02/17/14


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း )တို့၏
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ပူးတွဲကြေညာချက်


ရက်စွဲ ။ ။ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်၊
၁၃၇၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၂) ရက်၊


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်စဉ်ကပင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကို အဖွဲ့ချုပ်၏ မူ(၃)ချက်ထဲမှ မူတစ်ခုအဖြစ် တရားဝင်ကြေညာ ခဲ့ပါသည်။
ယင်းသို့ ကြေညာခဲ့ခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ထဲတွင်ပြုပြင်ပြောင်းလဲရေးအတွက် ရည်ရွယ်ပြီး ဒီမိုကရေစီ စံနှုန်းများဖြင့် ညီညွတ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းချောမွေ့ စွာ ပြုပြင်
ပြောင်း လဲနိုင်ရေးတို့ကို ဦးတည်ခြင်းဖြစ်ပါ သည်။

၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)သည်လည်း ရှစ်လေးလုံးငွေရတုညီလာခံတွင် တိုင်းရင်းသား အင်အားစုများ၊ နိုင်ငံရေးအင်အားစုများ အားလုံးနှင့် ပူးပေါင်း၍ချမှတ်ခဲ့သော အချက် (၃) ချက်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် အရေးကြီးသော အချက်တစ်ချက်အဖြစ် ဆုံးဖြတ်ခဲ့ပြီး ဆက်လက်၍ အကောင်အထည်ဖော်ရေးအတွက် လည်း အစဉ်တစိုက် ကြိုးစားလျက်ရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးသည် ယနေ့အခြေအနေတွင် နိုင်ငံတော်၏ အဓိက လိုအပ်ချက် ဖြစ်နေ ပါသည်။
သို့ပါ၍ စစ်မှန်သောဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်း လဲ ရာ၌ ခက်ခဲတင်းကျပ်နေသော အခန်း(၁၂)တွင်ပါရှိသည့် ပုဒ်မ(၄၃၆)ကို ပြုပြင်ပြောင်းလဲနိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့သည် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာ လိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း၌ တရုတ်နှင့် စီမံကိန်းလုပ်ငန်းများပြုလုပ်နေခြင်း သည်မြန်မာပြည်ကြီးကိုရင်ခွဲပြီး တရုတ်ကိုအပ်သလိုဖြစ်နေကြောင်း ၀ါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဝင်းတင်ကပြောသည်။

“လက်ပံတောင်းတောင်ကိစ်္စ တွေ၊ မြစ်ဆုံကိစ္စတွေ၊ ရေနံပိုက် လိုင်းဖြတ်သွယ်မယ်ဆိုတဲ့ကိစ္စတွေ ကို အစိုးရကတရုတ်နဲ့ လုပ်တာ ထင်သာမြင်သာလုံးဝမရှိဘူးစာချုပ် ထဲမှာ ဘာပါတယ်ဆိုတာလည်း မသိရဘူး။ မြန်မာပြည်ကြီးကိုရင် ခွဲပြီး တရုတ်ကိုအပ်သလိုဖြစ်နေ တယ်။ နိုင်ငံခြားကလာတဲ့ရေနံ တွေကို တရုတ်ကိုတင်ပို့တဲ့နေရာ မှာလည်း မြန်မာပြည်ကိုဖြတ်ပြီး တင်မှာလေ။ တခြားဘက်ကဆိုရင် တစ်လျှောက်ကြီးပတ်ရမှာ အခု ကျတော့တရုတ်ကမိုင်ပေါင်းတော် တော်များသက်သာသွားတယ်။ တရုတ်ကိုပေးရတာအများကြီးပဲ”ဟု ဟံသာဝတီဦးဝင်းတင်ကဆို သည်။

မြစ်ဆုံကိစ္စတွင် လူထုကအုံကြွ ဆန့်ကျင်သည့်အတွက်လက်ရှိ အစိုးရလက်ထက်တွင် ရပ်ဆိုင်း ထားခြင်းသည်နောင်အစိုးရပခုံးပေါ် သို့တာဝန်ကြီးကိုချပေးခြင်းဖြစ် ကြောင်း၊ အစိုးရသက်တမ်းတစ်ဝက် သာရှိသေးသော်လည်း တရုတ်က မြစ်ဆုံစီမံကိန်းကို ပြန်စဖို့လုပ်နေ ကြောင်း၊ လူထုကမြစ်ဆုံစီမံကိန်း ကိစ္စနှင့် ရေနံပိုက်လိုင်းသွယ်ခြင်း ကိစ်္စကိုလည်း လက်မခံနိုင်ကြောင်း၊ အိန်္ဒိယသမုဒ်္ဒရာကြီးပွင့်သွားခြင်းကို လည်း လက်မခံနိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကအဆိုပါ ကိစ္စများတွင် ပြတ်ပြတ်သားသား မပြောဘူးဆိုသည့်ပုံစံဖြင့် အစိုးရ ကဒေါ်အောင်ဆန်းစုကြည်အပေါ် သို့တာဝန်ပုံချလိုကြောင်း၊ အစိုးရ နှင့် တရုတ်ချုပ်ဆိုသောစာချုပ်ထဲ ၌ပါသောအကြောင်းအရာများကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မသိနိုင်ကြောင်း ၎င်းကထပ်လောင်း ပြောကြားခဲ့သည်။

The hot news weekly

စစ်တပ်က အာဏာချုပ်ကိုင်ဖို့  မြအေး အကြံမပေးခဲ့ဘူး။
၈၈၈၈ ကာလမှာ ပြည်သူတွေကိုသတ်ခဲ့တာ မြအေး မဟုတ်ဘူး။
၉၆/၉၈တုန်းက ကျောင်းသားတွေကို ဖမ်းတာ မြအေး မဟုတ်ဘူး။
၂၀၀၇ရွှေဝါရောင်မှာ ဘုန်းကြီးတွေကို ပါးရိုက်၊ခေါင်းခေါက်၊စစ်ဖိနပ်နဲ့ ရင်ဝကိုကန်ခဲ့တာ မြအေး မဟုတ်ဘူး။
မေးကြည့်ကြပါအုန်းဗျာ....
မြအေး ဆိုတဲ့လူတစ်ယောက် သန်း၅၀သော ဗုဒ္ဒဘာသာပြည်သူတွေ စစ်ကျွန်ဘဝကလွတ်မြောက်ဖို့ ထောင်ထဲမှာ နှစ်၂၀ကျော်နေခဲ့ရတာပါ။
ဗုဒ္ဓဘာသာရန်ဟန်းသံဃာတော်တွေအတွက် မြအေး ထောင်ကျခဲ့တာပါ။
ခုတော့ဗျာ.............

လင်းထက်နိုင်

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.