02/01/14

 မြန်မာပြည်မှာက နေရာတိုင်းမှာ နွားနို့မရှိပေမယ့် လမ်းတိုင်းလိုလိုမှာ အရက်ဆိုင်ရှိနေတာကတော့ တကယ့် လက်တွေ့ပါ . . .
  
မကြာသေးခင်က သမ္မတကြီးဦးသိန်းစိန်က အရက်အစား နို့သောက်ဖို့အတွက် တိုက်တွန်းလို့ဆိုပြီး လူမှု ကွန်ရက် တစ်ခု ဖြစ်တဲ့ ဖေ့စ်ဘုတ်ခ်ပေါ်မှာ ပွက်လောကို ညံကုန်ပါလေကော။ သမ္မတကြီးက အရက်အစား နွားနို့သောက်ဖို့ တိုက်တွန်း လေတော့ နွားနို့ကို တကယ်သုံးစွဲပါတယ် ဆိုတဲ့ ကျွန်တော်တို့ရဲ့ အိမ်နီးချင်း အိန်္ဒိယ နိုင်ငံကို သွားသတိရမိတယ်။ ဘာလို့ဆိုတော့ နွားနို့ဟာ ဒေသခံ အိန်္ဒိယနွယ်ဖွားတွေ အတွက်တင် မကဘူး မြန်မာ ဒုက္ခသည်တွေအတွက်ပါ အဓိက အာဟာရဖြစ်နေလို့ပါပဲ။ ဇာတ်လမ်းက ဒီလိုပါ။
အိန်္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ နံနက် အိပ်ရာနိုးရင် ထမင်းကြမ်းနဲ့ ပဲပြုတ်ဖြစ် ဖြစ်၊ အကြော် အလှော်လေး နဲ့ ဖြစ်ဖြစ် နေ့တစ်နေ့ စဖွင့်ချင်တဲ့၊ စဖွင့်တတ်တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသား တွေအတွက် အခက်အခဲဆုံး ဒုက္ခက နံနက်စာ ရှာရ ခက်တာပါ။ တစ်ခါတစ်ရံ ကိုယ့်ရဲ့ မြန်မာအသိုင်းအ၀ိုင်းထဲမှာ အကြော်ေ လး ကြော် ရောင်း၊ စမူဆာလေးကြော်ရောင်းမှ အဆင်ပြေတာပါ။ နောက်တစ်ခုက မနက် အိပ် ရာထ မျက် လုံးနှစ်လုံး ပွင့်တာနဲ့ ဗိုက်ဆာ တတ်တဲ့ အကျင့်ရှိတတ်တော့ မနက်ဆို ရင် ၁၀ နာရီထိုးမှ ဆိုင်ဖွင့်လေ့ရှိတဲ့ အိန်္ဒိယ သားတွေကြောင့် အခက်တွေ့ရပြန်ကော။

ဒီတော့ မြန်မာနိုင်ငံသားပီပီ စားစရာ မရှိရင်တောင် လက်ဖက်ရည်လေးသောက် လိုက်ရ မှ၊ ကော်ဖီလေး သောက်လိုက်ရမှ အာသာပြေတဲ့သူဆိုတော့ အဆင်ပြေတာ တစ်ခုပဲရှိပါတယ်။ အဲဒါက မနက်စောစော ဆိုရင် ကားလေးတစ်စီးနဲ့ ရပ်ကွက်ပတ်ပြီး ဆိုင်တွေကို လာလာပို့တဲ့ နွားနို့ပါ။ …
လီတာဝက်ပါတဲ့ နွားနို့တစ်ထုပ်ကို အိန်္ဒိယသုံးငွေ ၁၅ ရူပီးပဲ ရှိပါတယ်။ ငွေ လဲနှုန်း ၁၅ ကျပ်နဲ့တွက်မယ် ဆိုရင်တောင် ၂၂၅ ကျပ်ပဲ ကျပါတယ်။ ဒါတောင် ဈေးတက်သွားလို့ပါ။ အရင်ကဆိုရင် ၁၃ ရူပီးပဲ ရှိပါတယ်။ မြန်မာငွေနဲ့ဆိုရင် ၂၀၀ ကျပ်တောင် မပြည့်ပါဘူး။  အမျိုးအစားကလည်း တော်တော်များပါတယ်။ ဒါ့အပြင် အထုပ်နဲ့ မ၀ယ်ချင်သူတွေအတွက်လည်း အကြွေစေ့ထည့်ရုံနဲ့ အလိုအလျောက် နွားနို့ထွက်တဲ့ စက်မျိုးတွေကို လည်း ရပ်ကွက်ကြီးတွေတိုင်းမှာ ထားထားတဲ့အတွက် လတ်လတ်ဆတ်ဆတ် နွားနို့ကို ရနိုင်ပါ တယ်။

ဒါတင်ပဲလား မဟုတ်ပါဘူး။ နွားနို့ သောက်လို့ အဆီတက်မှာ ကြောက်တဲ့သူ တွေ အတွက်လည်း အဆီလျှော့ ထားပြီးဖြစ်တဲ့ နွားနို့  Toned-Milk  အမျိုးအစားလည်း ရှိပါသေးတယ်။ အဲဒီဟာဆိုရင် ပိုလို့တောင် ဈေးပေါပြီး မြန်မာကျပ်ငွေ ၁၅၀ လောက်နဲ့ ၀ယ်လို့ ရပါတယ်။
၂၂၅ ကျပ်တန် နွားနို့ကို  TaTa Tea လို့ခေါ်တဲ့ လက်ဖက်ရည်အချိုခြောက် ငါး ရူပီးတန် (မြန်မာငွေ ၇၅ ကျပ်)၊ သကြား အနည်းငယ်နဲ့ ဖျော်မယ်ဆိုရင် မိသားစုသုံး ယောက်ရှိတဲ့ အိမ်တစ်ခုအတွက်တော့ ဖူလုံပါတယ်။ အိန်္ဒိယမှာတော့ လက်ဖက်ရည်ကို သကြားမသုံးဘဲ နွားနို့နဲ့ ဖျော်၊ ပြီးရင် ချင်းပြားလေးရိုက်ထည့်ပြီး ရောင်း တာတွေရှိသလို အဲဒီတစ်ခွက်ကို မြန်မာ ငွေနဲ့ဆို ၇၅ ကျပ်ပဲ ကျပါတယ်။ တချို့များ ဆိုရင် ကွမ်းယာထဲ ထည့်စားတဲ့ ဖာလာစေ့ ကိုတောင်မှ လက်ဖက်ရည်ထဲ ထည့်သောက် တာမျိုးထိ ရှိပါတယ်။
နွားနို့ဟာ အသက် နှစ်နှစ်ကနေ ငါးနှစ်အရွယ် ကလေးငယ်တွေအတွက် တစ်နေ့ကို လီတာဝက် ဒါမှမဟုတ် ရှစ်အောင်စပါတဲ့ နွားနို့ နှစ်ခွက်ကို နေ့တိုင်းသောက်သုံး သင့်တယ်လို့ နော်ဝေနိုင်ငံ တိုရန်တိုမြို့ စိန့်မိုက်ကယ် ဆေးရုံက သုတေသနပညာ ရှင် ဒေါက်တာ ဂျိုနသန် မာဂူရီက ဆိုထားပါတယ်။ ကလေးငယ်ပေါင်း ၁၃၀၀ ကျော်ကို စစ်တမ်းလုပ်ပြီး ပြုစုထားတဲ့ သူ့ရဲ့ စစ်တမ်းထဲမှာဆိုရင် နွားနို့ လုံလုံ လောက်လောက် မသောက် နိုင်တဲ့ ကလေး ငယ်ဟာ ဗီတာမင်ဒီ ချို့တဲ့ပြီး ပုံမှန် သောက်နိုင်တယ်ဆိုရင်တော့ အရိုးတွေကို သန်မာစေတယ်လို့ ဆိုထားပါတယ်။
ဒါကြောင့်များလားတော့ မသိ။ အိန်္ဒိယပြည်က ကလေးတွေကို ကြည့် လိုက်ရင် လျှပ်စီးလက်သလို ဆော့လိုက်ပုံ များ မျောက်ရှုံးတယ်ဆိုတာ လက်ခံမိတယ်။ အရပ်စကားနဲ့ပြောရင် အပေအတေလည်း ခံပါ့။

ကျွန်တော်တို့ မြန်မာပြည်မှာ လက်ဖက်ရည်တစ်ခွက်ကို နို့ဆီနဲ့ ဖျော်မယ်ဆိုရင် ဆိုင်သောက်တစ်ခွက်အတွက် ၂၅၀ ကျပ်၊ ချက်နို့ဆီနဲ့ ဖျော်မယ်ဆိုရင် ၁၅၀ ကျပ်ပါ။ နွားနို့နဲ့ ဖျော်တဲ့လက်ဖက်ရည်ဆိုင်ဆိုတာ တော်တော် ရှားပါတယ်။ ရှားတယ်ဆိုတာကလည်း နွားနို့ဝယ်ဖို့ဆိုရင် အရည်အသွေး မပြည့်မီတာ၊ ရေရောတာတွေက မကြာခဏ ဆိုလလို ကြားနေရတဲ့ ပြဿနာပါ။ နောက်တစ်ခုက လက်ဖက်ရည် ဆိုင် တွေမှာပါ။ လက်ဖက်ရည် နဲ့ နွားနို့ကို တွဲရောင်း၊ မလိုင်ဖတ်ပါတယ်ဆိုပြီး ထည့် ပေး၊ အဲဒီ မလိုင်ဖတ်တွေက တစ်ရှူးစတွေ ပါဆိုပြီး ဝေဖန်မှုတွေကလည်း ရှိနေပြန်ပါသေးတယ်။ နောက်ပြီး နွားနို့ဝယ်ဖို့အတွက် နေရာတိုင်းမှာ ဆိုင်တွေ မရှိပါဘူး။ ထို့အတူ နွားနို့အတွက် အဓိက အကျဆုံးဖြစ်တဲ့ နွားတွေဟာလည်း နယ်စပ်ထွက်ပေါက် တွေထက်တစ်ဆင့် အိမ်နီးချင်း နိုင်ငံတွေကို ခိုးထုတ်ရောင်း နေတာတွေလည်း သတင်း တွေလည်း ကြားနေပါတယ်။
အခုတော့ သမ္မတကြီးက ပြောလာပြီ။ အရက်အစား နွားနို့သောက်ဖို့ပါ။ အရက် သောက်တဲ့သူဆိုတော့ လူလတ် ပိုင်းနဲ့ လူကြီးပိုင်းကို ပြောချင်တာလို့တော့ ထင်မိ ပါတယ်။ မြန်မာပြည်မှာက နေရာတိုင်းမှာ နွားနို့ မရှိပေမယ့် လမ်းတိုင်း လိုလိုမှာ အရက်ဆိုင်ရှိနေတာကတော့ တကယ့် လက်တွေ့ပါ။ သမ္မတကြီးက စေတနာနဲ့ အကြံပြု ပြောကြားတဲ့ နွားနို့သောက်ဖို့ ဆိုတာ အရက်သောက်ဖို့ထက် ပိုခက်နေတာက မြန်မာပြည်ရဲ့ အနေအထားပါ။
ကျွန်တော့် တစ်ဦးတည်းအမြင်နဲ့ပဲ သမ္မတကြီးရဲ့ နွားနို့သောက်ဖို့ အကြံပြု စကားနဲ့ ပတ်သက်ပြီး မေးခွန်း ထုတ်လိုက်ပါရစေ။

မြန်မာပြည်မှာ အိန်္ဒိယလိုမျိုး နွားနို့ ထုတ်လုပ်နိုင်မှုလိုမျိုး လိုအပ်ချက်တွေကို ပြည့်မီအောင် ထုတ်လုပ်နိုင် နေပြီလား၊ နေရာတိုင်းမှာ ကောဝယ်လို့ ရနေပြီလား၊ လူတွေအနေနဲ့ နွားနို့ကို သောက်သင့် ကြောင်းနဲ့ ပတ်သက်ပြီး အသိပညာ ဗဟုသုတရရှိအောင် လုပ်ကိုင်ပြီးပြီလား၊ လမ်းတကာအသီးသီးမှာ ဖွင့်ထားတဲ့ အရက် ဆိုင်တွေကို ပိတ်သိမ်းဖို့ စီစဉ်ပြီးပြီလား၊ အရက်ရောင်းဝယ်ဖောက်ကားမှုကို ထိန်းချုပ်နိုင်ဖို့ အခွန်မြှင့်တင်ပြီး ရောင်းလိုအား ကျလာအောင် အမျိုးသားအဆင့် စီမံကိန်းတွေ ရေးဆွဲပြီးပြီလား၊ အရက်သောက်သုံး ခြင်းနဲ့ ပတ်သက်ပြီး တားဆီးဖို့အတွက် ကျန်းမာရေးဆိုင်ရာ ဗဟုသုတပေးရန် စီမံကိန်းများ ချထားပြီလား….၊ လား ပေါင်းများစွာ ရှိနေပါသေးတယ်။
ဒီတော့ သမ္မတကြီးရဲ့ အရက်အစား နွားနို့သောက်ပါဆိုသည့် စကားရပ်တစ်ရပ် အတွက် အကောင် အထည် ဖော်ရန် အချက်များစွာ လိုတယ်ဆိုတာကိုတော့ဖြင့် သတိ ချပ်စေလိုပါတယ်။ အရက်အစား နွားနို့ သောက်ခြင်း သည် ကောင်းသည့်အတွက် ထိုကောင်းသည့်အချက်ကို ဖြစ်ထွန်းစေရန်လည်း လိုအပ်နေပါကြောင်း မီးမောင်း ထိုး ပြလိုရင်းပါ။

မြန်မာသံတော်ဆင့်

၂၀၁၃ခုနှစ်...နိုဝင်ဘာလအတွင်းက လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ဒု.လ၀ကမှူးလုပ်သက် (၁၂)နှစ်ရှိသည်
ဝန်ထမ်းတစ်ဦးဖြစ်သူ ဦးကျော်သက်ဟန် အားဌာနအတွင်း အပြောင်းအေ၇ွှ့ ကိစ္စများ....၇ာထူးတိုးမြှင့်သည့်ကိစ္စများ....ဂွင်ဖန်တီးသည့်
ကိစ္စရပ်များ....လက်ဝါးကြီးအုပ်ကိုင်ပီး ချုပ်ကိုင်သည့် ကိစ္စရပ်များ....လူကိုခင်လျှင် မူကိုပြင်သည်...လူကိုမုန်းလျှင် မူကိုသုံးသည်..ဆိုသည့်
ကိစ္စရပ်များ....အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား လုပ်ရပ်များ....မျက်နှာကြီးရာဟင်းဖတ်ပါသည့်ကိစ္စရပ်များ....မူမရှိပဲလူနှင့်ကျင့်
သုံးသည့်ကစ္စိရပ်များ ထို့အပြင် ၀န်ကြီးနှင့်အတူပြောင်းရွှေ့လိုက်ပါလာသည့် ရဲတပ်ဖွဲ့မှ လ၀က အသွင်ပြောင်း အရာရှိကြီးများ ၏ဗိုလ်ကျ
အနိုင်ကျင့်မှုများအား သည်းမခံနိုင်တော့သည့် အတွက် facebook ပေါ်တွင် CARE TAKER အမည်ဖြင့် ခံစားချက်များပေါက်ကွဲပီးရေးသား
တင်ပြထားခြင်း အပေါ် ဦးစီးဌာနမှ မြန်မာ့ဆက်သွယ်ရေးလုပ်ငနှ်းကူညီဆောင်ရွက်မှုဖြင့် ၄င်း သုံးစွဲနေသည့် IP Address အားစုံစမ်းဖော်
ထုတ်ခဲ့ပီး ယင်းဝန်ထမ်းအား နေပြည်တော်သို့ခေါ်ယူပီး ဦးစီးဌာန(ရုံးချုပ်)တွင် စုံခုံဖွဲ့ စစ်ဆေးမေးမြန်းခဲ့ပါသည်.....

ထိုသို့စစ်ဆေးမေးမြန်းခဲ့ရာတွင် ၄င်းဝန်ထမ်းတစ်ဦးတည်းသာ စုံခုံဖွဲ့ စစ်ဆေးမေးမြန်းခဲ့ခြင်းမဟုတ်ပဲ ၄င်း facebook wall ပေါ်တွင် Friend အဖြင့် လက်ခံထား
ရှိသည့် အနယ်နယ်အရပ်ရပ်မှ ၀န်ထမ်းများနှင့် like လုပ်ထားမိသည့်ဝန်ထမ်းများအားလည်းနေပြည်တော်သို့ ခေါ်ယူစစ်ဆေးမေမြန်းခဲ့ကြပီး
.....ထိုသို့ ခေါ်ယူစစ်ဆေးမေးမြန်းခံရသည့်အထဲတွင် ဒု.ညွှန်မှူးအဆင့်ရှိသည့် အရာရှိကြီးများလည်း ပါဝင်ခဲ့ကြပါသည်....ထိုနောက်၎င်း
ဝန်ထမ်းအား ရာထူးတိုးမြှင့် ခြင်းကို ( ၂ )နှစ်ရပ်ဆိုင်းခဲ့သည့် အပြစ်ဒဏ်နှင့်အတူ စစ်ကိုင်းတိုင်း..ဖောင်းပြင် မြို့နယ်ရုံးသို့ပြောင်းရွှေ့အမိန့်
စာအားထုတ်ပြန်ခဲ့ပါသည်....၄င်းစုံခုံဖွဲ့ စစ်ဆေးရာတွင်ပါဝင်ခဲ့သည့် ၀န်ကြီး၏တပည့်ရင်းတစ်ဦးဖြစ်သု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လ၀က သို့
ဒု.ညွှန်မှူး၇ာထူးဖြင့်ပြောင်းရွှေ့လိုက်ပါလာခဲ့သည့် ဦးယဉ်ထွေးမှ နောင်တွင် မည်သည့် ၀န်ထမ်းမဆို အင်တာနက်မှ သော်လည်းကောင်း...
သတင်းဝက်ဆိုဒ်ဌာနများမှသော်လည်းကောင်း....ဂျာနယ်များတွင်သော်လည်းကောင်း လ၀က ၀န်ကြီးဌာနအကြောင်းများအား ရေးသားဖော်
ပြ သတင်းပေးပို့သွားပါက မိမိ တို့မှ မ၇၇အောင် စုံစမ်းဖော်ထုတ်ပီး ၀န်ထမ်းများနှင့် သတင်းဖော်ပြပေးသည့် အင်တာနက်ဝက်ဆိုဒ်ဂျာနယ်
များအား တရားစွဲဆိုဆောင်၇ွက်သွားမည်ဖြစ်ကြောင်ြးုခိမ်းခြောက်ပြောဆိုခဲ့ပါသည်...

.၁၉-၈-၂၀၁၃ ရက်နေ့ထုတ်7 Daily new သတင်းစာတွင်ပါရှိသည့် အယ်ဒိတာထံပေးစာတွင်ပါရှိသည့် နေမျိုးကျော်စွာ ရေးသားသည့် လ၀က ၀န်ကြီးဌာန၏ မုမမှန်သည့်ကြိုးနီစနစ်များ...
ဆိုသည့် ပေးစာ....အင်တာနက် ၀က်ဆိုဒ် သတင်းဌာနများတွင်ဖော်ပြခဲ့သည့် လ၀က ၀န်ကြီး လွှတ်တော်တွင် အရှက်တော်ကွဲခဲ့သည့်
အတွက် ကျောက်တံခါးမြို့နယ်ရုံးဝန်ထမ်းများအား အရေးယူခဲ့မှု သတင်းများလည်း ထွက်ပေါ်ခဲ့ပါသည်..ထိုကဲ့သို့ဝန်ထမ်းများမှအင်တာနက်မှ
နေပီးသတင်းများတင်နေခဲ့ခြင်းအပေါ် ကန့်သတ်ထိန်းချုပ်ရန်အတွက်..နေပြည်တော်ဝန်ကြီးဌာနတွင် လွှင့်တင်ထားသည့် ၀ိုင်ဖိုင်များအား ၀န်ထမ်းငယ်များအား လုံးဝသုံးစွဲစေခြင်းမရှိပဲ အင်တာနက် သုံးစွဲမှူအား ထိန်းသိန်းထားရှိခဲ့ပါသည်....ပြည်သူ့လွှတ်တော်မှစုံစမ်းရေးကော်မရှင်
ဖွဲ့စုံစမ်းခဲ့သည့် ဒေါက်တာဆိတ်ဖွား ကိစ္စမှာ ပေါ်ပေါက်ခြင်းမရှိခဲ့ပဲ နောက်ဆုံးတွင် အဖျားရှူးသွားခဲ့ရသော်လည်း လ၀ကဦးစီးဌာနမှစုံစမ်း
ဖော်ထုတ်ခဲ့သည့် CARE TAKER ကိစ္စမှာ စုံစမ်းပေါ်ပေါက်ခဲ့ပီး ကာယကံရှင် ၀န်ထမ်းမှာ အရေးယူအပြစ်ပေးခြင်းခံလိုက်ရပြီးဖြစ်ပါသည်...

ထိုဖြစ်စဉ်ပေါ် လ၀က ၀န်ထမ်းများမှ ဒေါက်တာ ဆိတ်ဖွား မှာ အကောင်ကြီးမားလွန်းသည့်အတွက် ပေါ်ပေါက်ခြင်းမရှိသော်လည်း CARETAKER မှာ အကောင်ငယ်သည့်အတွက် ပေါ်သွားခြင်းဖြစ်နိုင်ကြောင်းခန့်မှန်းပြောဆိုနေကြပါသည်....ထိုကိစ္စနှင့်ပက်သက်ပီး ဦးစီးဌာန
မှ အမျိုးသမီးတစ်ဦးမှ ရင်ဖွင့်ခဲ့ရာ..." ၄င်းရေးသားထားခဲ့သည့် အကြောင်းအရာများအားလုံးမှာ အမှန်များသာလျှင်ဖြစ်ကြောင်း...၄င်းအား
စုံခုံဖွဲ့စစ်ဆေးနေစဉ်တွင်လည်း သူ့အားသွားရောက်အားပေးခဲ့ကြကြောင်း....အောက်ခြေ၀န်ထမ်းအများစုမှ သူအားဝိုင်းဝန်းထောက်ခံအားပေး
ခဲ့ကြကြောင်း....၄င်းဖြစ်စဉ်ဖြစ်ပွားခဲ့သည့်အပေါ် ညွှန်မှူးအတော်များများနှင့် အောက်ခြေ၀န်ထမ်းများမှ ၀န်ကြီးအပေါ်အမြင်မကြည်ကြ
ကြောင်း...ယခု အင်တာနက်ခေတ်ကြီးတွင် facebook သုံးစွဲမှုမှာ ယဉ်ကျေးမှုတစ်ရပ်လိုဖြစ်နေကြောင်း...ထိုကဲ့သို့ facebook သုံးစွဲနေကြ
သည့် လူတိုင်း လူတိုင်းသည် မိမိတို့ ၀မ်းသာ/၀မ်းနည်းခံစားချက်များအားမိမိ ဝေါပေါါ်တွင်အသီးသီး ရင်ဖွင့်ဖော်ထုတ် ရေးသားလာခဲ့သည်မှာ
ထုံးတမ်းအစဉ်အလာတစ်ခုလိုဖြစ်နေကြောင်း....ထိုထက်ပိုဆိုးသည်မှာ သူငယ်ချင်းအဖြစ်လက်ခံထားသူများ....like လုပ်ထားမိသည့်ဝန်ထမ်း
များကိုပါ ခေါ်ယူစစ်ဆေးမေးမြန်းခဲ့သည်မှာ မဖြစ်သင့်တော့ကြောင်း....ယခုလို ဒီမိုကရေစီ ခေတ်ကြီးသို့ ချီတက်နေကြသည့်အချိန်တွင်ထိုဖြစ်
စဉ်သည် ၀န်ထမ်းများအား ခြိမ်းခြောက်သည့် အဆင့်သို့ရောက်ရှိသွားခြင်းဖြစ်ကြောင်း.....ထိုကြောင့် fb သုံးစွဲနေသည့် ၀န်ထမ်းများသည်
လ၀က ၀န်ကြိးဌာနနှင့်ပက်သက်သည့် သတင်းကောင်းကောင်း...သတင်းဆိုးဆိုး...တို့ကို share ဖို့မပြောနှင့် like ပင်မလုပ်ရဲတော့
ကြောင်း....နိုင်ငံတော် အစိုးရမှ ဦးဆောင်ပီး ဒီမိုကရေစီ စနစ်ကြီးသို့ ဦးတည်သွားနေချိန်တွင် ကျွန်မ တို့ ၀န်င်္ကြးမှ ဦးဆောင်ပီးတော့ နောက်သို့
ဆုတ်ရန် ကြိုးစားနေကြကြောင်း....ဌာနအတွင်း ဒီမိုကရေစီ မပြောနှင့်...လွပ်လပ်စွာပြောဆိုခွင့်မရှိကြောင်း....၀န်ထမ်းများအားလည်းအကြောက်
တရားဖြင့်သာ အုပ်ချုပ်ထားကြောင်း....ထိုကဲ့သို့သာ ဆက်လက်သွားနေမည်ဆိုပါက တစ်ချိန်ချိန်တွင်အတွင်းစည်းပေါက်သွားပီး
အင်တာနက် ၀က်ဆိုဒ်သတင်းဌာနများမှ ဌာန အတွင်းရေးများထွက်ရှိလာနိုင်ကြောင်း .....ထိုဖြစ်စဉ် ဖြစ်ရပ်သည် မကောင်းသည့်ရှေ့ဆက်
အလားလာဖြစ်ကြောင်း" ပြောဆိုရင်ဖွင့်သွားခဲ့ပါသည်.....
____________________________________________
{ထိုဖြစ်စဉ်အား မီဒီယာလောက သားများ အားလုံးသိရှိအောင် ရှယ်ပေးခြင်းဖြင့် ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါ ´}ု
A.Z.L

(ရေး- ဇင်သော်နိုင်- 31-1-2014)

မွေး/ရေ၀န်ကြီး ဦးအုန်းမြင့်ရဲ့ အသံဖိုင် အွန်လိုင်းမှာ တော်တော်လေး ဂယက်ရိုက်နေလို့ နားထောင် ကြည့်မိပါတယ်။ ဘုရား ... ဘုရား။ ပြည်ထောင်စု ၀န်ကြီးရဲ့ နှုတ်ထွက်စကား ဆိုတာ ဗီဒီယိုဖိုင် မို့လို့သာ ယုံလိုက်ရတယ်။ နို့မဟုတ်ရင် စာမတတ် ပေမတတ် သူခိုးဂျပိုး လမ်းဘေး လူမိုက်က ပြောနေသလားလို့ ထင်ရတယ်။ သူပြောနေတဲ့ အဓိက အကြောင်းရင်းကို သုံးသပ် ကြည့်တော့လည်း ကျေးရွာ ဖွံ့ဖြိုးရေး ကိစ္စတွေကို နိုင်ငံပိုင်ငွေနဲ့ သွားလုပ်ရင်း သက်သက် အာဏာပြပြီး ဒေသခံတွေကို ခြိမ်းခြောက် နိုင်ငံရေးသမား တွေကိုပါ အပုတ်ချ သွားတာမျိုး ဖြစ်နေတယ်။

ဒီနေရာမှာ ပြောချင်တာက စစ်သား ဘ၀ကနေ လာတဲ့ ၀န်ကြီး တစ်ဦးရဲ့ စိတ်နေစိတ်ထား Mindset ပဲ။ ပြည်သူကို ကျွန်လို သဘောထားပြီး ကိုယ်ပေးမှရမယ်၊ ကိုယ်သနားမှ ချမ်းသာရာ ရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရတယ်။ တကယ်တော့ ဒါဟာ သူ့အတွက် မဖြစ်မနေ လုပ်ကို လုပ်ပေးရမယ့် အလုပ်တွေပဲ။ သူ့စကားထဲမှာ ပါတဲ့အတိုင်း မြန်မာပြည်မှာ ကျေးရွာပေါင်း ခြောက်သောင်းကျော် ရှိတယ်ဆိုရင် အဲဒီ ခြောက်သောင်းလုံးကို ပြည့်ပြည့်၀၀ လုပ်မပေး နိုင် တဲ့အတွက် တကယ်ဆိုရင် သူကတောင် ပြန် တောင်း ပန် ရဦးမှာ။ ဒါကိုပဲ သူလက်သင့်ရာ စားတော်ခေါ်ပေး တာကို ကျေးဇူးပြန် တင်ရမယ့် အပေါက်။ ကျလည်း ကျလောက်စရာ။

နိုင်ငံရေး သမားတွေ ပြောပြောနေတဲ့ လူ့အခွင့်အရေး ဆိုတာ အဲ့ဒါပဲ။ ပေးတာလေးယူ ကျွေးတာလေးစား အဘတို့ ပြောသမျှ မှန်ပါတယ် ဆိုပြီး ခေါင်းငြိမ့်နေ စရာ မလိုဘူး။ ဘယ်ဟာက ကိုယ်ရသင့်တဲ့ အခွင့်အရေး ဆိုတာ ကောင်းကောင်း နားလည်ပြီး ပြည့်ပြည့်၀၀ ရဖို့ ရဲရဲဝံ့ဝံ့ တောင်းရဲဖို့ လိုတယ်။ ဒါကိုမှ မပေးနိုင်ဘူး ဆိုရင် ဒီလို အစိုးရမျိုးကို သက်တမ်းပြည့်ရင် ညောင်းတော့ပေါ့။ ဘာမှ လွမ်းစရာ မရှိဘူး။

လယ်ယာမြေ အသိမ်းခံရတာ၊ ဆန္ဒဖော်ထုတ်လို့ အဖမ်းခံရတာ၊ အတင်း အကြပ် လုပ်အားပေး ခိုင်းစေခံရတာ၊ ကလေးစစ်သား စု ဆောင်းခံရတာ၊ အစိုးရ၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ၀င်တွေရဲ့ နှိပ်စက် ညှင်းပန်းမှု ခံရတာ၊ လူကုန်ကူး ခံရတာ၊ စစ်ဘေး ဒဏ်ကြောင့် နေရပ်စွန့်ခွာပြေးရတာ၊ အခွင့် အာဏာ အလွဲ သုံးစားပြုပြီး ပြည်သူတွေကို နိုင့်ထက်စီးနင်း လုပ်တာ၊ အကျင့်ပျက်ခြစားတာ၊ တရားရေးမှာ ဘက်လိုက် စီရင်တာ တွေ အားလုံးဟာ လူ့အခွင့်အရေး ချိုးဖောက်တာတွေပဲ။

ဒီတော့ ပြည်သူတွေ ကိုယ့်အခွင့် အရေးကိုယ် သိကုန်ကြမှာ စိုးတဲ့ လူတစ်စုက လူ့အခွင့်အရေး ဆိုတာ ကုလား အားပေးတဲ့ ၀ါဒလိုလို ပုံဖျက်ပစ်ပြီး အမျိုးသားရေး မှိုင်းနဲ့တိုက်တယ်။ ဥာဏ်ရည် နုံနဲ့တဲ့ သူတွေက အဲဒီမှိုင်းထဲမှာ မျောပြီး လူ့အခွင့်အရေး မလိုချင်ပါဘူး ဘာညာဆိုပြီး ဖြစ်ကုန်ကြတယ်။ ဒီလိုလူတွေ များနေလေလေ လူ့အခွင့်အရေး ချိုးဖောက်ချင်တဲ့ အာဏာရှင် လက်သစ်တွေ သဘောကျလေပေါ့။ တစ်ရာဖိုးလောက် လုပ်ပေးရမယ့် နေရာမှာ တစ်ကျပ်ဖိုးလောက်ပဲ လုပ်ပေးပြီး မှိုင်းလေး နည်းနည်းလောက် တိုက်လိုက်ရင်ပဲ အစိုးရ ကျေးဇူး မြင့်မိုရ်ဦး ဖြစ်ကုန်ကြရော။ ကဲ ... ဘယ်လောက် တန်လိုက်သလဲ။

မြန်မာနိုင်ငံရှိ နိုင်ငံရေးသမားများ ဆန့်ကျင်လျှင် ထောင်ထဲပို့မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားမှုအပေါ် နိုင်ငံရေးသမားများ အားလုံး ထောင်ကျခံဝံ့သည်ဟု ဇန်န၀ါရီ ၃၀ရက်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက တစ်ဦးဖြစ်သူ ဟံသာဝတီ ဦးဝင်းတင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် သစ်ရာကောက် ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံစဉ် မွေးမြူရေး လုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ပြောကြား ခဲ့သည်များကို ၂၀၁၄ ဖေဖော်ဝါရီလ ၁ ရက်ထုတ် အတွဲ ၃၊ အမှတ် ၁၃ ယူနတီ အပတ်စဉ် သတင်းဂျာနယ်တွင် ““မည်သည့် နိုင်ငံရေးသမားကိုမှ ဂရုစိုက်စရာမလို၊ အစိုးရကို ဆန့်ကျင်ပါက ထောင်ထဲပို့မည် ဟု ပြည်ထောင်စုဝန်ကြီးဆို”” ခေါင်းစဉ်ဖြင့် ယခုကဲ့သို့ ရေးသား ဖော်ပြခဲ့သည်။

ထိုကဲ့သို့ ပြောကြားမှုများမှာ ““ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး။ နိုင်ငံရေးစကား စပြောတာအခုမှ။ နိုင်ငံရေးစကား ဆိုတာ တက်နေတဲ့ အစိုးရ အပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာပဲ။ ပါးစပ်နဲ့ တွယ်လို့မရရင် အချုပ်ထဲ ထည့်မှာပဲ။ နိုင်ငံတကာမှာ ဒီလိုပဲ ကျင့်သုံးနေတယ်””စသည်ဖြင့် ရေးသား ဖော်ပြထားသည်။

ထို့ပြင် ““ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ ဆိုပြီး မိန့်ခွန်း ပြောလာတာ။ နှစ် ၂၀ ကျော်၊ ၄၀ ကျော် သူများတွေ လျှောက်ပြောနေတာ။ ကျွန်တော်တို့ ခါးကြားမှာ သေနတ် ထိုးပြီးတော့ ပခုံးပေါ်မှာ သေနတ် လွယ်ပြီး အုပ်ချုပ်ခဲ့တာပဲဟာ။ ဘာမှ မတိုးတက်ဘူးပြော။ သောက်ရူးတွေ ပြောနေတာ။ သောက်ရူးတွေ ပြောတာ မယုံနဲ့။ ကိုယ့်လမ်းကိုယ် လျှောက်ရမယ့် လူတွေဖြစ်တဲ့အတွက် ခင်ဗျားတို့ ဘုကန့်လန့် မပြောနဲ့။ ကန့်လန့်တိုက် မပြောနဲ့။ ပြောရင် ခင်ဗျားတို့အတွက် တစ်ပြားမှ မလုပ်ပေးဘူး။ တိုင်ချင်တဲ့ နေရာတိုင်လို့ရတယ်။ ခင်ဗျားတို့ တိုင်ရင်လည်း ကျွန်တော် မရောက်သေးလို့ပါ ပြောလိုက်ရုံပဲ။ ရှင်း တယ်နော်”” စသည့် အကြောင်းအရာများကို သင်ရာကောက် ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားမှုကို ဟံသာဝတီ ဦးဝင်းတင်က ““ထောင်ကျခံဝံ့တယ်လို့ ပြောလိုက်ပေါ့ဗျာ။ သူတို့တောင် ထည့်ဝံ့တာ ထည့်ပေါ့။ ကျွန်တော်တို့ကတော့ ထောင်ကျ ခံဝံ့တယ်။ ဒီခေတ်ကြီးမှာ ထောင်ချနေတာ၊ လူတွေ ဒီလောက်ကန့်ကွက် နေတဲ့ကြားထဲက နိုင်ငံရေးသမား ထောင်ချ ချင်ရင် ချပေါ့။ ထောင်ထဲ ထည့်ချင်တိုင်း ထည့်လို့ မရဘူးဗျ။ လူတိုင်းက ကန့်ကွက်နေတယ်။ အဲဒါကို နိုင်ငံရေးသမားကို ထောင်ထဲ ထည့်တယ် ဆိုရင် သူတို့ ထည့်ရဲရင်ထည့် ကျွန်တော်တို့ကလည်း ထောင်ကျ ခံဝံ့တယ်””ဟု တုံ့ပြန် ပြောကြားခဲ့သည်။

Unity အပတ်စဉ် သတင်းဂျာနယ် အတွဲ(၃)၊ အမှတ်(၅)တွင် ဖော်ပြခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်သည် သစ်ရာကောက်ကျေးရွာ ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့မှုများနှင့် စပ်လျဉ်းသည့် တိကျသည့် အဖြေ ရရှိစေရန် မြန်မာသံတော်ဆင့် သတင်းဂျာနယ်မှ မွေးမြူရေးလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနရုံးသို့ ဆက်သွယ်၍ မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်သည် မန္တလေးတိုင်း တောင်သာမြို့သို့ ဒေသခံပြည်သူများနှင့် တွေ့ဆုံရန် ခရီးထွက်သွားသည်ဟု ၎င်းဝန်ကြီးဌာနရုံး အဖွဲ့ဝင် တစ်ဦးက ဖြေကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ လက်ကိုင်ဖုန်း သုံးလုံးကို တိုက်ရိုက် ဆက်သွယ်၍ မေးမြန်းနိုင်ရန် ဇန်န၀ါရီလ ၃၀ ရက်၊ မနက် ၁၁ နာရီကျော်မှစ၍ နေ့လယ် ၃ နာရီတိုင် အကြိမ်ကြိမ် ခေါ်ဆိုခဲ့ရာ ဖုန်းဝင်သော်လည်း ဖုန်းမကိုင်သည့်အတွက် အဆိုပါ ပြောကြားမှု၏ အဓိပ္ပာယ်နှင့် အကြောင်းရင်းကို တိကျ စေမည့် အဖြေမရရှိခဲ့ပေ။

myanmar thandaw sint

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.