01/11/14

ဒေါ်အောင်ဆန်းစုကြည်ချင်းပြည်နယ်ခရီးစဉ်အတွက် ဟားခါးမှာ ပြည်ထောင်စုရိပ်သာမှာ အခန်း ၁၅ ခန်း ကြိုတင်ဘွတ်ခ်လုပ်ထားခဲ့တယ် လို့သိရပါတယ် ။ ဟားခါးကို ရောက်တဲ့ အချိန်မှာ ၆ ခန်းပဲ ရမယ်လို့ အကြောင်းပြန်ခဲ့ပါတယ် ။ အဲဒီပြည်ထောင်စုရိပ်သာမှာ အခန်း ၃၄ ခန်းရှိပြီး အခန်း နှစ်ခန်းမှာ နိုင်ငံခြား သားများတည်းခိုနေတယ်လို့ သိရပါတယ် ။ အခန်းတွေရှိရက်သားနဲ့ ဘာကြောင့် ဘွတ်ခ်လုပ်ထားတဲ့ ကျန်အခန်းတွေကို မပေးနိုင်ဖူးလို့ ပြောတာလဲ လို့ ဒေါ်အောင်ဆန်းစုကြည်က ချင်းပြည်နယ်ဝန်ကြီးကို မေးတဲ့အခါမှာ ၊ ကျန်တာတွေက Reserve ထားရလို့ပါလို့ ပြန်ပြောခဲ့ပါတယ် ။

ဘာအတွက် Reserve ထားတာလဲ ကြိုမှာထားလို့လား ၊ ဘယ်နိုင်ငံမှာဖြစ်ဖြစ် ကြိုမှာထားမှ Reserve ထားရတာပါ ။ ကြိုမှာထားတာမရှိရင် ရောက်လာတဲ့သူကို ဦးစားပေးရမှာပေါ့ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပြီး အဖွဲ့သားအားလုံးတစ်စုတစ်စည်းထဲ တည်းခွင့်ရဖို့ပြောခဲ့ပါတယ် ။ ဒါပေမဲ့ ဘယ်လိုမှပြောမရပဲ ၆ ခန်းပဲပေးတဲ့အတွက် သတင်းထောက်များအတွက်စီစဉ်ထားတဲ့ ချယ်ရီတည်းခိုခန်းမှာ သွားရောက်တည်းခဲ့တာဖြစ်တယ် လို့ စစ်ကိုင်းတိုင်း NLD ဥက္ကဌ ဒေါက်တာမြင့်နိုင်ထံမှသိရပါတယ် ။

ဒေါက်တာမြင့်နိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲဒီချင်းပြည်နယ်ဝန်ကြီး စကားပြောဆိုနေချိန်မှာ အနားမှာ အတူရှိနေခဲ့ပါတယ် ။ ဖြစ်စဉ်အရတော့ ဒေါ်အောင်ဆန်းစုကြည် ဖလမ်းအရောက်မှာ ၀န်ထမ်းတွေကို ဟောပြောပွဲမတက်ရဖူးလို့ တားမြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ် ။ အဲဒီမှာ ၀န်ကြီးချုပ်က ရုံးချိန်မို့ပါ လို့ ပြောခဲ့ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်က ကျမက မနက် ၈း၀၀ နာရီဟောမှာ ရုံးချိန်မဟုတ်ဖူး လို့ ပြန်ပြောခဲ့ပါတယ် ။ နောက်ပြီး ဆရာ/မတွေ ကျောင်းသားတွေ ကို ဟောပြောပွဲမသွားရလို့ တားမြစ်ထားတာကို သိရတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်က ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့ပါတယ် ။ ကျောင်းသား နိုင်ငံရေးမလုပ်လို့ နိုင်ငံရေးအလေ့အကျင့်မရှိရင် နိုင်ငံကိုဘယ်သူက ဦးဆောင်မှာလဲ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ် ။ အဲဒီနောက်မှာ ကျောင်းထဲက ကျောင်းသားတွေကို လွှတ်ပေးခဲ့တယ်လို့ သိရပါတယ် ။

ထင်လင်းဦး

အဲဒီကိစ္စတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ၀န်ကြီးချုပ်ကို သတိပေးစကားပြောခဲ့တယ်လို့ သိရပါတယ် ။ (ဟောပြောရာမှလဲ ထည့်သွင်းပြောဆိုခဲ့ပါတယ်) အဲဒီနောက်မှာ ဒေါ်အောင်ဆန်းစုကြည် ချယ်ရီတည်းခိုခန်းမှာ အဖွဲ့သားများနဲ့အတူ တစ်စုတစ်စည်းထဲ သွားရောက်တည်းခိုခဲ့ပါတယ် ။ လတ်တလောသိရတဲ့သတင်းကို တင်ပေးတာဖြစ်ပါတယ် အတူလိုက်ပါသွားတဲ့ စစ်ကိုင်းတိုင်း NLD ဥက္ကဌ ဒေါက်တာမြင့်နိုင်ထံမှ ဖုန်းသတင်းရတာဖြစ်ပါတယ် ။

ကျနော်တို့ဖက်က ၈၈ ကိုအရေးတော်ပုံလို့ပြောနေချိန်မှာ သူတို့ဖက်က ဆူပူအုံကြွမှုတဲ့

ကျနော်တို့ဖက်က တိုင်းပြည်ကိုအာဏာသိမ်းတယ်လို့ ဖွင့်ဆိုချိန်မှာ သူတို့ဖက်က တိုင်းပြည်ကို ချောက်ထဲကျဖို့ လက်နှစ်လုံးအလို လက်တစ်ဆစ်အလိုဆိုပြီး
ကယ်တင်ရှင်တဲ့ ..။

ကျနော်တို့ဖက်က စစ်မှန်သောဒီမိုကရေစီ လို့တောင်းဆိုနေချိန်မှာ သူတို့ဖက်က စည်းကမ်းပြည့်ဝသော ဒီမိုကရေစီတဲ့

ကျနော်တို့ဖက်က ကြံ့ဖွံ့လို့ ခေါ်နေချိန်မှာ သူတို့ဖက်က ပြည်ခိုင်ဖြိုးတဲ့

ကျနော်တို့ဖက်က ဒေါ်အောင်ဆန်းစုကြည်လို့ ခေါ်ဆိုနေချိန်မှာ သူတို့ဖက်က ဒေါ်စုကြည်တဲ့

ကျနော်တို့ဖက်က အနောက်တိုင်းဒီမိုကရေစီ ရဲ့အခွင့်အရေးပြည့်ဝမှုတွေကို
စံထားညွန်းဆိုနေချိန်မှာ သူတို့ဖက်က ပြည်ပအားကိုးတဲ့ ပုဆိန်ရိုးတဲ့

ကျနော်တို့ဖက်က ဒီမိုကရေစီရေးလို့ တောင်းဆိုနေချိန်မှာ သူတို့ဖက်က ဒို့တာဝန်အရေးသုံးပါးတဲ့

ကျနော်တို့ဖက်က စစ်တပ် (စစ်အစိုးရ) လို့သုံးနှုန်းနေချိန်မှာ သူတို့ဖက်က တပ်မတော်တဲ့

ကျနော်တို့ဖက်က ပြည်သူသာအမိ ပြည်သူသာအဖ လို့သုံးနှုန်းနေချိန်မှာ သူတို့ဖက်က
တပ်မတော်သာအမိ တပ်မတော်သာအဖ တဲ့

ကျနော်တို့ဖက်က ၂၀၀၈့ ဖွဲစည်းပုံကို အသစ်ရေးဆွဲဖို့ပြောနေချိန်မှာ သူတို့ဖက်က ပြင်ဖို့ပဲတိုက်တွန်းနေပါသတဲ့

ကျနော်တို့ဖက်က ဖက်ဒရယ်လို့်ပြောနေချိန်မှာ သူတို့ဖက်က အဲဒါခွဲထွက်ရေးလို့ စွပ်စွဲပြန်ရော

ကျနော်တို့ဖက်က တိုင်းရင်းသားလက်နက်ကိုင်လို့ သုံးနှုန်းနေချိန်မှာ သူတို့ဖက်က သူပုန်လို့ခေါ်ပြန်ရော

ကျနော်တို့ဖက်က ..... သူတို့ဖက်က (အရင်စကားလုံးတွေ ကြိုးညှိရဦးမယ်ထင်ပါတယ်)

စည်သူမောင်

မြောက်ကိုရီးယား ကိစ္စမျိုး လုံးဝမရှိဘူး။ အခုက ရှင်းရှင်းပြောရရင် ဓားစာခံလုပ်ထားတာ . . . ဒု-ဗိုလ်ချုပ်ကြီး တင်ဦး ရဟတ်ယာဉ် ပျက်ကျတုန်းက သူက တာချီလိတ် ရောက်နေလို့ . . . အဲဒါကြောင့် ရဟတ် ယာဉ် ပျက်ကျတဲ့အထဲမှာ မပါခဲ့တာ . . .
ဗိုလ်မှူးဟောင်း ၀င်းနိုင်ကျော် (၀ဲဘက်အစွန်) နှင့် ဗိုလ်ချုပ်ရဲမြင့် (ယခုမန္တလေး ၀န်ကြီးချုပ်)၊ ဦးစိုးသာ (ကြံ့ခိုင်ရေးပါတီဗဟို အတိုင်အပင်ခံ) တို့ကို အတူတကွတွေ့ခဲ့ရစဉ်။
မြောက်ကိုရီးယားနှင့် မြန်မာဆက်ဆံရေးကို ဖော်ထုတ်ခဲ့သည်ဟု ထင်မှတ်ခံထားရကာ စစ်အစိုးရ လက်ထက် ကနိုင်ငံတော် သစ္စာဖောက်မှု၊ အီလက်ထရွန်နစ် ပုဒ်မ စသည်တို့ဖြင့် သေဒဏ်နှင့် ထောင်ဒဏ် အနှစ်(၂၀) ချမှတ် ခံခဲ့ရသည့် ဗိုလ်မှူးဟောင်း ၀င်းနိုင်ကျော်နှင့် ပတ်သက်၍ လက်ရှိ အစိုးရသစ်ကာလ နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးလျက်ရှိရာတွင် ပါဝင် လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် တောင်းဆိုမှုများ ရှိနေသော်လည်း ယနေ့အချိန်အထိ ပြန်လည် လွတ်မြောက်ခြင်း မရှိသေးပေ။ ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသား အနည်းငယ်အနက် ပြန်လည် လွတ်မြောက်ရန် အမျိုးမျိုးသော အခက်အခဲများ ကြုံတွေ့ နေရသည့် နိုင်ငံရေး အကျဉ်းသား တစ်ဦးအနေဖြင့် ၄င်း၏မိသားစုဝင် ဇနီးသည် ဒေါ်ခင်မိုးစမ်းနှင့် မြန်မာသံတော်ဆင့်တို့ ဆက်သွယ် မေးမြန်းခဲ့ရာတွင် – …
အခု နိုင်ငံတော် သမ္မတက နိုင်ငံရေး အကျဉ်းသားတွေ၊ အရင် စစ်ထောက်လှမ်းရေးတွေကို လူသားချင်း စာနာ ထောက်ထားမှုနဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ပေးတာတွေ လုပ်နေတော့ ဗိုလ်မှူး ၀င်းနိုင်ကျော်နဲ့ ပတ်သက်လို့ ဘာများ ကြားသိရလဲခင်ဗျ။
အခု နိုင်ငံရေး အကျဉ်းသား စိစစ်တဲ့ အထဲမှာလည်း ပါထားပြီးပြီလေ။ သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ပေးတဲ့ ၁၉၅၀ ပြည့် စီမံကိန်း အက်ဥပဒေပေါ်မှာလည်း အကျုံးဝင်တယ်။  ဟိုနေ့က သတင်းတစ်ပုဒ်မှာ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ယောက် ပြောတဲ့အခါမှာ ဘာဖြစ်လို့ သူ့ကို မလွှတ်ပေးသေးတာလဲ ပြောတဲ့အခါ သူက အခြားပုဒ်မတွေနဲ့ စွပ်စွဲထားတယ်လို့ ပြောတယ်။ တခြားပုဒ်မ ဆိုတာက အီလက်ထရွန်နစ် ဥပဒေ။ အီလက်ထရွန်နစ် ဥပဒေနဲ့ ဆွဲထားတဲ့ အခြားသူတွေကိုကျတော့ အားလုံးကို ဒီပုဒ်မနဲ့ပဲ လွှတ်ပေးတယ်လေ။ အခုအထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်မှာ ဒီ အီလက်ထရောနစ်က ဘာကြောင့် မပါတာလဲ။ ဆွဲတဲ့ ပုဒ်မ ကလည်း အီလက်ထရွန်နစ်ပဲလေ။ အစ်မတို့မှာ ဘာသက်သေ ဘာတစ်ခုမှ မရှိဘဲနဲ့ကို အီလက်ထရွန်နစ် နဲ့ဆွဲတဲ့ အခါကျတော့ ဒီတစ်ခုတည်းမှာပဲ အမှုသုံးခုကို စွဲလိုက်တာ။ အမှုသုံးခုနဲ့ ပြစ်ဒဏ်သုံးခု ပေးထားတာ။ ဒီဟာတစ်ခုနဲ့ လာငြိ နေရတာလေ။ နိုင်ငံတော် သမ္မတပေးတဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နှင့် ပြစ်ဒဏ်ချမ်းသာခွင့် တွေနဲ့ဆိုရင် ဆရာဦးသိန်းညွန့် လွှတ်တော်မှာ တင်ပြလို့ ၇နှစ် ဖြစ်သွားပြီးပြီ။ အခု လွတ်ငြိမ်းချမ်းသာခွင့် နှစ်ခါမှာ ဒီပုဒ်မတွေနဲ့ဆိုရင် ချုပ်ရက်တွေနဲ့ဆိုရင် လွတ်နေပြီ။ အခုထိ မလွှတ်တာကတော့ ပုဂ္ဂိုလ်ရေး မုန်းတီး မှုကြောင့် ဒီလိုပဲ ကောက်ချက်ချတယ်။
အီလက်ထရွန်နစ် ဥပဒေနဲ့ ပတ်သက်တဲ့ ဦးဇာဂနာအပါအ၀င်  အကျဉ်းကျသူတွေ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်မြောက်လာတယ်။ ဒီတော့ အစ်မပြောသလို အငြိုးဆိုတာ မြောက်ကိုရီးယားနဲ့ မြန်မာပတ်သက်မှုတွေကို ဖွင့်ချတယ် ဆိုတဲ့အတွက် များလားခင်ဗျ။
မြောက်ကိုရီးယားနဲ့ ပတ်သက်တာလည်း သူတို့ပဲ စွပ်စွဲတာလေ။ သူတို့ လေဆိပ်က ဖမ်းခဲ့တုန်းက ဘာမှမရှိဘူး။ ပြောမယ်ဆိုရင် တမင်တကာ အကွက်ချပြီးတော့မှ ဖမ်းတာ။ အစိုးရနဲ့ ညှိနေတယ်။ အစ်မတို့က တပ်မတော်နဲ့ မညှိဘူး။ အပြစ်မရှိတဲ့ဟာကို အစ်မတို့ကို ပြစ်ဒဏ် ချပြီးတော့မှ အပြစ် လုပ်တာလေ။ နိုင်ငံခြားငွေနဲ့ ဖမ်းတယ်။ အီလက်ထရွန်နစ်နဲ့ ဖမ်းတယ်။ တမင်တကာ ဒီဟာအတွက် အကွက်ချထားပြီးသား။ အခုသူတို့ ချထားတဲ့ ပုဒ်မ တွေသည် အငြိုးအတေးနဲ့ ချထားတာ။ မြောက်ကိုရီးယား ကိစ္စမျိုး လုံးဝမရှိဘူး။ အခုက ရှင်းရှင်း ပြောရရင် ဓားစာခံ လုပ်ထားတာ။
ဗိုလ်မှူး ၀င်းနိုင်ကျော်ကို စတင်ဖမ်းဆီးတဲ့ အချိန်နဲ့ အခု ဘယ်နှနှစ်လောက် ကြာသွားပြီလဲ ခင်ဗျ။
၅ နှစ် နီးနီးရှိပြီ။ လျှော့ရက်တွေဆိုရင် လွတ်နေပြီ။ သမ္မတရဲ့ လေးပုံတစ်ပုံ လျှော့ရက်တွေနဲ့ဆိုရင် လွတ်နေပြီ။ အီလက်ထရွန်နစ်က ၁၅ နှစ်ကနေ ၇ နှစ်ဖြစ်သွားပြီဆိုရင် လွတ်ပြီ။
စတင် ဖမ်းဆီးခံရစဉ်က ဖြစ်ပျက်ပုံကို ပြောပြပေးပါဦးခင်ဗျ။
အစ်မယောက်ျားက ကမ္ဘောဒီးယားမှာ ပဋိပက္ခ ဖြေရှင်းရေးကို ၂ နှစ်တက်ပြီးတော့  အဲဒီက ပြန်လာချင်း လေဆိပ်က ဆိုက်ရောက် မလုပ်ချိန်ကတည်းက အဖမ်းဆီးခံရတာ။ ပြည်ပ၀င်ခွင့် မလုပ်ခင်မှာဘဲ အဖမ်း ခံရတယ်ဆိုတော့ ပြည်ပတစ်ယောက် အနေနဲ့ပဲ ရှိဦးမယ်။ အစ်မတို့ လက်ထဲမှာ နိုင်ငံခြားငွေ ဆိုတာရှိမယ်။ အဲဒီ နိုင်ငံခြား ငွေနဲ့ပဲ အမှုစဖွင့်တာ။ အဲဒီပိုက်ဆံကို ဘယ်မှာမှ မဖျက်ရသေးဘဲနဲ့ ဆိုက်ရောက်ရောက်ချင်းပဲ နိုင်ငံခြားငွေနဲ့ အစ်မတို့ကို စဖမ်းလိုက်တယ်။ အဲဒီမှာတင် နိုင်ငံခြားငွေ၊ အီလက်ထရွန်နစ်ရယ် စဆွဲတယ်။ အဲ ဒီမှာ လက်မှတ် အတင်းထိုးခိုင်းပြီးတော့ ပုဒ်မလေးခုတောင် စွဲလိုက်တာ။ အားလုံးပေါင်းကတော့ နှစ် ၂၀၊ သေဒဏ်ပေါ့။  အီလက်ထရွန်နစ် စဆွဲပြီးတော့ ၁၅ နှစ်ချတယ်။ ပဋိပက္ခ ဖြေရှင်းရေးကို သူသင်တန်း တက်နေတဲ့အတွက် တိုင်းရင်းသား ဒေသတွေရဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ အဲဒါတွေနဲ့လည်း မငြိဘူး။ ပုဒ်မထဲမှာ အစိုးရ စာရွက်စာတမ်းတွေကို ယူဆောင် သွားတာတွေလည်းပါ တယ်လေ။ အဟောင်းတွေကို ပြန်ဖော်ပြီးတော့ ပြစ်ဒဏ်ချတာလေ။
ဗိုလ်မှူးဝင်းနိုင်ကျော်ကို ဖမ်းဆီးစဉ် ကာလက အမှုတွဲတွေထဲကရော လွတ်လာတာ ရှိသေးလားခင်ဗျ။
အမှုတွဲတွေနဲ့  သုံးယောက် ကျန်သေးတယ်။ နိုင်ငံရေး အကျဉ်းသား အဖွဲ့ကနေပြီး စိစစ်ပြီးတော့ အီလက်ထရွန်နစ်နဲ့ စွဲခံထားရတဲ့ သူတစ်ဦးဆို အမှုတွဲထဲကဆို လွတ်သွားပြီ။ လွတ်ငြိမ်းချမ်းသာခွင့်မှာ တကယ်ပေးမယ်ဆိုရင် အစ်မတို့က လွတ်သွားပြီ။ သူတို့ ဘာမှ ကန့်သတ်စရာကို မရှိတော့ဘူး။ အခုက အငြိုးနဲ့ပဲ စွပ်စွဲထားတယ်လို့ ထင်တယ်။
ဗိုလ်မှူးဝင်းနိုင်ကျော် တပ်မတော်မှာ ဘာတာဝန်တွေများ ထမ်းဆောင်ခဲ့လဲခင်ဗျ။ သူ့ရဲ့ အထက်အရာရှိက ဘယ်သူများလဲခင်ဗျ။
ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦး(အတွင်းရေးမှူး-၂)ရဲ့ အနားမှာ ကိုယ်ရေးအရာရှိ အဖြစ်နဲ့ တာဝန်ယူခဲ့တာ။
ရဟတ်ယာဉ် ပျက်ကျစဉ်အထိလား။
ဟုတ်တယ် ပျက်ကျစဉ်အထိ။ ဗိုလ်ချုပ်ကြီးတင်ဦး ရဟတ်ယာဉ် ပျက်ကျတုန်းက သူက တာချီလိတ် ရောက်နေလို့။ နယ်နိမိတ်တိုင်းတဲ့ဆီ ၄၅ ရက် ပါသွားတာ။ အဲဒါကြောင့် ရဟတ်ယာဉ် ပျက်ကျတဲ့အထဲမှာ မပါခဲ့တာ။
ဗိုလ်ချုပ်ကြီးတင်ဦး ရဟတ်ယာဉ် ပျက်ကျပြီး ဘယ်နှနှစ်လောက် အကြာမှာ ခုလိုဖြစ်တာလဲ။
ဗိုလ်ချုပ်ကြီးတင်ဦး ရဟတ်ယာဉ် ပျက်ကျပြီး တစ်နှစ်လောက်နေတဲ့အချိန်မှာ  ဆရာသမားလည်း မရှိတော့ဘူး ဆိုတော့ အရပ်ဘက်ကို ပြောင်းလိုက်တာ။ အရပ်ဘက်ဌာနက အမျိုးသား စီမံကိန်းနဲ့ စာရင်းအင်းဌာနမှာ အစ်မ အမျိုးသားက နိုင်ငံခြား စီးပွားဆက်သွယ် UNDP ဌာနပေါ့။ UNDP မှာ အစ်မအမျိုးသားက ဒုတိယညွှန်ကြား ရေးမှူးနဲ့ တာဝန် ထမ်းဆောင်နေတာ။ အဲဒီမှာ လေးနှစ် တာဝန်ထမ်းဆောင်ပြီးတော့မှ ထွက်လိုက် ပြီးတော့မှ အဲဒီတုန်းက ပဋိပက္ခ ဖြေရှင်းရေး ဆိုတဲ့ဟာ အင်္ဂလန် ကနေပြီးတော့ စကောလားရှစ်ကို ရတော့မှ အဲဒီမှာ သွားတက်တာ အစ်မအမျိုးသားက။
ဗိုလ်ချုပ်ကြီးတင်ဦး ရဟတ်ယာဉ် ပျက်ကျပြီးတော့ ဘယ်နှနှစ်အကြာမှာ ဗိုလ်မှူးဝင်းနိုင်ကျော်ကို အခုလိုမျိုး ဖမ်းဆီးမှု လုပ်တာလဲခင်ဗျ။
ဆယ်နှစ်လောက်ကြာမှဖြစ်တာ ဒီဇာတ်လမ်းက။
နောက်တစ်ခုပေါ့လေ ဗိုလ်မှူးဝင်းနိုင်ကျော် အဖမ်းခံရပြီး နောက်ပိုင်းပေါ့လေ မိသားစုအနေနဲ့ ဘယ်လို အခက်အခဲ တွေနဲ့များ ရင်ဆိုင်ခဲ့ရတာ ရှိလဲခင်ဗျ။
အစ်မအမျိုးသား စအဖမ်းခံရတဲ့ အချိန်မှာတော့ အခုနကလိုမျိုးပေါ့ အစ်မ အမျိုးသားကို ဖြောင့်ချက် ပေးခိုင်းတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့။ SB တို့ သတင်းတပ်ဖွဲ့ တွေကနေပြီးတော့ ထုတ်ထားတဲ့ဟာတွေ အကုန်လုံးကို အစ်မ အမျိုးသားကို ဖြောင့်ချက်ပေးခိုင်းတာ။ ဖြောင့်ချက် တကယ်လို့မှ မပေးဘူးဆိုရင် မိဘတွေကို ပေါ့နော်၊ မိဘတွေဆိုရင် အသက်ရှစ်ဆယ်ကျော်ပြီ၊ အခု အမေဆိုရင် ၈၉ နှစ်ကျော်ပြီ။ အဖေဆိုရင် လည်း ၈၁ လောက်ဖြစ်နေပြီ။ ဒါတွေ အစ်မတို့ မိသားစုတွေ အကုန်လုံးကို ခေါ်ယူ စစ်ဆေးမယ် ဆိုပြီးတော့ ခြိမ်းခြောက် တယ်ပေါ့နော်။ အဲလို လုပ်ပြီးတော့မှ အစ်မအမျိုးသားကို လက်မှတ်ထိုးခိုင်းတာ။ ဒီဟာနဲ့ပတ် သက်ပြီးတော့ ဗိုလ်မှူး ဘာမှမကျဘူး၊ နှစ်နှစ်ပဲကျမယ် ဆိုပြီးတော့ ခြိမ်းခြောက်ပြီးတော့ လက်မှတ် ထိုးခိုင်းပြီးတော့မှ သူတို့ အချင်းချင်း တရားသူကြီးရှေ့မှာ သူတို့ လိုချင်တဲ့ ပုံစံအတိုင်းပဲ ဘောင်သွင်းပြီးတော့မှ နှုတ်တိုက် ကျက်ခိုင်းတယ်၊ အလွတ်ကျက်ခိုင်းတယ်၊ အဲလို ကျက်ခိုင်းပြီးတော့မှ သူတို့လိုချင်တဲ့ ပုံစံအတိုင်းကို တရားသူကြီးတွေရှေ့မှာ ဖြောင့်ချက်ပေးရတာပေါ့နော်။ ဆိုရတယ်၊ ပြောရတယ်၊ မှားနေရင်ပြင် အဲလိုမျိုး အလီလီ အခေါက်ခေါက် လုပ်ပြီးတော့မှ အစ်မအမျိုးသားကို ပုံစံချပြီးတော့မှ ဖြောင့်ချက်ပေးခိုင်းတာ။ အဲလိုမျိုး ဖြောင့်ချက် မပေးဘူးဆိုရင် မိသားစုတွေကို ခေါ်ယူ စစ်ဆေးမယ် အဲလိုမျိုး ခြိမ်းခြောက်တယ်။ အစ်မ ယောက္ခမ ဆိုရင်လည်း ဒီစိတ်နဲ့ ဆုံးသွားရတာ။ အမေဆိုရင်လည်း အခုထက်ထိ အသက်ရှင်တုန်းပဲ ရှိသေးတယ်၊ မနေ့ တစ်နေ့ကအထိ သူ့သားကို ထောင်ဝင်စာ သွားတွေ့နေတုန်းပဲ အသက် ၈၉ နှစ်ရှိပြီ။ အစ်မတို့မှာ အခက် အခဲတွေ အများကြီး ရှိတာပေါ့နော်။ မိသားစုတွေ ဆုံးရှုံးရတယ်။ အဖေဆိုရင်လည်း အသက် ဆုံးရှုံးရတယ်။ အကြိမ်ကြိမ်အခါခါ သမ္မတဆီကို အသနားခံစာ တင်တယ်။ လူသားချင်း စာနာသော အနေနှင့်။ ဒါပေမဲ့လည်း တခြားသူတွေ လွတ်တာတောင်မှ အခုထက်ထိ လွတ်ငြိမ်း ချမ်းသာခွင့်ထဲမှာ ၁၉၅၁ ဆိုပြီးတော့ ပါရဲ့သားနဲ့၊ အစ်မတို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးရဲ့သားနဲ့ လူကို မလွတ်ဘူး။ အမိန့်သာ ထွက်လာတာ လူကို မလွတ်ဘူးလေ။
ဒီလအတွင်းမှာ လုပ်မယ့် နိုင်/ကျဉ်း ကော်မတီက ဆွေးနွေးပွဲမှာ ဗိုလ်မှူးဝင်းနိုင်ကျော် အပါအ၀င်ပေါ့လေ အကျဉ်းထောင်ထဲမှာ ကျန်ရှိနေသေးတဲ့လူတွေ လွတ်မြောက်ရေးအတွက် ဆွေးနွေးသွားမယ်လို့ သိရတယ်။ အစ်မတို့ ဘက်ကနေရော သမ္မတဆီကို ဒီအတောအတွင်းမှာ ထောက်လှမ်းရေးတွေကို လွှတ်လိုက်သလိုမျိုး လူသားချင်း စာနာ ထောက်ထားမှု အနေနဲ့ ဗိုလ်မှူးဝင်းနိုင်ကျော်ကို လွှတ်ပေးဖို့ ထပ်ပြီးတော့ အသနားခံစာ တင်ဖို့ရှိလား ခင်ဗျ။
အဲလိုတော့ရှိပါတယ် ဘာဖြစ်လို့လဲ ဆိုတော့ အစ်မတို့လည်း အကြိမ်ကြိမ် အခါခါ တင်နေတာပဲလေ။ ခုန ပြောသလိုပေါ့ သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ထဲမှာ အစ်မတို့ပါတယ်။ ပါရဲ့သားနဲ့ မလွတ်လာတဲ့အတွက် အစ်မတို့ကတော့ အသနားခံစာ တင်သွားမှာပါပဲ။

မြန်မာသံတော်ဆင့်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ ဇန်န ၀ါရီ ၈ရက်နေ့မှာ ထူးခြားတဲ့ဆုံးဖြတ် ချက်တစ်ခုကို ကစားသမားတွေကို အသိပေး ခဲ့ပါတယ်။ ဒါကတော့ လက်ရွေးစင်အသင်း နဲ့ သက်တမ်းအလိုက်ပြိုင်ပွဲတွေ မှာ အောင် မြင်မှုမရ တာကြောင့် ကစားသမားတွေကို လစာငွေကန့်သတ်ခဲ့တာပါပဲ။ ဒါဟာ ပရော် ဖက်ရှင်နယ်ဆိုတဲ့လမ်းမှာသွားနေတဲ့ ဘော လုံးပြိုင်ပွဲတစ်ပွဲမှာ မဖြစ်သင့်တဲ့ကိစ္စပါ။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကတော့ ဒီအစည်းအဝေးမှာ ဂျပန် နိုင်ငံမှာ ပရော်ဖက်ရှင်နယ်လိဂ်စတင်ပြီး လေး နှစ်လောက်အကြာမှာ အခုလိုမျိုး လစာကန့် သတ်မှုတွေ ပြုလုပ်ခဲ့ရဖူးတယ်ဆိုပြီး ကစား သမားတွေကို ပြောခဲ့တယ်။ ဒါ့အပြင် ဦးဇော် ဇော်က

““ဘောလုံးအဖွဲ့ချုပ်အပါအဝင် ကလပ် အသင်းပိုင်ရှင်တွေဟာ လက်ရွေးစင်အသင်း အဆင့်ဆင့်မှာ အောင်မြင်မှုရရှိဖို့အတွက် ဘောလုံးကို ချစ်တဲ့စိတ်နဲ့ ငွေကုန်ကြေးကျခံပြီး လုပ်ဆောင်ခဲ့ကြတယ်။ ဒါပေမဲ့ အခုအချိန် အထိ နိုင်ငံတကာပြိုင်ပွဲတွေမှာ ထိုက်တန်တဲ့ အောင်မြင်မှု မရရှိသေးဘူး။ ကစားသမားတွေ ကလဲ ကိုယ်ရထားတဲ့ ခံစားခွင့်နဲ့ညီမျှတဲ့ကြိုး စားအားထုတ်မှုမျိုးမရှိခဲ့တာကို တွေ့ရတယ်”” ဆိုပြီး ပြောခဲ့တယ်။

ကစားသမားတွေအနေနဲ့ အကောင်းဆုံး မပေးဆပ်ဘူးဆိုတာကတော့ လက်ခံနိုင်တဲ့ သုံးသပ်ချက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဘော လုံးကို ချစ်တယ်ဆိုတဲ့နေရာမှာတော့ ကစား သမားတွေက အသင်းပိုင်ရှင်တွေ ၊ ဘောလုံး အဖွဲ့ချုပ်က တာဝန်ရှိသူတွေထက် ဘောလုံး ကို ပိုမချစ်ဘူး ဆိုရင်တောင် သူတို့ရဲ့ ဘောလုံး ချစ်စိတ်တွေက မလျှော့ပါဘူး။ လက်ရှိဘော လုံးသမားတွေထဲက အများစုဟာ မြန်မာနေ ရှင်နယ်လိဂ်ဆိုတာကြီး ဘယ်ဆီမှာမှန်း မသိ ခင်ကတည်းက ဘောလုံးနဲ့ အသက်မွေးခဲ့ကြ တဲ့သူတွေပါ။

ဒီအချိန်မှာ ကျွန်တော်တို့ရင်ကို မသိ ပါဘူးဆိုတဲ့စကားတစ်ခွန်းနဲ့ ခွဲသွားခဲ့တဲ့ ပတ် ဆောင်ဟွာရဲ့စကားတစ်ခွန်းကို သွားပြီးသတိရ မိတယ်။

ဘောလုံးအဖွဲ့ချုပ်၊ ပရိသတ်တွေနဲ့ မီဒီယာတွေအားလုံးဟာ ကိုယ့်ရဲ့လက်ရှိအ ဆင့်အတန်း ကို သိသင့် တယ်လို့ပြောခဲ့တယ်။ ကျွန်တော်တို့ရဲ့လက်ရှိဘောလုံးအဆင့်အတန်း နဲ့ လာမယ့်သုံးနှစ်လောက်အတွင်း ဘယ် ပြိုင်ပွဲမျိုးတွေမှာ ချန်ပီယံဘွဲ့ ကို ရယူနိုင်မှာလဲ။ ကျွန်တော်တို့အနေနဲ့ အရင်က လာအိုတို့ ဖိလစ်ပိုင်တို့ကို အလွယ် တကူ အနိုင်ယူနိုင်ခဲ့ တယ်။ ဒါပေမဲ့ ကျွန်တော်တို့က ရပ်နေခဲ့ကြ တယ်။ ပြိုင်ဘက်တွေက ရှေ့ကိုပြေးနေတယ်။ ဒီတော့ သူများတွေနည်းတူ အောင်မြင်မှု ရရှိဖို့ကို လမ်းစရှာရာ မှာ ကစားသမားတွေ ကို လစာကန့်သတ်တယ် ဆိုတာဟာ လမ်းကြောင်း မှန် မဟုတ်ပါဘူး။ အဲဒီ့အစည်းအဝေးမှာတော့ ကစား သမားတွေအားလုံးက လစာငွေ လျှော့ယူဖို့ မတ်တတ်ရပ်ပြီး ထောက်ခံခဲ့ ကြတယ်။ အမှန် ကတော့ ဘောလုံး အဖွဲ့ချုပ်က ကစားသမား တွေကို ဆန္ဒပြုခိုင်းတာပါ။ ဒါပေမဲ့ ဆန္ဒပြု ခိုင်းတဲ့ပုံစံက အဆန်းဖြစ်နေခဲ့တယ်။ အမှန်ဆို ရင် ဘောလုံးအဖွဲ့ချုပ်နဲ့ ကလပ်အသင်းတွေက ဒီလိုစီစဉ်ထားတယ်။ သဘောတူ၊ မတူကို ဆန္ဒမဲထည့်ခိုင်းပြီး မဲအနည်း အများကို ကြည့်ပြီး လစာငွေကန့်သတ်တာကို စဉ်းစား သင့်တာပါ။ လုပ်သွားတဲ့ပုံစံကိုတော့ အကြိုက်တွေ့ မိပါတယ်။ စီစဉ်ထားတဲ့ အစီအစဉ်ကိုသ ဘောတူတဲ့သူ မတ်တတ်ရပ်ကြပါ။ မတူတဲ့ သူကတော့ ထိုင်နေပါလို့ပြောပြီး ဆန္ဒတောင်း ခံတယ်။ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဌ၊ ကိုယ် ကစားနေတဲ့ ကလပ် အသင်းပိုင်ရှင်တွေ ရှေ့ မှာရှိနေတာကို ဘယ်ကစားသမားက မထဘဲ နေရဲမှာလဲ။ နဂိုကတည်းက အကြောက် တရားတွေ ကိန်းအောင်း နေတတ်တဲ့ မြန်မာ လူမျိုးတွေရဲ့ စိတ်ဓာတ်ကိုအမိအရ ဆုပ်ကိုင် လိုက်တာပါပဲ။အစည်းအဝေးဆိုပေမယ့် အစည်း အဝေးလိုမျိုးမဟုတ်ခဲ့ဘဲ ဘယ်လိုစီစဉ်ထား တယ်၊ ဘာတွေလုပ်မယ်ဆိုတာကို အသိပေး တဲ့ပုံစံမျိုးဖြစ်နေတယ်။

ကျွန်တော်တို့အမြင်မှာတော့ ဒီလိုလစာ ထိန်းချုပ်တယ်ဆိုတာဟာ မြန်မာနေရှင်နယ် လိဂ် မစခင်က တည်းက လုပ်ခဲ့သင့်တာပါ။ ပေးချင်တဲ့အချိန်မှာ အတိုင်းအဆမရှိပေး ပြီး မပေးချင်တော့တဲ့အချိန်မှာတော့ လစာ ငွေတွေကို ကန့်သတ်တာဟာ နောက်ပြန် လည်နေတဲ့ ဘီးတစ်ဘီး လိုဖြစ်နေပါတယ်။ နောက်တစ်ခုက ကလပ် အသင်း တွေမှာ မလိုလားတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာစေပါ တယ်။ ပြည်ပကစားသမားမရှိတဲ့ အသင်း တွေဆို အကြောင်းမဟုတ်ပေမယ့် ပြည်ပ ကစားသမားတွေရှိတဲ့ အသင်းမှာတော့ ပြဿနာတွေ ရှိလာနိုင်တယ်။ မြန်မာ နေရှင်နယ်လိဂ် မှာ လာကစား ကြတဲ့ ပြည်ပကစားသမားတွေထဲမှာ ပြည် တွင်း ကစားသမားတွေထက် ခြေစွမ်းသာ တယ်လို့ ပြောလို့ရတဲ့သူက လက်ချိုးရေလို့ ရပါတယ်။ ဒီအချိန်မှာ ပြည်တွင်း ကစားသမား တွေက ၁ဝသိန်းလောက်ရပြီး သူတို့တွေက သိန်း၄၀ လောက်ရနေရင် ပြည်တွင်းကစား သမားတွေအတွက် နစ်နာရသလို တာဝန်ယူ ချင်စိတ်တွေလည်း ပျောက်ဆုံးလာနိုင်ပါတယ်။ အသိသာဆုံးအချက်ကို ထောက်ပြရမယ် ဆိုရင် ပြီးခဲ့တဲ့ရာသီမှာ မကွေးအသင်းဟာ ပြည်ပကစား သမားလေးယောက် ခေါ်ယူခဲ့ပေ မယ့် ပြည်တွင်းကစားသမားတွေရဲ့ အားနဲ့ပဲ အဆင့်တစ်ခုမှာ ရပ်တည်နိုင်ခဲ့တာပါ။နောက်တစ်ချက်က ၂၂ယောက်ပဲ ကစားပြီး ရှုံးနိမ့်ခဲ့ရတဲ့ ပြိုင်ပွဲကြောင့် ကျန်တဲ့ ဘောလုံးသမားအကုန်လုံး ထိခိုက်သွား တာက တော့ မဖြစ်သင့်ပါဘူး။ မြန်မာ့လက်ရွေးစင်အသင်း အုပ်ချုပ်သူ ဟောင်းဖြစ်သူ ဦးခင်မောင်ကြိုင်ကလည်း ““ပြည်ပ ကစားသမားတွေကို လစာမထိန်းချုပ် ဘဲ ပြည်တွင်းကစားသမားကို လစာထိန်းချုပ် ပြီး ကစားခိုင်းရင် ပြည်ပ ကစားသမား တွေက ထိပ်မှာထားပြီး ပြည်တွင်းကစားသမားတွေ ကို သတ်သလိုမျိုး ဖြစ်နေလိမ့်မယ်။

အခုလို မျိုးထိန်းချုပ်ဖို့ မြန်မာနေရှင်နယ်လိဂ်စတင် ကတည်းက စီစဉ်ထားရင် အကြောင်းမ ဟုတ်ပေမယ့် အခုအချိန်မှာ ထိန်းချုပ် ဖို့ပြင် တာက ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ပရော်ဖက် ရှင်နယ်မပီသတဲ့ အဖွဲ့ချုပ်ပုံစံမျိုးဖြစ်နေတယ်။ ကလပ် အသင်းပိုင်ရှင်တွေက ဆီးဂိမ်းမှာ မြန်မာအသင်း မအောင်မြင်ခဲ့တဲ့အတွက်ကစား သမားတွေကို ခိုင်းဘက်လိုသဘောမျိုးထား ပြီး လစာထိန်း ချုပ်ချင် တာကို ဘောလုံး အဖွဲ့ချုပ်က လိုက်ပြီးစည်းရုံးပေးသလိုမျိုးပဲ။ အဖွဲ့ချုပ် အနေနဲ့ ကစားသမားတွေရဲ့စိတ်နေ သဘောထားကို မြှင့်တင်ပေးရမယ်။ လစာ ထိန်းချုပ်ရုံနဲ့တော့ မြန်မာနေရှင်နယ်လိဂ်မှာ ပြည်တွင်း ကစားသမား တွေ ခြေစွမ်း တက်မလာ ပါဘူး။ မြန်မာနေရှင်နယ်လိဂ်ကို ပရိသတ် စိတ်ဝင်စား လာအောင်ဆိုရင် ပွဲကောင်းတွေ ဖြစ်ဖို့ အရင်ဆုံး ကြိုးစားရမယ်။ ပွဲစဉ်တိုင်း က အကြိတ်အနယ်ရှိဖို့ လိုပါတယ်။ လစာ ထိန်းချုပ်တာတွေ၊ စီမံခန့်ခွဲမှု ညံ့ဖျင်း တာတွေ ကို ပရိသတ်က စိတ်မဝင်စားပါဘူး။ ဘောလုံး အဖွဲ့ချုပ် အနေနဲ့ ပတ်ဆောင်ဟွာဒေါ်လာ တစ်သိန်းလောက်ရချိန်မှာ ပြည်တွင်း နည်း ပြက ၁ဝသိန်းတောင် မရတဲ့အတွက် ဆီးဂိမ်း မှာ ရင်နာစရာတွေ ဖြစ်ခဲ့ပြီးပါပြီ။ ဘောလုံး လောက အောင်မြင်ချင်ရင်တော့ အဖွဲ့ချုပ်ရဲ့ စီမံအုပ် ချုပ်မှု ညံ့ဖျင်းတဲ့ အပိုင်းကိုပဲ အရင် ဆုံး ပြင်ဆင်ရမှာပါ”” ဆိုပြီး ထင်မြင်ချက်ပေးခဲ့ ပါတယ်။ အခုဆိုရင် မြန်မာဘောလုံးလောကမှာ ဘောလုံးအကယ်ဒမီတွေ ထွက်ပေါ် နေပါပြီ။လူငယ်ကစားသမားတစ်ယောက်အတွက် တစ်သိန်းကနေ သုံးသိန်းရမယ်ဆိုတဲ့ အခွင့် အရေးဟာ နည်းတယ်လို့ မဆိုနိုင်ပေမယ့် ဘောလုံးသမားတစ်ယောက်အတွက် ဝင်ငွေ ရှာနိုင်မယ့်အချိန်ဟာ ကန့်သတ်ချက်ရှိနေ တယ်။ ဒီတော့ သူ့အနေ နဲ့ လက်ရွေးစင် ဖြစ်ခဲ့ရင်တောင် လစာက၁ဝသိန်းထက် ပိုမရနိုင်ဘူးဆိုရင် မိဘတွေကလည်း ဘော လုံးကစားချင်တဲ့ ကလေးတွေကိုပေးမကစား တော့ဘဲ အရင်ကလိုမျိုး ပညာရေးနဲ့စီးပွား ရေးဘက်ကိုပဲ ဦးတည်ခိုင်းပါလိမ့်မယ်။ ဒီလိုဆို ရင် ကျွန်တော်တို့ ဆီမှာ အကယ်ဒမီဘယ် လောက်ပဲရှိရှိ မျိုးဆက်ပျက်တဲ့ဒဏ်ကို ထပ်ပြီး ခံရဦးမှာပါ။ ဘောလုံးမှာ ဘာမဆို ဖြစ်သွားနိုင်တယ် လို့ ပြောကြပေမယ့် ဘာမဆိုဖြစ်နိုင်ဖို့က လည်း အာဏာရှိရုံ၊ ငွေကြေးရှိရုံ၊ လူအင်အား များရုံနဲ့ လုပ်လို့မရပါဘူး။ ကောင်းမွန်တဲ့စီမံ ခန့်ခွဲမှုတွေ၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ဖို့က အရေးကြီးပါတယ်။ လက်ရှိမြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတ်မှတ်လိုက်တဲ့ ပြည်တွင်းကစားသမား တွေကို လစာထိန်းချုပ်ခြင်းဟာ မြန်မာ့ ဘော လုံးလောကကို လမ်းကြောင်းမှန်ကို ရောက် စေမှာလား ဆိုတာကိုတော့ . . .

.ညီမိုဃ်း ၊ ညီသစ်လူ
http://www.yangonmedia.com

“ဦးအောင်သောင်း အခုပြောတာဟာ နိုင်ငံရေးကျင့်ဝတ်မရှိတဲ့၊ နိုင်ငံရေး ယဉ်ကျေးမှု မရှိတဲ့သဘော”

ခင်ဗျားတို့ကော ဘယ်လိုလုပ်ခဲ့လဲ။ တိုင်းပြည်က ပိုက်ဆံတွေကို ကိုယ်ကျိုးအတွက် ခိုးဖို့ဝှက်ဖို့လုပ်၊ သိုလှောင်ထားပြီး ချမ်းသာနေတာ မဟုတ် လား။  ခင်ဗျားတို့ ပိုင်ဆိုင်မှုတွေ ထုတ်ပြနိုင်သလား။ အဲသလို ယှဉ်ပြီးမေးရင် သူတို့ဘယ်လိုဖြေမလဲ . . .
 

မြန်မာသံတော်ဆင့် အပတ်စဉ်သတင်း အတွဲ-၂၊ အမှတ်(၄၃)တွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းနှင့် နိုင်ငံရေးဆွေးနွေခြင်း”” ခေါင်းစဉ်ဖြင့် နိုင်ငံရေး တွေ့ဆုံမေးမြန်းခန်း တစ်ရပ် ကို ဖော်ပြခဲ့သည်။ ထိုတွေ့ဆုံ မေးမြန်းခန်းတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက ““တကယ်တော့ လက်ရှိ အနေအထားအရ ကြည့်မယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီက အင်အား နည်းနည်း တောင့်တင်းတဲ့ သဘောရှိတာပေါ့။ NLD ဆို ဒေါ်စုကြည်ပဲ ရှိတယ်။ နောက်လိုက် သိပ်မရှိဘူး။ အာဃာတတွေနဲ့ လက်စားချေလိုတဲ့ နိုင်ငံရေးသမား၊ အာဃာတကို ဖော်ဆောင်နေ တဲ့ နိုင်ငံရေးသမား၊ မကျေနပ်ချက်ကို အခြေခံပြီး ဖြစ်လာတဲ့ နိုင်ငံရေးသမား၊ အခွင့်အရေးများ ရမလား ဆိုပြီးတော့ ၀င်လာတဲ့ နိုင်ငံရေးသမား ဖြစ်နေတယ်။။ တကယ့်နိုင်ငံရေးကို နားလည် ယုံကြည်ပြီးတော့ NLD  ရဲ့ လမ်းစဉ် မူဝါဒတွေ ကောင်းတယ်၊ အဲဒါတွေသာ တိုင်းပြည်ကြီး တည်ဆောက်လို့ ရတယ်၊ အလွန်ကောင်းမှာပဲ၊ ချမ်းသာသွားမှာပဲ၊ အောင်မြင် သွားမှာပဲ၊ ကမ္ဘာကလည်း လက်ခံမှာပဲဆိုတဲ့ ဒီလိုအမြင် နဲ့က နည်းတယ်”” …ဟု ပြည်ခိုင်ဖြိုးပါတီနှင့် အဓိက ပြိုင်ဘက်ပါတီအဖြစ် တည်ရှိနေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်( NLD )ကို ဝေဖန် ပြောကြားခဲ့သည်။ ထိုပြောကြားချက် နှင့်အတူ ပါတီနှစ်ရပ်ကြား ခေါင်းဆောင်များ၏ လက်ရှိ ဆက်ဆံမှု အနေအထား၊ နှစ်ဖက် အင်အားစုများ၏ ယခင် ရပ်တည်မှု အနေအထားများအရ စဉ်းစားဝေဖန် သုံးသပ်စရာကိစ္စရပ်များစွာ ထွက်ပေါ် လာခဲ့သည်။ ထိုကြောင့် ဦးအောင်သောင်း၏ ယင်းပြောကြားချက် အပါအ၀င် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်းသည့် ပြောကြားချက်များအပေါ် သုံးသပ်ချက် တစ်ရပ်ကို မြန်မာသံတော်ဆင့်မှ ထပ်မံ တင်ပြ လိုက်ရပါသည်။ ဦးအောင်သောင်း ဝေဖန် ပြောကြားခဲ့သည့်  NLD ပါတီ၏ စတင် ထူထောင်စဉ်ကပင် ခေါင်းဆောင် တစ်ဦးအနေဖြင့် အခရာကျကျ ပါဝင်ခဲ့သူ၊ ယနေ့အချိန်အထိ၏ ဖြစ်စဉ်များတွင် ဦးဆောင် လမ်းညွှန်သူ တစ်ဦးဖြစ်သူ၊ NLD ပါတီတွင်း၌ပင် မူဝါဒပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများ ဖြစ်ပေါ်လာလျှင် မထောက် မညှာ ဝေဖန်သုံးသပ်မှု ပြုတတ်သူ၊ NLD ပါတီ သဘာပတိ အဖွဲ့ဝင် ဟံသာဝတီဦးဝင်းတင်၏ သုံးသပ်မှုများမှာ -
မူအကြောင်း၊ လူအကြောင်း
ဦးအောင်သောင်း ပြောတာဟာ  ပါတီတစ်ခုနဲ့ ပါတီတစ်ခု မူဝါဒတွေအရ ပုတ်ခတ်တယ်၊ ဆန့်ကျင်ပြောတယ်။ အတင်းချ ပြောတယ် ဆိုတာမျိုး ဆိုရင်တော့ ဒါကပြောလို့ရတယ်။ မူဝါဒတွေ မတူဘူးလေ။ သူ့ ပါတီက လုပ်တဲ့ ဟာကတော့ ကောင်းကျိုး မပေးဘူး။ တို့ပါတီက လုပ်တာမှ ကောင်းတယ် ဆိုတာမျိုးလေ။ ဒီလို လူပုဂ္ဂိုလ်တွေ တိုက်တဲ့ ဟာကတော့ နိုင်ငံရေးအရ ဆိုရင်တော့ မကောင်းဘူးဗျ။
 ကျွန်တော်လည်း ကြံ့ဖွံ့ကို ဆန့်ကျင်တာတွေ ရှိတယ်။ ပေါ်လစီအရ ဆန့်ကျင်တဲ့ အရာတွေ ကျွန်တော် ပြောတယ်။ ဘယ်သူက ဘယ်လိုဆိုတဲ့ ဟာတွေတော့ ကျွန်တော်လည်း ဘယ်တုန်းကမှ မပြောခဲ့ဘူး။
 အခု သူပြောတာဟာ NLD ထဲက လူတွေ အကုန်လုံးဟာ နိုင်ငံရေးကို ကြုံရာကျပန်း ၀င်လုပ်တဲ့ လူတွေ၊ နိုင်ငံရေးကို အာဃာတနဲ့ လုပ်တဲ့လူတွေ၊ နိုင်ငံရေး လုပ်စားတဲ့လူတွေ ဆိုတဲ့သဘောမျိုးနဲ့ ပြောတယ်။
ပါတီတစ်ခုနဲ့တစ်ခု ဒီိလိုသာ ပြောတမ်းဆိုရင် သူတို့တွေကိုရော ဘယ်လိုပြောရမလဲ။ ပြန်ပြောစရာတွေ အများကြီး ရှိတာပေါ့ဗျာ။
အခုသူပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ပဲ ရှိတယ်။ ကျန်တဲ့လူ တစ်ယောက်မှ အသုံးမကျဘူး။ မကောင်းတဲ့ လူတွေလည်း ဖြစ်တယ်။ အာဃာတတွေ ရှိတဲ့လူတွေလည်း ဖြစ်တယ်ဆိုတာမျိုး ပြောတာကတော့ တော်တော်ကို မကောင်းတဲ့ ကိစ္စပေါ့။
နိုင်ငံရေးသမား တစ်ယောက် နိုင်ငံရေးကို လုပ်တဲ့နေရာမှာ ဘယ်လို အချိန်မှာ ဒီလူဟာ နိုင်ငံရေးသမား ဖြစ်တယ်လို့ ဘယ်လို သတ်မှတ်တာလဲ။
ကျွန်တော့် ပါတီထဲမှာလည်း ပြောတယ်။ မီဒီယာပေါ်မှာလည်း ကျွန်တော် ပြောတယ်။ အသံလွှင့်တဲ့ နေရာမှာလည်း ပြောတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်ဆို နိုင်ငံရေးသမား ဖြစ်တယ်လို့ မယူဆဘူး။
ကျွန်တော်က နိုင်ငံရေး မိသားစုထဲက မွေးတာ။ မိသားစုထဲမှာ နိုင်ငံရေး ခေါင်းဆောင်တွေ အများကြီးရှိတယ်။ နိုင်ငံ့ဂုဏ်ရည်ရတဲ့ လူတွေ အများကြီးရှိတယ်။ နိုင်ငံရေးသမားကြီးတွေ ရှိတယ်။ ဆွေမျိုးထဲမှာလည်း ရဲဘော် သုံးကျိပ်ရဲ့ ဆွေမျိုးသားချင်းတွေ ရှိတယ်။ ဒါပေမဲ့ ကျွန်တော် နိုင်ငံရေး မလုပ်ချင်ဘူး။ ကျွန်တော် စာပဲရေးချင် တယ်။ သတင်းစာဆရာ လုပ်ချင်တယ်။
လောဘဇောတိုက်နိုင်ငံရေး
ဒီတော့ ဘယ်လိုလူမျိုးကို နိုင်ငံရေးသမား ခေါ်တာလဲ။
ဦးအောင်သောင်းဆိုရင်ပဲ အရင်တုန်းက သူဘာလုပ်လဲ။ ကျောင်းဆရာလုပ်တယ်။ နောက် စစ်တပ်ထဲဝင်တယ်။ အာဏာသိမ်းတယ်။ ဒါကို အမျိုးသား နိုင်ငံရေးလို့ ခေါ်သလား။ သူ့ကိုယ်သူ အမျိုးသား နိုင်ငံရေးလုပ်တယ်၊ နိုင်ငံရေးသမားလို့ ပြောလို့ရလား။ နိုင်ငံရေးသမားဆိုလည်း  သူတို့ဟာ ကိုယ်ကျိုးရှာဖို့အတွက် လောဘ ဇောတိုက်ပြီးတော့ နိုင်ငံရေး လုပ်ကြတာဆိုရင် ဘယ်လိုဖြေမလဲ။
ကျွန်တော့်ကိုယ်ပဲ ကျွန်တော်ပြောမယ်။ ကျွန်တော့်မိတ်ဆွေ ဦးမြတ်ဆွေတောင် ဆောင်းပါး ရေးဖူးတာရှိတယ်။ ဦးမြတ်ဆွေ ရေးတဲ့အထဲမှာ ဦးဝင်းတင် ဖောင်ဒေးရှင်း ဆိုပြီး လုပ်နေတာ အခုမှလုပ်တာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကတည်းက လုပ်လာတာလို့။ ဘာလို့လဲဆို ကျွန်တော့်ဆီမှာရှိတဲ့ ပိုက်ဆံတစ်ဝက် လောက်က အမြဲတမ်း သူများကို ပေးတယ်။ အသက် ၂၀ ကျော်တည်းက အယ်ဒီတာ လုပ်တယ်။ နိုင်ငံခြား သတင်းဌာနမှာ လုပ်တယ်။ လခကောင်းကောင်းနဲ့ နေရာ ကောင်းကောင်းတွေမှာ လုပ်ခဲ့တာ။ သတင်းစာ သမားတွေ လစာနည်းကြတယ်ဆိုတာ မှန်ပေမယ့် အဲဒီထဲကမှ လစာကောင်းကောင်းရတဲ့ နေရာတွေမှာပဲ ကျွန်တော်လုပ်ခဲ့တာ။
အဲဒီအချိန်တုန်းက ရတဲ့ပိုက်ဆံလေးတွေ စုပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေး အပြီးမှာ အဖမ်းခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အပါအ၀င် ၁၉၅၈/၅၉ လောက်တည်းက အဖမ်းခံရတဲ့ လူတွေ ရှိတယ်။ ဒါတွေအတွက် ကျွန်တော် ပိုက်ဆံပေးနေတာပဲ။
ကျွန်တော် သတင်းစာဆရာ လုပ်တဲ့ အချိန်မှာလည်း ဒီလိုပဲ လုပ်တယ်။ နိုင်ငံရေး လုပ်တဲ့အခါမှာလည်း ဒီအတိုင်းပဲ။ ထောင်ကျစဉ်တုန်းကလည်း ဒီအတိုင်းပဲ။ ကျွန်တော့်ဆီ ထောင်ဝင်စာ လာတဲ့အခါမှာ ငါးပိကြော် ပါတယ်။ ငါးခြောက်ကျော်ပါတယ်။ ငှက်ပျောသီးပါတယ်။ အကုန်လုံး သူများကို ပေးလိုက်တာ။ တစ်ရက်တည်းပဲ အကုန်လုံး ပေးလိုက်တယ်။ကျွန်တော် နေ့စာ၊ ညစာချန်ပြီးတော့ စားခဲ့တာ မဟုတ်ဘူး။
ဒီတော့ ခင်ဗျားတို့ကော ဘယ်လို လုပ်ခဲ့လဲ။ တိုင်းပြည်က ပိုက်ဆံတွေကို ကိုယ်ကျိုးအတွက် ခိုးဖို့ဝှက်ဖို့လုပ်၊ သိုလှောင်ထားပြီး ချမ်းသာနေတာ မဟုတ်လား။ ခင်ဗျားတို့ ပိုင်ဆိုင်မှုတွေ ထုတ်ပြနိုင်သလား။ အဲသလို ယှဉ်ပြီး မေးရင် သူတို့ ဘယ်လိုဖြေမလဲ။
ကျွန်တော်တော့ ချက်ချင်းဖြေနိုင်တယ်။ ကျွန်တော်မှာ ပိုက်ဆံတစ်ပြားမှ မရှိဘူး။ ကလေး မုန့်ဖိုးပေးဖို့တောင် မရှိဘူး။ သူများအိမ်မှာ နေနေတာ။ သူများကျွေးတဲ့ ထမင်းစားနေတာ။ သူများခေါ်တဲ့ကားနဲ့ လိုက်နေတာ။
ကျွန်တော်အကုန်လုံး လှူလိုက်ပြီ။ စာမူပိုင်ခွင့်၊ စာရေးခ၊ သူများလာပြီး ကန်တော့တာတွေ လှူလိုက်ပြီ။ ဘာမှမရှိဘူး။ အားလုံးအသိပဲ။
ဦးအောင်သောင်းဆိုတဲ့သူ ကျွန်တော့်ထက် အသက်ကြီးကောင်း ကြီးလိမ့်မယ်။ ဒီတော့ ခင်ဗျားလည်း သေခါနီးနေပြီ။ ကျွန်တော်လည်း သေခါနီးနေပြီ။ လိပ်ပြာသန့်အောင် ခင်ဗျားဘာတွေ လုပ်နိုင်သလဲပြော။ ကျွန်တော့်မှာ လိပ်ပြာသန့်အောင် ပြောနိုင်တဲ့ဟာတွေ ရှိတယ်။ အဲဒီလိုတွေ ပြောမယ်။ အဲဒီလိုတွေ တိုင်းတာ ပြောကြမယ် ဆိုရင် ဘယ်ကောင်းမလဲ။ ဟုတ်လား။ ကျွန်တော့် မူဝါဒက ပုဂ္ဂိုလ်ရေး ထိုးနှက်တာတွေ မလုပ် ချင်ဘူး။
 ကျင့်ဝတ်၊ ယဉ်ကျေးမှု
ဦးအောင်သောင်း အခုပြောတာဟာ နိုင်ငံရေး ကျင့်ဝတ်မရှိတဲ့၊ နိုင်ငံရေး ယဉ်ကျေးမှု မရှိတဲ့သဘော ဖြစ်နေတယ်။ ဒါလည်း ပြောဖို့ မကောင်းဘူး။ ပြောလည်း မပြောချင်ဘူး။
မူဝါဒါနဲ့ ပတ်သက်ရင်တော့ တိုက်သင့်ရင် တိုက်ရမှာပဲ။ သတင်းစာ တွေမှာလည်း ကျွန်တော်တိုက်တဲ့၊ ခိုက်တဲ့ ဟာတွေ ပြောနေ၊ ရေးနေတာပဲ။ ဒါပေမဲ့ မူဝါဒနဲ့ ပတ်သက်ပြီးလုပ်တာ။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေ မလုပ်ဘူး။

ဆက်လက်ဖော်ပြပါမည်..

မြန်မာသံတော်ဆင့် 

ဆရာစံလမ်းရှိ AMBO ဟိုတယ်မှာ ဒေါက်တာနေဇင်လတ်ပိုင်ဆိုင်သောဟိုတယ်တစ်ခုဖြစ်ပြီး ပြည့်တန်ဆာ လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိကြောင်း သိရှိရပါသည်၊

အခန်းက သုံးသောင်းပေးရပြီး၊ ဝိတ်တာတွေက ကောင်မလေးတွေနဲ့ပျော်ပါးချင်ရင် ခေါ်လာပြပေးပါတယ်၊ လေးငါးယောက်လောက်ခေါ်လာပြပြီး ကြိုက်ရာရွေးခေါ်လို့ရကြောင်း သိရှိရပါသည်၊ အခန်းခရော ကောင်မလေးခေါ်ခပါ ထည့်တွက်ရင် ၆၅၀၀၀ လောက်ကျခဲ့ကြောင်း ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက ဆိုပါတယ်၊

၎င်းလည်းဟော်တယ်တွင် အခန်းပေါင်း ၃၀ခန့်ရှိပြီး အစိုးရဘက်ပိုင်းလူကြီးများ ဝင်ထွက်သွားလာလေ့ရှိကြောင်း ၄င်းဟော်တယ်မှ ဝန်ထမ်းတစ်ဦးက ဖြေကြားပေးသွားပါတယ်၊

သူဌေးကတော့တစ်ခါတလေ လာတယ်၊သူဌေးမိန်းမကတော့ နေ့ခင်းဘက်ရုံးထိုင်တယ်၊ လာတဲ့လူကြီးတွေ နာမည်တော့မသိဘူး၊ ဦးနေဇင်လတ်အခန်းထဲမှာ တွေ့ဆုံကြတာမျိုးလည်းရှိကြောင်း အဆိုပါဝန်ထမ်းမှ ဖြည့်စွပ်ဖြေကြားခဲ့ပါတယ်၊

အထက်ပါကိစ္စနှင့်ပတ်သတ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးစိုင်းကျော်အုန်းက “ ဒီလို ဟိုတယ်တွေမှာ ပြည့်တန်ဆာလုပ်ငန်းတွေ့ရင်တော့တားဆီးရမှာပေါ့၊ စည်းကမ်းအရ ခွင့်မပြုဘူးလေ၊ အခုတော့ တင်ပြထားတာမရှိသေးပါဘူး၊ တိုင်ကြားလာရင်တော့ နောက်ဆုံးအနေနဲ့ ခေါ်ယူသတိပေးမယ်၊ ဒါမျိုးက နိုင်ငံတော်မှာ မရှိဘူးလေ၊ နိုင်ငံတော် image လည်း မကောင်းဘူး” လို့ ပြောကြားသွားခဲ့ကြောင်း သိရှိရပါသည်--။

( Unity Journal -10-1-2014)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.