02/22/14

မတရား မပြောနဲ့ 
စစ်အာဏာရှင်ကို ဆန့်ကျင်ရင်
ဘယ်သူမဆို ဘာလုပ်လုပ်
တရားတယ်။

သမတကြီး ဒေါ်အောင်ဆန်းစုကြည်
နာယကကြီး ဒေါ်အောင်ဆန်းစုကြည်
အဓိပတိကြီး ဒေါ်အောင်ဆန်းစုကြည်
သေနာပတိကြီး ဒေါ်အောင်ဆန်းစုကြည်
ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်
ကရုဏာရှင်ကြီး ဒေါ်အောင်ဆန်းစုကြည်
စာရေးဆရာမကြီး ဒေါ်အောင်ဆန်းစုကြည်
မိခင်ကြီးဒေါ်အောင်ဆန်းစုကြည်။

မတရား မပြောနဲ့ 
ပြည်သူချစ်တဲ့ သူအပေါ်
ပြည်သူကဘယ်လို ဂုဏ်ပြုဂုဏ်ပြု
တရားတယ်။

နိုင်ငံရေးသစ်
တော်လှန်ရေးသစ်
ဒီမိုကရေစီသစ်
လွတ်လပ်ရေးသစ်
ငြိမ်းချမ်းရေးသစ်
အချုပ်အခြာ အာဏာသစ်
ဖွဲ့ စည်းပုံဥပဒေသစ်
နိုင်ငံတော်သစ်

မတရား မပြောနဲ့ 
ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ
လူထုက ဘယ်လို ရည်မှန်းရည်မှန်း
တရားတယ်။

ကဲ … မတရား မပြောပါနဲ့ 
မတရားမှုကို ခုခံတာမှန်သမျှ
အကုန် တရားတယ် ဆိုတာပါပဲ။ ။

အောင်ဝေး

(ဇွန် ၁၇ ၊ ၂၀၀၉)


အာဏာရှင်ဟောင်း ဦးနေ၀င်း၏ မြေးများဖြစ်သော ဦးအေးနေ၀င်း၊ ဦးကျော်နေ၀င်းတို့နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်း ခေါင်းဆောင်ေ သာ မြန်မာငြိမ်းချမ်းရေးစင်တာ အဖွဲ့ဝင်များသည် ယခုနှစ် ဇန်န၀ါရီ၊ ဖေဖော်ဝါရီ လများအတွင်း မြန်မာငြိမ်းချမ်းရေး စင်တာ၌ လျှို့ဝှက် စွာ တွေ့ဆုံဆွေးနွေးမှု နှစ်ကြိမ် ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံမှုများကို မြန်မာသံတော်ဆင့်မှ ဦးအေးနေ၀င်းအား ဆက်သွယ်မေးမြန်းရာတွင် ၎င်းက ““ကျွန်တော်တို့ မြန်မာ ငြိမ်းချမ်းရေး စင်တာနဲ့ ပူးပေါင်းပြီး လုပ်ငန်းတွေ လုပ်ကိုင်တာတော့ မရှိပါဘူး။ မြန်မာငြိမ်းချမ်းရေး စင်တာမှာ လုပ်ကိုင်နေတဲ့ သူတွေနဲ့ ပုဂ္ဂိုလ်ရေးရာတော့ ရင်းနှီးမှုရှိပါတယ်။ အဲဒါကြောင့် ပုဂ္ဂိုလ်ရေးရာအရ ရင်းနှီးလို့ ဆက်ဆံတာပဲရှိတယ်။ သူတို့ရဲ့ လုပ်ငန်းတွေမှာတော့ လုံးဝပါဝင်ပတ်သက်မှု မရှိဘူး။ အလွတ် သဘော အရ တွေ့ဆုံဆွေးနွေးတာပါ””ဟုပြောသည်။

မြန်မာငြိမ်းချမ်းရေးစင်တာနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အကြောင်းအရာများကို မြန်မာသံတော်ဆင့်မှ ထပ်မံမေးမြန်းရာ ““ကျွန်တော်တို့ ဘယ်အဖွဲ့အစည်းတွေနဲ့မဆို တိုင်းပြည်ကောင်းစားရေး လုပ်တဲ့ကိစ္စဆိုရင် ပြောနိုင်ဆိုနိုင် လုပ်ကိုင်နိုင်တဲ့ ကိစ္စဆိုရင် ကူညီပေးစေချင်တယ်။ ကျွန်တော်တို့ရဲ့မူအရ နေရာတစ်ခုယူပြီးတော့ လုပ်ဖို့မရှိဘူး။ ကျွန်တော်တို့နဲ့ တွေ့ဆုံစဉ်က လူကြီးတွေက မပြောပါနဲ့လို့ ပြောထားတော့ ပြောရတာ အခက်အခဲဖြစ်နေတယ်။ နိုင်ငံတော် တာဝန်ရှိတဲ့ လူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ ပြောချင်တယ်”” ဟု ၎င်းကပြောကြားခဲ့သည်။

ယင်းတွေ့ဆုံဆွေးနွေးမှုများကို မြန်မာငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူများက တွေ့ဆုံခြင်း မရှိကြောင်း ငြင်းဆိုထား ခဲ့သည်။ မြန်မာ သံတော်ဆင့်မှ မြန်မာ ငြိမ်းချမ်းရေးစင်တာ အဖွဲ့ဝင် ဦးအောင်နိုင်ဦးအား ဆက်သွယ်မေးမြန်းရာတွင် ၎င်းက ““တွေ့ဆုံမှုတွေ ကျွန်တော်မသိဘူး။ ဘာမှ ဆက်သွယ်မှုတွေလည်း မရှိဘူး။ ဒီမှာတော့ ဧည့်သည်တွေက မျိုးစုံ လာနေတာလေ။ တရားဝင် ဆက်သွယ်မှုတွေလည်း မရှိပါဘူး။ တခြား သူတွေ မေးကြည့်ပါ””ဟု ပြန်လည် ဖြေကြားခဲ့သည်။

ဦးအေးနေ၀င်း၊ ဦးကျော်နေ၀င်း၊ ဦးဇွဲနေ၀င်းတို့သည် ဖခင်ဖြစ်သူ ဦးအေးဇော်ဝင်း နှင့်အတူ ၂၀၀၂ခုနှစ် စက်တင်ဘာလတွင် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂(၁)ဖြင့် ထောင်ဒဏ်တစ်သက် သေဒဏ်ချမှတ်ခဲ့ရာ ၂၀၁၁ ခုနှစ်တွင် တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲချမှတ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်နေ့တွင် ဖခင် ဦးအေးဇော်ဝင်းနှင့် ဦးဇွဲနေ၀င်းတို့ လွတ်ငြိမ်း ချမ်းသာခွင့် ရရှိခဲ့သည်။ ထပ်မံ၍ ၂၀၁၃ခုနှစ် နိုဝင်ဘာ ၁၅ရက်နေ့ တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဦးအေးနေ၀င်းနှင့် ဦးကျော်နေ၀င်းတို့ လွတ်မြောက်လာခဲ့သည်။

ကျော်စိုးဦး(မြန်မာသံတော်ဆင့်)
အေးနေဝင်း အင်တာဗျူး နားထောင်ရတာ တော်တော် အကုသိုလ်များတယ်။ ငနေဝင်း မြေးတွေက လူမိုက်တွေပဲ၊ မြေးလူမိုက်က အဘိုးလူမိုက်ကို လက်ခုပ်တီးပေးတာ အထူးအဆန်းမဟုတ်ပါဘူး။ ဒီလို ငပေါကို အင်တာဗျူးပြီး လူရာသွင်းတဲ့ မီဒီယာတွေကိုပဲ ဆဲချင်တယ်။

ဒီကောင်ကပြောတယ်။ ၈၈မှာ သူ့အဘိုးက စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး။ တည့်တည်ပစ်တယ်၊ မှန်အောင် ပစ်တယ်ဆိုတာ၊ အင်္ဂလိပ်အင်ပါယာရဲ့ အဓိကရုန်းနှိမ်နင်းရေးလက်စွဲ အတိုင်းပြောတာတဲ့။

မျိုးနှစ်ကြီး ငနေဝင်းကို ဖာချင်တော့ British Emperor ရဲ့ ကိုလိုနီကျွန်ခေတ် Riot Manual ကို ဆွဲကပ်ပြလိုက်တာ ကလေးကွက်လေးပါ။ ၁၉၈၈ကာလဆိုတာ ကိုလိုနီလက်အောက်က လွတ်လပ်ရေးရပြီး အနှစ် ၄၀ ရှိပြီ၊ ကိုယ့်မင်းကိုယ်ချင်း အုပ်ချုပ်တဲ့ အာဏာရှင်ခေတ်ဆိုတာ ဒီကောင်လေး မေ့သွားပုံရတယ်။

ထားတော့၊ သူ့စကားအတိုင်း အင်္ဂလိပ်အင်ပါယာရဲ့ ကိုလိုနီ အဓိကရုန်းနှိမ်နင်းရေးလက်စွဲအတိုင်း ကျင့်သုံးတာမှန်ရင် လူသုံးထောင်ကျော် သတ်စရာ အကြောင်းမရှိဘူး။ ၁၃၀၀ ပြည့်အရေးတော်ပုံလို ချောက်ကနေ ရန်ကုန်အထိ ချီတတ်တဲ့၊ ပြည်လုံးကျွတ် တောင်သူလယ်သမား အလုပ်သမား ဝန်ထမ်းပေါင်းစုံသပိတ်ကြီးတွေ၊ ဆန္ဒပြပွဲကြီးတွေမှာ လူထောင်ချီပြီး မသေဘူး။ ရက်စက်ပါတယ်ဆိုတဲ့ တိုင်းခြား အင်္ဂလိပ်နယ်ချဲ့ကြောင့် ကျဆုံးတာ ဗိုလ်အောင်ကျော်နဲ့ မန်းတလေးအာဇာနည် ၁၇ ဦး၊ စုစုပေါင်း ၁၈ ယောက်ပဲရှိတယ်။

ပြီးတော့ အင်္ဂလိပ်က
စစ်တပ်ကို မသုံးဘူး။ ပုလိပ်အဖွဲ့ပဲ သုံးတယ်။ သူ့အဘိုးငနေဝင်းက စစ်တပ်နဲ့ ပြည်သူကို ရန်တိုက်ပေးပြီး ဆင်းသွားတာ။ သူကိုယ်တိုင်လဲ တာဝန်မယူဘူး။
......
နောက်တခု ပြောသေးတယ်။
ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဖြိုချင်လို့ မဟုတ်ပါဘူး။ အထဲက ကျောင်းသားတွေကို သတ်ချင်လို့ပါတဲ့။

( သူ့စကားအတိုင်းပဲ ပြန်ပြောရရင် )
ကြွက်သေစေချင်လို့ စပါးကျီ မီးတိုက်တာပေါ့။
ငမိုက်သား ငနေဝင်းရဲ့ မြေး
ဘမျိုးဘိုးတူ ကလေကချေ ပီသပါပေတယ်

နောက်နောင် ဒီလို ရေပေါ်ဆီ လူလိမ်ကို မဗျူးကြစမ်းပါနဲ့ဗျာ၊ အကုသိုလ်ပွါးလွန်းလို့ပါ

ဒီလိုကောင်ကို ခိုးတွေ့တဲ့ စစ်ဗိုလ်ချုပ်တွေလဲ ရှိသေးတယ်ကိုး

D Myo Chit



မြန်မာပြည်သူတွေ၏ ဥစ္စာရင်းပိုင် ၁၁ ဘီလီယံ မြန်မာနိုင်ငံမူလပိုင်ရှင်ထံ ပြန်လည်ရောက်ရှိရေး ပြည်တွင်း အရပ်ဘက် ဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်ပအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ မီဒီယာများနှင့် ပြည်သူလူထုများ အတူပူးပေါင်း ဆောင်ရွက်ရန် အထူးလိုအပ်ပေသည် . . .

မြန်မာလူမျိုးများသည် မည်သည့် လူမျိုးများနှင့်မှ မတူအောင်သည်းခံ ခွင့်လွှတ်တတ်ကြသည်။ သည်းခံခွင့်လွှတ် ခဲ့ကြသည်။ ဘယ်လူမျိုး များနှင့်မတူအောင် မေ့မေ့ပျောက်ပျောက် နေတတ်သကဲ့သို့ ပွဲပြီး မီးသေလည် နေ တတ်ပြန်သည်။ ကောက်ရိုးမီးတွေပါဟု အချင်းချင်း ဝေဖန်မှုတွေလည်း ရှိနေသည်။ မည်သို့ဆိုစေ ကာမူ သည်းခံမှု ရေချိန်အတိုင်းအတာ ကုန်သည့်တစ်နေ့တွင် သေနတ်နှင့် ချိန် ထားသည့်ကြားမှ ဓားနှင့် တက်ခုတ် ၀ံ့သည့် သတ်္တိမျိုး၊ စက်သေနတ်တွေကို မမှုသည့် ကျည်ပြီးရင်ဘတ်မျိုး နယ်ချဲ့စစ်ပွဲများတစ် လျှောက်တွင်၊ အာဏာရှင်များ ဖိနှိပ်သည့် အနိုင်ကျင့် ရက်စက်ပွဲများတွင် ကြုံတွေ့ ခဲ့ရဖူးပြီးဖြစ်သည်။

နောင်အစိုးရလက်ထက်မှာ ဆက်လက်ဖြေရှင်းရဦးမည့် စာရင်းခေါင်းစဉ် ၅ ခုနှင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ကိစ္စသည် ယခုတော့ နှစ်ဟောင်းမှာပဲ အန္တရာယ်ကင်းစွာ ထားရစ်ခဲ့ပြီလား။ ၂၀၁၃ ခုနှစ်ကုန်ခါနီး ကာလတစ်လျှောက် ပြည်သူတွေ အထူးစိတ်ဝင်တစား သိလိုမှုဆန္ဒ နှင့်အတူ ကျယ်ကျယ်လောင်လောင်အသံ တွေထွက်လာခဲ့သည့် ဖော်ပြပါစာရင်း ခေါင်းစဉ် ၅ ခုနှင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကိစ္စသည် ယင်း ကာလနောက်ပိုင်း မည်သည့်အသံမျှ မကြားရတော့ချေ။ …

ယင်းအကြောင်းအရာနှင့် ပတ်သက်ပြီး ပုဂ္ဂလိက မီဒီယာများတွင် ဖော်ပြချက်များကို ပြန်လည် ချိတ်ဆက်ရမည် ဖြစ်သည်။ ဆင်းရဲမွဲတေမှု တရိပ်ရိပ်တက် နေသည့်နှုန်းကို ဟန့်တားနိုင်မှု မပြုနိုင် သေးချိန် အများပြည်သူများ အတွက် စား၊ ၀တ်၊ နေရေးနှင့် ပညာရေး၊ ကျန်းမာရေး တို့အတွက် ကယ်သူကို မျှော်နေရခိုက် အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံကို စာရင်းခေါင်းစဉ် ၅ ခုဖြင့် နိုင်ငံတကာ ဘဏ်အသီးသီးတွင် မြန်မာနိုင်ငံက တရားမ၀င် အပ်နှံထားသည်ဆိုသည့် သတင်းဆိုးသည် ကမ္ဘာသိဖြစ်သွားခဲ့သည်။ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့က နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများကို စောင့် BIC (Bank Information Center) မှ အာရှရေးရာ မန်နေဂျာ Mr. Jelson Garcia က မြန်မာနိုင်ငံမှ ပြည်ပ တွင် အပ်နှံထားသော နိုင်ငံခြား ငွေစာရင်း ၅ ခုရှိပြီး အမေရိကန်ဒေါ်လာ ၁၁ ဘီလီ ယံရှိသည်ဆိုသည့်သတင်းဖြင့် စနက်တံ ဖြုတ် လိုက်သည်။

တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုအတွက် တစ်စုံတစ်ရာသော အတိုင်းအတာအထိ ဖြစ်ထွန်းနိုင်သည့် ယင်းငွေ ပမာဏကို လက်ရှိအစိုးရ အနေဖြင့် တိကျစွာ စစ်ဆေးဖော်ထုတ်ပေးရန် ပြည်သူများလို လားကြသည်။ ယင်း ကိစ္စနှင့် ပတ်သက်ပြီး အထင်အရှားရှိနေဆဲ သက်သေထွက်ချက်ဟု ယေဘုယျ ယူဆနိုင်သည့် ရလဒ်တစ် ခုကား ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်က The Daily Eleven သတင်းစာသို့ Mr. Jelson Garcia က အီးမေးလ်ပေးပို့ရာ တွင်လည်း မြန်မာနိုင်ငံက ပြည်ပတွင် ငွေစာရင်း ၅ ခု၊ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ အပ်နှံထားသည် ဆိုသောသတင်းမှာ ၎င်းအနေဖြင့် ၂၀၁၂ ခုနှစ်၊ မတ်လ နှင့် ဧပြီလအတွင်း ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သော အစည်းအဝေးမှ ရရှိသည့်သတင်း အချက်အလက်ပေါ်မူတည်၍ ရှင်းလင်း ပြောကြားခြင်းဟု ဖော်ပြထားပြီး ၁၁ ဘီလီယံ မရှိကြောင်း၊ အကောင့် ၅ ခုနှင့် ၁၁ ဘီလီယံမှာ မဟုတ် ကြောင်း တစ်လုံး တစ်ပါဒမျှ ငြင်းဆိုသွားခဲ့ခြင်း မရှိသည့်အချက်ပဲ ဖြစ်သည်။

၂၀၁၂ ခုနှစ်အတွင်း The Hindu Times သတင်းစာတွင် ဆွစ်ဘဏ်များက ထုတ်ပြန်သော သတင်းအချက် အလက်နှင့် ကိန်းဂဏန်းများအရ ဆွစ်ဘဏ်များတွင် ၀ှက်ထားသော အိန်္ဒိယအစိုးရ၏ တရားမ၀င် မှောင်ခိုငွေမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံရှိသည်၊ ရုရှားနိုင်ငံက ဘီလီယံ ၇၄၀၊ UK နိုင်ငံက ဘီလီယံ ၃၉၀၊ ယူကရိန်းနိုင်ငံက ဘီလီယံ ၁၀၀ နှင့် တရုတ်နိုင်ငံက ၉၆ ဘီလီယံ အသီးသီး ရှိကြသည်ဟု ဆိုသည်။

တရားမ၀င် မှောင်ခိုငွေပမာဏ အများအပြား ပိုင်ဆိုင်ပြီး ထိပ်တန်းနိုင်ငံ စာရင်းဝင် အဆိုးကျော်ဇော်နေသည့် ကာယကံရှင် မည်သည့်နိုင်ငံမဆိုမှာ ပြည် သူများသည် ယင်းကိစ္စနှင့်ပတ်သက်ပြီး စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲနှင့် အခက်ကြီး ကြုံတွေ့နေကြရမည်မှာ သေချာလှသည်။ နိုင်ငံနှင့် အများပြည်သူ ပိုင်ဆိုင်သည့် ယင်းငွေ အမြောက်အမြားကို အဂတိလိုက် စားသူများက ယင်းတို့၏ ပုဂ္ဂလိက ငွေကြေးခေါင်းစဉ်များနှင့် တရားမ၀င် အပ်နှံထားကြသည်။ ယင်းသို့ အပ်နှံထားသည့် တရားမ၀င် မှောင်ခိုငွေများသည် အဆိုပါ တိုင်းပြည်များ၏ ပြည်ပ ကြွေးမြီများထက် ၁၃ ဆ များသည်ဟု ဆိုသည်။

မြန်မာနိုင်ငံက တရားမ၀င် အပ်နှံထားသည့် အမေရိကန် ဒေါ်လာ ၁၁ ဘီ လီယံဆိုသည်မှာ နိုင်ငံ၏ ပို့ကုန် သဘာဝ ဓာတ်ငွေ့ကို ၄ နှစ်ဆက်တိုက် ပြည်ပသို့ တင်ပို့ရောင်းချရမည့် ငွေပမာဏ (သို့မ ဟုတ်) မြန်မာ့ ကျွန်းသစ်တန်ချိန် ၁၂ သန်းကျော် ပြည်ပတင်ပို့ ရောင်းချရမည့် ငွေကြေးပမာဏဖြစ်နေရာ ပြည်သူများအတွက် မိမိတို့နိုင်ငံ၏ မြေပေါ်မြေအောက် သယံဇာတများ ရောင်းချပြီး ရယူထား သည့် ငွေများ ဟုတ်၊ မဟုတ် ဖော်ထုတ် ရှင်းလင်းရန် ပြည်သူလူထုက လိုလားနေ ဆဲဖြစ်သည်။ သို့ရာတွင် အစိုးရ တာဝန် ရှိသူများက မူလ စိစစ်ဖော်ထုတ် ရမည့် အစား ခုတ်ရာတလွဲ၊ ရှရာတခြား ဖြေ ကြားမှုများ၊ ဆင်သေကို ဆိတ်သားရေနှင့် ဖုံးသည့် စကားတန်ဆာများ၊ ရေငုံနှုတ် ပိတ်နည်းလမ်းများဖြင့် ပြည်သူများ၏ ဆန္ဒကို ဖုံးအုပ်ရန် ကြိုးပမ်းခဲ့ကြသည်ဟု ဝေဖန်ပြောဆိုမှုတွေ ရှိနေသည်။ ပြည်သူ တွေ မကျေနပ်မှုများစွာထဲမှ မကျေနပ်မှု အကြီးကြီးတစ်ခုအဖြစ် သုံးသပ် နေကြသည်။

သက်ဆိုင်ရာ တာဝန်ရှိသူတွေက မည်သို့မျှ အရေးယူတုံ့ပြန်ဆောင်ရွက်ခြင်း မပြုသည့်အခါ စကားလုံး တစ်လုံးတည်းနှင့် ပေါင်းရုံးသုံးသပ်နိုင်မည့် အဆိုတစ်ရပ်ရှိပါသည်။ အကြောင်းပြချက်နှင့် အမှန်တရား ကို သက်သေပြနိုင်သည့် သီအိုရီလည်း ဖြစ်တန်ရာသည်။ Silence Implies Consent ““ဆိတ်ဆိတ်နေ ၀န်ခံခြင်း””ဆိုသည့် အချက်ပဲဖြစ်သည်။ သက်ဆိုင်ရာ တာဝန်ရှိသူများက ပေယျာလကန် ပြုခဲ့ လေသလား၊ မတော်တမဲ့ မြင်လား၊ မသိကျိုးကျွန်လား၊ ယင်းကြောင့်ပင် လူသိရှင်ကြား၊ အုတ်အော်သောင်းတင်း ဖြစ်စေ သည့် မီဒီယာများ၏ ထုတ်ဖော်ပြောဆို ချက်များကြောင့်လည်း သိသာ မြင်သာ သည့် နှုတ်ဆိတ်နေခြင်း (noticeable Silence) သည် တိုင်းပြည်၏ ဂုဏ်သိက္ခာကို ကျဆင်းစေပြီး ယင်းတို့သည်လည်း ယင်းတို့၏ ပြစ်မှုအတွက် အပြစ်ရှိကြောင်း ၀န်ခံရှာကြသည်ဟု သတင်းမီဒီယာတွေက သုံးသပ်ကြသည်။

မည်သည့် သတင်းစာကမျှ ၁၁ ဘီလီယံ မှာ အစိုးရအပ်ထားပါသည်လို့ ရေးသား ခဲ့ခြင်းမရှိ၊ မည်သူအပ်သည် ဖြစ်စေ စိစစ်ပေးရမည်မှာ အစိုးရ၏ တာဝန်သာဖြစ် သည်။ ပြည်သူတွေ၏ ဆန္ဒဖြစ်သည့် နိုင်ငံ တကာဘဏ် များတွင် မှောင်ခိုထား ရှိသည့် ဘဏ်စာရင်းများကို ဖော်ထုတ် ရှင်းလင်းရန် ရှိ၊ မရှိနှင့်ပတ်သက်ပြီး စက် တင်ဘာလ ၂၀ ရက်နေပြည်တော်မှာ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းချက် အပေါ် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ အပါ အ၀င် အစိုးရတာဝန်ရှိသူ တစ်ဖွဲ့လုံး မည်သူမျှ ပြန်လည် ဖြေကြားခြင်း မပြုဘဲ ရေငုံနုတ်ပိတ်ပြီး မေးခွန်းများကို အဆုံးသတ် စေခဲ့သည်။ ယင်းအခြင်းအရာများသည် Silence imprlies consent, deafening Silence နှင့် noticeable silence စသည် တို့နှင့် တစ်ထပ်တည်း ကျနေပေသည်။

အိနိ္ဒယနိုင်ငံသည် ဆွစ်ဘဏ်များတွင် ယခုကဲ့သို့ မှောင်ခိုအပ်နှံထားသည့် ငွေစာရင်းတွင် ငွေကြေးပမာဏ ၁ဒသမ ၄ ထရီလီယံ ရှိသည်ဖြစ်ရာ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဖြေရှင်းနေရသည့် အတွက် အိနိ္ဒယနိုင်ငံ၏ ဖြစ်စဉ်နှင့် သာဓကများကို လေ့လာကြည့်ဖို့လိုပေသည်။

၂၀၀၉ခုနှစ် Lik Sabha ၀င်ရောက်ယှဉ်ပြိုင်စဉ်က BJP ပါတီခေါင်းဆောင် L.K.Adiani က သူ ရွေးကောက်ပွဲ မဲအနိုင်ရလျှင် ဆွစ်ဘဏ်တွေမှာ တရားမ၀င်အပ်နှံထားသည့် အိနိ္ဒယ ပြည်သူတွေပိုင် ခန့်မှန်းခြေငွေ ကြေး ၁ ဒသမ ၄ ထရီလီယံ ဒေါ်လာကို ရအောင် ပြန်ယူပေးမည်ဖြစ်ကြောင်း မဲဆွယ် ကတိက၀တ်ပြုခဲ့သည်။ Sonia ရွေးကောက်ပွဲများ၏ ကွန်ဂရက်ပါတီက ဤမျှများပြားသည့် ငွေကြေးပမာဏ မရှိကြောင်း ငြင်းခဲ့သည်။ သို့ရာ တွင် အိနိ္ဒယပိုင် ငွေကြေးများ ပြန်လည်ရရှိရေးပြည်သူတွေ၏ တောင်းဆိုမှုများ ဟိုကွက်ကျား၊ ဒီကွက် ကျားကနေ စုစည်းလာပြီး အရှိန်အဟုန် Gathering momentum ဖြစ်လာသည့်အခါ manmohan Singh နှင့် Somi Gundhi တို့က နာမည်ပျက် သိက္ခာကျသွားသည့် သူတို့၏ နာမည်၊ သူတို့၏ပါတီနှင့်သူတို့ အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ဆယ်ယူသည့်အနေဖြင့် ပြည်ပတွင်ဝှက်ထားသည့် တရားမ၀င်ငွေများကို ပြန်ယူပေးပါမည်ဟု ကတိပေးခဲ့သည်။

ယင်းပြဿနာတွင် အခရာကျသည့် အဖွဲ့တစ်ဖွဲ့ ရှိသည်။ ကမ္ဘာလုံး ဆိုင်ရာ သမာဓိငွေကြေးအဖွဲ့ (Globak Financial Integrity –GFI ဖြစ်သည်။ ယင်းအဖွဲ့သည် တရားမ၀င်ငွေကြေး အဖွဲ့အစည်းများကို မထောက်ခံဘဲ သမာသမတ်ကျကျ ဆောင်ရွက်ပေးနေသည့် အမြတ်အစွန်းမယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ မြန်မာ နိုင်ငံ ၁၁ ဘီလီယံ ဥစ္စာရင်း မှန်ပြန်လည် ရရှိရေး GFI အကူအညီလိုအပ်ကောင်း လိုအပ်ပေလိမ့်မည်။

ထည့်သွင်း စဉ်းစားရမည့် နောက်တစ် ချက်ရှိပါသည်။ ၂၀၀၈ ခုနှစ် ဖေဖော်ဝါ ရီလ ခပ်စောစောပိုင်းက Lichtenstein နိုင်ငံဘဏ်မှာ ပြည်ပနိုင်ငံအသီးသီးမှ လူများ တရားမ၀င် ငွေကြေးအပ်နှံထားသည့် ကိစ္စနှင့် ပတ်သက်ပြီး ဂျာမဏီနိုင်ငံ အာဏာပိုင်များက သတင်းကောက်ယူစု ဆောင်းလျက်ရှိသည့် သက်ဆိုင်ရာ နိုင်ငံ များအနေဖြင့် မိမိနိုင်ငံမှာ ယခုကဲ့သို့ တရားမ၀င်ငွေကြေးအပ်နှံသူများ စာရင်း ကို စိတ်ဝင်စားလို့ သိချင်တယ် ဆိုလျှင် အဲဒီဘဏ်တွင် စာရင်းပေါက်နေသူများ၏ အမည်စာရင်းကို အသိပေးမည်ဖြစ် ကြောင်း ဂျာမဏီ ဘဏ္ဍာရေးဝန်ကြီးက ကမ်းလှမ်းခဲ့သည်။ သတင်းမီဒီယာများရဲ့ ဖော်ပြချက်အရဆိုလျှင် Lichtenstein ဘဏ် တွင် တရားမ၀င် စာရင်းပေါက်နေသည့် အိနိ္ဒယလူမျိုး ၂၅၀ခန့် ရှိနေသည်ဟု ဆိုသည်။ အစဉ်အလာအရဆိုလျှင် Lichtenstein ဘဏ်သည် လျှို့ဝှက်ငွေကြေး စာရင်းဖွင့်ထားသည့် မည်သည့် လူပုဂ်္ဂိုလ် ၏ စာရင်းကိုမှ ဖွင့်ပြောလေ့ မရှိပါဘူး။ Tax treaty ဟုခေါ်ပါသည်။

ဂျာမဏီ နိုင်ငံခြားရေးဝန်ကြီး၏ ကမ်းလှမ်းမှုနှင့် အရပ်ရပ်၏ ဖိအားများနှင့် အတူ ဘဏ်စာရင်းဖွင့်ထားသည့် လျှို့ဝှက် အမည်များ တောင်းဆိုမှု ရေချိန်တက်လာတော့သည်။ Tax treaty သဘောတူညီမှု အောက်တွင် သတင်းအချက် အလက်များကို လျှို့ဝှက်ထားရသည်။ ပွင့်လင်းမြင်သာစွာ ရရှိသောသတင်းများကိုမူ အများ ပြည်သူတို့ ထုတ်ဖော်ပြောပြနိုင်သည်။ သို့ရာတွင် အိနိ္ဒယအစိုးရအနေဖြင့် ပြည်ပနိုင်ငံဘဏ် အသီးသီးတွင် ငွေစာရင်းဖွင့် ထားသည့် အိနိ္ဒယလူမျိုးများ၏ အမည် စာရင်းကို ဖော်ထုတ်ဆိုခြင်းမရှိချေ။ အဲဒီ ကိစ္စအတွက် မီဒီယာများ ကောက်ချက်ကတော့ ome big names in the ruling circles are reportedly involved ပဲဖြစ် သည်။ ယင်းအချက်ကို ပိုမိုခိုင်မာစေသည့် နောက်ထပ် သာဓကတစ်ခုရှိပါ သေးသည်။ အိနိ္ဒယနိုင်ငံ Pune ဒေသမှ မြင်းခြံပိုင်ရှင် မြင်းမွေးသူ Hasan Ali ဆို သူ၏ အမှုပဲဖြစ်သည်။ Hasan Ali ဟာ ဆွစ်ဘဏ်မှာ တရားမ၀င် မှောင်ခိုငွေ ရူပီး ၁ဒသမ၅ Lakh-Crore (ကုဋေ-၁ဒသမ၅ သိန်း) ကျော် ရှိကြောင်း စစ်ဆေး တွေ့ရှိရသည့် အတွက် အိနိ္ဒယအစိုးရ အမြတ်ခွန် ဌာနက သူ့ကို ရူပီး ၇၁၈၄၈ ခမသမန အမြတ် ခွန်စည်း ကြပ်ခဲ့သည်။ ယင်းအမှု ယခုအခါ ပိတ်သွားပြီဖြစ်သည်။ ဆွစ်ဇာလန်အစိုးရ ထံသို့ ပေးပို့သော မေတ္တာရပ်ခံ တောင်း ဆိုချက်တွေကြောင့် ဖြစ်သည်ဟုဆိုသည်။ crore ၏ အမှုတွင်လက်ရှိ အာဏာရ အသိုင်းအ၀ိုင်းမှ အထင်ကရ ပုဂ်္ဂိုလ်အချို့ ပါဝင် ပတ်သက်နေသော ကြောင့်ဖြစ်သည်ဟုဆိုသည်။ ယင်းအချက်အလက် တွေကို ကောက်ချက် ဆွဲသည့်အခါ အစိုးရက အဂတိလိုက်စားမှုတွင် တိုက်ရိုက်ပတ် သက်နေမှုများရှိနေ၍ပင်ဖြစ်သည်။ ယင်းရဲ့ အကျိုးဆက်ကတော့ Hasan မိသားစု၏ ဆွစ်ဘဏ်များတွင် တရားမ၀င် လျှို့ဝှက်အပ်နှံထားသည့် ငွေကြေးအပါ အ၀င် အိနိ္ဒယနိုင်ငံမှ တရားမ၀င် ဆုတ်ခွာသွားသည့် ငွေကြေးပမာဏ အမေရိကန် ဒေါ်လာ ၄၆၂ ဘီလီယံအတွက် ယနေ့အထိ လွတ်လပ်သော စုံစမ်းမှုများ မပြုလုပ်နိုင်သေးပေ။

လက်ရှိအစိုးရ အနေဖြင့် မည်သို့ပင် ဖုံးအုပ်ကာကွယ်သည်ဖြစ်စေ၊ ဖော်ထုတ် စိစစ်ပေးရန်အတွက် ဆန္ဒ မရှိသည်ဖြစ်စေ အများပြည်သူကမူ ယနေ့အထိ မမေ့မ လျော့မပေါ့ဖို့လိုသည်။ စည်းလုံးညီညွတ်စွာ ပူးပေါင်း ရပ်တည်ကြဖို့လိုသည်။ အရပ် ဘက်အဖွဲ့အစည်းများ၊ စတုတ္ထမဏ္ဍိုင်စာ နယ်ဇင်းမီဒီယာများသည် ပြည်သူ့ ဘက်က ရပ်တည်ကြဖို့လိုသည်။ ၁၁ ဘီလီယံသည် ပြည်သူတွေ ဆင်းရဲမွဲတေမှုမှ ကျွတ်လွတ်ရေးအတွက် တစ်စုံ တစ်ရာဖြစ်သည်။

ပြည်ပဘဏ် တစ်ခုခုတွင် တရားမ၀င် ၀ှက်ထားသော အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံသည် အစိုးရပိုင်းဆိုင်ရာ အဂတိလိုက်စားမှု (Governmental Corruption) ဖြစ်သည်။ အစိုးရ၀န်ကြီးဌာန အသီးသီးမှ ၀န်ထမ်း အဆင့် ဆင့်ကြီး၊ ငယ်မရွေးတို့သည် တိုင်းပြည်၏ သဘာဝအရင်းအမြစ်များမှ ခိုးနည်းမျိုးစုံဖြင့် ခိုးယူချမ်းသာ ကြွယ်ဝ လျက်ရှိကြသည်။ အစိုးရအဖွဲ့ဝင် အချို့သည် တိုင်းပြည်အတွက် ပြည်ပနိုင်ငံ အချို့မှ ကူညီ ထောက်ပံ့ သော နိုင်ငံခြား အကူအညီများကို အလွဲသုံးစားလုပ်ပြီး ချမ်းသာကြွယ်ဝလျက်ရှိသည်။

အကျင့်ပျက် အဂတိလိုက်စားသည့် အာဏာရှင်ကြောင့် ပြည်သူလူထုတွေ နှစ်ပရိစ္ဆေဒကြာရှည်စွာ အထွေထွေ အကျပ် အတည်းခက်ခဲ ချွတ်ခြုံကျမှုမျိုးစုံ ခံစားနေရသည်။ ပြည်သူလူထု၏ လူမှုအဖွဲ့အစည်းတွင် the rule of Law သည်လည်း တစ်စစီဖြစ်သွားသည်။ အဂတိလိုက်စားသည့် အာဏာရှင်သည် ဓနဥစ္စာ ပိုမိုကြွယ်ဝပြီး အာဏာ တည်မြဲရေးကိုသာ အာရုံစိုက်လေ့ရှိပြီး တိုင်းပြည်တွင်ဖြစ်ပျက်နေသည့် စီးပွားရေးနှင့် လူမှုရေး ပြဿနာများကို ဥပေက္ခာပြု လျစ်လျူရှုလေ့ရှိသည်။

ဒီနေရာတွင် နှိုင်းယှဉ်တင်ပြစရာ သာဓကအချို့ရှိသည်။ အစိုးရအဖွဲ့ (သို့ မဟုတ်) အစိုးရအဖွဲ့ ခေါင်းဆောင် ကိုယ်ပိုင် ကမ္ဘာသိ အဂတိလိုက်စားမှုများ အနက် အထင်ရှားဆုံးအမှုကား ၁၉၆၉ – ၁၉၉ ခုနှစ်အထိ ၃၂ နှစ်တိုင် အာဖရိက တိုက်ကွန်ဂိုနိုင်ငံကို အုပ်ချုပ်ခဲ့သည့် Marshal Mobutu Sese Seko ဖြစ်သည်။ တိုင်းပြည် ဘဏ္ဍာငွေကို ခိုးသည့်ဝှက်သည့် မတရားယူသည့် Kleptocracy သမား ဖြစ်သည်။ ပြည်သူလူထုကို နှိပ်စက် ညှဉ်းပန်းသည်။ နောက်ဂန္ထ၀င်တစ်ဦးကတော့ ၁၉၉၃-၁၉၉၈ခုနှစ်အထိ အာဖရိကတိုက် နိုင်ဂျီးရီးယား နိုင်ငံကို အုပ်ချုပ်ခဲ့သည့် Sani Abacha ဖြစ်သည်။ သူသည် တိုင်းပြည်မှ အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ခိုးယူသူအဖြစ် နိုင်ငံတကာက လက်ခံထားသည်။

ကမ္ဘာ့ဘဏ် ဖော်ပြချက်များအရ နိုင်ဂျီးရီးယား နိုင်ငံခေါင်းဆောင်များသည် ၁၉၆၀-၁၉၉၉ ခုနှစ်အတွင်း တိုင်းပြည် ဘဏ္ဍာငွေမှ အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀၀ကျော် ခိုးယူခဲ့ကြသည်ဟုဆိုသည်။ သိပ်မကြာ လှခင် အချိန်တွင်းကပင် ကမ္ဘာကျော် Forbes မဂ္ဂဇင်းကြီးက ၁၉၅၉ခုနှစ်မှ ယနေ့အချိန်အထိ ကျူးဘားနိုင်ငံကို တစ်ဦးတည်း လက်ဝါးကြီးအုပ် အုပ်ချုပ်ခဲ့သည့် အာဏာရှင် Fidel Castro သည် တိုင်းပြည်ဘဏ္ဍာအသီးသီးမှ အမေရိကန် ဒေါ်လာ သန်း ၉၀၀ ခိုးယူခဲ့သည်ဟု ဖော် ပြသည်။ သူ၏ နိုင်ငံရေးပြိုင်ဘက်များ၏ အဆိုအရ Castro သည် အထက်ဖော်ပြပါ ငွေကြေးအမြောက်အမြားကို တရားမ၀င် လက်နက်ရောင်းချရသည့်ငွေများ၊ တရားမ၀င် မူးယစ်ဆေးဝါး ရောင်းချရာမှ ရရှိသည့်ငွေများ၊ နိုင်ငံတကာ ချေးငွေများမှ ရယူခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။ ယင်း ပမာဏတွင် သူနှင့်အတူ အာဏာရှင် စနစ်သက်ဆိုးရှည်ရေး ကျားကန်ပေးကြ သည့် နောက်လိုက် နောက်ပါ လက်ပါးစေ Cronies များ၏ တရားမ၀င်ကြွယ်ဝချမ်း သာမှုများ မပါဝင်သေးဟု ဆိုကြသည်။

The Daily Eleven သတင်းစာက ၁၁ ဘီလီယံသတင်းဖော်ပြခဲ့သည်။ စက်တင်ဘာ ၁၂ရက်နေ့က မြန်မာနိုင်ငံ၏ နာမည်ကျော်လုပ်ငန်းရှင် နာမည်ကြီးကုမ္ပဏီမျာ က တာဝန်ရှိသူများ ရရာလေယာဉ် လက်မှတ် ဖြတ်ကာ စင်ကာပူဘဏ်များသို့ တက်သုတ်ရိုက်ထွက်သွားခဲ့သည်။ ယင်း အချက်ကိုကြည့်လျှင် မြန်မာနိုင်ငံ သားများ နိုင်ငံတကာ ဘဏ်များတွင် နိုင်ငံခြားငွေ မည်မျှအပ်နှံထားနိုင်သည်ကို ခန့်မှန်းနိုင်ကြ မည်ဖြစ်သည်တဲ့။ အိနိ္ဒယနိုင်ငံတွင် ဖြစ်ပျက် နေသည့် အခြေအနေနှင့်ချိန်ထိုး ကြည့်လျှင် ထင်ရှားခိုင်မာသည့် Links များရရှိ နိုင်မည်ဟု ယူဆသည်။ အိနိ္ဒယလူမျိုးများ ဆွဏ်ဘဏ်များရှိရာ ဆွစ်ဇာလန် နိုင်ငံသို့ နှစ်စဉ်အလည် အပတ် သွား ကြသည့် လူဦးရေ ၂၅၀၀၀ရှိသည့်အနက် ၃၀၀ ခန့်သည် ဆွစ်ဘဏ်များ၏ Clientle များဖြစ်ကြသည်ဟု ဆိုသည်။

မြန်မာပြည်သူတွေ၏ ဥစ္စာရင်းပိုင် ၁၁ဘီလီယံ မြန်မာနိုင်ငံမူလပိုင်ရှင်ထံ ပြန် လည်ရောက်ရှိရေး ပြည်တွင်း အရပ်ဘက် ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်ပအဖွဲ့ အစည်းများ နိုင်ငံရေးပါတီများ၊ မီဒီယာ များနှင့် ပြည်သူ လူထုများ အတူ ပူးပေါင်း ဆောင်ရွက်ရန် အထူးလိုအပ်ပေသည်။
မောင်မြား
(မြန်မာသံတော်ဆင့်)

အခုလူတွေက မြစ်ဆုံစီမံကိန်းကိုကန့်ကွက်ကြတယ် ဒီစီမံကိန်းက ကျွန်မတို့ တိုင်းပြည်ကို အကျိုး ဖြစ်ထွန်းစေမှာ ဖြစ်တယ် ဒီအကျိုးရှိမယ့် စီမံကိန်းကို ကျွန်မဆို မကန့်ကွက်ဘူး တစ်တိုင်းပြည်လုံး မီးတွေ လင်းသွားမယ်၊ ကောင်းသွား မယ် နှမြော ဖို့ကောင်းတယ် . . .
 myit sone
ဧရာဝတီမြစ်အစ မေခမလိခ ပေါင်းစုံရာဒေသ သုံးမြှောင့်ပုံသဏ္ဌာန် ကချင်ပြည်နယ်ရှိ ဧရာဝတီ မြစ်ဆုံစီမံကိန်း အလုံးစုံ ဖျက်သိမ်းေ ပးရေး တောင်းဆိုသံများ၊ ဆန္ဒဖော်ထုတ်ပွဲများ ယခင်ကလောက် အသံတွေ မကြားရတာ ကြာပြီဖြစ်သည် မြန်မာနိုင်ငံအတွင်း ပွတ်လောရိုက် ဆူညံခဲ့သော အသံများ ယခုတော့ သွေးအေးနေပြီ။ ကချင်ဒေသ မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းထားတာ ယခုဆို သုံးနှစ်ကျော်၊ လေးနှစ်ခန့် ရှိပြီဖြစ်သည်။ ဤစီမံကိန်းအား ရေအားလျှပ်စစ် ထုတ်လုပ်ရန် ဟုဆိုကာ မြန်မာနိုင်ငံ စစ်အစိုးရ လက်ထက်တွင် တရုတ်နိုင်ငံ CPI ကုမ္ပဏီနှင့် ဒီဇင်ဘာလ ၂၀၀၆ ခုနှစ်တွင် နားလည်မှု စာချွန်လွှာ လက်မှတ်ထိုး၍ သဘောတူ စာချုပ်ချုပ်ဆို ခဲ့ကြခြင်းဖြစ်သည်။ လုပ်ငန်းစတင် လုပ်ဆောင်ခွင့်ကိုတော့ ယခင်အစိုးရ လက်ထက် ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ကျမှ ပါမစ်ချပေးခဲ့ခြင်း ဖြစ်သည်။ တရုတ်ဘက်မှလည်း စီမံကိန်းတွင် အမေရိကန်ဒေါ်လာ အလုံးအရင်း များစွာဖြင့် ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သည်ဟု သိရသည်။
အဆိုပါ မြစ်ဆုံစီမံကိန်းအား အပြီးအပိုင် ရပ်ဆိုင်း၍  မြန်မာတစ်နိုင်ငံလုံး အုန်းအုန်းကျွက်ကျွက် ဆန္ဒဖော်ထုတ် ခဲ့ကြသောကြောင့် နိုင်ငံတော်သမ္မတက ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံး မြစ်ဆုံ စီမံကိန်းကြီးအား ရပ်ပစ်ရန် ဆန္ဒအသီးသီး ဖော်ထုတ်ခဲ့ကြသော်လည်း ဒီမြစ်ဆုံစီမံကိန်းကြီးက ယနေ့အထိ သက်ဝင်လျက် လှုပ်ရှားမှု ရှိနေဆဲပင် ဖြစ်သည်။ တစ်ဖက် နိုင်ငံဘက်ကလည်း ပြန်လည် ကမ်းလှမ်း လာတာတွေ ကြားနေရပြန်သည်။ ဒီစီမံကိန်းကြီးအား လိုလားသူများကလည်း လိုလားလျက် ရှိနေကြဆဲပင်ဖြစ် သည်။ လိုလားသူတွေက မြန်မာနိုင်ငံတော်ကြီးနှင့် ပြည်သူ့ အကျိုးစီးပွား ဖျက်ဆီးလို သူများနှင့် မျိုးချစ်စိတ်ဓာတ် ခေါင်းပါးသူများ။ အမျိုးသားရေး စိတ်ဓာတ် အားနည်းနေသူများကတော့ စီမံကိန်းကြီး  ပြန်လည် လုပ်ဆောင်စေချင်နေတာကတော့ အမှန်ပင် ဖြစ်ပါသည်။
myit sone2ဘာကြောင့် ဒီလိုပြောရသလဲဆိုရင် မိမိတို့ကြံ့ခိုင်ရေး ပါတီထဲတွင် ရှိနေစဉ်တုန်းက မိမိနားဖြင့် ကြားခဲ့ရသော စကားလုံးများကြောင့် ထိုသို့ ပြောရခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် သမ္မတကြီး ဦးသိန်းစိန် အမိန့်ဖြင့် ရပ်ဆိုင်းလိုက်ကြောင်း အမိန့်ထွက်ပေါ်ခဲ့ပြီး ကာလ အနည်းငယ်အကြာ တာမွေကြံ့ခိုင်ရေး၊ ပြည်သူ့လွှတ်တော် အမတ်ကြီး လွှတ်တော်မှ ပြန်အလာ ရပ်စည်းများနှင့် အပတ်စဉ် အစည်းအဝေး တစ်ခုတွင် ပြောကြားခဲ့သည်က ““အခုလူတွေက မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြတယ်။ ဒီစီမံကိန်းက ကျွန်မတို့ တိုင်းပြည်ကို အကျိုးဖြစ်ထွန်းစေမှာ ဖြစ်တယ်။ ဒီအကျိုးရှိမယ့် စီမံကိန်းကို ကျွန်မဆို မကန့်ကွက်ဘူး။ တစ်တိုင်းပြည်လုံး မီးတွေ လင်းသွားမယ်၊ ကောင်းသွားမယ် နှမြောဖို့ ကောင်းတယ်””ဟု ပြောကြားခဲ့သည့် စကားများနှင့် အခုတစ်လော ကြားနေကြရပြန်သည့် အထက်ပိုင်း အညာဒေသ၊ နယ်တွေက ကျေးရွာ ကိုယ့်အားကိုယ်ကိုး မီးလင်းရေး အစည်းအဝေး၊ အခမ်းအနားတွေမှာ လက်ရှိလွှတ်တော် ပြည်ခိုင်ဖြိုး အမတ်တွေက ဘာပြောပြီး စည်းရုံးကြသလဲဆိုရင် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီး တကယ် ဖြစ်ပေါ်လာရင် ဒီလို ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးရရှိရေး အစည်းအဝေးတွေ လုပ်စရာတောင် မလိုဘူး။ ရွာတွေအားလုံး မီးလင်းသွားမယ်ဟု ပြောဆို စည်းရုံးနေကြသည်ကို ကြားနေရသည်။ ဒီမြစ်ဆုံစီမံကိန်းကို လိုလားနေကြသည့် သဘောသက်ရောက်နေသည်။ အခု တရုတ်အစိုးရ ကလည်း ပြန်လည်ကမ်းလှမ်း လာတယ်လို့ ကြားနေကြပြန်တယ်။ ဒါကလည်း မဆန်းပါ၊ သူရင်းနှီးမြှုပ်နှံထားတဲ့ ငွေတွေက နည်းမှမနည်းဘဲ၊ သူတို့ဘာကြောင့်  ဒီမြစ်ဆုံစီမံကိန်းကြီးကို ဘာကြောင့် လက်လွှတ် အဆုံးရှုံးမခံနိုင်ရတာလဲ၊ အကြောင်း တစ်ခုခုတော့ ရှိလိမ့်မည်ထင်တယ်၊ မြစ်ကြီးနား ဇာတိဖွားတစ်ယောက်က မိမိကိုပြောခဲ့ဖူးသည်။ ကျွန်တော်တို့ မေခ၊ မလိခ မြစ်ဆုံနေရာ ဧရာဝတီမြစ်မှာ ဟိုတုန်းကတည်းက ရွှေတွေ ကျင်နေခဲ့ကြတာ။ ခဲကိုပြဒါးထည့်ပြီး မြစ်ရေမှာ မြှုပ်ထားတာ ရေစီးပါလာတဲ့ရွှေက အဲဒီထဲကိုဝင်၊ အဲဒါကို ရွှေကျင်ကြတာ လျှပ်စစ်က အဓိက မဟုတ်ဘူး ထင်တယ်၊ ရွှေကို အဓိက လုပ်တာ၊ မြစ်ဆုံဆိုတဲ့ နေရာက တကယ် ရွှေထွက်တဲ့နေရာ၊ အဲဒါကို ရအောင် မရှာကြဘူး၊ အဲဒီကထွက်တဲ့ မြေတွေက တန်ဖိုးရှိတယ်။ ရေအားလျှပ်စစ်ပဲ အပေါ်ယံ သဘောလေး လာပြောနေကြတာ၊ ရွှေကို မပြောကြဘူး၊  သေချာ စုံစမ်းကြည့်စေချင်တယ်၊ နှစ်ပေါက်တစ်ပေါက် ရိုက်နေသလို ဖြစ်နေတယ်။ ဆရာမ ရွှေကူမေနှင်းရေးတဲ့ ဂျာနယ်မဂ္ဂဇင်း တစ်စောင်ထဲမှာ ဖတ်ရတယ်။ ဧရာဝတီမြစ် မေခ၊ မလိခက ရွှေကြောဖြတ်ကို ဖြတ်လာတယ်လို့ ရေးသားထားတယ်။ အဲဒီက ရေကိုသောက်ရင် ကိုယ်ရေပြား ရောဂါတောင် မဖြစ်ဘူးတဲ့၊ တစ်ခါလာလည်း ဒီလျှပ်စစ် ရေအားစီမံကိန်း၊ အဓိကယက ရွှေ၊ အံ့အားသင့်တယ်၊ ကျွန်တော်ထင်တာကို ပြောတာနော်။ တကယ်မဖြစ်သင့်တဲ့ကိစ္စ၊ ကျွန်တော်တို့ မြန်မာတွေ သေချာစုံစမ်းပြီး စမ်းသပ်စေချင်တယ်။ အဲဒီမှာရှိတဲ့ ကချင်တွေကို သေချာမေးကြည့်ရင် ကောင်းမယ်ဟု  ပြောခဲ့သည်ကို ပြန်စဉ်းစား နေမိသည်။
myit sone1
ယခုငြိမ်သက်နေသည့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကိစ္စ အလုံးစုံ ရပ်ဆိုင်းရန်၊ ရန်ကုန်မြို့မှနေပြီး ကချင်ပြည်နယ် မေခ၊ မလိခ မြစ်ဆုံဒေသအထိ လမ်းလျှောက် ဆန္ဒဖော်ထုတ်ကြမည်။ နိုင်ငံရေး အကျဉ်းသားဟောင်းများ အင်အားစုမှ ဦးဆောင်၍ ပြုလုပ်ကြမည်ဟု သိရသည်။  တရုတ်အစိုးရက ပြန်လည် ကမ်းလှမ်းလာတဲ့အခါမှာ ကျွန်တော်တို့က အမျိုးသားရေး စိတ်ဓာတ်နဲ့ ပြည်သူတွေ ငြိမ်သက်နေတာကို ပြန်လည် လှုပ်နှိုးလိုက်တာ နိုင်ငံရေး အမြတ်ထုတ်တာ မဟုတ်ပါဘူး ဟုလည်း ဦးဆောင် ပြုလုပ်သူများက ပြောသည်။ အဆိုပါဆန္ဒဖော်ထုတ်ရာတွင် လိုက်ပါသူများအတွက် လိုအပ်သော အကူအညီ၊ ဆေးဝါး အစစအရာရာ ကူညီရန်အတွက် အမည် မဖော်လိုသူများကလည်း ငွေကြေးများ လှူဒါန်းထားသူများလည်း ရှိကြောင်း၊ မြစ်ဆုံဒေသမှာရှိတဲ့ ကချင်တိုင်းရင်းသား တွေကလည်း ဒီမြစ်ဆုံဒေသကြီး မရပ်ဆိုင်းဘူးဆိုရင် သူတို့ရင်ထဲမှာ ပင်လုံစိတ်ဓာတ်တွေ ရှိတော့မှာ မဟုတ်ဘူး။ အဲဒါ အရမ်းကြောက်ဖို့ ကောင်းတယ်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ဝင်တစ်ဦးက ပြောသည်ဟုလည်း ကြားသိရသည်။

 မြန်မာနိုင်ငံသားတို့၏ မျိုးချစ် စိတ်ဓာတ်ကို ကမ္ဘာကသိအောင် ရန်ကုန်မှ မြစ်ဆုံဒေသသို့ ရက်ပေါင်း ၁၀၀ ကျော် လမ်းလျှောက် ဆန္ဒဖော်ထုတ်ကြမည့် သူများအား မြန်မာပြည်ကိုချစ်သော မျိုးချစ်စိတ်ဓာတ် ပြည့်ဝသော ပြည်ထောင်စု စိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ် ရှိကြသော သူများကတော့ မြစ်ဆုံ စီမံကိန်း လုံးဝရပ်ဆိုင်းရေးအတွက် ယခု ဆန္ဒဖော်ထုတ်သည့် ပုံများအား အပြည့်အ၀ ထောက်ခံ အားပေးနေကြမည်သာ ဖြစ်သည်။ လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့က ဤမြစ်ဆုံ စီမံကိန်းကြီးအား နိုင်ငံတော် သမ္မတဦးသိန်းစိန် အမိန့်ဖြင့် ရပ်ဆိုင်း လိုက်ကြောင်း ရေဒီယို၊ မြန်မာ့ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့် ကြေညာလိုက်စဉ်က မြန်မာပြည်သူ ပြည်သားအားလုံး ပျော်မဆုံး မော်မဆုံး လက်ခုပ်သြဘာတီး၍ အားပေးခဲ့ကြတာကို ပြန်မြင်ယောင်နေမိပြီး အဲဒီ အချိန်က ကျွန်တော်တို့အားလုံး သမ္မတကြီးဦးသိန်းစိန် ကျန်းမာစေလိုကြောင်း ဆုမွန်ကောင်းများ ဆုတောင်း ပေးခဲ့ကြသည် မဟုတ်ပါလားခင်ဗျား ….။         ။

မြန်မာသံတော်ဆင့်

သမီးကလေးကျေးရွာ အပါအ၀င် အခြားမြေနေရာများနှင့် ကျူးကျော်များအား အစိုးရက အဓမ္မ ၀င်ရောက် ဖျက်ဆီးမှုများ ပြုလုပ်သည့်အပေါ် လယ်ယာမြေနှင့် အခြားမြေများ နစ်နာဆုံးရှုံးမှု အတွက် ဖွဲ့စည်းထားသည် စုံစမ်းစစ်ဆေးရေး ကော်မရှင် အနေဖြင့် ပြည်သူ့ဘက်မှ မရပ် တည် နိုင်သည့်အပြင် လက်တွေ့ကျသည့် လုပ်ဆောင်မှုများ မရှိသည့်အ တွက် နုတ် ထွက်သင့်ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံထောင့်၌ ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့မှ ဦးဆောင်ပြုလုပ်ခဲ့သည့် ဆန္ဒဖော်ထုတ်ပွဲ၌ ဆန္ဒပြသူများ က ပြောသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ ကျူးကျော် မြေနေရာများအား အစိုးရက အကြမ်းဖက် ၀င်ရောက် ဖျက်ဆီးမှုကြောင့် လူဦးရေ ထောင်နှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ပေါ်ခဲ့ရပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ယခုအချိန်အထိ တစ်စုံတစ်ရာ ထိရောက်အောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့်အတွက် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

““သူတို့ကို ပြည်သူတွေက တင်မြှောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာဆိုတော့ ပြည်သူတွေရဲ့ အလုပ်ကို လုပ်ပေးရမှာကို ဒီကနေ့ထိ ကော်မရှင်တွေက ပျက်ကွက်နေတာ တွေ့ရှိရပါတယ်။ စကားတွေပဲ ပြောနေပြီး၊ စာရွက်တွေပဲ ထုတ်နေပြီး လက်တွေ့ဆန်ဆန် ဘာမှ ကျင့်သုံးတာ မတွေ့ရပါဘူး။ ဒီဟာတွေကို အမှန်တကယ် မဖြေရှင်းနိုင်ဘူး ဆိုရင်တော့ မဖြေရှင်းနိုင်တဲ့ အဖွဲ့အစည်းတွေ နုတ်ထွက်ဖို့ လိုတယ်””ဟု ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သည့် ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲ၌ လူဦးရေ ၁၀၀ ကျော် ပါဝင်ခဲ့ပြီး သမီးကလေး ကျေးရွာအား အာဏာပိုင်များက အတင်းအဓမ္မ ဖျက်ဆီးနေမှု ဓာတ်ပုံများ ကိုင်ဆောင်လျက် ““ပြည်သူလိုလားသော အစိုးရဖြစ်ရေး””၊ ““ပြည်သူ့အရေး””၊ ““လူသားဆန်စွာ နေထိုင်စားသောက်ရေး”” စသဖြင့် ကြွေးကြော်သံများ အော်ဟစ်ခဲ့သည်။

ထိုဆန္ဒဖော်ထုတ်ပွဲမှာ တရားဝင် ခွင့်ပြုမိန့် မရဘဲ လုပ်ခဲ့ခြင်းလည်းဖြစ်ပြီး ယင်းအတွက် ဦးဆောင်သူ ကိုထင်ကျော်အား ကျောက်တံတား မြို့မရဲစခန်းမှ ပုဒ်မ (၁၈)ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

လယ်ယာမြေ စုံစမ်းရေး ကော်မရှင်ကို ၂၀၁၂ခုနှစ်၊ ဇူလိုင်အတွင်းက စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ယခုကဲ့သို့ နုတ်ထွက် ပေးရန်အတွက် ပြောဆိုခံရမှုနှင့် ပတ်သက်ပြီး ကော်မရှင် အဖွဲ့ဝင်ဖြစ်သူ အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က““အစိုးရရဲ့ ပုံရိပ်ကို ထိခိုက်မှု ရှိနေတယ် ဆိုတာကိုတော့ သူတို့ သတိထား ဆောင်ရွက် သင့်တာပေါ့။ ဒါက သူတို့ရဲ့ ဆောင်ရွက်မှု ဖြစ်တဲ့အတွက် ဒီလိုဆောင်ရွက်တာကို ဝေဖန်စရာတော့ မရှိဘူး။ ဒါက အုပ်ချုပ်ရေးပိုင်းက ဆုံးဖြတ်ပြီး လုပ်တဲ့ကိစ္စလေ။ ကျူးကျော်လို့ စွပ်စွဲခံရပြီး ဖျက်သိမ်းခံရတဲ့ ပြည်သူတွေက သူတို့အတွက် နစ်နာတယ်၊ ထိခိုက်မှုတွေ ဖြစ်တယ်ဆိုရင် လွှတ်တော်ကို တင်ပြလာမယ်၊ ကော်မရှင်ကို တိုင်ကြားလာမယ်ဆိုရင် ဒါကို စိစစ်ပြီး ဆောင်ရွက်သင့်တာတွေ ဆောင်ရွက် ရအောင် ကော်မရှင်က တာဝန်ရှိပါတယ်””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး စုံစမ်းရေး ကော်မရှင်မှာ လက်ရှိတွင် ရုပ်ပြသာ ဖြစ်သည်ဟု ဝေဖန်မှုများ ရှိနေပြီး ၂၀၁၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း (၁၊ ၂) ၀င်းအတွင်းရှိ လူနေအိမ်များ၊ မွေးမြူရေးခြံများနှင့် စိုက်ခင်းများအား တပ်စည်ပင်မှ ၀င်ရောက်ဖျက်ဆီးစဉ် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွတ် ကိုယ်တိုင် သွားရောက် ခဲ့သော်လည်း ယင်းဝင်းအတွင်းသို့ပင် ၀င်ရောက်ခွင့် မရခဲ့ပေ။

ကျူးကျော်တဲများ ဖြစ်သည့်အတွက် အမြန်ဆုံး ပြောင်းရွှေ့ကြရန်နှင့် မပြောင်းပေးသည့် တဲအိမ်များကို အာဏာပိုင်များက ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ အတွင်းက ရဲများ၊ တာဝန်တံဆိပ်ပါ လက်ပတ် ၀တ်ဆင်သူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ စသော အစိုးရ၀န်ထမ်းများနှင့် အခကြေးငွေဖြင့် ငှားရမ်း ထားသောလူမိုက်များက အင်အားသုံး ဖျက်ဆီးမှုများ ဆက်တိုက်ဆိုသလို ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ဖြစ်ပေါ်ခဲ့သည်။

မြန်မာသံတော်ဆင့်


(Channel News Asia မှ 20 Feb 2014 ရက်စွဲပါ “EU trains Myanmar’s police to better manage protest” သတင်းကို ဘာသာပြန်ဆိုသည်) ရခိုင်ပြည်နယ်တွင် မကြာသေးမှီက ကြုံတွေခဲ့ရသော ဖြစ်ရပ်များကဲ့သို့သော အကြမ်းဖက်မှု အဓိကရုဏ်း ဖြစ်ပွားမှုများကို ကိုင်တွယ်ရာတွင် ရဲတပ်ဖွဲ့၏ စွမ်းရည်တိုးတက် လာစေရန် မြန်မာအစိုးရက မျှော်လင့်နေသည်။ ဆန္ဒပြသူများ၏ အခွင့်အရေးကို လေးစားကြောင်းပြသရင်း ကိုင်တွယ်ဆောင်ရွက်ရသည့် အတွေ့အကြုံများကို ဝေမျှပေးရန် ဥရောပသမဂ္ဂကို မြန်မာအစိုးရက ဖိတ်ခေါ်ခဲ့သည်။ အဆိုပါ သင်တန်းအစီအစဉ်တွင် ဒေါသထွက်နေသော လူအုပ်ကြီးကို အင်းအားမသုံးပဲ ကိုင်တွယ်တတ်ရန် ရဲအရာရှိများကို လေ့ကျင့်ပေးခဲ့သည်။ ထို့နောက်များ မကြာမှီ ရန်ကုန်မြို့တော်တွင် ကျင်းပသော ဆီဂိမ်းဘောလုံးပြိုင်၌ ရုန်းယင်းဆန်ခတ်ဖြစ်မှုကို ကိုင်တွယ်ရန် တာဝန်ကျလာသောအခါ ၎င်းတို့သင်ကြားခဲ့သော အရာများကို လက်တွေ့လုပ်ဆောင်ခဲ့ကြသည်။ “အရင်ကတော့ ရဲအရာရှိတွေဟာ ဆန္ဒပြပွဲတွေကို ဟန့်တားဖို့အတွက် မဖြစ်မနေအင်အားသုံးခဲ့ကြရပါတယ်။ ဒါပေမယ့် အခုတော့ သူတို့ရဲ့တွေးခေါ်ပုံကို ပြောင်းလဲလိုက်ကြပြီး၊ ဆန္ဒပြသူတွေနဲ့ အရင်ဆုံးဘယ်လို ညှိနှိုင်းကြ မလဲဆိုတာကို လေ့လာသင်ယူနေကြပါပြီ။ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံး နိုင်ငံတကာလုပ်ထုံး လုပ်နည်းတွေကို လေ့လာပြီး အသုံးပြုနေတဲ့အတွက် ကောင်းတဲ့ ရလာဒ်တွေ မြင်တွေ့နေရပါပြီ” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်သူရ ဘိုနီ ကပြောကြားသည်။ မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့ဝင် ၇၀,၀၀၀ခန့်ရှိသည်။ အီးယူက မြန်မာရဲတပ်ဖွဲ့ဝင် ၄၀၀၀ မျှကိုသာ လေ့ကျင့်ပေး နေသော်လည်း ဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရာတွင် ရဲတပ်ဖွဲ့၏ လုပ်ဆောင်မှုများ တိုးတက်အောင် ကူညီပေးရာတွင် စတင်ကာစသာရှိသေးသည်။ အီးယူသံအမတ်ကြီး ရိုလန်ကိုဘီယာက “ပြဿနာတွေ၊ အခက်အခဲတွေဆိုတာကတော့ အမြဲတမ်းရှိနေမှာပါ။ အနာဂါတ်ကာလမှာ ဘာပြဿနာမှရှိမှာ မဟုတ်တော့ဘူးလို့ ထင်ယောင်ထင်မှား မဖြစ်ပါနဲ့။ ဒါပေမယ့်လည်း လူ့အခွင့် အရေးကို လေးစားမှုရှိတဲ့၊ အခြေခံလွတ်လပ်ခွင့်တွေကို လေးစားရကောင်းမှန်းသိတဲ့၊ လူထုကို နှိပ်ကွပ်တာမ ဟုတ်ပဲ အကာအကွယ်ပေးတဲ့ ခေတ်မှီရဲတပ်ဖွဲ့ဝင်တွေ ဖြစ်လာအောင် ရဲတပ်ဖွဲ့ကို ပြောင်းလဲပေးဖို့ ကြိုးစားနေပါတယ်” ဟု ပြောကြားသည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီ အဖွဲ့အစည်းအဖြစ်သို့ အသွင်ကူးပြောင်းနေ ပြီဖြစ်ရာ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည်လည်း ၎င်း၏ လုပ်ထုံးလုပ်နည်းများကို တိုးတက်လာအောင် အဖြစ်မနေကြိုးစားရန်လိုသည်ဟု ယုံကြည်ကြောင်း အီးယူသံ အမတ်ကြီးက ဆက်လက်ပြောဆိုသည်။ မြန်မာရဲတပ်ဖွဲ့ဝင်များအား လေ့ကျင့်ပေးသည့် သင်တန်း အစီအစဉ်တစ်ခုလျှင် သီတင်းနှစ်ပတ်ကြာမြင့်သည်။ သင်တန်း၏ အဓိက ရည်ရွယ်ချက်မှာ ပြောင်းလဲနေသော မြန်မာနိုင်ငံတွင် ၎င်းတို့မည်သို့ လုပ်ဆောင်ကြမည် ဟူသော ရဲတပ်ဖွဲ့ဝင်များ၏ စိတ်နေသဘောထူး ပြောင်းလဲလာအောင် အကူအညီပေးရန်ဖြစ်သည်ဟု သိရှိရသည်။ လေ့ကျင့်မှုသင်ခန်းစာ နမှုနာများထဲတွင် နိုင်ငံသား (သို့) ပြည်သူများအပေါ် အင်းအားအနည်းဆုံးသုံး၍ ကိုင် တွယ်ပုံနှင့် ဒေါသထွက်နေသော လူအုပ်ကြီးကို အကောင်းဆုံးစီမံပုံများပါဝင်သည်။ ရန်ကုန်မြို့တော်တွင် အကောင်အထည်ဖော်နေသော ၁၈လကြာ သင်တန်းအစီအစဉ်သည် ယူရိုငွေ ၁၀သန်း (ဒေါ်လာ ၁၃.၈သန်း) ကန်ကျမည်ဖြစ်ပြီး အီးယူကရန်ပုံငွေ ထောက်ပံ့နေခြင်းဖြစ်သည်။ အဆိုပါ သင်တန်းကို နေပြည်တော်နှင့် မန္တလေးမြို့တော်ရှိ ရဲတပ်ဖွဲ့ဝင်များအတွက် မကြာမှီ ဆက်လက်တိုးချဲ့ သွားမည်ဟု မျှော်လင့်ထားကြသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည် တိုးတက်လာစေရန်အတွက် မြန်မာအာဏာပိုင်များ (သို့) စစ်ဖက် ခေါင်းဆောင်များအနေဖြင့် မြန်မာအာဏာပိုင်များ(သို့) စစ်ဖက်ခေါင်းဆောင်များအနေဖြင့် တပ်မတော်လက်အောက်တွင် ပြည်ထဲရေးဝန်ကြီး ဌာနနှင့် ရဲတပ်ဖွဲ့ကို ထိန်းချုပ်ကန့်သတ်ထားခြင်းအား ဖျက်သိမ်းပေးရန် လိုအပ်သည်ဟု ရန်ကုန်မြို့မှ အကဲခတ်လေ့လာသူများက မှတ်ချက်ပေးကြသည်။
yangonchronicle

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.