12/21/13

ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင်  ““အဓိကကတော့ အခြေခံဥပဒေ ကိစ္စပဲထင်တယ် ကျန်တာကတော့ ရှိမှာမဟုတ်ပါဘူး အဲဒါနဲ့ပဲ အချိန်ကုန်လိမ့်မယ်”” . . .
ရန်ကုန်၊ ဒီဇင်ဘာ ၁၉
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို ဒီဇင်ဘာ ၂၄ ရက်တွင် ကျင်းပရန် စီစဉ်ထားပြီး ဒီဇင်ဘာ ၂၈ ရက်တွင် ဗဟိုကော်မတီ အစည်းအဝေးကို တက်ရောက်ရန် အတွက် တစ်ပြည်လုံးရှိ ဗဟိုကော်မတီဝင် ၃၀၀ ကျော်အား ဖိတ်ကြားထားကြောင်း ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးစောထား လုံက မြန်မာသံတော် ဆင့်သို့ ပြောသည်။

ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့တွင် ယခင်က ပါတီဥက္ကဋ္ဌဦးသိန်းစိန် (နိုင်ငံတော်သမ္မတ) ဦးဆောင်၍ ဗဟိုအတိုင်ပင်ခံ ၃ ဦးဖြစ်သော ဦးအောင်သောင်း (ယခင် စက်မှု ၁ ၀န်ကြီး)၊ ဦးတင်ထွတ် (ယခင်တိုင်းမှူးဗိုလ်ချုပ်)၊ ဦးစိုးသာ (ယခင် အမျိုးသားစီမံကိန်းဝန်ကြီး) တို့က ပါတီ၏ မူဝါဒ ရေးရာများကို အဓိကထား ကိုင်တွယ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များမှာ ယခင် နယက အစိုးရ လက်ထက်က ၀န်ကြီး၊ ဒုဝန်ကြီး အများစုဖြစ်၍ ပါတီဥက္ကဋ္ဌနှင့် စီနီယာဝန်ကြီးများ ဖြစ်ကြသော ဗဟိုအတိုင်ပင်ခံများကို လွန်ဆန်ခြင်း မပြုကြဘဲ ၎င်းတို့၏ ဆွေးနွေး လိုလားချက်များဖြင့်သာ ပါတီ၏ လုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့ကြောင်း ပါတီ၏ ၀ါရင့် ဗဟိုအလုပ်အမှုဆောင် တစ်ဦးက မြန်မာသံတော် ဆင့်သို့ ပြောကြားခဲ့သည်။ …

ဒီဇင်ဘာ ၂၄ ရက် ၀န်းကျင်တွင် ကျင်းပမည့် အာဏာရ ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် အဓိကထား ဆွေးနွေးမည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ပါတီ၏ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းကို ဒီဇင်ဘာ ၁၉ ရက်တွင် မြန်မာသံတော်ဆင့်က ဆက်သွယ် မေးမြန်းခဲ့ရာ ““ အဓိက ကတော့ အခြေခံဥပဒေ ကိစ္စပဲ ထင်တယ်။ ကျန်တာကတော့ ရှိမှာမဟုတ်ပါဘူး။ အဲဒါနဲ့ပဲ အချိန်ကုန် လိမ့်မယ် ””ဟု ပြောသည်။

ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် အခြေခံဥပဒေ၌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးအတွက် ပြင်ဆင်ပေးနိုင်ရန် ရှိမရှိကိုလည်း ““ဒီဟာကတော့ တစ်ဦးချင်း အနေနဲ့တော့ ဘာမှ သိပ်ပြီးတော့ သဘောထား ပေးစရာ မရှိဘူး။ သို့သော် ဗဟို ကော်မတီမှာတော့ ဆွေးနွေးလိမ့်မယ် ထင်တာပဲ။ ပါလိမ့်မယ်ထင်တယ် ဒီကိစ္စ။ အချက်တော်တော်များများ ပါမယ်။ ဘာလို့လဲဆိုတော့ ဒီအချက်အလက်တွေက အရေးကြီး နေတာကိုး။ အဲဒီကိစ္စတို့၊ ၂၃၆ ကိစ္စတို့ တိုင်းရင်းသားတွေကို ပိုပြီးတော့ လုပ်ပိုင်ခွင့်တွေ ပေးရေးကိစ္စ တွေ သေချာပေါက် ပါမှာပါ”” ဟု ဦးအောင်သောင်းက ၎င်း၏ သဘောထားအမြင်ကို ပြောကြားသည်။

ယခင်နယက အစိုးရအဖွဲ့ဝင်များနှင့် အာဏာရကြံ့ခိုင်ရေးပါတီ အကြီးအကဲများ၏ နိုင်ငံရေးဆရာကြီး တစ်ဦးအဖြစ် လေးစားခြင်း ခံနေရသူ ဦးအောင်သောင်း အနေဖြင့် လွန်ခဲ့သော လပိုင်းက စစ်အစိုးရ အကြီးအကဲ ဖြစ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားရောက် ဂါရ၀ပြု တွေ့ဆုံခဲ့ကြောင်း၊ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေက ပါတီနှင့် ၎င်း၏ တပည့်များဖြစ်ကြသည့် အစိုးရ၊ လွှတ်တော်နှင့် ကြံ့ခိုင်ရေးပါတီ အကြီးအကဲ များကို မည်ကဲ့သို့ မှာကြားသည်ကို ဦးအောင်သောင်းအား မေးမြန်းခဲ့ရာ ““ထွေထွေထူးထူး မရှိဘူးဗျ။ ကျွန်တော်တို့မှာ ဧည့်သည်တွေ များနေလို့ ကျွန်တော်တို့က ခဏလေးပဲ။ ကျန်းမာ ချမ်းသာကြောင်းနဲ့ နေကောင်းလား ဒီလောက်လေးပဲ။ ဘာမှ ထွေထွေထူးထူး မရှိပါဘူး။ ကျန်းမာအောင်နေ၊ ညီညီညွတ်ညွတ် လုပ်ကြ၊ အောင်မြင်အောင် လုပ်ကြ။ ဒါပါပဲ””ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မှာကြားချက်ကို ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေဖြင့် ဦးအောင်သောင်းနှင့် ဗဟိုအတိုင်ပင်ခံများ ပါတီကို ပဲ့ကိုင်ထိန်းကြောင်း နေသည့်အပေါ် ကျေနပ်အားရမှု ရှိ မရှိ မည်ကဲ့သို့ သဘောထား ရှိကြောင်း မေးမြန်းခဲ့ရာ ““သြော် နှစ်ခြိုက် ပါတယ်။ ဘာမှပြောတာ မရှိပါဘူး။ ကျွန်တော်တို့က သူ့လက်ထက်တည်းက ပါလာတာဆိုတော့ သဘောကျ ပါတယ်””ဟု ဦးအောင်သောင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ပြည်ထောင်စု လွှတ်တော် နာယက၊ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း လာရောက် ဂါရ၀ပြုစဉ်ကလည်း လက်ရှိနိုင်ငံရေးကို စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်ဟု ဥက္ကဋ္ဌ သူရဦးရွှေမန်းက မီဒီယာများသို့ ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ကြံ့ခိုင်ရေးအသင်း ရှိစဉ်က ဗဟို နာယကကြီးအဖြစ် နှစ်ပေါင်း ၂၀ နီးပါး အကြီးအမှူး ပြုခဲ့ပြီ၊ လက်ရှိအစိုးရနှင့် လွှတ်တော်အကြီးအကဲများမှာ ၎င်း၏ ကြံ့ခိုင်ရေး အသင်းဝင်များဖြစ်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နိုင်ငံရေးသြဇာမှာ ကြီးမားလျက်ရှိကြောင်း နိုင်ငံရေး သုတေသီများက သုံးသပ် ထားကြသည်။

မြန်မာသံတော်ဆင့်

ဒေါ်အောင်ဆန်းစုကြည်က “ကိုယ့်သိက္ခာကိုတန်ဖိုးထားတဲ့ ပုဂ္ဂိုလ်များဟာ ၂၀၁၅ ကျလို့ရှိရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဘဲနဲ့ ရွေးကောက်ပွဲမဝင် သင့်ဘူးလို့ ကျွန်မတို့မြင်တယ်”ဟုပြောပါသည်။

ထို့အပြင် “ဖွဲ့စည်းပုံအခြေခံဥပဒေဘယ်လိုပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ဆန္ဒကိုထောက်ထားပြီး ဝင်မယ်ဆိုရင်ကျွန်မတို့က စွန့်စား ပြီးဝင်ရမှာ၊ မမျှတတဲ့အခြေအနေမှာ စွန့်စားပြီးဝင်ရမှာ၊ ကျွန်မတို့က သိက္ခာကျစရာ ဘာမှမရှိဘူး။ အထက်စီးယူပြီးဝင်တဲ့သူတွေ အတွက် တော့ သိက္ခာမရှိဘူးလို့ ကျွန်မပြောချင်တယ်” ဟု ဆက်၍လည်း ဤသို့ပြောပြန်ပါသေးသည်။


ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နောက်ပြောစကားများကို ဆက်စပ်၍ ကျနော်နားလည်သလိုပြန်ပြောရလျှင် “၂၀၀၈ အခြေခံ ဥပဒေ ကိုပြင်ကြည့်မယ်။ ပြင်မပေးလျှင်လည်း ၂၀၁၅ ရွေးကောက်ပွဲဝင်မည်” ဟူ၍ဖြစ်ပါသည်။ အချို့လူများအဓိပ္ပါယ်ကောက်နေသလို “၂၀၁၅ ရွေးကောက်ပွဲကိုသပိတ်မှောက်မည်” ဆိုသည့်သဘောမတွေ့ရပါ။>
အဖျောက်နှင့်သာယာဝတီ မှ စိန်ခေါ်သံများကို ကြားရသည့်အခါ ကြက်သီးများထမိသည်။ “နှစ်ဟောင်း ၂၀၁၃” ကို စိန်ခေါ်သံ နှင့် နှုတ်ဆက်ပြီး “နှစ်သစ်၂၀၁၄”ကို စိန်ခေါ်သံဖြင့်ဖွင့်လှစ်ပေတော့မည်ဟုလည်း အတွေးပွားမိပြီး၊ လက်သီးများပင် ကျစ်ကျစ်ပါအောင် ဆုပ်မိသွားပါသည်။

သမ္မတ၊လွှတ်တော်၊ တပ်မတော်တို့နှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံကြရေး မေတ္တာရပ်ခံချက်ကို တစ်ဖက်က ငြင်းပယ်လိုက် ပြီးနောက် ယခုကဲ့သို့ စိန်ခေါ်သံများ ပီပီပြင်ပြင်ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။ အဖျောက်နှင့်သာယာဝတီ မှ ရဲရင့်သော စိန်ခေါ်သံ များကို ကြားပြီးနောက် နာကျင်မှု၊ စိုးရိမ်မှုတို့နှင့်ယှဉ်လျက် ကျနော်စိတ်သန္တာန်ဝယ် “၁၉၉၀ ပြည့်ရွေးကောက်ပွဲ၊ ဂန္ဒီခန်းမ၊ စီအာပီပီ၊ ရွှေဂုံတိုင်ကြေညာချက်၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးနောက် ထိန်းသိမ်းကာကွယ်နှင့်လေးစားလိုက်နာ ကျမ်းကျိန်သည့်ကိစ္စများ” အစီအရီပေါ်ထွက်လာပါသည်။

အဖျောက်နှင့်သာယာဝတီမှ ရဲရင့်သောစိန်ခေါ်သံများသည် ထိုကိစ္စများကဲ့သို့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားမည်လား။ မဆို စကောင်း ဆိုစကောင်း အဖျားရှူးသွားလေမလားဆိုသည့် စိုးရိမ်စိတ်ဒီရေသည် တရိပ်ရိပ် မြှင့်တက်လာခဲ့ပါသည်။

လက်ပံတောင်းတွင် “ခေါင်းနှင့်ရင်းခဲ့ရသည်” သည်ဟု ဆရာဝင်းထွဋ်ဇော်က မချိတင်ကဲရေးပါသည်။

ရခိုင်ပြည်နယ်နှင့်ကချင်ပြည်နယ်ကိစ္စများတွင်“ရက်စက်သောတိတ်ဆိတ်မှု”ကိုဆောင်မြဲတိုင်းဆောင်နေခဲ့သဖြင့်“နှလုံးသားကို ပါစတေးခဲ့သည်” ဟု ရေးလျှင် ရမည်ထင်ပါသည်။ သို့ဖြင့် ပြည်ပမီဒီယာများက “သူတော်စင်မဟုတ်” ဟူ၍ ဝေဖန်လာကြပါတော့သည်။

ထို့အပြင်(နအဖ)စစ်အစိုးရ၏အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုဖြစ်သည့်“ဒီပဲယင်းအကြမ်းဖက်မှု”ကိုမုံရွာအောင်ရှင်တစ်ယောက် သာ “ဒီလှိုင်းစာစောင်”တွင်မမေ့ကောင်း၊ မပျောက်ကောင်းရေးသားမှတ်တမ်းတင်နေဆဲဖြစ်သော်ငြားလည်း ဒေါ်အောင်ဆန်းစုကြည်ကမူ အတိတ်ကိုအတိတ်မှာပဲ အမြော်အမြင်ကြီးစွာထားရစ်ခဲ့ပါသည်။

ဤသို့ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ခေါင်းတွေ၊ နှလုံးသားတွေ၊ ရင်းနှီးခဲ့၊ ပေးဆပ်ခဲ့၊ အတိတ်၏ နာကျင်ခါးသည်းမှုတွေကို အတိတ်မှာထားရစ်နိုင်ခဲ့သော်လည်းတစ်ဖက်မှယောက်ျားရင့်မကြီး၊သေနာချုပ်ကြီးများသည် “၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေး” နှင့် စပ် လျဉ်း၍အပြုသဘောဆောင်သည့်အရိပ်အယောင်စကားကို စတိမျှပင် ထုတ်ဖော်မပြောခဲ့ကြပါချေ။ ရက်စက်စိမ်းကားလှပါဘိတော့သည်။

သူရသတ္တိရှင်သေနာချုပ်ကြီးများသည်ယင်းသို့အပြုသဘောဆောင်သည့်စကားကို တစ်ခွန်းတစ်ပါဒမျှ မပြောမဆိုသော်လည်း ယခုကဲ့သို့ ခနိုးခနဲ့အာဘော်ဖန်တီးလျက်ရှိနေပါသည်။

“ကြီးလေးကြီးတွေ့ဆုံဆွေးနွေးရေး အတွက် အလွတ်သဘောညှိနှိုင်းရန် နိုင်ငံတော်သမ္မတရုံး က စီစဉ်လိုသော်လည်း တစ်ဖက် တွင်အကဲဆတ်သည့် ပြောဆိုမှု (Emotional Speech) များ မြင်တွေ့နေရသဖြင့် လုပ်ဆောင်ရန် ခက်ခဲနေကြောင်း အစိုးရအဖွဲ့နှင့် နီးစပ် သူတစ်ဦး က ပြောကြားသည်။”
“၂၀၀၈ အခြေခံဥပဒေ” ကို မည်သည့်အတိုင်းအတာအထိပြင်ဆင်မည်လဲ။ မည်သည့်အတိုင်းအတာ အထိပြင်ဆင်ပေးမှ သာ “ပေမီဒေါက်မီပြင်ဆင်ရေး” ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတ်မှတ်ထားပါသလဲ။ ပြည်သူများ၊ လုပ်ဖော်ကိုင်ဖက်နိုင်ငံရေးပါတီ အဖွဲ့အစည်းများ၊ ဒီချုပ်ပါတီဝင်များအနေဖြင့် ဤအချက်မှာ ယနေ့အချိန်ထိမသိရှိကြရသေးပါ။

ပြည်သူကိုအားကိုးသည်၊ ပြည်သူ့အားဖြင့် “၂၀၀၈အခြေခံဥပဒေ”ကို ပြင်ဆင်မည်ဟုဆိုလျှင် မည်သည်က “အတုအယောင် ပြင်ဆင်ရေး”ဖြစ်ပြီး၊မည်သည်က“ပေမီဒေါက်မီပြင်ဆင်ရေး”ဖြစ်သည်ကို ကွဲကွဲပြားပြားဖြစ်စေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရှင်းရှင်း လင်းလင်း၊ တိတိကျကျထုတ်ပြန်ပေးရန်လို အပ်ပါသည်။

ပြည်သူ့အား၊ ပြည်သူ့စွမ်းအားဆိုသည်မှာ မိမိလိုအပ်လာသည့်အချိန်အခါမှ ခလုတ်ဖွင့်၍ အသုံးပြုရသည့် မိုက္ကရိုဝေ့ဗ်မီးဖိုမျိုး မဟုတ်ပါ။ မည်သည့်အတိုင်းအတာအထိ ပြင်ဆင်မပေးခဲ့လျှင် ပြည်သူများအနေဖြင့်မည်သို့ ဆက်လက်လုပ်ကိုင်သွားကြရမည်ဆိုသည် ကို တိကျသောလုပ်ငန်းစဉ်များ ကြိုတင်ပြင်ဆင်ချမှတ်ပေးထားရမည်ဖြစ်ပါသည်။

သမ္မတနှင့်အဆင်ပြေနေသည့်အခါတစ်မျိုး၊မပြေလည်တော့သည့်အခါတစ်မျိုး၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် လေပေးလေယူဖြောင့် တန်းနေသည့်အခါတစ်မျိုး၊ မဖြောင့်တန်းတော့သည့်အခါတစ်မျိုး စသဖြင့် ပြဒါးကဲ့သို့ ပြောင်းလဲနေသည့်လုပ်ဟန်မျိုးမှာ ပါတီအဖွဲ့အစည်း တစ်ခု၏လုပ်ငန်းစဉ်တစ်ရပ်မဖြစ်နိုင်ပါ။ နိုင်ငံရေးခေါင်းဆောင်၊ နိုင်ငံရေးပါတီ တစ်ရပ်၏ ခေါင်းဆောင်မှု၊ သဘောထား၊ လုပ်ငန်းစဉ်များ သည် တည်ကြည်ပြတ်သားဖို့ အရေးကြီးပါသည်။

ဒေါ်အောင်ဆန်းစုကြည်က “ကိုယ့်သိက္ခာကိုတန်ဖိုးထားတဲ့ ပုဂ္ဂိုလ်များဟာ ၂၀၁၅ ကျလို့ရှိရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဘဲနဲ့ ရွေးကောက်ပွဲမဝင် သင့်ဘူးလို့ ကျွန်မတို့မြင်တယ်”ဟုပြောပါသည်။

ထို့အပြင် “ဖွဲ့စည်းပုံအခြေခံဥပဒေဘယ်လိုပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ဆန္ဒကိုထောက်ထားပြီး ဝင်မယ်ဆိုရင်ကျွန်မတို့က စွန့်စား ပြီးဝင်ရမှာ၊ မမျှတတဲ့အခြေအနေမှာ စွန့်စားပြီးဝင်ရမှာ၊ ကျွန်မတို့က သိက္ခာကျစရာ ဘာမှမရှိဘူး။ အထက်စီးယူပြီးဝင်တဲ့သူတွေ အတွက် တော့ သိက္ခာမရှိဘူးလို့ ကျွန်မပြောချင်တယ်” ဟု ဆက်၍လည်း ဤသို့ပြောပြန်ပါသေးသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နောက်ပြောစကားများကို ဆက်စပ်၍ ကျနော်နားလည်သလိုပြန်ပြောရလျှင် “၂၀၀၈ အခြေခံ ဥပဒေ ကိုပြင်ကြည့်မယ်။ ပြင်မပေးလျှင်လည်း ၂၀၁၅ ရွေးကောက်ပွဲဝင်မည်” ဟူ၍ဖြစ်ပါသည်။ အချို့လူများအဓိပ္ပါယ်ကောက်နေသလို “၂၀၁၅ ရွေးကောက်ပွဲကိုသပိတ်မှောက်မည်” ဆိုသည့်သဘောမတွေ့ရပါ။

မည်သည့်အတိုင်းအတာအထိပြင်ပေးရမည်၊ မပြင်ပေးလျှင်ဘာဆက်လုပ်ကြမည်ဟူသည့်တိကျသောလုပ်ငန်းစဉ်မရှိတာတွေ့ရ သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် “တစ်နှစ်အတွင်းလွတ်လပ်ရေးပေးရမည်” ဟု နယ်ချဲ့ဗြိတိသျှတို့ထံတစ်ဖက်ကအရေးဆိုပြီး၊ “ရလျှင်ရ မရလျှင်ချ” ဖို့လည်း အခြားတစ်ဖက်ကပြင်ဆင်ခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ “ပြည်သူလူထုရဲ့ဆန္ဒကိုထောက်ထားပြီးဝင်မယ်ဆိုရင် ကျွန်မတို့ကစွန့်စားပြီးဝင်ရမှာ“ ဟုဆိုထား ပါသည်။ စစ်မရောက်ခင် မြားက ကုန်နှင့်ပြီဟုဆိုရပေတော့မည်။

သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ကာချုပ် စသော သေနာချုပ်ကြီးများအတွက် သိက္ခာသည် အာဏာလောက်အရေးမကြီး၊ သိက္ခာရှိ ခြင်း/မရှိခြင်း၊ သိက္ခာကျခြင်း/မကျခြင်းသည် အာဏာရှိခြင်း/မရှိခြင်းလောက်မရေးမကြီးချေ။ သူတို့အတွက် အာဏာသည် အဓိက၊ အာဏာသည်သာ အရာရာဖြစ်သည်။ ယနေ့အာဏာသည် “၂၀၀၈အခြေခံဥပဒေ”နှင့် “စစ်တပ်”ပင်ဖြစ်သည်။ ယင်း ၂ ခုကိုထိပါးသော သူ မှန်သမျှသည် ရန်သူပင်ဖြစ်သည်။

“၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်မပေးလျှင်ဘာဆက်လုပ်ကြမည်နည်း။

“၂၀၁၅ ရွေးကောက်ပွဲ”မဝင်လျှင်ဘာဆက်လုပ်ကြမည်နည်း။ အနည်းဆုံးမဲဆန္ဒနယ် ၃ နယ်ဝင်ရောက် ယှဉ်ပြိုင်ခြင်းမပြုလျှင် ပါတီဖျက်သိမ်း ခံရမည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေ၊ ပုဒ်မ ၁၂ (က) ၊ ပုဒ်မခွဲငယ် (၁) အရ ပါတီဖျက်သိမ်းခံရဖွယ်ရှိပါသည်။

အဖျောက်နှင့်သာယာဝတီမှရဲရင့်သောစိန်ခေါ်သံများသည်ပြည်သူ့စွမ်းအားဖော်ထုတ်နိုင်ရေးအတွက်တိကျခိုင်မာသောလုပ်ငန်း စဉ်များဖြစ်လာပါစေဟု ဆုတောင်းပါသည်။ သို့မှသာ ပြည်သူ့အား၊ ပြည်သူ့စွမ်းအားဖြင့် “၂၀၀၈ အခြေခံဥပဒေ”ကို ပြင်ဆင်နိုင်မည် သို့တည်းမဟုတ် အသစ်ရေးဆွဲနိုင်ပါလိမ့်မည်။

ညွန်း

- ဒီဇင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် အဖျောက်ကျေးရွာ နှင့် သာယာဝတီတို့တွင်ပြောကြားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ၏ပြောကြားချက်များ

မိုးမခ

တလောတုန်းကဘဲ ရုပ်ရှင်မင်းသမီးတယောက်ရဲ့ မောင်တစ်ဦး ယာဉ်မတော်တဆ တိုက်မှုနဲ့ ကွယ်လွန်သွားတဲ့သတင်းဖတ်လိုက်ရတယ်။ အများလိုက်နာရမယ့်စည်းကမ်းအတိုင်း လိုက်နာမှုမရှိလို့ ယာဉ်တိုက်မှုတွေနဲ့ သေဆုံးမှုတွေ မကြာခဏသတင်းတွေမှာဖတ်ရတယ်။ မတော်တဆ ယာဉ်တိုက်မှုဆိုတာ သိပ်ဆန်းကျယ်တဲ့ အရာမဟုတ်ပေမဲ့ စည်းကမ်းမဲ့မှုကြောင့် အကျိုးမဲ့ လူ့အသက်တွေဆုံးရှုံးကြတာ၊ ထိခိုက်ဒါဏ်ရာရပြီး ကိုယ်အင်္ဂါချို့ယွင်းသွားကြတာ၊ ဆေးဘိုးဝါးဖိုးနဲ့ ယာဉ်ပျက်ဆီးမှုကြောင့် အကျိုးမဲ့ ကုန်ကျသွားတဲ့ ငွေကြေးဥစ္စာတွေ အဟောတိကံ ဖြစ်ကုန်တာ မိသားစုတွေအတွက်သာမက မိမိတို့လူ့အဖွဲ့အစည်းအတွက်ရော၊ တိုင်းပြည်အတွက်ပါ ၀မ်းနည်းစရာကောင်းပါတယ်။

ဘုရားတပြီး ကားစီးပါ
မြန်မာပြည်ကို ခေတ္တအလည်သွားရောက်ပြီး ပြန်ရောက်လာသူတိုင်းက သူတို့အတွေ့အကြုံထဲက အားမလိုအားမရဖြစ်တာတွေပြန်ပြောတတ်တဲ့အထဲမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာတတ်ကြတဲ့အကြောင်းက ထိတ်ဆုံးကပါတတ်ပါတယ်။ “ ဗမာပြည်ရောက်ရင် ကားမမောင်းရဲဘူး” “ ဟိုမှာ ကားစီးရတာ၊ လမ်းဖြတ်ကူးရတာ ဘုရားတနေရတာပဲ” ဆိုတဲ့ငြီးသံတွေပြန်လာသူတွေဆီက ကြားရတတ်တယ်။ ကျနော်တို့ ငယ်ငယ် လွန်ခဲ့တဲ့ အနှစ် လေးဆယ်ကျော် လောက်က ရေဒီယိုကနေ “ ယာဉ်အန္တရာယ်××စုပေါင်းကာကွယ်ပါမည်××လမ်းစည်းကမ်းကိုလိုက်နာဖို့လိုပါသည်××ယာဉ်စည်းကမ်းကို လိုက်တာဖို့လိုပါသည်×× ဆိုပြီး လမ်းစည်းကမ်း၊ယဉ်စည်းကမ်းလိုက်နာရေး ၀ါဒဖြန့်ချိရေးသီချင်းတွေ နေ့စဉ်လိုလိုကြားခဲ့ရတယ်။ အဆိုပါသီချင်း ဒီကနေ့ထိ ခေတ်စားမစားတော့မသိ၊ ကျနော်တို့ အိမ်နီးချင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံတွေလိုပဲမြန်မာပြည်က နေ့စဉ်ထုတ် သတင်းစာနဲ့ ဂျာနယ်တွေမှာတော့ ယာဉ်တိုက်မှုသတင်းကို မမြင်ချင်လို့မရပါဘူး။


နိုင်ငံတကာရဲ့ မတော်တဆယဉ်တိုက်မှု


WHO( ကုလသမဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း) ရဲ့ ၂၀၁၀ ခု ထုတ်ပြန်တဲ့စာရင်းအရ ကမ္ဘာတ၀ှမ်းမှာ အနည်းဆုံး လူပေါင်း ၁.၂၄ သန်းဟာ မတော်တဆ ယာဉ်တိုက်မှုနဲ့ သေဆုံးခဲ့တယ်။ သေဆုံးမှုရဲ့ တ၀က်လောက်ဟာလမ်းပေါ်သွားလာနေသူတွေ၊ စက်ဘီး ဆိုင်ကယ်နဲ့တိုက်မှုတွေဖြစ်ပြီး သေဆုံးမှုရဲ့ ၅၉ ရာခိုင်နှုံးမှာ အများအားဖြင့် ၁၅နှစ်မှ ၄၄နှစ်ကြားလူငယ်တွေဖြစ်ကြသလို အမျိုးသားတွေများကြပါတယ်။ မတော်တဆဖြစ်မှုတွေရဲ့ ၉၂ ရာခိုင်နှုံးဟာ ၀င်ငွေနည်းပါးတဲ့ အရှေ့တောင်အာရှနဲ့ အာဖရိကနိုင်ငံတွေက အဖြစ်များကြတယ်လို့ WHO ကဆိုပါတယ်။ လူဦးရေထူထပ်တဲ့ ကျနော်တို့ အိမ်နီးချင်း အိန္ဒိယမှာ ယာဉ်မတော်တဆမှုနဲ့ သေဆုံးတာက တနှစ်ကို တသိန်းခွဲနီးပါးရှိပြီး ဂျပန်နိုင်ငံမှာ ၅၀၀၀ နီးပါး၊ အမေရိကားမှာ ၃၄၀၀၀နီးပါး ၊ ယူကေမှာ ၁၇၀၀(၂၀၁၂စာရင်း)အရသိရတယ်။

သေနှုံး ၂ဆတိုး
မြန်မာနိုင်ငံ ယာဉ်ထိမ်းဌာနရဲ့ တရားဝင်သတင်းအချက်အလက်တွေအရကြည့်မယ်ဆို ၂၀၁၀ ခုနှစ်က ယာဉ်တိုက်မှုကြောင့် သေဆုံးမှု ၂၂၆၄ ခုရှိခဲ့ပြီး၊ ၂၀၁၁ခုမှာ ၂၄၉၅သေဆုံးခဲ့တယ်။ မနှစ်က သေဆုံးမှုကတော့ ၂၆၅၃ အထိ တိုးလာပါတယ်။ ယာဉ်တိုက်မှုသတင်းအရှိန်မကျသေးတာကြောင့် ဒီနှစ်၂၀၁၃ ဆိုရင်လည်း လျှော့ကျမယ့်သဘောမမြင်ရပါဘူး။ ယာဉ်ထိမ်းရဲမှတ်တမ်းတွေအရ လွန်ခဲ့တဲ့ ၂၀၀၁ခုကနေ ၂၀၁၂ထိ ၁၁နှစ်အတွင်း ယာဉ်မတော်တဆတိုက်မှုတွေကြောင့်သေဆုံးမှုဟာ ကိန်းဂဏန်းနှစ်ဆကျော်တိုးပွားသွားတာကိုတွေ့ရမှာပါ။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ ဆိုတာကို သက်ဆိုင်တဲ့တာဝန်ရှိသူတွေက မှန်မှန်ကန်ကန် သုံးသပ်ရှုမြင်ကြဖို့လိုအပ်ပါတယ်။


လမ်းနဲ့ယာဉ် လူနဲ့လမ်း


မတော်တဆ ယာဉ်တိုက်မှုတိုင်းဟာ၊ လမ်းချို့ယွင်းမှု၊ မော်တော်ယာဉ်စက်ချို့ယွင်းမှုနဲ့ လူရဲ့စည်းကမ်းမလိုက်နာမှု တွေက အခြေခံတာပဲဖြစ်တယ်။ မှတ်တမ်းတွေအရ မြန်မာနိုင်ငံ တနိုင်ငံလုံး ကားလမ်းအရှည် ကီလိုမီတာတသိန်းခွဲကျော် ရှည်လျှားပါတယ်။ လမ်းရဲ့ ကြံ့ခိုင်ကောင်းမွန်မှုက ကီလိုမီတာ ၃သောင်းကျော်သာရှိပါတယ်။ လမ်းအားလုံးရဲ့ ၂၁. ၆၈ ရာခိုင်နှုံးသာ ကောင်းမွန်တယ်လို့သိရတယ်။ ကျနော်တို့ငယ်ငယ်ကတည်းက အင်္ဂလိပ်ကိုလိုနီဘ၀ကတည်းကဖောက်လုပ်ခဲ့တဲ့ ရန်ကုန်မန္တလေး အဝေးပြေးကားလမ်းကြီးရဲ့ အစိတ်အပိုင်းတွေကို ဖာထေးပြုပြင်နေတာ ဒီကနေ့အထိပါပဲ။ လမ်းနဲ့ပတ်သက်တဲ့ လူရွှင်တော်ပျက်လုံးတွေတောင်ပေါ်ခဲ့ပါတယ်။ “ တခါထဲ မကောင်းစေနဲ့၊ ခဏခဏပြင်မှ ကြာရှည်ဝါးရမယ်” “ ကတ္တရာစေးနဲ့ ဆောက်တဲ့ အရာရှိတိုက်” “ တခြားနိုင်ငံက ငွေနဲ့ လမ်းလုပ်တယ်၊ မြန်မာက လမ်းနဲ့ငွေလုပ်တယ်” ။ စစ်အစိုးရခေတ်က လမ်းတံတားဖောက်လုပ်မှုကို ဂုဏ်ယူပြီးပြောလေ့ရှိပေမဲ့ အဆိုပါလမ်းတံတားတွေရဲ့ ခံနိုင်ရည်နဲ့ ရေရှည်ကြံ့ခိုင်မှုအနေအထားတွေလည်း ပြန်လည်စီစစ်သင့်ပါတယ်။ ရေရှည်နဲ့ အကျိုးဆက်တွေမစဉ်းစားပဲ တကောင်းခေတ် ကံရာဇာငယ် သစ်ခက်နဲ့ယာယီနန်းတည်သလို ဖုတ်ပူမီးတိုက်ဖောက်ခဲ့တဲ့ နေပြည်တော် သေမင်းတမန် အဝေးပြေးကားလမ်းကြီးမှာ ယာဉ်မတော်တဆ တိမ်းမှောက်မှုများစွာနဲ့ ကြုံခဲ့ရ၊ ကြုံနေရဆဲ။ တခါတုန်းက ရခိုင်ပြည်နယ်က လူငယ်တယောက်သူ့အတွေ့အကြုံလေးပြောပြခဲ့တာမှတ်မိနေပါတယ်။ သူတို့မြို့နယ်မှာ လမ်းဖောက်လုပ်ရေးနဲ့ ကိုယ်ထူကိုယ်ထ တံတားဆောက်ဖို့ အိမ်တိုင်းစေ့ သစ်၊၀ါးတွေ ယူဆောင်ပြီး လုပ်အားပေးရပါတယ်။ သစ်ခုတ်ဖို့အချိန်လည်းမပေးနိုင်၊ အမိန့်နဲ့ ခိုင်းတာကိုလည်းမကြေနပ်တော့ အမှန်တကယ် တံတားဆောက်ရာမှာ ရာထားတဲ့သစ် အရေအတွက်မပြည့်တော့ပါဘူး။ ဒါနဲ့ ငှက်ပျောတုံးတွေကြားညှပ်ထည့်ပြီး အချိန်မှီတံတားဆောက်လိုက်ကြတယ်လို့ သိရပါတယ်။ ငှက်ပျောတုံးကြမ်းခင်းတံတား ဘယ်လောက်ကြာကြာခံမလဲ စာဖတ်သူတို့သာ တွေးကြည့်ကြပါတော့။ အုပ်ချုပ်သူတွေနဲ့ ပြည်သူတွေအကြား ယုံကြည်မှုပျက်ပြားတဲ့အခါ မှာလည်း စီမံကိန်းတွေဟာ ချို့ယွင့်ကြန့်ကြာတတ်ပါတယ်။


စည်းမဲ့စိတ်ကို တားဆီး

ယာဉ်စည်းကမ်းနဲ့ လမ်းဥပဒေမလိုက်နာမှုက အခြေခံကျနေပါတယ်။ လူဦးရေထူထပ်မှုနဲ့ ကျင့်ဝတ် စိတ်ဓာတ် မစောင့်ထိမ်းမှုကလည်း မီးလောင်ရာလေပင့်မှုတွေပါ။ အိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာ ယာဉ်အချက်ပြ မီးပွိုင့်ယာယီပျက်သွားတဲ့အခိုက်အတန့်မှာ ယာဉ်မောင်းသူတွေ ဟွန်းတပွမ်ပွမ်နဲ့ သူ့ထက်ကိုယ် ဦးအောင်လမ်းဖြတ်ရင်း နောက်ဆုံး ယာဉ်ကြောပိတ်ဆို့ပြီး အငြင်းပွားမှု၊ ဆူပူအော်ဟစ်ပြီး ယာဉ်ထိမ်းရဲမလာမချင်း ကားဟွန်းသံတညံညံနဲ့ ကမ္ဘာပျက်မတတ်ဖြစ်နေတာကို အကြိမ်ကြိမ် အလီလီမြင်ခဲ့ဖူးပါတယ်။ မီးစိမ်းပြလို့ မျဉ်းကြားက ကူးခွင့်ရတာတောင် စိတ်လုံခြုံမှုမရှိပဲ တောင်ကြည့်မြောက်ကြည့်နဲ လမ်းကူးရပါတယ်။ မီးနီပြတာကို ဂရုမစိုက်ပဲ ဖြတ်မောင်းလို့ လမ်းကူးသူတွေ ယာဉ်တိုက်ခံရတဲ့ ဖြစ်ရပ်တွေလည်းမနည်းတော့ပါ။ စာရေးသူဟာ အိန္ဒိယက ယာဉ်မောင်းသင်တန်းတက်ခဲ့ဖူးပါတယ်။ သင်တန်းဆရာက “ ဘေးကိုလည်း ဂရုမစိုက်နဲ့ နောက်က ကား လာလည်း ဂဂုမစိုက်နဲ့ ကိုယ့်ရှေ့က သွားရမဲ့ လမ်းကြောင်းပဲ ဂရုစိုက်” လို့မှာပါတယ်။ အကျိုးဆက်က မိမိလမ်းကြောင်းအတွက်သာကြည့်ပြီး တခြားယာဉ်ကြောကို ဂရုမစိုက်လို့ ယာဉ်တိုက်မှုမကြာခဏဖြစ်ရတာပါပဲ။ ဒီကနေ့အိန္ဒိယက အကျင့်စရိုက်နဲ့ လုပ်ဆောင်မှုတွေ မြန်မာပြည်မှာလည်းကြုံနေရပါပြီ။ စာရေးသူ နော်ဝေးနိုင်ငံ နိုင်ငံ(အော်စလို) ရောက်တော့ ပထမဆုံးဖြစ်ပေါ်မိတဲ့ စိတ်ခံစားမှုက “ လုံခြုံမှု “ ကိုခံစားရတာပဲဖြစ်တယ်။ ယခင်နေထိုင်ခဲ့ဖူးတဲ့ နိုင်ငံတွေနဲ့ သိသာကွဲပြားတဲ့ စိတ်လုံခြုံမှုကို နယ်ပယ်တိုင်းမှာကြုံတွေ့ရတယ်။ ကားဟွန်းသံဆိုတာ မကြားရသလောက်ပါပဲ။ မီးပွိုင့်မထားတဲ့ မျဉ်းကြားတိုင်းကို ဘယ်လောက်ပဲ ကားထူထပ်နေပါစေ စိတ်ချလက်ချ ရဲရဲတင်းတင်းဖြတ်ကူးနိုင်ပါတယ်။လူတယောက်ဖြတ်ဖို့လာတာနဲ့ ကားတွေက မျဉ်းကြားမရောက်မီ နှစ်မီတာ အလိုမှာ ရပ်တန့်ပေးပါတယ်။ လူသွားမီးပွိုင့်ရှိတဲ့ မျဉ်းကြားတွေမှာတော့ အချက်ပြမီးတိုင်မှာရှိတဲ့ ခလုတ်ကိုနှိပ်လိုက်ရင် (ချက်ချင်းမဟုတ်ပေမဲ့) အချိန်အနည်းငယ်အတွင်း လူသွားဖို့ မီးစိမ်းအချက်ပြတတ်ပါတယ်။ ယာဉ်မောင်းလိုင်စင်ရဖို့ကိုလည်း စာတွေ့နဲ့ လက်တွေ့နှစ်မျိုးလုံးကို သေချာစမ်းသပ်ခံရပြီး အောင်မြင်ဖို့လိုအပ်ပါတယ်။ တကယ်လို့ လူတယောက်ကို ယာဉ်မတော်တဆတိုက်မှုဖြစ်ရင် လိုင်စင်ရုတ်သိမ်းခံရသလို မြောက်မြားတဲ့ ရော်ကြေးငွေတွေပေးရတဲ့အထိ အထိ ပြင်းပြင်းထန်ထန် အရေးယူတတ်လို့ ယာဉ်စည်းကမ်းကိုအထူးသတိထားလိုက်နာကြပါတယ်။


မြန်မာပြည်မှာတော့ ငွေပေးရင်၊ အထက်လူကြီးနဲ့ ပြေလည်ရင်၊ သြဇာအာဏာရှိသူနဲ့ နီးစပ်ရင် အလွယ်တကူ လိုင်စင်ရနေသလို စည်းမဲ့ ကမ်းမဲ့ မော်တော်ယာဉ်မောင်းနှင်မှု၊ ယာဉ်တိုက်မှုတွေကိုလည်း စနစ်တကျအရေးယူတာမျိုးမရှိဘူးလို့ သတင်းတွေထွက်ပေါ်နေတတ်ပါတယ်။ စစ်အာဏာရှင်တွေကြီးစိုးနေတဲ့တချိန်က ကားခေါင်းရှေ့မှာ ဗိုလ်မှုး၊ ဗိုလ်ချုပ်အဆင့်အသုံးပြုတဲ့ ဦးထုပ်လေးမြင်အောင်ပြထားရုံနဲ့ ယာဉ်ထိမ်းရဲ၊ မီးပွိုင့်တွေကို အလေးမမူဖြတ်ကျော်သွားခဲ့ဖူးတဲ့ သာဓကတွေရှိခဲ့ဖူးပါတယ်။ ညလူခြေတိတ်ချိန် ရာထူးကြီး၊ ပိုက်ဆံရှိသူတွေရဲသားသမီးများ ကားပြိုင်ပွဲ သတင်းတွေလည်းကြားဖူးပါတယ်။ ဒီလိုအပြုအမူနဲ့လုပ်ဆောင်ချက်တွေဟာ ဥပဒေမဲ့ စည်းမဲ့ကမ်းမဲ့စိတ်ဓာတ်နဲ့ ကျင့်ဝတ်လျော့ရဲတဲ့သဘောတွေကို ပြသနေတာဖြစ်တယ်။


ဒီမိုကရေစီနိုင်ငံသစ်ကိုတည်ဆောက်ရာမှာ ဥပဒေနဲ့ ကျင့်ဝတ်ဟာ အခရာကျပါတယ်။ သူများတကာစည်းဖောက်လို့ကိုယ်က လိုက်ဖောက်တာမျိုးဆိုရင် ဘယ်လိုနည်းနဲ့မှ တည်ဆောက်လို့ မပြီးမြောက်ပါ။ တိုးတက်ဖွံ့ဖြိုးတဲ့ ဥရောပနဲ့ အနောက်နိုင်ငံတွေမှာကြည့်ရင် ဥပဒေနဲ့စည်းကမ်းကိုလေးစားလိုက်နာပြီး လူ့ဂုဏ်သိက္ခာနဲ့အညီ ကျင့်ဝတ်မပျက်နေထိုင်ကြတာကိုတွေ့ရပါတယ်။ လူတိုင်းလူတိုင်း လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း နဲ့ လူ့စည်းကမ်းတွေကို တလေးတစားကျင့်ကြံအားထုတ်ကြမယ်ဆိုရင်.လမ်းနဲ့လူ၊ လူနဲ့ယာဉ်၊ ယာဉ်နဲ့လမ်း ဟန်ချက်ညီတဲ့ အေးငြိမ်းမှုကိုရကြမှာပါ။

ကိုညို(အော်စလို)

၁၃ ဒီဇင်ဘာ၂၀၁၃

(`ဆု´ ..မေမေ... )
ရေး/ ဆို ... စည်သူမင်း
ရွေရောင် သာသနာ ထွန်းလင်း တောက်ပ ခဲ့တဲ့... မြန်မာပြည် ....
ရာဇ၀င်တင် သူရဲကောင်းတို့ မွေးဖွား ခဲ့တဲ့ ... မြန်မာပြည် .....
ယဉ်ကျေးမှု့ ခေတ် အဆက်ဆက် မှာ ထိန်းသိမ်းခဲ့တဲ့ မြန်မာပြည် .....
တူညီညာ တိုင်းရင်းသား များ ပေါင်းစည်း ခဲ့တဲ့ .....မြန်မာပြည်
ကိုလိုနီ နယ်ချဲ့ကို တော် လှန်ခဲ့တဲ့ ............ မြန်မာပြည် ....
ဒီမို ကရေစီ ခေတ်မှာ စန်းထ ခဲ့တဲ့ ....................... မြန်မာပြည် .....
လွတ်လပ်ရေး ဖခင် .....ဗိုလ် အောင်ဆန်းရဲ့ .... မြန်မာပြည် ...
ဗုဒ္ဒ အဆုံးမများ နဲ့ ကိုင်းရှိုင်း ခဲ့တဲ့ ကျုပ်တို့ ..မြန်မာပြည်....
၂၀၁၅ မှာ ရွေးကောက်ပွဲ ကြီး ကျင်းပတဲ့ အခါ ခေါင်းဆောင်ကောင်း ကို
ရွေးချယ် ပြိးတော့ မဲပေးပါ....
အမိ နိုင်ငံရဲ့ အနာဂတ်သစ် ထွန်းလင်း ဖို့ ရာ နိုင်ငံ တဝှန်းက
ပြည်သူ အားလုံး ရဲ့ တာဝန်ပါ......
ဘယ်သူကို မဲပေးမလဲ စဉ်းစား ဆုံးဖြတကြည့်
ခိုင်မာတဲ့ အကြောင်းတရား များနဲ့ မဲပေးဖို့ သင့်ပြီ .....
နိုင်ငံရဲ့ ခေါင်းဆောင်ကောင်း.... အောင်ဆန်းစုကြည် ........
ပြည်သူတွေ အသည်းစွဲချစ်တဲ့ ...........အမေ အောင်ဆန်းစုကြည်
၂ဝ၁၅ မှာ အမေ သမ္မတ ဖြစ်ရမယ်... ရွေးကောက် ပွဲ မှာအမေစု နိုင်ရမယ်.
ပြည်သူတွေအားလုံး NLD ကို မဲပေးမယ်....
လွတ်လပ်မှုနဲ့ ရှေ့ဆက်ရမဲ့ ဒီမိုကရေစီအတွက်
၂ဝ၁၅ မှာ အမေ သမ္မတ ဖြစ်ရမယ်... ရွေးကောက် ပွဲ ပြည်လုံးကျွတ်နိုင်ရမယ်.
တောင်ပေါ်မြေပြန့်အားလုံး NLD ကို မဲပေးမယ်....
လွတ်လပ်ခြင်းနဲ့ ရှေ့ဆက်ရမဲ့ အမိနိုင်ငံအတွက် မဲပေးမယ်......
ငြိမ်းချမ်းရေး ကို ဦးတည် နိုင်ငံချစ်တဲ့ တို့ ရဲ့ အမေ....
ယုံကြည်ချက် တစ်ခုဆီ အသက် ကိုစွန့်ဖို့ မကြောက်တဲ့ အမေ...
ဂတိ နဲ့ သစ္စာ ၀တ္တရား မပျက်ခဲ့ တို့အမေ .....
မြန်မာကို ကမ္ဘာကသိအောင် ကြိုးစားခဲ့တဲ့ စုမေမေ......
.
လွတ်လပ်ရေး ဗိသုကာ သခင် အောင်ဆန်းရဲ့ သွေး..............
ကိုယ်ကျိုးစွန့်တဲ့ စိတ်နဲ့ ရှေ့ဆောင်လမ်းပြပေး ..............
၈၈ မှ စတည် ထူထောင် ခဲ့ တဲ့ သူရဲ့ ပါတီ........
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD .........
၂ဝ၁၅ မှာ အမေ သမ္မတ ဖြစ်ရမယ်... ရွေးကောက် ပွဲ မှာအမေစု နိုင်ရမယ်.
ပြည်သူတွေအားလုံး NLD ကို မဲပေးမယ်....
လွတ်လပ်မှုနဲ့ ရှေ့ဆက်ရမဲ့ ဒီမိုကရေစီအတွက်
၂ဝ၁၅ မှာ အမေ သမ္မတ ဖြစ်ရမယ်... ရွေးကောက်ပွဲမှာ ပြည်လုံးကျွတ်နိုင်ရမယ်.
တောင်ပေါ်မြေပြန့်အားလုံး NLD ကို မဲပေးမယ်....
လွတ်လပ်ခြင်းနဲ့ ရှေ့ဆက်ရမဲ့ အမိနိုင်ငံအတွက် မဲပေးမယ်......
၂ဝ၁၅ မှာ အမေ သမ္မတ ဖြစ်ရမယ်... ရွေးကောက် ပွဲ မှာအမေစု နိုင်ရမည်.
ပြည်သူတွေအားလုံး NLD ကို မဲပေးမည်....
လွတ်လပ်မှုနဲ့ ရှေ့ဆက်ရမဲ့ အမိနိုင်ငံအတွက်
၂ဝ၁၅ မှာ အမေ သမ္မတဖြစ်ရမည်... ရွေးကောက်ပွဲမှာ အမေစုနိုင်ရမည်
ပြည်သူတွေအားလုံး NLD ကို မဲပေးမယ်....
လွတ်လပ်ခြင်းနဲ့ တရားမျှတတဲ့ ဒီမိုကရေစီခေတ်သစ် မြန်မာပြည်......
၂ဝ၁၅ မှာ အမေ သမ္မတ ဖြစ်ရမယ်... ရွေးကောက် ပွဲ မှာအမေစု နိုင်ရမယ်.
ပြည်သူတွေအားလုံး NLD ကို မဲပေးမယ်....
လွတ်လပ်မှုနဲ့ ရှေ့ဆက်ရမဲ့ ဒီမိုကရေစီအတွက်
၂ဝ၁၅ မှာ အမေ သမ္မတ ဖြစ်ရမယ်... ရွေးကောက်ပွဲမှာ ပြည်လုံးကျွတ်နိုင်ရမယ်.
တောင်ပေါ်မြေပြန့်အားလုံး NLD ကို မဲပေးမယ်....
လွတ်လပ်ခြင်းနဲ့ တရားမျှတတဲ့ ဒီမိုကရေစီအတွက် မဲပေးမယ်

ဒီဇင်ဘာလ ၁ ရက်နေ့က ရခိုင်ပြည်သံတွဲတပ်နယ် ငပလီခန်းမတွင်ပြုလုပ်သည့် ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်ေ တွ့ဆုံပွဲ၌ ကာချုပ်ဟောင်း ၈ဦးအနက် ၄ဦး ၏ ဓာတ်ပုံချိတ်ဆွဲမှုကို ချန်လှပ်၍ ချိတ်ဆွဲ ထားသော်လည်း သမိုင်းကို ဖျက်ဆီး၍မရနိုင်ပါဟု ဒီဇင်ဘာလ ၁၇ ရက်တွင် တော်လှန်ရေးကောင်စီခေတ် ကာချုပ်ဟောင်း သူရ ဦးတင်ဦး က မြန်မာသံတော် ဆင့်သို့ ပြောသည်။

ကာကွယ်ရေး ဦးစီးချုပ်ဖြစ်စဉ်က ဓာတ်ပုံအားလုံးမီးရှို့ ဖျက်ဆီးခံရသဖြင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ် ချုပ်ကြီးပုံနှင့် ပတ်သက်၍ မရှိတော့ပါ။ သမိုင်းဆိုသည်မှာ ဓာတ်ပုံရှိမှ မဟုတ်ဘဲ ထင်ကျန်တတ်သည်။ နောက်ကျန်ရှိခဲ့သည့် တပည့်များက ဆရာသမားအတွက် ဓာတ်ပုံများကို ရှာဖွေပြီးသိမ်းဆည်းထားခဲ့သည်။ သိမ်းဆည်းထားသော ဓာတ်ပုံသည် အရင် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်စတွင် လွှတ်တော်တင်ပြီး အတည်ပြု ချက်ယူစဉ် ကာကွယ်ရေးဦးစီးချုပ် အားလုံးနှင့် ပေါင်း၍ရိုက်ထားသည့် ပုံကိုအကြီးချဲ့၍ ပေးထားသော တစ်ပုံ သာရှိသည်ဟု ၎င်းကထပ်မံ ပြောသည်။

တပ်မတော် မော်ကွန်းတိုက်တွင် ကာချုပ်ဟောင်း ဓာတ်ပုံမချိတ် ဆွဲခြင်းကို ““ဒေါ်အောင်ဆန်းစု ကြည်က အဲဒါနဲ့ပတ်သက်တာကို တပ်မတော်မော်ကွန်းတိုက်မှာ ချိတ်ရမယ်ဆိုပြီးတော့ တောင်းဆိုထားတယ်။ ချိတ် မချိတ်တော့ မသိဘူး။ တပ်မတော်ဗိုလ်ချုပ်တွေ ဗိုလ်ချုပ်ကြီးတွေဖြစ်တော့ ကျွန်မရဲ့ဗိုလ်ချုပ်ကျတော့ ဘာလို့မပြတာလဲမေးတော့ ချိတ်ပါ့မယ်လို့ သူတို့ဘက်က ကတိပေးထားတယ်”” ဟု ၎င်းက ထပ်မံပြောကြားသည်။ …

ကာချုပ်ဟောင်း ဓာတ်ပုံများကို ရွေးချိတ်မှုသည် ကိုယ်ချိတ်ချင်သည့် သူချိတ်မည်ဟု အဓိပ္ပာယ် သက်ရောက်ပုံကို ၈၈ ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ကိုဂျင်မီက““ကာကွယ်ရေးဦးစီးချုပ် ဟောင်းတွေကို ချိတ်မယ်ဆိုရင် တော့ အကုန်လုံးပါဖို့လိုတာပေါ့။ ကာကွယ်ရေး ဦးစီးချုပ်ဟောင်းများ ဆိုပြီး တော့ ကိုယ်ရွေးချင်တဲ့သူ ကိုယ်ချိတ်ချင်တဲ့သူပဲ ချိတ်ရမယ်ဆို ရင်တော့လည်း အဓိပ္ပာယ်ကတစ်မျိုးပေါ့။ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်းတွေ ရဲ့ ဓာတ်ပုံချိတ်မယ်ဆိုရင်တော့ အကုန်လုံး ပါဖို့လိုတယ်။ ဦးတင်ဦးတို့ ဓာတ်ပုံတွေလည်း ပါဖို့လိုတာပေါ့။ ရွေးပြီး တော့မှ ချိတ်ချင်တဲ့ သူချိတ်တယ်ဆိုတဲ့ အဓိပ္ပာယ်လားမှ မသိတာ””ဟု ပြောသည်။

ယင်းကဲ့သို့ ချိတ်ဆွဲထားမှုများ မှာ လက်ရှိကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဒီဇင်ဘာလ ၁ ရက်နေ့ ရခိုင်ပြည်နယ်၊ သံတွဲတပ်နယ် ငပလီခန်းမတွင် ပြုလုပ်သည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံပွဲနှင့် ဒီဇင် ဘာလ ၁၅ ရက်နေ့ထုတ် သတင်းစာ ၌ဖော်ပြထားသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရန်ကုန်တိုင်း ကိုကိုးကျွန်းရှိ ပမ္မ၀တီရေတပ်စခန်း ဌာနချုပ်သို့ သွားရောက်ခဲ့သည့် သတင်းဖော်ပြချက်များ၌ စတိတ် စင်အောက်ခံတွင် ကာကွယ်ရေး ဦးစီးချုပ်ဟောင်းများ ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီး နေ၀င်း၊ ဗိုလ်ချုပ်မှူးကြီးစောမောင် နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေပုံတို့ ကို ချိတ်ဆွဲထားကြောင်း တွေ့ရ သည်။

မြန်မာ့ တပ်မတော်အတွင်း အစဉ်အဆက် တာဝန်ထမ်းဆောင်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ်များမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ် စမစ်ဒွန်း၊ ဗိုလ်ချုပ်နေ၀င်း၊ ဗိုလ်ချုပ် စန်းယု၊ ဗိုလ်ချုပ်ကြီးသူရတင်ဦး၊ ဗိုလ်ချုပ်ကြီးသူရ ကျော်ထင်၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေတို့ဖြစ်ပြီး လက်ရှိ ကာကွယ်ရေးဦးစီးချုပ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်သည်။၊၊

အေးမိုးကိုကို
မြန်မာသံတော်ဆင့်

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.