02/18/14

၁၉၅၈ ခုနှစ် စစ်ဘက်အာဏာသိမ်းပွဲ ကျင်းပချိန်မှ ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီအစိုးရအဖြစ် မပေါ်ပေါက်မီအချိန်အထိ ဗိုလ်နေ၀င်းရဲ့ ပြောပေါက်တွေနဲ့ 
ပြည်သူလူထုအပေါ် ဆက်ဆံခဲ့ကြတာ ရှင်းပါတယ်။ အထူးသဖြင့် စစ်အစိုးရအဆက်ဆက် ပြန်ကြားရေးဌာနက ၀ါဒဖြန့် ချိရေး သတင်းထုတ်ပြန်ချက်တွေမှာ
အထင်အရှားဖြစ်တယ်။ လက်တွေ့ မှာလည်း ဒီပြောလုံးအတိုင်း ကျင့်သုံးခဲ့ကြတာဘဲ။

သို့ သော် ၂၀၁၀ ခုနှစ် အစိုးရအပြောင်းအလဲပုံစံသစ် ပေါ်ပေါက်လာတဲ့အခါကျတော့ ကိုယ်နှုတ်အမူအယာတွေ၊ လုပ်ဟန်တွေ ပျော့ပြောင်းလာတာ
တွေ့ ရတယ်။ လွတ်လပ်ခွင့်တချို့  ပေးလာတာ တွေ့ ရတယ်။ တလျှောက်လုံးလူထုအဖွဲ့ အစည်းများနဲ့  ကင်းကင်းကွာကွာနေခဲ့တဲ့ စစ်အုပ်စုဟာ
ရောထွေးယှက်တင်လုပ်လာတာ တွေ့ ရတယ်။ ပြည်တွင်းစစ် စဖြစ်ချိန်ကစပြီးအစိုးရအဆက်ဆက်က လက်နက်ကိုင်အင်အားစုများနဲ့  စကားပြောဖို့ ကို
ခါးခါးသီးသီး ငြင်းပယ်ခဲ့တယ်။ ရှစ်လေးလုံးအလွန်ကစပြီး လက်နက်ကိုင်နိုင်ငံရေးပါတီများနဲ့  စကားစပြောတယ်။ အပစ်ရပ်ရေးဆိုတာ လုပ်တယ်။
၂၀၁၀ နောက်ပိုင်းမှာတော့ လက်နက်ကိုင်ပါတီများနဲ့  ချောင်းပေါက်အောင်သွားရောက်တွေ့ ဆုံဆွေးနွေးတယ်။ ဒီမိုကရေစီအင်အားစုများနဲ့ လည်း
ရောထွေးယှက်တင် ဆက်ဆံလာတယ်။ ထူးခြားတာ တစ်ခုဘဲရှိတယ်။ဗမာပြည်ကွန်မြူနစ်ပါတီနဲ့  တွေ့ ဆုံဆွေးနွေးဖို့  ကမ်းလှမ်းတာမလုပ်ဘူး။
သတိကြီးကြီးနဲ့  ရှောင်ရှားတာတွေ့ ရတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ပျော့ပြောင်းမှုနိုင်ငံရေးလုပ်ဟန်တချို့  လက်တွေ့ ပြလာခဲ့တယ်။ ဦးသိန်းစိန်အစိုးရဟာ
ယခင်စစ်အစိုးရဟောင်းများနဲ့ မတူဘဲ ကိုယ်နှုတ်အမူအယာ အပြောင်းအလဲတချို့ တွေ့ လာရတယ်။ သို့ သော် နှလုံးသားကတော့ သွေးမည်းများနဲ့ လျှံနေတာပါ။

ကြောင်ဆိုတဲ့သတ္တ၀ါဟာ အားလုံးသိတော်မူတဲ့အတိုင်း မောဟဖုံးလွှမ်းတဲ့အဟိတ်တိရစ္ဆာန် မဟုတ်ပါလား။ လူသားတို့ စောင့်ထိန်းအပ်တဲ့
သီလတစ်ပါးဖြစ်တဲ့ သူ့ အသက် မသတ်အပ်ဆိုတဲ့ ပါဏာတိပါတကံကိုကြောင်ဆိုတဲ့ အဟိတ်တိရစ္ဆာန်က စောင့်ထိန်းရကောင်းမှန်း မသိနိုင်ပါဘူး။
ဒါကြောင့် အင်မတန်ဖြူဖွေးလှပတဲ့ ကြောင်ဘဲဖြစ်ဖြစ်၊ အကျည်းတန်အရုပ်ဆိုးတဲ့အနက်ရောင်ကြောင်ဘဲဖြစ်ဖြစ် သူ့ ရှေ့ မှာတွေ့ နေတဲ့ ကြွက်ဆိုတဲ့သတ္တ၀ါကို
အလွတ်ပေးရိုးထုံးစံမရှိပါ။ ကိုက်ဖြတ်စားသောက်တတ်တယ် မဟုတ်ပါလား။

ဗမာပြည်လွတ်လပ်ရေးဆိုတာ ရပြီးကတည်းက ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းစစ်ကာလတလျှောက်မှာ ကျေးလက်ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်စွာ
အနိုင်ကျင့်၊ ဗိုလ်ကျ၊ ရွာမီးရှို့ ၊ ပစ္စည်းယူ၊ လူသတ်ပြီး လူ့ အခွင့်အရေးချိုးဖောက်တယ်လို့  စွပ်စွဲခံရတဲ့စစ်တပ်ဟာ နိုင်ငံ့အာဏာ သိမ်းပိုက်အုပ်ချုပ်
တော့လည်း ဒီမိုကရေစီအင်အားစုနဲ့ ပြည်သူလူထုအပေါ် ဒီမိုကရေစီဆန့် ကျင်ပြည်သူ့ ဆန့် ကျင်ရေး၊ ကွန်မြူနစ်ဆန့် ကျင်ရေးပေါ်လစီကို လှိုင်လှိုင်ကျင့်သုံး
ခဲ့တာဘဲ။ ဒါဟာ စစ်အုပ်စုရဲ့  အရင်းခံ ပင်ကိုယ် လက္ခဏာရပ်ဘဲ။ သို့ သော်ကျင့်သုံးတဲ့အခါမှာ နည်းပရိယာယ် နှစ်သွယ်ကို ကျင့်သုံးတာဘဲ။
ရက်စက်ကြမ်းတမ်းတဲ့ “ဖမ်းဟယ်၊ ဆီးဟယ်၊ သတ်ဟယ်၊ ဖြတ်ဟယ်” ဆိုပြီးကျင့်သုံးသလို (ဒါက ကြောင်နက်ကလေး အသွင်ပေါ့) တစ်ဖက်မှာ
၂၀၁၀ ခုနှစ် နောက်ပိုင်း တစုံတရာလျော့ပေါ့မှု၊ လူထုအဖွဲ့ များ နိုင်ငံရေးအင်အားစုများနဲ့  ရောထွေးယှက်တင်မှု၊ ငြိမ်းချမ်းရေးလုပ်ဟန်ပြများ ပေါ်လာမှု
စတဲ့ နှစ်လိုဖွယ်အသွင်တချို့ ဆောင်ပြမှုများ (ဒါက ချစ်စဖွယ်ကြောင်ဖြူကလေးအသွင်ပေါ့)တွေ့ လာနေရတယ်။

ကြောင်သတ္တ၀ါဟာ နက်သည်ဖြစ်စေ၊ ဖြူသည်ဖြစ်စေ မောဟဖုံးလွှမ်းတဲ့သားစားသတ္တ၀ါ အမျိုးအစားဖြစ်တယ်ဆိုတာ သတိပြုရမှာပါ။ ပါဏာတိပါတကံ
ကျူးလွန်ဖို့  စက္ကန့် နဲ့ အမျှ စိတ်ကူးနေတာ သတိပြုရပါမယ်။ ဒီသဘောထားဟာနိုင်ငံရေးသဘောတရားတစ်ခု ဖြစ်တယ်။

မဆလ ဗိုလ်နေ၀င်းစစ်အုပ်စုကြီးစိုးစဉ်က ကမ္ဘာမှာခေတ်စားနေတဲ့ဆိုရှယ်လစ်စနစ် ကျင့်သုံးမယ်ဆိုပြီး ကမ္ဘာနဲ့ ဗမာကို လိမ်တဲ့အလံ လွှင့်ထူပြတယ်။
လူတွေကြားထဲ မှိုင်းသွင်းလိုက်တာပါ။ လူထုကလည်း ဆယ်နှစ်ဆယ်မိုး ဖဆပလဆိုရှယ်လစ်အောက်မှာ ခံစားရတဲ့ဒုက္ခကို လွတ်မလားလို့  မျှော်ကြည့်မိကြပါတယ်။
အင်္ဂလိပ်အောက်ကလွတ်ပြီး ဂျပန်ဖက်ဆစ်အောက် ရောက်သလိုပါဘဲ။ ပိုမိုဆိုးဝါးတာဘဲ ထူးတယ်။ ဒါကြောင့်လည်း သူ့ ရဲ့ လယ်သမားအပေါ် လိမ်ညာခဲ့တဲ့
ခပေါင်း၊ ဒူးယား နှီးနှောဖလှယ်ပွဲကြီးများ ဆိုတာတွေ၊ တောင်သူလယ်သမားများအတွက် သီးစားခဖျက်သိမ်းရေးဥပဒေတို့ ဆိုတာတွေဟာ နောက်ဆုံးတော့
တောင်သူလယ်သမားတွေရဲ့ စပါးတွေကို အဓမ္မလုယက်မှုတွေကြောင့် အလိမ်တွေပေါ်ကုန်တော့တာပါဘဲ။ “ဦးကြီးတို့  ဦးကြီးတို့ ” ဆိုပြီး လယ်သမားတွေကို
လိမ်ခေါ်ခဲ့တဲ့ ဗိုလ်နေ၀င်းဟာ လယ်သမားတွေ ရှစ်လေးလုံးမှာ ဆန္ဒပြတော့ကျည်ဆံကို တည့်တည့်ပစ်ခိုင်းပြီး စစ်အာဏာရှင်သရုပ်ကို ဖော်ပြခဲ့တာဘဲ
မဟုတ်လား။

ဒီလိုပါဘဲ။ အလုပ်သမားအစည်းအရုံးဆိုတာတွေ ဌာနတိုင်း၊ စက်ရုံတိုင်းမှာ ဖွဲ့ ပြီးဆိုရှယ်လစ်စနစ် အကောင်အထည်ဖော်သယောင် ဆောင်ခဲ့ပေမယ့် ၇၄၊ ၇၅ ခုနှစ်
မေ၊ ဇွန် အလုပ်သမားသပိတ်တွေကျတော့ သွေးချောင်းစီး သတ်ဖြတ်ဖြိုခွဲခဲ့တာဘဲမဟုတ်လား။ “မောင်အလုပ်သမားဆိုရင် မေကပင် စတင်ချစ်ချင်” လို့ ဆိုတဲ့
တေးသီချင်းတွေနဲ့  မှိုင်းတိုက်ခဲ့တာတွေ၊ မေ ဇွန် အလုပ်သမား အရေးအခင်းမှာမျက်နှာဖုံးမှိုင်းပြယ်ပြီး ဘီလူးဖက်ဆစ်ရုပ် ပေါ်ခဲ့ရတာဘဲ မဟုတ်လား။
ရှစ်လေးလုံး အထွေထွေသပိတ်ပေါင်းစုံတိုက်ပွဲကို ဘယ်လိုချေမှုန်းခဲ့သလဲ။နိုင်ငံရေးလိမ်ဆင်တွေအားလုံး ဗူးပေါ်သလို ပေါ်ခဲ့တာဘဲ မဟုတ်လား။

ဒီနေ့  ၂၀၁၀ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနဲ့  ပေါ်ပေါက်လာတဲ့လွှတ်တော်တို့ ၊ ၂၀၀၈ ဖွဲ့ စည်းပုံအရ ပေါ်ပေါက်လာတဲ့ ပြည်နယ်တို့ 
တိုင်းဒေသကြီးတို့ ၊ ရွေးကောက်တင်မြှောက်ခံအစိုးရတို့ ၊ ဒီမိုကရေစီလမ်းပေါ်လျှောက်နေပြီတို့ ၊ ပွင့်လင်းလူ့ အဖွဲ့ အစည်းတို့ ၊ အပစ်ရပ်ရေး ငြိမ်းချမ်းရေး
ဆွေးနွေးပွဲတို့ ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနဲ့ ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးလိုက်ရင်တိုင်းပြည်ကြီး ရွှေမိုးငွေမိုး ရွာတော့မယောင်တို့ ၊ နိုင်ငံခြားက အစိုးရအဖွဲ့ ဝင်များ
တသောသော လာရောက်နေတာတို့ ၊ အနောက်အုပ်စုကလည်း ဗမာ့တပ်မတော်ကိုစစ်ရေးပူးပေါင်းဆောင်ရွက်မှုနဲ့ မြှင့်တင်ပေးမယ်တို့ ၊ ငြိမ်းချမ်းရေးပိသုကာကြီး
အဖြစ် သမ္မတဦးသိန်းစိန်ကို ငြိမ်းချမ်းရေးနိုဗယ်ဆုကြီးပေးတော့မယောင်လေသံလွှင့်နေတာတွေ အားလုံးအားလုံးကို တစ်ခွန်းတည်းမေးမယ်။ ဒါတွေဟာ
ပြည်သူ့ အကျိုးစီးပွားကိုဆောင်တဲ့ အခင်းအကျင်းတွေလား ဆိုတာပါဘဲ။

ကနေ့  လူမျိုးစုံပြည်သူလူထုရဲ့ သရုပ်မှန်က ဘာလဲ။ စစ်တပ်က လူမျိုးစုပြည်သူများအပေါ် ထိုးစစ် တိုက်စစ်တွေ အပြီးအပြတ် မရပ်သေးဘူး။ စစ်ပြေးဒုက္ခသည်တွေ
မိမိရွာ မိမိမပြန်နိုင်သေးဘူး။ စက်မှုဇုန်လုပ်သားတွေ ထမင်းနပ်မှန်မှန်စားရဖို့ ပင်ပန်းကြီးစွာ သပိတ်တိုက်ပွဲ ဆင်နွှဲနေရတယ်။ အစိုးရနဲ့ အလုပ်ရှင်ပေါင်းပြီး
ဖိနှိပ်တာ ခံနေရဆဲဖြစ်တယ်။ နိုင်ငံထုတ်ကုန်လုပ်ငန်းရဲ့ အခြေခံရိက္ခာထုတ်လုပ်တဲ့လယ်ယာမြေတွေ စစ်တပ်၊ အစိုးရနဲ့ ဗျူရိုကရက်အရင်းရှင်တွေက အဓမ္မသိမ်းပိုက်
ခံနေရတဲ့အတွက် နိုင်ငံထုတ်ကုန်စွမ်းအားစုကို ဖျက်ဆီးရာရောက်နေတယ်။လယ်သမားထုဘ၀ ကြီးစွာသောဒုက္ခ ရင်စည်းခံနေရတယ်။ လူသားတွေဟာ
နားနေအိပ်စက်ဖို့ ၊ မိုးဒဏ် လေဒဏ် နေဒဏ်မှ ကာကွယ်ဖို့ နေအိမ်အဆောက်အဦရှိရပါမယ်။ ဒီအတွက် အိမ်ယာဆောက်ပြီးနေထိုင်တဲ့ မိသားစုတွေကို
ကျူးကျော်ရပ်ကွက်ဆိုကာ စစ်တပ်၊ ရဲနဲ့  လူဆိုးလူမိုက်တွေ ငှားယမ်းပြီးအဓမ္မ၀င်ဖျက်နေတဲ့သတင်းတွေ အလျှံပယ်ကြားနေရတယ်။ အဲဒီနေရာတွေမှာ
အစိုးရအာဏာပိုင်နဲ့ ခွဲဝေစီးပွားရှာတဲ့ ခရိုနီလို့ လူသိများတဲ့ စီးပွားရေးအုပ်စုတွေကခြယ်လှယ်ခွင့်ရနေတယ်။ လူထုတွေဟာ မိမိတို့ ဘ၀ခံစားချက်တွေ လွတ်လပ်စွာ
စုဝေးဖော်ထုတ်၊ ပြောဆို၊ ရေးသားခွင့်ဆိုတာ အခြေခံဒီမိုကရေစီ အခွင့်အရေးဘဲ။ဒီအခွင့်အရေးဟာ အနောက်ကလာတာလည်းမဟုတ်၊ အရှေ့ ကဖန်တီးတာလည်း
မဟုတ်၊ လူသားသဘာဝ လိုအပ်ချက်ဖြစ်တယ်။ ဒါကို ပုဒ်မ ၁၈ အပါအ၀င်အခြား ဖိနှိပ်ရေးပုဒ်မတွေနဲ့  တရားဥပဒေစိုးမိုးရေးဆိုပြီး မတရားဖိနှိပ်နေတာ
ကမ္ဘာသိ မဟုတ်လား။

ဒီနေ့ ကြံ့ဖွံ့ အစိုးရဟာ နိုင်ငံတကာ နယ်ချဲ့ သမားနဲ့ အပြိုင် နိုင်ငံဖောက်ပြန်ရေးသမားတွေရဲ့ ကျင့်ထုံး၊ လွတ်လပ်ရေးခေတ် ဖောက်ပြန်ရေးအစိုးရအဆက်ဆက်
ဖောက်ပြန်ရေးကျင့်ထုံးဖြစ်တဲ့ ပျော့ပြောင်းတဲ့လုပ်ဟန်မျိုး၊ ပွင့်လင်းတဲ့လုပ်ဟန်မျိုး၊တစ်ဖက်က တိုက်ရင်း တစ်ဖက်က နောက်ဆုံးပေါ် သမီးကလေးကျေးရွာ
လုပ်ရပ်လို ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုလုပ်ရပ်များကို ကိုင်ဆွဲထားတယ်ဆိုတာထင်ရှားတယ်။ ဒီလုပ်ဟန်နှစ်ခုစလုံးဟာ ဘာလဲ။ ကြောင်ဟာ ဖြူသည်ဖြစ်စေ၊
နက်သည်ဖြစ်စေ မူရင်းက အသားစားသတ္တ၀ါဘဲဆိုတာဘဲ။ မောဟတရားဖုံးလွှမ်းပြီးအ၀ိဇ္ဇာဦးနှောက်သာရှိတဲ့ သတ္တ၀ါလိုဘဲ။ လူ့ နယ်ပယ်မှာလည်း စစ်အာဏာရှင်ရဲ့ 
မောဟနဲ့  အ၀ိဇ္ဇာဦးနှောက်ဖုံးနေတဲ့ ဦးသိန်းစိန်အစိုးရရဲ့  အပျော့နည်းနဲ့ အမာနည်း(ခေတ်စားနေတဲ့ သိုးဆောင်းစကားနဲ့ ဆိုရင် Soft Ware နဲ့  Hard Ware ပေါ့ဗျာ)
သုံးနေတာရဲ့  တစ်ခုတည်းသော အရင်းအမြစ်ဟာ စစ်အာဏာရှင်စနစ်ဖြစ်နေသေးတယ်ဆိုတာ ထင်ရှားတယ်။ ဒါရဲ့  ရှေ့ တန်းရောက် ပုံသဏ္ဍာန်ဟာ
၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဘဲဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမြင်သိပြီးပြုပြင်တာတို့ ဆိုတဲ့ စကားလုံးနဲ့  ဖုံးမနေဘဲ ပွင့်လင်းစွာဘဲ စစ်အာဏာ
အငုတ်အတက်ထုတ်ပြီး ဒီမိုကရေစီကျသော ပြည်ထောင်စုဖွဲ့ စည်းပုံသစ် ရေးဆွဲ၍ ထိုဖွဲ့ စည်းပုံအသစ်နှင့်အတူ ဒီမိုကရေစီ အစိုးရသစ်ဖော်ထုတ်ရေးသာ ၀ိဇ္ဇာအမြင်
ဖြစ်နိုင်ကြောင်းပါဗျား။

ခမ်းဝင်း

(အလင်းခေတ် ဂျာနယ် အတွဲ ၁ အမှတ် ၇ တွင် ပါရှိသော ခမ်းဝင်း ၏
“ကြောင်ဖြူဖြူ၊ နက်နက် အသားစားတတ်တာတော့ အတူတူဘဲ” မှ
ထုတ်နုတ်ဖော်ပြပါသည်.)
Aungmyo Tun

ယူနတီဂျာနယ်စီအီးအိုနှင့် သတင်းထောက်များအား တရားခွင်မှ ပြန်ထွက်လာသည်ကို ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ်
(၁)
ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ၂ဝ၁၄ ခုနှစ်အတွက် မီဒီယာညွှန်းကိန်းတွေကို ဖေဖော်ဝါရီ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ယေဘုယျအားဖြင့်ကြည့်ရင် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေ တိုးတက်လာတယ်လို့ သူတို့က ဆိုပါတယ်။ အရင်နှစ်က အဆင့် ၁၅၁ ရှိပြီး ဒီနှစ်မှာ အဆင့် ၁၄၅ ကို ရောက်လာပါတယ်။ အာဆီယံနိုင်ငံတွေထဲ မြန်မာရဲ့အထက်မှာ ဘရူနိုင်း၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ ရှိပါတယ်။ မြန်မာရဲ့အောက်ဘက်မှာ ဖိလစ်ပိုင်၊ စင်ကာပူ၊ လာအို၊ ဗီယက်နမ်တို့ ရှိနေပါတယ်။

ဖိလစ်ပိုင်က အဆင့် ၁၄၉ နဲ့ မြန်မာအောက်ကို ရောက်နေတာက အံ့ဩစရာပါပဲ။ ဖိလစ်ပိုင်နိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်က မြန်မာထက် သာပါတယ်။ RSF ရဲ့ သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းတွေမှာ စံနှုန်းတွေ ရှိပါတယ်။ အစိုးရကသော် လည်းကောင်း၊ အတိုက်အခံကသော် လည်းကောင်း၊ ကျန်နေတဲ့ အဖွဲ့အစည်းတွေကသော် လည်းကောင်း သတင်းမီဒီယာတွေကို တိုက်ရိုက်အားဖြင့်၊ သွယ်ဝိုက်အားဖြင့် ထိန်းချုပ်ဖိနှိပ်မှုတွေ လုပ်မယ်ဆိုရင် အဲဒီနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ညွှန်းကိန်း ကျဆင်းမှာပါ။

မြန်မာနိုင်ငံရဲ့ သဘောသဘာဝဟာ နိုင်ငံတကာနဲ့ မတူပါဘူး။ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက သတင်းမီဒီယာတွေကို ဖိနှိပ်ခြိမ်းခြောက်တာဟာ အစိုးရတစ်ဖွဲ့ပဲ ရှိပါသေးတယ်။ ကျန်တဲ့အဖွဲ့အစည်းတွေက မီဒီယာကို ဖိအားပေးခြိမ်းခြောက်တာ မရှိသေးပါဘူး။ ဒါကြောင့်မို့ အစိုးရက သတင်းလွတ်လပ်ခွင့်ကို အနည်းငယ် ဖြေလျှော့ပေးချိန်မှာ ညွှန်းကိန်းတက်လာပါတယ်။ ညွှန်းကိန်းတက်လာပေမယ့် ခြွင်းချက်တစ်ခုကို RSF က ပြောခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ်ကထက်စာရင် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဟာ တုံ့နှေးသွားတယ်လို့ ဆိုပါတယ်။

(၂)
ဆင်ဆာစနစ်ကို ဖြေလျှော့လိုက်တယ်။ ပုဂ္ဂလိက သတင်းစာတွေကို ထုတ်ဝေခွင့်ပြုလိုက်တယ်။ အစိုးရက မီဒီယာအပေါ် လွှမ်းမိုးချုပ်ကိုင်မှုက ရှိတုန်းပါပဲ။ သတင်းသမားတွေလိုလားတဲ့ မီဒီယာဥပဒေကြမ်း ပြဌာန်းရေးက အခုချိန်ထိ ဖြစ်မလာသေးဘဲ အချိန်ဆွဲခံ ထားရပါတယ်။ အစိုးရရဲ့ ပြောနေကျ လက်သုံးစကားက လွတ်လပ်မှု၊ တာဝန်ယူမှုနဲ့ ဆင်ခြင်တုံတရားကို ယှဉ်တွဲသုံးစွဲရမယ်ဆိုတဲ့ စကားဖြစ်ပါတယ်။ အရင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်း လက်ထက်ကတည်းက ဒီမူကိုချခဲ့တာပါ။ ပြန်ကြားရေးဝန်ကြီးဌာနမှာ ဦးကျော်ဆန်း မရှိတော့ပေမဲ့ ဦးကျော်ဆန်းနဲ့ လက်တွဲညီခဲ့တဲ့ ဦးရဲထွဋ်က ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖြစ်နေပါတယ်။ သူဟာ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်ပါတယ်။ ဒီနေ့အချိန်မှာ ပြန်ကြားရေးဝန်ကြီး ဘယ်သူဆိုတာကို သိသူနည်းနိုင်ပေမယ့် ဦးရဲထွဋ် ဘယ်သူဆိုတာကို သိသူက ပိုများနေပါတယ်။

အစိုးရဟာ အရင်မူဟောင်းကို လုံးဝပြောင်းလဲပစ်လိုက်တယ်လို့ မဆိုနိုင်ပါဘူး။ မျက်နှာပေါ် မိတ်ကပ်ခြယ်ပြီး အသွင်ပြောင်းလိုက်တယ်လို့ ပြောနိုင်ရုံအဆင့်ပဲ ရှိပါသေးတယ်။ မိတ်ကပ်ပြယ်ချိန်မှာ ပင်ကိုမျက်နှာက ပေါ်ထွက်လာစမြဲပါ။ သတင်းမီဒီယာကို ချုပ်ကိုင်လိုသူများကြောင့် သူတို့ရဲ့ မိတ်ကပ်ပြယ်စမျက်နှာကို စတွေ့လာရပါပြီ။

ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေဆဲ မီဒီယာဥပဒေကြမ်းက ကန့်သတ်ချက်တွေ ရှိနေပါတယ်။ အစိုးရ ကျောထောက်နောက်ခံ ရေးဆွဲထားတဲ့ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းက လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ကို တာဆီးကန့်သတ်ထားရာ ရောက်နေပါတယ်။ ဒါ့အပြင် သတင်းထောက်တွေကို ဖမ်းဆီးထောင်ချမှုက တစ်ကျော့ပြန် ခေါင်းထောင်လာပါတယ်။

ဒီရက်ပိုင်းမှာ ပိုဆိုးစေတဲ့အချက်က နိုင်ငံတကာ ဂျာနယ်လစ်တွေရဲ့ ပြည်ဝင်ခွင့်ဗီဇာကို ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။ အရင်က ပြည်ဝင်ခွင့်သက်တမ်းကို သုံးလပေးရာက တစ်လပဲပေးတော့တယ်။ အာဆီယံထိပ်သီး ဆွေးနွေးပွဲလို အခမ်းအနား လာရောက်မယ့် သတင်းထောက်တွေဟာ ပွဲမစခင် နှစ်ရက်ကနေ ပွဲပြီးချိန် နှစ်ရက်အထိပဲ ပြည်ဝင်ခွင့်ရပါတော့မယ်။ ပွဲမစခင် ရောက်အောင်လာ။ ပွဲပြီးတာနဲ့ပြန်။ နိုင်ငံတွင်းမှာ ဆက်နေခွင့်မပေးဘူးဆိုတဲ့သဘော ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံတကာ ဂျာနယ်လစ်တွေရဲ့ မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ကို ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။

(၃)
အစိုးရအဆက်ဆက် ဝါဒဖြန့်ချိရေး ယန္တရားဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနကို ပိုခိုင်မာအောင် တည်ဆောက်နေပါတယ်။ အစိုးရရဲ့ သတင်းစီးဆင်းမှုတွေကို ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက ချုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။ ဝန်ကြီးဌာနအလိုက် ပြောရေးဆိုခွင့်အဖွဲ့တွေ ဖွဲ့စည်းပေးခဲ့တယ်ဆိုပေမဲ့ ကြည့်ကောင်းရုံဟန်ပြ ဖြစ်ခဲ့ပါတယ်။ လက်တွေ့မှာ မူလအတိုင်း သတင်းပိတ်ဆို့မှုတွေ ရှိနေပါတယ်။

တစ်ဖက်မှာလည်း အစိုးရပိုင် သတင်းစာတွေ၊ ရုပ်သံမီဒီယာတွေကို ခိုင်မာအောင် တည်ဆောက်နေပါတယ်။ ပြည်သူ့ဘဏ္ဍာငွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ တည်ဆောက်နေတာပါ။ ပုဂ္ဂလိကပိုင် သတင်းစာတွေကို ဈေးနှုန်းအရ ဖိသတ်ထားပါတယ်။ ဈေးကွက်တွင်း လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ကို အသာစီးယူထားသလို အစိုးရသတင်းတွေကိုလည်း အုပ်စီးထားပါတယ်။

ဒီလုပ်ရပ်တွေအပြင် ပုဂ္ဂလိကသတင်းစာ၊ ဂျာနယ်တွေဟာ ကျင့်ဝတ်မလိုက်နာဘူး။ ထင်ရာစိုင်းပြီး လက်လွတ်စပယ် ဖြစ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို အစိုးရပိုင်းက တစ်စိုက်မတ်မတ် လုပ်လာပါတယ်။ သူတို့ဘက်က သတင်းထုတ်ပြန်မှု နည်းပါးတာ၊ သတင်းထိမ်ချန်တာ၊ အချိန်မီအတည်ပြု၊ ငြင်းချက်ထုတ်တာတွေ မပေးနိုင်ဘဲ ဖြစ်လာတဲ့ သတင်းတင်ပြမှု ချို့ယွင်းချက်တွေမှာ ပုဂ္ဂလိကသတင်းစာ၊ ဂျာနယ်တွေရဲ့ အမှားဖြစ်အောင် တွန်းပို့လာပါတယ်။ သတင်းပညာရပ် အားနည်းသူတွေ ခံကြရပါတယ်။

ဒီကိစ္စတွေအပြင် မီဒီယာကို ကန့်သတ်ချုပ်ချယ်လိုသူတွေရဲ့ ထောင်ချောက်တွေကို သိသိသာသာ မြင်လာရပါတယ်။

(၄)
မီဒီယာကို ကန့်သတ်ချုပ်ချယ်လိုသူတွေရဲ့ ပထမခြေလှမ်းက ပုဂ္ဂလိက သတင်းစာတွေ ခေါင်းမထောင်နိုင်အောင် ဖိနှိပ်လိုခြင်း ဖြစ်ပါတယ်။ အပေါ်ယံ သကာလောင်းထားတဲ့ ဟန်ပြမီဒီယာလွတ်လပ်ခွင့်ပေးပြီး နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှုကို ယူခဲ့ပါတယ်။ စိတ်ချရတဲ့ အနေအထား ရောက်ချိန်မှာ သူတို့ဘက်က ဗျူဟာကျကျ ရေးဆွဲထားတာတွေကို စတင်အသုံးပြုခဲ့ပါတယ်။ ငွေကြေးရင်းနှီးမှုအားဖြင့် ပထမဆုံး ဖိနှိပ်မှုခြေလှမ်းကို စခဲ့ပါတယ်။

အစိုးရသတင်းစာ၊ အစိုးရရုပ်သံ မီဒီယာတွေဆိုတာ ပြည်သူ့ဘဏ္ဍာငွေကို သုံးထားတာ ဖြစ်ပါတယ်။ လိုအပ်တဲ့ အခြေခံအဆောက်အအုံ၊ ပုံနှိပ်စက်ပိုင်းဆိုင်ရာ၊ ဖြန့်ချိရေးကွန်ရက်၊ ကိုယ်ပွားသတင်းစာတိုက်များ အားလုံးဟာ ပြည်သူ့ဘဏ္ဍာငွေကိုသုံးပြီး တည်ဆောက်ထားခဲ့ကြတာပါ။

ပုဂ္ဂလိကပိုင် သတင်းစာတွေက ဒီလိုမဟုတ်ပါဘူး။ အရာအားလုံးကို မိမိပိုင်ငွေကြေးနဲ့ လည်ပတ်ရတာပါ။ သူတို့အတွက် ရင်းနှီးမြှုပ်နှံမှုငွေက သတင်းစာရောင်းအားနဲ့ ကြော်ငြာဝင်ငွေက ရပါတယ်။ သတင်းစာတစ်စောင်ထုတ်ဖို့ လူသားအရင်းအမြစ်၊ အဆောက်အအုံ၊ စက်ပိုင်းဆိုင်ရာ ကိစ္စတွေအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ဝ သန်းရှိမှ ကောင်းမွန်စွာ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ အရှုံးအမြတ် မသေချာပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် အရှုံးအမြတ် မသေချာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပုဂ္ဂလိက သတင်းစာတွေ ထွက်လာပါတယ်။ ကာလတစ်ခုကို ရောက်လာချိန်မှာ ငွေကုန်၊ လူပင်ပန်း ဖြစ်လာပါတယ်။ ထပ်ပြီး မရင်းနှီးနိုင်တော့လို့ ရပ်လိုက်ရသူတွေ ရှိသလို၊ ကျားကန်ဖို့ ကြိုးစားနေသူတွေလည်း ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှုပိုင်းမှာတင် ကျားကန်နေရတဲ့ သတင်းစာတွေဟာ ပရော်ဖက်ရှင်နယ်ဆန်တဲ့ အနေအထားရောက်ဖို့ အရည်အသွေး မြှင့်တင်မှုအပိုင်းမှာ ခက်ခဲလာပါတယ်။

မီဒီယာတွေကို ကန့်သတ်ချုပ်ချယ် လိုသူတွေကတော့ ပြည်သူ့ဘဏ္ဍာငွေနဲ့ လည်ပတ်နေတဲ့ သူတို့ရဲ့ သတင်းစာ၊ ရုပ်သံတွေကို ပိုခိုင်မာအောင်လုပ်ပြီး စင်ပေါ်မှာ ရပ်နေပါတယ်။

(၅)
မီဒီယာကို ကန့်သတ်ချုပ်ချယ်လိုသူတွေရဲ့ ဒုတိယခြေလှမ်းက ရင်းနှီးမြှုပ်နှံမှုအရ ယိုင်နဲ့လာတဲ့ ပုဂ္ဂလိက သတင်းစာတွေကို သူတို့လက်ဝေခံတွေနဲ့ အကျိုးတူပူးပေါင်းဖို့ လမ်းခင်းလာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းမှာ ရန်ကုန်တိုင်းမ် သတင်းစာထုတ်ဝေမှု ရပ်နားလိုက်ပါတယ်။ အပြင်အဆင်ပြောင်းလဲဖို့ ယာယီရပ်နားတယ်လို့ သူတို့က ဆိုပါတယ်။ ရန်ကုန်တိုင်းမ်သတင်းစာ ထုတ်ဝေချိန်က သတင်းစာရဲ့ ရင်းနှီးမြှုပ်နှံမှုမှာ City Mart က ငွေကြေးထည့်ဝင်မှု ရှိခဲ့တယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။ သတင်းစာရဲ့ အမှုဆောင်အရာရှိချုပ် ဦးကိုကိုက ဒီသတင်းကို ငြင်းပါတယ်။ အခု ရပ်နားသွားတဲ့ ရန်ကုန်တိုင်းမ်သတင်းစာမှာ ရွှေသံလွင်ကုမ္ပဏီ Sky Net က ရှယ်ယာဝင်ပြီး ဆက်ထုတ်မယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ သီးခြားအတည်ပြုနိုင်ခြင်း မရှိသလို ဟုတ်၊ မဟုတ်ကို အတိအလင်း ပြောထားတာ မရှိပါဘူး။ ရန်ကုန်တိုင်းမ်နဲ့ နီးစပ်သူတွေဆီက ဒီသတင်းကို ကြားရတာပါ။

(၆)
လက်ရှိအချိန်မှာ ထုတ်ဝေခွင့်ရထားတဲ့ ပုဂ္ဂလိကသတင်းစာ ၁၈ စောင်ရှိပါတယ်။ ဈေးကွက်ထဲ ရောက်တာက ၁၁ စောင်လောက်ပဲ ရှိပါတယ်။ ဒီထဲကမှ အရောင်းရဆုံး ထိပ်တန်းငါးစောင်စာရင်းမှာပါတဲ့ သူတွေအားလုံး ရုန်းကန်ရတဲ့ အနေအထားမှာ ရှိနေပါတယ်။ တချို့ဆိုရင် ရှယ်ယာရှင်တွေကို ခေါ်နေရတဲ့ အခြေအနေ ရောက်နေပါပြီ။ တစ်ဦးချင်းရပ်တည်ဖို့ ခက်ခဲနေကြပါတယ်။

ကြားနေရတဲ့ သတင်းတွေအရ အစိုးရကျောထောက်နောက်ခံ မြန်မာ့ငြိမ်းချမ်းရေးဗဟို (MPC) က အဖွဲ့ဝင်တချို့က ပုဂ္ဂလိကသတင်းစာတစ်စောင်မှာ ရှယ်ယာဝင်ထားပါတယ်။

ဒါတွေအပြင် နိုင်ငံခြားရေး ဝန်ကြီးဟောင်းရဲ့သား ထုတ်ဝေနေတဲ့ သတင်းစာ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့သား ထုတ်ဝေနေတဲ့ သတင်းစာ၊ အတိုက်အခံ မီဒီယာအဖြစ် ကာလရှည် ရပ်တည်နေခဲ့ရာက ပြည်တွင်းဝင်ပြီး သတင်းစာထုတ်၊ ဆက်မရပ်တည်နိုင်တော့လို့ FMI ကုမ္ပဏီ အပါအဝင် မြန်မာတိုင်းမ်ကို ပူးတွဲတည်ထောင်ခဲ့သူ တစ်ဦးကို ရှယ်ယာဝင်ခိုင်းပြီး ဆက်ထုတ်နေရတဲ့ သတင်းစာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ထုတ်ဝေတဲ့ သတင်းစာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက သွယ်ဝိုက်စွာ ထောက်ပံ့ထားတဲ့ သတင်းစာ၊ ဂျာနယ်၊ သာသနာရေးဝန်ကြီးက ထောက်ပံ့နေတယ်ဆိုတဲ့ ဂျာနယ်၊ IGE ကုမ္ပဏီပိုင်ရှင် ထုတ်ဝေနေတဲ့ ဂျာနယ်၊ CB ဘဏ်က ကျောထောက်နောက်ခံပေးထားတဲ့ ဂျာနယ် အစရှိသဖြင့် ရှိနေပါတယ်။

ဖော်ပြပါ ချိတ်ဆက်မှုတွေက အပေါ်ယံသဘောပဲ ရှိပါသေးတယ်။ ပုဂ္ဂလိက မီဒီယာလောကထဲမှာ ဝန်ကြီးတွေ၊ ဝန်ကြီးဟောင်းတွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ သားသမီး၊ ဆက်နွှယ်သူတွေ ကျောထောက်နောက်ခံပေးပြီး ထုတ်ဝေနေရတဲ့ ပုဂ္ဂလိကသတင်းစာ၊ ဂျာနယ်တွေ အများအပြား ရှိနေပါတယ်။ မကြာခင်ထုတ်ဝေမယ့် ဂျာနယ်၊ ထပ်ချပေးထားတဲ့ သတင်းစာတွေဟာလည်း ခရိုနီလုပ်ငန်းရှင် တော်တော်များများဆီက ငွေကြေးတွေ ယူထားတယ်လို့ သိရပါတယ်။

ဒီကြားထဲမှာပဲ မီဒီယာကို ထိန်းချုပ်လိုသူများရဲ့ လက်ဝေခံတချို့က တိုက်ရိုက်အားဖြင့်၊ သွယ်ဝိုက်အားဖြင့် ကျောထောက်နောက်ခံပြုပြီး ထုတ်ဝေနေတဲ့ သတင်းစာ၊ ဂျာနယ် အများအပြား ရှိနေပါတယ်။ တစ်ဖက်မှာလည်း လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးတယ်ဆိုတဲ့ အစိုးရရဲ့ အကြောင်းပြချက်နဲ့ ထွက်လာတဲ့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ ဒီလူတွေပါလာပြီး မီဒီယာလောကထဲ ရောက်လာပါတယ်။

အမှန်တကယ်တော့ မီဒီယာလောကရဲ့ ရာခိုင်နှုန်း ၈ဝ ဟာ လွတ်လပ်ပြီး မလွတ်လပ်တဲ့ အခြေအနေ ဖြစ်နေပါတယ်။ အမှီအခို အနှောင်အဖွဲ့ကင်းပြီး လွတ်လပ်တဲ့ မီဒီယာဆိုတာ လက်ချိုးရေလို့ရတဲ့ အနေအထား ဖြစ်လာပါတယ်။

(၇)
အခုချိန်မှာ အပြောများနေတဲ့ကိစ္စက သတင်းထောက်တွေ ကျင့်ဝတ်မညီဘူးဆိုတဲ့ ကိစ္စပါ။ မီဒီယာကို ကန့်သတ်ချုပ်ချယ်လိုသူ တချို့က စတင်လမ်းကြောင်းခဲ့တာကို သူတို့ရဲ့ လက်ဝေခံတွေက ဖြန့်ဝေပြောဆိုကြရင်း အသံတွေ ထွက်လာတာပါ။

ယူနတီဂျာနယ်ကိစ္စ ဖြစ်လာချိန်မှာ မီဒီယာတွေ ကျင့်ဝတ်လိုက်နာရမယ်ဆိုတဲ့ အကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်နဲ့ ဆောင်းပါးရှင်း ဦးစည်သူအောင်မြင့်တို့က ကျယ်ကျယ်လောင်လောင် ပြောလာပါတယ်။ အာဘော်ချင်းတူနေတဲ့ သူတို့ရေးသားချက်တွေမှာ အငြင်းပွားဖွယ်တွေ ရှိနေပါတယ်။

အထူးသဖြင့် နိုင်ငံရေး အတင်းအဖျင်းတွေကို အဝါရောင်ဆန်ဆန် ရေးသားဖော်ပြလာကြရာက ဒီအသံတွေ ထွက်လာတာပါ။ ဒါပေမဲ့ အခုရေးနေကြတဲ့ အဝါရောင်စာနယ်ဇင်းဆန်ဆန် နိုင်ငံရေး အတင်းအဖျင်းတွေဆိုတာ တစ်ချိန်တုန်းက မီဒီယာကို ဖိနှိပ်ခဲ့ပြီး လက်ရှိအချိန်မှာ မီဒီယာလွတ်လပ်ခွင့် ပေးနေပါတယ်လို့ ပြာနေသူတွေ ဦးဆောင်ထုတ်ဝေခဲ့တဲ့ သတင်းစာတွေထဲက နိုင်ငံရေးအရ ပုဂ္ဂိုလ်ရေးထိုးနှက် ဝါဒဖြန့်ဆောင်းပါးတွေနဲ့စာရင် မပြင်းထန်တာကို တွေ့ရမှာပါ။

တစ်ချိန်တုန်းကလည်း မီဒီယာနယ်ပယ်မှာ အနုပညာရေးရာ သတင်းတွေကို အဝါရောင်ဆန်ဆန်ရေးပြီး ထုတ်ဝေကြတဲ့ ဂျာနယ်တွေ ရှိခဲ့ဖူးပါတယ်။ စာဖတ်သူတွေ လက်မခံတော့တဲ့အချိန်မှာ အဲဒီဂျာနယ်တွေ ကွယ်ပျောက်သွားပါတယ်။

အဝါရောင် စာနယ်ဇင်းတွေရဲ့ ရေးသားဖော်ပြချက်ကိုကြည့်ပြီး သတင်းထောက်တွေ ကျင့်ဝတ်ဖောက်နေတယ်လို့ တထစ်ချစွပ်စွဲလို့ မရပါဘူး။ အမေရိကန်၊ ဗြိတိန် အစရှိတဲ့ နိုင်ငံတွေမှာ အဝါရောင် စာနယ်ဇင်းတွေ အများကြီးရှိပါတယ်။ လူပြိန်းကြိုက် ဖော်ပြမှုတွေ ရှိပါတယ်။ ဒါပေမဲ့ သူတို့ဖော်ပြချက် တစ်ခုတည်းကိုကြည့်ပြီး အမေရိကန်မီဒီယာလောက ပျက်စီးနေပြီ၊ ဗြိတိန်မီဒီယာလောက ပျက်စီးနေပြီလို့ စွပ်စွဲပြောဆိုတာ မရှိပါဘူး။ သီးခြားစီ တစ်စောင်ချင်းခွဲပြီး ပြောကြတာပါပဲ။

News of the World သတင်းစာကျင့်ဝတ်ဖောက်ရင် News of the World ကိုပဲ ပြောပါတယ်။ အားလုံးကို မပြောပါဘူး။ The Sun သတင်းစာကျင့်ဝတ်ဖောက်ရင် The Sun ကိုပဲ ပြောပါတယ်။ The Sun ရဲ့ ရေးသားချက်တွေကိုကြည့်ပြီး The Guardian တို့၊ The Observer တို့၊ The Independent တို့ကို ဝါးလုံးရှည်နဲ့ သိမ်းကျုံးမရမ်းပါဘူး။

သူ့အဆင့်နဲ့သူ ရှိနေတာကို သတိပြုဖို့ လိုပါတယ်။ အဝါရောင် စာနယ်ဇင်းတွေက အဝါရောင်ပုံစံပဲရေးမှာ ဖြစ်ပါတယ်။ ဂုဏ်သိက္ခာရှိသူတွေက သူတို့ကျင့်ဝတ်အတိုင်း ရေးမှာဖြစ်ပါတယ်။ အသရေဖျက်ခံရလို့ နစ်နာတယ်ဆိုရင် နစ်နာသူက တရားစွဲနိုင်ပါတယ်။ လျော်ကြေးတောင်းနိုင်ပါတယ်။ ဒါက မှန်ကန်တဲ့ ဖြေရှင်းနည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြေရှင်းနည်းတွေက သဘာဝမကျတာ တွေ့နေရပါတယ်။ အစောပိုင်းက ဂျာနယ်တချို့မှာ အမြင်မတင့် ဖော်ပြချက်တွေကို အရေးယူဆောင်ရွက်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနက စာနယ်ဇင်းကောင်စီ (ယာယီ)ကို စာပို့ပါတယ်။ သူရိယအလင်း၊ သူရိယနေဝန်း ကိစ္စတွေမှာလည်း စာပို့ပါတယ်။ မြန်မာသံတော်ဆင့်ရဲ့ ရေးသားချက်အချို့ကိုလည်း စာနယ်ဇင်းကောင်စီက စာပို့ပါတယ်။ လူထုပုံရိပ်ကိုတော့ ပြည်ထဲရေးက ခေါ်ယူသတိပေးပါတယ်။ ယူနတီကိစ္စ ဖြစ်လာချိန်မှာ တစ်ခါတည်းဖမ်းဆီး ပုဒ်မတပ်ပြီး တရားစွဲလိုက်ပါတယ်။ ဖြေရှင်းနိုင်တဲ့ တခြားနည်းလမ်း ရှိပါလျက် ဖမ်းဆီးထောင်ချနိုင်တဲ့ နည်းလမ်းကို သုံးခဲ့တာပါ။

သူရိယအလင်း၊ မြန်မာသံတော်ဆင့်၊ လူထုပုံရိပ်၊ ယူနတီဂျာနယ်တို့ကို အရေးယူပုံခြင်း မတူပါဘူး။

(၈)
မီဒီယာ ပြုပြင်ပြောင်းလဲမှု ဧချင်းတွေဆိုနေပေမဲ့ မီဒီယာကို ကန့်သတ်ချုပ်ချယ်လိုသူတွေရဲ့ သဘောထားလုပ်ရပ်တွေကြောင့် သံသယရှိစရာ ဖြစ်လာပါတယ်။ ပုဂ္ဂလိကသတင်းစာ၊ မီဒီယာတွေကို ခေါင်းမထောင်နိုင်အောင် ရင်းနှီးမြှုပ်နှံမှုနဲ့ ဖိနှိပ်ခြင်းကို ပထမဆုံး ပြုလုပ်ပါတယ်။ ဒုတိယခြေလှမ်းက ယိုင်နဲ့လာတဲ့ သတင်းစာ၊ မီဒီယာတွေကို သူတို့နဲ့ဆက်နွှယ်နေတဲ့ ခရိုနီလုပ်ငန်းရှင်တွေ၊ မီဒီယာကို ကန့်သတ်ထိန်းချုပ်လိုသူတွေရဲ့ လက်ဝေခံသူတွေကို ဝင်ရောက်နေရာ ယူစေခဲ့ပါတယ်။ တတိယခြေလှမ်းက မီဒီယာလောကကြီးတစ်ခုလုံး ကျင့်ဝတ်မရှိ၊ ပျက်စီးနေပြီး ထင်ရာစိုင်းနေတယ်ဆိုတဲ့ အထင်ရောက်အောင် သူတို့ရဲ့ လက်ဝေခံတွေကတဆင့် ဝါဒဖြန့်ချိ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ စတုတ္ထခြေလှမ်းက ဥပဒေထောင်ချောက်ထဲ ဆွဲသွင်းပါတယ်။ ဒီနောက် တရားရုံးရောက်ချိန်မှာ မျှတတဲ့ တရားစီရင်မှု မပေးဘဲ ထောင်ချလိုက်ပါတယ်။ Eleven Media Group နယ်သတင်းထောက်မခိုင်ကို ထောင်ချခြင်းနဲ့ ယူနတီဂျာနယ် သတင်းထောက်တွေကို ဖမ်းဆီးအရေးယူတဲ့ ဖြစ်စဉ်တွေက ဒီအချက်ကို ထင်ရှားစေပါတယ်။

မီဒီယာကို ကန့်သတ်ချုပ်ခြယ်လိုသူတွေက မီဒီယာကို အခုထက်ပိုပြီး ထိန်းချုပ်တာတွေ လုပ်မှာမဟုတ်ပါဘူး။ သူတို့လိုချင်တာကို ထောင်ချောက်ဆင်ပြီး နည်းလမ်းပြောင်းလုပ်တော့မှာ ဖြစ်ပါတယ်။

ထောင်ချောက်ထဲ ရောက်လာတဲ့ သတင်းထောက်တွေကိုတော့ ဂွင်ထဲကနေ ကြီးမားတဲ့ ပြစ်ဒဏ်တွေပေးဖို့ အဆင်သင့်ပြင်ထားပါတယ်။ ဒီလိုနည်းလမ်းတွေနဲ့ သတင်းထောက်တွေကို မရေးရဲအောင်၊ မလုပ်ရဲအောင် လုပ်လာမယ့် ခြေလှမ်းတွေ တွေ့နေရပါပြီ။ ဒါတွေဟာ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ ခြေလှမ်းတွေ ဖြစ်နိုင်ပါတယ်။ သေချာတာက အာဏာရှင်စနစ်ကို ဖက်တွယ်လိုသူတွေ ရှိနေတုန်းပါပဲ။ သူတို့တွေဟာ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့်ကို ဖော်ထုတ်မယ့် လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ မီဒီယာတွေကို နည်းလမ်းအမျိုးမျိုးသုံးပြီး ချိုးဖျက်ဖို့ အဆင်သင့် ဖြစ်နေကြပါပြီ။

အခုဖြစ်နေတဲ့ အခင်းအကျင်းတွေက ၂ဝ၁၅ ရွေးကောက်ပွဲမှာ မီဒီယာတွေရဲ့ လွတ်လပ်စွာ သတင်းရယူခွင့်ကို ကန့်သတ်မယ့် မီဒီယာထောင်ချောက်တွေ ဖြစ်လာနိုင်တဲ့ သဘောဆောင်နေပါတယ်။ သတင်းမီဒီယာများအနေနဲ့ မီဒီယာထောင်ချောက်တွေကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရမယ့်အချိန် ရောက်လာပါပြီ။

eleven media group

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.