01/22/14

“အမှန် တကယ်ရှိမည်ဆိုလျှင် ညောင်ပင်ကြီးနှစ်ပင်ကို ရွှေချထားလိုက်ချင် ပါသည်။ အမျိုးသားညီလာခံက မွေးဖွားပေးလိုက်သည့် ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်း ပြင်ဆင်ဖို့ဝေးစွ၊ အသစ်ပြန်ရေးဖို့ဝေးစွ တပ်မတော်က ကာကွယ်စောင့်ရှောက်စရာ မလိုအောင် ပြည်သူတွေ တုတ်တစ်ချောင်း၊ ဓားတစ်စင်း ကိုင်၍ အလှည့်ကျ စောင့်ရှောက်ကြမည် ဆိုသည်ကို တိုင်းနယ် ပြည်အနှံ့ မောင်းကြေးနင်းခတ် လိုက်ချင် ပါတော့သည်။”
“ယခုသော်ကား ထိုသို့ မဟုတ်ပါပြီ။”
ကျွန်တော်တို့နိုင်ငံတွင် နဝတ၊ နအဖ ခေတ် တစ်လျှောက်လုံး ပြည်သူ့ဝန်ထမ်းကို နိုင်ငံ့ဝန်ထမ်းဟူ၍ ခေါ်ဝေါ်သုံးစွဲခဲ့ပြီး ပြည်သူ့ဝန်ထမ်းတို့ မရနိုင်သော အခွင့်အရေးများကိုလည်း နိုင်ငံ့ဝန်ထမ်းတို့ ရခဲ့ကြပါသည်။ မြေကွက်တွေရသည်။ တယ်လီဖုန်းတွေ ရသည်။ မော်တော်ကား(ပါမစ်)တွေရသည်။ ဝန်ထမ်းတိုင်း မဟုတ်သော်လည်း ရာထူးအထိုက်အလျောက် ရှိသူတွေ၊ ရာထူးကြီးသူတွေ ပို၍ အခွင့်အရေး ရကြသည်။ လူကြီးနှင့် နီးစပ်သူတွေ၊ အထူးသဖြင့် အခွင့်အရေး ပေးပိုင်ခွင့်ရှိသော လူကြီးနားတွင် နေရသူတွေ ပို၍ရကြသည်။ ၎င်းတို့၏ တပည့်သား မြေးအရင်းအချာတွေဆို အနားမှာ မရှိတော့လျှင်ပင် ခေါ်၍ပေးတတ်သည်။
ထိုမျှသာမက အခြားသော အခွင့်အရေးများလည်း ရကြပါသည်။ နိုင်ငံပိုင်ပစ္စည်းကို အခမဲ့ သုံးခွင့်ရသည်။ နိုင်ငံပိုင် ပစ္စည်း ပျက်စီး၍ ပြဿနာ တစ်စုံတရာမပေါ်လျှင်၊ လူသိထင်ရှား မဟုတ်လျှင် ပေးလျော်စရာမလို၊ အပျက်အစီးစာရင်း ပြလိုက်လျှင် ပြီးသည်။ အချို့ဆိုလျှင် နိုင်ငံတော်က ရာထူးအလျောက် ပေးထားသည့် ပစ္စည်း၊ အကျိုးခံစားခွင့်များကို မသိကျိုးကျွံပြု၍ အငြိမ်းစားယူလျှင်ပင် ကိုယ်ပိုင်ပစ္စည်းသဖွယ် အိမ်သို့ သယ်ကြသည်ဟု ကြားဖူးပါသည်။ နောက်ထပ်ရာထူး ဆက်ခံမည့်သူ ရောက်ရှိလာသောအခါ နိုင်ငံတော်က ထပ်မံဖြည့်ဆည်းရ၍ နိုင်ငံတော်မှာ မိအေး နှစ်ခါ၊ သုံးခါ၊ အခါခါ နာရသည်။ အချိန်ဆိုသည်ကား မပြောနှင့်တော့။ ပြန်မရနိုင်တော့သည့် တန်ဖိုးရှိသော အချိန်များစွာ ကုန်ဆုံးခဲ့ကြရသည်။
ပုဂ္ဂလိက စီးပွားရေး လောကတွင်ကား ထိုသို့မဟုတ်၊ အချိန်သည် ငွေဖြစ်သည်။ အချိန်ကို အလေးအနက်ထားသည်၊ အချိန်ကို တန်ဖိုးထားသည်၊ အချိန်ကို လုသည်၊ ဝန်ထမ်းထံမှ အချိန်ကိုပင် လုယူ၍ (အချိန်ပိုခိုင်းပြီး အချိန်ပို လုပ်ခမပေး၍) ဝန်ထမ်းများ ဆန္ဒပြကြသည်။ ကုမ္ပဏီပိုင်ပစ္စည်း ပျက်စီးဆုံးရှုံးလျှင် တာဝန်ရှိသူ ဝန်ထမ်းက ပေးလျော်ရသည်။ မော်တော်ကားကို သတ် မှတ် လမ်းကြောင်းထက် ပိုသုံးလျှင် ဆီဖိုးကို စိုက်ရသည်။ ကုမ္ပဏီပိုင်ပစ္စည်းကို ကိုယ်ကျိုးသုံးဖို့ စိတ်မကူးနှင့် တယ်လီဖုန်း ပြောခကိုပင် ဖုန်းနံပါတ် ပြန်တိုက် ကြည့်၍ ကိုယ်ရေးကိုယ်တာ ဖုန်းပြောခြင်းကို ခွင့်မပြု၊ အစိုးရဝန်ထမ်း လောကတွင်သာ ထိုကဲ့သို့ လိုက်နာ၊ ကျင့်သုံး၊ ကြီးကြပ်၊ ကွပ်ကဲ ဆောင်ရွက်နိုင်ခဲ့ကြမည်ဆိုလျှင် ကျွန်တော်တို့နိုင်ငံကြီး ယခုလောက်ဆိုလျှင် အဆင်းရဲ ဆုံးနိုင်ငံဖြစ်ဖို့ ဝေးစွ၊ အရှေ့တောင်အာရှမှာပင် အထိုက်အလျောက် ချမ်းသာ ကြွယ်ဝနေလောက်ပြီ။
ကျွန်တော်တို့တစ်တွေ ကိုယ်တိုင်ပြုမူ ဆောင်ရွက်ခဲ့ကြ၍ ကိုယ်တိုင် ဆင်းရဲခြင်းကို ကြုံတွေ့ ခံစားကြရသည်ဖြစ်ရာ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်ကောင်း ခွင့်လွှတ်ကြမည် ဖြစ်သော်လည်း ကျွန်တော်တို့၏ မကောင်းသော အပြုအမူ၊ အကျင့်အကြံများကြောင့် ကျွန်တော်တို့၏ သားစဉ်မြေးဆက်တို့ ဆက်လက်၍ ဆင်းရဲမွဲတေကြဦးမည် ဆိုလျှင်ရော ခွင့်လွှတ်နိုင်ကြပါဦးမည်လား၊ မိမိကိုယ်မိမိ ခွင့်လွှတ်နိုင်သော်မှ ကျွန်တော်တို့၏ သားစဉ်မြေးဆက်များက ကျွန်တော်တို့ မျိုးဆက်ကို ကြိမ်ဆဲသံအား ရောက်လေရာ ငရဲအထပ်ထပ်မှ ကြားနေကြရမည် ဖြစ်ပါသည်။
၁၉၉၃ ခုနှစ်မှသည် ၂၀၀၇/၂၀၀၈ ခုနှစ်အထိ အမျိုးသားညီလာခံတစ်ရပ် ကျင်းပ၍ အချိန်ယူ ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ရပ်နားထားသော အချိန်ကာလများကို ဖယ်လိုက်သော်မှ ကိုးနှစ် ၁၀ နှစ်ခန့်တော့ ကြာမည်ဟု ထင်ပါသည်။ ထိုအချိန်ကာလများ အတွင်း ညီလာခံ ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် အသုံးပြုခဲ့သော ကုန်ကျစရိတ်၊ ညီလာခံ မကြာခဏ ရပ်နား သဖြင့် ကိုယ်စားလှယ်များကို နေရပ်သို့ ပြန်လည် ပို့ဆောင်ရာတွင် လည်းကောင်း၊ ပြန်လည်ရောက်ရှိ၍ ကြိုဆိုရာတွင် လည်းကောင်း ကုန်ကျသော ကုန်ကျစရိတ်များ၊ ညီလာခံ ကျင်းပစဉ်ကာလ ကျွေးမွေးဧည့်ခံ ကုန်ကျစရိတ် များ၊ ညီလာခံကိုယ်စားလှယ်ကြီးများ အတွက် အခမဲ့ဆေးဝါး ကုသခွင့် အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ကုန်ကျစရိတ်များ၊ ရေ၊ မီး နှင့် အခြားသော ဝန်ဆောင်မှု အဝဝအတွက် ကုန်ကျစရိတ်များ စသည်ဖြင့် မခန့် မှန်းနိုင်သော ကုန်ကျစရိတ် များစွာရှိပါမည်။ (ဤစရိတ်များတွင် တပ်မတော်သားများ၊ နယ်ဘက် ဝန်ထမ်းများ၊ အလုပ်သမား ကိုယ်စားလှယ်၊ တောင်သူ လယ်သမား ကိုယ်စားလှယ်များ ညီလာခံ တက်နေရသည့် အချိန်ကာလများအတွင်း ဆုံးရှုံးရသည့် လုပ်အားများ မပါဝင်သေးပါ) ။ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များနှင့် ရုပ်ရှင်၊ သဘင်၊ ဂီတ၊ ပန်းချီနှင့် စာပေအနုပညာရှင် တို့၏ ဖန်တီးထုတ်လုပ်ရန် အချိန်ဆုံးရှုံးမှုများ ကိုမူ ထည့်မတွက်တော့ပါ။ သူတို့အတွက် လက်ညှိုးထောင် ခေါင်းညိတ်ခအဖြစ် မြေကွက်များ၊ တယ်လီဖုန်းများ၊ မော်တော်ကားများ ရရှိသည့် အတွက်ကြောင့် ဖြစ်ပါသည်။
ဆိုရလျှင် မည်မျှပင် ကုန်ကျစရိတ် များပြားသည် ဖြစ်ပါစေ ကျွန်တော်တို့ နိုင်ငံတော်ကြီးအတွက်၊ ကျွန်တော်တို့ နိုင်ငံသူ/နိုင်ငံသားများအတွက်၊ ကျွန်တော်တို့၏ သားစဉ်မြေးဆက်များအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းမည်ဆိုလျှင်၊ ဆင်းရဲမွဲတေမှုများ ပပျောက်၍ ဆင်းရဲချမ်းသာ ကွာဟမှု ကျဉ်းမြောင်းပြီး ခရိုနီဆိုသော လူတန်းစားများ လျော့နည်း ပပျောက်မည် ဆိုလျှင်၊ လူ့အခွင့်အရေးများ အပြည့်အရရှိပြီး တန်းတူညီမျှ ပြိုင်ဆိုင်မှု အခွင့်အရေးရှိသော ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်နိုင်မည်ဆိုလျှင်၊ အရည်အချင်းရှိသော နိုင်ငံသားတိုင်းသည် ပြည်သူက လက်ခံပါက ကန့်သတ်ချက်မရှိ လွတ်လပ်စွာ ရွေးချယ် တင်မြှောက်ခံပိုင်ခွင့် ရှိသည်ဆိုလျှင်၊ တိုင်းရင်း သားအားလုံး တန်းတူညီမျှ အခွင့်အရေးရရှိမည့် ဖက်ဒရယ်ပြည်ထောင်စုကြီးကို ဖော်ဆောင်နိုင်မည် ဆိုလျှင်၊ အလုပ်သမား လယ်သမားတို့၏ဘဝ သာယာရွှင်ပျ ထမင်းဝကြမည် ဆိုလျှင် ညောင်နှစ်ပင် ညီလာခံကြီးကို ပြည်သူအပေါင်းက သောင်းသောင်းဖြဖြ ကြိုဆိုကြမည်မှာ အမှန်ပင် ဖြစ်ပါသည်။
အမှန် တကယ်ရှိမည်ဆိုလျှင် ညောင်ပင်ကြီးနှစ်ပင်ကို ရွှေချထားလိုက်ချင် ပါသည်။ အမျိုးသားညီလာခံက မွေးဖွားပေးလိုက်သည့် ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်း ပြင်ဆင်ဖို့ဝေးစွ၊ အသစ်ပြန်ရေးဖို့ဝေးစွ တပ်မတော်က ကာကွယ်စောင့်ရှောက်စရာ မလိုအောင် ပြည်သူတွေ တုတ်တစ်ချောင်း၊ ဓားတစ်စင်း ကိုင်၍ အလှည့်ကျ စောင့်ရှောက်ကြမည်ဆိုသည်ကို တိုင်းနယ် ပြည်အနှံ့ မောင်းကြေးနင်းခတ် လိုက်ချင်ပါတော့သည်။
ယခုသော်ကား ထိုသို့ မဟုတ်ပါပြီ။ ကမ္ဘာ့စံချိန် တင်ရလောက်အောင် အချိန်ကာလ ကြာမြင့်စွာ ရေးဆွဲပြဋ္ဌာန်း၍ ပြည်သူ့ဆန္ဒကို “ဇွတ်” ရယူ အတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးသည် အကောင်အထည် ဖော်ဆောင်ရွက်သည့် ကာလ ငါးနှစ် (လွှတ်တော်များ၏ ပထမသက်တမ်း) မပြည့်မီမှာပင် ဒီမိုကရေစီစံနှုန်းများ မပြည့်မီခြင်း၊ လူ့အခွင့်အရေး အပြည့် အဝမရရှိခြင်း၊ တိုင်းရင်းသားတို့၏ အခွင့်အရေးများ တန်းတူရည်တူ မရရှိ ခြင်း၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို မဖော်ဆောင်နိုင်ခြင်း၊ လူမှုရေး/ စီးပွားရေးတွင် တန်းတူညီမျှမှု မရှိခြင်း၊ လယ်ယာမြေ ပိုင်ဆိုင်မှုနှင့် ပုဂ္ဂလိက ဝန်ထမ်းဘဝ အာမခံချက် မရှိခြင်း စသောအကြောင်းများကြောင့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ လွတ်လပ်သော လူမှုအဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံးက တစ်ခဲနက် ညီညွတ်စွာနှင့် ပြင်ဆင်ဖို့ ကြိုးပမ်း လုပ်ဆောင်လာသည်ကို တွေ့ရှိရပါသည်။
ထူးခြားသည်မှာ ယခုပြင်ဆင်ရန်ကိစ္စတွင် ယခင်အမျိုးသားညီလာခံ တက်ရောက်ခဲ့သူများ၊ အခြေခံဥပဒေ ရေးဆွဲခဲ့သူများ ကိုယ်တိုင် ပူးပေါင်း ပါဝင်လာခြင်းပင် ဖြစ်ပါသည်။ ကျွန်တော်ကြားဖူးသည့် အရာ တစ်ခုရှိပါသည်။ “မှားသည်ကို မှားမှန်း သိသူသည် လူတော်ဖြစ်ပြီး ထိုအမှားကို ပြုပြင်သူ၊ ပြုပြင်ရန် ကြိုးစားသူသည် လူကောင်း” ဟူ၍ ဖြစ်ပါသည်။ ဤသို့ဆိုလျှင် ကျွန်တော်တို့သည် လူတော် လူကောင်းများကို အသိအမှတ်ပြုရပါမည်၊ ချီးကျူးရပါမည်။ သင်ပုန်းချေ ပေးရပါမည်၊ ဂုဏ်ပြုမှတ်တမ်း တင်နိုင်ရန် ကြိုးစားရပါမည်။ သင်ပုန်းချေရမည် ဆိုသည်မှာ ယခင်က ပြုလုပ်ခဲ့သည့် အမျိုးသား ညီလာခံကြီးတွင် စားခဲ့၊ သောက်ခဲ့၊ သွားခဲ့၊ လာခဲ့ကြရာ၌ အသုံးပြုခဲ့သော ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေများကို ပြန်လည်ပေးလျော်စေခြင်းမှ ကင်းလွတ်ခွင့် ပြုရပါမည်။ အာဏာရှင်အကြိုက် ပြောဆို ဆွေးနွေးခဲ့သည်များကို နိုင်ငံရေးအရ ခွင့်လွှတ်၍ သမိုင်းတရားခံ စာရင်းထဲမှ ဖယ်ထုတ်ပစ်ရပါမည်။
ဂုဏ်ပြုမှတ်တမ်း တင်ရန်အတွက်မှာမူ အချိန် လိုအပ်သေးသည်ဖြစ်၍ စောင့်ကြည့်ရဦးမည် ဖြစ်ပါသည်။ ယခု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စတွင် အချို့ပြောဆိုနေသည်များ ရှိပါသည်။ “မည်ရွေ့ မည်မျှကိုပေးမည်၊ မည်ရွေ့ မည်မျှကိုတော့ မပေးသေး” ဟူသော စကားများ ဖြစ်ပါသည်။ ထို့အပြင် “မည်သည့် ပုဒ်မကိုတော့ လျှော့ပေးမည်၊ မည်သည့်ကိစ္စကိုတော့ လျှော့မပေး” ဟူသော စကားများ ဖြစ်ပါသည်။
“ပေးမည်၊ မပေးဘူး” ဆိုသည်မှာ မိမိပိုင်ပစ္စည်းနှင့် ပတ်သက်၍သာ ပြောရ၊ ဆိုရမည့် စကားဖြစ်ပါသည်။ ထို့အပြင် “မည်သည့်အရာကိုတော့ လျှော့ပေးမည်၊ မည်သည့်အရာကိုတော့ လျှော့မပေး” ဆိုသည်မှာလည်း မိမိ၏ လုပ်ပိုင်ခွင့်နှင့်သာ ပတ်သက်၍သာ ပြောရဆိုရမည့် စကားများ ဖစ်ပါသည်။ ဤနေရာတွင် ကျွန်တော် ပြောလိုသည်မှာ နိုင်ငံတော်အာဏာကို ပြည်သူကသာ ပိုင်ပါသည်။ ပေးမည် မပေးဘူး ဆိုသည်ကို ပြည်သူကသာ ဆုံးဖြတ်ရမည် ဖြစ်ပါသည်။ ပြည်သူ၏ လုပ်ပိုင်ခွင့်သာ ဖြစ်ပါသည်။ ပြည်သူကပိုင်သော အာဏာကို မိမိပိုင် ပစ္စည်းသဖွယ် အသုံးပြုခဲ့၍ အမှားကြီး မှားခဲ့ပြီး ဖြစ်ပါသည်။ ယခင်အမှားကို သိရှိခဲ့ပြီး၍ ပြည်သူက ခွင့်လွှတ်ပြီး ဖြစ်ပါသည်။ နောက်တစ်ကြိမ် ထပ်မှားလျှင် ပြည်သူက ခွင့်လွှတ်မည် မဟုတ်ပါ။ ခွင့်မလွှတ်သော်လည်း ပြည်သူသည် လက်နက်အားကိုးဖြင့် ပြစ်ဒဏ်ခတ်မည် မဟုတ်ပါ။ ပြည်သူတွင် လူ၏အသက်ကို သေစေနိုင်သော လက်နက်မရှိပါ။ သို့ရာတွင် ဘဝကို သေစေနိုင်သော လက်နက်ရှိပါသည်။ တစ်ဘဝသာမက ဘဝပေါင်းများစွာကို သေစေနိုင်ပါသည်။ သားစဉ်မြေးဆက် ဘဝကို သေစေနိုင်ပါသည်။
ပြည်သူ့ဆန္ဒကို မလိုက်လျောခဲ့ဘဲ ပြည်သူ့အာဏာကို မိမိပိုင်ပစ္စည်းသဖွယ် အသုံးပြုခဲ့သည့်အတွက် ပြည်သူက သမိုင်းတရားခံများအဖြစ် သတ်မှတ်ပြီး ဘဝသေသွားကြရရှာသော သွားလေသူ ခေါင်းဆောင်ကြီး အချို့ကို သမိုင်းသင်ခန်းစာအဖြစ် ယူသင့်ပါသည်။ ထို့ကြောင့် ပြည်သူ၏ လုပ်ပိုင်ခွင့်ကို မိမိလုပ်ပိုင်ခွင့်သဖွယ် မှတ်ယူ၍လည်းကောင်း၊ ပြည်သူ့အာဏာကို မိမိအာဏာအဖြစ် မှတ်ယူ၍လည်းကောင်း သိမြင်ခံစား အမှား နားလည်နေသူများအနေဖြင့် မှန်ကန်စွာ သုံးသပ် သိရှိနားလည်ပြီး ပြည်သူ့အာဏာကို ပြည်သူတို့ အပြည့်အဝရယူ ခံစား အသုံးပြုနိုင်ကြစေရေးအတွက် ပြည်သူတို့၏ လုပ်ပိုင်ခွင့်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး ကိစ္စတွင် တိုင်းရင်း သားပြည်သူများ တန်းတူညီမျှ သာယာဝပြောနိုင်မည့် ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေး၊ လူ့အခွင့်အရေးများ အပြည့်အဝ ရရှိမည့် ဒီမိုကရေစီ နိုင်ငံတော်ဖြစ်ရေး၊ ပြည်သူနှစ်သက် သဘောကျသော အရည်အချင်း ပြည့်ဝသူ နိုင်ငံသားတိုင်းကို ပြည်သူ့ဆန္ဒနှင့်အညီ ရွေးကောက် တင်မြှောက်နိုင်ရေး စသည့် ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားများကို “တို့ပေးမှရမည်၊ တို့ခွင့်ပြုမှရမည်” ဟူသော လွဲမှားသည့် အာဏာရှင် အယူအဆဟောင်းကြီးကို အပြီးအပိုင် စွန့်လွှတ်လျက် ပြည်သူတွေ ပြင်ချင်သည်ကို ပြင်နိုင်ရန် အလို့ငှါ ပံ့ပိုးကူညီပေးရန်သာ လိုအပ်ပါသည်။
ဤသို့ဆိုလျှင် ပြည်သူများကလည်း အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ပြီးနောက် ပဉ္စမမြန်မာနိုင်ငံတော်ကို တည်ဆောက်သူများအဖြစ် မှတ်တမ်းတင် ဂုဏ်ပြု၍ ကဗျည်းမော်ကွန်း ရေးထိုးကြမည် ဖြစ်ပါသည်။ ထို့ကြောင့် နိဂုံးအားဖြင့် တင်ပြလိုသည်မှာ ပြည်သူများ စိုးရိမ်ကြသလို “ဟိုဟာမရမှာလည်း စိုးရိမ်စရာမလိုပါ၊ သည်ဟာမရမှာလည်း စိုးရိမ်စရာမလိုပါ” ။ အားလုံးသည် ပြည်သူ့ပစ္စည်းများ ဖြစ်ကြပါသည်။ ပြည်သူက ပိုင်ဆိုင်သော ပြည်သူ့အာဏာပင် ဖြစ်ပါသည်။ အချုပ်အခြာအာဏာကို ပြည်သူက ပိုင်ပါသည်။ ပြည်သူသည် မိမိပိုင်သော အချုပ်အခြာအာဏာကို မိမိကိုယ်စား ကိုင်တွယ်ကျင့်သုံးရန် မိမိနှစ်သက် သဘောကျသော၊ အရည်အချင်းလည်းရှိသောသူကို ရွေးကောက် တင်မြှောက်၍ မိမိတို့ကိုယ်စား နိုင်ငံတော်ကို စီမံခန့်ခွဲ အုပ်ချုပ်စေမည် ဖြစ်ပါသည်။
ထို့ကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူ့အလိုကျ ပြင်လည်းပြင်ကြမှာပါ၊ ပြင်လည်းပြင်ရမှာပါ၊ ပြင်ကိုပြင်ရမှာပါ....။

(သိန်းထက်အောင်)
The voice weekly

အမုန်းတရား များဟောကြားသူ၊ ၀ါဒ ဖြန့်သူများကို အစိုးရမှ အရေးယူခြင်း မပြုဘဲ ဥပေက္ခာပြု ထားခြင်း၊ ပဋိ ပက္ခဖြစ် ပွားသည့်ဒေသများတွင် နယ် မြေလုံခြုံရေးအင်အားစုများ၏ ကိုင်တွယ် ထိန်းသိမ်းပုံ ညံ့ဖျင်းအားနည်း လွန်းခြင်း၊ ပဋိပက္ခဖြစ်ပြီးသည့် အ ချိန်တွင်လည်း တရားဥပဒေအရ ထိရောက်စွာအရေးယူနိုင်မှု အား နည်းခြင်းများ ဖြစ်ပေါ်ခဲ့သည်။ အ ဆိုပါဖြစ်ရပ်များကို တရားဥပဒေနှင့် အညီဆောင်ရွက်ရန် တိုက်တွန်း သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ဘက်တော်သား များကို ဘာ သာခြားများဘက် လိုက်သူများဟု ဝေဖန်ပုတ်ခတ်သည်။

"နိုင်ငံရေးကို ဘာသာတရား ဖြစ်သကဲ့သို့ပြော ဆိုကြသော သူများ မှာ ယုတ်မာ ညစ်ထေးသော နိုင်ငံ ရေးသမားများ ပင်လျှင် ဖြစ်ပေ၏။ ထိုသူတို့၏ ရည်ရွယ်ချက်မှာ ဤ ကဲ့သို့ ကြီးကြီးကျယ်ကျယ် လည် ဆယ်၍ ပြောခြင်း အားဖြင့် ပြည်သူ တို့၏ စိတ်ကို ရှုတ်ထွေးစေ၍ အ ကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန်ခြင်းငှာ မစွမ်းနိုင်အောင် လုပ် ခြင်း မျှသာ ဖြစ်ပေ၏။ အမှန်မှာ ထို သူတို့ပြုလုပ် မှုသည် နိုင်ငံရေး မဟုတ်။ မိမိတို့ အကောက်ဥာဏ်ကို သုံး၍ မိမိတို့ ကြီးပွားရေး တနပ်စား နိုင်ငံရေး ပင်ဖြစ်ပေ၏။ ကိုးကွယ် သည့် ဘာသာရေးမှာ လူအသီးသီး တို့၏ သက်ဝင် ယုံကြည် မှုဖြစ်၏။ နိုင်ငံရေး မှာကား၊ လူအသီးသီး တို့၏ ပေါင်းသင်း ဆက်ဆံမှု သိပ္ပံ အတတ် သာလျှင် ဖြစ်၏။ သိပ္ပံ အတတ် အ နေအားဖြင့် နိုင်ငံရေးသည် လူ အသီးသီးတို့၏ အခွင့်အရေးကို စောင့်ရှောက် ရပေလိမ့်မည်။
အခွင့်အရေး များတွင် လွတ် လပ်စွာ ဘာသာ ကိုးကွယ်နိုင် မှုလည်း ပါဝင်လေ၏။ ဤအခွင့်အရေး ပေး ရာ၌ပင် ကျွန်ုပ်တို့သည် နိုင်ငံရေးနှင့် ကိုးကွယ်သည့် ဘာသာရေး နှစ် ဌာနစပ်ကြားတွင် စည်းတားရပေ လိမ့်မည်။ အဘယ်ကြောင့် ဆိုသော် နိုင်ငံရေးနှင့် ဘာသာရေးမှာ သ ဘောမတူ အမူကွဲပြား တခြားစီ ဖြစ် သောကြောင့်တည်း။ ဘာသာရေး နှင့်သဘောရေးကို ရောစပ်ပါမူ ဘာသာရေး၏ သဘောတရားကို ဆန့်ကျင် ရာရောက်ပေ၏။ အကြောင်း မူကား၊ ဘာသာရေးသည် နောင် တမလွန်ဘ၀များကို (၀ါ)လော ကုတ္တရာကို ရှေ့ရှုသည်ဖြစ်သော ကြောင့် လောက အရေးနှင့်များစွာ မသက်ဆိုင်ချေ။ နိုင်ငံရေး မှာမူကား လောကီရေးရာ သာ ဖြစ်ပေ၏"

အထက်ပါစကားမှာ လွတ် လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင် ဆန်း ၁၉၄၆ ခုနှစ်၊ ဇန်န၀ါရီ ၂၀ တွင် ဖဆပလ ဥက္ကဋ္ဌအဖြစ် ရွှေတိဂုံ ဘုရား အလယ် ပစ္စယံ၌ ပြောကြား ခဲ့သည့် မိန့်ခွန်းထဲမှ ကောက်နှုတ် ထားခြင်းဖြစ်သည်။ ဖဆပလ အဖွဲ့ ချုပ်၏ နိုင်ငံလုံး ဆိုင်ရာညီလာခံတွင် ပြောကြားခဲ့သော အဆိုပါ မိန့်ခွန်းကို ထောက်ရှုခြင်း အားဖြင့် ဗိုလ်ချုပ် အောင်ဆန်း သည် မြန်မာနိုင်ငံကို ဘာသာရေးနှင့် နိုင်ငံရေး ရောယှက် ခြင်း မပြုသော Secular State အဖြစ် တည်ထောင်ရန် ဆန္ဒ ရှိခဲ့ကြောင်း ပေါ်လွင် ထင်ရှားလျက်ရှိသည်။

ရဟန်းသံဃာများနှင့်နိုင်ငံရေး


သို့သော် မြန်မာ့နိုင်ငံရေးတွင် ရဟန်း သံဃာတော်များ၏ အခန်း ကဏ္ဍသည် သမိုင်းတစ်လျှောက်လုံး အရေးပါသည့် နေရာတွင် ရှိခဲ့သည်။ အင်္ဂလိပ်နယ်ချဲ့တို့ လက်အောက်မှ လွတ်မြောက်ရေးအတွက် တိုက်ပွဲ ၀င်ခဲ့ကြသည့် ဆရာတော် ဦးဥတ္တမ၊ ဦးဝိစာရ အစရှိသည့် သံဃာတော် များမှအစ၊ ရှစ်လေးလုံးအရေးတော် ပုံ၊ ရွှေဝါရောင်တော်လှန်ရေးတို့တွင် ပါဝင်ခဲ့သော သံဃာတော်များအ လယ်၊ လက်ပံတောင်းတောင်တွင် မီးလောင်ဗုံးပစ်ခံရသော သပိတ် မှောက် သံဃာတော်များအဆုံး နည်းမျိုးစုံဖြင့် စွန့်လွှတ်အနစ်နာခံ ကာ တိုင်းပြည်အကျိုးအတွက် မတရားမှုများကို တွန်းလှန်ခဲ့ကြ သည်။

အရေးတော်ပုံများတွင် ပါဝင် ခဲ့ကြသည့် သံဃာတော်များကို စစ် အာဏာရှင်အစိုးရက သွေးမြေကျ သည်အထိ ရက်ရက်စက်စက်နှိပ်ကွပ် ခဲ့သလို တိပိဋဓရ ဆရာတော်ကြီး များပင်မရှောင် ထောင်ချ၊ နှိပ်စက်၊ သတ်ဖြတ်ညှင်းပန်းမှုများ ပြုလုပ်ခဲ့ ကြသည်။ သံဃာတော်များကို သေ နတ်ဖြင့်ပစ်၊ ၀ါးရင်းတုတ်ဖြင့်ရိုက်၊ စစ်ဖိနပ်ဖြင့် ကန်ကြောက်မှုများ ပြု လုပ်ခဲ့ကြသလို ဘုန်းကြီးကျောင်း ၀င်းများအား သူပုန်စခန်းစီးနင်းသ ကဲ့သို့စီးနင်းပြီး ဖမ်းဆီးနှိပ်စက် မှုများ ပြုလုပ်ခဲ့ ကြသည်။ မကြာသေးမီက ဖြစ်ပွားခဲ့သည့် လက်ပံတောင်း တောင်ကြေးနီ စီမံကိန်း ဆန္ဒပြပွဲတွင် ဆိုလျှင် ညသန်းခေါင်၌ သပိတ် စခန်းကိုစီးနင်းပြီး မီးလောင်ဗုံးများ ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းမှု ကြောင့် သံဃာ အများအပြား ဒဏ် ရာအပြင်းအထန် ရရှိခဲ့သည်။

ထိုသို့ ရတနာသုံးပါး အနက် တစ်ပါး အပါအ၀င်ဖြစ်သည့် သံဃာ တော်များကို ရက်စက်မှု အပေါင်းဖြင့် ညွှန်ကြားခဲ့သူ များမှာ အခြား ဘာသာ မတူသည့် ပုဂ္ဂိုလ်များ မဟုတ်ကြပေ။ အများစု မှာ ဗုဒ္ဓ ဘာသာဝင် မိဘများမှ ပေါက် ဖွားလာကြသော ဗုဒ္ဓဘာသာဝင် စစ် ဗိုလ်ချုပ် ကြီးများပင်ဖြစ် ကြသည်။ လက်ရှိ အရပ်သား တစ်ပိုင်း အစိုးရ အဖွဲ့ထဲတွင်ပင် ထိုစဉ်က တာဝန် ကြီးကြီးမားမား ယူခဲ့ရဖူးသည့် စစ် ဗိုလ်ချုပ်ကြီး အမြောက်အမြား ပါဝင်နေသေးသည်။ လက်ရှိသမ္မတ ဗိုလ်ချုပ် ကြီးဟောင်း ဦးသိန်းစိန်ပင် ထိုစဉ်က အစိုးရ အဖွဲ့၏ ၀န်ကြီးချုပ် ရာထူးဖြင့် တာဝန် ထမ်းဆောင်ခဲ့သူြုဖစ်သည်။

စစ်အစိုးရ၏ လုပ်ရပ်ကို မကျေ နပ်သည့် အမျိုး၊ ဘာသာ၊ သာသနာ ချစ်မြတ်နိုး သူများသည် လမ်းပေါ်ထွက် ၍ မကြောက်မရွံ့ ဆန္ဒဖော်ထုတ်မှု များ ပြုလုပ်ခဲ့ကြရာ အာဏာရှင် များ၏ ဖမ်းဆီး၊ အကျဉ်းချ၊ နှိပ်စက် ခြင်းများ ခံခဲ့ကြရသည်။ ထိုစဉ်က နိုင်ငံရေးတွင် ပါဝင်ခဲ့ကြသော သံ ဃာတော်များသည် ဆွမ်းဒါယိကာ ဖြစ်သော ပြည်သူများ စစ်အစိုးရ၏ မတရား ဖိနှိပ်ချုပ်ချယ်ခံနေရမှုကို ဥပေက္ခာမပြုနိုင်သဖြင့် အာဏာရ အစိုးရကို ပတ္တနိက္ကုဇန ကံဆောင် သပိတ်မှောက်ခဲ့ကြကာ အဓမ္မနှင့် ဓမ္မအားပြိုင်ခဲ့ကြခြင်းဖြစ်သည်။

ဂဏန်းသုံးလုံးဘာသာရေး

ပြီးခဲ့သည့် နှစ်ပိုင်းအတွင်းမှ စတင်ကာ မြန်မာနိုင်ငံတွင် အမျိုး၊ ဘာသာ၊ သာသာနာ ထိန်းသိမ်း စောင့်ရှောက်ရေးဟူသည့် အသံများ ပြန်လည်ထွက်ပေါ်လာမှုနှင့်အတူ ကိန်းဂဏန်းသုံးလုံး သင်္ကေတပြု သည့် လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့ သည်။ သို့သော် အဆိုပါ လှုပ်ရှားမှု များမှာ ယခင်ကဖြစ်ပေါ်ခဲ့ဖူးသည့် သံဃာ လှုပ်ရှားမှုများကဲ့သို့ ဖိနှိပ်အုပ် ချုပ်သူ လူတန်းစားကို ဆန့်ကျင်သည့် ပုံစံမျိုး မဟုတ်ဘဲ ပြည်တွင်းနေ ဘာ သာ မတူသူ လူတစ်စုကို ပစ်မှတ်ထား ကာ နှိပ်ကွပ် ဆန့်ကျင်မှုများ ပြုလုပ် ကြခြင်းဖြစ်သည်။ ဘာသာရေးအရ ပုတ်ခတ်ဝေဖန်ေ စ်ာကားမှုများနှင့် လူမျိုးရေး မုန်းတီးမှု တရားများကို ဟောကြားသည့် သံဃာတော်များ လည်း ထွက်ပေါ် လာခဲ့သည်။

အဆိုပါ ဘာသာရေး အမြင် မကြည်မှုများကို အခြေခံကာ မိတ္ထီ လာ၊ ဥက္ကံ၊ လားရှိုး၊ ကန့်ဘလူစသည့် မြို့များတွင် အဓိကရုဏ်းများ ဖြစ်ပွားသည်အထိ အမုန်းမီးများ တောက်လောင်ခဲ့သည်။ ကာလရှည် ကြာအတူတကွ ယှဉ်တွဲ၍နေထိုင် လာသည့်လူ့အဖွဲ့အစည်းများအ ကြား မယုံကြည်မှုများနှင့် မုန်းတီးရန် လိုမှုများ ဖြစ်ပွားစေခဲ့သည်။ အဆို ပါအမုန်းတရားများကို အတိုက် အခံနိုင်ငံရေးပါတီဖြစ်သည့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်နှင့် လူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တို့ထံ ရည်ရွယ်ချက်ရှိရှိ လွှဲချကြ သည်။ ဘာသာခြားများကို NLD ပါတီက ဦးစားပေးဘက်လိုက် နေ ဟန် ၀ါဒဖြန့်ကြသည်။

ယခု ပိုဆိုး လာသည့် အနေအ ထားတစ်ရပ်မှာ နိုင်ငံရေးဟောပြော ပွဲဖြင့် ဒေါ်အောင်ဆန်း စုကြည်နှင့် NLD ကို ဝေဖန် ရှုံ့ချမှုပြုရန် မလွယ် ကူသည့် အနေအထား တစ်ရပ်၌ ဘာသာရေးတရားပွဲများဖြင့် ပေါ်ပေါ် ထင်ထင် တိုက်ခိုက်လာသည်။ အစိုး ရ၏ အားနည်း ချက်များကို ထောက် ပြဝေဖန် ဟောပြော တတ်သော သံဃာတော်အား နိုင်ငံရေးတွင် ပါဝင်သည် ဟုဆိုကာ တရားဟော ခွင့် ပိတ်ပင်မှုများ ပြုလုပ် ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို တိုက် ခိုက်နေသော သံဃာတော်၏ တရားပွဲများကို မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပခွင့်ပေးနေသည်။ ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်လျှင် ဘာ သာ၊ သာသနာ ညှိုးနွမ်းသွားတော့ မယောင် ၀ါဒဖြန့် ကြသည်။

နိုင်ငံရေးထောင်ချောက်


အဆိုပါဖြစ်ရပ် များသည်၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၌ NLD ပါတီမှ လစ်လပ်နေရာ အားလုံးနီးပါး အနိုင်ရရှိ သွားသည့် အချိန်နောက် ပိုင်းမှ စတင်၍ ယင်းဖြစ်ရပ် များဖြစ် ပေါ်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။ ထင်မှတ် ထားသည်ထက် ပိုမိုအောင် ပွဲ ခံခဲ့သည့် NLD ပါတီသည် လက် ရှိ အာဏာရ ကြံ့ခိုင်ရေး ပါတီအတွက် သွေးပျက်စရာ ခြိမ်းခြောက်မှု တစ်ခု ဖြစ်ခဲ့သည်။ NLD ပါတီသာ လက် ရှိ အခြေအနေ အတိုင်း ဆက်လက် ရပ်တည်နိုင်ပါက ၂၀၁၅ ရွေး ကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီအ တွက် လုံးဝ အခြေလှနိုင်တော့မည် မဟုတ်ကြောင်းကို ကောင်းစွာနား လည်ခဲ့ ကြသည်။

ဖြစ်ပွားခဲ့သည့် ဘာသာရေး ပဋိပက္ခများကို လေ့လာကြည့်လျှင် အမုန်းတရား များဟောကြားသူ၊ ၀ါဒ ဖြန့်သူများကို အစိုးရမှ အရေးယူခြင်း မပြုဘဲ ဥပေက္ခာပြု ထားခြင်း၊ ပဋိ ပက္ခဖြစ် ပွားသည့်ဒေသများတွင် နယ် မြေလုံခြုံရေးအင်အားစုများ၏ ကိုင် တွယ်ထိန်းသိမ်းပုံ ညံ့ဖျင်းအားနည်း လွန်းခြင်း၊ ပဋိပက္ခဖြစ်ပြီးသည့် အ ချိန်တွင်လည်း တရားဥပဒေအရ ထိရောက်စွာအရေးယူနိုင်မှု အား နည်းခြင်းများ ဖြစ်ပေါ်ခဲ့သည်။ အ ဆိုပါဖြစ်ရပ်များကို တရားဥပဒေနှင့် အညီဆောင်ရွက်ရန် တိုက်တွန်း သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ဘက်တော်သား များကို ဘာ သာခြားများဘက် လိုက်သူများဟု ဝေဖန်ပုတ်ခတ်သည်။

ယင်းဖြစ်ရပ်များသည် လူမျိုး ရေး၊ ဘာသာရေး တို့ဖြင့် ခုတုံးလုပ် ကာ NLD ပါတီနှင့် ဒေါ်အောင် ဆန်းစုကြည် တို့၏ ပုံရိပ်ကို ကျဆင်း စေရန် ရည်ရွယ်ချက် ရှိရှိဆောင် ရွက်ချက်များဖြစ်သည်။ နောက်ဆုံး တွင် မြန်မာနိုင်ငံ၏ အင်အားစုကြီး များ၌ တစ်ခု အပါအ၀င်ဖြစ်သော သံဃာ အင်အားစုနှင့် ဒေါ်အောင် ဆန်းစုကြည်ကို လှည့်တိုက်ပေးမှု များပင် ရှိလာခဲ့သည်။ သို့သော် သီတဂူ ဆရာတော် ရှင်ဥာဏိဿရ၊ ရွှေ ပါရမီတောရ ဆရာတော် ရှင်ဆန္ဒာဓိက အစရှိသော ကြည်ညိုခံ ဆရာ တော်ကြီးများ၊ ဓမ္မနှင့်အဓမ္မကို ကွဲပြားစွာ ရှုမြင်နိုင်သူများ အားလုံး က ဒေါ်အောင်ဆန်းစုကြည်၏ စိတ် ဓာတ်နှင့်စေတနာကို ကောင်းစွာ နားလည် သဘောပေါက်ကြသဖြင့် သူ၏ဘက်မှ ရဲရဲဝံ့ဝံ့ ရပ်တည်ပေး ကြသည်။

ယင်းဖြစ်ရပ်များကို ခြုံကြည့် လျှင် NLD ပါတီနှင့် ဒေါ်အောင် ဆန်းစုကြည်၏ လက်တွင်းသို့ အာ ဏာ မရစေလိုသူ များသည် သံဃာ တော်များကိုလက်ကိုင်တုတ် အဖြစ် အသုံးချကာ ဝေဖန် ထိုးနှက်နေ သကဲ့သို့ အမှန်အမှား ပိုင်းခြား သိမြင်နိုင် သည့် သံဃာတော် များကလည်း မှန် ကန်သည့် ဘက်၌ ခိုင်ခိုင်မာမာ ရပ် တည်နေ ကြသည်ကို တွေ့ရသည်။ ယင်းအနေအထား တစ်ရပ်သည် ရေ ရှည်တွင် သံဃာ သင်းကွဲ သကဲ့သို့ ဖြစ်လာနိုင်မည့် အန္တရာယ် အထိ ကျ ရောက် လာနိုင်မည့် အရေးကို မြင် တွေ့နေရသည်။ မတရားဖိနှိပ် အုပ် ချုပ်မှုများကို တွန်းလှန်ခဲ့စဉ်က ညီညွတ် ခဲ့သော သံဃာတော် အင်အားစု သည် မသမာသော နိုင်ငံရေးသမား များ၏ ထောင်ချောက်တွင် ကြား ညပ်ကာ ပြိုကွဲရမည်ကို ဗုဒ္ဓဘာသာ ၀င်တိုင်း လိုလား ကြမည် မဟုတ်ပေ။

ဗိုလ်ချုပ်၏သဘောထား


ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆ ပလအတွင်းရေးမှူး ဦးကျော်ငြိမ်း တို့သည် ၁၉၄၆ ခုနှစ်၊ ဧပြီ ၄ ရက် နေ့၌ သံဃာတော် အရှင် သူမြတ်များနှင့် သွားရောက်တွေ့ ဆုံရာ၌ ဗိုလ်ချုပ် က အောက်ပါ အတိုင်း လျှောက် ထားခဲ့သည်။

"ဆရာတော် ဘုရားကြီးများ ဟာ ပရိယတ် ပဋိပတ် တရားနှင့် သာသနာတော်ကြီး ကြီးပွားရန်သာ တာဝန်ထားပြီး ရိုးရိုးကြီးတွေ ဆိုတာ တပည့်တော် ယုံကြည်ပါတယ်။တစ် ခု သတိထားဖို့ ကတော့ နိုင်ငံရေး သမားများသည် အလွန် ပရိယာယ် များပါသည်ဘုရား။ ကောင်းသော ပရိယာယ်နှင့် တွေ့ကြုံလျှင် တော်ပါ သေးသည်။ မကောင်းသောပရိ ယာယ်နှင့်တွေ့ကြုံက ငါးပါးတွင်မက သံဃာစင်ပါ မှောက်တတ်ပါသည် ဘုရား။ ပရိယာယ် ဆိုတာ မြတ်စွာ ဘုရား တောင်ပင် ပရိယာယ်သုံး သင့်သောနေရာသုံးပါသည်။ကောင်း သောပရိယာယ်ကို ဆိုလိုပါသည်။ ဘယ်လို ပရိယာယ်လဲဆိုလျှင် ညီ တော်မင်းနန်ချွတ်ခန်းတွင် ဆရာ တော်များသိတော်မူသည့်အတိုင်း ညီတော်မင်းနန္ဒအား ပထမမျောက် အိုမကြီးကို၎င်း၏ မိဖုရားနှင့်ယှဉ် ပြောပြီးနောက် နတ်သမီးကိုပြပြီး လျှင် ဤနတ်သမီးကို အသင်အလို ရှိပါသလောဟုမေးရာ အလိုရှိ ကြောင်း လျှောက်၏။ သင်အလိုရှိ က နတ်သမီးကိုရစေသော ဂါထာ ကောင်း ငါဘုရားပေးမည်။အသင် ဤဂါထာတော်ကို လေ့ကျက်ပါလေ ဟု မြတ်စွာဘုရားသည် သူကျွတ် ထိုက်သော တရားကိုပေးရာ ထို တရားနှင့်ပင်အရဟတ္တမဂ်၊အရဟတ္တ ဖိုလ်ရောက်သွားပါသည်။ဤ ပရိယာယ်ကား ကောင်းသောပရိ ယာယ်ပါဘုရား၊ မကောင်းသောပရိ ယာယ်ကား နိုင်ငံရေးသမားတွေက ဆရာတော်ကြီးများအား အမျိုးမျိုး လှည့်ပတ်ပြီးသူတို့၏တက်လမ်း နိုင်ငံရေးငြမ်းဆင်ပြီးသွားမှာကို စိုး ရိမ်သောကြောင့် လျှောက်ထားရ ခြင်းဖြစ်ပါသည်ဘုရား"ဟု လျှောက် ထားခဲ့ဖူးသည်။

ထို့ကြောင့် ဆရာတော် အရှင်သူမြတ်များ အနေဖြင့် မသမာသော နိုင်ငံရေး သမားများ၏ ပရိယာယ်သို့ သက် ဆင်း မိခြင်း မရှိကြစေရန် သတိမူ ကြစေလိုကြောင်း လျှောက်ထား တင်ပြ အပ်ပါ သည်။

မြန်မာပို့စ် ဂျာနယ် အတွဲ(၆) အမှတ်(၄) တွင် ဖော်ပြခဲ့သော ဆောင်းပါး။

ကျွန်တော်ဟာ NLD ပါတီဝင် မဟုတ်ပါဖူး။ ဒါပေမဲ့ မဟုတ်တာတွေပြောမမှန်တာတွေ ရေးနေ တာကိုတော့ ဒီအတိုင်း ထိုင်ကြည့်နေရလောက်အောင်လဲ
မကြောင်သေးပါဖူး။

ဒါကြောင့် မနေနိုင် မထိုင်နိုင်ဝင်ပြောလိုက်ပါရစေ။ ရွှေဝါရောင်တော်လှန်ရေးစစချင်း ၂၅ စက်တင်ဘာ ညမှာ ဖမ်းခံရတဲ့ ၃၂ယောက်ထဲမှာ NLD ၃၁ ယောက်
နဲ့ ကျွန်တော်ပါ။

သံဃာတော်တွေကို နေ့စဉ် ဆွမ်းကပ်၊ လမ်းတလျောက် လုံခြုံရေးယူပေးခဲ့တဲ့အပြင် မူးမော် လဲသွားတဲ့ သံဃာတွေကို ဆေးလိုက်ကုပေး ခဲ့တာ အားလုံး NLD တွေပါပဲ။ ဘယ် တစည ဘယ် ကြံ့ခိုင်ရေးမှ မပါပါဖူး။

ခုမှ သံဃာ နဲ့ NLD ထိပ်တိုက်မတွေစေနဲ့ လို့ ပြောနေကြတာတွေကို နားမလည်ပါဖူး။ပြောနေတဲ့ လူအားလုံးကို မေးချင်တယ်။ ရွှေဝါရောင် ကာလ တုန်းက (ခင်ဗျားတို့ ဘာတွေ လုပ်နေခဲ့ကြလဲ) ။
NLD ကတော့ သူ့ တာဝန် သူကျေခဲ့တယ်လို့  ကျွန်တော် ရဲရဲကြီး အာမခံတယ်။

မောင်သူရ (ခေါ်) ကိုဇာဂနာ

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.