02/26/14

ကျွန်တော်တို့ အညာသူအညာသား အထူးသဖြင့် မန္တလေး သူ၊သားတွေကို အခြားဒေသက
လူတွေက ဒေသစွဲ၊ ဇာတိစွဲကြီးတယ်လို့ပြောကြတယ်။ သူတို့ပြောမယ်ဆိုလည်း
ပြောလောက်စရာပါ ကျွန်တော်တို့ မန္တလေးသားတွေက အခြားဒေသကလူတွေ
မျက်စိဆံပင်မွေးစူးလောက်အောင်ကို ဒေသအပေါ် ချစ်စိတ်၊ စွဲလန်းစိတ်
ကြီးလွန်းပါတယ်။ ဘာဖြစ်လို့ ဒီလောက် ဒေသစွဲ၊
ဇာတိစွဲကြီးရသလဲလို့မေးလာခဲ့ရင် စွဲစရာတွေ ချစ်စရာတွေ
လွမ်းစရာတွေရှိလို့ပေါ့လို့ပဲဖြေရမှာပဲ . .

မြန်မာပြည် နောက်ဆုံးဘုရင်မင်းဆက် အဆုံးသတ်ရာ
နောက်ဆုံးမင်းနေပြည်တော်မြို့၊ ယဉ်ကျေးမှုအမွေအနှစ်ထွန်းကားရာမြို့၊
ထေရ၀ါဒဗုဒ္ဒဘာသာသာသနာ နေလို လလိုထွန်းကားရာမြို့၊ သဘင်အနုပညာတွေ
ထွန်းကားရာမြို့၊ နိုင်ငံရေး၊ လူမှုရေးစသဖြင့် ဘယ်ဘက်ကကြည့်ကြည့်
ဂုဏ်ယူစရာတွေနဲ့ပြည့်နေတဲ့မြို့၊ ပဉ္စမသင်္ဂါယနာတင် ပိဋိကတ်သုံးပုံ
ကျောက်စာရေးထိုးထားတဲ့ ကမ္ဘာအကြီးဆုံးစာအုပ်ကြီးတည်ရှိရာမြို့၊ မဟာမုနိ
ရွှေကျီးမြင်
ကျောက်တော်ကြီး ချမ်းသာကြီးစတဲ့ တန်ခိုးကြီးဘုရားတွေ
ကြီးလေးကြီးနဲ့ခမ်းနားတဲ့မြို့ပါ။ ကျုံးပြသာဒ် မြို့ရိုးကြီးတွေ၊
မန်းလေးတောင်၊ ဈေးချို၊ ဦးပိန်တံတား၊ စသဖြင့်သမိုင်းဝင်နေရာတွင်
ပြောလို့မကုန်နိုင်အောင် ချစ်စရာတွေ၊ လွမ်းစရာတွေ ပြည့်နှက်နေတဲ့
ကျွန်တော်တို့ မန္တလေးမြို့ကို ကျွန်တော်တို့ ဒေသစွဲကြီးကြတာ ချစ်ကြတာ
မဆန်းဘူးလို့ထင်ပါတယ်။ မန်းလေးမြို့ကို မန်လေးသားတွေ့ရဲ့
အသွေးတွေအသားတွေနဲ့ တည်ဆောက်ထာတယ်လို့ ပြောမယ်ဆိုရင်တောင်
လွန်မယ်မထင်ပါဘူး။

ကျွန်တော်တို့ မန္တလေးမြို့ကို မန်းလေးသားတွေမှချစ်ကြတာမဟုတ်ပါဘူး
မြန်မာနိုင်ငံသားအားလုံးက ချစ်ကြ တန်းဖိုးထားကြပါတယ်။ ကုန်ကုန်ပြောရရင်
မန်းလေးကို ရောက်ဖူးတဲ့ နိုင်ငံခြားသားတွေတောင် စွဲစွဲလန်းလန်း
အမှတ်တရရှိကြတယ်။ ကျောင်းအတူတက်ဖူးတဲ့သူငယ်ချင်းတွေနဲ့
စကားပြောဖြစ်တိုင်း မန်းလေးကို လွမ်းတဲ့အကြောင်း မန်းလေးမြို့သူ၊သားတွေက
ခင်ဖို့ကောင်းတယ်၊ ချစ်စရာကောင်းတယ် ဖော်ရွေတယ်လို့ အမြဲပြောကြတယ်။
မန်းလေးမြို့ဟာ ကမ္ဘာ့ဖော်ရွေမှုအရှိဆုံးမြို့များထဲက မြို့တစ်မြို့အဖြစ်
ကမ္ဘာကျော် ခရီးသွားမဂ္ဂဇင်း (Conde Nest Traveller) နဲ့ CNN
သတင်းဌာနတို့ကတောင် သတ်မှတ် ဖော်ပြခဲ့ကြပါတယ်။ ဒီအချက်တွေကြောင့်
မန်းလေးသားတွေဟာလည်း မန်းလေးသားဖြစ်ရတာကို ဂုဏ်ယူခဲ့
ဝင့်ကြွားခဲ့ကြတယ်လို့ထင်ပါတယ်။

ယနေ့အချိန်အခါမှာတော့ မန်းလေးသားတွေဟာ ကိုယ့်မြို့အပေါ်မှာ ဂုဏ်မယူနိုင်
မ၀င့်ကြွားနိုင်တော့ပါဘူး။ မန်းလေးမြို့ကို မန်းလေးသားတွေ
မပိုင်တော့ဘူးလို့ ခံစားသွားရပါပြီ။ သူစိမ်းတစ်ယောက်လို
ဧည့်သည်တစ်ယောက်လိုခံစားသွားရပါပြီ။ အိမ်ရှင်ဖြစ်တဲ့ မန်းလေးသားတွေက
မန်းလေးမြို့ထဲမှာ မရှိတော့ပဲ မြို့ရဲ့အစွန်အဖျားတွေကို
ရောက်ကုန်ကြပါပြီ။ အိမ်ရှင်နေရာကို မြန်မာစကားမတက်တဲ့ အရှေ့တိုင်းဆီက
ပေါက်ဖော်တွေဝင်ရောက်နေရာယူသွားပါပြီ။ သေနက်တစ်ချက်မဖောက်
ကျည်တစ်တောင့်မကုန်လိုက်ရဘဲ ယွမ်ကျည်ဆံတွေနဲ့ သိမ်းပိုက်လိုက်တာ
မန်းလေးမြို့ကြီး ကျဆုံးအသိမ်းပိုက်ခံလိုက်ရပါပြီ
အဲဒီရဲ့အစကတော့စစ်အစိုးရတက်ပြီးမန္တလေးကိုမြို့သစ်တည်ရာကစပါတယ်။ရှမ်းပြည်နယ်လောက်မှာပဲအခြေချနေတဲ့တရုတ်တွေဟာအဲဒီအခွင့်အရေးကိုအရယူပြီးမန္တလေးကိုစဆင်းပြီးခြေကုတ်ယူလိုက်ပါတယ်။အဲဒီနောက်မန္တလေးမြိုကတော်ဝန်ရာထူးကိုဝန်ကြီးခလျုပ်ရုံးဝန်ကြီးဗိုလ်ချုပ်လွန်းမောင်ကိုင်လိုက်တဲ့အချိန်မှာတော့မြို့လယ်ကမီးရထားဝိုင်းကိုခေတ်မီဈေးကြီးဆောက်မယ်ဆြိုပီးတရုတ်တွေလက်ထဲဝကွက်အပ်လိုက်ပါတော့တယ်။
မန်းလေးမြို့လယ်ခေါင်မှာ မန်းလေးသားတွေပိုင်တဲ့ နေရာဆိုလို့
နန်းတွင်းကြီးပဲရှိပါတော့တယ်။ ဒါတောင်မရောင်းလို့ပါ။ ရောင်းရင်တရုတ်တွေက
ဝယ်ဦးမှာပါ။

"အရင်က အရဟံ၊ နဘယံ အိမ်အ၀င်ဝတွေမှာရေးထိုးထားထားတဲ
အိမ်ခြံဝန်းတွေနေရာမှာ နီနီရဲရဲ ဘူးသီးကြော်ငါးပေါင်းတရုတ်စာလုံးတွေ
ကပ်ထားတဲ့ တိုက်အမြင့်ကြီးတွေ အစားထိုးဝင်ရောက်သွားပြီ။ ဘုရားစင်က
ဒို့ဗုဒ္ဒမြတ်စွာဘုရားနေရာမှာ ကွမ်ယင်မယ်တော်တို့
ဦးတီပွားတို့နေရာယူသွားကြ တာကတော့ စိတ်မကောင်း ၀မ်းနည်းစရာပဲ။
မြန်မာပြည်ရဲ့ ယဉ်ကျေးမှုနောက်ဆုံးပင်မစခန်းကြီး အသိမ်းပိုက်ခံလိုက်ရတာကနေ
ယဉ်ကျေးမှုခံတပ်ငယ်တွေဖြစ်တဲ့ အင်းဝ၊ တံတားဦး စတဲ့စခန်းတွေပါ
သူတို့ကသိမ်းပိုက်သွားလို့ အထက်မြန်မာပြည်ကတော့
တရုတ်လက်အောက်ခံဖြစ်သွားပါပြီ"
လို့ ဆရာကြီး ဦးကိုလေး (အင်းဝဂုဏ်ရည်) ကပြောပါတယ်။

မြန်မာ့ယဉ်ကျေးမှုမြို့တော် မန်းလေးမြို့ကြီးကို တရုတ်တွေဘာကြောင့်
သိမ်းပိုက်နေရာယူသွား နိုင်ခဲ့တာလဲ။ ၁၉၈၉၊ ၉၀ ခုနှစ်နောက်ပိုင်း
စစ်အာဏာရှင်လက်ထက် ဗိုလ်ချုပ်ခင်ညွန့် တန်းခိုးထွားနေတဲ့အချိန်မှာ
ငြိမ်းချမ်းရေးအဖွဲ့အစည်းအမည်ခံ "၀"လူမျိုးအမည်ခံထားတဲ့
တ၇ုတ်တွေဝင်ရောက်နေရာယူတာကနေပြီး စခဲ့တယ်လို့ပြောရမှာပါပဲ။ အဲ့ဒီအချိန်က
မန်းလေးမြို့ဟာ ၁၉၈၁၊ ၈၄ ခုနှစ်တို့ မှာ အကြီးအကျယ်လောင်ခဲ့ရတဲ့
မီးကြောင့် ပျာပုံဘ၀ကနေ ရုံးထနေတဲ့အချိန်လည်းဖြစ်ပါတယ်။ ဒီအချိန်မှာ
မူးရစ်ဆေးဝါးအရောင်းအ၀ယ်လုပ်၊ သစ်မှောင်ခိုလုပ်ငန်းတွေစတဲ့
မတရားသောနည်းလမ်းတွေ ချမ်းသာလာတဲ့ တရုတ်တွေဟာ မန်းလေးမြို့လယ်ခေါင်က
ကောင်းပေ့ညွန့်ပေ့ဆိုတဲ့နေရာတွေကို မတန်တဆဈေးတွေပေးပြီး
အနိုင်ကျင့်သိမ်းပိုက်လိုက်တာပါပဲ။
အဲဒီကနေ တစ်စတစ်စခြေကုပ်ယူလာတာ ခုဆိုရင် မန်းလေးမြို့ကြီးဟာ
မြန်မာစကားမတက်တဲ့ တရုတ်တွေသိမ်းလိုက်တာကို ခံလိုက်ရပါပြီ။
မန်းလေးမြို့ကျဆုံးရတဲ့ အဓိကတရားခံကဘယ်သူလဲလို့ စဉ်းစားကြည့်တော့

"စစ်တိုက်တက်ရင် တိုင်းပြည်အုပ်ချုပ်လို့ရတယ်ဆိုတဲ့ အမြင်နဲ့
အုပ်ချုပ်ခဲ့တဲ့ စစ်အာရှင်တွေရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းခဲ့လို့
မြန်မာနိုင်ငံဟာ အလုံးစုံပျက်စီသွားပြီး အဲဒီအထဲမှာမှ
မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် မြို့တော်ကြီးဖြစ်တဲ့ မန်းလေးမြို့ကြီးဟာ
တိုင်းတပါးသားတွေရဲ့လက်ထဲရောက် သွားရတာပဲ" လို့ မန်းလေးမြို့ခံစာရေးဆရာ
ဦးဘုန်း(ဓာတု)ကလည်းပြောကြားခဲ့သည်။

ဒီနေ့မန်းလေးမြို့မှာ နေထိုင်နေတဲ့ မြန်မာစကားမတက်တဲ့တရုတ်တွေဘာကြောင့်
တဖြည်းဖြည်းများလာခဲ့ရတာလဲ။ သူတို့ဆီမှာ မှတ်ပုံတင်ကတ်
ဘာကြောင့်ကိုင်ဆောင်နေနိုင်ရတာလဲ။ အဖြေကရှင်းရှင်းလေးပါ။ ခေတ်အဆက်ဆက်
အကျင့်ပျက်ခြစားခဲ့တဲ့ ၀န်ထမ်းတွေနဲ့ အုပ်ချုပ်မှုညံ့ဖျင်းခဲ့တဲ့
အစိုးရကြောင့်ဆိုတာ ပြေးကြည့်နေစရာမလိုပါဘူး။ ၁၉၉၀ ခုနှစ်အရှေ့ပိုင်းက
မြို့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်သာရှိခဲ့တဲ့ တရုတ်တွေဟာ
ယနေ့အချိန်ခါမှာ မြို့လူဦးရေရဲ့ ထက်ဝက်ကျော်ရှိနေပါပြီ။
ဒီလိုတရားမ၀င်တဲ့နိုင်ငံခြားသားတွေကို
ဘာလို့စီစစ်အရေးယူမဆောင်ရွက်ကြတာလဲ။ ရပ်ကွက်ဥက္ကဌတွေဟာ
ကိုယ့်နိုင်ငံသားစစ်စစ်ဖြစ်တဲ့ မြို့ခံမြန်မာလူမျိုးတွေရဲ့အိမ်ကို
ဧည့်စာရင်းဝင်စစ်ရဲပေမယ့် တိုက်ကြီးကြီး ခြံကြီးကြီးတွေနဲ့
မြို့လယ်ခေါင်တက်ပြီးပေါ်ပေါ်ထင်ထင် နေနေကြတဲ့
နိုင်ငံခြားသားတရုတ်တွေကိုကြတော့ ဧည့်စာရင်းမပြောနဲ့ ခြံရှေရပ်ပြီး
အိမ်အရိပ်တောင်မနင်းဝံ့ကြပါဘူး

မြန်မာစကားတစ်လုံးမှမတက်တဲ့ နိုင်ငံခြားသားတရုတ်တွေဟာ အိမ်ခြံမြေတွေကို
ဝယ်ယူခွင့်ရနေကြပါတယ် ။ လမ်း ၃၀ ပေါ်မှာ၇ှိတဲ့ မြေစာရင်းဦးစီးဌာနမှာ
ပိုက်ဆံတွေ ဆာလာအိတ်ကြီးတွေနဲ့ထည့်ပြီး အိမ်ခြံမြေ၀ယ်ယူနေသူတွေဟာ
မြန်မာစကားမတက်တဲ့ တရုတ်တွေချည်းပါပဲ။ စည်ပင်ရုံးထဲက မြေယာဌာနမှာဆိုလည်း
တရုတ်တွေနဲ့ပြည့်နေတာပါပဲ။ တစ်ချို့ဝန်ထမ်းတွေဆို
တရုတ်တွေနဲ့တောင်ခင်မင်ရင်းနှီးပြီး ဆွေမျိုးတွေလိုတောင်ဖြစ်လို့။
မြေစာရင်းရုံးနဲ့ စည်ပင်မြေယာဌာနက ၀န်ထမ်းတွေတောင် တရုတ်စကားသင်တန်း
ပေးရမလိုဖြစ်နေပါပြီ။
တစ်နိုင်ငံလုံးဘာသာမတူလူမျိုးခြားအနောက်ဖက်တံခါးကိုအာရုံစိုက်နေပေမဲ့ဘာသာတူလူမျိုးခြားအရှေ့မြောက်တံခါးကတရုတ်အန္တရာယ်ကိုမေ့နေကြပါတယ်။အခုတော့မန္တလေးဆိုတဲ့မြန်မာ့ယဉ်ကျေးမှုခံတပ်ကြီးချိုးဖဲ့ခံလိုက်ရပါပြီ။

ကျွန်တော်ခုလိုပြောနေရတာ တရုတ်အားလုံးကို ဆန့်ကျင်ရေး၊
မုန်းတီးရေးပြောနေတာမဟုတ်ပါဘူး။ ကျွန်တော်တို့မန်းလေးမြို့သူ
မြို့သူမြို့သားတွေဟာ ရှေးယခင်ကတည်က ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံနဲ့
ငြိမ်းချမ်းစွာ အေးတူပူအမျှယှဉ်တွဲနေထိုင်လာခဲ့ကြတာ နှစ်ပေါင်း ၁၅၀
ကျော်ခဲ့ပါပြီ။ အစွန်းရောက်ပြီး ငါ့လူမျိုးမှ ငါ့ဘာသာမှဆိုတာ မရှိပါဘူး။
မန်လေးမြို့မှာရှိတဲ့ ဗလီတွေ၊ ချပ်(ခ်ျ)ကျောင်းတွေ၊ တရုတ်ဘုံကျောင်းတွေရဲ့
အရေအတွက်ကို ကြည့်ရင် သိနိုင်ပါတယ်။ ရှေးယခင်ကတည်းက ဘာသာခြားရယ်
လူမျိုးခြားရယ်ဆိုပြီး မရှိကြပဲ လက်ရည်တပြင်တည်း အေးတူပူအမျှနေလာခဲ့လို့
အားလုံးဟာ ဆွေးမျိုးအရင်းအခြာတွေလိုတောင်ဖြစ်နေကြပါပြီ။ နောက်ပိုင်းမှ
အခြေချနေထိုင်လာတဲ့ တရုတ်တွေနဲ့လုံးဝမတူပါဘူး။

"တရုတ်မှာ နှစ်မျိုးရှိတယ်။ ရှေးယခင်ကတည်းက နေထိုင်လာတဲ့ Old Chinese
ဆိုတဲ့ တရုတ်လူမျိုးအဟောင်းနဲ့ New Chinese ဆိုတဲ့
တရုတ်လူမျိုးအသစ်ဆိုပြီးရှိတယ်။ Old Chinese
ကငါ့တို့နိုင်ငံသားစိတ်ဓာတ်ရှိတယ်။ ငါ့တို့ယဉ်ကျေးမှုကိုနားလည်သလို
လေးစာမှုလည်းရှိကြတယ်။ ဟိုးရှေးဘုရင်တွေ လက်ထက်ကတည်းကနေလာခဲ့တဲ့
ဒို့တိုင်းပြည်ကိုချစ်တဲ့ မြန်မာပြည်ဖွားတရုတ်တွေကိုတော့ လက်တွဲလို့ရတယ်
လေးစားလို့ရတယ်။ ဗိုလ်ချုပ်ခင်ညွန့် စီမံခန့်ခွဲမှုညံ့ဖျင်းခဲ့လို့
ဝင်ရောက်လာတဲ့ New Chinese ခေါ် နအဖ Chinese ကတော့ သူတို့စီးပွားရေးအတွက်
ဂုတ်သွေးစုတ်ဖို့ ဒို့တိုင်းပြည်ကို ၀င်ရောက်လာတာပဲ"လို့ဆရာ
ဦးဘုန်း(ဓာတု)ကပြောပြပါတယ်။

ရှေးယခင်ကတည်းက အတူနေထိုင်လာတဲ့ တရုတ်တွေဟာ မြန်မာ့ယဉ်ကျေးမှုနားလည်းပြီး၊
လူမူရေး၊ ဘာသာရေး လုပ်ငန်းတွေမှာလည်း အားတက်သရောပါဝင်ဆောင်ရွက်ကြပါတယ်။
မန်းလေးက သာသနိကအဆောက်အဦးတွေမှာ တရုတ်နံမည်တွေနဲ့
လှူတန်းထားတာတွေကိုယနေ့အချိန်ထိ တွေ့မြင်နိုင်သေးပါတယ်။

နောက်ပေါက် တရုတ်တွေကတော့ မြန်မာစကားတစ်လုံးမှ မတက်သလို
ယဉ်ကျေးမှုလည်းမရှိ လူမူရေးလုပ်ငန်း ဘာသာရေးလုပ်ငန်းကတော့ဝေးရောပဲ။
တိုက်အမြင့်ကြီးတွေတည် အုပ်တံတိုင်း အမြင့်ကြီးတွေခတ်ပြီး
ပတ်ဝန်းကျင်နဲ့မရောဘဲ သူတို့ဟာသူတို့ သီးခြားရပ်တည်နေထိုင်ကြတယ်။
အိမ်ရှင် ကိုစော်ကားတဲ့ အပြုအမူအပြော အဆိုတွေ မတူသလိုမတန်သလို
ဆက်ဆံခံနေရမှုတွေ ပါ အခုဆိုရင်တွေ့မြင်နေရပါတယ်။

တိုင်းတစ်ပါးသားတရုတ်တွေ ၀င်ရောက်လာတာဟာ
ကိုယ့်နေရာလေးတင်ဖယ်ပေးလိုက်ရတာမဟုတ်ပါဘူး လူမူရေး၊ စီးပွားရေး ဘာသာရေး၊
ယဉ်ကျေးမှုအနုပညာ ဘာသာစကားတွေပါ အ၀ါးမျိုခံလိုက်ရတာပါ။ အရင်ကတရုတ်တွေဟာ
ဘာသာတရားကိုင်ရှိုင်းပြီး သံဃာတော်တွေကို မနက်တိုင်း ဆွမ်းလောင်းကြပါတယ်။
နောက်ရောက်လာတဲ့ တရုတ်တွေကတော့ ဒီလိုမျိုးပြုလုပ်မှုမရှိတော့တော့တဲ့
အတွက်သံဃာတော်တွေဟာ သူတို့ဆွမ်းဒကာ၊ ဒကာမတွေရှိတဲ့ မြို့အစွန်ကို
လာရောက်ဆွမ်းခံနေကြရရှာပါတယ်။ အရင်ကလို သံဃာတော်တွေ
စီတန်းပြီးဆွမ်းခံကြွတာ၊ အဖိတ် ဥပုတ်နေ့တိုင်းဆွမ်းကြီးခံ လှည့်တဲ့
ဗုံတောင်အဖွဲ့တွေရဲ့ မြင်ကွင်းမျိုးက မြင်တွေ့ရဖို့ ခဲရင်းသွားပါပြီ။
အရင်က ဘုရားပွဲတော်မပြတ်တဲ့ မန်းလေးမြို့ဟာ
သူတို့တွေလွမ်းမိုးပြီးတဲ့နောက်မှာ ဘုရားပွဲတော်တွေ
သိပ်မလုပ်ကြတော့တဲ့အတွက် အငြိမ့်အဖွဲ့တွေ ဇာတ်အဖွဲ့တွေဟာလည်း
တဖြည်းဖြည်းနဲ့ လျော့နည်းလာပါပြီ။ ယခင်က သဘင်တက္ကသိုလ်လို့တင်စားခဲ့ရတဲ့
မန်းလေးဟာ ယနေ့အချိန်အခါမှာတော့ အငြိမ့်အဖွဲ့ဆိုရင် ၁ဖွဲ့ ၂ဖွဲ့
ပဲကျန်ပါတော့တယ်။

စီးပွားရေးဘက်မှာလည်း မန်းလေးမြို့ရဲ့ လုပ်ငန်းကြီးတွေရဲ့
၉၀ရာခိုင်းနှုန်းဟာ တရုတ်တွေပိုင်ဆိုင်ကြပြီး
မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေဟာ သူတို့ရဲ့လွမ်းမိုးမူ
ချယ်လှယ်မူကိုခံနေကြရပါတယ်။ ကုမ္ပဏီလုပ်ငန်းတွေ စူပါမားကတ်လုပ်ငန်းတွေ
ဟော်တယ်လုပ်ငန်းတွေဟာ တရုတ်တွေအများစုပိုင်ဆိုင်လာပါတယ်။
သူတို့လူမျိုးတွေ ဘယ်လောက်အင်အားကြီး လွမ်းမိုးလာသလဲဆိုရင်
စည်ပင်သာယာကတောင် နာမည်ဆိုင်းဘုတ်တွေ ကြော်ငြာဆိုင်းဘုတ်တွေကို
တရုတ်လိုမရေးဖို့ ဆိုပြီး အမိန့်ထုတ်ယူရတဲ့ အခြေအနေဖြစ်နေပါပြီ။
နောက်ဆိုရင် ကျွန်တော်တို့ ဗမာစကားတောင်ပျောက်သွားနိုင်ပါတယ်။

တခါးဖွင့်စီးပွားရေး ကျင့်သုံးလိုက်တဲ့ အချိန်မှာ
မန်းလေးသားစီးပွားရေးလုပ်ငန်းရှင်တွေဟာ ငွေကြေးအင်အားတောင့်တင်းစွာနဲ့
ဝင်ရောက်လာတဲ့ တရုတ်တွေရဲ့ဝါးမျိုမှုကိုခံလိုက်ရပါတယ်။ အထက်မြန်မာပြည်ရဲ့
ရောင်းဝယ်ဖောက်ကားမှုအကြီးဆုံး ဌာနချုပ်လို့ပြောလို့ရတဲ့ ဈေးချို၊
ကောက်ပဲသီးနှံကုန်စည်ဒိုင်တွေ၊ ကျောက်ဝိုင်းတွေမှာ တရုတ်လူမျိုးတွေရဲ့
ဝန်ရောက်လွမ်းမိုးချယ်လှယ်မှုကိုခံနေရပါတယ်။

တစ်ချို့ရေပေါ်ဆီလူတန်းစားတွေ ကပြောကြသေးတယ် ဒါဟာမန်းလေးသား
ငါတို့မြန်မာတွေညံ့လို့ခံရတာတဲ့။ အဲ့ဒီလိုမျိုးပြောကြတဲ့လူတွေကို
ပြောချင်တာက မန်းလေးသားဆိုတာဟာ ရှေးယခင်ကတည်းက ကောင်းရောင်းကောင်းဝယ်နဲ့
မိရိုးဖလာ လုပ်ငန်းလေးတွေကို လက်ဆင့်ကမ်းပြီး ရိုးရိုးသားသားနဲ့ပဲ
ရှာဖွေစားသောက်တက်ကြပါတယ်။ ဘီယာဆိုင်တွေ စင်တင်တွေဖွင့်မစားတက်ပါဘူး။
ရှေ့ဘန်းပြနောက်ကတစ်မျိုးလုပ်မစားတက်ကြဘူးဟော်တယ်တွေ တည်းခိုခန်းတွေဖွင့်
မာဆတ်ဆိုတဲ့ အနှိပ်ခန်းတွေ ဖွင့်ပြီးစီးပွားမရှာတက်ကြဘူးဗျ
မူယစ်ဆေးဝါးလည်း ရောင်းမစားတက်ကြဘူး။ ပိုင်ရာဆိုင်ရာနဲ့ပေါင်းပြီး
ခေတ်ပျက်သူဌေးလည်း လုပ်မစားတက်ကြဘူး။ ယနေ့နိုင်ငံမှာ
အာဏာရှင်တွေနဲ့ပေါင်းပြီး ချမ်းသာနေတဲ့ ခရိုနီလူတန်းစားတွေထဲမှာ
မန်းလေးသားစစ်စစ် ဘယ်နှစ်ယောက်ပါလဲဆိုတာ ကြည့်တာနဲ့သိနိုင်မှာပါ။
ဒီလိုအချိန်မှာ ဘယ်ကရလာမှန်းမသိတဲ့ ငွေကြေးတွေနဲ့ မန်းလေးမြို့ကြီးနဲ့
မန်းလေးသားတွေရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ၀ါးမျိုးမှုကိုခံလိုက်ရတာပါဘဲ။

မန်းလေးမြို့ဟာ မြန်မာအင်အားအများဆုံးမြို့ မြန်မာနိုင်ငံယဉ်ကျေးမှု
အမွေအနှစ်တွေထွန်းကားရာမြို့ဖြစ်ပြီး၊ ထေရ၀ါဒဗုဒ္ဒဘာသာရဲ့
ဗဟိုချက်မဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို
ထိမ်းသိမ်းစောင့်ရှောက်ထားတဲ့ နောက်ဆုံးခံတပ်ကြီး
မန်းလေးမြို့ကျဆုံးချင်းဟာ
မြန်မာနိုင်ငံကျဆုံးခြင်းပဲလို့ပြောလို့ရပါတယ်။

"သီပေါမင်းပါတော်မှုခြင်းကို
မြန်မာနိုင်ငံကျွန်ဖြစ်ခြင်လို့ငါတို့အဓိပ္ပာယ်ဖွင့်ခဲ့ရင်
မန်းလေးကျးဆုံးခြင်းဟာ မြန်မာပြည်ကျဆုံးခြင်းပဲ၊ မန်းလေးကို
ကယ်တင်ခြင်းဟာလည်း မြန်မာပြည်ကယ်တင်ခြင်းပဲ" လို့ ဆရာ
ဦးဘုန်း(ဓာတု)ကပြောပါတယ်.။

ဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံဟာ သူ့ကျွန်ဘ၀ကလွတ်မြောက်တာ နှစ်ပေါင်း
(၆၀) ကျော်ခဲ့ပေမယ့် တရုတ်ရဲ့ ခေတ်သစ်ကိုလိုနီကျွန်ပြုခံထားရတ
ယနေ့တိုင်ပဲဖြစ်ပါတယ်။ တိုင်းပြည်ဆင်းရဲတွင်းနက်ရခြင်းထဲက တစ်ချက်ဖြစ်တဲ့
အိမ်နီချင်းဆိုးနဲ့အတူနေထိုင်ရချင်းဆိုတဲ့ အချက်ကို
ကျွန်တော်တို့ခံစားနေရပါတယ်။ ရှေးယခင်ကတည်းက ယနေ့အချိန်ထိ ကြည့်ကြည့်ပါ
တရုတ်နိုင်ငံရဲ့ကောင်းကျိုးပြုမှုကို မြန်မာပြည်သူလူထု
တစ်ခုမှမခံစားရသေးပါဘူး။ ပြည်သူလူထုဟာ
တရုတ်နိုင်ငံကလာရောက်ရင်းနှီးမြှပ်နှံမှာကိုတောင် ကြောက်နေပါပြီ။
မြန်မာနိုင်ငံရဲ့မြေပေါ်မြေအာက်သဘာဝသံယံဇာတတွေကို မတရားခိုးယူတယ်။
တရားဝင်လာရောက်ရင်နှီးမြုပ်နှံတဲ့အခါမှာလည်း မြန်နိုင်ငံက
အကျိုးခံစားခွင့်ဟာ မယားငယ်တစ်ယောက်ခံစားခွင့်ရသလောက်ပဲရှိပါတယ်။
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံနဲ့ စီမံကိန်းစာချုပ်ချုပ်ဆိုတဲ့
စာချုပ်တွေကြည့်ရင်သိနိုင်ပါတယ်

ပိုဆိုးလာတာက တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့သဘာဝသံယာဇာတ အဆီအနှစ်တွေကို
မတရားရယူလို့အားမရသေးဘဲ မြန်မာအမျိုးသမီးငယ်တွေပါ သူတို့နိုင်ငံ
လိင်ကျွန်သားမယားအဖြစ်ပါ ယူဆောင်နေကြပါပြီ။
အဆီကိုစားလို့အသားကိုမျိုယုံသာမက အရိုးပါတောင်မချန်ယူဆောင်နေတာ
အားလုံးအသိပဲဖြစ်မှာပါ။ မြန်မာနိုင်ငံရဲ့အဓိကပင်မစီးပွားရေးကို
ချုပ်ကိုင်ထားသားတွေဟာ တရုတ်နိုင်ငံသားတွေကြီးပါပဲ။ နိုင်ငံရဲ့
အကြီးဆုံးခရိုနီကုမ္မဏီကြီးတွေဖြစ်တဲ့ အေးရှားဝေါတို့၊ရွှေတောင်
ကုမ္ပဏီတွေဟာ တရုတ်နိုင်ငံသားပိုင်တွေဖြစ်ပါတယ်။

တရုတ်တွေလာရောက်ရင်နှီးမြုပ်နှံတဲ့လုပ်ငန်းတွေအားလုံးကို ကြည့်ကြည့်ပါ။
ကျွန်တော်တို့တိုင်းသူပြည်သားတွေကို အမှန်တကယ်အကျိုးပြုမယ့်
စီမံကိန်းတွေမပါပါဘူး။ နည်းပညာအတက်ပညာ နဲ့သက်ဆိုင်တဲ့ စက်မှု
စီမံကိန်းတွေလုံးဝမပါပါဘူး။ မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတာအဆီအနှစ်ကို
ရယူမယ့် သဘာဝပတ်ဝန်ကျင်တွေပျက်စီးပြီး နောင်အနာဂတ်မှာ မြန်မာပြည်
ဒုက္ခဖြစ်ကျန်မယ့် ရေအားလျပ်စစ်စီမံကိန်းတို့၊ တောင်တွေဖြိုပြီးရယူတဲ့
ကြေးနီစီမံကိန်းတို့၊ သဘာဝဓာတ်ငွေ့ထုတ်ယူတဲ့စီမံကိန်းတွေမှာပဲလာရောက်
ရင်နှီးမြှပ်နှံတာတွေကိုတွေ့မြင်ရမှာပါ။ တရုတ်တွေဟာ မြန်မာနိုင်ငံကို
အချဉ်တကာ့အချဉ်ဆုံး လူ့ငတုံးများအဖြစ် သတ်မှတ်ဆက်ဆံလာခဲ့တာ
နှစ်ပေါင်းများစွာ ကြခဲ့ပါပြီ။

ဒီလိုတရုတ်နိုင်ငံသားတွေရဲ့ ဂုတ်သွေးစုတ်အနိုင်ကျင့်ချယ်လှယ်မှု
မတရားတဲ့လုပ်ရပ်တွေကို အစိုးရကိုယ်တိုင်က လစ်လျူရှုခံထားရတာဟာ
တိုင်းပြည်အနာဂတ်အတွက် ရင်လေးစရာပဲဖြစ်ပါတယ်။

"အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံမှာ နိုင်ငံတော်သမ္မတဟာ
နိုင်ငံခြားသစ္စာမစောင့်ထိမ်းရဘူးလို့ပါတယ်။ ဒါပေမယ့်
တရုတ်ကိုကြောက်နေရပါတယ်၊ ကျေးဇူးရှိပါတယ်ဆိုတဲ့စကားကို
အစိုးရအဖွဲ့ကပြောလိုက်ခြင်းဟာ တရုတ်ရဲ့ ကျေးကျွန်ဖြစ်နေပြီလို့
လူထုကိုယ်တိုင်ကခံစားနေရတယ်" ဟု ဦးဘုန်း(ဓာတု)ကပြောပါတယ်။

အုပ်ချုပ်သူအစိုးရကလည်း "မြေမျိုလို့လူမျိုးမပျောက်၊ လူမျိုးမျိုမှ
လူမျိုးပျောက်မည်" ဆိုပြီး မစားရ ၀ခမန်းကြွေးကျော်ပြီး မန်းလေးကို
ရောင်းစားလိုက်ကြတယ်။ အမျိုးဘာသာစောင့်ထိမ်းဖို့ဆိုပြီးကြွေးကျော်နေကြတဲ့
ကျွန်တော်တို့ပြည်သူတွေဟာလည်း ၂၀၁၂ခုနှစ်က ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်
ပဋိပက္ခအပြီး မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါး လုံခြုံရေးကိစ္စကိုပဲ
ရှေ့တန်းတင်နေကြတဲ့အချိန်မှာ အရှေ့ဘက်က တံတိုင်းကြီးပြိုကြပြီး
ဝင်ရောက်လာတဲ့ ခေတ်သစ်ကိုလိုနီ တရုတ်တွေကိုကြမေ့လျော့နေကြပါတယ်
မရောင်ရာဆီလူးနေကြပါတယ်။

" ကျွန်းသစ်တွေ၊ ရေနံတွေ၊ ကျောက်စိမ်းတွေပါသွားတာက ကိစ္စမရှိသေးဘူးကွ
ဒီထက်ဆိုးတာက အခုဆိုရင် မြန်မာနိုင်ငံရဲ့ဝမ်းဗိုက်လို့ပြောလို့ရတဲ့
မြန်မာနိုင်ငံအလယ်ပိုင်းဖြတ် ဓာတ်ငွေ့ပိုက်လိုက်ကြီးဖောက်ပြီ
မြန်မာနိုင်ငံကိုတောင် နဲ့မြောက်ပိုင်းခြားလိုက်ပြီ။ ပြီးတော့
ဓာတ်ငွေ့ပိုက်လိုင်းနဲ့အပြိုင် ရန်ကုန်၊ မန်းလေး
အမြန်လမ်းမကြီးထက်ကောင်းတဲ့ ကားလမ်းမကြီးနဲ့ ရထားလမ်းကို
ရခိုင်ပြည်နယ်ကနေ တရုတ်ပြည်ထိဖောက်မယ်။ ခုဆိုရင်
ဓာတ်ငွေ့ပိုက်လိုင်းစောင့်ရှောက်ရေးအတွက်ဆိုပြီး ပိုက်လိုင်းတစ်လျောက်
သူတို့လူမျိုးတွေပဲပါတဲ့ စခန်းတွေဆောက်နေပြီ။ အဲဒီအချိန်ကြရင်တော့
သူတို့ပြည်ဖြစ်သွားပြီပဲကွ" ဟု ဆရာကြီးဦးကိုလေး(အင်းဝဂုဏ်ရည်)က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုသမိုင်းဝင်မြို့ကြီး တရုတ်ရဲ့လွမ်းမိုးမှုကို
ခံလိုက်ရတာမှန်ပေမယ့် ဒီထက်အခြေအနေမဆိုးသွားဖို့
မန်းလေးမြို့ကြီးကိုပြန်လည်ကယ်တင်ဖို့၊ မြန်မာနိုင်ငံကို တရုတ်ရဲ့
ကိုလိုနီကျွန်ပြုခံထားရတဲ့ ဘ၀မှလွတ်မြောက်အောင်ဆောင်ရွက်ဖို့ကိစ္စဟာ
အစိုးရမှာ အဓိကတာဝန်သလို တိုင်းသူပြည်သား မြို့သူမြို့သားတွေ ကလည်း
ဝံသာနုရက္ခိတတရားနဲ့ အားလုံးပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။
အချိန်မနှောင်းသေးဘူးလို့မြင်မိပါတယ်။

" ၁၉၆၂ ခုနှစ်မှာ ဦးနေ၀င်းအာဏာသိမ်းတဲ့ အချိန်မှာ မြန်မာနိုင်ငံရဲ့
မြေယာတွေရဲ့ ၃၀ ရာခိုင်နှုန်းကို ချစ်တီးကုလားတွေ ပိုင်ဆိုင်ကြတယ်။
အဲဒီအချိန်မှာ ဦးနေ၀င်းက ချစ်တီးကုလားတွေကို အကုန်လုံးမောင်းထုတ်ခဲ့လို့
ကုလားတွေ သင်္ဘောတွေနဲ့ အတုံးအရုံး အိန္ဒိယကိုထွက်ပြေးကြတာ
ငါတောင်စိတ်မကောင်းဖြစ်မိသေးတယ်။ ဒို့တည်ဆဲဥပဒေအရ အခုအစိုးရလက်ထက်ဖြစ်ဖြစ်
နောက်တက်မယ့်အစိုးရလက်ထက်မှာဖြစ်ဖြစ် တရားမ၀င်လာရောက်နေထိုင်ကြတဲ့
နိုင်ငံခြားသားတွေကို အကုန်လုံးမောင်းထုတ်လို့ရပါတယ်ကွ။
လုပ်ရဲဖို့ပဲလိုတာပါ။ ဘယ်နိုင်ငံဖြစ်ဖြစ် လုပ်ပိုင်ခွင့်ရှိပါတယ်၊
အချိန်မှီပါသေးတယ်" ဟု ဦးကိုလေး (အင်းဝဂုဏ်ရည်)ကပြောကြားခဲ့ပါတယ်။

မင်းတုန်းမင်းတရားကြီးဟာ မန္တလေးမြို့ကြီးကို သူ့တိုင်းသူပြည်သားတွေ
အေးချမ်းပျော်ရွှင်စွာ နေထိုင်ဖို့အတွက် တည်ထောင်ခဲ့တာပါ။ အခုလို
သူတည်ထောင်ခဲ့တဲံ မန်းလေးမြို့ကြီးမှာ တိုင်းတစ်ပါးသားတွေနေ နေတာတွေ့ရင်
ဘယ်လောက်များ ရင်နာလိုက်မလဲမသိဘူး။ မင်းတုန်းမင်းတရားကြီးကို
ကျွန်တော်မျက်နှာပူ အရှက်ရမိတယ်ဗျာ။ ကျွန်တော်တို့မျိုးဆက်လက်ထက်ကြမ
ရာဇ၀င်အရိုင်းခံ ကြတော့မှာလား။

ဒီလို ကမ္ဘာကျော် သမိုင်းဝင် ရတနာပုံ မန်းလေးမြို့ကြီးကို
ဒီနေ့အချိန်အခါမှ ကျွန်တော်တို့ မကာကွယ်နိုင်ခဲ့ရင်
မထိမ်းသိမ်းမစောင့်ရှောနိုင်ခဲ့လျင် လာမယ့်ဆယ်စုနှစ်အနည်းငယ်အတွင်း

ဆင်ယာဉ် မြင်းယာဉ် လှဉ်းယာဉ်တို့ကိုစီးပြီး ၀င်းကြီးတွေခင်းလို့
ရှင်းလောင်းလှည့်ပြီး မဟာမုနိဘုရားကြီးကို ကန်တော့ခွင့်မှရကြပါဦးမလား .
. .

ပိတ်လုံချည်အင်္ကျီအဖြူတွေဝတ် ပိတ်စလွယ်တွေသိုင်းပြီး ၀တ်အသင်းသူ
အသင်းသားတွေရဲ့ စည်သံဗြောသံတွေကို ၀ါတွင်းအခါမှာ ကြားရမြင်ရပါဦးမလား။

'မန်းဆန်တယ်၊ နန်းဆန်တယ်' ဆိုတဲ့ ကျွန်တော်ကျွန်တော်နဲ့
ချစ်စဖွယ်ပြောတက်တဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ မန်းလေးသူတွေအစား စကတ်တို
ဘောင်းဘီတို ပေါင်တန်အဖွေးသားနဲ့ ကောင်းမလေးတွေ မြင်ရတော့မှာလား . . .

ထမင်းတလုတ်ကို သူတို့ သဒ္ဒါမှ စားရ တော့မှာလား . . .

မန်းသူပီပီ ပြုံးတဲ့မျက်နှာ၊ ချိုတဲ့စကားနဲ့ ဈေးရောင်းတက်တဲ့
ဈေးချိုးသူတွေနေရာ သူတို့နဲ့ မတူသလိုမတန်သလို ဆက်ဆံခံရဦးမှာလား . . .

စာသင်စာချနေတဲ့ ဘုန်းကြီးကျာင်းတိုက်တွေနေရာမှာ အကော့အပျံအမိုးတွေနဲ့
တရုတ်ဘုံကျောင်းကြီးတွေ မြင်တွေ့ရတော့မှာလား . . .

မြို့မငြိမ်းရဲ့ ငွေငန်းကြီးနဲ့ မြို့မအသင်းကြီးရဲ့
လှည့်လည်ဖျော်ဖြေမှုအစား တရုတ်နဂါး အကတွေမြင်တွေ့ရတော့မှာလား. . .

အရှင်နှစ်ပါးပါတော်မူခဲ့တဲ့ ဂေါဝန်ဆိပ်ကိုကော လွမ်းလို့မှ
သွားကြည့်ခွင့်ရပါဦးမလား . ..
သမိုင်းဝင်မန်းလေးမြို့ကြီးကို ဖတ်စာအုပ်ထဲမှာပဲတွေ့မြင်ရပြီး၊ မန်းလေးသူ
မန်းလေးသားတွေဆိုတာ ပြတိုက်ထဲမှာ သွားကြည့်ရတော့မယ့်
အဖြစ်မျိုးအဖြစ်ခံတော့မှာလား . . .

ခေတ်စနစ်ရဲ့အခြေအနေတစ်ခုကြောင့် အခိုက်အတန့့် မန်းလေးမြို့ကြီးကို
ကျွန်တော်တို့ စွန့်လွတ်ခဲ့ရပေမယ့် တစ်ချိန်မှာ မန်းလေးသားတွေပိုင်တဲ့
မန်းလေးဖြစ်ရမယ်လို့ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်တို့မန်းလေးသားတွေ
မညံ့ဘူးဆိုတာ ရာဇ၀င်သမိုင်း သက်သေရှိပါတယ်။ နယ်ချဲ့ဖက်ဆစ်လက်အောက်
ထီးကျိုးစည်ပေါက် သူကျွန်ဘ၀ကနေလည်း ရုန်းထွက်နိုင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်
ပြာပုံဘ၀ကနေလည်း ရုန်းထနိုင်ခဲ့ပါတယ်။ မန်းလေးမြို့ဆိုတာ ပြာပုံဘ၀က
အကြိမ်ကြိမ်နိုးထခဲ့တဲ့ ဖီးနစ်ငှက် မြို့ပါ။ကျွန်တော်တို့
မန်းလေးသားတွေမညံ့မပါဘူး။ မန်းလေးကို မန်းလေးသားတွေပဲ ပိုင်ရပါမယ်။

"ဒို့မြန်မာတွေ ဖတ်ဆစ်ဂျပန်တွေရဲ့ လက်အောက်ခံ သူ့ကျွန်ဘ၀ကနေ
ရုန်းထွက်ဖို့အတွက် 'ဖဆပလ' ဖက်ဆစ်ဆန့်ကျင်ရေး
ပြည်သူ့လွတ်မြောက်ရေးဆိုပြီးဖွဲ့စည်းပြီး ငါတို့တွေကို ကျွန်လာပြုနေတဲ့
တိုင်းတစ်ပါးသားတွေကို တွန်းလှန်ခဲ့သလို အခုချိန်ခါမှာလည်း
ငါတို့နိုင်ငံကို မတရားလာလုပ် ဂုတ်သွေးစုတ်နေတဲ့ တရားမ၀င် နိုင်ငံခြားသား
တရုတ်တွေကို 'တဆပလ' ဆိုပြီး တရုတ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး
ဆိုပြီးလုပ်ဖို့အချိန်သင့်ပြီလို့ပြောချင်တယ်ကွာ"ဟု ဆရာကြီး
ဦးကိုလေး(အင်းဝဂုဏ်ရည်)ကဇာတိမာန်အပြည့်နဲ့ပြောပြခဲ့ပါတယ်။

ချစ်ခြင်းအားဖြင့် . . .

ကျော်ကြီး (MDY)
့Tomorrow ဂျာနယ်

ပြည်ထောင်စုကြံခိုင်ရေးနဲ.ဖွံ.ဖြိုးရေးအသင်းဆိုတာ တချိန်က စစ်အစိုးရလက်ထက်မှာလူမှုရေးလုပ်တဲ့ အသင်းကြီးတစ်ခုအဖြစ် စတင်ဖွဲ.စည်း
တည်ထောင်ခဲ့ပြီး အသင်းဝင်အများစုတည်ရှိကြတဲ့ကျေးရွာတွေကို( ပြည်ခိုင်ဖြိုးကျေးရွာ) လို.အမည်ဆိုင်းဘုတ်တွေတပ်ခဲ့ပေမယ့်
အခုအချိန်မှာတော့ပြည်ထောင်စုကြံခိုင်ရေးနဲ.ဖွံ.ဖြိုးရေးပါတီအဖြစ်(နိုင်ငံရေးပါတီ) တစ်ခုအဖြစ်ပြောင်းလဲခဲ့ပါပြီ။

နိုင်ငံရေးပါတီအနေနဲ.လည်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ပြီး အာဏာရနိုင်ငံရေးပါတီတစ်ခုဖြစ်နေတယ်ဆိုတာ အငြင်းမပွားလိုပါ။

သို.သော် ယနေ.အချိန်အခါမှ နိုင်ငံရေးပါတီတစ်ခုအနေနဲ. သူ.ရဲ.ပါတီဝင်အများဆုံးရှိတဲ့ကျေးရွာကို (ပြည်ခိုင်ဖြိုးရွာ) လို.တပ်ပြီး ပဲခူးတိုင်းဝန်ကြီးချုပ်
ကိုယ်တိုင်က ဖွင့်ပွဲတွေတက်ရောက်ပြီးလုပ်ပေးနေပြန်တာကိုတွေ.မြင်ရပြန်ပါတယ်။

မေးစရာမေးခွန်းတွေပေါ်လာပါပြီ ......................
ဒါဆိုရင် ပြည်ထောင်စုကြံခိုင်ရေးနဲ.ဖွံ.ဖြိုးရေးပါတီဝင်အများဆုံးရှိတဲ့ကျေးရွာတွေကို (ပြည်ခိုင်ဖြိုးရွာ) လို.တရားဝင်အမည်တပ်လို.ရခဲ့ရင် ဥပဒေနဲ.အညီ ခွင့်ပြုတယ်ဆိုရင် တခြားနိုင်ငံရေးပါတီတွေ ဥပမာ အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်( NLD) ပါတီဝင် အများဆုံးရှိတဲ့ကျေးရွာ
ကို (အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ရွာ) လို. ဆိုင်းဘုတ်တပ်မယ်ဆိုရင်ရမလား၊ ခွင့်ပြုမလား။

တချိန်က ပြည်ထောင်စုကြံခိုင်ရေးနဲ.ဖွံ.ဖြိုးရေးအသင်းနော် ယခုအချိန်အခါမှာနိုင်ငံရေးပါတီအဖြစ် တရားဝင်မှတ်ပုံတင်ထားတဲ့ပါတီနော်၊ ဒါဆိုရင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖွဲ.စည်းထားတဲ့ တခြားပါတီတွေမှာရောဒီလိုလုပ်ပိုင်ခွင့် အခွင့်အရေးမရှိဘူးလား မေးစရာပါ။

အာဏာရပါတီဖြစ်လို. (ပြည်ခိုင်ဖြိုးရွာ) လို.အမည်တပ်နိုင်တယ်ဆိုရင်လည်း ဘယ်လိုဥပဒေ နည်းဥပဒေခွင့်ပြုချက်နဲ.လုပ်ကိုင်တယ်ဆိုတာ
ပြည်သူတွေကို ပွင့်လင်းမြင်သာစွာချပြရမှာပါ။

တဆက်တည်းမှာပဲ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေမှာရော ဘယ်နည်းဥပဒေ၊ ဘယ်ညွှန်ကြားလွှာနဲ. ခွင့်ပြုပေးထားပါသလဲ ဆိုတာ အများပြည်သူ
သိရှိအောင် ရှင်းလင်းပြဖို.လိုအပ်နေမှာပါ။

ယခုအချိန်မှာတော့ ပဲခူးတိုင်း၊ဇီးကုန်းမြို.နယ်ထဲက ကံကလေးရွာကို (ပြည်ခိုင်ဖြိုးကျေးရွာ)ဟု ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်းကိုယ်တိုင် တက်ရောက်ချီးမြှင့်ဆိုင်းဘုတ်တင်မှုအပေါ် ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပွင့်လင်းမြင်သာစွာချီတက်နေပါသည်ဆိုသော နိုင်ငံတော်တာဝန်ရှိသူများအပေါ်
ပြည်သူများဘက်မှ မေးခွန်းထုတ်စရာဖြစ်နေလေပြီ................

Kyaw Swar Myint.
(၁၉၈၈-၁၉၉၂ ဗ.က.သ)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.