနှုန်းမြင့်တက်လာခဲ့တယ်လို့သိရပါတယ်။ ၈၈ ခုနှစ်နောက်ပိုင်းကစစ်အစိုးရတွေ လက်ထက်ရောက်ပြန်တော့လည်း ငွေ ဖောင်းပွနှုန်းတွေလျော့မသွားခဲ့တာ အားလုံးအသိပါပဲ။ ပိုတောင်ဆိုးဝါးလာ ပါသေးတယ်။ ငွေဖောင်းပွလို့ငွေကြေး တန်ဖိုးကျဆင်းတယ်ဆိုရင် ဒီလိုတွေဖြစ် အောင် ဘာကြောင့်လုပ်ခဲ့ကြပါသလဲ။ ဘယ်သူတွေအဓိကလုပ်ခဲ့ကြပါသလဲ။ ဘယ်လိုဖြေရှင်းပေးကြမှာလဲ။ မျက်မှောင် လေးကြုံ့ပြီးစဉ်းစားပေးကြပါဦး။ ဒီကိစ်္စကို ဘယ်သူတွေဖြေရှင်းပေးခဲ့သလဲ။ ပေးချင် ခဲ့ကြပါရဲ့လား။ အများသိကြမှာပါ။ ဒီငွေ ဖောင်းပွမှုကမောက်ကမနဲ့ပဲ မဆလ အစိုးရလည်းပြုတ်ကျခဲ့ရတယ်။

စစ်အစိုးရ လက်ထက်မှာလည်း အများမကြည်ဖြူကြပါဘူး။ ဘယ်မင်း တက်တက်ပြည်သူမှာတော့ ဖွတ်သာသာ လို့ပြောရတော့မှာပါ။ လူချမ်းသာ လက်တစ်ဆုပ်ကပိုချမ်းသာလို့၊ ပြည်သူ အများကတော့ကြာလေလေ လူမွေး လူတောင်မပြောင်ဖြစ်ကြရလေလေပါပဲ။ ငွေကိုဝေခြမ်းပေးဖို့ မဆိုလိုပေမယ့် အလုပ်ကိုတောင် ဝေခြမ်းမပေးကြဘဲ လက်ဝါးကြီးအုပ်အနိုင်ကျင့်မှုတွေလည်း ပါပါရဲ့။ အခုလည်းငွေဖောင်းပွမှု ပြဿနာရဲ့ရှေ့မှာရှိနေတာက ငွေစက္ကူ တွေမတူညီကြတဲ့ပြဿနာပါ။ ဒါကိုအရင် ဖြေရှင်းပေးစေချင်တာပါပဲ။ အားလုံးကို မဆိုလိုပါဘူး။ (၅၀၀၀)ကျပ်တန်အချို့ကို ပြောချင်ပါတယ်။ ပုံမှာမြင်ရတဲ့အတိုင်း (၅၀၀၀)ကျပ်တန်တွေဘာကြောင့်မတူညီ ရပါသလဲ။ အတုတွေကြီးပါလို့ပြောရ အောင်ကလည်း အားလုံးမှာရေစာတွေ၊ ငွေမင်ကြိုးတွေပါ ပါတယ်။ အပေါ်ယံ ကြည်ရင်တော့ အရွယ်အစားကလည်း တစ်ပုံစံတည်းပါ။ နံပါတ်တွေလည်းမတူ ပါဘူး။ လူတိုင်းသုံးနေတဲ့ပိုက်ဆံပါပဲ။
ကျွန်မတို့လည်းအလုပ်လုပ်ရင်းနဲ့ လှည့်ပတ်ပြီး လက်ထဲရောက်လာခဲ့တဲ့ ပိုက်ဆံတွေပါ။ အပေါ်ယံတူပေမယ့် အသေအချာကြည့်လိုက်ရင်ပိုက်ဆံတွေရဲ့ အရောင်တွေဟာ ဆင်တင်တင်လေးနဲ့ အနည်းငယ်စီမသိမသာလေး ကွဲပြား နေပါတယ်။ အချို့အရွက်တွေက အရောင်ထင်းပြီး၊ အချို့အရွက်တွေက အရောင်ဖျော့နေပါတယ်။ CENTRAL BANK OF MYANMAR စာတမ်းရဲ့ အထက်မှာအတွန့်ကလေးသုံးခုရှိပါ တယ်။ အဲဒီအတွန့်တွေကပဲ အဓိကမတူ ကြတာပါ။ အတွန့်တွေထဲမှာထပ်ပြီးပါတဲ့ အတွန့်လေးသုံးခုမှာ တချို့ကထင်ရှားပြီး တချို့ကအားလုံးမပေါ်ပါဘူး။ နိုင်ငံတော် အစိုးရကထုတ်လုပ်တဲ့ ငွေစက္ကူတွေဟာ ဘာကြောင့်မတူရပါသလဲ။ အစစ်မဟုတ် လို့ဖြစ်မှာပေါ့လို့ပြောကြမယ်ဆိုရင်လည်း အတုတွေရှိနေတာကို ဘာကြောင့် စစ်ဆေးပြီးမဖော်ထုတ်ပါသလဲ။ လုံလောက် အောင်အရေးမယူကြရတာပါလဲ။

ကျွန်မတို့သုံးနေရတဲ့ မြန်မာ့ငွေစက္ကူ တွေဟာ အတုတွေရောနေသလား။ အစစ်တွေပဲလားဆိုတာသိချင်ပါတယ်။ ပြည်သူတွေသုံးနေရတာ ငွေစက္ကူလား၊ ဆေးဆိုးပန်းရိုက်စက္ကူတွေလား။ ၀ါဇီ စက်ရုံကထုတ်လုပ်တဲ့ ငွေစက္ကူတွေ ချည်းပဲဆိုရင် ဘာကြောင့်တစ်ပုံစံထဲ မထုတ်လုပ်နိုင်ပါသလဲ။ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ငွေစက္ကူထုတ်စက်တွေကပဲ တကယ်ကိုစံချိန်မမှီတာလား။ ဒီလိုသာ ပုံစံမတူတဲ့ ငွေစက္ကူတွေထုတ်လုပ်နေတာ ဆိုရင်တော့ ငွေတုတွေကိုတကယ်ပြုလုပ်၊ သုံးစွဲ၊ ဖြန့်ဖြူးနေကြတဲ့ သူတွေအတွက်တော့ရွှေအိုးကြီးကောက် ရသလို ဖြစ်နေကြမှာပါပဲ။ ပုံစံမတူ၊ တစ်သမတ်တည်းမရှိ၊ အရည်အသွေး မရှိတဲ့ ငွေစက္ကူတွေကိုထုတ်လုပ်နေကြ မှတော့ အတုလုပ်ဖို့ကတော့လွယ်လိုက် တာမှ၊ ငွေထုတ်စက်ရုံတွေတောင် တည်ထောင်ကုန်ကြပါလိမ့်ဦးမယ်။
ငွေကြေးဖောင်းပွမှုဒဏ်မြင့်မားလာရင် ကုန်ဈေးနှုန်းတွေတက်၊ ၀န်ထမ်းတွေက လာဘ်အစားလွန်၊ ဆင်းရဲသားတွေဒုက္ခ ပိုရောက်၊ စာရိတ္တတွေပျက်ပြား၊ အမှု အခင်းတွေဖြစ်လာနဲ့ ဆင်းရဲချမ်းသာ ကွာဟမှုတွေတစ်နေ့တစ်ခြားပိုများလာတဲ့ အခြေအနေမှာမတူညီတဲ့ ငွေစက္ကူပုံစံ တွေကပါ မီးလောင်ရာ လောင်စာထည့် နေတော့ ဘာမှမလုပ်ပေးပဲ ပြည်သူကို ချစ်ပါတယ်လို့ပြောနေကြတဲ့ ပုဂိ္ဂုလ်ကြီး တွေရဲ့ ချစ်ခြင်းကသင်္ဘောခြစ်ကြီးနဲ့ ပါလား လို့တောင်ဆိုရတော့မှာပါလား။

လက်ရှိသမ္မတကြီး ဦးသိန်းစိန်ရဲ့ လက်ထက်မှာလုပ်ပေးနိုင်ပါသလား။ လုပ်ပေးဖို့အစီအစဉ်မရှိဘူးဆိုရင်တော့ ၂၀၁၅ မှာဖြစ်လာမယ့်သမ္မတကိုစဉ်းစား ထားဖို့ကြိုတင်ပြီး တင်ပြပါရစေ။ သမ္မတ ဖြစ်ဖြစ်ချင်းပဲ ငွေကြေးဖောင်းပွမှုကို လျှော့ချ၊ ကုန်ဈေးနှုန်းတွေကျအောင် လုပ်ပြီး မြန်မာ့ငွေကိုတန်ဖိုးရှိအောင် ဦးစွာလုပ်ပေးမယ်ဆိုရင်တော့ ၂၀၁၉ အတွက်ပါ ကြိုတင်ပြီး Welcome လျက် ပါပဲလို့ ပြည်သူတွေကိုယ်စားပြောလိုက် ပါရစေရှင်။



ထိန်ထိန်လင်း (တကောင်း)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.