02/20/14

ထိုင်းနိုင်ငံမှာ သွားရောက် အလုပ် လုပ်ကိုင်ပြီး အကြောင်းအမျိုးမျိုးနဲ့ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီဘက်ခြမ်းကို ပြန်လာတဲ့ မြန်မာ အလုပ်သမားတွေကို နည်းအမျိုးမျိုးနဲ့ လိမ်လည်ငွေညစ်ယူတဲ့ ဂိုဏ်းတဂိုဏ်က အဖွဲ့ဝင် (၅) ဦးကို ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် ( ဒီကေဘီအေ ) က သတင်းအရ ထိန်းသိမ်းပြီး ဒီကနေ့ မနက်ပိုင်းမှာ မြ၀တီရဲမှူးနဲ့အဖွဲ့ထံ ဥပဒေကြောင်းအရ အရေးယူဆောင် ရွက်နိုင်ဖို့ လွဲပြောင်းပေးအပ် လိုက်တယ်လို့ စုံစမ်းသိရပါတယ်။

နေရပ်ပြန် အလုပ်သမားတွေထံက ငွေကြေးလိမ်လည်ယူတဲ့ ဂိုဏ်းအဖွဲ့ဝင် (၅) ဦးကို ထိန်းသိမ်းပြီး မြ၀တီရဲမှူးနဲ့အဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့တာနဲ့ပတ်သက်လို့ ဒီကေဘီအေ ကလိုထူဘော စစ်အခြေချဗျူဟာမှူး ဗိုလ်မှူးကြီးစောဆန်းအောင်က အခုလို ပြောပါတယ်။

“ထိုင်းက အလုပ်လုပ်ပြီးပြန်လာတဲ့ အလုပ်သမားလေးတွေက သူတို့ငွေအလိမ်ခံရလို့ အကူအညီတောင်းတော့ အဲ့လို ငွေလိမ်တဲ့သူတွေကို ကျနော်တို့က ဖော်ထုတ်လိုက်တယ်။ ဒါပေမယ့် ဒီလိမ်တဲ့သူတွေက အုပ်စုနဲ့ဆိုတော့ လိမ်တဲ့အခါ ဆက်စပ်ပါဝင်တဲ့သူတွေ အားလုံးကို သိရဖို့ တရက် နှစ်ရက် ထိန်းသိမ်းပြီးတော့ မြ၀တီမြို့က တာဝန်ရှိသူတွေနဲ့ ရဲမှူးကြီးတွေထံ အပ်နှံပေးလိုက်တာပါ။ ငွေလိမ်တဲ့သူ ပထမ တစ်ရက်က (၃)ယောက် နဲ့ အခု အပ်တဲ့အချိန်မှာ အားလုံး (၅)ယောက်ပေါ့။ ဒီကိစ္စကို တရားဝင် လုပ်ပိုင်ခွင့်ရှိတဲ့ ရဲဌာနအတွက် ကျနော်တို့ ၀ိုင်းလုပ်တဲ့သဘောပါ”။

အလုပ်သမားတွေကို ငွေလိမ်ယူတဲ့ဂိုဏ်းအဖွဲ့ဝင်တွေဟာ ထိုင်းဘတ်ငွေကနေ မြန်မာကျပ်ငွေ လဲတဲ့အခါနဲ့ နေရပ်ပြန်ခရီးစီစဉ်ပေးတာတွေကို တာဝန်ယူသလိုလို လုပ်ကိုင်ဆောင် ရွက်ပေးပြီး အလုပ်သမားတယောက်က ဘတ်ငွေ တသောင်းလဲတယ်ဆိုရင် လက်ရှိပေါက်ဈေးထက်နှိမ်ပြီးပေးတာ နေရပ်ပြန်ခရီးဝန်ဆောင်ပေးရတဲ့အတွက် ကုန်ကျငွေ ယူတယ်ဆိုပြီး ဘတ်ငွေ ငါးထောင်ကနေ ခြောက်ထောင်လောက်အထိ ဖြတ်ယူလိုက်ကြသလို နေရပ်ပြန်ခရီးစဉ်ကိုလည်း လမ်းခုလတ်မှာတင် လိမ်လည်ထားရစ်ခဲ့တာကြောင့် အလုပ်သမားတွေ ငွေလည်းကုန် ခရီးလည်းမရောက်ဖြစ်ကြရလို့ ဒုက္ခရောက်ကြရတာ မနည်းဘူးလို့သိရပါတယ်။

အခု ဒီကေဘီအေက ထိန်းသိမ်းပြီး မြ၀တီ ရဲမှူးကြီးအောင်ဝေထံ လွှဲပြောင်းလိုက်တဲ့ ငွေလိမ်ယူတဲ့ အဖွဲ့ဝင် (၅)ဦးဟာ အသက်အကြီးဆုံး (၅၀)နှစ် ဦးလှသိန်း(ခ) ဦးဂနီပါဝင်ပြီး အသက် သုံးဆယ်ကျော်အရွယ် ၊ ကို အောင်နိုင်ထွန်း (ခ) ဂျမ်းခဲ၊ ကိုသူရထွန်း (ခ) ကိုဝင်းလွင်မြင့်၊ ကိုအောင်စိုးမင်း၊ ကိုသိန်းမင်းလတ် (ခ)သားကြီးတို့ဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့ခေါင်းဆောင်လို့ ယူဆရတဲ့ ကိုလှထွဋ်ကတော့ လွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒီကေဘီအေအဖွဲ့က လွှဲပြောင်းပေးလိုက်တဲ့ အလုပ်သမားတွေထံက ငွေလိမ်ယူခဲ့တဲ့ အဖွဲ့နဲ့ ပတ်သက်လို့ ဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုတာ အသေးစိပ် သိရှိနိုင်ဖို့ မြ၀တီရဲမှူးကြီးအောင်ဝေကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် “ဟဲလို အမိန့်ရှိပါ” “အမိန့်ရှိပါ” လို့ပြောပြီး မေးမြန်းချက်ကို ဖုန်းကနေ မကြားသယောင်ပြုကာ ဖုန်းချသွားခဲ့ပါတယ်။

ဒီလို အလုပ်သမားတွေထံက လိမ်ညာပြီး ညစ်နည်းမျိုးစုံနဲ့ ငွေရယူလုပ်ဆောင်နေတဲ့ အဖွဲ့တွေ မြ၀တီဒေသတွင်းမှာ သုံးဖွဲ့လောက်ရှိပြီး အဲဒီအဖွဲ့တွေဟာ ထိုင်းနိုင်ငံအတွင်းပိုင်းဒေသတွေကနေ အလုပ်လုပ်ပြီး မြန်မာပြည်ဘက်ပြန်ဆင်းလာတဲ့ အလုပ်သမားတွေကို ထိုင်းနိုင်ငံ မဲဆောက်အထိ သွားရောက် ခေါ်ဆောင်ပြီး တည်းအိမ်၊ ငွေလဲတာ၊ နေရပ်ဒေသပြန်ဖို့ စီစဉ်တာတွေကို စီစဉ်ပေးသယောင်နဲ့ တလကို (၁၀)ကြိမ်ထက်မနည်း အလုပ်သမားတွေထံက ငွေလိမ်နေကြတာဖြစ်တယ်လို့ ငွေလိမ်ဂိုဏ်းဖော်ထုတ်ရာမှာ ဒီကေဘီအေ အဖွဲ့ကို အကူအညီပေးခဲ့တဲ့ မြ၀တီဒေသခံက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ပြီး မြန်မာပြည်ကိုပြန်လာကြတဲ့ အလုပ်သမားအများစုဟာ ထိုင်း-မြန်မာနယ်စပ်မြို့တွေဖြစ်တဲ့ ကော့သောင်၊ ရနောင်း၊ တာချီလိတ်-မယ်ဆိုင်၊ ဘုရားသုံးသူနယ်စပ်နဲ့ မဲဆောက်-မြ၀တီမြို့တွေကိုဖြတ်သန်းပြီး နေရပ်ရင်းဒေသတွေကို ပြန်ကြရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့ ထိုင်းနိုင်ငံရေးအခြေအနေတွေ ရှုပ်ထွေးနေတဲ့အချိန်မှာ မဲဆောက် - မြ၀တီ နယ်စပ်မြို့တွေကိုဖြတ်ပြီး တရက်ကို မြန်မာအလုပ်သမား ထောင်နဲ့ချီပြီး နေရပ်ပြန်ကြတဲ့ ကာလလို့ဆိုရမှာ ဖြစ်ပါတယ်။ တဆက်စပ်တည်း အလုပ်သမားလက်မှတ်နဲ့ ဗီဇာသတ်တမ်းကုန်ဆုံးသွားတဲ့ အလုပ်သမားတွေ MOU နှစ်နိုင်ငံ သဘောတူညီချက်နဲ့ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား အများစုဟာ တရားဝင်သတ်မှတ်ထားတဲ့ (၄)နှစ်သတ်တမ်းကုန်ဆုံးလို့ပြန်ကြရတာစတဲ့ အခြေအနေ အကြောင်းအမျိုးမျိုးတွေအောက်မှာ ချွေးနည်းစာလုပ်ခလစာတွေကို စုပြီး ပြည်တော်ပြန်စာရိတ်လုပ်ခဲ့ကြရတာ ဖြစ်ပါတယ်။

ဒီလို ပြည်တော်ပြန်အလုပ်သမားတွေရဲ့အခြေအနေကို ထိုင်း-မြန်မာ နယ်စပ်ဒေသကို ကျွမ်းကျင်တဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတချို့က အုပ်စုဖွဲ့ပြီး အပြန်ခရီးအတွက် ၀န်ဆောင်မှုပေးသလိုလို (ထိုင်း ဘတ်ငွေကနေ မြန်မာ ကျပ်ငွေ လဲတာအပါအ၀င် နေရပ်ပြန်ခရီး စီစဉ်ပေးတဲ့နေရာတွေကို တာဝန်ယူသလိုလို) အပြောအဆိုအမျိုးမျိုးနဲ့ အလုပ်သမားတွေရဲ့ ချွေးနည်းစာနဲ့ စုဆောင်းပါလာ ငွေတွေကို လိမ်နည်းညစ်နည်းမျိုးစုံသုံးပြီး (ဗိုက်ဖေါက်) ရအောင်ယူနေကြတဲ့ အဖြစ်တွေဟာ ဆယ်စုနှစ် တစုနည်းပါး ရှိနေပြီလို့ မြန်မာအလုပ်သမားအရေး ကူညီလုပ်ဆောင်ပေးနေတဲ့ နယ်စပ်အခြေစိုက်အဖွဲ့အစည်းတွေက ပြောကြားခဲ့ကြောင်းပါခင်ဗျာ။

(ဖမ်းမိတဲ့ ဗိုက်ဖေါက်ဂိုဏ်းသားတွေကို စစ်ဆေးနေတဲ့ DKBA ဗိုလ်မှူးကြီး စောဆန်းအောင်)

Moe KYaw


တကယ်ရူးနေတာလား၊ ရူးချင်ယောင်ဆောင်နေတာလား၊ ဘယ်လိုဘဲဖြစ်ဖြစ် သင်္ကန်းကြီးက ဘယ်ကရသလဲ။
သူ့ကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ယူနေတဲ့သူတွေကိုလည်း သူ့နားက လူတွေက လိုက်တားနေတယ်။ ဘာလဲတော့ မသိဘူး။ တော်တော်ကို ပွဲခံလာလို့ အင်္ကျီလဲပေးဖို့ လာပေးတဲ့သူလဲ ပေးတယ်။
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက် လမ်းကျယ်တွင် သင်္ကန်းဝတ်ထားသည့် လူတစ်ဦးမှ ဆူပူသောင်းကျန်းခဲ့တယ်လို့ အလင်းမျက်ဝန်းမှ စုံစမ်းသိရှိရပါတယ်။

ဆံပင်ပုံစံတကျ ညှပ်ထားသည့် အဆိုပါ ပုဂ္ဂိုလ်မှာ ဗုဒ္ဓဘာသာ ဘုန်းကြီးများ ဆင်မြန်းရသည့် သင်္ကန်းဝတ်စုံကို အသေအချာ ၀တ်ဆင်ထားပြီး မအူကုန်းလမ်းကျယ်ပေါ်ရှိ တူဒေးလဘက်ရည်ဆိုင်အနီးမှာ အချိန်နှစ်နာရီနီးပါးခန့် ကြာအောင် ကားတစ်စီး၏ ဘော်နတ် အင်ဂျင်ဖုံးပေါ်တွင်ထိုင်၍ အော်ဟစ်ဆူပူနေခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံများက ဆိုပါတယ်။

"အဆွရ် အဇန်ပေးတဲ့အချိန်လေ။ ညနေ (၅) နာရီ မတ်တင်း လောက်ပေါ့။ ပြေးလာပြီးတော့ အဲ့ဒီကားပေါ် တက်ထိုင်လိုက်တယ်။ ပြီးတော့ အော်ဟစ်နေတယ်။ သူ့ကို ကယ်ပါ။ သူ့ကို ၀ိုင်းလုပ်နေတယ်။ အနိုင်ကျင့်နေတယ်လို့ တော်တော်ကြာကို အော်ဟစ်နေတယ်။ ကတုံးတုံးမထားဘူး။ ဆံပင်အရှည်နဲ့။ ကြည့်တဲ့သူတွေများလာတော့ မတ်တပ်ထရပ်လိုက်တယ်။ ခေါင်းကို သင်္ကန်းစကို ခြုံတင်ပြီး ဆံပင်တွေကို အုပ်လိုက်တယ်။ လက်အုပ်ချီတာကို လူမြင်အောင် ခေါင်းပေါ်တင်ပြီး လက်အုပ်ချီထားပြီးတော့ ပွဲခံတယ်။ ဘေးကနေ အော်ဟစ်နေလို့ ရေဗူးနဲ့ ရေတိုက်နေတာလဲ ရှိတယ်။ သူ့ကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ယူနေတဲ့သူတွေကိုလည်း သူ့နားက လူတွေက လိုက်တားနေတယ်။ ဘာလဲတော့ မသိဘူး။ တော်တော်ကို ပွဲခံလာလို့ အင်္ကျီလဲပေးဖို့ လာပေးတဲ့သူလဲ ပေးတယ်။ ရဲစခန်းကိုလည်း လူတော်တော်များများက ဖုန်းဆက်ပြီး အကြောင်းကြားတာကို ရောက်မလာဘူး။ လူများလာလေ ပိုပြီး အော်ဟစ်လေ လုပ်နေတယ်။ မွတ်စလင်မ်ရပ်ကွက်ဆိုတော့ ကြည့်နေတဲ့သူအများစုက မွတ်စလင်မ်တွေ ဖြစ်နေလို့ ပြဿနာတွေ ပေါ်မလာအောင် လူစုကို အချင်းချင်း ခွဲခိုင်းနေရတယ်။ ဖြတ်သွားတဲ့ ကားတွေကလည်း ရပ်ကြည့်တော့ ပိတ်ဆို့ကုန်တာပေါ့။" ဒေသခံတစ်ဦးက သတင်းရယူနေတဲ့ အလင်းမျက်ဝန်း စီဂျေကို ပြောပြတာ ဖြစ်ပါတယ်။

အဆိုပါပုဂ္ဂိုလ်မှာ မိမိကိုယ်မိမိ စစ်ထောက်လှမ်းရေး ဗိုလ်ကြီးတစ်ယောက်ဖြစ်ကြောင်း ပြောဆိုနေမှုကြောင့် ဒေသတွင်း အာဏာပိုင်များက ထိန်းသိမ်းရန် အချိန်အတော်ကြာအောင် ခက်ခဲနေခဲ့ကြတယ်လို့ ပြောဆိုသူများလည်း ရှိနေသလို၊ အမှန်တကယ်ပင် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်းဖြစ်သူ ဗိုလ်ချုပ်ကျော်ဝင်း၏ ဆွေမျိုးရင်းခြာတစ်ဦးလည်း ဖြစ်နေတယ်လို့ လေ့လာစောင့်ကြည့်သူ ဒေသခံများက အလင်းမျက်းဝန်း၏ စီဂျေများကို ပြောပြကြပါတယ်။

အချိန်အတော်ကြာပြီးနောက် ၎င်းအား တက္ကစီအငှားယဉ်တစ်စီးဖြင့် တာမွေရဲစခန်းမှ ရဲအရာရှိများလိုက်ပါ၍ တင်ဆောင်သွားပြီးနောက် တာမွေရဲစခန်းတွင် ခေတ္တအနားယူပြီး၊ ယခင်စစ်ထောက်လှမ်းရေးဟောင်းများ စုရုံးလေ့ရှိခဲ့သည့် ခင်ညွန့်ကျောင်းဟု လူသိများသော တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ဘုန်းကြီးကျောင်းသို့ အဆိုပါသင်္ကန်းဝတ်အား သွားရောက်ပို့ဆောင်ပေးခဲ့ရာ ကျောင်းထိုင်ဘုန်းကြီးမှ ငြင်းဆိုခဲ့သောကြောင့် တာမွေမြို့နယ်ရဲစခန်းသို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီးနောက် စိတ္တဇ္ဇဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်ခဲ့ပြီး သတင်းကွင်းဆက် ပြတ်တောက်သွားခဲ့ရကြောင်း လေ့လာသူ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ မအူကုန်းရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီကတော့ "စစ်ထောက်လှမ်းရေးဆိုတာ စီပွားရေးသမားလိုလည်း နေတတ်တယ်။ ဘုန်းကြီးလိုလည်း ဟန်ဆောင်တတ်တယ်။ အရူးလိုလည်း နေတတ်တယ်။ အခု သူ ဘာလို့ မွတ်စလင်မ်အများစုရှိနေတဲ့ ဒီနေရာကိုမှ လာပြီး ဒီလိုလုပ်သွားရလဲဆိုတာ စဉ်းစားကြည့်ရင် အဖြေသိပါတယ်။ လုပ်ပြီးတော့ ရဲစခန်းမှာ မစစ်ဆေးဘဲ ဆံပင်အရှည်ကြီးနဲ့ ဘုန်းကြီးမဟုတ်တဲ့လူမှန်းကို သိသိကြီးနဲ့ ဘုန်းကြီးကျောင်းကို ပို့တယ်ဆိုတာလဲ ဘာသဘောလဲ စဉ်းစားစရာပဲ။ နောက်ပြီး ဆေးရုံကိုပို့တယ်ဆိုတာရော ဟုတ်ရဲ့လား။ ဘယ်လောက် ယုံကြည်ရမှာလဲ။ ဒီလိုတွေ လာလုပ်နေတာက ပရောဂတွေ ၀င်လာစေဖို့ ရည်ရွယ်ရှိနေတယ်ဆိုတာ ထင်ရှားလွန်းတယ်။ ဒီလိုလုပ်လို့ ဒေသခံ လူမျိုး ဘာသာစုံက စိတ်အနှောက်အယှက် ဖြစ်သွားရတယ်။ သူ့ကို ဘယ်ကိုပို့လိုက်တယ်၊ ဘာလုပ်လိုက်တယ်ဆိုတာ ထင်သာမြင်သာရှိဖို့ လိုမယ်။" စီဂျေများမှတဆင့် အလင်းမျက်ဝန်း၏ ဆက်သွယ်မှုကို ဦးညီညီက ပြန်လည် ဖြေကြား ပြောဆိုခဲ့ပါတယ်။

ထောက်လှမ်းရေးဟောင်း ဗိုလ်ချုပ်ကျော်ဝင်းရဲ့ သားမက်ဖြစ်ပြီး စီးပွားရေးသမားအသွင် ဟန်ဆောင်၍ ယခင်ကတည်းက မအူကုန်းရပ်ကွက်အတွင်း ၀င်ရောက်ကာ သတင်းရယူခြင်းများရှိခဲ့တဲ့ အဆိုပါပုဂ္ဂိုလ်မှာ ဒေသခံအချို့နှင့်လည်း ရင်းနှီးသူဖြစ်ကာ အစ္စလာမ်ဘာသာရေး အဆောက်အအုံများဖြစ်သော ဗလီနှင့် ဘာသာရေး စာသင်ကျောင်းများအတွင်းသို့လည်း ၀င်ရောက်လေ့ရှိခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

ယခုလို မအူကုန်းရပ်ကွက်အတွင်း အစ္စလာမ်ဘာသာဝင် အများစု နေထိုင်တဲ့ နေရာတွေမှာ ဘုန်းကြီးများအသွင်ဆောင်၍ လာရောက်ဆူပူခြင်းများဟာ မကြာခဏဆိုသလို ပေါ်ပေါက်ခဲ့ပြီး လွန်ခဲ့တဲ့ လအနည်းကလည်း သင်္ကန်းဝတ်နှစ်ဦးမှ မအူကုန်းလမ်းကျယ်အတွင်း ဆူပူရမ်းကားခဲ့လို့ အထိတ်တလန့် ဖြစ်ခဲ့ရဖူးသော်လည်း ဒေသခံများက အစ္စလာမ်ဘာသာဝင် အများစုဖြစ်တာကြောင့် အခြေအနေကို ငြိမ်းချမ်းစွာနဲ့ ထိန်းသိမ်းလိုက်နိုင်တယ်လို့ သိရပါတယ်။

မကြာခင်အချိန်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲအကြို စည်းရုံးရေးခရီးစဉ်များ စတင်တော့မှာဖြစ်ပြီး၊ အာဏာရှင်အစိုးရများ အဆက်ဆက်က မဟာလူမျိုးကြီးဝါဒ သက်ဆိုးရှည်စေဖို့ ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ခဲ့ပြီး၊ တိုင်းရင်းသား နိုင်ငံသားအများစု ကိုးကွယ်ရာ ဘာသာတရားများအား (၄%) သာရှိသော လူနည်းစုများသဖွယ် ပုံဖော်ခဲ့သော်လည်း မကြာခင်မှာတော့ ကမ္ဘာ့ကုလသမ္မဂ္ဂအဖွဲ့မှ ဦးဆောင်သည့် နောက်ဆုံးပေါ်နည်းပညာများဖြင့် လိမ်ညာခြင်းနည်းပါးစေရန် လုပ်ဆောင်၍ ကောက်ယူမည့် သန်းခေါင်စာရင်းစစ်တမ်း ကောက်ယူမှု အစီအစဉ်အား စတင်တော့မှာ ဖြစ်ပါတယ်။

အဆိုပါ အစီအစဉ်များနှင့် နီးကပ်လာချိန်တွင် ယခုလို ဘာသာရေးနည်းလမ်းဖြင့် မှိုင်းတိုက်၍ ဖျက်လိုဖျက်စီးဖြစ်စေရန် လုပ်ဆောင်မှုများအား မလိုသူများက အကြမ်းဖက်သမားများအား အသုံးချ၍ နိုင်ငံအနှံ့တွင် လုပ်ဆောင်လာနိုင်ဖွယ်ရှိလို့ သတိပြု၍ နေထိုင်သင့်ကြောင်း၊ အထူးသဖြင့် အစ္စလာမ်ဘာသာဝင်များအနေဖြင့် အနေအထိုင်ကို အထူးဂရုစိုက်၍ ဆင်ခြင်နေထိုင်သင့်ကြပါကြောင်း လေ့လာသူများက သုံးသပ်ပြောဆိုနေကြပါတယ်။

အလင်းမျက်ဝန်း ရန်ကုန်သတင်းအဖွဲ့
http://www.teol-mm.info/

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.