March 2014

ရန်ကုန်က လက်ပံတောင်းအရေး လှုပ်ရှားမှု လူငယ်တစ်စု စွန့်စား ဆန္ဒဖော်ထုတ်ခဲ့ကြတယ် ။

၃၃၃ ခေါ်သံ နဲ့ နိုးထနေတဲ့သူတွေ ဟိုတစ်စု သည်တစ်စု ကင်မရာတွေက တစ်ဖွားဖွား တော်ဝင်တံတာူ အနားမှာ အရပ်ဝတ်နဲ့ ထောက်လှမ်းရေးတွေက အင်အားအပြည့် ။ တံတားအပေါ် နဲ့ တံတားဝန်းကျင် တစ်ဝိုက်မှာ ကျီးကန်းတောင်မှောက် ။

ဘယ်နေရာက ထွက်လာမယ် မသိတဲ့ ဆန္ဒပြသူတွေကို ဝေ့ကြည့် စောင့်ကြည့်နေချိန် ကုန်သည်ကြီးများ ဟိုတယ် အနားက ကျဟ်လောင်တဲ့ မီးပန်း ဖောက်သံတွေ ထွက်ပေါ်လာတယ် ။

ထိုင်း ထိုင်း ထိုင်း ဒိုင်း ဒိုင်း အသံတွေ ညံနေစဉ်မှာ ရဲနဲ့ထောက်လှမ်းရေးတွေ အသံလာရာ အားသွန် ပြေးသွား မီးပန်းဖောက်သူကို ဖမ်းဆီးလိုက်ကြတယ် ။

အဲဒီအချိန်မှာပဲ တော်ဝင်တံတား မီးပိုင့်ကို ရွှေရောင်မျက်နှာဖုံးတွေနဲ့ လူငယ် ၅ ယောက် ပြေးထွက်လာတယ် ။ ကိုင်လာတဲ့ ပိုစတာတွေ နဲ့ လမ်းကို ပိတ်ရပ်ပြီး လက်ပံတောင်းနဲ့ လယ်တီသိမ်အရေး ဆင့်ကဲ တောင်းဆိုသံတွေ ညံလာတယ် ။

ကားတန်းတွေကို တောင်းပန်ပြီး ဒေါ်အောင်ဆန်းစုကြည် အစီရင်ခံစာနဲ့အညီ လက်ပံတောင်းတောင်နဲ့ လယ်တီသိမ်အရေး ဆောင်ရွက်ဖို့ အော်ဟစ်တောင်းဆိုမှုတွေက ရွှေရောင် မျက်နှာဖုံးတွေ အောက်က တောင်းဆိုသံတွေက လက်ပံတောင်း ဒေသခံတွေနဲ့ နိင်ငံသားတွေရဲ့ နှလုံးသည်းပွတ်အသံတွေနဲ့ အညီ ။

ရဲစခန်းထဲက ဒုတိယနှစ် အင်္ဂလိပ်စာ ကျောင်းသား ကိုအောင်ကိုကတော့ အပြုံးမပျက် ငြိမ်းချမ်းစွာ ငြိမ်သက်လျှက် ရဲရင့်စွာ ပြုံးချို စကားဆိုပြီး မနက်ဖြန် ရုံးချိန်းဆိုပါတယ် ။

ပုဒ်မက ရန်ကုန်ရဲအက် ၄၂ မနက်ဖြန် ၃၁.၃.၂၀၁၄ မနက် ၁၀နာရီ ရုံးထုတ်ပါမယ်။

လက်ပံတောင်း နဲ့ လယ်တီအရေး မျှတတဲ့ အခြေအနေ အနိမ့်ဆုံး အစီရင် ခံစာနဲ့ မညီရင် နောက်ထပ် လူငယ်တွေ နိင်ငံသားတွေက ထောင်ထဲ ထပ်ဝင်ဖို့ အသင့်တဲ့လေ ။

ရဲဝံ့စွန့်စားစွာ ပြည်သူကြားမှ ပြည်သူ့စကားများကို ဆန်းသစ်တဲ့ ပါဖော့မန့်များဖြင့် ဆန္ဒဖော်ထုတ်ခဲ့သော
လူငယ် နိင်ငံသားများအား

လေးစားစွာဖြင့် . . .

ဝလုံး (30.3.2014)

Credit : ဝလုံး via Tun Wai

ကျနော်တို့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တ.က.သ)များ ဘာကြောင့် ဒီလိုဆန္ဒပြရသလဲဆိုတာ အနည်းငယ်ရှင်းပြလိုပါတယ်။ ဒီပြည့်သူလွှတ်တော်က ရေးဆွဲအတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေမူကြမ်းကို ကျနော်တို့ ပညာရှင်များနှင့်ပူးတွဲပြီး လေ့လာတွေ့ရှိချက်အရဆိုရင် ဒီမူကြမ်းဟာ ပြည်သူလူထုရဲ့ ဆန္ဒကို မျက်ကွယ်ပြုတဲ့အပြင် ဒီမိုကရေစီစံနှုန်း၊ ကျင့်စဉ်တွေနဲ့ သွေဖယ်နေပါတယ်။ ဒါ့အပြင် အမျိုးသားပညာရေးမူကြမ်းထဲမှာ အမျိုးသားပညာရေးကောင်စီ ဖွဲ့ရမယ်ဆိုပြီး ပါပါတယ်။ ဒီမူကြမ်းထဲမှာပါတဲ့ အမျိုးသားပညာရေးကောင်စီသည် ဗဟိုချုပ်ကိုင်မှု အင်မတန်များပါတယ်။ ဒီလိုဗဟိုချုပ်ကိုင်မှုများခြင်းဟာ ကျနော်တို့ အခုပြောင်းလဲနေတဲ့ ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖယ်နေတဲ့အပြင် ပညာရေးစနစ်တစ်ခုမှာ လုံးဝကိုမဖြစ်သင့်ပါဘူး။ လွတ်လပ်တဲ့ ပညာရေးစနစ်ကိုသာ ကျနော်တို့ ကျောင်းသား၊ ကျောင်းသူတွေ အလိုရှိပါတယ်။ လွတ်လပ်တဲ့ပညာရေးစနစ်ဖြစ်မှသာ တိုင်းပြည်ဟာ ဒီမိုကရေစီ လမ်းပေါ်ရောက်မှာ ဖြစ်ပါတယ်။

နောက်ပြီး အမျိုးသားပညာရေးမှုကြမ်းဟာ တိုင်းရင်းသား ဘာသာစကားတွေရဲ့ အခန်းကဏ္ဍကိုလည်း လျစ်လျူရှုချန်လှပ်ထားတာကို တွေ့ရှိရပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကိုပါ ထိခိုက်နေပါတယ်။ ဒီမူကြမ်းကို ရေးဆွဲတဲ့အခါမှာလည်း ပညာရေးတဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် မိဘပြည်သူများ၊ ပညာရှင်များရဲ့ ဆန္ဒသဘောထားတွေကို မျက်ကွယ်ပြုပြီး ရေးဆွဲထားခြင်းဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေဟာ ပြည်သူ့လွှတ်တော်က ရေးဆွဲအတည်ပြုထားတဲ့ အမျိုးသား ပညာရေးဥပဒေမူကြမ်းနှင့် ဗဟိုချုပ်ကိုင်မှုများသော အမျိုးသားပညာရေးကိုကောင်စီကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်။

တက္ကသိုလ် အဆင့်မြင့်ပညာရေးစနစ်ဆိုတာဟာ လွတ်လပ်စွာ ပညာသင်ကြားခွင့်၊ သုတသနပြုခွင့်၊ ရေးသားထုတ်ဖော်ခွင့် စတဲ့အခွင့်အရေးတွေနဲ့ ပြည့်စုံနေရပါမယ်။ ဒါမှပဲ တကယ်အသိဉာဏ်မြင့်မားတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို မွေးထုတ်ပေးနိုင်တဲ့ တက္ကသိုလ်တွေ ကျနော်တို့ နိုင်ငံမှာပေါ်ပေါက်လာပြီး ဒီမိုကရေစီစံနှုန်းတွေနဲ့ ညီညွတ်ပြည့်စုံတဲ့ နိုင်ငံတော်တစ်ခုဖြစ်မှာ ဖြစ်ပါတယ်။
Myanmar Maritime University Students' Union


“နောင်တစ်ခါလည်းပဲ ဖက်ဆစ်ယောင်ယောင်အသွင်တစ် မျိုးနဲ့ ပြန်လာတတ်တယ်”ဟု ဗိုလ်ချုပ်အောင်ဆန်းပြောဆိုခဲ့သည့် စကားရှိကြောင်း ကာကွယ်ရေး ဦးစီးချုပ်ဟောင်းဦးတင်ဦးကမတ်လ ၂၇ ရက်နေ့ NLD (ဗဟိုရုံး) ကျင်းပခဲ့သည့်ဖက်ဆစ်တော်လှန် ရေးနေ့အခမ်းအနားတွင်ပြောကြားခဲ့ သည်။
“၂၀၀၈ ဖွဲ့စည်းပုံတွင် ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်သော ပြင်ဆင်ရန်ခက်ခဲအောင်ပြုလုပ် ထားသော တစ်နည်းအားဖြင့် ဖက်ဆစ်ဝါဒအငွေ့အသက်ပါ သော အချက်များနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖက်ဆစ်အနံ့ အသက်ဖြစ်စေသည့်အချက်များ ကိုလုံးဝပြင်ဆင်သင့်တယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ သည်ပြည်တွင်းမှာလည်း သိက္ခာ ရှိ၍ ပြည်ပမှာလည်းသိက္ခာရှိသည့် င်္Federal ပြည်ထောင်စုမြန်မာနိုင်ငံ ၏အခြေခံဥပဒေကြီးဖြစ်အောင် ဆောင်ရွက်ရန်တိုက်တွန်းသည်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီးဦးတင်ဦးကပြော သည်။

၎င်းကဆက်လက်၍ “ဗိုလ်ချုပ် အောင်ဆန်းပြောတဲ့စကားတစ်ခု က နောင်တစ်ခါလည်းပဲ ဖက်ဆစ် ယောင်ယောင်အသွင်တစ်မျိုးနဲ့ ပြန်လာတတ်တယ်တဲ့။ စပြီးအမျိုး သားညီလာခံခေါ်ကတည်းက ဒီအနံ့ကြီးပါနေတယ်။ ဖွဲ့စည်းပုံ ဟာလည်း အနံ့လေးပါနေတယ်။ ဘာလိုလဲဆိုတော့ ၂၅ ရာခိုင်နှုန်း က အနံ့ကြီးပဲဗျ။ အဲဒီအနံ့ပျောက် အောင်လုပ်ရင်အကောင်းဆုံးပဲ။ လူငယ်တွေကိုအားကိုးတယ်။ အနံ့အသက်ပါတာတွေကို ရှင်း အောင်လုပ်ကြဖို့ပြောချင်တယ်”ဟု ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တပ်မ တော်တွင် တာဝန်ရှိကြောင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေး ဆွဲရာတွင် အမျိုးသားညီလာခံက ချမှတ်သည့်အခြေခံမူ ၁၀၄ ချက် ကို အခြေခံရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ထောက်ခံဆန္ဒမဲပေးသူ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း၏ဆန္ဒကိုလေးစား ရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အခန်း (၁၂) အခြေခံဥပဒေပြင် ဆင်ခြင်းအခန်းတွင် ပြဋ္ဌာန်းထား သည်နှင့် အညီဆောင်ရွက်ရမည် ဖြစ်ကြောင်း (၁၉၄၉)၊ (၁၉၄၉)၊ (၁၉၆၂)နှင့် (၁၉၈၈) ခုနှစ် အာဏာသိမ်းမှုများသည်တပ်မတော်ကနိုင်ငံတော်ကိုကာကွယ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ၆၉ နှစ်မြောက်တပ်မတော်နေ့အခမ်းအနားတွင်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ကမိန့်ခွန်းပြောကြား ရာတွင် ထည့်သွင်းပြောကြားခဲ့ သည်။

ဒီမိုကရေစီအသွင်ကူးပြောင်း ရေးနှင့် ငြိမ်းချမ်းရေးဆောင်ရွက် ရာတွင် တပ်မတော်၏အခန်းကဏ္ဍ အရေးကြီးပြီး နိုင်ငံရေးပြဿနာ များအဖြေရှာသည့်စားပွဲဝိုင်းတွင် လည်း တပ်မတော်ဆက်လက် တည်ရှိနေရန်လိုအပ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေ ခံဥပဒေအခန်း ၁၂ တွင် ပြဋ္ဌာန်း ထားသည့်ပြဋ္ဌာန်းချက်များနှင့် အညီပြင်ဆင်ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ရမည်ဖြစ် ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုကြောင့် အနာဂတ်တွင် သက်ရောက်နိုင်မည့်ကောင်းကျိုး၊ ဆိုးကျိုးအလားအလာများကိုထည့် သွင်းစဉ်းစားသုံးသပ်ရန် အရေး ကြီးကြောင်း ပြည်ထောင်စုလွှတ် တော်၌ သမ္မတသက်တမ်း ၃ နှစ်ပြည့်အထိမ်းအမှတ်ပြောကြားသည့်မိန့်ခွန်းတွင် သမ္မတဦးသိန်းစိန် ကထည့်သွင်းပြောကြားသည်။

အာကာဗိုလ်
hotnewswekly

နေပြင်းလျှင်
နှင်းမှုန်လည်း
စွေ့စွေ့ခုန် အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း
အခန်းကျဉ်ကျဉ်း
အလင်းမဝင် .. လေမဝင်
နေမမြင် .. လမမြင်
လူမမြင် .. သူမမြင်မှာ
ထိုင်လျှင်ထိုင် .. မထိုင်လျှင်ငေး
အိပ်လျှင်အိပ် .. မအိပ်လျှင်တွေး
သတင်းမေးဖို့ ဝေးရော .. သီချင်းလေးမှ မဆိုရ
စာဖတ်ဖို့ ဝေးရော .. ကဗျာလေးမှ မစပ်ရ
တရားဟောဖို့ ဝေးရော .. စကားလေးမှ မပြောရ
အဟောသိက .. သံသရာ
ငါ့ကမ္ဘာပိစိကွေး
အခန်းကျဉ်းကလေး .. ပတ်လျှောက်လိုက်
သံတခါးဝ .. ရပ်လိုက်
တမတ်တပ်တပ် .. တနေကုန်။

မနေ့ကလည်း .. တနေကုန်
ဒီနေ့လည်း .. တနေကုန်
မနက်ဖြန်လည်း .. ကုန်အုံးမယ်
ကုန် .. ကုန် .. ကုန် ..
ကုန်ချင်သလောက်ကုန်စမ်း..
တရက်ကုန်မလား .. တသက်ကုန်မလား
တလကုန်မလား .. တဘဝကုန်မလား
တနှစ်ကုန်မလား .. တခေတ်ကုန်မလား
အားမလျှော့ဘူး .. မပျော့ဘူး
ပေဖြစ်တော့ခံမယ် .. တုဖြစ်တော့ နှံမယ်
အမှန်တရား .. တို့ဖက်မှာရှိတယ်
ပြည်သူအများ .. တို့ဖက်မှာရှိတယ်
ကာလယန္တရား .. တို့ဖက်မှာရှိတယ်
ရှင်တော်ဘုရား .. တို့ဖက်မှာရှိတယ်
သိကြရဲ့လား။

တိရစ္ဆာန်ရုံက ကျားလို .. လှောင်အိမ်ထဲမှာ
တလွန့်လွန့်နဲ့
ကျားညွန့်တုံးမယ် ထင်နေသလား ..
မှားလိုက်တဲ့အမြင် .. ဟားတိုက်လို့ ရီချင်စရာ။

မှတ်ထားဟေ့ ..
အဝါပေါ်မှာ .. အနက်စင်း ..
မပျက်မယွင်း .. ကွက်ကွက်ကွင်း ..
အရှင်းသား မလွဲသရွေ့
အထင်းသားစွဲသရွေ့
ကျားရဲဟာ ကျားရဲ
ငါလည်း ..
အဲဒီလိုပဲကွ .. ဟေ။

ဦးဝင်းတင် (ဟံသာဝတီ)
(ထောင်တွင်းမှကဗျာ)

သမတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသက်တမ်း သုံးနှစ်ကျော်လာပြီး ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာတဲ့ အချိန်မှာ အစိုးရဟာ အများကြိုက်ဝါဒကို မသိမသာကနေ သိသိသာသာ ကျင့်သုံးလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဒီမူဝါဒဟာ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးအနာဂတ်အတွက် အာမခံနိုင်တဲ့ ပုံ မရှိပါဘူး။

အများကြိုက်ဝါဒ လှုပ်ရှားမှုတွေမှာ အရေးကြီးတဲ့ လှုပ်ရှားမှု နှစ်ခုတွေ့ရပါတယ်။ အမျိုးသားရေးလှုပ်ရှားမှုနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုတို့ ဖြစ်ပါတယ်။ အစိုးရရဲ့ အမျိုးသားရေး လှုပ်ရှားမှုနဲ့ပတ်သက်လို့ သိဖို့ မခဲယဉ်းပါဘူး၊ သမတရဲ့ ၀ါဒဖြန့်ချိရေး ရှေ့တန်း တိုက်စစ်မှူး နှစ်ယောက်ဖြစ်တဲ့ ဦးရဲထွဋ်နဲ့ မှူးဇော်တို့ရဲ့ လူမှုကွန်ယက်တွေမှာ သမတရဲ့ လှုပ်ရှားမှုတွေကို ကြည့်ရင် မြင်သာပါတယ်။ သံဃာတော်တွေကို အလှူအတန်း ပေးတဲ့ ဓာတ်ပုံတွေ၊ ဥပဒေ လေးမျိုးကို ပြဌာန်းပေးဖို့ လွှတ်တော်ကို ညွန်ကြားတာ၊ တိုင်းမဂဇင်း သတင်းထောက်ကို ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်တာ၊ ရိုဟင်ဂျာတွေကို လက်မခံနိုင်တဲ့အကြောင်း ဘင်္ဂလာဒေ့ရှ် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ကို ပြောခဲ့တာတွေ၊ ဘင်္ဂလားဒေ့ရှ်အခြေစိုက် မထင်မရှား သတင်းထောက်ရဲ့ ရေးသားချက်ကို ရေးကြီးခွင်ကျယ် လုပ်နေတာတွေဟာ သက်သေတွေပါပဲ။

ဒါတွေကို တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာတွေချည်းပါပဲ။ တချို့က ဝေဖန်မယ်ဆိုတာကလည်း အစိုးရက မသိလို့ ကြိုမတွက်လို့ မဟုတ်ဘဲ၊ အများကြိုက်ဝါဒအရ တွက်ဆပြီး လုပ်ခဲ့တာတွေဖြစ်ပါတယ်။ ဒီလို တွက်နိုင်ဖို့ ဆိုရင် အရှင်ဝီရသူကို စောင့်ကြည့် အကဲခတ်နေရုံပါပဲ၊ ဦးဝီရသူဟာ စစ်အစိုးရလက်ထက်မှာ အစ္စလာမ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ထောင်သွင်းအကျဉ်းချခံခဲ့ရတယ်။ ဦးဝီရသူကို အစိုးရခေါင်းဆောင်တွေက ကြည်ညိုဖို့တော့ မရှိပါဘူး၊ ဒါပေမယ့် အဆီအငေါ် မတည့်တဲ့ ကိစ္စက ထောင်က ပြန်လွတ်လာတဲ့အချိန်မှာ ဦးဝီရသူရဟာ အစိုးရရဲ့ ခါတော်ပေး ဖြစ်နေပါတယ်။
လောလောဆယ် အစိုးရနဲ့ ကြားမှာ အဆက်အသွယ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဦးဝီရသူရဲ့ လှုပ်ရှားမှုတွေကတော့ စစ်တပ်အတွက် အစိုးရအတွက် အသုံးဝင်ပါတယ်။စစ်တပ်အတွက် အဆင်ပြေတာက လူမျိုးရေး၊ ဘာသာရေး မငြိမ်သက်မှုတွေဟာ မတည်ငြိမ်တာကို အကြောင်းပြဖို့၊ နိုင်ငံရေးမှာ ဆက်ပြီး ပါဝင်နေဖို့ အကြောင်းပြစရာ တချက်ဖြစ်တယ်။ အစိုးရအတွက် အဆင်ပြေတာက လူတွေကို အရေးကြီးတဲ့ နိုင်ငံရေး ကိစ္စတွေ၊ နေ့စဉ် စားဝတ်နေရေး အဆင်မပြေမှုတွေကနေ အာရုံလွှဲဖို့ထက် ပိုပါတယ်။

ဦးဝီရသူက သူ့လမ်းစဉ်အတိုင်း ရှေ့က လုပ်မယ်။ အစိုးရက စောင့်ကြည့်မယ်။လူကြိုက်နည်းရင် ဦးဝီရသူကို ထိန်းသိမ်းလိုက်ရင် အစိုးရကို လူတွေ သြဘာပေးမယ်။ အကယ်၍ ဦးဝီရသူ လုပ်တာတွေကို လူကြိုက်များရင်တော့ အစိုးရက ဦးဝီရသူ လမ်းကြောင်းကို မသိမသာ လိုက်ရုံပါပဲ၊ ဒါဆိုရင်လည်း လူထု ထောက်ခံမှု ရမှာပါပဲ၊အခုလောလောဆယ် ဦးသိန်းစိန်ဟာ ဒုတိယလမ်းကြောင်းကို လိုက်နေတာတွေ့ရတယ်။

ဦးသိန်းစိန်ဟာ နဂိုကတည်းက ရာဇာပုလ္လင် ဖင်ကပ်ပါသူ ဖြစ်တယ်၊ စနစ်ဆိုးကြီးထဲမှာ သက်သက်သာသာနဲ့ ဒီနေရာ ရောက်လာတာကိုကြည့်ရင် အရိပ်အကဲကို အကင်းပါးတဲ့ အရည်အချင်းလည်း ရှိပုံရပါတယ်။ ဒီနေရာမှာတော့ သူရ ဦးရွှေမန်းက ဦးသိန်းစိန်ထက် ရည်မှန်းချက်ပိုကြီးသလို စွန့်စားလိုစိတ်ရှိပုံရတယ်။
နောက်ဆုံး အခြေအနေကို နှိုင်းယှဉ်ကြည့်ပါ။ တကယ်ကျတော့ ဦးရွှေမန်းက ဦးသိန်းစိန်ထက်စာရင် စစ်တပ်နဲ့ပိုနီးစပ်မယ်ဆိုရင် နီးစပ်နိုင်တဲ့ အခွင့်အလမ်း ရှိတယ်။ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူးဘ၀ကနေ လာသူ ဖြစ်တယ်။
ဒါပေမယ့် ဦးသိန်စိန်ဟာ နောက်ဆုံးပါဝါ ကစားပွဲမှာ အင်အားပိုကြီးတဲ့ စစ်တပ်နဲ့ပဲ ပူးထားတယ်။ ဦးရွှေမန်းကတော့ ဒီမိုကရေစီဘက်ကို ကူးလာတယ်။ စစ်တပ်နဲ့ ပူး ထားရင် ပိုသက်သာတယ်ဆိုတာကို ဦးရွှေမန်းလည်း သိမှာပါပဲ၊ ဒါပေမယ့် ဦးရွှေမန်းက ရေဆန်လမ်းကို လိုက်ပြီး ဦးသိန်းစိန်က ရေစုန်လမ်းလိုက်ခဲ့တယ်လို့ အကဲခတ်နိုင်ပါတယ်၊
နောက်တချက်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကိစ္စဖြစ်ပါတယ်။ ဦးသိန်းစိန် အစိုးရတက်လာလာချင်း သန့်ရှင်းတဲ့အစိုးရဆိုပြီး ကြွေးကြော်သံဖြစ်ပြီး လူထုရဲ့ မျှော်လင့်ချက်ကို တပွေ့တပိုက်ကြီး ရခဲ့ပါယ်၊ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဦးသိန်းစိန်ရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဟာ တရုတ်ပြည်မှာ သမတ ဇီဂျင်ပင်းရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလိုပဲ အပေါ်ယံ ဟန်ပြ၊ သမတရဲ့ အာဏာကို ကျစ်လျစ်အောင် တည်ဆောက်တာ သက်သက်လို့ ထင်စရာဖြစ်လာပါတယ်။ လူထုထောက်ခံမှုကို ယူရင်း၊ အဆင်မပြေတဲ့လူတွေကို ချောင်ထိုးဖို့၊ အဆင်ပြေတဲ့လူတွေကို နေရာပေးဖို့၊ တချက်ခုတ် နှစ်ချက်ပြတ် ပေါ်လစီ ပိုဆန်နေတာ တွေ့ရပါတယ်။ ဒီဇာတ်လမ်းမှာ ကံမကောင်းဘဲ ဓားစာခံဖြစ်သွားသူတယောက်ကတော့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း ဖြစ်ပါတယ်။

တချိန်တည်းမှာ ဦးကျော်ဆန်းလိုပဲ လူထုကြားမှာ နာမည်ပျက်ပေမယ့် သမတနဲ့ အဆင်ပြေပုံရတဲ့ ဦးအောင်သောင်းလို ပုဂိုလ်မျိုးကျတော့ ထိပ်တန်း အရေးပါတဲ့ နေရာမှာ ဆက်ရှိနေပါတယ်။
မကြာခင်က စစ်တပ်အရာရှိတွေ အများစုပါတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ကို ဖွဲ့စည်းထား လိုက်ပါတယ်။ ဒီအဖွဲ့ဟာ တရားဥပဒေစိုးမိုးရေး အခြေခံနဲ့ သွားမလား၊ သို့မဟုတ် တရုတ်ပြည်မှာလိုပဲ အစိုးရရဲ့ လက်ကိုင်တုတ်ဖြစ်မလားဆိုတာကို မကြာခင် တွေ့လာရဖို့ ရှိပါတယ်။ အခန့်မသင့်ရင် ဦးသိန်းစိန်ရဲ့ ပြိုင်ဖက်ဖြစ်လာတဲ့ ဦးရွှေမန်းတို့ မိသားစုဟာ သမတရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးရဲ့ ပစ်မှတ် ဖြစ်လာနိုင်ပါတယ်။

တကယ်တော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုတာ အသစ်အဆန်းမဟုတ်ပါဘူး၊ စစ်အစိုးရ ခေတ်တလျှောက်လုံး ဖြုတ်ထုတ်ရှင်း ဇာတ်လမ်းတွေရဲ့ အကြောင်းပြချက်ဖြစ်ပါတယ်။ ဗိုလ်ချုပ်သန်းရွှေရဲ့ ပြိုင်ဘက်ကတွေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးအကြောင်းပြချက်နဲ့ ရှင်းပေးခဲ့တဲ့ ဗိုလ်ချုပ်ခင်ညွန့်ဟာ အဂတိလိုက်စားမှု အာဏာဖီဆန်မှု အကြောင်းပြချက်တွေနဲ့ပဲ ဖြုတ်ထုတ်ရှင်း ဇာတ်လမ်းရဲ့ ရာဇ၀တ်သား ဖြစ်ခဲ့ရပါတယ်။ အဲဒီတုန်းက ရှေ့ထွက်မင်းသားကတော့ ဦးရွှေမန်းဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ သူရဦးရွှေမန်းပြောခဲ့တဲ့ တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရ ဆိုတဲ့ စကားကိုတော့ လူတွေ မမေ့ကြသေးလောက်ပါဘူး။

လောလောဆယ်မှာ ဦးသိန်းစိန်အစိုးရရဲ့ အများကြိုက် Populism ပေါ်လစီကို အောက်ခြေ လူထုထောက်ခံမှု ဘယ်လောက်ရှိသလဲဆိုတာကို အတိအကျ ပြောဖို့ ခက်ပါတယ်။ လူလတ်တန်းစားတွေနဲ့ ပညာတတ်တွေကြားမှာတော့ လူထုထောက်ခံမှု သိသိသာသာ ကျဆင်းနေပါတယ်။ တကယ်တော့ လွတ်လွတ်လပ်လပ်တွေးခေါ် စဉ်းစားပြီး စိတ်အပြောင်းအလဲမြန်တဲ့ လူလတ်တန်းစားနဲ့ ပညာတတ်တွေဟာ ဗိုလ်ချုပ်ဟောင်းတဖြစ်လဲ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရကို အစောဆုံး ထောက်ခံခဲ့သူတွေဖြစ်ပါတယ်။

တခြားအများကြိုက် ပေါ်လစီတွေဖြစ်တဲ့ အစိုးရရဲ့ ဆင်းရဲမှု တိုက်ဖျက်ရေးကြွေးကြော်သံအောက်က လယ်သမားတွေကို ချေးငွေတိုးထုတ်ပေးတဲ့ ကိစ္စဟာ ဗျူကရိုကရေစီ ကြိုးနီးစနစ်၊ တခြားသွင်းအားစုတွေနဲ့ အခြေခံအဆောက်အဦတွေနဲ့ အားနည်းတာတွေကြောင့် ထူးမခြားနား ဖြစ်သွားနိုင်ပါတယ်။ ၀န်ထမ်းလစာ အကြိမ်ကြိမ် တိုးတဲ့ ကိစ္စကလည်း ကုန်ဈေးနှုန်းကို ထိန်းမထားနိုင်ရင် အဟောသိကံ ဖြစ်သွားမယ်လို့ တွက်နေကြပါတယ်၊ ဒါတွေဟာ ဦးသိန်းစိန်အစိုးရရဲ့ အများကြိုက်မူဝါဒတွေရဲ့ အစိတ်အပိုင်းတွေချည်းပါပဲ၊

တချိန်တည်းမှာ အောက်ခြေမှာ မြေသိမ်းယာသိမ်း ပြသနာတွေ၊ အလုပ်လက်မဲ့ပြဿနာ၊ အလုပ်သမားအခွင့်အရေး၊ လုပ်အားခ ပြဿနာတွေကို ဖြေရှင်းမပေးနိုင်သေးပါဘူး။ ဒီလို ပြည်သူတွေရဲ့ အခြေခံ လိုအပ်ချက် ပြသနာတွေကို အစိုးရက မဖြေရှင်းနိုင်လေ၊ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ဦးသိန်းစိန်အစိုးရရဲ့ အများကြိုက် မူဝါဒ Populism ပိုပြီးတော့ ပြင်းထန်လာမယ့် သဘောရှိပါတယ်။ အစိုးရရဲ့ မအောင်မြင်တဲ့ပေါ်လစီတွေကို ပြည်သူတွေ မမြင်နိုင်ဖို့ အာရုံလွှဲဖို့ ပြည်တွင်းမှာ နိုင်ငံရေးပြိုင်ဖက်တွေဟာ ပစ်မှတ်ဖြစ်လာနိုင်ပါတယ်၊ ရိုဟင်ဂျာ ပြဿနာကို ပုံကြီးချဲ့လာနိုင်ပါတယ်။ ပြည်ပမှာလည်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် လူသိပ်မသိတဲ့ သတင်းထောက်တွေကနေ တိုင်းမ် မဂဇင်းရဲ့ သတင်းထောက်လို၊ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်လို ပုဂိုလ်မျိုးတွေအထိ ပါလာရင် ဘာမှ မအံ့သြကြပါနဲ့။
Nyi Saw Lwin
(ဓာတ်ပုံ- မှူးဇော် facebook)

၃၀-၃-၂၀၁၄ နေ.လည် (၂း၀၀) နာရီ၊ ရန်ကုန်ပြည်သူ.ဆေးရုံကြီး

ယနေ.နေ.လည် (၂း၀၀) နာရီခန်.က ICU တွင် အရေးပေါ်တက်ရောက်ကုသမှု ခံယူ
နေရသော အဘဦးဝင်းတင်အတွက် ဆေးကုသမှုဆိုင်ရာ အထူးကုဆရာဝန်ကြီးများရဲ.
အစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့ကြကြောင်း ။

အထူးကုဆရာဝန်ကြီးများ၏ သုံးသပ်ချက်အရ လူနာ၏အခြေအနေမှာ တိုးတက်မှု
ရှိကြောင်း၊ သို.သော် စိတ်ကျေနပ်လောက်သည့် တိုးတက်မှုမျိုးလည်းမဟုတ်ကြောင်း၊
မနေ.က ICU သို. ရောက်ရှိလာစဉ် ဆိုးဝါးသောအခြေအနေထက် တိုးတက်မှုများ
ရှိကြောင်း၊ ယနေ.တွင် သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းများ ကောင်းမွန်နေကြောင်း၊
ပိုးမ၀င်ရေးအတွက် ပိုးသတ်ဆေးများပေးထားရာ အဖျားဝင်ခြင်းလည်းမရှိကြောင်း၊
လေပြွန်မှလေရှူထုတ်နိုင်မှုမှာ အနည်းငယ်ကောင်းလာကြောင်း၊ ကိုယ်တွင်းရှိ
အောင်စီဂျင်လှည့်လည်ဝင်ရောက်မှုလည်း အနည်းငယ်ကောင်းမွန်လာကြောင်း။

သို.ဖြစ်ပါသဖြင့် လေပြွန်တပ်ပြီးဆေးထိုးထားသည့် (၇၂) နာရီ ပြည်.အောင်
ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း၊ ပုံမှန်ကုသမှု ကုထုံးများအရဆိုလျှင်
လည်ချောင်းမှလေပြွန်ဖေါက်၍ အသက်ရှူနိုင်အောင် ကုသရမည်ဖြစ်သော်လည်း
ထိုသို.လည်ချောင်းမှလေပြွန်ဖေါက်ရေးအတွက် အသက်အရွယ်ကြီးရင့်နေခြင်းနှင့်
လက်ရှိ အနေအထား တိုးတက်မှုအနည်းငယ်ရှိနေခြင်းတို.ကြောင့် စောလျင်စွာ
မလုပ်ပဲ (၇၂) နာရီ အချိန်ပြည့်ကာနီးအထိ ဆက်လက်စောင့်ရှောက်ကြည့်ရှူမည်
ဖြစ်ကြောင်းသိရှိရပါသည်။

ကျော်စွာမြင့်
(၁၉၈၈-၁၉၉၂ ဗ.က.သ) —

ဘွဲ့ရပြီးရင် ဘာလုပ်မယ် .... ဝမ်းရေးအတွက် ပဲပြုတ်ရောင်းမယ်....ဂျာနယ်ရောင်းမယ်...
ယနေ.ညနေ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ငါးခုမှ အမျိုးသားပညာရေး
ဥပဒေကြမ်းကို ကန့်ကွက်ဆန္ဒပြတွင် Performance ပြသခဲ့သော
ဘွဲဝတ်စုံ နဲ့အလုပ်ကြမ်းလုပ်မယ်၊ ဈေးရောင်းကြမယ် မောင်တို့ မယ်တို့ပြကွက်။

( ဓါတ်ပုံ- ထက်နောင်နောင် )
ယနေ့ညနေ ၃နာရီခန့်က ရန်ကုန်မြို့၊ လှည်တန်းလမ်းဆုံအနီးရှိ ဦးထွန်းလင်းခြံလမ်းတွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ငါးခုမှ ကျောင်းသား(၂ဝ)ကျော်က ပြည်သူ့လွှတ်တော်
တွင် အတည်ပြုထားသည့် အမျိုးသားပညာရေးဥပဒေကြမ်းကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

“အရင်တုန်းက လက်တွဲခဲ့တာက ယုံကြည်ရမယ်ထင်လို့ လက်တွဲခဲ့တာ၊ အခုချိန်မှာတော့ အစိုးရကော လွှတ်တော်ကိုပါ ဘယ်လိုမှ ယုံကြည်လို့မရတော့တဲ့ အခြေအနေရောက်
လာခဲ့လို့ ဒီနေရာမှာ လာရောက်ဆန္ဒထုတ်ဖော်တာပါ”ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်
ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုဇေယျာလွင်က ပြောသည်။

ကျောင်းသားများသည် အမျိုးသားပညာရေးကောင်စီ အလိုမရှိ၊ ပညာရေးလွတ်လပ်ခွင့် ရရှိရေး၊ ဗဟိုချုပ်ကိုင်မှု ကင်းမဲ့ရေး၊ အမျိုးသားပညာရေးဥပဒေ ကန့်ကွက်ကြ၊
ကျောင်းသားသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့် ရရှိရေး၊ NNER နှင့် သုံးပွင့်ဆိုင် တွေ့ဆုံ
ဆွေးနွေးရေး စသည့်အချက်များကို ကြွေးကြော်တောင်းဆိုခဲ့ကြသည်။

အဆိုပါ ဥပဒေကြမ်းသည် နိုင်ငံတော်သမ္မတရုံးကဦးဆောင်သည့် လက်တွေ့ကျသော ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီ(EPCI)က ရေးသားပြီး ပြီးခဲ့သည့် မတ် ၁၃ရက်တွင် လွှတ်တော်သို့တင်သွင်းခဲ့သည့် ပညာရေးဥပဒေမူကြမ်းဖြစ်သည်။

အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး
ဆိုင်ရာကွန်ရက် (NNER)ကလည်း အမျိုးသားပညာရေးကောင်စီ/ကော်မတီနှင့်တကွ ဗဟိုချုပ်ကိုင်မှုကိုကျင့်သုံးသည့် အဆိုပါ ပညာရေးဥပဒေ ကိုဆန့်ကျင်ကန့်ကွက်ကြောင်း မတ်လ ၂၇ရက်က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ - ထက်နောင်နောင်

““လေးစားပြီးသားပါ။ ဆရာကြီးဦးဝင်းတင်နဲ့ တို့နဲ့ ဘာမှ ဖြစ်တာမဟုတ်ပါဘူး။ ကျွန်တော့် သမီးတောင် စိတ်မကောင်း ဖြစ်နေတယ်။ ဆရာကြီးဦးဝင်းတင်နဲ့ တို့နဲ့က ယှဉ်စရာတောင် မရှိပါဘူး…””

news4
ပါတီမှ အနားယူသွားသော ကြံ့ခိုင်ရေး ရပ်ကွက်စည်းရုံးရေးမှူး အနှစ်(၂၀)နီးပါး တာဝန်ထမ်းဆောင်ခဲ့သည့် ဦးထွန်းရှင်(သာကေတ)အား နှုတ်ဆက်အားပေးနေသော ဦးတင်အောင်ကို တွေ့ရစဉ်
ရန်ကုန်၊ မတ်၊ ၂၆
မြန်မာသံတော်ဆင့် (၂)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ ပေးပို့သော သ၀ဏ်လွှာများကို လာရောက် ဖတ်ကြားပေးသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုဥက္ကဋ္ဌ ဦးတင်အောင်သည် လစ်လပ်နေသော ရန်ကုန်တိုင်းဒေသကြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကော်မတီ အကြီးအကဲ နေရာဖြစ်သည့် တိုင်းအတွင်းရေးမှူး ရာထူးအတွက် လျာထားခြင်း ခံထားရကြောင်း ပါတီဗဟိုကော်မတီဝင် ဦးလှထွန်းဦးက မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

ဦးတင်အောင်သည် ကြံ့ခိုင်ရေးအသင်း စတင်ဖွဲ့စည်းစဉ်မှစ၍ မြို့နယ်၊ ခရိုင်၊ တိုင်း၊ အလုပ်အမှုဆောင် အဖွဲ့တို့တွင် အတွင်းရေးမှူး/ အလုပ်အမှုဆောင် တာဝန်များနှင့် ရန်ကုန်တိုင်း ကြံ့ခိုင်ရေး ယာဉ်လိုင်းကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့ပြီး ပထမဆုံး ကြံ့ခိုင်ရေး အထည်ချုပ်လုပ်ငန်း နှင့် တက္ကသိုလ်ဝင်တန်း ပညာဒါန သင်တန်းများ စတင်ဖွင့်လှစ်ခဲ့ကာ ယခင်တိုင်းမှူး(ယခု ၀န်ကြီးချုပ်) ဦးမြင့်ဆွေ ကြီးမှူး ကျင်းပသော ရန်ကုန်တိုင်းယာဉ်လိုင်း အစည်းအဝေးများတွင် ပုံမှန်တက်ရောက်ရပြီး ကြံ့ခိုင်ရေး ဗဟို အလုပ်အမှုဆောင်များ၏ အားကိုး ယုံကြည်မှုကို ခံထားရသူတစ်ဦးလည်း ဖြစ်သည်။ မြန်မာသံတော်ဆင့် (၂)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ၀ါရင့်သတင်းစာဆရာကြီး NLD ပါတီ သဘာပတိ ဟံသာဝတီ ဦးဝင်းတင် မိန့်ခွန်းပြောကြားစဉ်၌ ထပြန်သွားခဲ့ကြောင်း မြန်မာပို့စ် ဂလိုဘယ် သတင်းဂျာနယ်တွင် ရေးသား ဖော်ပြခြင်း ခံခဲ့ရပြီး ယခင်စစ် အစိုးရအမာခံ တစ်ဦးအနေဖြင့် အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်၏ မိန့်ခွန်းသြ၀ါဒကို နာကြားလိုခြင်း မရှိကြောင်း ဝေဖန် ရေးသားခြင်းလည်း ခံခဲ့ရသည်။
news4-1
လွှတ်တော်ဒုဥက္ကဋ္ဌဦးတင်အောင်၊ ဒေါက်တာမြင့်သိန်း(ရန်ကုန်တက္ကသိုလ်)နှင့် အထွေထွေမန်နေဂျာဦးမျိုးမြင့်မောင်(ယခင် စာပေကင်ပေတိုင် တစ်ဦးအဖြစ် နာမည်ကြီးခဲ့သော စာပေစိစစ်ရေးညွှန်ကြားရေးမှူးဟောင်း/ယခုရွှေသွေးဂျာနယ်စာတည်းမှူးချုပ်၊ မျိုးမြတ်မြတ်မြင့်မောင်)တို့ကို မြန်မာသံတော်ဆင့် နှစ်ပတ်လည်ညစာစားပွဲ၌ တွေ့ရစဉ်။

ဟံသာဝတီ ဦးဝင်းတင် မိန့်ခွန်း ပြောကြားစဉ် ရည်ရွယ်ချက်ရှိရှိ ထပြန်ခဲ့ခြင်း မဟုတ်ကြောင်းကို ““ငါက အဲဒီ သဘောမဟုတ်ပါဘူး။ ဆရာကြီး ဦးဝင်းတင်ကို လေးစားပြီးသားပါ။ ဆရာကြီးဦးဝင်းတင်နဲ့တို့နဲ့ ဘာမှဖြစ်တာ မဟုတ်ပါဘူး။ ကျွန်တော့်သမီးတောင် စိတ်မကောင်း ဖြစ်နေတယ်။ ဆရာကြီး ဦးဝင်းတင်နဲ့ တို့နဲ့က ယှဉ်စရာ တောင်မရှိပါဘူး။ တကယ်တော့ သူတို့အမြင် အယူအဆမှားတာပါ။ အခမ်းအနား မစခင်ကတည်းက သွားစရာရှိလို့ စောပြန်မယ်လို့ ကြိုပြီး ခွင့်ပန်ထားပြီးသားပါ”ဟု ဦးတင်အောင်က မြန်မာသံတော်ဆင့်သို့ ဖုန်းဖြင့် ဆက်သွယ်၍ ပြောကြားသည်။

ထိုနေ့တွင် လွှတ်တော်ဒုဥက္ကဋ္ဌ ဦးတင်အောင်နှင့်အတူ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ကိုယ်စား ပုံနှိပ်/ ထုတ်ဝေရေး လုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးမျိုးမြင့်မောင် (ယခင် စာပေကင်ပေတိုင် တစ်ဦးအဖြစ် နာမည်ကြီးခဲ့သော စာပေစိစစ်ရေး ညွှန်ကြားရေးမှူးဟောင်း/ ရွှေသွေးဂျာနယ် စာတည်းမှူးချုပ်၊ မျိုးမြတ်မြတ် မြင့်မောင်)နှင့် မြန်မာစာအဖွဲ့ဝင် ဒေါက်တာထွန်းတင့်တို့လည်း အခမ်းအနားသို့ အတူတကွ တက်ရောက် ခဲ့ကြကာ ဦးမျိုးမြင့်မောင်နှင့် ဒေါက်တာထွန်းတင့် တို့လည်း တာဝန်အရ နေပြည်တော်သို့ သွားရောက်ရန် အခမ်းအနား မပြီးဆုံးမီ ထွက်ခွာသွားခဲ့ကြသည်။

လက်ရှိတွင် ပါတီတွင်း ခေါင်းမာပြီး တိကျစွာ တာဝန်ယူလေ့ရှိသော ရန်ကုန်တိုင်းဒေသကြီး ပါတီ ကော်မတီဝင်နှင့် ပါတီဗဟိုကော်မတီဝင် တာဝန်များ ရယူထားသည့် တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌဦးတင်အောင် သည် ကွယ်လွန်သွားသော ရန်ကုန်တိုင်း ပါတီအတွင်းရေးမှူး ဦးအေးမြင့်၏ နေရာတွင် လျာထားခြင်း ခံထားရသော အခြေအနေနှင့် စပ်လျဉ်း၍လည်း ““ကျွန်တော် တိုင်းအတွင်းရေးမှူး မဖြစ်သေးပါဘူး။ ထင်မြင် ချက်တွေ ဖြစ်ပါလိမ့်မယ်။ အော်ဒါထွက်မှာလည်း မသိသေးဘူး။ အခု ဦးသာဝင်းလည်း အဆင်ပြေပါတယ်။ သူက စီနီယာလည်း ဖြစ်တယ်””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

ရန်ကုန်တိုင်း ပါတီကော်မတီတွင် ကြံ့ခိုင်ရေး စတင်ဖွဲ့စည်းစဉ်က စီနီယာ(၄)ဦး ရှိပြီး ယခုအခါ ဦးသာဝင်း (ယာယီတိုင်းအတွင်းရေးမှူး/ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဦးတင်မောင်ဝင်း (ပြည်သူ့လွှတ်တော် ရေးရာကော်မတီ အတွင်းရေးမှူး)၊ ဦးမင်းသိမ်း (တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)တို့ (၃)ဦး ကျန်ရှိသည်။

ကြံ့ခိုင်ရေး ဖွဲ့စည်းပုံတွင် အဆင့်ဆင့် အတွင်းရေးမှူးများသည် လုပ်ပိုင်ခွင့်အရှိဆုံး နေရာများဖြစ်ပြီး ကြံ့ခိုင်ရေးအသင်း ကောင်းစားစဉ်က အတွင်းရေးမှူးများ၏ မလျော်ကန်သော လုပ်ဆောင်ချက်များကို ခံကြရသည့် ကေဒါအချို့နှင့် အလုပ်အမှုဆောင်များက ““ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် အတွင်းရေးမှူးများ ဖွံ့ဖြိုးရေးအသင်း”" ဟူ၍လည်း ပြောဆိုမှုများရှိခဲ့သည်။ ယခုအခါ ဖွဲ့စည်းပုံအရ တိုင်းပါတီဥက္ကဋ္ဌ ၀န်ကြီးချုပ် ဦးမြင့်ဆွေနှင့် တိုင်းတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း တို့က တိုင်းပါတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များကို တာဝန်ခံထားသည်။

မြန်မာသံတော်ဆင့်


ဘယ် ဘာသာ စကား မဆို...... ဘယ် အရာ မဆို လေ့လာ မှုအား ကောင်း ရင် အောင်မြင် မှာပဲ... ဒီ ဗီဒီယို ထဲ ကအော်ဇီ က လူဆို သေချာ လေ့လာ သင်ယူ လို့ မြန်မာ လို ပြောနိုင်တာ သင်ခန်း စာယူ သင့်တယ်....

Golden Land Myanmar.

ဆရာကြီးဟံသာဝတီဦးဝင်းတင်သည်ဝီတိုရိယဆေရုံးတွင် ဆေးဝါးကုသနေရာမှ သက်သာမှုမရှိရန်ကုန်ဆေးရုံကြီးတွင် မတ်လ 29 ရက်နေ့ 12 ၀န်ကျင်းခန့်က ပြောင်းရွှေ့ကုသနေကြောင်း သိရသည်။

ဟံသာဝတီဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်ဒေါက်တာမြင့်သိန်းက “အန်ကယ်၏ အခုအခြေအနေအရ အသက်ရှုရပ်တတ်တာပေါ့၊ အသက်ရပ်တက်တော့ ပါးစပ်ထဲက ပိုက်ထည့်ထားရတယ်။ အဲဒီအခါကျတော့ လေကထွက်မှာစိုးတော့ သူ့ကိုငြိမ်အောင် ဆေးသွင်း ထားတယ်။ သွားကြည့်တော့ လှုပ်ချင်မှလှုပ်လိမ့်မယ်၊ အဲဒါကို သိပ်ကြောက်စရာမလိုဘူး။
ပိုက်ထည့်ထဲ့ ပြီး အသက်ရှုမောင်းရတာကို ၇၂ နာရီ မောင်းရတယ်။ ၇၂ နာရီအတောအတွင်းမှာ သူအခြေအနေကောင်းမလား၊ ဆိုးလားမလား တစ်ချက်ကြည့်ရမယ်။ တစ်ခုစိုးရိမ်စရာရှိတာက နံပတ်(၁) သူက အရမ်းအသက်ကြီးနေပြီ။ (၂) သူက အဆုပ်ပွရောဂါရှိတော့ အဆုပ်အအေးမိတာတွေ ပိုးဝင်ပြီးတော့ ဖျားလာနိုင်တယ်။ နှလုံးက နောက်တစ်ခါထပ်ဖောက်လာမယ်။
အသက်အန္တရာယ်ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့က ဒီအခြေအနေမှာတော့ မခန့်မှန်းနိုင်ဘူး။ ရာခိုင်နှုန်းလည်း မပြောနိုင်သေးဘူး။ ပိုးဝင်လာရင်း မကောင်းဘူး။ ပိုးမ၀င်လာခဲ့ရင် ကောင်းတယ်။ အဲဒီတော့ ပိုးမ၀င်လာအောင်ပဲ ဆုတောင်းရမှာ။ အခုထိတော့ ပိုးဝင်လာမှာစိုးလို့ ပိုးသက်ဆေးလည်း ပေးထားတယ်။ သွေးပေါင်ချိန်က ၁၅၀/၇၀၊ နှလုံးခုန်နှန်းက ပုံမှန် (၆၀)ရှိတယ်။ လိုတာတွေ အားလုံး ကိုတော့ လုပ်ပေးထားတယ်။ အရေးပေါ် ဗိုက်တွေ၊ ဘာတွေ ခွဲစိတ်တာတွေရတာတော့ မရှိဘူး။

အခြေအနေကိုလည်း သေချာမခန့်မှန်းနိုင်သေးဘူး။ ၇၂ နာရီအထိ စောင့်ကြည့်ရမယ်။ ၇၂နာရီပြည့်မှ အခြေအနေကို ပြောပြနိုင်မယ်” ဟု ဆိုသည်။

ရန်ကုန်ဆေရုံကြီးသို့ ဒေါက်တာတင်မျိုးဝင်း၊ NLD မှ ဦးဥာဏ်ဝင်း၊ ၈၈ မှ ကိုမြအေး၊ ကိုမင်းကိုနိုင်၊ ကိုဂျင်မီတို့ အပါအ၀င် ဟံသာဝတီဦးဝင်း၏ လုပ်ဖော်ကိုင်ဖက်များ လာရောက်ကြည့်ရှုကြသည်။

လင်းလင်းအောင်

ပုံစာ - ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်ရှေ့တွင် ဒေါက်တာမြင့်သိန်းမှ မီဒီယာများအား ရှင်းလင်းပြောကြားစဉ်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)





ဒီနေ့မနက်မှာဆရာတော်ဦးဝီရသူနဲ့ကျွန်တော်မီကာဆာဟိုတယ်မှာ

တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။တွေ့ချိန်တိုတောင်းပေကျွန်တော်တို့ရဲ့
ဆွေးနွေးမှုဟာကျယ်ပြန့်ပြီးအပြုသဘောဆောင်ပါတယ်။ဆရာတော်
ရောကျွန်တော်ပါတိုင်းပြည်မှာဖြစ်ပွားနေတဲ့ပဋိပက္ခတွေကိုချုပ်ငြိမ်းစေ
လိုတဲ့ဆန္န၊ငြိမ်းချမ်းစေလိုတဲ့ဆန္နအပြည့်အဝရှိပါတယ်။

တိုင်းပြည်အေးချမ်းရေးအတွက်နှစ်ဦးသဘောတူကြေညာချက်တစ်ခု
ကိုလည်းထုတ်ပြန်နိုင်ခဲ့ပါတယ်။ဗုဒ္ဓဘာသာဝင်တွေနဲ့အစ္စလာမ်
ဘာသာဝင်မြန်မာနိုင်ငံသားတွေအကြားအထင်အမြင်လွဲမှားမှုတွေကို
ပပျောက်သွားအောင်တဖြည်းဖြည်းချင်းနားလည်မှုရရှိအောင်
ဆောင်ရွက်သွားဖို့ကျွန်တော်တို့ကြိုးစားသွားမှာပါ။ကျွန်တော့ကို
ရင်းရင်းနှီးနှီးနွေးနွေးထွေးထွေးဆက်ဆံတဲ့ဆရာတော်ဦးဝီရသူကို
ကျွန်တော်လေးမြတ်စွာကျေးဇူးတင်ပါတယ်။

Commentဝင်ရေးကြမဲ့ညီအစ်ကိုမောင်နှမတွေကိုမေတ္တာရပ်ခံချင်ပါတယ်။
တဖက်နဲ့တဖက်အမြင်စောင်းစေမဲ့၊ပဋိပက္ခအသွင်ဆောင်စေတဲ့
အရေးအသားမျိုးကိုရှောင်ရှားပြီးအပြုသဘောဆောင်တဲ့အကြံ
ပေးချက်များ၊ဝေဖန်ချက်များကိုသာရေးသားပေးဖို့အနူးအညွတ်
မေတ္တာရပ်ခံပါတယ်။

ကို မြ အေး
၈၈ ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ

"တစ်ဦးချင်းအတွက်၊ ပါတီတစ်ခုအတွက်၊ အဖွဲ့အစည်းတစ်ခုအတွက်၊ တိုင်းရင်းသား လူမျိုးစုတစ်ခုအတွက်၊ တပ်မတော်အတွက် ရေးဆွဲပြဌာန်းထားတဲ့မူ မဟုတ်ဘူး၊ ဒါ့ကြောင့်ထောက်ခံဆန္ဒမဲပေးသူ ၉၂.၄၈ ရာခိုင်နှုန်းရဲ့ ဆန္ဒကို လေးစားရမှာဖြစ်တယ်၊ "လို့ဆိုသွားတယ်

၂၀၀၈အခြေခံဥပဒဟာပြည်သူထောက်ခံဆန္ဒမဲ ၉၂.၄၈က အတည်ပြုခဲ့တယ် ဆိုတာမှန်ရဲ့လား ။လူ၁၀၀မှာ ၉၂ယောက်လောက်ကအတည်ပြုခဲ့တယ်ဆိုတာလူတိုင်းစေ့နီးပါးသဘောတူတယ်သဘောပေါ့နော်။ဒါဆိုရင်

၁။ ဒီအခြေခံဥပဒေအတည်ပြုတဲ့ အချိန်မှာမြန်မာပြည်မှာ နာဂစ်မုန်တိုင်းကြီးတိုက်ပြီး မြစ်ဝကျွန်းပေါ်မှာ လူသိန်း နဲ့ချီသေပြီးသန်းနဲ့ချီအိုးမဲ့အိမ်မဲ့ဖြစ်နေတုံး ဒုက္ခရောက်နေသူတွေကို မကယ်ဘဲကိုယ့်လူမျိုးတွေသေပါစေ အခြေခံဥပဒေဆန္ဒခံယူပွဲကိုတော့ ရက်အရွေ့နိုင်ဘူးလို့ လုပ်ခဲ့တာကို ၉၂.၄၈က ထောက်ခံခဲ့ပါတယ်လို့ ပြောရဲတာအတော် အရှက်ကင်းမဲ့တဲ့ စကားဘဲလို့ ယူဆမိပါတယ်။

၂။ ယနေ့အခြေခံဥပဒေပြောင်းလဲပေးရေးကို မြို့နယ်တွေ၊ တိုင်းတွေ၊ပြည်နယ်တွေမှာ ဘာလို့ပြည်သူတွေက အုံးအုံးကြွက်ကြွက်တက်တက်ကြွကြွတောင်းဆိုနေကြလဲ? သူတို့ထောက်ခံမဲပေးလို့ အတည်ပြုခဲ့ပါတယ်ဆိုရင် ဒီလူတွေက ဆန့်ကျင်ဆန္ဒပြကြပါ့မလား? ဆန္ဒခံယူပွဲလုပ်တုံးက အခုလိုမိမိဆန္ဒကို လွတ်လပ်စွာထုတ်ဖေါ်ခွင့် ရှိခဲ့လို့လားလို့ တပ်ချုပ်ကိုမေးချင်ပါတယ်။

၃။ တပ်မတော်သား၂၅% ရွှေကောက်ပွဲဝင်စရာမလိုဘဲ လွှတ်တော်မှာလာထိုင်ပြီး ဆုံးဖြတ်မှုတွေမှာ မဲပေးခွင့်ဟာ အခွင့်အရေးယူတာ မဟုတ်ဘူးလား? တပ်ချုပ်ကသာကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးတွေကိုခန့်ခွင့်ရှိတယ်ဆိုတာ အခွင့်အရေးယူတာ မဟုတ်ဘူးလား? တပ်ချုပ်ကသာကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှာ ပါတဲ့၁၁ဦးထဲက ၅ဦးကိုရွေးချယ်ခွင့်ပေးထားတာ အခွင့်အရေးယူတာ မဟုတ်ဘူးလား? ။

၎။ အခြားမပြောလိုပါဘူး တပ်ချုပ်ကြီးကိုစိမ်ခေါ်ချင်ပါတယ်။ ပြည်သူကြားမှာမပြောနဲ့တပ်တွင်းမှာဘဲ အခန်းတွေကိုလုံလုံခြုံခြုံကာပြီးချိမ်းခြောက်မှုမပါဘဲ အခြေခံဥပဒေပြင်သင့်မပြင်သင့်ဆန္ဒမဲခံယူကြည့်ပါ။ ဘယ်လိုတပ်က ရဲဘော် အကြပ်တပ်သားတွေက ဆန္ဒမဲပေးကြမလဲဆိုတာ တပ်ချုပ်ကြီး မျက်ဝါးထင်ထင် တွေ့ရပါလိမ့်မယ်။ ပြည်သူတွေအပြင် ရဲဘော်တွေကအစ ဘယ်လိုဆန္ဒရှိနေကြတယ် ဆိုတာ ဖေါ်ထုတ် ကြည့်ပါလို့ အကြံပြုစိမ်ခေါ် လိုက်ပါတယ်။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)


အမျိုးသမီးတစ်ဦးအပါအ၀င် မီတာခလျှော့ချပေးရေး ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်သူ ၄ဦးကို ရဲတပ်ဖွဲ့အင်း ၁၀၀နီးပါးလောက်နဲ့တားဆီးပြီး အင်အာသုံး ဖမ်းဆီးခေါ်ဆောင်သွားမှုမြင်ကွင်း။

လျှပ်စစ်မီတာခ လျှော့ချပေးရေးအတွက် မန္တလေးမြို့ ၃၃လမ်း ၇၈လမ်းဒေါင့် ဒိုင်းမွန်းပလာဇာနားမှာ မတ်လ ၂၇ရက် အခုညနေပိုင်းက ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်သူ ၄ဦးကို ရဲတပ်ဖွဲ့ အင်အား ၁၀၀နီးပါးလောက်က တားဆီးခဲ့ပါတယ်။ အဲဒီ့နောက် ဆန္ဒထုတ်ဖော်သူ ကိုသိန်းအောင်မြင့်၊ ကိုစောလှအောင်၊ ကိုကျော်မျိုးထွန်းနဲ့ မခက်ခက်ဇော်တို့ကို ပြည်သူ့ ရဲတွေက ဆန္ဒဖော်ထုတ်နေစဉ် ည ၆နာရီခွဲကျော်မှာပဲ အင်အားသုံး ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဆန္ဒထုတ်ဖော်ခဲ့သူတွေဟာ "စီမံခန့်ခွဲမှု နှင့် အုပ်ချုပ်မှု ညံ့ဖျင်းသော ပြည်ထောင်စုအစိုးရ အလိုမရှိ၊ ပြည်သူနှင့် ပြည်သူ့ဝန်ထမ်းအပေါ် စာနာစိတ်မရှိသော ပြည်ထောင်စုအစိုးရ အလိုမရှိ၊ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံခြင်း အလိုမရှိ၊ ၂၄နာရီ လျှပ်စစ်မီးအပြည့်ဝရရှိရေး ဒို့အရေး" ဆိုတဲ့ အချက်လေးချက်ပါ စာရွက်တွေကိုလည်း ဝေဌခဲ့ကြပါတယ်။

Credit : DVB

Civil War and 2008 Law by ThanHtut


ပြည်ထောင်စုနှင့် ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာဆောင်းပါးများစာအုပ်ဟာ လူတိုင်းဖတ်ရူလေ့လာသင့်တဲ့စာအုပ်ကောင်းအဖြစ်ပြည်တွင်းမှာထုတ်ဝေခဲ့ပါတယ်..ON Lineပေါ်ရှိ မိတ်ဆွေများဖတ်ရူနိုင်စေရန် တင်ပေးလိုက်ပါတယ်။ မြန်မာပြည်က မိတ်ဆွေ ကိုခိုင်ခန့်ကြိုးစားပမ်းစားပို့ပေးလိုက်တဲ့အတွက် လောလောဆယ် စိမ်းမြင့် (မန္တလေး)ရေးသားတဲ့ ဗိုလ်ချုပ်မှူးကြီး အုတ်ခဲနှင့် ပြင်-သစ်ပြဿနာနဲ့ ခမ်းဝင်းရေးသားတဲ့ ၂၀၀၈ဖွဲ့စည်းပုံနဲ့ ငြိမ်းချမ်းရေးဘာရွေးမလဲ ဆောင်းပါးကို ဗဟုသုတရစေရန် တတ်နိုင်သလောက်ပြည်သူအများသိရှိနိုင်စေအောင် ရှယ်ပေးစေချင်ပါတယ်..မကြာမှီ စာအုပ်တအုပ်လုံးကိုလည်း pdfဖိုင်အဖြစ် ONLINEမှာ ထုတ်ဝေဖြန့်ချီသွားပါ့မယ်....


ဖွဲ့စည်းပုံကို အချိန်အခါနဲ့မလျော်ညီလို့ ပြင်ဆင်ဖို့လိုအပ်လာရင် အခန်း၁၂ပါ ပုဒ်မ ၄၃၆အတိုင်း ဆောင်ရွက်ပါလို့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ၆၉နှစ်မြောက် တပ်မတော်နေ့မှာ ပြောဆိုလိုက်ပါတယ်။ ဒါဟာ တပ်မတော်ရဲ့သဘောထားလား။

၂ဝဝ၈ ဖွဲ့စည်းပုံဟာ ပါတီ၊ အဖွဲ့အစည်း၊ လူမျိုးတစ်မျိုးနဲ့ တပ်မတော်အတွက် ပြဌာန်းခဲ့တာမဟုတ်ဘဲ ပြည်သူ ၉၂.၄၈ ရာခိုင်နှုန်းရဲ့ဆန္ဒကို လေးစားဖို့လိုတယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ရေးပြအခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

အရင်တုန်းက တပ်မတော်သာအမိ၊ တပ်မတော်သာအဖဆိုတဲ့လမ်းစဉ်ကို တစိုက်မတ်မတ် ယုံကြည်ခဲ့ရာ ကနေ အခုတော့ တပ်မတော်သားတွေဟာ ပြည်သူကို အမိအဖသဖွယ်သဘောထားဖို့နဲ့ ဒီမိုကရေစီ တည်ဆောက်ရေးမှာ ပြည်သူနဲ့ပူးပေါင်းဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုပါတယ်။ လက်ရှိမြန်မာစစ်တပ်ဟာ တိုင်းရင်းသားလူမျိုးတွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု တပ်မတော်ဖြစ် ပြီးသားလို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

တိုက်လေယာဉ်တွေ၊ တင့်ကားတွေနဲ့ စစ်ကြောင်းသရုပ်ဖော်တဲ့ စစ်ရေးပြအခမ်းအနားကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်းတက်ရောက်ခဲ့ပါတယ်။ အရင်စစ်အာဏာ ရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေချမှတ်ပေးခဲ့တဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ် ကို တပ်မတော်ကို အကောင်အထည်ဖော်သွားမယ်လို့ ပြောဆိုခဲ့ပြီး ထူးခြားတဲ့ပုံသဏ္ဍာန်အဖြစ် နိုင်ငံတကာက အသိအ မှတ်ပြုခံထားရတယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ဗိုလ်ချုပ်နေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီးသန်ရွှေတို့ဟာ ပြည်သူအပေါ် အမိအဖသဖွယ် သဘောထားခဲ့တယ်လို့လည်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။
ုkamayut media

( ယနေ.ထုတ် Tomorrow သတင်းဂျာနယ်အမှတ်(၅)တွင်လည်း
ပေးစာတစ်စောင် အနေဖြင့် ဖော်ပြထားပါတယ် )

တီဗီ programmer တစ်ခုမှာ presenter လုပ်နေတဲ့ကောင်မလေး တစ်ယောက်
အကြောင်းကို ကြားခဲ့တာကျွန်တော် တော်တော် စိတ်မကောင်းဘူး။

ဇာတ်လမ်းတိုရိုက်ကူးရေးမှာ သူကိုပါဝင်ဖို့ဆိုပြီး သူဌေးက ဇာတ်ညွှန်းမိတ္တူ တစ်ခု
ပေးလိုက်တယ်။ ဖြစ်ချင်တော့ အဲတလောမှာပဲ တိုက်တိုက်ဆိုင်ဆိုင် သူလည်း
သူချစ်သူနဲ့ ခိုးရာလိုက်သွားတယ်။. အဲအချိန်မှာဇာတ်ညွှန်းမိတ္တူကိစ္စကိုသူလည်း
မေ့နေလောက်ရောပေါ့။

သူတို့်အားလုံးအဆင်ပြေလို့အိမ်လည်းပြန်ရောက်ကောကျောက်တံတားရဲစခန်းက
ခဏလာတွေ့ပါဆိုပြီးဖုန်းဆက်တယ်လေ။ဘာကိစ္စမှန်းရေရေရာရာ မသိပဲ
သူတို့လည်းသွားလိုက်ပါတယ်။စခန်းလည်းရောက်ကော စခန်းမှုးက ဘာမှမပြောပဲ လက်ထိပ်ခတ်ပြီး အချုပ်ထဲ တန်းထည့်လိုက်ရော။သူတို့လည်းဘာကိစ္စကြောင့်
သူ့ကိုဖမ်းလည်း လို့လည်းမေးကောစခန်းမှုးကဇာတ်ညွှန်း မိတ္တူ ပါသွားလို
့ဖမ်းတယ်လို့ပြောတယ်။

ဖြစ်ချင်တော့ သူတို့ထွက်သွားလည်းကြာသွားပြီဆိုတော့အိမ်မှာကျန်ခဲ့တဲ့စာရွက်တွေ
ကလည်း ချတွေလည်းစား အရေးမကြီးလောက်ဘူးဆိုပြီး သူ့အမေကလည်းမသိပဲ
ပစ်လိုက်မိတယ်။

အကျိုးအကြောင်းလည်းသူတို့သူဌေးကိုတောင်းတောင်းပန်ပန်ပြောတာကိုလည်း
သူတို့သူဌေးကလက်မခံဘူးတကယ်ဆို ဇာတ်ညွှန်းက မှုရင်းလည်းမဟုတ်ပါဘူး.. မိတ္တူ ပါ..သူရောင်းစားလိုက်တာလည်းမဟုတ်ပါဘူး...တကယ်ကို တိုက်တိုက်
ဆိုင်ဆိုင်ဖြစ်ခဲ့တာပါ။

ဒီနေ့နဲ့ဆို အချုပ် မှာ ၁ပတ်ရှိသွားပါပြီ အာမခံလည်းမရပါဘူးကျွန်တော်နဲ့ကျွန်တော်
တို့သူငယ်ချင်းတွေသူ့ သူဌေးကိုသွားဆွေးနွေးပါသေးတယ်။သူ့ သူဌေးပြောပုံက
” ကားတစ်စီးဝယ်ပေးမှကျေနပ်ပါမယ် ” တဲ့။

တကယ်ဆို ဒီကိစ္စက ဒီလောက်ထိ ဖြစ်ဖို့လည်းမသင့်ပါဘူး လျော်ကြေးယူရင်
လည်းယူ..မယူရင်လည်းအလုပ်ထုတ်ရင်လည်းထုတ်.. တစ်ခုခုလုပ်လို့ရပါတယ်။
ကောင်မလေးအသက်က၂၁ နှစ်ပဲရှိပါသေးတယ်။ဒီလိုအသက်အရွယ်မှာ
အခုအဖမ်းခံရတော့သူလည်း တော်တော်ရှက်မှာပဲလေနောက်ဆုံးမတတ်နိုင်တဲ့
အဆုံး အချုပ်ထဲမှာ ဘယ်လိုမှမထားချင်လို့ကတကြောင်းသူစိတ်ထိခိုက်ပြီး ကျန်းမာရေးမကောင်းမှုကတကြောင်းနောက်ဆုံးရန်ကုန်ဆေးရုံကြီးမှာတင်ထား
ရပါတယ်။

ဆေးရုံရောက်တော့လည်းသူတို့လုပ်ပုံက လက်ထိပ်ခတ်ရုံတင်မကပါဘူး
သံကြိုးနဲ့ပါထက်ချီထားပါသေးတယ် မိန်းကလေးတစ်ယောက်ကိုထိန်းတာ
ကို ရဲ လေးယောက်နဲ့ထိန်းထားပါတယ်။

အပေါ့အပါးသွားချင်တောင်ရှက်လို့သူခမျာမပြောရဲရှာပါဘူးနိုင်ငံရေးလုပ်တာလည်း
မဟုတ်ပါဘူး လူသတ်မှုလည်းမဟုတ်ပါဘူးဒါကိုဒီလောက်အငြိုးကြီးကြီး
လုပ်ပုံထောက်တော့သူ့ သူဌေးမှာဘာအကြံအစည်များရှိနေလဲ မသိပါဘူးဗျာ။

တကယ်တမ်းတော့ နှမချင်းကိုယ်စာတတ်ရင် ဒါလုံးဝမဖြစ်သင့်ပါဘူး ကျွန်တော်
သိသလောက်တော့ ရဲစခန်းက ခဏဆိုပြီး ခေါ်တွေ့ပြီးတစ်ခါတည်းဖမ်းချုပ်လို့
မရပါဘူး ။ သူတို့လုပ်ပုံက အရင်ခေတ်ထောက်လှန်းရေးတွေ ခဏဆိုပြီးခေါ်ပြီး ဖမ်းချုပ်ထားသလိုပါပဲဒါဘယ်လိုမှမတရားမှန်းသိကြမှာပါ။လက်ရှိတော့
ရန်ကုန်ဆေးရုံကြီးမှာ ရှိပါသေးတယ် တဲ့။

သတင်းတင်ပြသူ- Cobra NL.


တပ်မတော်နေ့ကျရောက်မည့်ရက် နီးကပ်လာချိန်တိုင်း လွတ် လပ်ရေးရယူပေးခဲ့သည့်ဂုဏ်ကျေးဇူးအား အောက်မေ့ဖွယ်အဖြစ် တီဗီဖန်သားပြင်ပေါ်ကနေ နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုတို့အား ရုပ်ရှင်ဇာတ်ကားများကို တပ်မတော်နေ့ဂုဏ်ပြု အစီအစဉ်အနေနှင့် ထုတ်လွှင့် ပြသခဲ့ပါသည်။ ထိုသို့ တပ်မ တော်ဂုဏ်ပြုအစီအစဉ်အဖြစ်

ထုတ်လွှင့်ပြသသည့် ရုပ်ရှင်ဇာတ်ကားများထဲတွင် မင်းသားကျော် သူပါဝင် သရုပ်ဆောင်ထားသည့် ဇာတ်ကားများလည်း ပါဝင်ခဲ့ပါသည်။ ထိုကြောင့် စစ်သည်ဇာတ်ကောင်ဇာတ်ရုပ်နှင့် အများပြည်သူများကြည့် ရှုခြင်းခံခဲ့ရဖူးသူ ရုပ်ရှင်မင်းသား ကျော်သူတစ်ဖြစ်လဲ နာရေး ကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌဖြစ်သူ ဦးကျော် သူနှင့် တွေ့ဆုံခိုက် တပ်မတော်နေ့၊ တပ်မတော်ရုပ်ရှင်ဇာတ်ကား၊ တပ်မတော် အပေါ်အမြင်တို့ မေးမြန်းဖြစ်ခဲ့သည်။

မေး- ဦးကျော်သူအနေနဲ့ ဖြတ်သန်းလာခဲ့တဲ့ ကာလ တစ်လျှောက် မြန်မာနိုင်ငံရဲ့ အထင်ကရနေ့တစ်နေ့ဖြစ်တဲ့ တပ်မတော်နေ့နဲ့ ပတ်သက်ပြီး ဘယ် လိုထင်မြင်ယူဆမိပါသလဲ။

ဖြေ- တပ်မတော်နေ့ဆိုတာ တပ်မတော်သမိုင်းကို ကြည့်ရမှာပဲ။ ကျွန်တော်အနှစ် ၂ဝ လောက် ဖြတ်သန်းလာခဲ့တဲ့ ရုပ်ရှင်လော ကကတည်းက နှစ်တိုင်း၊ နှစ်တိုင်းကို တပ်မတော်နေ့ ဂုဏ်ပြု ဇာတ်ကားတွေ ရိုက်တယ်ဆိုရင် ဗကပနဲ့ တိုက်တယ်။ KIA နဲ့တိုက် တယ်။ KNU နဲ့ တိုက်တယ်။ ဒါတွေချည်းပဲ ရိုက်ခဲ့ရတယ်။ အဲဒီတော့ တပ်မတော်က

တပ်မတော်ရဲ့သမိုင်းကိုဘာတွေလုပ်ခဲ့လဲ။ ဒီနှစ်တပ်မတော်နေ့ဆို တပ်မတော်က ဘာတွေလုပ်တယ်ဆိုတဲ့သမိုင်းကို ဖော်ထုတ်ဖို့ပဲ အရေးကြီးတယ်။ သမိုင်းကိုလိမ်လို့လည်း မရဘူး။ လိမ်တယ် ဆိုရင်လူတိုင်းသိတယ်။ လိမ်လို့မရတဲ့ကိစ္စကို အမှန် တရားတွေသာဖော်ထုတ်ဖို့ အရေးကြီးတယ်။ တပ်မတော်နေ့ ဆိုတာ တော်လှန်ရေးနေ့လို့လည်း ပြောတယ်။ နာမည် ကိုအဓိကမထားဘဲနဲ့ တပ်မတော်က ပြည်သူလူထုအပေါ် ဘယ်လိုကာကွယ်ခဲ့တယ်။ တိုင်းပြည်ကို ဘယ်လို ကာကွယ်စောင့် ရှောက်ခဲ့တယ်ဆိုတာသာအဓိက ဖြစ်တယ်။

မေး- တပ်မတော်နေ့နဲ့ ပတ်သက်ပြီး ရိုက်ခဲ့ဖူးတဲ့ ဇာတ်ကား အမှတ်တရတွေကို သိချင်ပါတယ်။ အဲဒီကာလတွေတုန်းက အနုပ ညာသမားတစ်ယောက် ရဲ့ ရပ်တည်မှုအခြေအနေကကော ဘယ်လိုရှိခဲ့ပါသလဲ။

ဖြေ - အရင်တုန်းက အမှတ်တရဆိုရင် ကျွန်တော်တို့ "တိမ်ကောနော်ဂျာ" တို့၊ " လှလေးစိန်" တို့ရိုက်ခဲ့တယ်။ လှလေးစိန်ကတော့ ပြင်ဦးလွင်မှာ ရိုက်ခဲ့လို့ ပြဿနာမရှိဘူး။
တိမ်ကောနော်ဂျာဆို ကချင်ပြည်နယ်။ အဲဒီတုန်းက လုံးဝ အနက်ရောင်နယ်မြေ။ ကျွန်တော်တို့သွားပြီး သက်စွန့်ဆံဖျား ရိုက်ခဲ့ရတယ်။ လုံခြုံရေးဆိုကိုယ့်ကို သေနတ်ပေးထားတယ်။ ကျည်ဖြည့် ပေးထားတယ်။

ကိုယ့်လုံခြုံရေး ကိုယ့်ဘာသာကိုယ်ယူထား။ ကျော်သူ ခေါင်း တစ်ခေါင်းဘယ်လောက်၊ မောင်တင်ဦးခေါင်း တစ်ခေါင်း ဘယ်ေ လာက် ဒါမျိုးတွေ ထုတ်ထားပြီးပြီ။ အဲဒီလိုသက်စွန့်ဆံဖျား လနဲ့ ချီပြီးကျွန်တော်တို့သွားရိုက်ခဲ့ရတယ်။ အဲဒီတော့ ကျွန်တော် တို့ဘက်ကလည်း ပေးဆပ်နေရတာပဲ။

ဒီဟာတွေက ကျွန်တော်တို့ လုပ်ခဲ့ရတဲ့အပိုင်းကလည်း လုပ်ခဲ့ရတယ်။ ခိုင်းလို့လုပ်တာလည်း ရှိတယ်။ တချို့က လုပ်ချင်လွန်းလို့ လုပ်တာရှိတယ်။ တချို့က အခွင့်အရေးရချင်လို့လုပ်တာ တွေရှိတယ်။ ဒါက အနုပညာသမားတွေရဲ့ကဏ္ဍ။ အနုပညာသမားတွေ အနေနဲ့လည်း ကိုယ့်မှာ ဦးနှောက်ရှိတယ်။ ကိုယ်ဘာလုပ်သင့်လဲ။
လုပ်သင့်ရင်လုပ်၊ မလုပ်သင့်ရင်မလုပ်နဲ့။ ဒါပဲရှိတယ်။

မေး- အများပြည်သူက ချစ်ခင်လေးစား၊အားထားရတဲ့ ပြည်သူ့ တပ်မတော်ဖြစ်ဖို့ဘယ်အရာက အရေးကြီးမယ်လို့ ထင်မြင်မိပါသလဲ။

ဖြေ - တပ်မတော်ဆိုတာ ဟိုးအရင် ကျွန်တော်ရုပ် ရှင်ရိုက်ခဲ့တုန်းကပြောခဲ့ဖူးတယ်။ တပ်မတော်နေ့ရုပ်ရှင် ကားရိုက်တယ်။ ကြံ့ခိုင်ရေး နှစ်ပတ်လည်ကား ရိုက်တယ်။ ရိုက်တဲ့အခါ ကျွန်တော်တို့ကို အစည်းအဝေးခေါ်တယ်။ ဘာပြော ချင်လဲ။ ကျွန်တော်ကပြောတယ်။ ယူနီဖောင်းကို ပြည် သူတွေချစ်အောင်၊ အားကိုးအောင်၊ ယုံကြည်အောင် လုပ်ဖို့အရေးကြီးတယ်။

ဥပမာ-လှလေးစိန်ဆိုရင် တပ်မတော်သားတစ်ယောက်ရဲ့ တကယ့်လက်တွေ့ ဖြစ်ခဲ့တဲ့ဟာတွေ။ စစ်တပ်ထဲမဝင်ခင် အပြင်မှာ ဂေါ်လီလိုနေတယ်။ လမ်းသရဲလိုနေတယ်။ တပ် ထဲရောက်တော့လည်းကမောက်ကမတွေ ဖြစ်တယ်။ သေနတ်ပစ်တဲ့
နေရာမှာ၊ လက်ပစ်ဗုံးပစ်တဲ့နေရာမှာ အလွဲလွဲ၊ အမှား မှားတွေဖြစ်တယ်။

ဒါလူတစ်ယောက်ရဲ့ ဘဝကိုဖော်ကျူးတာ။ စစ်တပ်ထဲမှာလည်း ဒီလိုဟာမျိုးတွေရှိ တယ်။ ဒါပေမဲ့ နောက်ဆုံး ဒီကောင်အနစ်နာ ခံပြီးတော့ အသေ ခံသွားတယ်။ ဒီဟာလေးကို ပြလိုက်မယ် ဆိုရင် ပြည်သူက အလိုလိုနေရင်းဇာတ်ကောင်ကို ချစ်သွားမယ်။ ဇာတ်ကောင်ကို ချစ်သွားမယ်ဆိုရင် ဇာတ်ကောင် ရဲ့ကာရိုက်တာကို ချစ်သွားမယ်။

ဇာတ်ကောင်ကာရိုက်တာကို ချစ်သွားမယ်ဆိုရင် ကိုယ်ဖော်ကျူးချင်တဲ့ တပ်မတော်သားပဲ ဖြစ်ဖြစ်၊ ကြက်ခြေနီပဲဖြစ်ဖြစ်၊ မီးသတ်ပဲဖြစ်ဖြစ် ယူနီဖောင်းကို ချစ်သွားမယ်။ ယူနီဖောင်းချစ်အောင်လုပ်ဖို့ အရေးကြီးတယ်။

မေး- နောက်ပိုင်းမျိုးဆက်သစ်တွေအနေနဲ့ တပ်မတော်နေ့ဖြစ် တည်လာပုံတွေကို ဂဃနဏ မသိကြတော့ဘဲတန်ဖိုးထား ရ ကောင်းမှန်းမသိတဲ့အနေအထား တွေ ဖြစ်လာပါတယ်။ ဒီလိုအခြေ အနေမှာဘယ်လိုပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်သင့်တယ်လို့ ထင်မြင်မိပါသလဲ။

ဖြေ- နိုင်ငံတော်အစိုးရအပေါ်မှာပဲ မူတည်ပါတယ်။ အစိုးရက တကယ့်ကို အမှန်အကန်တွေချပြမှ၊ ပြည်သူ တွေလက်ခံနိုင်တဲ့ သမိုင်းအစစ်အမှန်တွေကို ဖော်ကျူးပြနိုင်မှ မျိုးဆက် သစ် တွေကလည်းသိမယ်။ အခုဆို ကလေးတွေအနေနဲ့ တပ်မတော်နေ့ဆိုတာ ဘာမှန်းမသိဘူး။ သီဟတင်စိုးဂျပန်တွေနဲ့ တိုက်နေတယ်။ သီဟတင်စိုးနေ့လား။

ဒါမျိုးတွေဖြစ်လာတယ်။ တပ်မတော်နေ့ဆိုတာ ဂျပန်တွေကို လည်းတိုက်လာတယ်။ အင်္ဂလိပ်တွေကိုလည်း တိုက်လာတယ်။ သမိုင်းအစစ်တွေကိုဖော်ကျူးဖို့ အရေးကြီးတယ်။

အဲဒီတော့ မြန်မာပြည်မှာက နေ့ထူး၊ နေ့ မြတ်တွေဆိုရင် နှစ်ပေါက်၊ ရက်ပေါက်ကို ဖြစ်နေပြီ။ ဘယ်နေ့ တွေပဲဖြစ်ဖြစ် အကုန် လုံးပေးဆပ်ခဲ့ရတယ်။ အနစ်နာခံခဲ့ရတယ်။ အသက် စွန့်ခဲ့ရ တဲ့နေ့ တွေအများကြီးပဲ။ အဲဒီနေ့တွေကို ဖော် ကျူးမယ်ဆိုရင် တစ်နှစ် ပတ်လုံး ပွဲတော်ချည်းပဲဖြစ်ကုန် လိမ့်မယ်။ မြန်မာပြည်အတွက် တကယ့်ကို သမိုင်းဝင်ခဲ့တဲ့ တပ်မတော်နေ့တို့၊ အာဇာနည်နေ့တို့ ဆိုတာတွေကို အထင်ကရနဲ့ သေသေချာချာလုပ်သင့်တယ်။

ကျွန်တော်တို့ငယ်ငယ်တုန်းက ဆိုရင် ဦးဝိစာရလမ်းမှာ
တပ်မတော်သားတွေ ချီတက်လာတယ်။ ပြည်သူလူထုကလည်း တကယ့်ကိုထဲထဲဝင်ဝင်၊ နှစ်နှစ်ကာကာကို ပန်းကုံးတွေ စွပ်တယ်။ ပြည်သူလူထုထဲ ဆင်းပြီးတော့ ရဲရဲဝင့်ဝင့်လုပ်ပြဖို့ အချိန်တန်ပြီ။ ကိုယ့်ဘာသာ ကိုယ်နေပြည်တော်သွားပြီး တပ်မတော်နေ့ ချီတက်ပြတယ်။ ပြည်သူလူထုကိုလည်း တီဗီမှာ ပြတာပဲ။

ပြချင်တာပြနေတာပဲဆိုပြီး တန်ဖိုးမထားတတ်တဲ့ အနေ အထားမျိုးတွေ ဖြစ်လာတယ်။ ဒါကို ပြည်သူလူထုပါပါအောင် လုပ်ဖို့အရေးကြီးတယ်။ တပ်မတော်ဆိုတာ ပြည်သူလူထုကို ကာကွယ်ရမယ်။ တိုင်းပြည်ကို ကာကွယ်ရမယ်။ ဒါမှ လည်း ပြည် သူ့တပ်မတော်ဆိုတာဖြစ်မယ်။ ပြည်သူ့တပ်မတော်ဖြစ်
အောင်ကြိုးစားဖို့ အရေးကြီး တယ်။


မျိုးမောင်
Popular Journal

MH370 ရဲ့ Black Box ကို အချိန်မီ တွေ့နိုင်ဖို့ ခက်ခဲ

မလေးရှား လေယာဉ်ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး တိတိကျကျ သိရဖို့ အရေးမှာ Black Box လို့ ခေါ်တဲ့ လေယာဉ် ပျံသန်းမှု မှတ်တမ်းကို ရှာမတွေ့မချင်း မဖြစ်နိုင် သလောက် ပါပဲ။

အဲဒီ Black Box မှာ လေယာဉ်မောင်းခန်းထဲက စကားပြောဆိုမှုတွေကို သိမ်းဆည်းထားတဲ့ Voice Recorder ၊ ပျံသန်းမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ မှတ်တမ်းတင်ထားတဲ့ Data Recorder ဆိုပြီး အပိုင်း ၂ပိုင်း ပါဝင်ပါတယ်။

Voice Recorder ဟာ လေယာဉ်ပျက်မကျမီ နောက်ဆုံး ၂ နာရီ အတွင်း ပြောဆိုတဲ့ စကားသံတွေနဲ့ လေယာဉ်မောင်းခန်းထဲက အသံမှန်သမျှကို သိမ်းဆည်းပါတယ်။ Data Recorder ကတော့ လေယာဉ်ပျံသန်းမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မှတ်တမ်းတင်ထားပြီး အဲဒီ အချက်အလက်တွေဟာ ပျံသန်းမှု ခရီးတစ်လျှောက်ကို ပြန်လည် ပုံဖော် ခြေရာကောက်နိုင်လောက်အောင် အသုံးဝင်ပါတယ်။

Black Box ဟာ တကယ်တော့ အ၀ါရောင် ဖြစ်ပါတယ်။ အစပိုင်းတုန်းကတော့ အနက်ရောင်နဲ့ ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းမှာ ရှာဖွေသူတွေ အလွယ်တကူ တွေ့ရှိနိုင်ဖို့ အ၀ါရောင် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

Black Box ဟာ သူ့ကို ရှာတွေ့ဖို့ လေယာဉ်ပျက်ကျချိန်က စပြီး အချက်ပြမှု ထုတ်လွှင့်နေရာမှာ အချို့ Black Box တွေက ရက်ပေါင်း ၉၀ အထိ ထုတ်လွှင့်နေနိုင်ပေမယ့် မလေးရှား လေယာဉ် MH370 ရဲ့ Black box ကတော့ ရက် ၃၀ သာ အချက်ပြနေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ လေယာဉ် ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး အပြည့်အစုံ သိနိုင်မယ့် အခွင့်အလမ်းဟာ အခုအခါ ၁၀ ရက်ကျော်ကျော်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

Black Box ကို လေယာဉ်ပျက်ကျရင် မပျက်စီးအောင် ရည်ရွယ်ပြီး လေယာဉ်တွေရဲ့ အမြီးမှာ ထည့်သွင်းထားကြပါတယ်။ ဒါပေမယ့် Black box ရဲ့ အရွယ်အစားကတော့ ဖိနပ်ဘူးလောက်သာ ရှိတာကြောင့် သူ့ရဲ့ အချက်ပြမှုကို ဖမ်းယူမရခဲ့ရင် ရှာတွေ့ဖို့ မဖြစ်နိုင်သလောက်ပါပဲ။

Black Box ကို အလူမီနီယံ သတ္တုနဲ့ ပြုလုပ်ထားပြီး ပြင်းထန်တဲ့ ပေါက်ကွဲမှုနဲ့ အပူဒဏ်တွေကို ခုခံနိုင်အောင် ဒီဇိုင်းထုတ်ထားတာကြောင့် အရွယ်နဲ့ မမျှအောင် ၁၀ ကီလိုဂရမ်လောက် လေးပါတယ်။ ဒါကြောင့် ဘယ်လိုနည်းနဲ့မှ ရေပေါ် မျောနေနိုင်ခြင်း မရှိပါဘူး။

အခု မလေးရှား လေယာဉ် MH370 ပျက်ကျသွားတယ်လို့ ယူဆရတဲ့ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းဟာ ပေ ၃၇၇၀ ကနေ ပေ ၂၃၀၀၀ အထိ နက်ရှိုင်းတာကြောင့် ဒီ Black box ကို ဆယ်ယူ တွေ့ရှိဖို့က အလွန့်အလွန် ခက်ခဲမှာ ဖြစ်ပါတယ်။

တစ်ခါ MH370 ရဲ့ Black Box ဟာ အချက်ပြမှုကို အကွာအဝေး တစ်မိုင် ဝန်းကျင်သာ ထုတ်လွှင့်နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သမုဒ္ဒရာအောက်မှာ ရေအောက် ရှာဖွေရေးယာဉ်တွေ သုံးပြီး နှေးနှေးကွေးကွေး ရှာဖွေရမှာ ဖြစ်လို့ MH370 ရဲ့ Black Box ကို အချိန်မီ တွေ့နိုင်ဖို့ဟာ ကန့်သတ်ချက်တွေ အလွန်ကို များနေဆဲ ဖြစ်ပါတယ်။

BBC Burmese

တရုတ်နိုင်ငံ ဘေဂျင်းမြို့က မလေးရှား သံရုံးရှေ့မှာ ပျောက်ဆုံးလေယာဉ် MH370 ကြောင့် သေဆုံးသွားခဲ့ပြီလို့ ကြေငြာခံရတဲ့ ခရီးသွားတွေရဲ့ ကျန်ရစ်သူ မိသားစုဝင်
လူရာနဲ့ချီပြီး ဆန္ဒပြနေကြောင်းနဲ့ မလေးရှား သံရုံးကို ရဲတပ်ဖွဲ့ဝင်တွေက တန်းစီရပ်တန့်ပြီး ကာကွယ်ပေးနေရတယ်လို့ သိရပါတယ်။

သူတို့ အဓိက ပြောကြားခဲ့တာက “မလေးရှား အစိုးရ နဲ့ လေကြောင်းလိုင်းတို့က လိမ်လည် ခဲ့တယ် “ ဆိုတာပါပဲ… "Malaysian government has cheated us" ဆိုတဲ့ စာတမ်းတွေကို ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တာပါ။ ရဲတပ်ဖွဲ့ဝင်တွေကတော့ ဆန္ဒပြသူတွေကို သံရုံး အဆောက်အဦးနား မကပ်အောင် ထိန်းထားခဲ့ပါတယ်။

“ကျွန်တော်တို့ ၁၈ ရက်ကြာအောင် သီးခံစောင့်ဆိုင်းခဲ့တယ်။ ဒီနေ့အထိလည်း စောင့်တုန်းပဲ၊ ကျွန်တော်တို့ ဘယ်လောက်အထိ ဆက်စောင့်ရအုံးမှာလည်း” ဆိုပြီး Zhang ဆိုတဲ့ အမျိုးသမီးကြီးက ရိုက်တာ သတင်းဌါနကို ပြောပါတယ်။

အခြား သတင်းတစ်ရပ်မှာတော့ မလေးရှား လေကြောင်းလိုင်း စီအီးအိုက ဒီလို ကျန်ရစ်သူတွေရဲ့ မိသားစုဝင်တွေ ခံစားနေရတာမြင်ရတာဟာ သူ့အတွက် ရင်နာမဆုံးဖြစ်၇ကြောင်း ဒီလေယာဉ် MH370 နဲ့ ပါတ်သက်ပြီး သူ့မှာ တာဝန်အရှိဆုံးလို့ ယူဆတဲ့ အတွက် တာဝန်ကနေ မိမိဆန္ဒအလျောက် နုတ်ထွက်တော့မယ်လို့ သတင်းစာ ဆရာတွေကို ပြောဆိုခဲ့ကြောင်း သိရပါတယ်။…

Zaw Lwin Win

မျက်ရည် ငိုသံတွေနဲ့ ပီကင်းမြို့ရှိ မလေးရှားသံရုံးရှေ့ ဆန္ဒပြပွဲ
.....................................................

#MH370 လေယာဉ်ပျက်ကျမှု မလေးရှားအစိုးရရဲ့ သတင်းထုတ်ပြန်ချက်အပေါ် မကျေမနပ် ဒေါသဖြစ်နေတဲ့ တရုတ်ခရီးသည်မိသားစုဝင်တွေဟာ ပီကင်းမြို့တော်မှာ ရှိတဲ့ မလေးရှားသံရုံးကို အင်္ဂါနေ့မနက်က ဆန္ဒပြကြပါတယ်။ သံရုံးအသွားလမ်းကို ပိတ်ဆို့စောင့်ကြပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေကြားမှာ ရုတ်ရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ "
"ငါတို့တွေ အချိန်တွေကုန် စောင့်ခဲ့ရတာ ၁၈ရက်ရှိပြီ။ ငါတို့ ဘာကိုထပ်စောင့်ရမလဲ၊ အဲဒီ့မလေးရှားလူကြီးတွေနဲ့ တွေ့ချင်တယ်၊ အခု ငါတို့စောင့်စားခဲ့ရတာ ဘာအဓိပ္ဗါယ်ရှိတော့မလဲ"လို့ လေယာဉ်ပေါ်ပါပျောက်ဆုံးနေတဲ့ ခရီးသည်တွေအတွက် ဆန္ဒပြသူတဦးက အော်ဟစ်ငိုယိုပြောဆိုပြီး တားဆီးတဲ့ ရဲသားတွေကို တိုးထွက်သွားပါတယ်။
ဆန္ဒပြအမျိုးသမီးတစ်ဦးက "ငါမင်းအတွက်စိန်လက်စွပ်ဝယ်ထားပြီ၊ မင်းရဲ့လက်မှာစွပ်ပေးချင်တယ်" လို့ရေးထားတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားပါတယ်။ ဆန္ဒပြသူအများစုဟာ "ကံကောင်းပါစေ MH370 အိမ်ကိုအမြန်ပြန်လာပါ" လို့စာတန်းပါ တီရှပ်တွေကို ၀တ်ဆင်ကြပါတယ်။
ပျောက်ဆုံးလေယာဉ် MH370 မှာပါသွားတဲ့ ခရီးသည် ၃ပုံ၂ပုံကျော်လောက်ဟာ တရုတ်လူမျိုးတွေဖြစ်ကြပြီး မလေးရှားအစိုးရရဲ့ ရှာဖွေမှု ၂ပတ်ကျော်အကြာမှာ လေယာဉ်ပျက်ကျကြောင်း သတင်းထုတ်ပြန်ချက်ကို တရုတ်မိသားစုဝင်တွေက အခြေအမြစ်မပြနိုင်လို့ လက်သင့်မခံနိုင်ပဲ လိမ်ညာဖုံးကွယ်မှုလို့ စွပ်စွဲပြောဆိုကြပါတယ်။

DVB TV News

>
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ယနေ့ နံနက် ၉း၀၀ နာရီက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုဆန္ဒဖော်ထုတ်ပွဲပြုလုပ်ရာ ဆန္ဒပြသူ ၂၀၀၀ကျော်ရှိကြောင်း သိရသည်။
တခြားတိုင်းတွေမှာခွင့်ပြုမိန်နဲ့ဆန္ဒပြနိုင်ပေမဲ့ မကွေးက ခွင့်ပြုခက်မရဖူးဆိုတာ ဥပဒေကတပြေးညီမဖြစ်ဖူးဆိုတာပြတယ် လို့ ကိုပြုံးချိုကပြောသည်။
ကန်သာဈေးမှ စတင်၍ ထွက်ခွာလာခဲ့ရာ လမ်းတွင် ရဲများက ပုဒ်မ ၁၈ အရ ဆန္ဒပြခွင့် မရှိကြောင်း ပြောဆိုပြီး ၃ ကြိမ် တားမြစ်ခဲ့ကြောင်း၊ နံနက် ၉း ၂၀ နာရီတွင် ဆန္ဒဖော်ထုတ်သူများသည် လွတ်လပ်ရေးပန်းခြံအနီး ရောက်ရှိရာ လမ်းပိတ်ထားကြောင်း ကြားသိရသည်။
မကွေးမြို့တွင် ယခု ပြုလုပ်လျက်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုဆန္ဒဖော်ထုတ်ပွဲတွင် ဒေသခံ အဖွဲ့အစည်းများနှင့်အတူ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှလည်း ပူးပေါင်းပါဝင်ကြောင်း သိရသည်။

Credit : Popular Myanmar News Journal