02/19/14

တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်မှ သစ်အရောင်း အဝယ်နှင့် နွားမှောင်ခို ဈေးကွက်မှတစ်ဆင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင်းသို့ ငွေစက္ကူ အတုများ ဝင်ရောက်မှု များပြားလျက် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များထံမှ စုံစမ်း သိရှိရသည်။

တရုတ်နိုင်ငံဘက်သို့ တရားမဝင် ကျွန်းသစ် အရောင်းအဝယ် ပြုလုပ်ရာမှ ငွေအတုများ ရောက်ရှိ လာတတ်ပြီး နွားမှောင်ခို အရောင်းအဝယ် ပြုလုပ်သည့် အခါတွင်လည်း ပေးချေသည့် ငွေများ နွားပွဲဈေးများသို့ ရောက်ရှိ လာကာ ပြည်သူများထံသို့ ရောက်လာတတ်ကြောင်း မန္တလေးမြို့တော် မဟာအောင်မြေမြို့နယ် အမှတ် (၂) နယ်မြေ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ငွေအတုတွေ အများစုက ထိုင်း၊ တရုတ်ဘက်တွေကနေ လာတယ်။ နွားမှောင်ခိုဆိုရင် တရုတ်ပြည် ဘက်ကပဲ။ တရုတ်က ကျွန်းသစ်တွေကိုလည်း တရားမဝင် ဝယ်တယ်။ ငွေပေးချေတော့ ငွေပမာဏက အများကြီးပဲလေ။ အဲဒီတော့ အတုတွေ ပါလာတယ်။ အဲဒီ ငွေတွေနဲ့ နွားပွဲဈေးတွေကို နွားဝယ်တော့ အတုတွေပါ ရောပြီး ပါလာတယ်” ဟု အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။

ငွေစက္ကူ အတုများသည် ငွေစက္ကူ အစစ်ထက် အရောင်မှိန်ခြင်း၊ စက္ကူသား ပျော့ခြင်း၊ လုံခြုံရေးကြိုး သေသပ်မှု မရှိခြင်းတို့ကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း မြင်းခြံခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

ရှမ်းပြည်နယ်မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ နွားမှောင်ခို အများဆုံး တင်ပို့ ရောင်းချလျက်ရှိပြီး မန္တလေးတိုင်း ဒေသကြီး အတွင်းတွင် မတ္တရာ၊ သပိတ်ကျင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့မှ အများဆုံး တင်ပို့လေ့ ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့က မြင်းခြံမြို့တွင် နေထိုင်သူ ဦးလှသူသည် ဝမ်းတွင်း နွားပွဲဈေးတွင် နွားအရောင်းအဝယ် ပြုလုပ်သူထံမှ ရလာသည့် ငွေများထဲမှ ၎င်း၏ ငွေစု စာအုပ်အတွက် ကမ္ဘောဇ ဘဏ်သို့ ငွေလာရောက် အပ်နှံခဲ့ရာ ငါးထောင်တန် ၈၄ ရွက်တွင် ၆၅ ရွက်မှာ အတုများ ဖြစ်သည်ကို တွေ့ရကြောင်း မြင်းခြံခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး မောင်ဝင်းက ပြောကြားသည်။

ငွေစက္ကူ အတုများကို ဦးလှသူ၏ ဖခင် ဦးအောင်ဆွေက ဘဏ်သို့ အပ်ခိုင်းခြင်း ဖြစ်ပြီး ယင်းငွေများကို ဝမ်းတွင်းမြို့နယ် ရိုးကန်ရွာနေ ယောက်ဖဖြစ်သူ ဦးကောင်းမြင့်ထံမှ ရရှိခဲ့သည်ဟု စုံစမ်း စစ်ဆေးချက်များအရ သိရကြောင်း၊ ယင်းအမှုကို CID မှုခင်းတပ်ဖွဲ့က ဆက်လက် ဖော်ထုတ်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့ရှိ မှုခင်း အထူးတပ်ဖွဲ့ (CID) မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

“ဦးကောင်းမြင့်က သူ့နွားကို ရောင်းပြီး ဦးအောင်ဆွေဆီက နွားကို ပြန်ဝယ်ရာကနေ ဒီငွေတွေက မြို့ပေါ်ရောက်လာတာ။ ဦးကောင်းမြင့်ဆီက နွားကိုတော့ ကုလား လူမျိုးလို့ ယူဆရတဲ့ မျက်နှာစိမ်း နှစ်ယောက်က ဝယ်သွားပြီး ဒီငွေအတုတွေနဲ့ ပေးချေခဲ့တာ” ဟု ၎င်းက ရှင်းပြသည်။

နွားထိုးကြီးမြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မြို့နယ် ဘဏ်ခွဲတွင် ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်၌ ၂၀၁၃ ခုနှစ် သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေ အရင်းငွေ ကျပ်သုံးသိန်းနှင့် အတိုး ၁၄,၀၀၀ တို့ကို ဘဏ်သို့ လာရောက် ပေးသွင်းရာ ဘဏ်ငွေကိုင်က စစ်ဆေးသည့်အခါ ငွေများ အနက် ၅၀၀၀ ကျပ်တန် ငွေစက္ကူအရွက်၂၀ မှာ အတုများ ဖြစ်နေကြောင်း၊ အဆိုပါ ငွေများကို နွားအရောင်းအဝယ် လုပ်သူထံမှ အဆင့်ဆင့် ရလာခြင်း ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ကလည်း မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံမြိုနယ် အိုးဘိုရွှေကျင် ရပ်ကွက် တာဘောင်ဘေးရှိ ကျူးကျော်တဲတွင် ငါးထောင်တန် ငွေစက္ကူအတု ၆၂ ရွက် နှင့် တစ်ထောင်တန် ငွေစက္ကူအသေး ၅၀၅ ရွက်ကို ရှာဖွေ တွေ့ရှိခဲ့ပြီး ၎င်းတို့ကို နွားပွဲစား၊ ဆိတ်ပွဲစားများက ပြုလုပ်ကြကြောင်း အောင်မြေသာစံ မြို့နယ်ရှိ အမှတ် (၂) ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

“ငွေအတုကတော့ ဒီအတိုင်းဆိုရင် မသိဘူး။ ဘဏ်မှာ သွားပြီး အပ်မှပဲ သိရတယ်” ဟု မတ္တရာ နွားပွဲဈေးမှ ဦးအောင်ကြီးက ဆိုသည်။

ဘဏ်များတွင် ငွေစက္ကူအတု၊ အစစ်ခွဲသည့် စက်များ တပ်ဆင်ထားသောကြောင့် ဘဏ်သို့ လာအပ်ပါက ချက်ချင်း သိရှိနိုင်သော်လည်း သာမန် ပြည်သူများ အနေနှင့် ခွဲခြားနိုင်ရန် ခက်ကြောင်း သမဝါယမဘဏ် အုပ်ချုပ်မှု ဒါရိုက်တာ ဦးဖေမြင့်က ပြောကြားသည်။

ပြည်တွင်းသို့ ငါးထောင်တန် ငွေစက္ကူ အတုများ နည်းမျိုးစုံဖြင့် ဝင်ရောက်နေရာ ၂၀၁၃ ခုနှစ် ဧပြီ တစ်လတည်းတွင် မြစ်ကြီးနား၊ မန္တလေး၊ မြဝတီ၊ မှော်ဘီ၊ အင်းစိန်စသည့် မြို့တို့တွင် ဖမ်းဆီးရမိခဲ့ သည်။

ကျပ် ၅၀၀၀ တန် ငွေစက္ကူများကို ၂၀၀၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့က စတင် ထုတ်ဝေခဲ့ပြီး ယမန်နှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ ထုတ်ဝေထားသော ငွေကြေးမှာ ကျပ် ၂၈၀၀ ဘီလံယံကျော် ရှိကြောင်း ယခင် ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ လင်းအောင်က လွှတ်တော်တွင် ဖြေကြားခဲ့သည်။
Photo: ငွေစက္ကူ အတုများ သစ်အရောင်းအဝယ်နှင့် နွားမှောင်ခို ဈေးကွက်မှ တစ်ဆင့် ပြည်တွင်းသို့ စီးဝင်

မန္တလေး၊ ဖေဖော်ဝါရီ ၁၆ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်မှ သစ်အရောင်း အဝယ်နှင့် နွားမှောင်ခို ဈေးကွက်မှတစ်ဆင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင်းသို့ ငွေစက္ကူ အတုများ ဝင်ရောက်မှု များပြားလျက် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များထံမှ စုံစမ်း သိရှိရသည်။ တရုတ်နိုင်ငံဘက်သို့ တရားမဝင် ကျွန်းသစ် အရောင်းအဝယ် ပြုလုပ်ရာမှ ငွေအတုများ ရောက်ရှိ လာတတ်ပြီး နွားမှောင်ခို အရောင်းအဝယ် ပြုလုပ်သည့် အခါတွင်လည်း ပေးချေသည့် ငွေများ နွားပွဲဈေးများသို့ ရောက်ရှိ လာကာ ပြည်သူများထံသို့ ရောက်လာတတ်ကြောင်း မန္တလေးမြို့တော် မဟာအောင်မြေမြို့နယ် အမှတ် (၂) နယ်မြေ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “ငွေအတုတွေ အများစုက ထိုင်း၊ တရုတ်ဘက်တွေကနေ လာတယ်။ နွားမှောင်ခိုဆိုရင် တရုတ်ပြည် ဘက်ကပဲ။ တရုတ်က ကျွန်းသစ်တွေကိုလည်း တရားမဝင် ဝယ်တယ်။ ငွေပေးချေတော့ ငွေပမာဏက အများကြီးပဲလေ။ အဲဒီတော့ အတုတွေ ပါလာတယ်။ အဲဒီ ငွေတွေနဲ့ နွားပွဲဈေးတွေကို နွားဝယ်တော့ အတုတွေပါ ရောပြီး ပါလာတယ်” ဟု အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။ ငွေစက္ကူ အတုများသည် ငွေစက္ကူ အစစ်ထက် အရောင်မှိန်ခြင်း၊ စက္ကူသား ပျော့ခြင်း၊ လုံခြုံရေးကြိုး သေသပ်မှု မရှိခြင်းတို့ကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း မြင်းခြံခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။ ရှမ်းပြည်နယ်မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ နွားမှောင်ခို အများဆုံး တင်ပို့ ရောင်းချလျက်ရှိပြီး မန္တလေးတိုင်း ဒေသကြီး အတွင်းတွင် မတ္တရာ၊ သပိတ်ကျင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့မှ အများဆုံး တင်ပို့လေ့ ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့က မြင်းခြံမြို့တွင် နေထိုင်သူ ဦးလှသူသည် ဝမ်းတွင်း နွားပွဲဈေးတွင် နွားအရောင်းအဝယ် ပြုလုပ်သူထံမှ ရလာသည့် ငွေများထဲမှ ၎င်း၏ ငွေစု စာအုပ်အတွက် ကမ္ဘောဇ ဘဏ်သို့ ငွေလာရောက် အပ်နှံခဲ့ရာ ငါးထောင်တန် ၈၄ ရွက်တွင် ၆၅ ရွက်မှာ အတုများ ဖြစ်သည်ကို တွေ့ရကြောင်း မြင်းခြံခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး မောင်ဝင်းက ပြောကြားသည်။ ငွေစက္ကူ အတုများကို ဦးလှသူ၏ ဖခင် ဦးအောင်ဆွေက ဘဏ်သို့ အပ်ခိုင်းခြင်း ဖြစ်ပြီး ယင်းငွေများကို ဝမ်းတွင်းမြို့နယ် ရိုးကန်ရွာနေ ယောက်ဖဖြစ်သူ ဦးကောင်းမြင့်ထံမှ ရရှိခဲ့သည်ဟု စုံစမ်း စစ်ဆေးချက်များအရ သိရကြောင်း၊ ယင်းအမှုကို CID မှုခင်းတပ်ဖွဲ့က ဆက်လက် ဖော်ထုတ်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့ရှိ မှုခင်း အထူးတပ်ဖွဲ့ (CID) မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

“ဦးကောင်းမြင့်က သူ့နွားကို ရောင်းပြီး ဦးအောင်ဆွေဆီက နွားကို ပြန်ဝယ်ရာကနေ ဒီငွေတွေက မြို့ပေါ်ရောက်လာတာ။ ဦးကောင်းမြင့်ဆီက နွားကိုတော့ ကုလား လူမျိုးလို့ ယူဆရတဲ့ မျက်နှာစိမ်း နှစ်ယောက်က ဝယ်သွားပြီး ဒီငွေအတုတွေနဲ့ ပေးချေခဲ့တာ” ဟု ၎င်းက ရှင်းပြသည်။ နွားထိုးကြီးမြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မြို့နယ် ဘဏ်ခွဲတွင် ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်၌ ၂၀၁၃ ခုနှစ် သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေ အရင်းငွေ ကျပ်သုံးသိန်းနှင့် အတိုး ၁၄,၀၀၀ တို့ကို ဘဏ်သို့ လာရောက် ပေးသွင်းရာ ဘဏ်ငွေကိုင်က စစ်ဆေးသည့်အခါ ငွေများ အနက် ၅၀၀၀ ကျပ်တန် ငွေစက္ကူအရွက်၂၀ မှာ အတုများ ဖြစ်နေကြောင်း၊ အဆိုပါ ငွေများကို နွားအရောင်းအဝယ် လုပ်သူထံမှ အဆင့်ဆင့် ရလာခြင်း ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ကလည်း မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံမြိုနယ် အိုးဘိုရွှေကျင် ရပ်ကွက် တာဘောင်ဘေးရှိ ကျူးကျော်တဲတွင် ငါးထောင်တန် ငွေစက္ကူအတု ၆၂ ရွက် နှင့် တစ်ထောင်တန် ငွေစက္ကူအသေး ၅၀၅ ရွက်ကို ရှာဖွေ တွေ့ရှိခဲ့ပြီး ၎င်းတို့ကို နွားပွဲစား၊ ဆိတ်ပွဲစားများက ပြုလုပ်ကြကြောင်း အောင်မြေသာစံ မြို့နယ်ရှိ အမှတ် (၂) ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။ “ငွေအတုကတော့ ဒီအတိုင်းဆိုရင် မသိဘူး။ ဘဏ်မှာ သွားပြီး အပ်မှပဲ သိရတယ်” ဟု မတ္တရာ နွားပွဲဈေးမှ ဦးအောင်ကြီးက ဆိုသည်။ ဘဏ်များတွင် ငွေစက္ကူအတု၊ အစစ်ခွဲသည့် စက်များ တပ်ဆင်ထားသောကြောင့် ဘဏ်သို့ လာအပ်ပါက ချက်ချင်း သိရှိနိုင်သော်လည်း သာမန် ပြည်သူများ အနေနှင့် ခွဲခြားနိုင်ရန် ခက်ကြောင်း သမဝါယမဘဏ် အုပ်ချုပ်မှု ဒါရိုက်တာ ဦးဖေမြင့်က ပြောကြားသည်။ ပြည်တွင်းသို့ ငါးထောင်တန် ငွေစက္ကူ အတုများ နည်းမျိုးစုံဖြင့် ဝင်ရောက်နေရာ ၂၀၁၃ ခုနှစ် ဧပြီ တစ်လတည်းတွင် မြစ်ကြီးနား၊ မန္တလေး၊ မြဝတီ၊ မှော်ဘီ၊ အင်းစိန်စသည့် မြို့တို့တွင် ဖမ်းဆီးရမိခဲ့ သည်။

ကျပ် ၅၀၀၀ တန် ငွေစက္ကူများကို ၂၀၀၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့က စတင် ထုတ်ဝေခဲ့ပြီး ယမန်နှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ ထုတ်ဝေထားသော ငွေကြေးမှာ ကျပ် ၂၈၀၀ ဘီလံယံကျော် ရှိကြောင်း ယခင် ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ လင်းအောင်က လွှတ်တော်တွင် ဖြေကြားခဲ့သည်။

The Voice Weekly

ဒီနေ့ အင်္ဂါနေ့ နံနက် (၁၀) နာရီမှ စတင်ပြီး ဆူးလေဘုရား နှင့် မြို့တော်ခန်းမ အနီး လွတ်လပ်ရေး ကျောက်တိုင် နံဘေးမှ စတင်၍ သမီးလေးကျေးရွာ အကြမ်းဖက် ဖျက်စီးမှု အပါအ၀င် မြေယာပြသာနာများ နှင့် အိုးအိမ်မြေယာမဲ့သူများအရေးအတွက် MDCf အဖွဲ့ခေါင်းဆောင် ကိုထင်ကျော် နှင့် ပညာရေး သင်တန်ဆိုင်ရာ ကျောင်းအုပ် ကိုဇာနည် (ခ) ကိုတော တို့အပါအ၀င် တက်ကြွလှုပ်ရှားသူများ ၊ ဒီမိုကရေစီ အင်အားစုများနှင့် မိုးထိမိုးမိ ရွှေလုပ်သား ဒုက္ခသည်များကပါ ပူးပေါင်း၍ တောင်းဆိုဆန္ဒပြမှု ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ယခုဆန္ဒပြပွဲ နှင့် ပါက်သက်၍ တရားဝင် တင်ပြခဲ့သော်လည်း ခွင့်မပြုခဲ့ခြင်းကြောင့် ကိုထင်ကျော်အား ပုဒ်မ (၁၈) ဖြင့် ကျောက်တံတား ရဲတပ်ဖွဲ့စခန်းမှ အရေးယူခဲ့သည် ။

ဖြစ်စဉ်မှာ . . . ရန်ကုန်တိုင်းဒေသကြီး ၊ လည်းကူးမြို့နယ်အတွင်းရှိ နှစ်ပေါင်းများစွာ အခြေချ နေထိုင်နေကြသည့် သမီးလေးကျေးရွာအား လုံခြုံရေးဝန်ကြီး၏ အမိန့်အရဆိုကာ ဘူခရိုဆာများဖြင့် ၀င်ရောက်ဖျက်စီး အကြမ်းဖက်ခဲ့မှုအား မှတ်တမ်းရယူထားခဲ့နိင်သော MDCf အဖွဲ့မှ ဦးစီး၍ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖြိုခွဲမှုများ နှင့် မြေယာ ပြသာနာများအရေး ပြည်ထောင်စုအစိုးရမှ မှန်ကန်ညီမျှစွာ ဖြေရှင်းနိင်ခြင်းမရှိက နှုတ်ထွက်ပေးရန် တောင်းဆိုမှုများ ဖြစ်ပေါ်လာရခြင်းဖြစ်သည် ။

ပြည်ထောင်စု အစိုးရအဖွဲ့ အလိုမရှိ အဆို နှင့် ဖျက်သိမ်းရေး တောင်းဆိုသံများ လမ်းမထက် ပြန့်နှံ့နေပြီး ၊ ဆန္ဒပြပွဲအား တက်ကြွလှုပ်ရှားသူများ ၊ အလုပ်သမားသမ္မဂခေါင်းဆောင်များ ၊ မိုးထိမိုးမိရွှေလုပ်သား ဒုက္ခသည်များ နှင့် မြေယာ နစ်နာဆုံးရှုံးသူများ ၊ ဒီမိုကရေစီအင်အားစုများမှ ပူးပေါင်းပါဝင်ခဲ့ကြပြီး ဆန္ဒပြပွဲအပြီး ကိုထင်ကျော်မှ ကျောက်တံတား ရဲတပ်ဖွဲ့စခန်းမှာ သွားရောက် ရင်ဆိုင်ပြီး
ပုဒ်မ(၁၈)ဖြင့် အမှုဖွင့်ခံရပြီး ကိုယ်ပိုင်ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်လာပါသည် ။

မနက်ဖြန် မနက် (၉း၃၀) တွင် MDCfမှ ဦးစီး၍ သမီးလေးကျေးရွာသို့ အလှူငွေ သွားရောက်လှူဒါန်းမည်ဖြစ်ပြီး မြောာက်ဥက္ကလာ ၊ (၂)ရပ်ကွက် ၊ အာသာဝတီလမ်းမကြီး MDCf သင်တန်းကျောင်းမှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရပါတယ် ။ ပေးလှူမှုအား တက်ကြွလှုပ်ရှားသူများ အပါအ၀င် ကိုမိုးသီးဇွန် တို့လည်း ပါဝင်မည်ဟု ကြားသိရပြီး မိုးထိမိုးမိ ရွှေလုပ်သား ဒုက္ခသည်များမှလည်း ပူးပေါင်းအားဖြည့်ပါဝင်မည်ဟု ပြောကြားလာပါသည် ။

ဆက်သွယ်မေးမြန်းရန်

ကိုထင်ကျော်
၀၉ ၄၂၅၂၆၉၇၈၃

မိုးထိမိုးမိရွှေလုပ်သား ဒုက္ခသည်များ

၀၉ ၂၅၀၆၆၄၀၆၅
၀၉ ၃၁၂၇၀ ၄၈၇

လေးစားလျှက်
ဝလုံး

၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံ ကာလ ကတည်းက နိုင်ငံရေးတက်ကြွလှုပ်ရှားခဲ့သူ (ဦး)သန်းတင် (ခေါ်) ကိုကြီးသန်းသည် ယမန်နေ့ ဖေဖော်ဝါရီလ၊ ၁၇ ရက်၊ ညဉ့် ၁၁း ၄၈ နာရီတွင် ရန်ကုန်မြို့၊ လသာမြို့နယ်၊ လမ်း ၂၀ ရှိ Noble Square ဆေးရုံတွင် အသည်းကင်ဆာ ဝေဒနာဖြင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သိကြရပါသည်။

(ဦး)သန်းတင်သည်
၁၉၈၈ ခုနှစ် အရေးအခင်းကာလ ကတည်းက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ (မကသဖ) တွင် ပြန်ကြားရေး၊ ပုံနှိပ်ထုတ်ဝေရေး တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၁၉၈၈ အရေးအခင်းအပြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ(မကသ) တွင်လည်း ဆက်လက်တာဝန်ယူခဲ့ပါသည်။ ထိုသို့ တာဝန်ယူစဉ် ကာလများတွင် တပ်မတော် ထောက်လှမ်းရေး၏ ဖမ်းဆီး၊ စစ်ဆေးမေးမြန်း၊ နှိပ်စက်မှုများကို ၂ ကြိမ် ခံခဲ့ရသည်။

(ဦး)သန်းတင်သည်
၂၀၀၅ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ဖွဲ့စည်းခဲ့သော "၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့" တွင် စတင်ဖွဲ့စည်းစဉ်မှ စ၍ ဆက်တိုက်ပါဝင်ခဲ့ပြီး နိုင်ငံရေးကျပ်တည်းမှုကာလ ၂၀၀၆ - ၂၀၀၇ ခုနှစ် များ၌ ၈၈မျိုးဆက်ကျောင်းသားများ ပြုလုပ်ခဲ့ကြသည့် Prayer campaign , Signature campaign , White campaign စသည့် လှုပ်ရှားမှုများတွင် ရှေ့တန်းမထွက်ခဲ့ဘဲ နောက်တန်းမှ အလုံးစုံ အနီးကပ် ကူညီဖြည့်ဆည်းပေးသွားသူ တစ်ယောက်ဖြစ်သည်။

၂၀၀၇ ခုနှစ် သြဂုတ်လတွင် ၈၈ မျိုးဆက်ကျောင်းသားများနှင့် မရှေးမနှောင်း ဆိုသလိုမှာပင် အဖမ်းဆီးခံ ခဲ့ရသည်။
၎င်းနောက် ၂၀၀၈ ခုနှစ် တွင် ၈၈မျိုးဆက်ကျောင်းသားများနှင့် အတူ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခြင်း ခံခဲ့ရပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။

လွတ်မြောက်ပြီးနောက်ပိုင်းတွင်လည်း ၈၈မျိုးဆက်တို့၏ လှုပ်ရှားမှုများတွင် အကြံပြုရင်း ဆက်လက်ပါဝင်ခဲ့သည်။

(ဦး)သန်းတင်သည် ၂၀၁၃ ခုနှစ်တွင် ကျန်းမာရေး အရ နိုင်ငံရေးလုပ်ငန်းများမှ အနားယူခဲ့ပြီးနောက် ဆေးဝါးကုသမှု ခံယူခဲ့သည်။

ထို့နောက်တွင် ရန်ကုန်မြို့၊ လသာမြို့နယ်၊ လမ်း ၂၀ ရှိ Noble Square ဆေးရုံ၌ အသည်းကင်ဆာ ဝေဒနာဖြင့် တက်ရောက်ကုသနေစဉ် ယမန်နေ့ ဖေဖော်ဝါရီလ၊ ၁၇ ရက်၊ ညဉ့် ၁၁း ၄၈ နာရီတွင် အသည်းကင်ဆာ ဝေဒနာဖြင့် ကွယ်လွန်သွားခဲ့ပါသည်။

"၈၈မျိုးဆက်ကျောင်းသားများ" အဖွဲ့ စတင်ဖွဲ့စည်းခဲ့သည့် အချိန်ကတည်းက ပါဝင်ခဲ့ပြီး နောက်တန်းမှ အစဉ်တစိုက် ပန့်ပိုးကူညီပေးခဲ့သည့် ကိုသန်းတင် (ခေါ်) ကိုကြီးသန်း ကွယ်လွန် အနိစ္စရောက်ခြင်းအတွက် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ အထူးဝမ်းနည်းကြေကွဲမိကြရပါသည်။

ဓာတ်ပုံ - John Kyaw's Facebook မှ
၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)

စာအမှတ် ။ ။ ၃/၂၀၁၄(၈၈)
ရက်စွဲ ။ ။ ၂ဝ၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၁၉ ရက်
၁၃၇၅ခုနှစ်၊ တပို့တွဲပြည့်ကျော် ၅ ရက်

စာပေဟောပြောပွဲများအား ပိတ်ပင်ဟန့်တားနှောင့်ယှက်မှုများအပေါ် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၏ သဘောထား ကြေညာချက်

(၁) လွတ်လပ်စွာဟောပြော စည်းရုံးခွင့်များတွင် တစ်ခုအပါအ၀င်ဖြစ်သော စာပေဟောပြောခွင့်သည် ပြည်သူ တစ်ရပ်လုံး နှစ်ပေါင်းများစွာ ပေးဆပ်ရယူခဲ့ရသည့် နိုင်ငံသားတိုင်း၏ အခွင့်အရေးတစ်ရပ်ဖြစ်သဖြင့် ခိုင်မာသော ယဉ်ကျေးမှုလည်းဖြစ်သည်။

(၂) ယခုနှစ်ဆန်းတွင် နေပြည်တော် တပ်ကုန်းမြို့၌ စာရေးဆရာမင်းကိုနိုင်၊ စာရေးဆရာဂျင်မီတို့၏ ဟောပြောပွဲများ ကို ပိတ်ပင်မှုပြုလုပ်ခဲ့သည်။ ပျော်ဘွယ် မြို့နယ်တွင် စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ဆရာဦးဘုန်း(ဓာတု) တို့အား ပိတ်ပင်ခဲ့သည့်အပြင်၊ မြောက်ဥက္ကလာမြို့နယ်တွင် စာရေးဆရာမြအေး၊ စာရေးဆရာကိုနီ တို့အား အင်အားသုံး နှောင့်ယှက်ဟန့်တားမှုများပြုလုပ်ခဲ့သည်။ ထို့ပြင် မန္တလေးမြို့၌်ပြုလုပ်သော စာပေဟောပြောပွဲတွင်စာရေးဆရာမြအေး အား အင်အားသုံး နှောင့်ယှက်ဟန့်တားမှုများ ထပ်မံပြုလုပ်ခဲ့သည်။

(၃) ယဉ်ကျေးသောလူ့အဖွဲ့အစည်း၏အစဉ်အလာအရ စာရေးဆရာများ၏ ဟောပြောချက်များကို သဘောမတူခဲ့ လျှင် ချေပဟောပြောခွင့်၊ တရားဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းများ ပြုလုပ်ခွင့်ရှိသည်။

(၄) အထက်ပါ ဟန့်တားနှောင့်ယှက်မှုများဆောင်ရွက်ရာတွင် အခြားသောရည်ရွယ်ချက်များရှိသဖြင့် ဒီမိုကရေစီကို ဆန့်ကျင်သော လုပ်ရပ်များအဖြစ် သတ်မှတ်သည်။

(၅) ထို့ကြောင့်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီထွန်းကားရေးလိုလားသော မြန်မာနိုင်ငံသားများ အနေဖြင့် စာရေးဆရာများ၏အခွင့်အရေးကို ၀ိုင်းဝန်းကာကွယ် သွားကြရမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ရပါသည်။

၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)

၂၀/၂/၂၀၁၄ တာချီလိတ်မှ လေယာဉ်ဖြင့် ရန်ကုန်ကို ကြွပါမည်။ ညနေပိုင်း လေယာဉ်ဆိုက်ပါမည်။ အချိန်ရှိပါက ညဦးပိုင်း ရွှေတိဂုံတွင်
ရွှေသင်္ကန်းသွားရောက်လှူဒါန်းပါမည်။

ထောက်ကြံ့သာသနာလင်္ကာရ မိုင်းဖုန်းကျောင်းတွင် ကျိန်းပါမည်။
၂၁/၂/၂၀၁၄ မနက်ပိုင်း ကမ္ဘာအေးတွင် နိုင်ငံတော်သံဃမဟာနာယက
ဆရာတော်ကြီးများအား ကန်တော့၊ ကံထပ်မင်္ဂလာပြုလုပ်ပြီး နေ့ဆွမ်း
ဆက်ကပ်ပါမည်။

ပြီးလျှင် ဗဟန်းဇီဝိတဆေးရုံတွင် အလှူငွေ သွားလှူမည်။ ပြီးလျှင် ကျိုက်ဝိုင်း ခေမရဌ်ကျောင်း၊ ကိုးမိုင်ရှမ်းကျောင်းသို့ ကြွရောက် ဘုရားဖူးကာ ထောက်ကြံ့သာသနာလင်္ကာရ မိုင်းဖုန်းကျောင်းတွင် ညကျိန်းပါမည်။

၂၂-၂၃/၂/၂၀၁၄ တွင် နေပြည်တော်ကို ကြွဖို့ အစီအစဉ်ရှိပါမည်။
၂၄-၂၅/၂/၂၀၁၄ မန္တလေးသို့ ကြွပါမည်။
၂၆/၂/၂၀၁၄ မန္တလေး အပြည်ပြည်ဆိုင်ရာ တံတားဦးလေဆိပ်မှ ဗုဒ္ဓဂယာသို့ ဘုရားဖူးကြွပါမည်။
၂/၃/၂၀၁၄ ဘူတန်တော်ဝင်မိသားစု၏ ပင့်ဖိတ်ချက်အရ ဘူတန်နိုင်ငံသို့ ကြွပါမည်။
၁၂/၃/၂၀၁၄ မြန်မာနိုင်ငံသို့ ပြန်ကြွလာပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ခရီးစဉ် စတင်ပါမည်။

မိုင်းဖုန်းဆရာတော်အား ဖူးမျှော်လိုသော ဒကာဒကာမများ ကြိုတင်သိရှိနိုင်ရန် ခရီးစဉ်ကို ဖော်ပြလိုက်ပါတယ်။ ကျန်းမာပါစေ။

တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ
(စ၀်ဆုခမ်း တန့်ယန်း)

(The Daily Star မှ 17 Feb 2014 ရက်စွဲပါ An increasingly assertive China is losing its closest friends in Asia ကိုဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံက နယ်နမိတ်ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ငါသိငါတတ်လုပ်မှုများကြောင့် အာရှဒေသတွင်းနိုင်ငံ များနှင့် ဆက်ဆံရေးတင်းမာနေချိန်တွင် တစ်ချိန်က အိမ်နီးချင်း မြန်မာနိုင်ငံအပေါ် တင်းကြပ်စွာ ချုပ်ကိုင်ထားနိုင်မှု မှာလည်း လျော့တိ လျောရဲဖြစ်လာသလို လက်အောက်ခံနိုင်ငံသဖွယ်ဖြစ်ခဲ့သည့် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးလည်း ဆိုးရွားလာရာ အာရှဆူပါပါဝါ တရုတ်မှာ စစ်မှန်သည့် မဟာမိတ်နိုင်ငံမရှိတော့သည့် အနေအထား မျိုးသို့ ရောက်ရှိ နေပါသည်။ ဤသို့သော အခြေအနေမျိုးတွင် စိတ်ဝင်စားစရာကောင်းလှသည့် မေးခွန်းမှာ အမေရိကန်ပြည်ထောင်စုနှင့် အခြားသော ပါဝါနိုင်ငံကြီးများအနေဖြင့် အရှေ့မြောက်အာရှဒေသ၏ ဝရုန်းသုန်းကားနိုင် လှသော ပထဝီနိုင်ငံရေးကို အသွင်ပြောင်းရာတွင် အကူအညီပေးနိုင်မည့် မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေး တံခါးဖွင့်နိုင်ရေးအတွက် အဆိုပါ အနေအထားကို အသုံးပြုနိုင်ခြင်း ရှိ၊မရှိဟူသော မေးခွန်းပင် ဖြစ်ပါသည်။

တရုတ်နှင့် မြန်မာဆက်ဆံရေးသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ နေပြည်တော်အစိုးရက တရုတ်ဘက်က ရင်းနှီးမြှုပ်နှံသည့် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ တန် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ချိန်မှ စ၍ ဆိုးရွားသွားခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်က မြန်မာအပေါ် ကာလကြာရှည်စွာ ဖောက်သည်နိုင်ငံတစ်နိုင်ငံသဖွယ် ဆက်ဆံလာခဲ့သည့် တရုတ်အစိုးရကို တုန်လှုပ်သွားစေခဲ့သည်။ ယနေ့အချိန်ကာလကိုကြည့်မည်ဆိုလျှင်လည်း မြန်မာနှင့် တရုတ်အစိုးရ အကြား သဘောထားကွာဟမှုများဖြစ်ပေါ်နေသည်ကို တွေ့မြင်နိုင်သည်။

မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းရန် နေပြည်တော်အစိုးရ၏ ရဲရင့်သောဆုံးဖြတ်ချက်က မြန်မာ-တရုတ် ဆက်ဆံရေးအပေါ် ထိခိုက်ကောင်းထိခိုက် စေနိုင်ခဲ့သည့်တိုင် မြန်မာနှင့် အခြားကမ္ဘာ့နိုင်ငံများဆက်ဆံရေးအတွက်မူ အပေါင်းလက္ခဏာ ဆောင်သည့် အဆင့်တစ်ခုဖြစ်သွားခဲ့ပါသည်။ အမှန်စင်စစ် အဆိုပါ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီးနောက် အရေးပါသည့် နိုင်ငံရေး ပြောင်းလဲမှုများထွက်ပေါ်လာခဲ့ရာ နှစ်ပေါင်းများစွာ မြန်မာပြည် အထီးကျန်ဖြစ်အောင် လုပ်ဆောင်ခဲ့သည့် အနောက်နိုင်ငံများက ၎င်းတို့၏ ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးသည်အထိဖြစ်လာပါသည်။

မြောက်ကိုရီးယား၏ လူငယ်အာဏာရှင် ကင်ဂျုံအန်သည်လည်း တရုတ်နှင့် ဆက်ဆံရေးကို ခပ်ကြဲကြဲ ပြုလုပ်ခြင်းအားဖြင့် အနောက်ကမ္ဘာမှ ပါဝါနိုင်ငံများနှင့် ဆက်ဆံရေးကို မြန်မာ့လမ်းစဉ်အတိုင်းပြုလုပ်သွားရန် ဆန္ဒရှိနေ ကြောင်း ကောင်းစွာအချက်ပြနိုင်ပါသည်။ မှန်ပါသည်၊ အကယ်၍ ကင်ဂျုံအန်သာ အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး ပျော့ပျောင်းပြေပြစ်ရန် ကြိုးပမ်းမည်ဆိုပါက သူ့အနေဖြင့် ခရီးရှည်ကြီးကိုလျှောက်လှမ်းရဦးမည်ဖြစ်သည်။ အမေရိကန် ဘတ်စကတ်ဘော ကစားသမားဟောင်း ဒင်းနစ်ရော့ဒ်မန်းကို နွေးထွေးစွာ လက်ခံကြိုဆိုခဲ့ခြင်းက အမေရိကန်ပြည်ထောင်စုတွင် အငြင်းပွားစရာများစွာဖြစ်ပေါ်စေခဲ့ပါသည်။ သို့သော် တောင်ကိုရီးယား သတင်းစာ တစ်စောင် ရေးသားဖော်ပြသည့်အတိုင်း ကင်ဂျုံအန်သာ သူ ၏ ချစ်သူရည်းစားဟောင်းကို စက်သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့မှုက အမေရိက ဗဟိုချက်မမှ အရေးပါသောပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုမျှ ချစ်ခင်ရင်းနှီးလာအောင် လုပ်ဆောင် နိုင်မည်မဟုတ်ပေ။

လေ့လာစောင့်ကြည့်သူအများစုကမူ ဘေဂျင်းနှင့် ပြုံယမ်းအကြားဆက်ဆံရေး ဆိုးရွားလာခြင်း၊ ကင်ဂျုံအန်၏ ဦးလေး ဖြစ်သူ ဂျန်ဆောင်တိတ် ကွပ်မျက်ခံရခြင်း အစရှိသည်တို့သည် မြောက်ကိုရီးယား အပြောင်းအလဲမြန်ပြီး မရေရာ မသေချာသော နိုင်ငံရေးကို ထင်ဟပ်စေသည်ဟုပင် ဆိုကြသည်။ မည်သို့ပင်ဆိုစေကာမူ အဆိုပါကိစ္စသည် တရုတ်အ တွက် ပုဂ္ဂိုလ်ရေးကိစ္စရပ်တစ်ခုမျှသာဖြစ်ခဲ့ပါသည်။ ဂျန်ဆောင်တိတ်သည် ပြုံယမ်းကွန်မြူနစ်အစိုးရအဖွဲ့တွင် တရုတ် နိုင်ငံက တန်ဖိုးအထားရဆုံး မိတ်ဆွေတစ်ဦးဖြစ်ပြီး တရုတ်သို့ မြောက်ကိုရီးယားမှ ကျောက်မီးသွေး၊ မြေယာ၊နှင့် အဖိုးတန် သတ္တုများ ကဲ့သို့သော ရင်းမြစ်များရောင်းချမှုအပါအဝင် နိုင်ငံတော်ပုန်ကန်မှုဖြင့် ပြစ်ဒဏ်ပေးခံလိုက် ရခြင်းဖြစ်သည်။

သို့သော် တရုတ်သည် မြောက်ကိုရီးယားနှင့် အလေးအနက်ထား ထူထောင်ထားသော သွေးချင်းပမာ ဆက်ဆံရေးမှာ ၂၀၁၁ ခုနှစ် ခေါင်းဆောင်ဟောင်း ဖခင်ကြီး ကင်ဂျုံအီလ် ကွယ်လွန်ပြီးနောက် သားတော်မောင် ကင်ဂျုံအန် အာဏာ ရရှိလာချိန်မှစကာ မပြေမလည်ဖြစ်လာခဲ့ခြင်းဖြစ်သည်။ တရုတ်နှင့် မြောက်ကိုရီးယား ဆက်ဆံရေးတွင်အဖုအထစ် စတင်ဖြစ်စေခဲ့သည့် ဖြစ်ရပ်မှာ တရုတ်ငါးဖမ်းသင်္ဘောတစ်စီးကို မြောက်ကိုရီးယားက ဖမ်းဆီးပြီး သင်္ဘောသား ၂၉ ဦးကိုပါ ထိန်းသိမ်းခဲ့ခြင်းပင်ဖြစ်သည်။ အဆိုပါသင်္ဘောကို ၁၃ ရက်ကြာမျှ ဖမ်းဆီးထားပြီး သင်္ဘောသားများလည်း မြောက်ကိုရီးယား ပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဒေါ်လာ ၁၉၀၀၀၀ လျော်ကြေးပေးရန် ငွေညှစ်ခြင်း ခံခဲ့ရသည်။ နောက်ပိုင်းတွင် ကင်ဂျုံအန်သည် တတိယအကြိမ်မြောက် နျူကလီးယား စမ်းသပ်ခြင်းအားဖြင့် တရုတ်အစိုးရအား အမျက်ဒေါသထွက်အောင် ပြုလုပ်ခဲ့ပြန်သည်။

ကင်ဂျုံအန်၏ အဆိုပါလုပ်ရပ်များနှင့်ပတ်သက်၍ နောက်ပိုင်းတွင် တရုတ်နိုင်ငံပိုင်မီဒီယာက ပြုံယမ်းအစိုးရသည် တရုတ်အမျိုးသား ဆန့်ကျင်ရေး မူဝါဒကို ဖော်ဆောင်နေသည်ဟု စွပ်စွဲရေးသားခဲ့သည်ကို တွေ့ရသည်။

သို့သော် ကင်ဂျုံအန်ဆန့်ကျင်ရေး ဝါဒဖြန့်မှုအလွန်တွင် တရုတ်နိုင်ငံအတွက် ရွေးချယ်ခွင့်ဟူသည်မှာ အကန့် အသတ်ဖြင့်သာ ရှိနေပါသည်။ အကြောင်းမှာ တရုတ်သည် မြောက်ကိုရီးယား၏ သံ၊ သတ္တု၊ မဂ္ဂနီဆီယမ်နှင့် အခြား တွင်းထွက်များစွာနှင့် သယံဇာတရင်းမြစ်များစွာကို ရယူရေးဟူသည့် အကျိုးစီးပွားရှိနေခြင်းကြောင့်ပင် ဖြစ်သည်။ မြန်မာနိုင်ငံ ထံမှ မတူးဖော်ရသေးသော သဘာဝသယံဇာတများ ရရှိရန် ကြိုးပမ်းနေသကဲ့သို့ပင် ဖြစ်သည်။

ပို၍အရေးကြီးသည့်အချက်တစ်ခုမှာ မြောက်ကိုရီးယားနိုင်ငံကို စွမ်းအင်နှင့် စားနပ်ရိက္ခာများ ထောက်ပံ့မှုများ ဖြတ်တောက်မှုအပါအဝင် ပြုံယမ်းအစိုးရကို အကျပ်ရိုက်စေရန် တရုတ်ဘက်က ကြိုးပမ်းမည်ဆိုပါက တရုတ်ပြည်ထဲသို့ မြောက်ကိုရီးယား ဒုက္ခသည်များ ဒုနှင့်ဒေး ဝင်ရောက်လာနိုင်သည့် အန္တရာယ်ရှိနေခြင်းပင် ဖြစ်သည်။ ပို၍ ဆိုးရွားသည်မှာ တရုတ်နိုင်ငံဘက်မှကြည်မည်ဆိုပါက ထိုသို့ ပြုံယမ်းအစိုးရ အကျပ်ရိုက်အောင် လုပ်ကိုင်ကြိုးပမ်းမှု များက ကင် (Kim) မိသားစုအုပ်ချုပ်မှုကို ယိုင်လဲပြီး မြောက်ကိုရီးယားနိုင်ငံတော် ပြိုလဲကာ အမေရိကန်မဟာမိတ် ကိုရီးယားနိုင်ငံတော်သစ်တစ်ရပ် ထွက်ပေါ်လာနိုင်ခြင်းပင် ဖြစ်သည်။ တရုတ်နှင့် ကိုရီးယား နယ်စပ်ဒေသတွင် အမေရိကန်တပ်ဖွဲ့များ အခြေချကာ စစ်စခန်းဖွင့်လှစ်လာမည်ဆိုပါက ယင်းကိစ္စသည် တရုတ်အတွက် ခြောက်ခြား ဖွယ်ကောင်းသော ဖြစ်ရပ်ဆိုးကြီးတစ်ခုဖြစ်လာမည် မဟုတ်ပါလော။

ထိုမျှမကသေးပါ။ ကိုရီးယားနှစ်ပြည်ထောင် ညီညွတ်သွားမည်ဆိုပါက လတ်တလောဖြစ်ပေါ်နေသော တရုတ်၏ နယ်နမိတ်ပိုင်နက်နှင့် သဘာဝသယံဇာတပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုဖြစ်နေသည့် နေရာဒေသများကို ကိုရီးယား ဘက်က ပြန်လည်သိမ်းပိုက်ရယူမည်သာပင် ဖြစ်သည်။ တရုတ်အနေဖြင့် စစ်အေးခေတ်ကာလ ဖင်လန်နိုင်ငံ ကဲ့သို့ဖြစ်မည့် ကိုရီးယားနိုင်ငံတော်ကိုသာ လက်သင့်ခံဖွယ်ရှိသည်။ ဆိုလိုသည်မှာ အိမ်နီးချင်း ဆူပါပါဝါနိုင်ငံ ကို မဟာဗျူဟာမြောက် သဘောတူညီချက်များ အမြဲပင်တစေ ကမ်းလှမ်းမှုပြုနေသည့် နိုင်ငံတစ်ခုကို ဆိုလိုခြင်းဖြစ် သည်။

မြောက်ကိုရီးယားကဲ့သို့ပင် မြန်မာနိုင်ငံသည်လည်း လတ်လောနှစ်များ မတိုင်မီ အချိန်ကာလအထိ အထီးကျန်ဖြစ်ခဲ့ပြီး နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများနှင့် ဖိအားပေးမှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ တရုတ်သည် ကင်ဂျုံအန်နှင့် ဆက်ဆံရေး အဆင်မပြေဖြစ်လာခြင်းကို တုံ့ပြန်သည့်အနေဖြင့် ယမန်နှစ်က မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂ၏ ပိတ်ဆို့ အရေးယူမှု ပြုလုပ်ရာတွင် ပူးတွဲစပွန်ဆာ ပေးခဲ့သည်။

မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံသည် မတူကွဲပြားသော လူ့အဖွဲ့အစည်းများရှိသည့် နိုင်ငံဖြစ်ပြီး တိုင်းရင်းသားလူမျိုးစုနှင့် ဗမာလူမျိုးများပါဝင်သည့် အုပ်ချုပ်ရေးအီလစ်များ၏ တိုင်းရင်းသားလူနည်းစုများအပေါ် ဖိနှိပ်မှုကြောင့် ပြည်တွင်း ပဋိပက္ခများ ကာလကြာရှည်စွာ ဖြစ်ပေါ်နေသည့်နိုင်ငံ ဖြစ်သည်။ မြောက်ကိုရီးယားမှာမူ လူမျိုးတူများ တစ်သားတည်း ဖြစ်ပြီး တင်းကြပ်ကန့်သတ်မှုများရှိသည့် လူ့အဖွဲ့အစည်းရှိကာ နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် နိုင်ငံဖြစ်သည်။ တစ်နည်းဆိုပါက မြောက်ကိုရီးယားဟူသည်မှာ တခြားကမ္ဘာ့နိုင်ငံများအတွက် ပို၍ကြီးမားသော ခြိမ်းခြောက်မှုကြီး တစ်ခုပင် ဖြစ်သည်။

လက်ရှိအချိန်အထိ တရုတ်နှင့် မြောက်ကိုရီးယား စိတ်ဝမ်းကွဲပြားမှုသည် အရှေ့မြောက်အာရှဒေသ ပထဝီနိုင်ငံရေးတွင် အလားအလာရှိသည့် အလှည့်အပြောင်းတစ်ရပ်ကို ဖော်ကျူးပြသလျက်ရှိပါသည်။ အကယ်၍ မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေး ဖွင့်လှစ်မည်ဆိုပါက အမေရိကန်ပြည်ထောင်စု အနေဖြင့် တရုတ်အပေါ် အားထားမှုကို လျှော့ချပြီး မြောက်ကိုရီးယားနှင့် တရုတ်ဆက်ဆံရေးတွင် တရုတ်ဘက်မှ ကြားဝင်စေ့စပ်ပေးသောနိုင်ငံတစ်ခုအဖြစ် ဝင်ရောက်ရမည်ဖြစ်သည်။ မြောက်ကိုရီးယားသည် တရုတ်အပေါ် မှီခိုအားထားမှုကို လျှော့ချလိုသည့် ဆန္ဒရှိထား ပြီးဖြစ်ရာ အမေရိကန်သာ အဆိုပါနည်းလမ်းတိုင်းလုပ်ဆောင်မည်ဆိုပါက ကင်ဂျုံအန်နှင့်ဆက်ဆံရေးတွင် တရုတ် အတွက် စိတ်မသက်မသာဖြစ်စရာ အနေအထားတစ်ခုပင် ဖြစ်ပေလိမ့်မည်။

မည်သို့ပင်ဆိုစေ အမေရိကန်-မြောက်ကိုရီးယား သံမတန်တံခါးဖွင့်မှုသည် မြန်မာနှင့် အမေရိကန် သံတမန်လမ်းပြန်ပွင့် သည့် အနေအထားမျိုးနှင့် တူညီမည်မဟုတ်ဘဲ မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ် ဖျက်သိမ်းမှုဆိုင်ရာ သဘောတူညီချက်ရရှိခြင်း၊ မရရှိခြင်းပေါ်တွင်သာ အခြေခံပေလိမ့်မည်။ မြန်မာနှင့် အမေရိကန် ပြန်လည်ပေါင်းစပ် မှုမှာမူ သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ် လာရောက်လည်ပတ်ရသည်အထိ ခရီးပေါက်ခဲ့သည်။ ဤနေရာတွင် စိတ်ဝင်စားစရာကောင်းလှသည့် မေးခွန်းမှာ အိုဘားမားအနေဖြင့် မြောက်ကိုရီးယားနှင့် အန္တရာယ် ကြီးမားပြီး အကဲဆတ်သည့် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန် နိုင်ငံရေးအခန်း သို့မဟုတ် ပုဂ္ဂလိကဆန္ဒသဘောထား အမှန်တကယ်ရှိ၊ မရှိဟူသော မေးခွန်းပင်ဖြစ်ပါသည်။ အကြောင်းမှာ အိုဘားမားသည် ပြည်တွင်း၌ လုပ်ဆောင်ရ ဦးမည့် အရေးကိစ္စများသာမက ဆီးရီးယားနှင့် သဘောတူညီချက်ရရှိရေး၊ အီရန်နှင့် ကြားဖြတ် နျူကလီးယား သဘောတူညီချက် ထွက်ပေါ်ရေးဟူသည့် ကြိုးပမ်းချက်များ၏ အလေးဆွဲခြင်းခံနေရသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသော ကြောင့်ပင် ဖြစ်ပါသည်။

Yangon chronicle

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.