01/23/14

မြန်မာနိုင်ငံ၏ သတင်းစာလွတ်လပ်ခွင့်ကို ယနေ့ထုတ် ကြေးမုံသတင်းစာပါ ပဲ့တင်သံဂျာနယ်၏ ကြော်ငြာကို ကြည့်ခြင်းအားဖြင့် အကဲဖြတ်နိုင်


မော်လမြိုင် ခေါင်းဆေးကျွန်းအနီးရှိ ဇွယ်ရပ်ကျွန်းအနီး သံလွင်မြစ်အတွင်းမှ ကသမြင်ငါး(၅၂)ပိဿာခန့်ရှိ ငါးသည် ငါးဗျက်ဖမ်းဘောပိုက်တွင် လာရောက်တိုးခဲ့၍ ၎င်းငါးအား ငါးဒိုင်တွင် သွားရောက်ရောင်းချရာ ကျိုကဿမီအဝယ်ဒိုင်မှ သိန်း(၂၂၅)သိန်းပေးကြောင်း သိရသည်။

၎င်းငါးဖမ်းသည့်ကလေးမှာ မော်လမြိုင်မြို့နယ် ကော့တွန်ကျေးရွာမှ ဒေါ်ပု၏သားဖြစ်သူ(၁၃)နှစ်ခန့်ရှိ သာထူးသည် နံနက်ပိုင်းအစ်ကိုဖြစ်သူ မအားလပ်၍ ညီဖြစ်သူအား ငါးပိုက်မျောရန်ပြောသဖြင့် ညီဖြစ်သူ သာထူးမှ ငါးဗျက် ပိုက်မျောရာ ခေါင်းဆေးကျွန်းအနီးရှိ ဇွယ်ရပ်ကျွန်းအနီး၌ ပိုက်ထဲသို့တိုးခဲ့၍ အနီးရှိ ငါးဗျက်မျောသမားများမှ ဝိုင်းဝန်း၍ လှေပေါ်သို့ တင်ပေးခဲ့သည်။ ၎င်းငါးမှာ လူ(၁ဝဝ)မှာ (၁)ယောက်မိခဲသော ငါးများဖြစ်ကြောင်း၊ မိခင်ဖြစ်သူ ဒေါ်ပုမှာလဲ ဝမ်းမြောက်ဝမ်းသာဖြစ်၍ နောက်ပိုင်းမှာ တံငါ အလုပ်ကို မလုပ်တော့ပါဘူး၊ အခြားစီးပွားရေးဘဲလုပ်မည်ဖြစ်ကြောင်းနှင့် ၎င်းရောင်းရသောပိုက်ဆံများနှင့်အလှူအတန်းပါ ပြုလုပ်မည်ဟု
ပြောခဲ့ကြောင်း သိရသည်။

zaw zaw

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.