01/03/14


မနက်ဖန် မနက်ဧရာဝတီဖက်သို့ ဗြဟ္မစိုရ်ဟောပြောပွဲခရီးထွက်ရမည်ဆိုသောအတွေးနှင့်အတူ ပြည်ပမှခေတ္တလာလည်ကြသော သား၊သမီး၊မြေးများနှင့် မတွေ့ ရတာကြာပြီဖြစ်သော ဇနီးထံသို့  ညဖက် အချိန်အားဖြင့်၈း၀၀နာရီခန့် တွင်နာရေးကူညီမှုအသင်း(ရန်ကုန်)မှမော်တော်ယာဉ်ကိုယ်တိုင်မောင်းနှင်ကာနေအိမ်သို့ သွားရောက်ခဲ့သည်။သားဖြစ်သူက မနက်၁၁း၀၀နာရီလေယာဉ်ကွင်းဆင်းပြီးအမေရိကန်နိုင်ငံသို့ ပြန်တော့မည်။သမီးတို့ ဇနီးမောင်နှံနဲ့ မြေးတွေကမနက်၅း၀၀နာရီငွေဆောင်သွားကြမည်။ကျွန်တော်ကမနက်၉း၀၀နာရီ ဧရာဝတီတိုင်းဖက်သို့ သွားရမည်။နာရေးကူညီမှုအသင်းမှာလည်းတွံတေးဆရာတော်ကြီးတရားပွဲကျင်းပနေသည်..ဆိုသောအတွေးများနှင့်ရောက်ယက်ခတ်နေသည်။ဒီအတွေးများနဲ့ အတူ(၈)မိုင်မီးပွိုင့်သို့ ရောက်လာတော့သည်။

ကျွန်တော်ကကမ္ဘာအေးဘုရားလမ်းမှလာသောကြောင့်ကျွန်တော့်ရဲ့ နေအိမ်ရှိရာ(၇)မိုင်သို့ သွားရမည်ဖြစ်ရာမီးပွိုင့်တွင်ဘယ်ဖက်သို့ ကွေ့ ရန်နေရာယူလိုက်သည်။မီးစိမ်းနေသောကြောင့်ကျွန်တော်ထွက်ရန်ပြင်လိုက်သောအချိန်တွင်တစ်ပြိုင်နက်တည်းမီးနီသွားသောကြောင့်ကားအားရပ်လိုက်တော့သည်။သို့ သော်ကျွန်တော့်ရဲ့ မော်တော်ကားမှာ မီးပွိုင့်ရှိသတ်မှတ်မျဉ်းအားကျော်လွန်နေသောကြောင့် ကားအားနောက်ဖက်သို့ ဆုတ်ရန်နောက်ကြည့်မှန်မှ တချက်ကြည့်လိုက်သည်။ မှန်တွင်တဖက်မှလာသော ကားမီးများစူးကနဲထိုးခံလိုက်ရသည်။နောက်ကားရှင်းနေသောကြောင့်ကျွန်တော့်ရဲ့ ကားအားနောက်သို့ ဆုတ်လိုက်သောအခါ " ဒုံး" ကနဲအသံနှင့်အတူ ကားတစ်စီးလုံးတုန်ခါသွားတော့သည်။

ကျွန်တော်ဧ။်အသိတရားမှဖြတ်ခနဲပေါ်..ဆတ်ခနဲလုပ်ဟူသောစကားအတိုင်းကားပေါ်မှလျင်မြန်စွာဆင်းပြီးနောက်မှ ကျွန်တော်တိုက်မိသောမော်တော်ကားအားတောင်းပန်ပြီး ပျက်စီးသွားသမျှမော်တော်ယာဉ်အစိတ်အပိုင်းအားပြန်လည်ပြုပြင်ပေးပါမည်ဟုပြောဆိုရန်နောက်မှမော်တော်ကားရှိရာသို့ သွားခဲ့တော့သည်။တဖက်မှမော်တော်ကားမောင်းလာသူမှာအမျိုးသမီးတစ်ယောက်ဖြစ်ပြီးကားပေါ်မှလူတစ်ဦးလည်းလျင်မြန်စွာဆင်းလာသည်။

ကျွန်တော်မှနောက်ကားကိုမောင်းလာသူအမျိုးသမီးအား မီးပွိုင့်အလည်ခေါင်ကြီးတွင်ဖြစ်နေသောကြောင့်ကွေ့ ပြီးမှ ကားရပ်ပြီးစကားပြောပါမည်ဟုပြောစဉ် တဖက်မှဆင်းလာသူကလည်းအနီးသို့ ရောက်လာပြီဖြစ်တော့သည်။

ကဲ..မထူးတော့ပြီ၊ငါ့ကိုထိုးရင်လည်းခံဖို့ အသင့်၊ငါကိုကမှားတာကိုး၊ငါကိုကအတွေးများနေတာကိုး၊ငါကိုကအသိနဲ့ သတိလွတ်သွားတာကိုး၊ငါ့ကားကလည်းမြင့်နေတော့နောက်ကြည့်မှန်မှကြည့်တဲ့အခါကိုယ့်ကားထက်ဘော်ဒီနိမ့်နေသောကားကိုမမြင်လိုက်မိတာကိုး၊တဖက်ကားလမ်းဖက်ကလည်းကားမီးကြီးထိုးထားတာကိုး...ထိုးပလေ့စေ။ ငါကိုကမှားမိတာကိုး..လို့ တွေးလိုက်စဉ် တဖက်ကားကိုမောင်းနှင်လာသူက ကျွန်တော့်အားစူးစိုက်ကြည့်ကာ "ကိုကျော်သူလား..ကိုကျော်သူလား"ဟုမေးမြန်းရာကျွန်တော်မှလည်း "ဟုတ်ပါတယ်ခင်ဗျာ"ဟုပြန်လည်ဖြေလိုက်သောအခါ " ပြသနာမရှိဘူး..ကိစ္စမရှိဘူး၊OK " ဟုပြောကြားလိုက်သည့်အတွက်ကျွန်တော်မှလည်း"ကျေးဇူးတင်ပါတယ်ခင်ဗျာ"ဟုပြန်လည်ပြေကြားခဲ့တော့သည်။

ထိုအခါတစ်ဖက်မှဆင်းလာသောလူကြီးသည်လည်းပြုံးပြီးကားပေါ်သို့ ပြန်လည်တက်သွားတော့သည်။တော်သေးသည်။အမှုဇာတ်လမ်းရှည်မည့်ယာဉ်ထိမ်းရဲတစ်ယောက်မှမရှိသောကြောင့်ဟုတွေးမိကာကျွန်တော်သည်မီးစိမ်းသွားသောအခါမော်တော်ယာဉ်အားပြန်လည်မောင်းနှင်လာတော့သည်။ နောက်မှအတိုက်ခံရသောကားမှကျွန်တော့်ကားအားကျော်တက်သွားကာလက်များပင်ပြသွားတော့သည်။ အော်..ဘ၀..ဘ၀တစ်လျှောက်မထင်တာတွေ၊မမျှော်လင့်တာတွေအများကြီးပါလား။လူပီသတဲ့သူတွေ၊ကိုယ်ခြင်းစာနာတတ်တဲ့သူတွေအများကြီးရှိပါလား၊မေတ္တာတရားလွှမ်းခြုံထားတဲ့သူတွေလည်းရှိပါလားဟုတွေးမိတော့သည်။

အဘယ့်ကြောင့်ဆိုသော်..ယခင်တစ်ပါတ်ကနာရေးယာဉ်တစ်စီးအသုဘသွားသယ်ရာရေဝေးသုသန်သို့ အသွား ပါရမီဘတ်စ်ကားတစ်စီးမှ ခါးမှဖြတ်တိုက်ခြင်းကိုခံခဲ့ရသည်။ ယာဉ်မှုစစ်များရောက်လာကာထိုဘတ်စ်ကားကိုမောင်းလာသောယာဉ်မောင်းသည်အရက်သောက်ထားကြောင်းစစ်ချက်အရသိခဲ့ရသည်။နာရေးကူညီမှုမော်တော်ယာဉ်ပေါ်လိုက်ပါလုပ်အားပေးသောလူမှုရေးပရဟိတသမား(နာရေးကူညီမှုအသင်း-ရန်ကုန်မှအသင်းသူ)သည်လည်းမော်တော်ယာဉ်တိုက်မှုကြောင့်ဦးခေါင်းအနည်းငယ်ထိသွားသောကြောင့်ဆေးရုံသို့ ပို့ ခဲ့ရသည်။

ယင်းဖြစ်စဉ်တွင်တိုက်ခဲ့သောဘတ်စ်ကားပိုင်ရှင်ဖက်မှခါးဖြတ်အတိုက်ခံရသောကျွန်တော်တို့ မော်တော်ယာဉ်မောင်းသူအားပြန်လည်တရားစွဲမည်ဟုပင်အပြောခံခဲ့ရသည်။အော်..တရားဥပဒေဆိုတာဘာလဲ?၊ကြီးနိုင်ငယ်ညှင်းလား?၊ကျားကြောက်လို့ ရှင်ကြီးကိုး..ရှင်ကြီးကျားထက်ဆိုးနေတော့မှာလား..ဟူသောအတွေးများနဲ့ အတူကျွန်တော်ကြုံတွေ့ ခဲ့ရမှုဖြစ်စဉ်အားပြန်လည်တွေးတောမိသောအခါတစ်ဖက်မှကားသည်ကျွန်တော်ဧ။်ကားထက်များစွာမော်ဒယ်မြင့်သည်။ကျွန်တော်ဧ။်ကားထက်တန်ဖိုးမြောက်များစွာရှိသည်။ကားနံပါတ်ကိုလည်းကျွန်တော်ပူထူနေသောကြောင့်မမှတ်မိလိုက်ချေ၊ ကားအရောင်ကားအဖြူ၊ကားမောင်းလာသူ၊ကားပေါ်ပါလာသူတို့ အားလည်းသေချာစွာမမှတ်မိ.. ကျွန်တော်ဧ။်မျက်လုံးများေ၀၀ါးနေသည်။

ကျွန်တော်ဧ။်စိတ်တို့ သည်နေအိမ်သို့ ရောက်နေသည်။ယခု ကျွန်တော်ရေးသားသောဖြစ်ရပ်မှန်စာမျက်နှာအားကာယကံရှင်တို့ ဖတ်မိပါက ကျွန်တော်ပြင်ပတွင်ကျေးဇူးတင်စကားများပြောဆိုလိုပါသည်။တကယ်လို့ များယာဉ်မှုစစ်များရောက်လာပါကကျွန်တော်သည် နောက်နေ့ မနက်သွားရမည့်ကျွန်တော်ဧ။် ဗြဟ္မစိုရ်ခြေလှမ်းတို့ ရပ်ဆိုင်းသွားတော့မည်ဖြစ်သည်။ကျွန်တော်ဧ။်သားဖြစ်သူအိမ်ပြန်ခရီးသည်၎င်း၊ကျွန်တော်ဧ။်သမီးမိသားစုအပျော်ခရီးတို့ သည်၎င်းတုန့် ဆိုင်းကုန်တော့မည်ဖြစ်တော့သည်။ထို့ ကြောင့်လူသားချင်းစာနာထောက်ထားသော၊ကိုယ်ချင်းစာနာတတ်သော ယခုလိုမေတ္တာရှင်များမြောက်များစွာပေါ်ထွန်းလာပါကကျွန်တော်တို့ မြန်မာနိုင်ငံအနေဖြင့် ဓမ္မကအဓမ္မကိုအနိုင်ပိုင်းနိုင်မည့်အချိန်ကာလသို့ ရောက်ရှိလာတော့မည်ဖြစ်တော့သည်။

မည်သို့ ပင်ဖြစ်စေ.......ကျွန်တော့်အားသက်ညှာစွာဖြင့်၎င်း၊ကိုယ်ချင်းစာနာစိတ်ဖြင့်၎င်း၊ခွင့်လွှတ်နားလည်ပေးသောစိတ်ဖြင့်၎င်း၊အများပြည်သူတို့ အတွက်ပေးဆပ်မှုခရီးစဉ်ဖြစ်သောဗြဟ္မစိုရ်ခရီးစဉ်အားအနှောင်အဖွဲ့ လွတ်ကင်းစွာစိတ်ကြည်လင်စွာဖြင့် သွားခွင့်ပြုလိုက်သောေ မ်ာတော်ယာဉ်အတိုက်ခံခဲ့ရသော မေတ္တာရှင်မိသားစုအား ကျွန်တော်အထူးကျေးဇူးတင်ရှိကာ အများပြည်သူတို့ ကိုယ်စား သာဓု..သာဓု..သာဓု ဟုကုသိုလ်မျှဝေပေးလိုက်ရပါတော့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂ ရက်၌ ရေဒီယိုမှ တစ်ဆင့် ပြည်သူများသို့ ပြောကြားသော မိန့်ခွန်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ၎င်း၏ သဘောထား ရပ်တည်ချက် အပိုင်း ၃ ခုကို ပြောကြားရာ၌ ပွင့်လင်း မြင်သာမှု မရှိဟု နိုင်ငံရေး အသိုင်းအ၀ိုင်းများက ဝေဖန် သုံးသပ်လျက် ရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၄ ခုနှစ် နှစ်သစ်ရေဒီယို မိန့်ခွန်းတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အပိုင်း ၃ပိုင်း ပြောကြားရာ၌ အပိုင်း ၁ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အတွက် နိုင်ငံရေး ဆွေးနွေး ပွဲများအကြောင်း အပိုင်း ၂ ဒီမိုကရေစီ စံနှုန်းများ၊ တန်ဖိုးများ ပြည့်မီလာစေရန် လိုအပ်သ လို ပြင်ဆင်ရမည့် အပိုင်းနှင့် အပိုင်း ၃ နိုင်ငံရေး ဦးဆောင်မှုဆိုင်ရာ အရည်အချင်း သတ်မှတ်မှု အကြောင်း စသည်ဖြင့် အပိုင်း ၃ပိုင်းခွဲ၍ ပြောကြားထားခြင်း ဖြစ်သည်။ …

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြောကြားရာ၌ ““ကျွန်တော့်အနေနဲ့ အဓိက အစိတ်အပိုင်း ၃ခု ရှိတယ်လို့ ရှုမြင်ပါတယ်။ ပထမပိုင်းကတော့ လက်ရှိ ကျွန်တော်တို့ ကြိုးပမ်း တည်ဆောက် နေရတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေပြုတဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးအတွက် မဖြစ်မနေ ပြုလုပ် ကြရမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေ က ပေါ်ပေါက်လာမယ့် သဘောတူညီချက်များအတွက် လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက် ရေးသားခြင်းတွေ လုပ်ဆောင်ရမယ့်အပိုင်း ဖြစ်ပါတယ်။ ဒုတိယ အပိုင်းကတော့ မိမိတို့ တည်ဆောက်လိုတဲ့ ပွင့်လင်း လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကို ပီပြင်လာ စေရေးအတွက် လိုအပ်တဲ့ ပွင့်လင်း လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကို ပီပြင်လာစေရေးအတွက် လိုအပ်မယ့် ဒီမိုကရေစီစံနှုန်းများ၊ တန်ဖိုးများပြည့်မီလာစေဖို့ လိုအပ်သလို ပြင်ဆင်ရမည့် အပိုင်းဆိုပြီးတော့ ခွဲခြား တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီစံနှုန်းများ၊ တန်းဖိုးများ ပြည့်မီအောင် ကြိုးပမ်း အားထုတ် လုပ်ဆောင်ရာမှာ နိုင်ငံရေး ပါဝင်ပတ်သက်သူ အားလုံးရဲ့ အမြော်အမြင် ကြီးမားမှု၊ ဉာဏ်ပညာ ကြွယ်ဝမှုနှင့် စိတ်ရင်းစေတနာ မှန်ကန်မှုတို့က အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။ တတိယပိုင်းကတော့ နိုင်ငံရေး ဦးဆောင်မှုဆိုင်ရာ အရည်အချင်း သတ်မှတ်မှုအတွက် လိုအပ်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်ပင် ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ သဘောထားကတော့ မည်သည့် မြန်မာ နိုင်ငံသား တိုင်းရင်းသား တစ်ဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ် ထားဖြစ်တာမျိုး မဖြစ်ကြ လိုတဲ့ နိုင်ငံရေး စေတနာ ရှိသလို တစ်ဖက်ကလည်း မိမိတို့ အမျိုးသား အကျိုးစီးပွားနှင့် မိမိတို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်တဲ့ အကာအကွယ် ပေးနိုင်သည့် အခြေခံမူများ ကိုင်တွယ် ဖြေရှင်းရာမှာ နိုင်ငံရေး အကျပ်အတည်း တစ်ခုဆီသို့ ဦးတည် မသွားစေနိုင်ဖို့အတွက် နိုင်ငံရေး ရွေးချယ်မှု မှန်ကန်စေဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်””ဟု ပြောကြားသည်။

ပထမပိုင်းနှင့် ဒုတိယပိုင်း အချက်များကို ငြင်းစရာ မရှိကြောင်း၊ တတိယအပိုင်း ဖြစ်သည့် နိုင်ငံရေး ဦးဆောင်မှု ဆိုင်ရာ အရည်အချင်း သတ်မှတ်ချက်မှုသည် မည်သည်ကို ဆိုလိုသည်ကို နားမလည်ဟု SNLD အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ သမ္မတ၏ ပြောကြားချက်နှင့် ပတ်သက်၍ ပုသိမ်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က““ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မယ်၊ ပယ်ဖျက်မယ်၊ ဖြည့်စွက်မယ် ဆိုရင်မှန်တာပေါ့။ နိုင်ငံရေး ဆွေးနွေးပွဲကနေ ပေါ်ပေါက်လာမယ့် သဘောတူညီချက်များ အတွက် ဆိုတဲ့ ဟာကတော့ မရှင်းလင်းဘူးလေ။ ဘယ်အတွက် ပြင်ရမယ်ဆိုတာ မရှင်းလင်းဘူး။ နိုင်ငံရေး ဆွေးနွေးပွဲပြီးမှ၊ ပြီးတော့ လွှတ်တော်က ကော်မတီဖွဲ့ပြီး ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ခြင်း အချက်တွေကို လွှတ်တော်တင်မယ့် ဟာကလည်း နိုင်ငံရေး ဆွေးနွေးပွဲပြီးမှ၊ သဘောတူညီချက်ရမှ လုပ်ရမယ့် သဘော ဖြစ်သွားတယ်။ ဒုတိယပိုင်းမှာတော့ ဒီမိုကရေစီစံနှုန်း ပြည့်မီဖို့ လိုအပ်တယ်ဆိုတော့ ဒီမိုကရေစီနှုန်း ပြည့်မီတယ် ဆိုတာ ဘာလဲပေါ့။ နောက်ဆုံး အပိုင်းကတော့ နိုင်ငံရေး ဦးဆောင်မှုဆိုင်ရာ အရည်အချင်း သတ်မှတ်မှုအတွက် လိုအပ်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ် ဆိုတဲ့အချက်က ပွင့်လင်းမှု မရှိဘူး။ ရှင်းရှင်းလင်းလင်း တိတိကျကျ ဖော်ပြထားတာ မရှိဘူး””ဟု ၎င်းက ပြောသည်။

သမ္မတမိန့်ခွန်းများ၌ ““ပြိုင်ပွဲကြီးမှာ နိုင်ငံရဲ့ ဒေသအသီးသီးက တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ အားကစား သမားများဟာ ထိုက်တန်တဲ့ ဆုတံဆိပ်တွေနဲ့ အောင်ပွဲတွေ ရရှိအောင် ကြိုးစား ခဲ့ကြတဲ့အတွက် အမျိုးသားရေး တာဝန်ကျေမှု တစ်ရပ်အဖြစ် မော်ကွန်းတင် လိုပါတယ်””ဟု ထည့်သွင်း ပြောကြားသည်။

တင်ဇာအောင်
မြန်မာသံတော်ဆင့်

ပြည်ခိုင်ဖြိုးပါတီ၏ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ရေး အချက် ၇၃ ချက်မှ နိုင်ငံတော် သမ္မတ အရည်အချင်း သတ်မှတ်ချက် ၅၉ (စ)ကို ပြင်ဆင်ရန် တင်ပြခြင်းသည် ဒီမိုကရေစီစံနှုန်း မပြည့် မီကြောင်း ဒေါ်အောင်ဆန်းစုကြည်က RFA သတင်းဌာန သို့ ပြောကြား ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးသည် နိုင်ငံခြားသား များ ဖြစ်နေ ပြီး ပြည်ခိုင်ဖြိုးပါတီမှ သမ္မတ အရည်အချင်း ပြင်ဆင် လိုရာတွင် မိမိ၏ ဇနီးသို့မဟုတ် ခင်ပွန်း သော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော်လည်းေ ကာင်း နိုင်ငံခြား သား မဖြစ်စေရကို လျှော့ချရန်ဟုသာ တင်ပြရန် သဘောတူညီ ခဲ့ကြသည်။ …

““တရားဥပဒေအရ ၂၁ နှစ် ကျော်ရင် ကိုယ်က ပိုင်ဆိုင်တော့တာမှ မဟုတ်ဘဲ။ သူတို့က လူကြီးဖြစ်ပြီ။ သူတို့ ဘ၀ကို သူတို့ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်။ ဥပဒေအရဆိုရင် ဘာမှ မတော်တော့ဘူးလို့ ပြောရမှာပဲ။ ဘာမှလည်း တာဝန် မရှိတော့ဘူး။ အဲတော့၂၁ နှစ် ကျော်နေတဲ့ သားသမီးတွေဟာ သူတို့ဘာသာ သူတို့ နိုင်ငံသား ခံယူခံယူ၊ ကိုယ်နဲ့ မဆိုင်သင့်ဘူး။ အဲလို ဆိုင်အောင် လုပ်ထားတာကို က ဒီမိုကရေစီစံနှုန်းနဲ့ မညီဘူး။ ဒါတမင်သက်သက် လုပ်ထားတာပေါ့နော်”” ဟု RFA သို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

ဗြိတိန်နိုင်ငံသား မိုက်ကယ်အဲရစ်နှင့် လက်ထပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ဦးမြင့်ဆန်းအောင်ခေါ် အလက်ဇန္ဒား အဲရစ်နှင့် ဦးထိန်လင်းခေါ် ကင်အဲရစ်တို့ကို မွေးဖွားထားပြီး နှစ်ဦးစလုံးမှာ မြန်မာနိုင်ငံသားများ အဖြစ်မှ ၁၉၈၉ ခုနှစ်တွင် ပယ်ဖျက်ခံရပြီးနောက်ပိုင်း ဗြိတိန်နိုင်ငံသားများသာ ဖြစ်လာခဲ့သည်ဟု ဆောင်းပါးရှင် ဗာတေးလင်တနာ၏ Myanmar Back on a roadmap to now-here တွင် ရေးသား ဖော်ပြထားသည်။

မြန်မာသံတော်ဆင့်

လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေမှာ ဖြည့်ဆည်းပေးတာထက် ပိုပြီး မျှော်လင့်တောင်းဆိုမယ်ဆိုရင် နိုင်ငံရေး အကျပ်အတည်းတွေ ဖြစ်လာပြီး ရထားတဲ့ အခွင့်အရေးတွေတောင် ဆုံးရှုံးသွားနိုင်တဲ့ အနေအထားဖြစ် တယ်လို့ နိုင်ငံတော်သမ္မတ က သူ့ရဲ့ ဇန်န၀ါရီလ အတွက် ပြောဆိုတဲ့ မိန့်ခွန်းထဲမှာပြောဆိုသွားပါတယ်။ နိုင်ငံရေး ပါတီခေါင်းဆောင် အချို့နဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ပေးထားတဲ့ နိုင်ငံရေး တိုးတက်မှုတွေကတော့ တဖြည်းဖြည်းချင်း ကိုယ် လိုရာကို ရအောင်ယူနိုင်မှသာ တိုင်ပြည် နောက်ကြောင်းမလှည့်ပြန်မှာ ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။
အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ဇန်န၀ါရီလရေဒီယို မိန့်ခွန်းထဲမှာ သူအနေနဲ့ သမ္မတ တာဝန်ယူချိန်ကစပြီး လက်ရှိနိုင်ငံရေး အခြေအနေမှာ ခွင့်ပြုတဲ့ အတိုင်းအတာတွေ ကို ပြည်သူတွေအတွက် ဆောင်ရွက်ပေးနိုင် သလောက် ဆောင်ရွက်ပြီးတော့ ရှေ့လျှောက်နိုင်ငံရေးဖြစ်စဉ်တွေမှာလည်း ဆန္ဒမစောဖို့ကို ဒီကနေ့ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ပြောဆိုသွားခဲ့တာပါ။

"ကျွန်တော့်အနေနဲ့ သမ္မတ တာဝန်ယူသည့်နေ့ကမှစပြီး တာဝန်ကို ရှောင်လွှဲလိုတဲ့ လုပ်ဆောင်မှုမျိုး မရှိခဲ့သလို လက်ရှိနိုင်ငံရေး အခြေအနေက ခွင့်ပြုတဲ့ အတိုင်းအတာအရ ဖြစ်သင့်ဖြစ်ထိုက်တဲ့ နိုင်ငံရေး ဆန္ဒများနှင့် လက်တွေ့ဖြစ်နိုင်သည့် ကိစ္စရပ်များ ပေါင်းစပ်ပြီး သဟဇာတ ဖြစ်ဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ အထူးပြောကြားလိုသည့် ကိစ္စရပ်ကတော့ ဖြစ်သင့်ဖြစ်ထိုက် သည့် နိုင်ငံရေးဆန္ဒများကို လက်ရှိနိုင်ငံရေး အခြေအနေက ဖြည့်ဆည်းပေးနိုင်သည်ထက် ပိုမိုမျှော်မှန်း ဆောင်ရွက်ပါက နိုင်ငံရေး အကျပ်အတည်းတစ်ခု ဖြစ်ပေါ်ပြီး လက်တွေ့ဖြစ်နိုင်ခြေရှိသည့် အခွင့်အလမ်းများပင် ဆုံးရှုံးသွားနိုင်သည်ကို သတိချပ်ပြီး ဥာဏ်အမြော်အမြင်ရှိသော နိုင်ငံရေးရွေးချယ်မှုများ ပြုလုပ်ကြရန် တိုက်တွန်း ပြောကြားလိုပါတယ်။"

မြန်မာနိုင်ငံရေး မှာ ဒီမိုကရေစီ အင်အားစု တွေအကြားမှာ ပေါင်းစည်းနိုင်မှု အားနည်းနေပြီး လက်ရှိအချိန်မှာ နိုင်ငံရေးအခြေအနေရှုတ်ထွေးနေတဲ့ အချိန်မှာ ဖြစ်ချင်တာတွေကို ရှေတန်းတင်လွန်းရင် တိုင်းပြည်နောက်ပြန် ဆုတ်သွားမှာကို စိုးရိမ်စိတ်ရှိတာကြောင့် သမ္မတက အခုလို ပြောဆိုတယ်လို့ ယူဆတဲ့အကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

" နိုင်ငံရေးကတော့ ရှုပ်ထွေးနေတယ်ခင်ဗျ။ အခုနကပြောသလို အခြေခံဥပဒေပြင်ပုံပြင်နည်းမှာတောင်မှ နှစ်ပိုင်းကွဲနေတယ်။ နောက်ပြီး အာဏာနိုင်ငံရေးက ဆင်းသက်လာတဲ့၊ အာဏာရှင်နိုင်ငံရေးက ဆင်းသက်လာတဲ့ တပ်မတော်အစိုးရဘက်က ပါလာတဲ့ပုဂ္ဂိုလ်တွေက ဒီမိုကရေစီကို ကိုယ်စားပြု ပါလာတဲ့အပိုင်းတွေရှိသလို ကျနော်တို့ ဒီမိုကရေစီအင်အားစုဘက်မှာတော့ ညီညွတ်တဲ့အနေအထားကို မတွေ့ရဘူးခင်ဗျ။ နိုင်ငံရေးလမ်းကြောင်းတွေက သဲသဲကွဲကွဲမရှိဘူး။ သူတလူငါတမင်းပေါ့။ ကိုယ်ထင်ရာ မြင်ရာ လုပ်နေကြတဲ့ အပိုင်းတွေဖြစ်နေတယ်။ အဲ့တာမျိုးက ဆက်ပြီးတော့သာ လူထုနိုင်ငံရေးကို အသုံးချပြီးတော့ လှုပ်ရှားမှုတွေနဲ့ ဆောင်ရွက်သွားမယ်ဆိုလို့ရှိရင် သမ္မတပြောတဲ့ကိစ္စက ဒီကိစ္စအပေါ်မှာသူစိုးရိမ်ကြောင့်ကြမှု မကင်းဘူးဆိုတာကို တခြားသော စကားလုံးတွေနဲ့သူပြောတယ်လို့ ယူဆပါတယ်။ "

သမ္မတ ဦးသိန်းစိန်ဟာ သူရဲ့ မိန့်ခွန်းတွေ ထဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြင်ဆင်ဖို့ ကြိုးစားဆောင်ရွက်နေမှု တွေ နဲ့ မြန်မာနိုင်ငံရေး မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကိုလည်း အသိအမှတ်ပြုပြောကြားခဲ့ပါတယ်။

" မြန်မာနိုင်ငံရဲ့ အဓိက ကျတဲ့ နိုင်ငံရေးအင်အားစု တစ်ခုဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည် ခေါင်းဆောင်တဲ့ NLD ပါတီ အပါအဝင်နိုင်ငံရေးပါတီများဟာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စရပ်များနဲ့ ပတ်သက်ပြီး လူထုတွေ့ဆုံပွဲများ၊ ဆွေးနွေးပွဲ များကို အားသွန်ခွန်စိုက် ဆောင်ရွက်နေတာ ကို တွေ့ရပါတယ်။ ယခုလို နိုင်ငံရေး လှုပ်ရှားမှုများကို လွတ်လပ်ပွင့်လင်းစွာ လုပ်ဆောင်နိုင်ခွင့် ရှိခြင်းကပင် မိမိတို့ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေး ရင့်ကျင်မှုရေချိန် မြင့်တက်လာကြောင်းကို ညွန်ပြနေတာ ဖြစ်ပါတယ်။"

အခုလို သမ္မတရဲ့ NLD အပေါ် အသိအမှတ်ပြုပြောဆိုပေမဲ့ တကယ်တမ်းတော့ အမှန်တကယ် ဆောင်ရွက်နိုင်တဲ့အပိုင်းမှာ ကန့်သတ်ချက်တွေ အများကြီးရှိနေတယ်လို့ ရှုမြင်တဲ့အကြောင်း ထိုင်းနိုင်ငံမှာ နေထိုင် တဲ့ မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူလည်း ဖြစ်၊ တိုင်းရင်းသတင်းမီဒီယာရဲ့ အကြံပေးတစ်ဦး လည်း ဖြစ်တဲ့ ဦးဇင်လင်း က ဗီအိုအေ ကိုပြောပါတယ်။

" အခုလို လုပ်ခွင့်ကိုင်ခွင့်ပေးတာနဲ့ ပတ်သက်ပြီးတော့ ယေဘူယျပြောမယ် ဆိုလို့ရှိရင် အရင်တုန်းက ဒီလိုပွဲမျိုးတွေ လုပ်ခွင့်ကိုင်ခွင့်မပေးဘူး။ အခုလုပ်ခွင့်ပေးတယ်ပေါ့လေ။ ဒါပေမဲ့လည်း ဒီလုပ်ခွင့်ပေးတယ် ဆိုပေမဲ့လို့ အခြေအနေတွေကြည့်ရတာ တစုံတရာ အတိုင်းအတာတော့ သူတို့ နားလည်မှုတွေ လုပ်ခွင့်ကိုင်ခွင့်တွေ ရနိုင်တယ်ဆိုတာတော့ ကျနော်ထင်တယ်။ အဲ့တာတော့ အကန့်အသတ် အနည်းနဲ့အများတော့ ရှိလိမ့်မယ်လို့ ယူဆရတယ်ပေါ့လေ။ ၂၀၀၈အခြေခံဥပဒေ မူဘောင်ထဲက ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး လှုပ်ရှားခွင့်တွေလို့ သမ္မတက ဒီလိုပြောတာကိုး။ အဲ့ဒီ့နိုင်ငံရေးလှုပ်ရှားခွင့်တွေကို နိုင်ငံရေးအင်အားစုတွေက အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတွေနဲ့ ချဉ်းကပ်ပါဝင်လာကြလို့ အချိန်တိုတို အတွင်းမှာအဆင့်ဆင့် နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းလာတယ်လို့ သူဆိုချင်တာပေါ့လေ။"

သမ္မတက ဇန်န၀ါရီ အတွက် ပြောကြားတဲ့ မိန့်ခွန်းထဲမှာ သူ့အနေနဲ့ မြန်မာ့ နိုင်ငံရေးအတွက် အားလုံးကို လမ်းဖွင့်ထား တယ်လို့ ပြောကြားခဲ့ပါသေးတယ်။ ဒါ့အပြင် ၂၀၁၄ အာဆီယံ ဥက္ကဌ ရာထူးကို ရယူမယ့် အချိန်မှာ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ဖို့ အတွက် ပြည်သူတွေ အား လိုတယ်လို့လည်း ပြောပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်ဆဲရေး စာချုပ် လက်မှတ်ရေး ထိုးနိုင်ဖို့ သူအနေနဲ့ မျှော်လင့်ချက်ကြီးကြီး ထားနေတယ်လို့ ပြောဆိုမှုတွေ ရှိခဲ့သလို၊ သူ့အစိုးရ လက်ထက်မှာ မီဒီယာတွေ နဲ့ အင်တာနက်တွေမှာ အစိုးရကို ဝေဖန်တာတွေက အစ လွတ်လွတ်လပ်လပ် လုပ်နိုင်ခွင့်တွေ ရလာတယ်ဆိုပြီးတော့လည်း ပြောဆိုခဲ့ပါတယ်။

VOA Burmese

(31 Dec 2013 ရက်စွဲပါ The India Times မှ IANS ၏ Myanmar takes up ASEAN chair ကိုဘာသာပြန်ဆိုသည်)

ယခုနှစ်သစ်တွင် မြန်မာနိုင်ငံသည် အလိုရှိနေသောအရှေ့တောင်အာရှအသင်းကြီး(အာဆီယံ)၏ ဥက္ကဋ္ဌနေရာကိုရယူ မည်ဖြစ်သောကြောင့် လာမည့် ၂၀၁၅ တွင် စီးပွားရေးအသိုက်အဝန်းတစ်ခုဖြစ်လာမည့် ၁၀ နိုင်ငံပါဝင်သောအုပ်စု ကိုဦးဆောင်ရမည်ဖြစ်ရာကမ္ဘာကြီး၏ အာရုံစိုက်မှုကိုခံရတော့မည်ဖြစ်ပါသည်။

အိန္ဒိယနိုင်ငံအတွက်မူ မြန်မာနိုင်ငံသည် ၎င်း၏အနီးကပ်ဆုံးအိမ်နီးချင်းဖြစ်ရုံမျှမကအာဆီယံနှင့် အရှေ့တောင်အာရှ တို့ဖြင့် ဆက်သွယ်ပေးသောသဘာဝကပေးသောတံတားတစ်စင်းဖြစ်ပါသည်။

အိန္ဒိယသည် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံကိုဒေသတွင်းအဖွဲ့ကြီးနှင့် ပေါင်းစည်းမှု ကို ကြိုဆိုပါသည်။ အဘယ်ကြောင့်ဆိုသော် အာဆီယံသည် စီးပွားရေးအရလုံခြုံရေးအရပူးပေါင်းဆောင်ရွက်ရာ တွင် လျင်မြန်စွာတိုးချဲ့လျက်ရှိသောကြောင့်ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ဆယ်စုနှစ်နှစ်ခုခန့် အထီးကျန်ဖြစ်ခဲ့ပါသည်။ သို့သော် ၂၀၁၁ မှစ၍ ကြီးမားသောနိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံတကာ၏ စိတ်ဝင်စားမှုကိုကြီးစွာဆွဲဆောင်ခဲ့ပါသည်။ သမ္မတဦးသိန်းစိန် အစိုးရသည် နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးခြင်း၊ မီဒီယာဆင်ဆာများဖြေလျော့ပေးခြင်းနှင့် စီးပွားရေးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကိုတံခါးဖွင့်ပေးခဲ့ပါသည်။ အာဆီယံဥက္ကဋ္ဌတာဝန်ယူခြင်းသည် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အသိုင်းအဝိုင်းသို့ ပြန်လည်ဝင်ရောက်လာသည့် သင်္ကေတပင်ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် မြန်မာအနေဖြင့် ဒီမိုကရေစီအတွက် ကတိကဝတ်များပေးခြင်းနှင့် ပြင်ပကမ္ဘာနှင့် ကျယ်ပြန့်စွာပေါင်းစည်းခြင်းအတွက် ပြသနိုင်ရန် အခွင့်အလမ်းပေြး ခင်းဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံသို့ဝင်ရောက်ခဲ့ပြီး ၂၀၀၆ ခုနှစ်ကအာဆီယံဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ရန် အလှည့်ကျခဲ့ပါသည်။ သို့သော် ၎င်း၏ဆိုးရွားလှသောလူ့အခွင့်အရေးမှတ်တမ်းများကြောင့် နိုင်ငံတကာ၏ ဖိအားပေးမှုများဖြင့် ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ရန် စွန့်လွှတ်ခဲ့ရပါသည်။ ထိုစဉ်ကဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် နေအိမ်အကျယ်ချုပ်ရှိနေပြီးအမေရိကန်နှင့် ဥရောပသမဂ္ဂတို့ကလည်းစီးပွားရေးနှင့် နိုင်ငံရေးအရအရေး ယူပိတ်ဆို့မှုများချမှတ်ထားရာ၊ နိုင်ငံအများစုကအစည်းအဝေးများကိုသပိတ်မှောက်မည်ကိုစိုးရိမ် မှုများရှိခဲ့ကြပါသည်။

ယခုအခါ ထိုကိစ္စရပ်များသည် သမိုင်းဖြစ်သွားခဲ့ပြီဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယခုလွတ်တော် ကိုယ်စားလှယ် ဖြစ်လာပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း ၂၀၁၅ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေပါပြီ။ အရေးယူ ပိတ်ဆို့မှုအားလုံးနီးပါးသည် ရုတ်သိမ်းသွားခဲ့ပြီဖြစ်ပါသည်။

ဦးသိန်းစိန်ကအောက်တိုဘာလနှောင်းပိုင်း ကပြောခဲ့သောမိန့်ခွန်းတစ်ခုတွင် ၎င်း၏အစိုးရလုပ်ဆောင်ခဲ့သော မကြာသေးမီ က ပြုပြင်ပြောင်းလဲမှုများသည် ဒေသတွင်း၌ မော်ဒယ်ပုံစံတစ်ခုဖြစ်ခဲ့ကြောင်းဆိုပါသည်။ “မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး၊ စီးပွားရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများပာာတစ်ခြားအာဆီယံနိုင်ငံများအတွက် နမူနာကောင်းတစ်ခု ဖြစ်ပါ တယ်”ပာု ၎င်းကပြောပါသည်။ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌတာဝန်ကိုအောင်မြင်အောင် ထမ်းဆောင် ရန် ကြိုးစားသွားမည်ပာုလည်းပြောဆိုခဲ့ပါသည်။

နှစ်သစ်အတွင်း မြန်မာနိုင်ငံအနေဖြင့် အဓိကဦးစားပေးအဖြစ် လမ်းပြရမည့်သုံးချက်မှာအာဆီယံစီးပွားရေးပေါင်း စည်းမှု အတွက် အရှိန်မြှင့်ရန်၊ တောင်တရုတ်ပင်လယ်တွင် တင်းမာမှုလျော့ချရန်နှင့် အာဆီယံ၏အနာဂါတ်အတွက် အစီအစဉ် ရေးဆွဲပြင်ဆင်ရန်တို့ဖြစ်ပါသည်။

သို့သော် အာဆီယံ၏ဒေသတွင်း၌ လျင်မြန်စွာပြောင်းလဲနေသောမပာာဗျူပာာဝန်းကျင်အခြေအနေကြောင့် မြန်မာနိုင်ငံသည် အရေးပါလှသောကာလတွင် အုပ်စုကြီးကိုကိုင်တွယ်ရန် အရည်အသွေးရှိပါမည်လောပာူသော သံသယ များပေါ်ပေါက်လာပါသည်။ ဒေသတွင်းတွင် အမေရိကန်၊ တရုတ်၊ ဂျပန်နှင့် အီးယူတို့သည် ၎င်းတို့၏နေရာအတွက် ပြန်လည်ထိန်းညှိမှုများကိုအားထည့်လုပ်ဆောင်နေချိန်ဖြစ်ပါသည်။

နောက်ဖိစီးရမည့်ကိစ္စရပ်များမှာ မြန်မာနိုင်ငံလက်ရှိကြုံတွေ့နေရသောစိန်ခေါ်မှုများနှင့် နိမ့်ကျနေသောအခြေခံ အဆောက်အဦးများဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ယခုနှစ်အတွင်း နိုင်ငံပေါင်း(၁၈)နိုင်ငံမှ ခေါင်းဆောင်များပါဝင်သည့် အရှေ့အာရှထိပ်သီးအစည်းအဝေးအပါအဝင် အာဆီယံအစည်းအဝေးပေါင်းများစွာကျင်းပရမည်ဖြစ်ပါသည်။

၂၀၀၂ ခုနှစ် နှစ်လယ်မှစ၍ မြန်မာနိုင်ငံ၏နိုင်ငံရေးအရအဖြစ်အပျက်များကို ပြန်လည်ဖော်ပြရမည်ဆိုလျှင် တိုင်းရင်း သား ပဋိပက္ခများနှင့် ဘာသာရေးအရအကြမ်းဖက်မှုများဖြစ်ပါသည်။ ဘာသာရေးအရအကြမ်းဖက်မှုများကြောင့် မူဆလင် အများစုသေဆုံးပြီးရာပေါင်းများစွာအိုးမဲ့အိမ်မဲ့ ဖြစ်ကြရပါသည်။

အဆိုပါ ပြဿနာများသည် အာဆီယံ၏အစီအစဉ်တွင် အရေးကြီးသောကဏ္ဍမှပါဝင်လာနိုင်ပါသည်။ အကြောင်းမှာ အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံတစ်ခုလုံးအနေဖြင့် ရိုက်ခတ်မှုများရှိခြင်းကြောင့် ဖြစ်ပါသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်းအာဆီယံဥက္ကဋ္ဌ တာဝန်ယူရခြင်းသည် မြန်မာနိုင်ငံ အတွက် ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် လူမှုစီးပွားတိုးတက်ရေးတည်ဆောက်ရာတွင် အခွင့်အလမ်းကောင်းများပေး သည်ပာု ရှုမြင်ပါသည်။ “စိန်ခေါ်မှုတွေအများကြီးရှိနေသေးတယ်ဆိုတာကို ကျွန်တော်တို့အားလုံးသဘောတူပါတယ်။ စိတ်လည်း ပူပါတယ်။ အထူးသဖြင့် ရိုပာင်ဂျာလူနည်းစုတွေပါဝင်တဲ့ ရခိုင်ပြည်နယ်မှာဖြစ်ရတဲ့ကိစ္စလိုမျိုးလူမျိုးရေးအရ အကြမ်းဖက်မှု တွေ ဖြစ်ပါတယ်”ပာု ၎င်းက ပြောပါသည်။

မြန်မာနိုင်ငံတွင် စုပြုံကျနေသောအင်အားကြီးနိုင်ငံအချို့၏ မပာာဗျူပာာအကျိုးစီးပွားများသည် ဥက္ကဋ္ဌနေရာအပေါ် လွှမ်းမိုးရန် ကြိုးစားလာမှုများရှိလာနိုင်ခြင်းကြောင့် အာဆီယံအစီအစဉ်အပေါ် မည်သို့ကိုင်တွယ်မည်ဆိုသည်နှင့် ပတ်သက် သော ၎င်း၏နိုင်ငံခြားရေးမူဝါဒဆောင်ရွက်ရန် နေပြည်တော်ကအနီးကပ်ကြည့်ရှုနေလိမ့်မည်ဖြစ်ပါသည်။ အထူးသဖြင့် အာဆီယံအဖွဲ့ဝင်အချို့နှင့် တရုတ်တို့အကြားတွင် ဖြစ်ပွားနေသောနယ်မြေအငြင်းပွားမှုကိစ္စရပ်မျိုး ဖြစ်ပါသည်။ ဥပမာဆို ရသော် ၂၀၁၂ ခုနှစ်ကကမ္ဘောဒီးယားသည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် တောင်တရုတ် ပင်လယ်ကိစ္စ မဆွေးနွေးရန် အစီအစဉ်မှ ဖယ်ရှားခဲ့ရာတရုတ်၏တောင်းဆိုမှုကြောင့်ပာုစွပ်စွဲမှုများရှိခဲ့ပါသည်။

အိန္ဒိယအတွက်လည်း မြန်မာနိုင်ငံသည် မပာာဗျူပာာကျကျ အရေးပါလှပါသည်။ မြန်မာနိုင်ငံသည် အရှေ့မြောက် ဒေသနှင့် နီးကပ်နေခြင်းနှင့် ထိုဒေသမှ သူပုန်ထမှုများကို နှိမ်နင်းရာတွင်ရှိနေသောအခန်းကဏ္ဍနှင့် ဒေသတွင်းတွင် အရေးကြီးသောမိတ်ဖက်ဖြစ်နေခြင်း၊ ဒေသခွဲပူးပေါင်းဆောင်ရွက်မှု(BIMSTEC နှင့် မဲခေါင်ဂင်္ဂါ၊ အဆိုပြု ထားသော BCIM စင်္ကြန်ပရောဂျက်)များတွင် မပာာဗျူပာာကျစွာပါဝင်နေပါသည်။ ထို့ပြင် နယ်စပ်မျဉ်းသတ်မှတ်မှု၊ ရိုပာင်ဂျာ ဒုက္ခသည် ကိစ္စဖြစ်စေသောဘာသာရေးအကြမ်းဖက်မှုနှင့် ဇူလိုင်လကဗုဒ္ဒဂါယာဗုံးခွဲမှု ချိတ်ဆက်မှုရှိနေခြင်းများတို့ကြောင့် အိန္ဒိယ အနေဖြင့် ၎င်း၏အိမ်နီးချင်းဖြင့် ဆက်ဆံရေးမြဲနေစေရန် အလွန်တရာအရေးကြီးစွာလိုအပ်နေပါသည်။

Yangonchronicle

(World War 4 Report မှ 1 Jan 2014 ရက်စွဲပါ “ Golden Triangle opium boom” သတင်းဆောင်းပါးအား ဘာသာပြန်ဆို သည်။)

မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုသည် ၂၀၁၃ တွင် ၂၆ ရာခိုင်နှုန်းတိုးကာခန့်မှန်းခြေ ၈၇၀ မက်ထရစ်တန် အထိရောက်ရှိခဲ့ သည်ဟုကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းဆိုင်ရာဌာန UNODC က နောက်ဆုံး ထုတ်ပြန်ခဲ့ သောအရှေ့တောင် အာရှ ဘိန်းထုတ်လုပ်မှုနှစ်စဉ် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၎င်းပမာဏသည် ကုလသမဂ္ဂက ၂၀၁၂ တွင် စတင်ဝင် ရောက် လှုပ်ရှားပြီးနောက်ပိုင်းအမြင့်ဆုံးဖြစ်သည်။ ၂၀၁၄ နောက်ဆုံးထား၍ ဘိန်းထုတ်လုပ်မှု ပပျောက်စေ ရမည်ဟု မြန်မာအစိုးရက ၁၉၉၉ တွင် ကတိပေးထားခဲ့သော်လည်း ၂၀၀၆ မှစ၍ နှစ်စဉ် မြှင့်တက်လာခဲ့သည်။ မြန်မာနိုင်ငံ၏ ဘိန်းပပျောက်ရေးစီမံချက်များသည် ဘိန်းကိုဦးစားပေးစိုက်ပျိုးအောင် တောင်သူများကိုတွန်းအားပေးနေသော နိုင်ငံရေးနှင့် စီးပွားရေးအကြောင်းရင်းများကိုဖြေရှင်းနိုင်ခြင်းမရှိခဲ့ဟု UNODC အစီရင်ခံစာကသုံးသပ်သည်။ ဘိန်းသို့မဟုတ် ပေါ်ပီသည် ဆန်စပါးထက် ၁၉ ဆ ပိုက်ဆံပိုရသောကြောင့် ဝေးလံခေါင်သီသောတောင်တန်းများပေါ်တွင် ရုန်းကန်နေရသော တောင်သူ များအတွက် အသက်မွေးရန် အခြားနည်းလမ်းအနည်းငယ်သာရှိသည်။

ထို့အပြင် တရုတ်အပါအဝင် အနီးတစ်ဝိုက်တိုင်းပြည်များတွင် ဘိန်းဝယ်လိုအားတက်လာသည်ဟုလည်း အစီရင်ခံစာ က ထောက်ပြထားသည်။ သို့သော်လည်းအရေးကြီးဆုံးအကြောင်းရင်းမှာမူကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေခြင်း ဖြစ်ပေလိမ့်မည်။ နိုင်ငံတကာတွန်းအားပေးမှုဖြင့် အကောင်အထည်ဖော်နေသောဘိန်းပပျောက် ရေးစီမံချက်များသည် တိုက်ပွဲအသစ်များကိုကူညီမီးမွှေးပေးဖွယ်ရှိပြီး ထို့နောက်တွင်မူအမြဲဖြစ်နေကြအတိုင်း ပြည်တွင်းစစ်က ဘိန်းကုန်သွယ်မှုကိုမီးထိုးပေးပြန်ပါသည်။ စစ်ဘုရင်များကဘိန်းရောင်း၍ စစ်တပ်ရန်ပုံငွေရှာရန်အတွက် ဈေးကောင်းကောင်း ပေးကာထုတ်လုပ်စိုက်ပျိုးမှု တက်လာအောင် မက်လုံးပေးကြသည်။ မဆုံးနိုင်သော ပြဿနာ ကွင်းဆင်းကြီးပင်ဖြစ်သည်။

ရယ်စရာကောင်းသောကိစ္စမှာအာဖဂန်နစ္စတန်တွင် ဘိန်းတိုက်ဖျက်ရေးအောင်မြင်မှုများကြောင့် ဘိန်းဈေး တက်လာခြင်း နှင့် တစ်ဖက်ကဖိလျှင် အခြားတစ်ဖက်ကဖောင်းလာသောပူဖောင်းအာနိသင်သဘောအရ မြန်မာနိုင်ငံ၌ ဘိန်းထုတ်လုပ်မှု ခုန်တက်လာနိုင်သည်ဟုကုလကျွမ်းကျင်သူများကအစောပိုင်းတွင် စိုးရိမ်ခဲ့ကြခြင်း ဖြစ်သည်။

လက်တွေ့တွင်မူ ၂၀၁၃ တွင် အာဖဂန်နစ္စတန်၏ ဘိန်းထုတ်လုပ်မှု စံချိန်တင်မြှင့်တက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ဘိန်းအထွက်လျော့စေမည့် သက်ရောက်မှုလည်းမရှိခဲ့ပေ။ မြန်မာ၊ လာအို၊ ထိုင်းသုံးပွင့်ဆိုင် ဒေသတွင် ယခုအခါ ဘိန်းထုတ်လုပ်မှု၏ ၁၈ ရာခိုင်နှုန်းထွက်ရှိသည်ဟု UNODC အစီရင်ခံစာကဆိုပါသည်။

မြန်မာ၊ လာအို၊ ထိုင်းသုံးနိုင်ငံကိုခွ၍ တည်ရှိသော ‘ ရွှေတြိဂံနယ်မြေ’ သည် ၁၉၆၀ ခုနှစ်များကအရှေ့တောင်အာရှ စစ်ပွဲများအတွင်းကမ္ဘာထိပ်တန်းဘိန်းထုတ်လုပ်သောနေရာဖြစ်လာခဲ့သည်။ သို့ရာတွင် ၁၉၈၀ ခုနှစ်များကမူဂျာဟစ်ဒင် စစ်ပွဲများအတွင်းအာဖဂန် - ပါကစ္စတန် ‘ ရွှေလခြမ်းနယ်မြေ’ တွင် ဘိန်းထုတ်လုပ်မှု မြှင့်တက်လာကာ ၊ ၁၉၉၁ တွင် အာဖဂန်နစ္စတန်ကကမ္ဘာ့အကြီးဆုံးဘိန်းထုတ်လုပ်သူသရဖူကို မြန်မာနိုင်ငံထံမှ လွဲပြောင်းယူလိုက်သည်။ ယခုအခါ နှစ်နိုင်ငံစလုံးတွင် စစ်ရှိန်မြှင့်နေသောကြောင့် ဘိန်းထုတ်လုပ်မှုသည်လည်း ကျွဲကူးရေပါ တိုးမြှင့်လျှက်ရှိပြီးကမ္ဘာတစ်ဝှမ်း မှ ဘိန်းစားများအတွက် အချိန်ကာလအတိုင်းအတာတစ်ခုအထိဘိန်းဖူလုံမှု ရှိနေပေလိမ့်မည်။

Yangon chronicle

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.