May 2014

မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက ပုဒ်မ ၄၃၆နဲ့ ပုဒ်မ ၅၉(စ)ကို
ပြင်ဆင်ဖို့ အတွက် အစိုးရအပေါ် အားစမ်းတဲ့ ပွဲတစ်ပွဲကို ဒေါ်အောင်ဆန်းစုကြည်နဲ့
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေက ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း
ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။

ဒီပွဲကို ပြုပြင်ပြောင်းလဲချင်တဲ့ ပြည်သူလူထု ထောင်သောင်းများစွာ တက်ရောက်ခဲ့ပါတယ်။ ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အနာဂတ် နိုင်ငံရေးနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ အခန်း ကဏ္ဍအပေါ် မေးခွန်းထုတ် ခဲ့သလို ကိုမင်းကိုနိုင်ကလည်း အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့
ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဒီမိုကရေစီ လိုလားတဲ့ သူအားလုံး ပါဝင်
ရမယ်လို့ ဆိုခဲ့ပါတယ်။

ဒီလူထုအစည်းအဝေးပွဲကြီး မလုပ်ခင်က အမျိုးသား ၀ါဒီတွေရဲ့ လှုပ်ရှားမှုတွေနဲ့
အာဏာရ ကြံ့ခိုင်ရေး ပါတီက လုပ်တဲ့ ၅၉(စ) မပြင်ရေး လှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။
အခြေခံ ဥပဒေ ပြင်ဆင်ရေး လူထုအစည်းအဝေးကြောင့် အစိုးရအနေနဲ့ ဘယ်လိုတုံ့ပြန်မယ် ဆိုတာ ရှင်းရှင်းလင်းလင်း မသိရ သေးပေမယ့် ၅၉(စ) မပြင်ရေး လှုပ်ရှားမှုတွေကတော့ အရှိန်တန့် သွားခဲ့ပါတယ်။ အထူးသဖြင့် နယ်တွေမှာ ကျင်းပပြုလုပ်နေတဲ့ ကြံ့ခိုင်ရေးပါတီ
က ဆန္ဒထုတ်ဖော် ပွဲတွေဟာ ပါတီ ဗဟိုဌာနချုပ်မှ ညွှန်ကြားထားခြင်း မရှိကြောင်းကို ဒုဥက္ကဋ္ဌဖြစ်တဲ့ ဦးဌေးဦးက ထုတ်ဖော် ပြောဆိုခဲ့တာဟာလည်း အံ့သြစရာပါပဲ။ ၂၀၀၈
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့အတွက် NLD နဲ့ ၈၈ ပွင့်လင်း လူ့အဖွဲ့ အစည်းတို့
ပေါင်းစည်းမှုဟာလည်း သုံးနှစ်သား ဒီမိုကရေစီနိုင်ငံ အတွက် မှတ်တမ်း တစ်ခု ဖြစ်ခဲ့
ပါတယ်။ နိုင်ငံတော် အာဏာအတွက် တပ်မတော်က အစဉ်ကြီးစိုးနေစေဖို့ ရည်ရွယ်
ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ မဲပေးခွင့်ရှိသူ ၂၇ သန်းကျော်အနက် ၉၈.၁၈ရာခိုင်နှုန်းက မဲပေးခဲ့ ကြပြီး ၉၂.၄၈ ရာခိုင်နှုန်းက ဒီဥပဒေကို ထောက်ခံခဲ့တယ်
လို့ စစ်ဗိုလ်ချုပ်ကြီးတွေက ဂုဏ်ယူစွာ အမြဲ ပြောလေ့ ရှိပါတယ်။ ဒါပေမယ့် ဒီဥပဒေကို တိုင်းရင်းသား လူမျိုးစုတွေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒသဘောထား အစစ်အမှန်တွေကို ဥပေက္ခာ ပြုခဲ့တဲ့ ကိစ္စကိုတော့ အမြဲတမ်း သတင်းအမှောင် ချထားလေ့ ရှိပါတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ
အဓိက တာဝန်ရှိနေတဲ့ တပ်မတော်နဲ့ နိုင်ငံတော် သမ္မတကို ဦးတည် ပြောကြား
ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ကိုမင်းကိုနိုင်က
ဒီကိစ္စကို လွှတ်တော်ထဲမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သိက္ခာရှိရှိ ပြင်ဆင်တာမျိုးကို လိုလားတဲ့ သဘောထားမျိုး ရှိပါတယ်။ ဒါကြောင့်လဲ NLD နဲ့ ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းတို့
ပူးပေါင်းပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူထုလက်မှတ် ရေးထိုးဖို့ ဆောင်ရွက်
နေတာပဲ ဖြစ်ပါတယ်။ ဒီလက်မှတ်ရေးထိုးတဲ့ လှုပ်ရှားမှုမျိုးဟာ လူထု အတွက်တော့ ထူးခြားဆန်းသစ်တဲ့ နိုင်ငံရေး လှုပ်ရှားမှု မဟုတ်ခဲ့ပါဘူး။ ဒီပုံစံမျိုးကို ၂၀၀၇ခုနှစ်
ရွှေဝါရောင် တော်လှန်ရေး မတိုင်ခင် ကတည်းက ကြုံတွေ့ဖူးပြီးသား ဖြစ်ပါတယ်။

အဲဒီအချိန်ကလည်း အစိုးရက မလိုက်လျော နိုင်တဲ့အခါ လူဖမ်းပွဲကြီး စတင်ခဲ့တာ
ပါပဲ။ အခုလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ တပ်မတော်နဲ့ အစိုးရက
မလိုက်လျောနိုင်ရင် ဘာလုပ်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ NLD နဲ့ ၈၈ ပွင့်လင်းအဖွဲ့ကတော့ ပြည်သူလူထုရဲ့ အားကိုယူပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
ပြင်ဆင်ရေးကို ဖိအားပေးလိုက်တဲ့ သဘောပါပဲ။ ဒီပွဲမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
ပြင်ဆင်ဖို့ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရရင်လဲ ပြည်သူလူထု အတွင်းမှာ ဒီမိုကရေစီ
နိုးကြားမှုတွေ ဖြစ်ထွန်းနိုင်ပြီး လျော့တိလျော့ရဲ ဖြစ်နေတဲ့ ဒီမိုကရေစီ အင်အားစု
အတွင်းက စည်းလုံးညီညွတ်ရေးဟာ ပြန်ပြီးကျစ်လစ် သွားနိုင်ပါတယ်။

အထူးသဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုမှာ NLD နဲ့ ၈၈ အဖွဲ့တွေ မကဘဲ ကျောင်းသား အဖွဲ့အစည်းတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ တိုင်းရင်းသား ပါတီတွေ ထပ်မံပူးပေါင်းလာမယ် ဆိုရင်တော့
ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီး ပေါ်ထွန်းလာနိုင်ပါတယ်။

ဒါပေမယ့် ဒီလှုပ်ရှားမှုကြီးဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီးကို သေချာပေါက် ပြင်နိုင်
မယ်လို့ အာမမခံနိုင်ပါဘူး။ ဒါဆိုရင် နိုင်ငံရေး ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ကောင်း
ဖြစ်လာနိုင်တယ်။ တစ်ချို့ကလည်း အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ထိုင်းစစ်တပ်က အာဏာ
သိမ်းလိုက်တဲ့ လုပ်ရပ်က မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ပေါ်မှာ သက်ရောက်မှု ရှိနိုင်တယ်လို့
ဝေဖန်ကြပါတယ်။ တစ်ချို့ကလည်း မြန်မာနိုင်ငံရဲ့ စစ်တပ်ဟာ ထူးထူးခြားခြား အာဏာ
သိမ်းဖို့ မလိုလောက်အောင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကအရေးပေးပြီးသားလို့ ထောက်ပြ
ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ နိုင်ငံတော်မှာ အရေးပေါ် အခြေအနေ
ဖြစ်လာရင် နိုင်ငံတော် သမ္မတက ကာကွယ်ရေး ဦးစီးချုပ်ကို အာဏာသုံးရပ်အပ်နှင်း
နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ အချို့ကလည်း ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး
လွှတ်တော်နဲ့ အစိုးရကြား၊ လွှတ်တော်နဲ့ တပ်မတော်ကြား အမြင်သဘောထား
ကွဲနိုင်တယ်လို့ ဆိုပါတယ်။

ဘယ်လိုဝေဖန်မှုတွေပဲရှိရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ အဓိက ဇာတ်ကောင်
ဖြစ်တဲ့ တပ်မတော်ကတော့ အခုချိန်ထိ သူ့ရဲ့အမြင်သဘောထားကို တရားဝင် ထုတ်ဖော်
ပြောကြားခြင်း မရှိသေးပါဘူး။ ထင်သာမြင်သာတဲ့ သဘောထားဆိုလို့ ပြီးခဲ့တဲ့ တပ်မတော်နေ့
က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားရာမှာ
အမျိုးသား ညီလာခံက ချမှတ်တဲ့ အခြေခံမူ ၁၀၄ချက်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို
ရေးဆွဲခဲ့တာဖြစ်ပြီး ထောက်ခံခဲ့တဲ့ ၉၂ ရာခိုင်နှုန်းကျော် ဆန္ဒကို လေးစားရမည်ဖြစ်ကြောင်း
ပြင်ဆင်ရာမှာလည်း အခန်း၁၂က ပြဋ္ဌာန်းချက်များ နှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်း
ပြောထားတာ ရှိပါတယ်။ ဒါ့ကြောင့် နိုင်ငံတော် သမ္မတကြီးက သုံးနှစ်တာ ကာလ အတွင်းမှာ
နိုင်ငံရေး ယဉ်ကျေးမှု မျက်နှာစာသစ် ဖြစ်ထွန်းခဲ့ပြီလို့ ကြွေးကြော်ခဲ့ပေမယ့် လက်ရှိ
အုပ်ချုပ်ရေး ကဏ္ဍက တာဝန်ရှိသူတွေကလည်း တပ်မတော်ခေတ်က စိတ်ဓာတ်မျိုး
အတိုင်း မပြောင်းလဲသလို တပ်မတော်ရဲ့ ခေတ်သစ် ခေါင်းဆောင်ပိုင်းတွေ ကလည်း
ခေတ်ဟောင်းက ခေါင်းဆောင်တွေရဲ့ သဘောထားအတိုင်း မပြောင်းလဲပါဘူး။ ဒီလိုပါပဲ
နှစ်ပေါင်း ၁၀ စုနှစ် နှစ်ခုကျော် အကျဉ်းထောင်တွေထဲမှာ နေထိုင်ခဲ့ရတဲ့ ဒီမိုကရေစီ
လှုပ်ရှား တက်ကြွသူတွေရဲ့ သဘောထားနဲ့ နိုင်ငံရေး အမြင်ကလည်း မပြောင်းလဲပါဘူး။

တိုင်းပြည်ကတော့ ဆင်းရဲမှုနွံတောထဲမှာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ပူပြင်းတဲ့ နေရောင်ခြည်အောက်မှာ အနိုင်ကျင့်မှုနဲ့ မတရားမှုတွေကလည်း ဒီမြေ၊ ဒီရေမှာ ထွန်းကား နေတုန်းပါပဲ။ နေလောင်နေတဲ့ ညိုမှောင်မှောင် မျက်နှာသွင်ပြင်တွေနဲ့
ယာဉ်ကြော ပိတ်ဆို့မှုကြားက ဘတ်စ် ကားစောင့်သူတွေ ရုံးကိုယူလာတဲ့ ထမင်းချိုင့်ထဲမှာ ကန်စွန်းရွက်ကြော်ပဲပါတဲ့ နိုင်ငံသားတွေ ကွမ်းယာကိုပဲ ဘ၀ရဲ့ ထွက်ပေါက် အဖြစ် သွားနဲ့ ဖိကြိတ်နေသူတွေ၊ ပိန်လှီနေတဲ့ ကလေးငယ်တွေ၊ ခါးထစ်ခွင်ချီပြီး နို့ပိန်ပိန်ကို လှပ်
နို.တိုက်နေတဲ့ မိခင်တွေ အတွက်ကတော့ ထူးမခြားနား သီချင်းရဲ့ ဂီတသံကို စတင်နားဆင်လိုက်ရခြင်းပဲ ဖြစ်ပါတယ်။

ဇော်သက်ထွေး
( Tomorrow သတင်းဂျာနယ်အမှတ်(၁၃)ပါ ဆောင်းပါး )

ပုဒ်မ ၄၃၆ ဆိုတာ ဘာလဲ။
- ပုဒ်မ ၄၃၆ ဆိုတာ အခြေခံဥပဒေကို (လိုအပ်ရင်) ပြင်ဆင်နိုင်ဖို့ စည်းကမ်းသတ်မှတ်ထားတဲ့ ပုဒ်မ ဖြစ်ပါတယ်။

- ပုဒ်မ ၄၃၆ ကို ဘာကြောင့် ပြင်ချင်တာလဲ။
- တိုင်းပြည် တစ်ပြည်ရဲ့ အခြေခံ ဥပဒေဆိုတာ တိုင်းပြည် တစ်ခုလုံးရဲ့ အသက်ဖြစ်တာကြောင့် အခြေခံ ဥပဒေကို လိုအပ်ရင် ပြင်ဖို့အတွက် "မလွယ်လွန်း၊ မခက်လွန်း" တဲ့ သတ်မှတ်ချက် ဖြစ်ရမှာ ဖြစ်ပါတယ်။

- မလွယ်လွန်း၊ မခက်လွန်း ဆိုတာ ဘာကို ဆိုလိုတာလဲ။
- အခြေခံဥပဒေထဲက အချက် တစ်ချက်ဟာ ခေတ်နဲ့ မလျှော်ညီတာသော်လည်းကောင်း၊ တိုင်းပြည်အတွက် အကျိုးယုတ်စေတာသော်လည်းကောင်း ဖြစ်လာတာမျိုး အပြင်၊ အခြား သတ်မှတ်ချက် အသစ်တွေကို အခြေခံ ဥပဒေထဲ ထပ်တိုးပြီး ပေါင်းထည့်ဖို့ လိုအပ်လာတာသော်လည်းကောင်း ဖြစ်လာရင် ... အခြေခံ ဥပဒေကို ပြင်ဖို့ လိုအပ်လာပါတယ်။ အဲဒီအခါ ... ပြင်ဖို့ လိုအပ်နေပေမယ့် ... ပြင်ဖို့အတွက် မဖြစ်နိုင်လောက်အောင် ခဲယဉ်းနေရင် ... မပြင်နိုင်ဘဲ ... မသင့်တော်တဲ့ ဥပဒေတွေကို တိုင်းပြည်တွင်းက လူအားလုံးက လိုက်နာနေရပြီး တိုင်းပြည် တိုးတက်ဖို့ ခဲယဉ်းပါလိမ့်မယ်။

အလားတူ အခြေခံ ဥပဒေဟာ ပြင်ဖို့ လွယ်လွန်းနေလို့ ခဏ ခဏ ပြင်နေရင်လည်း တိုင်းပြည်ဟာ မတည်မငြိမ်ဖြစ်ပြီး လူတစ်ဦး၊ အဖွဲ့အစည်းတစ်ခုရဲ့ စိတ်တိုင်းကျ ချယ်လှယ်နိုင်စရာဥပဒေ ဖြစ်သွားရင် တိုင်းပြည်အတွက် အန္တရာယ်ကြီးပါတယ်။

ဒါကြောင့် ပြင်ဖို့အတွက် "မလွယ်လွန်း၊ မခက်လွန်း" တဲ့ ဥပဒေ ဖြစ်ဖို့ လိုပါတယ်။

- လက်ရှိ အခြေခံ ဥပဒေဟာ ပြင်ဖို့ လွယ်လွန်းသလား၊ ခက်လွန်းသလား။
- လက်ရှိ အခြေခံ ဥပဒေဟာ ပြင်ဖို့ ခက်လွန်းနေပါတယ်။ ဒီအတွက် ပြင်ဆင်နိုင်တဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဖို့ ပြောဆိုနေကြတာ ဖြစ်ပါတယ်။

- ဘယ်လိုကြောင့် ပြင်ဖို့ ခက်လွန်းတယ်လို့ သတ်မှတ်ရတာလဲ။
- ခပ်လွယ်လွယ် ပြောရရင် ... လက်ရှိ အခြေခံ ဥပဒေကို ပြင်ဖို့ အတွက် မြန်မာနိုင်ငံသား အားလုံးက ပြင်ချင်တာတောင် တပ်မတော်သား ကိုယ်စားလှယ် တွေက မပြင်ဘူးလို့ ပြောလိုက်တာနဲ့ အခြေခံ ဥပဒေဟာ ပြင်လို့ မရတော့ပါဘူး။ တပ်မတော်သား ကိုယ်စားလှယ်တွေဆိုတာ ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်သူတွေဖြစ်ပြီး ကာကွယ်ရေး ဦးစီးချုပ်ကိုသာ သစ္စာ စောင့်သိ အမိန်နာခံရသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးက ပြည်သူတွေက ပြင်ဖို့ ပြောနေတာတောင် ကာကွယ်ရေး ဦးစီးချုပ် တစ်ယောက်တည်းက တစ်နိုင်ငံလုံးရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး မပြင်ဘူးလို့ ပြောလိုက်တာနဲ့ ပြင်လို့ မရတော့ပါဘူး။ စာရေးသူ အပါအဝင် မြန်မာ တနိုင်ငံသားလုံးဖြစ်တဲ့ သန်း ၅၀ ကျော် လူထုရဲ့ ဆန္ဒဟာ လူတစ်ယောက်ရဲ့ ဆန္ဒကို မလွန်ဆန်နိုင်တဲ့ ဥပဒေ ဖြစ်နေပါတယ်။

ခပ်ရိုးရိုး ပြောရရင် ... စာဖတ်သူ အပါအဝင် မြန်မာနိုင်ငံသား အားလုံးဟာ အရေးမပါတဲ့ လူတွေ ဖြစ်ပြီး ... ကာကွယ်ရေး ဦးစီးချုပ် တစ်ယောက်က လုပ်ချင်ရာ လုပ်ပိုင်ခွင့် အာဏာရှိသူ ဖြစ်နေပါတယ်။

- အခြားအချက်တွေရော ရှိပါသေးလား။
- အထက်က အချက်ကို ကျော်လွန်နိုင်လို့ လွှတ်တော်က အတည်ပြုပြီးတာတောင် .... တနိုင်ငံလုံးက မဲပေးနိုင်သူ (ဥပမာ ၃၅ သန်း ရှိတယ် ဆိုရင်) မဲပေးသူ ၁၇ သန်းခွဲ + ၁ ယောက် က ပြင်ဆင်ဖို့ ထောက်ခံမဲလာပေးမှ အခြေခံ ဥပဒေပြင်ဖို့ ဖြစ်နိုင်မှာ ဖြစ်ပါတယ်။ ဆန္ဒခံယူပွဲမှာ မဲလာပေးသူဟာ ၁၇ သန်းခွဲ + ၁ မပြည့်ဘူးဆိုရင် ... ထောက်ခံသလား၊ ကန့်ကွက်သလား ဆိုတဲ့ မဲကို ရေတွက်စရာတောင် မလိုဘဲ ပြင်လို့ မရတာ့ဘူးလို့ ဆိုလိုနေတာ ဖြစ်ပါတယ်။

ဒီတော့ စစ်ပွဲ ဖြစ်နေတဲ့ ဒေသက လူတွေ၊ နိုင်ငံခြားရောက်နေသူတွေ၊ အကြောင်းကြောင်းကြောင့် မဲမပေးနိုင်သူတွေထပ်ပေါင်း တွက်လိုက်ရင် ... မဲပေးသူ ၁၇ သန်းခွဲ ရဖို့ဟာ အင်မတန် ခက်ခဲနေပါတယ်။

ဒါကြောင့် အခြေခံ ဥပဒေဟာ အင်မတန် ပြင်ဖို့ ခက်လွန်းနေတယ်လို့ ပြောရတာ ဖြစ်ပြီး ... ပြင်ဖို့ ခက်လွန်းတဲ့အခါ တိုင်းပြည်မှာ လိုအပ်လို့ ပြင်ဆင်စရာ ရှိလာရင် မပြင်နိုင်တာ ဖြစ်လာနိုင်တာ ဖြစ်ပြီး တိုင်းပြည်အတွက် အနှောက်အယှက် ဖြစ်လာနိုင်ပါတယ်။

- ဒါဆို ၄၃၆ ကို ဘယ်လောက် အတိုင်းအတာအထိ ပြင်မလဲ။
- ပထမ အဆင့်ဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ် ၇၅ % ကျော် သဘောတူမှ ပြင်ဆင်နိုင်တယ် ဆိုတာကို ၃ ပုံ ၂ ပုံ (၆၆.၆၇%) သဘောတူရင် ပြင်နိုင်တယ် ဆိုတာနဲ့ အစားထိုးသင့်ပါတယ်။ ဒါ့အပြင် အခြေခံဥပဒေ ပြင်ဖို့အတွက် သဘောထား ကောက်ခံရာမှာ ပြည်သူ့ကိုယ်စားလှယ် မဟုတ်သူ စစ်သားတွေက မဲပေးခွင့် မရှိဘဲ ... ပြည်သူက ရွေးကောက်တင်မြှောက်သူတွေကသာ မဲပေး ဆုံးဖြတ်ပိုင်ခွင့် ရှိတယ် ဆိုတာကို ဖြည့်စွက်မယ်ဆိုရင်တော့ ... ပိုမို သင့်တော်ပါလိမ့်မယ်။

ဒုတိယ အဆင့်မှာတော့ "မဲပေးခွင့် ရှိသူ စုစုပေါင်းရဲက ထက်ဝက်ကျော်" ဆိုတဲ့ သတ်မှတ်ချက်ကို ဖျက်ပြီး .. ဆန္ဒခံယူပွဲမှာ မဲအများ ရရင် အတည်ဖြစ်တယ် ဆိုတာနဲ့ သာ သတ်မှတ်သင့်ပါတယ်။ ဥပမာ လူ ၁၀ သန်းက မဲလာပေးပြီး လူပေါင်း ၅ သန်း နဲ့ တစ်ယောက်က အတည်ပြုတယ် ဆိုရင် .. အနိုင်ရမယ့် သတ်မှတ်ချက်သာ ဖြစ်သင့်ပါတယ်။ လက်ရှိသတ်မှတ်ချက်မှာ လူ ၁၀ သန်းက မဲလာပေးရင် ဆန္ဒခံယူပွဲ အထမမြောက်တာကြောင့် အခြေခံဥပဒေကို ပြင်လို့ မရနိုင်တော့တာမျိုး ဖြစ်နေပါလိမ့်မယ်။

အထက်ပါ အချက် နှစ်ချက်ကို ပြင်ဆင်ဖို့ ပြောနေတာဟာ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ ပြောနေတာရဲ့ အနှစ်သာရ ဖြစ်ပါကြောင်း ...

(ကိုထိုက်)


ဝင်းဇော်လတ်(*7Day News Journal)

အနည်းဆုံးတပ်မတော်သား တစ်ဦးဝင်ရောက်ထောက်ခံခြင်းမပြုဘဲနှင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား လွှတ်တော်တွင်း ပြင်ဆင်မှုမပြုနိုင်ခြင်းက မြန်မာ့နိုင်ငံရေးအတွက် အကျပ်အတည်းတစ်ခုဖြစ်လာကြောင်း တမြန်နေ့က ကျွန်တော်တို့ ပြောခဲ့ကြပါသည်။ ဒီနေ့တော့ အဆိုပါ အကျပ်အတည်းထဲမှ တပ်မတော်အနေဖြင့် မည်သို့ အမြတ်ထုတ်နိုင်သလဲဆိုသည်ကို စိတ်ကူးကြည့်ကြပါစို့။

ယခုအခါ ၂၀၀၈ ဖွဲ့စည်းပုံ ကို ပြင်ဆင်ရေးတွင် တပ်မတော် ပါဝင်လာရန် လူထုနှင့် အတိုက် အခံတို့က အားသွန်၍ မြို့ကြီး အချို့တွင် ဟောပြောပွဲများ ခပ် စိပ်စိပ်ကျင်းပလာသည်။ ဟော ပြောချက်များကလည်း ပို၍ ပြတ် သားရဲတင်းလာသည်။ လူထုက လည်း သူ့နည်းသူ့ဟန်ဖြင့် ဖွဲ့ စည်းပုံပြင်ဆင်ရေးအတွက် မြို့ နယ်အနှံ့တွင် လမ်းလျှောက်ချီ တက်ပွဲများပြုလုပ်၍ အစိုးရအား ဖိအားပေးလျက်ရှိသည်။

ဖွဲ့စည်းပုံပြင်ဆင်ရန် လှုပ် ရှားမှုများသည် လူထု၏ နိုင်ငံရေး စိတ်ဝင်စားမှုကို တစ်နေ့တခြား တိုး၍ မီးထိုးပေးနေသည်။ လူထု က ဖွဲ့စည်းပုံ ပြင်၊ မပြင်ကိစ္စ အပေါ် အာရုံစိုက်လာသည်နှင့်အ မျှ တပ်မတော်အနေဖြင့် သည်ဇာတ် လမ်းတွင် မည်သို့ ရပ်တည်မလဲ ဆိုသည့် မေးခွန်းကလည်း ကြွ တက်လာသည်။ တပ်မတော်၏ ခြေလှမ်းကို လူထုက အကဲခတ် နေသည်။ တပ်မတော် ဘာလဲ၊ ဘာလဲ။

တပ်မတော်အနေဖြင့် ၂၀၀၈ဖွဲ့စည်းပုံကို ကာကွယ်စောင့် ရှောက်မည်လား၊ လူထုက ပြင် ဆင်ရန် ဒီရေလှိုင်းကို အရှိန်အ ဟုန်ဖြင့် တောင်းဆိုသံလို လိုက်နာ မည်လားဆိုသည့်အပေါ်တွင် မူ တည်၍ ဖွဲ့စည်းပုံပြင်နိုင်ခြင်း ရှိ၊ မရှိအဖြေတစ်ခုထွက်လာမှာဖြစ် သည်။ တပ်မတော်က လူထုဆန္ဒ ကို အသိအမှတ်ပြုလျှင် ၁၉၆၂ ခု နောက်ပိုင်းမှစ၍ ကျဆင်းခဲ့သည့် တပ်မတော်၏ ဂုဏ်သိက္ခာကို ပထမဆုံးအကြိမ်အဖြစ် ပြန်၍ အဖတ်ဆည်နိုင်မည်။ သို့မဟုတ် လျှင် လူထု၏ နာကြည်းမုန်းတီးမှု ပစ်မှတ်ဆက်၍ ဖြစ်မြဲဖြစ်နေလိမ့် ဦးမည်။

သို့သော်ဒီနေရာတွင် မေး ခွန်းတစ်ခုရှိသည်။ လွတ်လပ်ရေး လှုပ်ရှားမှု၊ လွတ်လပ်ရေးရပြီးစ ပြည်ပကျူးကျော်ရန်စမှုများတွင် အရေးပါခဲ့သည့်သမိုင်းနောက်ခံ အပြင် နောက်ပိုင်းတစ်တိုင်းပြည် လုံး၏ အာဏာအရပ်ရပ်ကို ချုပ်ကိုင်ထားနိုင်ခဲ့သည့်ဖြစ်ရပ်များ၏ ပံ့ပိုးမှုဖြင့် နိုင်ငံရေးစင်မြင့်တွင် ခိုင်ခိုင်မာမာနေရာယူထားသော တပ်မတော်အား မိမိတို့ နေရာမှန်တွင် ပြန်နေဖို့အတွက် အလွယ်တကူနားချ၍ ရပါ့မလား။

ထိုမေးခွန်း၏ အဖြေအတွက် တပ်မတော်၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု နောက်ခံကားကို ပြန်ကြည့်ဖို့ လိုသည်။ မြန်မာ့တပ် မတော်သည် နိုင်ငံရေးနှင့် မကင်း နိုင်သည့် အစဉ်အလာရှိသည်ဆို လျှင် တပ်မတော်၏ အမြုတေဟု ဆိုနိုင်သည့် ရဲဘော်သုံးကျိပ်ဝင် များဆီအထိ သမိုင်းအစနှိုက်ရန် အကြောင်းရှိလာသည်။ ရဲဘော် သုံးကျိပ်ဝင် အများစုသည် မူလ က နိုင်ငံရေးလှုပ်ရှားတက်ကြွ သူများမှ လာကြသူတွေဖြစ်သည်။ သူတို့သည် လွတ်လပ်ရေးအတွက် လိုအပ်ချက်အရ စစ်ပညာသင်ပြီး စစ်သားတွေဖြစ်ခဲ့ကြသည်။

စစ်သားဖြစ်နေသည့်တိုင် မူလလာခဲ့ရာ နိုင်ငံရေးနယ်ပယ်နှင့် မကင်းနိုင်ခဲ့ကြ။ ထို့ကြောင့် နောက်ပိုင်း နိုင်ငံရေးထဲတွင် ပြန်လည် ပါဝင်ပတ်သက်ကြသည့် သမိုင်းအထောက်အထား တွေရှိသည်။ သို့သော်စစ်သားနှင့် နိုင်ငံရေးမကင်းမရှင်းဖြစ်သည့် အစဉ်အလာဆိုးကို ဗိုလ်ချုပ်အောင်ဆန်းက မလိုလားဘဲ အမြဲတမ်းစိုးရိမ်ခဲ့သည်။ စစ်သားသည် စစ်သား၊ နိုင်ငံရေးသမားက နိုင်ငံရေးသမားသီးသန့်သာဖြစ်ရမည့် သဘောကို ကြုံတိုင်းမှာ သူဟော ပြောခဲ့သည်။

သူကိုယ်တိုင်လည်း လွတ် လပ်ရေးအတွက် နိုင်ငံရေးကို ဆက်လုပ်ရန် တပ်မတော်ကို ပြင် ဆင်ဖွဲ့စည်းသည့် ကန္နီစာချုပ် နောက်ပိုင်းတပ်မတော်သားအ ဖြစ်မှ နုတ်ထွက်ခဲ့သည်။ စစ်သား နှင့် နိုင်ငံရေးကို ပြတ်ပြတ်သား သားစည်းခြားခဲ့သည့် နမူနာပြ လုပ်ရပ်တစ်ခုဟု ဆိုနိုင်ပါသည်။ စစ်သားလုပ်ချင်သူက စစ်သား ဆက်လုပ်ရန်ဖြစ်ပြီး နိုင်ငံရေးလုပ် ချင်လျှင် စစ်သားဘ၀နှင့် ချက် ကြိုးဖြတ်ဖို့ လိုသည်ဟု ဗိုလ်ချုပ် အောင်ဆန်းက လက်တွေ့ပြသခဲ့ ခြင်းလည်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းမိန့်ဆို ချက်များကို မြန်မာ့တပ်မတော် သည် အချိန်အတိုင်းအတာတစ်ခု ထိ လိုက်နာခဲ့ကြသည်။ သို့ဖြင့် လွတ်လပ်ရေးရပြီးစ ပြည်ပကျူး ကျော်မှုများနှင့် ကြုံရစဉ်က နိုင်ငံ လုံခြုံရေးအတွက် စွန့်လွှတ်စွန့် စားကာကွယ်မှုများကြောင့် တပ်မတော်၏ ဂုဏ်သိက္ခာမှာ ထွန်း ပြောင်ခဲ့သည်။ တပ်မတ်ာသည် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ် ခဲ့ဖူးပါသည်။ သို့သော် စိတ်မ ကောင်းစရာတစ်ခုမှာ အဆိုပါ အချိန်ကာလလေးသည်ကြာကြာ မခံခြင်းဖြစ်သည်။

နောက်ပိုင်းတွင်မူ နိုင်ငံရေး လွန်ဆွဲပွဲတွေ၊ မိုးသက်မုန်တိုင်း တွေကြားထဲမှ မရိုးသားသည့် နိုင်ငံရေးသမားများက တပ်မတော်၏ ကောင်းမွန်သော ဂုဏ်သိက္ခာကို အကာကွယ်ယူ၍ အာဏာနှင့် ကိုယ်ကျိုးစီးပွားတည်မြဲရေးတွင်အသုံးချလာခဲ့ကြသည်။ ထိုမှ တစ်စတစ်စ တပ်မတော်သည် မူလလမ်းကြောင်းမှ သွေဖည်ကာနိုင်ငံရေးနှင့် ထွေးရောယှက်တင်ဖြစ်လာခဲ့ရုံမက နိုင်ငံရေးအာဏာကို ၀င်ရောက်ချုပ်ကိုင်သည့်အဆင့်ထိ ရောက်သွားတော့သည်။

တပ်မတော်က မြန်မာ့နိုင်ငံ ရေးမှာ စိုးမိုးထားသည်မှာ ယခုဆို လျှင် နှစ်ပေါင်း (၆၀) ၀န်းကျင်ရှိ လာပါပြီ။ စစ်အာဏာရှင်များ၏ လက်အောက်တွင် ခါးသီးဖွယ်နှစ် ကာလများကို ဖြတ်သန်းခဲ့ရသည့် လူထု၏ နှလုံးသားကလည်း တပ် မတော်သားတွေနှင့် ရင်ကြားစေ့ နိုင်ဖို့ အတော်ခက်ခဲလာပြီ။ ရက် စက်သော ဖိနှိပ်မှု၊ အဆုံးမရှိသော ကိုယ်ကျိုးရှာမှုစသော ပုံရိပ်ဆိုး များကြောင့် တစ်ခါက ပျိုတိုင်း ကြိုက်သည့် နှင်းဆီခိုင်ပမာဖြစ်ခဲ့ ရသည့် တပ်မတော်သည် လူတိုင်းအော့နှလုံးနာသည့် ပြည်သူ့ချဉ် ဖတ်ဘ၀သို့ အသွင်ပြောင်းသွား ခဲ့သည်။ ထိုသို့ပြောသည့်အတွက် စိတ်မဆိုးပါနှင့်။ ပကတိအရှိ တရားဖြစ်ပါသည်။

သို့သော်စိတ်ဆင်းရဲသွားဖို့ လည်း မလိုပါ။ ကျဆင်းသွားသည့် ဂုဏ်သိက္ခာကို အဖတ်ဆည်နိုင် မည့် အခွင့်အရေးတစ်ခုက လက် တစ်ကမ်းမှာပင် ရှိနေပါသည်။ ၎င်းမှာ လူထု၏ ဆန္ဒကို လေးစား လိုက်နာကာ လူထု၏ မေတ္တာကို ပြန်လည်ရယူဖို့ဖြစ်သည်။ ဒီအ တွက် တပ်မတော်အနေဖြင့် စိတ် ကို ဖွင့်ထားဖို့တော့လိုမည်။ ပထမခြေလှမ်းအဖြစ် တပ်မတော်နှင့် တပ်မတော်သားတစ်ဖြစ်လဲ အရပ်ဝတ်စစ်သားဟောင်းကြီးများက မြန်မာ့နိုင်ငံရေးမှာ အစဉ်သဖြင့် နေရာရယူရန် အခွင့်အရေးပေး ထားသည့် အခြေခံဥပဒေပါ အ ချက်များကို ပြင်ဆင်ဖျက်ဆီးရာ တွင် တပ်မတော်က ပူးပေါင်းပါ ၀င်ဖို့ပဲဖြစ်သည်။

သိက္ခာရှိသည့် တပ်မတော် အဖြစ် ရပ်တည်လိုလျှင် မြန်မာ့ တပ်မတော်အနေဖြင့် အရင်ဆုံး လုပ်ရမည့်အလုပ်မှာ နိုင်ငံရေး တွင်ပါဝင်ပတ်သက်နေခြင်း (သို့) နေလိုခြင်းကို ရပ်တန့်ပစ်ရမည်။ တပ်မတော်သည် လွတ်လပ်ရေး ကို ရယူပေးခဲ့သည်။ တပ်မတော် သည် နိုင်ငံတော်ချောက်ထဲကျ မည့်အရေးမှ လက်တစ်လုံးခြား အလိုတွင် ကယ်တင်ခဲ့ရသည်။ တပ်မတော်သည် နိုင်ငံရေးသမား များ မကောင်းသောကြောင့် တိုင်း ပြည်ကံကြမ္မာကို မလွှဲမရှောင်သာ ၀င်ထမ်းရသည်စသဖြင့် သမိုင်းပုံ ဖျက် ၀ါဒဖြန့်ချက်များမှ လွတ် မြောက်ရန်လည်း အတွေးအခေါ် အရ ရုန်းကန်မှုပြုလုပ်ရမည်။ ထို့ ကြောင့် ဖွင့်ထားသော စိတ်အခြေ အနေတစ်ရပ်လိုသည်ဟု ဆိုခဲ့ခြင်းဖြစ်ပါသည်။

ယနေ့လူထုက တစ်ညီတည်းတောင်းဆိုနေသည့် ၂၀၀၈ ဖွဲ့ စည်းပုံပါ ဥပဒေများမှာလည်း တပ်မတော်က နိုင်ငံရေးတွင် ရာသက်ပန်ပါဝင်နိုင်ရေးစီမံထားသည့် ပုဒ်မများဖြစ်ပါသည်။ ထို့ အချက်ကို ကြည့်လျှင် လူထုအနေဖြင့် နိုင်ငံရေးမှာ တပ်မတော်က ၀င်ရောက်စွက်ဖက်နေခြင်း (သို့မဟုတ်)တပ်မတော်သားတစ်ဖြစ်လဲ အရပ်ဝတ်စစ်သားဟောင်းများကသာ အမြဲနေရာယူ ခြယ်လှယ်ခြင်းကိုလိုလားမှုမရှိသည်မှာ ထင်ရှားသည်။

သို့ဖြစ်ရာ တပ်မတော်အ နေဖြင့် လူထုလေးစားမှုကို ပြန် ရယူလိုသည့် စိတ်ဆန္ဒရှိသည်ဆို ပါက နိုင်ငံရေးနှင့် ကင်းကင်းပြတ် ပြတ်ရပ်တည်ရုံမှတစ်ပါး အခြား မရှိပါ။ ထိုသို့မဟုတ်ပါဘဲနှင့် မြန် မာ့နိုင်ငံရေးမှာ ဆက်၍ပါဝင်နေ မည်ဆိုလျှင် လူထုနှင့် သာ၍ ဝေး ရာဆီသို့ ရောက်သွားပါလိမ့် မည်။လက်နက်အင်အားတောင့်တင်းမှု ဖြင့် တပ်မတော်တစ်ရပ်သည် ဂုဏ်သိက္ခာရှိလာသည်မဟုတ်။ လူထုနှင့် တစ်သားတည်းရှိမှသာ သိက္ခာတက်ပါသည်။

လက်ရှိမှာတော့ လွန်ခဲ့ သည့် နှစ်အနည်းငယ်က မိမိတို့ အလိုကျ အတင်းအကျပ်တစ်ဖက် သတ်ရေးဆွဲထားသည့် ဖွဲ့စည်းပုံ ထဲမှာ တပ်မတော်က အသာစီးရ ယူထားမှုနှင့် မနှစ်သက်သည့် အရပ်သားနိုင်ငံရေးသမားများကို နိုင်ငံခေါင်းဆောင်ဖြစ်ခွင့် ကန့် သတ်ထားသည့်အတွက်ပြည်သူ လူထုနှင့် နိုင်ငံတကာမျက်နှာစာ မှာ နောက်ထပ်အရှက်ရစရာ တစ်ခုဖြစ်နေရသည်။

ထို့ကြောင့် မြန်မာ့တပ်မ တော်အနေဖြင့် လာမည့်အနာ ဂတ်တွင် မည်သို့ရပ်တည်မည်လဲ ဆိုသည်ကို စဉ်းစားရန် အချိန် တန်ပြီ။ တပ်မတော်သည် သမိုင်း မျက်နှာစာမှာ ဆက်လက်ပြီး နာမည်ပျက်ခံမလား၊ လူထု၏ မေတ္တာကို ပြန်ရဖို့ နှစ် (၆၀) နီးပါးအတွင်းမှာ ပျက်စီးသွားရသည့် ဂုဏ်သိက္ခာကို အဖတ်ဆည်မလား၊ လမ်းနှစ်ခုအနက် ကြိုက်ရာကို ရွေးနိုင်သည့် အခွင့်အလမ်းက တပ်မတော်၏ လက်ထဲမှာရှိနေပါသည်။

ယနေ့သည် နိုင်ငံရေးထဲမှာ ခြေနှစ်ဖက်လုံးကျွံနေသည့် တပ်မတော်ကို ဂုဏ်သိက္ခာရှိစွာ နောက်ဆုတ်နိုင်မည့် အခွင့်အရေးတစ်ခုဖြစ်သည်။ အခွင့်အရေးကောင်းကို လက်လွတ်မခံပါနှင့်။ အမိအရဆုပ်ကိုင်၍ လူထု၏ မေတ္တာကို ခံယူလိုက်ပါ။
ဝင်းဇော်လတ်

ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ အစ်ကို ဖြစ်သူ ဦးအောင်ဆန်းဦးတို့၏အမှုအား ပြည်ထောင်စုတရား လွှတ်တော်ချုပ်၌ မေလ ၃၀ရက်နေ့က အပြီးသတ်စီရင်ချမှတ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တက်သည့် အယူခံကိုပယ်ချခံခဲ့ရသည်ဟု သိရှိရ သည်။

အဆိုပါ အမှုအား မေလ ၃၀ရက်နေ့တွင် တရားသူကြီးတစ်ဦး၏ရှေ့၌ စီရင်ချက်ချမှတ်မည်ဟု ပြည်ထောင်စုလွှတ်တော်ချုပ်အမှုစာရင်း အမှတ်စဉ်(၁၃)တွင် ဖော်ပြထားပြီး ယခုကဲ့သို့ ပယ်ချခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်ကဆိုသည်။

“ဒီနေ့ အမှုမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က တက်တဲ့အယူခံကို ပယ်လိုက်တယ်လို့သိရပါတယ်”ဟု ဦးထွန်းထွန်းဟိန်က ပြောသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ် အမှုစားရင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်းဆန်းဦးတို့၏အမှုအား အမှတ်စဉ် (၁၃)တွင် ဖော်ပြထားပြီး တရာမအယူခံမှု၊ အမှုအမှတ် ၄၄၁/၂၀၁၃၊ အယူခံ တရားလို ဒေါ်အောင်ဆန်းစုကြည်၊ အယူခံ တရားလိုရှေ့နေ ဦးဥာဏ်ဝင်း၊အယူခံတရားပြိုင် ဦးအောင်ဆန်းဦး(၎င်း၏အခွင့်ရကိုယ်စားလှယ် ဦးစိုင်းညွန့်နိုင်)၊အယူခံတရားပြိုင်ရှေ့နေ ဦးအေးလွင်၊ စီရင်ချက်ချမှတ်ရန်ဟု ဖော်ပြပါရှိသည်။

အဆိုပါ အမှု စီရင်ချက် ချမှတ်မှုနှင့် ပတ်သက်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ ဆက်သွာ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

“ဒိကိစ္စနဲ့ပတ်သက်ပြီး ကျွန်မ ဖြေလို့မရပါဘူး။တာဝန်ရှိတဲ့လူက အပေါ်ကို အစည်းအဝေးသွားပါတယ်”ဟူ၍သာ ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါအထူးအယူခံမှုအား နေပြည်တော်ရှိပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး (၁)ဦးရှေ့မှောက်၌(တစ်ပါးထိုင်)ကြားနာစစ်ဆေးခဲ့ပြီးဖြစ်ကာ မေလ (၃၀)ရက် နေ့တွင် အပြီးသတ်စီရင်ချက် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ နအဖ စစ်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်အောင်ဆန်း၏သားကြီးဖြစ်သူ အမေရိကန်နိုင်ငံတွင် နေထိုင်သည့် ဦးအောင်ဆန်းဦးက ညီမဖြစ်သူဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်နေသည့် တက္ကသိုလ်ရိပ်သာလမ်း အမှတ်(၅၄) နေအိမ်အားအမွေဆိုင်အဖြစ်ထုခွဲ ရောင်းချရန်တရားရုံးတွင် တရားမမှုအဖြစ်စွဲဆိုခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က နအဖ အစိုးရသည် ၉၀ပြည့်နှစ်ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာအများစုဖြင့် ပြတ်ပြတ် သားသားအနိုင်ရထားသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို အာဏာလွဲပေးရန်ငြင်းဆန်ခဲ့သည်။

ထို့ပြင် ပါတီခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံအတွင်းမှထွက်သွားရန်ဖိအားပေး ခံနေရချိန်ဖြစ်သည်။

နေအိမ်အကျယ်ချုပ်ချထားခြင်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက စိတ်ဓာတ်ရေးရာအရ ဖိအားပေးရန် ရည်ရွယ်ချက်ဖြင့် ပြည်ပတွင်နေထိုင်သည့်အစ်ကိုရင်းဖြစ်သူ ဦးအောင်ဆန်းဦးကို ညီမအရင်းဖြစ်သူကို တရားစွဲဆိုရန် စီမံခြင်းဖြစ်သည်ဟု နိုင်ငံရေးသုံးသပ်သူများနှင့် မြန်မာနိုင်ငံသားအများစုက ယူဆကြသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော် ၂၀၁၀ တရားစီရင်ရေးဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် တရားမအထွေထွေ လျှောက်လွှာ ၄၄၁/၂၀၁၃ ဖြင့် လျှောက်ထားခဲ့သဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အထူးအယူခံမှုအဖြစ် လက်ခံစစ်ဆေးပေး နေခြင်းဖြစ်သည်။

တရားဥပဒေအရ နစ်နာသောနိုင်ငံသားများသည် နိုင်ငံတော်၏အမြင့်ဆုံးတရားလွှတ်တော်သို့ အထူးအယူခံအဖြစ် လျှောက်ထားခွင့်ရှိသည်။ ထို့ကြောင့်တရားလိုဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တရားလွှတ်တော် ရှေ့နေဦးဥာဏ်ဝင်းက ဥပဒေဆိုင်ရာအချက်အလက်များဖြင့် လျှောက်လဲခဲ့ခြင်းဖြစ်သည်။

တရားပြိုင်ဖြစ်သော ဦးအောင်ဆန်းဦးက လူကိုယ်တိုင်လာရောက်ခြင်းမရှိဘဲ ဦးစိုးညွန့်နိုင်ဆိုသူအား ၎င်း၏ အခွင့်ရ ကိုယ်စားလှယ်အဖြစ် တရားခွင်တွင်ခုခံလျှောက်လဲစေခဲ့သည်။ ဦးအောင်ဆန်းဦးဘက်မှလိုက်ပါ ဆောင်ရွက်သည့်ရှေ့နေမှာဦးအေးလွင်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်နေသည့်တက္ကသိုလ်ရပ်သာလမ်းနေအိမ်ကိစ္စနှင့်ပတ်သက်၍ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးကအမှုရင်ဆိုင်နေရခြင်းလည်း ဖြစ်သည်။
http://myitmakhamediagroup.com/news/legal-news/1807-2014-05-30-10-55-31


“အရေးကြီးဆုံးက ဖွဲ့စည်းပုံ အခြေခံ မပြင်မချင်းကတော့ တိုင်းပြည်က ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ သူတို့ဘာလုပ်လုပ် လူတွေက သိနေပြီ။ ၀ယ်တယ်။ သူတို့ဘက်ကို ပါအောင်လုပ်တယ်။ သတင်းစာက လူတချို့လည်း သူတို့ဝယ်သွားပြီ။ ပေးတာအကုန်ယူ။ တိုင်းပြည်အကျိုးကို ပြန်လုပ် ဒါပဲ။ ပေးတာ သူတို့ ပိုက်ဆံမှ မဟုတ်တာ။ ပြည်သူ့ပိုက်ဆံ …”

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေးပါတီများအား မော်တော်ယာဉ် ၅ စီး အခွန်ကင်းလွတ် တင်သွင်းနိုင်ရန် စီစဉ်ခြင်းနှင့် ပါတီမြေနေရာ ပေးအပ်ရန် စီစဉ်ခြင်းတို့သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) မှ ဦးဆောင် ပြုလု ပ်နေသော အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများ၌ ပူးပေါင်းခြင်း မရှိရန် ခေါင်းလှည့်ခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူများက ဝေဖန်သုံးသပ်လျက် ရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မေ ၂၂ ရက်တွင် နိုင်ငံရေး ပါတီများအား ပါတီမူဝါဒ သဘောများ ရှင်းလင်း ရာတွင်လည်း ကောင်း၊ မဲဆွယ် စည်းရုံးရာတွင် လည်းကောင်း သွားလာရေး လွယ်ကူစေရန် တစ်ပါတီလျှင် မော်တော်ယာဉ် ၅ စီးနှုန်းဖြင့် အခွန်ကင်းလွတ် တင်သွင်းနိုင်ရန်အတွက် လိုအပ်သလို လမ်းညွှန်မှု ပြုနိုင်ပါရန် တင်ပြခဲ့ပြီး ပါတီဌာနချုပ် ရုံးများ ဖွင့်လှစ်နိုင်ရန် လစ်လပ်လျက်ရှိသော မြေနေရာ ရရှိရေးအတွက် လိုအပ်သလို လမ်းညွှန်မှု ပြုပါရန် တင်ပြ ခဲ့သောကြောင့် ယခုကဲ့သို့ ဝေဖန် ပြောကြား ကြခြင်းဖြစ်သည်။

““ဒီအစိုးရက နဂိုတည်းက ဒီလိုမျိုးတွေ လုပ်နေတာ။ ငွေနဲ့ဝယ်တယ်။ ဘယ်လောက်ဝယ်ဝယ် တကယ် စစ်မှန်တဲ့ သူတွေက သူ့နောက်ကို မလိုက်ဘူး။ အဲဒီလိုလုပ်လို့ သူတို့ အောင်မြင်မယ် ထင်လား။ မအောင်မြင်ဘူး။ အရေးကြီးဆုံးက ဖွဲ့စည်းပုံအခြေခံ မပြင်မချင်းကတော့ တိုင်းပြည်က ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ သူတို့ဘာလုပ်လုပ် လူတွေက သိနေပြီ။ ၀ယ်တယ်။ သူတို့ဘက်ကို ပါအောင် လုပ်တယ်။ သတင်းစာက လူတချို့လည်း သူတို့ဝယ်သွားပြီ။ ပေးတာအကုန်ယူ။ တိုင်းပြည်အကျိုးကို ပြန်လုပ်ဒါပဲ။ ပေးတာ သူတို့ပိုက်ဆံမှ မဟုတ်တာ။ ပြည်သူ့ပိုက်ဆံ””ဟု ၁၉၉၀ ရွေးကောက်ခံ ကိုယ်စားလှယ် ဦးပီတာလင်းပင်က မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောကြားခဲ့သည်။

ယခုကဲ့သို့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပါတီများအား ကားနှင့် မြေချပေးရန် ကမ်းလှမ်းမှုမှာ NLD နှင့် ၈၈မျိုးဆက် (ငြိမ်း/ ပွင့်)တို့မှ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြုလုပ်နေချိန်နှင့်လည်း တိုက်ဆိုင်လျက် ရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ အခွန်လွတ် ကားတင်သွင်းခွင့်နှင့် မြေနေရာ ချပေးခြင်းများသည် နိုင်ငံရေး ပါတီများအနေဖြင့် သတိကြီးစွာ ထားရမည်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးသည် မြန်မာ့ အပြောင်းအလဲအတွက် သေရေးတမျှ အရေးကြီးသည် ဆိုခြင်းအား လက်ခံ ထားရမည်ဟု နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ခဲ့သည်။

““နိုင်ငံရေး ပါတီတွေဟာ ပြည်သူလူထု ထောက်ခံမှုနဲ့ ရပ်တည်ရတာမို့ ပြည်သူလူထု ထောက်ခံမှု ကျဆင်းစေတဲ့ ဖြစ်စဉ်တွေကို သတိကြီးကြီးထား ချဉ်းကပ်ဖို့ လိုပါတယ်။ ပါတီတွေအနေနဲ့ ရန်ပုံငွေကအစ အစစအရာရာ လိုအပ်နေတာကလည်း ပကတိ အနေအထားပါ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ထိုးရောင်းတဲ့ ပုံစံမျိုးမဖြစ်အောင် ဆောင်ရွက်သင့်ပါတယ်။ NLD အနေနဲ့ တခြား ပါတီတွေကို အလေးထား ထိတွေ့ဆက်ဆံဖို့ လိုသလို တခြားပါတီတွေကလည်း NLD ပါတီနဲ့ ဒေါ်စုကို ထိတွေ့ ဆက်ဆံနိုင်ဖို့ လိုပါတယ်”” ဟုဒေါက်တာ ရန်မျိုးသိမ်းက မြန်မာသံတော်ဆင့်သို့ တင်ပြသည်။

ဖွဲ့စည်းပုံပြင်ရေးသည် နိုင်ငံရေး လိုအပ်ချက် တစ်ခုဖြစ်ပြီး ဒီမိုကရေစီနိုင်ငံသို့ သွားရန်အတွက် အဓိက အရေးပါနေသောကြောင့် မည်သည့် မက်လုံးများ ပေးစေကာမူ ခေါင်းလှည့်၍ ရမည်မဟုတ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုမြအေးက သုံးသပ်ခဲ့သည်။

““ဖွဲ့စည်းပုံပြင်ရေးက တစ်နိုင်ငံလုံး တစ်ပြည်လုံးက လိုအပ်နေတဲ့ ကိစ္စဗျာ။ အဲ့ကိစ္စနဲ့ပတ်သက်ပြီး အခွင့်အရေးတွေ ဘယ်လောက်ပေးပေး၊ မက်လုံးတွေ ဘယ်လောက်ပေးပေး။ ဖွဲ့စည်းပုံ ပြင်ရေးကိစ္စကို လုပ်ယူဖို့က မသေချာဘူးဆိုတာ အားလုံး နားလည်ပါတယ်””ဟု ကိုမြအေးက ဆိုသည်။

ယခင် န၀တ ကောင်စီဝင် ဦးတင်အေးသည် စစ်တက္ကသိုလ် အပတ်စဉ် ၉ ဆင်း ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း) ဖြစ်ပြီး မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်၌ ဆယ်စုနှစ်ကြာ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မန္တလေးတိုင်း၊ တံတားဦးမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဦးတင်အေးအား လစ်လပ်သွားသော ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနေရာ၌ အစားထိုး ခန့်အပ်ရန် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် လွှတ်တော်သို့ တင်သွင်းခဲ့သည်။
မြန်မာသံတော်ဆင့်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် ၈၈မျိုးဆက် (ငြိမ်း/ပွင့်)တို့ ပူးပေါင်း၍၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဟောပြောပွဲများ၊ လူထုဆန္ဒ လက်မှတ်ရေးထိုးပွဲများ ပြုလုပ်လျက်ရှိရာ လူထုအားပေး ထောက်ခံမှု မြင့်မားလာချိန်၌ ပြည်တွင်းထုတ် နေ့စဉ် သတင်းစာများနှင့် အပတ်စဉ်ထုတ် ဂျာနယ်များတွင် ဒေါ်အောင်ဆန်းစုကြည်အား လူထုခေါင်းဆောင်အဖြစ် မီဒီယာ အသိုင်းအ၀ိုင်းမှ ၀ိုင်းဝန်း ဖော်ပြလျက် ရှိသည်။

ယခင်က ဒေါ်အောင်ဆန်းစုကြည်အား မီဒီယာများ၏ သတင်းစာ၊ ဂျာနယ်များ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊ အတိုက်အခံခေါင်းဆောင်၊ တရားဥပဒေ စိုးမိုးရေးကော်မတီဥက္ကဋ္ဌ စသည်ဖြင့် ဖော်ပြခဲ့ရာမှ ယခု နောက်ပိုင်း လူထုခေါင်းဆောင်အဖြစ် ပြောင်းလဲ သုံးစွဲလာခြင်းဖြစ်သည်။

ယင်းသို့ ဒေါ်အောင်ဆန်းစုကြည်အား လူထုခေါင်းဆောင်အဖြစ် သုံးနှုန်းရခြင်းနှင့် ပတ်သက်၍ မြန်မာပို့စ်၊ မြန်မာပို့စ်ဂလိုဘယ် သတင်းဂျာနယ်မှ အယ်ဒီတာချုပ် ဦးသန်းထိုက်သူက “ဒေါ်အောင်ဆန်း စုကြည်ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ဘုရားပေးတဲ့ လက်ဆောင် တစ်ခုပါပဲ။ တိုင်းပြည်နဲ့ လူမျိုးအတွက် သူ့လောက် စွန့်လွှတ် အနစ်နာခံမယ့်သူ၊ ရိုးသားမယ့်သူ၊ အစားထိုးနိုင်မယ့် ခေါင်းဆောင် လုံးဝမမြင်မတွေ့ သေးပါဘူး။ အရပ်သား အသွင်ပြောင်း အစိုးရလက်ထက်မှာ အနောက်ကမ္ဘာနဲ့ တံခါးပွင့် သွားခဲ့တာတွေ ဟာလည်း လက်ရှိ အစိုးရကြောင့် မဟုတ်ပါဘူး။ အထီးကျန်ဆန် မြန်မာနိုင်ငံကို ကမ္ဘာ့အလယ်ကို ရောက်အောင် ဆောင်ကြဉ်း ပေးနိုင်ခဲ့တာဟာလည်း သူ့ကြောင့်ပါပဲ။ မိန်းမသားတန်မဲ့ အာဏာရှင် လက်နက်ကိုင် အဖွဲ့အစည်းကြီး တစ်ခုလုံးကို ယနေ့အချိန်အထိ မကြောက်မရွံ့ နောက်မတွန့်ဘဲ တွန်းလှန် ရဲတဲ့သူ၊ … အာဏာရှင် သေနတ်ပြောင်းဝတွေကို မေတ္တာတရား လွှမ်းခြုံတဲ့ ထဘီနဲ့ ဖုံးအုပ်နိုင်ခဲ့တဲ့သူ၊ ပြည်သူတွေနဲ့ အဟပ်ကွာဟ သွားခဲ့ပြီး အာဏာရှင်လူတစ်စုရဲ့ လက်ကိုင်တုတ် ဖြစ်ခဲ့ရတဲ့ မြန်မာ့ တပ်မတော်ကို ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်ရဲ့နေရာအမှန်ကို ပြန်ပို့ ပေးနိုင်မယ့်သူ ဖြစ်တယ်။ ဒီအချက် တွေဟာ မြန်မာပို့စ်ရဲ့ ထင်မြင်ယူဆချက်၊ အတ္တာနောမတ္တိ သက်သက် မဟုတ်ပါဘူး။ အာဏာရှင် ဖိနှိပ်မှု အောက်က လူထုရဲ့ သဘောထားအမြင်(Public Opinion)ပါ။ ဒါကြောင့် သူ့သတင်းတွေ ဖော်ပြတဲ့အခါ လူထုခေါင်းဆောင် ဆိုတဲ့ နာမ်စားကို ပုံသေ အသုံးပြုပါတယ်။ သူ့ရဲ့လှုပ်ရှားမှု သတင်းတွေ ဖော်ပြရင်လည်း မြန်မာပို့စ် အနေနဲ့ရော၊ မြန်မာပို့စ် ဂလိုဘယ် နှစ်စောင်လုံးပါ Endorsement Policy နဲ့ပဲ ရေးသား ဖော်ပြ ပါတယ်””ဟုမြန်မာသံတော်ဆင့်သို့ ပြောသည်။

အချို့သော သတင်းစာ၊ ဂျာနယ်များ၌ ယခင်က မျက်နှာဖုံး ခြောက်လိုင်း သတင်းများတွင် ဒေါ်အောင်ဆန်း စုကြည်နှင့် ပတ်သက်သည့် သတင်းများအား ဖော်ပြသည့်အခါ ဒေါ်အောင်ဆန်းစုကြည်ဟုသာ ဖော်ပြလေ့ ရှိကြသည်။

ထို့ပြင် လက်ပံတောင်းကြေး နီစီမံကိန်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က စုံစမ်းစစ်ဆေးရေး ကော်မရှင်၌ ပါဝင်ခြင်း၊ ဒေသခံပြည်သူများမှ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့စဉ် အချို့သော မီဒီယာများက ““ဒေါ်စု”” ဟုပင် သတင်းများ၊ ဆောင်းပါးများ၌ ပြောင်းလဲရေးသား ဖော်ပြမှုများ ရှိခဲ့သည်။

ယင်း လက်ပံတောင်း စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံ ပြည်သူများနှင့် သွားရောက် တွေ့ဆုံစဉ် ဆန္ဒပြခံရမှုနှင့် ပတ်သက်၍လည်း အထူးတလည် ရေးသား ဖော်ပြမှုများရှိပြီး အချို့သော သတင်းဌာနများမှာ ““ယင်းခရီးစဉ် သည် ဒေါ်အောင်ဆန်းစုကြည်ကို အလေးထား ယုံကြည်ထားခဲ့တဲ့ ပြည်သူလူထုရဲ့ ဆန့်ကျင် ကန့်ကွက်မှု ခရီးစဉ်ဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော်အတွင်း သူမနဲ့ ပြည်သူလူထုကြား တင်းမာမှု၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင် ခဲ့ရသည့် ပထမဆုံး ခရီးစဉ်”” ဟုလည်း အကျယ်တ၀င့် ရေးသား ဖော်ပြခဲ့ကြ ဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်အား လူထုခေါင်းဆောင်အဖြစ် ရေးသားဖော်ပြမှုနှင့် ပတ်သက်ပြီး Eleven မီဒီယာ၌ ရေးသား ဖော်ပြမှုများအပေါ် ““လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဆိုတာ အခုမှ ဖော်ပြခဲ့တာ မဟုတ်ဘူး။ အရင်ကလည်း ဖော်ပြပြီးသားပါ။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆိုတာလည်း မှန်ပါတယ်။ လူထုခေါင်းဆောင် ဆိုတာလည်း မှန်ပါတယ်။ တစ်ခါတစ်ရံမှာ အတိုက်အခံ ခေါင်းဆောင်လို့လည်း သုံးကြပါတယ်။ အဲဒီ ၀ိသေသတွေ အားလုံးကလည်း မှန်ပါတယ်။ ကျွန်တော်တို့ရဲ့ မီဒီယာ မူဝါဒဆိုတာ မီဒီယာတော့ အမှန်တရား ဘက်မှာပဲ ရပ်တည်ပြီးတော့ ဘယ်သူကိုမဆို ဘယ်ပုဂ္ဂိုလ်မို့လို့ ဘယ်ပါတီက မို့လို့ဆိုတာ မရှိပါဘူး။ မီဒီယာ တစ်ခုနဲ့တစ်ခု မူဝါဒမတူဘူးလေ။ ဒေါ်အောင်ဆန်းစုကြည်ကို သုံးနှုန်း တာကတော့ သတင်းရဲ့ အခြေအနေအပေါ် မူတည်ပြီးတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌရဲ့ ပြောကြားချက်ဆို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒါတွေကတော့ သတင်း အခြေအနေတွေ အပေါ် မူတည်ပြီးတော့ သုံးနှုန်းကြတာပါ။ ဒီဝိသေသကို အခုမှ ပြောင်းလဲသုံးတာ မဟုတ်ပါဘူး။ အရင်ကတည်း ကလည်း သုံးပါတယ်”” ဟု Eleven မီဒီယာ အယ်ဒီတာချုပ် ဦးဝေဖြိုးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

““လက်ပံတောင်း အစီရင်ခံစာအလွန် ဒေါ်စုအခြေအနေ””အမည်ဖြင့် ဆောင်းပါးရှင် မြတ်သူပန်၏ သုံးသပ်ချက် ဆောင်းပါးအား ဖော်ပြခဲ့သော မဇ္ဈိမ သတင်းဌာန အယ်ဒီတာချုပ် ဦးစိုးမြင့်ကမူ မိမိတို့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ မြန်မာပြည် ဒီမိုကရေစီ လှုပ်ရှားမှုများ၌ ခေါင်းဆောင်ပြီး ပါဝင် လုပ်ဆောင်နေသည့် သူတစ်ယောက်အဖြစ် မြင်ကြောင်း မှတ်ချက်ပေးသည်။

NLD နှင့် ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)တို့ ပူးပေါင်း၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒ လက်မှတ်ရေးထိုးပွဲများအား မြန်မာပြည်အနှံ့ ပြုလုပ်လျက်ရှိရာ သတင်းဌာနအချို့မှ သတင်းထောက်များလည်း အဆိုပါ လက်မှတ်ရေးထိုးမှုများ၌ ပါဝင်လာခဲ့သည်။

သတင်းဌာန တစ်ခုချင်းစီအလိုက် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအပေါ် သဘောထား မှတ်ချက် ပေးခြင်းများ မပြုလုပ်ကြ သော်လည်း သတင်းထောက်များ ယင်းလှုပ်ရှားမှုများ၌ ပါဝင်လာခြင်းအပေါ် ““ကျွန်တော့်အမြင် ကတော့ ၄၃၆ ပြင်ဆင်ရေးက ပြည်သူတွေရဲ့ ဆန္ဒနဲ့ ပြင်ဆင်ရမှာ ဖြစ်တဲ့အတွက် ပြည်သူတွေ အားလုံးက လက်မှတ် ရေးထိုးကြတာပေါ့နော်။ အဲဒီမှာနှစ်ပိုင်း ရှိပါတယ်။ ဂျာနယ်လစ်ကတော့ ဂျာနယ်လစ်နယ်ပယ်မှာ ဂျာနယ်လစ် အလုပ်ကို လုပ်ရပါတယ်။ ဒါကတော့ တစ်ဦးတစ်ယောက်ချင်း ခံယူချက်နဲ့ပဲ ဆိုင်ပါတယ်””ဟု Eleven အပတ်စဉ်နှင့် နေ့စဉ်သတင်းစာများ၏ အယ်ဒီတာချုပ်ဦးဝေဖြိုးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ပြည်တွင်းအခြေစိုက် မီဒီယာကြီး အချို့၌မူ ပြင်ပမှ ပေးပို့လာသော သတင်းနှင့် ဆောင်းပါးများ၌ ဒေါ်အောင်ဆန်းစုကြည်အား လူထုခေါင်းဆောင်ဟု ရေးသားထားမှုများ ရှိပါက ပယ်ချလေ့ ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

မြန်မာသံတော်ဆင့်


တိုင်းပြည်မှာ ထာဝရငြိမ်းချမ်းရေး ရရှိဖို့အတွက် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သင့်ကြောင်း ပြည်သူ့လွှတ်တော် “တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာ-အသနားခံစာများ စိစစ်ရေးကော်မတီ” ဥက္ကဋ္ဌ သူရဦးအောင်ကိုက ဒီကနေ့ ပြောလိုက်ပါတယ်။

ဒီနေ့ ပြန်လည်စတင်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမတိုင်ခင် သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ သူရဦးအောင်ကိုက အခုလို ပြောခဲ့တာပါ။

"ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်နိုင်ဘူးဆိုရင် အခု ငြိမ်းချမ်းရေးကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလုပ်နေတဲ့ ပထမအဆင့် အပစ်အခတ်ရပ်စဲရေး၊ ဒုတိယအဆင့် ထာဝရငြိမ်းချမ်းရေး အဆင့်နှစ်ဆင့်ရှိပါတယ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်မယ့် အနေအထားကတော့ အခု အတိုင်းအတာတစ်ခုအထိတော့ အောင်မြင်မှုရနေပါပြီ၊ သို့သော်လည်း ထာဝရငြိမ်းချမ်းရေးရဖို့ ဆိုလို့ရှိရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ကိုပြင်ရမှာဖြစ်ပါတယ်၊ အထူးသဖြင့် တိုင်းရင်းသားတွေက စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သူတို့တည်ထောင်လိုကြတယ်၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်မယ်ဆိုလို့ရှိရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ကိုပြင်ရမှာဖြစ်တယ်"

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်သူတွေသာမက တိုင်းရင်းသားပါတီတွေနဲ့ နိုင်ငံတကာက တောင်းဆိုနေကြတာတွေရှိကြောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင် တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံရေးအကြပ်အတည်းတွေ မပေါ်ပေါက်စေဖို့အတွက် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ လိုအပ်ကြောင်းလည်း သူရဦးအောင်ကိုက ပြောဆိုလိုက်ပါတယ်။

RFA

(ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ သွေးကို ဖောက်ကြည့်ပါ။ နီနီလေးပါပဲ။ ခင်ဗျားတို့ ဗမာတွေရဲ့ သွေးနဲ့ တူတူပါပဲဗျာ။ ကျွန်တော်တို့ သွေးကျတော့မှ တန်ဖိုးက နည်းနေလို့လား။)

ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်၏ အသံက တုန်နေသည်။ မျက်ရည်က၀ဲလို့။ ချင်းအမျိုးသား တပ်ဦး၏ အဓိပတိ ကောင်စီဝင် တစ်ဦးဖြစ်ပြီး NCCT (တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအဖွဲ့) ၏ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။ ဒေါက်တာဆလိုင်းလျန်မှုန်းသည် ၁၉၈၈ ခုနှစ်က တောခိုခဲ့သူ တစ်ဦးဖြစ်၏။ ၁၉၈၂ ခုနှစ်က သမိုင်း ဘာသာရပ်ဖြင့် ဘီအေဘွဲ့ရပြီး ၁၉၈၅ ခုနှစ်မှာ အမ်အေဘွဲ့ပါ ရထားသူ ဖြစ်သည်။ တိုင်းရင်းသားတို့၏ တန်းတူညီမျှ မရခဲ့သည့် အခွင့်အရေး အတွက် တစိုက်မတ်မတ် တောင်းဆိုခဲ့ရာမှ လက်နက်ကိုင် တော်လှန်တိုက်ပွဲ ၀င်ခဲ့ရသူလည်း ဖြစ်၏။

ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်၏ အစောပိုင်း စာအုပ်တွေကို ကျွန်တော် ဖတ်ခဲ့ဖူးသည်။ ထိုစဉ်က ကျွန်တော် ထောင်ထဲမှာ။ သူကတော့ တောထဲမှာ။ တိုင်းရင်းသားတို့ လိုလား တောင့်တအပ်သော ဖက်ဒရယ် ပြည်ထောင်စု ဆိုတာကို ထာဝစဉ်ဦးတည်ထားပြီး ရေးလေ့ရှိသည်။ တိုင်းရင်းသား လူမျိုးများ အရေးနှင့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု စနစ် စာအုပ်ထဲတွင် ၁၉၈၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်ထိ နှစ်ပေါင်းနှစ်ဆယ် ကာလကို သုံးသပ်ပြထားသည်။

တိုင်းရင်းသားတို့၏ အရေးကို ခေတ်အဆက်ဆက် တက်လာသမျှသော အစိုးရတိုင်းက လစ်လျူရှုထားလေ့ရှိသည်။ တိုင်းရင်းသားတွေက ဖက်ဒရယ်လို့ ပြောလိုက်တိုင်း ခွဲထွက်တော့မည် ဆိုသည့် တစ္ဆေကြီးကို ပွဲထုတ်ထုတ်လာလေ့ ရှိသည်။ တိုင်းရင်းသားတွေ ဘက်ကို နည်းနည်းလေးမှ စောင်းငဲ့ မကြည့်ခဲ့ကြချေ။

တန်းတူညီမျှရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရရှိရေး၊ ဒီမိုကရေစီ အရေးဆိုတာကပင် ဖက်ဒရယ်၏ အခြေခံ ဖြစ်ပါသည်ဆိုခြင်းကို တက်ခဲ့သမျှ ဘယ်အစိုးရကမှ နားမ၀င်ခဲ့၊ လက်မခံခဲ့။ ဒီတော့လည်း ပါးစပ်နှင့် ပြောမရ၊ လက်နှင့် ပြောရတော့သည်။ လက်နက်ကိုင် တော်လှန်တိုက်ပွဲဝင် ခဲ့ရတော့သည်။၂၃ နှစ်ကြာ လက်နက်ကိုင် တိုက်ရာမှ တိုင်းရင်းသားတို့၏ တန်းတူညီမျှ အခွင့်အရေး လမ်းစကို တွေ့လိုက်ရတော့ ရန်ကုန်မြေကို ဒေါက်တာ ဆလိုင်းလျန်မှုန်း ခြေချလာခဲ့ရတော့၏။

(ကျွန်တော် လူသတ်ခဲ့တယ်။ တံတားတွေ ဖျက်ခဲ့တယ်။ ဆေးရုံတွေ၊ ကျောင်းတွေ ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်။ တကယ်တော့ အထိနာတာ လူထုပဲ)

ဖဒိုစောကွယ်ထူးဝင်း၏ မျက်နှာက ညိုညိုဆိုင်းဆိုင်း။ အဝေးဆီငေးလျက်၊ တွေးတွေးဆဆ။ နှစ်ပေါင်း ခြောက်ဆယ်ကျော် လက်နက်ကိုင် တိုက်လာခဲ့သော ကရင် အမျိုးသား အစည်းအရုံး (ခေါ်) KNU ၏ အတွင်းရေးမှူးလည်းဖြစ်၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အဖွဲ့ (NCCT)၏ ဒုတိယ အဖွဲ့ခေါင်းဆောင်လည်း ဖြစ်သည်။ သူ့ကို ချစ်စနိုးနှင့် ဖဒိုကွယ်ဟု ခေါ်ကြသည်။ အပြုံးအရယ် နည်းသော ဖဒိုကွယ်၏ ရင်ထဲမှာ ပြောစရာ စကားတွေ တပုံတပင်ကြီး ထမ်းထားလေသည်။

စစ်တိုက်တယ်ဆိုတာ လူသတ်ချင်လို့ မဟုတ်ပါဘူး။ ငြိမ်းချမ်းချင်လို့ပါတဲ့၊ ဖဒိုကွယ်ရဲ့ စကားက အဆန်း။ သူတို့ကြီးပြင်းခဲ့ရသည့် ၀န်းကျင်၏ သွန်သင်မှုက ကိုယ်က သတ်လျှင်သတ်၊ မသတ်လျှင် ကိုယ့်ကို သတ်သွားမည်ဟု ဆိုသည်။ စစ်တပ်ဆိုလျှင် ရန်သူ၊ ဦးအောင်သာ သတ်ပစ်ဆိုသော အဆုံးအမတွေ ကြားမှာ ဖဒိုကွယ် ကြီးပြင်းခဲ့ရ၏။ လူသတ်တာလောက်တော့ စာလာမဖွဲ့နဲ့ ဆိုတာလို နှစ်ပေါင်း ၄၀ကျော် လက်နက်ကိုင် ခဲ့ရသည်။

ဖြည်းဖြည်းချင်း စဉ်းစားမိလာတော့ တကယ် လိုအပ်နေတာ ငြိမ်းချမ်းရေးဖြစ်သည်။ ဖဒိုကွယ်တို့ အခြေခံ အတွေးအခေါ်ကို ပြောင်းလိုက်သည်။ ငြိမ်းချမ်းရေးကို ဖော်ဆောင်ကြစို့။ တချို့ကတော့ အပြုတ်တိုက်ရေး လမ်းစဉ်ကို ဘေးတီးကြသည်။ ဒီကြားထဲ မီဒီယာတွေကပါ ဖဒိုကွယ်တို့ကို ဝေဖန် လာကြသည်။ သေနတ်ကိုင်ပြီး တကယ်တိုက်ခဲ့သော စစ်သားကြီးရဲ့ မျက်နှာမှာ မှုန်ပျပျ။ တိုးညှင်းစွာ တွန်းတိုက်ထွက်လာသော လေသံတွေက စူးရှလိုက်တာ။

(ကျွန်တော် တို့ကိုသေနတ် ပြန်ကိုင်စေချင်တာလား၊ လူပြန်သတ်စေချင်ကြလား၊ မိုင်းတွေ ခွဲစေချင်ကြလား ပြောကြစမ်းပါဗျာ)တဲ့။

ကျွန်တော့် ရင်ထဲမှာ ဆတ်ခနဲ။ ဖဒိုကွယ်တို့က မတူညီမှုတွေကို လေးစား အသိအမှတ် ပြုစေချင်ကြသည်။ unity in diversityလို့ ဆိုကြပါစို့။ မတူတာတွေ စုလို့ပေါင်းပြီး တူညီမှု အလှတရား ဖြစ်လာမည်ဟု ယုံကြည်သည်။ ပန်းတစ်အိုးထဲမှာ ရောင်စုံရွယ်စုံပန်းများ ရှိနေတာကိုက အလှတရား ဖြစ်သည်ဟု ဆို၏။ သေချာတာကတော့ နေရာပေးဖို့ပဲ ဖြစ်သည်။

ဘ၀နှင့်ရင်းပြီး ဘယ်သူမှ အလိမ်မခံချင်ကြ။ ဘ၀နှင့်ရင်းပြီး ဘယ်သူမှ မညာချင်ကြ။ မကောင်းသော အမွေဆိုမှတော့ မပေးခဲ့ချင် မထားခဲ့ချင်တော့ချေ။ ငြိမ်းချမ်းချင်ပြီ။ ဒါသည်ပင် ဒေါက်တာ ဆလိုင်းလျန်မှုန်းတို့၊ ဖဒိုကွယ်တို့၏ ရင်ထဲက အမှန်တရား။

ပြည်ထောင်စုကြီး တစ်ခုအတွင်းမှာ အတူနေကြတာချင်းတူတူ ဘာလို့ သူတို့ကျမှ မလုံမခြုံတဲ့ ဘ၀တွေနဲ့ ကြောက်ကြောက်လန့်လန့် နေနေရတာလဲ။ သူတို့နေရာတွေမှာ လာနေကြည့်ကြပါလို့ ဖိတ် ခေါ်လိုက်ချင်သည်။ သူတို့ တိုင်းရင်းသား ကလေးငယ်လေးတွေရဲ့ မယုံမရဲ မလုံမခြုံ မျက်လုံးတွေကို လာကြည့်ကြပါဟု ဖိတ်ခေါ်လိုက်ချင်သည်။ မြန်မာ ပြည်ထောင်စုကြီး တစ်ခုလုံးကို သူတို့တောင်းပန် လိုက်ချင်သည်။ တစ်ခွန်းတည်းပါ။ ကိုယ်ချင်းစာကြပါ။

ကျွန်တော်၊ ဖဒိုကွယ်နှင့် ဒေါက်တာဆလိုင်းတို့၏ စကားတွေကို နားထောင်ရင်း ရုပ်ရှင်ပုံရိပ်တွေလို မြင်ကွင်းတွေ တဖျပ်ဖျပ် ပြေးသွားသည်။ သေနတ်သံတွေ ဆူလို့ညံလို့။ ဗုံးတွေ၊ အမြောက်ဆန်တွေ တ၀ုန်းဝုန်း။ ဒရောသောပါး ပြေးလွှားနေသော ကလေးငယ်များ၊ အမယ်ကြီးအိုများ။ သွေးသံ အလိမ်းလိမ်းနှင့် ဝေဒနာသည်များ။

ဒီမြင်ကွင်းတွေ ရပ်စေချင်ပါပြီ။ ဒီအသံတွေ တိတ်စေချင်ပါပြီ။ လူလူချင်း လေးစား အသိအမှတ်ပြုသော၊ နေရာထား ဆက်ဆံသော၊ လူမှု အဆောက်အအုံကြီး ဖြစ်ခွင့်ပေးပါတော့။ ပြည်ထောင်စု သားချင်း(ပြဇာတ်ကတာ မဟုတ်ဘဲ) တကယ် လက်တွဲပြီး တိုင်းပြည် ဖွံ့ဖြိုးရေး အတွက် လုပ်ကြရအောင်ပါ။

နှစ်ပေါင်းခြောက်ဆယ်ကျော် နာတာရှည်ခဲ့သော ရောဂါဆိုးကြီးကို တစ်နှစ်နှစ်နှစ်နဲ့ ချက်ချင်း ပျောက်ရမည်ဟု ကျွန်တော် မပြောလိုပါ။ ပြောမထွက်ပါ။ သို့သော် ပြည်သူတရပ်လုံးကပါ ၀န်းလိုက်ဝိုင်းလိုက်လျှင် အောင်မြင်ရမည်ဟု ရဲရဲကြီး ယုံကြည်မိသည်။

တောင်ပေါ်မှာပဲ ဖြစ်ဖြစ်၊ ပင်လယ်မှာပဲ ဖြစ်ဖြစ် ယမ်းငွေ့တွေစဲပြီး ပန်းပွင့်တွေပဲ ပွင့်တာ မြင်ချင်သည်။ ဆုတောင်းရုံကလွဲပြီး ဘာမှ မတတ်နိုင်တာ မဟုတ်။ ကျွန်တော်တို့ အတူလုပ်ရမည်။ ကျွန်တော်တို့ အတူလုပ်ကြရမည်။ ကျွန်တော်တို့ အတူလုပ်ချိန်တန်ပြီ။

- ဇာဂနာ
Tomorrow news journal

ကျွန်တော် ကြံ.ခိုင်ဖွံ.ဖြိုးရေးပါတီထဲသို.၀င်တော.မည် ။
ဘယ်သူတွေဘာထင်ထင် ကျွန်တော်ဝင်မည် ။ ဒီခေတ်မှာနိုင်ငံရေးပါတီတစ်ခုတော.နောက်ခံရှိထားမှဖြစ်မည် ။ သူများတွေဝင်သောပါတီထဲသို.လည်း အုတ်အရောရောကျောက်အရောရော သူများလုပ်တိုင်းလိုက်လုပ်ကာ ရောတိရောရာ မလုပ်ချင် ။ ကိုယ်ထင်တာ
ကိုယ်လုပ်တာကျွန်တော်.၀ါသနာဖြစ်သည် ။ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေး
ပါတီ ကိုကျွန်တော်ကြိုက်သည် ။ ယခင်ပါတီဥက္ကဌဦးသိန်းစိန်သည် လာဘ်မစားဘူးဟု
နာမည်ကျော်ကြားသော Mr. Clean ဖြစ်သည် ။ ယခုပါတီဥက္ကဌဖြစ်သူ၊
သူရဦးရွှေမန်းသည် တိုင်းပြည်ကောင်းအောင်လုပ်နိုင်မည်.သူတစ်ဦးဖြစ်သည် ဟု
ကျွန်တော်ယုံသည် ။ ထို.ကြောင်.ပါတီသို.ကျွန်တော်ဝင်မည် ။သို.သော် ကျွန်တော်သည် ဥာဏ်ရည်နုံနဲ.သူဖြစ်သည် ။ ကြံ.ခိုင်ဖွံ.ဖြိုးရေးပါတီနှင်.ပါတ်သက်လာလျင် ကျွန်တော်
မရှင်းလင်းသော ၊ မည်သို.မျှမစဉ်းစားတတ်သော ကိစ္စလေးအနည်းငယ်ရှိသည် ။
မေးခွန်းအနည်းငယ်ရှိသည် ။

ခုရှုပ်မှနောင်ရှင်းဆိုသလိုထိုကိစ္စများကိုသက်ဆိုင်ရာပါတီခေါင်းဆောင်များမှကျွန်တော် သဘောပေါက်နားလည်လာအောင် ရှင်းပြနိုင်ပါက အလွန်ကျေးဇူးတင်မိပေမည် ။ ရှင်းပြမည်ဟုလည်းယုံကြည်မျှော်လင်.ပါသည် ။ ထိုအခါကျွန်တော်သည် ပါတီထဲသို.
ဝင်ရန်သာရှိပါတော.သည် ။

ပထမအချက်အနေဖြင်.ကျွန်တော်မေးလိုသည်မှာ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.
ဖွံ.ဖြိုးရေးအသင်း နှင်.ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီသည် အတူတူ
ပဲလားဟူသောမေးခွန်းဖြစ်ပါသည် ။အဘယ်.ကြောင်.ဆိုသော် ပြည်ထောင်စု
ကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးအသင်းသည် အစိုးရပိုင်အသင်းကြီးဖြစ်ခဲ့သည် ။ အစိုးရပိုင်အသင်းဖြစ်စဉ်က အသင်းပိုင်ရုံးခန်းများ၏ မြေနေရာနှင်. အဆောက်အဦ အားလုံးသည် နိုင်ငံတော်ဘဏ္ဍာငွေဖြင်.တည်ဆောက်ထားသော ရုံးခန်းများ
ဖြစ်သည် ။ ထိုသို. နိုင်ငံတော်ပိုင်မြေနှင်.ရုံးများသည် အသင်းကြီးအဖြစ်မှ နိုင်ငံရေး
ပါတီတစ်ခုအဖြစ်သို.ပြောင်းလဲလိုက်သောအခါ နိုင်ငံတော်ပိုင်ပစ္စည်းများကို နိုင်ငံတော်
သို.ပြန်အပ်ရမည်ဖြစ်သည် ။ နိုင်ငံရေးပါတီဆိုသည်မှာ နိုင်ငံတော်ပိုင်မဟုတ်သဖြင်. ယခင်နိုင်ငံတော်ပိုင်အသင်းကြီး၏မြေနေရာ ၊ဘဏ္ဍာငွေ ၊အဆောက်အဦ ၊
လက်ကျန်ငွေ ၊ စီးပွားရေးလုပ်ငန်းစသည်များကိုတစ်ခုမကျန် နိုင်ငံတော်သို.ပြန်အပ်
ရပေမည် ။ ပြည်သူတို.၏ ချွေးနည်းစာဖြစ်သော နိုင်ငံတော်ဘဏ္ဍာငွေသည် ပါတီတစ်ခုအတွက်သုံးလို.ရမရ ကျွန်တော်သိချင်သည် ။

ထို.ကြောင်.ကြံ.ခိုင်ရေးအသင်းကြီး၏မြေများ ၊ တိုက်များ ၊ ရုံးခန်းများ ၊စီးပွားရေး
လုပ်ငန်းများ ကို ပြည်ခိုင်ဖြိုးပါတီက မိဘအမွေသားသမီး ဆက်ခံသလို ယူလိုက်ခြင်း
မှာ တည်ဆဲဥပဒေနှင်.ညီမညီ ၊နိုင်ငံတော်အေးချမ်းသာယာရေးနှင်.ဖွံ.ဖြိုးရေးကောင်စီ
သည် ပြည်သူပိုင်ပစ္စည်းများကို နိုင်ငံရေးပါတီတစ်ခုသို.ကိုယ်.သဘောနှင်.
ကိုယ်ပေးပိုင်ခွင်.ရှိမရှိ ၊ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီသည် နိုင်ငံပိုင်ပစ္စည်းကိုပါတီအတွက်လွှဲပြောင်းရယူပိုင်ခွင်.ရှိမရှိ ကျွန်တော်သိလိုပါသည် ။

ဒုတိယသိလိုသည်မှာအသင်းကြီးကိုစတင်တည်ထောင်သူ နာယကကြီးဖြစ်သော အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွေအကြောင်းဖြစ်သည် ။ ပြည်ခိုင်ဖြိုးပါတီသည်
ပြည်ခိုင်ဖြိုးအသင်းမှဆင်းသက်လာသည်ဖြစ်ရာ အသင်းကြီး၏မူလစတင်တည်ထောင်သူ
တစ်ယောက်အကြောင်းကိုပါတီကရှင်းပြနိုင်လိမ်.မည်ဟုယူဆ၍ မေးရခြင်းဖြစ်ပါသည် ။ ကျွန်တော်သိလိုသည်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) ယခုနေနေသော အိမ်တော်
ဟုခေါ်သည်.နေပြည်တော်မှ မြေနေရာနှင်.အဆောက်အဦသည် သူချွေးနည်းစာဖြင်. လစာဝင်ငွေထဲမှစုဆောင်းကာ ဆောက်လုပ်ထားခြင်းလော ၊ သို.တည်းမဟုတ် နိုင်ငံတော်ပိုင်ဘဏ္ဍာငွေများဖြင်.ဆောက်လုပ်ထားခြင်းလောမရှင်းသဖြင်.မေးချင်ပါသည် ။

သူ.ငွေဖြင်.သူဆောက်လုပ်ထားပါသည်ဟုတစ်ခွန်းဖြေလျင်ဘာမှစောဒကတက်၍
ရှေ.ဆက်မမေးတော.ပါ ။သို.သော် နိုင်ငံတော် ဘတ်ဂျက်ငွေဖြင်.ဆောက်ထားပါသည်
ဆိုလျှင် မရှင်းတာလေးအနည်းငယ်ရှိပါသည် ။ နိုင်ငံတော်ဝန်ထမ်းတစ်ယောက်အား
တာဝန်ထမ်းဆောင်စဉ်ပေးထားသောအိမ်သည် သက်ပြည်.ပင်စင်ယူ၍ (အမှန်မှာ သက်ကျော်ပင်စင်ဟုပင်ပြောရမလိုဖြစ်ပေသည် ။ စကားချပ် ။ ) ရာထူးမှအနားယူ
သွားသောအခါ ထိုအိမ်တွင်ဆက်နေ၍ရမရ သိလိုပါသည် ။ နိုင်ငံတကာတွင် အမေရိကန်
သမ္မတအဆက်ဆက်သည်ရာထူးမှ နှစ်စေ.၍ဆင်းသွားသောအခါ အိမ်ပေါ်
မှဆင်းပေးရပါသည် ။ နောက်သမ္မတနေရန်အိမ်အသစ်ထပ်ဆောက်ရရိုးထုံးစံမရှိပါ ။ အိမ်ဖြူတော်သည် လေးနှစ်တစ်ခါ (သို.မဟုတ် )ရှစ်နှစ်တစ်ခါ သမ္မတများပြောင်း
နေပါသည် ။ ဗြိတိန်တွင်လည်း ၀န်ကြီးချုပ်အသစ်တက်လာသောအခါ
ဝန်ကြီးချုပ်ဟောင်းသည် လန်ဒန်မြို. အမှတ် (၁၀ ) ဒေါင်းနင်းလမ်းနေအိမ်မှ ထွက်ခွာပေးကြရစမြဲဖြစ်သည် ။

မြန်မာနိုင်ငံတွင်လည်း တပ်မတော်သားဝန်ထမ်းများသည် အသက် (၆၀) ပြည်.၍ပင်စင်
ယူသောအခါ ရရှိထားသော လိုင်းခန်း (သို.မဟုတ် )အရာရှိအိမ်ယာကို စစ်တပ်သို.
ပြန်အပ်ရပါသည် ။ က.ပ.စ တွင်အလုပ်လုပ်သော ကျွန်တော်၏မိတ်ဆွေ တပ်မတော်သား
တစ်ဦးသည် ပင်စင်ယူသောအခါ နေစရာမရှိတော.သဖြင်. သူတို.မိသားစုထဲမှ
တစ်ယောက်ကို အလုပ်ထဲတွင်ပြန်သွင်းထားပြီးမှ ထိုအိမ်ယာကိုပြန်နေခွင်.ပြုရန်
လျှောက်လွှာတစ်ခါပြန်တင်ကာ ဘောင်ဝင်အောင်ဆောင်ရွက်ရပါသည် ။
အခြား အရပ်ဘက်ဝန်ထမ်းများလည်းထိုနည်းနှင်နှင်ဖြစ်ပါသည် ။ ၀န်ထမ်းဘ၀က
ရခဲ.သောအိမ်သည် ပင်စင်ယူသောအခါ အပြီးအပိုင်ရလိုက်သည်ဟူ၍လည်းမကြားဖူးပါ ။ ထို.ကြောင်.တပ်ချုပ်ကြီး( ဟောင်း)၏အိမ်သည် ကိုယ်ပိုင်အိမ်လား ၊နိုင်ငံတော်ပိုင်
အိမ်လားသိလိုခြင်းဖြစ်ပါသည် ။

ဒုတိယတစ်ချက်သိလိုသည်မှာ ပင်စင်လစာကိစ္စဖြစ်ပါသည် ။ ၂၀၁၁ ခုနှစ် မတ်လ (၃၁)
ရက်နေ. မှစ၍ ပင်စင်ဦးစီးဌာနမှစ၍ ခံစားခွင်.ပြုလိုက်သည်. ပင်စင်လစာငွေများမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း) ၏ပင်စင်လစာ မှာတစ်လလျင် ကျပ် သိန်း(၁၀၀) ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး (ငြိမ်း) မှာတစ်လလျင် ကျပ်သိန်း (၈၀) ခံစားခွင်.
ရှိသည်ဟုဆို၏ ။ ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေ အခန်း(၃) ပုဒ်မ (၅၈)တွင် နိုင်ငံတော်
သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသား
အားလုံး၏ အထွတ်အထိပ်နေရာရရှိသည် ဟုဖော်ပြပါရှိ၏ ။ ထိုသို.ဆိုလျင် ဖွဲ.စည်းပုံ
ဥပဒေအရ နိုင်ငံတော်၏အထွတ်အထိပ်ဖြစ်သည်ဟုဆိုသော သမ္မတဦးသိန်းစိန်က
လုပ်ခလစာ တစ်လလျင် သိန်း (၅၀ )ပဲရနေပါလျက် အထွတ်အထိပ်မဟုတ်
တော.သောပုဂ္ဂိုလ်တစ်ယောက်၏ပင်စင်လစာငွေမှာ အထွတ်အထိပ်ထက် နှစ်ဆများ
နေသည်မှာ ဖွဲ.စည်းပုံအခြေခံဥပဒေနှင်.ညီညွတ်ခြင်းရှိမရှိ ၊ဖွဲ.စည်းပုံအခြေခံ
ဥပဒေကိုချိုးဖောက်ရာရောက်မရောက် သိရှိလိုပါသည်ခင်ဗျား ။

တစ်ဖန်နိုင်ငံရေးဆုငွေ ( အရပ်အခေါ်ဂရယ်ဂျူတီကြေး )ချီးမြှင်.ရာတွင်လည်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွေ၏ခံစားခွင်.မှာ သိန်းပေါင်း ( ၂၃၀၀ ) ဖြစ်သည်ဟု
သိရပါသည် ။ထိုကိစ္စသည်ကောလဟလ လားတကယ်လား သိလိုပါသည် ။
တကယ်ဖြစ်ပါက Gratuity ကြေး သိန်း (၂၃၀၀ ) ရအောင်တွက်လိုက်သော တွက်နည်း
စနစ်ကိုသိလိုပါသည် ။ သာမန်အားဖြင်.၀န်ထမ်းများအငြိမ်းစားယူသောအခါ
Gratuity (ခေါ်) လုပ်သက်ခံစားခွင်. တွက်ချက်သော ပုံသေနည်းမှာ ကျွန်တော်
သိသလောက်အောက်ပါအတိုင်း တစ်နိုင်ငံလုံးတွက်ကြပါသည် ။

အငြိမ်းစားမယူမီနောက်ဆုံးရခဲ.သော လစာ x လုပ်သက် ÷ ( ၂ ) ဖြစ်ပါသည် ။
ဤနည်းဖြင်.တွက်ချက်ပါက ဗိုလိချုပ်မှူးကြီးသန်းရွှေ ၏လုပ်သက်ကို (၄၅ )နှစ်ဖြင်.
စဉ်းစား၍တွက်ချက်လျင် သူ၏မူရင်းလစာမှာ တစ်လလျင်သိန်း (၁၀၀ ) ရှိပါမှ
ဂရယ်ဂျူတီကြေး သိန်း ၂၃၀၀ ခန်. ရပေလိမ်.မည် ။ ထို.ကြောင်.ဗိုလ်ချုပ်မှူးကြီး
သန်းရွှေ ၏မူရင်းလစာမှာ တစ်လသိန်းတစ်ရာလား ၊ထိုသို.သိန်းတစ်ရာလစာရခဲ.လျင် ပင်စင်ကြတော. ဘယ်လိုလုပ် တစ်လ သိန်းတစ်ရာဖြစ်သွားသလဲ မရှင်းပေ ။ ပင်စင်
တွက်နည်းမှာ နောက်ဆုံးရလစာကိုလုပ်သက်နှင်.မြှောက်ပြီး တပ်မတော်သား
ဆိုလျင် (၅၀ )နှင်.စားရပါသည် ။ အရပ်ဘက်ဝန်ထမ်းဆိုလျင် ( ၇၀ ) နှင်.စားရပါသည် ။ တစ်လလျင်ယခင်ကလစာ သိန်း (၁၀၀ ) ရခဲ.လျင်တော. လုပ်သက် (၄၅ )နှစ်
နှင်.မြှောက်ကာ (၅၀ )နှင်.စားလိုက်သောအခါ သိန်း(၉၀)ရပါသည် ။တွက်နည်းတွင်
တပ်မတော်သားများအတွက် မူရင်းလစာနှင်.အတူ အရည်အချင်းလစာ ၊ နှစ်တိုး ၊ အိမ်ငှားခများပါထပ်ထည်.လေ.ရှိရာ ဤသိန်း(၉၀ ) မှ သိန်း(၁၀၀ )ရသွားသည်
ဆိုလျင် ဖြစ်နိုင်ပါသည် ။

ဆိုလိုသည်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ ပင်စင်မယူမီကလစာမှာ တစ်လလျင်
သိန်း (၁၀၀ )ဖြစ်ခဲ.လျှင်တော.ပင်စင်ကြေး သိန်းတစ်ရာဆိုတာရော ၊ လုပ်သက်
ခံစားခွင်. ( Gratuity ) သိန်း (၂၃၀၀ ) ဆိုတာရော စာရင်းကိုက်ပါသည် ။
သို.သော် ပြသနာမှာ ဗိုလ်ချုပ်မှူးကြီးတို.ယခင်ကလစာ ဘယ်လောက်ယူခဲ.ပါသည်ဟု နိုင်ငံတော်ပြည်သူများကိုတစ်ခါမှ လူရာသွင်း၍မကြေငြာခဲ.ခြင်းဖြစ်သည် ။ ထို.ကြောင်.ကျွန်တော်သိလိုသည်မှာပြည်ခိုင်ဖြိုးအသင်းကြီး၏မူလတည်ထောင်သူ
နာယကကြီး ဦးသန်းရွေ၏ ပင်စင်မယူခင်က ခံစားခဲ.သောတရားဝင်လစာသည် တစ်လလျင်သိန်း(၁၀၀ )ကျပ် ဟုတ်မဟုတ်သိလိုပါသည် ။ မဟုတ်ခဲ.လျင် ပင်စင်နှင်. ဂရယ်ဂျူတီကြေးကိုမည်သည်.တွက်နည်းဖြင်.တွက်လိုက်သလဲဆိုတာသိလိုပါသည် ။
ဟုတ်ခဲ.လျင် လုပ်ခလစာ တစ်လလျင်ကျပ်သောင်းဂဏန်းဖြင်. တစ်နိုင်ငံလုံးနှစ်ပေါင်း
များစွာ ပင်ပန်းဆင်းရဲနေချိန်တွင် ဤမျှများသောလစာကိုမည်သည်.အချိုးချ
လစာစနစ်ဖြင်. ရယူခဲ.သလဲသိလိုပါသည် ။

နောက်တစ်ခုသိလိုသည်မှာလည်းပြည်ခိုင်ဖြိုးဥက္ကဟောင်း နှင်.ဥက္ကဌသစ်၏
ပင်စင်လစာအကြောင်းဖြစ်သည် ။ တပ်မတော်ပင်စင်လစာအဖြစ် ပြည်ခိုင်ဖြိုးပါတီ
ဥက္ကဌဟောင်း လက်ရှိနိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် သည်တစ်လ ကျပ်သိန်း(၅၀ )
ပင်စင်ရသည်ဟုသိရပါသည်။ လက်ရှိပါတီဥက္ကဌလည်းဖြစ် ပြည်ထောင်စု
လွှတ်တော်နာယကလဲဖြစ်သူ၊ သူရဦးရွှေမန်းသည်လည်းပင်စင်လစာ တစ်လ သိန်း
(၅၀ )ဟုသိရပါသည် ။ထိုမှတစ်ဖန် လက်ရှိသမ္မတလစာ အဖြစ် ဦးသိန်းစိန်က တစ်လ
လျင် သိန်း(၅၀ ) ၊ဦးရွှေမန်းက ပြည်သူ.လွှတ်တော်ဥက္ကဌရာထူးအတွက်လစာ တစ်လလျင် (၃၅)သိန်းရနေပြီဖြစ်သည် ။ ထိုသို.ဆိုလျင်ကျွန်တော်သိလိုသည်မှာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဟောင်း နှင်. လက်ရှိဥက္ကဌသစ်တို.သည်လက်ရှိရာထူးအတွက်လဲလစာ
ယူသည် ၊တပ်မတော်ပင်စင်အတွက်လဲ သိန်း(၅၀ ) ၊ (၃၅) သိန်းစသည်ဖြင်. နှစ်ပြန်နှစ်လဲ
ယူနေကြပါသလား ၊ လစာတစ်မျိုးထဲပဲယူပါသလား၊ လစာနှစ်မျိုးကိုတစ်ပြိုင်တည်း
ရယူခံစားနေကြပါလျင် တိုင်းပြည်ဘဏ္ဍာကိုထိုသို.ရယူခံစားခြင်းမှာ ဖွဲ.စည်းပုံအခြေခံ
ဥပဒေနှင်.ညီညွတ်ပါရဲ.လားဟူ၍ဖြစ်ပေသည် ။

နောက်ထပ်မေးခွန်းမှာ ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးစဉ်ကာလနှင်.
သက်ဆိုင်သည် ။၂၀၁၀ ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ
လုပ်ကိုင်ဆောင်ရွက်ရာတွင် ပြည်သူလူထုကို ပြည်ခိုင်ဖြိုးပါတီက လမ်းများခင်းပေးခြင်း
လဲပါဝင်ပါသည် ။ကျွန်တော်သိလိုသည်မှာ ထိုသို.မဲဆွယ်စည်းရုံးမှုအဖြစ် ခင်းပေးသော
ကွန်ကရစ်လမ်းများသည် နိုင်ငံတော်ဘဏ္ဍာငွေဖြင်.ခင်းပေးသည်လား ၊ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်ပိုင်ငွေဖြင်.ခင်းပေးတာလားသိလိုရင်းဖြစ်သည် ။

နိုင်ငံတော်ဘဏ္ဍာဖြင်.ခင်းပေးသည်ဆိုပါက နိုင်ငံတော်ဘဏ္ဍာကို နိုင်ငံရေးပါတီ
တစ်ခု၏ မဲဆွယ်စည်းရုံးမှုအတွက်သုံးခွင်.ရှိမရှိသိလိုပါသည် ။ ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်ပိုင်ရန်ပုံငွေဖြင်. စေတနာသက်သက် ခင်းပေးခဲ.သည်ဟုဆိုလျင်ကျေးဇူး
တင်ပါသည် ။ တစ်ခုထပ်မေးချင်သည်မှာ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီ နှင်.ရန်ကုန်မြို.တော်စည်ပင်သာယာရေးကော်မတီသည် ဘိလပ်မြေဂိုဒေါင်တစ်ခုကို နှစ်ဖွဲ.အတူမျှသုံးပါသလား ၊ နှစ်ဖွဲ.ပူးတွဲ၍ပိုင်ဆိုင်ပါသလားဟုသိချင်စိတ်လဲဖြစ်မိပါသည် ။ အဘယ်.ကြောင်.ဆိုသော် ကျွန်တော်နေထိုင်သော မြောက်ဥက္ကလာပမြို.နယ် ၊
(ဆ)ရပ်ကွက် အတွင်းမှလမ်းတစ်လမ်းကို ပြည်ခိုင်ဖြိုးပါတီမှ မဲဆွယ်သည်.အနေဖြင်. ကွန်ကရစ်လမ်းခင်းပေးပါသည်။ ပြည်ခိုင်ဖြိုးပါတီမှခင်းပေးသည်.အတွက်ကျေးဇူး
တုန်.ပြန်သောအနေဖြင်.လမ်းထဲမှ လူငယ်များ ပြည်ခိုင်ဖြိုးပါတီသို.၀င်ကြရပါသည် ။ ပါတီတံဆိပ်ပါသော တီရှပ်အကျီ င်္များဝတ်ကြရပါသည် ။လမ်းခင်းရန်အတွက်
ဘိလပ်မြေထုတ်သောအခါ ကျွန်တော်တို.လမ်းထဲမှ လူ ဆယ်ဦးခန်.သူတို.
ခေါ်သောကားဖြင်.လိုက်သွားရပါသည် ။ ဘိလပ်မြေသွားထုတ်ရသောဂိုဒေါင်မှာ ရန်ကုန်မြို.တော်စည်ပင်သာယာရေးကော်မတီ မှပိုင်ဆိုင်သော အစိုးရဌာနဆိုင်ရာ
ဂိုဒေါင်ဖြစ်ပါသည် ။ ထို.ကြောင်.ကျွန်တော်ယနေ.အထိမရှင်းသည်မှာ ကျွန်တော်တို.
လမ်းကိုကွန်ကရစ် ခင်းပေးသူကျေးဇူးရှင်မှာ ရန်ကုန်မြို.တော်စည်ပင် လား ၊
ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီလား ဆိုသည်ကိုသဲသဲကွဲကွဲ
မဆုံးဖြတ်တတ်ပါ ။

နောက်ထပ်မသဲကွဲသောအချက်တစ်ခုကိုလည်းတစ်လက်စထဲ မေးပါရစေ ။ ကျွန်တော်သည်ဧည်.လမ်းညွန်အဖြစ် ပုဂံဒေသဘက်သို.သွားသောအခါ
အညာဒေသ (အထူးသဖြင်.)ကျောက်ပန်းတောင်းနှင်.ညောင်ဦးကြားရွာအချို.
တွင် ပြည်ခိုင်ဖြိုးရွာ ဟူသော ကျောက်စာတိုင်လိုလို ကမ္ဖည်းမော်ကွန်းလိုလို ဆိုင်းဘုတ်များကိုရွာထိပ်ကားလမ်းနဘေးလူမြင်သာသောနေရာများတွင်မကြာခန
တွေ.ရပါသည် ။ ပြည်ခိုင်ဖြိုးသည် နိုင်ငံရေးပါတီအဖြစ်အသွင်မကူးပြောင်းမီ
ပြည်ခိုင်ဖြိုးအသင်းကြီးအဖြစ်ရှိစဉ်က နိုင်ငံတော်ဘဏ္ဍာငွေဖြင်. ရွာကိုကူညီခဲ.သဖြင်.
ပြည်ခိုင်ဖြိုးရွာဟု ဂုဏ်ဖော်ကာ ကျောက်တိုင်စိုက်ထူခဲ.ခြင်းဖြစ်မည် ။

သို.သော် ပြည်ခိုင်ဖြိုးသည် နာမည် ၊ တံဆိပ် ၊ ဆောင်ပုဒ် မပြောင်းပဲ ပြည်ခိုင်ဖြိုး
အမည်ဖြင်.ပင် နိုင်ငံရေးပါတီအဖြစ်ကူးပြောင်းရောက်ရှိသွားပြီဖြစ်ရာ အရင်ခေတ်က နိုင်ငံတော်ပိုင် (ပြည်သူ.ငွေ)ဖြင်. ထောက်ပံ.ကူညီခဲ.သောကျေးရွာတစ်ရွာ၏အမည်ကို ယခုအခါနိုင်ငံရေးပါတီဖြစ်နေသော ပါတီအမည်ဖြင်. ပြည်ခိုင်ဖြိုးရွာဟု ကြော်ငြာ ဆိုင်းဘုတ်ရေးထိုးထားခြင်းမှာ နိုင်ငံတော်ငွေဖြင်. ပါတီအတွက်မဲဆွယ်နေခြင်း
ဖြစ်သောကြောင်. ဤကိစ္စသည် ရွေးကောက်ပွဲဥပဒေဖြင်.ညီညွတ်၏ မညီညွတ်၏ကို သိလိုပါသည် ။

နောက်ဆုံးအနေဖြင်.ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးတင်အေး
(ငြိမ်း) အကြောင်းကိုမေးမြန်းလိုပါသည် ။ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး
သည် မူလက ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီ ၀င်တစ်ယောက်သာမက ပါတီထိပ်တန်းခေါင်းဆောင်တစ်ဦဖြစ်ပါသည် ။၂၀၁၀ ရွေးကောက်ပွဲတွင်မန္တလေးတိုင်း
တံတားဦးမြို.နယ် ၊ ပြည်သူ.လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီကို
ကိုယ်စားပြု၍ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံခဲ.သူဖြစ်ပါသည် ။ လွှတ်တော်အမတ်ဖြစ်ပြီး
ကာမှ သမ္မတကြီးတာဝန်ပေးခန်.အပ်၍ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဖြစ်လာသူ
ဖြစ်သည် ။

ကျွန်တော်သိလိုသည်မှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးသည် ယခု
လက်ရှိတွင် ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်နေသေးပါသလား ၊ ပါတီမှတရားဝင်နှုတ်ထွက်
လိုက်ပြီလား သိလိုပါသည် ။ပါတီဝင်ဖြစ်နေသေးလျင် ရွေးကောက်ပွဲကော်မရှင်ဥက္က
ရာထူးယူထားသူသည် နိုင်ငံရေးပါတီတစ်ခုခု၏ ပါတီဝင် ဖြစ်နေ၍ရမရ သိလိုပါသည် ။ ပါတီမှနုတ်ထွက်ပြီးဖြစ်သည်ဟုဆိုလျင် သမ္မတကြီးဦးသိန်းစိန်သည်ပြည်တွင်းပြည်ပ ခရီးစဉ်များတွင် ဦးတင်အေးကိုမကြာခနခေါ်ယူလိုက်ပါစေခြင်းသည် ကြံ.ခိုင်ရေးပါတီဝင်
အချင်းချင်းမို.ခေါ်သွားသည်လား ၊ တပ်မတော် D.S.A အပါတ်စဉ် (၉) ကျောင်းဆင်း
ဘက်ချင်းမို.မျက်နှာသာပေးကာခေါ်သွားသည်လားသိလိုပါသည် ။

ထိုသို.တစ်ပါတီထဲမှတက်လာသူ သမ္မတနှင်. ရွေးကောက်ပွဲ ဒိုင်လူကြီးလုပ်မည်.
သူတို.ရင်းနှီးလွန်းနေခြင်းသည် နောင်ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုးပါတီ
အသာစီးရစေရန်အားသာချက်ဖြစ်မဖြစ် သိလိုပါသည် ။တစ်ဖန်ဦးတင်အေးက ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်ကာလများတွင် အတိုက်အခံပါတီကြီး
တစ်ခုမှပါတီဝင်အချို.သည်ကြယ်ငါးပွင်.အလံများကိုကိုင်ဆောင်ခဲ.ကြသဖြင်.အလံတော်
ဥပဒေအရ အရေးယူ၍ ရသည် ၊ကန်.ကွက်သူရှိလျင်အရှုံးပေးပစ်မည်ဟု ပုသိမ်ခရီးစဉ်
တွင်မိန်.ကြားခဲ.ပါသည် ။ ထိုအခါသတိရ၍မေးလိုသည်မှာပြည်ထောင်စုကြံခိုင်ရေးနှင်.
ဖွံ.ဖြိုးရေးပါတီညီလာခံကြီးတွင်တည်ဆဲသုံးရောင်ခြယ်နိုင်ငံတော်အလံကိုပြောင်းပြန်
ဇောက်ထိုး လွှင်.ထူခဲ.ခြင်း ကိုအလံတော် ဥပဒေအရ အရေးယူ၍ ရမရ ၊ ပါတီမှအရေးယူ
ခဲ.ခြင်းရှိမရှိ သိလိုပါသည် ။

ကျွန်တော်သိလိုသောအကြောင်းအရာ မြောက်များစွာရှိပါသေးသည် (ဥပမာ အစိုးရ
အဖွဲ.၀င်နိုင်ငံ.ခေါင်းဆောင်များနှင်.လွှတ်တော်အမတ်များ ၏ ပိုင်ဆိုင်မှုဓနဥစ္စာ
ထုတ်ဖော်ကြေငြာရေးအဆိုကို ဘာကြောင်.လွှတ်တော်တွင်ပြည်ခိုင်ဖြိုးအမတ်များ
ကန်.ကွက်ကြသည် ၊ White Card ကိုင်ထားသော နိုင်ငံသားမဟုတ်သူဘင်္ဂလီများ
မဲပေးခွင်. ၊ပါတီထောင်ခွင်.ပြုထားခြင်းကို လာမည်.၂၀၁၅ ရွေးကောက်ပွဲတွင်ဘယ်လို
သဘောထားသည် ၊စသည်ဖြင်. ) ။ သို.သော်အလုပ်မအားသည်.ကြားထဲမှလူကြီးများ
ခေါင်းခြောက်မည်စိုးသောကြောင်.ဤမျှသာမေးခွန်းမေးလိုက်ပါသည် ။
တကယ်မရှင်း၍မေးခြင်းဖြစ်၍ရိုင်းတာပါခဲ.လျှင် ခွင်.လွတ်စေချင်ပါသည် ။
ကျွန်တော်သိလိုသည်များကိုတိတိကျကျ မှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန်သိရသည်
နှင်. ကျွန်တော်ကိုယ်တိုင်လည်းပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီသို.
ဝင်ပါမည် ။မိသားစုကိုလည်းဝင်စေပါမည် ။အခြားသူများကိုလည်းဝင်ဖို.တိုက်တွန်း
ပါမည် ။ ကျွန်တော်.အတွက်ပါတီဝင်လျှောက်လွှာတစ်စောင်ချန်ထားပေးပါခင်ဗျား ။

သရ၀ဏ်(ပြည်)

ထိုင်းစစ်ဗိုလ်တွေ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်လာတာ အနှစ် (၈၀) ကျော် ရှိပြီဖြစ်ပေမယ့် ထိုင်းစီးပွားရေးဟာ ရှင်သန်ကြီးထွားနေပါတယ်။ ဗမာစစ်ဗိုလ်တွေ အနှစ် (၅၀) ကျော် ကြီးစိုးတဲ့အခါမှာ မြန်မာပြည်ဟာ အာရှဒေသမှာ အောက်ဆုံးအဆင့်ရောက်သွားပါတယ်။ လူဦးရေနဲ့ တိုင်းပြည်အရွယ်အစား မတိမ်းမယိမ်းဖြစ်ပေမယ့် ၂၀၁၂ စာရင်းအရ ထိုင်းရဲ့  နိုင်ငံလုံးဆိုင်ရာ အသားတင်ထုတ်လုပ်မှု တန်းဖိုးဟာ မြန်မာထက် (၇) ဆ ပိုများပါတယ်။ လူတဦးချင်းရဲ့  ထုတ်လုပ်မှုနှုန်းမှာလည်း ထိုင်းကမြန်မာထက် (၇) ဆ ပိုများပါတယ်။ နိုင်ငံခြားငွေ လက်ကျန်မှာတော့ ထိုင်းအစိုးရက အဆပေါင်း (၂၀) ကျော် မြန်မာထက်ပိုများပါတယ်။

ထိုင်းနိုင်ငံရဲ့  စီးပွားရေးအခြေခံအဆောက်အအုံဟာ ခေတ်မီပြီး စက်မှုနဲ့ လက်ယာပို့ကုန်လုပ်ငန်း အားကောင်းပါတယ်။ အိမ်နီးချင်းနိုင်ငံတွေက အလုပ်သမားနှစ်သန်းခွဲကို အလုပ်ပေးထားနိုင်တဲ့ စီးပွားရေးစနစ် ဖြစ်ပါတယ်။ မြန်မာ့ပညာရေး အသုံးစရိတ်ဟာ တိုင်းပြည်ရဲ့  နှစ်စဉ်အသားတင် ထုတ်လုပ်မှုရဲ့  တစ်ရာခိုင်နှုန်းတောင် မရှိပေမယ့် ထိုင်းက (၄) ရာခိုင်နှုန်း ရှိပါတယ်။ တနည်းဆိုရင် မြန်မာရဲ့  ပညာရေး အသုံးစရိတ်ဟာ ဒေါ်လာသန်း (၇၀၀) သာရှိပြီး ထိုင်းအစိုးရပညာရေးစရိတ်က ဒေါ်လာသန်း (၂၇၀၀) ရှိပါတယ်။ ဗမာစစ်ဗိုလ်ကြီးစိုးတဲ့ အနှစ် (၅၀) ကျော်ကာလမှာ မြန်မာ့ပညာရေးအဆင့်အတန်း ထိုးကျသွားပါတယ်။

ထိုင်းစစ်တပ်ဟာ ရှင်ဘုရင်ကို ရန်ပြုနိုင်တဲ့ ပြည်တွင်အင်အားကို နှိမ်နင်းဖို့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် အစောပိုင်းမှာ မင်းဆွေမင်းမျိုးသာ ကြီးစိုးပါတယ်။ သာမန်စစ်သည်တွေ တက်လမ်းမရှိတဲ့အတွက် မင်းဆွေမင်းမျိုးကြီးစိုးတဲ့ ထိုင်းစစ်တပ်ကို ပြုပြင်ဖို့ ၁၉၁၂ ခုနှစ်မှာ အရာရှိငယ်တစုက စစ်အာဏာသိမ်းဖို့ ပထမဦးဆုံး ကြံစည်ခဲ့ပါတယ်။ မအောင်မမြင်ဖြစ်ခဲ့ပေမယ့် အကျိုးသက်ရောက်မှု ရှိခဲ့ပါတယ်။ ခေတ်နဲ့မဆီလျော်တဲ့ အကြွင်းမဲ့အာဏာရှင် ဘုရင်စနစ်ကို ပယ်ဖျက်ပြီး အခြေခံဥပဒေနဲ့အညီ အုပ်ချုပ်တဲ့ ဘုရင်စနစ်ကို ၁၉၃၂ မှာ တည်ထောင်သူဟာ ထိုင်းစစ်ဗိုလ်နဲ့ အရပ်သားဝန်ထမ်းတွေ ဖြစ်ပါတယ်။ အဲဒီကတည်းက အရပ်သားဝန်ထမ်းနဲ့ လက်တွဲတာဟာ ထိုင်းစစ်ဗိုလ်တွေရဲ့  အသွင်လက္ခဏာ ဖြစ်ပါတယ်။ ဗမာစစ်ဗိုလ်တွေကတော့ အာဏာရပြီးတာနဲ့ အရပ်သားအမှုထမ်းတွေကို အစေခံဘဝကို ပို့လိုက်ပြီး နေရာတကာမှာ အာဏာပြပါတော့တယ်။

ထိုင်းစစ်ဗိုလ်တွေရဲ့  ထူးခြားတဲ့ ဒုတိယအသွင်လက္ခဏာက နိုင်ငံရေးအမြင် ဖြစ်ပါတယ်။ တိုင်းပြည်မှာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာကို အရပ်သားအဖွဲ့အစည်းတွေက ဖြေရှင်းနိုင်စွမ်းမရှိရင် ထိုင်းစစ်တပ်က ဝင်ရောက်ဖြေရှင်းပြီး ပြဿာနာကို ရှင်းပေးရမယ်လို့ ထိုင်းစစ်ဗိုလ်တွေက ယုံကြည်ပါတယ်။ ဒါကြောင့် ရေရှည်အာဏာသိမ်းဖို့ ထိုင်းစစ်ဗိုလ်တွေက မရည်ရွယ်ပါဘူး။ ဗမာစစ်ဗိုလ်တွေကတော့ နိုင်ငံရေး ဘန်းပြပြီး ရာသက်ပန် အာဏာသိမ်းနိုင်ဖို့ အာရုံစိုက်ပါတယ်။

ထိုင်းစစ်ဗိုလ်တွေရဲ့  ထူးခြားတဲ့ တတိယအသွင်လက္ခဏာကတော့ သူတို့ကိုယ်သူတို့ ဒီမိုကရေစီအင်အားစုလို့ ယူဆတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီမိုကရေစီ ပြုပြင်ရေးလုပ်ပြီးတာနဲ့ တပ်စခန်းကို ပြန်လေ့ရှိပါတယ်။ ဗမာစစ်ဗိုလ်ကတော့ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းပြီးကတည်းက ယုံကြည်ချက်အမျိုးမျိုးကြေညာပြီး နိုင်ငံရေးလုပ်စားလာတာ အခုအချိန်အထိ ဖြစ်ပါတယ်။

မကြာခဏ အာဏာသိမ်းတဲ့ အစဉ်အလာကြောင့် ထိုင်းစစ်ဗိုလ်တွေဟာ ကိုယ်ကျိုးစီးပွားကို အာရုံစိုက်ကြပါတယ်။ နယ်စပ်ကုန်သွယ်ရေး၊ မှောင်ခိုလုပ်ငန်းစတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ငွေပိုရှာကြပါတယ်။ နယ်စပ်ကုန်သွယ်ရေးကြောင့် ချမ်းသာသွားတဲ့ ထိုင်းစစ်ဗိုလ်တွေ အများကြီးရှိပါတယ်။ နိုင်ငံခြားက စစ်ပစ္စည်းဝယ်ယူတဲ့အခါမှာလည်း ကော်မရှင်ရကြပါတယ်။ ဒါပေမဲ့ ထိုင်းစစ်ဗိုလ်တွေရဲ့  ကိုယ်ကျိုးရှာလုပ်ငန်းဟာ တိုင်းပြည်ကို အကြီးအကျယ် မထိခိုက်တဲ့အတွက် ထိုင်းစီးပွားရေး ရှင်သန်တိုးတက်နေပါတယ်။ ဗမာစစ်ဗိုလ်တွေကတော့ အရည်အချင်းမရှိပေမယ့် ဆိုရှယ်လစ်စနစ်မှာရော၊ ဈေးကွက်စနစ်မှာရော နေရာတကာ ချုပ်ချယ်ပြီး အာဏာပြတာကြောင့် တိုင်းပြည်ရဲ့  လူမှုစီးပွားရေးဘဝ ချွတ်ခြုံကျရပါတယ်။ ဗမာစစ်ဗိုလ်ဟာ နည်းမျိုးစုံသုံးပြီး တိုင်းပြည်ကို ကြီးစိုးနိုင်အောင် ကြိုးပမ်းနေဆဲဖြစ်ပါတယ်။

ဗမာလူမျိုးနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံမှာ အနည်းဆုံး သဘောထား (၃) မျိုးလောက် ရှိပါတယ်။ ပထမသဘောထားက ဗမာကို မယုံသင်္ကာဖြစ်ပြီး၊ ဗမာဆန့်ကျင်ရေးကို အားပေးတာ ဖြစ်ပါတယ်။ အယုဒ္ဓယမြို့ တော် ဖျက်ဆီးခံရတာကို ထိုင်းနိုင်ငံသားတွေက မမေ့နိုင်ကြတဲ့အတွက် ဗမာကို တမင်နှိမ်ပြီးရေးတဲ့ စာအုပ်စာပေဆိုရင် ဟုတ်ဟုတ်မဟုတ်ဟုတ် ထိုင်းနိုင်ငံမှာ လူကြိုက်များပါတယ်။ ဗမာကို နှိမ်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းကိုလည်း ထိုင်းနိုင်ငံမှာ ကြည့်သူများပါတယ်။ ဗမာစစ်အုပ်စုကို မကြိုက်ပေမယ့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို ရိုသေလေးစားပြီး မြန်မာလူထုခံစားနေရတဲ့ အတိဒုက္ခကို စာနာထောက်ထားတာဟာ ဒုတိယသဘောထား ဖြစ်ပါတယ်။ ဒီလိုသဘောထားရှိသူတွေဟာ မြန်မာဒုက္ခသည်နဲ့ အတိုက်အခံလှုပ်ရှားမှုကို ကူညီကြပါတယ်။ တတိယကတော့ ဗမာအစိုးရ ဘာလုပ်လုပ် စီးပွားရေးအရ အမြတ်ရရင်ပြီးရောဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းတိုင်း ဒီမိုကရေစီအတွက် အနုတ်လက္ခဏာ ဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။ ဒါပေမဲ့ ထိုင်းစစ်ဗိုလ်တွေဟာ ဗမာစစ်ဗိုလ်တွေလို ရာသက်ပန် ကြီးစိုးဖို့ စိတ်ကူးမရှိပါဘူး။ အချိန်တန်ရင် အစဉ်အလာအတိုင်း စစ်တန်းလျားကို ပြန်ကြမှာမို့ ယာယီဆုတ်ယုတ်တဲ့ သဘောသာ ဖြစ်ပါတယ်။ ဗမာစစ်ဗိုလ်တွေကတော့ နေပြည်တော် တည်ဆောက်ပြီး အခိုင်အမာ နေရာယူထားတာမို့ စစ်တန်းလျားပြန်ဖို့ဆိုတာ ဝေလာဝေး စိတ်ကူးထဲတောင် ထည့်ထားပုံမရသေးဘူးလို့ ယူဆရပါတယ်။
VOA


၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ နီးလာသည်နှင့်အတူ ပါတီအသီးသီးမှ အရေးကြီး ပုဂ္ဂိုလ်များအား အင်တာနက် စာမျက်နှာများနှင့် ဖေ့စ်ဘွတ် လူမှုကွန်ယက် စာမျက်နှာများ၌ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်လာကြသည်ကို တွေ့ရကြောင်း နိုင်ငံရေး အသိုင်းဝိုင်းမှ စုံစမ်းသိရသည်။

အဆိုပါ ဖြစ်ရပ်များ နှင့် ပတ်သတ်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက “တိုက်ခိုက်တာ ဝေဖန်တာတွေကတော့ ရှိနေမှာပဲ။ အမှန်တကယ်က ခိုးကြောင်ခိုးဝှက်နဲ့ တိုက်ခိုက်နေမယ့် အစား တရားဝင် မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ရှင်းလိုက်ရင် ပိုမကောင်းဘူးလား။ အဲလိုလုပ်ခြင်းအားဖြင့် ကောင်းမွန်တဲ့ ရလဒ်တွေ ရမလာ နိုင်ဘူးလားလို့ မြင်တယ်။ ဒီနေ့ ဒီအချိန်ထိ ခိုးကြောင်ခိုးဝှက် ဘာကြောင့် လုပ်ကိုင် ဆောင်ရွက်နေ ရသလဲဆိုတာ အံ့သြမိတယ်။ ခေတ်တွေလည်း ပြောင်းပြီ ပွင့်ပွင့် လင်းလင်း ပြောဆိုကြရင် ကောင်းမယ်လို့ ထင်တယ်။ တကယ့်ကို မသိသေးတဲ့ နားမလည်သေးတဲ့ သူတွေကို ထင်ရောင်ထင်မှား ဖြစ်စေတယ်။ ချုံခိုတိုက်ခိုက်နေမယ့် အစား တရားဝင် ပွင့်ပွင့်လင်းလင်း ထွက်ပြီးတော့ ဝေဖန်စရာ ရှိတာ ဝေဖန်၊ ထောက်ပြစရာ ရှိတာ ထောက်ပြမယ်၊ အပြုသဘောဆောင်ပြီး ဆောင်ရွက်ရင် ပိုကောင်းမယ်လို့ ထင်တယ်”ဟု ပြောခဲ့သည်။

သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကလည်း “အင်တာနက် သုံးစွဲသူ၊ ဖေ့စ်ဘွတ် သုံးစွဲသူ တစ်ချို့ နာမည်ရင်းနဲ့ ကိုယ်ရေးကို အမှန်အတိုင်း တင်ထားပြီးတော့ တာဝန်ယူစိတ် ရှိရှိနဲ့ ပြောတာရှိသလို တစ်ချို့ကျတော့ နာမည်ရင်း မသုံးပဲ ကိုယ်ရေးကို အမှန်အတိုင်း မရေးပဲ လက်လွတ်စပါယ်ပဲ ဘာမှထိန်းချုပ်မှု မလုပ်တော့ပဲနဲ့ ရေးနေတာ တွေ့ရတယ်။ အပြန်အလှန် တိုက်ခိုက် အပုတ်ချနေတာ တွေ့ရတယ်။ နိုင်ငံရေး ကိစ္စတွေမှာလည်း သဘောထား ကွဲပြားမှုက ရှိမှာပေါ့ဗျာ။ ဒီဘက်မှာတော့ ၅၉(စ) ပြင်ရေး မပြင်ရေး ၄၃၆ ပြင်ရေး မပြင်ရေး ရှိကြတာပေါ့ဗျာ” ဟု ပြောသည်။

အမျိုးသား ရင်ကြားစေ့ရေး လမ်းကြောင်းမှ နှစ်ဘက် အားပြိုင်လာနေပြီး ထိပ်တိုက်ရင်ဆိုင် လာနေကြောင်း အာဏာရ အစိုးရများ၊ နိုင်ငံရေး ပါတီ ခေါင်းဆောင်များနှင့် ပြည်သူများ အားလုံးမှ တိုင်းပြည် အကျိုး ရှေးရှု၍ ပုဂ္ဂိုလ်ရေး ဝေဖန်တိုက်ခိုက် ရေးသားမှုမျိုး ရှောင်ကြဉ်သင့်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူများက ဝေဖန်ထောက်ပြသည်။
tomorrow news journal

ညောင်နှစ်ပင်ညီလာခံက စတင်လိုက်တဲ့ ၂၀၀၈
ဖွဲ့စည်းပုံ

နာဂစ်မှာသေသွားတဲ့တစ္စေတွေက ထောက်ခံတဲ့
အထိ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ

ပြည်သူ့လက်ထဲတွင်အာဏာမရှိ စစ်တပ်ကသာ
အမျိုးသားနိုင်ငံရေးကို ဦးဆောင်မည်ဟုရေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ

ပြည်သူကပြင်ချင်ပါတယ်ပြော ကာချုပ်ကမပြင်
ဘူးဆို ပြင်လို့မရတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ

တပ်မတော်သာ အထူးအခွင့်အရေးတွေရထားတဲ့
၂၀၀၈ ဖွဲ့စည်းပုံ

လူ့အခွင့်အရေးတွေ ပိတ်ပင်ထားတဲ့
၂၀၀၈ ဖွဲ့စည်းပုံ

လူတစ်စုကိုသာ ကာကွယ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ

ပြုပြင်ပြောင်းလဲရန် ခက်ခဲအောင်တင်းကျပ်ထား
သော ၂၀၀၈ ဖွဲ့စည်းပုံ

ကမ္ဘာပညာရှင်တွေ တောင် မမြင်ဘူးတဲ့ ၂၀၀၈
ဖွဲ့စည်းပုံ

ညစ်တီးညစ်ပက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ

နိုင်ငံတကာက ဝေဖန်ခံနေရတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ

လွပ်လပ်စွာစီတန်းလမ်းလျှောက်ခွင့်ပြုပြီးမှ
နည်းဥပဒေ ပုဒ်မ ၁၈ နဲ့ပြန်ဖမ်းတဲ့ ၂၀၀၈ဖွဲ့စည်းပုံ

ရှေ့နောက်မညီ အရူးတွေလို တဇောက်ကန်းတွေ
ရေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ

စစ်တပ်ကလူသာ သမ္မတဖြစ်ရမယ်ဆိုပြီးရေးဆွဲ
ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ

ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ လုံးဝမကိုက်ညီတဲ့
၂၀၀၈ ဖွဲ့စည်းပုံ

စစ်တပ်ကပဲ အမျိုးသားနိုင်ငံရေးကိုဦးဆောင်ပါ
တစ်ခြားသူတွေ မဦးဆောင်နဲ့ဆိုပြီးရေးဆွဲထား
ရုံတင်မက တရားမျှတမှု လွတ်လပ်မှု တန်းတူ
ညီမျှမှု မရှိအောင် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ

ကာကွယ်ရေးဝန်ကြီးဌာနကို ကာကွယ်ရေးဦးစီး
ချုပ်က ကိုင်ထားတာမဆန်းပေမယ် ပြည်ထဲရေး
ရာဝန်ကြီးဌာနနဲ့နယ်စပ်ရေးရာဝန်ကြီးဌာနကိုပါ
ကာကွယ်ရေးဦးစီးချုပ်က ကိုင်ထားတဲ့ ၂၀၀၈
ဖွဲ့စည်းပုံ

နေရာတကာ ပါလေရာစစ်တပ်ကြီးက နေရာ
တစ်ကာပါနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ

ချိန်ခွင်လျှာလို ထိုးကြည့်ရင်လည်း စစ်တပ်က
အလေး တစ်ရာ ပြည်သူက တစ်လေးမျှသာရှိပြီး
Jocker အကောင်၂၀လောက် အိပ်ကပ်ထဲထည့်
ရိုက်နေသလို မျှတမှုမရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေ
ခံဥပဒေကို ပြင်ဆင်မှရလိမ့်မည်……

ဤ ၂၀၀၈ အနှီ ၂၀၀၈ ထို ၂၀၀၈ ၄င်း ၂၀၀၈ကို
၂၀၁၄ နဲ့ ၂၀၁၅ နှစ်များမှာ အကျွန်ုပ်တို့မပြင်နိုင်ခဲ့
ရင်တော့ စစ်အာဏာရှင်ရဲ့ အရိပ်ဆိုးကြီးဟာဖြင့်
အကျွန်ုပ်တို့၏ခေါင်းပေါ်သို့ အရိပ်မိုးသလိုမိုးနေ
တယ်ဆိုတာ မမေ့ကြပါရန် တိုက်တွန်းအပ်ပါသည် ခင်ဗျာ…………

ဇာနည်သွေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲတွေကတော့ ကွင်းလုံးပြည့်ကွင်းလုံးလျှံ တက်ရောက် လာကြတဲ့ ပြည်သူလူထုကြီးရဲ့တစ်ခဲနက်ထောက်ခံမှုနဲ့အတူ အောင်မြင်ခဲ့တယ် ။ ၁၇ ရက်နေ့မှာ ဗိုလ်စိန်မှန် ကွင်း (ရန်ကုန်)မှာ ကျင်းပခဲ့တဲ့ပွဲက မိုးအုံ့ပျနေခဲ့လို့ တက်ရောက်လာသူ ပြည်သူတွေ သက်တောင့် သက်သာ ရှိခဲ့ပေမဲ့ ၊ ၁၈ ရက်နေ့ အောင်ပင်လယ်ကွင်း (မန္တလေး)မှာ ကျင်းပခဲ့တဲ့ပွဲကတော့ မနက် ၇နာရီခွဲ လောက် ကတည်းက တိမ်လွှာတိမ်တိုက်တွေကို ကောင်းကင်ထက်ကမောင်းလွှင့်နှင်ထုတ်ပြီး အညှိုးအမုန်း တွေရဲ့ ထန်ပြင်းပူလောင်တဲ့ နေမင်းရဲ့ မာန်ဟုန်ကြောင့် ကွင်းထဲကို လာရောက်ပြီးစောင့်ဆိုင်းနေတဲ့သူတွေမှာ အတော့်ကို မခံချိ မသက်သာဖြစ်ခဲ့ကြရပါတယ် ။ ဒါပေမဲ့ ဒီ နေအပူထက် အဆရာထောင် ပူလောင်ပြင်းပြလှတဲ့ အာဏာ ရှင်ရဲ့ ဆိုးယုတ်မှုဒဏ်ကို မခံစားနိုင်ကြတော့တဲ့ပြည်သူတွေဟာ ပြင်းပြတဲ့ နေအပူဒဏ်ကို ဦးထုတ် ကလေးတစ်လုံး ၊ ယပ်တောင်လေးတစ်ချပ် ၊ ဂျာနယ်စာစောင်လေးတစ်ခုနဲ့ မလုံ့မခြုံကွယ်ကာလို့ နေရာက မထစတမ်း အသဲကောင်းခဲ့ကြပါတယ် ။ အရိပ်ကိုလိုချင်နေပူထဲကစောင့်ရပါတယ် ဆိုတဲ့ ဦးမင်းကို နိုင်ရဲ့ အဖွင့်စကားကလေးအတိုင်းပါပဲ ၊ နိုင်ငံသားတိုင်းရဲ့တန်းတူညီမျှမှု အခွင့်အရေးကို ကာကွယ် စောင့် ရှောက် ပေးနိုင်မဲ့ တကယ့်ဒီမိုကရေစီကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အေးမြတဲ့အရိပ်ကို ရရှိကြ ဖို့ ပိုင်ဆိုင် နိုင်ကြဖို့အတွက် တစ်ခဲနက်တောင်းဆိုကြဖို့ အောင်ပင်လယ် လယ်ကောထဲက ခရောင်းထနေတဲ့ မြေအပြင် ထက် နေပူကျဲကျဲအောက်မှာ တူညီတဲ့စိတ်ဓာတ်တွေနဲ့ စုစည်းနေခဲ့ကြတာပါ ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဟာ ပြည်သူတွေကို အကာအကွယ်ပေးတဲ့ ဥပဒေဖြစ်ရမဲ့အစား ၊ စစ်အာဏာရှင်စနစ်ကို ဆက်လက်အသက်သွင်းနိုင်ဖို့ မရိုးမသားလုပ်ခဲ့တဲ့ ဥပဒေတစ်ခုသာလျှင်ဖြစ်ခဲ့ပါတယ် ။ တစ်ပါတီအာဏာရှင်စနစ်အောက်မှာ ၂၆ နှစ်လုံးလုံး ထားရာနေ စေရာသွား ဘ၀နဲ့လူဖြစ်ရှုံး လုံးပါးပါးခဲ့ကြရလို့ ၈၈ အရေးတော်ပုံကြီးပေါ်ပေါက်ခဲ့ရတယ် ။ အဲဒီပြည်သူ့အရေးတော်ပုံကြီးကို လက်နက်အားကိုးနဲ့ အာဏာသိမ်းယူပြီး တိုင်းပြည်ကို ကယ်တင်ခဲ့ပါတယ်လို့ အသံကောင်းလွှင့်ပြီး ကိုယ်ကျိုးရှာသူ စစ်ခေါင်းဆောင် တစ်စုရဲ့ ဥပဒေမဲ့အုပ်ချုပ်မှုအောက်မှာ ၂၂ နှစ်ကြာခဲ့ပါတယ် ။ ဒီကာလမှာတော့ ပြည်သူတွေဘ၀ဟာ ထားရာ နေ စေရာသွားရုံမျှတင်မဟုတ်တော့ဘဲ ၊စေသည့်ကျွန် ထွန်သည့်နွားဘ၀ကိုရောက်လို့ လူတစ်ယောက်ဆိုတဲ့ အသွင်အပြင် လက္ခဏာများ ဆုံးရှုံးပျောက်ကွယ်ခဲ့ရပါတယ် ။ သဘာဝသယံဇာတ တို့နဲ့ကြွယ်ဝလှတဲ့ တိုင်းပြည် က လည်း လင်သေကြွေးပူမိနေတဲ့ မုဆိုးမဘ၀ကို ကျရောက်ခဲ့ရပါတယ် ။ ဒီမိုကရက်တစ် အင်အားစုတို့ရဲ့ တိုက်ပွဲဝင်မှုများကို လူမဆန်တဲ့ ဖိနှိပ်ရက်စက်မှုများနဲ့ ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့ပြီး စစ် အုပ်ချုပ်ရေး ကာလကို ဆွဲဆန့်ထားခဲ့တဲ့ အချိန်ကာလအတွင်းမှာ တိုင်းပြည်ဘဏ္ဍာတွေကို ခိုးဝှက်လုကဲ့လို့ အားရတော့မှ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကို လူထုကို ဆန္ဒမဲပေးခိုင်းပြီး အတင်းအဓမ္မ အတည်ပြုခဲ့တာပါ ။ ပြည်သူတွေအတွက်တော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြု ခံခဲ့ရခြင်းဟာ အသုဘအိမ်ကို မီးကွင်းပစ်တာ ခံခဲ့ရတဲ့ အဖြစ်မျိုးပါပဲ လို့ ကိုမင်းကိုနိုင်က ထုတ်ဖော် ပြောဆိုခဲ့တဲ့အတိုင်းပါပဲ ။ မြန် မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသကို ဖြတ်သန်းဝင်ရောက်ဖျက်ဆီးသွားခဲ့တဲ့ နာဂစ် မုန်တိုင်းဒဏ်ကြောင့် လူဦးရေ နှစ်သိန်းကျော်သေဆုံးပြီး လူသန်းနဲ့ချီလို့ အတိဒုက္ခရောက်နေကြရ ၊ တစ်တိုင်းပြည်လုံးက ဒီအဖြစ်ဆိုးကြီး ကြောင့် ကြေကွဲဝမ်းနည်းစွာနဲ့ စာနာထောက်ထားမှုအကူ အညီပေး နေခဲ့ကြတဲ့အချိန်မှာ အာဏာရူး တစ်သိုက်ကတော့ သူတို့ရဲ့နောက်ကြောင်းအေးစေဖို့ ရှေ့ဆက် မဲ့ခရီးလမ်း ချောမွေ့စေဖို့ အထူးတလည် စီမံထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအဓမ္မ အတည်ပြုခဲ့ ပါတယ် ။ ဒါဟာ တကယ့်ကို အသုဘအိမ် မီးကွင်းအပစ်ခံလိုက်ရတာပါဘဲ ။

ဒီအခြေခံဥပဒေကြောင့် တိုင်းပြည်အာဏာကို ငြိမ်းချမ်းစွာပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့တယ်လို့ အသံ ကောင်း လွှင့်သူတွေကလွှင့်ကြပါတယ် ။ အမှန်တကယ်မှာတော့ ဒီဥပဒေကြောင့် အရင် စစ်အာဏာရှင် တို့ဟာ ယခုအချိန်မှာ တိုင်းပြည်က မတရားရယူထားတဲ့ စည်းစိမ်ဥစ္စာများနဲ့ လေမထိ နေမထိ နေနိုင်ကြပြီး ၊ သူတို့ရဲ့ အရိုက်အရာခံများကိုလည်း နိုင်ငံရေးကို ဇက်ကြိုးကိုင်ထားနိုင်အောင် ဖန်တီးပေးနိုင်ခဲ့ကြပါတယ် ။ ကာ/လုံကို စိတ်ကြိုက်စီးမိုးထားခြင်းအားဖြင့် အုပ်ချုပ်ရေး မဏ္ဍိုင်ကို စစ်တပ်က ဆက်လက်ကြိုး ကိုင်ထားနိုင်တယ် ၊တရားစီရင်ရေးမဏ္ဍိုင်ကို ရိုက်ချိုးထားနိုင်တယ် ၊လွှတ်တော်ထဲမှာ ကိုယ်စားလှယ်ဦးရေ ၂၅ ရာခိုင်နှုန်းကို ရယူထားခြင်းအားဖြင့် ဥပဒေပြုမဏ္ဍိုင်ကို လည်မျိုပေါ် ၀ါးရင်းတုတ်တင်ထားနိုင်တယ် ၊ တကယ်တမ်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တရားမဲ့ ဥပဒေမဲ့ လုပ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို ဥပဒေနဲ့ လုပ်တဲ့ စစ်အာဏာ ရှင်စနစ်အဖြစ် ပုံပြောင်းပေးလိုက်တာပါ ။

ဒီဥပဒေအရ ပထမဆုံး ၀တ်စုံလဲဝတ်ပြီး ရွေးကောက်ပွဲဝင်လာတဲ့ စစ်ဗိုလ်ချုပ်ကြီးများဟာ အရပ်သား အစိုးရ အဖြစ် ခပ်တည်တည် သရုပ်ဆောင်ခဲ့ကြပါတယ် ။ အဲဒီလိုသရုပ်ဆောင်ရာမှာ တွင်တွင်ပြောလာတဲ့ စကား ကတော့ နောက်ကြောင်းပြန်မလှည့်ဘူးဆိုတဲ့စကားဖြစ်ပါတယ် ။ ဒီစကားကို ဘာကြောင့်များ ရဲရဲ တင်းတင်း အာမခံပြောနိုင်ကြသလဲ လို့ ဆန်းစစ်ကြည့်ရင်တော့ သူ့တို့ရဲ့ မဟာတံတိုင်းကြီးဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့်ပါဘဲ ။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ အုပ်ချုပ်နေသမျှကာလပတ်လုံး ၊ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေ ဘီလူးသက် ဖုတ်သက်ဝင်နေသမျှကာလပတ်လုံး သူတို့အနေနဲ့ ဘယ်တော့မှ နောက်ကြောင်းပြန် လှည့်စရာ မလိုပါဘူး ၊ ဘာကြောင့်လဲဆိုတော့ ဒီဥပဒေအားဖြင့် နိုင်ငံက ဘယ်ကိုမှရွေ့မှာမဟုတ်လို့ပါဘဲ ။
ဒီအချက်ကို ဒီမိုကရေစီခေါင်းဆောင်တွေက ထောက်ပြတောင်းဆိုကြ ၊ သတင်းမီဒီယာတွေက ရေး သား ဖော်ထုတ်တင်ပြလာကြလို့ ပြည်သူတွေက နားလည်သိရှိလာတဲ့အခါမှာတော့ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေ ကို ပြင်ဆင်ဖို့ ကြိုးစားအားထုတ်မှု တွေပေါ်ထွက်လာခဲ့ပါတယ် ။ အဲဒီအခါမှာတော့ ၂၀၁၃ ခုနှစ်အထိ နောက် ကြောင်းပြန် မလှည့်ဘူး လို့ ခပ်တည်တည် ဟစ်ကြွေးခဲ့တဲ့သူတွေဆီစကားသံတွေက ပြောင်း လာခဲ့ပါ တယ် ။ ဒီလို ဖွဲ့စည်းပုံကို ပြင်ဆင်ပြီး တပ်မတော်ရဲ့အခန်းကဏ္ဍကို လျော့ချဖို့ ဖယ်ရှားဖို့ကြိုးစားမယ် လုပ်ဆောင် မယ်ဆိုရင် နောက်ကြောင်းပြန် ရာဒီကယ်လှိုင်းတွေရဲ့ ပြင်းထန်တဲ့ရိုက်ခတ်မှုကို ခံစားရနိုင်တယ် ဆိုတဲ့ သတိ ပေးသလိုလိုနဲ့ ခြိမ်းခြောက်တဲ စကားလုံးတွေထွက်လာခဲ့ပါတယ် ။ ဒါဟာ လက်ရှိအာဏာရယူထားကြတဲ့ အသင်းအပင်းတွေရဲ့ မရိုးသားမှုကို စတင်ဖော်ပြလာတာဖြစ်ပါတယ် ။ အဲဒီနောက်မှာ ဒီမိုကရေစီအင်အားစုတို့ ဘက်က ဖွဲ့စည်းပုံပြင်ဆင်ရေးကို အားသွန်ခွန်စိုက်အရှိန်မြှင့်ကြိုးစားလာတာနဲ့အမျှ ဒီဖွဲ့စည်းပုံမဟာတံတိုင်းကို အထိအခိုက်မခံရရေး တန်ပြန်လှုပ်ရှားမှုတွေကိုလည်း လုပ်ဆောင်မှုတွေက ပေါ်ထွက်လာခဲ့ပါတယ် ။
အဲဒီလိုအချိန်မှာ လူမျိုးရေးဘာသာရေး ပြဿနာတွေနဲ့ ရှုပ်တွေးအောင်လုပ်ဆောင်မှုတွေလည်း ပေါ် ထွက်လာခဲ့ပါတယ် ။ အဲဒီလိုပုံဖော်ဖို့ကြိုးစားရာမှာ နောက်ကွယ်က လက်မဲကြီးတွေရှိတယ်လို့ နိုင်ငံတော် သမ္မတကြီး ကလည်း ထုတ်ဖော်ပြောခဲ့ပါသေးတယ် ။

ဒီပြဿနာတွေရဲ့နောက်ကွယ်မှာ ကြိုးကိုင်ပုံဖော်နေသူ တွေရှိတယ် ဆိုတာကို အတိုက်အခံ များက ကောင်းစွာနားလည်သဘောပေါက်နေခဲ့ကြလို့ ဖွဲ့စည်းပုံပြင်ဆင် ရေး လုပ်ဆောင်မှုတွေကို သတိဝိရိယ ကြီးစွာလုပ်ဆောင်ခဲ့ကြပါတယ် ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဆောင် ရွက်ကြ မယ်ဆိုတဲ့ ကြေညာချက်ထွက်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာတော့ အဲဒီလို ပြဿနာတွေကို ဆက်တိုက် ပုံဖော်ဖို့ကြိုးစား လာခဲ့ကြတာကိုမြင်ရတွေ့ရပါတယ် ။ အဲဒီလိုပုံဖော်ရာမှာ နောက်ကွယ်က လက်မဲကိုလည်း မြင်လာရသလိုရှိခဲ့ပါတယ် ။

၂၀၁၄ ခုနှစ် မေလ ၁၅ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့မှာပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင် ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ရဲ့ ဆန္ဒဖော်ထုတ်ပွဲမှာ အမျိုးဘာသာ သာသနာကာကွယ် စောင့်ရှောက်ရေး အဖွဲ့အပေါ် ခုတုံးလုပ်သွားခဲ့တယ်လို့ ဇလွန်မြို့နယ် အမျိုးဘာသာ သာသနာစောင့်ရှောက် ရေးအဖွဲ့မှ ဘဏ္ဍာရေးမှူးဆရာတော် ဦးသဒ္ဓမ္မ၀ံသက မိန့်ကြားခဲ့တယ်ဆိုပြီး Daily Eleven နေ့စဉ်သတင်းစာ (မေ ၁၆ ရက်နေ့ထုတ်) မှာ ဖော်ပြထားခဲ့ပါတယ် ။ ဆ၇ာတော်ရဲ့ မိန့်ကြားချက်မှာတော့ ကြံ့ခိုင်းရေးကလုပ်တဲ့ ဒီပွဲမျာ မ.ဘ.သက မပါဘူး ၊ မ.ဘ.သ နာမည်နဲ့သာသနာ့အလံတွေကို မသုံးဖို့ ကြံ့ခိုင်ရေးကမသုံးဖို့ ဒီဆန္ဒပြပွဲမတိုင်ခင်မှာ သူတို့ကို ဦးဇင်းသွားတား ခဲ့တယ် ။မ.ဘ.သ ဥက္ကဌ ဆရာတော်ကြီးကိုယ်တိုင်လည်း သက်ဆိုင်တဲ့ဌာနတွေကို အကြောင်းကြားပြီးတားခဲ့တယ် ။ သူတို့က ဆန္ဒပြပွဲကို ဘုရားလှူတဲ့ပွဲနဲ့ တွဲပြီးလုပ်သွားတယ် ၊ ဒါကြောင့် ပရိတ်အဖွဲ့တွေ သာသနာ့အလံတွေကို သုံးသွားတော့ ထပ်ပြောဖို့ ခက်သွားတယ် ။ သူတို့က နိုင်ငံရေးလှည့်ကွက်လှလှသုံးသွားတဲ့ သဘောပဲ လို့ ပါရှိခဲ့တာတွေ့ရပါတယ် ။ အဲဒီအချက်ကိုထောက်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ နိုင်ငံရေးကိုလည်းပျက်ပြားစေ ၊ ဘာသာရေးကိုလည်း ညစ်နွမ်းစေဖြစ်အောင် လုပ်နေတဲ့ လက်မဲကိုမြင်လိုက်ရပြီ လို့ ဆိုချင်ပါတယ် ။
ဒီနိုင်ငံမှာ ပြဌာန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၁) နိုင်ငံရေးပါတီများ အခန်း ပုဒ်မ ၄၀၇မှာ - နိုင်ငံရေးပါတီများသည် အောက်ပါအကြောင်းတစ်ခုခုနှင့် ငြိစွန်းလျှင် ဆက်လက် ရပ်တည် ပိုင်ခွင့်မရှိစေရ လို့ဖော်ပြထားပြီး အပိုဒ်ခွဲ (ဃ)မှာ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုခြင်းလို့ ဘာရှိပါတယ် ။ အခု ဇလွန်မြို့နယ် မ.ဘ.သ ဘဏ္ဍာရေးမှူးဆရာတော်ရဲ့ မိန့်ကြားစကားထဲမှာ သူတို့က နိုင်ငံရေးလှည့်ကွက်လှလှသုံးသွားတဲ့ သဘောပဲ လို့ မြင်ရကြားလိုက်ရပါတယ် ။ အဲဒီဖြစ်ရပ် အဲဒီကိစ္စအပေါ်မှာ လာမဲ့ ၂၀၁၅ မှာ ရွေးကောက်ပွဲကို တရားမျှတစွာ လုပ်ဆောင်မယ်လို့ ကြွေးကြော်နေတဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ က သမာသမတ်ကျကျ ဘက်မလိုက်ဘဲနဲ့ တိတိကျကျ ပြင်းပြင်းထန်ထန် (တစ်ခါက ပြောခဲ့ဘူးသလို ဘ၀နဲ့ရင်းပြီးတော့များ ) ဘယ်လိုများအရေးယူဆောင်ရွက်ပေးမလဲဆိုတာကို အမြန်ဆုံး သိချင်ပါတယ် ။

ပြီးတော့ မေ (၁၅) ရက်နေ့က မန္တလေးမြို့ ၊ မြို့တော်ခန်းမမှာ ကျင်းပခဲ့တဲ့ စာတတ်မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြုအခမ်းအနားမှာ နိုင်ငံတော်သမ္မတကြီးက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကြောင့် တိုင်းပြည်ဆူပူမည် ကို ပြည်သူပြည်သား များက မလိုလားကြဘူး လို့ ထည့်သွင်းပြောကြားခဲ့ပါတယ် ။ ဒီစကားက စကားနောက်တရားပါလာတဲ့ဖြစ်ရပ်တွေပေါ်ပေါက်လာစရာရှိတဲ့စကားလို့ ဆိုရပါတော့မယ် ။ ဘာကြောင့်လဲဆိုတော့ အမျိုးသား ဒိမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ အဖွဲ့တို့ ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထု ဟောပြောပွဲကို မန္တလေးမြို့ အောင်ပင်လယ်ကွင်း မှာ ပြုလုပ်ခွင့်ပေးခဲံတဲ့ ၁၈. ၅. ၂၀၁၄ နေ့မှာပဲ ညနေဘက်မှာ အမျိုးဘာသာစောင့်ရှောက်ရေးတရားပွဲကို နန်းရှေ့ကွင်း (ညနေ ၄နာရီ) မှာ တစ်နေ့ထဲ ခွင့်ပြုပေးခဲ့လို့ပါဘဲ ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတင် (မက်ဆင်ဂျာ ဂျာနယ်မှာ) ဒီလိုဆူပူမှုတွေဖြစ်လာမှာကို စကားအဖြစ်နဲ့တင် စိုးရိမ်ကြောင်း ပြောမနေဘဲ ဒီပြဿနာတွေမဖြစ်လာ အောင် ထိမ်းညှိ လုပ်ဆောင်ပေးရမဲ့တာဝန်က ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ လို့ရေးသား တင်ပြခဲ့ ပါသေးတယ် ။ အဲဒီလို အခြေအနေမျိုး တွေမဖြစ်ရလေအောင် ဆန္ဒဖော်ထုတ်ပွဲတွေကို တစ်ရက်တည်း ၊ တစ်နေရာတည်းမှာ ခွင့်ပြုချက်ပေးတာမျိုးကို ဒေသန္တရအုပ်ချုပ်ရေးအာဏာပိုင်တွေက ထိမ်းညှိပေးတာမျိုး ၊ လုံခြုံရေးထိမ်း အကွပ် ပေးတာမျိုးတွေကို အလေးထားလုပ်ဆောင်သွားရမယ် လို့ အကြံပြု ချင်ပါတယ် ၊ အဲဒီလိုမှ မဟုတ်ရင်တော့ မျှော်လင့်ထားတဲ့ ပြဿနာတွေထဲကို တည့်တည့်ဝင်မှာပါပဲ ။ အဲဒါဆိုရင်တော့ အခုပြောခဲ့တဲ့ ဆူပူမှုတွေဖြစ် မှာကို စိုးရိမ်မိတယ်ဆိုတဲ့ သမ္မတကြီးရဲ့ စကားဟာ ဖြစ်လာမှာကို စိုးရိမ်တာ မဟုတ်ဘဲ ဖြစ်လာဖို့အတွက် မီးစိမ်းပြလိုက်တဲ့သဘောမျိုးလို့ သတ်မှတ်ရပါတော့မယ် လို့လည်းသတိပေးတင်ပြခဲ့ပါတယ် ။ အခုကတော့ စာရေးသူသတိပေးနေတဲ့ အတိုင်း တည့်တည့်ကြီးကို ဖြစ်ဖြစ် လာတော့လည်း အံ့သြမှုနဲ့အတူ စိုးရိမ်မှုတွေဖြစ် လာရပါတယ် ။ သမ္မတကြီးစိုးရိမ်နေတဲ့ ဆူပူမှုတွေဖြစ် လာနိုင်တဲ့ ဒီဇာတ်ညွှန်းကို ဘယ်သူ ရေးနေတာလည်း ဆိုတာလည်း မြင်မိလာသလိုလိုပါဘဲ ဗျာ ။
ထင်လင်းဦး-
အဓိပတိဂျာနယ်တွင် ဖော်ပြပြီး


ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့်ပါတ်သက်၍ ဥတ္တရသီရိမြို့နယ် တွင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ် လက်မှတ်ရေးထိုးဆန္ဒပြုအပြီး ပုပ္ဗသီရိမြို့နယ်တွင် ပြည်သူလူထုအား လက်မှတ်ရေးထိုးဆန္ဒပြုရန် ဟောပြောစည်းရုံးနေစဉ်
National League for Democracy

လူထုဟောပြောပွဲတွေမှာ တပ်မတော်ကို စိန်ခေါ်ပြီး ပြောနေတယ်လို့ 
ကောက်ယူတဲ့သူတွေကတော့ မှားတယ်လို့ ဘဲ ပြောရမှာဘဲ။ ကျနော်မြင်တာတော့
အန်တီပြောတဲ့မိန့် ခွန်းက တပ်မတော်ကို မိုက်လား၊ သတ္တိရှိလား၊ အခွင့်ထူးမယူပါနဲ့ 
ပြောတာတွေက စိန်ခေါ်တဲ့သဘော မဟုတ်ပါဘူး။ ကျနော်တို့ တိုင်းပြည်မှာက
နိုင်ငံရေးလုပ်တဲ့နေရာမှာ နည်းနည်းလေး သဘောတိမ်တာတွေ ရှိပါသေးတယ်။
နိုင်ငံရေးမှာက ရွှေဘလိုပေါ့ဗျာ။ ကလေးကြိုက်လို့  လက်ခုပ်တီးတာပေါ့။ ပြီးတော့
တပ်မတော်နဲ့ အန်တီကြားမှာ ဘာမှမဖြစ်ပါဘူး။ သေချာစဉ်းစားကြည့်မယ်ဆိုရင်
တပ်မတော်အနေနဲ့  စဉ်းစားသင့်တဲ့အချက်ကို ပြောပြသွားတဲ့အတွက်
တပ်မတော်အနေနဲ့  ပိုပြီးဝမ်းသာရဦးမှာပါ။ ဒီ ၄၃၆ က တပ်ပါမှ ကိုယ်ပြင်မှရမယ်
ဆိုတာကြီးကိုက ကျနော်မကြိုက်တော့ အသစ်ပြန်ရေးဆွဲချင်တဲ့အထဲမှာ
ကျနော်ပါပါတယ်။ သေချာတာတခုကတော့ သူတို့ ဘက်က စပိတ်တစ် ကိုင်ပြီးတော့
ကစားနေတဲ့ ဖဲဝိုင်းလိုဖြစ်နေတယ်။ ကျနော်တို့ ဆီကလူတွေက သူတို့ ကစားနေတဲ့
ကစားကွက်ထဲ ကျနော်တို့ ဝင်နေတယ်။ ကျနော်တို့ က ၄၃၆ ပြင်ဖို့  ပြဿနာဖြစ်
လာရင် ဟိုဘက်က မျိုးစောင့်နဲ့ ပစ်တယ်။ နောက်တခုလာရင် နောက်တခုနဲ့ 
ထပ်ပစ်မှာဘဲ။ ဒီလိုမျိုးလုပ်လို့ ရအောင် သူတို့ မှာ အစတွေ အများကြီးဘဲ။
အခု လက်မှတ်ထိုးတာတွေ၊ စည်းရုံးတာတွေက နည်းလမ်းအဟောင်းတွေပါ။
နည်းလမ်းအဟောင်းတွေနဲ့  ပျော်မွေ့ နေတယ်လို့ ပြောရမယ်။ ကျနော်တခုပြောချင်
တာက အတိုက်အခံတွေဘက်က စတင်ကစားတာကို ကျနော်တို့ မြင်ချင်လှပါပြီ။

ဇာဂနာ (လူရွှင်တော်)

တကယ်တမ်းပြောရမယ်ဆိုရင် ဒေါ်စုက တပ်မတော်ကို အခုမှ စိန်ခေါ်တာပါ။
တပ်မတော်ဘက်ကတော့ ဒေါ်စုကို စိန်ခေါ်နေတာ ကြာပါပြီ။ တပ်မတော်ဘက်က
ဒေါ်စုကို လက်မခံလို့  ကန်နေတာ ကြာပါပြီ။ အခုချိန်ကို ရောက်လာတော့ သူလည်း
ပြန်ကန်တဲ့ သဘောပါဘဲ။ တပ်မတော်အစိုးရ အာဏာလွှဲတာက သူ့ အတွက်
နေရာချန်ပြီးတော့မှ ကျန်တဲ့နေရာတွေကို ပေးလိုက်တာ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
ထွက်ပြီးတဲ့နောက်မှာ အရပ်သားအစိုးရကို တစိတ်တပိုင်း ဆွဲသွင်းတာ။ တပ်မတော်
ကနေ ပေးတဲ့ အနေအထားမှာဘဲ ဒေါ်အောင်ဆန်းစုကြည် ရောက်နေတာပါ။
ဒီနေရာအထိကို တပ်မတော်က ပေးထားတာ။ နောက်ထပ်နေရာတွေလည်း
ပေးမှာပါဘဲ။ ကိုယ်ကဘာလဲဆိုတာ သိဖို့ လိုတယ်။ ဖွဲ့ စည်းပုံအခြေခံဥပဒေကို
ဒီချုပ်မပါဘဲနဲ့  သူတို့ ရေးဆွဲထားတာပါ။ ပြောရမယ်ဆိုရင် လက်ရှိဖွဲ့ စည်းပုံအခြေခံ
ဥပဒေနဲ့  လက်ရှိအနေအထားက ဒေါ်အောင်ဆန်းစုကြည်နဲ့  ဘာမှမဆိုင်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုကယုံတယ်။ ပြည်သူလူထုကိုလည်း
ဒေါ်အောင်ဆန်းစုကြည်ကယုံတယ်။ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို
ယုံတယ်။ ဘာလို့ လဲဆိုတော့ သူ့ အဖေ ထူထောင်ခဲ့တဲ့ တပ်မတော်လေ။
ခက်တာက တပ်မတော်က သူ့ ကိုမယုံဘူး။ မယုံရတဲ့ အကြောင်းအရင်းရှိတယ်လေ။
၁၉၈၈ မတိုင်ခင် သူဘာလုပ်ခဲ့တယ်ဆိုတာကို ဒီဘက်ကလူတွေက မသိကြဘူး။
မြန်မာပြည်ရဲ့ အင်အားက ဒေါ်အောင်ဆန်းစုကြည် မဟုတ်ပါဘူး။ တပ်မတော်ပါ။
အဲဒီတော့ သူ့ ရဲ့ ဝှက်ဖဲကို တပ်မတော်က ကိုင်ထားမှာပါဘဲ။ တပ်မတော်က
သူ့ ရဲ့ သတ်ကွင်းထဲကို သူဝင်မှာ မဟုတ်ပါဘူး။ ဒီတော့ ၄၃၆ ပြင်ရေးက ဖြစ်လာမှာ
မဟုတ်ပါဘူး။

ဖုန်းမြင့်အောင် (အမျိုးသားလွှတ်တော်အမတ်)

ကြားနေရတာက ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို ဝေဖန်တယ်၊
စိန်ခေါ်တယ်ပေါ့။ တပ်မတော်ကို စိန်ခေါ်တာထက် တပ်မတော်ကို ဖြစ်သင့်ဖြစ်ထိုက်
တာကို ပြောတာလို့ ဘဲ ပြောချင်ပါတယ်။ တပ်မတော်က ကြိုက်ချင်မှကြိုက်မှာ။
တခါတလေကျရင် အမှန်တရားက ခါးသီးပါတယ်။ တပ်မတော်သားတွေ
တကယ်တမ်းကျရင် ဘာအခွင့်အရေးမှ မရပါဘူး။ ထိပ်ပိုင်းခေါင်းဆောင်တွေသာ
အခွင့်ထူးခံစားနေရပါတယ်။ အဲဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ
ပြောဆိုတာပါ။ ဒီလိုအမှန်တရားကို ထောက်ပြတာက ဖြစ်သင့်တယ် ပြောသင့်တယ်
လို့ မြင်ပါတယ်။ ၄၃၆ ပြင်ဆင်ရေးမှာ တပ်မတော်က အဓိက တာဝန်ရှိတာပါဘဲ။
တပ်မတော်သား ကိုယ်စားလှယ်တွေမှာ ကာချုပ်က အခရာပါဘဲ။ ကာချုပ်က
သဘောမတူရင် ပြင်လို့ မရပါဘူး။ စစ်တပ်မှာလည်း အစီအစဉ်တွေ ရှိပြီးသားပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့  ရန်ဖြစ်နေပြီး ဒေါ်အောင်ဆန်းစုကြည် စိန်ခေါ်သည်
ဖြစ်စေ၊ စိန်မခေါ်သည်ဖြစ်စေ အဲဒီလိုမျိုးပြောလို့  ငါတို့ မလုပ်ဘူးဆိုရင်တော့
အလွန့် အလွန်ကို သိက္ခာကျပါတယ်။

မျိုးရန်နောင်သိန်း (ဗေဒါသင်တန်းကျောင်း)

ကျနော့်အမြင်ကတော့ ၄၃၆ ကို ဒေါ်စုက ဖိပြောနေတယ်လို့ မြင်ပါတယ်။
အမှန်က ပြောစရာ မလိုပါဘူး။ ၄၃၆ နဲ့ ပက်သက်ပြီးတော့ ကာချုပ်က
ဥပဒေဘောင်အတွင်းကနေ ပြင်မယ်လို့ ပြောထားတယ်။ ဦးသိန်းစိန်ကလည်း
မလောပါနဲ့ ၊ ပြင်ပေးပါမယ်လို့ ပြောတယ်။ ဦးရွှေမန်းကလည်း ပြင်မယ်လို့ 
ပြောထားတယ်။ ပြင်မယ်လို့  ပြောထားတဲ့ ၄၃၆ ဆိုတဲ့ ဂိတ်ကို ဖွင့်ထားလိုက်ပြီ။
၄၃၆ ကိုပြင်မှ ပုဒ်မ ၁၊ ၂၊ ၃၊ ၄၊ ၅ စတာတွေကို ပြင်လို့ ရမှာ။ အဲဒီတော့ ၄၃၆ က
ပြင်ပြီးသား၊ ဖြေလျှော့ပြီးသား၊ ဂိတ်ကြီးက ဖွင့်ပြီးသားလို့  ကျနော်တို့ မြင်ပါတယ်။
မှန်းလို့ လည်းရပါတယ်။ ၃၁ ဦးကော်မတီထဲက ဒီချုပ်တယောက်ကပြောတယ်။
ကျနော်တို့  ပြင်ဆင်ဖို့ အားလုံးလုပ်ပြီးသွားပြီ။ လွှတ်တော်ကို တင်ဖို့ ဘဲရှိတယ်တဲ့။
ဟုတ်ပြီ၊ အဲဒီကိစ္စကို ဒေါ်စုကြည်သိလားလို့ မေးတော့ “မသိဘူး” တဲ့။ ဆိုလိုတာက
ဒေါ်စုကြည်က ဇာတ်နာအောင်လို့  ၈၈ နဲ့ ပေါင်းပြီးလုပ်နေတာ။ သူတို့ ပြောလို့ ဘဲ
၄၃၆ ကြီး ပြင်ပေးရသလိုလို လုပ်တာ။ အဲဒီတော့ ဒီအကွက်တွေက ရိုးနေပြီလို့ 
ကျနော်က သုံးသပ်တယ်။ ဒီအကွက်က သိပ်မဆန်းကြယ်တဲ့ အကွက်ဆန်း
ဖြစ်နေတယ်လို့ ပြောချင်တယ်။ သူတို့ ထအော်လို့  ပြင်ပေးရသလို ဖြစ်နေတယ်။
၄၃၆ က မခက်ဘူး။ ၄၃၆ ပြင်ပြီးလို့ ရှိရင် အနောက်က ပုဒ်မတွေက ခက်မှာ။
ဂိတ်ကြီးကပွင့်ပြီး အထဲက ပုဒ်မတွေကဘဲ ခက်မှာ။ အဲဒါကို တစာစာ အော်နေပြီး
ပြင်ပေးပါ ပြင်ပေးပါ ပြောတာက နိုင်ငံရေးလုပ်စားတာ၊ နိုင်ငံရေးလှည့်ကွက်တခု
ပေါ့ဗျာ။ ဒီသုံးယောက်စလုံး ပြောတယ်ဆိုကတည်းက ပြင်ဖို့ က လုံးဝသေချာပြီး
သား။ တပ်မတော်က ၄၃၆ အတွက်ကို ဘာမှမပူနဲ့ ၊ ပြင်ပေးမယ်လို့ ပြောပြီးသား။
တပ်မတော်သား ကိုယ်စားလှယ်တွေကလည်း ထောက်ခံမှာပါဘဲ။ ကျနော်တော့
ပြောရဲတယ်၊ ပြင်ပေးမယ်ဆိုတာ။

လှဆွေ (အမျိုးသားလွှတ်တော်အမတ်)

(အဓိပတိဂျာနယ် အတွဲ ၁ အမှတ် ၂၀ မှ ထုတ်နုတ်ဖော်ပြပါသည်)
Aungmyo Tun

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း)တို့ ပူးပေါင်း၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လူထု သဘောထားခံယူပွဲ ကျင်းပ နေချိန်တွင် နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က “အခြေခံ ဥပဒေ ပြင်ဆင်ရေးကို စိတ်မ၀င်စားဘူးလို့ ပြောတာက ကလေး စိတ်ကောက်ပြီး ပြောတာနဲ့ပဲ တူတယ်လို့ ကျွန် တော် အားနာနာနဲ့ ပြောရမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြောကြားဝေဖန်ခဲ့ခြင်းကို ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်တွင် ဖော်ပြပါရှိခဲ့သည်။

ယင်းပြောကြားပါရှိမှုကို နယ်ပယ်အသီသီမှ ပုဂ္ဂိုလ်တချို့က နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်တာကြောင့် သမ္မတပြောစကားကဲ့သို့ သဘော သက်ရောက်နေသည်ဟုလည်း ဝေဖန်မှုများ ရှိနေခဲ့သည်။ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးကို အစိုးရမှ တသွင်သွင် ပြောကြားနေသော်လည်း ယခုကဲ့သို့ ဒုတိယ ၀န်ကြီး ဦးရဲထွဋ်၏ ပြောကြားချက်နှင့် ပတ်သက်၍ နယ်ပယ်ပေါင်းစုံမှ ပုဂ္ဂိုလ်အသီးသီးတို့က ယခုလို ဝေဖန်ပြောကြားခဲ့သည်။

ဦးမျိုးရန်နောင်သိမ်း (မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ)
ပြန်ကြားရေး ဒုတိယ၀န်ကြီး လုပ်နေပြီးတော့ သူတကယ် နားမလည်တာလား၊ ပညာမတတ်တာလား၊ မေးခွန်းတစ်ခု မေးစရာရှိလာပြီ၊ ဒါမှမဟုတ်ပဲ ငါတို့တွေက အာဏာပိုင်တွေပဲ လုပ်ချင်တာလုပ်မယ်။ အရင် အကျင့်တွေ ဆက်ရှိနေတာလားပေါ့၊ ဒါတွေတော့ ဆက်တွေးရတာပေါ့၊ ဦးရဲထွဋ်နဲ့ ပတ်သက်ရင် နောက်ပိုင်း ဝေဖန်မှုတွေများလာတယ်၊ စဉ်းစားစရာတွေများလာတယ်။
ဦးဖေမြင့် (စာရေးဆရာ)
ဦးရဲထွဋ်က ပေါ့တိပေါ့စ သုံးနှုန်းပြီး ပြောသွားတာမျိုးလို့ မြင်တယ်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကို ပြောတယ်ဆိုရင် အဲဒါဘာကြောင့်၊ ဘယ်လို သဘောကြောင့် ပြောတာပါ ဆိုတာ သမ္မတကြီးက ရှင်းလင်း ပြောဆိုဖို့ လိုတယ်လို့ မြင်တယ်ဟု ပြောသည်။
ဦးဇင်ဝိုင်း (ရုပ်ရှင်သရုပ်ဆောင်)
သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပုဂ္ဂိုလ်မျိုးဟာ စကားလုံး သုံးနှုန်း ရွေးချယ်မှု အနေနဲ့ တကယ် ထူးချွန် ပြောင်မြောက်တဲ့ သံတမန်တွေလို စကားလုံး ရွေးချယ်မှုဟာ အနှောင့်အသွားလွတ်တဲ့ အစွန်းလွတ်တဲ့ စကားလုံးမျိုး ဖြစ်သင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကို ကလေး စိတ်ကောက်သလို လုပ်တဲ့ အသုံးအနှုန်း သုံးနှုန်းတာမျိုးကြတော့ ဒါက သမ္မတ အကြံပေး ပုဂ္ဂိုလ်မျိုး ပြောသင့် ပြောအပ်သော စကားမျိုး မဟုတ်ဘူးလို့ မြင်တယ်။ အပြောခံနေရတဲ့သူက သေးသိမ်သွားစရာ မရှိဘူး။ ပြောတဲ့သူ အနေနဲ့သာ သူ့အရည်အသွေးကို ဖော်ပြနေတယ်။
ကိုအောင်မိုးဇော် (လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ)
ဦးရဲထွဋ် အခုတစ်လောပြောတာ သတိပြုမိတာ နှစ်ခုရှိတယ်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ကို ကလေး စိတ်ကောက်သလို ပြောတာ ပြည်သူလူထုက ယုံကြည်အောင် ဆောင်ရွက်နေတဲ့ အချိန်မှာ သမ္မတရဲ့ ပြောရေးဆိုခွင့် တစ်ယောက်က ပြောတဲ့စကားတွေက အဲဒီလို ယုံကြည်မှုရဖို့ အတွက်ကို ပြောတဲ့စကား မဟုတ်သလို ဖြစ်နေတယ်။
Tomorrow news journal


ခုတစ်ပတ်အတွင်း ပြည်တွင်း စီးပွားရေး အသိုင်းအ၀ိုင်းမှာရော၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အင်န်ဂျီအို အသိုင်းအ၀ိုင်းတွေ အကြားမှာပါ ဂယက်ရိုက်သွားတဲ့ သတင်းတစ်ခုကတော့ ရန်ကုန်၊ ဗဟန်းရွှေတောင်ကြားထဲက ဗိုလ်ချုပ်ဟောင်း တစ်ယောက် ပိုင်တဲ့ခြံနဲ့ အဆောက်အအုံတွေကို ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့UNICEF က ရုံးခန်းအဖြစ် အသုံးပြုဖို့ တစ်လ ဒေါ်လာ ၈၇,၀၀၀၊ တစ်နှစ်ဒေါ်လာ တစ်သန်းကျော်နဲ့ ငှားရမ်းအသုံးပြုနေတယ်ဆိုတဲ့ သတင်းပါ။ ဧရာဝတီသတင်းဌာနက စပြီးဖော်ထုတ်လိုက်တဲ့ အဲဒီသတင်းနဲ့ ဆက်စပ်ပြီး ပြည်သူတွေ စိတ်ဝင်စားကြတာက ရန်ကုန်မှာ အိမ်ခြံမြေ ဈေးနှုန်းတွေ ဒီ လောက်တောင်တက်နေပြီလား၊ ဒါမှမဟုတ် UNICEF က ငှားထားတဲ့နှုန်းကပဲ သဘာဝမကျစွာ များနေသလား၊ ဗိုလ်ချုပ်ဟောင်းတွေ ဒီလောက်တန်ဖိုးရှိတဲ့ အိမ်တွေ၊ ခြံတွေ ဘယ်လောက်များ ပိုင်နေကြသလဲ၊ ဘယ်လိုနည်းနဲ့ ရလာကြသလဲ၊ မြန်မာပြည်မှာ အိမ်ခြံမြေဈေးနှုန်းတွေ ကျရောကျဦးမှာလားစတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ဒီကနေ့ အဲဒီအကြောင်းတွေ ဆွေးနွေးတင်ပြသွားပါ့မယ်။

အခု UNICEF က ငှားရမ်းထားတဲ့ခြံဟာ အမေရိကန်အစိုးရက နာမည်ပျက် စာရင်းသွင်းမထားတဲ့ အမျိုးသမီးတစ်ယောက်ပိုင်တယ်လို့ UNICEF ဘက်က ထုတ်ဖော်ပြောဆိုပေမယ့် ရန်ကုန်က ၀ါရင့်အကျိုးဆောင်တွေ အားလုံးကတော့ အဲဒီခြံဟာ အရင် နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ နအဖခေတ် လယ်ယာဆည်မြောင်းဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း ညွန့်တင် ပိုင်ဆိုင်တယ်လို့ သိထားကြတာပါ။ သူတို့ရဲ့ပြောပြချက်အရ ဗိုလ်ချုပ်ညွန့်တင်ဟာ ဒီခြံတစ်ခုတည်း ပိုင်ဆိုင်ထားတာ မဟုတ်ဘူး၊ အခြားတန်ဖိုးကြီး အိမ်ခြံမြေတွေ ပိုင်ဆိုင်ထားသေးတယ်လို့ ဆိုပါတယ်။ တကယ်ဆိုတော့ ဗိုလ်ချုပ်ညွန့်တင်ဟာ ၂၀၀၃ ခုနှစ်ကတည်းက ရာထူးကနေ အရာကျသွားခဲ့ရသူပါ။ ဒီဘက်ခေတ်အထိ တန်ခိုးထွားခဲ့၊ တန်ခိုးထွားဆဲ စစ်ဗိုလ်ချုပ်တောင် မဟုတ်သေးပါဘူး။ အဲလိုဆို အခြားစစ်ဗိုလ်ချုပ်တွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေကရော ပိုင်ဆိုင်မှု ဘယ်လောက်ရှိနေမလဲ မေးစရာ ရှိပါတယ်။ အလွန်များတယ်လို့ပဲ တစ်ခွန်းတည်း ဖြေရမှာပါ။

အဲဒီဗိုလ်ချုပ်တွေဟာ ရောင်းရင် ကျပ်ငွေ သိန်းပေါင်းသောင်းချီတန်တဲ့ အိမ်ခြံ မြေတွေ၊ ငှားရင် ခုလိုပဲ တစ်နှစ် ဒေါ်လာ သန်းဂဏန်းလောက်ရနိုင်တဲ့ အိမ်ခြံမြေတွေ၊ စက်မှုဇုန်က မြေကွက်တွေတင်မက တိုက်ခန်းအမျိုးမျိုး၊ တိုင်းနဲ့ ပြည်နယ်အနှံ့က မြေကွက်ပေါင်း မြောက်မြားစွာလည်း ပိုင်ဆိုင်ကြပါတယ်။ ဥပမာအားဖြင့် ရန်ကုန်မြို့မှာ အလွန်တန်ဖိုးကြီးတဲ့ သုဝဏ္ဏ ဗိုလ်ချုပ်ရွာ၊ ရွှေတောင်ကြား ရွှေဝတ်မှုံအိမ်ရာ၊ ကမ္ဘာအေးဗီလာစတဲ့ နေရာတွေကတော့ ထင်ရှားပါတယ်။ ဗိုလ်ချုပ်တွေ တရားဝင်ရထားတဲ့ အိမ်ရာတွေပါ။

၁၉၈၈ စစ်တပ်က အာဏာသိမ်းစဉ်တုန်းကတော့ စစ်ဗိုလ်ချုပ်တွေရဲ့ ပိုင်ဆိုင်မှုဟာ ဘာမှသိပ်ရှိတာ မဟုတ်ပါဘူး။ အကြမ်းဖျင်းအားဖြင့် စစ်ဗိုလ်ချုပ်တွေဟာ အဲဒီအိမ်ခြံမြေတွေကို နည်းလမ်းသုံးသွယ်နဲ့ ပိုင်ဆိုင်လာတယ်လို့ ပြောနိုင်ပါတယ်။ ပထမ တစ်နည်းကတော့ အိမ်ခြံမြေ၊ တိုက်ခန်းတွေကို ကိုယ့်ဘာသာကိုယ် မတရားနည်းနဲ့ အရယူတာပါ။ မြို့သစ်ဖော်တယ်၊ ယူတယ်၊ စက်မှုဇုန်ဖော်တယ်၊ ဝေစုယူတယ်၊ ကွန်ဒိုဆောက်တယ်၊ ဝေစုယူတယ်၊ ဈေးဆောက်တယ်၊ ဝေစုယူတယ်၊ ၀န်ကြီးဌာနပိုင်တွေကို ဈေးပေါပေါနဲ့ ကိုယ့်ဘာသာကိုယ်ဝယ်ယူတယ် စတဲ့နည်းနဲ့ မြေကွက်တွေ၊ တိုက်ခန်းတွေ၊ ဆိုင်ခန်းတွေ အများကြီးရကြပါတယ်။ မြေကွက်ရပြီးတော့လည်း လွယ်ပါတယ်။ ကိုယ်နဲ့လုပ်စားကိုင်စားနေတဲ့ စီးပွားရေးသမားတစ်ယောက်ယောက်ကို အိမ်ဆောက်ခိုင်းလိုက်ရုံပါပဲ။ အဲလိုနည်းနဲ့ ပိုင်ဆိုင်မှု ပေါင်းများစွာ ရလာကြတာ ဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ ရှေးဘုရင် ခေတ်ကလို မောင်လှယ်နှမလှယ်နည်းနဲ့ မြေကွက်တွေ၊ အဆောက်အအုံတွေရကြတာပါ။ တစ်နေရာမှာ စစ်တိုင်းမှူးလုပ်တဲ့ သူဟာ မြို့သစ်ဖော်ရင် သူ့ဘာသာသူ ယူရုံမက အခြားတိုင်းမှူးတွေကိုလည်း ဝေစုလှမ်းပေးပါတယ်။ စစ်ရုံးချုပ်က ဗိုလ်ချုပ်တွေကိုလည်း ပေးပါတယ်။ နောက်ဆုံး နိုင်ငံခြားရောက်နေတဲ့ စစ်သံမှူးလုပ်သူတွေကိုတောင် ခွဲဝေပေးပါတယ်။ ဒီလိုပဲ အခြားတိုင်းမှူးတွေ၊ ၀န်ကြီးဌာန တာဝန်ရှိသူတွေကလည်း သူ့ကို ပြန်ပေးကြလို့ စစ်ဗိုလ်ချုပ် တစ်ဦးချင်းစီဟာ မြန်မာနိုင်ငံအနှံ့အပြားက မြို့တွေမှာ မြေကွက်ပိုင်၊ အိမ်ခြံပိုင်တွေ ဖြစ်နေကြတာပါ။ တချို့စစ်ဗိုလ်ချုပ်တွေဆို သူတို့ပိုင်ဆိုင်မှုအားလုံးကိုတောင် မမှတ်မိဘူးလို့ ဆိုပါတယ်။

နောက်ဆုံးတစ်နည်းကတော့ အဂတိလိုက်စားမှုလုပ်လို့ ရလာတဲ့၊ လာဘ်စားလို့ရလာတဲ့ တရားမ၀င်ငွေတွေနဲ့ ၀ယ်ယူရင်းနှီးမြှုပ်နှံထားတာပါ။ ကိုယ်ပိုင်ငွေရော၊ အာဏာကိုပါ ပေါင်းလိုက်တဲ့အခါ စစ်ဗိုလ်ချုပ်တွေဟာ ရန်ကုန် ရွှေတောင်ကြားလို တကယ့်မြေဈေးခေါင်ခိုက်နေတဲ့ နေရာမျိုးက မြေကွက်တွေကို ပိုင်ဆိုင်နိုင်တဲ့သူတွေ ဖြစ်သွားခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဒီနေ့မြေကွက်ကိစ္စ၊ အိမ်ခြံမြေကိစ္စ ပြောရင် “အဘပိုင်” ဆိုတာ လက်ညှိုထိုးမလွတ်တာပါ။ လက်ရှိ မြန်မာနိုင်ငံရဲ့ အကြီးဆုံး မြေပိုင်ရှင်ကြီးတွေဆိုတာ စစ်ဗိုလ်ချုပ်ဟောင်းတွေပါ။ တကယ့် တန်ဖိုးကြီး မြေကွက်တွေအများစု သူတို့မိသားစု ဆွေမျိုးသားချင်းတွေ လက်ထဲမှာပါ။

မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေး တကယ်လုပ်တော့မယ်၊ ရင်းနှီးမြှုပ်နှံမှုကို တကယ် ခွင့်ပြုတော့မယ်၊ တံခါးကိုတကယ် ဖွင့်တော့မယ်ဆိုတဲ့အခါ အိမ်ခြံမြေဈေးတွေက တရိပ်ရိပ်တက်၊ ပြဿနာကြီး တစ်ခုလို ဖြစ်နေတယ်ဆိုတာ အစိုးရအဖွဲ့ရော၊ နိုင်ငံတကာကလည်း သိကြပါတယ်။ ဒီအတွက် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ ၀င်ရောက်လာနိုင်ဖို့ မြေဈေးတွေ ကျဆင်းအောင် လုပ်ရမယ်ဆိုပြီး အကြံတွေပေးကြပါတယ်။ လုပ်ဖို့ကလည်း လွယ်ပါတယ်၊ နိုင်ငံတကာ ကုမ္ပဏီတစ်ခုကိုခေါ် ရန်ကုန်အနီးနားပတ်ဝန်းကျင်မှာ စီးပွားရေးလုပ်ငန်းတွေ အသုံးပြုနိုင်တဲ့ မြေကွက်သစ်တွေ အမြောက်အမြားဖော် ထုတ်ရုံပါပဲ။ ထွက်လာတဲ့မြေကွက်ကို အစိုးရနဲ့ အဲဒီရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ ကုမ္ပဏီ ခွဲဝေယူရုံပါပဲ။

ဒါပေမဲ့ သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ဟာ မြေဈေးတွေ ကျဆင်းစေမယ့် အဲလို စီမံကိန်းမျိုးတွေကို လက်ဖျားနဲ့တောင် သွားမတို့ရဲပါဘူး။ အကြောင်းရင်းကတော့ ဒီမြေဈေးတွေ ခေါင်ခိုက်နေတဲ့အပေါ်မှာ စစ်ဗိုလ်ချုပ်တွေနဲ့ ဆွေမျိုးသားချင်းအားလုံးနီးပါးရဲ့ ကိုယ်ကျိုးစီးပွားနဲ့ တိုက်ရိုက်ဆက်စပ်နေလို့ပါပဲ။ ဒါကြောင့် သိပ်မကြာခင် မြင်နိုင်တဲ့ အနာဂတ်ကာလအထိ မြန်မာနိုင်ငံမှာ အိမ်ခြံမြေဈေးနှုန်းတွေ ကျဆင်းဖို့ မရှိသေးပါကြောင်း၊ စစ်ဗိုလ်ချုပ်အသိုင်းအ၀ိုင်း မိသားစုဝင်တွေဟာလည်း ဗိုလ်ချုပ်ညွန့်တင် မိသားစုဝင်တွေလို မြန်မာနိုင်ငံရဲ့ စီးပွားရေးအပြောင်းအလဲ ဖော်ဆောင်နေမှုကနေ အကျိုးအမြတ် အလွန့်အလွန် ရရှိ ခံစားနေကြရဦးမယ်၊ ပိုပိုပြီးကြွယ်ဝချမ်းသာ လာကြဦးမယ် ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
မဇ္ဈိမ သတင်းစာ၊

လယ်/ဆည် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် ပြည်ထောင်စုမြန်မာနိုင်ငံသူ/သား များဧ။် အခြေခံ အခွင့်အရေးတစ်ခုဖြစ်သည့် မိမိယုံကြည်ချက်၊ထင်မြင်ယူဆချက်များကိုလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့် ဝေခွင့်အား ပြောင်ပြောင်တင်းတင်းချိုးဖောက်သည့်အနေဖြင့်၂၆.၅. ၂၀၁၄ ရက်နေ့ ရုံး အမှတ် (၁၅) လယ်/ဆည်နေပြည်တော်တွင် အရေးပေါ် အစည်းအဝေး တရပ်ခေါ်ယူကျင်းပခဲ့ပြီး၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနပေါင်းစုံ အရာရှိများအား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်းတို့ မှ ၂၇.၅.၂၀၁၄ တွင် ကျင်းပမည့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးးလက်မှတ်ရေးထိုးပွဲတွင်၊ ၀င်ရောက် လက်မှတ် ရေးထိုးခြင်းမပြုရန် တားမြစ်ခဲ့ကြောင်း သိရသည်။

အရေးပေါ် အစည်းအဝေးသည် နံနက် ၁၁နာ၇ီတွင်ပြီးဆုံးခဲ့ပြီး၊ လယ်/ဆည် ပြည်ထောင်စု ၀န်ကြီး သည် ဒေါ်အောင်ဆန်းစုကြည်အား လက်ရှိ အစိုးရဧ။် တိုင်းပြည်ကောင်းအောင် ဆောင်ရွက်နေသည်များကို နားလည်မသိရှိသူဟု စွတ်စွဲ ပုတ်ခတ်ပြောဆိုခဲ့ကြောင်း သိရသည်။
လယ်/ဆည် ၀န်ကြီးဌာနလက်အောက်ရှိ ဌာနပေါင်းစုံမှ ဦးစီးအရာရှိနှင့် အထက်ရာရှိများအားယခုကဲ့သို့ ခေါ်ယူ တားမြစ်ခြင်းသည်၊ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေပါ ၊ အခန်း(၈)၊ ပုဒ် မ ၃၅၄ (က) ဖြစ်သည့် မိမိယုံကြည်ချက် ၊ ထင်မြင်ယူဆချက်များ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့် ဝေခွင့် အား ပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်ခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးကြေ ညာ စာတမ်း ပါ အပုဒ် ၁၉ ဖြစ်သည့် လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော် ခွင့် ရှိသည် ဆိုသော အချက်အား လည်း ချိုးဖောက်လိုက်ခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေး ကြေညာ စာ တမ်း အပုဒ် ၈ တွင် လူတိုင်းသည် ဖွဲ့ စည်းပုံ အခြေခံဥပဒေ သို့ မဟုတ် ဥပဒေအရ ၄င်းအား ခံစားခွင့်ပြုထားသည့် မူလအခွင့်အရေးများကို ဖောက်ဖျက်ခြင်းခံရလျှင် ထိုသူသည်၊ စီရင်ပိုင်ခွင့်ရှိသော နိုင်ငံတော် ခုံရုံးများဧ။် ထိေ၇ာက်သော ကုစားပေးမှုကို ရပိုင်ခွင့်ရှိစေရမည်ဟု ဖော်ပြထားပါသည်။
Nld Central

ယနေ့ ၂၀၀၈ အခြေခံဥပဒေရဲ့ ပုဒ်မ ၅၉ (စ)အရ သမ္မတလောင်း ရွေးချယ်ခံချင်သူရဲ့ ချွေးမဟာတိုင်းတစ်ပါးသား ဖြစ်နေမယ်ဆိုရင် အဲ့သည်သူ အရွေးချယ်ခံပိုင်ခွင့် ဆုံးရှုံးသွား တယ်လို့ပြပါတယ်။ တကယ်တော့ သားသမီး ကိုတောင်မှ အဲ့သလိုချုပ်ချယ်ချင်လို့ မဖြစ်ပါ ဘူး။ ငါသမ္မတဖြစ်ချင်လို့ ငါ့သားနင်လည်း နိုင်ငံခြားသားမလုပ်နဲ့ နိုင်ငံခြားသား မိန်းမ ကိုလည်း မယူနဲ့လို့ ပိတ်ထားရမယ့် အဖြစ် မျိုးပါ။ လူဆိုတာက အသက် ၂၁ ဆိုရင် သူ့လမ်းသူရွေးပြီပဲ။

အခြေခံဥပဒေမှာဖော် ပြထားတဲ့ ပြဋ္ဌာန်းချက် ပုဒ်မ ၃၄၇ နိုင်ငံ တော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေး ရရှိစေရမည် အရ နိုင်ငံသားတိုင်းဟာ အမှန်တကယ်ပဲ နိုင်ငံ ရေးမှာ ပါဝင်နိုင်ရပါလိမ့်မယ်။
ဒါ့အပြင်ပုဒ်မ ၃၄၈ ပြဋ္ဌာန်းချက်အရ နိုင်ငံတော်သည် ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည် သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ် ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်း ရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိ စေရ။ ဆိုတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် မို့ဆိုပြီး ခွဲခြားထားလို့ မရပါဘူး။ ဒါဟာ အခြေခံဥပဒေက ပေးပြီးသား နိုင်ငံသားအခွင့် အရေး ဖြစ်ပါတယ်။

ပုဒ်မ ၃၄၈ နှင့် ၃၄၇ ကို ပုဒ်မ ၅၉(စ)က ပြန်ပြီး ကန့်သတ်လိုက်တာ ဖြစ်တဲ့အတွက် ပြင်ကိုပြင်ရပါလိမ့်မယ်။ မပြင် ရင် ကျွန်တော်တို့ ဖွဲ့စည်းပုံဟာ ရှေ့နောက် မညီလို့ ရှက်စရာကြီးပါ။ ဒါကြောင့် နိုင်ငံတ ကာက ဥပဒေပညာရှင်တွေက အမှိုက်ပုံးဆိုပြီး တင်စားခေါ်ရအောင် စွမ်းတဲ့ ဖွဲ့စည်းပုံဖြစ် နေလို့ပါ။

၅၉(စ) မပြင်ရင် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်နိုင်ပြီလား၊ မဟုတ်ပါ ဘူး။ ၅၉(စ)ကို မပြင်လည်း ၀ှိုက်ကတ်ရတဲ့သူ တောင်မှ ပါတီထောင်ခွင့်ပေးထားလို့ ဘယ် အမျိုးဘာသာသာသနာ စောင့်ရှောက်တဲ့ ဥပ ဒေထုတ်ထုတ် ဘာသာခြားအပြင်ကို နိုင်ငံ သားမဟုတ်သူပါ လွှတ်တော်ထဲ ရောက်လာ နိုင်တဲ့ အခွင့်အရေး ပေးထားပါတယ်။ ဒါ ကြောင့် ထူးပြီးခြားမလားနိုင်ပါဘူး။

၅၉(စ) ကိုပြင်ရင် ဘာဖြစ်မလဲ၊

ဘာမှမဖြစ်ပါဘူး။ နိုင် ငံခြားက ဘယ်လိုလူမျိုးကမှလည်း တက်ပြီး သမ္မတလာဖြစ်လို့ မရပါဘူး။ အတော် များများက ၅၉(စ)ကို မဲနေတာ။ သူ့ထက် ကောင်းတဲ့ ၅၉(ခ) နဲ့ ချုပ်ထားပြီးသားဖြစ်ပါ တယ်။ ၅၉(က) နဲ့ (ခ) နဲ့တင် အားလုံးပွဲသိမ်း ပါတယ်။

၅၉(ခ) မိမိနှင့် မိမိ၏ မိဘနှစ်ပါးလုံး နိုင်ငံတော်၏ အာဏာပိုင်နက်အတွင်း၌ မွေး ဖွားသော တိုင်းရင်းသားမှဖြစ်သည့် မြန်မာ နိုင်ငံသားဖြစ်ရမည်။ သေသေချာချာပြန်ဖတ် ကြည့်ပါဦး။ သမ္မတလောင်းတစ်ဦးဟာ မိမိ ရော၊ မိမိရဲ့ မိဘနှစ်ပါးစလုံးဟာ မြန်မာနိုင်ငံ မှာပဲ မွေးဖွားကြီးပြင်းသူဖြစ်ရမယ်၊ တိုင်းရင်း သားတွေ ဖြစ်ရမယ်၊ မြန်မာနိုင်ငံသားဖြစ်ရ မယ် ဆိုတဲ့ အချက်နဲ့တင် ဘယ်မှာလာပြီး ဘယ်နိုင်ငံက ကုလားတွေ၊ တရုတ်တွေလာပြီး မြန်မာနိုင်ငံရဲ့ သမ္မတလာဖြစ်တော့မလဲ။ သူ တို့ဟာ နိုင်ငံသားဖြစ်ခဲ့တယ်ထားဦးတော့ တိုင်း ရင်းသားမှ မဟုတ်ကြပဲ။ သည်တော့ အမျိုး ဘာသာ၊ သာသနာစောင့်ရှောက်ဖို့ ၅၉(စ) မလိုပါ။။ ၅၉(ခ)နဲ့တင် ပွဲသိမ်းနေပါပြီ။

၅၉(စ) ကတော့ ထဘီဝတ်မိန်းမသားတစ်ဦးကို ဘောင်း ဘီဝတ်စစ်သားကြီးများက ကြောက်ပြီး ရေး ထားတဲ့ ဖွဲ့စည်းပုံပြဋ္ဌာန်းချက်ပါ။ ဘုမသိ ဘ မသိ အမျိုးစောင့်သူများဟာ မလေ့လာဘဲ ကုန်းမအော်ကြပါနဲ့။ ၅၉(စ)ဖြုတ်လို့ ဘာသာခြား နိုင်ငံဖြစ်စရာအကြောင်း မရှိပါဘူး။ ဖြစ်စရာရှိ ကိုယ့်နိုင်ငံကို အကောင်းဆုံးမြှင့်တင်ပေးနိုင် မည့်သူကို ဆုံးရှုံးသွားမှာကိုပဲ စိုးရိမ်ကြပါ။ ၅၉(စ) မပြင်လို့ နစ်နာစရာရှိရင် ပြည်သူပဲနစ် နာမှာပါ။ ရေးခဲ့တဲ့ စစ်သားဘောင်းဘီကျွတ် တွေကတော့ နစ်နာစရာမရှိပါဘူး။

အမျိုးဘာ သာသာသနာ စောင့်ရှောက်မယ် အော်တဲ့ သူတွေ စိတ်ဆိုးထိုက်တာက ၅၉(စ) မဟုတ် ဘူး။ နိုင်ငံသားမဟုတ်ဘဲ ၀ှိုက်ကတ်ကိုင် တဲ့သူတွေ ပါတီထောင်ခွင့်ပေးတာကိုပါ။ အဲ့ ဒါကိုကော ဘယ်လို သဘောရလဲ။ ၅၉(စ)ကို ပဲ မြင်မြင်နိုင်လွန်းလို့ ပြောတာပါ။

သမ္မတ ရာထူး အရည်အချင်းအတွက် မြန်မာနိုင်ငံရဲ့ ဘယ်ဖွဲ့စည်းပုံမှာမှ ပြီးတော့ ဘယ်နိုင်ငံမှာမှ သားသမီး၊ ချွေးမ၊ သမက်တွေကို ကြည့်ပြီး ရွေးချယ်ခံပိုင်ခွင့်မရှိလို့ ပါတာ မတွေ့ဖူးပါဘူး။

၁၉၄၇ ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်က နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားတဲ့ အရည်အချင်းကို ပြပါဦးမယ်။ ၁၉၄၇ ဗိုလ် ချုပ်အောင်ဆန်းတို့ရေးခဲ့သော ဖွဲ့စည်းပုံပုဒ်မ ၄၉(က) မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏ မိဘနှစ်ပါးသော်လည်းကောင်း ပြည် ထောင်စုနိုင်ငံ၏ ပိုင်နက်အတွင်း၌ မွေးဖွား ခဲ့၍ ပြည်ထောင်စုနိုင်ငံသားလည်းဖြစ်သော၊ ထို့အပြင် (ခ) ပါလီမန်အမတ်အဖြစ် ရွေး ကောက်တင်မြှောက်ခံနိုင်သည့် အရည်အ ချင်းနှင့်လည်း ပြည့်စုံသော ပုဂ္ဂိုလ်မျိုးမဟုတ် လျှင် မည်သူမျှ နိုင်ငံတော် သမ္မတရာထူးအ တွက် ရွေးကောက်ခံနိုင်ခွင့်မရှိစေရ။ ကဲ ရှင်း ပလား။

ဒါကြောင့်မို့ ၅၉(စ) ဆိုတာ အမျိုး ဘာသာစောင့်ရှောက်ဖို့ ထည့်ဆွဲထားတာ မ ဟုတ်ဘူးဆိုတာ သိရမယ်။

၅၉(စ) ဆိုတာ ဒေါ်စု သမ္မတဖြစ်လို့မရအောင် ညစ်ပတ်ပြီး ရေးထားတဲ့ ပြဋ္ဌာန်းချက်ဖြစ်တယ်။ လူသား အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးကို ပိတ် ထားတဲ့ ၅၉(စ) ပြုတ်အောင်ကို ပြည်သူ့ အင်အားနဲ့ ဖြုတ်ချကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဆောင်းပါးကဏ္ဍ
အမှတ်စဉ် ၉၈၊ သည်လေဒီးစ်နယူးစ်ဂျာနယ်