01/19/14


၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးချယ်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ချင်ဘူးဆိုရင် ဘာကြောင့် မပြင်ချင်သလဲဆိုတာကို ပြည်သူတွေထံ ရှင်းရှင်းလင်းလင်း ချပြရမှာဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ဒီနေ့ ပြောလို်က်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ကရင်ပြည်နယ် ဘားအံမြို့ အောင်သံလွင် ဘောလုံးကွင်း မှာ ထောင်ဂဏန်းရှိမယ့် ပရိတ်သတ်ကို ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဟောပြောစဉ် အခုလို ထည့်သွင်းပြောခဲ့တာပါ။

“ကျမတို့အတွက် စကားပြောသွားတဲ့ အဲလူ ၃ ယောက်စလုံးဟာ ပြည်သူတွေကနေ ပြီးတော့ ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်၊ ကျမက စိန်ခေါ်ရဲပါတယ်၊ ကျမတို့ဟာ ပြည်သူလူထုရှေ့မှာတက်ပြီးတော့ ဘာကြောင့် ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်သင့်လဲ၊ ဘယ်လိုကိစ္စတွေကို ပြင်ချင်သလဲဆိုတာကို ကျမပြောရဲတယ်၊ ၂ဝ၁ဝ ရွေးကောက်ပွဲကနေ ရွေးချယ်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်အားလုံးဟာ ကျမတို့နည်း တူ ပြည်သူလူထုရှေ့ထွက်ပြီးတော့ မပြင်ချင်လဲ ဘာလို့မပြင်ချင်ဘူးလဲဆိုတာ ပြောရဲ သလားလို့ ကျမမေးချင်ပါတယ်”

ဒါ့အပြင် မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ မိမိတို့ရွေးချယ်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ချင်ဘူးဆိုရင် ဘာကြောင့် မပြင်ချင်တာလည်းဆိုတာ မေးမြန်းခွင့်ရှိကြောင်း တက်ရောက်လာတဲ့ ကရင်တိုင်းရင်းသားတွေနဲ့ ဒေသခံတွေကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ပြည်သူတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စမှာ ပြတ်ပြတ်သားသား ရပ်တည်စေလိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

လွှတ်တော်ကဖွဲ့စည်းထားတဲ့ အဖွဲ့ဝင် ၁၀၉ ဦးပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီက လက်ခံရရှိထားတဲ့ အကြံပြုချက်တွေကို ဒီလကုန်မှာ လွှတ်တော်ထံတင်ပြရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့ အောင်သံလွင် ဘောလုံးကွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်တွေကို RFA သတင်းထောက် မဇင်မာဝင်း ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

RFA

(16 Jan 2014 ရက်စွဲပါ The Independent မှ House of commons spealcer, John Bercow, calls on Burma to allow Aund San Suu Kyi to run for preridency ကိုဘာသာပြန်ဆိုသည်)

ဗြိတိန်နိုင်ငံ House of commons ဥက္ကဋ္ဌ John Bercow က လာမည့်နှစ်ရွေးကောက်ပွဲတွင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ်အရွေးခံနိုင်ရေးအတွက် ခွင့်ပြုနိုင်ရန် မြန်မာနိုင်ငံ၏ အခြေခံဥပဒေအား ပြင်ဆင်ပေးရန် မေတ္တာရပ်ခံခဲ့ပါသည်။ ၎င်းသည် အဓိကနိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍ ဖြစ်တောင့်ဖြစ်ခဲ ဝင်ရောက် စွက်ဖက် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

Mr.Bercow သည် မြန်မာနိုင်ငံအပေါ် ယခင်ကတည်းက စိတ်ဝင်စားခြင်းဖြစ်ပြီး ပြီးခဲ့သည့် နွေရာသီက မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပါသည်။ ၎င်းက Independent တွင်ရေးသားသော ဆောင်းပါး၌ “အကယ်၍ မြန်မာနိုင်ငံသည် ဒီမိုကရေစီအတွက် သံဓိဋ္ဌာန်ချပြီးဖြစ်ပါက တစ်ဦးတစ်ယောက်၏ ကလေးများသည် နိုင်ငံခြားသာ ဖြစ်ရုံ မျှဖြင့် သမ္မတ ဖြစ်ခွင့်ကို တားဆီးထားခြင်းအား ဖယ်ရှားပေးရမည်”ပာု ဖော်ပြခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် နာမည်အကြီးဆုံး နိုင်ငံရေးသမားဖြစ်ပြီး သူ၏အရွယ် ရောက်ပြီး သော ကလေးနှစ်ဦးသည် သူ၏အမျိုးသား Michael Aris ကဲ့သို့ပင် ဗြိတိန်နိုင်ငံသားများဖြစ်ကြပါသည်။ Mr.Becow က ပြောကြားရာတွင် လက်ရှိသတ်မှတ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတမဖြစ်နိုင်အောင် ရည်ရွယ်ချက်ဖြင့် တားဆီးထားခြင်း ဖြစ်ကြောင်း ပြောပါသည်။

Mr.Bercow ကပြောကြားရာတွင် မြန်မာနိုင်ငံသည် လွန်ခဲ့သည့်သုံးနှစ်အတွင်း စာပေစိစစ်ရေးကို ပယ်ဖျက် ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားရာပေါင်းများစွာကို လွှတ်ပေးခြင်းအပါအဝင် မှတ်မှတ် ထင်ထင်နှင့် ကြိုဆိုရမည့် ဒီမိုကရေစီသို့ဦးတည်ရွေ့လျားခြင်းများ ရှိခဲ့သည်ပာုဆိုပါသည်။ သို့သော် ၎င်းကပြောကြားရာ တွင် ယခုလနှောင်းပိုင်းတွင် အခြေခံဥပဒေသုံးသပ်ရေးကော်မတီ၏ သုံးသပ်ချက်အစီရင်ခံစာတွင် ထိုအချက်ကို ပယ်ဖျက် ရေး တင်ပြရန် အပ်သည်ပာု ဆိုပါသည်။

လွှတ်တော်ဥက္ကဋ္ဌများသည် ပြည်တွင်းကိစ္စ(သို့မပာုတ်)နိုင်ငံခြားကိစ္စရပ်များ၏ မူဝါဒရေးရာများတွင် ဝင်ရောက် ပြောဆိုလေ့ မရှိကြပေ။ သို့သော် Mr.Bercow ကပြောကြားရာတွင် ဒီမိုကရေစီနှင့်ပတ်သက်နေခြင်းကြောင့် မြန်မာ နိုင်ငံ နှင့် ပတ်သက်၍ နှစ်ပေါင်းများစွာကတည်းက တက်ကြွစွာစိတ်ပါဝင်စားခြင်းကြောင့် ရေငုံနှုတ်ပိတ်မနေနိုင် တော့သ ဖြင့် ဝင်ရောက်ပြောကြားခြင်းဖြစ်ကြောင်း ဆိုပါသည်။

yangon chronicle


ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်းက မြို့နယ်၃ဝကျော်မှာရှိတဲ့ လယ်သား ၅ဝဝဟာ လယ်ယာမြေသိမ်းယူခံရမှုတွေကို အောက်ခြေအာဏာပိုင်တွေက တာဝန်ယူမှု တစ်ခုမှ မလုပ်တဲ့အပေါ် ဇန်နဝါရီ ၁၈ရက်နေ့မှာ ရန်ကုန်မြို့တော်ခမ်းမရှေ့မှာ ဆန္ဒပြခဲ့ပါတယ်။

ကျောက်တံတားမြို့နယ်မှာ လယ်သမားမရှိလို့ လယ်သမားတွေဆန္ဒပြတာကို ခွင့်မပြုနိုင်ဘူးလို့ အကြောင်းပြန်ခဲ့ပေမယ့် ဖွဲ့စည်းပုံပါ ပုဒ်မ ၃၅၄အရ နိုင်ငံသားတွေရဲ့အခွင့်အရေးကို အသုံးပြုပြီး ဆန္ဒပြတာဖြစ်တယ်လို့ လှုပ်ရှားတက်ကြွသူတစ်ယောက်က ဆိုပါတယ်။

ပြည်သူ့လွှတ်တော်ရဲ့ လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်လာခဲ့ပေမယ့် တောင်သူတွေရင်ဆိုင်နေရတဲ့ လယ်ယာမြေသိမ်းယူမှုတွေနဲ့ ဆုံးရှုံးနစ်နာမှုတွေကို အောက်ခြေ အုပ်ချုပ်ရေးနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေဟာ လျစ်လျူရှုထားတာကြောင့် ဆန္ဒပြတာလို့ ဆိုပါတယ်။
Kamayut Media

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.