November 2014

မြောက်ကိုရီးယားနိုင်ငံ ​ခေါင်းဆောင်ရဲ့ ​ညီမဟာ ​မြောက်ကိုရီးယားနိုင်ငံအတွက် ​အရေးကြီးတဲ့ ​ရာထူးကို ​ရရှိကြောင်း ​သတင်းမှာ ​ဖော်ပြထားပါတယ်။
လက်ရှိမြောက်ကိုးရီးယား ခေါင်းဆောင်Kim Jong-un (Credit: AFP)

ခေါင်းဆောင် ​Kim ​Jong-un ​ရဲ့ ​ညီမငယ် ​Kim ​Yo-jong ​ဟာ ​အသက် ​၂၇ ​နှစ်သာ ​ရှိဦးမယ်လို့ ​ယူဆကြပြီး ​အရေးကြီးတဲ့ ​ဌာနတစ်ခုရဲ့ ​ဒုညွန်ကြားရေးမှူး ​ရာထူးကို ​ရရှိသွားတာ ​ဖြစ်ပါတယ်။

၂၀၁၁ ​ခုနှစ်တုန်းက ​သူမရဲ့ ​ဖခင် ​Kim ​Jong-il ​ရဲ့ ​အသုဘ ​အခမ်းအနားမှာ ​Kim ​Yo-jong ​ကို ​ပထမဦးဆုံး ​သတိပြုမိလာကြတာ ​ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ​အစ်ကိုဖြစ်သူ ​Kim ​Jong-un ​နဲ့ ​တစ်ခါတစ်ရံ ​လိုက်ပါသွားတာကိုသာ ​တွေ့ခဲ့ရပေမယ့် ​ရာထူးအကြောင်း ​ကြေညာသွားတာတွေ ​မရှိခဲ့ပါဘူး။

အဲဒီ ​မောင်နှမ ​နှစ်ယောက်စလုံးဟာ ​အစ်ကိုဖြစ်သူ ​Kim ​Jong-chol ​နဲ့အတူ ​ဆွစ်ဇာလန်နိုင်ငံမှာ ​ပညာသင်ယူဖူးသူတွေ ​ဖြစ်ကြပါတယ်။

ဒါပေမဲ့ ​အစ်ကို ​ဖြစ်သူက ​ဘာရာထူးမှ ​ရရှိခြင်းမရှိပဲ ​ညီဖြစ်သူ ​Kim ​Jong-un ​က ​နိုင်ငံ့ခေါင်းဆောင်ရာထူးရရှိပြီး ​ညီမဖြစ်သူက ​အစိုးရဌာနမှာ ​ဒုညွန်ကြားရေးမှူး ​ဖြစ်လာတာပါ။

သူတို့ရဲ့ ​အဖိုးဖြစ်သူနဲ့ ​ဖခင်ဖြစ်သူကလည်း ​မြောက်ကိုးရီးယားနိုင်ငံ ​ခေါင်းဆောင်ဖြစ်ပြီး ​အခု ​တတိယ ​မျိုးဆက်တွေကလည်း ​ခေါင်းဆောင် ​ရာထူးရယူထားတဲ့အတွက် ​Kim ​Jong ​အမျိုးတွေ ​နောက်နောင်ကျရင်လည်း ​ရာထူးတွေ ​ဆက်လက်ရရှိမယ့် ​အခြေအနေအတွက် ​ဖန်တီးပေးရာ ​ရောက်တယ်လို့ ​သုံးသပ်ကြပါတယ်။

http://www.radioaustralia.net.au/burmese/2014-11-28/1393999


အိုဆာကာ တက္ကသိုလ်ရဲ့ ဖိတ်ကြားချက်အရ  ဂျပန်နိုင်ငံကိုရောက်နေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်ဟာ အိုဆာကာမြို့ တက္ကသိုလ်မှာ လက်ရှိ မြန်မာအစိုးရ လက်အောက်က အရပ်ဘက်လူ့အဖွဲ့အစည်းများအခြေအနေ ခေါင်းစဉ်နဲ့ ဒီနေ့ ဟောပြောခဲ့ပါတယ်။

ဟောပြောပွဲကို ဂျပန် တက္ကသိုလ်က ပါမောက္ခတွေ၊ ကျောင်း သားကျောင်းသူတွေနဲ့၊ ဂျပန်နိုင်ငံမှာ ပညာလာရောက် သင်ကြားနေ တဲ့ မြန် မာကျောင်းသားတွေ၊ ၂၀၀ နီးပါးတက်ရောက် နားထောင်ခဲ့ပါတယ်။

တက်ရောက်လာ သူတွေက ဦးမင်းကိုနိုင် ရဲ့ ထောင်တွင်း အတွေ့အကြုံ၊ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ မေးမြန်းသလို၊ ဟောပြောပွဲအပြီးမှာ ဂျပန်သတင်းမီဒီယာတွေကို  သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာတော့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အထူးစိတ်ဝင်တစား မေးမြန်းခဲ့ကြပါတယ်။

ဦးမင်းကိုနိုင်ဟာ ဂျပန်နိုင်ငံမှာ ရောက်ရှိနေချိန်အတွင်း ဂျပန်လွှတ်တော်အမတ်တွေ အပါအ၀င် ဂျပန်နိုင်ငံရဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပြီး ဒီဇင်ဘာ ၆ ရက်နေ့မှာလည်း ဆိုဖိယာ  တက္ကသိုလ်မှာ ဟောပြောဖို့ ရှိပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/72325

Blew himself up: Abu Hajar al-Britani reportedly carried out the martyrdom mission in the strategic Iraqi town of Baiji, northern Iraq,

လန်ဒန် ၊ ၃၀-၁၁-၂၀၁၄

ဗြိတိန်နိုင်ငံသား ISIS စစ်သွေးကြွ အုပ်စုဝင် အဘူဟာဂျာ အယ်လ်ဘရီ တာနီ သည် ယမ်းဘီလူး ကီလိုဂရမ် ၁၈ဝဝ ဖြင့် မကြာသေးမီက အသေခံ ဖောက်ခွဲ တိုက်ခိုက် ခဲ့ကြောင်း ရိုက်တာ သတင်းဌာန က ဖော်ပြသည်။

၎င်းသည် ဘိုင်ဂျီမြို့တွင် အီရတ် အစိုးရ စစ်ဘက်မှ သံချပ်ကာ ကားများနှင့် အမြောက်များကို ဖျက်ဆီးရန် အတွက် ယင်းကဲ့သို့ အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ISIS တို့က ထုတ်ပြန် ကြေညာသည်။ နိုဝင်ဘာ ပထမပတ် တွင်းက ဗြိတိန်နိုင်ငံသား ကဘာအာမက် ဆိုသူသည်လည်း အလားတူ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

အသက် ၃၂ နှစ်ရှိ အဘူဟာဂျာ အယ်လ်ဘရီ တာနီ သည် ဗြိတိန်နိုင်ငံ မှ အီရတ်နိုင်ငံသို့ ခိုးထွက်ကာ အိုင် ISIS စစ်သွေးကြွ များနှင့် ယခုနှစ် နှစ်လယ်ပိုင်းက ပူးပေါင်း ခဲ့ကြောင်း ဗြိတိန် ထောက်လှမ်းရေး အရာရှိ တစ်ဦးက ပြောသည်။ ဗြိတိန်နှင့် အခြား ဥရောပနိုင်ငံ များမှ အစ္စလာမ် ဘာသာဝင် များသည် ISIS စစ်သွေးကြွ များနှင့်ပူးပေါင်း တိုက်ခိုက်နေသော ကိစ္စကို သက်ဆိုင်ရာ နိုင်ငံအသီးသီး က ယခုနှစ် နောက်ပိုင်းတွင် အထူး ကြပ်မတ် လုပ်ဆောင် ဖြေရှင်းပေးလျက် ရှိကြောင်း သိရသည်။

#PyiChitThar

British ISIS fighter blows himself up in suicide mission in Iraq


မလေးရှားနိုင်ငံ ကလန်းမြို့ ဆင်တိုဆာ KFC ဆိုင် အနီးတွင် မြန်မာ ကုန်ပစ္စည်းများဖြင့် ဖွင့်လှစ် ရောင်းချနေသော မြန်မာ ဆိုင်ပိုင်ရှင် တစ်ဦးအား အမည်မသိလူအုပ်တစ်စုမှ လာရောက် သတ်ဖြတ် သွားခဲ့သည်ဟု သတင်းရရှိသည်။

ယင်းသတ်ဖြတ်မူမှာ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး အသတ်ခံရသူမှာ တနင်္သာရီတိုင်း ထားဝယ်မြို့မှ   ကိုအောင်မျိုးဦ (အသက် ၄၀)  ဆိုသူဖြစ်သည်။

ကိုအောင်မျိုးဦးသည် ကလန်းမြို့တွင် မြန်မာ ကုန်ပစ္စည်းဆိုင် ဖွင့်လှစ်ရောင်းချနေသူ တစ်ဦး ဖြစ်ကြောင်း သိရသည်။

“ သတ်သွားတဲ့လူတွေက ဘယ်သူတွေလည်းဆိုတာမသိဘူး။အထဲကပိုတ်ဆံတွေလည်းယူမသွားဘူး။ ဆိုင်ကပစ္စည်းတွေလည်း ဘာမှယူမသွားဘူး။ အကုန်ဒီအတိုင်း ပဲထားခဲ့တယ်။ ကျွန်တော်တို့  ခန့် မှန်း သလောက်တော့ အငြိုးနဲ့ သက်တာဖြစ်နိုင်တယ်။ ဘာဖြစ်လို့  သက်တာဆိုလည်းမသိ ဘူး” ဟု ၄င်းဆိုင်ဘေးတွင် နေထိုင်သူ ထားဝယ် လူငယ်တစ်ဦးမှ နိရဉ္စရာသို့  ပြောသည်။

ကိုအောင်မျိုးဦး၏ လက်များနှစ်ဖတ်လုံးအား ဖြတ်တောက်ခံထားပြီး ကိုယ်ခန္ဓာတွင်လည်း ဒဏ်ရာ အများ ရရှိခဲ့ကြောင်းသိရသည်။

“ ဒီဆိုင်မှာ ကျွန်တော်တို့  ပစ္စည်းတွေဝယ်နေကျပဲ သူကအရမ်းခင်ဖို့ ကောင်းတယ်။ လူချစ်လူခင် ပေါတယ်။ ကိုယ့်မြန်မာတွေနဲ ရန်ဖြစ်လေ့ဖြစ်ထမရှိဘူး။ အခုလို ဖြစ်သွားတဲ့အတွက် အရမ်းကို စိက်မကောင်းဖြစ်မိတယ်ဟု’’ ၄င်းလူငယ်မှဆက်ပြောသည်။

အဆိုပါဆိုင်တွင်အကူအဖြစ်အလုပ်လုပ်သောအမျိုးသမီးတစ်ဦးကိုလည်း တိုက်ခိုက်သူများမှ ဓါးနဲ့  ခုတ်သတ်ခဲ့သဖြင့် နားထင်များနဲ့  လက်များတွင် ပြင်းထန်ဒဏ်ရရှိခဲ့ပြီး အရေးပေါ် ဆေးကုသမူ ခံယူလျှက်ရှိကြောင်း သိရသည်။

သို့သော်လည်း မလေရှားရဲများမှ ၎င်းအမျိုးသမီးအား ချက်ချင်းစစ်ဆေးရန် ခေါ်ဆောင် သွားခဲ့ကြောင်း မျက်မြင်များက ပြောဆိုသည်။

မလေးရှားတွင် မြန်မာနိုင်ငံသားများကို အုပ်စုဖွဲ့ လူသတ်များပေါ်ပေါက်နေသော်လည်း မလေးရှားရဲမှ တစ်စုံတစ်ရာ ထိထိရောက်ရောက် ဖေါ်ထုတ်ခြင်း မရှိကြောင်း၊ မလေးလူမျိုးတစ်ဦးဦး အသတ်ခံရပါက ချက်ချင်း ဖေါ်ထုတ် အရေးယူနိုင်သော်လည်း မြန်မာနိုင်ငံသား ၅၀ နီးပါးခန့် အသတ်ခံရသော်လည်း အမှု တစ်ခုကို ဖေါ်ထုတ်နိုင်ခြင်း မရှိဘဲဖြစ်နေသည်မှာ အလွန်အံ့အားသင့်စရာ ဖြစ်နေကြောင်း၊ မလေးရဲတပ်ဖွဲ့က မြန်မာများ အသတ်ခံရမှုအပေါ် မျက်ကွယ်ပြုနေပုံရကြောင်း မလေးရောက် ကိုအောင်လွှင်ဦးမှ သုံးသပ် ပြောဆိုသည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများဆက်တိုက်အသက်ခံနေရသော်လည်း အမူမှန် တစ်ခုမှ ဖေါ်ထုတ် အရေးယူနိုင်ခြင်း မရှိသေးကြောင်း၊ သက်ဆိုင်ရာမြန်မာအစိုးရအနေဖြင့် အချိန်မှီ လာရောက် ကာကွယ်ပေးသင့်ကြောင်း မလေးရှားနိုင်ငံရှိ နာရေးကိစ္စတွင် လုပ်ကိုင်ဆောင်ရွက်နေသူ ကိုစိုးသန်းမှလည်း နိရဉ္စရာသို့ ပြောသည်။

မည်သည့်အကြောင်းကြောင့် တိုက်ခိုက် သတ်ဖြတ်သည်ကို မသိရသေးသော်လည်း မလေးရှား သက်ဆိုင်ရာရဲတပ်ဖွဲ့မှ  လူသတ်မှု ကျူးလွန်သူများကို CCTV ကတဆင့် စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

(နိရဉ္စရာ- ၃၀ နိုဝင်ဘာ ၂၀၁၄) / ၀ဏ္ဍခွာညို (ရန်ကုန်)
http://www.narinjara.com/burmese/?p=12910
   
(ဓါတ်ပုံ – နေခိုင် Facebook လူမူ့ ကွန်ယက်)

လှမျိုးနောင်ဆုံးပြီတဲ့၊လူဆိုတာသေမျိုးတွေဆိုပေမယ့်ကျနော့်ရောင်းရင်းကြီးကနေနိုင်သေးတဲ့အရွယ်ပါ။ကျနော်နဲ့ သူကနကိုကသိပ်တည့်သူတွေတော့မဟုတ်၊ဒါပေမယ့်သူဟာနိုင်ငံရေးမှာကျနော့်ရဲ့စီနီယာ၊မင်းကိုနိုင်၊ကိုကိုကြီး၊မိုးသီးဇွန်စတဲ့သူတွေထက်လည်းစီနီယာ။

၁၉၈၈ မတ်လ၁၆ရက် ရန်ကုန်တက္ကသိုလ်ဘွဲ့ နှင်းသဘင်ရှေ့ ကကျောင်းသားထုတရားပွဲမှာလှမျိုးနောင်ဆိုတဲ့  သူကိုစပြီးတွေ့ ဘူးခဲ့ပါတယ်။တရားတက်ဟောနေကြတဲ့ကျောင်းသားတွေ၊အဲဒီတရားဟောနေတဲ့ကကျောင်းသားတွေကမတ်လအရေးတော်ပုံရဲ့ကျောင်းသားခေါင်းဆောင်တွေဖြစ်လာကြတယ်။လှမျိုးနောင်ကအဲဒီခေါင်းဆောင်တွေထဲကတယောက်။သူ့နာမည်လှမျိုးနောင်ဆိုတာကိုတော့နောက်ပိုင်းရင်းနှီးမှသိလာကြတယ်။သူကကျောက်ပန်းတောင်းသား၊ရန်ကုန်မှာကျောင်းလာတက်နေတဲ့ တောသူဌေးသားပေါ့။ သူတို့ မတ်လအရေးတော်ပုံရဲ့ခေါင်း ဆောင်က ဥပဒေ နောက်ဆုံးနှစ်ကျောင်းသားကိုမင်းဇေယျ၊လှမျိုးနောင်က ဥပဒေ ပထမနှစ်ကျောင်းသား။
၁၉၈၈ဇူလိုင်လ၇ရက်နောက်ပိုင်းမတ်လအရေးတော်ပုံကသူတွေလွတ်လာပြီးတော့၊ရန်ကုန်မှာမြေအောက်ကျောင်းသားအဖွဲ့ တွေ၊ဖွဲ့ စည်းလုပ်ကိုင်နေကြတော့၊ကျနော်နဲ့ အတူဇွန်လအရေးတော်ပုံတိုက်ပွဲဝင် အောင်မျိုးတင့်၊ရဲထွန်းဝင်း၊ကိုသန်းနိုင်စတဲ့သူတွေကပထမပိုင်းမှာဗမာပြည်ပြည်သူ့လွတ်မြောက်ရေးလူငယ်တပ်ဦး(BYLF)မှာလုပ်နေကြရာကနေကိုမင်းဇေယျတို့ ၊ဖွဲ့ စည်ပြီးလှုပ်ရှားနေတဲ့ မကဒဆိုတာပေါ်နေပြီဆိုပြီးမကဒနဲ့ သွားပူးပေါင်းကြတယ်။

ကျနော်က၈၈သြဂုတ်လဆန်းမှာတောခိုသွားပြီး၊ယိုးဒယားမြန်မာနယ်ခြားကေအင်ယူနယ်မြေကိုအရင်ရောက်နှင့်နေခဲ့တယ်။၁၉၈၈စက်တင်ဘာလဆန်းလောက်ကစပြီးမြို့ ပေါ်ကကျောင်းသားသမဂ္ဂကကျောင်းသားအချို့ ၊မော်လမျြိုင်ဈေးကြိုနယ်မြေကသပိတ်တပ်ဖွဲ့ တွေ၊စောစိန်ဟန်၊စောတင်ထွန်း၊၀ဏ္ဍ၊သန်းဌေးအောင်စတဲ့ ကျောင်းသားအုပ်စုတွေတောခိုလာကြတယ်။ဗကသကလွတ်လိုက်တဲ့ကျောင်းသားတွေမှာကိုလှအောင်၊ကိုအောင်နိုင်(ယခုVOAဦးသန်းလွင်ထွန်း)မကသ မကဒလိုင်းဖက်ကလှမျိုးနောင်တို့ ကအစောဆုံးရောက်လာကြတဲ့သူတွေထဲကပေါ့။
၁၉၈၈စက်တင်ဘာလဆန်း၊နေ့ တော့မမှတ်မိ၊မှာကျနော့်နဲ့ ကေအင်ယူအကြားကဆက်ဆံရေးအရာရှိဖြစ်တဲ့ ဗိုလ်မှူးရောဘတ်ဇန်ကခင်ဗျားတို့ လူတယောက်ရောက်နေတယ်၊မျိုးကြီးသူငယ်ချင်းဆိုလို့ ၊မယ်တော်ဘုန်ကြီး ကျောင်းမှာအဲဒီကျောင်းသားတွေကိုသွားတွေ့ ခဲ့တယ်။ တွေ့ တွေ့ ချင်းဘုနဲ့ဘောက်ဖြစ်ကြရသေးတယ်။သူတို့ ကမျိုးကြီးသူငယ်ချင်ဆိုတော့ကျနော်ကလည်းမျိုးကြီး(အောင်မျိုးတင့်)လွှတ်လိုက်တာလားလို့ မေးတော့အဲဒီကျောင်းသားကချက်ခြင်းဘဲမျိုးကြီးသူငယ်ချင်းပါမျိုးကြီးလွှတ်လိုက်တာတော့မဟုတ်ဘူးဆိုပြီးချက်ခြင်းဘုဂလန့် ပြန်ပြောတော့တာဘဲ။ နောက်တော့လည်းခင်သွားကြပါတယ်။သူကလှမျိုးနောင်။ခပ်ငယ်ငယ်၊ ခပ်ထက် ထက်ထဲကဆိုတဲ့လူစားမျိုးပါ။

နောင်ABSDFဖွဲ့ စည်းရာမှာညီညီညွတ်ညွတ်ပါဝင်ဖို့ ကိုအောင်ဒင်နဲ့ ကိုဝင်းနိုင်ဦးတို့ တိုက်တွန်းတော့ကျနော်လည်းသဘောတူ၊အဲဒီကိစ္စကိုမကဒတွေအဓိကပါဝင်ပြီးလှုပ်ရှားခဲ့ကြတယ်။ မောင်မောင်ကျော်ဥက္ကဌ၊လှမျိုးနောင်အတွင်းရေးမှူးအဖြစ်လျာထားစီစဉ်ကြတယ်။ဒါပေမယ့်အဲဒီအချိန်ကကေအင်ယူကကျနော့်ကိုလက်မခံတဲ့အတွက် အဲဒီအစီအစဉ်ပျက်။ ၁၉၈၈၉ နှစ်ဆန်းပိုင်းလောက်မှာလှမျိုးနောင်နဲ့ လူချင်းမတွေ့ ဖြစ်ကြတော့။နောက်ပိုင်းသူလည်းပြည်တော်ပြန်သွားခဲ့ပြီးရန်ကုန်မှာကျောင်းသားအဖွဲ့ တွေထဲမှာပြန်လှုပ်ရှားတယ်လို့ သိရတယ်။သူပြန်သွားတာ၁၉၈၉မတ်လ၃၁ရက်နေ့ ဖြစ်မယ်လို့ ထင်တယ်။အဲဒီနေ့ ဟာကြိုဆိုရေးစခန်းတွေကနေကျောင်းသားတွေပြန်လာဖို့ န၀တကသတ်မှတ်ပေးထားတဲ့ နောက်ဆုံးရက်။အဲဒီရက်ကျော်သွားတဲ့သူမှန်သမျှသောင်းကျန်းသူ ပြန်လာသမျှအားလုံးလက်နက်ချအလင်းဝင်ခေါင်းစဉ်အောက်ကိုရောက်သွားကြရတယ်။

လှမျိုးနောင်ပြည်တော်ပြန်ပြီးလအနည်းအကြာကျနော်လည်းပြည်တော်ပြန်ခဲ့ရတယ်။၁၉၈၉သြဂုတ်လကုန်လောက်မှာလက်နက်ချပြီးပြည်တော်ပြန်ခဲ့လို့ အရမ်းစိတ်ဆိုးနေတဲ့ဗမာပြည်ပြည်သူ့ လွတ်မြောက်ရေးလူငယ်တပ်ဦးကရဲဘော်များအနည်းငယ်စိတ်ပြေလာကြပြီးသူတို့ တွေရဲ့လှုပ်ရှားမှုမှာပြန်ပါဝင်ဖို့ ဖိတ်ခေါ်တော့ကျနော်လည်းသဘောတူပြီးသူတို့ နဲ့ ပြန်လက်တွဲခဲ့တယ်။အဲဒ်အချိန်မှာမကဒကလည်းဆက်လက်လှုပ်ရှားနေတယ်။လှမျိုးနောင်လည်းမကဒမှာပြန်ဝင်လုပ်နေချိန်။အဖွဲ့ တွေအစည်းအဝေးလုပ်ကြမယ်ဆိုပြီးဗိုလ်ချုပ်ဈေးအရှေ့ ဖက်တန်းကလက်ဘက်ရည်ဆိုင်ကလေးတခုမှာလှမျိုးနောင်နဲ့ ပြန်တွေ့ တော့သူကယိုးဒယားလိုဆဝါဒီခပ်နဲ့ နုတ်ဆက်ပြီး ရှေးဟောင်းနှောင်ဖြစ်တွေပြန်ပြောပြီးရီကြရသေးတယ်။

သူကပြောတယ်ငါကွာနိုင်ငံတကာဆက်ဆံရေးကစာအုပ်တွေဖတ်နေတယ်၊ဘာကြောင့်လည်းဆိုတော့ကိုကိုကြီးကအစည်းအဝေးတွေမှာစကားနိုင်လုရင်ငါတို့ စာထဲမှာဒီလိုပြောတယ်ဆိုပြီးအနိုင်ကျင့်လို့ ကွာလို့ ပြောတယ်။သူကစာပေအနုပညာသမားတယောက်ပါ။အငြင်းအခုန်သန်တာကလွဲရင်သဘောကောင်းသူတယောက်ပါ။သူငြင်းခုန်ဖူးတဲ့အထဲမှာမိုးသီးဇွန်လိုလူလည်းပါတယ်၊၁၉၈၉ဒီဇင်ဘာ၁၂ရက်နေ့ မှာကျနော်ကိုသာယာဝတီထောင်ကနေအမှူပိတ်ပြန်လွှတ်ပြီး၊၁၉၈၉ဒီဇင်ဘာ၁၃ရက်မှာပါတီမှတ်ပုံမတင်ဘဲဆက်လက်လှုပ်ရှားနေတဲ့ ကျောင်းသားလူငယ်တပ်ဦးပေါင်း၃၅ခုပေါင်းပြီးကျောင်းသားလူငယ်များတပ်ပေါင်းစုဖွဲ့ တယ်။ နေရာတွေကိုမဲနဲ့ ရွေးတော့ဥက္ကဌ-----မောင်မောင်ကျော်၊အတွင်းရေးမှူး---လှမျိုးနောင်ဖြစ်တယ်။ နောက်ဆုံးခေါင်းဆောင်နေရာရွေးတော့မဲ၈မဲမှာမောင်မောင်ကျော်လှမျိုးနောင်၃မဲစီသရေဖြစ်နေခဲ့ပြီးတိုးကျော်လှိုင်ကသူပေးခွင့်ရထားတဲ့တပ်ဦးများအဖွဲ့ ချုပ်ရဲ့မဲနဲ့ သုံးရောင်ချယ်ကျောင်းသားအဖွဲ့ ရဲ့မဲ၂မဲမောင်မောင်ကျော်ကိုပေးလိုက်တော့မောင်မောင်ကျော်ဥက္ကဌ၊လှမျိုးနောင်အတွင်းရေးမှူး၊အဲဒါကကျနော်နဲ့ လှမျိုးနောင်နိုင်ငံရေးအတူတွဲလုပ်ကြတဲ့နောက်ဆုံးဖြစ်ရပ်။၁၉၉၀မတ်လမှာကျနော်ထောင်ကျပြီးနောက်ပိုင်းသူလည်းထောင်ကျ၊၁၉၉၅မှာပြန်တွေ့ ကြသေးတယ်။နောက်တော့ကျနော်က ပြည်ပကိုထွက်၊ မနှစ်ကရန်ကုန်ပြန်ရောက်တော့မဆုံဖြစ်၊ ၂၀၁၄ နှစ်ဆန်းပိုင်းမှာ ကိုအောင်သူအိမ်ကနေ Skype စကားပြောကြတော့နောက်ဆုံးလူချင်းတွေ့ ဖြစ်တယ်။

၂၀၁၄သင်္ကြန်မှာအိမ်မပြန်ရလို့ ကျနော်လည်းဖေ့စ်ဘုတ်မှာအချိန်ဖြုန်းနေတုန်းဟေးဆိုပြီးချပ်တင်းဘောက်က်စ်ကနေနုတ်ဆက်လာတဲ့သူကိုကြည့်လိုက်တော့လှမျိုးနောင်။ နောက်ပိုင်းStreetViewဂျာနယ်မှာသူဆောင်းပါး တွေဝင်ရေးတာတွေ့ ရတယ်။သူစိတ်ဝင်စားပြီးတကယ်လည်းပိုင်ပိုင်နိုင်နိုင်ရှိတဲ့ နယ်ပါယ်ဖြစ်လို့ သူ့ဆောင်းပါး တွေကိုကြိုက်တယ်။
အခုတော့လည်းအဖြစ်အပျက်တွေကမြန်ဆန်လွန်းလှတယ်။

ကျနော့်ရောင်းရင်းကြီးကောင်းရာသုဂတိရောက်ရှိပါစေ။

 မောင်မောင်ကျော်

မန္တလေးတိုင်းဒေသကြီး၊ တောင်ငူမြို့မှာ တက္ကသိုလ်ကျောင်းသူ ကျောင်းသား ၅ဝ ကျော်လောက်က အမျိုးသား ပညာရေးဥပဒေကို ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကနေ ထွက်ပေါ်လာတဲ့ အချက်တွေထဲက အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ဆိုတဲ့ အချက်ကို တောင်းဆိုတာဖြစ်ကြောင်း မိတ္တီလာခရိုင် ဗ.က.သ များ အဖွဲ့ချုပ်ဥက္ကဌ ကိုအောင်နေပိုင်က ပြောပါတယ်။

"တောင်းဆိုတဲ့အချက်တွေကတော့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကနေ ထွက်ပေါ်လာတဲ့ ၆ ချက်ရှိတယ်၊ ပြင်ဆင်သင့်တဲ့အချက်တွေကလည်း NNER လို့ခေါ်တဲ့ နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲမှု ကွန်ရက်ကနေပြီးတော့ ပြုပြင်ရမယ့်အချက်တွေ ပြောထားတယ်၊ အမျိုးသားပညာရေးကော်မရှင် ဖျက်သိမ်းရမယ်တော့၊ ဘတ်ဂျက်ကို အတိအလင်းထည့်ရမယ်တို့၊ မသန်စွမ်းတဲ့လူတွေလည်း ပညာသင်ယူခွင့်ရနိုင်အောင် အတိအလင်းဖော်ပြထားရမယ်တို့ ဒီအချက်တွေမပါရင် အမျိုးသားပညာရေးဥပဒေက ပြည့်စုံတဲ့ဥပဒေမဟုတ်ဘူးဆိုတာ ကျနော်တို့တင်ပြထားပြီးပြီ"

ကျောင်းသားတွေက ဆန္ဒပြဖို့အတွက်ကို သက်ဆိုင်ရာတွေကို ခွင့်ပြုမိန့်တင်ထားတာမရှိတာကြောင့် တောင်ငူမြို့နယ် ထွေအုပ်ဦးစီးမှူးက ကျောင်းသားခေါင်းဆောင်တွေကို ခေါ်ယူပြီး ခွင့်ပြုမိန့်တင်ဖို့ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ကျောင်းသားတွေက ခွင့်ပြုမိန့်မတင်ပဲ ဒီကနေ့ ဆန္ဒပြခဲ့တာကြောင့် တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးက လာရောက်တားမြစ်ခဲ့တယ်လို့လည်း ကျောင်းသားတွေက ပြောပါတယ်။

ဆန္ဒပြကျောင်းသားတွေက တောင်ငူမြို့ကို တစ်ပတ်ပတ်ပြီး အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက်ကြောင်း ဗီနိုင်းပိုစတာတွေ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပြီး တောင်ငူမြို့ ရွှေဆံတော်ဘုရားကြီးမှာလည်း ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မန္တလေးခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က မန္တလေးမြို့မှာ အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

RFA
https://www.facebook.com/pages/RFA-Burmese/39218993127?pnref=story


မြန်မာ အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်ကြား စစ်ရေး တင်းမာမှုတွေ အရှိန်မြင့် လာနေတဲ့ အတွက် စစ်ပြေး ဒုက္ခသည်တွေရဲ့ အသက် အိုးအိမ်စည်းစိမ်လုံခြုံမှု ကင်းမဲ့လာနေသလို အေးလွန်းတဲ့ ရာသီဥတု ဒဏ်ခံနေရတဲ့ ဒုက္ခသည်တွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ စားနပ်ရိက္ခာနဲ့ နေထိုင်မှု အခက်အခဲတွေ ပိုပြီ အထူးစိုးရိမ်စရာ အနေအထား ဖြစ်လာနေတယ်လို့ ဒုက္ခသည်အရေး ကူညီပေး နေသူတွေက ပြောပါတယ်။ ဒါကြောင့် ဒေသတွင်း ငြိမ်းချမ်းမှုရှိအောင် ကချင်ဒုက္ခသည် စခန်းတွေနားအထိ ပစ်ခတ်တိုက်ခတ်မှုတွေနဲ့ စစ်အင်အား တိုးချဲ့ချထားမှုတွေကို ရပ်တန့်ပစ်ဖို့ ကချင်ပြည်နယ် လူထုအခြေပြု မဟာမိတ်အဖွဲ့ကလည်း တောင်းဆိုပါတယ်။ အသေးစိတ်ကို ဆက်သွယ်စုံစမ်း ထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့က ဖြစ်ခဲ့တဲ့ ကချင်စစ်သင်တန်းကျောင်းပေါ် မြန်မာစစ်တပ်ဘက်က လက်နက်ကြီးကျပြီး ဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့ရတဲ့ ပစ်ခတ်တိုက်ခတ်မှုကစလို့ နိုဝင်ဘာ ၂၃ ရက်၊ ၂၄ ရက်တွေမှာလည်း မြန်မာအစိုးရတပ်ဘက်က လိုင်ဇာနဲ့မိုင်ဂျာယန် တလျှောက် လက်နက်ကြီးတွေ ဆက်တိုက် ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။ ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်တလျောက်မှာရှိတဲ့ ဒုက္ခသည် သောင်းချီနေထိုင်ရာ ဂျေယာန်ဒုက္ခသည်စခန်း၊ ဖွမ်လုံယာန်ဒုက္ခသည်စခန်းနဲ့ လိုင်ဇာနယ်မြေထဲအထိ လက်နက်ကြီး ပစ်ခတ်မှုတွေရှိတဲ့ အတွက် ကချင်စစ်ပြေး ဒုက္ခသည်တွေကြား အသက်အန္တရာယ် စိုးရိမ်မှုတွေ ပိုတိုးလာနေတာဖြစ်ပါတယ်။ ကချင်ဒုက္ခသည်အရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ ဒေါ်မေရီတွမ်က ကချင်စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ အခုလို ပြောပါတယ်။

“ကျမတို့ကြည့်နေတဲ့ ဒီဒုက္ခသည်စခန်းအနီးမှာတော့ ၂၂၊ ၂၃ ကိုပေါ့လေ၊ ဒုက္ခသည်စခန်းနဲ့ တစ်မိုင်ပတ်လည်အကွာမှာကို သူက ကျတာပေါ့ နော်။ ကျတယ်ဆိုတော့ ဒုက္ခသည်တွေအနေနဲ့ တော်တော်စိုးရိမ်မှုရှိတာပေါ့နော်။ စခန်းနဲ့နီးတဲ့နေရာကျတယ်ဆိုတော့ ထိတ်လန့် ကြောက်လန့်မှုရှိတယ်။ လုံခြုံရေးအနေနဲ့လည်း ကျမတို့လည်း ပူပန်မှုရှိတယ်။ ဒီလိုသာ ဆက်ပြီးပစ်နေမယ်ဆိုရင် ပြောလို့မရဘူးပေါ့လေ၊ နော်။ အဲလိုမျိုးလေးတွေ ရှိတာပေါ့။”

ဒုက္ခသည်တွေအတွက် ရန်ပုံငွေ မလုံလောက်လို့ ကုလသမဂ္ဂကပေးနေတဲ့ လူသားချင်းစာနာမှု အကူအညီတွေကလည်း နိုဝင်ဘာ လဆန်းကစလို့ လျှော့ချဖို့ အစီအစဉ်ရှိသလို အခုလို ဒေသတွင်း စစ်ရေးတင်းမာနေတဲ့အတွက်လည်း လမ်းကြောင်း ပိတ်ဆို့မှုတွေဖြစ်နေလို့ ဒုက္ခသည်စခန်းတွေအထိ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုအကူအညီတွေ ရောက်လာဖို့ အခက်အခဲတွေဖြစ်နေတယ်လို့လည်း ကချင်ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဒေါ်မေရီတွမ်က ပြောပါတယ်။

“နံပါတ်တစ်အချက်ကတော့ ရာသီဥတုက အရမ်းအေးပါတယ်။ အရမ်းအေးတော့ ဆောင်းတွင်းပိုင်း ကလေးတွေအတွက် စောင်တွေ၊ အနွေးထည်တွေလိုတယ်ဆိုပြီးကျမတို့ ပြောတာတွေလည်း အများကြီးရှိတယ်ပေါ့။ နောက်တခုအနေနဲ့ အရေးအကြီးဆုံးအချက်ကတော့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားနပ်ရိက္ခာကိုတောင်မှ UN convoy က နိုဝင်ဘာ (၇) နေ့မှာဆိုပြီး သူတို့ပြောတယ်။ ဒါပေမယ့် နောက်တော့ ပြန် postpone လုပ်လိုက်တယ်လို့ ပြောတယ်။ နောက်ဆုံး ဒုတိယအကြိမ်အနေနဲ့ကတော့ သူတို့က ဒီဘက်မှာ လကုန် (၃၀) မှာ ပြန်ပြီးမှ လာပါမယ်ဆိုပြီး ကျမတို့ကို အကြောင်းကြားပါတယ်။ ဒါပေမယ့်လည်း တနေ့ကပဲ ကျမတို့က စာပြန်ရတယ်။ UN Convoy ကလည်း ပြန်မရောက်လာနိုင်တော့ဘူးပေါ့လေ။ အဲဒီအခါကျတော့ လိုင်ဇာပတ်ဝန်းကျင်ဘက်မှာ food shortage ဖြစ်နေပြီလို့ ကျမတို့ပြောလို့ရတယ်။ ပေးထားတာကလည်း နိုဝင်ဘာ၊ ဒီဇင်ဘာမှာ 80% ပဲ သူတို့ကပေးထားတဲ့အခါကျတော့ တော်တော်လေး အစားအသောက် မလောက်ဘဲ ဒုက္ခရောက်နေတယ်။ အခုလည်း အချိန်မီမရောက်ဘူးဆိုတဲ့အခါကျတော့ ဒုက္ခသည်တွေမှာ အစားအသောက်နဲ့ပတ်သက်ပြီး တော်တော်အခက်အခဲဖြစ်နေပါတယ်။ ကျန်းမာရေးပိုင်းလည်း ဒီလိုပဲပေါ့နော်၊ အဓိက-ကတော့ စိတ်ပိုင်းဆိုင်ရာကို တော်တော်လေး ထိခိုက်နေတယ်ပေါ့နော်။”

ဒါကြောင့်မို့လို့ ကချင်ဒုက္ခသည်စခန်းတွေအပါအဝင် တောတောင်တွေထဲအထိ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေအရေးဟာ အထူး စိုးရိမ်စရာ အနေအထားမှာ ရှိလာနေတာပါ။ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) အနေနဲ့ ဒေသတွင်းတည်ငြိမ်မှုနဲ့ ပြည်သူတွေအတွက် လုံခြုံစိတ်ချမှုရှိအောင် ထိုးစစ်ဆင်မှုတွေကို ရပ်တန့်ပေးစေလိုပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်စေချင်ပါတယ်လို့ တောင်းဆိုထား ပါတယ်။ လူထုအခြေပြု မဟာမိတ် အဖွဲ့ဝင်လည်းဖြစ်တဲ့ ကချင်အမျိုးသမီး အစည်းအရုံး လက်ထောက်အတွင်းရေးမှူး ဂျေစီကာ အင်ခွမ် ကတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက်စေချင်ပါတယ်လို့ ပြောပါတယ်။

“အထူးသဖြင့်က KIA နဲ့ မြန်မာအစိုးရနဲ့ သူတို့ ဆွေးနွေးပွဲလုပ်တဲ့အခါမှာ အမြဲတမ်း နှစ်ဦးနှစ်ဘက် စစ်လျှော့ချရေးပေါ့နော် လုပ်မယ်။ တတ်နိုင်သလောက် ဆွေးနွေးမယ်ဆိုပြီးမှ အဲလိုမျိုးတွေ ပြောတယ်။ အဲဒီအချိန်မှာ အစိုးရဘက်ကနေပြီးမှ သတင်းမှာမထွက်တဲ့ တိုက်ပွဲ အသေးလေးတွေလည်း ခန ခန ဖြစ်တယ်။ ကတိမတည်ဘဲနဲ့ အဲလို ချိုးဖောက်နေတဲ့အခါမှာကျတော့ ကျမတို့ ကချင်ထုအနေနဲ့ရော၊ တိုင်းရင်းသားလူထု အကုန်လုံးအနေနဲ့ရော ကိုယ့်ရဲ့အစိုးရအပေါ်မှာ ဘယ်လိုမျိုး ယုံကြည်စိတ်ချမှုရှိပြီးမှ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုမျိုး ရနိုင်မလဲဆိုတာ အရမ်းစိုးရိမ်ပူပန်တယ်။ ပြီးလို့ရှိရင် ငြိမ်းချမ်းရေးကလည်း မငြိမ်းချမ်းနိုင်သေးဘူး၊ အချိန်ပြည့် ခန ခန ဟိုမှာဖြစ်လိုက်၊ ဒီမှာဖြစ်လိုက်၊ စစ်ပွဲတွေဖြစ်လိုက်၊ ပဋိပက္ခဖြစ်လိုက်နဲ့ အဲလိုမျိုး ဖြစ်နေတဲ့အခါကျတော့ IDP တွေကလည်း ပိုပို များများလာတယ်။ လူ့အခွင့်အရေးတွေကလည်း ချိုးဖောက်မှု ပိုများလာတဲ့အခါ ငြိမ်းချမ်းရေးအတွက် အရမ်းကို စိုးရိမ်ပူပန်မှုရှိတဲ့အတွက်ကြောင့်မို့လို့ ဒီ Statement ကို ထုတ်ရခြင်းဖြစ်တယ်လို့ ပြောချင်တယ်။”

အခုလို ကချင်လွတ်မြောက်ရေးတပ်နဲ့ မြန်မာစစ်တပ်ကြား စစ်ရေးတင်းမာမှုတွေ အရှိန်မြင့်လာနေချိန်မှာပဲ ကချင်ပြည်နယ် လိုင်ဇာနဲ့ ဗန်းမော်မြို့တွေ အနီးအနားကို မြန်မာစစ်တပ်ဘက်က စစ်အင်အားတိုးချဲ့မှုတွေ ပိုလုပ်ဆောင်လာတဲ့အပေါ် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးနဲ့ တည်ငြိမ်ရေးအပေါ် စိုးရိမ်မကင်းဖြစ်မိတယ်လို့လည်း ကချင်ပြည်နယ်လူထုအခြေပြုအဖွဲ့ (၁၅) ဖွဲ့ပါဝင်တဲ့ ကချင်ပြည်နယ် လူထုအခြေပြုမဟာမိတ်အဖွဲ့အစည်းက ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။ ကချင်ပြည်နယ် အပါအဝင် တိုင်းရင်းဒေသတွေမှာ စစ်ရှိန်တိုး လုပ်ဆောင်နေတာကို ရပ်တန့်ဖို့နဲ့ ထိုးစစ်တွေကို ချက်ခြင်းရပ်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/refugees-concern-on-kachin-conflict-/2539341.html


ပြီးခဲ့တဲ့ ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ထဲက တပ်မတော်သား အမတ်တွေကို နိုဝင်ဘာ ၂၇ ရက်နေ့ညမှာ ပြုလုပ်မယ့် အလွတ်သဘော ညစာစားပွဲတစ်ခု တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာ တပ်မတော်သား အမတ်တွေ မတက်ရောက် နိုင်ခဲ့ကြပါဘူး။ အင်န်အယ်လ်ဒီ ပါတီ ကို အကြောင်းပြန်တဲ့ စာမှာ ဘယ်လို အကြောင်းပြ ထားတယ် မသိနိုင်ပေမယ့် တပ်မတော်သား အမတ်တစ်ယောက်ဖြစ်တဲ့ ဗိုလ်မှူးချုပ် တင့်ဆန်းက သူတို့ သီးသန့် လုပ်တဲ့ ညစာစားပွဲနဲ့ တိုက်ဆိုင်နေလို့ မတက်နိုင်တဲ့အကြောင်း၊ နောင် လွှတ်တော် အစည်းအဝေး ကာလ ကျရင်တော့ ဖိတ်ကြားမှုကို လက်ခံပြီး တက်ရောက်နိုင်မယ်လို့ ထင်တဲ့အကြောင်း မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ တပ်မတော် ခေါင်းဆောင်တွေရဲ့ ဆက်ဆံရေး ဘယ်လို ရှိနေသလဲ၊ ဆက်ဆံရေး မကောင်းဘူးဆိုရင် တိုင်းပြည် နောင်ရေး ကောင်းနိုင်ပါ့မလား၊ ဒီပြသနာ ဘယ်လို ဖြေရှင်းနိုင်မလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ အရင် စစ်အာဏာရှင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရန်သူလို သဘောထားပြီး အမျိုးမျိုး ဖိနှိပ်ချုပ်ချယ်ခဲ့ပါတယ်။ အချိန်များစွာ နေအိမ်အကျယ်ချုပ် ချထားပြီး၊ လွတ်မြောက်နေချိန်တွေမှာလည်း ကန့်သတ် ဖိနှိပ်မှု အမျိုးမျိုး လုပ်ခဲ့ပါတယ်။ နောက်ဆုံးကုန်ကုန် ၂၀၀၃ ခုနှစ် မေလတုန်းက ဆိုရင် ဒီပဲရင်းမှာ လုပ်ကြံသတ်ဖြတ်ဖို့ အထိ ကြိုးစားခဲ့ပါသေးတယ်။ စစ်ခေါင်းဆောင်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို စိတ်ကြိုက်ရေးဆွဲ၊ နည်းပေါင်းစုံ သုံးပြီး အတည်ပြု၊ ၂၀၁၀ မှာ စိတ်ကြိုက်အဖြေတွေ ထွက်လာအောင် ဖန်တီးထားတဲ့ ရွေးကောက်ပွဲ ကျင်းပပေးပြီးတဲ့ နောက်မှသာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်က လွှတ်ပေးခဲ့ပါတယ်။

နောက်ဆုံး လက်ရှိ မြင်တွေ့နေရတဲ့ အစိုးရအဖွဲ့၊ လွှတ်တော်တွေ ပုံဖော်ပြီးကာမှ သမ္မတ ဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာတွေ လုပ်ပါတယ်။ တဆက်တည်း နိုင်ငံရေးအကျဉ်းသားတွေ အားလုံးနီးပါး လွှတ်ပေး၊ ဒေါ်အောင်ဆန်းစုကြည် အင်န်အယ်လ်ဒီ နဲ့ အတိုက်အခံ အားလုံးကို နိုင်ငံရေး လုပ်ခွင့်ပြု၊ နောက်ဆုံး ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးပြီး လွှတ်တော်ထဲ ခေါ်သွင်းသည် အထိ လုပ်ခဲ့ပါတယ်။ ပြောရရင် စစ်ခေါင်းဆောင်တွေရဲ့ ပြုမူဆောင်ရွက်ပုံတွေဟာ နိုင်ငံတကာက အံ့အားသင့်ရလောက်အောင် မြန်ဆန်ခဲ့ပါတယ်။

နိုင်ငံရေးမှာ အပြည့်အ၀ လုပ်ကိုင်ခွင့်ရလာပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အစပိုင်းမှာ စစ်အာဏာရှင်တွေ သူ့အပေါ် ဖိနှိပ်ရက်စက်ခဲ့တာတွေနဲ့ ပါတ်သက်ပြီး ခွင့်လွှတ်တယ်၊ ဘယ်လိုမှ သဘောမထားဘူး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကိုပဲ လုပ်ချင်တယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ၂၀၁၂ ရွေးကောက်ပွဲကာရောက်တော့ တရားဥပဒေ စိုးမိုးရေး၊ ဖွဲ့စည်းပုံပြင်ရေး၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး ဆိုတဲ့ ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲ ၀င်ခဲ့ပါတယ်။ သူ့ရဲ့ ဖခင်တည်ထောင်ခဲ့တဲ့ တပ်မတော် ကို သံယောဇဉ် ရှိပါတယ်၊ ချစ်ခင်ပါတယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။ အဲဒီအချိန်လောက်အထိ ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ခေါင်းဆောင်တွေရဲ့ ဆက်ဆံရေး ဒီလောက် ဆိုးဆိုးရွားရွား မဖြစ်သေးပါဘူး။

၂၀၁၃ ခုနှစ်ထဲ ရောက်လာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံပြင်ရေး လှုပ်ရှားမှု စ လုပ်ပါတယ်။ ဖွဲ့စည်းပုံပြင်ရေးထဲမှာမှ အဓိက အားဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးပါ။ ပုဒ်မ ၄၃၆ ဖော်ပြချက်အရ ဖွဲ့စည်းပုံထဲက ပြဌာန်းချက် တစ်ခုခု ပြင်ချင်တယ် ဆိုရင် လွှတ်တော်ထဲက အမတ် စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်နိုင်မယ်၊ တစ်ချို့ ပုဒ်မတွေကိုတော့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ဖို့ လိုတယ်ဆိုပြီး ပြဌာန်းထားတာ ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ ဖွဲ့စည်းပုံထဲက ဘာပြင်ပြင် တပ်မတော်ဘက်နဲ့ သဘောတူညီချက် ယူရမယ် လို့ ဆိုလိုတာပါ။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကသာ သဘောမတူရင် ဖွဲ့စည်းပုံထဲက ဘယ်အချက်ကိုမှ ပြင်လို့ မရနိုင်ဘူး၊ ဒါဟာ ဖွဲ့စည်းပုံပြင်ရေးအတွက် ကြီးမားတဲ့ အဟန့်အတား အနှောင့်အယှက် ဖြစ်စေတယ်၊ ဒါကြောင့် တပ်မတော်သားတွေ သဘောတူတူ မတူတူ ရွေးကောက်ခံ အမတ်တွေ ပြင်ချင်ရင် ပြင်လို့ ရတဲ့ အနေအထား ဖြစ်အောင် လုပ်ချင်တယ် ဆိုပြီး သဘောထား ထုတ်ပြန်ပါတယ်။

အတိအကျ ပြောရရင် ၄၃၆ ပုဒ်မနဲ့ ပါတ်သက်လို့ အင်န်အယ်လ်ဒီရဲ့ သဘောထားဟာ လွှတ်တော်အမတ် စုစုပေါင်းရဲ့ ထက်ဝက်ကျော်မဲ ဒါမှမဟုတ် စစ်သားတွေ မပါတဲ့ ရွေးကောက်ခံ အမတ်တွေချည်းပဲ ဆိုရင် အမတ်တွေရဲ့ သုံးပုံနှစ်ပုံကျော် မဲရလို့ရှိရင် ပြင်ချင်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ နောက်ပိုင်း ၈၈ မျိုးဆက် ပွင့်လင်း အဖွဲ့နဲ့ ပူးပေါင်းပြီး လူထု ဆန္ဒ လက်မှတ်ကောက်ခံတာ၊ စည်းရုံးဟောပြောတာတွေ လုပ်ခဲ့ပါတယ်။ အဲဒီ စည်းရုံးဟောပြောပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်က ပုဒ်မ ၄၃၆ ပြင်ရေး လုပ်တာဟာ တပ်မတော်ကို ဂုဏ်သိက္ခာရှိရှိ စစ်တန်းလျားပြန်ရေး လုပ်တာ ဆိုပြီးတော့လည်း အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

တကယ်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၄၃၆ ပြင်ရေးဟာ အဲဒီ အဓိပ္ပါယ်ထွက်ပါတယ်။ ဖွဲ့စည်းပုံကို တပ်မတော်သားတွေရဲ့ သဘောထားမပါပဲ ရွေးကောက်ခံ အမတ်တွေချည်းသက်သက်နဲ့ ပြင်နိုင်ရေးဆိုတာဟာ တပ်မတော်ရဲ့ကံကြမ္မာ၊ လက်ရှိတပ်မတော် ခေါင်းဆောင်တွေရဲ့ ကံကြမ္မာနဲ့ အရင်စစ်အာဏာရှင်ဟောင်းတွေရဲ့ ကံကြမ္မာအားလုံး ရွေးကောက်ခံ အမတ်တွေလက်ထဲ အပ်ရမယ် ဆိုတာနဲ့ အတူတူပါပဲ။ ဒီ အခြေအနေတွေကြောင့် တပ်မတော်ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ခါးခါးသီးသီး ဖြစ်လာတာပါ။ တဆက်တည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ရဲ့ဟောပြောချက်တွေကြောင့် ရဟန်းရှင်လူ ပြည်သူတွေကလည်း တပ်မတော်အပေါ် အမြင်မကြည်မလင်ဖြစ်၊ ဖွဲ့စည်းပုံပြင်ရေး ပိတ်ဆို့ဟန့်တားသူတွေ ဖြစ်တယ် ဆိုပြီး ပို မုန်းတီးလာကြပါတယ်။ ဒီအခြေအနေကိုလည်း တပ်မတော် ခေါင်းဆောင်တွေ မကြိုက်ကြပါဘူး။ ပိုဆိုးတာက လွှတ်တော်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥက္ကဌ သူရဦးရွှေမန်းရဲ့ မဟာမိတ်ပြုမှုပါ။ လက်ရှိ တပ်မတော်ခေါင်းဆောင်တွေဟာ သူရဦးရွှေမန်းကို တပ်မတော်ကို ပြည်ခိုင်ဖြိုးလက်အောက် သွတ်သွင်းဖို့ ကြိုးစားသူ၊ တပ်မတော်ခေါင်းဆောင်မှုကို စိန်ခေါ်သူ တစ်ယောက်အဖြစ် မြင်ထားပါတယ်။ ဒီလို အခြေအနေအောက်မှာ တပ်မတော်ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမြင်မကြည်လင်ရုံမက ခါးခါးသီးသီး ဖြစ်တဲ့ အဆင့်ထိ ရောက်နေရတာ မဆန်းပါဘူး။

ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိ လမ်းကြောင်းအတိုင်း တပ်မတော်ခေါင်းဆောင်တွေ နဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး စစ်တန်းလျား ပြန်ပို့ရေးကိုပဲ ဆက်ကြိုးစားနေမလား၊ တပ်မတော်ခေါင်းဆောင်တွေ ယုံကြည်မှုရအောင်၊ တပ်မတော်ခေါင်းဆောင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်အောင် သူ့ရဲ့ သေနင်္ဂဗျူဟာကို ပြောင်းမလား ပြန် စဉ်းစားသုံးသပ်ဖို့ အချိန်ရောက်နေပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ဦးစည်သူအောင်မြင့် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/news-analysis-sithu-aungmyint-aung-san-suu-kyi-nld-military/2539323.html

   
လက်ပန်းတောင်းနှစ်နှစ်ပြည့် ဆန္ဒဖော်ထုတ်ပွဲ (ဓာတ်ပုံ-ဒေသခံသတင်းထောက်)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြသူတွေ မီးလောင်ဗုံးနဲ့ ဖြိုခွဲခံခဲ့ရတဲ့ (၂) နှစ်ပြည့်တဲ့နေ့မှာ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီး (၆) မြို့မှာ လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြဆုတောင်းပွဲ တွေနဲ့ ဆန္ဒဖော်ထုတ် ပြသနေကြပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

သံဃာတော်အများစုပါဝင်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်တဲ့ သပိတ်စခန်းကို အာဏာပိုင်တွေကလွန်ခဲ့တဲ့ နှစ်နှစ်က မီးလောင်ဗုံးတွေနဲ့ ဖြိုခွဲခဲ့တာပါ။ ဒီဖြစ်ရပ်အပေါ်မှာ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးသလို မြေတွေသိမ်းဆည်းခံထားရတဲ့ ဒေသခံတွေနဲ့လည်း ပြေလည်မှုမရသေးတဲ့အတွက် ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီး (၆) မြို့မှာ ဆန္ဒပြခဲ့ကြတာပါ။

“မနက်လင်းအားကြီးအချိန်မှာ အတင်းအဓမ္မအနိုင်ကျင့်ပြီးတော့မှ ဖယ်ပစ်လို့ သံဃာတော် ၉၉ ပါးနဲ့ လူပုဂ္ဂိုလ်တွေ စုစုပေါင်း ၁၀၈ ဦးကို ထိခိုက်ဒဏ်ရာ ရစေခဲ့ပါတယ်။”

ဒါကတော့ မန္တလေးမြို့ လှုပ်ရှားမှုက အသံတွေပါ။

မန္တလေးမြို့မှာတော့ လူစုဝေးတဲ့ မဟာမြတ်မုနိဘုရားဝင်းရှေ့မှာ လက်ပံတောင်းအရေး လှုပ်ရှားသူတွေ လမ်းပေါ်ထွက်လို့မရအောင် အာဏာပိုင်တွေက ပိတ်ဆို့ထားတယ်လို့ တက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုပါတယ်။

“---ဝင်းထဲမှာ စုမိတာက မန္တလေးမှာ အင်အားနည်းနည်း နည်းနေတယ်ပေါ့ဗျာ။ အဲဒီအချိန်မှာ အပြင်မှာက မဘသဘုန်းကြီးတွေရယ်၊ အုပ်ချုပ်ရေးရယ်နဲ့က ပိတ်ထားသလိုဖြစ်နေတယ်။”

ရန်ကုန်မြို့မှာလည်း ညနေ (၄) နာရီကျော်ကတည်းက ပိုစတာတွေ ကိုင်ဆောင် ဆန္ဒပြ၊ ဟောပြော ဆုတောင်းခဲ့ကြပါတယ်။ ရန်ကုန်လှုပ်ရှားမှု အခြေအနေကို တက်ကြွလှုပ်ရှားသူတစ်ဦးက အခုလို ပြောပါတယ်။

“ရဟန်းသံဃာတွေကို မီးရှို့တဲ့နေ့လည်းဖြစ်တယ်၊ တောင်သူလယ်သမားတွေ လယ်ယာဆုံးရှုံးတဲ့ကိစ္စလည်းဖြစ်တယ်ပေါ့။ အဲဒါတွေနဲ့ပတ်သက်လို့ ကျနော်တို့ ဆုတောင်း ဆန္ဒပြနေရခြင်းဖြစ်ပါတယ်။”

လက်ပံတောင်းမှာတော့ ည (၆) နာရီကျော်မှာ စတင်လှုပ်ရှားမှာဖြစ်ကြောင်းနဲ့ မီးလောင်ဗုံးနဲ့ အကြမ်းဖက်ဖြိုခွဲမှုတွေနဲ့ပတ်သက်လို့ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသေးတဲ့အခြေအနေကို လက်ပံတောင်းတောင် စန်းမြဝတီကျောင်းတိုက်ဆရာတော် ဦးအာလောက-က မိန့်ပါတယ်။

“အထူးသဖြင့်တော့ (၂၉) ရက်နေ့က သံဃာတော်တွေ မီးလောင်ဗုံးနဲ့အပစ်ခံရတဲ့နှစ်နှစ်ပြည့်ဖြစ်တယ်။ အဲဒီဟာတွေကို အရေးယူပေးခြင်း၊ ဆောင်ရွက်ပေးခြင်း ယနေ့အချိန်အထိ ဘာမှမရှိသေးဘူးပေါ့ဗျာ။”

ဒီနေ့မှာပဲ မန္တလေးတိုင်း၊ ပြင်ဦးလွင်နဲ့ မိတ္ထီလာမြို့တွေမှာလည်း လက်ပံတောင်းအရေး လှုပ်ရှားသူတွေက နှစ်နှစ်ပြည့် အထိမ်းအမှတ်တွေ လုပ်ခဲ့တာပါ။ မိတ္ထီလာလှုပ်ရှားမှုနဲ့ ပတ်သက်လို့ မိတ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ယက်က ဒေါ်မြင့်မြင့်အေးက အခုလို ပြောပါတယ်။

“မီးရှို့တာကို အမှတ်ရနေတယ်ဆိုတဲ့အထိမ်းအမှတ်ရယ်၊ လှုပ်ရှားမှုတခုရယ်အနေနဲ့ ကျမတို့ ရွှေမြင်တင်ဘုရားမှာ ဝတ်ပြုဆုတောင်းတယ်။”

Amnesty International - နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးကလည်း သူတို့ရဲ့ စုံစမ်းတွေ့ရှိချက်တွေအရ မီးလောင်ဗုံးနဲ့ဖြိုခွဲမှု (၂) နှစ်သာ ပြည့်သွားခဲ့ပေမယ့် ဒီအကြမ်းဖက်ဖြိုခွင်းမှုမှာ ပါဝင်ပတ်သက်သူတွေကို အစိုးရဘက်က တစုံတရာ အရေးယူမှု မရှိသေးသလို အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ပြီး ရှိနေတဲ့အပေါ် အတော်လေးစိုးရိမ်ကြောင်း ပြီးခဲ့တဲ့ရက်အတွင်းကပဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အခုလို ပြည်တွင်းပြည်ပ နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေဟာ လက်ပံတောင်းပြည်သူတွေနဲ့ သူတို့ကို ကူညီနေသူတွေရဲ့ အားထုတ်ဆောင်ရွက်မှုအဖြစ် ဆရာတော် ဦးအာလောက-က သုံးသပ်ပါတယ်။

“အဓိက-ကတော့ဗျာ။ လက်ပံတောင်းဒေသခံတွေပေါ့နော်၊ တစိုက်မတ်မတ်ပေါ့၊ ဒီကိစ္စကို မဆုတ်မနစ်ဘဲနဲ့၊ မကြောက်မရွံ့ဘဲနဲ့ တကယ်လည်း ဆုံးရှုံးနစ်နာတာတွေကို မပြတ် ဆောင်ရွက်နေတဲ့အတွက်ပေါ့နော်၊ ဒါကို နိုင်ငံတကာကရော၊ ပြည်တွင်းကနိုင်ငံရေးအသိုင်းအဝိုင်းတွေကရော လက်ပံတောင်းကို အမြဲတမ်းအာရုံစိုက်နေတာ၊ လက်ပံတောင်းဒေသခံတွေနဲ့လာရောက်ပြီးတော့ တကယ်ကိုမခံချင်တဲ့စိတ်နဲ့လာပြီးတော့ ဝိုင်းဝန်းကူညီနေတဲ့ပုဂ္ဂိုလ်တွေရဲ့အကျိုးသက်ရောက်မှု ရှိတယ်လို့ မြင်တယ်ဗျ။”

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေ၊ လူထုကျန်းမာရေးထိခိုက်တာတွေရှိနေကြောင်းကိုလည်း ပညာရှင်တွေက ထောက်ပြခဲ့တာပါ။ ဒီစီမံကိန်းနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးခဲ့ပေမယ့် ကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း လိုက်နာမှုမရှိကြောင်း ကော်မရှင်အဖွဲ့ဝင်တွေကလည်း ဆိုပါတယ်။

ဒီစီမံကိန်းကို မြန်မာအစိုးရနဲ့ စစ်တပ်ပိုင် မြန်မာစီးပွားရေးဦးပိုင်ကုမ္ပဏီလိမိတက်၊ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီတို့က ဖက်စပ် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီစီမံကိန်းအတွက် ဒေသခံရွာတွေကို ဖယ်ရှားခိုင်းခဲ့သလို ဒေသခံတွေရဲ့ ထောင်နဲ့ချီတဲ့ လယ်ဧကတွေကိုလည်းတန်ရာတန်ကြေးမပေးဘဲ သိမ်းယူခဲ့ပါတယ်။ ဒါ့အပြင် ဒီ ကြေးနီစီမံကိန်းလုပ်ကွက်ပေါ်မှာ ရှိနေတဲ့ ရှေးဟောင်း သာသနိက အဆောက်အဦးဖြစ်တဲ့ လယ်တီသိမ်ကို ဖြိုဖျက်ခဲ့တာလည်း ရှိပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/latpadaung-crackdown-2-years-anniversary/2539268.html


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခံရမှု ဒီနေ့ ၂ နှစ်ပြည့်မှာ အရပ်ဘက်အဖွဲ့အစည်း ၃၀ ကျော်က ရန်ကုန်မြို့ မြို့တော်ခန်းမအနီးမှာ ဆန္ဒပြခဲ့ကြပါတယ်။

လက်ပံတောင်းတောင်ဒေသက မြေယာပြဿနာတွေကို အစိုးရကတာဝန်ယူဖြေရှင်းပေးဖို့ အရပ်ဘက်အဖွဲတွေစုပြီး သဘောထား ထုတ်ပြန်တောင်းဆိုတာလို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီကွန်ရက်က ဒေါ်နော်အုန်းလှ ကအခုလိုပြောပါတယ်။

"မီးလောင်ဗုံး နှစ်နှစ်ပြည့်မှာ အရပ်ဖက်အဖွဲ့အစည်း ၃၄ ဖွဲ့ကနေပြီးတော့ ဒါကို သဘောထားထုတ်ပြန်ပြီးတော့ ဒီဟာနဲ့ပတ်သက်လို့ လက်ရှိအခြေအနေကို အစိုးရကနေပြီးတော့ တာဝန်ယူပေးဖို့နော်"

အဖွဲ့အစည်းတွေ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ သဘောထားကြေညာချက်မှာ လက်ပံတောင်းသပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းမှုမှာ တာဝန်ရှိသူတွေကို အရေးယူပေးဖို့၊ မြေယာလျော်ကြေးမယူသေးတဲ့ ယာတွေထဲကို အဓမ္မခြံစည်းရိုးစိုက်တာတွေကို ဖြေရှင်းပေးဖို့၊ မြေယာတွေ အဓမ္မသိမ်းပိုက်နေမှုတွေကို ကန့်ကွက်ကြောင်းနဲ့ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲပေးဖို့ စတဲ့အချက် ၁၀ ချက်ကို ထုတ်ပြန်တောင်းဆိုခဲ့တာဖြစ်ပါတယ်။

သဘောထားထုတ်ပြန်ချက်ကို ပြည်သူ့အကျိုးဆောက်ကွန်ရက်၊ ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားများအဖွဲ့၊ သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ လက်ပံတောင်း ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးကွန်ရက်၊ ရွှေဝါရောင်သံဃာကွန်ရက်၊ ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ ၊တောင်သူလယ်သမားကွန်ရက် စတဲ့ အဖွဲ့အစည်း ၃၄ ဖွဲ့က သဘောတူ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အလားတူ မန္တလေး၊မိတ္ထီလာ၊မြင်းခြံ၊မုံရွာစတဲ့ မြို့တွေမှာလည်း သပိတ်ခန်းဖြိုခွဲမှု ၂နှစ် ပြည့်အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


နိုဝင်ဘာ ၂၉ ရက် ၂၀၁၄

ထိုင်းတနိုင်ငံလုံးရှိ ရုပ်ရှင်ရုံကြီးမှာ ရုံတင်ပြသတဲ့ The Return (ထိုင်းနာမည်- ဖီထုံးခွန်း) သရဲကားမှာ ထိုင်းနိုင်ငံရောက် သျှမ်းရွှေ့ပြောင်း အလုပ် သမား မော်ဒယ်မလေး နောင့်နွတ် (ခေါ်) နောင့်နဲန်း ပါဝင်သရုပ်ဆောင် ထားပါတယ်။

နိုဝင်ဘာလ ၂၇ ရက်က စပြီးရုံတင်တဲ့ အဲဒီရုပ်ရှင်ဇာတ်လမ်း ထဲမှာ လောဝ်(လာအို) နိုင်ငံက သရုပ်ဆောင် ၂ ယောက် ကမ္ဘောဒီယား နိုင်ငံက မော်ဒယ်၊ သရုပ်ဆောင် ၁ ယောက်နဲ့ မြန်မာနိုင်ငံ သျှမ်းပြည်တောင်ပိုင်း ထွန့်ပုံးသူလေး မော်ဒယ် နောင့်နွတ် ခေါ် နောင့်နဲန်း ပါဝင်သရုပ်ဆောင် ထားပါတယ်။

မင်းသားကတော့ထိုင်းနိုင်ငံမှာနာမည်ကြီး ရုပ်ရှင်နဲ့ တီဗီဇာတ်လမ်းတွဲ သရုပ်ဆောင် (အွမ်) အခဖမ်း နမတ် ဖြစ်ပါတယ်။

ဒါရိုက်တာကတော့ မစ္စတာ ဆတ်ချိုင်း ဒီနန်း ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ထိုင်းနိုင်ငံကိုရောက်ရှိအလုပ်လုပ်နေတဲ့ အိမ်နီးချင်း ၃ နိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေဟာ သတ်ဖြတ်ခံရပြီး ဝိဉာဉ်ဘ၀ရောက် တာတောင်မှ နေရပ်ပြန်ချင်တယ်ဆိုတာကို ကျောရိုးလုပ်ပြီး ရိုက်ကူးထားတာပါ။

နောင့်နဲန်း(နွတ်ချနတ် ဆီထောင်း) ကတော့ ထိုင်းနယ်စပ် တာချီလိတ်မြို့သူ ကလေးအမေ အဖြစ် သရုပ်ဆောင်ထားပြီး ထိုင်းထဲကိုရောက်ရှိအလုပ်လုပ် ကိုင်နေတဲ့ ယောကျာ်းဖြစ်သူ အသတ်ခံရလို့ သောက ရောက်ရတဲ့ အခန်းမှာ ပါဝင်သရုပ်ဆောင်ထားရတယ်လို့ သူက ပြောပါတယ်။

သာမာန်ရွှေ့ပြောင်းအလုပ်သမားဘ၀ကနေ ရုပ်ရှင်သရုပ်ဆောင်လောက ထဲရောက်လာတဲ့ ထွန့်ပုံးသူလေး နောင့်နွတ်က ရုပ်ရှင်ရိုက်ရာမှာ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ရတယ် ဆိုတာကိုအခုလိုပြောပြပါတယ်။

“ ကျမအတွက်အရမ်းကိုအခက်အခဲတွေနဲ့ရင်ဆိုင်ရပါတယ်။ ကိုယ့်နိုင်ငံမဟုတ် တာရယ်၊ အနုပညာ အသိုင်းအဝိုင်းကဆင်းသက်လာတာ မဟုတ်တာကြောင့် ရယ်၊ မသိတာ မတတ်တာ တွေက အများကြီးဘဲ။ ငိုတဲ့အခန်းကများတာကြောင့် ဒါရိုက်တာအကြိုက်မရမချင်း ငိုနေရတော့တာဘဲ။ ဘာအလုပ်ဘဲလုပ်လုပ် လွယ်တာတော့မရှိဘူးပေါ့နော်။ ဒါပေမယ့် ကြိုးစားရင် အခက်အခဲတွေ ကိုကျော်လွှား နိုင်တယ်ဆိုတဲ့သံဓိဌာန်ကိုတော့ လက်ကိုင်ထားပါတယ်။ ကြိုးစားမှုကြောင့်ရလာတဲ့ရလာဒ်ကိုပြန်တွေ့ရင်တော့ ပင်ပမ်းရကျိုးနပ်တာပေါ့ ။”

သျှမ်းမလေး နောင့်နွတ်ဟာ ထိုင်းနိုင်ငံထဲကိုရောက်ရှိအလုပ်လုပ်နေတာ ၈ နှစ်လောက်ရှိပြီဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ချင်းမိုင်မြို့ ဓါတ်ပုံဝါသနာရှင်များအဖွဲ့ကနေ မော်ဒယ် အလှဓါတ်ပုံ ခေါ်ရိုက်ရင်းနဲ့ အွန်လိုင်းတွေထဲမှာနာမည်ကြီးလာပါတယ်။ ယခုနှစ် ထဲမှာဆိုရင် ထိုင်းနိုင်ငံက ထုတ်လုပ်တဲ့ Sun Silk ခေါင်းလျှော် ရည်ကြော်ငြာ ရိုက်ကူးပြီး ရုပ်မြင်သံကြားမှာ ထုတ်လွှင့် ကြော်ငြာနေပြီဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံ R-Siam တေးထုတ်လုပ်ရေးကုမ္မဏီကနေပြီးတော့ သီချင်းခွေတွေ ထုတ်လုပ်ပေးဖို့ လည်း ကမ်းလှမ်းထားတယ်လို့ သူမကပြောပါတယ်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese?fref=nf


ဗိုလ်ခင်ညွန့် ဘုန်းမီးနေလ တောက်စဉ်ကပေါ့။ မူးကြောင်ကြောင် ခပ်ထွေထွေ လူတယောက်ဟာ ဘတ်စ်ကားပေါ်မှာ “ဗိုလ်ခင်ညွန့်ကို လူ တရာ ကိုးဆယ့်ကိုးယောက် လက်မခံဘူး”လို့ ထပ်ခါထပ်ခါ ပြောလာသတဲ့။ အဲဒီမှာ အဲဒီလူမှတ်တိုင်ကဆင်းတော့ ထောက်လှမ်းရေးက လက်ထိပ် ခတ်ဖမ်းလိုက်ပါရော။ ဘာအပြစ်ရှိလို့လဲပေါ့။ ဘတ်စ်ကားပေါ်မှာ ဗိုလ်ခင်ညွန့်ကို လူတရာ ကိုးဆယ့်ကိုးယောက် လက်မခံဘူးပြောလို့တဲ့။ အဲဒီမှာ အဖမ်းခံရတဲ့သူက “ဟုတ်တယ်လေ၊ လူတရာ့ ကိုးဆယ့်ကိုးယောက် လက်မခံပေမယ့်၊ လက်ခံတဲ့ တယောက်ဟာ ကျွန်တော်ပဲ”ဆိုတော့ လွှတ်လိုက်ရတော့ တာပေါ့။

အခုလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ အတိုင်ပင် ခံဆရာကြီး၊ ငွေကြေးနဲ့ဘဏ်များဆိုင်ရာမှာဥက္ကဋ္ဌကြီး၊ တောင်သာမြို့ နယ် လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးအောင်သောင်း (နောက်ကွယ်မှာတော့ တောင်းတဲ့နေရာမှာရဲတင်းလွန်းလို့ နာမည်ပြောင်ဦးအောင် တောင်းလို့ခေါ်ကြသတဲ့)ကို တိုင်းပြည်နဲ့ လူမျိုးအတွက်မပြောနဲ့။ ကျေးဇူးရှင်အတွက်၊ ဆရာအတွက်၊ တပည့်အတွက်တောင်မငဲ့ကွက်ဘဲ သူ့ မိသားစုနဲ့ဆွေမျိုးတွေအတွက်သာ ဘယ်သူသေသေ ငတေမာပြီးရော လုပ်ဆောင်သယ်ပိုးတတ်သမို့ လူတရာကိုးဆယ့်ကိုးယောက် လက်မခံ ပေမယ့် လက်ခံတဲ့တယောက်ဟာ ကျွန်တော်ကိုလေးမြတ်ပါ။ ဘာလို့လဲ ဆိုတော့နယ်ချင်းသာမတူပေမယ့် ဦးအောင်သောင်းရော၊ ကျွန်တော် ရောအညာသားတွေပါ။ သူကတောင်သာနယ် ကျောက်္ကာရွာသား၊ ကျွန် တော်က မုံရွာနယ်မုံရွေးကြေးမုံရွာသား။ ဒါပေမဲ့ခုချိန်မှာ ကျွန်တော်က ထိတ်ထိတ်ကြဲစာရေးဆရာကြီး မဖြစ်သေးဘဲ သူလိုကိုယ်လို စာရေး ဆရာတယောက်သာ ဖြစ်နေသေးတယ်။ ထမင်း နပ်မှန်နေတာက ဇနီးသည်ဝန်ထမ်းဖြစ်နေလို့ဆို ပါတော့။ ဦးအောင်သောင်းကျတော့ ကျောင်းဆရာ ဘ၀လေးကနေ ၀န်ကြီးဘ၀အထိ တက်လှမ်းနိုင်ခဲ့တယ်လေ။

အခုသူ့ကို အမေရိကန်နိုင်ငံက အမည်ပျက် စာရင်းထဲထည့်လိုက်လို့၊ ဟော၊ ကျွန်တော်တို့လွှတ်တော်ကြီးက တခြားအရာတွေသာ စုံစမ်းရေးကော်မတီတွေဖွဲ့နေကြတာပါ။ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လို့ လွှတ်တော်ဂုဏ်သိက္ခာ ညှိုးနွမ်းစေတယ်ဆို ပြီး ကန့်ကွက်သူမရှိအတည်ပြုပြီး အမေရိကန်နိုင်ငံ အစိုးရကိုရှုတ်ချလိုက်တယ်လေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတောင် ဆွေးနွေးချိန်မရလိုက်လို့၊ အမျိုးသားရင်ကြားစေ့ရေးမို့ ဘယ်လိုပဲအကြောင်း ပြပြထောက်ခံခဲ့ရတယ်မဟုတ်လား။ ဆိုလိုချင်တာ က ကျွန်တော်တို့ဦးအောင်သောင်းကြီးဟာ ခုချိန်ထိ နိုင်ငံရေးအရှိန်အ၀ါရှိနေဆဲဆိုတာပါပဲ။

ချမ်းသာလိုက်တာကလည်း ကျွန်တော်တို့စဉ်း စားလို့မရနိုင်တဲ့ အတိုင်းအတာထိ ချမ်းသာတယ် ဆိုတာယုံလိုက်စမ်းပါ။ အဲဒီလိုရာထူးဌာနန္တရလည်း ထိပ်ဆုံးရောက်အောင် စီးပွားရေးလည်းထိပ်ဆုံး ရောက်အောင်လုပ်ဆောင်နိုင်ခဲ့တဲ့ လူချွန်တယောက်ကို ကျွန်တော်တို့လက်မခံရင် ဘယ်လိုလူလိုလက်ခံ ရမလဲ။ ကိုင်း - ပြောကြစမ်းပါဦး။

ဦးအောင်သောင်းက စစ်ထဲဝင်ပြီးOTS (မှော်ဘီဗိုလ်သင်တန်းကျောင်း)က ဘွဲ့ရအမှတ်စဉ် (၃၁)၊ ကြည်း ၁၀၁၀၇ နဲ့ ကျောင်းဆင်းခဲ့သူပါ။ တပ်မ(၉၉) လက်အောက်ခံ ကလော ခလရ(၇) တပ်ရင်းမှူး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) စစ်ဗျူဟာမှူးတာဝန်တွေထမ်းဆောင်ခဲ့တယ်။ နောက် မကွေးတိုင်း တ၀ တဥက္ကဋ္ဌဖြစ်ခဲ့တယ်။ နမခတိုင်းမှူးဗိုလ်ထွန်းကြည်က ကုန်သွယ်ရေးဝန် ကြီးအဖြစ်ပြောင်းရတော့ သူ့ကို ကုန်သွယ်လယ်ယာ (ယခင်ကုန်သွယ် ရေး-၁) အကြီးအကဲ ဦးဆောင်ညွှန်ကြားရေးမှူး ခန့်အပ်လိုက်တယ်။ အဲဒီမှာကျွန်တော်တို့လူကြီးဦးအောင်သောင်းက လူတော်ဆိုတော့ ဦး ဆောင်ညွှန်ကြားရေးမှူးချုပ်တွေ တွေ့ဆုံမိတ်ဆက်ညစာစားပွဲမှာပဲ ကုန်သွယ်ရေးဒုဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်ပေးလိုက်တယ်။

အဲဒီမှာဗိုလ်ထွန်းကြည်တို့သာ ဖယ်ရှားခံလိုက်ရတယ်။ ဦးအောင် သောင်းကတော့ လွှားလွှားနဲ့ ရာထူးတွေတိုးမြှင့်သွားလိုက်တာ။ စက်မှု (၁)၀န်ကြီးဖြစ်သွားတဲ့အထိဆိုပါတော့။ စက်မှု(၁)၀န်ကြီးဖြစ်တော့ ““ဥစ္စာစောင့်၊ ထီပေါက်တဲ့ကိန်း””ဆိုက်ရောက်သွားတော့တာပါပဲ။ စက်မှု(၁)သာ ပေါင်းစက်ရုံရဲ့ အဂတိလိုက်စားမှုကိုအကြောင်းသိတဲ့ စက်မှု(၁)ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဝင်းက ၀န်ကြီးချုပ်ဗိုလ်ချုပ်ကြီးခင်ညွန့်ကို တိုင်ကြားတော့ ဦးအောင်သောင်းဘာဖြစ်သွားသလဲ။ ဘာမှမဖြစ်ပါဘူး။ တိုင်ကြားသူ ဗိုလ်မှူးချုပ်ကျော်ဝင်းသာ ပြုတ်သွားရှာတာပေါ့။

နောက် ၀န်ကြီးချုပ်ကိုယ်တိုင် သာပေါင်းစက်ရုံကိုဆင်းပြီး စစ်ဆေးတယ်။ ဦးအောင်သောင်း ဘာဖြစ်သွားသလဲ။ ဘာမှ မဖြစ်ပါဘူး။ သွားစစ်ဆေးတဲ့ ၀န်ကြီးချုပ်ကိုယ်တိုင် ဦးအောင်သောင်းရဲ့သား ဗိုလ်မှူးပြည်အောင် နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ မွေးစားသမီး နန္ဒာအေးတို့ လက်ထပ်ပွဲမှာ ဒုတိယဗိုလ်ချုပ်မှူးကြီးရဲ့ ရှေ့မင်္ဂလာပန်းကုံးစွပ်ပေးလိုက်ရတယ်လေ။ ရှေးပဒေသရာဇ်ခေတ်လို ပြောရရင်တော့ ကျွန်တော်တို့ ဦးအောင်သောင်းဟာ သူက ဘာလုပ်လုပ်၊ ဘယ်သူတွေက တိုင်တိုင် မပြုတ်နိုင်တဲ့ သက်တော်ရှည် ဘိုးဘိုးကြီးပါပဲ။ ခုချိန်ထိ အရှိန်အ၀ါကောင်း ဆဲလေ။

လာ-လိုက်ခဲ့။ သူ့အိမ်ကို သွားကြရအောင်။ ဦးအောင်သောင်းက နေပြည်တော်ဝန်ကြီးတွေ နေရာမှာ အနေများပေမယ့် ဒီအိမ်ကို တခါ တလေမှ ပြန်လာတာပါ။ အင်းစိန်လမ်းမကြီးပေါ် လှိုင်ရတနာမွန်အိမ်ရာရဲ့ ထိပ်ဆုံးထောင့်က လူနှစ်ရပ်စာလောက်မြင့်တဲ့ အုတ်တံတိုင်းခတ်ထားတဲ့ ခြံဟာ ဦးအောင်သောင်းရဲ့ ဗိမာန်ကြီးပေါ့။ အုတ်တံတိုင်းမှာ ကပ်ထား တာက Granite ကြွေပြားတွေပါ။ ခြံတံခါးက ဟိုက်ဒရောလစ်နဲ့ ဖွင့်ရတာပါ။

ခြံဝင်းထဲဝင်လိုက်ကြရအောင်။ ညာဘက်ကြည့်လိုက်။ ပေ (၃၀) မျက်နှာစာရှိတဲ့ ကားဂိုဒေါင်။ ကားချည်းပဲ (၁၀)စီးကျော်ရှိတယ်။ ကား ဂိုဒေါင်ဘေးမှာ ဦးအောင်သောင်းပျင်းရင် ရိုက်လေ့ရှိတဲ့ ဂေါက်ကွင်း။ ဂေါက်ကွင်းရဲ့ဘေးမှာ သွားလေသူ ဇနီး ဒေါ်ခင်ရီရဲ့ သစ်ခွခြံ။ မှန်အလုံနဲ့ အဲယားကွန်းတွေ တပ်ထားတယ်။ ဂေါက်ကွင်းရဲ့ဘေးမှာ တင်းနစ်ကွင်း လည်းရှိတယ်။ ဘယ်ဘက်ခြမ်းမှာ ဗိမာန်ကြီးရှိတယ်။ လူနှစ်ဖက်စာ လောက်ရှိတဲ့တိုင်ကြီး (၂)တိုင်က အိမ်ခေါင်မိုးထိရှိတယ်။ အမြင့်ပေ (၂၀) ကျော်ပေါ့။ အိမ်ရှေ့တည့်တည့်မှာ စိန်ပန်းပင်သုံးပင်ရှိတယ်။ (ယတြာလား၊ မပြောတတ်ဘူး) ခြံထောင့်မှာ ရေတံခွန်နဲ့ ရေကန်လေး။ ရေကန်ထဲမှာ ဗျိုင်းရုပ်ကလေးတွေ။ ကန်ရဲ့ဘေးမှ အပန်းဖြေထိုင်စရာ တရုတ်ဘုံကျောင်း ပုံစံ ထိုင်ခုံလေးတွေရှိတယ်။ အမိုးနဲ့ပေါ့။ ခေါင်းရင်းဘက်မှာ ရေကူးကန်ရှိတယ်။

အိမ်ထဲဝင်သွားရင် ဧည့်ခန်းကျယ်ကြီးတွေ့ရမယ်။ စန္ဒရားကြီးတလုံး လည်းရှိတယ်။ သူ့သမီး ခင်ငုရီဖြိုးတီးတာလေ။ အပေါ်ထပ်တက်တဲ့ လှေကားကြီးရှိတယ်။ အကျယ်က (၇)ပေလောက်။ လှေကားထစ် (၂၂)ထစ် ရှိတဲ့ ကျွန်းလှေကားကြီးပေါ့။ လှေကားအလယ်လောက်မှာ အပြင်က အလင်းဝင်နိုင်တဲ့ ကျွန်းကျည်းဘောင်ကွပ်ထားတဲ့ မှန်ပြတင်းရှိတယ်။ အပေါ်ထပ်မှာ သမီးရဲ့ အိပ်ခန်း၊ ရေချိုးခန်း၊ အလှပြင်ခန်း၊ ဧည့်ခန်း တွေက သီးခြားစီရှိတယ်။ ဘုရားခန်းလည်း ရှိတယ်။ ဘုရားခန်းထဲဝင်သွား ရင် ပိတ်ကားလောက်ရှိတဲ့ ပုဂံရှုခင်းပန်းချီကားကြီးတွေ့ရမယ်။ အင်မတန် တန်ဖိုးကြီးမယ့် ပန်းချီကားကြီးဖြစ်မှာပါ။

အောက်ထပ်ပြန်ပြီးဆင်းကြည့်ရအောင်။ ကျောက်စိမ်းနံရံကြီးရှိ တယ်။ အပန်းဖြေကြည့်ဖို့ Home Theatre တွေ Projector တွေ အကုန်ဆင်ထားတယ်။ အိပ်ခန်းကြီးကလည်း အကျယ်ကြီး ပေ ၄၀၊ ပေ ၂၀ ရှိတယ်။ ဆင်းရဲသားတွေရဲ့ အိမ်ဝင်း (၂)၀င်းစာပေါ့။ ရေပူ၊ ရေအေး ရေချိုးခန်း တပ်ဆင်ထားတာတွေတော့ မပြောတော့ဘူး။ ရှင်ဘုရင် ပုဆိုး၊ ပိုးချည်းဆိုကြစို့။ အိပ်ခန်းအလယ်တည့်တည့်မှာ ခုတင်ကြီးတလုံးရှိတယ်။ ခြေရင်းမှာ ကြည့်လိုက်ရင်တော့ ဘီရို ရိုးရိုး။ ဒါပေမဲ့ အဲဒီ ဘီရိုတံခါးကိုဖွင့် ပြီး ၀င်သွားရင် မြေအောက်ခန်းရောက်တယ်။

စန္ဒရားကြီးရဲ့ အနားက အပြင်ထွက်လိုက်ရင် မီးဖိုချောင်။ မီးဖိုချောင်ရဲ့ အပေါ်ထပ်မှာ အစေခံတန်းလျားရှိတယ်။ အဲဒါ ကျွန်တော်တို့ ဦးအောင်သောင်းရဲ့ ဗိမာန်ပဲ။ အင်းလျားလမ်းက အိမ်အမှတ် (၅၄)ကတော့ ဘယ်သူ နေထိုင်နေသလဲ မသိဘူး။

သူ့ဘာသာ ဥုံ ခံလို့ဖြစ်ဖြစ်၊ ဖွ ခံလို့ပဲဖြစ်ဖြစ် ကျွန်တော့်လို မဟုတ်ဘဲ ရာထူးတွေ ထိပ်တက်ပြီး ယူဆောင်နိုင်လို့ စီးပွားဥစ္စာတွေ (၁၀)သက် မပြောနဲ့ (၁၀၀)သက်ထိအောင် စားမကုန်အောင် ရယူနိုင်လို့ ကိုးဆယ့်ကိုး ယောက် လက်မခံလဲ ကျွန်တော်လက်ခံတယ်။

ဒါပေမဲ့ ပေါ့လေ။ လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ ဆွေးနွေးကြတဲ့ အခါမှာတော့ ဦးအောင်သောင်းကို ကျွန်တော် အထင်ကြီးခဲ့သမျှတွေဟာ သဲထဲရေသွန်ဖြစ်တော့တာပါပဲ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၂)နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ ပုဒ်မ (၄၉)မှာ ဖော်ပြထားတဲ့ ပြည်နယ် (၇)ပြည်နယ်ကို လူမျိုးစု အမည်တွေနဲ့ မခေါ်ဆိုဘဲ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့လို မြို့အမည်တွေနဲ့ ပြောင်းလဲ ခေါ်ဆိုဖို့ အဆိုတင်သွင်းပါသတဲ့။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် အခေါ်အဝေါ်တွေ က ဦးအောင်သောင်း မမွေးဖွားခင်ကတည်းက ခေါ်ဝေါ်သုံးစွဲလာတဲ့ အမည် တွေပါ။

ဦးအောင်သောင်းက လူမျိုးစုအမည်တွေနဲ့မို့ လူမျိုးအစွဲတွေကြောင့် ပြည်တွင်းစစ်မီးတောက်လောင်နေတယ်လို့ စွဲမှတ်နေဟန်တူပါရဲ့။ တကယ်တော့ ပြည်တွင်းစစ်မီးတောက်လောင်နေတာဟာ လူမျိုးစုအစွဲကြောင့် မဟုတ်ပါဘူး။ ဒီမိုကရေစီ ဆိတ်သုဉ်းလို့ စစ်အာဏာရှင်စနစ် လွှမ်းမိုးနေခဲ့ တာကြောင့် ပြည်တွင်းစစ်မီးတောက်လောင်နေတာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းသွားရင် ဒီမိုကရေစီ ထွန်းကားလာရင် ပြည်တွင်းစစ်မီးဟာ လုံးဝငြိမ်းသွားမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ် ဦးအောင်သောင်းဟာ စစ်အာဏာရှင်စနစ်ကို ဖုံးကွယ်စေချင်တဲ့ သဘောပေလား။

ဘာပဲဖြစ်ဖြစ် ဦးအောင်သောင်းရဲ့ အဆိုဟာ လွှတ်တော်ထဲ အဆိုတင်သွင်းမှု မပြောနဲ့ တောင်သာနယ် ကျောက္ကာသွားပြီ အဆိုတင်သွင်းတောင် လက်မခံနိုင်စရာ အကြောင်းမရှိပါဘူး။ ဘာလို့လဲဆိုတော့ ကောင်း ကျိုးထက်၊ ဆိုးကျိုးတွေ ပိုမိုဖြစ်ထွန်းလာဖွယ်ရှိလို့ပါ။ ဒီမှာ ဦးအောင်သောင်းကို လက်ခံတဲ့ ကျွန်တော်သည်ပင်လျှင် သူ့တင်သွင်းတဲ့အဆို အရည်အချင်းကို ထောက်ရှုပြီး သူ့အဆင့်ဆင့် တိုးတက်လာတဲ့ ရာထူးတွေဟာ သူ့ချမ်းသာခဲ့တဲ့ စည်းစိမ်ဥစ္စာတွေဟာ ရိုးရိုးသားသား၊ ကြိုးကြိုးစားစားနဲ့ ရရှိခဲ့တာ ဟုတ်ပါရဲ့လားလို့ အနုလုံ၊ ပဋိလုံ စဉ်းစားတွေးတောနေမိကြောင်းပါ။

ကျွန်တော်တို့ အရပ်ဒေသမှာ မဟုတ်တာလုပ်ကိုင်ပြီး မင်္ဂလာယူတတ်လေ့ရှိတဲ့ ပုဂ်္ဂိုလ်တွေကို “ဟောဒီလူကြီး သေရင်တော့ ပုပ်စော်အလွန်နံမှာဗျ”လို့ ပြောဆိုတတ်ကြပါတယ်။ အခုလည်း ဦးအောင် သောင်းကွယ်လွန်ရင် (လွန်ဆန်လို့ရတာမှမဟုတ်တာ အနိစ္စနော်) ပုပ်စော်၊ အလွန်နံ၊ မနံ စောင့်ကြည့်ချင်ပါသေးတယ်။ ဦးအောင်သောင်း ကျန်းမာပါစေ။

ကိုလေးမြတ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


တာမွေရဲစခန်းက အပြစ်မဲ့ အရပ်သားတစ်ယောက်ကို ဖမ်းချုပ်ပြီး ညှဉ်းပန်းနှိပ်စက်ခဲ့ပြီး တစ်ပတ်အကြာမှာ နှိပ်စက်ခံရသူဟာ ဝေဒနာတွေနဲ့ သေဆုံးခဲ့ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲနေပြီဆိုတာ ဒီလူသေမှုက မေးခွန်းထုတ်ရမယ့်ကိစ္စ ဖြစ်လာပါတယ်။

တာမွေ ဗျိုင်းရေအိုးစင်ရပ်ကွက်မှာ ကားမှန်ခွဲတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စိတ်ဝေဒနာခံစားနေရသူ ဦးသက်လွင်ကို စွပ်စွဲခဲ့ရာက ရပ်ကွက် လူမှုဖွံ့ဖြိုးရေးအထောက်အကူပြု ဥက္ကဌ ဦးရဲခေါင်နဲ့ ရဲတပ်ဖွဲ့တွေက နိုဝင်ဘာ ၇ရက်နေ့မှာ ဦးသက်လွင်ကို တစ်ညတာချုပ်နှောင်ခဲ့ပါတယ်။ သက်သေမခိုင်လုံဘဲ ဖမ်းဆီးချုပ်နှောင်ခဲ့လို့ မိသားစုဝင်တွေက ရဲစခန်းကို လိုက်သွားပြီး ရိုက်နှက်ညှဉ်းပန်းတာမလုပ်ဖို့ ပြောပေမယ့် နောက်တစ်နေ့မနက်မှာ ခန္ဓာကိုယ်အနှံ့ အညိုအမည်းစွဲနေသလို ခေါင်းမှာလည်း နံပါတ်တုတ်နဲ့ ၃ချက် အရိုက်ခံခဲ့ရတယ်လို့ မိသားစုဝင်တွေက တာမွေ NLD ရုံးမှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောဆိုခဲ့ပါတယ်။

အချုပ်ကပြန်လွတ်လာပြီး မကြာခဏ ခေါင်းမူးနေတတ်ပြီး နိုဝင်ဘာ ၁၃ရက်နေ့မှာတော့ သတိလစ်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။ ဒီလူသေမှုနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားထားပြီး သက်ဆိုင်ရာ ရဲစခန်းကို တရားစွဲဖို့ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

ကားမှန်ကိုခွဲတယ်ဆိုပြီး ရဲစခန်းမှာ ရဲတွေက အတင်းအကြပ်ဝန်ခံခိုင်းတာကို ငြင်းဆန်လို့ ခေါင်းကို ၃ချက်၊ ကျောနဲ့ နံရိုး၊ ပေါင်တွေကို နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ထားပြီး ဘာရောဂါမှ မရှိဘဲ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသွားတာပါလို့ ဦးသက်လွင်ရဲ့ဇနီး ဒေါ်စန်းစန်းအေးက ပြောပါတယ်။ မိသားစုကို လုပ်ကျွေးနေတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ကို ရဲတပ်ဖွဲ့က ကျုးလွန်ပြီး သတ်ခဲ့လို့ အရမ်းကို ခံစားရတယ်လို့ ဆိုပါတယ်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၁အရ ရဲတပ်ဖွဲ့ဝင်တွေဟာ စွပ်စွဲခံရသူတွေကို စစ်ဆေးတဲ့အခါ ကိုယ်စိတ်ဆင်းရဲအောင် နှိပ်စက်လို့မရသလို အခုလို ဒဏ်ရာကြီးကြီးမားမားရအောင် ရိုက်နှက်ညှဉ်းပန်းတာဟာ လုံးဝလုပ်ပိုင်ခွင့်မရှိဘူးလို့ တာမွေ NLDဥပဒေအထောက်အကူပြုအဖွဲ့ ဥက္ကဌ ဦးစံတင်က ပြောပါတယ်။

မိဘတစ်ယောက်လုံး ဆုံးရှုံးသွားလို့ ဘယ်လိုမှ အစားထိုးပြန်မရတဲ့ ဒီလူ့အခွင့်အရေးချိုးဖောက်မှုဟာ လူလူချင်း ကြက်ငှက်တွေကို ရိုက်နှက်သလိုလုပ်တာ လုံးဝလက်မခံနိုင်ဘူးလို့ သေဆုံးသွားသူရဲ့ သမီးဖြစ်သူ မလှသန္တာဦးက ဆိုပါတယ်။

လူအခွင့်အရေးချိုးဖောက်သူတွေထဲမှာ လက်နက်ကိုင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ မြန်မာနိုင်ငံမှာ အချိန်တော်တော်ကြာကြာ နိုင်ငံတကာက ဝေဖန်ထောက်ပြနေပေမယ့် ဒီလိုဆိုးရွားတဲ့ ချိုးဖောက်မှုတွေက အခုထိ အရှိန်မရပ်နိုင်သေးဘဲ ဆက်လက်ဖြစ်ပွားနေဆဲပါ။

Kamayut media

Prominent Hong Kong student protest leader Joshua Wong talks to reporters outside a court in Hong Kong on Nov. 27, 2014

ဟောင်ကောင် ၊ ၂၈-၁၁-၂၀၁၄

ဒီမိုကရေစီ လိုလားသော ဟောင်ကောင် ဆန္ဒပြခေါင်းဆောင် Joshua Wong အား ဆန္ဒပြ သပိတ်စခန်း တစ်ခုကို ဖယ်ရှား ရှင်းလင်းစဉ် ဖမ်းဆီးရမိ ခဲ့ပြီး နောက်တစ်ရက် အကြာတွင် ပြည်သူ့ရဲ တပ်ဖွဲ့ဝင် တစ်ဦးအား နှောင့်ယှက်မှုဖြင့် နိုဝင်ဘာလ ၂၇ ရက်နေ့၌ ရုံးတင် စစ်ဆေးသွားမည် ဖြစ်ကြောင်း AP သတင်းတစ်ရပ် အရ သိရသည်။

ရဲတပ်ဖွဲ့ဝင် များက Mong Kok ခရိုင်အတွင်း၌ ဆန့်ကျင်ဆန္ဒပြ နေရာ တစ်ခုအား နိုဝင်ဘာလ ၂၆ ရက်နေ့၌ ဖယ်ရှားရှင်းလင်းမှု ပြုလုပ်စဉ် Joshua Wong နှင့် အပေါင်းအဖော် ဖြစ်သူ ကျောင်းသား ခေါင်းဆောင် Lester Shum တို့အား ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။ ရာပေါင်း များစွာသော ရဲတပ်ဖွဲ့ဝင် များသည် နိုဝင်ဘာလ ၂၆ ရက်နေ့၌ ဆန္ဒပြသမား များအား နောက်ဆုတ်ရန် တွန်းအားပေး ဆောင်ရွက်ခဲ့ပြီး Nathan လမ်းပေါ် တစ်လျှောက်ရှိ မီတာ ၅ဝဝ ခန့်ရှည်လျားသော အခြား အတားအဆီး များနှင့် ရွက်ဖျင်တဲများ၊ သစ်သားနှင့် သတ္တု အတားအဆီး များအား ဖယ်ရှားရှင်းလင်း ခဲ့ကြောင်း သိရသည်။

ထို့သို့ စတင် ဆောင်ရွက်ပြီး နောက် ၂ နာရီ ဝန်းကျင်ခန့် အကြာတွင် ၄င်းလမ်းအဆုံး၌ ဆန့်ကျင်ဆန္ဒပြ သမား အနည်းငယ်သာ ကျန်ရှိ နေခဲ့သည်။ ဒီမိုကရေစီ လိုလားသူ ဆန္ဒပြသမား များအနေဖြင့် ဟောင်ကောင်၏ လာမည့် မြို့တော် အုပ်ချုပ်ရေးမှူး အတွက် ကိုယ်စားလှယ် လောင်းများအား ပြည်သူများက အမည်စာရင်း ပေးသွင်းနိုင်ရေး တောင်းဆိုရန် အတွက် အဆိုပါ လမ်းအား ၂ လကျော် နီးပါးခန့် ပိတ်ဆို့ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် အောက်တိုဘာလ ၁၅ ရက်နေ့ ညပိုင်းပဋိပက္ခ ဖြစ်ပွားမှု တစ်ခုတွင် လက်ထိပ် ခတ်ထားသောဆန္ဒပြသူ တစ်ဦးအား ရိုက်နှက်ခဲ့မှု နှင့် ပတ်သက်၍ ပြင်းထန်စွာ ကိုယ်ထိ လက်ရောက် ကျူးလွန်မှု အတွက် ရဲတပ်ဖွဲ့ဝင် ၇ ဦးကိုလည်း ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း ရဲတပ်ဖွဲ့ဝင် များက ပြောကြား ခဲ့သည်ဟု သိရှိရသည်။

#PyiChitThar

Hong Kong protest leader Joshua Wong to be charged


*** ““နိုင်ငံရေးအရ မဖြေရှင်းချင်လို့၊ ဒါမှမဟုတ် နိုင်ငံရေးအရ ဖြေရှင်းဖို့ သတ္တိမရှိလို့ ဖြစ်ပါလိမ့်မယ်”” ***

ဦးအောင်မင်းနဲ့ ဆွေးနွေးတဲ့ကိစ္စတွေအားလုံး အဆင်ပြေနေတာလည်း မဟုတ်ပါဘူး။ ဦးအောင်မင်းတို့နဲ့ တပ်မတော်ရဲ့ ဆက်ဆံရေးကို ကျွန်တော်တို့ မသိနိုင်ပါဘူး …

စစ်ရေးစစ်ရာမှာ ခုခံစစ်၊ ထိုးစစ်ဆိုတဲ့ ဝေါဟာရတွေဟာ ရှုပ်ထွေးပါတယ်။ သာမန်အရပ်သုံး စကားနဲ့ အင်မတန် ကွာခြားပါတယ်။ ထိုးစစ်တစ်ခုကို “ကာကွယ်စစ်”လို့ အလွယ်တကူ အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါတယ် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နိုဝင်ဘာလ ၁၉ ရက်က အစိုးရတပ်ဘက်မှ ပစ်ခတ်မှုကြောင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဗဟိုဌာနချုပ် လိုင်ဇာ၌ စစ်သင်တန်း တက်နေသူ ဗိုလ်လောင်း ၂၃ ဦး ကျဆုံးခဲ့ရာ ယင်းပစ်ခတ်မှုမှာ သတိပေး ပစ်ခတ်ခြင်းသာဖြစ်ကြောင်း အစိုးရဘက်မှ ထုတ်ပြန်ထားသည်။

သို့သော် ယခုကဲ့သို့ ပစ်ခတ်ခြင်းမှာ အစိုးရစစ်တပ်အနေဖြင့် ပြဿနာအားလုံး လက်နက်အင်အားဖြင့် ဖြေရှင်း လိုသည့် စိတ်ဓာတ်အပေါ် အခြေခံ လုပ်ဆောင်ခြင်းနှင့် နိုင်ငံရေးအရ မဖြေရှင်းချင်သည့်အတွက်၊ သို့မဟုတ် နိုင်ငံရေးအရ ဖြေရှင်းရန် သတ္တိမရှိခြင်း ဖြစ်နိုင်ကြောင်း KIA ဒုဦးစီးချုပ်၊ ဗိုလ်ချုပ်ဂွန်မော်က နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြောဆိုလိုက်သည်။

ထို့ပြင် ယခုကဲ့သို့ တိုက်ပွဲများ ပြန်လည် ဖြစ်ပျက်နေသည့် အတွက် ဆွေးနွေးပွဲ ဖြစ်စဉ်များနှင့် ပတ်သက်၍ ထိခိုက်နိုင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ကာကွယ်ရေး ဦးစီးချုပ် ချမှတ်ထားသည့် မူ ၆ ချက်ကို လက်မခံ သည့်အတွက် တိုက်နေခြင်း ဖြစ်နိုင်ကြောင်း ဗိုလ်ချုပ်ဂွန်မော်က သုံးသပ်ထားသည်။ လက်ရှိ တိုက်ပွဲဖြစ်စဉ်၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် ပတ်သက်၍ မေးမြန်းထားမှုများ ကို မြန်မာသံတော်ဆင့် မှ ဖော်ပြလိုက်ပါသည်။

ယခုမေးမြန်းထားချက်များကို မြန်မာသံတော်ဆင့်မှ အီးမေးလ်ဖြင့် ပေးပို့ မေးမြန်းထားခြင်းဖြစ်ပြီး ဗိုလ်ချုပ်ဂွန်မော် ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် ဖြေကြားချက်များ ဖြစ်သည်။

ဝိုင်းမော်

Q1. လိုင်ဇာကိစ္စနဲ့ပတ်သက်ပြီး တိုင်းရင်းသား တော်တော်များများ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြတော့ ဒီကိစ္စက ဘယ်လောက်ထိ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဂယက်ရိုက် သွားနိုင်လဲခင်ဗျ။

Ans1. လိုင်ဇာ ဗိုလ်လောင်းသင်တန်းကျောင်း ကိစ္စနဲ့ ပတ်သက်ပြီး ကန့်ကွက် နေကြတယ်ဆိုတာ အမှား/ အမှန်ကို ထောက်ပြတာထက် ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စဉ်အပေါ် စိုးရိမ်မှုနဲ့ လူသားချင်း စာနာမှုတို့က ပိုပြီးအဓိက ကျပါလိမ့်မယ်။ ဆွေးနွေးနေတဲ့ ဖြစ်စဉ်တွေမှာ တကယ်ကို ထိခိုက်နိုင်ပါတယ်။

Q2. ဘာကြောင့် ဒီလိုလက်နက်ကြီးနဲ့ ပစ်ခတ်ရတယ် ဆိုတာကော ဗိုလ်ချုပ်တို့ ဘယ်လို သုံးသပ်ထားလဲခင်ဗျ။

Ans2. တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကတော့ ဘာကြောင့် ပစ်ခတ်ရတယ်ဆိုတာ VOA မှာပြောသွား ပြီးပါပြီ။ ကျွန်တော့်အမြင် ကို ပြောရမယ်ဆိုရင် ပြဿနာများ အားလုံးကို လက်နက် အင်အားနဲ့ ဖြေရှင်းလိုတဲ့ စိတ်ဓာတ်က အခြေခံပါတယ်။ နိုင်ငံရေးအရ မဖြေရှင်းချင်လို့၊ ဒါမှမဟုတ် နိုင်ငံရေးအရ ဖြေရှင်းဖို့ သတ္တိမရှိလို့ ဖြစ်ပါလိမ့်မယ်။

Q3. ဒီကိစ္စမှာ တပ်မတော်က သူတို့ မမှားတဲ့ ပုံစံမျိုးနဲ့ ပြန်ရှင်းထားတဲ့ အပေါ်မှာကော ဗိုလ်ချုပ်တို့အနေနဲ့ ဘာများ မှတ်ချက် ပေးပါသလဲ။

Ans3. တပ်မတော်က မမှားဘူးလို့ ပြောတာက သူတို့ရဲ့ခံယူချက်၊ သူတို့ရဲ့ အမြင်အရ ပြောတာဖြစ်ပါတယ်။ ဘက်တစ်ဖက်ကိုပဲ ကြည့်မယ်ဆိုရင် ဘယ်သူမှ မမှားနိုင်ပါဘူး။

Q4. မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ဘက်ကိုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်တို့ အကြောင်းကြား ထားတယ်လို့ သိရပါတယ်။ သူတို့ဘက်က ဘယ်လို အကြောင်းပြန် ထားလဲခင်ဗျ။ သူတို့အနေနဲ့လည်း ဒီကိစ္စအပေါ်မှာ ဘယ်လောက်ထိ တာဝန်ရှိတယ်လို့ ထင်ပါသလဲ။

Ans4. KIO အနေနဲ့ ဦးအောင်မင်းဆီကို လိပ်မူပြီး အကြောင်းကြား တာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၆ ကနေ နိုဝင်ဘာ ၁၉ ရက်နေ့အတွင်း အဖြစ်အပျက်တွေကို အကြောင်းကြား ထားပါတယ်။ ဦးအောင်မင်းဆီကနေ အကြောင်းကြားစာ လက်ခံရရှိတယ်လို့ ပြန်စာပို့ပါတယ်။ ငြိမ်းချမ်းရေးစင်တာ အနေနဲ့ကတော့ အဖြစ်မှန်တွေကို အစိုးရဆီ တင်ပြပေးနိုင်ဖို့ တာဝန်ရှိတယ်လို့ ထင်ပါတယ်။

Q5. ကချင်ပြည်နယ်မှာက တိုက်ပွဲတွေက တောက်လျှောက် ဖြစ်နေတော့ ဘာကြောင့် ကချင်ပြည်နယ်ကိုပဲ အစိုးရက တိုက်နေတယ်လို့ ထင်ပါသလဲ။

Ans5. တိုက်ပွဲတွေက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေ မှာ တောက်လျှောက် ဖြစ်နေတာပါ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ပြောတာက မူ ၆ချက်ကို လက်မခံတဲ့အတွက် တိုက်နေရတယ်လို့ နားလည် ရပါတယ်။

Q6. ကာကွယ်ရေးဝန်ကြီးကလည်း လွှတ်တော်မှာ မြောက်ပိုင်းတိုင်းစစ် အသုံးစရိတ်ဆိုပြီး သန်းတစ်ထောင် တိုးတောင်းတာနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း တော်တော်များများ က ဝေဖန် နေကြပါတယ်။ ဒီအပေါ်မှာကော ဗိုလ်ချုပ်အနေနဲ့ ဘယ်လို မှတ်ချက် ပေးချင်ပါလဲခင်ဗျ။

Ans6. ကာကွယ်ရေးဝန်ကြီးက မပခ အတွက် အသုံးစရိတ် တောင်းတာကို ကျွန်တော်တို့ ဝေဖန်ချက် မပေးလို ပါဘူး။

Q7. ဒီလိုမျိုး တိုက်ပွဲတွေက တောက်လျှောက် ဖြစ်လာရင် နောက်ဆက်တွဲ ဘာတွေ ဖြစ်လာနိုင်မယ်လို့ ထင်ပါ သလဲခင်ဗျ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အတွက်လည်း ထိခိုက် သွားနိုင်လားခင်ဗျ။

Ans7. တိုက်ပွဲတွေ ပိုပြီးဖြစ်လာရင် ဆွေးနွေးတဲ့အခါ စိတ်ရှည်သည်းခံနိုင် မှုတွေ ပျောက်သွားနိုင်ပါတယ်။ အဲလိုဖြစ်လာရင် ဆွေးနွေးမှုပေါ် ထိခိုက်နိုင်ပါတယ်။

Q8. အခုလိုဖြစ်နေတဲ့ တိုက်ပွဲ ပြဿနာတွေကို KIO အနေနဲ့ ဘယ်လိုဖြေရှင်းသွားဖို့ ရှိပါသလဲ။

Ans8. KIO အနေနဲ့ ဦးအောင်မင်း ဆီကနေတစ်ဆင့် စာပို့မေးထားပါတယ်။ အစိုးရဘက်နဲ့ KIO ဘက်ရဲ့ ဖြစ်စဉ် အချက်အလက်တွေ အင်မတန်မှ ကွဲလွဲနေတာကို အစိုးရအနေနဲ့ ဘယ်လို ဆောင်ရွက်မှာလဲ ဆိုတာကို ဦးစွာမေးမြန်း ထားပါတယ်။

Q9. UNFC က မြောက်ပိုင်းမှာ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ် တပ်မတော်ကကော လက်ရှိမှာ ဘယ်လို ပုံစံမျိုးတွေ ဆောင်ရွက်နေလဲ။ တိုက်ပွဲတွေ ဖြစ်လာခဲ့ရင် ဖက်ဒရယ် တပ်မတော် အနေနဲ့ ဘယ်လိုကဏ္ဍတွေက ပါဝင် ဆောင်ရွက်မှာလဲခင်ဗျ။

Ans9. UNFC က ဖက်ဒရယ် တပ်မတော်ဆိုတာ ခုမှ ပြောနေတာ မဟုတ်ပါဘူး။ ပြီးတော့ လက်တွေ့ တိုက်ပွဲတွေကို ဖက်ဒရယ် တပ်မတော်က တိုက်နေတာ မဟုတ်ပါဘူး။ ပလောင်၊ ကိုးကန့်၊ KIO စတဲ့ အဖွဲ့တွေ စုပေါင်းပြီး မြန်မာ့တပ်မတော်ရဲ့ စစ်ဆင်ရေးကို စုပေါင်း ခုခံနေကြတယ်။ အဲဒီတပ်ပေါင်းစုကို Concept အရ FUA လို့ ကျွန်တော်တို့ ပြောနေကြ တာဖြစ်ပါတယ်။ FUA ရဲ့ အဓိက ရည်ရွယ်ချက်က နိုင်ငံရေး ဆွေးနွေးမှုရဲ့ ဆုံးဖြတ်ချက်အရ ဖြစ်ပေါ်လာမယ့် နိုင်ငံတော်ရဲ့ တပ်မတော်ပုံစံ ကို မျှော်လင့်နေတာ ဖြစ်ပါတယ်။ စစ်တိုက်ဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းချင်တာ မဟုတ်ပါဘူး။

Q10. ကာကွယ်ရေး ဦးစီးချုပ်က VOA နဲ့ အင်တာဗျူးမှာ ဖြေထားတာ သူတို့က သမ္မတကြီးရဲ့ ညွှန်ကြားချက် အတိုင်း စစ်ဆင်တာတွေ မလုပ်ပါဘူး။ ပြန်ခုခံကာကွယ်တဲ့ အဆင့်ပဲရှိပါကြောင်း ဖြေထားတဲ့ အပေါ်မှာကော ဘယ်လို သဘောရပါသလဲ ခင်ဗျ။

Ans10. စစ်ရေးစစ်ရာမှာ ခုခံစစ်၊ ထိုးစစ်ဆိုတဲ့ ဝေါဟာရတွေဟာ ရှုပ်ထွေးပါတယ်။ သာမန် အရပ်သုံးစကားနဲ့ အင်မတန် ကွာခြားပါတယ်။ ထိုးစစ်တစ်ခုကို ““ကာကွယ်စစ်””လို့ အလွယ်တကူ အဓိပ္ပာယ် ဖွင့်ဆို နိုင်ပါတယ်။ VOA အင်တာဗျူးမှာ ကာချုပ်ရဲ့ အတွင်းသဘောတွေကို တွေ့မြင်နိုင်ပါတယ်။

Q11. ဖက်ဒရယ် တပ်မတော်အပေါ်မှာလည်း တပ်မတော်ဘက်က လိုချင်တဲ့ပုံစံနဲ့ UNFC ဖွဲ့စည်းပုံမှာ ပါတဲ့ ပုံစံက ကွဲပြားနေတယ်လို့ သိရပါတယ်။ အဲဒီပေါ်မှာ ဘယ်အချက်တွေ၊ ဘယ်သဘောထားတွေအပေါ် အခြေခံပြီး ကွဲလွဲလဲဆိုတာ ရှင်းပြ ပေးစေလိုပါတယ်။

Ans11. FUA ကိစ္စကို တူညီတဲ့ပုံစံတွေ မဖော်နိုင်သေးပါဘူး။ နိုင်ငံရဲ့ တပ်မတော်ကို ဖက်ဒရယ် တပ်မတော် ပုံစံဖြစ်စေချင်တယ်လို့ ပြောနေတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးလိုကြောင်း NCCT က တင်ပြထားပါတယ်။ ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းမှာလဲ ဆိုတာကတော့ အားလုံးရဲ့ ဆွေးနွေးမှုကနေ အဖြေရှာရမှာ ဖြစ်ပါတယ်။

Q12. ဦးအောင်မင်းတို့နဲ့ တိုင်းရင်းသားတွေ ဆွေးနွေးတဲ့အခါ အဆင်ပြေတာကို တွေ့ရပေမယ့် တပ်မတော် ပါလာတဲ့အခါ အဆင်မပြေတာတွေ တွေ့ရတော့ ဦးအောင်မင်းတို့နဲ့ တပ်မတော်နဲ့ကြားက ဆက်ဆံရေးကို သုံးသပ်ပေးပါလား။

Ans12. ဦးအောင်မင်းရဲ့ တာဝန်က UPCC ကနေ ချမှတ်ပေးတဲ့ ငြိမ်းချမ်းရေးမူကို အောင်မြင်အောင် လုပ်ဆောင်ဖို့ ဖြစ်တယ်လို့ နားလည်ပါတယ်။ ဦးအောင်မင်းနဲ့ ဆွေးနွေးတဲ့ကိစ္စတွေ အားလုံးအဆင်ပြေနေ တာလည်း မဟုတ်ပါဘူး။ ဦးအောင်မင်းတို့နဲ့ တပ်မတော်ရဲ့ဆက်ဆံရေးကို ကျွန်တော်တို့ မသိနိုင်ပါဘူး။

Q13. အခုနောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ တပ်မတော်ပါလာပြီး အရင်ဆွေးနွေး သဘောတူ ပြီးသားတွေတောင် ပြန်ဆွေးနွေးနေ တာ တွေ့ရတော့ သူတို့ရဲ့ သဘောထားက ဘယ်လိုရှိသလဲ ဆိုတာ သုံးသပ်ပေးပါခင်ဗျ။

Ans13. ကျွန်တော်တို့ နားလည်တာက NCCT ဟာ EAO’s ရဲ့ ကိုယ်စား ဆွေးနွေးတယ်။ UPWC က အစိုးရရဲ့ ကိုယ်စားပေါ့။ တပ်ရယ်၊ လွှတ်တော်ရယ်၊ အစိုးရရယ် ဆိုပြီး အသံတွေ ထွက်လာတိုင်း ကျွန်တော်တို့ အနေနဲ့ ကတော့““အစိုးရအဖွဲ့””လို့သာ ယူဆကြောင်း အမြဲပြောနေ တာပါ။ နိုင်ငံတော်သမ္မတရဲ့ အင်တာဗျူးမှာ မဟုတ်ဘဲ ကာချုပ်ရဲ့ အင်တာဗျူးမှာ ““မူ ၆ ချက်””ကိစ္စပြောလာတော့ အစိုးရအတွင်း ဆုံးဖြတ်ခွင့်ကို ဘယ်လို စီမံထားသလဲဆိုတာ သုံးသပ်ဖို့ လိုအပ်လာပါတယ်။

Q14. အခုဖြစ်နေတဲ့ တိုက်ပွဲအများစုက တပ်မတော်ရဲ့ နယ်မြေ ရှင်းလင်းရေး ပြဿနာတွေဆိုတော့ ခုချိန် မှာလည်း တပ်ပိုင်းဆိုင်ရာ ကိစ္စတွေက ညှိနှိုင်းလို့ မရသေးတော့ ဒီပြဿနာတွေကို ဘယ်လို ဖြေရှင်းဖို့ ရည်ရွယ် ထားပါသလဲ။

Q15. နောက်ဆုံးအနေနဲ့ လက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲတွေအပေါ်မှာ တပ်မတော်ရဲ့ အဓိက တာဝန်အရှိဆုံးဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ်ကို ဘာများပြောချင်လဲခင်ဗျ။

Ans14+15. တိုက်ပွဲဆိုတာ ခေါင်းစဉ်တွေ အမျိုးမျိုးတပ်ပြီး လုပ်လို့ရပါတယ်။ နယ်မြေ ရှင်းလင်းရေး၊ လမ်းဖောက်လုပ်ရေး စသည်ဖြင့်ပေါ့ဗျာ။ အရေးကြီးတာကတော့ တိုက်ပွဲတွေ မဖြစ်အောင် ထိန်းသိမ်းလိုတဲ့ စိတ်ဓာတ် ရှိ/မရှိ ဆိုတာပါပဲ။ တပ်မတော် အပါအ၀င် ကာချုပ်ကို ရည်စူးပြီး (ကျွန်တော့်အနေနဲ့) အထူး ပြောစရာ မရှိပါဘူး။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

ဦးဝင်းတင်အား ချစ်ခင်မြတ်နိုးကြသော နိုင်ငံရေးသမား၊ စာပေသမားများနှင့် အနုပညာ နယ်ပယ်အသီးသီးက ပုဂ်္ဂိုလ်များ ဦးဝင်းတင်စာကြည့်တိုက် ထူထောင်ရေးသည် လိုလားအပ်ဆုံး လုပ်ငန်းအဖြစ် ပူးပေါင်းဆောင်ရွက် သင့် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မကြာသေးသော ၂၁-၄-၁၄ နေ့က သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်သွားသည်။ အသက် ၈၆ နှစ်ရှိ ပါပြီ။ ထိုသက်တမ်းတစ်လျှောက် သူသည် သူ့ကိုယ်ကျိုးဘာမှမလုပ်ဘဲ အများအကျိုးကိုသာ လုပ် ဆောင် သွားလေသည်။ ဦးနေ၀င်းခေတ်က မန္တလေးတွင် ဟံသာဝတီသတင်းစာကို တည်ထောင်ပြီး ဦးဝင်းတင် အယ်ဒီတာချုပ် အဖြစ် ဆောင်ရွက်ရာမှ ဟံသာဝတီ ဦးဝင်းတင်ဟူ၍ ဖြစ်လာပါသည်။ ထို့နောက် ဦးနေ၀င်း အလိုမကျ၍ အဖြုတ်ခံ လိုက်ရ၏။

သည့်အရင် ၁၉၅၇ ခုနှစ်ကစပြီး ၁၉၆၉ ခုနှစ်လောက်အထိ ဆရာဦးဝင်းတင်သည် ကြေးမုံဦးဝင်းတင် ဖြစ်ခဲ့ရ ပါသည်။ ထိုကာလများက သူသည် ကြေးမုံဦးသောင်း၊ စိန်ခင်မောင်ရီတို့နှင့်အတူ ကြေးမုံကို တည် ထောင်သူ တစ်ဦးဖြစ်ခဲ့ပါသည်။…

တော်လှန်ရေးကောင်စီအစိုးရလက် ထက် ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေး ပွဲကြီးပျက်သော အခါ ကြေးမုံ ဦး သောင်းသည် တိမ်းရှောင်နေပြီး ကြေးမုံဦးစိုးနိုင်၊ ဆရာစိန်ခင်မောင်ရီတို့ အထိန်းသိမ်းခံကြ ရသည်။

ထိုအခါတွင် ကြေးမုံသတင်းစာမယိုင် လဲအောင် ပဲ့ကိုင်သွားသူမှာ ဦးဝင်းတင်ဖြစ် ပါသည်။ သတင်းစာလောက ဆိတ်သုဉ်း လုဖြစ်၍ ရှောင်တိမ်းနေကြစဉ် ဦးဝင်းတင် သာကျန်ခဲ့ရာ အလုပ်ကို အလွန်လုပ်သူ အဖြစ်တွေ့ ရပါ သည်။ သူသည် နေ့ရောညပါ အယ်ဒီတာစားပွဲမှာ ထိုင်ပြီးလုပ်သည်။ ကျွန်တော်သည် သူ့လက်ထောက်အဖြစ် သူ့ကို ကူညီရသူဖြစ်ရာ သူ့စိတ်ဓာတ်ကို ကောင်းစွာသိခဲ့ပါ၏။

နယ်သတင်းထောက်များအား သတင်းရေးခကော်လံခများကို ကျွန်တော်က စာရင်းပြုစုပြီးတင်ပြရာ သူက သတင်းထောက်တို့ အရည်အချင်းကိုကြည့်ပြီး သတင်းဆုငွေ တိုးပေးလေ့ရှိပါသည်။

သူသည် နှစ်အတော်ကြာ ကြေးမုံမှာ ဘ၀ကို မြှုပ်နှံပြီး သတင်းစာလောကသား တို့အကျိုးကို သယ်ပိုးသွားပါ သည်။ တော် လှန်ရေးအစိုးရတက်ပြီး စာနယ်ဇင်းကောင် စီအတွင်းရေးမှူးတာဝန်ယူရစဉ်ကလည်း အထိန်း သိမ်းခံသတင်းထောက်များ လွတ်မြောက်ရေးကို များစွာလုံးပန်းဆောင်ရွက် ခဲ့ပါသည်။

ပြီးတော့ ကြေးမုံမှ အထိန်းသိမ်းခံ အယ်ဒီတာတို့၏ မိသားစုများအား ထောက်ပံ့ရေးကိုလည်း လစဉ်ဆောင် ရွက်ပါသည်။ ကျွန်တော်သည် အယ်ဒီတာ၊ သတင်း ထောက်များထံ ထောက်ပံ့ငွေ သွားရောက် ပေးအပ်ရပါ သည်။ သူသည် သူ့အရေးထက် သတင်းစာ တိုက်သားများအရေးကို လုပ်ဆောင်နေ သည်ကိုသာ တွေ့ရ သည်။ သူ့မှာ ရှပ် အင်္ကျီ ၃-၄ ထည်၊ ပုဆိုး ၃-၄ ထည်သာ ရှိပါ၏။

သို့သော် စာအုပ်များကတော့ ရှိပါ သည်။ သူ့အိပ်ခန်း၊ ခုတင် အိပ်ရာပေါ်မှာ စာအုပ်တွေနှင့် ပြည့်နေပါသည်။ အချိန်ရလျှင် ရသလို စာဖတ်နေတတ်ပါ၏။ ရေးစရာရှိလျှင် ထရေးတတ်သည်။ သူဆိုဗီယက်ဆိုရှယ်လစ် နိုင်ငံသို့ သွားရောက်စဉ် ကအတွေ့အကြုံများကို ကမ္ဘာနီတွင်တဒင်္ဂဟု စာအုပ်ဖြစ်အောင် ရေးပါသည်။

အနုပညာအဖွဲ့များနှင့် အနောက်ဥရောပသို့ သွားရောက်ပြီး ခြေမှာစကား လက်ဖျားကဗျာစာအုပ် ထွက်ပေါ် လာပါသည်။ ထို့နောက် ယဉ်ကျေးမှု အနုပညာ ဆောင်းပါးတွေ ဆက်တိုက်ရေးပြန်ပါ၏။ သူကား အခြေအနေ အရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၌ နိုင်ငံရေးခေါင်း ဆောင်ဝင်လုပ်ရသော်လည်း အခြေခံက စာပေသမား သာလျှင်ဖြစ်၏။ စာပေမြတ်နိုးသူဖြစ်၏။

သူရေးသွားသမျှ စာအုပ်များသည် ပြန့်ကျဲနေသည်။ အချို့ကို မမှတ်မိတော့ ပါ။ ထိုစာအုပ်များကို စုစည်း တင်ပြ နိုင်လျှင် အကျိုးရှိလေစွ။ အထူးသဖြင့် ဆရာဦးဝင်းတင်၏ စာအုပ်များကို အခြေခံကာ စာကြည့်တိုက်တစ် ခု ထူထောင်နိုင်လျှင် ကောင်းလေစွဟု ဆန္ဒဖြစ်ပေါ်မိပါသည်။

ထိုစဉ်၌ပင် ဦးဝင်းတင်ဖောင်ဒေးရှင်း ဆောင်ရွက်သူများက ဦးဝင်းတင် အထိမ်း အမှတ်ပြတိုက်နှင့် စာကြည့် တိုက် ထူထောင်မည်ဆိုသော သတင်းကြားရသောအခါ နှစ်ထောင်းအားရဖြစ်မိပါသည်။ ဦးဝင်းတင် သုံးစွဲသော ပစ္စည်းအချို့ကို ပြသခန်းသဖွယ်ပြုလုပ်ပြီး ဦးဝင်းတင် စာကြည့်တိုက်ကို အကောင်အထည်ဖော် ဆောင်ရန် လိုအပ်ပါသည်။

ဦးဝင်းတင်အား ချစ်ခင်မြတ်နိုးကြသော နိုင်ငံရေးသမား၊ စာပေသမားများနှင့် အနုပညာနယ်ပယ် အသီးသီးက ပုဂ်္ဂိုလ်များသည် ဦးဝင်းတင်ကို ထာဝစဉ်သတိတရ ဖြစ်စေရန် ဦးဝင်းတင်စာကြည့်တိုက် ထူထောင်ရေးသည် လိုလားအပ်ဆုံး လုပ်ငန်းအဖြစ် ပူးပေါင်းဆောင်ရွက်သင့်ကြပါပြီ။ မိမိတို့ စုဆောင်းထားသည့် ဦးဝင်းတင် စာအုပ် အချို့နှင့် အခြားစာအုပ်စာပေများကိုလည်း ပေးလှူရန် အသင့်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

သမ္မတသက်တမ်း ၄ နှစ်နီးပါးရောက်ရှိလာသော် လည်း ပြည်သူ အများစုလိုလား တောင့်တသည့် ““အပြောင်း အလဲများ”” ဘာမှ မည်မည်ရရ မလုပ်ပေးနိုင်ခဲ့ သေးပါဘူး။ ဆင်ဖမ်းမယ် ကျားဖမ်း မယ်နှင့် ခတ်ကွင်းပြင် လူလဲ နေတာနဲ့ “ခြင်”တစ်ကောင်တောင် မမိဘဲ၊ “ခြ”တွေ “ဖား” တွေရဲ့ အရေအတွက် မြန်နှုန်းမြင့် ပေါက်ဖွား လာနေ တာကို တွေ့ရမှာဖြစ်ပါသည် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

*** မိမိသာ သမ္မတဖြစ်လျှင် ၂၀၁၅ ရွေးကောက်ပွဲနှင့်အခြေခံဥပဒေပြင်ဆင် ရန် ဦးစားပေးလုပ်မည်။ *** (အိုဘားမား)
နိုဝင်ဘာလ ၁၈ ရက် နေပြည်တော် ပြည်သူ့လွှတ်တော် အဆောက်အအုံ၌ ပြု လုပ်သည် ပြည်ထောင်စု လွှတ် တော် နာယက သူရဦးရွှေမန်း၏ သတင်းစာရှင်းလင်းပွဲတွင် လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်းသာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအား ပြုလုပ်သွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်မှုများအား ၂၀၁၅ ခုနှ စ် ရွေး ကောက်ပွဲအပြီး ထွက်ပေါ်လာသည့် အဖြေပေါ်မူတည်ကာ ဆောင်ရွက်ရမည် ဟုပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။…

သူရဦးရွှေမန်းကပဲ““နိုဝင်ဘာလ ၂၅ ရက်နေ့မှာ အပြီးဆောင်ရွက်မှာပါ (ဖွဲ့စည်း ပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ သုံးသပ် ဆောင်ရွက်ဆွေးနွေးပွဲ)၊ ထွက်ပေါ်လာ မယ့်ပြည်ထောင်စုလွှတ်တော်က တင်သွင်း လာမယ့်ဥပဒေ ကြမ်းများကို နောက်တစ်ပတ် လွှတ်တော် အစည်းအဝေးတွေမှာ ဆုံးဖြတ်အတည်ပြုမယ်၊ အဲဒီက ထွက်ပေါ် လာမယ့် ဥပဒေကြမ်းတွေကို တချို့ကိစ္စက ပြည်သူ့ဆန္ဒခံယူပွဲလုပ်ရမယ်၊ အဲဒါကိုလာ မည့် ၂၀၁၅ ခုနှစ်မေလ အတွင်းမှာ ဆောင်ရွက်မယ်၊ အဲဒီက ထွက်ပေါ်လာတဲ့ဟာကို ၂၀၁၅ ရွေးချယ်တင်မြှောက်ပွဲပြီးလို့ ပြည် ထောင် စုလွှတ်တော်စတင်ကျင်းပတဲ့ ပြည် သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် စတင်ကျင်းပတဲ့အခါကျမှ အဲဒီဖွဲ့ စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းလိုက် တဲ့ ပြဋ္ဌာန်းချက်တွေကို အတည်ပြုဆောင်ရွက်မှာ၊ ပြည်သူ့ဆန္ဒခံယူပွဲပြီး ပြီးချင်း အခုနက ပြောတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုတွေ ကို ဆောင်ရွက်လို့မရဘူး။ ရွေးကောက်ပွဲပြီး ထွက်ပေါ်လာတဲ့အဖြေပေါ် မူတည်ပြီးမှ ဆောင်ရွက်ရမှာဖြစ်ပါတယ်””ဟုပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်နိုင်ရေးတွင် အဓိကအကျဆုံးဖြစ်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေး မှာ နိုင်ငံတော် သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်တို့အပေါ် မူတည်သည်ဟု လွှတ်တော် နာယက ဦးရွှေ မန်း၏ ပြောကြားချက်ကို ဖတ်ရှုလိုက်ရသည်။

၄၃၆ ကို တပ်မတော်သားတွေက မပြင်လိုဘူးလို့ ပြောတယ်။ ဒါက သူတို့ အပိုင်းပါ၊ မိမိတို့သဘောကတော့ ဖွဲ့စည်း ပုံအခြေခံဥပဒေကိုပြင်ရာမှာ ၄၃၆ ကို အဓိကထားစဉ်းစားဖို့လိုတဲ့အတွက် အောင် မြင်အောင် ကြိုးစား သွားမှာဖြစ်တယ်။ အောင်မြင်ဖို့အတွက်ကတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို ဦးဆောင် တဲ့ ကာကွယ်ရေး ဦးစီးချုပ်ရှိတယ်၊ နောက်ပြီး အစိုးရအဖွဲ့ကို ဦးဆောင်တဲ့ နိုင်ငံတော် သမ္မတရှိတယ်။ သမ္မတ အနေနှင့် တကယ်တမ်းကျတော့ တပ်မတော်ပေါ်မှာ ထိုက်သင့်တဲ့သြဇာ ရှိသူဖြစ်တဲ့အတွက် အောင်မြင်ရေးဟာ သူတို့အပေါ်မှာ မူ တည်နေတယ်ဟူသည့် ပြောကြားချက် များလည်းရှိသည်။

သို့ရာတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးသည် သမ္မတအပေါ် မူတည်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်း၏ ပြောကြားချက်ကို သမ္မတက သဘောမတူကြောင်းနှင့် ဖွဲ့စည်းပုံပြင်ဆင် ရေးအတွက် လွှတ်တော် အမတ်များအား စည်းရုံးရန်မှာ ပြည်ထောင်စုလွှတ်တော် နာယကတွင်သာတာဝန်ရှိကြောင်း သမ္မတ ဦးသိန်းစိန် က တုံ့ပြန်လိုက်သည်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အပါအ၀င် ဖွဲ့စည်းပုံပြင်ရေးကို ထောက်ခံ သည့် ကိုယ်စားလှယ်များ ရအောင်စည်းရုံးရန်မှာ သူရဦးရွှေမန်းတွင်သာ တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။

““၄၃၆ ပြင်ဖို့က သမ္မတအပေါ်မှာပဲ မူတည်တယ်ဆိုပြီး သူရဦးရွှေမန်းပြောကြား ချက်ကို ကျွန်တော်တို့ သဘော မတူပါဘူး။ ပြည်ထောင်စုလွှတ်တော် မှာ ပြင်သင့်ပြင် ထိုက်တဲ့အချက်တွေကို ပြင်နိုင်အောင် ပြင်ဆင်နိုင်ဖို့ အဆို တင်နိုင်ဖို့ လိုအပ်တဲ့ လွှတ်တော်အမတ်များရအောင် လိုအပ်တဲ့ ထောက်ခံ မှုတွေရအောင် စည်းရုံးဖို့က ပြည် ထောင်စုလွှတ်တော် နာယကမှာပဲ တာဝန်ရှိတယ်လို့ ထင်ပါတယ်””

ပုဒ်မ ၄၃၆ အပါအ၀င် အခြေခံဥပဒေ ပြင်ဆင်ရေးမှာ လွှတ်တော်ပေါ်တွင်သာ မူတည်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် အတိအကျပြဋ္ဌာန်းထားပြီး လွှတ်တော်အပါအ၀င် မဏ္ဍိုင် (၃)ရပ်ခွဲခြားမှု ပီပြင်စေရန် သမ္မတနှင့် ၀န်ကြီးများကို ရာထူးယူထားစဉ်တွင် ပါတီတာဝန် ထမ်းဆောင်ခြင်းမပြု ရန် ပြဋ္ဌာန်းထားကြောင်း သမ္မတပြော ခွင့်ရပုဂိ္ဂုလ် ဦးရဲထွဋ်က ပြောသည်။

အကြောင်းခြင်းရာစပ်မိလို့ ပြောရရင်ဖြင့် သမ္မတရော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပါ တပ်မတော်သား ဘ၀အသီး သီးက ဘော်လီဘောလက်ရွေးစင် အားကစား သမားများ ဖြစ်ခဲ့ဟန်တူသည်။ အမှန်တော့ သူတို့နှစ်ယောက် တင်မကပါဘူး။ ရွက်ပုန်းသီး လက်ရည်တက် ဘောလီဘောသမားတွေ ကိုလည်း ယခုလိုတွေ့ရမည်ဖြစ်သည်၊ ကြည့်ပါ။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တပ်မတော်သား ကိုယ်စားလှယ်များ မပြင်လျှင် ပြင်ဆင်၍မရကြောင်း အချို့မှာ စွပ်စွဲနေကြကြောင်း၊ တပ်မတော်သားများ သည် ရာခိုင်နှုန်းအရကြည့်မယ်ဆိုလျှင် ဖြစ်နိုင်သော် လည်း တပ်မတော်သားကိုယ် စားလှယ်သက်သက်အနေဖြင့်လည်း အခြေခံဥပဒေကို ပြင်ဆင်၍ မရနိုင်ကြောင်း၊ တပ်မ တော်သားကိုယ်စားလှယ် အစုအဖွဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးတွင် အဓိကကျနေမည်ဆိုလျှင် တရားမျှတမှုမရှိဟု ယူဆရမည်ဖြစ်ကြောင်း နှင့် ““ကျွန်တော်တို့ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့သည် အခြေခံ ဥပဒေမပြောနှင့် တည်ဆဲဥပဒေများကိုပင် ပြင်နိုင်စွမ်းမရှိသော အခြေအနေဖြစ်ပါ တယ်””ဟု တပ်မ တော်သားကိုယ်စားလှယ် တစ်ဦး၏ပြောကြားချက်ကို သုံးသပ်ရလျှင် သေချာပါတယ် သူဟာ “ဘော်လီဘော သမား”ဆိုတာ။

အစိုးရအပါအ၀င် လွှတ်တော်အကြီး အကဲဆိုသူများသည် အပြောတစ်မျိုး အလုပ်တစ်မျိုး ဖြစ်နေကြသည်။ Commit ဆိုသည်မှာ ပြန်ပြင်၍မရအောင် ကတိက၀တ်လွန်ပြီးဖြစ်သည်။ ဆုံးဖြတ်ပြီးဖြစ် သည်။ အာမခံပြီး ဖြစ်သည်ဟု အဓိပ္ပာယ်ရ ပါသည်။ Commitment ဆိုသည်ကတော့ ကတိပေးပြီးသား အလုပ်ဖြစ်သည်။ သို့ရာ တွင် တိုင်းပြည်ကို ခေါင်းဆောင်နေသူများသည် ခုတစ်မျိုး တော်ကြာတစ်မျိုးဖြစ်နေသည်။ သက်တမ်းသာ ကုန်ဆုံးတော့မည် ဖြစ်သည်။

လွှတ်တော်က ပြောသည်ကို သမ္မတက ငြင်းသည်မှာ ယခုတစ်ကြိမ်မှ မဟုတ်၊ ယခင်နှစ်ကလည်း အလားတူ စည်းဝါး မကိုက်သည်များ ရှိခဲ့သည်။ နောင်နှစ် သက်တမ်းကို သမ္မတကြီးဦးသိန်းစိန်က မလုပ်လိုတော့ကြောင်း သူရဦးရွှေမန်းက သူ့အား တိုက်ရိုက်ပြောသည့်အပြောမျိုး ဖြင့် ဦးသိန်းစိန် နောင်လာမည့်သက်တမ်းတွင် သမ္မတအဖြစ် အရွေးခံလိမ့်မည်မဟုတ်ကြောင်း ပြည်သူထံ မီဒီယာများမှတစ်ဆင့် လူသိရှင်ကြားပြောခဲ့သည်။ သို့ရာတွင် ဤသို့မဟုတ်ကြောင်း ပြောရေး ဆိုခွင့်ရှိသူ မှတစ်ဆင့် ယခုလိုပဲ ငြင်းပြီး တုံ့ပြန်ခဲ့ သည်။ ပြည်သူတွေ ဆန္ဒရှိရင် ကျန်းမာရေး ကောင်းလျှင် ဆက်လုပ်ဦးမည်ဆိုသည့် သဘောမျိုး။

သမ္မတသက်တမ်း ၄ နှစ်နီးပါးရောက် ရှိလာသော်လည်း ပြည်သူအများစု လိုလား တောင့်တသည့် ““အပြောင်း အလဲများ”” ဘာမှ မည်မည်ရရ မလုပ်ပေးနိုင်ခဲ့သေးပါ ဘူး။ ဆင်ဖမ်းမယ် ကျားဖမ်းမယ်နှင့် ခတ် ကွင်းပြင်လူလဲ နေတာနဲ့ “ခြင်”တစ်ကောင် တောင် မမိဘဲ၊ “ခြ”တွေ “ဖား”တွေရဲ့ အရေအတွက် မြန်နှုန်းမြင့် ပေါက် ဖွားလာ နေတာကို တွေ့ရမှာဖြစ်ပါ သည်။

အခု သူတို့တစ်မျိုးပြောလိုက်တာဟာ နိုင်ငံရေးကစားကွက်လုပ်ပြီးတော့ လူထု ကိုပဲ တမင်အုံကြွအောင် လုပ်နေ သလား ဆိုတာ စဉ်းစားစရာဖြစ်တယ်။ အဲဒါကြောင့် သူရဦးရွှေမန်းရော ဦးသိန်းစိန်ရော စကား တစ်လုံး သူတို့ရဲ့ တာဝန်ဝတ္တရားကိုလည်း အရည်အချင်းရှိရှိနဲ့ ၅ နှစ်သက်တမ်းမှာ ဘာတွေလုပ်နိုင်သလဲဆိုတာ မှတ်ကျောက် တင်နိုင်အောင် လုပ်စေချင်တယ်။ သူတို့ စကားကိုလည်း တာဝန်ယူစေချင်တယ်။ နောက်တစ်ခုက တိုင်းပြည်ကို အမှန် တကယ်ချစ်တယ်၊ ပြည်သူလူထုကို အမှန် တကယ်ချစ်တယ်ဆိုရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင် ကိုပြင်ရမယ်ဆိုတာ က ကလေးကအစ သိနေတဲ့အချိန်မှာ ၂၀၁၅ အလွန်မှ ပြင်မယ်ဆိုတာကတော့ သူတို့ ၂၀၁၅ ကနေ ၂၀၂၀ ထိကတော့ သူတို့ကစားဦးမယ်ဆိုတဲ့၊ သူတို့လက်ထဲမှာ အမျိုးမျိုးလှည့်ဦးမယ် ဆိုတဲ့သ ဘောကို ရည် ရွယ်နေတယ်လို့ပဲယူဆ ပါတယ်””ဟု နိုဝင် ဘာလ ၁၈ ရက်နေ့က လွှတ်တော်တွင် သူရဦးရွှေမန်း ပြောကြားချက်နှင့် ပတ်သက်ပြီး ချင်းဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးငိုင် ဆာ့(ခ်) သုံးသပ်ချက်သည် နိုင်ငံအကြီး အကဲလုပ်သူများ Commitment ပျက်ကွက်မှုကို ရဲရဲရင့်ရင့်ထောက်ပြခြင်း ဖြစ်သည်။

Commitment ဆိုသည့် ကတိက၀တ် ပျက်ကွက်မှုတွေကို လက်လှမ်းမီသလောက် တင်ပြပါဦးမည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် လေ့လာသုံးသပ်နိုင်ရေးအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ သူရဦး အေးမြင့်က ၂၀-၃-၂၀၁၃ တွင် အဆိုတင်သွင်းခဲ့သည်။ ပြည်ခိုင်ဖြိုး ပါတီမှ ဦးသိန်းဇော်က ထောက် ခံခဲ့ပြီး နောက် ပြည်ထောင်စုလွှတ်တော်၌အခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော် မတီကို ဖွဲ့စည်းခဲ့သည်။ ယင်းကော်မတီမှ ၃၁-၁-၂၀၁၄ တွင် အစီရင်ခံစာတင်သွင်းခဲ့ပြီး အဆိုပါအစီရင်ခံစာအရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်နိုင်ရေး အကောင်အ ထည်ဖော်မည့်ကော်မတီကို ဆက်လက်ဖွဲ့ စည်းဆောင်ရွက်စေခဲ့သည်။ ယင်းကော် မတီ၏တာဝန်များကို သူရဦးရွှေမန်းက သတ်မှတ်ပေးရာတွင် ၂၀၁၅ ရွေးကောက် ပွဲမတိုင်မီဖွဲ့ စည်းပုံအခြေခံ ဥပဒေအား ပြင် ဆင်ပေးမည်ဆိုသည့်ကတိ (Commitment) ကို တည်,မတည် စောင့်ကြည့်ပါ ဟု သူရ ဦးရွှေမန်းက ၁-၈-၂၀၁၄ နေ့တွင် ပြော ကြားခဲ့သည်။

နေပြည်တော်သတင်းစာရှင်းလင်းပွဲ၌ လည်း သူရဦးရွှေမန်းက ယခုလို ပြော ကြားခဲ့ပြန်သည်။ ၂၀၁၅ ရွေး ကောက်ပွဲ မတိုင်မီမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်လို့ အားလုံးပြီြးေ မာက် အောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါ တယ်။ ကြိုးစားလည်း ဆောင်ရွက်နေပါ တယ်။ ဒါကြောင့်မို့လို့ ဟုတ်ခြင်း မဟုတ်ခြင်းဆိုတာ ပိတ်ကားပေါ်မှာ စောင့်ကြည့်ပါ။ မိမိတို့ရဲ့ ပေးထားတဲ့ကတိကို ကတိအ တိုင်း ဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”” ဟူ၍ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍လည်း လွှတ်တော်အထူးကော်မရှင်များ ဖွဲ့စည်းခဲ့ပြီး ရွေးကောက်ပွဲမကျင်းပမီ ၆ လ အလို ပြီး မြောက်အောင် ဆောင်ရွက်သွားမည် ဖြစ် ကြောင်းကိုလည်း ၇-၁၀-၂၀၁၄ ပြည်ပ ခရီးစဉ် အီတလီ နိုင်ငံရော မမြို့ လွှတ်တော် အဆောက်အအုံတွင် ကျင်းပသည့် ၈ ကြိမ်မြောက် အာရှ-ဥရောပ ပါလီမန်ဆိုင် ရာ မိတ်ဖက်အစည်းအဝေး၌ ပြောကြား ခဲ့ကြောင်း သိရှိရသည်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအား ရွှေ့ ဆိုင်းရန်မရှိကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွှတ်တော်သက်တမ်း သည် ၅ နှစ်သာရှိရာ ပထမအကြိမ် ပြည်သူ့ လွှတ်တော်ကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်တွင် ကျင်းပခဲ့ သဖြင့် ပြည်သူ့လွှတ်တော် ပထမသက်တမ်းသည် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်တွင် ကုန်ဆုံး မည်ဖြစ်ရာ ပြည်သူ့လွှတ်တော် ဒုတိယသက်တမ်းကို ခေါ်ပေးရမည်ဖြစ်ကြောင်း ပြောကြား လာ သည်။ ကော်မ ရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် မတ်လ ၂၀ ရက် ပြည်သူ့ လွှတ်တော်အစည်းအဝေးမှစပြီး ၂၀၁၄ ခု ကြားဖြတ်ေ ရွးကောက်ပွဲ လုပ်မည်ဟု အကြိမ်ကြိမ် ကတိတွေပေးခဲ့သော်လည်း စက်တင် ဘာလ ၇ ရက်အရောက်တွင် မလုပ်ဖြစ်တော့ ဟု အတိအလင်း ကတိဖျက်ခဲ့သူဖြစ်သည်။

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတစ်နံတစ်လျား နေရာဒေသအချို့တွင် လက်ရှိ ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးမှာ ဗိုလ်ချုပ်ကြီး ဟောင်းတစ်ဦး ဖြစ်သကဲ့သို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီဝင်ဖြစ်နေခြင်း သက်တမ်းတစ်လျှောက် တရားမမျှတသည့် လုပ်ရပ် အတော်များများ ကျူးလွန်နေ မှုများ အတွက် သတင်းမီဒီယာအချို့တွင်လည်း ယင်းပုဂိ္ဂုလ်အား ကော်မရှင်ဥက္ကဋ္ဌ အဖြစ်မှ နုတ် ထွက်ပေးေ ရး ရေးသား တောင်းဆိုခြင်း ဖြစ်ပေါ်နေမှုများနှင့်အတူ ဦးတင်အေးနုတ် ထွက်ပေးရေး ဆန်္ဒဖော်ထုတ်နေကြလျက် ရှိသည်။

သမ္မတကြီး ဦးသိန်းစိန်၏ သားသမီးတွေကတော့ သူတို့၏ဖခင်အား သမ္မတရာထူးမှ နုတ်ထွက်ရေး ဖိအားေ ပး တောင်း ဆိုနေသည်ဆိုသည့် သတင်းမျိုး ဖတ်ရှု လိုက်ရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးသည် ပထမဆုံးမှာ လွှတ်တော်၏ တာဝန်ဖြစ်ပြီး ဒုတိယမှာ ပြည်သူ လူထု၏ တာဝန်ဖြစ်ကြောင်း သို့ဖြစ်ရာ ဖွဲ့စည်းပုံပြင် ဆင်ရေး လုပ်ငန်းနှင့် ပတ်သက်၍ ဘယ် ပုံ ဘယ်နည်း လုပ်သင့်သည်ဟူ၍ အစိုးရအဖွဲ့ကသော်လည်းကောင်း တပ်မတော်ကသော်လည်းကောင်း သြဇာပေးပိုင်ခွင့် မရှိကြောင်း VOA သတင်းဌာနနှင့် နိုဝင်ဘာလ ၂၀ ရက်တွင် ပြုလုပ်သည့် တွေ့ဆုံ မေးမြန်းခန်း၌ သမ္မတဦးသိန်းစိန် က ပြော ကြားခဲ့ပြန်သည်။

မြန်မာနိုင်ငံအတွက် နိုင်ငံရေးအဖြေ တစ်ရပ် ရှာဖွေရန် တွေ့ဆုံဆွေးနွေးရေးမှာ မှန်ကန်သည့် လုပ်ငန်း တစ်ရပ် ဖြစ်သော်လည်း ၄ ပွင့်ဆိုင်ဆွေးနွေးပွဲမှာ အားလုံး ခြုံပါဝင်နိုင်သည့် ဆွေးနွေးပွဲ မျိုး မဟုတ် ကြောင်း မြန် မာ့နိုင်ငံ ရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသည့် ၄ ပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပရေးနှင့် ပတ်သက် ၍ သမ္မတဦးသိန်းစိန်က ပြောကြားသည်။

““ဥပဒေပြင်ရေးဟာ သူနဲ့မဆိုင်ဘူးလို့ သမ္မတကြီးက ပြောတယ်။ တကယ်တော့ သမ္မတအပေါ်မှာပဲ မူတည်ပါ တယ်။ ကျွန်တော် ပြောချင်တာက ပုဒ်မ ၄၃၆ အကုန် လုံး မပြင်ဘဲ အစိုးရကို မထိခိုက်တဲ့၊ တပ်ကိုလည်း မထိ ခိုက် တဲ့ ပြင်နိုင်တဲ့ အပိုဒ်ကလေးတွေရှိတယ်။ ဒါမျိုးလေးတွေ တပ်မတော်သား ကိုယ်စားလှယ်တွေက ထောက်ခံ လာအောင် လုပ်နိုင်ပါတယ်။ ဘာမှလည်း အပန်းမကြီးပါဘူး။ ကာချုပ် ကိုပုဂိ္ဂုလ်ရေးတိုက်တွန်းလိုက်ရုံနဲ့ ရတယ်။ တိုင်းပြည်ကို တကယ်ချစ်ရင် စေတနာ ထားရင် စာအုပ်ကြီးအတိုင်း မပြောသင့် ဘူး””ဆိုသည့် ဖွဲ့စည်း ပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး၏ သုံးသပ်ချက်များကို လည်း ဖတ်ရှုရ သည်။

““ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာတဲ့ အဖြေပေါ်မူတည်ပြီးမှ ဆောင်ရွက်ရမှာ”” ဟု နိုဝင်ဘာ ၁၈ ရက်တွင် ပြော ကာ ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဉ် အချိန်ဇယားကို သူရဦးရွှေမန်းက ရုတ်ခြည်း ပြောင်းလဲလိုက် သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က သူရဦးရွှေမန်း ပြောကြားသည်။ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ အချိန် ဇယားများနှင့် ပတ်သက်ပြီး သဘာဝကျသည်ဟု ထောက်ခံသည်။

““ကျွန်မကနေပြီးတော့ လွှတ်တော် ပြင်ပက ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင် ပြောင်းလဲရေးကိုလည်း အားပေး တဲ့ပုဂိ္ဂုလ်တွေကိုလည်း ကျွန်မကနေပြီး ထောက်ခံနေခြင်း မရှိပါဘူး”” ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရဲရဲတောက်တောက် စကားအပေါ်မှာလည်း လွှတ်တော်ပြင်ပ လှုပ်ရှားသူတွေက နားလည်ရခက်နေသည် ဆိုသည့်အသံများလည်း ကြားနေရပေသည်။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

တန်ဖိုးနည်း အိမ်ရာသစ်ကြီးများ ဖွင့်ပွဲတုန်းက ဖဲကြိုးကို ရွှေရောင်ကပ်ကြေးနဲ့ ဖြတ်ပေးခဲ့တဲ့၊ မိုးပျံရောင်စုံ ဘောလုံးလေးတွေ ကို ကောင်းကင်ယံအထိ တပျော်တပါးလွှင့်တင်ပေးခဲ့ ကြတဲ့ စစ်ဗိုလ်ချုပ်များ၊ စစ်ဗိုလ် ချုပ်ကြီး များနဲ့ တစ်လှေတည်းစီး တစ်ခရီးတည်းသွား၊ တစ်အိုး တည်းပေါင်းပြီး စားခဲ့ကြတဲ့ သူဌေးကြီးများဟာ အရေးအရာ လုပ်ပြီး တစ်ခေါက်တစ်ကျင်း လာရောက်ခြင်း၊ လှည့်ကြည့်ခြင်းအလျှင်းမရှိကြတော့ဘဲ ““မင်းတို့ရဲ့ ကံကြမ္မာကို မင်းတို့ပဲ ဆက်ပြီး ဖန်တီးကြပေတော့ကွာ””ဆိုတဲ့ ““မျက်နှာ လွှဲခဲပစ်အကျင့်အကြံ””အရ ““ပစ်ပယ်”” ထားခဲ့ကြ တာ ““အစိုးရသစ်””ဆိုတဲ့ ဝေါဟာရကြီးပေါ်ပေါက်လာတဲ့ ဒီနေ့အထိပါပဲ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာပြည်မှာ ချမ်းသာကြွယ်ဝတဲ့ သူဌေးသူကြွယ်လူတန်းစားတစ်ရပ်ရယ်လို့ သီးခြားလူတန်းစား ရှိနေကြတဲ့ ထဲမှာ ““ပေါင်းစားစနစ်””နဲ့ ခေတ်ပျက် ခါတော်မီ သူဌေးတချို့ပေါ်လာတာကတော့ န.၀.တ နဲ့ န.အ.ဖ စစ်အစိုးရ တွေရဲ့ လက်ထက်မှာ ပဲဖြစ်တယ်။ အာဏာပြနိုင်တဲ့၊ အာဏာကို အသုံးချနိုင်တဲ့ စစ်ဗိုလ်ချုပ်တွေကို ပူး ပေါင်းပြီး တနင့်တပိုး ““၀”” အောင်စားကြတဲ့ စနစ်နဲ့ရပ်တည်ခဲ့တဲ့ သူဌေးသူကြွယ်ကြီး တွေရဲ့ စနစ်ကို““ပေါင်းစား စနစ်”” လို့ ပြောကြတာပါ။ အဲဒီ လုပ်ငန်းပြကိစ်္စတွေထဲမှာ ““တန်ဖိုးနည်းအိမ်ရာ”” ဆိုတဲ့ ခေါင်းစဉ်သစ် တစ်ခုဟာလည်း န.၀.တနဲ့ န.အ .ဖစစ် အစိုးရတွေလက်ထက်မှာ ပေါ်ပေါက်လာခဲ့ တယ်။…

ရေမီးအစုံ အကုန်အဆင်ပြေမယ့် အိမ် ရာတိုက်ခန်းတွေဆိုပြီး သူဌေးကြီး တချို့က တည်ဆောက်ကြတယ်။ သူတို့နဲ့ ပေါင်းပြီးစားတဲ့ စစ်ဗိုလ်ချုပ်များ လည်း အကုန်အဆင်ပြေသွားသလို သူတို့ဘက် ကလည်းအိတ်ထဲကို ပိုက်ဆံတွေဒလဟော လှိမ့်ဝင်ခဲ့တဲ့ ဆောက်လုပ်ရေး လုပ်ငန်းကြီး တွေဖြစ်ခဲ့ရတယ်။ ရုပ်ရှင်ဇာတ်ကားတစ် ကားလို “ပြီးပါပြီ”လို့စာတန်းထိုး တဲ့အ ချိန်မှာတော့ သူတို့ဟာ အဲဒီတန်ဖိုး နည်းအိမ်ရာ တိုက်သစ်တိုက်ခန်းတွေ ဖွင့်ပွဲကို တခမ်း တနားကျင်းပကြ တယ်။ စစ်ဗိုလ်ချုပ်ကြီး တွေက ဖဲကြိုးဖြတ်ဖွင့်ပေးကြတယ်။ မိုးပျံ ပူဖောင်းရောင်စုံတွေ လွှတ်တင်ကြတယ်။ နိုင်ငံပိုင်လို့ နာမည်တပ်ထားတဲ့ စစ်အစိုးရ ပိုင်သတင်းစာတွေ၊ ရုပ်မြင်သံကြားေ တွ၊ ရေဒီယိုတွေကနေပြီး ကြီး ကျယ်ခမ်းနားအောင် သတင်းတွေ ထုတ်ပြန်ကြေညာပေး ကြတယ်။ သူတို့ဘက်ကတော့ ဒီတန်ဖိုး နည်းအိမ်ရာ တိုက်ခန်းသစ်တွေ ကိစ္စဟာ တကယ်လည်း “ပြီးပါပြီ”ပါပဲ။ ဒီနေ့အထိ ပြန်လှည့်ကြည့် မခံကြရတာကတော့ ကိုယ့် ဘ၀ကံကြမ္မာကို မိမိတို့ ဘာသာဖန်တီးပြီး ရပ်တည်လှုပ် ရှားရုန်းကန်နေထိုင်ကြရရှာ တဲ့၊ အဲဒီတိုက်ခန်း တွေမှာ နေထိုင်ကြရရှာ တဲ့ သာမန်လူတန်းစားတွေပဲ ဖြစ်ပါတယ်။ စပြီး ခေါင်းစဉ်တပ်ထားကတည်းက “တန်ဖိုး နည်း”လို့ ခေါင်းစဉ်တပ်ထားတဲ့ အတိုင်းပဲ။

တိုက်ခန်းတွေ တည်ဆောက်ကတည်းက အသုံးပြုတဲ့ ပစ္စည်းတွေ ဟာနှစ်တွေတဖြည်း ဖြည်းကြာလာတာနဲ့ ထပ်တူထပ်မျှ ပျက်စီး ယိုယွင်းမှုတွေဟာလည်းတစ် နှစ်ပြီးတစ်နှစ် ဖြစ်ပေါ်လာခဲ့ပါတယ်။ အင်္ဂတေတွေ၊ အုတ်တွေ ပဲ့ကျတာ၊ ကွာကျတာ၊ တချို့ဆို နောက်ဖေး ၀ရန်တာ တွေပြိုကျ တာ၊ မိုးယိုတာ၊ တံခါးတွေ ပြတင်းပေါက်ေ တွ ဆွေးမြေ့ ပျက်စီးကုန်တာတွေ ထက်ပိုပြီး အန္တရာယ် ကြီးတာက တော့ တန်ဖိုးနည်းတိုက်ခန်း တွဲ တွေရဲ့ နောက်ဘက်မှာ ဖြစ်ကတတ်ဆန်း လုပ်ပေးသွားခဲ့ကြတဲ့ အရေးပေါ် အဆင်း အတက်သံလှေကားတွေ ပဲ ဖြစ်ပါတယ်။ အန္တရာယ်သိပ်ကြီးမားပါတယ်။ ဘာကြောင့် လဲဆိုတော့ နှစ် တွေကြာလာတဲ့အခါ အဲဒီ အရေးပေါ် သံလှေကားတွေဟာ သံချေး တက်ပျက်စီးပြီး သူ့အလိုလို ပြုတ်ကျပြတ် ကျကုန်ကြလို့ ပဲဖြစ်ပါတယ်။ တိုက်ခန်းတွေ ရဲ့ အောက်ခြေမြေညီထပ်ကလွဲရင် ပထမ ထပ်ကစပြီး ဟိုးအမြင့် ကြီးအထိ တစ်ထပ်ပြီး တစ်ထပ်နေထိုင်ကြရရှာတဲ့ မိသားစုတွေဟာ အရေးပေါ် ကိစ္စတစ်ခုခု ဖြစ်လာခဲ့ ရင်ပင် မအုတ်လှေကားကြီး ကိုလည်း အသုံးပြုလို့ မရကြတော့ဘူးဆိုရင် ကိုယ့်တိုက် ခန်းရဲ့နောက်ဖေးတံခါးကိုဖွင့်ပြီး အရေးပေါ် သံလှေကားတွေက တစ်ဆင့်နောက်ဖေး လမ်းကြားကို ဆင်းနိုင်အောင် လုပ်ပေးထား တဲ့လှေကား တွေပဲဖြစ်တယ်။

ဒါပေမဲ့ အဲဒီတုန်းက လိုင်စင်ချခွင့်ပြုပေးခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်များ၊ စစ်ဗိုလ်ချုပ်ကြီးများနဲ့ တာဝန် ယူတည်ဆောက်ခဲ့ကြတဲ့ သူဌေးကြီးများ ဟာခုချိန်မှာတစ်ခေါက်တစ်ခါ လောက်များ စိတ်ပါဝင်စားစွာလာပြီး စစ်ဆေး ကြည့်ကြ မယ်ဆိုရင်ဖြင့် ““သေခွင့်၊သေမိန့်”” ပါမစ် တွေ ကိုယ်စီရရှိထားပြီးသား တိုက်ခန်းနေမိ သားစု တွေရဲ့ ပကတိအခြေ အနေမှန်တွေ ကို မျက်ဝါးထင်ထင်မြင် ကြရမှာဖြစ်တယ်။ ဘယ်နေ့ပြိုကျမလဲဆိုတာ မသိ နိုင်တဲ့တိုက် ခန်းတွေရဲ့ အခြေအနေကို သိကြရမှာဖြစ် သလို အရေးပေါ်နောက် ဖေးသံလှေခါးတွေ ဆွေးမြေ့ ပျက်စီးနေလို့ အရေးပေါ် တစ်ခုခု ဖြစ်ရင်ထွက်ပေါက်ဆင်းပေါက်တွေပိတ်ပြီး ဒီအတိုင်း ငုတ်တုတ်ထိုင်ပြီး အရှင် လတ် လတ်ကနေ““သေခွင့်၊ သေမိန့်”” ကို စောင့် ဆိုင်းကြရရှာတဲ့ မိသားစုတွေရဲ့ ကြေကွဲ ၀မ်းနည်း ဖွယ်ရာ မျက်နှာ တွေကို မြင်ကြ တွေ့ ကြရတော့မှာပဲ ဖြစ်တယ်။

ဒါပေမဲ့ တန်ဖိုးနည်းအိမ်ရာသစ်ကြီးများ ဖွင့်ပွဲတုန်းက ဖဲကြိုးကို ရွှေရောင်ကပ်ကြေးနဲ့ ဖြတ်ပေးခဲ့တဲ့၊ မိုးပျံရောင် စုံ ဘောလုံးလေးတွေကို ကောင်းကင်ယံအထိ တပျော် တပါးလွှင့် တင်ပေးခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်များ၊ စစ်ဗိုလ် ချုပ်ကြီးများနဲ့ တစ်လှေတည်းစီး တစ်ခရီး တည်းသွား၊ တစ်အိုးတည်းပေါင်းပြီး စားခဲ့ ကြတဲ့ သူဌေးကြီးများဟာ အရေးအရာလုပ်ပြီး တစ်ခေါက်တစ်ကျင်း လာရောက် ခြင်း၊ လှည့်ကြည့်ခြင်း အလျှင်းမရှိကြတော့ဘဲ ““မင်းတို့ရဲ့ကံကြမ္မာကို မင်းတို့ပဲ ဆက်ပြီး ဖန်တီးကြပေတော့ ကွာ””ဆိုတဲ့ ““မျက်နှာ လွှဲခဲပစ်အကျင့်အကြံ””အရ““ ပစ်ပယ်””ထားခဲ့ကြတာ““အစိုးရသစ်””ဆိုတဲ့ ဝေါဟာရ ကြီး ပေါ်ပေါက်လာတဲ့ ဒီနေ့အထိပါပဲ။ ဘယ် မှာလဲရေမီးအစုံချမ်းမြေ့ရိပ်မြုံ ကြီးတွေဖြစ် စေရပါမယ်ဆိုပြီး လူထု ကို လွယ်လွယ်က လေးပေးခဲ့ကြတဲ့ ကတိတွေ။ သွားလမ်းသာ ပြီး လာလမ်းဖြောင့်တန်းကြ ရပါစေ့မယ်ဆို တဲ့ စကားတွေ။ ရေနဲ့လျှပ်စစ်မီးကို ပေးချင် တဲ့အခါမှ ပေးတာလည်း ခံစားနေကြရ တယ်။

လူသွားလမ်းတွေ၊ ကား လမ်းတွေ၊ နောက်ဖေးလမ်းကြားေ တွ ပေါက်ပြဲပျက်စီးစုတ်ပြတ်ချိုင့်ဝင်နေတာကိုလည်း မျက်ဝါး ထင်ထင်မြင် နေကြရတယ်။ လမ်းတွေကို ပြင်ချင်တဲ့အခါကျမှ ခဏလောက်ပြင်ပေးပြီး ဒီအတိုင်း မပြင်မဆင်ဘဲ ပစ်ထားတာ ကများပါတယ်။ အခွန်အခ မှန်မှန်လာ ကောက်တာကိုတော့မပေးနိုင်ရင် ရေဖြတ် မယ်။ မီးဖြတ်မယ်တဲ့။ သန့် ရှင်းရေးကြေးတဲ့။ ““သန့်ရှင်းမပေးဘဲ သန့်ရှင်းရေးကြေး””ကို ပုံမှန်ပေးနေကြ ရတဲ့““ပြည်သူ့ ဘ၀အမှန်”” ကို လည်း ယောင်လို့တောင်မှထည့်မစဉ်း စား၊ လှည့်လို့တောင် ပြန်မကြည့်ကြ။ လူ တွေဘယ်လိုရုန်း ကန်ရှာဖွေပြီး စားနေကြရ လဲ။ ဘယ်လို ကျပ်တည်းနွမ်းပါးနေကြလဲ။ ဒါကို မစဉ်းစားဘဲ ဘာတစ်ခုမှ ပြည့်ပြည့် စုံစုံလည်း ဖန်တီးမပေး။ ဘာတစ်ခုမှလည်း စိတ်ရဲ့ချမ်းသာကြည်လင်မှုကို ထွက်ပေါက် ရှာမပေးနိုင်တဲ့အပြင် သက်ဆိုင်ရာ လုပ်ငန်းခွင်တွေက ပင်ပင်ပန်းပန်းနွမ်းနွမ်းနယ်နယ် ပြန်လာကြတဲ့ မိသားစုတွေကို ထပ်ဆင့် စိတ်ဆင်းရဲပင်ပန်း အောင် ညဥ့်နက်သန်း ခေါင်မှာ တံခါးတွေတ၀ုန်းဝုန်းနဲ့ ထုကြ နှက်ကြအော်ကြဟစ်ကြ ဧည့်စာရင်းလာ စစ်ကြ တဲ့ ဒုက္ခပေးမှုကလည်း ““ခေတ်နောက်ပြန်ဆွဲ””နေပါပြီ။

ခေတ်မမီတော့ပါ ဘူး။““ကောင်းမွန်စွာ အိပ်စက်ခြင်း”” ““ကောင်း မွန်စွာနိုးထခြင်း””ဟာ လူ့တန်ဖိုးကို လေးစား တန်ဖိုးထားတဲ့ ဒီမိုကရေစီ ကျင့်စဉ်ဖြစ် ပါတယ်။ အဲဒီတန်ဖိုးနည်း တိုက်ခန်းအိမ်ရာ တစ်ခုမှာနေထိုင်တဲ့ ကျွန်တော်တို့ မိတ်ဆွေ ပန်းချီဆရာနဲ့ မိသားစုတစ်စုဟာ ဟိုးအထက် အညာဒေသမန္တလေးမြို့ကပြောင်း လာကြတာပါ။ ရိုးသား၊နိုးကြား၊ ကြိုးစား ပြီး တန်ဖိုးကြီးမားတဲ့ ပန်းချီအနုပညာ အလုပ်ကို လုပ်နေတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေဟာ ညကြီးသန်းခေါင်မှာ ဧည့်စာ ရင်းလာစစ် တာကို ခံလိုက်ရတယ်။ ဧည့်စာ ရင်းတိုင်ပြီး မနေကြလို့တဲ့။ ရပ်ကွက်ရုံးကို လိုက်ခဲ့ပါဆိုတာနဲ့ လိုက်သွားရ ရှာတယ်။ ဒဏ်ငွေငါးထောင်ဆောင်လိုက်ရရှာတယ်။ ကျပ် တစ်ထောင်တန်ဆန် ““၅””ပြည်ဖိုးနဲ့ တူညီတဲ့ ငွေကြေး ကို ဒဏ်ငွေအနေနဲ့ ပေး လိုက်ရတာပါပဲ။ လူ့တန်ဖိုးကင်း မဲ့နေတဲ့ ကျွန်တော်တို့ရဲ့ မြန်မာ့လူနေမှုစနစ် အ ကြောင်းကို ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ““၄၃””နှစ်ကတည်းက ကျွန်တော်တို့ရဲ့ ချစ်ရဲ ဘော်၊ ကဗျာဆရာဖော်ဝေးက ““ကျောချဖို့ တစ်နေရာ””ဆိုတဲ့ခေါင်းစဉ်နဲ့ ၁၉၇၁ ခုနှစ် အောက် တိုဘာလထုတ် မိုးဝေမဂ္ဂဇင်းထဲမှာ အခုလို ကဗျာတစ်ပုဒ်ရေးသွားခဲ့ဖူးပါတယ်။

““ကျောချဖို့ တစ်နေရာ””

အိပ်ကောင်းတုန်း

ဝုန်းဝုန်းဒိုင်းဒိုင်း၊ ရိုင်းစိုင်းတဲ့အသံတွေ

ခွေးအူသံနဲ့ ရောထွေးသွား။

မဲမဲအရိပ်

ထိတ်လန့်စရာ၊

လာနေပြီတစ်ယောက် နှစ်ယောက်

သုံးယောက်လေးယောက်၊

တံခါး ခေါက်တယ်။

မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း စာအုပ် ထုတ်ပြပါတဲ့။

ဘယ့်နှယ်ပါလိမ့်

မျက်နှာရိပ်တွေ တင်းမာနေ။

လင်မယားနှစ်ယောက်

တစ်ယောက်ကို တစ်ယောက်ကြည့်

မျက်စိဝိုင်းလည် မျက်နှာငယ်နဲ့

ရှိတဲ့မှတ်ပုံတင်ထုတ်ပြတယ်။

အိမ်ထောင်စုစာရင်းစာအုပ်

ထုတ်မပြနိုင်၊ ဧည့်တိုင်ရအောင်လည်း

ဧည့်သည်မဟုတ်၊

ဘာလုပ်တဲ့ဟာ တွေလဲ

အိမ်ရှင်မိန်းမ၊ ကြားဝင်ရှင်းပြတယ်

ဒီလင်မယားဟာ ဧည့်သည်မဟုတ်

တစ်နေ့လုပ် တစ်နေ့စား၊

ပျံကျ လင်မယား

အိမ်ငှားမနေနိုင်၊ နေ့တိုင်အလုပ်ရှာ

ညမှာတစ်ခါအိပ်… ၂၅…ပြား

ငှားထားတာပါတဲ့။

ရှာဖွေရေးတို့

အတွေးကျပ်ပြီး တာဝန်သည်အဓိက

လိုက်ခဲ့ကြတဲ့၊ ရဲဌာနကို။

မိန်းမ၀တ်စုံတစ်စုံ

ယောက်ျားလုံချည်တစ်ထည်၊

ရှိပစ္စည်း အကုန်သယ်လို့

နို့စို့ကလေးပါသွားကြ၊

ဒီညတော့ ရဲဌာနမှာ

အသပြာ ၂၅ပြား၊ ငှားခမပေးရဘဲ

ဒီလင်မယား၊ ၀မ်းပန်းတသာ အိပ်နိုင် ပြီပေါ့။လို့ရေးသွားခဲ့တယ်။လွန်ခဲ့တဲ့ ““၄၃”” နှစ်က မြို့ပြမှာ ကျောချစရာ တစ်နေရာ၊ တစ်ညအိပ်ခက ““၂၅”” ပြားပေးရတယ် လေ။ အခုခေတ်ကာလ ဧည့်စာရင်းဒဏ် ငွေက မြန်မာငွေ ကျပ် ငါးထောင်တဲ့။ ဒီခေတ်အထိ လူ့တန်ဖိုးနဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးနစ်နာပေးဆပ်နေကြရတုန်းပဲ ဆိုတာ ကဗျာဆရာဖော်ဝေး သိမသွားရရှာ ပါဘူး။ ကိုဖော်ဝေးဟာ ၁၉၄၄ခုနှစ် အောက်တိုဘာ ၂၂ရက်နေ့မှာ မွေးဖွား သူဖြစ်ပြီး အသက် ““၃၄””နှစ်အရွယ်၊ ၁၉၇၈ခုနှစ်၊ ဇူလိုင်လ ၃ရက် နေ့မှာကွယ် လွန်သွားရှာတဲ့ ကဗျာဆရာ တစ်ယောက် ဖြစ်ပါတယ်။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

မရဲတရဲ ဗီနိုင်းကွယ်ပြီး ဆန္ဒပြသူတွေကမှ အခု အမည်မဖော်ဘဲ လူမှုကွန်ရက်အွန်လိုင်းကနေ တိုက်ခိုက် ရေးသား နေသူများထက် သာပါသေးတယ်…အမည်လည်းမဖော်၊ ဘယ်သူမှန်း မသိဘဲ လေလှိုင်းပေါ်က တိုက်ခိုက်နေတာ ကတော့ ပြောရရင် သတ်္တိကြောင်တယ်…

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စာသင်ခန်းထဲကနေ ကျောင်းသူကျောင်းသားအချင်းချင်း ချိတ်ဆက် လို့ရအောင် ပြုလုပ်ခဲ့ရာကနေ ဒီကနေ့ ကမ္ဘာ့လူဦးရေရဲ့ ၁ဘီလီယံကျော် အသုံးပြုနေတဲ့ အွန်လိုင်းလူမှုကွန်ရက် (Facebook) ဟာ မြန်မာနက် တီဇင် တွေကြား မှာလည်း အသုံးပြုမှုများတဲ့ လူမှုကွန်ရက်တစ်ခု ဖြစ်ပါတယ်။

အချင်းချင်း သိထားသမျှတွေ၊ သတင်းတွေ၊ ခံစားချက်တွေကို မျှဝေလာကြရာကနေ အခုနောက် ပိုင်း နိုင်ငံရေး သတင်းကဏ္ဍတွေနဲ့ ပတ်သက်ရင်လည်း မျှဝေမှုနှုန်းက မြင့်သထက် မြင့်လို့ လာပါပြီ။ နိုင်ငံရေးအသင်းအဖွဲ့တွေ က ဘယ်လောက်အထိ အသုံးပြုလာသလဲဆိုရင် ဘယ်ကိစ္စကိုမဆိုဖြစ်လျှင် ဖြစ်ချင်း အချိန်နဲ့တစ်ပြေးညီ မျှဝေ လာကြသလို နိုင်ငံရေးပါတီတွေ၊ အသင်းအဖွဲ့တွေကလည်း သူတို့ လုပ်ဆောင်နေသမျှကို ဒီလူမှုကွန် ရက်ပေါ် ကနေ မျှဝေလာတာ တွေ့ရမှာပါ။ ဥပမာအားဖြင့် ကြည့်မယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ စာမျက်နှာ၊ အာဏာရကြံ့ခိုင်ရေးပါတီရဲ့ သက်ဆိုင်ရာမြို့နယ်အလိုက် စာမျက်နှာတွေ၊ ပြည်သူ့ လွှတ်တော်ရဲ့ စာမျက်နှာ၊ လွှတ်တော်အမတ်တွေရဲ့ ကိုယ်ပိုင်စာမျက်နှာ စသဖြင့် စုံလို့ စုံလို့ပါပဲ။…

ဒါတင်လား မဟုတ်ပါဘူး။ တချို့သော ပြည်ထောင်စုဝန်ကြီးများပင်လျှင် မိမိရဲ့ကိုယ်ပိုင်နာမည်နဲ့ လူမှုကွန်ရက် တင်ထားတာ၊ သမ္မတ ရုံးညွှန်ကြားရေး မှူးတွေတောင် အသုံးပြုနေတာကို မြန်မာနက်တီဇင် တော်တော်များများ သိကြမှာပါ။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရဆိုရင် တချို့သော နိုင်ငံ့အကြီးအကဲတွေတောင် နာမည် ၀ှက်တွေနဲ့ လူမှုကွန်ရက် (facebook) အသုံးပြုတယ်လို့ သိရပါတယ်။ ဆိုလိုရင်းကတော့ အစိုးရအဖွဲ့ဝင်များ ကိုယ်တိုင်တောင် လူမှုကွန်ရက်ကို သုံးတယ်ဆိုတာ ထင်သာမြင်သာ ရှိစေချင်လို့ပါ။

ဒါပေမဲ့လည်း အခုနောက်ပိုင်း နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ကိစ္စတွေ၊ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့် အရေးတွေနဲ့ ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ ကျယ်ကျယ်လောင်လောင် အသံတွေ ထွက်ပေါ်နေချိန် မှာထူးထူးခြာြး ခား ပြောရရင် အမည်ဝှက်တွေနဲ့ သုံးစွဲသူတွေ တိုးလာတဲ့ကိစ္စပါ။

အဲဒီလူတွေက တခြားသူတွေရဲ့ Status တွေအောက်မှာ မှတ်ချက် Comment ၀င်ပေးတာ၊ အခြားသော သူ တွေရဲ့အစိုးရကို ထောက်ခံကြောင်းနဲ့ အစိုးရကောင်းကြောင်း ရေးသားထားတဲ့ Status တွေကို ပြန်လည်မျှ ဝေ လာတာတွေ ပိုပို များလာတာပါ။ ဒါပေမဲ့လည်း သူတို့ရဲ့ Friend List ကို ၀င်ကြည့် လိုက်မယ်ဆိုရင် လူ ၁၀ဦး ထက် မပိုတာ၊ တချို့ဆိုရင် ၅ ယောက်တောင် မရှိတာကို ထူးထူးခြားခြား တွေ့လာရပါတယ်။

အဲဒီသူတွေဟာ အစိုးရကောင်းကြောင်း ထုတ်ဖော်ရေးသားမှုတွေကို အားပေးတဲ့ လုပ်ရပ်မျိုး (ပြန်လည်မျှ ဝေခြင်း၊ မှတ်ချက်ပေးခြင်း) များလုပ်နေသလို တစ်ဖက်ကလည်း အတိုက်အခံ နိုင်ငံရေးအဖွဲ့ အစည်းတွေ၊ အစိုးရရဲ့ အားနည်းချက်ကိုထောက်ပြတဲ့ သတင်းမီဒီယာတွေရဲ့ စာမျက်နှာတွေမှာ ၀င်ရောက်တိုက်ခိုက်ရေး သားမှုတွေလည်း ဆက်တိုက်ဆိုသလို လုပ်လာကြတာပါ။ တချို့ ရေးသားချက်တွေကို ကြည့်မယ်ဆိုရင် ရည် ရွယ်ချက်ရှိရှိ တိုက်ခိုက်ရေးသားမှုမျိုးတွေ တွေ့ရပါတယ်။

အလားတူ ပိုလို့တောင် အန္တရာယ်များစေတာကတော့ ဘာသာရေး၊ လူမျိုးရေးစတဲ့ ကိစ္စတွေမှာတောင် သ ဘောထားကွဲစရာ မျိုး တွေဖြစ်အောင် ရေးသားဖော်ပြလာမှုပါ။ အမည်ရင်းနဲ့ ဓာတ်ပုံကို မဖော်ပြဘဲ အမျိုးကိုပဲ ချစ်သယောင်ယောင်၊ ဘာသာရေး ကိုပဲ လေးစားသယောင်ယောင်နဲ့ တိုင်းရင်းသားပေါင်းစုံ၊ ဘာသာ တရား ပေါင်းစုံဝင်တွေ နေထိုင်တဲ့ မြန်မာပြည်မှာ ခလောက်ဝင်ဆန် ချင်သူတွေကလည်း တစ်ပုံတစ်ပင်ဖြစ် လာလို့နေ ပါပြီင်္။

လူမှုကွန်ရက်ရဲ့ ပျံ့နှံ့မှုအားကို အခွင့်ကောင်းယူပြီး ဒီမိုကရေစီရေး၊ တိုင်းပြည်ရေး၊ လူ့အခွင့် အရေး လုပ်ဆောင် နေကြတဲ့ တချို့သော တက်ကြွလှုပ်ရှားသူတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက် ထိုးနှက်မှုတွေကလည်း ဆက် တိုက်ဆိုသလို ဖြစ်လာနေပြီး တိုက်ခိုက်ရေးသားသူတွေကို ကြည့်လိုက်ပြန်ရင်လည်း မိမိရဲ့ ဓာတ်ပုံ အမှန် မတင်၊ အမည်ကျပြန်တော့လည်း ပေါက်လွှတ်ပဲစား ပေးထားတဲ့ နာမည်တွေနဲ့ ၀င်ရောက်ရေး သားနေသူတွေ ပဲ ဖြစ်နေပါတယ်။

ဒီကနေ့ အသုံးပြုနေတဲ့ လူမှုကွန်ရက် (facebook)ဟာ တကယ်တော့ အသုံးပြုတတ်ရင် ကောင်းကျိုးအင် မတန်ရှိပြီး မသုံးတတ်ဘူး ဆိုရင်တော့ သတင်းအချက်အလက် များလှတာကြောင့် သတင်းစားပိုး နင့်မှုနဲ့ မှား ယွင်းတဲ့ အချက်အလက်တွေအပေါ် ယုံမှားမိရင် အမြင်တိမ်းစောင်းသွားနိုင်တဲ့အတွက် အင်မတန်မှကို သတိ ထားသုံးစွဲရမယ့် လူမှုကွန်ရက်ပါ။

ထို့နည်းတူ မဟုတ်မမှန်သတင်း တွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေချင်တယ်၊ ဟုတ်မှန်တဲ့အတိုင်းမိမိ ရဲ့အမြင်ကို ဖော်ပြနေသူတွေကို ပြန်လှန် တိုက်ခိုက်ချင်တယ်ဆိုရင် အကောင်းဆုံး နေရာတစ်ခုလို လည်း ဖြစ်နေ ပါတယ်။

ဒီနေရာမှာ တစ်ခုတွေးစရာရှိတာက ဒီအမည်ရင်းမဖော်ပြထားတဲ့ Facebook Account ပိုင်ရှင်တွေက ဘယ် သူတွေလဲ ဆိုတာပါပဲ။ နောက်ပြီး ဘာ့အတွက်ကြောင့် အခုလိုမျိုး တိုက်ခိုက်ရေးသားမှုမျိုးတွေကို ဆက်တိုက် ဆိုသလို လုပ်လာကြတာလဲပါ။

ဒီ အမည်မဖော်လိုသူတွေရဲ့ လုပ်ရပ်ဟာ ဘာနဲ့တူသလဲဆိုရင် သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ လုပ်ရပ်တချို့ ဟာ အများက မှားပါတယ်လို့ ပြည်သူတွေ က ပြောဆိုနေတဲ့ ကိစ္စတချို့မှာ မှန်ပါတယ်ဆိုပြီး ထောက်ခံဆန္ဒပြ သူတွေနဲ့ တူနေပါတယ်။ ဒါတောင် ထောက်ခံဆန္ဒပြတဲ့နေရာမှာ မီဒီယာတွေနဲ့ ဒေသခံပြည်သူတွေရဲ့ တကယ် ကော မှန်ရဲ့လားလို့ မေးခွန်းထုတ်ကြည့် နေတဲ့အကြည့်တွေကို ဗီနိုင်းလေးကွယ်ပြီး မရဲတရဲ ဆန္ဒထုတ်ဖော်နေ တဲ့သူတွေနဲ့ ပုံစံတူပါသေးတယ်။

ဒါ့ထက် ထပ်ပြောရရင် အဲဒီလို မရဲတရဲ ဗီနိုင်းကွယ်ပြီး ဆန္ဒပြသူတွေကမှ အခု အမည်မဖော်ဘဲ လူမှုကွန်ရက် အွန်လိုင်းကနေ တိုက်ခိုက်ရေးသား နေသူများထက် သာပါသေးတယ်။ အဆင့်မြင့်ပါ သေးတယ်။ တစ်စုံတစ် ခုသော အကျိုးရလဒ်အတွက် အများက မှားပါတယ်ဆိုတာကို လူမြင်ကွင်းမှာ မှန်ပါတယ်လို့ ထောက်ခံဆန္ဒ ထုတ်ဖော်တာ ဟာ ရဲဝံ့ပါသေးတယ်။ အမည်လည်း မဖော်၊ ဘယ်သူမှန်း မသိဘဲ လေလှိုင်းပေါ်က တိုက်ခိုက် နေတာကေ တာ့ ပြောရရင် သတ်္တိကြောင်တယ်၊ မရိုးသားဘူး လို့ပဲ ပြောရမယ်။ အရင့်အရင်က အစိုးရ ပြန် ကြား ရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့တဲ့ ဆောင်ပုဒ်ကလေးတစ်ခုကိုတောင် သတိရမိသေးတယ်။

လေလှိုင်းပေါ်က လူသတ်သမားများဆိုတဲ့ စကားပါ။ အစိုးရပိုင်သတင်းစာတွေမှာ တခမ်းတနား နဲ့ကိုထည့် ထည့်ဖော်ပြနေတာ။ အဲဒီလေလှိုင်းပေါ်က လူသတ်သမားဟုတ်၊ မဟုတ်ဆိုတာကို အခု လက်ရှိဖြစ်ရပ်တွေက သက်သေပြနေပါပြီ။ လေလှိုင်းပေါ်က လူသတ်သမားစာရင်းမှာပါတဲ့ မီဒီယာတွေက အခုဆိုရင် နိုင်ငံ့ေ ခါင်း ဆောင်တွေနဲ့ တွေ့ဆုံမေးမြန်းခန်း တွေလုပ်၊ အစိုးရပိုင် သတင်းစာတွေမှာ အဲဒါကို အတိအလင်း ဖော်ပြနဲ့ မဟုတ်ပါလား။

ဒါပေမဲ့လည်း တကယ့် လေလှိုင်းပေါ်က လူသတ်သမားများလို့ နာမည်ပြန်တပ်ရမယ့် အဲဒီ အမည်မဖော်ထားတဲ့ လူမှုကွန်ရက်ပေါ်က Account အပိုင်ရှင်တွေကိုကော ဘယ်လိုများနှိမ်နင်းရမလဲဆိုတာကတော့ မေးခွန်းထုတ် စရာ ဖြစ်လာလို့နေပါပြီ။

သတင်းအချက်အလက်မျှဝေခြင်းနဲ့ မိမိရဲ့ ထင်မြင်ယူဆချက်ကို မျှဝေနိုင်တဲ့ လူမှုကွန်ရက်ဟာ တချို့သော ကိစ္စ တွေမှာ အမည်မဖော်ဘဲ သုံးနေသူတွေအတွက် ထိုးနှက်တိုက်ခိုက်နိုင်စရာ လက်နက်တစ်ခု သဖွယ် ဖြစ်နေ ပါပြီ။ အခုလိုမျိုး လုပ်ရပ်ဟာ အရင် စစ်အစိုးရလက်ထက်က မြန်မာနက်တီဇင်တွေကို အစိုးရ မကောင်း ကြောင်း မရေး သားနိုင်အောင် လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေနဲ့တောင် ခပ်ဆင်ဆင် တူလို့နေပါပြီ။ ကျွန်တော့် ဆရာလိုခင်ရတဲ့ အစ်ကိုတစ်ယောက်က အဲဒီလိုမျိုး လူမှုကွန်ရက်ပေါ်မှာ ဓာတ်ပုံလည်း မတင်၊ အမည်ဝှက်တွေနဲ့ သုံးနေသူတွေနဲ့ ပတ်သက်ပြီး မှတ်ချက် တစ်ခုပေးဖူးပါတယ်။

အဲဒီလို လူတွေဟာ မိမိဟာ ဘယ်သူပါဆိုတဲ့ ဖြစ်တည်ခြင်းမရှိတဲ့သူတွေ၊ မိမိရဲ့ ခံယူချက်၊ ရပ်တည်ချက်နဲ့ သဘောထားတွေကို ပွင့်လင်းမြင်သာစွာ ထုတ်ဖော်မပြ၀ံ့တဲ့သူတွေသာ ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့တာပါ။ ထမီခြုံထဲကနေ လက်သီးထောင်ပြနေသူများသာ ဖြစ်ပါတယ်။ တိုင်းပြည်က အပြောင်းအလဲတစ်ခုကို သွား နိုင်ဖို့ အဘက်ဘက် သော အဖွဲ့အစည်းတွေ၊ မီဒီယာတွေက တွန်းအားပေးလုပ်ဆောင်ရေးသား ဖော်ပြနေချိန် မှာ အခုလိုမျိုး လူမှုကွန်ရက်ပေါ်ကတစ်ဆင့် မဟုတ်မမှန် အချက်အလက်တွေနဲ့ တန်ပြန်တိုက်ခိုက်၊ မရင့်ကျက် သေး-နုနယ်သေးသော နက်တီဇင်တွေကို အတွေးအခေါ်မှားတွေဝင် အောင်လုပ်ဆောင်နေတဲ့ လုပ်ရပ်ဟာ ခွင့် လွှတ်စရာမရှိတဲ့ လုပ်ရပ်တစ်ခုလို့ပဲ ဒီနေရာ ကနေပြောပါရစေ။

ဒီတော့ မြန်မာပြည်က နက်တီဇင်များအနေနဲ့ အရင်စစ်အစိုးရ လက်ထက်က အွန်လိုင်းတွေပေါ်မှာ အစိုးရ ကောင်းကြောင်းနဲ့ အတိုက်အခံများ မကောင်းကြောင်းကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြတယ်လို့ နာမည် ထွက်ခဲ့တဲ့ ရုရှားပြန် စစ်ဗိုလ်တွေကို ၀ိုင်းဝန်း ဆန့်ကျင်ခဲ့ကြသလို အခုအချိန်အခါမှာလည်း လူမှုကွန်ရက်ပေါ်က လေလှိုင်း လူသတ်သမားများကိုလည်း ၀ိုင်းဝန်းဆန့်ကျင် Report လုပ်ကြပါစို့လို့။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွဲမှုအတွင်း မီးလောင်ဒဏ်ရာရ သံဃာတော်တစ်ပါး။

ကနေ့ဟာဆိုရင် စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်တွင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေကြတဲ့ သံဃာတော်တွေနဲ့ ဒေသခံတွေကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွင်းခဲ့တာ ၂ နှစ်တင်းတင်း ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ဒီလို ၂ နှစ်တင်းတင်းသာ ပြည့်သွားပေမဲ့လို့ - အဲ့ဒီအကြမ်းဖက် ဖြိုခွင်းမှုမှာ ပါဝင်ပတ်သက်သူတွေကို အစိုးရဘက်က တစုံတရာ အရေးယူမှု မရှိသေးတဲ့အပေါ်မှာနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီးရှိနေတဲ့အပေါ် အတော်လေး စိုးရိမ်တဲ့အကြောင်း Amnesty International လို့ခေါ်တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ ဒုတိယညွှန်ကြားရေးမှူးတဦးဖြစ်သူ မစ် မက်ဂနာ အီဘရာဟမ် (Meghna Abraham) က ပြောဆိုလိုက်ပါတယ်။

သူဟာဆိုရင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုသူ သံဃာတော်တွေနဲ့ ဒေသခံတွေအပေါ် အာဏာပိုင်တွေက မီးလောင်ဗုံးသုံး အကြမ်းဖက် ဖြိုခွင်းမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့အပေါ် စုံစမ်းဖို့ ကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ခဲ့သူပါ။

“လတ်တလောမှာတော့ ကျမတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို အပြီးသတ်နေပါပြီ။ အတင်းအကျပ် ရွှေ့ပြောင်းခိုင်းတာ၊ သဘာဝ ပတ်ဝန်းကျင်အတွက် စိုးရိမ်စရာတွေ၊ ၂၀၁၂ နိုဝင်ဘာလတုန်းက White Phosphorous ဗုံးတွေသုံးပြီး ဆန္ဒပြသူတွေကို နှိမ်နင်းခဲ့တာ အပါအ၀င် စီမံကိန်းနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို စုံစမ်းထားပါတယ်။”

အာဏာပိုင်တွေရဲ့ အဲ့ဒီအကြမ်းဖက်ဖြိုခွင်းမှုအတွင်း အနည်းဆုံး သံဃာတော် ၉၉ ပါးနဲ့ ဆန္ဒပြသူ ၉ ယောက် မီးလောင်ဒဏ်ရာ တွေ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုဝင်ဘာလ ၂၇ ရက် ကြာသပတေးနေ့ကလည်း AI ကနေ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပြီး ဒီကြေညာချက်ထဲမှာ -အဓိက မီးမောင်းထိုးပြထားတာက -

ကုမ္ပဏီတွေနဲ့ ဒေသခံတွေအကြား ဖြစ်နေတဲ့ ပြဿနာတွေကို ပြီးအောင် မဖြေရှင်းသေးဘဲ ကြေးနီစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်နေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမယ့် အန္တရာယ်တွေ ဆက်ပြီး ဖြစ်လာမှာကို စိုးရိမ်တဲ့အကြောင်းကို ထောက်ပြထားတာပါ။

ဒါကြောင့် ပြဿနာတွေ ဖြေရှင်းပြီးတဲ့အတွက် စီမံကိန်းကို ရပ်ဆိုင်းထားဖို့ကိုလည်း မစ် မက်ဂနာ အီဘရာဟမ် (Meghna Abraham) က ပြောဆိုခဲ့ပါတယ်။

“စီမံကိန်းကြောင့် လူ့အခွင့်အရေး ထိခိုက်နေတာတွေကို ကျမတို့က အာရုံစိုက်ထားပါတယ်။ တွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ ကုမ္ပဏီကို တင်ပြသွားမှာ ဖြစ်တာကြောင့် လတ်တလော အသေးစိတ်တွေကို မပြောနိုင်သေးပေမဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ အကြီးအကျယ် စိုးရိမ်တယ် ဆိုတာကတော့ ပြောနိုင်ပါတယ်။ စီမံကိန်းအတွက် ပြောင်းရွှေ့ခိုင်းတဲ့ ကိစ္စမျိုးတွေလို ဒီအထဲက တချို့ကိုလည်း လက်ပံတောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်က ထောက်ပြထားပြီး သားပါ။ ဒါတွေက လက်ရှိ လက်ပံတောင်း စီမံကိန်းနဲ့ ပတ်သက်လို့ လူတွေ စိုးရိမ်နေကြတဲ့ ကိစ္စပါ။ လက်ရှိ စီမံကိန်းနဲ့ လက်ပံတောင်း စီမံကိန်းသစ်တွေကို အကောင်အထည် မဖော်ခင် ပြဿနာတွေကို အရင်ဖြေရှင်းဖို့ လိုပါတယ်။ ဖြေရှင်းရမယ့် ကိစ္စတွေကို အရင်မလုပ်ဘဲ စီမံကိန်းကို စခဲ့လို့သာ ပြဿနာတွေ ပေါ်ရတာလို့ ကျမတို့ ယူဆပါတယ်။ ပြဿနာတွေ အားလုံးကို ဖြေရှင်းမပြီးမချင်း စီမံကိန်းကို ရပ်ထားဖို့အတွက် ကျမတို့ ကြေညာချက်ထဲက တောင်းဆိုချက်မှာလည်း တွေ့မှာပါ။”

ဒါ့အပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့နဲ့ နောက်ထပ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထပ်မဖြစ်အောင် မြန်မာအစိုးရကို AI အဖွဲ့ကြီး အနေနဲ့ တိုက်တွန်းသွားမယ်လို့လည်း သူက ဆိုပါတယ်။

“ပထမဆုံးကတော့ အစိုးရနဲ့ တိုက်ရိုက်ထိတွေ့ စည်းရုံးသွားမှာပါ၊ စိုးရိမ်စရာ ကိစ္စတွေနဲ့ ပတ်သက်လို့ အစိုးရက တုန့်ပြန်ဆောင်ရွက်မယ်လို့လည်း ကျမတို့ မျှော်လင့်ပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ကုလသမဂ္ဂ လူ့အခွင့်အရေး လုပ်ငန်းစဉ်မှာ ထည့်သွင်းနိုင်ဖို့ အပါအ၀င် ဒီကိစ္စတွေကို နိုင်ငံတကာက အာရုံစိုက်လာအောင် ကြိုးပမ်းသွားမှာပါ။”

AI အဖွဲ့ရဲ့ ဒုတိယညွှန်ကြားရေးမှူး တဦးဖြစ်သူ မစ် မက်ဂနာ အီဘရာဟမ် (Meghna Abraham) ပြောသွားတာပါ။ သူ အပါအ၀င် AI ကိုယ်စားလှယ်တချို့ဟာ ဒီ ၂၀၁၄ ခုနှစ်ဆန်းပိုင်းမှာပဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီးတော့ ထိခိုက်နစ်နာခံရသူ ကာယကံရှင်တွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေ လုပ်ခဲ့ပြီး မကြာခင် ရှေ့နှစ်ဆန်းပိုင်းလောက်မှာပဲ အစီရင်ခံစာ ထုတ်ပြန်ဖို့ ရှိပါတယ်။ ဒီအစီရင်ခံမထွက်ခင်မှာ ကုမ္ပဏီကိုလည်း တင်ပြပြီး - ကုမ္ပဏီဘက်က တုံ့ပြန်မှုတွေ တခုခုရအောင် လုပ်သွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရကတော့ - လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုသူတွေအပေါ် အကြမ်းဖက် ဖြိုခွင်းမှုကိုစုံစမ်းစစ်ဆေးဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းရေး ကော်မရှင်ကို တာဝန်ပေးအပ်ခဲ့တာပါ။

ဒီကော်မရှင်ကနေ စစ်ဆေးတွေ့ရှိချက်တွေကို သမ္မတထံ တင်ပြပြီး ကော်မရှင်က တင်ပြတဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီကော်မတီက အပြည့်အ၀ တာဝန်ယူ လုပ်ဆောင်ခြင်းမရှိဘူးဆိုပြီး ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

VOA


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ၆ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ဖို့ ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ဟာ လောလောဆယ် မဖြစ်နိုင်သေးကြောင်း နိုင်ငံတော်သမ္မတ ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးက ပြောပါတယ်။ နိုင်ငံတော်သမ္မတဖက်က အဖွဲ့အစည်းပေါ် အခြေခံပြီး တွေ့ဆုံဖို့ကို လိုလားတာဖြစ်ပါတယ်။ ၆ပွင့်ဆိုင်ဆွေးနွေးပွဲအတွက် တိုင်းရင်းသား ကိုယ်စားလှယ် အဖြစ် အရွေးချယ်ခံရ တဲ့ ဒေါက်တာအေးမောင် ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး အကျပ်အတည်းကို ကျော်လွန်ရေး အတွက် ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်တဲ့အပေါ် အလေးအနက် ထားသင့်တယ်လို့ ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခေတ်စနစ်နဲ့ အညီပြုပြင်နိုင်ဖို့ အတွက် ပြည်ထောင်စု လွှတ်တော်က ၆ပွင့်ဆိုင်တွေ့ဆုံဖို့ ဒီလ ၂၅ရက်နေ့ အရေးကြီးအဆိုတင်သွင်းပြီး ကန့်ကွက်သူ မရှိ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်တဲ့ ၆ပွင့်ဆိုင်ဆွေးနွေးပွဲ မှာ နိုင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၊ ဒေါ်အောင်ဆန်း စုကြည် ၊ တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စားလှယ် တဦးနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးရဲထွဋ်ကတော့ ဒီဆုံးဖြတ်ချက်ဟာ လောလောဆည် မဖြစ်နိုင်သေးဘူးလို့ အခုလို ပြောပါတယ်။

"လောလောဆယ်တော့ မဖြစ်နိုင်သေးပါဗျာ။ ဒီဆွေးနွေးပွဲ လုပ်ဖို့ဆိုတာ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ဘက်က ချဉ်းကပ်ပုံ ချဉ်းကပ်နည်းနဲ့ တဖက်က အဆိုပြုတဲ့ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းက ကွာခြားချက် တချို့ရှိနေလို့ဖြစ်ပါတယ်။

ပထမ အောက်တိုဘာ ၃၁တုန်းက လုပ်ခဲ့တုန်းက ကျနော်တို့ အဖွဲ့ကြီးငါးဖွဲ့ပေါ့။ ဆိုတော့ အဖွဲ့ကြီးငါးဖွဲ့မှာ နိုင်ငံရေးပါတီ အစုအဖွဲ့မှာဆိုရင် လွှတ်တော်ထဲမှာရော လွှတ်တော်ပြင်ပမှာ ရှိတဲ့ ပါတီတွေ စုပေါင်းပြီးဖွဲ့ထားတဲ့ ခေါင်းဆောင်တွေကို ဖိတ်ပြီးတော့ ပဏာမ ဆွေးနွေးခဲ့တာပေါ့။ အခုကျတော့ နိုင်ငံရေးပါတီတွေဘက်က တစ်ယောက်ပဲ ရှိမယ်ဆိုတဲ့ သဘောဖြစ်နေတာရှိတယ်။ ဒီလိုမျိုးတွေ ကွာခြားချက်တွေ ရှိတာပေါ့။

နောက်ပြီးတော့ တိုင်းရင်းသားတွေမှာဆိုရင်လည်း မနေ့က သမ္မတကြီးနဲ့တွေ့တဲ့ အချိန်မှာ တိုင်းရင်းသားတွေဘက်ကလည်း ပိုပြီးတော့မှ သူတို့ဘက်က များများပါချင်တဲ့ သဘောထားတွေရှိပါတယ်။ ဒါကြောင့်မို့လို့ လောလောဆယ် မဖြစ်နိုင်သေးဘူးလို့ ကျနော်ပြောတာပါ။"

လွန်ခဲ့တဲ့ အောက်တိုဘာလကုန်တုံးကတော့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ နိုင်ငံရေး ပါတီများ၊ တပ်မတော်၊ ရွေးကောက်ပွဲကော်မရှင် ဆိုတဲ့ အစုအဖွဲ့ ၅ဖွဲ့ အပေါ် အခြေခံပြီး တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာလကုန်တွေ့ဆုံပြီးနောက်မှာ မကြာခင် ဒီလိုဆွေးနွေးပွဲမျိုး ထပ်မံ ကျင်းပဖို့ ရည်ရွယ်ထားခဲ့ကြောင်း၊ အခု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နောက်ပိုင်းမှာတော့ ဒီဆွေးနွေးပွဲ မျိုး နောက်တကြိမ်ဆွေးနွေးဖို့ အတွက် ခက်ခဲသွားကြောင်း ဦးရဲထွဋ်က ပြောပါတယ်။

နိုင်ငံတော်သမ္မတရဲ့ သဘောထားနဲ့ ပတ်သက်ပြီး ၆ပွင့်ဆိုင်ဆွေးနွေးပွဲအတွက် တိုင်းရင်းသား ကိုယ်စားလှယ် အဖြစ် အရွေးချယ်ခံရတဲ့ ဒေါက်တာအေးမောင် ကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

"ပြည်ထောင်စုလွှတ်တော်ရဲ့ ဖွဲ့စည်းပုံဆိုင်ရာ ဆိုတဲ့အချက်ကြီးကို ကျော်လွှားမယ့် နည်းလမ်းကို တွေ့ဆုံဆွေးနွေးရေး နည်းနဲ့ ဖြေရှင်းလိုတယ်။ အကြောင်းအကျိုး ခိုင်လုံစွာ တင်ပြချက် အပေါ်မှာ အလေးအနက်ထား စဉ်းစားစေလိုပါတယ်။ ဘာကြောင့်လဲဆိုရင် သမ္မတကြီးက ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမြင့်ဆုံးသော မဏ္ဍိုင်သည် ကျနော်တို့ရဲ့ ဥပဒေပြုမှု မဏ္ဍိုင်ဖြစ်တဲ့ ပြည်ထောင်စု လွှတ်တော်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တစ်ဆို့မှုရှိတယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၄၀ ကျနော်တို့ရဲ့ ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ အစီရင်ခံစာကို ဆွေးနွေးတဲ့မြင်ကွင်းကို ကြည့်ရင် သိနိုင်ပါတယ်။ အဲ့တော့ ဖွဲ့စည်းပုံတစ်ဆို့မှု ကျော်လွှားနိုင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက် လို့ ပြင်ဆင်နေကြတဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ ပါလီမန် ကနေ တပြိုင်နက် တောင်းဆို တဲ့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းဖြစ်တဲ့အခါမှာ ထည့်သွင်း စဉ်းစားဖို့ တာဝန်သည် နိုင်ငံတော် အကြီးအကဲမှာ ရှိပါတယ်။"

ပြည်ထောင်စု လွှတ်တော်က တင်ပြတဲ့ ၆ပွင့်ဆိုင်သဘောတရားဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးဆိုင်ရာ လွှတ်တော် ၂ရပ်၊ တပ်မတော်၊ အဓိက အင်အားကြီး အတိုက်အခံပါတီနဲ့ တိုင်းရင်းသားအင်အားစုကို ကိုယ်စားပြုတာဖြစ် တယ်လို့လည်း ဒေါက်တာအေးမောင်က တင်ပြပါတယ်။ တကယ်လို့ ၆ပွင့်ဆိုင်တွေ့ဆုံမယ် ဆိုရင် ဖွဲ့စည်းပုံ အကျပ်အတည်းကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်း လည်း ပြောပါတယ်။

"ဥပဒေပြုမဏ္ဍိုင်ရဲ့ ခိုင်လုံတဲ့ အကျိုးအကြောင်းတွေကို ဖော်ပြတဲ့ သဝဏ်လွှာ တခု ရောက်သွားရင် သမ္မတကြီး တာဝန် လုံးလုံးလျားလျား ဖြစ်သွားပါပြီ။ ကာကွယ်ရေးဦးစီးချုပ် ကလည်း ကျိုးကြောင်းခိုင်လုံစွာနဲ့ လက်ခံလာနိုင်ပါလိ့မ် မယ်။ ခြောက်ပွင့်ဆိုင် ဆိုတဲ့ ကဏ္ဍကို တင်ခြင်းသည် အားလုံးရဲ့ ထွက်ပေါက်တခုဖြစ်တယ်။ ပြည်ထောင်စုရဲ့ ထွက်ပေါက်၊ ဖွဲ့စည်းပုံရပ်တည်ရေးရဲ့ ထွက်ပေါက် ဆိုတာကို ကျနော်တို့လည်း ဒီလိုပဲ ခံယူပါတယ်။ အောင်မြင်တဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ ချဉ်းကပ်မှုလို့ နားလည်ပါတယ်။ ကျနော်တို့လည်း ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်မယ် ဆိုရင် သမိုင်းတွင်မယ့် ဖွဲ့စည်းပုံ တခုကို ပျော့ပျော့ပြောင်းပြောင်းလေးနဲ့ ညှိနှိုင်းဖြေရှင်းနိုင်ခဲ့တယ်ဆိုတာမျိုး ဖြစ်သွားနိုင်ပါတယ်။"

လောလောဆယ်မှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့သဘောထားကို ထုတ်ပြန်တာမရှိသေးပါဘူး။ ပြည်ထောင်စုလွှတ်တော်ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် ပြန်လှန်သုံးသပ်ဆွေးနွေးထားပြီး နောက် တကြိမ်ကျင်းပမယ့် လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဥပဒေမူကြမ်းကို တင်သွင်းဖို့ရှိနေပါတယ်။

VOA