July 2014


ဓာတ်ပုံ − အေပီ
http://www.7daydaily.com/.    
 ပြည်ထောင်စုဝန်ကြီးနှစ်ဦး ရာထူး မှ နုတ်ထွက်သွားခြင်းမှာ အစိုးရ အဖွဲ့၏ ပြုပြင်ပြောင်းလဲရေး လုပ် ငန်းများနှင့် အံမဝင်ခြင်းကြောင့် ဟု ဆိုသည်။
လက်ရှိတာဝန်မှ နုတ်ထွက် သွားသည့် ပြည်ထောင်စုဝန်ကြီး များနှင့် အနားပေးခံခဲ့ရသည့် ဝန် ကြီးများနေရာတွင် ၎င်းတို့ဌာန တွင်းမှ ဒုဝန်ကြီးများအား ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းမှာ အစိုးရအဖွဲ့အ နေဖြင့် အလွယ်လမ်းလိုက်ရာကျ နေပြီး ခန့်အပ်ခံရသည့် ဝန်ကြီး အသစ်များမှာလည်း ပြည်သူကို နာခံမည့်သူလား၊ အစိုးရပဲ နာခံ မည့်သူလား ဆိုသည်ကို မေးခွန်း ထုတ်ကြသည်။
‘‘ဘောလုံးပွဲစကားနဲ့ပြောရ ရင် လိုအပ်တဲ့ ခြေစွမ်းမရတဲ့သူ တွေကို လူလဲပြီး ကစားတဲ့သဘောပါပဲ။ ကျွန်တော်တို့ သွားနေတဲ့ ကစားကွက်နဲ့ အံမဝင်ဘဲ ခြေမ ပေါ်တာတွေ ဖြစ်လာလို့ အပြောင်းအလဲ လုပ်တာပါ။ အဂတိလိုက် စားမှုနဲ့ မပတ်သက်ပါဘူး။ ဦး အောင်ကြည်ဆိုရင်လည်း ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေကို အင်တိုက်အားတိုက် လုပ်ခဲ့တာ ကို သမ္မတကြီးက အသိအမှတ်ပြု ပါတယ်။ အခုဖြစ်တာကလည်း အပြစ်ပေးတာ မဟုတ်ပါဘူး’’ဟု ဦးရဲထွဋ်ကပြောသည်။
အစိုးရအဖွဲ့အတွင်း ရာထူးအပြောင်းအလဲများတွင် သဘောဆန္ဒအလျောက် နုတ်ထွက်သည်ဟုသာ ကြေညာလေ့ရှိသည်။ ထို့နောက် အစိုးရအဖွဲ့က ပြောဆိုခွင့်ရှိသူတို့က မီဒီယာများမှ တစ်ဆင့် တံဆိပ်ကပ်ပေးလေ့ ရှိသည်။
ပြန်လည်စိစစ်သင့်သည့် ဝန် ကြီးဌာနများကို ပြည်သူများကပင် သိရှိနေသော်လည်း ထိုဝန်ကြီး ဌာနများအစား ပြန်ကြားရေးဝန် ကြီး ဦးအောင်ကြည်နှင့် ကျန်းမာ ရေးဝန်ကြီး ဒေါက်တာဖေသက် ခင်တို့ အငြိမ်းစားယူခဲ့ရသည်။ ၎င်းတို့နေရာတွင် ဒုဝန်ကြီး ဦးရဲ ထွဋ်နှင့် ဒေါက်တာသန်းအောင် တို့အား ခန့်အပ်ရန် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ဇူလိုင် ၂၉ ရက်တွင် သဝဏ်လွှာပေးပို့ခဲ့သည်။
လတ်တလော ရာထူးရပ်စဲ ပြီး တရားရင်ဆိုင်နေရသော သာ သနာရေးဝန်ကြီး ဦးဆန်းဆင့်နေ ရာတွင် ယခင် ပြန်ကြားရေးဝန် ကြီးဌာန၌ ငွေကြေးအရှုပ်အရှင်း သတင်းများ ထွက်ပေါ်ခဲ့သော သာသနာရေးဒုဝန်ကြီး ဦးစိုးဝင်း အား ခန့်အပ်ခဲ့သည်။
ဒေါက်တာ ဖေသက်ခင်မှာ ဒုသမ္မတ ဒေါက်တာစိုင်းမောက် ခမ်းနှင့် သဘောထား ကွဲလွဲမှု ကြောင့် နုတ်ထွက်သွားခြင်းဖြစ် ကြောင်း လွှတ်တော်အသိုင်းအ ဝိုင်းက ဆိုသော်လည်း သမ္မတ ဦးသိန်းစိန်ကမူ သဘောထားကွဲ လွဲမှုများကို ညှိနှိုင်းပေးခြင်းထက် ဝန်ကြီး၏ နုတ်ထွက်စာကို လက် ခံခဲ့သည်။
ဝန်ကြီးများ ခန့်ထားမှုမှာ ဖွဲ့ စည်းပုံအတိုင်း သမ္မတက လုပ် ခြင်းဖြစ်သော်လည်း အစိုးရပုံရိပ် ကို မြှင့်တင်ပေးနိုင်သူ၊ အမိန့်နာခံ သူများသာ နေရာရကြောင်း ဆောင်းပါးရှင် ဦးစည်သူအောင် မြင့်က ပြောသည်။ အထင်ရှားဆုံး အဖြစ် မကြာသေးမီက သာသနာ ရေးဝန်ကြီး ဦးဆန်းဆင့်ဆိုလျှင် သမ္မတစကား နားမထောင်၍ အ ရေးယူခဲ့ခြင်းကိုကြည့်လျှင် သိနိုင် ကြောင်း ၎င်းကဆိုသည်။
‘‘ဝန်ကြီးတွေ အပြောင်းအ လဲလုပ်တိုင်း သူ့ဝန်ကြီးဌာနမှာ ဘယ်လိုတာဝန်မကျေလို့၊ ဘယ် နေရာ လစ်ဟင်းသွားလို့ ဆိုတာ မျိုး ထုတ်ပြောတာလည်း မရှိဘူး။ သူတို့အမိန့်နာခံတဲ့သူ၊ အစိုးရနဲ့ သဘောထား မတိုက်ဆိုင်တဲ့သူ ဆိုရင် ထုတ်တဲ့သဘောမျိုးပဲ။ ဖားတတ်တဲ့သူ၊ အစိုးရ ဘာလုပ်လုပ် အကောင်းပြောတဲ့သူပဲ ကျန်ခဲ့ မယ့် သဘောပဲ။ ဒီက ဝန်ကြီးတွေ က ပြည်သူကို နာခံတာမရှိဘူး။ အစိုးရကိုပဲ နာခံတယ်’’ဟု ၎င်းက ပြောသည်။
ပြည်သူ့လိုအပ်ချက်ကို တာ ဝန်ခံမှု၊ တာဝန်သိမှု စစ်စစ်ဖြင့် ဖော်ဆောင်ပေးမည့် အုပ်ချုပ်ရေး နိုင်ငံရေးအသိအမြင်ရှိသူ ပညာ ရှင်များ ဝန်ကြီးအဖွဲ့တွင် ခန့်အပ် မှသာ ပြုပြင်ပြောင်းလဲရေး အစစ် အမှန်ဖြစ်ပြီး သမ္မတစကားနား ထောင်၍ သမ္မတနှင့် အစိုးရ ကြိုက် လူများကို ရာထူးကြီးကြီး ပေးခန့်လိုက်ရုံနှင့် ပြုပြင်ပြောင်း လဲရေး ဖော်ဆောင်နိုင်မည်မဟုတ် ကြောင်း နိုင်ငံရေးလေ့လာသုံး သပ်သူတို့က ဆိုသည်။
‘‘ဝန်ကြီးလုပ်ရမယ့်သူဟာ သမ္မတအပေါ်မှာ သိပ်ပြီးသစ္စာခံ နေတာ မကောင်းဘူး။ အထက် အောက် ဆက်ဆံရေးက ဘယ် တော့မှ ပြုပြင်ပြောင်းလဲရေးမှာ အလုပ်မဖြစ်ဘူး။ အခု ဒုဝန်ကြီး တွေကို ဝန်ကြီးနေရာပေးလိုက် တာက နောက်ကခုံကို ရှေ့တစ် နေရာစာ တိုးပေးလိုက်တာပဲ။ လူ မှန်နေရာမှန် မဟုတ်ဘူး။ ဝန်ကြီး ဆိုတာ အစိုးရပြောတာ လိုက် လုပ်ရမှာ မဟုတ်ဘူး။ မူဝါဒတွေ ကို ဘယ်လိုချမှတ်ပြီး တိုင်းပြည် ကို အုပ်ချုပ်ရေးအမြင်နဲ့ကြည့်ပြီး အကောင်အထည်ဖော်ရမှာ။ သာ မန်အရပ်သား ပညာရှင်တွေများ ပုံလို့။ ပြန်ကြားရေးဝန်ကြီးလုပ် မယ့်သူ အဲဒီလောက် မရှားပါဘူး ဗျာ’’ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ဇာဂနာက ပြောသည်။
ထို့အပြင် ဒုဝန်ကြီးကို ဝန် ကြီးအဖြစ် ခန့်အပ်ခြင်းမှာ စစ်တပ်တွင်း အဆင့်လိုက် ရာထူးတိုးပုံစံ ဖြစ်နေပြီး တပ်ဆက်ဆံရေးဖြစ် သည့် အထက်အောက် ဆက်ဆံ ရေးဖြစ်နေသရွေ့ တတိယလှိုင်း (Third Wave)တင်မက မည်သည့်အပြောင်းအလဲ အဆင့်တွင်မှ ထို  လူများ လိုက်ပါနိုင်မည် မဟုတ် ကြောင်း ၎င်းက ပြောသည်။
‘‘အစိုးရအဖွဲ့ရဲ့ အပြောင်း အလဲတွေက များလွန်းလို့ မခန့် မှန်းတတ်ဘူး။ ဒါပေမဲ့ အစိုးရအ ဖွဲ့ ခန့်ထားရေးဟာ သူတို့ ယုံကြည်စိတ်ချရမှု ရှိ၊ မရှိပေါ် မူတည်ပြီး ခန့်နေတာဖြစ်တဲ့အတွက် ဒီမိုက ရေစီ ပြုပြင်ပြောင်းလဲရေး ဖော် ဆောင်နေတယ်ဆိုတာ သံသယ ဖြစ်စရာပဲ။ အရင် လူဟောင်းတွေ ချည်းပဲလေ။ ဘာမှမထူးခြားဘူး’’ ဟု ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးအောင်ကြည်ညွန့်က ပြောသည်။
သမ္မတဦးသိန်းစိန်က လစ် လပ်ဝန်ကြီးများနေရာတွင် အရပ် သား ပညာရှင်အချို့ကို ခန့်အပ် ခြင်းရှိသော်လည်း လက်ငါး ချောင်းပင် မပြည့်အောင် အရေ အတွက် နည်းပါးလွန်းလှသည်။ ပြန်ကြားရေးဆိုလျှင် ၎င်းလက် ထက်အတွင်း သုံးကြိမ် ဝန်ကြီး အပြောင်းအလဲ လုပ်ထားသည်။ ထို့အပြင် နှစ်ရှည်လများ ဟန်ချက်ညီ လည်ပတ်နေသော ဝန်ကြီး ဌာနများမှ ကျွမ်းကျင်ဝန်ကြီးများ ကိုလည်း အခြားဝန်ကြီးဌာနများ သို့ အလွယ်တကူ ပြောင်းပစ်ခဲ့ သည်။
ယခု နုတ်ထွက်သွားသော ဝန်ကြီးနှစ်ဦးမှာ အခြားဝန်ကြီးများ နှင့်စာလျှင် သဘောထားပျော့ ပျောင်းပြီး ၎င်းတို့ ဝန်ကြီးဌာန လုပ်ငန်းစဉ်များတွင် အတတ်နိုင် ဆုံး ပြည်သူနှင့်နီးစပ်ရန် ကြိုးပမ်း ခဲ့ကြသူများ ဖြစ်သည်။ ဒေါက်တာဖေသက်ခင်သည် ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်မှ ဝန်ကြီးဖြစ် လာပြီး အောက်လက်ငယ်သား များကို နိုင့်ထက်စီးနင်းမရှိခြင်း၊ ကိုယ်ကျိုးစီးပွား မရှာခြင်းတို့ ကြောင့် ဝန်ကြီးဌာနအပြင် ဆေး ပညာ အသိုင်းအဝိုင်း၏ လေးစား မှုကိုလည်း ရရှိထားသူဖြစ်သည်။ သို့သော် အစိုးရအဖွဲ့တွင်းမှာမူ ပြုပြင်ပြောင်းလဲရေးတွင် မလိုက်ပါ နိုင်သူအဖြစ် အငြိမ်းစားယူခဲ့ရ သည်။
ဒေါက်တာ ဖေသက်ခင်မှာ ဒုသမ္မတ ဒေါက်တာစိုင်းမောက် ခမ်းနှင့် သဘောထား ကွဲလွဲမှု ကြောင့် နုတ်ထွက်စာတင်ခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးဖုန်းမြင့် အောင်က ပြောကြားသည်။
‘‘အတွင်းသတင်းကတော့ သူတို့နှစ်ယောက် အမြင်မတူတာ တွေရှိတယ်။ ဒေါက်တာဖေသက် ခင်ကလည်း ပညာမာနရှိတော့ နုတ်ထွက်စာတင်တာပါ’’ဟု ၎င်း ကဆိုသည်။
ပြန်ကြားရေးဝန်ကြီးဌာနမှာ သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ ပုဂ္ဂလိကမီဒီယာများ၊ စာနယ်ဇင်းကောင်စီတို့နှင့် သ ဘောထားကွဲလွဲမှုများ ရှိနေပြီး မကြာသေးမီက ပုံနှိပ်စက်များ ဝယ်ယူမှုတန်ဖိုး ကွာဟချက်များ ကြောင့် ဦးအောင်ကြည်မှာ သွယ် ဝိုက် တာဝန်ခံသွားခြင်းလည်း ဖြစ်နိုင်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေး မောင်က ပြောသည်။
‘‘ဦးအောင်ကြည်က ရိုးသား ပွင့်လင်းပါတယ်။ ဒါပေမဲ့ သူက ဝန်ကြီးဖြစ်နေတော့ တချို့ကိစ္စ တွေမှာ တိုက်ရိုက်တာဝန်မရှိပေ မယ့် သွယ်ဝိုက်တာဝန်ခံလိုက်ရ တာတွေရှိတယ်။ အခုကိစ္စက လည်း သူတာဝန်ယူသွားတာလို့ မြင်ပါတယ်’’ဟု ၎င်းကဆိုသည်။
ပြန်ကြားရေးဝန်ကြီး ဦး အောင်ကြည်မှာ ဝန်ကြီးစဖြစ်က တည်းက အနုပညာရှင်များ၏ ပြဿနာများအပါအဝင် လက်ရှိ စိန်ခေါ်မှု အကြီးမားဆုံးဖြစ်နေ သော မီဒီယာသမားများနှင့် အစိုးရအဖွဲ့ကြား တင်းမာမှုများ၊ သဘောထားကွဲလွဲမှုများတွင် အတတ်နိုင် ဆုံး ကြားဝင်ခဲ့သူဖြစ်သည်။ မီဒီ ယာဥပဒေများကို အစိုးရက တစ် ခုပြီးတစ်ခု ပြဋ္ဌာန်းရန် ကြိုးပမ်း လာချိန်မှစ၍ ၎င်းတို့ ဝန်ကြီးဌာန အခန်းကဏ္ဍ တစစ မှေးမှိန်သွား ခဲ့သည်။
ပြီးခဲ့သည့်လက ရာထူးမှ ရပ်စဲခံရသော သာသနာရေးဝန်ကြီး ဦးဆန်းဆင့်သည်လည်း လူထု ထောက်ခံမှုကို ရထားသည့် ရှား ပါး ဝန်ကြီးတစ်ပါးဖြစ်သည်။ သို့ သော် ၎င်းမှာ အစိုးရ အကြည်ညို ပျက်စေမှု၊ ယုံကြည်အပ်နှံ ဖောက်ဖျက်မှုတို့ဖြင့် တရားစွဲခံနေရ သည်။
ဦးသိန်းစိန်က ပြည်သူဗဟို ပြု လုပ်ငန်းများ ရှေးရှုပြီး ပြုပြင် ပြောင်းလဲရေးများ လုပ်ဆောင်နေ သည် ဆိုသော်လည်း သမ္မတ သက်တမ်း သုံးနှစ်အတွင်း အစိုးရ အဖွဲ့ အပြောင်းအလဲကို ကြည့်ပါ က သမ္မတနှင့် အစိုးရအဖွဲ့ပုံရိပ်ကို မြှင့်တင်ပေးပြီး အစိုးရအကြိုက် လိုက်ရသူ အများစုသာ နေရာရ လာလေ့ရှိသည်။
ယခု ဝန်ကြီးနှစ်ဦးအနက် ဦးရဲထွဋ်မှာ သမ္မတနှင့် အစိုးရအ ဖွဲ့အပေါ် ဝေဖန်မှုများကို ၎င်း၏ ဖေ့စ်ဘွတ်ခ်မှတစ်ဆင့်၊ သတင်း စာများမှတစ်ဆင့် အမြဲတစေ ဖြေ ရှင်းခဲ့ပြီး အစိုးရမူဝါဒ မှန်ကန် ကြောင်း တစ်ချိန်လုံး ဝါဒဖြန့်နေ သူအဖြစ် လူသိများသည်။ ဒေါက် တာသန်းအောင်မှာ အငြိမ်းစားယူ သွားသည့် ဗိုလ်ချုပ်မှူးကြီးနှင့် နီး စပ်သူဖြစ်ပြီး တပ်မတော်တွင် ဗိုလ်မှူးချုပ်အဆင့်ဖြင့် အငြိမ်းစားယူခဲ့သူ ဖြစ်သည်။
‘‘ဦးရဲထွဋ်လို တကယ့်လက် ရင်း သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်ကို ဝန်ကြီးရာထူးပေး ပြီး အမြင့်ဆုံးနေရာ ဆွဲတင်တာ ထူးခြားပါတယ်။ ရှေ့လျှောက် အစိုးရရဲ့ ဝါဒဖြန့်ချိရေး အရှိန်ပို မြင့်လာမယ့် သဘောပဲ။ ဦးရဲထွဋ် ဟာ ဒုဗိုလ်မှူးကြီးအငြိမ်းစားနဲ့ ပြန်ကြားရေးဘက်ကို အဆင့်ဆင့် ရာထူးယူပြီး တက်လာခဲ့တော့ သူ က ငယ်ဖြူလိုဖြစ်နေတယ်။ အား လုံးကို သိနေတယ်။ အစိုးရဲ့ ဝါဒ ဖြန့်ချိရေးထဲမှာ အံတိုနေပြီ။ သူ့ရဲ့ စိတ်ရင်းစေတနာက သူတာဝန်ခံ တဲ့ ဝန်ကြီးဌာနကို မထင်ဟပ်ရင် တော့ ဒါအန္တရာယ်တော်တော်ကြီး မယ်။ သူ့ကို စောင့်ကြည့်ရမယ်’’ ဟု အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဒေါက်တာအေးမောင် က ပြောသည်။
သမ္မတ၏ ပြုပြင်ပြောင်းလဲ ရေး တတိယအဆင့် အရှိန်မြှင့် တင်မှုတွင် သဘောထားပျော့ ပျောင်းသည်ဟု ပြောကြသည့်ဝန်ကြီးနှစ်ဦး အငြိမ်းစားယူသွားပြီ ဖြစ်ပါသည်။ ကျန်ရှိသော အစိုးရသက်တမ်း တစ်နှစ်ခွဲအတွင်း တတိယအဆင့် အရှိန်ရိုက်ခတ်မှု မည်မျှပြင်းထန်မလဲနှင့် အစိုးရ၏ တံဆိပ်ကပ်ပွဲပယ်မူဝါဒ အလုပ်ဖြစ်မဖြစ်ဆိုသည်ကိုတော့ ဆက်လက်စောင့်ကြည့်ရန်ပင် ဖြစ်ပါသည်။      ။

 
http://www.7daydaily.com      
တရားစွဲဆိုခြင်း ခံထားရသော သာသနာရေးဝန် ကြီးဟောင်းဦးဆန်းဆင့်သည် ကျန်းမာရေးချို့ယွင်းလာသော ကြောင့် ကျန်းမာရေးအာမခံရရှိ ရန်   (အချုပ်လွတ်ထုချေခွင့်) လျှောက်ထားခြင်းကို တရားရုံးက ပယ်ချလိုက်ကြောင်းသတင်းရရှိ သည်။
‘‘နှစ်မှုစလုံးစစ်ပြီး ဒီအခြေ အနေမှာ အချုပ်လွတ်ထုချေခွင့် လျှောက်ပါတယ်။ ကျန်းမာရေး ကြောင့်ပါ။ ဆေးစာကတော့ မြန် မာ့စွယ်စုံကျမ်းစာအုပ်တစ်အုပ် လောက်တင်လိုက်ပါတယ်။ တင် လိုက်တော့ တရားရုံးကပလပ် လိုက်ပါတယ်’’ဟု ဦးဆန်းဆင့် အမှုအားလိုက်ပါဆောင်ရွက်ပေး သူ ရှေ့နေဦးတင်ထွန်းကပြော သည်။ ယနေ့အမှုစစ်ဆေးရာတွင် ပုဒ်မ ၄၀၉ အလွဲသုံးစားမှုနှင့် ဥပဒေပုဒ်မ ၁၂၄(က) နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့ကို စစ်ဆေးခဲ့ကြောင်းသတင်းရရှိ သည်။ ဇူလိုင် ၃၀ ရက်တွင် နေပြည်တော် ဒက္ခိဏခရိုင်တရား ရုံး၌   ငါးကြိမ်မြောက်ရုံးထုတ် စစ်ဆေးမှုတွင် ပထမဆုံးအကြိမ် တရားခွင်စစ်ဆေးမှုများပြုလုပ်ခဲ့ ပြီး အချိန်ငါးနာရီကျော် ကြာမြင့် ခဲ့ကြောင်းသတင်းရရှိသည်။
ထိုကဲ့သို့ အမှုစစ်ဆေးရာ တွင် လာရောက်သတင်းယူသော သတင်းထောက်များကို တရားရုံး ခြံအတွင်းသို့ ဝင်ရောက်သတင်း ယူခွင့်ပေးသော်လည်း တရားခွင် အတွင်းသို့မူ နေရာအခက်အခဲနှင့် တရားစီရင်ရေးအခက်အခဲဖြစ် သည်ဆိုသောအကြောင်းပြချက် ဖြင့် ဝင်ခွင့်မပြုခဲ့ပေ။
ဦးဆန်းဆင့်တရားရုံးထဲမှ ပြန်လည်ထွက်ရှိလာစဉ်   ၎င်းမိ သားစုဝင်များအား ကျန်းမာရေး ဂရုစိုက်ရန်မှာကြားခဲ့ပြီး ‘‘အဘ တော့ ကျန်းမာရေးမကောင်းဘူး’’ ဟုနွမ်းလျစွာပြောကြားသည်။
‘‘အဘက   နှလုံးမကောင်း ဘူး။ အရင်ကတည်းက ဆေးရုံပြ နေရတာ။ အခုက ကျီးပေါင်းနဲ့ မျက်စိပါရောဂါဖြစ်နေတယ်။ ဒီနေ့တော့အာမခံမရဘူး။ နောက် ရုံးချိန်းကျရင်တော့ မျှော်လင့်ရ တာပေါ့’’ဟု မိသားစုဝင်တစ်ဦးက ပြောသည်။ အမှု ထပ်မံစစ်ဆေး ရန်အတွက် သြဂုတ် ၆ ရက်တွင် ထပ်မံချိန်းဆိုလိုက်ကြောင်း သိရ သည်။b

ကမ္ဘာ့မြေပုံမှာ…ခြေတပေါင်ကျိုး..ကချေသည်လေးနဲ့ တူတယ်ဆိုတဲ့တိုင်းပြည်၊
လူရှင်အာဇာနည်…အထောင်သောင်းနေတဲ့တိုင်းပြည်၊
လူ့ ဂျပိုး စစ်ဂျပိုးတွေမှိုလိုပေါတဲ့တိုင်းပြည်၊

အစွန်းရောက်က…အစွန်းရောက်ကို ဘူဘူခြင်း…တစ်မှုတ်တဲ့တိုင်းပြည်၊
လူ့ အခွင့်အရေးအတွက်တိုက်နေပြီး…လူ့အခွင့်အရေးကိုချိုးဖေါက်နေသူတွေရှိတဲ့တိုင်းပြည်၊
ဗမာ့နည်းဗမာ့ဟန်နဲ့  ဗမာ့ကျွန် ဗမာခံရတဲ့တိုင်းပြည်၊
ကိုယ့်အရိုးနဲ့ ကိုယ် ပြန်အထိုးခံရတဲ့တိုင်းပြည်၊

စည်းကမ်းပြည့်ဝသောဒီမိုကရေစီနဲ့ ….ဒီမိုကရေစီကိုမျိုးကန်းအောင်လုပ်နေတဲ့တိုင်းပြည်၊
လက်ညိုးကို သေနပ်မောင်းခလုပ်ပေါ်တင်ပြီး…ငြိမ်းချမ်းရေးစကားဆိုတဲ့တိုင်းပြည်၊
ရွှေတွင်းပေါ်ထိုင်ပြီး…ဘိုင်ကျနေတဲ့တိုင်းပြည်၊

တိုင်းရိုးကိုးပေါက်…မိုးခါးရေသောက်နေစဉ်မှာ…
လျှာမြက်ပေါက်ခံနိုင်သူ…အာဂ..လူတွေ အပုံကြီးကျန်သေးတဲ့တိုင်းပြည်၊
အာဏာရှင်ကို…အာခံရင်း အာဏာရှင်ဖြစ်နေသူတွေပေါတဲ့တိုင်းပြည်၊

မျိုးချစ်စိတ်နဲ့  မျိုးနှစ်စိတ် မခွဲတတ်သူတွေနေတဲ့တိုင်းပြည်၊
ကမ္ဘာအရှည်ကြာဆုံး ပြည်တွင်းစစ်မီးတောက်လောင်ဆဲတိုင်းပြည်၊
ကောသလအိမ်မက်(၁၆)ချက် ပက်ပက်စက်စက်မှန်တဲ့တိုင်းပြည်၊
ဗုဒ္ဓဘာသာထွန်းကားပြီး…ဗုဒ္ဓဘာသာကွယ်ပျောက်နေတဲ့တိုင်းပြည်၊

သွေးစွန်းလက်နဲ့ ရေစက်ချနေသူတွေရှိတဲ့တိုင်းပြည်၊
မှော်ဆရာတွေ…မျက်လှည့်ဆရာတွေအရမ်းပေါတဲ့တိုင်းပြည်၊
(၅)ခါသေဘူးပေမဲ့… ပျဉ်ဘိုးနားမလည်သေးတဲ့တိုင်းပြည်၊

တပွင့်ချွေရင်…ဆယ်ပွင့်ဝေမယ့် အညတြသူရဲကောင်းတွေထွန်းကားတဲ့တိုင်းပြည်၊
နဂါးငွေ့ တန်းတွေ…ကြယ်တခွန်ကြီးတွေပေါ်တဲ့တိုင်းပြည်၊
လူရိုးလူကောင်းတွေ…လူတော်တွေပေါပေမဲ့…လူမှန်တွေနည်းနေသေးတဲ့တိုင်းပြည်၊
စသည်ဖြင့်…စသည်ဖြင့်တွေနဲ့ တိုင်းပြည်….

ဘာတွေဘဲ…ဖြစ်နေဖြစ်နေ…ဒီတိုင်းပြည်ကိုဘဲချစ်မိုးစွေရတာ
ဝဋ်ကြွေးမပြေ…ဂိဇ္ဈကုဋ် တောင်ခြေက….
တီထွေးသက်သေ…. ပုထုဇဉ်တွေမို့ လါးငါ့အရှင် ။ ။

မင်းကောင်းချစ်
ဇူလှိုင်လ (၃၀) ရက် ၂၀၁၄ ခုနှစ်


မိုဘိုင်းလ်ဖုန်းကနေ Viber သုံးစွဲသူ ၅သန်းရှိတဲ့ မြန်မာပြည်က သုံးစွဲသူတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ Viber ကုမ္ပဏီက ရန်ကုန်မြို့မှာ သတင်းမီဒီယာတွေနဲ့ ဇူလိုင် ၃ဝရက်နေ့က တွေ့ဆုံခဲ့ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ မိုဘိုင်းလ်ဆက်သွယ်ရေး မြင်ကွင်းအနေအထားအကြောင်း ပြောဆိုခဲ့ပါတယ်။

Viber ဟာ အသုံးပြုရလွယ်ပြီး အခြားဆိုရှယ်မီဒီယာတွေလို မဟုတ်ဘဲ သီးသန့်ဆန်ပြီး မိသားစု၊ သူငယ်ချင်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေအချင်းချင်းကြား စတစ်ကာတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ငွေကုန်စရာမလိုဘဲ ပေးပို့နိုင်တာကြောင့် မြန်မာပြည်မှာ ရေပန်းစားရတာဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ 5oth Street Bar မှာ ပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ Viber အနေနဲ့ UK၊ ဘရာဇီး၊ ရုရှ၊ ဘယ်လာရုစ်နိုင်ငံတွေမှာသာမက အာရှနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ ဂျပန်၊ အိန္ဒိယ၊ ဗီယက်နမ်နိုင်ငံတွေမှာလည်း ရုံးခွဲတွေရှိနေပြီး မြန်မာပြည်မှာ ရုံးခွဲဖွင့်ဖို့ စဉ်းစားနေဆဲလို့ပြောပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ တွဲဖက်လုပ်ကိုင်ဖို့ ဆွေးနွေးနေဆဲလို့ ဆိုပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ Local Sticker လုပ်နိုင်ဖို့ ကြိုးစားနေပြီး Viber ရဲ့ လူသိများတဲ့ Violet ဇာတ်ကောင်ကိုလည်း မြန်မာစကားပြောပုံစံနဲ့ ဒီဇိုင်းရေးနေပြီး အခမဲ့ရနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ သုံးစွဲသူတွေအနေနဲ့ Facebook နဲ့ Twitter တို့မှာလည်း အချိန်မရွေး မေးမြန်းနိုင်တယ်လို့ ပြောပါတယ်။

မြန်မာသတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ Viber ရဲ့ CEO Talmon Marco က ဗီဒီယိုကနေ နှုတ်ခွန်းဆက်စကား ပေးပို့ခဲ့သလို Viber ရဲ့ Chief Marketing Officer နဲ့ Head of Product တို့ကလည်း Viber ကနေ မီဒီယာတွေ သိလိုတာတွေကို ဖြေခဲ့ပါတယ်။
Kamayut media

အာဏာရှင်တွေဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ သူ့ရဲ့ပါတီက နိုင်ငံအာဏာရသွား မှာ ကို လုံးဝမလိုလားဘူးဗျ။ ပြီးခဲ့ တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာဆိုရင် ဝင်ရောက်ယှဉ်ပြိုင်ဖို့ အတွက် ကန့်သတ်ခဲ့တယ်။ သူမပါပေတဲ့ သူ့ပါတီက အထက်မှာပြောခဲ့တဲ့ အတိုင်း တောင်ပြိုကမ်းပြိုအနိုင်ရ တော့ မထင်ရှော့ဖြစ်ပြီး ရလဒ်ကို ဗြောင်ငြင်း ပစ်လိုက်တယ်။ ဒါပေ သိ ၂၀၁၂ ကြားဖြတ်မှာကျ ဝင် ပြိုင်နိုင်တယ် မဟုတ်လား လို့ ထောက်ပြနိုင်ပါတယ်။ ဒါကလည်း ရှင်းနေတာပဲ။ ၂၀၁၀ မှာ ဗိုလ်ချုပ်ကြီးများရဲ့ အရပ်ဝတ်လဲ ပါတီက သေချာပေါက်အနိုင်ရပြီးခဲ့မှဟာ။ဒေါ်စုရွေးကောက်ပွဲနိုင်ကာ လွှတ်တော်ထဲရောက်လည်းဘာမှ လှုပ်မရဘူးဆိုတာ သိနေလို့ အခွင့်ပေးတာ။

ဒေါ်စုကို အမတ်အနေ အထားလောက်ကလွဲပြီး သမ္မတ လို အဆင့်မြင့်နေရာပေးဖို့ ဆန္ဒ မရှိဘူးဆိုတာကတော့ အခုဖွဲ့ စည်းအုပ်ချုပ်ပုံပြင်ဆင်ရေးကိစ္စ တွေကိုကြည့်ပြီး အဖြေညှိကြည့် ရင် သိသာပါတယ်။ ဒါပေတဲ့ ဆိုင်ရာတွေမှာ ၁၉၉၀ ရွေးကောက်ပွဲ တုန်းက မဟာသင်ခန်း စာရထားတော့ ဒေါ်စုကို ဖွဲ့စည်းပုံပါ ပုဒ်မတွေနဲ့ ထိန်းချုပ်လို့ ရပေသိ သူ့ပါတီဟာ ၂၀၁၅ မှာ အုံနဲ့ ကျင်းနဲ့ အနိုင်ရဖို့အခြေအနေမှာရှိသေးတယ်။ ဒါကို ထိန်းချုပ်ဖို့အတွက်တော့ ရွေးကောက်ပွဲမှာ နိုင်သူအကုန်ယူတဲ့ စနစ်အစား ပါဝင် ယှဉ်ပြိုင်ကြတဲ့ ပါတီတွေက ကိုယ်စားလှယ်အချိုးကျ အာဏာခွဲဝေယူကြတဲ့ ‘ပီအာရ်’ စနစ် ဆိုတာကို ကျင့်သုံးဖို့ရာ အခုတစ်ခါ စိုင်းပြင်းလာကြတာပါပဲဗျာ။
http://www.7daydaily.com/
ခက်ချေရဲ့ကိုယ့်လူတို့ရေ။ ရွှေ ပြည်ကြီးမှာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကျ ပီအာရ်စနစ်နဲ့ ကျင်းပဖို့ အချို့များက အလိုရှိနေကြသတဲ့ဗျာ။ အနှာ ပီအာရ်ဆို သဟာ ဘာလဲမမေးပါနဲ့။ ဘစီလည်း ရေရေလည်လည် သိတာမဟုတ်ပါဘူး။ နို့ပေတဲ့ ပီအာရ်ဆိုတာကို ‘ဝေပုံကျ’နိုင်ငံရေးလို့ ကျုပ်တို့ အဓိပ္ပာယ်ဖွင့်ခဲ့တာ မှတ်မိဦးမှာပေါ့။ လွှတ်တော်မှာ ကိုယ် စားလှယ်တွေ ပြောတာကတော့ ပီအာရ်ဆိုတာ အချိုးကျကိုယ်စား ပြုစနစ်ဆိုပဲဗျာ။ ဒီလောက်ပဲ ဝိုး တဝါးသိထားပါတယ်။ မဝိုးဝါးခံ နိုင်ရိုးလားဗျာ။ ကျုပ်တို့ရဲ့ ရွှေ ပြည်မှာ ရွေးကောက်ပွဲတွေပြန် လုပ်တာမှ ဘာကြာသေးလို့တုံး။လူထုမှာလည်း မဲပေးတဲ့ အတွေ့အကြုံက တစ်သက်မှာ တစ်ခါနှစ်ခါထက်မှ မပိုသေးတာပဲဟာ။ ဆိုတော့ကာ ကျုပ်တို့မှာ ရွေးကောက်ပွဲစနစ်တွေနဲ့ နားဝေးတာတယ်ပြီးမဆန်းပါဘူးနော။


အဲဒါဗျာ။ အခုရွေးကောက်ပွဲ စနစ်ကို ပြင်ကြမလို့တဲ့။ လွှတ် တော်မှာ အဆိုဘာညာ သွင်းနေ ကြလေရဲ့။ အတိုက်အခံအမတ် တချို့ကတော့ မတ်တတ်ထကန့် ကွက်ကြတာရှိပါတယ်။ သို့ပေသိ အတိုက်အခံအမတ်ဆိုတာက လည်း လွှတ်တော်ထဲမှာ တိုရေ ရှားရေရှိတာကိုးခင်ဗျ။ မီးများမီး နိုင် ရေများရေနိုင်ဆိုသလို လွှတ် တော်ထဲမှာ အယောက်ငါးဆယ် တောင်မပြည့်တဲ့ ကိုယ်စားလှယ် တွေ ကန့်ကွက်တာက ဘာထူးမှာ မှတ်လို့။ အဲ.. ထူးတာကတော့ အခုလို ပီအာရ်ကို တင်လာကြ တာဟာဖြင့် ရာဇပလ္လင်ကို ကိုယ့် အိမ်ကိုယ့်ရာပမာ ထာဝရမှတ် ထင် ထိုင်ချင်ကြတဲ့ သူတချို့ရဲ့ အကွက်ဆင်လုပ်ဇာတ်ကို အထုပ် အထည်နဲ့ ကျုပ်တို့မြင်လိုက်ရတာ ပဲဗျို့။

သိတယ်ဟုတ်။ ကျုပ်တို့ တိုင်းပြည်မှာ အာဏာကိုနှစ် ပေါင်းများစွာကိုင်ထားတဲ့သူတွေ ဟာ ပိုင်ပြီဆိုမှ လုပ်တာ။ ဒါ ကြောင့်ပဲ အာဏာကိုအမြဲအစွဲ ကိုင်ထားနိုင်တာပေါ့။ အာဏာ ရှင်ချင်းတူတာတောင်မှ အသက် ရှူကွဲတယ်ဆိုတာ အဲဒါတွေပဲ။ ကြည့်ဗျာ။ ကမ္ဘာမှာ အာဏာရှင် တွေဟာ လူထုအရေးတော်ပုံလှိုင်း ဂယက်ထဲမှာ ပွဲပြတ်သွားကြတာ များပေတဲ့ ကျုပ်တို့ရဲ့ ရွှေပြည်ကြီး က အာဏာရှင်တွေမှာတော့ တစ်မူ ထူးသဗျ။ လူထုက မကြိုက်တာ မှန်ပေတဲ့ အာဏာပလ္လင်မှာ တစ် ရစ်ပြီးတစ်ရစ် အမြစ်မပြတ်ဆက် လက်ထိုင်လျက်ရှိနေတာမျိုးက မထူးခံနိုင်မှာလား။

ဒီနေရာမှာ သမိုင်းကို ဇာတ် ကြောင်းလှန်ကာ အနည်းငယ် ပြန်ပြောချင်သဗျာ။ အများသိကြ တဲ့အတိုင်း အာဏာရှင်ဗိုလ်နေ ဝင်းဟာ ၁၉၆၂ မှာ နိုင်ငံတော် အာဏာကို အရပ်သားတွေလက် ထဲက သိမ်းပြီးတဲ့နောက်မှာ အစ တော့ စစ်တပ်က တိုက်ရိုက်ချုပ် ကိုင်အုပ်ချုပ်တာပေါ့။ သို့ပေသိ စစ်တပ်ချည်းပဲ အမြဲအုပ်ချုပ်နေ ရင်လည်း မဖြစ်တာကြောင့် ၁၉၇၄ မှာ ဖွဲ့စည်းအုပ်ချုပ်ပုံတစ် ခုရေးတယ်ဗျာ။ ကျုပ်တို့ ၂၀၀၈ တုန်းက ကြုံခဲ့ရသလိုမျိုးပဲ ပြည် သူ့ဆန္ဒခံယူပွဲတွေ၊ ဘာတွေနဲ့ လုပ်သေးတာ။ ကြုံဖူးသူတွေ ပြန်ပြောတာကတော့ အဖြူနဲ့ အမည်း မဲပုံးတွေထောင်ထားဆိုပဲ။ ဖွဲ့စည်း ပုံကို ကြိုက်သူက အဖြူပုံးထဲ မဲထည့်၊ မကြိုက်တဲ့သူတွေက တော့ အမည်းပုံးထဲထည့်ပေါ့။ ဒါ ပေတဲ့ ဖြူရင်လည်းဖြူ၊ မည်းရင် လည်းဖြူရမယ်ဆိုတဲ့အတိုင်း နောက်ပိတ်ဆုံးစာရင်းချုပ်တဲ့ အခါ မဲပေးသူအရေအတွက်ရဲ့ ၉၉ ရာခိုင်နှုန်းကျော်က ထောက်ခံ အတည်ပြု၊ ကန့်ကွက်သူမရှိဆို ပြီး ဖြစ်လာတော့သတဲ့။ ၂၀၀၈ နဲ့ ဘာကွာလဲ ကိုယ့်လူများပဲ စဉ်း စားတော်မူပါ။

အနှီဖွဲ့စည်းပုံအရ လွှတ် တော်ဆိုတာ ပေါ်လာ၊ နဂိုဗိုလ် ချုပ်နေဝင်းကနေ ဦးနေဝင်းဖြစ်၊ တော်လှန်ရေးကောင်စီကလည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဖြစ်၊ ကောင်စီဝင် ဗိုလ်ချုပ်တွေက လည်း တိုက်ပုံနဲ့၊ ခေါင်းပေါင်းနဲ့ လွှတ်တော်အမတ်တွေဖြစ်ကုန် ရော။ အသွင်သဏ္ဌာန်မှာ သို့ ကလို ပြောင်းပေသိ အာဏာရှင် နဲ့ အနှစ်သာရကတော့ နှမ်းတစ် စေ့စာလောက်တောင်မှ မပြောင်း ဘူးဗျ။ အစိုးရရဲ့ဝါဒကလည်း ဖွဲ့စည်းပုံထဲမှာ အလုပ်သမား၊ လယ်သမား၊ ပြည်သူအများ ကောင်းစားရေးလို့ဆိုပေသိမကြာပါဘူးဗျာ။ ကမ္ဘာ့အမွဲဆုံး စာရင်းဝင်တော့တာပဲ။ နို့ပေတဲ့ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးကတော့ သူ့သမီးကို ရဟတ်ယာဉ်နဲ့ ကျောင်းတက်ခိုင်းနေဆိုပဲဗျ။ ဆိုးတာကတော့ ဖွတ်သထက်ညစ်နေတဲ့ လူထုလက်ထဲက ငွေကြေးကို တရားမဝင်ဘူးလို့ ကြေညာလိုက်တာခင်ဗျာ။ အနှာရဲ့ ဂယက်က တစ်တိုင်းပြည်လုံး စီးပွားပျက်တဲ့ အထိ ရောက်သွားရတယ်။ လူထု မှာ စီးပွားရေးနာလန်မထူတာ အခု ထိပါပဲ။ သို့သော်ငြားဗိုလ်ချုပ် ကြီးမျိုးဆက်ကတော့ သားအစဉ် မြေးအဆက် တစ်သက်စားမကုန် အောင် ချမ်းသာသွားကြပုံရပါရဲ့။ ထောင်ထဲမှာ မိသားစုလိုက် နှစ် ရှည်လများနေခဲ့ရသမို့ ဘာစီးပွား ရေးမှ လုပ်ခွင့်မရတာတောင် ထောင်ကအထွက်မှာ ဘဏ် သူဌေးဖြစ်နိုင်သေးတဲ့အခြေမှာ ရှိနေကြပါသေးမဟုတ်လားဗျို့။

ထားဗျာ။ စကားတွေ လမ်း ကြောင်းလွဲကုန်ပြီ။ နောက်ဆုံး လူထုက အုံကြွလာတဲ့ အနှီအာ ဏာရှင်ဗိုလ်ချုပ်ကြီးနဲ့ အပေါင်း အပါများဟာ ဆင်းပြေးရတာ တော့ မှန်ပါရဲ့။ ဒါပေတဲ့ စစ်အာ ဏာရှင်စနစ်ဟာ တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်းပါပဲဗျာ။ လူထုက အာဏာရှင် ဘယ်သူဘယ်ဝါဆို တဲ့ လူပုဂ္ဂိုလ်တွေကိုသာ ဖြုတ်ချ နိုင်ခဲ့တာဖြစ်ပြီး သူတို့ချန်ထားခဲ့ တဲ့ အာဏာရှင်စနစ် အမွေဆိုးကို တော့ ချိုးဖဲ့မပစ်နိုင်ခဲ့ဘူး။ ဒီတော့ အကြံတူနောက်လူသာစမြဲဆိုသဟာလို ရှေ့ကအာဏာရှင်တွေ ထက် အဆတစ်ရာဆိုးခဲ့ကြတာ ကိုယ့်လူများလည်း ကိုယ်တွေ့ပဲမို့ အထွေအထူးရေပြန်မနှူးတော့ပါ ဘူး။ ပြောချင်တာက ဦးနေဝင်းရဲ့ မဆလပါတီဟာ ရာဇပလ္လင်က မဖြစ်မနေဆင်းရတော့မယ်ဆိုတဲ့ အချိန်မှာ တစ်သက်နဲ့တစ်ကိုယ် မပြောခဲ့ဖူးတဲ့ ပါတီစုံဒီမိုကရေစီ စနစ်ဆိုတာနဲ့ သူ့အာဏာစက်ကို ကျားကန်ဖို့ ကြိုးစားခဲ့တယ်ဆိုတာ ပဲ။

မဆလရဲ့ အာဏာရှင်စနစ် အပြီးမှာ သူ့နေရာကို ဝင်ယူလာ တဲ့ အာဏာသိမ်းဗိုလ်ချုပ်ကြီးတွေ ကလည်း တက်ကြွနေတဲ့ လူထုကို ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ဆိုတာနဲ့ ချွေးသိပ်လိုက်တယ်ဗျ။ ပြီးတော့ မဆလအကြွင်းအကျန် လူကြီးတွေနဲ့စုဖွဲ့ပြီး ဟန်ပြအရပ် သားပါတီတစ်ခုဖွဲ့တယ်။ ငွေအား၊ လူအားတင်မက အာဏာအင် အားပါ သူတို့ကသာတဲ့အတွက် ရွေးကောက်ပွဲမှာ နိုင်မှာလို့သေ ချာနေပြီ မှတ်တာကိုး။ ပြီးတော့ သူတို့ကို ခြိမ်းခြောက်နိုင်တဲ့ အဓိကပြိုင်ဘက်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရွေးကောက်ပွဲဝင်လို့မရအောင် စည်းမျဉ်းစည်းကမ်းတွေထုတ်ထားခဲ့ပြီပဲဗျာ။ဆိုတော့ ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာလွှဲပေး မယ်။ သူတို့က ဦးဆောင်ပြီး ဖွဲ့စည်းပုံဥပဒေတစ်ခု ရေးကြလို့ဆိုကာ အာမခံရဲခဲ့ပေတာပေါ့။

နို့ပေတဲ့ အများသိတဲ့အတိုင်း ၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က မဲ အပြတ်အသတ်နဲ့ အနိုင်ရသွား တယ်။ အာဏာရှင်တွေခမျာ မထင်ရှော့ဖြစ်ကုန်တာပေါ့။ ဒီမှာ တင် ကလီကမာနဲ့ လုပ်ဇာတ်ခင်း လာတာက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အတင်းငြင်းလိုက်တော့ တာပဲ။ ရွေးကောက်ပွဲမှာ အနိုင်ရ တဲ့ အမတ်တွေဆိုတာလည်း လွှတ်တော်အစား ထောင်ထဲ ရောက်ကုန်ကြရောဗျို့။ ပြောလို ရင်းကို စာရင်းချုပ်ရင်တော့ ရွှေ ပြည်ကြီးမှာ အာဏာရှင်တွေဟာ အာဏာတည်မြဲရေးကိုသာ အစဉ် ရှေးရှုကာ လုပ်တတ်တယ်ဆိုတာ ပဲဗျာ။ သူတို့ နိုင်မယ့်ဘက်မှာသာ လုပ်လိုက်ပြီးမှ မနိုင်ခဲ့ရင်လည်း နိုင်နိုင်၊ မနိုင်နိုင် နိုင်ကိုနိုင်ရမယ် ဆိုတဲ့ လုပ်ပေါက်တွေဟာ ရှေး အခါကတည်းကရှိခဲ့ဖူးတာ ကျုပ် တို့မမေ့ဖို့လိုသဗျာ။

အနှာလို အစဉ်အလာတွေ ရှိထားတဲ့ ရွှေပြည်ကြီးမှာ အာဏာ ရှင်တွေက ဘယ်လိုပဲပြုပြင်ပြောင်း လဲရေးတွေလုပ်မယ်၊ လုပ်တယ် ပြောပေတဲ့ ကျုပ်တို့လူထုမှာ မယုံ နိုင်သေးတာ အပြစ်မဖြစ်တန်ရာ ပါဘူးဗျာ။ မှန်တာပြောတာပဲ ဥစ္စာ။

နောက်ထပ်မှန်တာတစ်ခု ထပ်ပြောရရင် အာဏာရှင်တွေ ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ပါတီက နိုင်ငံအာဏာရသွား မှာကို လုံးဝမလိုလားဘူးဗျ။ ပြီးခဲ့ တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာဆိုရင် ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ကန့်သတ်ခဲ့တယ်။ သူမပါပေတဲ့ သူ့ပါတီက အထက်မှာပြောခဲ့တဲ့ အတိုင်း တောင်ပြိုကမ်းပြိုအနိုင်ရ တော့ မထင်ရှော့ဖြစ်ပြီး ရလဒ်ကို ဗြောင်ငြင်းပစ်လိုက်တယ်။ ဒါပေ သိ ၂၀၁၂ ကြားဖြတ်မှာကျ ဝင် ပြိုင်နိုင်တယ်မဟုတ်လားလို့ ထောက်ပြနိုင်ပါတယ်။ ဒါကလည်း ရှင်းနေတာပဲ။ ၂၀၁၀ မှာ ဗိုလ်ချုပ်ကြီးများရဲ့ အရပ်ဝတ်လဲ ပါတီက သေချာပေါက်အနိုင်ရပြီးခဲ့မှဟာ။ဒေါ်စုရွေးကောက်ပွဲနိုင်ကာ လွှတ်တော်ထဲရောက်လည်းဘာမှ လှုပ်မရဘူးဆိုတာ သိနေလို့ အခွင့်ပေးတာ။

ဒေါ်စုကို အမတ်အနေ အထားလောက်ကလွဲပြီး သမ္မတ လို အဆင့်မြင့်နေရာပေးဖို့ ဆန္ဒ မရှိဘူးဆိုတာကတော့ အခုဖွဲ့ စည်းအုပ်ချုပ်ပုံပြင်ဆင်ရေးကိစ္စ တွေကိုကြည့်ပြီး အဖြေညှိကြည့် ရင် သိသာပါတယ်။ ဒါပေတဲ့ ဆိုင်ရာတွေမှာ ၁၉၉၀ ရွေးကောက်ပွဲတုန်းက မဟာသင်ခန်း စာရထားတော့ ဒေါ်စုကို ဖွဲ့စည်းပုံပါ ပုဒ်မတွေနဲ့ ထိန်းချုပ်လို့ရပေသိ သူ့ပါတီဟာ ၂၀၁၅ မှာ အုံနဲ့ ကျင်းနဲ့ အနိုင်ရဖို့အခြေအနေမှာရှိသေးတယ်။ ဒါကို ထိန်းချုပ်ဖို့အတွက်တော့ ရွေးကောက်ပွဲမှာ နိုင်သူအကုန်ယူတဲ့ စနစ်အစား ပါဝင်ယှဉ်ပြိုင်ကြတဲ့ ပါတီတွေက ကိုယ်စားလှယ်အချိုးကျ အာဏာခွဲဝေယူကြတဲ့ ‘ပီအာရ်’စနစ်ဆိုတာကို ကျင့်သုံးဖို့ရာ အခုတစ်ခါ စိုင်းပြင်းလာကြတာပါပဲဗျာ။

အဲဒါကြောင့်ပြောတာ။ တချို့က နိုင်ဖို့သေချာတဲ့ပွဲကိုသာ ကျင်းပပြီး ဝင်ပြိုင်တာပါဆို။ ၁၉၉၀ တုန်းက နိုင်မလားဆိုပြီး ရွေးကောက်ပွဲကြီး လုပ်ပေးလိုက် တာ ဝက်ဝက်ကွဲရှုံးသွားတယ်။ သူတို့မနိုင်လို့ တိုင်းပြည်မှာ လွှတ် တော်လည်းပေါ်မလာ၊ ဒီမိုကရေ စီဆိုတာ ဖြူသလား၊ မည်းသလား မသိခဲ့ရဘူး။ ဒါနဲ့ မကျေပွဲကို ၂၀၁၀ မှာ ထပ်နွှဲတော့ ဒီတစ်ခါ ဘယ်ရမလဲ။ နိုင်တာပေါ့။ တစ်ယောက်တည်းပြိုင်တဲ့ပွဲပဲဟာ။ ဘာကြောင့်ဆို တကယ့်ပြိုင်ဘက်မှ မပါဘဲဟာကိုး။ ဒါနဲ့ တစ်ယောက်တည်း ဒီမိုကရေစီသူရဲကောင်းကြီးလုပ်လိုက်တာနည်းနည်းအရှိန်လွန်သွားတယ်ထင်ပါရဲ့ဗျာ။ လေးနှစ်အကြာ ငါးနှစ်နီးပါး ရောက်လို့ နောက်တစ်ခါ ရွေး ကောက်ပွဲလုပ်မယ်ဆိုတဲ့အခါ ပြောင်းလာတဲ့ နိုင်ငံရေးအနေ အထားအရ အတိုက်အခံကလည်းအားကောင်းမောင်းသန်ဝင်ပြိုင်တော့မှာဗျ။

သို့ကလိုသာ ပြိုင်လို့က တော့ သေချာတယ်ဗျ။ ဒီတစ်ခါ လူထုထောက်ခံတဲ့ အတိုက်အခံ နဲ့ တိုင်းရင်းသားပါတီတွေကျိန်း သေနိုင်တော့မှာပဲ။ လွတ်လပ်မျှ တစွာ ပြိုင်ခွင့်ရရင်ပေါ့လေ။ ခက် တာက ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးအစိုးရဆိုပြီး နိုင်ငံတကာ ကလည်း ဆိုးတာလေးတွေ မသိ ချင်ယောင်ဆောင်ကာ သာသာ ထိုးထိုးလေး မြှောက်ပေးထား တော့ နိုင်လည်းနိုင်၊ မနိုင်ရင် လည်း နိုင်ဆိုတဲ့ ၁၉၉၀ တုန်းက လို မိုက်ကြေးခွဲဖို့ကလည်း ခက်ပြီ ကိုး။ ဒီအခါ ပီအာရ်ဆိုတဲ့ ‘ဝေပုံ ကျ’အာဏာခွဲယူလို့ရမယ့် ရွေး ကောက်ပွဲစနစ်ကို ရွှေဉာဏ်တော် စူးစွာ စန်းတင်လာတာပဲဖြစ် သဗျာ။ ဒါ ပီအာရ်ပရိယာယ်နဲ့ အာဏာကိုအပျော့ဆွဲ ဆွဲဖို့ကြံ တာလို့ လူထုကလည်း သိသားပဲ။ တကယ်သာ ဒီမိုကရေစီလိုလား လို့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံဆို တာပဲ ပြင်ပေးမှာပေါ့။ ဘာလို့ ပီအာရ်လုပ်မှာလဲနော။

ဆိုတော့ကာ ကိုယ်နိုင်မယ် သေချာတုန်းကတော့ ရွေး ကောက်ပွဲမှာ နိုင်သူအကုန်ယူ စနစ်ပေါ့ဗျာ။ ကိုယ်ချည်းပဲနိုင် မယ်ဆိုတာ မရေရာတဲ့ အခုခါမှာ တော့ အာဏာဝေမျှယူလို့ရမယ့် ‘ပီအာရ်’ဆိုသဟာကို လုပ်လာ တာပေါ့။ တချို့လည်း ဒါကို ထောက်ခံတဲ့သူတွေက ပီအာရ် လုပ်ရခြင်းဟာ တစ်ပါတီတည်း က နိုင်ငံရေးမှာ ကြီးစိုးနေတာကို ကာကွယ်ဖို့ ဘာညာ။ တကယ် တော့ ကျုပ်တို့ပြည်သူတွေမှာ တစ်ပါတီ အာဏာရှင်စနစ်နဲ့ ၂၆ နှစ်၊ တစ်ဖွဲ့တစ်အုပ်စုက အာဏာကိုဆုပ်ကိုင်အုပ်ချုပ်တဲ့ စစ်အာဏာရှင်စနစ်ကို ၂၃ နှစ် လောက်ကျောကော့အောင်ခံစား ခဲ့ပြီးပြီပဲဟာ။ အဓိက,က လူထု ဆန္ဒနဲ့သာ လွှတ်လပ်စွာရွေးချယ် ထားတဲ့ အစိုးရဖြစ်စမ်းပါစေ။ ငါး နှစ်တစ်ခါမဟုတ်ဘဲ ထပ်ကာထပ် ကာ လူထုကတင်မြှောက်လို့ အုပ် ချုပ်ရတာပဲဟာ ဘာဖြစ်လဲဗျာ။ လူထုက မကြိုက်ဘဲနဲ့ အတင်း ကုလားဖန်ထိုးကာ တစ်ပါတီ တည်းက အုပ်ချုပ်ဖို့ ကြိုးစားရင် သာ ပြဿနာ။

အခု ပီအာရ်လုပ်တယ်ဆို တာကလည်း အဲဒါပဲဗျာ။ လူထု က ကြိုက်တာ၊ မကြိုက်တာ အပ ထား။ အချိန်တန်ရင် မဲအချိုးကျ နဲ့ ဝေပုံကျ အာဏာရမှာ သေချာ ဖို့ ကြိုးစားကြည့်တာ။ နောက်တစ် နည်းကတော့ လူထုကြိုက်တဲ့ အတိုက်အခံက မဲအသာရပြီး အစိုးရဖွဲ့အုပ်ချုပ်မှာကို စိုးရိမ် တာ။ ဟောဒီရွှေပြည်မှာ ငါတို့ သာ ထာဝရအာဏာရရမယ်ဆိုတဲ့ လူ တွေကလည်း ရှိသကိုး။ သူတို့ရှိ နေသမျှ ပီအာရ်ဆိုတဲ့အသံကို ကြားနေရမှာပဲဗျ။ အဲ.. ပီအာရ်နဲ့ မှ လူထုကြိုက်တဲ့ အတိုက်အခံကို ထိန်းချုပ်မရဘူးလား။ ဒါဆိုရင် သူတို့မှာ ပီအာရ်အပြင် ပလီပလာ နည်းဆိုတာလည်း ရှိသေးတယ် ဗျာ။

ပြောသာပြောရ ဘစီတို့ တော့ အခုဒီမိုကရေစီပြုပြင် ပြောင်းလဲရေးလုပ်နေတဲ့ အစိုးရ ဟာဖြင့် အနှီ ပလီပလာဗျူဟာကို သုံးမယ် မထင်ပေါင်ဗျာ။ သမ္မတ ဆို အငြိမ်းစားယူပြီးရင် သူပိုင် လယ် ၁၀ ဧကမှာ သစ်ပင်စိုက် စားဖို့တောင် စဉ်းစားနေပြီ။ နဂါး မောက်နဲ့ စိန်တစ်လုံးမှာ ဘယ် အမျိုးအစားစိုက်ရင် ကိုက်မယ်ဆို တာတောင်မှ တွက်ပြီးနေမင့်ဟာ။ ပလီပလာဗျူဟာဆိုတာ အာဏာ ကို ထာဝရယူလိုကြတဲ့ သူတွေပဲ လုပ်တဲ့ဥစ္စာ။ ဘယ်သူတွေလဲ သိတယ်မို့လား။ ၁၉၉၀ ရွေး ကောက်ပွဲရလဒ်ကို တရားမဝင်လို့ ဗြောင်ငြင်းခဲ့တဲ့ လူမျိုးတွေပေါ့။ အဲသလို လူမျိုးတွေကသာပီအာရ်နဲ့ အာဏာကို ဆက်ထိန်း လို့မရတဲ့အခါ ပလီပလာနဲ့ တီတီ တာတာ ကျည်ကျည်ကျာကျာလုပ်ကြဦးမှာ။

(ဖော်ပြပါသရော်စာသည် စာရေးသူ ဘစီ၏အာဘော်သာဖြစ်သည်)



http://www.7daydaily.com/
အကြိမ်ကြိမ်ကန့်ကွက်ဆန္ဒပြမှုများ၊ ဖြုတ်ချရန် ကြိုးစားမှုများကြား ရာစုနှစ်တစ်ဝက်နီးပါး မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည့် တပ်မတော်ခေါင်းဆောင်များအတွက်တော့ ချီးကျူးဂုဏ်ပြုခံရသည်မှာ ပြီးခဲ့သည့်နှစ်များအတွင်းက များများစားစားမရှိလှ။
သို့သော်လည်း ထိုအထဲတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကတော့ ခြွင်းချက်အနေဖြင့် ရှိနေခဲ့သည်။ မျက်နှာထားတည်တည်ဖြင့် စကားကို ဖြည်းဖြည်းမှန်မှန် ပြောတတ်သည့် ဦးသိန်းစိန်သည် ပြီးခဲ့သည့်နှစ်များအတွင်းက အတင်းအကျပ် စေခိုင်းခြင်းကြောင့်မဟုတ်ဘဲ လူထုထောက်ခံမှု အနေအထားတစ်ခုအထိ ရှိခဲ့သည့် စစ်ခေါင်းဆောင်ဟောင်းတစ်ဦးအဖြစ် ရှားရှားပါးပါး ထွက်ပေါ်လာခဲ့သည်။

အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက် အများအပြား ချမှတ်ခဲ့သည့်  တပ်မတော်အစိုးရလက်ထက်တွင် ၀န်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့ပြီး အရပ်သားအဖြစ် နိုင်ငံရေးလောကထဲ ၀င်ရောက်ခဲ့သည့် ဦးသိန်းစိန်သည် ခြိုးခြံချွေတာပြီး လောဘနည်းသည့် တပ်မတော်ထိပ်တန်းခေါင်းဆောင်တစ်ဦး၊ ပြုပြင်ပြောင်းလဲရေးသမားတစ်ဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။

ဦးသိန်းစိန်သည် စစ်ခေါင်းဆောင်တစ်ဦးမှ နိုင်ငံရေးသမားတစ်ဦးအဖြစ် ပြောင်းလဲလာပြီး သူရခဲ့သည့် လက်ခုပ်သံများ တဖြည်းဖြည်းစဲလာချိန်တွင် ၎င်းအစိုးရလက်ထက် ကမ္ဘာကျော်ပဋိပက္ခများနှင့် ပတ်သက်၍လည်း ဝေဖန်မှုများ ဆက်တိုက်ခံခဲ့ရသည်။ ထိုပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းမှုများနှင့်ပတ်သက်၍ သမ္မတအပေါ် မေးခွန်းများထုတ်လာကြပြီဖြစ်သည်။

‘‘ပဋိပက္ခတွေကလဲ အရင်ထက်ပိုပြီး ဖြစ်လာတယ်။ အဲဒီအထဲမှာမှ အထင်ရှားဆုံးနှစ်ချက်က ဘာသာရေးကို ဦးတည်ပြီးဖြစ်တဲ့ ပဋိပက္ခဖြစ်လာတာနဲ့ တောင်သူလယ်သမားတွေကို ထိခိုက်နေတဲ့ လယ်သိမ်းယာသိမ်းကိစ္စတွေပဲ။ အဲဒီနှစ်ခုကတော့ တော်တော်လေးသတိထားရမယ့် ကိစ္စတွေပဲ’’ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အတွင်းရေးမှူး ဦးစောဝင်းထွန်းက ပြောသည်။
သမ္မတဦးသိန်းစိန်နှင့် ၎င်း၏အစိုးရအဖွဲ့သည် အကြမ်းဖက်မှုများကို ငြိမ်သက်အောင် အချိန်မီလုံလောက်သည့် ထိန်းသိမ်းနိုင်မှုမရှိခဲ့ (သို့မဟုတ်) မရှိကြောင်းလည်း ဝေဖန်ခံခဲ့ရသည်။
ပဋိပက္ခဖြစ်စဉ်များဖြစ်ပြီးတိုင်းလည်း နောက်ကွယ်မှ လူတစ်စု၊ ဒေါသထွက်နေသည့် လူအုပ်ကြီး စသည့်စကားလုံးများ လူထုနှင့်မီဒီယာများကြား ထည့်ပေးလိုက်ကာ ပြီးသွားကြသည်ချည်းသာ ဖြစ်သည်။
ထိုအဖြစ်အပျက်များကြောင့် ပြုပြင်ပြောင်းလဲရေးသမားအဖြစ် လူသိများသည့် သမ္မတ၏ ပုံရိပ်သည်လည်း ကျဆင်းလာခဲ့ရသည်။ တစ်ခါတစ်ရံတွင် ပဋိပက္ခများကို နိုင်နင်းအောင် မကိုင်တွယ်နိုင်သည့် သူ၏ စွမ်းဆောင်ရည်ကြောင့် သွေးထွက်သံယိုမှုများ ပိုမိုကြီးထွားလာကြောင်း ဝေဖန်မှုများ ခံခဲ့ရသည်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ရခိုင်အရေးအခင်း စတင်ဖြစ်ပွားခဲ့သည့် ၂၀၁၂ မေလ ၂၈ ရက် ကျောက်နီမော်အဖြစ်အပျက်မှစတင်ပြီး ၂၀၁၄ ဇူလိုင် ပထမပတ်အတွင်းက ဖြစ်ပွားခဲ့သည့် မန္တလေးမငြိမ်မသက်မှုအထိ ရက်ပေါင်း ၇၆၀ ကျော်အတွင်း ဘာသာရေးဆန်ဆန် ပဋိပက္ခဖြစ်စဉ်များသည် နိုင်ငံတစ်ဝန်းတွင် ပုံစံအမျိုးမျိုးဖြင့် ပေါ်ပေါက်လျက်ရှိသည်။
ပဋိပက္ခများကြောင့် သုံးရက်လျှင်လူတစ်ဦးနှုန်း အသက်ဆုံးရှုံးခဲ့သည်အထိ ပဋိပက္ခအခြေအနေများ ဆိုးရွားခဲ့ပြီး လူနေအဆောက်အအုံ ပျက်စီးမှုများမှာလည်း တစ်ရက်လျှင် အိမ်သုံးလုံးနှုန်း ဆုံးရှုံးခဲ့ရသည်။
ပဋိပက္ခများ ဖြစ်ပွားစေရန် ရည်ရွယ်သည့် သွေးထိုးလှုံ့ဆော်မှုများ လူမှုကွန်ရက်များ၊ သာမန်ပြည်သူများအကြားတွင် သိသိသာသာ ထွက်ပေါ်လာခဲ့သော်လည်း သွေးထိုးလှုံ့ဆော်သူများကို အရေးယူရန် ပျက်ကွက်ခဲ့သည်။

‘‘ခေတ်အဆက်ဆက် နိုင်ငံရေးသမားတွေကို ဒုက္ခပေးခဲ့တဲ့ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မ (၅/ည)နဲ့လည်း ဆွဲလို့ရတယ်။ နောက်တစ်ချက်က ၂၀၁၄ ခုနှစ် အီလက်ထရွန်နစ်ဥပဒေပါ အချက်တွေနဲ့လည်း ဆွဲလို့ရတယ်။ ဒါပေမဲ့ လှုံ့ဆော်သူတွေကို ဒါတွေနဲ့ဆွဲတာ သိပ်မတွေ့ရသေးဘူး’’ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ထင်ရှားသည့် ဥပမာတစ်ခုမှာ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီခေါင်းဆောင် ဦးနေမျိုးဝေအမည်ဖြင့် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ပဋိပက္ခဖြစ်ပွားစေရန် လှုံ့ဆော်ရေးသားမှုများကို ထိရောက်သည့် အရေးယူမှုမျိုး မရှိခဲ့ခြင်းဖြစ်သည်။ ယခုအခါ ၀င်ရောက်ကြည့်ရှု၍ မရတော့သည့် Nay Wai အမည်ဖြင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဦးနေမျိုးဝေအမည်ဖြင့် ပဋိပက္ခဖြစ်ပွားစေရန် လှုံ့ဆော်ရေးသားမှုများ မကြာခဏ ပြုလုပ်ခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူကြောင်း ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပေ။
ဘာသာရေးကို နိုင်ငံရေးအရ အသုံးချခြင်းမျိုး မပြုလုပ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တားမြစ်ထားသော်လည်း ဦးနေမျိုးဝေအမည်ဖြင့် လှုံ့ဆော်မှုများကို နိုင်ငံရေးပါတီများကို စောင့်ကြည့်သတိပေးနေသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အပါအ၀င် အစိုးရတာဝန်ရှိသူ မည်သူကမျှ တားဆီးမည့်သူမရှိခဲ့။ ပါတီများအား သတိပေးမှုအချို့ ရှိခဲ့သော်လည်း ဦးနေမျိုးဝေနှင့် သူ၏ပါတီကိုတော့ လှုံ့ဆော်မှုများနှင့်ပတ်သက်ပြီး တိုင်ကြားမှုမရှိခြင်းကြောင့် စစ်ဆေးရန်မရှိဟု ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ဇူလိုင်လအတွင်းက ဧရာဝတီသို့ ပြောကြားခဲ့သည်။

‘‘လူမျိုးရေးကိစ္စက အခုချိန်အထိ ဘယ်သူကမှ တိုင်ကြားထားတာမရှိဘူး။ တိုင်တဲ့သူမရှိတော့ အဲဒီလူမျိုးရေးကိစ္စတွေက စစ်ဆေးဖို့မလိုဘူးလေ။ တကယ်လို့ တိုင်တဲ့သူပေါ်လာမယ်ဆိုရင်လည်း ကျွန်တော့်အနေနဲ့က ပြည်ထောင်စုကော်မရှင်ကို တင်ပြသွားမှာပါ။ ကျွန်တော်တို့ ရန်ကုန်တိုင်းကော်မရှင်အဖွဲ့ရဲ့ မှတ်တမ်းမှာလည်း ဒီလိုလူမျိုးရေးကိစ္စတွေနဲ့ပတ်သက်လို့ ဘယ်သူ့ကိုမှ တိုင်တန်းတာမျိုး အခုအချိန်ထိ မရှိသေးပါဘူး’’ဟု ဦးကိုကိုက ပြောကြားကြောင်း ဧရာဝတီသတင်းဌာနက ရေးသားခဲ့သည်။

အထက်ပါ ဥပမာများကပင် လက်ရှိအစိုးရ၏ လုပ်ကိုင်ဆောင်ရွက်မှုများအပေါ် ပြည်သူတို့ အားမလိုအားမရ သံသယပွားစေခဲ့သည်။
လှုံ့ဆော်မှုများ၊ အမုန်းပွားဖွယ်စကားများကြောင့် အပြင်းအထန်ဝေဖန်ခံခဲ့ရသည့် ဦးနေမျိုးဝေ အပါအ၀င် လူပုဂ္ဂိုလ်များကို အပြစ်ပေးအရေးယူရန် ပျက်ကွက်ရုံသာမက လူအများ အံ့အားသင့်စေသည့် ကိစ္စတစ်ခုကိုလည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သမ္မတဦးသိန်းစိန်က ပြုလုပ်ခဲ့သေးသည်။
လက်ရှိဖြစ်ပေါ်နေသည့် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများသည် ပြည်တွင်းပြည်ပ မီဒီယာအချို့၏ လှုံ့ဆော်မှုကြောင့်ဟု သမ္မတက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့သည်။
‘‘ပြည်တွင်းပြည်ပ မီဒီယာအချို့၏ မသင့်လျော်သော၊ အမုန်းပွားစေနိုင်သော၊ ကျင့်ဝတ်နှင့်မညီသော လှုံ့ဆော်မှုများကြောင့် မိမိတို့နိုင်ငံတွင် လူအုပ်စုချင်း အကြမ်းဖက်သတ်ဖြတ်မှုများနှင့် မီးရှို့သည့် ဖြစ်ရပ်များကို ကြုံတွေ့ခဲ့ရပြီးဖြစ်ပါသည်’’ဟု မီဒီယာများနှင့် အစိုးရကြား တင်းမာမှုဖြေလျှော့ရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပေးပို့သော သ၀ဏ်လွှာကို ပြန်လည်တုံ့ပြန်သည့် သမ္မတ၏သ၀ဏ်လွှာတွင် ထည့်သွင်းရေးသားခဲ့သည်။
သို့သော်လည်း အငြင်းပွားဖွယ်၊ ပဋိပက္ခဖြစ်ဖွယ်ရာ အသုံးအနှုန်းအပြုအမူများ ပြုလုပ်ခဲ့သည်မှာ အစိုးရပိုင်သတင်းစာများနှင့် အစိုးရအရာရှိများနှင့် နီးစပ်သူများလည်း အပါအ၀င်ဖြစ်သည်။
စစ်အစိုးရ၏ နှစ်ရှည်လများ ဖိနှိပ်ချုပ်ချယ်မှုများကို သမ္မတဦးသိန်းစိန်လက်ထက်တွင် ဖယ်ရှားရန် ဆုံးဖြတ်ခဲ့သဖြင့် သူ၏သက်တမ်းအစပိုင်းတွင် ကန့်သတ်မှုများကို ဖယ်ရှားသည့် ဆုံးဖြတ်ချက်များ ချမှတ်တိုင်း အကောင်းမြင်ခံခဲ့ရသည်။ သို့ရာတွင် နောက်ပိုင်းနှစ်များတွင် သမ္မတ၏ ဆုံးဖြတ်ချက်များနှင့် ပဋိပက္ခရေးရာများ ကိုင်တွယ်ဖြေရှင်းပုံများကြောင့် နာမည်ကောင်းဖြင့် ကျော်ကြားခဲ့သည့် သူ၏ပုံရိပ်ထိခိုက်လာကြောင်း သတင်းစာဆရာနှင့် ဝေဖန်သုံးသပ်ရေးဆောင်းပါးများ ရေးသားနေသူ ဦးစည်သူအောင်မြင့်ကပြောသည်။
‘‘ဒီအတိုင်းဆို မမြင်တော့ဘူး။ ပြုပြင်ပြောင်းလဲရေး မလုပ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ် သွားသက်ရောက်တာပဲပေါ့’’ဟု ဦးစည်သူအောင်မြင့်ကပြောသည်။

ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရာတွင် သမ္မတ၏ပြောဆိုပုံများနှင့် ပြည်ထဲရေးဝန်ကြီးဌာနက လုပ်ဆောင်နေပုံများမှာ ကွဲလွဲနေသောကြောင့် အရှက်ရစရာပင်ဖြစ်ခဲ့ကြောင်း ဦးစည်သူအောင်မြင့်ကပြောသည်။

‘‘ဒီဟာ (ပဋိပက္ခ)တွေကို ကိုင်တွယ်ရမှာက ပြည်ထဲရေးဝန်ကြီးဌာနပဲ။ ပြည်ထဲရေးဝန်ကြီးဌာနက အခုသေချာအကဲခတ်လိုက်တော့ သမ္မတက သြဇာညောင်းပုံမပေါ်ဘူး’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သမ္မတဦးသိန်းစိန်လက်ထက်တွင် ပြဿနာတွေကသာ သမ္မတနှင့် ၎င်း၏အစိုးရအတွက် အနုတ်လက္ခဏာဆောင်သည်မဟုတ်။ သမ္မတဦးသိန်းစိန် လက်ထက်တွင် အပစ်အခတ်ရပ်စဲရေးအတွက် ဆောင်ရွက်မှုများ လုပ်ဆောင်နေသော်လည်း တိုက်ပွဲများက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

ပြည်တွင်းစစ်နှင့် ပဋိပက္ခအခြေအနေများကို လစဉ်ထုတ်ပြန်လေ့ရှိသည့် Myanmar Peace Monitor ၏ ထုတ်ပြန်ချက်အရ ၂၀၁၃ မေလမှ ၂၀၁၄ ဇွန်လအထိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရတပ်များအကြား တိုက်ပွဲဖြစ်ပွားမှု အကြိမ် ၃၀၀ နီးပါး ရှိခဲ့သည်။

အထူးသဖြင့် စစ်အစိုးရလက်ထက် တစ်လျှောက်လုံးတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ထိန်းထားနိုင်ခဲ့သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။
‘‘သမ္မတက အတိုက်အခံတွေမရှိအောင် လုပ်လိုက်တာ။ အစပိုင်းမှာ ဒေါ်စုအပါအ၀င် တခြားအတိုက်အခံတွေကို ပူးပေါင်းပြလိုက်ပြီး လွှတ်တော်ထဲလည်းရောက်ရော ဘာမှထပ်မထူးတော့ဘူး’’ဟု မြောက်ဥက္ကလာမှ ပြည်သူတစ်ဦးဖြစ်သော ဦးထွန်းသိန်းမြင့်ကပြောသည်။

သမ္မတသက်တမ်းမှာ သုံးနှစ်ကျော်လာပြီဖြစ်၍ နောက် ၂ နှစ်သာ ကျန်တော့သည်။
ငါးနှစ်တစ်ကြိမ် ရွေးကောက်ခံရသည့် သမ္မတရာထူးတွင် သူ၏သက်တမ်းကုန်ဆုံးချိန်၌ တိုင်းပြည်အတွက် စံချိန်တင်အပြောင်းအလဲများ ထားခဲ့မည်လား၊ စံချိန်တင် ပဋိပက္ခဖြစ်စဉ်များ ထားခဲ့မည်လား ဆိုသည်မှာတော့ လက်ကျန် ရာထူးသက်တမ်းများက အဆုံးအဖြတ်ပေးမည်ဖြစ်သည်။
‘‘အခုတော့ ရှေ့ကလူတွေအတိုင်းပဲ သူက ဘာမှမထူးဘူး။ အဲဒီလိုပဲ ခံစားရတယ်’’ဟု သာမန်ပြည်သူတစ်ဦးအနေဖြင့် ၎င်း၏ခံစားချက်ကို ဦးထွန်းသိန်းမြင့်က ပြောသည်။         ။

ပဋိပက္ခများဖြစ်ပွားရာဒေသများပြပုံနှင့် ပျက်ဆီးဆုံးရှုံးမှုအနေအထားပြပုံ
ထွန်းခိုင်

မဇ္ဈိမ။            ။ နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးတွင် ပုဒ်မ ၄၀၉/၁၀၉၊ ပုဒ်မ ၁၂၄(က) တို့ဖြင့် တရားရင်ဆိုင်နေရသော သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား နေ့လည်ထမင်းစားချိန်သာ အနားယူပြီး နံနက်  ၉ နာရီ၊ မိနစ် ၅ဝ ခန့်မှ ညနေ ၃နာရီခွဲခန့်အထိ ခြောက်နာရီခန့် စစ်ဆေးခဲ့သည်။
30jl19
ထိုသို့စစ်ဆေးပြီးချိန်တွင် သာသနာရေးဝန်ကြီးဟောင်းက ကျန်းမာရေးအခြေအနေ ပိုမိုခံစားလာရခြင်းကြောင့် ဆေး(ကျန်းမာရေး) အာမခံ လျှောက်ထားကြောင်း သိရသည်။
ဦးဆန်းဆင့်နှင့် ဆွေမျိုးတော်စပ်သူ ဦးအောင်ဌေးက “သူ(ဦးဆန်းဆင့်)က အရင်ကတည်းက နှလုံးရောဂါ၊ ကျီးပေါင်းရောဂါနဲ့ မျက်စိရောဂါ ကုနေရတာလေ၊ အထူးကုဆရာဝန်တွေနဲ့ ကုပေးပါမယ်၊ လောလောဆယ်တော့ အာမခံလေးတော့ ခဏသည်းခံပါတဲ့” ဟု မီဒီယာများသို့ ပြောသည်။
မိသားစုဆွေမျိုးများနှင့် ထပ်မံတွေဆုံခွင့်ပေးခဲ့သော်လည်း မီဒီယာများကိုမူ တရားရုံးဝင်းအတွင်း ဝင်ခွင့်ရရန် ကင်မရာ၊ အသံဖမ်းစက်၊ လက်ကိုင်ဖုန်းများ ယူဆောင်ခွင့် မပြုခဲ့သည့်အပြင် တရားခွင်မှထွက်လာသော ဦးဆန်းဆင့်အား မီဒီယာသမားတို့ မေးမြန်းမှုမပြုမီ လိုက်ပါစောင့်ရှောက်သော တာဝန်ရှိပုဂ္ဂိုလ်များက “ဘာမှပြောစရာမရှိဘူး” ဟု နှစ်ဦး၊ သုံးဦးခန့်က ဝိုင်းဝန်း ပြောဆိုခဲ့သေးသည်။
သို့ရာတွင် ဦးဆန်းဆင့်က အစောင့်အရှောက်များကြားမှ မိသားစုများအား “နေကောင်းအောင်နေကြ” ဟု စကားတစ်ခွန်းသာပြောကြားခဲ့သည်။

ပုဗ္ပသီရိမြို့နယ် တရားရုံး၌ ဒုတိယအကြိမ်ရုံးထုတ်စဉ်ကမူ “သမ္မတ အမိန့်ကို မနာခံဘူးဆိုတဲ့ သဘောနဲ့လုပ်တာဖြစ်ပါတယ်၊ မတရားမှုပြုတာပါ” ဟု မီဒီယာများသို့ ပြောသည်။
ထို့အပြင် ဦးအောင်ဌေးက “ ကောင်းကောင်းမွန်မွန်ပါပဲ၊ လုပ်ထုံးလုပ်နည်းအတိုင်းပဲ ဆက်သွားမယ်၊ တရားသူကြီးတွေဘာတွေ အားလုံးကူညီကြပါတယ်၊ နောက်ရုံးချိန်းကတော့ သြဂုတ်လ ၆ ရက်နေ့မှာပါ” ဟု မဇ္ဈိမကို ပြောသည်။

ဦးဆန်းဆင့်အား အာမခံပေး၍မရသည့် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ပုဒ်မ ၄ဝ၉/ ၁ဝ၉ ဖြင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက တရားလိုအဖြစ် တရားစွဲဆိုထားပြီး ဇွန်လ ၁၉ရက်က ဖမ်းဆီးခဲ့သည်။
၎င်းကို ပြစ်မှု ထင်ရှားပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချနိုင်သည့် အကြည်အညို ပျက်စေမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄(က)ပါ ဇူလိုင်လ ၂ဝ ရက်က ထပ်တိုးခဲ့သည်။


ဒီမိုကရေစီ အကူးအပြောင်းကာလ ဆိုတာ ရာသီအပြောင်းလိုပဲ ဖျားနာချောင်းဆိုး
မျက်ရိုးကိုက် နှာမွှန် နောက်ကျောတက် ဇက်ထိုး ဝေဒနာအမျိုးမျိုး ခံစားရတတ်တယ် ဆိုသကိုးဗျာ။အနေအထိုင် ဂရုစိုက်ရတယ်ခင်ဗျ။ကိုယ့်ဖာသာကိုယ် နေမကောင်းလို့ 
လမ်းမလျောက်နိုင်ဖြစ်ပြီး လမ်းဘေးသွားထိုင်ရင် တောင် ပုဒ်မ(၁၈) နဲ့ ပါသွားနိုင်တာကိုး။
စပ်ကူးမတ်ကူး ကာလ ဆိုတော့ မျက်ရိုးတော့ နည်းနည်း ကိုက်တာလေး ပြောချင်ပါတယ်။

နိုင်ငံတော် အကြည်ညိုပျက်စေမှုအတွက် တရားစွဲ ခံ၇တဲ့ ဆရာ(ဟောင်း)ကြီးအကြောင်း
သတင်း မယူရလို့ ၀မ်းနည်း ပက်လက် ဖြစ်နေတဲ့ စာနယ်ဇင်းဆရာတွေ ကလဲ တော်တော် များသကိုး။ဒီကြားထဲ မိသားစု နဲ့တွေ့ရတာကို ပဲ သတင်းရေးနေသေးသဗျ။ဇာဂနာ တို့ ထောင်ထဲမှာ (၁၁) နှစ် နေခဲ့ရတာ မိသားစု နဲ့ တစ်ခါမှ မတွေ့ ခဲ့ရပေါင်။တရားရုံးလဲ မသွားခဲ့ရပေါင်။ရှေ့ နေလဲ မငှားခဲ့ရပေါင်။အပြစ်ရှိလား ရှိရှိမရှိရှိ သွားရော ထောင်ဒဏ်
၅၉ နှစ်။ ကိုင်း တစ်ခါထဲ နာေးအေးရော။ဘယ်သတင်းစာဂျာနယ် ကမှလဲ လာ သတင်း မယူပါဖူးဗျာ။ဒီအတွက်လဲ စိတ်မကောင်း ဘယ်သူမှ ဖြစ်မပေးကြပါဖူး။ကိုယ်ဖြစ်ကိုယ်ခံ ဆိုသကိုးဗျ.မှတ်မိပါသေးတော့။

တရားရုံးမှာ ၈ျင်မီတို့ ကိုကိုကြီးတို့ မင်းကိုနိုင်တို့ ကို ၄၅နှစ်(ဒါတောင် ပထမ အရစ်နော်)
ထောင်ချတော့ ဟေး ၀ါး ဆိုပြီးလက်ခုပ်ထ တီးလို့ တရားရုံး မထီမဲ့မြင် လုပ်ပါတယ် ဆိုပြီး ထောင် ခြောက်လ ထပ်ချတာ ခမျ။မိသားစု နဲ့မတွေ့ရတာလောက်တော့ စာမဖွဲ့ 
လောက်ပါဖူး။ဒါလဲ ဇာ၈နာ သိလို့ပြောနေတာမဟုတ်ပါဖူး။သတင်းထောက်လေးတွေက
လာလာပြောနေတာကိုးလို့ ။

လွှတ်တော် ထဲမှာလဲ PR က ပေါ်လာပြန်ပြီ။တိုင်းရင်းသားတွေ ရဲ့အကျိုး အတွက် လို့ 
သာပြောတယ် တိုင်းရင်းသားတွေက သပိတ်မှောက်ပြီး လွှတ်တော် လာမတက်ဖူး
ဆိုတော့ နား ကိုမလည်နိုင်ဖူး။ဇာဂနာဖြင့်လေ ကိုးရီးယားရုပ်ရှင်ကား ကို တရုပ်စာတန်းထိုး
နဲ့ ကြည့်နေရသလိုပါပဲ။လွှတ်တော် ထဲမှာ ဆီးယို ဆီးပေါင်း သွားရောင်းရကောင်းမလား
လို့ တောင် တွေးမိပါတယ်။ဒါမှ နှလုံးလေးသည်းခြေ လေးငြိမ်ကြမှာပေါ့။မဟုတ်ရင်
ရောဂါဟောင်းတွေက ခနခန ထ ကြသကိုးဗျ။တမျိုး နဲ့တစ်မျိုး ၇ိုး ကိုရိုးမသွားစေရပါဖူး။

မန္တလေး က ကတုံးမ ကလဲ တော် တော် ဇာတ်ရှုတ်တာနော်။ဇာဂနာ တောင် ကတုံး
ဘ၀ ကို စွန့် လွှတ်ချင်ပါတယ်။ကတုံးထား၇တာ အီးစော် နံ လာပြီ။ဟို ကတုံးသည်ကတုံး
သောက်ကတုံးလို့ ဆဲ ခံရတိုင်း ကိုယ့်ပြောနေသလိုခံစားနေရတာကိုးဗျာ။ထောင်ထဲမှာ
ကတံုး တံုးခြင့္မရဖူးခင္မ်။ဒါကို ဇွတ် တိုက်ယူလာရတဲ့အနေ နဲ့ မြတ်မြတ် နိုးနိုး ဇာဂနာ
က ဆက်လက်သည်ပိုးထားတာပါ။ဒါပေမဲ့တိုင်းဖျက်ပြည်ဖျက်တဲ့အထဲ ကတုံးက
တော်တော် ပွားလာတော့ ကိုယ့်ကတုံး ကို ကိုယ် မသင်ကာ ချင်တော့ဖူး။ဒီကတုံးမ ကလဲ
ကိုယ့်ဖာသာကိုယ် ရွပိုး စိန် တဲ့ဟာကို မန္တလေး တစ်မြို့လုံး ကျီးလန့် စာစား ဖြစ်ရတဲ့
အထိ ဆိုတော့ ခေ သူ မဟုတ်ပါကလားလို့  တွေးမိပါရဲ့။တစ်ဆက်ထဲ ဒါကို ယုံတဲ့သူ
တွေကလဲ ယုံ၊ ပုံ တဲ့ သူတွေကလဲပုံ ဆိုတော့ ကတုံးမထက်ကို ညံ့ ကြပြန်ပြီပေါ့လို့ 
တွေးမိလိုက်ကရော။တစ်ခါ သတင်းထူးဆိုပြီး အွန်လိုင်းပေါ် တင်လိုက်တဲ့လူ နဲ့  ဒါကို
ဝင်ပြီး တက်လုပ်ကြ၊လိုက်လုပ်ကြ၊ရျယ်ကြတဲ့ လူတွေ နဲ့ဆိုတော့ ဒီလိုလုပ်တာလဲ
ကတုံးမ ထက်ညံ့ ကုန်တာပဲလို့ ပြောရတော့မှာပေါ့။

ဒါကို နေ(ဆန်း) ကဖီးနားမှာ ကြိုပြီးသွားစောင့်တဲ့ ရဲ တွေကလဲပိုချာတာပေါ့နော်။ကတုံးမ
လောက်မှ ဥာဏ်မသွားဖူးပေါ့နော်။သူတို့ စောင့်လိုက်တော့မှ လူ တွေက တကယ်
ဖြစ်တယ် လို့ ထင်သွားတော့တာပေါ့။ဟုတ်ဖူးလား။ဒါလဲ ဇာ၈နာ သိလို့ ပြောနေတာ
မဟုတ်ပါဖူး။

မန္တလေး က လူရွှင်တော်ကြီးသပြေ ၈ျာအေးပြောပြလို့  သိရတာပါ။ဇာဂနာ လတ်တလော
စိတ်ဝင်စားနေတာက သမ္မ တ နဲ့ မီဒီယာ စိန်ခေါ်ပွဲ ခမျ။တိုင်းပြည်မှာ မဏ္ဍိုင် ၄ ရပ်
ရှိတယ် ဆိုတော့ မဏ္ဍိုင်အချင်းချင်း တိုက်မိခိုက်မိတာပေါ့လေ။Clash of Pillars
aပါ့နော်။ရုပ်ရှင်တောင်ရိုက်ဖို့ ကောင်းတာ။လွှတ်တော် ကလဲ ဒါကိုသမ္မတ ဆီသ၀ဏ်လွှာ
ပို့ ၊သမ္မတရုံးကလဲ ဒါ တရားစီရင်ရေး မဏ္ဍိုင် ရဲ့ကိစ္စ ဆိုပြီးပြန်ပို့ ။တော်တော် တော့ ဟုတ်နေသားခမျ။မဏ္ဍိုင်ကြီး(၄) ရပ် လုံး ခုမှ အသက်ဝင်လာပြီပေါ့ဗျာ။
(စောစောကတော့ အသက်ငင် နေသလား မသိပါဖူး)။

ဇာဂနာ ကတော့ စိတ်ကူးတစ်ခုရတယ် ခမျ။ခုဖြစ်တဲ့မီဒီယာ တွေကလေ အင်္ဂလိပ်နာမယ် မှည့်ထားလို့ ဖြစ်မယ် ထင်တယ်။် ကြည့်လေ။ Eleven။သည်က စ တာပဲ။သတင်းထောက်
မခိုင် ခမျာ ဟုတ်ဟုတ် မဟုတ် ဟုတ် သုံးလတော့ ငုတ်တုပ် မိသွားပါရော။ပြီးတော့
DVB ကိုဇော်ဖေ လဲ သုံးလ တော့ ငုပ်တုတ်။ဟော ခု တစ်ခါ Unity။သူ့ကျတော့
ပြောမရသေးဖူး။ဆယ်နှစ်သာ ဆိုတယ် လွှတ်ချင်လဲဆယ်ရက် နဲ့ လွှတ်တတ်တာကိုး။
သမ္မတ လက်ထဲ ၄၀၁ ကြီးရှိနေတာပဲဟာ။ဒီတော့ ဇာဂနာက မီဒိယာတွေကို အကြံ
ပေးတာပါ။

အ၈င်္လိပ် နာမယ် နဲ့ ဆို ကပ်ဆိုက်နေသလိုဖြစ်နေတော့ တရုပ် နံမယ် နဲ့ ပြောင်းထုတ်
ပါလား လို့ ။ဆိုပါတော့။ ဝေါ် အိုက် နီ အပတ်စဉ် ဂျာနယ် တို့  နီ ဟောင် မား အပတ်စဉ်
၈ျာနယ် တို့ ၊ ၀မ်စွေ့ ဝမ်စွေ့ တို့(၀မ်ပေါင်တော့ မမှည့်နဲ့ပေါ့ဗျာ)ဆို အစိုးရလဲ ကြိုက်မယ်
ထင်တယ် ဗျ နော့။သမ္မတ ရဲ့ ရွှေ ကြံပေး များကလဲ မီဒီယာကို အပြစ်တင်သဗျ။
အောင်မယ်။လေးထောင်ကျော် ရှိတဲ့မီဒီယာသမားတွေက ကျင့်ဝတ်ကိုနားလည်ဖို့ 
သေသေချာချာသင်ပေးရမယ်။ဆိုပဲ။

မနေ့ တစ်နေ့ ကမှ စာ စရေးပြီး သတင်းစာလောကထဲဝင်ပြီးပေါ် ပင် အကျိုးစီးပွား
ရှာသူတွေ ကြောင့်ဖြစ်ရတာ ဆိုပဲ။ဇာဂနာ တော့လေ သိတ် သဘောကျတာပါပဲ။
သည်လို ပြောတတ်တာကို က အရည်အချင်းတစ်ရပ်ပါခမျ။မြန်မာပြည်မှာ တူတူ
တန် တန် ဘာကျောင်းများရှိလို့ လဲဗျာ။စာနယ်ဇင်းအတတ်ပညာကို သေချာဂန သင်ချင်လို့ ဘယ်တက္ကသိုလ် က အဆင့်မှီမှီ သင်နိုင်သလဲ ဆိုတာလဲ လမ်းညွှန်ပါဦးခမျ။
စာ ကို မနေ့တစ်နေ့က စ ရေး လို့ ရော မ၇လို့ လားခမျာ။တစ်သက်လုံး (ဒါမှမဟုတ်)
နှစ် နှစ်ဆယ်လောက် ရေးသက်ရှိတဲ့လူမှ လုပ်ရမှာလားခမျာ။တော်တော် မရှင်းမလင်း
ပါဖူး။ဒီလို မရှင်းမရှင်းလုပ်တတ်မှလဲ သမ္မတ အကြံပေး ဖြစ်တယ် နဲ့ တူပါတယ်။

သမ္မတ အကြံပေးဖြစ်ချင်ရင်ကော ဘယ်ကျောင်းတက်ရမလဲခမျ။မနေ့တစ်နေ့ကမှ
စပြီး အကြံပေးမယ် ဆိုရင်ကောဖြစ်ပါ့မလားခမျ။ဦးသန်းရွှေ လက်ထက်လောက်က
ထဲက အကြံပေးခဲ့တဲ့ လူကိုမှ ခန့် ပါသလားခမျ၊ဒါလေးလဲ ဇာဂနာ တို့ သိတ်သိချင်တာ
ပါပဲ ခမျာ။တကယ် မသိလို့ ပါ။မသိရင်မေး မစင်ရင်ဆေး လို့ ရှေးလူကြီးတွေက ဆိုရိုး
ထားခဲ့တာကိုး။သမ္မတ အကြံပေး သင်တန်းကျောင်းဆိုပြီးတော့ဖွင့်ဖို့ တော့ကောင်းတယ်
ခမ်။ဖွင့်ရင်လဲ စောစောပြောပါဗျာ။သင်တန်းစာရင်းလေး ကြိုသွင်းထားချင်လို့ ။

တစ်ခုတော့ပြောထားမယ်နော်။သင်တန်း နဲ့ အတူ မာဆတ် လေး မာစွပ်လေး ပါ တွဲ ဖွင့်ပါလို့ ။ဟဲဟဲ။ဒါလဲ ဇာဂနာ သိလို့ ပြောတာ မဟုတ်ပါဖူး။သမ္မတ အကြံပေး
သိတ်လုပ်ချင်နေတဲ့ ဆရာ မာဂျေ ပြောတာခမျ။

ဇာဂနာ
( ပဲ့တင်သံထဲကဆောင်းပါးပါ )



ပြီးခဲ့တဲ့ ဇူလိုင်၂၄ ရက်က ကျင်းပတဲ့ ၃၄ ရက်မြောက် ပြည်သူ့လွှတ်တော် အစည်းအဝေး မှာ ပုဇွန်တောင် အမတ် ဦးအောင်ဇင်က ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲအတွက် မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေရှိမယ့် စနစ် တစ်ခု ဖော်ဆောင်ပေးရေးအဆို တစ်ခုတင်ပါတယ်။ အဲဒီအဆိုကို လွှတ်တော် မှာ ဆွေးနွေးဖို့ မဲခွဲ ဆုံးဖြတ်ပါတယ်။ သတင်းကို အစိုးရပိုင်သတင်းစာတွေနဲ့ ပုဂ္ဂလိကပိုင် သတင်းစာ၊ ဂျာနယ်တွေမှာ ဖော်ပြကြပါတယ်။ ဦးအောင်ဇင် တင်ပြတဲ့ အဆိုအပေါ် ၃၅ ရက်မြောက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အမတ် ၁၀ ယောက်ဆွေးနွေးပါတယ်။ ၃၆ ရက်မြောက် ပြည်သူ့လွှတ်တော် အစည်းအဝေး အစီအစဉ် စာရွက်ထွက်လာတဲ့အခါ နဂိုအစီအစဉ်တွေမှာပါခဲ့တဲ့ အဆိုနဲ့ ကွဲလွဲဖော်ပြ ထားတာကို အမတ်တွေ တွေ့ကြရပါတယ်။ 

ဒီအခါ အင်န်အယ်လ်ဒီ အမတ် ဒေါ်ခင်ဌေးကြွယ်နဲ့ ဒေါ်ခင်စန်းလှိုင်တို့က အဆို ကွဲလွဲ ဖော်ပြထားမှုနဲ့ ပတ်သက်ပြီး ရှင်းလင်းပေးဖို့ လွှတ်တော်ကို တင်ပြကြပါတယ်။ ဒီလိုနည်းနဲ့ သူရဦးရွှေမန်းက ရုံးအဖွဲ့ကို ခေါ်၊ သူ့ဖိုင်တွေကို ပြန်လှန်ရုံမက အရင် ဦးအောင်ဇင် လွှတ်တော်တွင်း အဆိုတင်စဉ် ရိုက်ကူးထားတဲ့ အသံဖိုင် ကို ပြန် ဖွင့်ပြစသဖြင့် အလုပ်ရှုပ်သွားစေပါတယ်။ ဖြစ်စဉ်ကို တစ်ခုစီ ပြန်စိစစ်ကြည့် ရင် ပြည်သူ့လွှတ်တော်ထဲမှာ မရိုးမဖြောင့်မှု တစ်ခုကို သွားတွေ့ရပါတယ်။ ဘယ်လို မရိုးမဖြောင့်မှုလဲ၊ ဘယ်သူက မရိုးမဖြောင့်လုပ်တာလဲ ဆိုတာ ဆွေးနွေး တင်ပြသွား ပါ့မယ်။

ဇူလိုင် ၂၄ ရက် ၃၄ ရက်မြောက် ပြည်သူ့လွှတ်တော် အစည်းအဝေးမကျင်းပခင် အမတ်တွေကို အစည်းအဝေး အစီအစဉ်စာရွက်တွေ ကြိုတင်ဖြန့်ဝေပါတယ်။ အဲဒီအစီအစဉ် နံပါတ်(၇) မှာ ပုဇွန်တောင်အမတ် ဦးအောင်ဇင်တင်မယ့် အဆိုကို ခုလိုဖော်ပြထားပါတယ်။ “မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ပြည်သူ့ လွှတ်တော် အတွက် ရွေးကောက်ပွဲကျင်းပမည့် စနစ်တစ်ခု ကို ဖော်ဆောင် ကျင့်သုံးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းကြောင်း” အဆို တင်သွင်းခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း ဆိုပြီးဖြစ်ပါတယ်။ နောက်ပိုင်း အငြင်းပွားစရာဖြစ်လာမယ့် အဲဒီအဆိုဟာ ဦးအောင်ဇင်က သူတကယ်တင်မယ့်အဆိုနဲ့ အမတ်တွေကို ဖြန့်ဝေထားတဲ့ အစီအစဉ်မှာ ပါတာ ကွဲလွဲနေတယ်ဆိုတာသူ အဆို တင်စဉ်မှာ လုံးဝ (လုံးဝ) မပြောဆိုခဲ့ပါဘူး။ အလားတူ အစီအစဉ်မှာ ပါတာနဲ့ အဆို တင်တဲ့ဆီမှာ ကွဲလွဲနေရင် အသေးစိတ်ကအစ ထောက်ပြတတ်တဲ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ဦးအောင်ဇင်ရဲ့အဆိုနဲ့ ပတ်သက်ပြီး ကွဲလွဲနေတယ်ဆိုတာ လုံးဝထောက်ပြတာမျိုး မလုပ်ခဲ့ပါဘူး။

ဒီလိုနည်းနဲ့ အဲဒီအဆိုပါ စာသားအတိုင်း လွှတ်တော်အတွင်း ဆွေးနွေးခဲ့ပါတယ်။ ကန့်ကွက် တင်ပြခွင့်ရတဲ့ ကျောက်ဖြူအမတ် ဦးဘရှိန်ကလည်း အဲဒီအဆို စာသား အပေါ်မူတည်ပြီး ဆွေးနွေးခဲ့တာ တွေ့ရပါတယ်။ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ပြည်သူ့ လွှတ်တော်ရဲ့ တရားဝင် Facebook စာမျက်နှာမှာလည်း အဆိုကို အမတ်တွေ ကို ဖြန့်ဝေထားရာမှာ ပါတဲ့အတိုင်းပဲ ဖော်ပြထားတာ တွေ့နိုင်ပါတယ်။ နောက်ပိုင်း အစိုးရပိုင် မြန်မာ့အလင်းနဲ့ ကြေးမုံ၊ ဒီမိုကရေစီတူဒေး အပါအ၀င် တခြားပုဂ္ဂလိက သတင်းစာဂျာနယ်တွေ၊ လွှတ်တော်ချယ်နယ်လို Facebook စာမျက်နှာမှာလည်း အဲဒီအဆိုစာသားအတိုင်း အတိအကျ ဖော်ပြခဲ့ကြပါတယ်။ မှားယွင်းတယ်ဆိုတဲ့ အကြောင်းလုံးဝ မပေါ်ပေါက်ခဲ့ပါဘူး။

အလားတူ ၃၅ ရက်မြောက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာလည်း အမတ် ၁၀ ယောက်ဟာ ဦးအောင်ဇင်တင်ထားတဲ့ အဆိုအပေါ် မူတည်ပြီး ဆွေးနွေး ခဲ့ကြပါတယ်။ သတင်းဌာနတွေအားလုံးဟာလည်း အဲဒီအတိုင်းဖော်ပြခဲ့ကြပါတယ်။ ၃၆ ရက် မြောက်အတွက် အစည်းအဝေးအစီအစဉ် ဖော်ပြထားရာမှာတော့ ဦးအောင်ဇင် တင်ထားပြီး၊ လွှတ်တော်က လက်ခံ၊ အမတ်တွေ ဆွေးနွေးနေကြတယ်ဆိုတဲ့အဆိုဟာ မတူတော့ပါဘူး။ ကွဲလွဲမှုရှိသွားပါပြီ။ သူ့အဆိုခုလိုဖြစ်သွားပါတယ်။

“ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် လိုက်လျောညီထွေမှုရှိမည့် ဒီမိုကရေစီစနစ်ကို ပိုမိုဖော်ဆောင်နိုင်သော အချိုးကျကိုယ်စားပြုစနစ်ကို အခြေခံသည့် ရွေးကောက်ပွဲ နည်းလမ်းကို ပြည်သူ့လွှတ်တော် ရွေးချယ်တင်မြှောက်ပွဲအတွက် စီစဉ်ဆောင်ရွက်ပေးရေး” ဆိုပြီး ဖြစ်သွားပါတယ်။ နဂိုအဆိုနဲ့ အတော်ကွဲလွဲသွား ပါတယ်။ နဂိုအဆိုမှာ ရွေးကောက်ပွဲစနစ်တစ်ခု ဖော်ဆောင်ပေးဖို့ဖြစ်ပြီး၊ အခုအဆို မှာတော့ အချိုးကျကိုယ်စားပြုစနစ် PR ဆိုပြီး တိတိကျကျ ထည့်သွင်းထားပါတယ်။

ဒီလိုနဲ့ ၃၆ ရက်မြောက်နေ့ ရောက်လာပါတယ်။ အစည်းအဝေး စတော့လည်း ဒီကိစ္စ သူရဦးရွှေမန်းက မပြောသလို၊ ဦးအောင်ဇင်ကလည်း မဟပါဘူး။ အစည်းအဝေး အစီအစဉ် နံပါတ်(၉) အရ စပြီး ဆွေးနွေးတော့မယ်လို့ သူရဦးရွှေမန်းက ပြောလိုက်တဲ့ အချိန်ကျမှ အင်န်အယ်လ်ဒီ အမတ် ဒေါ်ခင်ဌေးကြွယ်က ဒီကိစ္စ ထပြီး ပြောဆိုတာပါ။ အဆိုဘာကြောင့် ကွဲလွဲတာလဲ၊ အဲလိုကွဲလွဲရင် အသစ်သဘောပြန်တင်သင့်တယ် ဆိုပြီး လွှတ်တော်လုပ်ထုံး လုပ်နည်းတွေနဲ့ ပြောလိုက်ပါတယ်။

ဒီအခါ ဦးအောင်ဇင်နဲ့ သူရဦးရွှေမန်းတို့ ရှင်းရပါတော့တယ်။ ရှင်းရာမှာ ဦးအောင်ဇင် က အထစ်ထစ် အငေါ့ငေါ့ဖြစ်နေပြီး သူရဦးရွှေမန်းက ဇာတ်လမ်းတစ်ခုလုံး အားလုံးကို သိနေတဲ့ပုံမျိုး ထွက်ပါတယ်။ တကယ်လည်း သူအားလုံး အလုံးစုံအသေးစိတ်ကအစ သိပါတယ်။ သူတို့ နှစ်ယောက် ပြောဆိုကြတာတွေကလည်း တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ 

အဆိုနှစ်ခု ကွဲလွဲနေတာနဲ့ ပတ်သက်ပြီး ဦးအောင်ဇင် တိတိကျကျ ပြောတာက “ပထမ ဦးဆုံး ကျွန်တော်တင်တဲ့ အဆိုကို ရုပ်သိမ်းပြီးပါပြီ။ ကျွန်တော်တင်တာနဲ့ မကိုက်ဘူး ဆိုပြီးတော့ ပြန်ပြင်ပြီးတော့ တင်တာပါ”လို့ ဆိုပါတယ်။ မရှုပ်ထွေးပါဘူး။ သူရ ဦးရွှေမန်း ရှင်းတာကတော့ ဒီအဆိုကို ဦးအောင်ဇင်လက်မှတ်ထိုးပြီး ၂၀၁၄ ခုနှစ်၊ ဇွန်လ ၅ ရက်က တင်ထားတယ်။ အဲဒီမှာ ဖော်ပြထားတာ အခု ၃၆ ရက်နေ့မြောက် အစီအစဉ်မှာ ပါတဲ့အတိုင်းပဲလို့ ဆိုပါတယ်။ PR လို့ ဖော်ပြထားတဲ့အဆိုပါ။ ကြားထဲမှာ ၃၄ ရက်နေ့မြောက် အစီအစဉ်မှာပါတဲ့ ကနဦးအဆို ဘယ်ကရောက်လာတယ် သူ မပြောပါဘူး။

“ဒါနဲ့ ပတ်သက်လို့ ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ မှတ်ယူပြီးတော့”လို့လည်း ထည့်ပြော ပါတယ်။ မှားနေတယ်ဆိုပြီး ရုံးအဖွဲ့ဝင်တွေကို “လိုအပ်တဲ့ ဆိုဆုံးမမှုတွေ ပြုပြီးသွားပါပြီ” လို့ ဆိုပါတယ်။ ရုံးအဖွဲ့က ဘယ်လို မှားပြီး ဘာတွေ ဆုံးမခဲ့ သလဲ သူမပြောပါဘူး။ အဲဒီကနဦးအဆို အစည်းအဝေးအာဂျင်ဒါထဲ ဘယ်လိုရောက် လာသလဲ သူ မပြောပါဘူး။

ဒီအတွက် သူရဦးရွှေမန်းက ၃၄ ရက် မြောက်နေ့မှာ ဦးအောင်ဇင် ကနဦးတင်တဲ့အဆို အသံဖိုင်ကို ပြန်ဖွင့် ပြပါတယ်။ ဖွင့်မပြခင် ပြောတာက အာဂျင်ဒါမှာ မည်သို့ ပင်ရေးသားဖော်ပြစေကာမူ ဦးအောင်ဇင်တင်ခဲ့တဲ့ အဆိုကိုသာ အတည်ယူရမယ် ဆိုပြီးတော့ ဖြစ်ပါတယ်။ အလွန့်အလွန် ထူးဆန်းတာက ဦးအောင်ဇင်က အဲဒီအဆို တင်ရာမှာ အခုအငြင်းပွားနေတဲ့ အဆို နှစ်ခုစလုံးကို ထည့်ပြောသွားတဲ့အချက်ပါပဲ။ အပြည့်အစုံကတော့ ခုလိုပါ။

“ကျွန်တော် တင်သွင်းမယ့်အဆိုကတော့ မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှု ရှိ မည့် ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်ပွဲ ကျင်းပမည့် စနစ်တစ်ခု ကို ဖော်ဆောင် ကျင့်သုံးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးနိုင်ရေး အဆို လွှတ်တော်ကို တင်သွင်းမှာဖြစ်ပါတယ် ခင်ဗျာ။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီး ခင်ဗျား၊ ကျွန်တော်ကတော့ ရန်ကုန်တိုင်း ပုဇွန်တောင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင် ဖြစ်ပါတယ်။ ဒီနေ့ ဒီအဆို တင်ပြခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။ ကျွန်တော်တင်ပြမယ့် အဆိုကတော့ ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် လိုက်လျောညီထွေမှုရှိမည့် ဒီမိုကရေစီ စနစ်ကို ပိုမိုဖော်ဆောင်နိုင်သော အချိုးကျ ကိုယ်စားပြုစနစ်ကို အခြေခံသည့် ရွေးကောက်ပွဲ နည်းလမ်းကို ပြည်သူ့လွှတ်တော် ရွေးချယ်တင်မြှောက်ပွဲအတွက် စီစဉ်ဆောင်ရွက်ပေးရေး အဆိုပဲ ဖြစ်ပါတယ်”အသံဖိုင်ကို ဖွင့်ပြပြီးနောက် သူရ ဦးရွှေမန်းက ဦးအောင်ဇင် တင်ခဲ့တဲ့အဆိုဟာ ခုနောက်ဆုံး အစည်းအဝေး အစီအစဉ် မှာ ပြင်ဆင်ထားတဲ့ ၃၆ ကြိမ်မြောက်က အတိုင်ဖြစ်တာမို့ ကွဲလွဲမှု မရှိဘူး။ ဒါကြောင့် အဆိုကို အသစ်ပြန်ပြင်တင်စရာလည်း မလိုဘူး။ ရှေ့မှာ ဆွေးနွေးပြီးသွား သူတွေလည်း ပြန်ဆွေးနွေးစရာ မလိုဘူးဆိုပြီး အဆုံးအဖြတ်ပေးခဲ့ပါတယ်။

ဖတ်ရတာ စိတ်ရှုပ်မသွားပါနဲ့ စာဖတ်သူများ ခင်ဗျား။ လွှတ်တော်ထဲက ဒီအခြေအနေ ကိုကြည့်ရင် အင်န်ဒီအက်ဖ် ဦးအောင်ဇင်ဟာ ပီအာရ်နဲ့ပတ်သက်ပြီး အဆိုတင်တာဟာ သူ့တစ်ယောက်တည်း၊ သူ့ပါတီ တစ်ခုတည်း ကိုယ်ပိုင်သဘော ဟုတ်ဟန် မတူပါဘူး။ အဆိုစကားလုံး တိတိကျကျကိုလည်း သူတစ်ယောက်တည်း ရွေးချယ်တာ ဟုတ်ပုံ မရပါဘူး။

သူရဦးရွှေမန်း အားလုံး သိပုံရပါတယ်။ တိုင်ပင်ပြီး၊ လမ်းညွှန်မှုခံယူပြီး လုပ်ကိုင်ဆောင်ရွက် တယ်ဆိုတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီဖြစ်စဉ်မှာ ပေါ်ပေါက်ခဲ့ တာကတော့ ပြည်သူ့လွှတ်တော်ထဲမှာ မရိုးဖြောင့်မှု ရှိနေတယ်ဆိုတဲ့ ကိစ္စပါ။

တကယ်ဆို လွှတ်တော်မှာ တင်တဲ့အခါ အဆိုစကားလုံစာသား တိတိကျကျ အလွန် အရေးကြီးပါတယ်။ နောက်ပိုင်း အဆိုရှင်ကိုယ်တိုင် အဲဒီအဆိုကို ဘယ်လိုပဲ ချဲ့ထွင်ကွန့်မြူး ရှင်းလင်းသည်ဖြစ်စေ၊ အဲဒီအဆို စကားလုံးစာသားအတိုင်းပဲ အတိအကျ အရေးယူဆောင်ရွက်ရတာမျိုး ဖြစ်ပါတယ်။ နဂိုအဆိုမှာ ပီအာရ်ဆိုတဲ့ စကားရပ် မပါပါဘူး။ နာမည်ပျက်နေတဲ့ ပီအာရ်ဆိုတာ ထည့်ရင် တစ်မျိုးဖြစ်ကောင်း ဖြစ်လာနိုင် တယ်ဆိုပြီး အဆိုကို ပါးပါးနပ်နပ် တင်ပြခဲ့ပုံရပါတယ်။

နောက်နှစ်ရက်လောက်ကြာမှ အဆိုထဲမှာ ပီအာရ်ကို ပြောင်ပြောင်တင်းတင်း ထည့် မထားရင် ဆွေးနွေးမှု လမ်းလွဲနိုင်တယ်၊ ထည့်ကို ထည့်ထားမှဖြစ်မယ် ယူဆပြီး ခပ်တည်တည်ပဲ ပြောင်းခဲ့ပုံရပါတယ်။ ဒါကို ဦးအောင်ဇင်က ၀န်ခံပါတယ်။ သူရဦးရွှေမန်း ကတော့ ရုံးအဖွဲ့ကြောင့် အဆိုစာသား မမှန်ဖြစ်ရတာလို့ အပြစ်ပုံ ချပါတယ်။ သေချာတာကတော့ သူတို့ နှစ်ယောက်စလုံးက ဒေါ်ခင်ဌေးကြွယ်တို့ မတင်ပြခင် အချိန်ထိ ဒီအဆို ကွဲလွဲမှုကိစ္စကြီးကို ရေငုံနှုတ်ပိတ်နေခဲ့ကြတာပါ။

အလွန့်အလွန်သေချာတာကတော့ ပြည်သူ့လွှတ်တော်ထဲမှာ မရိုးဖြောင့်မှု ရှိနေတယ် ဆိုတာပါ။ ဘယ်သူတွေ မရိုးမဖြောင့် လုပ်နေကြသလဲဆိုတာ လွှတ်တော်ထဲရောက်နေ တဲ့ ရိုးသားတဲ့ ဒေါ်အောင်ဆန်းစုကြည် စဉ်းစားနိုင်ဖို့ ပြည်သူတွေ ဝေဖန်ပိုင်းခြားနိုင်ဖို့ သုံးသပ်တင်ပြလိုက်ရပါတယ်။။              Written by စည်သူအောင်မြင့်

ယနေ့ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဌ မှ ဦးအောင်ဇင်တင်သွင်းသော အချိုးကျ ကိုယ်စားပြုစနစ်နဲ့ပတ်သက်ပြီး ကိုယ်စားလှယ်များ ဆွေးနွေးပြီးချိန်တွင် လွှတ်တော်သဘောထားရယူရာ၌ အဖွဲ့ချုပ်ဥက္ကဌမှ သဘောတူထောက်ခံရန် မကွဲလွဲသည့်အတွက် အဖွဲ့ချုပ်ဥက္ကဌမှ ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်မှာ

"ဥက္ကဋ္ဌကြီးရှင့် ကျွန်မကနေပြီးတော့ ဒီအဆိုကို ကန့်ကွက်တာ၊ ထောက်ခံတာထက် ဘယ်အဆိုကို ကျွန်မတို့ ကန့်ကွက်နေ တာ၊ ထောက်ခံနေတာလဲဆိုတာကို ကျွန်မက မရှင်းလို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဦးအောင်ဇင်ရဲ့ ဒီမှာ ကျွန်မတို့အာဂျင်ဒါ ထဲမှာရေးထားတဲ့ အဆိုမှာဆိုလို့ရှိရင် ကော်မရှင်ဖွဲ့ရေးဆိုတာ လုံးဝမပါပါဘူး။ ဒီအထဲမှာပါတာကတော့ ဒီမိုကရေစီစနစ်ကို ပိုမိုဖော်ဆောင်နိုင်သော အချိုးကျကိုယ်စားပြုစနစ် ကိုအခြေခံသည့် ရွေးကောက်ပွဲနည်းလမ်းကို ပြည်သူ့လွှတ်တော် ရွေး ချယ်တင်မြှောက်ပွဲအတွက် စီစဉ်ဆောင်ရွက်ပေးရေးဆိုတော့ အဲဒီဟာနှင့် အခု ဥက္ကဋ္ဌကြီးပြောလိုက်တာနဲ့ ကော်မရှင်ဖွဲ့ရေး ကိစ္စကို သဘောတူလားဆိုတာ နဲနဲ ကွဲလွဲမှုရှိနေလို့ပါ။ ဒါကြောင့်မို့လို့ ကျွန်မတို့က ဘာအတွက် ကျွန်မတို့ကနေပြီးတော့ ဆန္ဒပြုနေတာလည်းဆိုတာ ကျွန်မတို့က သိချင်ပါတယ်။

ကျွန်မတို့ ထောက်ခံနေတာ ကန့်ကွက်နေတာ ဆိုတာ အခု အာ ဂျင်ဒါ ၁၂ မှာ ပြထားတဲ့ ဦးအောင်ဇင်ရဲ့အဆိုကိုလား၊ အခု ဥက္ကဋ္ဌကြီး ပြောပြသွားတဲ့ရွေးကောက်ပွဲစနစ် သင့်တော်တဲ့ ရွေး ကောက်ပွဲစနစ် တစ်ခုကို ဆွေးနွေးရမည့် ကော်မရှင်ဖွဲ့စည်းရေးအဆိုလားဆိုတာကို ကျွန်မတို့မရှင်းလို့ပါ၊ ဒီဟာကိုမရှင်းဘဲ နဲ့ တော့ ကျွန်မတို့ အနေနဲ့ ကန့်ကွက်ဖို့ရော၊ ထောက်ခံဖို့ရော ခက်ပါလိမ့်မယ်။ ဟုပြန်လည် ဆွေးနွေးတင်ပြခဲ့သည်။

၎င်းနောက် အဖွဲ့ချုပ်ဥက္ကဌမှ မီဒီယာများနှင့်တွေ့ဆုံရာတွင် "အန်တီတို့ထောက်ခံတာက ဥက္ကဋ္ဌကြီးပြောသွားတဲ့အဆိုကို ထောက်ခံတာ၊ ဦးအောင်ဇင် ပြောသွားတဲ့အဆိုအတိုင်း မ ဟုတ်ဘူး။ အဲဒီဟာကို အန်တီတို့ voice ကနေပြီးတော့ နားထောင်မယ်။ နားထောင်ပြီးတော့ voice အထဲမှာပါတဲ့အတိုင်း၊ ဥက္ကဋ္ဌကြီး ပြောသွားတဲ့အတိုင်း အဆိုကို ထောက်ခံတာပါဆို ပြီးတော့ အန်တီတို့ရဲ့ကိုယ်စားလှယ်တွေ အားလုံး လက်မှတ် ထိုးပြီး တော့ တရားဝင်တင်မယ်၊ အဲလိုဆိုရှင်းသွားပြီနော်။" စသည်ဖြင့်မီဒီယာများကိုဖြေကြားခဲ့သည်။

ko min thu

............
ပြည်သူ့လွှတ်တော်ဥက္ကဌ ရွှေမန်း၏ သကာလောင်း တင်ပြချက်မှာ

"ကျွန်တော်စပြီးတော့ကာ တိုင်းရင်းသားများကို ကတိပေးပြောကြားခဲ့တာတွေရှိပါတယ် ဒီအတိုင်းပဲ အမြဲတမ်းကျွန်တော် စဉ်းစားနေတာရှိပါတယ် ဒါဘာလို့လဲ ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး မဖြစ်မနေလိုအပ်တယ် အမျိုးသားပြန်လည် သင့်မြတ်ရေး မဖြစ်မနေလိုအပ်တယ် အဲ့တိုင်းပဲ ခုနက တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး မဖြစ်မနေလိုအပ်တယ် အဲ့ဒီ့အတွက် အထိခိုက်မခံနိုင်တဲ့အတွက် ကျွန်တော်အနေနဲ့ ဒီလိုစနစ်ကို PR စနစ်ကိုအခြေခံပြီးတော့ ရွေးကောက်ပွဲစနစ်ကို ပြည်သူ့လွှတ်တော်အတွက် တိုင်းဒေသကြီး ပြည်နယ်မှာဆောင်ရွက်ပါဆိုတဲ့ အဆို ဆိုရင် ကျွန်တော်လက်မခံနိုင်ပါဘူး လက်မခံတာဘာလဲဆိုတာ ဒီလိုဆောင်ရွက်တဲ့နေရာမှာ မျှမျှတတ ဖြစ်အောင် ကော်မတီ၊ ကော်မရှင် ဖွဲ့စည်းပြီးတဲ့ အခါမှာ ကော်မတီ ကော်မရှင်ရဲ့သုံးသပ် အကြံပြုချက်ကိုလွှတ်တော်က အဆုံးအဖြတ် ယူပြီးတော့ ဆောင်ရွက်သွား မှာဖြစ်ပါတယ် ဒါကြောင့်မိုလို့ ဒီအဆိုကို လွှတ်တော်ကသဘောတူပါသလားလို့ မေးတဲ့နေရာမှာ အဆိုရဲ့ နောက်ဆုံးပိုင်း ဖြစ်တဲ့အတွက် ကော်မတီ ကော်မရှင် ဖွဲ့စည်းပြီးဆောင်ရွက်ဖို့ ဆိုတာကို ကျွန်တော်မေးမြန်းခြင်း ဖြစ်ပါတယ် ဒါကြောင့်မိုလို့ ကျွန်တော်ထပ်ပြီးမေးပါမယ်၊ အဆုံးပိုဒ် ကိုပဲပြောပါမယ် မြန်မာနိုင်ငံနဲ့သင့်တော်သော ရွှေးကောက်ပွဲစနစ်ဖြစ်ပေါ်နိုင်စေဖို့အတွက် ပြည်သူ့လွှတ်တော်အနေနဲ့ ကော်မတီ၊ ကော်မရှင်ဖွဲ့စည်းပြီးဆောင်ရွက်မယ့် အဆိုကို လွှတ်တော်အနေနဲ့ သဘောတူပါသလားခင်ဗျာ သဘောတူပါသလားချင်ဗျာ သဘောမတူသူရှိပါသလားခင်ဗျာ သဘောမတူသူ မရှိတဲ့အတွက် ဦးအောင်ဇင် အဆိုအတည်ဖြစ်ကြောင်း ကြေငြာပါတယ်"

လွှတ်တော်ဥက္ကဌ ရွှေမန်းမှ ထပ်မံ ဖာထေး ရှင်းလင်းသည်မှာ

"ထိုနည်းတူစွာပဲ ကျွန်တော်တို့ ကျွန်တော် ဥက္ကဌနဲ့ ကျွန်တော်တို့လွှတ်တော်မှာ ဒီ အရည်အချင်းပြည့်ဝတဲ့ ကော်မရှင်တစ်ရပ် ဖွဲ့စည်းပြီးတဲ့အခါမှာ ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီ ထွန်းကားရေးနဲ့ တည်တန့်နိုင်ရေးအတွက် တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် ကျွန်တော် တို့နိုင်ငံနဲ့နိုင်ငံသားများ အကျိုးစီးပွါးဖြစ်ထွန်းဖို့အတွက် ဒီကော်မရှင်တစ်ခု ဖွဲ့စည်းဆောင်ရွက် သွားပါမယ် ဖြစ်ပေါ်လာတဲ့အခြေအနေကို ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်ပေးရုံ သာမကပဲ နဲ့ပြည်ထောင်စုလွှတ်တော်ကိုတင်ပြဆောင်ရွက်သွားမယ် ဖြစ်တယ်ဆိုတဲ့အ ကြောင်း လည်းထပ်ဆင့်ကျွန်တော် ရှင်းလင်းတင်ပြအပ်ပါတယ်။"


လွှတ်တော်များအတွင်း အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ လုပ်ပုံကိုင်ပုံများကလည်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေခြင်းဟု ဆိုနေသည့်အပေါ် သံသယဖြစ်နေစေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်လိုမှု၊ ခေတ်နှင့် လိုက်လျောညီထွေ မဖြစ်သည့် ဥပဒေဟောင်းများကို ပြုပြင်ခြင်း မရှိခြင်း၊ တိုက်ရိုက်ရွေးကောက်တင်မြှောက်သည့် စနစ်နှင့်ပင် နေသားမကျဖြစ်နေသေးချိန်တွင် အချိုးကျတင်မြှောက်သော စနစ်ကို ကျင့်သုံးရန် ဆွေးနွေးလာခြင်းနှင့် အကျိုးမဖြစ်သည့် အသေးအဖွဲများဖြင့်သာ အချိန်ကုန်နေခဲ့သည်။
လတ်တလော ပြီးဆုံးသွား ခဲ့ပြီဖြစ်သော ကချင်ပြည်နယ် လိုင်ဇာမြို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ညီလာခံတွင် ကရင် အမျိုးသား အဖွဲ့ချုပ် ဥက္ကဋ္ဌ မူတူးဆေးဖော က မြန်မာ အစိုးရနှင့် ဆွေးနွေးဆောင်ရွက် လျက်ရှိသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့တိုးလုပ်ဆောင် ကြရန် နှိုးဆော်ခဲ့ပြီး ကွယ်လွန်လေပြီးသော တောင်အာဖရိက ခေါင်းဆောင်ကြီး မန်ဒဲလား၏ စကားကို ကိုးကားကာ ရန်သူမှ လုပ်ဖော် ကိုင်ဘက်များ ဖြစ်ရန် လုပ်ဖို့လိုကြောင်း ပြောဆိုသည်မှာ ယနေ့နိုင်ငံရေး အခင်းအကျင်း အတွက် အလွန်သင့်လျော် လှပေသည်။

ယင်းသို့စကားမျိုး သမ္မတဦးသိန်းစိန်ကလည်း အုပ်ချုပ်ရေးသစ် စတင်ချိန်ကာလကလည်း ပြောဆိုဖူးသည်။ ကွဲပြားခြားနားမှုများကို သည်းခံပြီး ဘုံရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီစနစ် ပြန်ထူထောင်ရေးနှင့် တိုင်းပြည်စီးပွား ပြန်ခေါင်းမော့စေရေး အတူလက်တွဲလုပ်ဆောင်သွားမည်ဟူ၏။ အမှန်တကယ်လည်း ပြည်တွင်းပြည်ပရှိ ပြုပြင်ပြောင်းလဲရေး လုပ်လိုသူများ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် ပါဝင်လုပ်ကိုင်လာနိုင်ကြပြီး နိုင်ငံခြားအစိုးရများနှင့် ရင်းနှီးမြှုပ်နှံလိုသူများ မြန်မာပြည်သို့ ဥဒဟို ဝင်ထွက်လာခဲ့ကြသည်။

သို့သော် ဘာသာရေး အကြမ်းဖက်မှု၊ မီဒီယာ ဖိနှိပ်မှု၊ မြေသိမ်းမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု အလွန်နှေးကွေးနေမှုများအား တိတိကျကျ တာဝန်ခံ ဖြေရှင်းခြင်း မရှိဘဲ ယင်းသို့ ပြုပြင်ပြောင်းလဲရေး အရှိန်သေသွားရသည့်အပေါ် အုပ်ချုပ်ရေးအဖွဲ့သစ်အား နိုင်ငံရေးဖိအားများ ပေးလာခဲ့ကြသည်။ ရလဒ်မှာ ပြုပြင်ပြောင်းလဲရေး ရှေ့တိုးဆောင်ရွက်ရမည့်အစား ယခင် ပျော့ပြောင်းမှုများ ပြန်လည်မာကျောလာပြီး အစိုးရကို ရန်သူမှ လုပ်ဖော်ကိုင်ဘက်အဖြစ် သတ်မှတ်လုပ်ကိုင်ခဲ့ကြသူများ အနေကြပ်လာခဲ့ကြသည်။ တချို့ ပြည်ပသို့ ပြန်လည်နှင်ထုတ်ခြင်း ခံလာကြရပြီး တချို့လည်း ပြည်တွင်းတွင် မနေပျော်ဘဲ ဖြစ်လာနေသည်။

လွှတ်တော်များအတွင်း အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ လုပ်ပုံကိုင်ပုံများကလည်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေခြင်းဟု ဆိုနေသည့်အပေါ် သံသယဖြစ်နေစေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်လိုမှု၊ ခေတ်နှင့် လိုက်လျောညီထွေ မဖြစ်သည့် ဥပဒေဟောင်းများကို ပြုပြင်ခြင်း မရှိခြင်း၊ တိုက်ရိုက်ရွေးကောက်တင်မြှောက်သည့် စနစ်နှင့်ပင် နေသားမကျဖြစ်နေသေးချိန်တွင် အချိုးကျတင်မြှောက်သော စနစ်ကို ကျင့်သုံးရန် ဆွေးနွေးလာခြင်းနှင့် အကျိုးမဖြစ်သည့် အသေးအဖွဲများဖြင့်သာ အချိန်ကုန်နေခဲ့သည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်များ စတင်ဝင်ရောက်စနှင့်မတူ လွှတ်တော်အပေါ် မျှော်လင့်စိတ်လှုပ်ရှားခဲ့မှုများ ယခုအခါ လျော့ပါးသွားပြီဖြစ်သည်။

ခါးသီးဖွယ်အမှန်တရားမှာ မြန်မာနိုင်ငံသည် ပြောင်းလဲလာပြီဟု ဆိုနေကြသော်လည်း ဘယ်ကိုမျှ မရောက်သေးခြင်းပင် ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့၏ ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်း ထုတ်ပြန်သော အစီရင်ခံစာအရ မြန်မာပြည်သည် တဦးချင်းပျမ်းမျှဝင်ငွေ အာရှတွင် အာဖဂန်နစ်စတန်ပြီးလျှင် အဆင်းရဲဆုံးဖြစ်ပြီး အာဆီယံနိုင်ငံများအတွင်း အဆင်းရဲဆုံးနိုင်ငံဖြစ်နေပြီကို မျက်မှောက်ပြုသင့်သည်။ ဆင်းရဲမွဲတေသည်ဟု မြန်မာတို့ ထင်မှတ်ခဲ့ကြသော ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများသည်ပင် မြန်မာထက် ပိုကြွယ်ဝသွားနေပြီဖြစ်သည်။ နာမည်ကျော် အမေရိကန်မဂ္ဂဇင်း Foreign Policy ၏ ကမ္ဘာပေါ်ရှိ တည်ငြိမ်မှု အကင်းမဲ့ဆုံး နိုင်ငံများစာရင်းတွင် အာဖရိကမှ လိုင်ဘေးရီးယားနှင့်အတူ မြန်မာနိုင်ငံကို ထိပ်ဆုံးစာရင်းတွင် ထားသည်။

အကောင်းဆုံးအဖြေမှာ နိုင်ငံရေးခေါင်းဆောင်များ တိုင်းပြည်ရေရှည်အကျိုးကို ကြည့်ရန်သာ ရှိသည်။ ပုဂ္ဂိုလ်ရေး အကျိုးစီးပွား၊ တအုပ်စု တပါတီအကျိုးစီးပွားကို နောက်တန်းသို့ ပို့ရန် အရေးတကြီး လိုအပ်နေသည်။ သွားရမည့်ခရီးကား ဝေးသေး၏။ ခြေသာလျင် ယာဉ်ရှိကုန်၏။ ခရီးပေါက်မည်၊ မပေါက်မည်မှာ ဦးဆောင်နွားလားများ ဖြောင့်ဖြောင့်သွားမှ နောက်နွားတသိုက် ဖြောင့်ဖြောင့်လိုက်မည့် အနေအထားပင်တည်း။

ဧရာဝတီ အယ်ဒီတာ


မြန်မာစစ်တပ်က အဓမ္မသိမ်းယူခဲ့တဲ့ လယ်ယာမြေတစ်ချို့ကို ပြန်ပေးနေပြီလို့ အစိုးရပိုင် သတင်းစာတွေမှာ ပုံမှန်ကြေညာနေပေမယ့် တိုက်ကြီးမြို့နယ်ထဲက လယ်သမားတွေရဲ့ မြေဧက ၆ဝဝကျော်ကိုတော့ တပ်ရင်းတွေက ပြန်မပေးသေးဘူးလို့ ဇူလိုင် ၂၉ရက်နေ့မှာ ကာယကံရှင်တွေက ပြောပါတယ်။ စစ်တပ်က မြေပြန်မပေးဘဲ ဘာတွေလုပ်နေလဲ။

၁၉၉၃ ခုနှစ်က ခြေမြန်တပ်ရင်း ၇ဝ၇နဲ့ ၇ဝ၈တို့ အဓမ္မသိမ်းယူခဲ့တဲ့ ဧက ၆ဝဝကို လယ်သမားတွေကို ပြန်မပေးတဲ့အပြင် အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်နေသူတွေကို အငှားပြန်ချပြီး စီးပွားရှာနေတာကြောင့် သတင်းမီဒီယာတွေကနေ ဖြစ်ရပ်မှန်တွေကို တင်ပြချင်တယ်လို့ မြေသိမ်းခံရတဲ့ ဒေါ်သန်းသန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၇ရက်နေ့တုန်းက ဆန္ဒပြမှုလုပ်ခဲ့တဲ့အကြောင်း၊ လယ်ယာမြေတွေ ပြန်လည်စွန့်လွှတ်နေတယ်ဆိုပေမယ့် တိုက်ကြီးက လယ်ဧက ၆ဝဝကျော်ကို အခုထိ မစွန့်လွှတ်သေးဘူးလို့ ရန်ကုန်မြို့ MJN ရုံးမှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောဆိုခဲ့ပါတယ်။

လယ်ယာမြေတွေကို မြန်မာစစ်တပ် တပ်ရင်းတွေက အနှစ် ၂ဝလောက် အဓမ္မသိမ်းယူခဲ့လို့ ဒုက္ခရောက်ခဲ့တဲ့ နေတာကြောင့် တိုက်ကြီးလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ အဓမ္မသိမ်းဆည်းခံ မြေယာတွေပြန်ရရေး ကူညီပေးဖို့ လယ်သမားအရေး ဆောင်ရွက်နေသူ ဦးနန္ဒာအောင်က မေတ္တာရပ်ခံခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမှာ လယ်ယာမြေမှာ ထွန်ယက်စိုက်ပျိုးတဲ့ တောင်သူတွေကို ဖမ်းဆီးထောင်ချနေတာကြောင့် လက်ရှိအစိုးရအနေနဲ့ စေတနာထားပြီး လုပ်ဖို့၊ ၂ဝ၁၅မတိုင်ခင် ဒီအတိုင်းဆက်သွားရင် တိုင်းပြည်နစ်သထက်နစ်သွားမယ်လို့ ပြောပါတယ်။

တိုက်ကြီးမြို့နယ်က လယ်သိမ်းခံ တောင်သူတွေကိုယ်စား လယ်သမား ၁ဝယောက်လောက်က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး ရှင်းပြခဲ့ပါတယ်။
Kamayut media

မြန်မာသတင်းမီဒီယာတွေ ဖိအားပေးခြိမ်းခြောက်ခံနေရတာ ဖမ်းဆီးထိန်းသိမ်းခံနေရတာတွေ ရင်ဆိုင်နေရချိန် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်ကို သူ့ရဲ့သဘောဆန္ဒအလျောက် နှုတ်ထွက်ခွင့်ပြုတယ်လို့ သမ္မတက ဇူလိုင် ၂၉ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ဆက်ဆံရေးဝန်ကြီး၊ အလုပ်သမားဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီး စတဲ့တာဝန်တွေယူခဲ့တဲ့ ဦးအောင်ကြည်ကို တာဝန်ကအနားပေးလိုက်ပြီး လစ်လပ်သွားတဲ့ ပြန်ကြားရေးဝန်ကြီးနေရာမှာ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်အဖြစ်ရော ဒုတိယဝန်ကြီးပါ တာဝန်ယူနေတဲ့ ဦးရဲထွဋ်ကို ခန့်အပ်နိုင်ခြေရှိပေမယ့် တရားဝင် ကြေညာချက် ထုတ်ပြန်တာ မရှိသေးပါဘူး။

ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်ကိုလည်း ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ အတူ ရာထူးကနေ အနားပေးလိုက်သလို နယ်စပ်ရေးရာ ဒုတိယဝန်ကြီးအဖြစ် ကကကြည်းက ဗိုလ်ချုပ်တင်အောင်ချစ်ကို ခန့်အပ်ကြောင်းကိုလည်း တစ်ရက်တည်းမှာ ကြေညာခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက် ဝန်ကြီးနဲ့ ဒုတိယဝန်ကြီးတွေ အများဆုံးအပြောင်းအလဲလုပ်ခဲ့ပြီး သာသာနာရေးဝန်ကြီး ဦးဆန်းဆင့်ကိုတော့ အမိန့်မနာခံမှုနဲ့ အရေးယူခဲ့ပြီး ဖမ်းဆီးခဲ့ပါတယ်။ ကျန်တဲ့ ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေကိုတော့ ဌာနအပြောင်းအရွှေ့တွေ အများဆုံးလုပ်ခဲ့ပြီး ဒုတိယဝန်ကြီးတွေဟာ ဝန်ကြီးအဖြစ် အများဆုံး ရာထူးတိုးခံခဲ့ရတာများပါတယ်။

ဦးရဲထွဋ်ဟာ မြန်မာသတင်းမီဒီယာသမားတွေကြားမှာ Facebook ဝန်ကြီးလို့ ခေါ်ဝေါ်သမုတ်ခံရသူဖြစ်ပြီး ၂ဝဝ၅ခုနှစ်က စစ်တပ်ကနေ ပြန်ကြားရေးဝန်ကြီးဌာနမှာ အရာရှိအဖြစ် စတင်တာဝန်ယူခဲ့ပြီးနောက်ပိုင်း ပြန်ကြားရေးရဲ့ အဓိက မူဝါဒတွေကို ချုပ်ကိုင်ခဲ့သူအဖြစ် ထင်ရှားပါတယ်။

အခုနောက်ပိုင်း ပြန်ကြားရေးပိုင် သတင်းစာ၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကို အများပြည်သူဝန်ဆောင်မှုမီဒီယာ PSM အဖြစ် အသွင်ကူးပြောင်းဖို့ အဓိကဆောင်ရွက်နေသူဖြစ်ပြီး မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။
Kamayut media

အဲလိုပြောရင်လွန်တယ်လို့ဆိုမလား။ ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပီအာစနစ်ကျင့်သုံးရေးအဆို ကန့်ကွက်ကြ ထောက်ခံကြ ကြားနေကြ မထောက်ခံလို့ခွင့်ယူကြနဲ့ အင်မတန်ကို အသက်ဝင်လှပါတယ်။ မဲခွဲကြချိန်ကြမှ ဘယ်အဆိုကိုမဲခွဲနေတာလည်း ဆိုတာမရှင်းမရှင်းဖြစ်လွန်းလို့ မနေနိုင်လွန်းတော့လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တကူးတက ထ မေးရတဲ့အထိပါ။ ပြည်သူ့လွှတ်တော်ဥက္ကဌကြီးရဲ့အဖြေကလည်း သိပ်တော့မရှင်းလှပါ။

ကျတော်နားလည်ထားတာကတော့ နိုင်ငံတော်ကြီးရဲ့ အဆင့်အမြင့်ဆုံး တရားဥပဒေပြုရေးနေရာကြီးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကြီးရဲ့ လုပ်ထုံးလုပ်နည်းတွေက အင်မတန်စနစ်ကျသေချာမှာပဲလို့။ အဲလိုကော ဟုတ်ရဲ့လား။ တကယ်ဆို အစည်းအဝေးအစီအစဉ်တွေ အမတ်တွေကိုဝေပေးထားတယ် စာရွက်စာတမ်းတွေအပြည့်အစုံပေးထားတယ်ဆိုတာပဲ။ ဘာလို့များ ငါတို့ ဥက္ကဌ ခုလို တကူးတက ထကိုမေးယူရပါလိမ့်ပေါ့ဗျာ။ ဒါနဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးအစီအစဉ်စာရွက်တွေပြန်ရှာ ပြန်ဖတ်ကြည့်လိုက်မှ ရှင်းသွားပါတယ်။ သိပ်ကိုရှင်းသွားပါတယ်။

အဲဒီအဆို စပြီးတင်တဲ့ ၂၄ ရက်နေ့၊ ဆက်ဆွေးနွေးတဲ့ ၂၅ ရက်နေ့ အစီအစဉ်မှာဖေါ်ပြထားတာက ( ဦးအောင်ဇင်၊ ပုဇွန်တောင်မဲဆန္ဒနယ်က “ မြန်မာနိုင်ငံနှင့်လိုက်လျောညီထွေမှုရှိမည့် ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်ပွဲကျင်းပမည့်စံနစ်တစ်ခုကို ဖေါ်ဆောင်ကျင့်သုံးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းကြောင်း “ အဆိုတင်သွင်းခြင်းနှင့်လက်ခံဆွေးနွေးရန်သင့်မသင့် အဆုံးအဖြတ်ရယူခြင်း။) တဲ့။ ကြားထဲမှာ ရုံးပိတ်ရက် ၂ ရက်ခံပြီး ပြန်ကျင်းပတဲ့ ၂၈ ရက်နေ့နဲ့ ဒီနေ့ ၂၉ ရက်နေ့ အစည်းအဝေးအစီအစဉ်တွေမှာကြတော့ ဒီလိုစာသားပြောင်းသွားပါတယ်။ ( ဦးအောင်ဇင်၊ ပုဇွန်တောင်မဲဆန္ဒနယ်၏ “ မြန်မာနိုင်ငံနှင့်လိုက်လျောညီထွေမှုရှိမည့် ဒီမိုကရေစီစနစ်ကို ပိုမိုဖေါ်ဆောင်နိုင်သော အချိုးကျကိုယ်စားပြုစနစ်ကို အခြေခံသည့် ရွေးကောက်ပွဲနည်းလမ်းကို ပြည်သူ့လွှတ်တော်ရွေးချယ်တင်မြှောက်ပွဲ အတွက် စီစဉ်ဆောင်ရွက်ပေးရေး “ အဆိုနှင့်စပ်လျဉ်း၍ အောက်ပါ ကိုယ်စားလှယ်များက ဆွေးနွေးခြင်း။)
ကဲ ကျတော်ပြောတာလွန်သလားဗျာ။ ပြည်သူ့လွှတ်တော်ကြီးမှာတင်တဲ့အဆို တတိုင်းပြည်လုံးအုန်းအုန်းထအောင်စိတ်ဝင်စားနေကြ တိုင်းရင်းသားအမတ်တွေ ပါတီတွေ နည်းမျိုးစုံနဲ့ ကန့်ကွက်နေကြတဲ့ ဒီလောက်အရေးကြီးတဲ့အဆိုတင်တဲ့စာသားကို အဲလို ဗလုံးရှုပ်ထွေးဖြစ်အောင် ကိုယ်လိုချင်တဲ့စာသားကို ပြောင်းထည့်လို့ရသလားဗျာ။ ကျတော်ထပ်ပြောမယ်။ တကယ်ကို ဗလောင်းဗလဲလုပ်သော ပြည်သူ့လွှတ်တော်ကြီးပါဗျာ။

အစည်းအဝေးအစီအစဉ်ထဲကစာသားတွေအောက်မှာဖေါ်ပြပေးထားပါတယ်။ သေချာဖတ်ရှုတော်မူကြပါလော့။
ပြည်သူ့လွှတ်တော်အစည်းအဝေး ၂၄၊၇၊၂၀၁၄ အစည်းအဝေးအစီအစဉ်
၇။ ဦးအောင်ဇင်၊ ပုဇွန်တောင်မဲဆန္ဒနယ်က “ မြန်မာနိုင်ငံနှင့်လိုက်လျောညီထွေမှုရှိမည့် ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်ပွဲကျင်းပမည့်စံနစ်တစ်ခုကို ဖေါ်ဆောင်ကျင့်သုံးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းကြောင်း “ အဆိုတင်သွင်းခြင်းနှင့်လက်ခံဆွေးနွေးရန်သင့်မသင့် အဆုံးအဖြတ်ရယူခြင်း။
ပြည်သူ့လွှတ်တော်အစည်းအဝေး ၂၅၊၇၊၂၀၁၄ အစည်းအဝေးအစီအစဉ်
၇။ ဦးအောင်ဇင်၊ ပုဇွန်တောင်မဲဆန္ဒနယ်၏ “ မြန်မာနိုင်ငံနှင့်လိုက်လျောညီထွေမှုရှိမည့် ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်ပွဲကျင်းပမည့်စံနစ်တစ်ခုကို ဖေါ်ဆောင်ကျင့်သုံးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းကြောင်း “ အဆိုနှင့်စပ်လျဉ်း၍ အောက်ပါ ကိုယ်စားလှယ်များက ဆွေးနွေးခြင်း။
ပြည်သူ့လွှတ်တော်အစည်းအဝေး ၂၈၊၇၊၂၀၁၄ အစည်းအဝေးအစီအစဉ်
၉။ ဦးအောင်ဇင်၊ ပုဇွန်တောင်မဲဆန္ဒနယ်၏ “ မြန်မာနိုင်ငံနှင့်လိုက်လျောညီထွေမှုရှိမည့် ဒီမိုကရေစီစနစ်ကို ပိုမိုဖေါ်ဆောင်နိုင်သော အချိုးကျကိုယ်စားပြုစနစ်ကိုအခြေခံသည့် ရွေးကောက်ပွဲနည်းလမ်းကို ပြည်သူ့လွှတ်တော်ရွေးချယ်တင်မြှောက်ပွဲအတွက် စီစဉ်ဆောင်ရွက်ပေးရေး “ အဆိုနှင့်စပ်လျဉ်း၍ အောက်ပါ ကိုယ်စားလှယ်များက ဆွေးနွေးခြင်း။
ပြည်သူ့လွှတ်တော်အစည်းအဝေး ၂၉၊၇၊၂၀၁၄ အစည်းအဝေးအစီအစဉ်
၁၂။ ဦးအောင်ဇင်၊ ပုဇွန်တောင်မဲဆန္ဒနယ်၏ “ မြန်မာနိုင်ငံနှင့်လိုက်လျောညီထွေမှုရှိမည့် ဒီမိုကရေစီစနစ်ကို ပိုမိုဖေါ်ဆောင်နိုင်သော အချိုးကျကိုယ်စားပြုစနစ်ကိုအခြေခံသည့် ရွေးကောက်ပွဲနည်းလမ်းကို ပြည်သူ့လွှတ်တော်ရွေးချယ်တင်မြှောက်ပွဲအတွက် စီစဉ်ဆောင်ရွက်ပေးရေး “ အဆိုနှင့်စပ်လျဉ်း၍ အောက်ပါ ကိုယ်စားလှယ်များက ဆွေးနွေးခြင်း။

KayToe Burma
ကိုကြည်တိုး (NLD)

ဒီကနေ့ ပြည်သူ့ လွှတ်တော်မှာ ကန့်ကွက်သူမရှိ ဆုံးဖြတ်လိုက်တယ်ဆိုတာက PR စနစ်ကို ကျင့်သုံးရေးအဆိုကိုအတည်ပြုတာမဟုတ်ဘဲ နောက်လာမဲ့ ရွေးကောက်ပွဲတွေမှာ PR စနစ်ကို ကျင့်သုံးသင့်သလား ၊ လက်ရှိကျင့်သုံးနေတဲ့ FPTP စနစ်ကိုပဲ ဆက်လက်ကျင့်သုံးသင့်သလား ဆိုတာကို သုံးသပ်လေ့လာဖို့ ကော်မတီတစ်ခု ဖွဲ့စည်းဖို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင် တင်သွင်းတဲ့ PR စနစ်ကျင့်သုံးသင့်ကြောင်း အဆိုကို ထောက်ခံတဲ့ သဘောမဟုတ်ပါဘူး

မဲခွဲဆုံးဖြတ်တော့မဲ့ အချိန်မှာ လွှတ်တော်ခန်းမအတွင်း ဒေါ်အောင်ဆန်းစုကြည်က ဘာကိုမဲခွဲဆုံးဖြတ်မှာလဲ မရှင်းလင်းတဲ့အတွက် PR ကို ထောက်ခံရမှာလား၊ ကော်မရှင်ကို ထောက်ခံရမှာလားလို့ ထပြီးမေးမြန်းခဲ့တာမှာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက

" ကျွန်တော်စပြီးတော့ကာ တိုင်းရင်းသားများကို ကတိပေးပြောကြားခဲ့ တာတွေရှိပါတယ် ဒီအတိုင်းပဲ အမြဲတမ်းကျွန်တော် စဉ်းစားနေတာရှိပါတယ် ဒါဘာလို့လဲ ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး မဖြစ်မနေလိုအပ်တယ် အမျိုးသားပြန်လည် သင့်မြတ်ရေးမဖြစ်မနေလိုအပ်တယ် အဲ့တိုင်းပဲ ခုနက တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး မဖြစ်မနေလိုအပ်တယ် အဲ့ဒီ့အတွက် အထိခိုက်မခံနိုင်တဲ့အတွက် ကျွန်တော်အနေနဲ့

ဒီလိုစနစ်ကို PR စနစ်ကိုအခြေခံပြီးတော့ ရွေးကောက်ပွဲစနစ်ကို ပြည်သူ့လွှတ်တော်အတွက် တိုင်းဒေသကြီး ပြည်နယ်မှာဆောင်ရွက်ပါဆိုတဲ့ အဆို ဆိုရင် ကျွန်တော်လက်မခံနိုင်ပါဘူး ၊ လက်မခံတာဘာလဲဆိုတာ ဒီလိုဆောင်ရွက်တဲ့နေရာမှာ မျှမျှတတ ဖြစ်အောင် ကော်မတီ၊ကော်မရှင် ဖွဲ့စည်းပြီးတဲ့ အခါမှာ ကော်မတီ ကော်မရှင်ရဲ့သုံးသပ် အကြံပြုချက်ကိုလွှတ်တော်က အဆုံးအဖြတ်ယူပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ် ဒါကြောင့်မိုလို့ ဒီအဆိုကို လွှတ်တော်ကသဘောတူပါသလားလို့ မေးတဲ့နေရာမှာ အဆိုရဲ့ နောက်ဆုံးပိုင်း ဖြစ်တဲ့အတွက် ကော်မတီ ကော်မရှင် ဖွဲ့စည်းပြီးဆောင်ရွက်ဖို့ ဆိုတာကို ကျွန်တော်မေးမြန်းခြင်း ဖြစ်ပါတယ်

ဒါကြောင့်မိုလို့ ကျွန်တော်ထပ်ပြီးမေးပါမယ် အဆုံးပိုဒ်ကိုပဲပြောပါမယ် မြန်မာနိုင်ငံနဲ့သင့်တော်သော ရွှေးကောက်ပွဲစနစ်ဖြစ်ပေါ်နိုင်စေဖို့အတွက် ပြည်သူ့လွှတ်တော်အနေနဲ့ ကော်မတီ၊ ကော်မရှင်ဖွဲ့စည်းပြီးဆောင်ရွက်မယ့် အဆိုကို လွှတ်တော်အနေနဲ့ သဘောတူပါသလားခင်ဗျာ သဘောတူပါသလားခင်ဗျာ သဘောမတူသူရှိပါသလားခင်ဗျာ
သဘောမတူသူ မရှိတဲ့အတွက် ဦးအောင်ဇင် အဆိုအတည်ဖြစ်ကြောင်း ကြေငြာပါတယ်
ထိုနည်းတူစွာပဲ ကျွန်တော်တို့ ကျွန်တော် ဥက္ကဌနဲ့ ကျွန်တော်တို့လွှတ်တော်မှာ ဒီအရည်အချင်းပြည့်ဝတဲ့ ကော်မရှင်တစ်ရပ် ဖွဲ့စည်းပြီးတဲ့အခါမှာ ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီထွန်းကားရေးနဲ့ တည်တန့်နိုင်ရေးအတွက် တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံနဲ့နိုင်ငံသားများ အကျိုးစီးပွါးဖြစ်ထွန်းဖို့အတွက် ဒီကော်မရှင်တစ်ခု ဖွဲ့စည်းဆောင်ရွက်သွားပါမယ် ဖြစ်ပေါ်လာတဲ့အခြေအနေကို ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်ပေးရုံသာမကပဲနဲ့ပြည်ထောင်စုလွှတ်တော်ကိုတင်ပြဆောင်ရွက်သွားမယ် ဖြစ်တယ်ဆိုတဲ့အကြောင်းလည်းထပ်ဆင့်ကျွန်တော် ရှင်းလင်းတင်ပြအပ်ပါတယ် "
လို့ ရှင်းလင်းဖြေကြားခဲ့တဲ့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဌရဲ့ အဆိုပြုချက်ကိုသာ ထောက်ခံ (မကန့်ကွက်) ခဲ့ခြင်းဖြစ်ပါတယ် လို့ သိရှိရပါတယ် ။
........................................................

အဲဒီတော့ ရှင်းပါတယ်
NLD က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံးဟာ PR စနစ် ကျင့်သုံးသင့်ကြောင်း တစ်ဖက်သတ်အဆိုတင်သွင်းတာကို လုံးဝပြတ်ပြတ်သားသား ကန့်ကွက်ခဲ့ပါတယ် ။ ယနေ့မဲခွဲရာမှာ-- နောက်လာမဲ့ရွေးကောက်ပွဲတွေမှာ ဘယ်စနစ်ကျင့်သုံးသင့်လဲဆိုတာကို သုံးသပ်လေ့လာဖို့ ကော်မတီ ကော်မရှင်ဖွဲ့စည်းဖို့ လို့ ရှင်းလင်းဖြေကြားခဲ့တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌရဲ့ စကားအတိုင်း သာ မကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ် ။

ဦးရွှေမန်းရဲ့စကားတွေကို တစ်ဆစ်ချင်း တစ်ပိုင်းချင်း လေ့လာသုံးသပ်ကြည့်မယ်ဆိုရင်

(၁) " အဲဒီအတွက် အထိခိုက်မခံနိုင်တဲ့အတွက် ကျွန်တော်အနေနဲ့ ဒီလိုစနစ်ကို PR စနစ်ကိုအခြေခံပြီးတော့ ရွေးကောက်ပွဲစနစ်ကို ပြည်သူ့လွှတ်တော်အတွက် တိုင်းဒေသကြီး ပြည်နယ်မှာဆောင်ရွက်ပါဆိုတဲ့ အဆို --ဆိုရင် ကျွန်တော်လက်မခံနိုင်ပါဘူး "

(ဒီစကားမှာ ပြည်သူ့လွှတ်တော်ရဲ့ အကြီးအမှူးတစ်ယောက်က အခုအဆိုတင်သွင်းလာတဲ့ " တိုင်းဒေသကြီးများတွင် PR စနစ်ကို ကျင့်သုံးဖို့ ဆိုတဲ့ အပိုင်းကို လက်မခံဘူး " လို့ ပေါ်လွင်ပြီးဖြစ်ပါတယ် ။)

(၂) " မျှမျှတတ ဖြစ်အောင် ကော်မတီ၊ကော်မရှင် ဖွဲ့စည်းပြီးတဲ့ အခါမှာ ကော်မတီ ကော်မရှင်ရဲ့သုံးသပ် အကြံပြုချက်ကိုလွှတ်တော်က အဆုံးအဖြတ်ယူပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ် "
(" မျှမျှတတ ဖြစ်အောင်" ဆိုတဲ့စကားအရ PR စနစ်ကို ကျင့်သုံးသင့်တယ်လို့ ထောက်ခံချက်တွေကိုလည်း အတည်မပြုသေးဘူး ၊ ကန့်ကွက်ချက်တွေကိုလည်း အတည်မပြုသေးဘူး ၊ မှတ်တမ်းသာတင်ထားမယ် ၊ ဘယ်စနစ် ကိုကျင့်သုံးသင့်တယ် ဆိုတာကို သုံးသပ်လေ့လာအကြံပြုဖို့ ကော်မတီကော်မရှင် ဖွဲ့စည်းမယ် ၊ အဲဒီ ကော်မတီက အကြံပြုတင်ပြလာတာကိုမှ လွှတ်တော်မှာ အဆုံးအဖြတ်ပြန်ယူမယ် " .. လို့ အဓိပ္ပါယ် ထွက်ပါတယ် )။

(၃) " ဒီအဆိုကို လွှတ်တော်ကသဘောတူပါသလားလို့ မေးတဲ့နေရာမှာ အဆိုရဲ့ နောက်ဆုံးပိုင်း ဖြစ်တဲ့အတွက် ကော်မတီ ကော်မရှင် ဖွဲ့စည်းပြီးဆောင်ရွက်ဖို့ ဆိုတာကို ကျွန်တော်မေးမြန်းခြင်း ဖြစ်ပါတယ် "
(ဒီစကားဟာ ပြည်သူ့လွှတ်တော်မှာ မဲခွဲခဲ့တာဟာ အဆိုရှင် ဦးအောင်ဇင်တင်သွင်းတဲ့ တိုင်း ဒေသကြီးများတွင် PR စနစ်ကျင့်သုံးသင့်သော အဆို ကိုမဲခွဲဆုံးဖြတ်တာမဟုတ်ပါဘူး ၊ တကယ်ဆိုရင် အဲဒီအချက်ကို အရင်မဲခွဲဆုံးဖြတ်ရမှာဖြစ်ပါတယ် ၊ အခုတော့ ဦးရွှေမန်းရဲ့ စကားအရ အဆိုရဲ့ နောက်ဆုံးအပိုင်းဖြစ်တဲ့ ကော်မတီ ကော်မရှင်ဖွဲ့စည်းပြီးဆောင်ရွက်ဖို့ဆိုတာကို မဲခွဲတာဖြစ်တယ် ၊ ဒီမဲခွဲခြင်းဟာ ဘယ်စနစ်ကို ကျင့်သုံးသင့်တယ် လို့ လေ့လာသုံးသပ်မဲ့ကော်မတီကို ဖွဲ့စည်းဖို့ဖြစ်တယ် ၊ PR စနစ်ကို ကျင့်သုံး မယ် ဘယ်လို PR စနစ်ကိုကျင့်သုံးမယ်ဆိုတာကို ဆုံးဖြတ်ဖို့ ကော်မတီကို ဖွဲ့စည်းတာမဟုတ်ဘူး လို့ အဓိပ္ပါယ်ရပါတယ်)

(၄) " ကျွန်တော်ထပ်ပြီးမေးပါမယ် အဆုံးပိုဒ်ကိုပဲပြောပါမယ် မြန်မာနိုင်ငံနဲ့ သင့်တော်သော ရွှေးကောက်ပွဲ စနစ်ဖြစ်ပေါ်နိုင်စေဖို့အတွက် ပြည်သူ့လွှတ်တော်အနေနဲ့ ကော်မတီ၊ ကော်မရှင်ဖွဲ့စည်းပြီးဆောင်ရွက်မယ့် အဆိုကို လွှတ်တော်အနေနဲ့ သဘောတူပါသလားခင်ဗျာ .. သဘောမတူသူ မရှိတဲ့အတွက် ဦးအောင်ဇင် အဆိုအတည်ဖြစ်ကြောင်း ကြေငြာပါတယ် "
(မေးတာက နောက်ဆုံးအပိုင်းကိုမေးတာဖြစ်ပါတယ်လို့ ကြိုတင်ရှင်းလင်းဖြေကြားတာကို တွေ့ရတယ်

အဲဒီအပြင် အဆုံးပိုဒ်ကိုပဲ ပြောပါမယ် လို့ ဆိုရာမှာ
(ပဲ) ဆိုတဲ့ နာမ်ထောက်ပစ္စည်း စကားလုံး ကိုသုံးပြီးပြောဆိုတဲ့အတွက် မဲခွဲခြင်းဟာ အရှေ့က အပိုဒ်များ စကားလုံးများနဲ့ လုံးဝ မသက်ဆိုင်ကြောင်း ထင်ရှားပါတယ် ။
ဒါကြောင့်ယနေ့ ၂၉.၇.၂၀၁၄ နေ့ ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်ခြင်းဟာ ရွေးကောက်ပွဲစနစ်သုံးသပ်လေ့လာရေးကော်မတီကော်မရှင်ကို ဖွဲ့စည်းရန် ဆုံးဖြတ်ချင်းသာဖြစ်ပြီး အဆိုမှာပါဝင်တဲ့ အခြား စကားလုံး စကားရပ်များကို ဆုံးဖြတ်ခြင်းမဟုတ်ကြေင်း ထင်ရှားပါတယ် ။

ဒါကြောင့် ယနေ့အတည်ပြုလိုက်တာဟာ မြန်မာနိုင်ငံနဲ့သင့်တော်သော ရွေးကောက်ပွဲစနစ်ဖြစ်ပေါ်စေနိုင်ဖို့အတွက် ယခုသုံးနေတဲ့ FPTP အတိုင်းပဲဆက်လက်ကျင့်သုံးသင့်သလား PR ကိုပြောင်းလဲကျင့်သုံးသင့်သလား လေ့လာသုံးသပ်ဖို့ ကော်မရှင်ဖွဲ့စည်းရေး အပိုင်းအဆို အတည်ဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ် ။
ဒါဟာ PR စနစ်ကိုအတည်ပြုလိုက်တာမဟုတ်သလို ထောက်ခံခဲ့သူတွေကလည်း PR စနစ်ကျင့်သုံးဖို့ ထောက်ခံခဲ့တာမဟုတ်ဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း အဓိပ္ပါယ်ထွက်ပါတယ် ။)

အဲဒါကိုမှ PR စနစ်ကိုကျင့်သုံးဖို့အတည်ပြုလိုက်ပြီဆိုတဲ့ အယူအကောက်တွေက ဘယ်လိုထွက်လာပါသလဲ ။
ဒါမဲခွဲမှုဟာ PR ကို ကျင့်သုံးဖို့အတည်ပြုတာပါလို့ ပြောရင်တော့ လွှတ်တော်က " ကလိမ်ကလည် လွှတ်တော်" ပါလို့ ပြောလိုက်တာနဲ့ အတူတူပါပဲ ။ မဲခွဲစေခဲ့သူဟာ လည်း " ကလိမ်ကကျစ် " ပါလို့ ပြော လိုက်တာနဲ့ အတူတူပါပဲ ။


အခြေခံဥပဒပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ကိုပြည်သူတွေ ပိုပြီးသိရှိ နားလည်စေဖို့ အတွက် ဇာတ်လမ်းတွဲတွေ ရိုက်ကူးပြီး ပြည်သူတွေကို အခမဲ့ အသိပညာပေး ဖြန့်ဝေဖို့ စီစဉ်နေတယ်လို့ ဟာသသရုပ်ဆောင် ဇာဂနာ (ခ) ဒါရိုက်တာ ဦးသူရက ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့ ဆန့်ကျင်နေတာကြောင့် ဒီဥပဒေတွေထဲက ပြင်ဆင်သင့်တာတွေကို ပြည်သူတွေကို အသိပညာပေးဖို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဇာတ်လမ်းတွဲတွေကို ဒါရိုက်တာဝိုင်းက ဦးဆောင်ရိုက်ကူးမှာဖြစ်ပြီး လူရွှင်တော် ဇာဂနာ (ခ) ဦးသူရက ဇာတ်ညွန်းရေးသားကာ ဒါရိုက်တာကြည်ဖြူသျှင်က ထုတ်လုပ်သွားမှာဖြစ်သလို အနုပညာရှင်တွေကလဲ အခမဲ့ပါဝင်ကူညီထားတယ်လို့လဲ ပြောပါတယ်။
RFA

PR စနစ်ကျင့်သုံးရေးအဆို အတည်မပြုပါ။
ဦးရွှေမန်၏ ပြန်လည်တင်ပြချက်ကို အဖွဲ့ချုပ်ကိုယ်စားလှယ်များ ထောက်ခံခဲ့ခြင်းဖြစ်သည်

မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ်တရပ် (PRကိုလက်ခံခြင်းမဟုတ်၊FTPTကို ပယ်ခြင်းမဟုတ်၊ကြားစနစ်တခုကို ရွေးချယ်ခြင်းလည်းမဟုတ်ပါ၊) ကိုကျင့်သုံးနိုင်ရန်
ကော်မတီ၊ကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် လွှတ်တော်ဥက္ကဌ၏ ဆုံးဖြတ်ချက်ကို လွှတ်တော်က
ကန့်ကွက်သူမရှိ အတည်ပြုခြင်း ဖြစ်ပါသည်။
အဖွဲ့ချုပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် အဆိုရှင်အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီရဲ့ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင် တင်သွင်းသော အဆိုကို ကန့်ကွက်ခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဌကြီး၏ ပြန်လည် တင်ပြချက်ကိုထောက်ခံခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဌကြီး၏ ပြန်လည်တင်ပြချက်မှာ " ကျွန်တော်စပြီးတော့ကာ တိုင်းရင်းသားများကို ကတိပေးပြောကြားခဲ့တာတွေရှိပါတယ် ဒီအတိုင်းပဲ အမြဲတမ်းကျွန်တော် စဉ်းစားနေတာရှိပါတယ် ဒါဘာလို့လဲ ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး မဖြစ်မနေလိုအပ်တယ် အမျိုးသားပြန်လည် သင့်မြတ်ရေးမဖြစ်မနေလိုအပ်တယ် အဲ့တိုင်းပဲ ခုနက တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး မဖြစ်မနေလိုအပ်တယ် အဲ့ဒီ့အတွက် အထိခိုက်မခံနိုင်တဲ့အတွက် ကျွန်တော်အနေနဲ့ ဒီလိုစနစ်ကို PR စနစ်ကိုအခြေခံပြီးတော့ ရွေးကောက်ပွဲစနစ်ကို ပြည်သူ့လွှတ်တော်အတွက် တိုင်းဒေသကြီး ပြည်နယ်မှာဆောင်ရွက်ပါဆိုတဲ့ အဆို ဆိုရင် ကျွန်တော်လက်မခံနိုင်ပါဘူး လက်မခံတာဘာလဲဆိုတာ ဒီလိုဆောင်ရွက်တဲ့နေရာမှာ မျှမျှတတ ဖြစ်အောင် ကော်မတီ၊ကော်မရှင် ဖွဲ့စည်းပြီးတဲ့ အခါမှာ ကော်မတီ ကော်မရှင်ရဲ့သုံးသပ် အကြံပြုချက်ကိုလွှတ်တော်က အဆုံးအဖြတ်ယူပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒါကြောင့်မိုလို့ ဒီအဆိုကို လွှတ်တော်ကသဘောတူပါသလားလို့ မေးတဲ့နေရာမှာ အဆိုရဲ့ နောက်ဆုံးပိုင်း ဖြစ်တဲ့အတွက် ကော်မတီ ကော်မရှင် ဖွဲ့စည်းပြီးဆောင်ရွက်ဖို့ ဆိုတာကို ကျွန်တော်မေးမြန်းခြင်း ဖြစ်ပါတယ်

ဒါကြောင့်မိုလို့ ကျွန်တော်ထပ်ပြီးမေးပါမယ်..အဆုံးပိုဒ်ကိုပဲပြောပါမယ်... မြန်မာနိုင်ငံနဲ့သင့်တော်သော ရွှေးကောက်ပွဲ စနစ်ဖြစ်ပေါ်နိုင်စေဖို့အတွက် ပြည်သူ့လွှတ်တော်အနေနဲ့ ကော်မတီ၊ ကော်မရှင်ဖွဲ့စည်းပြီးဆောင်ရွက်မယ့် အဆိုကို လွှတ်တော်အနေနဲ့ သဘောတူပါသလားခင်ဗျာ သဘောတူပါသလားချင်ဗျာ သဘောမတူသူရှိပါသလားခင်ဗျာ သဘောမတူသူ မရှိတဲ့အတွက် ဦးအောင်ဇင် အဆိုအတည်ဖြစ်ကြောင်း ကြေငြာပါတယ်"

လွှတ်တော်ဥက္ကဌကြီးမှ ထပ်ဆင့် ရှင်းလင်းသည်မှာ " ထိုနည်းတူစွာပဲ ကျွန်တော်တို့ ကျွန်တော် ဥက္ကဌနဲ့ ကျွန်တော်တို့လွှတ်တော်မှာ ဒီအရည်အချင်းပြည့်ဝတဲ့ ကော်မရှင်တစ်ရပ် ဖွဲ့စည်းပြီးတဲ့အခါမှာ ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီထွန်းကားရေးနဲ့ တည်တန့်နိုင်ရေးအတွက် တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံနဲ့နိုင်ငံသားများ အကျိုးစီးပွါးဖြစ်ထွန်းဖို့အတွက် ဒီကော်မရှင်တစ်ခု ဖွဲ့စည်းဆောင်ရွက်သွားပါမယ် ဖြစ်ပေါ်လာတဲ့အခြေအနေကို ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်ပေးရုံသာမကပဲနဲ့ပြည်ထောင်စုလွှတ်တော်ကိုတင်ပြဆောင်ရွက်သွားမယ် ဖြစ်တယ်ဆိုတဲ့အ ကြောင်း လည်းထပ်ဆင့်ကျွန်တော် ရှင်းလင်းတင်ပြအပ်ပါတယ်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များမှ ပြည်သူလွှတ်တော် ဥက္ကဌကြီးရဲ့အဲ့ဒီလိုပြန်လည်ရှင်းအဓိပ္ပါယ်ဖေါ်ပြခဲသည့်အတိုင်းသာထောက်ခံခြင်းဖြစ်ပြီး ဦးအောင်ဇင် ပုဇွန်တောင်မဲဆန္ဒနယ်ရဲ့ အဆိုကိုထောက်ခံခြင်းမဟုတ်ခဲ့ပါ။

National League for Democracy