12/23/13

ပဲခူးတိုင်း ဒေသကြီးရှိ ပေါင်းတည်ထောင် တွင် အစာငတ်ခံဆန္ဒပြနေသူ သုံးဦး၏ကျန်းမာရေးအခြေအ နေမှာ စိုးရိမ်နေရကြောင်းယင်း တို့၏ မိသားစုဝင်များကပြော သည်။

ထောင်တွင်း အစာငတ်ခံ ဆန္ဒပြသူ သုံးဦး မှာ မိတ္ထိလာမြို့ နယ်ပြည်သူ့အကျိုးဆောင်ကွန် ရက်မှ ဒေါ်မြင့်မြင့်အေး၊ ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန် ရက်မှ ဒေါ်ခင်မိမိခိုင်နှင့် နတ္တ လင်းမြို့နယ် ပြည်သူ့အကျိုး ဆောင်ကွန်ရက်မှ ပြည်တက္က သိုလ် အင်္ဂလိပ်စာဒုတိယနှစ် ကျောင်းသား ကိုသန့်ဇင်ထက် တို့ဖြစ်ကြပြီး ယင်းတို့ဖမ်းဆီး ခြင်းခံရသည်မှာ ခြောက်လကျော် လွန်လာပြီဖြစ်သော်လည်း ယင်းတို့အား အမိန့်တစ်စုံတစ်ရာ ချပေးခြင်းမရှိသေးသည့် အတွက် ယခုကဲ့သို့ထောင်တွင်း အစာငတ်ခံ ဆန္ဒပြရ ခြင်းဖြစ် ကြောင်း ယင်းတို့၏ မိသားစုဝင် များ၏ပြောပြချက်အရ သိရ သည်။

''ဒီနေ့အထိ သူတို့တွေနဲ့ ဘာအဆက်အသွယ်မှမရဘူး။ သူတို့တွေရဲ့ ကျန်းမာရေး ကို စိုး ရိမ်တဲ့အတွက် တနင်္လာနေ့က ထောင်ဝင်စာ သွားတွေ့တော့ လဲတွေ့ခွင့်မပေးဘူး။ ဒုထောင် မှူးကြီးကတော့ သူတို့တွေကျန်း မာရေးကောင်းပါတယ်လို့ဖြေ တယ်။ ဒါဆို ဘယ်လောက်အ ထိ ကျွန်မတို့ယုံကြည်ရမှာလဲ လို့မေးတော့ ကျွန်မကို ထောင် ဆရာဝန်ကြီးနဲ့ ပေးတွေ့တယ်။ ထောင်ဆရာဝန်ကြီးကလဲ ဆန္ဒ ပြနေသူတွေရဲ့ ကျန်းမာရေးက အစာအိမ်မကောင်းတာကလွဲ လို့ အားလုံးကောင်းပါ တယ်လို့ ပဲ ဖြေတယ်''ဟု အစာငတ်ခံဆန္ဒ ပြနေ သူ ဒေါ်အေးအေးမြင့်၏ အစ်မဖြစ်သည့် ဒေါ်အေးမှီက ရန်ကုန်တိုင်းမ် သတင်းစာသို့ ဒီဇင်ဘာ ၂၁ရက် နံနက်ပိုင်း ကပြောသည်။

အစာငတ်ခံဆန္ဒပြသူသုံး ဦးအနက် ဒေါ်ခင်မိမိခိုင်တွင် သွေးတိုးနှင့် သွေးပေါင်ကျသည့် ရောဂါနှင့် အမျိုးသမီးရောဂါ တို့ဖြင့် ဆေးကုသမှုနှစ်ကြိမ်ခံ ထားရသူဖြစ်ပြီး ဒေါ်အေးအေး မြင့်မှာ လေဖြတ်ခြင်းနှစ်ကြိမ် ခံထားရကြောင်းနှင့် အလား တူ ကိုသန့်ဇင် ထက်မှာလည်း အသည်းရောင်အသားဝါနှင့် အစာအိမ်ရောဂါတို့ရှိကြသည့် အတွက် ယင်းတို့၏ကျန်းမာ ရေးအခြေအနေမှာ လက်ရှိတွင် အလွန်တရာစိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း မိ သားစုဝင်များ ကပြော သည်။အစာငတ်ခံဆန္ဒပြနေသူ သုံးဦး၏ ကျန်းမာရေးအခြေအ နေနှင့်ပတ်သက်ပြီး ရန်ကုန် တိုင်းမ်သတင်းစာက ပေါင်း တည်အကျဉ်းထောင်နှင့် ထောင် မှူးတို့အားဆက်သွယ်မေးမြန်း ရာ ဆက်သွယ်၍မရခဲ့ပါ။ ''အကျဉ်းသားများလိုက် နာရန်ဆိုတဲ့ စည်းကမ်းထဲမှာ အကျဉ်းသားတွေအနေနဲ့ အစာ စားရန် ငြင်းဆန်မှုကိုသူတို့က ပြစ်မှုတစ်ခုအနေနဲ့ သတ်မှတ် ပါတယ်။ အဲလိုအစာစားရန် ငြင်းဆန်သူတွေကို ပေးတဲ့အ ပြစ်ဒဏ်က မိသားစုနဲ့တွေ့ခွင့် မပေးပါဘူး''ဟု လယ်သမား အ ရေးဆောင်ရွက်၍ဖမ်းဆီးခံခဲ့ ရပြီး မကြာသေးမီက လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်မြောက် လာသူ ဦးဝင်းချိုက အကျဉ်းကျ ခံနေရသူများအား မိသားစုဝင် များနှင့် တွေ့ခွင့်မပေးခြင်းနှင့်စပ် လျဉ်း၍ ပြောပြခြင်းဖြစ်သည်။ထောင်တွင်း အစာငတ်ခံ ဆန္ဒပြ သူသုံးဦးသည် ပဲခူးတိုင်း ဒေသကြီး၊ နတ္တလင်းမြို့နယ်၊ ပဲမခန်းကျေးရွာအတွင်းက သိမ်း ဆည်းခံလယ်ယာမြေများ ပြန် လည်ရရှိရန် လယ်သမားများ ကိုကူညီပေးသည့်အတွက် အ သင်းအဖွဲ့ ဖွဲ့စည်းခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၆ဖြင့် ယခုနှစ်ဇွန် လအတွင်းမှစတင်ကာ သက် ဆိုင်ရာ၏ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ယင်းတို့မိသားစု ဝင်များကပြောသည်။

မာန်ယုကျော် (ရွှေဝမြေ)
Yangon media group

စစ်ထောက်လှမ်းရေးဖမ်းသမျှမှာ ခိုင်လုံတိကျသောအထောက်အထားမရှိဘဲ ဖမ်းသည်ကများ၏ အတော်များ များမှာ ရုံးတင် တရားစွဲနိုင်ခြင်းမရှိဘဲ ပုဒ်မ ၅၊ ပုဒ်မ ၅ (ည)များဖြင့် သာ ထောင်ထဲနှစ်ရှည်လများ ဖမ်းဆီးခဲ့ သည်က များပါသည် . . .
စစ်အစိုးရ၏ ၀န်ကြီးချုပ်လည်းဖြစ်၊ အာဏာသိမ်းစစ်ကောင်စီ၏ အတွင်းရေး မှူးတစ်ဦးလည်းဖြစ်၊ တပ်မတော် ထောက် လှမ်းရေး ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ် သော ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်က သူ့ စာအုပ်မိတ် ဆက်ပွဲတွင် တည်ဆဲဥပဒေကို ချိုးဖောက်သည့်အစိုးရ (စစ်ထောက်လှမ်းရေး)က ယူဆလျှင် အပြစ်ရှိသည့် ရာဇ ၀တ်သားအဖြစ် ဖမ်းဆီးအရေးယူနိုင်သည် ဟု သတင်းထောက်များအား ပြောကြား သွားသည်။ စစ်ထောက် လှမ်းရေး များကို စစ်ကောင်စီက ရှင်းလင်းပွဲပြုလုပ်ရာတွင် စစ်ထောက်လှမ်းရေးတစ်ဖွဲ့လုံး ကျူပင် ခုတ် ကျုငုတ်မကျန် ရှင်းလင်း ခံရလေသည်။ (ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အနားတွင် အမြဲရှိနေသော စစ်ထောက် လှမ်းရေးမှူး ဗိုလ်ချုပ်တစ်ဦးသာလျှင် စီးပွားမပျက် ဣနြေ္ဒမပျက်၊ ပိုနေမြဲ ကျားနေမြဲ ဖမ်းဆီး ထိန်းသိမ်းခြင်း မခံခဲ့ရပေ) ဦးခင်ညွန့်သည် အာဏာသိမ်းစစ်ဗိုလ်ခေါင်ချုပ် ဦးနေ၀င်း လက်ထက်ကတည်းက လက်သပ်မွေးစစ် ထောက်လှမ်းရေးမှူးဖြစ်ခဲ့သည်။ စစ်ထောက်လှမ်းရေးမှူးများမှာ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ အားထား ရသော သူများ ဖြစ်သည်။ စစ်အာဏာရှင်တို့၏ အသက် အိုးအိမ်စည်းစိမ်တို့ကို ထိပါးနှောင့်ယှက် သည်ဟု ယူဆသူများကို လက်မြန်ခြေမြန် နှိပ်စက်ညှဉ်းပန်း ဖမ်းဆီးတတ်သော ပါးကွက် သားများလည်း ဖြစ်လေသည်။ စစ်ထောက် လှမ်းရေးမှူးများတွင် ထင်ရှားသူများ၌ ယခင်က ဦးနေ၀င်း၏ လက်ရုံးနှုတ်ခမ်းမွေး မောင်လွင် ခေါ် ဗိုလ်မှူးကြီး မောင်လွင်မှာ ထင်ရှားခဲ့၏။ ဦးနေ၀င်း ခိုင်းသမျှကိုလုပ်ပြီး တခြား ထောက်လှမ်းရေးအလုပ်များထက် ဦးနေ၀င်း လုံခြုံရေးကို လုပ်ရသည်က ပိုများသည်ဟု သတင်းထွက်သည်။ ဒုတိယ နာမည်ကြီးသော စစ်ထောက် လှမ်းရေးမှူးမှာ လန်ဘားတင်ဦး ခေါ် မျက်မှန်တင်ဦး ဖြစ်သည်။ စစ်ထောက်လှမ်းရေးမှူးများ တွင် သြဇာအာ ဏာ အရှိဆုံးဖြစ်ပုံရသည်။ သူ့ကို တစ်/နှစ်ပိုင်း တစ်ပိုင်းတင်ဦးဟု လည်း ခေါ်လေသည်။ မဆလပါတီတွင် ထိပ် ဆုံး ၁၀ အတွင်း ၁၊ ၂၊ ၃ နံပါတ်များကို လူထုက ပေးတတ်၏။ ဦးနေ၀င်းက တစ် ဖြစ်လျှင် ဦးစန်းယုက နှစ်ဖြစ် ၏။ သို့သော် အဖမ်းအဆီး အပြောင်းအရွှေ့ စသည်များကို အများဆုံးလုပ်ရသော စစ်ထောက်လှမ်း ရေးမှူးမှာ ဦးနေ၀င်းပြီးလျှင် သြဇာအာဏာ အရှိဆုံးဖြစ်ပြီး တစ်လည်းမကျ၊ နှစ်လည်း မကသောကြောင့် သူ့ကို ထိုနာမည် ပေး ခြင်းဖြစ်လေသည်။ …

နောက်ထပ် သြဇာအရှိဆုံးမှာ ဗိုလ်ချုပ်ကြီး ခင်ညွန့်ဖြစ်ပါသည်။ ၁၉၈၈ အာ ဏာသိမ်းစစ်ကောင်စီတွင်လည်း ဗိုလ်ချုပ်မှူးကြီး စောမောင်နှင့် အတူ ပါလာသလို ဗိုလ်ချုပ်မှူးကြီးစောမောင် အနားယူသွား သောအခါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအစိုးရ လက်ထက်တွင် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ယူ လေသည်။ စစ်အစိုးရတွင် ပထမမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဖြစ်ပြီး ဒုတိယမှာ ဗိုလ်ချုပ်ကြီး မောင်အေး ဖြစ်သည်။ တတိယမှာ ဗိုလ်ချုပ် ကြီးခင်ညွန့်ဖြစ်လေသည်။ စစ်ကောင်စီဖွဲ့ သောအခါ အတွင်းရေးမှူးတစ်အဖြစ် တာဝန်ယူပြီး စစ်အစိုးရ၏ ၀န်ကြီးအဖြစ်လည်း တာဝန်ယူခဲ့၏။ အရေးကြီးသော တာဝန် ၃ ခုစလုံးကို တာဝန်ယူ ကိုင်တွယ် နိုင်သူဖြစ်လေသည်။ စစ်အစိုးရ၏ အာဏာတည်မြဲရေးနှင့် စစ်ခေါင်းဆောင်များ၏ လုံခြုံရေးကိုလည်း သတင်းပေးများ မွေးမြူခြင်း၊ ထောက်လှမ်းခြင်း၊ သံသယရှိသူမှန် သမျှကို မိသားစုတစ်ခုလုံးပါမကျန် ဖမ်း ဆီးခြင်း စသည်တို့ဖြင့် တရားဥပဒေဘောင် အပြင်မှနေ တရားမဲ့စွာ ဖမ်းဆီးအရေးယူ ခြင်းနှင့် သူတို့၏ အာဏာ ကို တည်မြဲစေခဲ့ပါသည်။ စစ်ထောက်လှမ်းရေးတို့၏ ဥပဒေမဲ့ လုပ်ရပ်များမှာ ထင်ရှား၏။ ယခု ဦးခင်ညွန့် ၏ပြော ဆိုချက်ကို သတိထားလျှင် သံသယ ရှိသူတိုင်းကို တည်ဆဲဥပဒေအား ချိုးဖောက်သည်ဟု ယူဆ၍ရသည့် သဘော၊ အပြစ်ရှိသည့် ရာဇ၀တ်သားဟု သတ်မှတ် သည့်သဘောများရှိလေသည်။ စင်စစ် အားဖြင့် စစ်ထောက်လှမ်းရေး ဖမ်းသမျှမှာ ခိုင်လုံ တိကျသော အထောက်အထားမရှိဘဲ ဖမ်းသည်ကများ၏။ အတော်များများမှာ ရုံးတင် တရားစွဲနိုင်ခြင်းမရှိဘဲ ပုဒ်မ ၅၊ ပုဒ်မ ၅ (ည)များဖြင့်သာ ထောင်ထဲနှစ်ရှည် လများ ဖမ်းဆီးခဲ့သည်က များပါသည်။ ထောက်လှမ်းရေး ဖမ်းဆီးသည်နှင့် ပတ်သက်ပြီး ဟာသပုံပြင်တစ်ပုဒ်ပင် ရှိခဲ့ဖူး၏။ စစ်ကောင်စီ ထိပ်သီးက တစ်နေ့တွင် သူ့ မျက်မှန် ပျောက်သွားကြောင်း သူ့လက်ရုံး စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးထံ ဖုန်းဖြင့် အကြောင်းကြားသည်။
““ညကပဲ ငါ့မျက်မှန် ရှိသေးတယ်။ မနက်အိပ်ရာထတော့ မတွေ့တော့ဘူး။ ဘယ်ကောင် ၀င်ခိုးသွားလဲမသိဘူး။ အဲဒါ မင်းတို့ စုံစမ်းအရေးယူပေးစမ်း””
ထောက်လှမ်းရေးမှူးက တပည့်များ ကို-
““ငါတို့ဗိုလ်ချုပ် မျက်မှန်ပျောက်သွား လို့တဲ့ကွ။ ဒီတော့ လမ်းဘေးက ကလေကချေ ၁၀ ယောက်လောက်ကို အခုချက်ချင်း ဖမ်းလိုက်စမ်းဟု ပြောဆိုပြီးနောက် နောက် ၁ နာရီခန့်အကြာတွင် သူ့ဆရာ ဗိုလ်ချုပ်ထံ တယ်လီဖုန်းဆက်ပြီး-
““ဗိုလ်ချုပ်ခင်ဗျာ။ မျက်မှန်ပျောက်တဲ့ တရားခံကို ဖမ်းမိပါပြီ။ ကျွန်တော့်လူ တွေက အသေးစိတ်စုံစမ်းပြီး ဖော်ထုတ် နိုင်ခဲ့ပါတယ်။ သူတို့က မျက်မှန်ခိုးတဲ့အဖွဲ့ပါ။ ဂိုဏ်းဖွဲ့ပြီး မျက်မှန်ခိုးတာဖြစ်ပါတယ်။ အခုဆိုရင် ၁၀ ယောက်တောင် ဖမ်းမိပါ ပြီ”” ဟု ပြောလိုက်ရာ တစ်ဖက်မှ-
““အေး အေး ငါလည်း ခုနက ဖုန်း ဆက်မလို့ပဲကွ။ ငါ့မျက်မှန် ပြန်တွေ့ပြီဟေ့ ငါ့မိန်းမခေါင်းအုံးအောက်က တွေ့တာပါ။ မင်းတို့ ရှာမနေကြနဲ့တော့””ဟူ၏။ ထိုပုံပြင်မှာ မဆလခေတ်တစ်လျှောက်လုံး လူထု ကြားထဲ၌ တိုးတိုး ပုံပြင်ဖြစ်ခဲ့သည်။ ကန်တော်ကြီးစောင်းမှ ဗိုလ်ချုပ်ကြေးရုပ် မြင်းစီးချင်သည့် ပုံပြင်ကဲ့သို့ပင် ထင်ရှား ပါသည်။

တည်ဆဲ ဥပဒေများကို ချိုးဖောက်သည် ဆိုသောစကားမှာ အလွန်ပင်စက် ဆုပ်ရွံရှာစရာကောင်းလှ၏။ ထိုအဖြစ်ကို ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရ၍ ထိုဝေါဟာရကို သုံးလိုက်ခြင်းဖြစ်ပါသည်။ ထောက်လှမ်းရေးက ဥပဒေချိုးဖောက် သည်ဟု ဆိုလိုက်လျှင် အပြစ်မရှိသူ ထောင်သောင်းများစွာမှာ အကျဉ်းစခန်း များတွင် ဘ၀ပေါင်း များစွာကို ပေးခဲ့ရလေ သည်။ ၁၉၈၀ ခုနှစ်၌ အထွေထွေလွတ် ငြိမ်းချမ်းသာခွင့်ဖြင့် ကျွန်တော် ထောင်မှ လွတ်ခဲ့ရသည်။ သို့သော် ၁၉၈၂ တွင် ပုဒ်မ ၅ ညဖြင့် ကျွန်တော် ထောင် ၅ နှစ် ကျခဲ့လေသည်။ ထိုအချိန်က ၅ ညဖြင့် ထောင် ၅ နှစ်ချသည်မျာ အမြင့်ဆုံးဖြစ်ပါ သည်။ ထောင်မှလွတ်ပြီး ၄ လအကြာ ၁၉၈၇ ခုနှစ် ဇန်န၀ါရီလတွင် သမီးမင်္ဂလာ ဆောင်အခမ်းအနားတွင် နိုင်ငံရေးအကျဉ်း သားဟောင်းများ စုဝေးသည် ဆိုသော အကြောင်းပြချက်ဖြင့် အဖမ်းခံခဲ့ရလေ သည်။ ၁၉၈၈ ခု၊ ဇူလိုင်လမှ ၈၈ အရေး တော်ပုံကြီး၏ ဆန္ဒပြမှုများ ကြောင့် လွှတ် ပေးခဲ့လေသည်။ ထောင် ၅ နှစ်ကျပြီး လွတ်ခါစတွင် ဘာအလုပ်မှမရှိ။ ဘယ်သူ နှင့်မှလည်း အဆက်အသွယ်မရှိ။ ဘ၀ရပ် တည်ရေးနှင့် မိသားစုစားဝတ်နေရေး အတွက် လုပ်ရမည်ကို စဉ်းစားနေချိန်တွင် ပြန်အဖမ်းခံရခြင်းဖြစ်၏။ ဖမ်းမယ့်သာ ဖမ်းသည်။ ဘာကြောင့်အဖမ်းခံရသလဲကို မသိပေ။ ရေကြည်အိုင်စစ်ကြောရေးစခန်း  ၌ စစ်ထောက်လှမ်းရေးက မေးမြန်းရာတွင် နိုင်ငံရေးလှုပ်ရှားမှုများ ဘာတွေလုပ် သလဲ မေး၏။ ကျောင်းသားများကို စုရုံးသည်ဟု အကြောင်းပြ၏။ ဘယ်သူတွေကို စည်းရုံး သလဲ၊ ဘာတွေပြော သလဲဟု နေ့စဉ်ရက် ဆက်မေးပါတော့သည်။ ကျွန်တော့်မှာ ဖမ်းလာတုန်းကလည်း ဘာမှန်းမသိ။ မေး သည့်မေးခွန်းများကိုလည်း ဘာမှန်းမသိခဲ့ ပေ။ ပြည်ထောင်မှနေ လွတ်လာပြီးသည် မှာ ၄ လသာရှိသေး သောကြောင့် ဘာ အဆက်အသွယ်မှလည်း မရှိခဲ့။ ဘာဥပဒေ မှလည်း ချိုးဖောက်စရာအကြောင်း မရှိခဲ့ ပေ။ ယခင့် ယခင် ထောင်ထဲအတူနေခဲ့ သူများ၏ နာရေး၊ သာရေးများ ရောက် သည်။ သမီး မင်္ဂလာဆောင်အတွက် ပြင် ဆင်ရသည်။ နိုင်ငံရေးအဆက်အသွယ် လည်းမရှိခဲ့ပေ။ တည်ဆဲဥပဒေ ချိုးဖောက် သည်ကိုလည်း ဘာမှမ လုပ်ခဲ့၍ ကျွန်တော် တအံ့တသြဖြစ်နေရပါသည်။

ထိုအချိန်က ထောက်လှမ်းရေးအဖွဲ့ အစည်းများအနေဖြင့် သူတို့ရရှိသော သတင်းများရှိချင်ရှိပါလိမ့်မည်။ ကျောင်းသား ယူဂျီ၊ ဗကပယူဂျီတို့၏ သတင်းများ လည်း ရချင်ရနေနိုင်ပါလိမ့်မည်။ သို့သော် ထိုယူဂျီမှာ ကျွန်တော် တို့လို ထောင်ထွက် ပူပူနွေးနွေးများဆီ ယုံယုံကြည်ကြည်နှင့် ဆက်သွယ်ခြင်းမရှိသလို သူတို့၏ နေထိုင် မှုအရလည်း သူတို့ကို မည်သူမှလည်း တာဝန်ပေးခြင်းမရှိခဲ့ပေ။ ထိုသည်မှာ နိုင်ငံရေးသမားတိုင်း၏ ထိန်းသိမ်းထားသော နားလည်မှုများဖြစ်လေသည်။ သို့ သော် သို့သော် ထိုအချိန်တွင် ရဲဘော်တစ် ယောက်၏ ယောက္ခမဈာပန၌ တွေ့ခဲ့သော ယခင်ဗကပ ဗဟိုကော်မတီဝင်ဟောင်းတစ် ဦး၏ သမီးဖြစ်သူက ကျွန်တော့်ထံ မကြာ ခဏလာလေ့ရှိ၏။ ထိုအမျိုးသမီးတွင်ကား တစ်စီးရှိ၏။ ထိုကားဖြင့်လာခေါ် အသိ အကျွမ်း မိတ်ဆွေများ ထံလိုက်ပို့သာရှိ သည်။ တခြားအဆက်အသွယ် ဘာမှမရှိ ပေ။ နောက်သမီး၏ မင်္ဂလာဧည့်ခံပွဲတွင် ရဲဘော် ဟောင်းများကို ဖိတ်ဖြစ်သည်။ ဆွေ မျိုးဟောင်းများကိုလည်း ဖိတ်ဖြစ်သည်။ ဧည့်ခံပွဲတွင် တွေ့ကြ၊ စကားပြော ကြသည် မှာလည်း အချိန်ပိုင်းသာဖြစ်၏။ မိတ်ဆွေ အပေါင်းအသင်းအစုအဝေးလိုက် လာရောက် သဖြင့် နိုင်ငံရေးအရ တိုင်ပင်စရာအကြောင်း မရှိပေ။ မင်္ဂလာပွဲပြီး နောက်တစ်နေ့မနက် စောစောတွင် လာရောက် ဖမ်းဆီးလေသည်။
ထိုနေ့ မနက် ၂ နာရီလောက်တွင် တံခါးကို တ၀ုန်းဝုန်းထုသံကြား၍ တံခါး ကိုဖွင့်ပေးလိုက်သည့်အခါတွင် ဘောင်းဘီ ရှည်နှင့် လူတစ်ယောက်သည် အိမ်ထဲသို့ ချွန်ဝင်လာကာ သူ့ဘယ်လက်တွင် အသင့် ခတ်ပြီးသား လက်ထိတ်အပြင် လွတ်နေသော ကျန်လက်ထိတ်တစ်ဖက်ဖြင့် ကျွန်တော့်ညာဘက်လက်ကို ခတ်လိုက်ပါသည်။ ကျွန်တော်သည် လက်ထိတ်သာ အခတ်ခံ ရသည်။ ဘာမှန်းမသိပေ။ အိမ်ထဲ လူများပြုံ ၀င်လာ၏။ အိမ်သားများ မှာလည်း ထထိုင် လိုက်ကြ၏။ ၀င်လာသူများမှာ ဘောင်းဘီ များနှင့်ဖြစ်ပြီး တချို့က စစ်ဖိနပ်ဝတ်ထား ကာ တချို့က ရှူးဖိနပ် ၀တ်ထားကြသည်။ သူတို့နှင့်အတူ ကျွန်တော်တို့ ရပ်ကွက် အပိုင် ရပ်ကွက်လူကြီးများလည်း ပါလာ လေသည်။
““ကျွန်တော်တို့က တပ်မတော် ထောက်လှမ်းရေးကပါ။ ခင်ဗျားကို မေးစရာရှိလို့ ခေါ်သွားရလိမ့်မယ်။ အခု လည်း ခင်ဗျားအိမ်မှာ ရှာစရာရှိတာ ရှာရလိမ့် မယ်။ ကဲ ဥက္ကဋ္ဌကြီးလည်း လာပါ””ဟု အရာရှိနှင့်တူသော အသားဖြူဖြူ၊ အရပ် ရှည်ရှည်တစ်ယောက်က ကျွန်တော့်ကို လည်းပြော၊ ရ၀တဥက္ကဋ္ဌကိုလည်း ပြော ကာ ကျွန်တော့် စာအုပ်များကို ရှာဖို့လုပ် ပါသည်။ ကျွန်တော်ကလည်း-
““ခင်ဗျားတို့ မြန်မာတွေ မဟုတ်လား။ ဖိနပ်တွေ အားလုံး ချွတ်ရမှာပေါ့။ ဖိနပ်စီးပြီး အိမ်ပေါ်တက်တာ ရိုင်းတဲ့ အလုပ်ပဲ။ ဖိနပ်ချွတ်ပြီးမှ အိမ်ပေါ်တက်ကြ။ နောက်ပြီး ကျွန်တော့်ကို ဖမ်းမယ်ဆိုရင် ဖမ်းဝရမ်း ရော၊ ရှာဖွေဝရမ်းရော ပါကြရဲ့လား””
““ကျုပ်တို့မှာ ဖမ်းခွင့်၊ ရှာဖွေခွင့်ပြုပြီး သားပဲ။ ဘာဝရမ်းမှမလိုဘူး။ ရှာဖွေခွင့်ရှိ တယ်”” ဟုပြောကာ ဘုရားစင် အပါအ၀င် မီးဖိုချောင်ပါမကျန် အားလုံးကို မွှေနှောက် ရှာဖွေပါတော့သည်။ ကျွန်တော်သည် စဉ်း စားမရအောင် ဖြစ်နေသည်။ တိုင်းပြည်တွင် ဘာတွေဖြစ်နေသလဲ။ အာဏာသိမ်း ပွဲတွေ ပြန်ပေါ်နေသလား။ နိုင်ငံရေးအခြေ အနေမည်သို့ ဖြစ်ပေါ်ပြောင်းလဲနေသလဲ ဆိုသည်ကို တွေးရင်းထိုင်နေရပါသည်။

မြန်မာသံတော်ဆင့်

ဖွင့်ပွဲရော ပိတ်ပွဲရော တီဗီကနေတစ်ဆင့် အိမ်မှာ ထိုင်ကြည့်ပြီး အားပေးတဲ့ သန်း၆၀နီးပါး ပရိသတ်အတွက်တော့မသိဘူး ရန်ကုန်၊ မြေနီကုန်းမှာ အားပေးရတဲ့ ပရိသတ်အတွက်တော့ ည ၁၀နာရီကျော်တာနဲ့ မီးအားတွေ ဆောင့်တက်ပြီး ကြားခံမီးအားထိန်းစက်တွေက ဖြတ်လိုက်တာကြောင့် ပွဲနှစ်ပွဲစလုံးကို ပြီးအောင် အားမပေးလိုက်ကြရဘူး။ ဒါက နေ့တိုင်းဖြစ်နေတာ။ ၁၀နာရီကျော်တာနဲ့ ဘာမှဆက်ကြည့်လို့မရတော့ဘူး။ ဆီးဂိမ်းပြိုင်ပွဲတွေအားလုံးကို တစ်ပြိုင်တည်းမကြည့်နိုင်တော့ ပြန်လွှင့်ကို အားထားပြီး ကြည့်ရတဲ့ပရိသတ်အတွက်တော့

စိတ်အနှောက်အယှက်ဖြစ်စရာပေါ့။ အင်ဗာတာဖွင့်တော့လည်း ခဏပဲ မီးအားမနိုင်လို့ ပြန်ပြုတ်ကျတယ်။ အဲတော့ ဖွင့်ပွဲ ပိတ်ပွဲရဲ့ ရင်သပ်ရှုမော ကြီးကျယ်ခမ်းနားပုံကို အဆုံးအထိ မမြင်လိုက်ရဘူးပေါ့။ လျှပ်စစ်မီးက ဘာကြောင့် အဲလိုဖြစ်နေတယ်ဆိုတာ အဖြေရှာကြဖို့လိုမယ်။ အိမ်တွေမှာရှိတဲ့ လျှပ်စစ်ပစ္စည်းတွေအတော်များများ အဲဒီပုံစံနဲ့ဆို ကြာကြာဘယ်ခံမလဲ။

ဘာပဲပြောပြော ဆီးဂိမ်းပြိုင်ပွဲက ဘယ်လိုမှ ထင်မှတ်မထားတဲ့ အောင်မြင်မှုနဲ့ ပြီးဆုံးသွားပြီ။ ကျနော်အနေနဲ့ပြောရရင် မြန်မာအားကစားသမားတွေကို ဒီလောက်အထိ မျှော်လင့်မထားခဲ့ဘူး။ ဒီလောက်အထိ ဆုတံဆိပ်တွေလည်း ရလိမ့်မယ်လို့ ထင်မထားဘူး။ အမြင့်ဆုံး နံပါတ်လေးနေရာလောက်ကို မလေးရှားနဲ့ လုရလိမ့်မယ်လို့ပဲ ထင်ထားတာ။ မြန်မာအားကစားသမားတွေကို အထင်သေးလို့တော့မဟုတ်ဘူး။ သူတို့တတွေခမျာ ပြိုင်ဖက်နိုင်ငံတွေက အားကစားသမားတွေလောက် ပံ့ပိုးကူညီမှု ရခဲ့ရှာတာမဟုတ်ဘူး။ မြန်မာ ဆိုတဲ့ စိတ်ဓာတ်နဲ့ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ကွင်းမှာ ဂုဏ်သိက္ခာရှိရှိ ပြိုင်ပွဲဝင်ချင်လို့သာ ဇွဲတင်း၊ အားယူပြီး ပြိုင်ခဲ့ကြတာ။ အဲတော့ တကယ် လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုသင့်တာက မြန်မာအားကစားသမားတွေပဲ။ တကယ်ဆို သူတို့ခမျာ ပြင်ဆင်ချိန်၊ လေ့ကျင့်ချိန်တိုတိုလေး၊ ထောက်ပံ့မှု နည်းနည်းလေး၊ အားပေးမှု မဆိုစလောက်လေးနဲ့ ကိုယ်အိမ်က ပိုက်ဆံမှာသုံး၊ ငပိကြော်၊ ငါးခြောက်ကြော်မှာစားပြီး ထန်းလျက်ခဲကိုက်၊ ငပိရည်နဲ့စားပြီး အင်အားစုစည်းခဲ့ကြရရှာတာ။ လေ့ကျင့်တဲ့ပစ္စည်းတွေလည်း သွားကြည့်အုံး။ အိမ်နီးချင်းနိုင်ငံတွေလို တန်းမီ၊ စံမီ ပစ္စည်း ဘယ်နှခုပါသလဲဆိုတာ။

ဖွင့်ပွဲ၊ ပိတ်ပွဲသုံးတဲ့ ပိုက်ဆံရဲ့ ဆယ်ပုံတစ်ပုံလောက် အားကစားသမားတွေကိုသာ ထောက်ပံ့၊ ပြင်ဆင် လေ့ကျင့်ရင် ဆုတံဆိပ် ဒီ့ထက်မကရပြီး အောင်မြင်မှုပိုရမယ်လို့တောင် ထင်တယ်။ ဖွင့်ပွဲ ပိတ်ပွဲကလည်း ဆီးဂိမ်းပြိုင်ပွဲတစ်လျှောက် အခမ်းနားဆုံးလို့ ပြောကြတယ်။ ဟုတ်လည်း ဟုတ်လောက်တယ်။ အင်မတန်ကို အဆင့်အတန်းမြင့်တယ်။ ဘယ်သူက ကူညီကူညီ အဲဒါ ပြဿနာတော့မဟုတ်ဘူး။ မနေ့တနေ့ကမှ စနစ်ပြောင်းဖို့ဟန်ပြင်နေတဲ့နိုင်ငံ၊ ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင် နိုင်ငံတစ်ခုလို့ တစ်ကမ္ဘာလုံးက သိထားတဲ့နိုင်ငံမှာ အကူအညီမပါဘဲ ဘယ်လိုဖြစ်နိုင်မလဲ။ ကိုယ့်ထက် ချမ်းသာတဲ့နိုင်ငံတွေတောင် ဒီလိုပွဲမျိုးဆို ကိုယ့်ထက် တတ်ကျွမ်းနားလည်ပြီး အတွေ့အကြုံရှိတဲ့ မိတ်ဆွေနိုင်ငံတွေကနေ အနည်းနဲ့အများဆိုသလို အကူအညီယူရတာချည်းပဲ။

အရေးကြီးတာက ဒီပြိုင်ပွဲကြီးကို အကြောင်းပြုပြီး ကျနော်တို့နိုင်ငံရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာအဆင့်အတန်း မြှင့်တင်ပေးနိုင်ဖို့ပဲ။ တစ်ခုတော့ရှိတယ်၊ ဖွင့်ပွဲ၊ ပိတ်ပွဲ ခမ်းနားကြီးကျယ်တာကိုပဲကြည့်ပြီး သိပ်အကောင်းမြင်လွန်းတာမျိုး၊ ကူညီသူရဲ့ပုံရိပ်ကိုကြည့်ပြီး သိပ်အဆိုးမြင်လွန်းတာမျိုး စတဲ့ အစွန်းနှစ်ပါးတော့ လွတ်ဖို့လိုမယ်။ မီဒီယာဆိုတာက ကောင်းတာတွေ့ရင် ကောင်းသလို ချီးကျူးပြီး လိုအပ်ချက်၊ အားနည်းချက်တွေ့ရင် ထောက်ပြအကြံပြုဖို့ တာဝန်ရှိတယ်။ တစ်လောကလုံးက ဆီးဂိမ်းကို အကောင်းမြင်နေကြတဲ့အချိန် နည်းနည်း ဝေဖန်ဆန်းစစ်တဲ့အမြင်တဲ့ တင်ပြတဲ့ မီဒီယာတွေကိုလည်း နားလည်ပေးကြဖို့ မေတ္တာရပ်ခံချင်တယ်။

အဲတော့ ရထားတဲ့ ဘတ်ဂျက်ထဲကနေ ဂွင်အမျိုးမျိုးဖန်ပြီး ကိုယ့်သား၊ ကိုယ့်သမီး၊ ကိုယ့်တူ၊ ကိုယ့်သမက်ပိုင်တဲ့ ကုမ္ပဏီတွေကို ကန်ထရိုက်ပေး၊ အသေးအဖွဲ ဆိုင်ခန်းနေရာလေးတွေကိုတောင် ဝန်ကြီးဌာန နာမည်တွေနဲ့ ဦးအောင်ယူထားပြီး လုပ်ငန်းရှင်ငယ်တွေကို အမြတ်တင်ပြန်ငှားစား၊ ဝန်ကြီးဌာန နာမည်တွေနဲ့ ကိုယ်တိုင်မကြည့်ပဲ ထုတ်ရောင်းစားလို့ တကယ်အားပေးမယ့် ပရိသတ်တွေက မှောင်ခိုကနေ ဈေးမတန်တဆပေးဝယ်ကြည့်ရ၊ ဘာမှ ခဲယဉ်းတဲ့ စီမံခန့်ခွဲမှုမဟုတ်တဲ့ တန်းစီအောင် စနစ်တကျ ပြင်ဆင်တာမျိုး မရှိ( ဥပမာ မဖြစ်မနေတန်းစီစေရန် လိုင်းများ၊ ကြိုးများဖြင့် ကန့်ထားခြင်းမျိုး)၊ အားကစားပွဲလာပြိုင်တဲ့ ဒေသတွင်းနိုင်ငံတွေက ကစားသမားတွေ၊ အားပေးတဲ့ ပရိသတ်တွေအဖို့ အစစအရာရာ နိုင်ငံတကာထက် ဈေးကြီးကြီးနဲ့ ဝယ်နေရတာမျိုး၊ ပွဲမတိုင်ခင်က ကြွားလုံးထုတ်ထားပေမယ့် အင်မတန် နှေးကွေးလေးလံတဲ့ အင်တာနက်မြန်နှုန်း ဆိုတာတွေက ရှက်တတ်ရင် ရှက်စရာသိပ်ကောင်းတဲ့ ကိစ္စတွေ။ နိုင်ငံတကာက အကဲဖြတ်ဒိုင်တွေနဲ့ တာဝန်ရှိသူတွေကို အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ စံနှုန်းတွေအတိုင်း လျာထားတဲ့ ဘတ်ဂျက်အတိုင်း အတိအကျ မသုံးပဲ ထုံးစံအတိုင်း ခုတ်၊ ထစ်၊ လှီး၊ ဖြတ်၊ ခွာ၊ ခြစ်၊ ပွတ်ပြီး မြန်မာစတိုင်လ်နဲ့ ဧည့်ခံရင်တော့ ဒိုင်တွေရဲ့ ဂွင်ထဲကနေ အညစ်ခံရမှာပဲ။ အိမ်ရှင်ဆိုတဲ့ အားသာချက်ကိုတောင် အသိအမှတ်မပြုခံရပဲ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွေမှာ ပြိုင်ဘက်အသင်းတွေဖက်ကတောင် ညစ်ပေးတာခံရတာ ဘာကြောင့်လဲဆိုတာ အဲလို ညစ်တဲ့ ဒိုင်တွေကို ဆဲမနေပဲ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ကိုယ့်ဘက်က ဘာများလိုအပ်ချက်ရှိသွားသလဲဆိုတာ အဖြေရှာကြည့်ဖို့လိုမယ်။ ဘောလုံးကသာ ရွှေရလိုက်ရင် မြန်မာတစ်မျိုးသားလုံးရဲ့ စိတ်ဓာတ်တွေ အင်မတန် တက်ကြွပျော်ရွှင်သွားမယ်၊ အရာရာအပေါ် အကောင်းမြင်စိတ်ကဲလာမယ်၊ အချင်းချင်းအကြား ပိုပြီး စည်းလုံးညီညွတ်လာမယ်၊ အသွင်ကူးပြောင်းရေး၊ တန်းတူညီမျှရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတွေမှာ စိတ်ရွှင်ရွင်လန်းလန်းနဲ့ ဝိုင်းဝန်းကူညီလာနိုင်မယ်။

ကျနော်မြင်ချင်တာက လိပ်ခဲတည်းလည်း မြန်မာ့နိုင်ငံရေးကစားပွဲကြီးကို ဆီးဂိမ်းအားပေးကြသလို ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်း သို့မဟုတ် ဒီမိုကရေစီပန်းတိုင်ရောက်ဖို့ တစ်စိတ်တည်း တစ်ဝမ်းတည်း တက်ညီလက်ညီ အားထုတ် ကြိုးစားကြဖို့ပါ။ အသင်းအဖွဲ့အလိုက်ပြိုင်ရတဲ့ လက်ဆင့်ကမ်းပြေးပွဲလို ကိုယ့်ကျရာနေရာကနေ တာဝန်ကျေကျေ၊ စေတနာပါပါ၊ ဇွဲသန်သန် ကိုယ်စီ အားထည့်လိုက်ကြရင် ခရီးတိုတိုနဲ့ ရောက်နိုင်မယ်လို့ ထင်တယ်။

အဲဒီအတွေးတွေနဲ့ ဒီနေ့ထုတ် သတင်းစာအတွက် ခေါင်းကြီး ရေးဖြစ်တယ်။ ဝေဖန်ဖို့၊ လွတ်လပ်စွာ သဘောထားကွဲလွဲဖို့နဲ့ ဆင်ခြင်သတိပြုမိဖို့ မျှဝေပါတယ်။



အားကစားပြိုင်ပွဲများက ပေးသော သင်ခန်းစာ

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပလျက်ရှိသည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်။ မကြာသေးခင် အချိန်က ဝဏ္ဏသိဒ္ဓိ အားကစားပြိုင်ကွင်းအတွင်း ပိတ်ပွဲ အခမ်းအနားကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့သည်။ စုစုပေါင်း အားကစားနည်း ၄၄ မျိုးအတွက် ဆုတံဆိပ် ၅၅၄ ဆု ချီးမြှင့်ပေးခဲ့ရာ ဒီဇင်ဘာလ ၂၂ ရက် ပြိုင်ပွဲအားလုံး ပြီးဆုံးချိန်တွင် မြန်မာ အားကစားအဖွဲ့က ရွှေတံဆိပ် ၈၆ ခု၊ ငွေတံဆိပ် ၆၂ ခု၊ ကြေးတံဆိပ် ၈၅ ခု စုစုပေါင်း ဆုတံဆိပ် ၂၃၃ ဖြင့် နိုင်ငံအလိုက် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က အင်ဒိုနီးရှား နိုင်ငံတွင် ကျင်းပခဲ့သော (၂၆) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၆ ခုဖြင့် အဆင့်ခုနစ် နေရာသာ ရရှိခဲ့ခြင်းနှင့် နှိုင်းယှဉ်လျှင် အဆပေါင်းများစွာ ခုန်ပျံ တိုးတက်လာခြင်းဟု ဆိုနိုင်သည်။ မြန်မာ ပြည်သူလူထု အများစု၊ မီဒီယာများနှင့် လေ့လာသုံးသပ်သူ များကမူ မြန်မာ အားကစားသမားများ ဤမျှလောက်အထိ ဆုတံဆိပ်များ ရယူနိုင်လိမ့်မည်ဟု မျှော်လင့်မထားကြပေ။ အမြင့်ဆုံးအဆင့် စတုတ္ထနေရာလောက်သာ ဝင်နိုင်လိမ့်မည်ဟု ခန့်မှန်းထားကြသည်။ သို့သော် ပြီးခဲ့သည့် စနေနေ့က ထိုခန့်မှန်းချက်များ မှားယွင်းကြောင်း မြန်မာ့ရိုးရာ လှေလှော်နှင့် မွေလက်ရွေးစင် အားကစား သမားများက သက်သေပြသွား ခဲ့ကြသည်။

စင်စစ်အားဖြင့် မြန်မာ့လက်ရွေးစင် အားကစားသမားများ ဤမျှလောက် အောင်ပွဲရခြင်းမှာ ပရိသတ်၏ အားပေးမှု၊ အားကစားသမားများ၏ စိတ်ဓာတ်၊ သက်ဆိုင်ရာ၏ ပံ့ပိုးကူညီမှု တို့ကြောင့်ဟူသော ယေဘုယျဆန်ဆန် အကြောင်းများထက် ပိုသည်ဟု ပြောနိုင်သည်။ ပွင့်လင်းစွာ ပြောရလျှင် မြန်မာအားကစားသမား အများစုမှာ လဲစရာဝတ်စုံ၊ လေ့ကျင့်စရာ နိုင်ငံတကာ အဆင့်မီ ကိရိယာ ပစ္စည်းများ၊ အာဟာရနှင့် ကျန်းမာရေးကို စနစ်တကျ တွက်ချက် ကျွေးမွေးသော အစားအသောက်နှင့် စိတ်ဓာတ် လုံခြုံမှု ရှိစေရန်ပေးသော နေ့တွက်စရိတ် အစရှိသည်တို့ကို ပြိုင်ဘက် နိုင်ငံများကဲ့သို့ လုံလောက်စွာ မရရှိခဲ့ပေ။ ငါးပိရည်၊ တို့စရာနှင့် ထန်းလျက်ခဲစားကာ ဝတ်စုံတစ်စုံကို ဖန်တစ်ရာတေ ဝတ်ဆင်ပြီး စိတ်ဓာတ်သက်သက်ဖြင့် ပြိုင်ပွဲဝင် အနိုင်ရခဲ့သည့် မြန်မာ အားကစားသမားများ၏ စွမ်းဆောင်ရည်မှာ များစွာ ထူးကဲလှသည်ဟု ဆိုနိုင်သည်။

ဤအားကစားပြိုင်ပွဲသည် အနှစ်လေးဆယ်ကျော်ကြာ တိမ်မြုပ်နေခဲ့သော မြန်မာတို့၏ ပင်ကို စွမ်းရည် များကို ဖော်ထုတ် ပြသလိုက်သည့်ပွဲ ဖြစ်သည့်အပြင် နိုင်ငံရေး အယူအဆနှင့် အခြားအခြားသော ကွဲပြားခြားနား အရေးကိစ္စများစွာ ရှိနေသော်လည်း အားကစားပြိုင်ပွဲ ခေါင်းစဉ်အောက်တွင် တစ်မျိုးသားလုံး တစ်စိတ်တည်း တစ်ဝမ်းတည်း အားပေးပံ့ပိုးခဲ့ကြသည့် ပွဲဟုလည်း ဆိုရပေမည်။

အနှစ် ၅၀ ကျော်ခန့် ဗဟိုက တင်းကျပ်စွာ ချုပ်ကိုင်မှုနှင့် စစ်အာဏာရှင် စနစ်အောက်တွင် ရှိနေခဲ့သော နိုင်ငံတစ်နိုင်ငံ အနေနှင့် အနှစ်လေးဆယ်ကျော်ကြာမှသာ အိမ်ရှင်အဖြစ် ပထမဦးဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်း ဖြစ်သောကြောင့် အားနည်းချက်များစွာ ရှိနေသေးသည်။ ထိုအားနည်းချက် များကိုလည်း သင်ခန်းစာအဖြစ် မှတ်ယူပြီး နောင်ပြိုင်ပွဲများတွင် အားသာချက်အဖြစ် ပြောင်းကာ ယခုထက် သာလွန်သော အောင်မြင်မှု ရရှိရန် စွမ်းဆောင် နိုင်လိမ့်မည်ဟု မျှော်လင့်သည်။

ထို့အတူ လက်ရှိ အခြေအနေအရ လိပ်ခဲတည်းလည်း ဖြစ်နေသော မြန်မာ့နိုင်ငံရေး မရေရာ မသေချာမှုများ၊ ပုဂ္ဂိုလ်ရေး အားပြိုင်မှု များကိုလည်း အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရှိခဲ့သော တစ်စိတ်တစ်ဝမ်းတည်း စိတ်မျိုးဖြင့် အမျိုးသား စည်းလုံး ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့ကို သန်းခြောက်ဆယ်သော ပြည်သူလူထုအတွက် ဆောင်ကြဉ်း ပေးကြပါမည့် အကြောင်း အထူးတိုက်တွန်း အပ်ပေသည်။

အယ်ဒီတာ (၂၂-၁၂-၂၀၁၃)
Kyaw Min Swe

၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကာလမှာ ပြည်တွင်းနဲ့ ပြည်ပမီဒီယာတွေ သတင်း ဖြန့်ချိနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနက နိုင်ငံတော်ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၆ သန်းကျော် အကုန်အကျခံ သုံးစွဲခဲ့ပါတယ်။
SeaGamesCloseကျင်းပ ပြီးစီးသွားတဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ နိုင်ငံတကာ ရုပ်သံမီဒီယာတွေကို အားကစားနည်း ၁ မျိုးချင်းအလိုက် ရုပ်သံ စုစည်းပေးပို့ခြင်းနဲ့ နိုင်ငံအလိုက် ရုပ်သံ ပေးပို့ ဆောင်ရွက်ပေးခြင်း တွေကနေ အမေရိကန်ဒေါ်လာ ၁ သန်းခွဲ ရရှိခဲ့ပေမယ့် ကုန်ကျစရိတ်ကတော့ ၆ သန်းကျော်လောက် ရှိခဲ့တယ်လို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာနရဲ့ ညွှန်ကြားရေးမှူး ဦးဝင်းကြည်က ပြောပါတယ်။

“ဖွင့်ပွဲ ပိတ်ပွဲမှာ ကျနော်တို့ ဘာမှ ပူစရာမလိုဘူး။ သူတို့ ပစ္စည်းအကုန် ယူလာတယ်။ ဒီမှာ ရိုက်တယ်၊ ပစ္စည်းတွေ ၀ယ်တဲ့ဟာ အပါအ၀င် ၆ ဒဿမ ၁၇ မီလျံ ရှိတယ်။ MCR နဲ့ CER မှာ ရှိတဲ့ စက်ပစ္စည်းတွေ နောက်တခါ ဖွင့်ပွဲ ပိတ်ပွဲမှာ ရိုက်သွားတဲ့ ကင်မရာတွေ၊ နောက် ကျန်တဲ့ပစ္စည်းတွေက ၃ ဒဿမ ၅ လောက်ရှိတယ်။ အားလုံးပေါင်း သုံးရတာက ၆ ဒဿမ ၁၇ မီလျံ ရှိပေမယ့် ပြန်ပြီးရတဲ့ငွေ ၁ ဒဿမ ၅ အပါအ၀င် လှူသွားတဲ့ ပစ္စည်းတွေက ၅ မီလျံလောက် ပြန်ဝင်တယ်။”

ဆီးဂိမ်း ဖွင့်ပွဲ၊ ပိတ်ပွဲနဲ့ ပြေးခုန်ပစ် ရိုက်ကူးရေးအပါအ၀င် ပြည်တွင်းနဲ့ ပြည်ပသတင်း မီဒီယာတွေ သတင်းအချက်အလက် ရယူနိုင်တဲ့ မဏိရတနာကျောက်စိမ်းခန်းမ ပြင်ဆင်မှု အပိုင်းတွေကို ပြန်ကြားရေးဝန်ကြီးဌာနက ပြည်တွင်းကုမ္ပဏီ တခုဖြစ်တဲ့ မက်ဂါလင့် (Megalink) ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၅ ဒဿမ ၉ သန်းနဲ့ အစိုးရက ကန်ထရိုက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
သတင်းဖြန့်ချိရေးလုပ်ငန်းတခုလုံးကို ကန်ထရိုက်ရခဲ့တဲ့ မက်ဂါလင့်ကုမ္ပဏီက စီမံရေးဒါရိုက်တာ ဦးလင်းအောင်က ငွေကြေး အကျိုးအမြတ်မကြည့်ဘဲ နာမည်ရအောင် လုပ်ပေးခဲ့တာလို့ ပြောပါတယ်။

“အကျိုးအမြတ်တော့ ရှိတာမဟုတ်ဘူး။ အခုမှ ဈေးကွက်ထဲ ၀င်လာတဲ့အတွက် အစ်ကိုတို့ နာမည်ရချင်လို့ ကြိုးစားပြီး လုပ်တာပါ။ ငွေရေးကြေးရေးက အကျိုးအမြတ်က မရှိသလောက်ပါပဲ။ ကျနော်တို့ နိုင်ငံတော်ကို ၃ ဒဿမ ၅ သန်းဖိုး လှူထားတာပါ။ စက်ပစ္စည်းတွေအားလုံးကို မြန်မာ့ အသံကို လှူခဲ့တာပါ။ အရင်းကြေမယ်ဆိုရင်တော့ ကံကောင်းပေါ့ဗျာ။ ကိုယ်တို့ ရိုက်တာက ဖွင့်ပွဲ ပိတ်ပွဲနဲ့ ပြေးခုန်ပစ် ပြိုင်ပွဲတွေပဲ ရိုက်တာပါ။”

ဆီးဂိမ်းပြိုင်ပွဲအပြီးမှာ အမေရိကန်ဒေါ်လာ ၃ သန်းခွဲ တန်ဖိုးရှိတဲ့ ရုပ်သံရိုက်ကူး ထုတ်လွှင့်စက်တွေကို မက်ဂါလင့်က ပြန်ကြားရေးဝန်ကြီးဌာနကို လှူဒါန်းခဲ့ပြီး ဒီ စက်ပစ္စည်းတွေကို နေပြည်တော်တပ်ကုန်းရှိ ပြန်ကြားရေးဌာနမှာ ရုပ်သံထုတ်လွှင့်ခန်း အသစ်တခု တည်ဆောက်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြီးစီးခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ နိုင်ငံတကာက မီဒီယာသမားပေါင်း ၆၀၀ ကျော် သတင်းရယူခဲ့ကြပါတယ်။

ဒီဗီဘီ

သူတို့တွေ ကြိုးစားခဲ့တယ်.. သူတို့တွေ နဖူးက ချွေးမြေကျတဲ့အထိ အားထုတ်ခဲ့ကြတယ်.. သူတို့တွေ သန်းခြောက်ဆယ်သော ပြည်သူတွေရဲ့ ဘောလုံးအပေါ် ရူးသွပ်မှုတွေ မျှော်လင့်ခြင်း အိမ်မက်တွေကို အကောင်အထည် ဖော်ပေးနိုင်အောင် ကြိုးစားခဲ့ကြတယ်.. သူတို့ရဲ့ ကြိုးစားမှု .. သူတို့ရဲ့ ဇွဲသတ္တိရှိမှုတွေက ကျွန်တော်တို့အတွက် စံပြဖြစ်ခဲ့တယ်..

သူတို့တွေရဲ့ စိတ်တွေကို ထိန်းချုပ်လို့ ပြိုင်ဘက်မှန်သမျှကို နောက်ဆုံး မိနစ် နောက်ဆုံး စက္ကန့်အထိ အနိုင်မခံ အရှူံးမပေး ဇွဲရှိရှိနဲ့ လေးစားမှု အပြည့်နဲ့ ရှူံးရှူံး နိုင်နိုင် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ခဲ့ကြတယ်..

သူတို့တွေ ရွှေမရခဲ့ပါဘူး.. ဒါပေမယ့် သန်း ၆၀ က ပေးတဲ့ ချန်ပီယံဆုကို ရရှိသွားပါပြီ..

ကျွန်တော်တို့ရဲ့ ချန်ပီယံအသင်းကို ကျွန်တော်တို့ ကိုယ်တိုင် ဂုဏ်ပြုဆုငွေ ပေးချင်ပါတယ်.. လူတော်တော်များများကလည်း ဒီလိုပေးချင်ကြမယ်လို့ ယုံကြည်ပါတယ်.. လူပေါင်း သန်း ၆၀ ကိုယ်စား လူတစ်သိန်းလောက် စည်းလုံးပြပြီး သူတို့ကို ဂုဏ်ပြုချင်ပါတယ်..

ဒါကြောင့်လည်း ကျွန်တော်တို့ သူငယ်ချင်းတွေ စုပေါင်းပြီး လူပေါင်း တစ်သိန်းထံမှ ဂုဏ်ပြုဆုငွေများ စုပေါင်းပြီး အမျိုးသမီး ဘောလုံးအသင်းကို ဂုဏ်ပြုနိုင်မယ့် အစီအစဉ်လေးကို အကောင်အထည် ဖော်နိုင်အောင် ကြိုးစားခဲ့ပါတယ်ဗျာ.

ဖေ့ဘုတ်မှ သူငယ်ချင်းတွေ အားလုံး ၀ိုင်းဝန်း ကြိုးစားမှုတို့ကြောင့် ယခုအခါ အမျိုးသမီး ဘောလုံးအသင်း အုပ်ချုပ်သူအဖြစ် တာဝန်ယူလျှက်ရှိသော တစ်ချိန်က မြန်မာ ဘောလုံး ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့သော မြန်မာ့ လက်ရွေးစင် ဘောလုံးသမားဟောင်း ဦးသန်းတိုးအောင်၏ ပူးပေါင်းပါဝင်မှုကြောင့် ကျွန်တော်တို့ သူငယ်ချင်း တစ်စုနှင့် စုပေါင်းပြီး ဘဏ်အကောင့်တစ်ခုကို လူအယောက် သုံးဆယ်စာဖြင့် စတင် ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါတယ်..

မြန်မာ အမျိုးသမီး ဘောလုံး အသင်းကို ဂုဏ်ပြုဆုငွေ ချီးမြင့်လိုသူများ အနေဖြင့် လူမျိုးမရွေး၊ ဘာသာမရွေး၊ ဒေသမရွေး၊ အယုတ်အလတ်အမြတ် မရွေး၊ ဆင်းရဲချမ်းသာ မရွေး ချီးမြင့်ခွင့် ရရှိအောင် ယခုလို နှိုးဆော်ရခြင်း ဖြစ်ပါတယ်..

ဂုဏ်ပြုဆုငွေ ချီးမြင့်လိုသူတိုင်း နီးစပ်ရာ သူငယ်ချင်းများ ပေါင်းစု၍ နည်းသည် များသည် မရှိပဲ ဂုဏ်ပြုချင် သလောက်ကို မိမိ အစီအစဉ်ဖြင့် စုပေါင်း၍ ဘဏ်အကောင့်ထဲကို ၀ိုင်းထည့်ပေးကြပါလို့ နှိုးဆော်ပါရစေဗျာ..

ကျွန်တော်တို့ သူငယ်ချင်းတွေ ယာယီ စုပေါင်း၍ လုပ်ဆောင်ကြခြင်း ဖြစ်ပါသဖြင့် မည်သည့် အဖွဲ့အစည်းကိုမှ ကိုယ်စားပြုခြင်း မရှိပဲ ကျွန်တော်တို့လို မြန်မာ အမျိုးသမီး အသင်းကို ကိုယ်တိုင် ဂုဏ်ပြုလိုသော သန်း ၆၀ သော ပြည်သူများကိုယ်စား အဆင်ပြေမှု ရရှိရေးအတွက် ကြိုးစား စီစဉ်ပေးကြခြင်း ဖြစ်ပါတယ် ခင်ဗျာ..

ကျွန်တော်တို့တွေ အများကြီး မမျှော်လင့်ထားပါဘူး.. လူပေါင်း တစ်သိန်းထံမှ ပျှမ်းမျှ လူတစ်ဦးလျှင် တစ်ထောင်ကျပ်စီလောက် ရနိုင်ရင် ကျေနပ်ပါတယ်ဗျာ.. တစ်ထောင်ထက် နည်းလျှင်လည်း လက်ခံနိုင်သလို တစ်ထောင်ထက်များလျှင်လည်း လူအများကို ကိုယ်စားပြုပြီး ထည့်ဝင်ပေးတယ်လို့ ယူဆမှာပါဗျာ... ကျွန်တော်တို့တွေ မြန်မာအမျိုးသမီး ဘောလုံးအသင်းကို ဂုဏ်ပြုလိုခြင်းဟာ ငွေကြေး ပမာဏ များပြားခြင်းထက် လူပေါင်းများစွာက ဂုဏ်ပြုခြင်းကို ပေါ်လွင်စေချင်တာပါဗျာ..

ဂုဏ်ပြုဆုငွေများကို ဇန္န၀ါရီလ ၂ ရက်နေ့အထိ စောင့်ဆိုင်း ကောက်ယူသွားမည် ဖြစ်ပြီး ဇန္န၀ါရီလ ၃ ရက်နေ့တွင် အသင်း အုပ်ချုပ်သူ ဦးသန်းတိုးအောင်မှ တစ်ဆင့် မြန်မာ အမျိုးသမီး ဘောလုံးအသင်းသို့ တိုက်ရိုက် ပေးအပ်သွားမည် ဖြစ်ပါသည်..

နေရာဒေသ အသီးသီးမှ ၀ိုင်းဝန်း စုပေါင်း၍ ပေးပို့သော ဂုဏ်ပြုဆုငွေများအတွက် တစ်ဦးချင်းစီအား သီးခြား ဂုဏ်ပြုလွှာများ အသိအမှတ်ပြု လက်မှတ်များ ငွေလက်ခံ ဖြတ်ပိုင်းများကို ပြန်လည် မပေးပို့ပေးနိုင်ခြင်းကိုလည်း နားလည် ခွင့်လွှတ်စေချင်ပါတယ်.. လူတစ်ဦးချင်းစီ၏ ထည့်ဝင်ငွေများကိုလည်း နာမည်နှင့်တကွ ပူးတွဲ၍ မဖော်ပြပေးနိုင်မှုကိုလည်း နားလည် ခွင့်လွှတ်စေချင်ပါတယ်ခင်ဗျာ.. ရောက်လာသမျှ ဂုဏ်ပြုဆုငွေများကို တိုင်းရင်းသား ပြည်သူ သန်း ၆၀ ရဲ့ ဂုဏ်ပြုဆုငွေများအဖြစ် ဂုဏ်ပြုချင်တာပါခင်ဗျာ..

တစ်နေ့တာ အတွက် ဘဏ်ထဲ ၀င်ရောက်လာသော ငွေပမာဏအား နေ့စဉ် သတင်းထုတ်ပြန်ပေးသွားပြီး ကောက်ခံရရှိသော ဂုဏ်ပြုဆုငွေများ စုစုပေါင်းကို မြန်မာ အမျိုးသမီး ဘောလုံးအသင်းသို့ နောက်ဆုံး လွှဲပြောင်း ပေးအပ်ချိန်အထိ တိတိကျကျ သတင်းထုတ်ပြန် ပေးသွားပါမှာ ဖြစ်ပါတယ်..

ကျွန်တော်တို့တွေ အများကြီး မမျှော်လင့်ထားပါဘူး.. လူပေါင်း တစ်သိန်းထံမှ ပျှမ်းမျှ လူတစ်ဦးလျှင် တစ်ထောင်ကျပ်စီလောက် ရနိုင်ရင် ကျေနပ်ပါတယ်ဗျာ.. တစ်ထောင်ထက် နည်းလျှင်လည်း လက်ခံနိုင်သလို တစ်ထောင်ထက်များလျှင်လည်း လူအများကို ကိုယ်စားပြုပြီး ထည့်ဝင်ပေးတယ်လို့ ယူဆမှာပါဗျာ.. အားလုံး တတ်နိုင်သလောက် ၀ိုင်းဝန်း၍ ဂုဏ်ပြုဆုငွေများ ထည့်ဝင်ကြမယ်လို့ မျှော်လင့်ပါတယ်ဗျာ.

ဂုဏ်ပြုငွေ ထည့်ဝင်လိုသူများ အနေဖြင့် အောက်ပါ ဘဏ်အကောင့်ထဲသို့ တိုက်ရိုက် ပေးသွင်းနိုင်ပါပြီခင်ဗျာ..

KBZ Junction Square Branch (ကျွန်းတောလမ်း)
Bank Account No. 05710205700989701
Joint Account Holders: ဦး သန်းတိုးအောင် ၀၉- ၈၃၀၄၆၀၆၊ ဦးတင်မင်းလတ် ၀၉-၇၃၁၉၅၄၈၈၊ ဒေါ်မြတ်မျိုး ၀၉-၇၃၀၀၉၇၁၆၊ ကိုသက်လှိုင်ဝင်း ဖုန်း- ၀၉၄၄၄၀၀၇၃၉၉.

အကယ်၍ အကြောင်းကြောင်းကြောင့် ဘဏ်မှ ငွေလွှဲရန် အဆင်မပြေသူများ အောက်ပါ လုပ်အားပေး အဖွဲ့များကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ..

ရန်ကုန်မြို့
ဦးသန်းတိုးအောင် ၀၉-၈၃၀၄၆၀၆
ဦးတင်မင်းလတ် ၀၉-၇၃၁၉၅၄၈၈
ဒေါ်မြတ်မျိုး ၀၉-၇၃၀၀၉၇၁၆
ဦးမင်းသိန်း ၀၉-၃၁၀၅၅၅၆၀
ဒေါ်ဆုထက် ၀၉-၄၂၀၀၁၅၂၀၅
ဦးငွေမင်းထွေး ၀၉-၅၀၉၆၆၅၇
ဒေါ်အေးအေးခိုင် ၀၉-၉၁၀၂၈၁၄၂

မန္တလေးမြို့
ကိုသက်လှိုင်ဝင်း ၀၉-၄၄၄၀၀၇၃၉၉
ဒေါက်တာ ကေကေ ၀၉-၂၁၀၀၃၁၇

နေပြည်တော်မြို့
ဦးဇော်ထက် ၀၉-၄၄၈၅၃၃၉၆၀
ဦးရဲနိုင်မိုး ၀၉-၅၀၂၁၀၇၄

ပုသိမ်မြို့
ဒေါက်တာ ဝေဇင်မျိုး ၀၉-၄၅၁၂၃၀၅၁၅

မူဆယ်မြို့
ဒေါက်တာ နိုင်ထူးအောင် ၀၉-၂၀၁၈၀၉၂

ညောင်ရွှေမြို့
ဒေါက်တာ သက်စုဝင်း ၀၉-၄၉၃၅၃၉၁၆
ဒေါက်တာ ဂျူလှိုင်မောင်မောင် ၀၉-၄၉၃၅၃၉၁၆

ရွှေဘိုမြို့
ဟိန်းထိုက်ဈန် ၀၉-၂၅၆၁၀၈၃၂၂

စကာင်္ပူနိုင်ငံ
ဒေါ်သီသီမိုး +၆၅၉၁၂၅၀၁၄၄
ဘဏ်အကောင့်  posv saving. 248349530
email. thithimoelin@gmail.com့

လန်ဒန်မြို့
မသီရိ +၄၄၇၄၀၁၆၄၂၂၀၂၄

အနယ်နယ် အရပ်ရပ်မှ လုပ်အားပေး ငွေကောက်ခံပေးနိုင်မည့်သူများ ဆက်သွယ်ပေးကြပါခင်ဗျာ.. အားလုံး ၀ိုင်းဝန်းလို့ လူပေါင်း တစ်သိန်းရဲ့ အင်အားဖြင့် မြန်မာ အမျိုးသမီး ဘောလုံးအသင်းရဲ့ ကြိုးစား အားထုတ်မှုတွေကို ဂုဏ်ပြုလိုက်ကြပါစို့ဗျာ..

ဇန္န၀ါရီလ ၂ ရက်နေ့ထိသာ ကောက်ယူမှာ ဖြစ်ပြီး ဇန္န၀ါရီလ ၃ ရက်နေ့တွင် မြန်မာ အမျိုးသမီး ဘောလုံးအသင်း အုပ်ချုပ်သူ မြန်မာ့ လက်ရွေးစင် ဘောလုံးသမားဟောင်း ဦးသန်းတိုးအောင်မှ တစ်ဆင့် မြန်မာ အမျိုးသမီး ဘောလုံး အသင်းကို ဂုဏ်ပြုဆုငွေများအားလုံး ပေးအပ်သွားမှာ ဖြစ်ပါသဖြင့် ဂုဏ်ပြုဆုငွေများ အချိန်မှီ ပေးသွင်းနိုင်ရေး နှိုးဆော်လိုက်ရပါတယ်ခင်ဗျာ..

(မြန်မာ အမျိုးသမီး ဘောလုံးအသင်းကို ပြည်သူတွေမှ ကိုယ်တိုင် ဆုချနိုင်ရေး)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို အားပေးထောက်ခံတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲအစည်း ခေါင်းဆောင် ဦးကိုကိုကြီး က ပြောလိုက်ပါတယ်။
ko ko gyiအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်လုပ်ကိုင်နေတဲ့ အခြေခံ ဥပဒေပြင်ဆင်ရေး လူထုဆန္ဒ ထုတ်ဖော်ပွဲတွေကို အားပေးထောက်ခံကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုကိုကြီးက ဒီဗွီဘီနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ထုတ်ဖော်ပြောကြား လိုက်တာပါ။
အခြေခံဥပဒေ ပြင်ဆင်ရေးနည်းလမ်းနဲ့ ပတ်သက်လို့လည်း ဦးကိုကိုကြီးက အခုလို ပြောဆိုပါတယ်။

“ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ တရားဝင်လမ်းကြောင်းကတော့ ကျနော်တို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ၇၅ ရာခိုင်နှုန်းကျော် ပုဒ်မ ၇၄ ခုဆိုရင် ဒါအထူးကန့်သတ်ထားတာ အားလုံးဟာ ၇၅ ကျော်တဲ့အပြင် လူထုဆန္ဒခံယူပွဲ ထက်ဝက်ကျော် မဲနဲ့မှ ရမယ်ဆိုတော့ အရမ်းတင်းကြပ်အောင်လုပ်ထားတာ ဆိုတော့ ဒီဥပဒေအရသွားမယ် ဆိုရင်တော့ လမ်းကြောင်းက ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ယာယီအားဖြင့် လက်ခံထားတဲ့ အနေအထားမှာတော့ ဒီလမ်းကြောင်းအတိုင်းကပဲပြင်ရမယ်။ ပြင်တဲ့အခါမှာ ဘယ်လောက် ပမာဏ ပြင်မလဲဆိုတဲ့ ကျနော်တို့က ညှိနှိုင်းဆောင်ရွက်ရမှာဆိုတော့ အဲ့တာမျိုးက အစိုးရ ကလည်း ပြောတဲ့ဟာပေါ့။ အခြေခံဥပဒေပြင်ချင်ရင် လွှတ်တော်ထဲမှာသွားပြင် လွှတ်တော်ထဲမှာ ဆွေးနွေးကြ အဲ့တာနဲ့အတူတူပဲလို့ ပြောချင်တာလား။ အခုလိုရှင်းပြတဲ့ဟာ အဲ့တာဆိုလည်း ကျနော်တို့က မေးခွန်းပဲပြန်မေးရမယ့်ကိစ္စက ဒီနည်းလမ်း မဟုတ်ရင်

ဘယ်လိုနည်းလမ်းက ရှိသလဲလို့ ကျနော်တို့က ပြန်မေးရမယ်။”
အခြေခံဥပဒေပြင်ဆင်ရေး အောင်မြင်နိုင်ဖို့အတွက် နိုင်ငံရေး အင်အားစုတွေအကြား ယုံကြည်မှု တည်ဆောာက်ရေးဟာ အရေးပါကြောင်းကိုလည်း ဦးကိုကိုကြီးက ဒီဗွီဘီနဲ့ တွေ့ဆုံးမေးမြန်းစဉ်မှာ ထောက်ပြသွားပါတယ်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ၈၈ မျိုးဆက်တွေတင်မက နိုင်ငံရေးအဖွဲ့အစည်း တော်တော်များများနဲ့ တိုင်းရင်းသား အင်အားစုတွေ ပြည်သူလူတွေကလည်း တောင်းဆို နေကြတာပါ။


ဒီဗွီဘီ

အားကစားပြိုင်ပွဲမှာ ဆုတံဆိပ် ရရှိမှုဟာလည်း အဆင့် ဒုတိယ အနေနဲ့ ရပ်တည် နိုင်ခဲ့တဲ့အတွက် နှစ်ထောင်းအားရ ဖြစ်နေတဲ့ နိုင်ငံသားတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အမျိုးသား ဘောလုံးပြိုင်ပွဲနဲ့ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွေဟာ တစ်မျိုးသားလုံး အားပေးခဲ့ကြပေမယ့် အောင်မြင်မှုတွေနဲ့ ဝေးကွာ ခဲ့ရပါတယ်။ ရှုံးနိမ့်ခဲ့ရတဲ့ အကြောင်းရင်းတွေကို ဘယ်လိုပဲ ထုတ်ပြထုတ်ပြ လက်ရှိ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဟာ စီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ အချိန်တန်ပြီဆိုတာ အချက်ပေးလိုက်တာ ဖြစ်ပါတယ်။
လူဦးရေ သန်းပေါင်း ၆၀ အားပေးတဲ့ ကစားနည်းတစ်ခုကို နိုင်ငံတော်က ငွေကြေး ပံ့ပိုးမှုတွေ ကြီးကြီးမားမား မပြုလုပ်ဘဲ ပြင်ပက သူဌေးကြီးတွေကို တာဝန်တွေ ပုံပေးပြီး အားကိုးနေတာဟာ သဘာဝ မကျပါဘူး။

တကယ်တော့ ဒီ SEA Games ကို မြန်မာက လက်ခံကျင်းပဖို့ သဘောတူပြီးနောက် ၂၀၀၈ ခုနှစ်စပြီး ကြိုတင် ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ အားကစားကွင်းတွေ၊ အားကစားရုံတွေနဲ့ တခြားအထောက်အကူ ပြုပစ္စည်းတွေ အားလုံး ဖြစ်ပေါ်လာဖို့အတွက် နိုင်ငံတော်က ဘတ်ဂျက် ၁၀၁ ဘီလီယံ ခွင့်ပြုခဲ့ပြီး တရုတ်နိုင်ငံ အစိုးရက ၃၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၃ သန်း) ကူညီခဲ့ပါတယ်။ ပြိုင်ပွဲ စပွန်ဆာက ရငွေ ခုနစ် ဘီလီယံဆိုတော့ စုစုပေါင်း ကုန်ကျငွေဟာ ၁၄၁ ဘီလီယံ ရှိပါတယ်။ ဒီအတွက် မြန်မာနိုင်ငံက ဆုတံဆိပ် တစ်ခုရတိုင်း ငွေဘယ်လောက် ကုန်သွားသလဲဆိုတာ တွက်ကြည့်လို့ ရပါတယ်။

သက်ဆိုင်ရာ အားကစားဝန်ကြီး ကိုယ်တိုင် ရွှေ ၁၀၀ ရရှိရေး ရည်မှန်း ခဲ့ပေမယ့် မပြည့်မီခဲ့ပါဘူး။ တချို့သော သေချာပေါက် မျှော်မှန်းထားတဲ့ ရွှေတံဆိပ်တွေ လက်လွတ်ခဲ့ရသလို တချို့ပွဲတွေဟာ ဒိုင်လူကြီးတွေရဲ့ အဆုံးအဖြတ်ကြောင့် နစ်နာခဲ့ရတာတွေ ရှိပါတယ်။ Content Games တွေလို ကစားပွဲတွေမှာ မြန်မာဟာ ရသင့်တဲ့ အိမ်ရှင် အခွင့်အရေးတွေကို မရခဲ့ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဆီးဂိမ်းရဲ့ Control Panel မှာ ဆုတံဆိပ်ခွဲတမ်း ဆိုတာ ရှိပါတယ်။ အထူးသဖြင့် ဒိုင် အဆုံးအဖြတ်ပေါ်မှာ လုံးဝမှီခိုနေတဲ့ ဝူရှူးတို့၊ အလေးမတို့၊ ကာယဗလမောင် ပြိုင်ပွဲတို့၊ လက်ဝှေ့တို့လို အားကစား ပြိုင်ပွဲတွေမှာ အိမ်ရှင် မြန်မာဟာ ဒိုင်တွေရဲ့ ပြစ်ဒဏ်ခတ်ခြင်းကို ခံခဲ့ရပါတယ်။
အရှုံးကြီး ရှုံးခဲ့ရတဲ့ အမျိုးသား ဘောလုံးပွဲမှာရော၊ အမျိုးသမီး ဘောလုံးပွဲမှာရော ဒိုင်တွေရဲ့ ဆုံးဖြတ်မှုတွေဟာ မြန်မာ တစ်မျိုးသားလုံးကို အကြီးအကျယ် အနာတရ ဖြစ်စေခဲ့ပါတယ်။

SEA Games ရဲ့ သဘော သဘာဝအရ အိမ်ရှင်နိုင်ငံတွေက အားကစား ပြိုင်ပွဲတိုင်းမှာ အခွင့်အရေးတွေ ရပါလျက်နဲ့ မြန်မာအလှည့် ရောက်မှ ဘာလို့ ဒီအခွင့်အရေးတွေ မရသလဲဆိုတာ လေ့လာသုံးသပ်ဖို့ လိုလာပါတယ်။ မြန်မာနိုင်ငံက SEA Games ပြိုင်ပွဲမှာ အားကစားနည်း ၃၃ မျိုး ကျင်းပခဲ့ပြီး နိုင်ငံတကာက ဒိုင်လူကြီး ရာပေါင်း များစွာနဲ့ ပြည်တွင်း ဒိုင်လူကြီး များစွာကို တာဝန် ပေးအပ်ထားပါတယ်။ ပြိုင်ပွဲ ကာလအတွင်း နိုင်ငံတကာ ဒိုင်လူကြီးတွေကို နေ့စဉ် Daily Allowence ဒေါ်လာ ၁၅၀ ပေးထားပြီး မြန်မာဒိုင်တွေကို တစ်နေ့ ၄၀၀၀ ပေးထားပါတယ်။ ဒီမှာတင် မမျှတမှုကို စတင်တွေ့ ရှိရပါတော့တယ်။ ယခင်က ကျင်းပခဲ့တဲ့ SEA Games ပြိုင်ပွဲတွေမှာ ပြည်တွင်းဒိုင်၊ နိုင်ငံတကာဒိုင် မခွဲခြားဘဲ နေ့စဉ် အသုံးစရိတ်ကို ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်တွင်း ဒိုင်တွေကို Air Com မပါတဲ့ စည်ပင်ရိပ်သာက အခန်းတွေမှာ ပေးတာ။ ကုန်ဈေးနှုန်း ကြီးမားလွန်းတဲ့ နေပြည်တော်မှာ အသုံးစရိတ် ၄၀၀၀ ပဲ ပေးထားတာတွေဟာ ပြည်တွင်း ဒိုင်တွေရဲ့ နိုင်ငံချစ်စိတ်ကို ထိုးနှက်ခဲ့ပါတယ်။ ဒီလိုပါပဲ ပြည်ပကလာတဲ့ ဒိုင်လူကြီးတွေကလည်း မြန်မာတွေရဲ့ ဧည့်ဝတ်ကျေပွန်မှု အပေါ် စိတ်တိုင်း မကျခဲ့ပါဘူး။

သူတို့ စိတ်အပျက်ရဆုံးက သယ်ယူ ပို့ဆောင်ရေးကိစ္စ ဖြစ်ပါတယ်။ သက်ဆိုင်ရာ အားကစား အဖွဲ့ချုပ်တွေက နိုင်ငံတကာ ဒိုင်တွေကို ကားတွေ လုံလောက်အောင် စီစဉ် မပေးနိုင်ခဲ့ပါဘူး။ မွေလက်ဝှေ့က တာဝန်ရှိသူ တစ်ဦးကဆိုရင် မြန်မာလက်ဝှေ့သမားတွေ လက်ရည် သာရဲ့သားနဲ့ ရှုံးနိမ့်ခဲ့ရတာဟာ ဒိုင်တွေကို ကားငှားမပေးနိုင်ခဲ့လို့ ဆိုပြီး ညည်းထွားခဲ့ပါတယ်။ ပြီးတော့ အိမ်ရှင်နိုင်ငံက ပေးတဲ့ ယူနီဖောင်းတွေက မတော်လို့ ဝတ်ရတာမှာ အဆင်မပြေ ဖြစ်ကုန်ကြပါတယ်။ ယူနီဖောင်းတွေ လာပေးတာကလည်း ပြိုင်ပွဲတွေ စတင်ပြီး ရက်အတန်ကြာမှ လာပေးနိုင်တာမျိုးတွေ လည်း ရှိနေပါတယ်။ အထူးသဖြင့် အားကစား အဖွဲ့တိုင်းမှာ ပြဿနာ အနည်းအများ ဆိုသလို ရှိပြီး သက်ဆိုင်ရာ အားကစား ဝန်ကြီးဌာနရဲ့ စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။ သူတို့တွေဟာ ပြဿနာ တစ်ခုခုနဲ့ ကြုံဆုံရတိုင်း တာဝန်ခွဲ ဖြေရှင်းပေးလိုစိတ် မရှိဘဲ တစ်ယောက်ယောက်ဆီကို အလျင်အမြန် လွှဲချလေ့ ရှိတယ်လို့ နေပြည်တော်ကို ရောက်နေတဲ့ မလေးရှား ဒိုင်လူကြီးတစ်ဦးက ရင်ဖွင့်ပါတယ်။

SEA Games မကျင်းပခင် တစ်ရက်ကလည်း ဒိုင်လူကြီး ၂၀၀ လောက်ကို ခန်းမ တစ်ခုထဲမှာ စုဝေးစေပြီး ဝတ်စုံချုပ်ဖို့ ယိုးဒယားက ဆရာနဲ့ တစ်ယောက်ချင်း ကိုယ်တိုင်း ယူပါသတဲ့။ တစ်ယောက်ချင်းကို သုံးလေးခါ ပြန်တိုင်းနေရလို့ နာရီ ပေါင်းများစွာ အချိန်ကုန်ခဲ့ပြီး စောင့်ဆိုင်းရတဲ့ ဒိုင်လူကြီးတွေထဲမှာ နိုင်ငံတကာက လေးစားအသိအမှတ် ပြုရတဲ့ လူကြီးတွေလည်း ပါဝင်နေခဲ့ပါတယ်။ ဒါဟာ On Paper နဲ့ မလုပ်တတ်ကြောင်း ပေါ်လွင်သွားခဲ့သလို ပွဲစဉ်ဇယားတွေ ပြောင်းလဲမှုတွေအတွက် ပြင်ဆင် ဆောင်ရွက်ရာမှာ မိတ္တူကူးစက် စောင့်ရ၊ စက္ကူစောင့်ရ၊ ချုပ်စက်စောင့်ရနဲ့ အချိန် နှောင့်နှေးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီပြဿနာတွေအတွက် တာဝန်ရှိသူတွေ သိသွားတိုင်း ‘Sorry’ တစ်လုံးနဲ့ ပြီးသွား တာပါပဲ။

SEA Games ပြိုင်ပွဲကြီးကတော့ ခမ်းနားထည်ဝါ ခဲ့ပါတယ်။ ပိတ်ပွဲကလည်း လှပဦးမှာပါပဲ။ ဒါပေမဲ့ ပြိုင်ပွဲကာလအတွင်း 4G အင်တာနက် စနစ်တွေ မကောင်းတာ၊ IBC ထဲက စားသောက်ဆိုင်တွေ ဈေးနှုန်း အမျိုးမျိုး ပြောင်းလဲတာ၊ LO လို့ခေါ်တဲ့ Listing Officer တွေ အရည်အသွေး မပြည့်ဝ သေးတာ၊ နေပြည်တော်မှာ ကုန်ဈေးနှုန်း ကြီးမြင့်တာ၊ စီမံခန့်ခွဲမှုတွေဟာ နိုင်ငံတကာ အဆင့်အတန်း မမီတာ၊ တချို့ဆီးဂိမ်းကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးစီးပွား ရှာဖွေ သွားတာတွေဟာ သမိုင်းတစ်ကွေ့မှာတော့ မှတ်တမ်းအဖြစ် ကျန်ရစ်ခဲ့ပါပြီ။
မြစ်တစ်မြစ်မှာ နှစ်ခါရေမိုး မချိုးနိုင်သလို ဒါတွေ အားလုံးဟာလည်း ပြန်လည် ပြင်ဆင်လို့ မရနိုင်တော့ပါဘူး။ (၂၇) ကြိမ်မြောက် SEA Games ကို မြန်မာက အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ် ဆိုတဲ့အချက်ကိုသာ အားကိုး ဆုပ်ကိုင်ရတော့မှာ ဖြစ်ပါတယ်။

ှ#Burmarpyithar
From Massage.. နေပြည်တော် ဆီဂိမ်းမှ စီမံခန့်ခွဲ မှု့ဆိုင် ၇ာဝန်ထမ်း တစ်ဦး

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.