August 2014


မာယာထောင်ချောက်၊ ဇာခန်းဆီးနောက်ကွယ် ရုပ်ရှင်ဇာတ်ကားတွေနဲ့ ထူးချွန်ဆုတွေ ရခဲ့ပြီး အခုတော့ ရုပ်ရှင်လောကရဲ့ အဝေးဆုံးမှာ ဇာတ်မြှုပ်နေထိုင်နေတဲ့ ထပ်ဆင့်အကယ်ဒမီ အေးအေးသင်းတစ်ယောက် သေရာပါ ဒဏ်ရာတစ်ခုကို ရင်မှာပိုက်ထွေးထားဆဲပါ။ ဘဝရဲ့နေဝင်ချိန်တွေကို အေးအေးသင်းတစ်ယောက် ဘယ်လိုဖြတ်သန်းနေသလဲ။

၁၉၇ဝ၊ ၁၉၈ဝ ပြည့်လွန်နှစ်တွေမှာ ရုပ်ရှင်လောကထဲ သရဖူဆောင်းနိုင်ခဲ့တဲ့ မင်းသမီးကြီး အေးအေးသင်းတစ်ယောက် ၁၉၈၈ခုနှစ် ဒီမိုကရေစီအရေးတော်ပုံမှာ ပါဝင်ခဲ့လို့ စစ်အစိုးရရဲ့ ဒဏ်ခတ်မှုကို ခါးခါးသီးသီးခံစားခဲ့ရပါတယ်။ ပြည်သူ့ဘက်ကရပ်တည်ခဲ့တဲ့ သူ့လို အနုပညာရှင်စစ်စစ်တစ်ယောက်ကို အနုပညာလုပ်ကိုင်ခွင့် ရာသက်ပန်ပိတ်ပင်ခဲ့တဲ့အပေါ် နာကျည်းတယ်လို့ ကမာရွတ်မီဒီယာကို ရင်ဖွင့်ပြောပြပါတယ်။

အသက်ငယ်ငယ်ကတည်းက အနုပညာလောကထဲ ခြေချခဲ့သူမို့ အနုပညာကလွဲရင် ဘာတစ်ခုမှ လုပ်ကိုင်မစားတတ်တဲ့ ဝါရင့်မင်းသမီးကြီးဟာ ဝေဒနာကိုရင်မှာပိုက်ပြီး ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး စတဲ့အလုပ်တွေနဲ့ ဝမ်းကျောင်းခဲ့ရပါတယ်။ နောက်ဆုံး လူတွေကို စက်ဆုပ်လာပြီး ဗေဒင်ပညာရှင် မင်းသိင်္ခဆီမှာ ပညာသင်ရင်း မေသုခဆိုတဲ့ နာမည်နဲ့ မှော်ဘီဘက်မှာ ဗေဒင်၊ လက္ခဏာကြည့်ရင်း ဘဝရဲ့ နောက်ဆုံး အချိန်တွေကို ကုသိုလ်ရေးနဲ့ ကုန်ဆုံးနေပါတော့တယ်။

အသက် ၇ဝရှိပြီဖြစ်တဲ့ မင်းသမီးကြီး အေးအေးသင်းဟာ အနုပညာလောဘကြီးသူလို့ ဆိုရလောက်အောင် ရုပ်ရှင်၊ ဂီတ၊ ပြဇာတ်၊ ကက်ဆက်ဇာတ်လမ်း၊ ကဗျာ၊ ဝတ္ထု စတဲ့ အလုပ်တွေကို လုပ်ကိုင်ခဲ့ပါသူ။ အခုတော့ မှော်ဘီဘက်က သူပိုင်တဲ့တိုက်နဲ့ ခြံဝင်းကို နန္ဒဝန်ပါဠိတက္ကသိုလ်၊ နန္ဒာအေး ဓမ္မာရိပ်သာဆရာတော် ဦးယုဇနဆီ အပြီးတိုင် လှူဒါန်းထားပါတယ်။

တစ်ချို့အနုပညာသမားတွေဟာ စစ်အစိုးရက နာကျည်းအောင်လုပ်ခဲ့ပေမယ့် အမှတ်သည်းခြေမရှိကြဘူးလို့ အေးအေးသင်းက ယူဆပါတယ်။ သူကတော့ သူ့လိုအနုပညာရှင်ကို ခြေဖြတ်လက်ဖြတ်လုပ်ပြီး လွှင့်ပစ်တာခံခဲ့ရလို့ သေရာပါ ဒဏ်ရာတစ်ခုလို စွဲမှတ်ထားဆဲဖြစ်ပါတယ်။

အေးအေးသင်းဟာ ၁၉၇၁မှာ ဒါရိုက်တာ စံမောင်ရွှေရိုက်ကူးတဲ့ မာယာထောင်ချောက်၊ ဒါရိုက်တာ မောင်ဝဏ္ဏရိုက်ကူးတဲ့ ဇာခန်းဆီးနောက်ကွယ် ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေ ရရှိခဲ့သူ ဖြစ်ပါတယ်။

Kamayut media


အိမ်နီးနားချင်း လူငယ်တစ်ယောက်ရဲ့ ဓားဒဏ်ရာကြောင့် သေဆုံးခဲ့ရတဲ့ မော်ဒယ် သရုပ်ဆောင် အေးချမ်းမြတ်မိုးရဲ့ ဈာပနကို သြဂုတ် ၃ဝက ရေဝေးသုဿန်မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။ ညီမဖြစ်သူကို သတ်တဲ့သူဟာ အသေသတ်မယ်ဆိုတဲ့ ကြိုတင်ကြံစည်မှုနဲ့လုပ်ခဲ့တာဖြစ်တယ်လို့ အေးချမ်းမြတ်မိုးရဲ့အစ်မက ပြောပါတယ်။

လူသတ်မှု ကျုးလွန်တယ်ဆိုတဲ့ စွပ်စွဲခံထားရသူဟာ အခင်းမဖြစ်ခင် ၃ရက်လောက်ကတည်းက ကြိုတင်ခြိမ်းခြောက်ထားသလို အေးချမ်းမြတ်မိုးရဲ့ အသွားအလာကို စောင့်ကြည့်ပြီး လူသတ်တဲ့ဓါးကိုကိုင် ဆော့ကစားနေခဲ့တယ်လို့ ပတ်ဝန်းကျင်ရဲ့ ပြောဆိုချက်တွေထည့်စဉ်းစားရင် ဒါဟာ ကြိုတင်ကြံစည်ပြီး သတ်တာဖြစ်သလို ကွယ်လွန်သူနဲ့ စွပ်စွဲခံရသူတွေရဲ့ ဆက်ဆံရေးကို ရှင်းပြခဲ့ပါတယ်။


မော်ဒယ်သရုပ်ဆောင် အေးချမ်းမြတ်မိုးဟာ ကွယ်လွန်ချိန်မှာ အသက် ၁၉နှစ်ပဲ ရှိသေးပြီး ဦးဝိစာရက နေအိမ်ကိုအပြန် အိမ်နီးနားချင်းလူငယ်တစ်ယောက်က လည်ပင်းကို ဓားနဲ့ထိုးခဲ့လို့ ဆေးရုံမရောက်ခင်မှာ သေဆုံးခဲ့ရပါတယ်။ လူသတ်မှုကျုးလွန်တယ်လို့ သံသယရှိသူနဲ့ သေဆုံးသူတို့ဟာ ရည်းစားတွေဖြစ်တယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ခဲ့ပြီး လူအများစိတ်ဝင်တစား ဖြစ်ခဲ့ပါတယ်။

အချိန်တိုတိုအတွင်း ကြော်ငြာတွေရိုက်ကူးနေရသလို ကမ်းလှမ်းထားတဲ့ အလုပ်တွေ အများကြီးရှိနေတာကြောင့် အောင်မြင်တော့မယ့်ဆဲဆဲမှာ အခုလိုဖြစ်သွားတာကြောင့် အရမ်းကို စိတ်မကောင်းဖြစ်ရတယ်လို့ သရုပ်ဆောင် ရွှေပိုးအိမ်က ပြောပါတယ်။ အောင်မြင်မှုရဖို့ အားထုတ်ကြိုးပမ်းရတာကြောင့် အခုလို အဖြစ်ဆိုးကြောင့် ဝမ်းနည်းရတယ်လို့ ဆိုပါတယ်။

Laurel Art ကျောင်းမှာ သရုပ်ဆောင်ကောင်းတဲ့ဆုရထားပြီး အနုပညာပျိုးခင်းမှာလည်း သရုပ်ဆောင်ရွေးပွဲ လျှောက်ထားတာ ရဖို့အလားအလာအများကြီးရှိတဲ့ အေးချမ်းမြတ်မိုး အခုလို အဖြစ်ဆိုး ကြုံရတာကြောင့် သရုပ်ဆောင်လောကအတွက် ချစ်စရာကောင်းပြီး တော်တဲ့ ပန်းကောင်းအညွန့်ဖူးလေး ကြွေသွားသလို ဖြစ်ရတယ်လို့ ဘေဘီမောင်က ပြောပါတယ်။

Kamayut media

ကျွန်တော်သာ..
FRC လက်မှတ်ကိုင်ထားတဲ့..
တရုပ်ခရိုနီတစ်ယောက်ဆိုရင်...
ဘာလုပ်မလဲဆိုတာ..သိချင်လား.?

အစိုးရအာဏာရှင်ထဲက..မြေနဲ့ပတ်သက်ပြီး
အခွင့်အာဏာရှိနေတဲ့...၀န်ကြီးချုပ်မြင့်ဆွေလို..
ဦးစိုးသိမ်းလို လူမျိုးတွေကို...
သပိတ်ဝင်အိပ်ဝင်..ပါးစပ်ထဲအပင်းဆို့အောင်
ခွံ့ပြီးသကာလ...

ဧကပေါင်းသောင်းချီတဲ့စီမံကိန်းကြီး
တစ်ခုကိုမရရအောင်...ပါမစ်ချခိုင်းမယ်..၊

ပြီးရင်...အဲဒီပါမစ်ကိုကိုင်ပြီး..
ဘာမှမလုပ်ဘူးနော်...
ဘာမှမလုပ်သေးဘူး..၊

ပြည်သူလုံးဝမသိသေးတဲ့အချိန်မှာ..
သတင်းကို မပေါက်ကြားစေပဲ..
ကိုယ့်ပါမစ်ကျထားတဲ့ဒေသက
မြေကွက်တွေကို..
ကိုယ့်ဘာသာကိုယ် တစ်ဧက..
သိန်း လေးငါးဆယ်လောက်ပေးပြီး
လိုက်ဝယ်လိုက်မယ်..

ဧကပေါင်းထောင်ပေါင်းများစွာအထိ
လိုက်ဝယ်မယ်..၊
စုဆောင်းထားမယ်..

ရနိုင်သလောက်..
တိတ်တဆိတ်လိုက်ဝယ်မယ်..။

------------------

(၂)

တော်တော်များများ..
ဝယ်ပြီးတဲ့အချိန်လောက်မှ..

အဲဒီနေရာမှာ..
ရန်ကုန်မြို့သစ်စီမံကိန်းကြီးရှိကြောင်း..
လူထုထဲကို သတင်းလွှင့်လိုက်မယ်..၊

အဲဒီဒေသကလူတွေအကုန်လုံး
ပြာယာခတ်သွားမယ်..၊
ဈေးတွေတဟုန်ထိုးတက်သွားမယ်..

အဲဒီလိုဈေးတွေတက်တဲ့အချိန်မှာ..
ဈေးအကောင်းဆုံးအချိန်ကိုစောင့်ပြီး..

ကိုယ်ဝယ်အောင်းထားတဲ့အကွက်တွေကို
ပြန်ရောင်းမယ်..၊
လူတွေက အသေအလဲလိုက်ဝယ်ကြမယ်..

အဲဒီမှာ အဆပေါင်းများစွာ..
အမြတ်ရသွားမယ်..။

ဥပမာ- သိန်းပေါင်း ..
တစ်သိန်း.. (ဆယ်ဘီလီယံ)လောက်..
ရင်းလိုက်ရင်..

တစ်နှစ်အတွင်းမှာ...

အဲဒီရဲ့ ဆယ်ဆ (ဘီလျံ ၁၀၀) လောက်..
အသာလေးရသွားမယ်..။

ဘယ်လောက်ပိုင်သလဲ..။

ရတဲ့ပိုက်ဆံကို..ဘာလုပ်မလဲ.

သိချင်လား ?

-----------------------

အပေါ်က ရန်ကုန်မြို့သစ်စီမံကိန်း
ထဲမှာ ပြန်ပြီး..ရင်းနှီးမြုပ်နှံမှာပေါ့ဗျာ..

များပြားလှတဲ့ငွေတွေကို..
မြန်မာပြည်ရဲ့အိမ်ရာစီမံကိန်းအတွက်..
ရင်းနှီးမြုပ်နှံတယ်...ပေါ့နော်..၊

နာမည်ကောင်းလဲရ..ကုသိုလ်လဲရ..
ဝမ်းလဲဝ...
အမြတ်လဲရ..

ကဲ့..
ဘယ်လောက်ပိုင်သလဲ..?

"၀... ကို အီချင်များ မှတ်နီလား.."

ရှဲရှဲနိ...ရှဲရှဲနီ...

( Pa Yit)

အမေရိကန်အခြေ စိုက် ဆက်သွယ်ရေးကုမ္ပဏီမှ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းအား ကန်ဒေါ်လာ သန်း ၁၈ဝ လျော်ကြေးရလိုမှုဖြင့် လာမည့်စက် တင်ဘာလ ဒုတိယအပတ်တွင် အမေရိ ကန်ရှိ တရားရုံးတစ်ခု၌ တရားစွဲဆိုသွား မည်ဖြစ်ကြောင်း သိရသည်။

''မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကို သတိပေးစာ နှစ်ကြိမ်ပို့ပြီးဖြစ်တယ်။ ခိုင်လုံတဲ့ အဖြေပြန်လည် ဖြေဆိုခြင်းမရှိ တဲ့အတွက် လုပ်ရိုးလုပ်စဉ်အတိုင်း တရား စွဲဆိုတော့မှာဖြစ်ပါတယ်''ဟု I.I.WS ဌာ နေ ကိုယ်စားလှယ်၏ အကြံပေးရှေ့နေ တစ်ဦးဖြစ်သူ ဦးအေးမြင့်က ပြောသည်။

လွန်ခဲ့သော ၁၅ နှစ်ခန့်က အ မေရိကန် အခြေစိုက်ဆက်သွယ်ရေး ကုမ္ပ ဏီတစ်ခုဖြစ်သည့် I.I.WS နှင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းတို့ နှစ်ဦးသဘော တူ ချုပ်ဆိုခဲ့သွေွှာ TT Project အမည် ရှိ မြန်မာ့ဆက်သွယ်ရေး ပရောဂျက်လုပ် ငန်းတစ်ခုအား မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ အကြောင်းပြချက် မရှိ ဖျောက်ဖျက် ခဲ့ခြင်းကြောင့် ယခုကဲ့သို့ တရားစွဲဆိုရ ခြင်းဖြစ်ကြောင်း အမေရိကန်အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ I.I.WS မှ ဒါရိုက် တာ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာမြတ် နုခိုင်က ပြောသည်။

အဆိုပါ အကြောင်းမဲ့ စာချုပ် ဖျက်သိမ်းခဲ့သည့်အတွက် နစ်နာကြေး အ မေရိကန်ဒေါ်လာ သန်း ၁၈ဝ ပေးဆောင် ရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသို့ မေ လတွင် တစ်ကြိမ်၊ သြဂုတ်လတွင် တစ် ကြိမ် အသိပေးအကြောင်းစာပေးပို့ခဲ့သော် လည်း တိကျခိုင်လုံသောပြန်လည်ဖြေကြား မှုမရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြောင်းကြားစာ နှင့်ပတ်သက်၍ လွန်ခဲ့သော ၁၅ နှစ်ခန့် က ပြုလုပ်ခဲ့သော ပရောဂျက်တစ်ခုဖြစ် သည့်အတွက် ပြန်လည်စစ်ဆေးနေဆဲ သာဖြစ်ပြီး စာချုပ်အား ပြန်လည်ရှာဖွေစစ် ဆေးရန် လိုအပ်ကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးစိုင်း စောလင်းထွန်းက ပြန်လည်ပြောကြား ထားကြောင်း သိရသည်။

တရားဥပဒေစိုးမိုးမှု ရှိစေရန် စာချုပ်ဖောက်ဖျက်ပါက တရားစွဲဆိုခွင့် ရှိသော သုံးနိုင်ငံအနက် အမေရိကန်တရား ရုံးကို ရွေးချယ်ရခြင်းဖြစ်ကာ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းအနေဖြင့် ရင်ဆိုင်ဖြေ ရှင်းပေးခြင်းမရှိပါက မြန်မာနိုင်ငံအား Staellite ဆန်ရှင် ပိတ်သိမ်းမှုပြုလုပ်ရန် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးအဖွဲ့ ITU သို့ ဖိအားပေး တောင်းဆိုမှုပြုလုပ် သွားမည်ဖြစ်ကြောင်း အမေရိကန်ဆက် သွယ်ရေးကုမ္ပဏီ I.I.WS မှ ထုတ်ပြန် ချက်များအရ သိရသည်။

Flower News ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၄)။




ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ညီလာခံကို ဒီကနေ့ ချင်းမိုင်မြို့မှာ ပြန်လည်ကျင်းပရာမှာ UNFC ရဲ့ ဖွဲ့စည်းပုံနဲ့ မူဝါဒတချို့ဟာ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ရဲ့သဘောထားကိုက်ညီမှု မရှိတာကြောင့် မနက်ပိုင်း ဆွေးနွေးပွဲအပြီး KNU ကိုယ်စားလှယ်တချို့ အစည်းအဝေး တက်ရောက်ခြင်း မရှိတော့ပဲ နုတ်ထွက်သွားခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး UNFC ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်တစ်ဦးလည်းဖြစ် KNU အဖွဲ့က မဟာမိတ်ဆက်ဆံရေးဌာန တာဝန်ခံ လည်းဖြစ်တဲ့ ပဒိုဒေးဗစ်တာကပေါက KNU အဖွဲ့ရဲ့ မူဝါဒတွေနဲ့ မကိုက်ညီတာကြောင့် ဖြစ်တယ်လို့ RFA ကို အခုလို ပြောပါတယ်။

"ထွက်သွားတာကတော့ ဒီလိုပါ သူတို့အနေနဲ့ UNFC ရဲ့ အခြေခံ ဥပဒေကို ပြန်လည်ပြီးတော့ သုံးသပ်တယ်၊ ပြင်ဆင်တယ်၊ အဲ့ဒီမှာ သူတို့အနေနဲ့ က ဖြည့်စွက်ချင်တာတွေ၊ ပြင်ဆင်ချင်တာ လေးတွေကို အဲ့ဒါကို ပြန်ပြီးတော့ ဆွေးနွေးဖို့လိုတယ်လို့ ဆိုပြီးတော့ ထွက်သွားခြင်းဖြစ်ပါတယ်၊ ပြန်လာမှာပါ သို့မဟုတ်ရင်လည်း ပြန်အကြောင်းကြား မှာပေါ့လေ၊ ကျနော်တို့ တပ်ပေါင်းစုထဲက အဖွဲ့အစည်းတွေကတော့ တစ်ဦးနဲ့တစ်ဦးအခြေအနေ မတူဘူးပေါ့၊ သူတို့က ဟိုမူအတိုင်း ကျင့်သုံးတာ ဖြစ်ပါတယ၊် KNU အနေနဲ့က တူတာတွဲလုပ်၊ မတူတာခွဲလုပ် ဆိုတဲ့မူပေါ့လေ"

KNU အဖွဲ့အနေနဲ့လက်ရှိ UNFC ရဲ့ဖွဲ့စည်းအုပ်ချူပ်ပုံနဲ့ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့အနေနဲ့ အစည်းအဝေးတစ်ရပ်ခေါ်ယူပြီး အဖွဲ့အတွင်း ပြန်လည်ချပြဆွေးနွေးပြီးမှ UNFC ကို KNU အဖွဲ့ဝင် ကိုယ်စာလှယ် ပြန်ပေး၊မပေး ဆိုတာနဲ့ အဖွဲ့ဝင်အဖြစ်ဆက်လက်ခံယူသွားဖို့ ရှိ၊မရှိ ဆိုတာတွေကို အကြောင်းပြန် သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ဝင် ၁၂ ဖွဲ့ထဲက UNFC ရဲ့ လက်ရှိစုဖွဲ့မှုနဲ့ မူဝါဒကို အဖွဲ့ ၁၁ ဖွဲ့ကသဘောတူကြပေမယ့် KNU အဖွဲ့က အခုလိုအစည်းအဝေးက ထွက်သွားတာဟာ KNU အဖွဲ့ရဲ့ နောက် ကွယ်မှာဖိအားပေးမှု တစ်စုံတစ်ရာရှိနေတာကြောင့် ဖြစ်နိုင်တယ်လို့လည်း သုံးသပ်သူတွေ ရှိနေကြပါတယ်။

လက်ရှိ UNFC အဖွဲ့က အထွေထွေအတွင်းရေးမှူး ဦးနိုင်ဟံသာကတော့ ဒါဟာ UNFC အဖွဲ့ကနေ KNU နှုတ်ထွက်သွားတာ မဟုတ်သေးကြောင်းသာပြောဆိုပြီး တခြားမေးမြန်းမှုတွေအပေါ် ပြောဆိုခြင်း မရှိခဲ့ပါဘူး။

နေ့လည်ပိုင်း UNFC ရဲ့ညီလာခံကို ဆက်လက်ကျင်းပပြီး အဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ရွေးကောက်ပွဲ ပြန်လည် ကျင်းပဖို့အတွက် ညီလာခံကိုယ်စားလှယ်တွေက ဆွေးနွေးကြပါတယ်။ ညီလာခံကို မနက်ြဖန် စက်တင်ဘာလ ၁ ရက်နေ့မှာ အဆုံးသတ်မယ်လို့လည်း သိရပါတယ်။
Rfa


တောင်သူလယ်သမားတွေအနေနဲ့ မိမိတို့ လယ်ယာမြေတွေကို အလွယ်တကူ မရောင်းချကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ ကော့မှူးနဲ့ ကွမ်းခြံကုန်းမြို့နယ်တွေ က တောင်သူလယ်သမားတွေနဲ့ တွေ့ဆုံဆွေးနွေးစဉ် မှာ မေတ္တာရပ်ခံလိုက်ပါတယ်။
ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဒီနေ့ မနက်ပိုင်းကကျင်းပတဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က အဲဒီလို မေတ္တာရပ်ခံခဲ့တာ ဖြစ်ပါတယ်။
"အကြွေးပိနေလို့ ဒီဝန်ကိုမခံနိုင်လို့ လွယ်လွယ်နဲ့ ကိုယ့်ရဲ့မြေကို မရောင်းပါနဲ့လို့၊ ကျမတို့နဲ့ ဆက်သွယ်ပါ၊ ဆက်သွယ်ပြီးတော့ အခက်အခဲ ဘယ်လိုရှိလည်းပြောပါ၊ ကျမသိတယ်နော်၊ လိုက်ပြီးတော့ မြေတွေဝယ်နေတဲ့သူတွေရှိတယ်ဆိုတာ၊ မရောင်းပါနဲ့ လွယ်လွယ်နဲ့ မရောင်းပါနဲ့၊ စဉ်းစားကြည့်ပါ၊ လွယ်လွယ်နဲ့ လျှောက်ပြီးတော့ ဝယ်နေတဲ့သူတွေဟာ သူတို့မှာ အကျိုးအမြတ်မရှိပဲနဲ့ လုပ်ပါ့မလား၊ အဲဒီ့ဟာလေး ကိုစဉ်းစားပြီးတော့ ချင့်ချင့်ချိန်ချိန်နဲ့ လုပ်ကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံပါတယ်"
အဲဒီမြို့နယ်တွေမှာ စီးပွားရေးလုပ်ငန်းရှင်တွေဟာ လယ်မြေတွေကို လိုက်လံဝယ်ယူနေတဲ့အတွက် လယ်သမားတွေ အနေနဲ့ အလွယ်တကူ မရောင်းချကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ လယ်သမားတွေဘက်ကလည်း စိုက်ပျိုးရေးမှာ စက်အစားထိုးအသုံးပြုနိုင်ရေး၊ ချေးငွေကိစ္စ၊ အသိမ်းခံလယ်ယာမြေ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် အစိုးရဝန်ထမ်းတွေနဲ့လည်း အထွေထွေအုပ်ချုပ်ရေးမှူးရုံး မှာ တွေ့ဆုံခဲ့ပါတယ်။
Rfa.Video..EMG






မန္တလေးတိုင်းဒေသကြီး၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက် ရှိ သပိတ်ကျင်းမြို့နယ် အမှတ် ၁၃ လေ့ကျင့်ရေး သင်တန်းကျောင်း ၏ လေ့ကျင့် ပစ်ခတ်မှုကြောင့် တစ်မိုင် အကွာရှိ ယာခင်းအတွင်းမှ အမျိုး သမီးတစ်ဦး ၏ခေါင်းကို ကျည်ဆန် ထိမှန်ခဲ့ကြောင်း ဒေသခံများထံမှ သိ ရသည်။

သပိတ်ကျင်းမြို့နယ် ကျောက် ဖျာရွာနှင့် လေးမိုင်ခန့်အကွာရှိ လေ့ ကျင့်ရေး ကွင်းတွင် သြဂုတ် ၂၃ ရက် နေ့က လေ့ကျင့်ပစ်ခတ်မှုများပြုလုပ် မည့် အကြောင်း ကို ၎င်းတို့ရွာသို့ လေ့ ကျင့်ရေးသင်တန်းကျောင်းမှ ကြိုတင် အကြောင်းကြားမှုမရှိခဲ့ဟု ကျောက် ဖျာရွာအုပ်ချုပ်ရေးမှူး ဦးဇော်နိုင် က ပြောသည်။

“အရင် ၂၀၁၂ လောက်တုန်းက လည်းဖြစ်ဖူးတယ်။ အဲဒီတုန်းကတော့ လူကို ထိတာမ ဟုတ်ဘူး။ ယာတွေကို ပစ်တာ။ အဲ့နောက်ပိုင်း လေ့ကျင့်ရေး လုပ်တော့မယ် ဆိုရင် ကြိုတင်အ ကြောင်းကြားတယ်။ အခုတစ်ခေါက် တော့ ကြို အကြောင်းမကြားဘဲနဲ့ ဖြစ် ပြီးနောက်နေ့မှ တွင်းငယ်၊ ရေညောင် ဦး၊ ခဒူးဒင်း တစ်မိုင်ပတ်လည် လေ့ ကျင့်ရေးလုပ်မယ်ဆိုပြီးတော့ စာလာ ပို့တယ်” ဟု ကျောက်ဖျာရွာ အုပ်ချုပ် ရေးမှူး ဦးဇော်နိုင်က သြဂုတ်လ ၂၄ ရက်နေ့ ကပြောသည်။

အဆိုပါ အမှတ် ၁၃ လေ့ကျင့် ရေးတပ်သည် သြဂုတ် ၂၀ ရက်မှ ၂၇ ရက်အထိ အတန်းမြင့်သင်တန်း လက်နက်ငယ် ပစ်ခတ် လေ့ကျင့်မှု ပြုလုပ်မည့် အကြောင်း ကို သြဂုတ် ၂၄ ရက်မှသာ သက်ဆိုင်ရာကျေးရွာ အုပ်စုများသို့ လာရောက် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ကျည်ဆန်ထိမှန်ခံခဲ့ရသည့် အ မျိုးသမီးကို ခုနှစ်မိုင်လေ့ကျင့်ရေး သင်တန်း အမှတ် ၂ ကုတင် ၁၀၀ ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး သြဂုတ် ၂၄ ရက်နေ့ နေ့လည်ပိုင်းက ခွဲစိတ် ကုသခဲ့ကြောင်း သိရသည်။

“ဒီနေ့ခွဲစိတ်ပြီးပြီးချင်းတော့ မေ့ လိုက် သတိရလိုက်ဖြစ်နေ ပါတယ်။ အခြေအနေ ကိုတော့ အတိအကျ မသိရသေးပါဘူး။ ဆေးရုံလိုက်သွား တဲ့ သူတွေဆီက ပြန်သိရတာပါ။ ဒီ ကိစ္စနဲ့ပတ်သက်ပြီး အမှုဖွင့်ဖို့ကို ဘယ် သူက လုပ်ပေးမလဲ ဆိုတာ မသိရသေး ဘူး။ သူ့ရဲ့အစ်မကလည်း စကားမ ပြောနိုင်ဘူး” ဟု ကျောက်ဖျာရွာ ဒူး ဒင်းရပ်နေ ဦးမင်းမင်းထွန်း က ပြော သည်။

သပိတ်ကျင်းမြို့မရဲစခန်းမှ စခန်း မှူးထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တွင် သြဂုတ်လ ၂၅ ရက်နေ့ နေ့ လယ်ပိုင်းထိ အဆိုပါဖြစ်စဉ်နှင့်ပက် သက်၍ လာရောက်အမှုဖွင့်ထားခြင်း မရှိသည့်အပြင် တိတိကျကျမသိရ သေးသဖြင့် စုံစမ်းလျက်ရှိဆဲဖြစ် ကြောင်း သိရသည်

သတင်း - MMK

The Ladies News Journal

"(၃၃)နှစ်ကြာမှပေါ်ပေါက်လာသည့်အမှု တွဲ"

လွန်ခဲ့သော(၃၃)နှစ် သြဂုတ်လ(၃၁) ရက်နေ့ ၊နံနက်(၁၀း၃၀) အချိန်တွင် အီကိုကျောင်းဆောင်ဘေးပေါက်၊အင်းယားလမ်းကန်ဘောင်အကြော်ဆိုင်ဝင်ပေါက် အနီးရှိ သရက်ပင်ကြီးအောက်တွင်ကျွန်ုပ်ကျော်သူ သည် သူမအား
ကျွန်ုပ်ဧ။်ဘော်ဘော်များနှင့်လက်မှဆွဲ၊ခြေထောက်အားမပြီး
အလိုမတူဘဲနှင့်"ကား"တင်ပြေးမိပါကြောင်းရဲရဲကြီးဝန်ခံလိုက်ရပါပေသည်။

ထိုသူမသည်ကား.....
ယခု ပရဟိတသူရဲကောင်းမယ်ဖြစ်လာသည့်" ရွှေဇီးကွက် "ပင်ဖြစ်ပေတော့လေသတည်း။(ကျော်သူ)
လိုက်ဖက်ခြင်းဂုဏ်ဒြပ်တွေနဲ့ 
နှစ်လွှာပေါင်းမှတစ်ရွက်

စွယ်တော်ရွက်သဏ္ဌန်
အစ်ကိုကျော်သူ
အစ်မ ရွှေဇီးကွက်တို့ မောင်နှံ
မင်္ဂလာသက် ၃၃နှစ် အတွင်း
ပရဟိတသက်က
ထက်ဝက်မျှ
ဝင်ရောက်ချင်းနင်းနေလေတော့
စံပြ ပရဟိတမောင်နှံ လို့ ပင်
ရည်ညွှန်းဂုဏ်တင်လိုက်ချင်စရာ...

သေချာတာပေါ့ဗျာ
တစ်ဘ၀လုံးစာ ပါရမီဖြည့်ဖက်
စံပြ ပရဟိတ တွဲလက်တစ်စုံဆိုတာ...

အပြာရောင်
မိုးသားကောင်းကင်တစ်ဝန်းဆီ
ငြိမ်းချမ်းရေးစပါးနှံကိုက်ချီပျံတက်သွားတဲ့
ဗြဟ္မစိုရ် ချိုးငှက်ဖြူရဲ့ 
တောင်ပံနှစ်ဖက်ဟာလည်း
စံပြပရဟိတမောင်နှံရဲ့ 
တွဲလက်တစ်စုံဆိုတာအသေအချာပါပဲ..။

မယ်က
ဘယ်ဘက်မှတောင်ပံခတ်မယ်ဆိုရင်
မောင်လည်း
ညာဘက်ကတောင်ပံအသင့်ပြင်
မောင်က တောင်ပံတစ်ချက်ခတ်ခဲ့ရင်
မယ်လည်းမပျက်ကွက်
လိုက်ပါတောင်ပံခတ်

ဘက်ညီညီတောင်ပံနှစ်ဖက်ဟာ
တဖျတ်ဖျတ်အသံပေး
ပြည်သူလူထုအရေး
မနှေးပေးဆပ်ခရီးဆက်ခဲ့ကြရာမှာ
အခက်အခဲတွေ ကြုံတွေ့ လည်း
နောက်မဆုတ်စတမ်း
ကျော်ဖြတ်ပျံသန်း
မုန်တိုင်းလည်း
အခါခါ
မီးပင်လယ်မှာလည်း
အကြိမ်ကြိမ်
ဖီးနစ်ငှက်အသွင်
အသက်ဆက် ပြန်ရှင်သန်ခဲ့ကြ

ငှက်ခတ်သမားတို့ 
လေးညို့ မောင်းတင်
ကျော့ကွင်းဆင်လည်း
ဆန်ရာလမ်းမှာအရှိန်ကိုမြှင့်တင်ခဲ့ကြ

အဆီးအတားလေအဟုန်ဟာ
တောင်ပံတစ်စုံကို
ပိုမိုသန်မာနိုင်စေခဲ့ကြတာသေချာပေမယ့်
ခရီးကြမ်းမမောမပန်းဆက်ခဲ့ရတဲ့
ဗြဟ္မစိုရ်ခရီးသွားငှက်ရဲ့ 
ပရဟိတတောင်ပံနှစ်ဖက်ကိုတော့ဖြင့်
ခြေကုန်လက်ပန်းကျလာမှာ
အစိုးရိမ်ကြီးစိုးရိမ်မိတာပေါ့ခင်ဗျာ။

ပရဟိတစံပြမောင်နှံရဲ့ တွဲလက်
ဗြဟ္မစိုရ်ခရီးသွားငှက်ရဲ့ တောင်ပံနှစ်ဖက်မှ
စည်းချက်ညီတောင်ပံခတ်တေးသံကို
မရပ်တန့် လိုက်စေလိုတာမို့ 
မညှာတာမစာနာဆန္ဒပြုတယ်ဆိုဆို
ယုံကြည်ကိုးစားမှုနဲ့ ကို
တောင်းဆိုလိုက်ချင်တာက
(ပြည်သူလူထုဘဝ
လူမူဒုက္ခအသီးသီးမှ
မလွတ်မြောက်သေးသမျှ)
အစ်ကိုနဲ့ အစ်မ
တွဲလက်တောင်ပံဆက်ခတ်ပေးနေပါဦး...လို့ ။ ။

ကိုမျိုး(မြန်မာစာ)
သြဂုတ် ၃၁ ရက်နေ့ သို့ ...။ ။

Photo..Ko Myo Myanmarsar
နောက်ကွယ်မှအင်အားများ...။
အောင်မြင်ကျော်ကြားသူတွေရဲ့ နောက်ကွယ်မှာ သူတို့  ဒီလိုလုပ်နိုင်ဘို့  အားအင်တွေနဲ့ လူမသိ သူမသိ ဖြည့်ဆီးပေးနေတဲ့သူတွေ အမြဲရှိပါတယ်။
အနုပညာရှင် မင်းသားကျော်သူ
ပရဟိတ ဖခင်ကြီး ဦးကျော်သူ
ဒီလိုအမည်တွေနဲ့  အမည်ရလာတာ ဦးကျော်သူကို နောက်ကွယ်ကနေ နွေးထွေးမှုတွေ နားလည်မှုတွေ အကြင်နာတွေနဲ့ ပံ့ပိုးကူညီနေတဲ့သူရှိလို့ ဆိုတာ ဒီပုံလေးက သက်သေပြလိမ့်မယ် ထင်ပါရဲ့ ။
ဒီပုံလေးကို အရှေ့ က ရိုက်မယ်ဆိုရင် မတွေ့ နိုင်တဲ့ နောက်ကွယ်ကအားဆေးတွေပါ။်(Thida သီတာ)

အခုဖြစ်နေပုံက စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ အမတ်နေရာ ၃၄ ရာခိုင်နှုန်းလေး ရလောက်အောင်တောင် ပြည်သူလူထု ထောက်ခံမှု ရအောင် မစွမ်းဆောင်နိုင်ဘူး လို့ သူတို့ဖာသာ သူတို့ ယူဆ ပြီး အမတ်နေရာ ပိုရနိုင်မယ့် PR စနစ်နဲ့ ရွေးကောက်ပွဲလုပ်ဖို့ အသည်းအသန် ကြိုးပမ်းလာခြင်းပဲ ဖြစ်ပါတယ်။

“ ဘယ်လောက် ဆန့်ကျင် ဆန့်ကျင် တစ်တိုင်းပြည်လုံးကို PR လုပ်မယ်”
စည်သူအောင်မြင့်
မြန်မာပို့စ် ဂျာနယ်၊ ၂၆-၈-၁၄။

အမျိုးသားလွှတ်တော် က ဖွဲ့စည်းပေးထားတဲ့ ကော်မရှင်ဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပတဲ့ခါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွေကလွဲပြီး မြန်မာတစ်နိုင်ငံလုံးမှာ PR လို့ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးသင့်တယ်လို့ ဆွေးနွေးဆုံးဖြတ်လိုက်ပါပြီ။ ဒါဟာ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ အပြင်းအထန် ကန့်ကွက်နေတဲ့ကြားက၊ ကော်မရှင်ကနေ အင်န်အယ်လ်ဒီ ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ နှုတ်ထွက်သည် အထိ ဆန္ဒပြမှုတွေ လုပ်ခဲ့တဲ့ကြားက အဲဒီ ဆုံးဖြတ်ချက် ချခဲ့တာဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ရဲ့ အသေးစိတ် အချက်အလက်တွေက ဘာလဲ၊ ပြည်ခိုင်ဖြိုးပါတီက ဘာကြောင့် ရွေးကောက်ပွဲမှာ PR စနစ်ကျင့်သုံးဖို့ အသည်းအသန် ဖြစ်နေရတာပါလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

တကယ်တော့ အမျိုးသားလွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ အဲဒီ ကော်မရှင်အနေနဲ့ ဘာတွေ ဆွေးနွေးတယ်၊ ဘာတွေ ဆုံးဖြတ်သလဲ ဆိုတာကို တရားဝင် ထုတ်ဖော်ပြောဆိုခွင့် ရှိတာတော့ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ဘာတွေ ဆုံးဖြတ်သလဲ အသေးစိတ် အချက်အလက် တိတိကျကျ ဘယ်သူမှ သိရတာမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကော်မရှင်ထဲ ပါဝင်တဲ့ ဦးဖုန်းမြင့်အောင်နဲ့ ဦးဗညားအောင်မိုး တို့ရဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေကို ဖြေကြားချက်တွေအရ တစ်စွန်းတစ်စ သိကြရတာ ဖြစ်ပါတယ်။

ဒီဇတ်လမ်း အစကို ပြန်ကောက်ရရင် ကျင်းပပြီးခဲ့တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ NDF အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ အမတ် ဒေါ်ခင်ဝိုင်းကြည်က PR လို့ ခေါ်တဲ့ ရွေးကောက်ပွဲ စနစ်နဲ့ ပါတ်သက်ပြီး အဆို တစ်ခု တင်ပါတယ်။ အဆို အပြည့်အစုံက ဒီလိုပါ။ “ လာမည့် ပါတီစုံ မည်သည့် ရွေးကောက်ပွဲများတွင်မဆို အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးရန် လွှတ်တော်က အဆုံးအဖြတ် ပေးပါရန်နှင့် ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများကို လိုအပ်သလို ဆက်လက်ဆောင်ရွက် ပေးပါရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အား တိုက်တွန်းကြောင်း” ဆိုတာပဲ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော် အတွင်း အဲဒီ အဆိုနဲ့ ပါတ်သက်လို့ ဆွေးနွေးငြင်းခုံ မဲခွဲဆုံးဖြတ်ပြီးနောက် အဆို အနိုင်ရ အတည်ဖြစ်လာပါတယ်။ ဒီလို အနိုင်ရ အတည်ဖြစ်လာပြီးတဲ့နောက် ဘယ်လို PR စနစ်မျိုးကို ကျင့်သုံးရင် သင့်မလဲ ဆိုတာ လေ့လာဖို့ ကော်မရှင် တစ်ရပ် ဖွဲ့စည်းပေးခဲ့ပါတယ်။ အဲဒီကော်မရှင်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးပြီးနောက် လာမယ့် ရွေးကောက်ပွဲတွေမှာ အမျိုးသားလွှတ်တော် အတွက် ကိုယ်စားလှယ်တွေ ရွေးချယ်ရာမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက လွဲပြီး တစ်တိုင်းပြည်လုံးမှာ PR စနစ်ကျင့်သုံးမယ်လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ တစ်တိုင်းပြည်လုံးမှာ PR စနစ် ကျင့်သုံးမယ် ဆိုပေမယ့် တိုင်းနယ်ပြည်နယ် ၁၄ ခု စလုံးကို ရောသမမွှေ ပေါင်းပြီး PR စနစ်နဲ့ မဲပေး၊ အချိုးကျ ခွဲယူဆိုတဲ့ စနစ်မျိုး လုပ်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ တိုင်းတစ်ခုချင်း၊ ပြည်နယ် တစ်ခုချင်းစီမှာပဲ PR စနစ် ကျင့်သုံးမယ်လို့ သိရပါတယ်။ ဥပမာအားဖြင့် မွန်ပြည်နယ် ဆိုရင် အရင်ကလို မဲဆန္ဒနယ် ၁၂ ခု ခွဲပြီး တစ်နယ်စီကနေ အမတ် တစ်ယောက် ရွေးချယ်ပေးတဲ့ ပုံစံမျိုး မလုပ်တော့ပါဘူး။ မွန်ပြည်နယ် တစ်ခုလုံးက ပြည်သူတွေရဲ့ မဲတွေ ကောက်ခံပြီး အဲဒီ ရလာတဲ့ မဲရလာဒ်တွေကို ပေါင်းစု၊ အချိုးကျ ခွဲပြီး အမတ် ၁၂ ယောက် ရွေးချယ် တင်မြှောက်မယ့် နည်းလို့ သိရပါတယ်။

နောက်တစ်ခု အခု ကျင့်သုံးမယ့် စနစ်ဟာ ပါတီအလိုက် PR စနစ်နဲ့ ပြိုင်ဆိုင်တာမျိုး မဟုတ်ပဲ Open List လို့ ခေါ်တဲ့ အမတ်တွေရဲ့ နာမည်စာရင်း ဖော်ပြပြီး ရွေးချယ်ခံခိုင်းမယ့် စနစ်မျိုး အသုံးပြုမယ်လို့လည်း ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီ Open List ဆိုတာဟာ ဘယ်လို ပုံစံလဲ ဆိုတာ သတင်းမီဒီယာတွေကို ဖြေတဲ့ ကော်မရှင် အဖွဲ့ဝင်တွေကိုယ်တိုင် တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။

ဥပမာအားဖြင့် ပါတီတစ်ခုဟာ သူတို့ပါတီ နာမည်တစ်ခုထဲနဲ့ မဟုတ်ပဲ သူတို့ ပါတီက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတွေကိုပါ ပြည်သူတွေ သိအောင် ကြေငြာမယ် လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ အင်န်အယ်လ်ဒီဟာ မွန်ပြည်နယ်မှာ အမတ် ၁၂ ယောက် စာရင်း တင်ရမှာဖြစ်သလို ပြည်ခိုင်ဖြိုး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီနဲ့ ပြိုင်မယ့် ပါတီတွေအားလုံး အဲလို ၁၂ ယောက်စီ တင်နိုင်ပါတယ်။ အဲဒီ စာရင်းကိုကြည့်ပြီး ပြည်သူတွေက မဲပေးကြရမှာ ဖြစ်ပါတယ်။ အမတ်စာရင်းကို ကြည့်ပြီး ပါတီတစ်ခုခုကို မဲပေးရမလား၊ ဒါမှမဟုတ် အမတ်လောင်း တစ်ယောက်ယောက်ကိုပဲ ရွေးချယ်ပြီး မဲပေးရမလား၊ ဒါမှမဟုတ် အမတ် စုစုပေါင်း ၁၂ ယောက် ခဲခြစ်ရွေးချယ် မဲပေးရမလား၊ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒါ့အပြင် အဲဒီ နည်းနဲ့ ရွေးကောက်ပွဲလုပ်ရင် ရှည်လျားတဲ့ များပြားလှတဲ့ အမတ်လောင်း စာရင်း ထွက်ပေါ်လာမှာဖြစ်ပါတယ်။ တိုင်း သို့မဟုတ် ပြည်နယ် တစ်ခုမှာ ပါတီတစ်ခုက အမတ်လောင်း ၁၂ ယောက် တင်မယ် ဆိုရင် ပါတီ ၁၀ ခုက ၀င်ပြိုင်ရင် အမတ်လောင်း ၁၂၀ ပါ။ ပါတီ ၂၀ ၀င်ပြိုင်ရင် အမတ်လောင်း ၂၄၀ ပါ။ ပါတီတွေ ဒီထက် ပိုများရင် အမတ်လောင်းစာရင်းလည်း ဒီထက် ပိုများမှာ ဖြစ်ပါတယ်။ ပြည်သူတွေက အဲဒီ စာရင်းကိုကြည့်ပြီး မဲပေးကြရပါမယ်။ အဲလို မဖြစ်အောင် လုပ်မယ်လို့ ကော်မရှင် အဖွဲ့ဝင်တွေက ဆိုပေမယ့် ဘယ်လို လုပ်ကြမလဲ ရေရေရာရာ မသိကြသေးပါဘူး။ နောက်ထပ် အသေးစိတ် ဆက်ဆွေးနွေးကြဦးမယ်လို့ ဆိုပါတယ်။

ပြောရရင် ရွေးကောက်ပွဲ မလုပ်ခင် ရှုတ်ကို ရှုတ်နေတဲ့ PR စနစ်ပါ။ တကယ်တော့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ နဲ့ ဝေးကွာနေခဲ့တာ ရာစုနှစ် တစ်ဝက်ကျော်နေပါပြီ။ ၁၉၈၈ စစ်တပ်က အာဏာသိမ်းပြီး ဒီကနေ့ အချိန်ထိ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကြီး နှစ်ကြိမ်နဲ့ ကြားဖြတ်ရွေးကောက်ပွဲ တစ်ကြိမ် ကျင်းပခဲ့ဖူးပါတယ်။ သုံးကြိမ်လုံး မဲဆန္ဒနယ်မြေ တစ်ခုမှာ မဲအများဆုံးရသူ အမတ်အဖြစ် အရွေးခံရတဲ့ နည်းနဲ့ ရွေးကောက်ပွဲ လုပ်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ အောင်မြင်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို စစ်အစိုးရက ကြိုးကိုင် ကျင်းပပေးခဲ့လို့ ပြသနာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် မဲအများဆုံးရသူ အမတ်ဖြစ်တဲ့ FPTP စနစ်ကြောင့်တော့ မဟုတ်ခဲ့ပါဘူး။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဆိုရင်လည်း ဒီ စနစ်နဲ့ပဲ အပစ်အနာအဆာ နည်းနည်းနဲ့ ကျင်းပနိုင်ခဲ့ပါတယ်။ အခုလို ဘာမှ ပြသနာမရှိတဲ့ စနစ်တစ်ခုကို စစ်ဗိုလ်ချုပ်ဟောင်းတွေ ခေါင်းဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီက PR စနစ်နဲ့ အစားထိုးဖို့ အသည်းအသန် လုပ်လာပါတယ်။
တကယ်ဆို လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေက အဲဒီ စစ်ဗိုလ်ချုပ်ဟောင်းတွေကို အသာစီး ပေးထားပြီး ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ အမတ် နေရာ ၃၄ ရာခိုင်နှုန်း လောက်နိုင်ရုံနဲ့တင် လွှတ်တော်ထဲမှာ တပ်မတော်သား အမတ်တွေနဲ့ ပေါင်းပြီး သမ္မတ တစ်ယောက် တင်မြှောက်နိုင်၊ အစိုးရဖွဲ့နိုင်တဲ့ အခွင့်အရေး ရှိနေပါတယ်။ အင်န်အယ်လ်ဒီသာဆို အမတ် ၆၇ ရာခိုင်နှုန်းလောက်နိုင်မှ အဲလို သမ္မတ တင်၊ အစိုးရဖွဲ့နိုင်မှာပါ။ အခုဖြစ်နေပုံက စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ အမတ်နေရာ ၃၄ ရာခိုင်နှုန်းလေး ရလောက်အောင်တောင် ပြည်သူလူထု ထောက်ခံမှု ရအောင် မစွမ်းဆောင်နိုင်ဘူး လို့ သူတို့ဖာသာ သူတို့ ယူဆ ပြီး အမတ်နေရာ ပိုရနိုင်မယ့် PR စနစ်နဲ့ ရွေးကောက်ပွဲလုပ်ဖို့ အသည်းအသန် ကြိုးပမ်းလာခြင်းပဲ ဖြစ်ပါတယ်။ ဒီ ကြိုးပမ်းမှုဟာ တိုင်းပြည် တည်ငြိမ်ရေးကို ပျက်ပြားစေနိုင်သလို၊ ပြည်သူတွေနဲ့ နိုင်ငံတကာက မျှော်လင့်တောင့်တ နေတဲ့ ၂၀၁၅ မှာ လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲ ကျင်းပ၊ အဲဒီ ရွေးကောက်ပွဲကမှ တဆင့် ပြည်သူ့ဆန္ဒကို ထင်ဟပ်တဲ့ သမ္မတ နဲ့ အစိုးရသစ် ပေါ် ဆိုတဲ့ အခြေအနေမျိုးကို ပျက်ယွင်းသွားစေနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။





ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေး ဥပဒေအရ အစိုးရ၊ ကုမ္ပဏီနှင့် ပုဂ္ဂ လိကဘဏ်များ၌ ကျပ်သိန်း တစ်ထောင်အထက် ငွေသွင်း၊ ငွေလွှဲပြု လုပ်မှုအား ၀န်ထမ်းများ သက်ဆိုင်ရာ အရာရှိများထံ ကြိုတင် သတင်းပို့ ခြင်းမရှိပါက ထောင်ဒဏ် ၇ နှစ်အ ထိ ကျခံရမည်ဖြစ်ကြောင်း ငွေကြေး ဆိုင်ရာ စုံစမ်းဆောင်ရွက်ရေးတပ်ဖွဲ့ မှူး၊ ဒုတိယရဲမှူးကြီး ကျော်ဝင်းသိန်း က ပြောသည်။

အလွန်အရေးကြီးသော သတင်း များအား ပေးပို့ရန် ပျက်ကွက်ပါက ထောင်ဒဏ်အပြင် ငွေ ဒဏ်ကျပ်သန်း ၅၀၀ အထိ ချမှတ်သွားမည်ဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦးသာမက အဖွဲ့အစည်း၊ အစိုးရ၊ ကုမ္ပဏီ၊ ပုဂ္ဂလိက၀န်ထမ်း များကိုလည်း ငွေကြေးခ၀ါချမှုအ တွက် လာဘ်ယူခြင်း၊ ပူးပေါင်း ပါဝင် ခြင်း၊ ဖုံးကွယ်ပေးခြင်း၊ အချက်အလက်များ လဲလှယ်ပေးခြင်းဖြင့် ထိမ်ချန်ထား ပါက ထောင်ဒဏ်များ ချမှတ်သွားမည်ဖြစ်ကြောင်း ၎င်းင်းကပြော သည်။

“ငွေကြေး ခ၀ါချမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်မှာ နိုင်ငံတော်ရဲ့ ငွေကြေး ဖောင်းပွမှု၊ နိုင်ငံ မတည်ငြိမ်မှု၊ စီးပွားရေး ယိုင်နဲ့မှုအပြင် လူမှုရေးပြဿနာများလည်း ဖြစ်လာ နိုင်ပါတယ်။ ဒါကြောင့် သတင်းပို့ဖို့ တာဝန်နဲ့ ကြိုတင်ကာကွယ်ရေးအ ပိုင်းကို စတင်ဆောင်ရွက်ရမယ်။ ဒါ ကြောင့် သက်မှတ်ငွေကြေး ပမာဏ ထက်ကျော်လွန်ပြီး ငွေပို့ငွေလွှဲလုပ် တာတွေ့ရင် သတင်းပို့ပေး ရမယ်။ မပို့ရင်တော့ ထောင်ဒဏ် ၃နှစ်မှ ၇ နှစ်အထိ ချမှတ်သွားမယ်”ဟု ဒုရဲမှူးကျော်ဝင်းသိန်း က ဆိုသည်။

ထို့ပြင် ၀န်ထမ်းများအနေဖြင့် လည်း သတ်မှတ်ထားသော ငွေကြေး ပမာဏထက် ပိုသော ငွေအား ပြည် တွင်းပြည်ပသို့ လွှဲပြောင်းပေးပို့ခြင်း တွင် သံသယရှိသူများ တွေ့ရှိပါက ကြိုတင် သတင်းပေးပို့ရမည်ဖြစ် ကြောင်း၊ အဆိုပါငွေကြေးပမာဏ မှာ မြန်မာနိုင်ငံတွင်း ကျပ်သိန်း တစ်ထောင်ဖြစ်ပြီး ပြည်ပမှ လွှဲပြောင်းငွေ ပမာဏ ဒေါ်လာနှစ်သောင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော သည်။

၎င်းငွေကြေး ခ၀ါချမှုများတွင် တ ရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ ၏ အရေးယူခံရခြင်း မှ ရှောင်ရှားနိုင်ရန်၊ ငွေရေးကြေးရေးစနစ်အတွင်း သို့ ရောက်ရှိစေရန်၊ လွယ်ကူစွာ သယ်ဆောင်နိုင်ရန်၊ ဘဏ်နှင့် ငွေရေး ကြေးရေးအဖွဲ့အစည်းများမှ မရိပ်မိ စေရန်၊ အလွယ်တကူ သိမ်းဆည်းခံရ ခြင်း မရှိစေရန်အတွက် ဇိမ်ခံပစ္စည်း များ၊ အဖိုးတန်ပစ္စည်းများ ၀ယ်ယူခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်း၊ ငွေချေးသက်သေခံလက်မှတ်၊ အာမခံ လက်မှတ် ကဲ့သို့သော ပစ္စည်းများ ၀ယ်ယူခြင်းတို့ ပါဝင်ကြောင်း ၎င်း၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးဥပဒေကို အစိုးရက ယခုနှစ်အတွင်း ထုတ်ပြန် ထားပြီး ဖြစ်သည်။

ရာစုသစ်

The Ladies News Journal


အနှစ် ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ်ကောက်ယူခဲ့တဲ့ သန်ကောင်စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁.၄ သန်းရှိတဲ့အကြောင်း လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီးက ဒီကနေ့ကြေညာလိုက်ပါတယ်။ အခုထုတ်ပြန်တဲ့ ရှေ့ပြေး လူဦးရေစာရင်းအရ မြန်မာနိုင်ငံမှာ အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် ၁.၇ သန်းပိုများနေတဲ့အကြောင်း၊ အခက်အခဲတွေကြောင့် စာရင်းမကောက်ယူနိုင်တဲ့ ရခိုင်၊ ကချင်နဲ့ ကရင်ပြည်နယ် ဒေသတချို့မှာရှိတဲ့ လူဦးရေကိုလည်း မြေပုံ၊ ရေတွက်တဲ့အကွက်အနေအထားအရ ထည့်တွက်ထားတာ ဖြစ်ကြောင်း ၀န်ကြီးဦးခင်ရီက ရှင်းလင်းပြောသွားခဲ့ပါတယ်။။ ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

ဒီနှစ် ၂၀၁၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ကနေ ဧပြီလ ဆယ်ရက်နေ့အထိ မြန်မာနိုင်ငံတဝှမ်း ကောက်ယူခဲ့တဲ့ ရှေ့ပြေးလူဦးရေစာရင်းကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီးဦးခင်ရီက အခုလို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

“မြန်မာနိုင်ငံနယ်နိမိတ်အတွင်းမှာ Census Night - လို့ခေါ်တဲ့ ၂၀၁၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ညမှာ ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံခြားသံရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒီပုဂ္ဂိုလ်တွေ ပါတဲ့စာရင်းသည် ရှေ့ပြေးလူဦးရေစာရင်း။ လက်နဲ့ပေါင်းထားတဲ့ လက်ပေါင်းဇယားကို စက်ထဲထည့်ပေါင်းပြီး တင်ပြထားတာ ဖြစ်ပါတယ်။ အဲဒီစာရင်းတွေအရ ကျနော်တို့ရဲ့ ရှေ့ပြေးလူဦးရေစာရင်းသည် စုစုပေါင်း တိုင်းပြည်မှာ မတ်လ ၂၉ ရက်နေ့ညမှာ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိတဲ့ သူတွေထဲမှာ ၅၁.၄၁ သန်း ရှိတယ်။ အဲဒီအထဲမှာ ယောက်ကျားလေးက ၂၁.၈ သန်း၊ မိန်းကလေးက ၂၆.၅ သန်း။ မြန်မာနိုင်ငံထဲမှာ မိန်းကလေးဦးရေ ပိုများတယ်။”
၂၀၁၄ ခုနှစ်ရဲ့ ရှေ့ပြေးလူဦးရေစာရင်း။၂၀၁၄ ခုနှစ်ရဲ့ ရှေ့ပြေးလူဦးရေစာရင်း။

ဒေသအခြေအနေအရ အခက်အခဲအမျိုးမျိုးကြောင့် သန်းကောင်စာရင်း ကောက်ယူနိုင်ခဲ့ခြင်းမရှိတဲ့ အခြေအနေနဲ့ပတ်သက်ပြီးလည်း ဝန်ကြီးဦးခင်ရီက အခုလို ရှင်းလင်းခဲ့ပါတယ်။

“ရခိုင်ပြည်နယ်မှာဆိုရင် အောက်က Grass Root Level၊ အောက်ခြေမှာ ကျနော်တို့တွေ့တယ်။ အောက်ခြေမှာ ကျနော်တို့တွေ့တယ်၊ စည်းရုံးတယ်။ ဒီဥစ္စာ ခင်ဗျားတို့အတွက် ကောက်တဲ့ကိစ္စ- လက်ခံပေးဖို့၊ ပန်ကြားတယ်၊ တောင်းပန်တယ်၊ ညှိနှိုင်းတယ်။ အလားတူပဲ အလယ်အလတ်အဆင့် အရာရှိများ၊ ဒုတိယဝန်ကြီးများ ခေါင်းဆောင်ပြီးတော့ အဲဒီ ခရိုင်သုံးခုမှာရှိတဲ့ ဘာသာရေးဆိုင်ရာ အကြီးအကဲတွေ၊ ဒေသခံ ဘင်္ဂလီရွာတွေနဲ့ ကျနော်တို့ အုပ်စုတွေနဲ့ ညှိပါတယ်။ နောက် အဆင့်တဆင့်မှာလည်း ကျနော်တို့ Third party တွေခံပြီးတော့ ညှိနှိုင်းမှုတွေ လုပ်ပါတယ်။ သို့သော်လည်း Technical Delay ကာလရဲ့နောက်ဆုံးရက်ဖြစ်တဲ့ ဂျွန်လ ၁၄ ရက်နေ့ အထိ အဲဒီနေရာတွေမှာ ကျနော်တို့ ကောက်လို့ မရတဲ့ သဘောဖြစ်ပါတယ်။ အလားတူပါပဲ၊ ကချင်ပြည်နယ်မှာကျန်သေးတဲ့ ကျေးရွာအုပ်စု ၂၅ အုပ်စု၊ အဲဒီ ၂၅ အုပ်စုမှာလည်း ညှိနှိုင်းရေးမှာ ဗိုလ်ချုပ်ဂွမ်မော်နဲ့ ကြိမ်ဖန်များစွာ ညှိပါတယ်။ စာတွေ ပေးပါတယ်။ ငြိမ်းချမ်းရေး အကျိုးဆောင်တွေကတဆင့် ကျနော်တို့ စာပေးပါတယ်၊ ပို့ပါတယ်။ သို့သော်လည်း ကချင်တိုင်းရင်းသားတွေဘက်ကတော့ ဒီတခါတော့ ပူးပေါင်းဆောင်ရွက်ဖို့ အနည်းငယ် ခက်ခဲနေပါတယ်။ နောက်တကြိမ်တော့ ပူးပေါင်းဆောင်ရွက်ပါရစေ-ဆိုတဲ့ ပြန်စာနဲ့ပဲ အဲဒီဘက်ကိုလည်း ကျနော်တို့ မလုပ်လိုက်နိုင်ပါဘူး။”

UNFPA ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဂျဲနက်၊ ဂျက်ဆင်ကလည်း မြန်မာ့ပြုပြင် ပြောင်းလဲရေးမှာ ဖွံ့ဖြိုးမှုလုပ်ငန်းတွေ တိုးတက်နိုင်ဖို့ လူဦးရေစာရင်းနဲ့ လူနေမှုဘဝအခြေအနေစစ်တမ်းတွေက အရေးကြီးတဲ့အကြောင်း အခုလို ပြောပါတယ်။

“ဒီလို သန်းကောင်စာရင်းကောက်ယူတာဟာ အကူအညီလိုအပ်နေတဲ့ လူထု ဖွံ့ဖြိုးမှုအတွက် လမ်းကြောင်း ဖွင့်ပေးတဲ့သဘောဖြစ်ပါတယ်။ လတ်တလော ဖော်ဆောင်နေတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးဟာ စီးပွားရေး၊ ဖွံ့ဖြိုးမှုနဲ့ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေလည်း ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း သာယာဝပြောရေးအတွက် ဖွံ့ဖြိုးရေးဟာ အခရာကျပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးမှုတွေ လုပ်ပေးနိုင်ဖို့ သူတို့တတွေ ဘယ်မှာ ရှိကြတယ်၊ ဘယ်လို အသက်မွေး ဝမ်းကျောင်းတွေ လုပ်ကြတယ်၊ ပညာရေး၊ ကျန်းမာရေး အခြေအနေက ဘယ်လိုလဲဆိုတာကို စစ်တမ်းတွေ ကောက်ယူဖို့ လိုပါတယ်” လို့ ပြောသွားခဲ့တာပါ။

ဒီကနေ့ ထုတ်ပြန်တဲ့လူဦးရေစာရင်းထဲမှာ မြန်မာသံရုံးဝန်ထမ်းတွေကလွဲလို့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ထည့်သွင်း ရေတွက် ထားခြင်း မရှိသေးပါဘူး။ သန်းကောင်စာရင်းကောက်ယူတုန်းက မေးမြန်းခဲ့တဲ့ လူမှု စီးပွား စစ်တမ်းမေးခွန်း (၄၀) ပါ အချက်အလက် စုစည်းချက်တွေကိုတော့ ၂၀၁၅ မေလမှာ ထုတ်ပြန်နိုင်မယ်လို့ ခန့်မှန်းထားတဲ့အကြောင်းလည်း ဝန်ကြီးဦးခင်ရီက ပြောဆိုခဲ့ပါတယ်။

တခြားနိုင်ငံသားခံယူထားတဲ့ ပြည်ပရောက် မြန်မာလူမျိုးတွေ ပြုပြင်ပြောင်းလဲရေးမှာ ပူးပေါင်းပါဝင်ကြဖို့ မြန်မာအစိုးရက ဖိတ်ခေါ်ခဲ့တာနဲ့ ပတ်သက်ပြီး အခုလက်ရှိ မြန်မာပြည်သားအဖြစ် ပြန်လည် လက်ခံနေတဲ့အခြေအနေနဲ့ ပတ်သက်လို့ ဝန်ကြီးဦးခင်ရီက အခုလို ရှင်းလင်း ပြောဆိုသွားပါတယ်။

“နိုင်ငံသားပြန်ဖြစ်ဖို့က အပေါက်ကလေး တစ်ပေါက်ပဲရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ၈၁ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ (၈) က-ကြီးမှာ ‘နိုင်ငံတော်အကျိုးငှာ’…ဆိုတဲ့ အချက်ပေါ်မူတည်ပြီးတော့ နိုင်ငံတော်သမ္မတကြီးကဖြင့် - ဒီပုဂ္ဂိုလ်တွေဟာ နိုင်ငံတော်အကျိုးအတွက် ငါတို့ လက်ခံကြစို့၊ အမျိုးသား ရင်ကြားစေ့ရေး အစီအမံအရ ပြန်ပြီး လက်ခံကြစို့-ဆိုတဲ့မူအရ ပြန်ပြီးတော့ ခေါ်တဲ့၊ လက်ခံတဲ့လူကိုသာလျှင် ကျနော်တို့ ပြန် စဉ်းစားလို့ရပါတယ်။ အဲဒီတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက အဲလိုပုဂ္ဂိုလ်မျိုးကို နှစ်နိုင်ငံသားခံခွင့်မရှိဘူးဆိုတဲ့ ဥပဒေအရ ဟိုနိုင်ငံသားစွန့်လွှတ်တဲ့ကိစ္စတွေ၊ ဒီကို ပြန်ပို့တဲ့ကိစ္စတွေ ကျနော်တို့က တာဝန်ယူပြီးလုပ်ပါတယ်။

“ပြည်ထဲရေး ဝန်ကြီးဌာနကတော့ ပြန်လာတဲ့ပုဂ္ဂိုလ်တွေမှာ ရာဇဝတ်ကြောင်းအရ အရေးယူဖို့ လိုသလား၊ လူတွေတအားသတ်သွားတယ်၊ စသည်ဖြင့် တချို့ Criminal case တွေ ရှိတဲ့လူကလွဲလို့- ရှိရင်တော့ ရှိသလိုပေါ့။ အဲဒီလို စစ်ပြီးတော့ ကျနော်တို့က အခုနကပြောတဲ့ ပုဒ်မ (၈) အရ နိုင်ငံတော်သမ္မတကြီးက လက်ခံပြီဆိုရင် ဟိုနိုင်ငံသားကိုစွန့်၊ ဒီနိုင်ငံသားပြန်လျှောက်၊ ဒီနိုင်ငံမှာ ချမှတ်ထားတဲ့ တည်ဆဲ ဥပဒေတွေကို လိုက်နာမယ်ဆိုတဲ့အကြောင်းကို ကျမ်းသစ္စာကျိန်ဆိုပြီးရင် ဒီနိုင်ငံသားအဖြစ် ပြန်ပေးပါတယ်။ အဲဒီတော့ တရားဝင် လျှောက်ထားတာ ၁၆၈ ယောက် ရှိပါတယ်။ သမ္မတကြီးဆီက ခွင့်ပြုတာ ၆၈ ယောက်ရှိပါတယ်။ ကျန်တဲ့လူတွေက စိစစ်ဆဲဖြစ်ပါတယ်။”

အခု မြန်မာနိုင်ငံမှာကောက်ယူခဲ့တဲ့ နည်းစနစ်တွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ပညာပေးအစီအစဉ်တွေ၊ စေတနာ့ဝန်ထမ်းတွေ၊ တာဝန်ရှိသူတွေရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ နိုင်ငံတကာ ကျွမ်းကျင်အကဲခတ်တွေက နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ လေ့လာ ဆန်းစစ်ခဲ့ကြတယ်လို့ UNFPA ရဲ့ ဒီကနေ့ ကြေညာချက်မှာလည်း ဖော်ပြထားပါတယ်။ ၂၀၁၄ ခုနှစ် သန်းကောင်စာရင်း ကောက်ယူရေး အတွက် မြန်မာအစိုးရက အမေရိကန်ဒေါ်လာ ၁၅ သန်းနဲ့ညီမျှတဲ့ မြန်မာကျပ်ငွေကို သုံးစွဲခဲ့ပြီး UNFPA ရဲ့ကြီးကြပ်မှုနဲ့ နိုင်ငံတကာ အလှူရှင်တွေရဲ့ ရန်ပုံငွေတွေနဲ့လည်း ပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။ ရှေ့ပြေးလူဦးရေစာရင်းအရ လူဦးရေအများဆုံးဟာ ရန်ကုန်တိုင်း ဖြစ်ပြီးတော့ ဒုတိယလူဦးရေအများဆုံးက ဧရာဝတီတိုင်းနဲ့ တတိယလူဦးရေအများဆုံးကတော့ မန္တလေးတိုင်းဖြစ်ပြီး လူဦးရေ အနည်းဆုံးကတော့ ကယားပြည်နယ်ဖြစ်တယ်လို့ သန်းကောင်စာရင်းမှာ ဖော်ပြထားပါတယ်။
VOA

အီဘိုလာ ရောဂါကို တွေ့ရှိခဲ့တဲ့ ပါမောက္ခ ပီတာ ပီးရော့ က စမ်းသပ်ဆဲ ဆေးဝါး ရလဒ်တွေဟာ အီဘိုလာ ရောဂါကုသဆေး ဖြစ်ဖို့ မျှော်လင့်ချက်ရှိတယ်လို့ ပြောပါတယ်။

လက်ရှိလန်ဒန် တကိုယ်ရည်သန့်ရှင်းရေးနဲ့ အပူပိုင်းရောဂါဆိုင်ရာ ကျောင်းရဲ့ ညွန်ကြားရေးမှူးက တရုတ်ရုပ်သံ စီစီတီဗွီ နဲ့ အင်တာဗျူးမှာ မှတ်ချက်ပေးတာပါ။

ဒါပေမ့ယ် အမေရိကန် လူမျိုးဆရာဝန်နှစ်ယောက် အီဘိုလာရောဂါခံစားနေရာကနေ သက်သာပျောက်ကင်းတာတခုတည်းနဲ့ ဆေးဝါးရဲ့ ထိရောက်မှုကို အတည်မပြုနိုင်သေးဘူး လို့လည်း ပြောပါတယ်။

အရင်က စပိန် ဘုန်းတော်ကြီးနဲ့ လိုက်ဘေးရီးယန် ဆရာဝန်တို့ကို တူညီတဲ့ဆေးနဲ့ ကုသခဲ့ပေမယ့် ၂ ယောက်စလုံး သေဆုံးခဲ့တာကို ထောက်ပြပါတယ်။
ဒါပေမ့ယ် မျောက်တွေနဲ့ စမ်းသပ်နေတဲ့ ရလဒ်တွေမှာ သတင်းကောင်းတွေ ရခဲ့တယ်လို့ ဆိုပါတယ်။ အီဘိုလာ ရောဂါ အများဆုံး ငါးရက်အထိ ကူးစက်ခံစားနေရတဲ့ မျောက် ၁၈ ကောင်ကို စမ်းသပ်ကုသကြည့်တဲ့ အခါမှာ မျောက် ၁၈ ကောင်ကို စမ်းသပ်ကုသကြည့်တဲ့အခါမှာ တကောင်မှ မသေခဲ့တာကို ထောက်ရင် မျှော်လင့်ချက်ရှိတဲ့ သဘောပဲလို့ ပြောပါတယ်။

လက်ရှိ အီဘိုလာ ကူးစက်မှုဟာ အကျယ်ပြန့်ဆုံးနဲ့ အချိန်အကြာဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်း၊ ဒေသအစိုးရတွေ၊ နိုင်ငံအစိုးရတွေ၊ ဒေသ အန်ဂျီအိုတွေက ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းနဲ့ပဲ ရောဂါကို ထိန်းချုပ်နိုင်မယ်လို့ ဆိုပါတယ်။

ဒီလောက်ဆိုးရွားတဲ့ အခြေအနေကို ရောက်ခဲ့ရတာကလည်း လိုက်ဘေးရိးယား၊ ဆီယာလီယွန်တို့မှာ ပြည်တွင်းစစ်ဒဏ်ကြောင့် ကျန်းမာရေးစနစ်တွေ ဖရိုဖရဲ ဖြစ်နေရတဲ့အကျိုးဆက်ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

အခုနောက်ဆုံး အီဘိုလာ ရောဂါကူးစက်မှုကြောင့် အနောက် အာဖရိက နိုင်ငံတွေမှာ ဒီနှစ်တွင်း သေဆုံးသူ ၁၅၀၀ ကျော် ရှိသွားပါပြီ။

dvb

မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တ.က.သ)များကွန်ရက် - မုံရွာသည် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်သော အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ကြောင်း မုံရွာမြို့တွင်းသို့လှည့်လည်၍ ဆန္ဒထုတ်ဖော်ကြသည်။

Photo : Aung Nay Myo.Nay Thiha

လက်ရှိ ရွေးကောက်ပွဲစနစ်နဲ့သွားလို့ အင်အားကြီး ပါတီတွေက အာဏာရှင်ပုံစံ ပေါက်လာမယ် ဆိုတာက မရောင်ရာဆီလူးတဲ့ သဘောပဲ”

၂၀၁၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် အချိန်ကာလ တဖြည်းဖြည်း နီးကပ် လာသည်နှင့်အတူ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ သည်လည်း အရှိန်အဟုန် မြင့်တက်လာခဲ့သည်။ ထိုရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များတွင် လက်ရှိ အချိန်၌ အရေးတကြီး အဖြစ်ဆုံးသော ကိစ္စတစ်ရပ်မှာ အချိုးကျ ကိုယ်စားပြုစနစ် (PR) ဆိုင်ရာ ကိစ္စရပ်ဖြစ်သည်။ လာမည့် ရွေးကောက် ပွဲများတွင် PR စနစ် ကျင့်သုံးနိုင်ရန် ကြိုးပမ်းနေကြသော နိုင်ငံရေး အင်အားစုများကလည်း အင်အား ကောင်းကောင်း ဆောင်ရွက် နေကြသလို PR စနစ်ကို လက်မခံသည့် အင်အားစုများ ဘက်မှလည်း အားကောင်းမောင်းသန် ကန့်ကွက် တားဆီးလျက် ရှိကြသည်။ ထိုအခြေအနေတွင် မြန်မာနိုင်ငံ ၏ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေး အခင်းအကျင်း အတွင်း PR စနစ် သွတ်သွင်းလာခြင်း နောက်ကွယ်၌ နိုင်ငံရေး ကစားကွက်များနှင့် ရှုပ်ထွေးမှုများ ရှိနေကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူများက တညီတညွတ်တည်း နီးနီးမျှ ဝေဖန် သုံးသပ်လျက် ရှိကြသည်။ အဓိက အနေဖြင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ် အနိုင်ရရှိ သွားခဲ့ခြင်းနှင့် ဆက်စပ်လျက် ရှိနေခြင်းဖြစ်သည်။ မည်သို့ဆိုစေကာမူ လက်ရှိတွင် PR စနစ်နှင့် ပတ်သက်၍ လွှတ်တော် အဆုံးအဖြတ်များ ခံယူရန် စောင့်ဆိုင်းနေရသည့် အခြေအနေသို့ပင် ဆိုက်ရောက် နေခဲ့ပြီဖြစ်သည်။ ထို့ပြင် PR စနစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အငြင်းပွားဖွယ် အခြေအနေ လည်း ရှိနေသေးသည်။ ထိုအခြေအနေများအတွင်း PR စနစ်ကို အဓိက ကန့်ကွက်လျက်ရှိသော နိုင်ငံရေး အင်အားစု တစ်ရပ်ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် ဖြစ်သလို၊ လက်ရှိ လွှတ်တော်မှ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှု ကော်မတီဝင် တစ်ဦးလည်းဖြစ်သည့် ပုသိမ်မဲဆန္ဒ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်နှင့် ပြောကြားဖြစ်ခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

● ရွေးကောက်ပွဲစနစ်အတွက် အခုပြည်သူ့ လွှတ်တော်မှာလည်း ကော်မတီ ဖွဲ့ထားတယ်၊ အမျိုးသား လွှတ်တော် မှာကတော့ တိုင်းဒေသကြီးတွေမှာ PR စနစ် ကျင့်သုံးဖို့ အမျိုးသားလွှတ်တော် ကော်မတီက ဆုံးဖြတ် ထားတယ်။ အခုအခြေအနေအတွင်းမှာ အဖွဲ့ချုပ်ကရော PR နဲ့ ပတ်သက်ပြီး သဘောထား ပြောင်းလဲမှု ရှိပါသလား ခင်ဗျ။

အဖွဲ့ချုပ်ကတော့ PR နဲ့ ပတ်သက်လို့ လုံးဝ ကန့်ကွက်တယ်။ သဘောထား ပြောင်းလဲမှု မရှိဘူး။

● အခု ဖြစ်ပေါ်နေတဲ့အခြေအနေက တစ်ဖက် PR စနစ် လိုလားသူတွေဘက်က မဖြစ်မနေ အကောင်အထည် ဖော်ဖြစ်အောင် လုပ်လာတဲ့ သဘောမျိုးတွေ တွေ့ရတယ်။ PR အပေါ် အဖွဲ့ချုပ်က သဘောထား မပြောင်းဘူး ဆိုတော့ ဘယ်လိုအချက်တွေကို အခြေပြုပြီး တားဆီးနိုင်ဖို့ရှိမလဲ။

အန်ကယ်လ်တို့နိုင်ငံက FPTP စနစ်နဲ့ မဲများသူ အနိုင်ယူ စနစ်နဲ့ လွတ်လပ်ရေး ရပြီးတည်းက လာလိုက်တာ အခုထိ ဒီအတွေ့အကြုံနဲ့ပဲ ရှိသေးတယ်။ ဒါကြောင့်မို့လို့ ၁၉၉၀ ရော၊ ၂၀၁၀ ရော၊ ၂၀၁၂ ရောပေါ့။ အဲဒါတောင်မှ ဝေးလံခေါင်းပါးတဲ့ ဒေသက ပြည်သူလူထုက FPTP စနစ်တောင်မှ ကျကျနန မဲမပေး တတ်သေးဘူး။ PR စနစ်ဆိုရင်တော့ ပိုဆိုးသွားမယ်။ ကမ္ဘာမှာတောင်မှ တကယ့်ဒီမိုကရေစီ နိုင်ငံကြီးတွေဟာ PR စနစ် မကျင့်သုံးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အင်မတန် ရှုပ်ထွေးတဲ့ စနစ်ဖြစ်တာကိုး။ ဒါတစ်ခုပေါ့။ နောက်တစ်ခု အန်ကယ်လ်တို့က လုံးဝ ဒါကို ကန့်ကွက်တယ် ဆိုတာက အန်ကယ်လ်တို့ အဖွဲ့ချုပ် စတည် ထောင်တည်းကိုက ၈၈ မှာ ရဟန်းရှင်လူ၊ ပြည်သူ၊ ကျောင်းသား၊ ကျောင်းသူတွေက အသက်သွေးချွေးတွေ ပေးခဲ့တာ ဒီမိုကရေစီ လိုချင်လို့။ ဒီမိုကရေစီ လိုချင်လို့ ပေးခဲ့တယ်ဆိုတော့ အန်ကယ်လ်တို့က အဖွဲ့ချုပ်ကို စတည်ထောင်တည်းကိုက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဆိုပြီး တည်ထောင်တာ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီမိုကရေစီ လိုချင်တဲ့ တိုင်းရင်းသား လူမျိုးစု အားလုံးပေါ့နော် ပြည်သူတွေ အားလုံး ပါဝင်တဲ့ League ပေါ့နော် အဖွဲ့ချုပ်ကြီး ဖြစ်အောင် တည်ထောင်တာ။ အဲဒီတော့ တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုပြီးတော့ တည်ထောင်တာ။ ရဟန်းရှင်လူ၊ ပြည်သူ၊ ကျောင်းသား၊ ကျောင်းသူတွေ အသက်သွေးချွေးတွေနဲ့ ပေးပြီးတော့ ဒီမိုကရေစီ ခရီးကြမ်းကြီးကို အန်ကယ်လ်တို့ အဖွဲ့ချုပ်က ဆက်လျှောက်တာ။ ဆက်လျှောက်တယ်ဆိုတာ ဒီမိုကရေစီ ရရှိဖို့က အန်ကယ်လ်တို့ ပန်းတိုင်။ အန်ကယ်လ်တို့ရဲ့ ပန်းတိုင်က အဖွဲ့ချုပ် စတည်ထောင် တည်းကိုက နှစ်ခု အဓိကထားတယ်။ တစ်ခုက မည်သည့်အခါမျှ အာဏာရှင်စနစ် ပြန်လည်ထွန်းကားခြင်း မရှိစေရ။ နောက်တစ်ခုက စစ်မှန်၍ အခြေခံ လူ့အခွင့်အရေးများကို အာမခံမည့် စစ်မှန်သည့် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရန်ဆိုတာ။ ဒါ အန်ကယ်လ်တို့ အဖွဲ့ချုပ် စတည်ထောင်တည်းကိုက မူဝါဒရှိတယ်။ ဒီမူဝါဒတွေနဲ့ အန်ကယ်လ်တို့က တောက်လျှောက် ရပ်တည်ထားတာ။ တောက်လျှောက် ရပ်တည်လာတဲ့ အခါကျတော့ ဒီလို အချိုးကျ စနစ်သွားမယ်ဆိုရင် အခုနဟာတွေက ရောက်နိုင်တဲ့ အနေအထားမရှိဘူး။

ဘာဖြစ်လို့လဲဆိုရင် ဥပမာ PR စနစ် ကျင့်သုံးမယ်ဆိုရင် အန်ကယ်လ်တို့က ၆၀ ရာခိုင်နှုန်း ရတယ်ထား၊ တခြား ပါတီက ၃၀ ရာခိုင်နှုန်း ရတယ်ထား။ ဒါမှမဟုတ်ရင် ဒီမိုကရေစီ လိုလားတဲ့ ပါတီကြီးတစ်ခုခုက ၆၀ ရာခိုင်နှုန်း ရပြီးတော့ အခြား ပါတီက ၃၀ ရာခိုင်နှုန်း ရတယ်ထား။ တိုင်းရင်းသားတွေက အားလုံးစုပြီး ၁၀ ရာခိုင်နှုန်း ရတယ်ထား။ အဲဒီမှာ တွက်ကြည့် လိုက် ၆၀ ဆိုရင် ဘယ်လောက်နိုင်မလဲ။ ပါလီမန် seat ၃၃၀ နဲ့ဆိုရင် ၁၉၈ ယောက်ရမယ်။ ၃၀ ရာခိုင်နှုန်းက ၉၉ ယောက်ရမယ်။ ၁၉၈ ယောက်နဲ့ ၉၉ နဲ့က ၁၀၀ လောက် ကွာတယ်လို့ အမှတ်တမဲ့တော့ ထင်ကောင်း ထင်မယ်။ သို့သော် အန်ကယ်လ်တို့ ပြောချင်တာက တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ၁၁၀ က အခုန ၉၉ ဦး ရတဲ့ပါတီကို ကျောကပ်လိုက်ရင် ၂၁၀ သူက majority ဖြစ်မယ်။ ရိုးရိုးရှင်းရှင်းလေး။ အဲဒီအခါ ကျတော့ လွှတ်တော်မှာ ဒီမိုကရေစီ ကျင့်စဉ်တွေနဲ့ညီတဲ့ ဥပဒေပြဋ္ဌာန်းဖို့ ဆိုတာလည်း အခက်အခဲဖြစ်မယ်။ ဒီအတိုင်းပဲ အစိုးရမှာလည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို သွားချင်တဲ့ အစိုးရ အနေနဲ့လည်း အဲဒီတော့ ဘယ်သူ့အပေါ် မူတည်လဲဆိုတော့ တတိယ အဖွဲ့အစည်းဖြစ်တဲ့ အင်အားစုပေါ် မူတည်တယ်။ အဲဒီတတိယ အဖွဲ့အစည်းဖြစ်တဲ့ အင်အားစုက ဒီမိုကရေစီ လိုချင်လား၊ မလိုချင်လားဆိုတာ အားလုံးက သိတယ်။ အဲဒီလို ကျောကပ်လိုက်တဲ့ အပေါ်မှာပဲ မူတည်တယ်ဆိုရင် အန်ကယ်လ်တို့ သွားချင်တဲ့ ဒီမိုကရေစီ ရောက်ဖို့ဆိုတာ မလွယ်ဘူး။ အန်ကယ်လ်တို့ မူဝါဒ ချတည်းကိုက ရှိတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အာမခံချက်ရှိဖို့၊ ရဖို့ ဆိုတာလည်း မလွယ်ဘူး။

နောက်တစ်ခုက အဖွဲ့ချုပ်က တောက်လျှောက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အမြဲဦးထိပ်ထားတယ်။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲ ၀င်တည်းကိုက တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး။ ပြည်တွင်း ငြိမ်းချမ်းရေး ဆိုတာက တိုင်းရင်းသား စည်းလုံး ညီညွတ်မှ ရမယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ဆိုတာက အခုနလို ရွေးကောက်ပွဲ စနစ်တွေကအစ တရားမျှတရမယ်၊ လွတ်လပ်ရမယ်၊ တန်းတူညီမျှတဲ့ အခွင့်အရေးရှိရမယ်။ PR စနစ်ကတော့ ဘယ်လိုဖြစ်လဲ ဆိုတော့ ခုနပြောသလို သင်္ချာနည်းနဲ့ပဲ ရိုးရိုးလေး တွက်ပြမယ်၊ အခုဆိုရင် အန်ကယ့်လ်ဆီမှာတော့ data အပြည့်အစုံ ရှိတယ်နော်။ ကချင်ပြည်နယ်တို့၊ ရှမ်းပြည်နယ်တို့၊ ကရင်ပြည်နယ်တို့၊ ကယား ပြည်နယ်တို့ တချို့ မဲဆန္ဒရှင်က ထောင်ဂဏန်းလေးပဲ ရှိတယ်။ တချို့က သောင်းဂဏန်းတောင် မကျော်ဘူး ရှိတယ်။ ဆိုတဲ့ အခါကျတော့ PR စနစ်ကို တွက်ပြမယ်။ PR စနစ်က ပါလီမန် အမတ်နေရာက ၃၃၀ အသေထားထားတာ ဖွဲ့စည်းပုံပါ။ ၃၃၀ ကို ၂၀၁၀ တုန်းကဆိုရင် မဲပေးပိုင်ခွင့်ရှိသူက ၂၇ သန်းကျော်ကျော် ရှိတယ်။ အခု ၂၉ သန်းပဲထား။ ၂ သန်းတိုးတယ်ထား။ နောက်ဆုံး သန်း ၃၀ ရှိတယ်ထား ပါလီမန် seat ၃၃၀ နဲ့ တွက်လို့ရှိရင် ကိုယ်စားလှယ် တစ်ယောက် တစ်ယောက်ရဲ့ မဲအချိုးက ဘယ်လောက်ရမလဲ။ ရှစ်သောင်းခွဲနဲ့ ကိုးသောင်း ကြားမှာ ရှိတယ်။ အဲဒီတော့ ခုနလို ရှမ်းပြည်နယ် လိုဟာမျိုး ၁၀ နေရာလောက်ပေါင်းမှ၊ ၁၂ နေရာလောက် ပေါင်းမှ ရှစ်သောင်းလောက် ရှိတယ်။ ဆိုတဲ့အခါကျတော့ အခုဟာက မဲဆန္ဒရှင်က ထောင်ဂဏန်း သောင်း ဂဏန်းလေးနဲ့ မဲဆန္ဒတစ်နယ်ဆိုတော့ ကိုယ်စားလှယ် တက်လာနိုင်သေးတယ်။ FPTP စနစ်ကျတော့ တစ်ဝက်ပဲ နိုင်နိုင် ၅ ယောက် ၆ ယောက်ရမယ်။ ယုတ်စွအဆုံး လေးပုံတစ်ပုံနိုင်ဦး သုံးလေးယောက်ရမယ်။ အခုဒီဟာကျတော့ PR စနစ်ကို မဲအချိုးအစားလိုက် ယူမယ်ဆိုရင် သူတို့ရဲ့ မဲဆန္ဒနယ်က တစ်ယောက်ပဲ ရတော့မယ်။ တစ်ယောက်ပဲ ရတော့မယ့် အခါကျတော့ အခုနကလို မဲဆန္ဒနယ် ၁၀ နေရာ၊ ၁၂ နေရာဟာ တစ်ယောက်စာ ဖြစ်သွားပြီ။

ဆိုတဲ့အခါကျတော့ တိုင်းရင်းသား တွေကလည်း သူတို့သိတယ်။ မြင်တယ်။ နောက်တစ်ခုက တက်လာတဲ့အခါကျတော့ သူ့နယ်နဲ့သူ တိုင်းရင်းသား မျိုးနွယ်စုတွေ ရှိတယ်။ အဲဒီ တိုင်းရင်းသား မျိုးနွယ်စုတွေက သူ့နယ်မှာတော့သူ နိုင်မယ်။ လွှတ်တော်ထဲ ရောက်လာတဲ့အခါ သူတို့ရဲ့ လူမျိုးဆိုတဲ့ နာမည်က ရှိတယ်။ ဟိုအခါကျတော့ အဲလိုမျိုး ရွေးလိုက်တော့ တစ်ယောက်ပဲ တက်လာမယ်။ မျိုးနွယ်စုတွေက တက်မလာနိုင်ဘူး။ သူတို့ရဲ့ လူမျိုးနာမည်က မရှိတော့ဘူး။ တိုင်းရင်းသား စည်းလုံး ညီညွတ် ရေးကိုလည်း အန်ကယ်လ်တို့က အဲလောက်ထိ အဓိကထားတယ်။ အခုနပြောသလို အာဏာရှင်စနစ်ကို ပြန်ပြီးတော့ မရောက်သွားအောင်လည်း အန်ကယ်လ်တို့က အဓိကထားတယ်။ အဲဒီတော့ အန်ကယ်လ်တို့ လိုချင်တာက ဒီမိုကရေစီနိုင်ငံ ဖြစ်စေချင်တယ်။ ဒီတစ်ခု။ နောက်အန်ကယ်လ် အဓိကထား ပြောချင်တာက အန်ကယ်လ်တို့ရဲ့ အရှေ့တံခါးနဲ့ အနောက်တံခါးကိုကြည့်၊ ဟိုဘက်မှာသန်းပေါင်း ၁၃၀၀ လောက်ရှိတယ်။ ဒီဘက်မှာလည်း သန်းပေါင်း ၁၂၀၀ လောက်ရှိတယ်။ အန်ကယ်လ်တို့ လူဦးရေက ပမွှားလောက်ပဲ ရှိတယ်။ အဲဒီအရှေ့တံခါးနဲ့ အနောက်တံခါးကို အခုလက်ရှိ ပစ္စက္ခ အခြေအနေပဲ ကြည့်လိုက်၊ ကြည့်လိုက်လို့ ဘာဖြစ် လာမလဲလို့မေးရင် အဲဒီ PR စနစ်ကြောင့် အချိုးကျရမယ်ဆိုပြီးတော့ လူမျိုးစွဲ၊ ၀ါဒစွဲ၊ ဘာသာစွဲပါတီတွေ ထောင်လာရင် အဲဒီလူမျိုးစွဲ၊ ဘာသာစွဲ၊ ၀ါဒစွဲတွေနဲ့ ထောင်လာရင် အဲဒါ အချိုးကျပေးရရင် အဲဒီ လူဦးရေနဲ့ တွက်လိုက်။ လွှတ်တော်ထဲမှာ အစိုးရ အုပ်ချုပ်ရေး ယန္တရားမှာ တိုင်းပြည်အနာဂတ် ဘယ်လောက်ထိ ဖြစ်သွား နိုင်မလဲ။ အန်ကယ်လ်တို့က အဲဒီအထိ စဉ်းစားတယ်။ ဒါကြောင့်မို့လို့ အန်ကယ်လ်တို့ အနေနဲ့ကတော့ ဒီဟာနဲ့ ပတ်သက်လို့ အဓိကထားတာက အဲလိုဟာမျိုးတွေလည်း အဓိက ထားတယ်။ နောက်တစ်ခု အစွန်းရောက် ပါတီတွေ ထောင်လာပြီးတော့ PR စနစ်နဲ့ အချိုးကျရမှာပဲ တစ်ယောက်ရရ၊ နှစ်ယောက်ရရ။ ဟိုဟာကျတော့ မဲဆန်္ဒရှင်က ရွေးတာလေ။ အခုက မဲဆန္ဒရှင်က ရွေးတာမဟုတ်ဘူး။ သူ့ပါတီကပဲ သူရွေးတော့မှာ။ ဆိုတဲ့ အခါကျတော့ တိုင်းပြည်အတွက်က အင်မတန် ရင်လေးစရာကောင်းတယ်။ ရတက်မအေးရဘူး အနာဂတ်ကို ဒါကြောင့်မို့လို့ အန်ကယ်လ်တို့က ဒါအဓိက အချက်တွေပဲ ပြောတာပေါ့နော်။

● PR ကိုထောက်ခံတဲ့ အုပ်စုတွေဘက်က ပြောနေကြတာက လာမယ့် လွှတ်တော်ထဲမှာ နိုင်ငံရေး ပါတီတွေ အားလုံး ကိုယ်စားပြုပြီး ပါဝင်နိုင်ဖို့အတွက် ဆိုပြီးတော့ ပြောနေကြတာပေါ့နော်။ အန်ကယ်လ်တို့ PR ကိစ္စနဲ့ FPTP ကိစ္စကို စဉ်းစားတဲ့အခါမှာ အင်အားကြီး ပါတီတွေဖြစ်တဲ့ ဒီချုပ်နဲ့ USDP၊ နောက် တိုင်းရင်းသားတွေ အတွက်ပဲ မူတည်ပြီးတော့ စဉ်းစားတာလား။ အခြားပါတီတွေအတွက်ရော၊ PR ကိစ္စတင်တဲ့ ပါတီတွေ အတွက်ရော စဉ်းစားတာမျိုး ရှိလားခင်ဗျ။

အန်ကယ်လ်တို့က စဉ်းစား ဆုံးဖြတ်တာက အခုနပြောသလို ဒီမိုကရေစီ ရရှိရေး၊ နောက်တစ်ခါ အာဏာရှင် စနစ် ပြန်ပြီးတော့ သွားတာ မဖြစ်စေရေးပေါ့။ အာဏာရှင်စနစ်ကို ပြန်လည် ထွန်းကားခြင်း မရှိစေရ။ အဲဒါ အန်ကယ်လ်တို့ အဓိက စဉ်းစားတယ်။ နောက်တစ်ခုက ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အဓိက စဉ်းစားတယ်။ အဓိက စဉ်းစားပြီးတော့ အန်ကယ်လ်တို့က ဒါကို ပြောတာ။ နောက် တစ်ခုက မဲဆန္ဒရှင် ပြည်သူလူထုရဲ့ အနေအထားနဲ့ ပြောမယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပေးထားတဲ့ အတိုင်းပေါ့။ မဲဆန္ဒရှင် ပြည်သူလူထုမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အခွင့်အရေး၊ စည်းမျည်းတွေ ပေးထား တယ်။ PR စနစ် သူ့သတ်မှတ်တဲ့ မဲဆန္ဒအနေနဲ့ မကြည့်ရှုဘူး။ ကိုယ်စားလှယ်တစ်ယောက်ကို မကြိုက်ရင် ဘယ်လိုနည်းနဲ့ ပြည်သူတွေဘက်က အခွင့်အရေးအတွက် စည်းမျည်းရှိမလဲ။ မရှိနိုင်ဘူး။ ပြည်သူလူထုအတွက် လည်း နိုင်ငံသားအခွင့်အရေး ဆုံးရှုံးတယ်။ နောက်တစ်ခုက ပါတီတွေရဲ့ စည်းလုံးညီညွတ်မှုကိုလည်း အန်ကယ်လ်တို့ စဉ်းစားတယ်။ ပါတီတိုင်းပေါ့နော်။ ပါတီတစ်ခုက FPTP စနစ်နဲ့ဆိုရင် ပါတီထိပ်ပိုင်းကလည်း နိုင်ချင်မှနိုင်မယ်။ ရှုံးရင်လည်းရှုံးမယ်။ အောက်ခြေကလူလည်း နိုင်ရင်နိုင်မယ်၊ ရှုံးရင်ရှုံးမယ်။ ဒါကပြည်သူ ထောက်ခံတဲ့လူ တက်သွားတာ။ ဒီမိုကရေစီ ဆိုတာက အချုပ်အခြာအာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်သည် ဆိုတာ ပြည်သူက ရွေးကောက် တင်မြှောက်တာ ခံယူပြီးတော့ တက်သွားတာ။ ဟိုဟာ ကျတော့ မဟုတ်တော့ဘူး ပါတီက ရွေးတာ။ ပါတီက ရွေးတယ် ဆိုတဲ့အခါကျတော့ အချုပ်အခြာ အာဏာသည် ပြည်သူ လူထုက ဆင်းသက်တာ မဟုတ်တော့ဘူး။ ပါတီကနေပဲ ခုနလို ၁၀၀ ရမယ်ဆို ၁၀၀။ ၁၅၀ ရမယ်ဆို ၁၅၀၊ ၂၀၀ ရမယ်ဆို ၂၀၀ ရွေးသွားတာ။ ဆိုတဲ့အခါကျတော့ ခုနလို ဒီမိုကရေစီ ကျင့်စဉ်နဲ့လည်း ဘယ်လို နည်းနဲ့ပဲ ကြည့်ကြည့် ကွာဟတယ်။ နောက်တစ်ခုက ပြည်သူလူထုရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု။ မဲဆန္ဒနယ် အလိုက် FPTP စနစ်က တာဝန်ယူမှု၊ တာဝန်ခံမှုရှိတယ်။ ဒါကြောင့်မို့လို့ အန်ကယ်လ် တို့ကတော့ အဲလိုခြုံပြီး တော့ အားလုံးအတွက် စဉ်းစားတယ်။

● နောက်တစ်ခုက PR ကို ပြောနေကြတဲ့ ပါတီတွေ ဘက်ကကျတော့ လက်ရှိရွေးကောက်ပွဲ စနစ်နဲ့သွားမယ် ဆိုရင် ရွေးကောက်ပွဲမှာ အင်အားကြီးပါတီတွေပဲ နိုင်ပြီးတော့ အာဏာရှင်စနစ်ပုံစံမျိုး အာဏာရှင် ဆန်ဆန် ပုံစံမျိုးကို ရောက်နိုင် တယ်ပေါ့။ အဲဒီတော့ လွှတ်တော်ကဏ္ဍမှာ လွှတ်တော် နိုင်ငံရေးမှာ ပါတီတွေ အားလုံး ပါဝင်နိုင်ဖို့ လိုတယ်ဆိုတဲ့ သဘောမျိုး တွေ့နေရတယ်။ အဲဒီအပေါ်မှာရော အန်ကယ့်လ် အနေနဲ့ ဘာများပြောချင်ပါသလဲ။

လက်ရှိ ရွေးကောက်ပွဲစနစ်နဲ့ သွားလို့ အင်အားကြီး ပါတီတွေက အာဏာရှင်ပုံစံ ပေါက်လာမယ်ဆိုတာက မရောင်ရာ ဆီလူးတဲ့ သဘောပဲ။ တကယ့်မြန်မာ့နိုင်ငံရေး သမိုင်းနဲ့ကြည့်ရင် ဒါက ဘယ်လိုပြောမလဲ မရောင်ရာ ဆီလူးတဲ့ သဘောပဲ။ ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်ရေး ရပြီးတည်းက အခုထိ နှစ်ငါးဆယ်ကျော် FPTP စနစ် ကျင့်သုံး လာတယ်။ အာဏာရှင်စနစ် ဖြစ်သွားသလား။ ဘာဖြစ်လို့ အာဏာရှင်စနစ် ဖြစ်လဲ။ တပ်မတော် အာဏာသိမ်းလို့သာ အာဏာရှင်စနစ်ဖြစ်တယ်။ အခုလည်း ဒီတတိယ အဖွဲ့အစည်းကိုပဲ မှီခိုနေရမယ်၊ တပ်မတော် အပေါ်ကိုပဲ မှီခိုနေရမယ်ဆိုရင် အဲဒါ ဘာစနစ်ကို ရောက်သွားမလဲ။ ဒါက ရှင်းပါတယ်။ အခုနကလို အာဏာရှင်စနစ် ဖြစ်မယ်၊ မဖြစ်ဘူးဆိုတာက ပြည်သူလူထုက ဖြုတ်ချလို့လည်းရတယ်။ FPTP စနစ် သွားလို့ ပြည်သူလူထု မကြိုက်ရင်လည်း ဖြုတ်ချလို့ရတယ်။ အစိုးရအဖွဲ့လည်း ဖြုတ်ချလို့ရ တယ်။ နောက်ပါတီ ကလည်း ဒီလိုဖြစ်ပါတယ် ဆိုပြီးတော့ အတိုက်အခံ လုပ်ပြီးတော့ အနိုင်ရအောင် ယူလို့ရအောင် လုပ်လို့ရတယ်။ အခု အနေအထား ကတော့ တတိယ အဖွဲ့အစည်းတစ်ခု အပေါ်မှာပဲ မူတည်နေရတဲ့ အခါကျတော့ တတိယအဖွဲ့ အစည်းသည် ကျောကပ်လိုက်တဲ့အခါ အဲဒီအခါကျမှ ဘယ်စနစ် ရောက်သွားမလဲ။ ဒါက ရှင်းတယ်။

အံ့ခေါင်မင်း
ဆက်လက်ဖော်ပြပါမည်

မြန်မာသံတော်ဆင့်သတင်းဌာန -


အသက်၂၆နှစ်ရှိ ဂျပန်လူငယ်ရုပ်ရှင်ဒါဂရိုက်တာ Akio Fujimoto ဟာ မြန်မာ့မိသားစုတစ်စုရဲ့ ဘ၀အကြောင်းကို ဇာတ်ကားရိုက်ဖို့ကြိုးပမ်းနေတယ်။ သူဇ်ာကာဟာ ဂျပန်မှာကြီးပြင်လာတဲ့ ညီအကို ပေါ်မှာ တကယ်ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်ကို အခြေခံနေတဲ့လို့သိရတယ်။ ဇာတ်ကားဟာမြန်မာပြည်မှာလည်း ပြသဖို့အစီအစဉ်ရိတဲ့လို့သိရတယ်။

မြန်မာပြည်က ဂျပန်ပြည်ကို ပြေးရှောင်းလာခဲ့တဲ့ မြန်မာ့မိသားစုတစုမှာ အဖေ၊ အမနဲ့ အသက်၁၀နှစ် ပတ်ဝန်းကျင်လောက်ရှိကလေး ၂ယောက်ရှိတယ်။ ညိအကိုဟာ ငယ်ငယ်က ဂျပန်ပြည်ကိုရောက်လာလို့ ဂျပန်စကားဘဲတတ်တယ်။ မြန်မာလိုမတတ်ဘူး။

အကြိမ်ကြိမ်ဒုက္ခသည်နေထိုင်ခွင့် လျှောက်ပေမဲ့ နေထိုင်ခွင့်မရဘူး။ နေထိုင်ခွင့်မရလို့ လင်းမယာ အဆင်မပြေဖြစ်လာတယ်။ အဖေအမေအဆင်မပြေတာ မကြည့်ချင်လို့ သားကြီဟာ မိဘကိုပိုချွဲလာတယ်။ ဒီကြားထဲမှာ အမေစိတ်ကျန်းမာရေးထိခိုက်။ ဆေးကုသမှုယူရန် အမေနဲ့ သား၂ယောက် မြန်မာပြည်ကို ပြန်ပို့ဖို့ အဖေ ဆုံးပြတ်လိုကတယ်။ အဖေ တစ်ယောက်ဘဲ ဂျပန်ပြည်မှာ ကျန်ရစ်ပြီး ဒုက္ခသည်နေထိုင်ခွင့်ရအောင် ဆက်ပြီးကြိုးစားသွားမယ်လို့ ကလေးကို ရှင်းပြတယ်။ ကလေးက မြန်မာပြည်ကို မပြန်ချင်ဘူး။ ဂျပန်ပြည်မှာ ဘဲနေချင်တယ်။

မြန်မာပြည်မှာ မပြန်ချင်ပြန်ချင်နဲ့ ပြန်လာတဲ့ သားမိပေါ်မှာ ဖြစ်လာတဲ့ ဘ၀မှာ ဘာဖြစ်သွားမလဲ။ ကိုယ့်ကိုကိုယ် ဂျပန်လူမျိုးဖြစ်ချင်တဲ့ ကလေး၂ယောက်ရဲ့ စိတ်ခံစားမှုဟ

အဖေကို ခွင့်မလွှတ်နိုင်ဘူး ဒါပေမဲ့ အရမ်ကိုအထူထူနေချင်တာ တကယ်ပါ

ဒီရုပ်ရှင်ရိုက်ကူဖို့ငွေကြွေးလိုအပ်နေတယ်။မြန်မာအနေနဲ့လည်း ငွေကြွေးကူညိထောက်ပံ့လို့ရတယ်။ ယန်းငွေ ၅၀၀ ကနေ အောက်ပါ link မှာ ကူညိထောက်ပံ့လို့ရတယ်။ ကူညိတဲ့လူတွေအတွက် အကျိုးအမတ်အမျိုးမျိုးခံစားခွင့်ရိတယ်။ ယန်း၂၀၀၀၀အတက် ကူညိတဲ့လူအတွက် ဇာတ်ကားနောက်ဆုံးမှာ အထူးကူညိတဲ့လူစာရင်းမှာ နာမည်ပါသွားမယ်။
http://camp-fire.jp/projects/view/1056

source..ဂျပန်ရောက်မြန်မာ များ

"အဓိကကတော့ မြန်မာပြည်သူတွေဟာ တရုတ်နိုင်ငံကို ဆန့်ကျင်နေတာမဟုတ်ဘူး။ မြန်မာပြည်သူတွေဟာ ကိုယ့်အကျိုးစီးပွားကို ကာကွယ်နေတာ"

တရုတ်နိုင်ငံ World View မဂ္ဂဇင်း၏ သတင်းထောက်ချုပ်ဖြစ်ပြီး Southwest China University of Political Science \ Journalism and Communications ဌာန ပါမောက္ခ Yin Hongwei သည် သြဂုတ် ၂၈ ရက်တွင် Eleven Media Group သို့ လာရောက်ခဲ့ကာ တရုတ်-မြန်မာ ဆက်ဆံရေးအခြေအနေနှင့် ပတ်သက်ပြီး Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ပါမောက္ခ Yin Hongwei သည် ၂၀၁၂ ခုနှစ်အတွင်းကလည်း မြန်မာနိုင်ငံသို့ လာရောက်ပြီး ဒေါက်တာသန်းထွဋ်အောင်နှင့် တွေ့ဆုံကာ တရုတ်-မြန်မာ ဆက်ဆံရေး အခြေအနေများအကြောင်း ဆွေးနွေးခဲ့ဖူးသူဖြစ်သည်။ ယခုဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးချက်များထဲမှ ပါမောက္ခ Yin Hongwei ၏ မေးမြန်းချက်နှင့် ဒေါက်တာသန်းထွဋ်အောင်၏ ဖြေကြားချက်အပြည့်အစုံကို ပါမောက္ခ Yin Hongwei ၏ သဘောတူခွင့်ပြုချက်ဖြင့် ဖော်ပြလိုက်ပါသည်။

မေး ။ တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကိုလာပြီး ရင်းနှီးမြှုပ်နှံတဲ့အခါ တရုတ်- မြန်မာ ဆက်ဆံရေး အခြေအနေက ဘယ်လိုရှိလဲ။ အရင်မြန်မာအစိုးရနဲ့ တရုတ်အစိုးရ ဆက်ဆံရေးက အရမ်းအဆင်ပြေခဲ့တယ်။ ဒါပေမဲ့ ဒီမိုကရေစီလမ်းကြောင်း သွားတဲ့အခါမှာ အများကြီး အဆင်မပြေတာ တွေ့လာရတယ်။ အဲဒါတွေက ဘာကြောင့်ပါလဲ။


ဖြေ။ အဓိကကတော့ အရင်အစိုးရ။ မြန်မာစစ်တပ်အစိုးရပေါ့။ တပ်မတော်အစိုးရ၊ အာဏာရှင်အစိုးရက တကယ်ကျတော့ အများစုက corrupted ဖြစ်တယ်။ corruption ပိုင်းမှာ အဲဒီတရုတ်ကုမ္ပဏီတွေက ပတ်သက်မှုရှိတယ်။ အဲဒါကြောင့် တချို့တရုတ်ကုမ္ပဏီတွေဟာ unlawful ရယ်၊ unethical ရယ်ပေါ့။ တရားမဝင်တဲ့နည်းနဲ့ နောက်တစ်ခါကျင့်ဝတ်နဲ့မဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်တဲ့အခါကျတော့ အခုလို ဒီမိုကရေစီပြောင်းလဲတဲ့ အခြေအနေမျိုးမှာ ကျင့်ဝတ်နဲ့မညီတဲ့ တရုတ်စီးပွားရေး လုပ်ငန်းတွေဟာ အထိနာသွားတယ်။ သူတို့နဲ့ယှဉ်ပြိုင်စရာ တခြားနိုင်ငံတွေပေါ်လာတယ်။ တစ်ဖက်မှာလည်း ဒီအစိုးရလက်ထက် ရောက်တဲ့အခါ မီဒီယာတွေပွင့်လင်းလာတယ်။ သတင်းစာလွတ်လပ်ခွင့် ရလာတဲ့အခါ လူထုနဲ့မီဒီယာက ထောက်ပြဝေဖန်မှုတွေ ပြုလုပ်လာတဲ့အခါကျတော့ အစိုးရအနေနဲ့ ဒီလုပ်ငန်းတွေမှာ သူတို့အနေနဲ့ ထင်သလိုလုပ်လို့ မရတော့တဲ့ အခြေအနေမျိုးမှာ ရောက်လာတယ်။ ဒါကြောင့်မို့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုမှာလည်း မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအကြားမှာ အဆင်မပြေတာတွေ ဖြစ်လာတယ်။ အဓိကကတော့ မြန်မာပြည်သူတွေက တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ တရုတ်ကုမ္ပဏီ တော်တော်များများ ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ သူတို့ရဲ့အကျိုးစီးပွားကို ထိခိုက်တယ်လို့၊ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို ထိခိုက်တယ်လို့ ယူဆတဲ့အတွက် ဆန္ဒပြမှုတွေ၊ မကျေနပ်မှုတွေ ဖြစ်လာခဲ့ရတယ်။ ဒါကြောင့်မလို့ ဒီလိုဖြစ်ရတာပါ။

မေး ။ မြန်မာနိုင်ငံမှာ တရုတ်တွေ ရင်းနှီးမြှုပ်နှံတဲ့ မြစ်ဆုံစီမံကိန်း၊ လက်ပံတောင်း ကြေးနီစီမံကိန်း၊ ကျောက်ဖြူ ရေနံဂက်စ်ပိုက်လိုင်းစီမံကိန်း၊ အခုလုပ်မယ့် ရထားလမ်းစီမံကိန်းကို ဒီက မြန်မာလူထုက ဘာကြောင့်ကန့်ကွက်နေတာလဲ။

ဖြေ။ ပြောရရင်တော့ အားလုံးမှာ မြန်မာပြည်သူလူထုက တစ်ခုမှမကြိုက်ဘူး။ ဒီစီမံကိန်းတွေကို တစ်ခုမှမကြိုက်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ တကယ်ဝေဖန်ဆန်းစစ်နိုင်တဲ့ သူတွေကတော့၊ တချို့တွေက အရင်အစိုးရ လုပ်လာခဲ့ပေမယ့် တိုင်းပြည်အတွက် အရမ်းကြီး မနစ်နာဘူးဆိုရင် အရမ်းကြီးမကန့်ကွက်တဲ့သဘော၊ တကယ့်နိုင်ငံရေးပါတီတွေ၊ တကယ့်ဂျာနယ်လစ်တွေ၊ တကယ့် တက်ကြွလှုပ်ရှားသူတွေ တော်တော်များများကတော့ တချို့စီမံကိန်းတွေကို လုံးဝသဘောမတူနိုင်တဲ့ အခြေအနေမှာရှိတယ်။ တချို့ကျတော့ အကန့်အသတ်တွေနဲ့ ပြန်ပြီးတော့ မကန့်ကွက်တာတွေရှိတယ်။ ဥပမာအားဖြင့် မြစ်ဆုံစီမံကိန်းလိုဟာမျိုးက ကျွန်တော်တို့ လုံးဝခွင့်မပြုနိုင်ဘူး။ ခွင့်မပြုနိုင်တဲ့ဟာကျတော့ ဒီကိစ္စမှာ လာဘ်ပေးလာဘ်ယူ corruption တွေကရှိနေတယ်။ လျော်ကြေးကိစ္စတွေမှာ တရုတ်ဘက်က နစ်နာတာတွေကလည်း သူက ပြန်လျော်ကြေးတောင်းမယ် ဆိုတာရှိတယ်။ လျော်ကြေးတောင်းမယ်ဆိုရင် ကျွန်တော်တို့ဘက်က ဒီ corruption ကိစ္စကို တရုတ်အစိုးရရှင်းပေးဖို့လိုမှာပဲ။ ဘယ်သူတွေဟာ ဘယ်လောက်ယူထားလဲ။ မြန်မာအစိုးရ ဘယ်လောက်ယူထားသလဲ။ ဘယ်လောက် ပေးထားသလဲ။ လာဘ်ပေးလာဘ်ယူ လုပ်ထားခဲ့ပြီဆိုရင် ဒီစီးပွားရေးဟာ unethical ဖြစ်တယ်။ ကမ္ဘာ့တရားရုံးမှာ တရားမဝင်ဘူး။ ဒီမြစ်ဆုံစီမံကိန်းကတော့ ဘယ်နည်းနဲ့မှ ခွင့်ပြုမှာမဟုတ်ဘူး။ ထပ်လုပ်လို့လည်းရမှာ မဟုတ်ဘူး။ လျော်ကြေးကိစ္စ စဉ်းစားမယ်ဆိုရင် ထိုက်သင့်တဲ့ လျော်ကြေးတော့ အစိုးရအနေနဲ့ ပေးကောင်းပေးနိုင်မယ်။ မထိုက်သင့်တဲ့ဟာတွေကို မပေးနိုင်ဘူး။ ဒီအစိုးရကို ချဉ်းကပ်လို့မရလို့ နောက်တက်မယ့်သူဖြစ်ဖြစ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချဉ်းကပ်လို့ဖြစ်ဖြစ် မြစ်ဆုံစီမံကိန်းဟာ အောင်မြင်မှာမဟုတ်ဘူး။ ဘယ်အစိုးရပဲတက်တက် ဒီမြစ်ဆုံစီမံကိန်းလုပ်ဆောင်တဲ့ အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေရင်တောင် လူထုရဲ့ ဆန့်ကျင်မှုကို ရင်ဆိုင်ရလိမ့်မယ်။ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်ခဲ့ရင်။ ဒါကတစ်ပိုင်း။ နောက်တစ်ပိုင်းကကျတော့ ရထားလမ်းစီမံကိန်း။ တရုတ်နိုင်ငံအတွက်ကတော့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ဖြစ်တယ်။ မြန်မာနိုင်ငံအတွက်တော့ National Security Issue ဖြစ်တယ်။ တရုတ်ရဲ့ပိုက်ဆံနဲ့ ရထားလမ်းစီမံကိန်းကိုဆောက်ရင် BOT စနစ်နဲ့ နှစ် ၅ဝ တရုတ်က ဝင်ရောက်ပြီးတော့ ရင်းနှီးမြှုပ်နှံမယ့်ကိစ္စက ခွင့်မပြုနိုင်တဲ့ အခြေအနေဖြစ်တယ်။ ဘာလို့ဆိုတော့ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ နောက်ထပ် ခရိုင်းမီးယား သို့မဟုတ် နောက်ထပ် တရုတ်နိုင်ငံရဲ့ ပြည်နယ်တစ်ခုဖြစ်သွားမယ်လို့ ကျွန်တော်တို့ယူဆတယ်။ ဖြစ်သွားနိုင်မယ့် အခြေအနေမျိုးတွေလည်း ကျွန်တော်တို့ဆီမှာရှိထားတယ်။ ဘာလို့ဆိုတော့ တရုတ်နိုင်ငံဟာ အင်အားကြီးမားတဲ့ စူပါပါဝါနိုင်ငံဖြစ်တယ်။ တရုတ်နိုင်ငံရဲ့ လက်ရှိစစ်အင်အားတိုးချဲ့မှုတွေ၊ ဒေသဆိုင်ရာ အနေအထားတွေ၊ စီးပွားရေးနဲ့ နိုင်ငံရေး စစ်ရေးအင်အားကြီးထွားလာမှုတွေ၊ တောင်တရုတ်ပင်လယ် ကိစ္စတွေဟာ မြန်မာပြည်သူတွေနဲ့ မြန်မာအစိုးရအပေါ်မှာ ဖိအားတွေရှိနေတယ်။ အဲဒါကြောင့်မို့လို့ ရထားလမ်းစီမံကိန်းကိုလည်း ကျွန်တော်တို့ လုံးဝပေးနိုင်မှာ မဟုတ်ဘူး။ ဒါတရုတ်အစိုးရကြောင့် မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့နိုင်ငံရဲ့ အကျိုးစီးပွား၊ ကျွန်တော်တို့နိုင်ငံရဲ့ ရေရှည်အထိကြည့်ရမယ်။ ဒါကြောင့်မို့လို့ လက်ပံတောင်းတောင် စီမံကိန်းလိုမျိုး၊ နောက်ပြီးတော့ ကျောက်ဖြူရေနံပိုက်လိုင်းလို ဟာမျိုးက ဒေသခံတွေ အကျိုးစီးပွားနဲ့ ဒေသဆိုင်ရာ အတွက်ဖြစ်တယ်။ တစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားနဲ့ တစ်စိတ်တစ်ပိုင်းပဲ ပတ်သက်တဲ့အတွက် ဒါတွေအားလုံးအပေါ်မှာ ကျွန်တော်တို့ဘက်က မကန့်ကွက်ဘူး။ ဒီလိုမကန့်ကွက်ခဲ့တဲ့အတွက် ရေနံပိုက်လိုင်းလည်း ပြီးသွားတယ်။ ဂက်စ်ပိုက်လိုင်းလည်း ပြီးသွားတယ်။ လက်ပံတောင်းတောင် စီမံကိန်းကလည်း အခုထက်ထိ ဆိုလိုတာက ဒေသခံတွေ ကိစ္စကိုတော့ သူတို့ရှင်းပေးဖို့လိုတယ်။ ဒီနှစ်ခုကတော့ ပြဿနာမရှိဘူး။ ဟိုနှစ်ခုကတော့ ဘယ်တော့မှ မရဘူး။

ဒီအစိုးရကို ချဉ်းကပ်လို့မရလို့ နောက်တက်မယ့်သူဖြစ်ဖြစ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချဉ်းကပ်လို့ဖြစ်ဖြစ် မြစ်ဆုံစီမံကိန်းဟာ အောင်မြင်မှာမဟုတ်ဘူး။ ဘယ်အစိုးရပဲတက်တက် ဒီမြစ်ဆုံစီမံကိန်းလုပ်ဆောင်တဲ့ အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေရင်တောင် လူထုရဲ့ ဆန့်ကျင်မှုကို ရင်ဆိုင်ရလိမ့်မယ်...

မေး ။ အရင်တုန်းက တရုတ်အစိုးရနဲ့ တရုတ်ပြည်သူလူထုက ဒီစီမံကိန်းတွေကို ပြဿနာတစ်ခုတည်းအနေနဲ့ စဉ်းစားခဲ့တယ်။ အခု ခင်ဗျားပြောတဲ့အတွက် တစ်ခုချင်းစီ ကျွန်တော်မြင်မိပြီ။

ဖြေ။ အဓိကကတော့ မြန်မာပြည်သူတွေဟာ တရုတ်နိုင်ငံကို ဆန့်ကျင်နေတာမဟုတ်ဘူး။ မြန်မာပြည်သူတွေဟာ ကိုယ့်အကျိုးစီးပွားကို ကာကွယ်နေတာ။ အဲဒါကို မြင်ဖို့လိုတယ်။ ဘာလို့ဆိုတော့ တရုတ်က မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံရင် မြန်မာပြည်သူတွေက တရုတ်ကို မုန်းတီးနေတယ်ဆိုတာ အဲဒါမဟုတ်ဘူး။ သူတို့အကျိုးစီးပွား။ ဒီနှစ်ခု (မြစ်ဆုံစီမံကိန်းနှင့် ရထားလမ်းစီမံကိန်း) က တိုင်းပြည်အတွက်ကို ထိခိုက်နိုင်တဲ့အတွက် လုံးဝလက်မခံဘူး။

မေး။ မြစ်ဆုံစီမံကိန်း ကိစ္စကိုတော့ ခင်ဗျားရှင်းပြလို့ သဘောပေါက်သွားပါပြီ။ ဒါပေမဲ့ အဲဒီလိုမျိုး တခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီးတော့ တရုတ်နဲ့မြန်မာ ဘယ်ကဏ္ဍတွေမှာ ပူးပေါင်းလုပ်လို့ရနိုင်မလဲဆိုတာ ခင်ဗျားအနေနဲ့ ကျေးဇူးပြု၍ ပြောပေးပါ။

ဖြေ။ အစိုးရချင်းထက် ပုဂ္ဂလိကတွေနဲ့ လုပ်တဲ့နေရာမှာ တခြားနိုင်ငံတွေ၊ ဂျပန်တို့ အမေရိကန်တို့ အီးယူတို့လုပ်တဲ့ပုံစံမျိုး။ အထူးသဖြင့် အာဆီယံက အများကြီးရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတယ်။ ဘာမျိုးတွေမှာ ဝင်လာလဲဆိုတော့ ဟိုတယ်တို့၊ Tourism တို့၊ ဆောက်လုပ်ရေးတို့ ဒီလိုလုပ်ငန်းမျိုးတွေမှာ တော်တော်များများ ဝင်လာတယ်။ ရေနံသဘာဝဓာတ်ငွေ့ ရှာဖွေရေးတို့လို လုပ်ငန်းတွေမှာ ဂျပန်တို့ အာဆီယံတို့ အထူးသဖြင့် စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှုမှာ တော်တော်များများ ရင်းနှီးမြှုပ်နှံမှုတွေ လာတဲ့အခါကျတော့ တရုတ်က အဲဒီနေရာတွေမှာ ရင်းနှီးမြှုပ်နှံတာတွေနည်းပြီးတော့ သူတို့က သယံဇာတတူးဖော်တဲ့ လုပ်ငန်းတွေမှာပဲ လုပ်တာများနေတယ်။ အဲဒီတော့ ဒီသယံဇာတ တူးဖော်ရေးလုပ်ငန်းတွေမှာ လုပ်တာများရင် မြန်မာနိုင်ငံမှာ ပုံရိပ်ကထိမှာပဲ။ အဲဒီတော့ မြန်မာနိုင်ငံမှာ တခြားနိုင်ငံက အီးယူတို့၊ ဂျပန်တို့၊ အာဆီယံတို့ လုပ်တဲ့လုပ်ငန်းတွေမှာ ပိုမြှုပ်နှံဖို့သင့်တော်တယ်။ တရုတ်နိုင်ငံကလည်း အခုနောက်ပိုင်းမှာ နည်းပညာပိုင်းက မြင့်လာပြီလေ။ မြင့်လာတော့ အိုင်တီနယ်ပယ်တို့ စက်မှုဇုန်တို့ တခြားနယ်ပယ်တွေမှာ မြှုပ်နှံပါ။ ဒီသယံဇာတတူးဖော်တဲ့ လုပ်ငန်းတွေမှာတော့ မမြှုပ်နှံပါနဲ့လို့ ပြောချင်တယ်။

မေး ။ အခုလောလောဆယ်ပေါ့။ ကျောက်ဖြူမှာ စီးပွားရေးဇုန်တစ်ခုလုပ်မယ်။ အဲဒီမှာ တရုတ်နိုင်ငံက လုပ်ငန်းရှင်တွေ အများကြီးလာချင်တယ်။ လာချင်ပေမယ့် သူတို့မှာ သို့လော၊ သို့လော ဖြစ်နေတယ်။ သူတို့လာလုပ်လို့ရှိရင် သူတို့ကို ဆန့်ကျင်ကြမလားဆိုပြီး စိုးရိမ်စိတ်ရှိကြတယ်။ လာလုပ်လို့ ရ၊ မရ ခင်ဗျားအနေနဲ့ သူတို့စိုးရိမ်စိတ် ပပျောက်အောင် ဖြစ်နိုင်စွမ်း ရှိ၊ မရှိ အဲဒါကို သိချင်ပါတယ်။

ဖြေ ။ ကျွန်တော်မြင်တာကတော့ အဓိကက ရထားလမ်းကို အလောတကြီး မဖောက်ဖို့။ တရုတ်အစိုးရအနေနဲ့ ရထားလမ်းကိုဖောက်ဖို့အတွက်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရထားလမ်းက အခုချိန်မှာ“၀”တို့၊“မိုင်းလား”တို့က တကယ်ကျတော့ တရုတ်အစိုးရနဲ့ တော်တော်ကြီး ပတ်သက်နေတဲ့ လက်နက်ကိုင်တွေ၊ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ မပိုင်ဘူး။ ဒီလိုအနေအထားမျိုးမှာ တရုတ်ရဲ့ ငွေအားလုံးနဲ့ ဘီလျံ ၅ဝ နဲ့ ရထားလမ်းကြီးဖောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့က ကျောက်ဖြူရေနက်ဆိပ်ကမ်းဆောက်ပြီးရင် ရထားလမ်းတို့ဘာတို့ ဖောက်ရမယ်ဆိုတာ ကျွန်တော်တို့နားလည်တယ်။ ဒါပေမဲ့ ဒီအချိန်မှာမဖြစ်နိုင်ဘူး။ ဘယ်လိုအချိန်မှာ ဖြစ်နိုင်မလဲ။ မြန်မာစီးပွားရေး တိုးတက်လာမယ်။ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဖောက်နိုင်မယ်။ နောက်ပြီးတော့ “ဝ”တို့၊ “မိုင်းလား” တို့မှာ ကျွန်တော်တို့ရဲ့ အချုပ်အခြာ ပြန်ရလာတာနဲ့ တစ်ပြိုင်နက်တည်း ဒါမှမဟုတ်“ဝ”လက်နက်စွန့်သွားတဲ့နေ့၊ “ဝ” တပ်ဖွဲ့တွေအားလုံး လက်နက်စွန့်သွားတဲ့နေ့ အဲလိုမျိုး ကိုယ့်အချုပ်အခြာ ပြန်ပိုင်သွားတဲ့နေ့မှာ ကျွန်တော်တို့ ဒီရထားလမ်းဖောက်ဖို့ကို လုပ်မှာဖြစ်ပါတယ်။ အခုချိန်မှာ ကျောက်ဖြူမှာ စီးပွားရေးမြှုပ်နှံတာ တရုတ်တွေအတွက် နောက်ဆယ်နှစ်၊ ၁၅ နှစ်မှာ သေချာပေါက်မြတ်မယ်။ ဘာလို့လဲဆိုတော့ နောက် ၁ဝ နှစ်၊ ၁၅ နှစ်မှာတော့ “ဝ” တွေ လက်နက်စွန့်ပြီးတော့ မြန်မာပြည်ဟာ ငြိမ်းချမ်းပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံး လက်နက်စွန့်သွားပြီဆိုတဲ့နေ့မှာ ဒီရထားလမ်းဟာ ကိုယ့်ပိုက်ဆံနဲ့ကိုယ်၊ ဒါမှမဟုတ်ရင် တရုတ်ပိုက်ဆံနဲ့တော့ ကျွန်တော်တို့ မဖောက်နိုင်ဘူး။ တခြားနိုင်ငံက ပိုက်ဆံနဲ့ဆို ကျွန်တော်တို့နိုင်ငံအတွက် ဒီရထားလမ်းက အကျိုးရှိမယ်။ တရုတ်အတွက်လည်း အကျိုးရှိမယ်။ ဒါပေမဲ့ ဒီအချိန်မဟုတ်သေးဘူး။ ဒီအတွက်တော့ စောင့်ရမယ်။ ကျောက်ဖြူမှာ ရင်းနှီးမြှုပ်နှံတာ တရုတ်တွေအတွက် အကျိုးရှိပါတယ်။ လာခဲ့ပါ။ ကျောက်ဖြူမှာရော၊ ရခိုင်ပြည်နယ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်နယ်ဟာ အရမ်းသဘာဝရင်းမြစ်ပေါတယ်။ အလုပ်သမားပေါတယ်။ ကျောက်ဖြူမှာရင်းနှီးမြှုပ်နှံမှုဟာ တရုတ်အတွက် အကျိုးရှိပါတယ်။ အားလုံးလာခဲ့ပါ။ ဒီအတွက်လည်း ဆန့်ကျင်မှုတွေ မဖြစ်အောင်အတွက် တရုတ်နိုင်ငံအနေနဲ့ ပိုပြီးပွင့်လင်းမြင်သာမှု ရှိရမယ်။ တရုတ်အနေနဲ့ ပြင်ဆင်မှုတွေလုပ်ရမယ်။ တခြားနိုင်ငံတွေနဲ့ တန်းတူတာဝန်ယူမှုတွေ၊ ပြင်ဆင်မှုတွေလုပ်ရမယ်။ အဲဒီတော့ တရုတ်တွေ ဒီမှာလာပြီးတော့လုပ်မယ့် ရင်းနှီးမြှုပ်နှံမှုတွေအတွက် စိုးရိမ်ပူပန်မှုတွေ မရှိပါနဲ့။

မေး ။ ရထားလမ်းကို တရုတ်ငွေနဲ့ မဖောက်ဘူးဆိုတော့ ကျန်တဲ့ ဂျပန်တို့၊ အမေရိကန်တို့ငွေနဲ့ကော ဖောက်ဖို့ရည်ရွယ်ချက်ရှိလား။

ဖြေ။ အဲဒါနဲ့ ဖောက်ရင်ဖောက်လိမ့်မယ်လို့ ကျွန်တော်မြင်တယ်။

မေး။ တရုတ်မဟုတ်ဘဲနဲ့ တခြားကျန်တဲ့ ဗြိတိန်တို့၊ ဂျပန်တို့၊ အမေရိကန်တို့ရဲ့ငွေနဲ့ ရထားလမ်းဖောက်မယ်ဆိုရင် ခင်ဗျားတို့အမြင် ဘယ်လိုရှိလဲ။

ဖြေ။ ကျွန်တော်တို့ကတော့ အခုလောလောဆယ် ခဏဆိုင်းထားပြီးတော့ တိုင်းရင်းသား ပြဿနာတွေပြေလည်သွားပြီ။ အထူးသဖြင့် ပြတ်ပြတ်ပြောလိုက်မယ်။ “ဝ” လက်နက်စွန့်တဲ့နေ့အထိ လုပ်ဆောင်ပြီးပြီဆိုရင် အပြတ်ပြောလိုက်မယ်။ “ဝ” ကို ခင်ဗျားတို့ လက်နက်ချခိုင်းလိုက်။ ချပြီး တိုင်းရင်းသားပြဿနာတွေ၊ ဖက်ဒရယ်လည်း ပေါ်လာပြီဆိုတဲ့နေ့မှာ ကျွန်တော်တို့က ရထားလမ်းကို တရုတ်ရယ်၊ ဂျပန်ရယ်၊ တခြားနိုင်ငံတွေ အားလုံးပိုက်ဆံနဲ့ ဖောက်မယ်။ ကျွန်တော်တို့ လိုအပ်ရင်ဖောက်မယ်။ ဒီရထားလမ်းကို ပိုင်ဆိုင်တဲ့သူဟာ မြန်မာပဲဖြစ်ရမယ်။ တရုတ်ကပိုင်ဆိုင်လို့မရဘူး။ အဓိက,က ဒါပါပဲ။ ရထားလမ်းကိုပိုင်ဆိုင်တာ ကျွန်တော်တို့၊ ဘာလို့လဲဆိုတော့ တရုတ်နိုင်ငံနဲ့ ကျွန်တော်တို့ ဆက်ဆံရေးရှိနေခြင်းဟာ ကျွန်တော်တို့နိုင်ငံအတွက် ရန်ကုန်ထိလည်းပေါက်မယ်၊ ကျောက်ဖြူထိလည်းပေါက်မယ်။ ကူမင်းကနေ ရန်ကုန်ဖောက်မယ်။ ကျောက်ဖြူဖောက်မယ်။ ကားလမ်းလည်း ဖောက်မယ်။ ရထားလမ်းလည်း ဖောက်မယ်။ ဒီအခြေအနေဟာ ခဏစောင့်ရမယ်။ ကျွန်တော်တို့နိုင်ငံဟာ တည်ငြိမ်သွားရမယ်။ ဒီမိုကရေစီဖြစ်ထွန်းသွားရမယ်။ ရွေးကောက်ပွဲတွေ မှန်မှန်ကန်ကန် ဖြစ်လာရမယ်။ “ဝ” တွေဟာ လက်နက်ကို အပြီးစွန့်ရမယ်။ “ဝ” လက်နက်အပြီးစွန့်တဲ့နေ့။ အဲဒါပြီးတဲ့နေ့မှာ ကျွန်တော်တို့ ဒီရထားလမ်းကို တရုတ်ပိုက်ဆံလည်း ပါမယ်။ ဂျပန်တွေလည်းပါမယ်။ တရုတ်ပြည်မှာ ဖောက်သလိုပေါ့။ တရုတ်ပြည်မှာ ဂျပန်ပိုက်ဆံပါတယ်။ အင်္ဂလန်ပိုက်ဆံပါတယ်။ အီးယူပိုက်ဆံပါတယ်။ အဲလိုလမ်းတွေ ဖောက်တာပဲ။ ဒီလမ်းဟာ စီးပွားရေးအတွက် အသုံးပြုတဲ့ လမ်းတစ်လမ်းဖောက်ဖို့အတွက် ကြိုးစားမယ်။

မေး ။ “၀” တွေက တရုတ်ရဲ့စကားကို တစ်သဝေမတိမ်း နားထောင်မယ်လို့ထင်သလား။

ဖြေ ။ တရုတ်နဲ့ မြန်မာအစိုးရ နှစ်ယောက်လုံးရဲ့စကားကို နားထောင်ရလိမ့်မယ်။ တရုတ်စကား တစ်ခုတည်းတော့ နားထောင်လို့မရဘူး။ ဒီအစိုးရနှစ်ရပ်လုံး သဘောတူညီပြီး လက်နက်စွန့်ဖို့ပြောတာကို သူနားမထောင်ရင် တိုက်လိမ့်မယ်လို့ ကျွန်တော်မြင်တယ်။

မေး ။ တစ်ခုမေးချင်တာက တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံလာပြီး ရင်းနှီးမြှုပ်နှံတဲ့အဖွဲ့တွေပေါ့။ လာကြတဲ့အခါ ဒီမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေနဲ့ သော်လည်းကောင်း၊ ဒေသခံတွေနဲ့ သော်လည်းကောင်း အဆင်မပြေဘူး။ မတည့်ဘူး။ အဲဒါ အဆင်ပြေသွားအောင် တရုတ်နိုင်ငံကလူတွေ ဘယ်လိုပြောင်းလဲဖို့လိုမလဲ။

ဖြေ။ အဓိက,ကတော့ တရုတ်အစိုးရကော၊ တရုတ်လူမျိုးကကော အစိုးရနဲ့ပြေလည်သွားပြီလို့ထင်ရင် အားလုံးနဲ့ ပြေလည်ပြီလို့မြင်တယ်။ အဲဒီအယူအဆကို စွန့်လွှတ်လိုက်ပါ။ တကယ်ကျတော့ အခုလောလောဆယ် မြန်မာနိုင်ငံမှာ အစိုးရနဲ့ ပြည်သူဆိုတာ သပ်သပ်စီပါ။

မေး ။ ဒီထက်ပိုပြီး တိတိကျကျ အိုင်ဒီယာတစ်ခု သိရမလား။ ဒီကဒေသခံတွေနဲ့ အဆင်ပြေအောင် ဘယ်လိုပေါင်းရမလဲဆိုတာ အကြံပေးပေးပါ။


ဖြေ။ ခုနပြောသလိုပါပဲ။ ပြည်သူတွေနဲ့ အဆင်ပြေအောင်။ မြန်မာပြည်သူတွေနဲ့ အဆင်ပြေဖို့ဆိုတာကတော့ ပြည်သူတွေလိုလားတဲ့ အစိုးရတစ်ရပ်တင်ဖို့ပါပဲ။ ပြည်သူတွေလိုလားတဲ့ အစိုးရတစ်ရပ် ထွက်လာပြီဆိုတာနဲ့ ဒီအစိုးရနဲ့ဆက်ဆံရေးဟာ တရုတ်ပြည်သူတွေအတွက် အဆင်ပြေမယ်။ ဆိုလိုတာက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ ပြည်သူလိုလားတဲ့ ဒီမိုကရေစီအစိုးရတစ်ရပ် ဖြစ်ပေါ်လာပြီဆိုရင် တရုတ်ပြည်သူတွေနဲ့ မြန်မာပြည်သူတွေရဲ့ဆက်ဆံရေး ကောင်းသွားမယ်။

မေး ။ ခင်ဗျားအနေနဲ့ ကျွန်တော်ကတစ်ဆင့် မြစ်ဆုံစီမံကိန်းလုပ်နေတဲ့သူတွေကို ဘာပြောချင်လဲ။

ဖြေ။ လက်လျှော့လိုက်ပါပေါ့။ တခြားလူမပြောနဲ့။ ဒေါ်အောင်ဆန်းစုကြည်တောင် ဒီကိစ္စကို ပြောမယ်ဆိုရင် ကျွန်တော်တို့က ဝေဖန်ထောက်ပြမှာပဲ။ ကျွန်တော်တို့က အမေရိကန်ကိုကြိုက်နေလို့၊ တရုတ်ကိုမုန်းနေလို့ အနောက်နိုင်ငံတွေကို ထောက်ခံနေလို့ ဒီကိစ္စတွေကို ဆန့်ကျင်နေတာ မဟုတ်ဘူး။ ဒါတွေဟာ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့တိုင်းပြည် အကျိုးစီးပွားအတွက် ကျွန်တော်တို့က ဆန့်ကျင်ကန့်ကွက် နေရတာဖြစ်တယ်။

ကျန်တဲ့သမ္မတလောင်းတွေ အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်မဖြစ်ရင် သူရွေးချယ်တဲ့သူပဲ သမ္မတဖြစ်ဖို့ ရာခိုင်နှုန်းများတယ်။ ရွေးကောက်ပွဲကို မတရားညစ်ခဲ့မယ်ဆိုရင် တိုင်းပြည်မှာ ဆူပူအုံကြွမှုတွေဖြစ်မယ်။ ခင်ဗျားတို့လည်း ရင်းနှီးမြှုပ်နှံလို့ရမှာ မဟုတ်တော့ဘူး။ ဒါဟာ လက်ရှိအခြေအနေပဲ။ အဲဒါက သမိုင်းတွေရှိခဲ့တယ်...

မေး။ ၂၀၁၅ မှာပေါ့။ သမ္မတရွေးကောက်ပွဲ လုပ်တဲ့အခါမှာ တရုတ်ပြည်သူတွေက ဘာမြင်လဲဆိုတော့ ဦးသိန်းစိန်၊ သူရရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပေါ့။ အဲဒီလေးဦးမြင်တယ်ပေါ့။ ခင်ဗျားအနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ ဒေါ်အောင်ဆန်းစုကြည်က သမ္မတမဖြစ်နိုင်ဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ကြံ့ခိုင်ရေးပါတီမနိုင်ဘူး။ နိုင်မှာက NLD နဲ့ သူ့ရဲ့မဟာမိတ်ပါတီတွေပဲ အနိုင်ရလိမ့်မယ်။ ကျွန်တော်တို့ရဲ့ သမ္မတရွေးချယ်နည်းစနစ်ကို ခွဲပြောရင် ဒုသမ္မတသုံးယောက် တင်မြှောက်တယ်။ ဒုသမ္မတသုံးယောက်မှာမှ မဲအများဆုံးလူက သမ္မတဖြစ်တယ်။ သုံးယောက်မှာ လွှတ်တော်နှစ်ရပ်က နှစ်ယောက်ရွေးရတယ်။ စစ်တပ်က သမ္မတတစ်ယောက် ရွေးရတယ်။ လွှတ်တော်နှစ်ရပ်က နှစ်ယောက်က ရွေးကောက်ပွဲက လာရတယ်။ အဲဒီနှစ်ယောက်က ကြံ့ခိုင်ရေးပါတီက သော်လည်းကောင်း၊ စစ်တပ်ကသော်လည်းကောင်း ဘယ်နည်းနဲ့မှ အရွေးမခံရနိုင်ဘူး။ ဆိုလိုတဲ့အဓိပ္ပာယ်က မဲရွေးပွဲမှာ NLD နဲ့ သူ့ရဲ့မဟာမိတ်တွေကသာ အပြတ်အသတ် အောင်ပွဲခံသွားလိမ့်မယ်။ အဲဒီတော့ PR စနစ်ပဲလုပ်လုပ်၊ ဘာပဲလုပ်လုပ် ဘယ်လောက်ပဲ မဲညစ်ညစ် သူတို့လွှတ်တော် ဒုသမ္မတနှစ်ယောက်ဟာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်တဲ့သူကိုယ်တိုင် သို့မဟုတ် သူရွေးချယ်တဲ့ သူတွေဖြစ်မယ်။ စစ်တပ်က ၂၅ ရာခိုင်နှုန်းက ဘယ်လောက်ပဲ ထောက်ခံထောက်ခံ၊ နောက်ဆုံး မဲအများဆုံးလူက အဲဒီနှစ်ယောက်ထဲကလူ ဖြစ်မယ်။ ဆိုလိုတဲ့အဓိပ္ပာယ်က မြန်မာနိုင်ငံမှာ အခုလက်ရှိသမ္မတ ဦးသိန်းစိန်ဟာ သမ္မတဆက်ဖြစ်ဖို့ ရာခိုင်နှုန်း ၂ဝ အောက်မှာပဲရှိတယ်။ ကျန်တဲ့သမ္မတလောင်းတွေ အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်မဖြစ်ရင် သူရွေးချယ်တဲ့သူပဲ သမ္မတဖြစ်ဖို့ ရာခိုင်နှုန်းများတယ်။ ရွေးကောက်ပွဲကို မတရားညစ်ခဲ့မယ်ဆိုရင် တိုင်းပြည်မှာ ဆူပူအုံကြွမှုတွေဖြစ်မယ်။ ခင်ဗျားတို့လည်း ရင်းနှီးမြှုပ်နှံလို့ရမှာ မဟုတ်တော့ဘူး။ ဒါဟာ လက်ရှိအခြေအနေပဲ။ အဲဒါက သမိုင်းတွေရှိခဲ့တယ်။ ၉ဝ ပြည့်နှစ်မှာလည်း NLD ပါတီနဲ့ သူ့မဟာ မိတ်တွေက ၉၅ ရာခိုင်နှုန်းနိုင်တယ်။ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာလည်း NLD က ၉ဝ ရာခိုင်နှုန်းနဲ့ ဒီနှုန်းအတိုင်းပဲ ၂ဝ၁၅ လည်းသွားမယ်။ ဘယ်လောက်ပဲညစ်ညစ် ၈ဝ နဲ့ ၉ဝ ကြားဆိုရင် မဲအများဆုံးဟာ သမ္မတရွေးချယ်နိုင်တဲ့ NLD နဲ့ သူ့ရဲ့မဟာမိတ် တိုင်းရင်းသားတွေ၊ မဟာမိတ်ပါတီတွေကပဲ နိုင်သွားလိမ့်မယ်။

မေး ။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်လာခဲ့ဖူးဆိုရင် ခင်ဗျားစိတ်ထဲမှာ ဘယ်သူ့ကိုမြင်လဲ။

ဖြေ ။ သူရွေးချယ်တဲ့သူပဲဖြစ်မယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဘယ်လောက်ပဲနိုင်နိုင် စစ်တပ်နဲ့ သူ့ရဲ့အသိုင်းအဝိုင်းကတော့ အာဏာရဲ့ ၄ဝ ရာခိုင်နှုန်းကို ချုပ်ကိုင်ထားမှာပဲ။ ၆ဝ ရာခိုင်နှုန်းပဲ အာဏာရှိမယ်။

မေး ။ ကျွန်တော် မြန်မာနိုင်ငံမလာခင် တရုတ်နိုင်ငံမှာ အမေရိကန်ရယ်၊ ဗြိတိန်ရယ်၊ ကနေဒါရယ်ပေါ့။ ကောင်စစ်ဝန်တွေနဲ့ တွေ့ခဲ့တယ်။ ကျွန်တော်မေးတယ်။ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ပံ့ပေးမလားပေါ့။ သူတို့ကပြန်ဖြေတယ်။ ပုဂ္ဂိုလ်ရေးအရ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ပံ့မှုပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကိုတော့ အဲဒါကိုတော့ ထောက်ပံ့မယ်ပေါ့။ သူတို့ရဲ့ ပြောဆိုချက်ကို ခင်ဗျားဘယ်လိုထင်လဲ။

ဖြေ။ အဓိက,ကတော့ သူတို့အကျိုးစီးပွားရှိတယ်။ တရုတ်မှာလည်း တရုတ်အကျိုးစီးပွားရှိတယ်။ အနောက်နိုင်ငံတွေမှာလည်း သူတို့အကျိုးစီးပွားရှိတယ်။ အနောက်နိုင်ငံတွေကလည်း မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်သွားဖို့ထက်ကို သူတို့ရဲ့အကျိုးစီးပွားအရ မြန်မာနိုင်ငံမှာ တည်ငြိမ်ဖို့နဲ့ သူတို့ဩဇာလွှမ်းမိုးဖို့ သူတို့အာရုံစိုက်လာတယ်။ သူတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုက်ချင်မှ ကြိုက်မယ်။ ဒါပေမဲ့ လူထုကြိုက်လာပြီဆိုတဲ့ နေ့မှာတော့ သူတို့ ပုဂ္ဂိုလ်ရေးအရ မကြိုက်တာတွေက ပြီးသွားမယ်။

မေး ။ ဒေါ်အောင်ဆန်းစုကြည်က ပုဒ်မ ၄၃၆ မှာ ညပ်နေတာလား။ ပုဒ်မ ၄၃၆ တစ်ခုပဲပြင်ဖို့လိုသလား။ ဒါမှမဟုတ် ၂၀၀၈ ဖွဲ့စည်းပုံတစ်ခုလုံး ပြင်ဖို့လိုသလား။

ဖြေ။ ဘယ်ဥပဒေပုဒ်မပဲဖြစ်ဖြစ် အမျိုးသား ပြန်လည်သင့်မြတ်ရေး။ ဆိုလိုတာက စစ်တပ်နဲ့ ပြည်သူအကြား ရင်ကြားစေ့ရေးအောင်မြင်ရင် ဘယ်ပုဒ်မ မဆို အခုချက်ချင်းပြင်လို့ရတယ်။ ပုဒ်မ ၄၃၆ ပဲဖြစ်ဖြစ်။ ၅၉(စ)ပဲဖြစ်ဖြစ် အားလုံးညှိလို့ရရင် သူတို့နှစ်ဦးနှစ်ဖက်ကြား ညှိလို့ရတာ အကုန်ပြင်လို့ရတယ်။ လောလောဆယ်မှာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အကုန်ပြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တိုင်းရင်းသားဖက်ဒရယ်တို့ ဘာတို့ ဖြစ်ပေါ်ရေးကလည်း ချက်ချင်းမဖြစ်နိုင်ဘူး။ Peace က လက်မှတ်ရေးထိုး ရုံလောက်ပဲရှိမယ်။ တစ်ခါတည်း ဖြေလိုက်မယ်။ ဖက်ဒရယ်ကိစ္စ အပါအဝင် အားလုံးဟာ ၂ဝ၂ဝ ပြည့်နှစ် နောက်ပိုင်းမှာ အကုန်ဖြစ်မယ်။ ၂ဝ၁၅ မတိုင်ခင်မှာ တချို့လည်း ပြင်လို့ရမယ်။ ၂ဝ၁၅ နဲ့ ၂ဝ၂ဝ ကြားမှာ ထပ်ပြီးပြင်ရမယ်။ အကြိမ်ကြိမ်ညှိရမယ်။ ဆိုလိုတဲ့အဓိပ္ပာယ်က လူထုနဲ့ စစ်တပ်ကြားမှာ အာဏာခွဲဝေမှု၊ ချုပ်ကိုင်မှု ဆက်ရှိနေဦးမယ်။ ၂ဝ၂ဝ မတိုင်ခင်အထိ။ အဲဒီတော့ ဒီကိစ္စတွေဟာ ဖွဲ့စည်းပုံပြင်ရေးလောက် ဒီလောက်အရေးမကြီးပါဘူး။ အဓိက,က စစ်တပ်နဲ့ လူထုကြားမှာရှိနေတဲ့ ညီညွတ်ရေးပဲ အရေးကြီးတာ။ ဒီနှစ်ယောက်သာ ညီညီညွတ်ညွတ်နဲ့ တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက်မတိုးဘူးဆိုရင် ကျွန်တော်တို့နိုင်ငံဟာ ရှေ့ဆက်သွားလို့ရပြီ။ ပြင်လို့ရပြီ။ အကုန်လုံးလုပ်လို့ရပြီ။ အဲဒီတော့ ၂ဝ၂ဝ မတိုင်ခင်မှာ ကျွန်တော်တို့ အကုန်လုံးဖြတ်လို့ရတယ်။

ဒီလက်မှတ်ထိုးပွဲ Peace Accord က Show Business ပဲ။ ကျွန်တော်တို့ရဲ့ ပြည်တွင်းစစ်က ၁၉၄၈ ကတည်းက ၆၆ နှစ်ရှိပြီ။ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံးပြည်တွင်းစစ်။ ၆၆ နှစ်ရှိခဲ့တဲ့ ပြည်တွင်းစစ်ကို လက်မှတ်ကလေး တစ်ချက်ထိုးရုံနဲ့ မပြေလည်ဘူး...

မေး ။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ငြိမ်းချမ်းရေးစကားဝိုင်းပေါ့။ သူတို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ခင်ဗျားအနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ ။ အားလုံးကတော့ Paper Treaty ပေါ့။ စက္ကူပေါ်က သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ ပြင်နေကြတယ်။ တကယ်ကျတော့ လက်မှတ်ထိုးပြီးတာနဲ့ အားလုံးပြေလည်သွားမှာတော့ မဟုတ်ဘူး။ ဒါဟာ Show Business ပဲ။ ဒီလက်မှတ်ထိုးပွဲ Peace Accord က Show Business ပဲ။ ကျွန်တော်တို့ရဲ့ ပြည်တွင်းစစ်က ၁၉၄၈ ကတည်းက ၆၆ နှစ်ရှိပြီ။ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံးပြည်တွင်းစစ်။ ၆၆ နှစ်ရှိခဲ့တဲ့ ပြည်တွင်းစစ်ကို လက်မှတ်ကလေး တစ်ချက်ထိုးရုံနဲ့ မပြေလည်ဘူး။ ဒါဟာသမ္မတဦးသိန်းစိန် အစိုးရအတွက် Just Show Business ပဲ။ အဲဒါကြောင့်မို့ ကျွန်တော်တို့ နောက်ငါးနှစ်လောက်မှာ တကယ့်နိုင်ငံရေး ဆွေးနွေးပွဲက ၂ဝ၁၅ နဲ့ ၂ဝ၂ဝ ကြားမှာ ဖြစ်မယ်။ ၂ဝ၂ဝ ကျမှ ဖွဲ့စည်းပုံအသစ် ပြန်ပြင်ဆွဲပြီးတော့ အားလုံးပြန်ပြီးတော့ အဲဒီမှာ ဖက်ဒရယ်ဖြစ်လာလိမ့်မယ်။ ဒီကြားထဲမှာတော့ ပုံမှန်အတိုင်းသွားမယ်။ တစ်ယောက်နဲ့ တစ်ယောက် ထိပ်တိုက်တွေမတိုးဖို့။ မျှခြေတစ်ခုပေါ့ ထိန်းထားပြီး ထိပ်တိုက်တွေမတိုးဘူးဆိုရင် သူ့ဟာသူ ဖြစ်လာလိမ့်မယ်။

မေး ။ ဒီကိုမလာခင် အမေရိကန်က လွှတ်တော်အမတ် တစ်ယောက်နဲ့တွေ့တယ်။ တွေ့တော့မေးတဲ့အခါ လွှတ်တော်အမတ်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးစာချုပ် ချုပ်လိုက်ပြီပေါ့ဗျာ။ ချုပ်ပြီးလို့ အကောင်အထည် ဖော်တဲ့အခါမှာ ဘယ်သူက လာကြီးကြပ်မလဲ၊ ဘယ်လိုအကောင်အထည် ဖော်မလဲပေါ့။ ခင်ဗျားအနေနဲ့ ဘယ်လိုမြင်လဲ။


ဖြေ ။ ဘယ်သူမှ ကြီးကြပ်စရာမလိုပါဘူး။ မလိုဘူး။ ကိုယ့်ဟာကိုယ်ပဲ လုပ်မယ်။ ကျွန်တော်တို့အချင်းချင်း တိုင်းရင်းသား ပြဿနာတွေရှင်းမယ်။ ဘယ်သူမှ ကြီးကြပ်စရာမလိုဘူး။ မြန်မာနိုင်ငံမှာရှိနေတဲ့ တိုင်းရင်းသား ပဋိပက္ခတွေက Power Struggle ကြောင့် ဖြစ်တာမဟုတ်ဘူး။ နိုင်ငံရေးပြဿနာကြောင့် ဖြစ်တာ။ အဲဒါကြောင့် ဒီပြဿနာဟာ လက်နက်ကိုင်တွေချည်းပဲ ရှင်းလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေက သိပ် Strong မဖြစ်ပါဘူး။ အခုက လက်နက်ကိုင်ကြောင့် ဖြစ်နေတဲ့ ပြဿနာမဟုတ်ဘူး။ အဓိကဖြစ်တာ နိုင်ငံရေးပြဿနာ။ အဲဒီတော့ နိုင်ငံရေးပြဿနာကို ဖြေရှင်းပြီးရင် တစ်ယောက်နဲ့တစ်ယောက် အပေးအယူညှိပြီးသွားရင် စစ်တပ်ဆိုတာလည်း အကုန်လုံးဖျက်လို့ရပြီ။ အဓိက နိုင်ငံရေးပြဿနာ။ စစ်တပ်ပြဿနာ မဟုတ်ဘူး။

ပါမောက္ခ Yin Hongwei ၏ ကိုယ်ရေးအကျဉ်း
မွေးသက္ကရာဇ်- ၁၉၇၃ ခုနှစ်
ပညာအရည်အချင်း- ပါမောက္ခ (Journalism and Communications Department of Southwest China University of Political Science)
လုပ်ငန်းအတွေ့အကြုံ - Yunnan Daily၊ Southern Weekend နှင့် South Wind သတင်းမဂ္ဂဇင်းတို့တွင် လုပ်ကိုင်ခဲ့ဖူးပြီး The Time Weekly တွင် သတင်းထောက်ချုပ်အဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။ လက်ရှိအချိန်တွင် World View မဂ္ဂဇင်း၏ သတင်းထောက်ချုပ် လုပ်ကိုင်နေပြီး ဂျာနယ်လစ်လုပ်သက် နှစ် ၂၀ ရှိသူဖြစ်သည်။ ပါမောက္ခ Yin Hongwei သည် တရုတ်-ဗီယက်နမ် နယ်စပ်၌ ကြီးပြင်းခဲ့သူဖြစ်ပြီး တရုတ်နှင့် အရှေ့တောင်အာရှ ဆက်ဆံရေးကို အချိန်ကြာမြင့်စွာ လေ့လာခဲ့သူဖြစ်သည်။ သတင်းများ၊ ဆောင်းပါးများအတွက် လိုအပ်သော တွေ့ဆုံမေးမြန်းမှုများကို အရှေ့တောင်အာရှနိုင်ငံများသို့ မကြာခဏသွားရောက်ပြီး လူကိုယ်တိုင် တွေ့ဆုံမေးမြန်းလေ့ ရှိသူဖြစ်သည်။

 http://news-eleven.com/

ဒီမိုကရေစီ အစိုးရ လက်ထက်တွင် ယခင်မဆလခေတ် လူကြီး၏ သားသမီးများသာ ရာထူးကြီးများ ရယူထားကြောင်း နိုင်ငံရေးလေ့လာသူ တစ်ဦးက Tomorrowသို့ ပြောကြားခဲ့သည်။

ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်သည် မဆလခေတ် ရဲချုပ်နှင့် လွှတ်တော် ကိုယ်စားလှယ် ဦးရွှေသန်း၏သား ဖြစ်သည်။ စွမ်းအင်ဝန်ကြီးနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးဇေယျာအောင်မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ဒေသပါတီ ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သိန်း၏သား ဖြစ်သည်။ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်သည် မဆလ လက်ထက် ၀န်ကြီး ဗိုလ်မှူးကြီး မောင်လွင်၏ သားဖြစ်သည်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးဝင်းရှိန်သည် မဆလ ဗဟိုကော်မတီဝင် ဦးစံရှိန်၏သား ဖြစ်သည်။

နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ကျော်သည် မဆလ ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်ကြီး သူရကျော်ထင်၏သား ဖြစ်သည်။ ယဉ်ကျေးမှု ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်သည် မဆလခေတ် သမ၀ါယမ ဒုတိယ၀န်ကြီး ဒေါက်တာချစ်၏ သမီးဖြစ်သည်။

နယ်စပ်ရေးရာ ဒုတိယ၀န်ကြီး ဗိုလ်ချုပ် တင်အောင်ချစ်မှာ မကွေးတိုင်း ပြည်သူ့ ကောင်စီဝင် ဦးကြည်၏သား ဖြစ်သည်။ ပို့ဆောင်ရေး ဒုတိယ၀န်ကြီး ဦးဇင်ယော်မှာ မဆလ ဗဟိုကော်မတီဝင် ယဉ်ကျေးမှုဝန်ကြီး ဦးအေးမောင်၏ သားဖြစ်သည်။ ဒုဝန်ကြီးဟောင်းနှင့် လက်ရှိဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ၊ သီလ၀ါ အထူးစီးပွားရေးဇုန် ဥက္ကဋ္ဌ ဦးဝင်စတန်ဆက်အောင်မှာ ဦးနေ၀င်း၏ အကြောင်းကံပေး န၀တ လက်ထက်တွင် ဒုတိယ၀န်ကြီးဖြစ်သူ ဗိုလ်မှူးကြီး ဆက်အောင်၏ သားဖြစ်သည်။ နိုင်ငံခြားရေး ဒုတိယ ၀န်ကြီးဟောင်းနှင့် လက်ရှိ နိုင်ငံတော် ရာထူးဝန် ဦးကျော်သူသည် မဆလခေတ် သမ္မတ ဒေါက်တာမောင်မောင်၏ သားဖြစ်သည်။

ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦးသည် မဆလခေတ် ကယားပြည်နယ် ပြည်သူ့ကောင်စီ ဥက္ကဋ္ဌ ဦးကျော်ဒင်၏ သားဖြစ်သည်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်း နောင်မှာ မဆလခေတ် ပြည်ထဲရေး ဒုတိယ၀န်ကြီး ဗိုလ်မှူးကြီး ခင်မောင်ဝင်း၏ သားဖြစ်သည်။

မြိတ်လေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်မောင်ကျော်မှာ မဆလခေတ် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး သူရကျော်ထင်၏ သားဖြစ်သည်။ ရေတပ်မှ ဗိုလ်မှူးချုပ် မိုးအောင်သည် ယခင် စက်မှု(၁)၀န်ကြီး ဦးအောင်သောင်း၏ သားဖြစ်သည်။ စစ်သံမှူး ဗိုလ်မှူးချုပ် ဆန်းဦးလှိုင်မှာ မဆလ ဗဟိုကော်မတီ အတွင်းရေးမှူး ဦးသန်းလှိုင်၏ သားဖြစ်သည်။ မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်မှာ မဆလ ဗဟိုကော်မတီဝင် ဖြစ်ခဲ့သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားမက် ဖြစ်သည်။

ထို့ကြောင့် မဆလခေတ် ဗဟို ကော်မတီဝင်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ သားသမီးထဲမှ ယခုဒီမိုကရေစီ အစိုးရ လက်ထက်တွင် ၀န်ကြီးအဆင့်တွင် လေးဦး၊ ဒုတိယ၀န်ကြီး အဆင့်တွင် လေးဦး၊ အစိုးရအဖွဲ့အစည်း အကြီးအကဲ နှစ်ဦး၊ ပြည်နယ်ဝန်ကြီးချုပ် တစ်ဦး၊ စစ်တိုင်းမှူး တစ်ဦးနှင့် ဗိုလ်မှူးချုပ် လေးဦး တာဝန်ထမ်းဆောင်နေကြောင်း၊ ထူးခြားသည်မှာ နိုင်ငံတော်၏ ဘဏ္ဍာရေး၊ စီးပွားရေးအတွက် အဓိကကျသော ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ သီလ၀ါ အထူးစီးပွားရေးဇုန် ဥက္ကဋ္ဌ ရာထူးများကို အဆိုပါ မိသားစုဝင်များက ရယူထားခြင်း ဖြစ်ကြောင်း အဆိုပါ လေ့လာသူက ပြောပြသွားခဲ့သည်။ ယခု ဦးသိန်းစိန် အစိုးရ လက်ထက် ပြည်ထောင်စု အစိုးရအဖွဲ့ (၂၀၁၄ ခုနှစ် သြဂုတ်လ အထိ)တွင် သမ္မတရုံး အပါအ၀င် ၀န်ကြီးဌာန ၃၁ခုအတွက် ၀န်ကြီး ၃၆ဦး (သမ္မတရုံးတွင် ၅ဦး)၊ ဒုတိယ၀န်ကြီး ၅၈ဦး ရှိသည်။ ထိုအထဲတွင် အမျိုးသမီးဝန်ကြီး ၂ ဦးနှင့် အမျိုးသမီး ဒုတိယ၀န်ကြီး ၆ ဦးပါရှိသည်။

Tomorrow news journal

““ကျွန်တော့်ပစ္စည်းမဟုတ်ဘဲနဲ့ ယူမထားချင်ပါဘူး။ အံဆွဲထဲမှာ သန့်ရှင်းရေးလုပ်ရင်း ပိုက်ဆံအိတ်တွေ့တာနဲ့ အမေ(လူနာရှင်အမျိုးသမီး)ကို လိုက်ရှာပြီး ပေးတာပါ။ အဲဒီ
အတွက် ဒီလိုဂုဏ်ပြုပေးတာ အတိုင်းမသိဝမ်းသာတယ်။ အသိအမှတ်ပြု ဂုဏ်ပြုပေးတဲ့
ဆေးရုံက လူကြီးတွေကို ကျေးဇူးတင်တယ်””
ရန်ကုန်ခုတင် ၅၀၀ ဆန့် အထူးကုဆေးရုံကြီး လူနာစောင့်မေ့ကျန်ငွေ ၆သိန်းကျပ် ပြန်ပေးလိုက်သော သန့်ရှင်းရေးဝန်ထမ်းအား ရိုးသားမှုအတွက် ဂုဏ်ပြု

… ကျွန်တော့်ပစ္စည်းမဟုတ်ဘဲနဲ့ ယူမထားချင်ပါဘူး။ အံဆွဲထဲမှာ သန့်ရှင်းရေး လုပ်ရင်း ပိုက်ဆံအိတ်တွေ့တာနဲ့ အမေ (လူနာရှင်အမျိုးသမီး) ကို လိုက်ရှာပြီးပေး တာပါ။ အဲဒီအတွက် ဒီလိုဂုဏ်ပြုပေးတာ အတိုင်းမသိဝမ်းသာတယ် …
---- --- ---- ---
ယခုလ ၁၇ရက်နေ့က ရန်ကုန်ခုတင် ၅၀၀ဆန့် အထူးကု ဆေးရုံ၊ အဆုတ်နှင့်ရင်ခေါင်း ခွဲစိပ်အထူးကုဌာနမှ လူနာစောင့်မိသားစု မေ့ကျန်ခဲ့သော ငွေကျပ်ခြောက်သိန်းကို ယင်းဆေးရုံမှ သန့်ရှင်းရေးဝန်ထမ်းဖြစ်သည့် ဦးတင်ဝင်းက ရိုးသားစွာ လိုက်ပေးခဲ့သည်။

အဆုတ်ရောဂါကြောင့် အောက်ဆီဂျင်ခန်းတွင် ကုသနေရသော လူနာမှာ သုံးရက်ပြည့်၍ အခန်းပြောင်းစဉ် ကုတင်အံဆွဲအတွင်း ငွေကျပ်ခြောက်သိန်းထည့်ထားသော ပိုက်ဆံအိတ်ကျန်ခဲ့ခြင်းဖြစ်ပြီး လူနာစောင့်မှာ ပိုက်ဆံအိတ်ကျန်ရစ်ခဲ့မှန်း မသိဘဲ သန့်ရှင်းရေးလုပ်သည့် ဦးတင်ဝင်း က တွေ့ရှိ၍ လိုက်လံပေးရာမှ ပိုက်ဆံ အိတ်ကျန်ရစ်ခဲ့မှန်း သိရခြင်းဖြစ်သည်ဟု သိရသည်။

““ပစ္စည်းတွေ တပွေ့တပိုက်နဲ့ အခန်းရွှေ့နေရတော့ ပိုက်ဆံအိတ်ကျန်ခဲ့မှန်း မသိဘူး။ ဦးတင်ဝင်းက လိုက်ပြောမှ သိရတာ။ သူက ရိုးသာစွာလိုက်ပေးတဲ့အတွက် ကျေးဇူးလည်းတင်တယ်။ ရိုးသားမှုကိုလည်း ဂုဏ်ယူတယ်။ ဒီဆေးရုံမှာ ဒီလိုဝန်ထမ်းကောင်းတွေရှိတဲ့အတွက် အရမ်းဝမ်းသာတယ်””ဟု ပိုက်ဆံအိတ်မေ့ကျန်ခဲ့သည့် လူနာဦးစောမိုးစော၏ ဇနီးဖြစ်သူ ဒေါ်ထီးရှီးက ပြောသည်။

အဆိုပါဆေးရုံသစ်ကြီးမှာ ဖွင့်လှစ်ထားသည့်ကာလ မကြာသေးသော်လည်း ၀န်ထမ်းများ၏ အကျင့်စာရိတ္တကောင်းမွန်သည်ဆိုသော သာဓကအဖြစ် ပြသနိုင်ခဲ့၍ ဂုဏ်ယူကြောင်း၊ အခြားဝန်ထမ်းများလည်း အလားတူစိတ်ဓာတ်မျိုးထားနိုင်ရန် မွေးမြူသွားရမည်ဖြစ်ကြောင်း ရင်ခေါင်းခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာခင်မောင်အေး က ပြောသည်။

ရိုးသားသောစိတ်ဖြင့် မေ့ကျန်ငွေသားကို လိုက်လံပေးသော ဦးတင်ဝင်းအား လူနာရှင်နှင့် ဆေးရုံတာဝန်ရှိသူများက ယနေ့(သြဂုတ်လ ၂၉ ရက်) အဆုတ်နှင့်ရင် ခေါင်းခွဲစိပ်ကုသဆောင် အစည်းအဝေးခန်းမတွင် ဂုဏ်ပြုအခမ်းအနားပြုလုပ်၍ ဂုဏ်ပြုလက် ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး သန့်ရှင်းရေးဝန်ထမ်းများကိုလည်း လက်ဆောင်ပေးအပ်ခဲ့သည်။

ဦးတင်ဝင်းမှာ ရန်ကုန်ဆေးရုံကြီးတွင် သန့်ရှင်းရေးဝန်ထမ်းအဖြစ် လုပ်သက် ၃၂ နှစ်ကြာ ထမ်းဆောင်ခဲ့သူဖြစ် ပြီး ဆေးရုံသစ်ကြီးသို့ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်ခြင်းမှာ ၆လ မျှသာရှိသေးကြောင်း ၎င်းသည် လူနာများအား စေတနာထား ဆက်ဆံကူညီပေးလေ့ရှိသကဲ့သို့ အလုပ်ကိုလည်း ကြိုးစားလုပ်ကိုင် သူဖြစ်ကြောင်း ယင်းဆေးရုံဝန်ထမ်းများက ပြောသည်။

““ကျွန်တော့်ပစ္စည်းမဟုတ်ဘဲနဲ့ ယူမထားချင်ပါဘူး။ အံဆွဲထဲမှာ သန့်ရှင်းရေးလုပ်ရင်း ပိုက်ဆံအိတ်တွေ့တာနဲ့ အမေ(လူနာရှင်အမျိုးသမီး)ကို လိုက်ရှာပြီး ပေးတာပါ။ အဲဒီအတွက် ဒီလိုဂုဏ်ပြုပေးတာ အတိုင်းမသိဝမ်းသာတယ်။ အသိအမှတ်ပြု ဂုဏ်ပြုပေးတဲ့ ဆေးရုံက လူကြီးတွေကို ကျေးဇူးတင်တယ်””ဟု ဂုဏ်ပြုခံ ဦးတင်ဝင်း က ပြောသည်။

မိုးမင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)