03/02/14

မြန်မာ့ မီဒီယာလောက ခေတ်ဦးကာလမှ ယနေ့ထိ ရပ်တည်လာခဲ့သော Myanmar Times ကို နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင် ပက်စီ ဦးသိန်းထွန်းက ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဝယ်ယူလိုက်ပြီ ဖြစ်ကြောင်း မြန်မာတိုင်းမ်ဂျာနယ် ထုတ်လုပ်သည့် Myanmar Consolidated Media,Ltd. က ထုတ်ပြန် ကြေညာလိုက်သည်။

အဆိုပါ မီဒီယာကို ဒေါက်တာ တင်ထွန်းဦးနှင့် ဒေါက်တာ ခင်မိုးမိုးတို့ဇနီးမောင်နှံက ၅၁ ရာခိုင်နှုန်းနှင့် မစ္စတာ ရော့စ်ဒန်ကလေက ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ခြင်း ဖြစ်ပြီး ဦးသိန်းထွန်းက ဒေါက်တာ တင်ထွန်းဦးတို့ ဇနီးမောင်နှံထံမှ ဝယ်ယူခြင်း ဖြစ်သည်။

“ဒီကုမ္ပဏီရယ်၊ သတင်းစာ ပညာရယ်က တိုင်းပြည်အတွက် အရေးပါနေတဲ့ ခုလိုချိန်မှာ မြန်မာတိုင်းမ်မှာ ရင်းနှီးမြှပ်နှံတာ ကျွန်တော် အရမ်း စိတ်လှုပ်ရှားပါတယ်။ ဈေးကွက်ကို ဦးဆောင်နေတဲ့ ခုလို အဖွဲ့အစည်းနဲ့ လက်တွဲခွင့်ရတာ ကျွန်တော် အရမ်း ကံကောင်းပါတယ်” ဟု ဦးသိန်းထွန်းက ပြောကြားသည်။

နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်နိုင်ပြီး နိုင်ငံတွင်း လူသိများသည့်၊ အင်္ဂလိပ်စာဖြင့် ပုံနှိပ် ထုတ်ဝေသည့် ဂျာနယ်ဖြစ်ပြီး နိုင်ငံတကာ ထုတ်ဝေသူဆု Publishers Awards for Journalism ၂၀၁၂-၁၃ ရရှိထားသည့် ပထမဆုံး ပြည်တွင်းဂျာနယ် ဖြစ်သည့် အပြင် ဒေသတွင်းရှိ အစိုးရ အရာရှိကြီးများနှင့် နိုင်ငံရေး၊ စီးပွားရေးစသော နယ်ပယ်မှ အမှုဆောင် အရာရှိများ စသည်တို့ ဖတ်ကြသည့် ဂျာနယ်တွင် အဓိက ရှယ်ယာရှင် အဖြစ် ဥက္ကဋ္ဌ ဖြစ်လာသောကြောင့် အထူးဝမ်းသာ ကျေနပ်ရသည်ဟုလည်း ၎င်းကဆိုသည်။

“မြန်မာတိုင်းမ်ဟာ ဒီနိုင်ငံမှာ အခိုင်မာဆုံး မီဒီယာထဲက တစ်ခုပါ။ ဦးသိန်းထွန်းလို လူမျိုးနဲ့ လက်တွဲဖော် ဖြစ်ခွင့် ရဖို့လည်း ကြိုဆိုပါတယ်” ဟု အယ်ဒီတာချုပ်နှင့် အုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူ ရော့စ်ဒန်ကလေက ဆိုသည်။

ဦးသိန်းထွန်းသည် ထွန်းဖောင်ဒေးရှင်းဘဏ် ဥက္ကဋ္ဌ ဖြစ်ပြီး ဒိန်းမတ် အခြေစိုက် Carlsberg ဘီယာ ကုမ္ပဏီနှင့်လည်း ဖက်စပ် ကုမ္ပဏီ ထူထောင်ကာ ပြည်တွင်းတွင် ဘီယာ ထုတ်လုပ် ရောင်းချရန် စီစဉ်နေသည်။ ယင်းအပြင် လေကြောင်းလိုင်း၊ ဟိုတယ် လုပ်ငန်းများလည်း လုပ်ကိုင်နေသူ ဖြစ်သည်။

မြန်မာတိုင်းမ် ဂျာနယ်ကို ဦးဆန်နီဆွေနှင့် သြစတြေးလျလူမျိုး မစ္စတာ ရော့စ်ဒန်ကလေတို့က ၂၀၀၀ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

Yangon Media

ကလေးများ ကွန်ပျူတာ နဲ့ အင်တာ နက် သုံး တာ ကို မိဘ များ စိုးရိမ် တတ်ကြ သည်။ ကွန်ပျူ တာ နဲ့ အင်တာနက် သုံးရင်း ကလေးများ မသင့် တော် သည့် ၀က်ဘ် ဆိုက် များ ၀င်ကြည့် မိ သွားမှာ မိဘ များ စိုးရိမ် သည်။ အွန်လိုင်း က သူစိမ်းများ က ကလေး များကို ဒုက္ခ ပေးမှာ စိုးရိမ် သည်။ ယခု အခါ စမတ် ဖုန်းဖြင့် အင် တာ နက် သုံးခြင်း ခေတ်စား လာရာ ကလေး များပါ စမတ်ဖုန်း များ ကိုင်လာ ကြ သည်။ စမတ် ဖုန်း ဖြင့် အင် တာ နက် သုံးလာ ကြသည်။ သို့သော် မိဘ များသည် စမတ်ဖုန်း များဖြင့် ကလေး များ အင်တာ နက် သုံးခြင်း ကို ကား အန္တရာယ် သိပ်မကြီး ဟု သဘောထား ရှိနေကြောင်း ဗြိတိန် နိုင်ငံ တွင် ကောက်ယူ ထား သည့် သ ဘော ထား စစ်တမ်း တစ်ရပ် က ဖော်ပြ သည်။ ဖုန်းဖြင့် အင်တာနက် သုံးရင်း ညစ်ညမ်း သည့် ပုံ များ၊ စာသားများကို တွေ့မြင်ရသည် မှာ စိတ်ပျက်ဖွယ် ကောင်း ကြောင်း ကလေး ငါးယောက်တွင် တစ်ယောက် က သဘော ထားဖော်ပြသည်။ ထိုနှုန်းသည် မိဘများ ထင် ထားသည့်နှုန်းထက် နှစ်ဆ များသည်။ ကလေးများအွန်လိုင်းမှာ ဘာတွေ လုပ် သည်ကို မိဘ (၈၀) ရာ ခိုင်နှုန်းက စောင့် ကြည့်တတ်ပြီး (၂၀) ရာခိုင်နှုန်းမူကား လွှတ် ထား ကြောင်း လည်း စစ်တမ်း အရ သိရသည်။ ကလေးများအတွက် လုံခြုံဘေးကင်းသော အင်တာနက်ဖြစ်ရေးလှုပ်ရှားမှုအဖြစ် စစ်တမ်း ကို ပြုစုခြင်းဖြစ်သည်။ ဘီဘီစီက အင်္ဂလန်တစ်ဝန်း မိဘများ ကို စစ်တမ်းကောက်ယူခဲ့ရာ မိဘ (၉၀) ရာ ခိုင်နှုန်းက ကလေးများ စမတ် ဖုန်း တဲဘလက် များနှင့် အင်တာနက်သုံးသည့်အခါ ဆောင် ရန် ရှောင်ရန်များကို ပြောပြ ဖြစ်ကြောင်း သဘော ထား ဖော်ပြသည်။ သို့သော် ကလေး များ တကယ်သုံးနေချိန်တွင်မူ မိဘအများစု သည် စောင့်ကြည့် ထိန်းမတ် ပေးခြင်း မရှိဘဲ ကလေးစိတ်တိုင်းကျ သုံးခွင့်ပေးထားမိ ကြောင်းလည်း စစ်တမ်းအရ သိရသည်။

မိဘများ ထိန်းချုပ်ပေးခြင်း

အသက်အရွယ်မရွေး အွန်လိုင်းကနေ အမျိုးမျိုးသော နှောင့်ယှက်ခြင်းတွေနဲ့ ကြုံရနိုင်ပါတယ်။ အထူး သ ဖြင့် ကလေး တွေဟာ အွန်လိုင်းမုဆိုးတွေရဲ့ အလွယ်ကူဆုံး ပစ်မှတ်တွေ ဖြစ်လာ နိုင်ပါတယ်””ဟု အွန် လိုင်းလုံခြုံရေး လှုပ်ရှားမှုအဖွဲ့  Get Safe Online မှ အမှုဆောင်အရာရှိချုပ် တိုနီ နာတီ က ပြောသည်။ စမတ် ဖုန်း တွေ တဲဘလက်တွေမှာ ပါတဲ့ ကလေးများဆိုင်ရာ လုံခြုံရေး ကန့်သတ် ချက်တွေကို ကြိုတင်ကန့် သတ် မ ထား ဘူး ဆိုရင် ကလေး တွေဟာ စမတ်ဖုန်း တွေ တဲဘ လက်တွေနဲ့အင်တာနက်သုံးရင်း သူတို့ အရွယ် နဲ့ မ လိုက် ဖက်တဲ့ ပုံတွေ၊ စာတွေကအစ အမျိုး မျိုးသော အွန်လိုင်းအ်္တရာယ်တွေနဲ့ ကြုံရနိုင် ပါတယ်””ဟု မစ္စတာ နာတီက ဆက်လက်ပြော ကြားသည်။

အသက် ၁၃ နှစ်မှ ၁၆ နှစ်ကြား လူငယ် များသည် စမတ်ဖုန်း၊ တဲဘလက် များဖြင့် အင်တာနက် အသုံး ဆုံး ဖြစ်သလို အွန်လိုင်းမှ ဒုက္ခပေးခံရနိုင်ခြေ လည်း အများ ဆုံးဖြစ် သည်။ အသက် ၈ နှစ်မှ ၁၂ နှစ်ကြား က လေး များကား (၁၃-၁၆) သမားများလောက် အွန် လိုင်း အန္တရာယ် မကြီးမားသည့်တိုင် မိဘ များသည် (၈-၁၂) သမား များ ကို ပိုပူပန် တတ် ကြပြီး၊ (၁၃-၁၆) သမား များကို ကား စိတ်ချရသည်ဟုဆိုကာ လွှတ်ထားလေ့ရှိ ကြောင်း လည်း စစ်တမ်းအရ သိရသည်။

ကလေးတွေ ကွန်ပျူတာနဲ့ အင်တာ နက်သုံးတာကိုသာ မိဘတွေက စိတ်ပူ နေ ကြတယ်။ စမတ်ဖုန်း တွေ တဲဘလက်တွေနဲ့ အင်တာနက် သုံးတာကို ကျတော့ အလားတူ အန္တရာယ်ရှိတယ်ဆိုတာ သတိထားမိခဲ တယ် ဟု အင်တာနက်လုံခြုံရေးဆော့ဖ်ဝဲ များ ထုတ်လုပ်နေသော Kaspersky Lab မှ အကြီးတန်း သုတေသန ပ ညာ ရှင် ဒေးဗစ် အမ်းက ပြောသည်။ စမတ်ဖုန်းတွေ၊ တဲဘလက်တွေနဲ့ ကလေးတွေသုံးတာဟာလည်း ကွန် ပျူ တာ နဲ့သုံးတဲ့ အင်တာနက်စနစ်ပဲဆိုတာ မိဘ တော်တော်များများ မေ့နေတယ်””ဟု ၎င်း က ဆက် ပြော သည်။ စမတ်ဖုန်းတွေ တဲဘလက်တွေဟာ ကွန်ပျူတာတွေလောက် အင်တာနက် အန္တရာယ် မရှိဘူးလို့ လွဲမှား စွာ ခံယူထား ကြတယ်။ ကလေးတွေအတွက် စမတ်ဖုန်း တဲဘလက် အင်တာနက် ဟာလည်း ထပ်တူ ထပ်မျှ အန္တရာယ်ကြီးတယ်ဆိုတာ မိဘတွေ သိစေချင်တယ်””ဟု မစ္စတာ အမ်း က ပြော သည်။ ယခု အခါ မိုဘိုင်း အင် တာနက် တွင် ကျယ်လာရာ စမတ်ဖုန်းများ တဲဘလက်များ ဖြင့် အင်တာနက် အသုံးပြုနှုန်း က ကွန်ပျူတာ ဖြင့် အသုံးပြုနှုန်း ကိုပင် ယှဉ်နိုင် လာပြီဖြစ်ရာ ကလေးများ အတွက် စမတ်ဖုန်း တဲဘလက် အင်တာနက်၏ အန္တရာယ်သည်လည်း ကြီး သထက် ကြီးလာပြီ ဖြစ်သည်။

မထိန်းချုပ်မိသောကြောင့် ဆုံးရှုံးမှုများ

အိုင်ဖုန်း အိုင်ပတ်များတွင် မိဘများက ထိန်းချုပ်နိုင်သော Parental Control စနစ် ပါဝင် သည်။ ထို စ နစ် ကို ဖွင့်ထားပြီး Passcode ပေးထားလိုက်ပါက ကလေးများ အိုင်ဖုန်း အိုင်ပတ်များနှင့် အင်တာနက်သုံးရင်း မသင့် တော်သော ၀က်ဘ်ဆိုက်များသို့ ၀င်ကြည့် မည်ပြုတိုင်း စက်က အလိုလျောက် တားမြစ် မည်ဖြစ်ပြီး၊ လျှို့ ၀ှက် နံပါတ် များကို ရိုက်ထည့် မှ ဆက်ကြည့် ရှုနိုင်မည်ဖြစ်သည်။ ထိုလျှို့ဝှက် နံပါတ်ကို မိဘများက ရွေးချယ် သတ်မှတ် ပေးထားခြင်းဖြင့် ကလေးများနံပါတ်မသိ သောကြောင့် ရှေ့ဆက်ကြည့်ရှုနိုင်မည် မဟုတ် တော့။ ထို နည်းဖြင့် ကလေးများကို အွန်လိုင်း အန္တရာယ်မှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ အန်းဒရွိုက်စနစ်သုံးဖုန်းများ တဲ ဘလက်များ တွင်လည်း ထိုစနစ်ပါဝင် သည်။ ဘီဘီစီက အင်္ဂလန်တစ်ဝန်း ကောက် ယူထားသော စစ်တမ်းအရ မိဘ (၅၀) ရာခိုင် နှုန်းက ကလေးများအတွက် ၀ယ်ပေးထား သော တဲဘလက် များ တွင် Parental Control စနစ်ကို အသုံးပြုကြောင်း သဘောထား ဖော်ပြပြီး ကလေးများ၏ စမတ်ဖုန်းတွင် ထိုစနစ် အသုံးပြုသည်ဟု သ ဘော ထား ဖော်ပြသူကလည်း (၄၀) ရာခိုင်နှုန်းရှိသည်။

ကလေးများသည် မိဘများ၏ စမတ်ဖုန်း တဲဘလက်များကို ယူသုံး ကာ အွန်လိုင်းတွင် ၀ယ်ယူမှုများ ပြု လုပ် သဖြင့် မိဘ (၁၈) ရာခိုင် နှုန်းခန့် ၏ ဖုန်းထဲ က ပိုက်ဆံ များ ကုန် သွား သည့် အဖြစ် များရှိကြောင်း Kapersky Lab က ပြုလုပ်ထားသောစစ်တမ်းအရ သိရသည်။ မိဘများ၏ စမတ်ဖုန်းတဲဘလက်များ ကိုယူကာ ဂိမ်းဆော့ရင်း အွန်လိုင်းမှ ၀ယ်ယူ မှုများ ပြုလုပ်ခြင်းသည် ငွေကုန်ခြင်း အဓိက အကြောင်း ရင်း တစ်ချက် ဖြစ် သည်။ ကလေး များသာမက လူကြီးများသည်လည်း အွန်လိုင်း ကို လုံခြုံစွာ အသုံးပြု တတ် ဖို့လိုကြောင်း မိုက် ခရိုဆော့ဖ် က ထုတ်ပြန် သော နှစ်ပတ်လည် အွန်လိုင်း လုံခြုံရေး သုတေ သန ထုတ်ပြန်ချက် တွင် ဖော်ပြထား သည်။

ဗြိတိန်နိုင်ငံတွင် ပြုလုပ်ထားသော လေ့ လာမှုစစ်တမ်း တစ်ရပ်အရလည်း ဗြိတိန် စမတ် ဖုန်းသုံးသူ များ များ ၏ (၅) ရာခိုင်နှုန်းသည် အွန်လိုင်း မှ တိုက်ခိုက် မှုများကြောင့် ပျမ်းမျှ ပေါင် တစ်ရာစီ ဆုံးရှုံးခဲ့ကြောင်း သိရ သည်။ (၃) ရာခိုင်နှုန်းခန့်သည်လည်း ပုဂ်္ဂိုလ်ရေးအချက် အလက်များခိုးယူခံရပြီး နောက် ဆက် တွဲ ဆိုး ကျိုး အ ဖြစ် ငွေကြေးအားဖြင့် ပေါင်တစ်ရာဝန်း ကျင်စီ ဆုံးရှုံးခဲ့ကြကြောင်း သိရသည်။ စမတ်ဖုန်းတဲဘလက် သုံးစွဲ သူ များ အနေဖြင့် ဖုန်းကို ဒီအတိုင်းမထားဘဲ Password ဖြင့် ဖွင့် ပိတ် စနစ် ကို သုံးရန်၊ အွန်လိုင်း လူမှု ၀က်ဘ် ဆိုက်အကောင့်များ ငွေကြေးဝန် ဆောင်မှုဆိုင်ရာ အကောင့်များကိုလည်း တတ်နိုင် သမျှ စာလုံး ရှည်ရှည် ရှုပ် ရှုပ် ထွေး ထွေ အားကောင်းကောင်းဖြစ်အောင် လုပ် ထားရန် ဆော့ဖ်ဝဲကုမ္ပဏီကြီးများက အကြံ ပြုထားသည်။

Ref: Parents unaware of smartphone danger (BBC)
Messenger News Journal

အမေရိကန်နိုင်ငံ နယူးယောက်အခြေစိုက် Media Development Investment Fund (MDIF) လုပ်ငန်း သည် အာကာသအတွင်းသို့ ရေဒီယိုလှိုင်းလွှင့်တုံးလေးများ လွှတ်တင်ရန် ကြိုးပမ်းလျက်ရှိပြီး အဆိုပါ လှိုင်း လွှင့်တုံးလေးများသည် ကမ္ဘာပတ်လမ်းကြောင်းအတွင်း လှည့်ပတ်၍ နေရာလပ် မကျန်အောင် အင်တာ နက်စနစ် ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြံရွယ်ထားသည့် အစီအစဉ် အောင်မြင်မည်ဆိုပါက ၂၀၁၅ ဇွန်လခန့်ကစပြီး အာကာသထဲမှ ထုတ်လွှတ်သော အင်တာနက်စနစ်ကို တစ်ကမ္ဘာလုံး အသုံးပြုနိုင်ဖွယ်ရှိကြောင်း သိရသည်။ ကမ္ဘာပတ် လမ်းကြောင်းအတွင်း လွှင့်တင်ထားသော ရေဒီယိုလှိုင်းလွှင့်တုံးလေးများသည် မြေပြင်စခန်းမှ ထုတ်လွှတ် လိုက်သော အင်တာနက် သတင်းအချက်အလက်များကိုဖမ်းယူကာ လှိုင်းလွှင့်တုံးအချင်းချင်း အပြန်အလှန် ပေးပို့နိုင်သလို မြေပြင်မှ အင်တာနက် သုံးသူတိုင်းထံသို့လည်း ၀ိုင်ဖိုင်လှိုင်းဖြင့် တိုက်ရိုက် ပေးပို့နိုင်မည် ဖြစ်သည်။

Outernet စနစ်သည် ကမ္ဘာပတ်လမ်းကြောင်းမှတစ်ဆင့် တစ်ကမ္ဘာလုံးသို့ ထုတ်လွှတ်သော ၀ိုင်ဖိုင် အင်တာနက်စနစ် ဖြစ်သောကြောင့် မည်သူမဆို အသုံးပြုနိုင်မည် ဖြစ်သည်။ အင်တာနက်ကို ကန့်သတ် ပိတ်ပင်ထားသည့် တရုတ်၊ မြောက်ကိုရီးယား စသည့် နိုင်ငံများမှပင် အပိတ်အပင်မရှိဘဲ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ အခမဲ့လည်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်အထိ ကမ္ဘာ့လူသား ၆၀ ရာခိုင်နှုန်းသာ အင်တာနက်ကို လက်လှမ်းမီသေးကြောင်းလည်း စာရင်းများအရ သိရသည်။MDIF သည်Outernet စနစ် နမူနာများကို ယခုဇွန်လ၌ ကမ္ဘာပတ်လမ်း ကြောင်းသို့ လွှတ်တင်နိုင်ရန် စီစဉ်ထားပြီး စက်တင်ဘာလတွင် နိုင်ငံတကာအာကာသစခန်း၌Outernetနည်းပညာကို စမ်းသပ်ရန် နာဆာထံက ခွင့်ပြုချက်ရလိမ့်မည်ဟု မျှော်လင့်ရသည်။

Yangon Media

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆမ်တွင် တရုတ် မျိုးသားများက အရွယ်ကောင်းအမျိုးသမီးတစ်ယောက်ကို တရုတ်ယွမ် ငွေ နှစ်သောင်း ပေးဝယ်ကြောင်း နမ့်ဆမ် မြို့ခံ ဦးဝင်းကျော် က ပြောကြားသည်။

တရုတ်နိုင်ငံ၏ လူဦးရေထိန်းချုပ်မှု မူဝါဒအရ တရုတ်အမျိုးသားများသည် စီးပွာရေး မဖွံ့ဖြိုးသည့် နမ့်ဆမ်တွင် ပလောင်တိုင်းရင်းသူများကို မြန်မာငွေ ၂၆ သိန်းခန့် ဖြင့် ဝယ်ယူလျက်ရှိရာ ပလောင်တိုင်းရင်းသူများမှာ တရုတ် အမျိုးသားများ၏ သိမ်းပိုက်ခြင်း ခံနေရကြောင်း ၎င်းက ဆိုသည်။
“နမ့်ဆမ်မှာရှိတဲ့ တိုင်းရင်းသူ ကလေးမတွေ တရုတ်နဲ့ ညားတာ အယောက် ၁၀၀ လောက် ရှိတယ်။ ဒါတွေက စီးပွားရေး မဖွံ့ဖြိုးခြင်းရဲ့ အကျိုးဆက်တွေပါ” ဟု ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လူကုန်ကူးမှု အများဆုံးလမ်းကြောင်းမှာ ရန်ကုန်-မန္တလေး-လားရှိုး-မူဆယ် လမ်းကြောင်းဖြစ်ပြီး ကျန်လမ်းကြောင်း များမှာ ဗန်းမော်-လွယ်ဂျယ်၊ ကချင်ပြည်နယ် လိုင်ဇာလမ်းမကြီး၊ လားရှိုး-ကုံလုံ-ချင်းရွှေဟော်လမ်းကြောင်းများ ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ထံမှ သိရသည်။
မြန်မာ-တရုတ် နယ်စပ်ဖြစ်သော ရွှေလီ-မူဆယ် နှင့် လွယ်ဂျယ်-ကျန်းဖုန်း တို့တွင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအတွက် Hotline များ တပ်ဆင် ထားသည့် နှစ်နိုင်ငံဆက်ဆံရေး ရုံးခန်းများ ဖွင့်လှစ်ထားကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့၊ ဒုတိယရဲမှူးကြီး ညွှန့်လှိုင် က The Voice Weekly သို့ ပြောကြားသည်။
စီးပွားရေးကျပ်တည်းမှုကြောင့် လူကုန်ကူးမှုများဖြစ်ပေါ်ပြီး၊ လက်ဖက်စိုက်ပျိုးပြီး တန်းဖိုးမြင့် ထုတ်ကုန် မထုတ်လုပ်နိုင်သဖြင့် စီးပွားရေး ကျပ်တည်းကာ နမ့်ဆမ်မှ တိုင်းရင်းသူ အမျိုးသမီးများသည် တရုတ်နိုင်ငံသို့ ဝင်ရောက်၍ ဘိန်းခြစ်ခြင်း၊ ဘိန်းစိုက်ခြင်း၊ ကြံခုတ်ခြင်းနှင့် နေ့စား အလုပ်များ လုပ်ကိုင်နေရကြောင်း နမ့်ဆမ်ဒေသခံ လက်ဖက်လုပ်ငန်းရှင် ဦးစိုးမောင်က ပြောကြားသည်။

လက်ဖက်စိုက်ပျိုးထုတ်လုပ်သူများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှသာ ယခု ကိစ္စများကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။
မြန်မာနိုင်ငံမှ လူကုန်ကူးမှု အမျိုးအစားများတွင် အဓမ္မထိမ်းမြား လက်ထပ်ခြင်းသည် ၆၀ ရာခိုင်နှုန်း ရှိပြီး မြန်မာအမျိုးသမီးများကို အများဆုံး လူကုန်ကူးသည့် နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်း၊ မြန်မာ့လူကုန်ကူးမှု စုစုပေါင်း၏ ၈၄ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပို့ဆောင်နေကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

သူရိယနေ၀န်း

Author- စန်းယု

မန္တလေး ဖေဖော်ဝါရီ ၂၆

ဒီမိုကရေစီ စနစ်ကို မဖော်ဆောင်နိုင်ဘူးလို့ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်ပြင်ဆင်ဖို့ လွှတ်တော်တွင်းမှာရော လွှတ်တော်ပြင်ပမှာ ကြိုးစားနေကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ဟာ ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် အဓိက အဟန့်အတား ဖြစ်နေတယ်လို့ဆိုကြပါတယ်။ အခြေခံဥပဒေ ပုဒ်မ ၄၃၆ နဲ့ ပတ်သတ်ပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မန္တလေးတိုင်းဒေသကြီးဥက္ကဌ ဦးလှကို၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ မန္တလေးတိုင်းဒေသကြီး အမြဲတမ်းကော်မတီဝင် ဦးခင်မောင်ဝင်း နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ရွက်နုအောင် တို့နဲ့ မော်ဒန်ဂျာနယ်က စကားဝိုင်းပြုလုပ်ပြီး ဆွေးနွေးထားပါတယ်။

မော်ဒန် ။ ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပုဒ်မ၄၃၆ ပါဝင်နေမှုကို ဆရာဦးလှကို က စပြီးဆွေးနွေးပေးပါ။

ဦးလှကို ။ ။ အဲဒီပုဒ်မက အခန်း ၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းမှာပါတယ်။ ဒီပုဒ်မက အခြေခံဥပဒေမှာ အရေးကြီးဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့ အခြေခံဥပဒေမှာ ဘယ်အချက်တွေ ဘယ်အပိုဒ်တွေ ဘယ်လောက်အရေးကြီးကြီး ဒီဟာနဲ့ချုပ်ထားတာ။ ၂၀၀၈ အခြေခံဥပဒေကို ပြင်ရခက်တဲ့ဥပဒေလို့သတ်မှတ်မလား။ လွယ်တဲ့ဥပဒေလို့ သတ်မှတ်မလားမေးရင် လုံးဝပြင်လို့မရသော ဥပဒေကိုဖြစ်နေတာ။ ဒီ ၄၃၆ မှာ အရေးကြီးတဲ့အချက်တွေထည့်လိုက်တယ်။ အဆိုးဆုံးက ဒီ ၄၃၆ ကို ပြင်ဖို့ကို ၄၃၆ ပုဒ်မထဲမှာထည့်ထားတာ။ ပြင်လို့မရအောင်။ ၄၃၆ ကဘာလဲဆိုရင် လွှတ်တော်ရဲ့ ၂၀ ရာခိုင်နှုန်းက အဆိုပြုရမယ်။ အဲဒါကို ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမှ ပြင်လို့ရမယ်။ အဲဒါကို ပြည်သူတွေကို ဆန္ဒခံယူပေါ့။ ခံယူတဲ့အခါကျတော့လည်း မဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်လို့ တင်းကျပ်ထားတာ။

မော်ဒန် ။ ။ အခြေခံဥပဒေမှာ ၄၃၆ ကပြင်ရခက်ဆုံး ပုဒ်မလို့ ဆရာဆိုလိုတာလား။

ဦးလှကို။ ။ ဟုတ်တယ်။ ဘယ်လိုမှ ပြင်မရနိုင်ဘူး။ ၇၅ ရာခိုင်နှုန်းကျော်မှာဆို အမတ်တွေကိုရေတွက်လိုက်။ ကချင်ပြည်နယ် မတည်ငြိမ်လို့ဆိုပြီး မရွေးရသေးတာရှိတယ်။ ရှမ်းပြည်မှာရှိတယ်။ သေသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်ရှိတယ်။ နောက်တခါ ၀န်ကြီးဖြစ်သွားသူကို အမတ်အစားထိုးရမယ်။အပြည့်အ၀ မထိုးဘူး။ အဲဒီတော့ ၇၅ရာခိုင်နှုန်း မပြည့်ဘူး။ မပြည့်တော့ ဘယ်လိုမှ ပြင်လို့မရနိုင်ဘူး။ ၇၅ရာခိုင်နှုန်း ပြည့်လို့ သဘောတူပါတယ်ဆိုတောင်မှ တပ်မတော်သားတစ်ယောက်ထောက်ခံမှရမယ်။ တပ်မတော်သားကလည်း သူ့သဘောနဲ့သူ လုပ်လို့မရဘူး။ ကာချုပ်က ခွင့်ပြုမှ။ ဒါကြောင့် ပြင်လို့မရသော အခြေခံဥပဒေလို့ပြောတာ။

မော်ဒန်။ ။ ဦးခင်မောင်ဝင်းကရော ဘယ်လိုမြင်လဲဗျ။

ဦးခင်မောင်ဝင်း။ ။ ဆရာဦးလှကိုနဲ့ အမြင်ချင်းတူပါတယ်။ လုံဝပြင်မရဘူးဆိုတာကိုတော့ ပြန်စဉ်းစားဖို့ လိုလာတယ်။ လုံးဝပြင်မရအောင် ခက်ထားတယ်ဆိုရင် အစွန်းတရားခုပဲ။ လုံးဝလွယ်အောင် ဆိုရင်လည်း အစွန်းတရားတစ်ခုပဲ။ လက်ရှိအနေအထားရ ဒီပုဒ်မက အစွန်းရောက်နေတာကိုသွားတွေ့တယ်။ ဘယ်လိုမှ လုပ်လို့ ထိလို့ မရဘူး။

မော်ဒန်။ ။ အစ်မကရော ၄၃၆ ကို ဖြည့်ဆွေးနွေးပေးပါဦး။

ဒေါ်ရွက်နုအောင်။ ။ ၄၃၆ ပုဒ်မသည် လုံးဝ ပြင်ဆင်ဖို့ မလွယ်ကူသော ပုဒ်မအဖြစ်ရှိနေပါတယ်။ သူက အခြေခံဥပဒေရဲ့ အချုပ်လည်းဖြစ်တယ်။ စစ်အာဏာရှင်ကို တည်မြဲအောင်လုပ်ထားတဲ့ ပုဒ်မလို့ မြင်ပါတယ်။ ၄၃၆ ပြင်ဖို့ကို ပုဒ်မ ၄၃၆ ထဲမှာပြန်ထည့်ထားတာက တော်တော် ရုပ်ပျက်ဆင်းပျက် နိုင်တယ်။

မော်ဒန်။ ။ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ၊ ၁၉၇၄ အခြေခံဥပဒေ တွေမှာရော ဥပဒေတွေပြင်ဆင်ဖို့ ဘယ်လိုပုဒ်မမျိုး ထည့်သွင်းခဲ့ပါသလဲ။

ဦးလှကို။ ။အဲဒီဥပဒေတွေတုန်းကပြင်ဖို့ခက်ခဲအောင်လုပ်မထားဘူး။ဒီ၂၀၀၈လောက် မခဲယဉ်းတာသေချာတယ်။

ဒေါ်ရွက်နုအောင်။ ။ အခြေခံဥပဒေပြင်ဖို့ ၁၉၄၇ မှာ ကျ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ၆၇ ရာခိုင်နှုန်း ကပြင်ဆင်ချင်တယ်ဆိုရင် ပြင်ဆင်လို့ရတယ်လို့ ပြဌာန်းခဲ့တယ်။ ၁၉၇၄ ခြေခံဥပဒေကျ ၇၅ ရာခိုင်နှုန်းက ပြင်ဆင်ချင်ရင် ပြင်ဆင်လို့ရတယ်။ ၂၀၀၈ ကျ ၇၅ ရာခိုင်နှုန်းကျော်မှ။ဥပဒေ သုံးခုက ခြားနားချက်ရှိတယ်။ ၂၀၀၈ ဥပဒေက ပြည်သူက ဘယ်လိုပြင်ချင် ပြင်ချင် တပ်မပါပဲ ပြင်လို့ကိုမရဘူး။

မော်ဒန်။ ။ ပြင်လို့မရဘူးခက်တယ်လို့ ဆရာတို့ ဆွေးနွေးကြပါတယ်။ အဲဒါကတစ်ပိုင်းပေါ့။ တကယ်လို့ ၄၃၆ ပုဒ်မ နေရာ ကို အစားထိုးပါလို့ ဆိုရင် ဘယ်လိုအချက်တွေနဲ့ အစားထိုးချင်ပါလဲ။

ဦးခင်မောင်ဝင်း။ ။ လက်ရှိ ၇၅ ရာခိုင်နှုန်းကျော်ကနေ ၇၅ ရာခိုင်နှုန်းလုပ်မလား။ ၁၉၄၇ ဥပဒေလို ၆၇ ရာခိုင်နှုန်း လုပ်မလားဆိုတာ ၀ိုင်းစဉ်းစားရမယ့်ကိစ္စပါ။ ၆၇ ရာခိုင်နှုန်း နဲ့ ၇၅ ကြားဖြစ်သင့်တာအမှန်ပဲ။

ဦးလှကို။ ။ တော်တော်များများဆန္ဒခံယူတဲ့ကိစ္စတွေမှာ တစ်ဝက်ကျော်မျိုးပဲထားသင့်တယ်။ လက်ရှိတက်ရောက်နေသော လွှတ်တော်ကိုယ်စားလှယ်များ၏ ၇၅ ရာခိုင်နှုန်းလို့ ဖြည့်ချင်ဖြည့်။

ဒေါ်ရွက်နုအောင်။ ။ ဆရာဦးလှကိုပြောတာကောင်းပါတယ်။ လက်ရှိတက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထက်ဝက်ကျော်။ ဒါလည်းဖြစ်သင့်တယ်. သမာသမတ်ကျတယ်လို့မြင်ပါတယ်။

မော်ဒန်။ ။အခုလ ၁၆ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ဟာ ပုဒ်မ ၄၃၆ ပြုပြင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီပုဒ်မဟာ ၂၀၁၅ ခု မတိုင်ခင် ပြင်နိုင်မယ်လို့ ထင်ပါသလား။

ဦးလှကို။ ။ ကျနော်အထင်မရနိုင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တစ်အချက် အာဏာရပါတီကလွှတ်တော်နေရာ အများကြီးရထားတာ၊ နှစ်အချက် ပြည်နယ်က ပုဂ္ဂိုလ်တွေ၊ လူမျိုးစုတွေနဲ့ NLD ပါတီနဲ့ ကျန်တဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ ဘယ်လိုစည်းလုံးမလဲ။ အဲသည်ပြသနာတွေ အများကြီးရှိတယ်။ ပြည်ခိုင်ဖြိုးကိုရော သဘောပေါက်အောင် စည်းရုံးရမယ်။ သူတို့က အများကြီးရထားတာကိုး။သူတို့သဘောပေါက်လို့ပြင်ချင်ရင် ဒီမိုကရေစီ အင်အားစုတွေကို သိမ်းသွင်းယူရဦးမှာ။

မော်ဒန်။ ။ ဆရာဦးလှကိုက ၂၀၁၅ မတိုင်မီ ပြင်လို့မရနိုင်ဘူးလို့ ပြောပါတယ်။ အစ်မကရော ဘယ်လိုမြင်ပါလဲ။

ဒေါ်ရွက်နုအောင်။ ။ဒီ ၄၃၆ ကြီးကိုမပြင်ပဲနဲ့ ၂၀၁၅ ဖြစ်လာပြီဆိုရင် တိုင်းပြည်ပြောင်းလဲရေး ဘာမှမဖြစ်လာနိုင်ဘူးလို့မြင်တယ်။ တိုင်းပြည်အနာဂတ်ကိုတကယ်စေတနာရှိတဲ့ ခေါင်းဆောင်မှန်ရင် ၄၃၆ ကို ပြင်ရမှာ။ ၄၃၆ ရှိနေသမျှ တိုင်းပြည်ကောင်းအောင်လုပ်နိုင်မယ့် ခေါင်းဆောင်ဘယ်လိုမှ ဖြစ်မလာနိုင်ဘူး။ ပြည်သူအားလုံးရဲ့ အသံနဲ့ တောင်းဆိုမှုတွေ ဆန္ဒခံယူမှုတွေ ဆန္ဒထုတ်ဖော်မှုတွေနဲ့ အဆင့်ဆင့် ကြိုးစားပြီးလုပ်သင့်တယ်လို့ ယူဆတယ်။ တောင်းဆိုမှုတွေများပြားလာရင် အပြောင်းအလဲတစုံတရာ ဖြစ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။

မော်ဒန်။ ။ ဆရာဦးခင်မောင်ဝင်းကရော ယုံကြည်ပါလား။

ဦးခင်မောင်ဝင်း။ ။ဓမ္မဓိဌာန် ကျကျ ပြောမယ်ဆိုရင်တော့မလွယ်ဘူး။ ပြုပြင်ဖို့မလွယ်နိုင်သေးဘူး။ လက်တလောဖြစ်နေတဲ့ ပြသနာက လောဘကြီးလွန်းတယ်လို့မြင်တယ်။ဒီမှာက နုနုနယ်နယ်လေးပဲရှိသေးတာလေ။ ကျနော်ပြင်ဖို့ လက်မခံဘူးလို့ပြောတာမဟုတ်ဘူးနော်။

မော်ဒန်။ ။ ဘယ်သူကလောဘကြီးနေတာလဲဗျ။

ဦးခင်မောင်ဝင်း။ ။ပြင်ချင်တဲ့ဘက်ကလောဘကြီးနေတာ။ လက်ရှိအခြေအနေအရ အခက်အခဲတွေအများကြီးဖြစ်နေတယ်။

မော်ဒန်။ ။ ၄၃၆ ပြင်ဖို့ အချိန်မတန်သေးဘူးလို့ဆိုလိုချင်တာလား။

ဦးလှကို။ ။ ဟုတ်တယ်။သူက( ဦးခင်မောင်ဝင်း) အဲဒီလိုပြောချင်တာ။

ဦးခင်မောင်ဝင်း။ ။ အဲဒီလိုပြောချင်တာ။

မော်ဒန်။ ။ ပုဒ်မ ၄၃၆ ကို ပြင်ဖို့ရော တပ်မတော်ရဲ့သဘောထားကရော ဘယ်လိုရှိနိုင်ပါလဲ။

ဦးလှကို။ ။ တပ်မတော်အနေနဲ့ကလည်း ထောက်ခံမယ်မထင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအတွက်ပဲဆွဲထားတာကိုး။

ဦးခင်မောင်ဝင်း။ ။ ၄၃၆ အပေါ် တပ်မတော်ရဲ့သဘောထားကပြောရခက်ပါတယ်။ ၃၁ ဦး ကော်မတီ ထဲမှာပါတဲ့ ဗိုလ်မှူးတစ်ယောက်ကပြောတယ်။ ၄၃၆ ပုဒ်မအတိုင်းပြင်ပါလို့။ မထိနဲ့လို့ပြောတာ။

ဒေါ်ရွက်နုအောင်။ ။ ကာချုပ်က အခြေခံဥပဒေရဲ့ အချုပ်ဖြစ်နေတော့ ဒီအပေါ်မှာ ပြင်ဖို့ နက်နက်နဲနဲ စဉ်းစားလိမ့်မယ်လို့ထင်တယ်။

မော်ဒန်။ ။ တကယ်လို့ ၂၀၁၅ မတိုင်ခင် ၄၃၆ ပုဒ်မကို ပြင်မပေးနိုင်ဘူးဆိုရင်ကော နောက်ဆက်တွဲ ဘာဖြစ်လာနိုင်ပါသလဲ။

ဦးလှကို။ ။ကျနော်ကတော့ ဘာမှမဖြစ်နိုင်ဘူးလို့ ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီ ၂၀၀၈ ဥပဒေက ကောင်းကောင်း မကောင်းကောင်း ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်အောင်လုပ်ပေးခဲ့တာ။ဒါကြောင့် ၄၃၆ မပြင်လည်း ၂၀၁၅ ရွေးကောက်ပွဲကို ညင်ညင်သာသာနဲ့ ရောက်သွားလိမ့်မယ်။

မော်ဒန်။ ။ အစ်မကရော ဘယ်လိုဖြစ်လာမယ်ထင်ပါလဲ။
ဒေါ်ရွက်နုအောင်။ ။အဓိက နစ်နာမှာက ပြည်သူတွေပဲ။ အာဏာရပါတီရော တပ်မတော်ရော ဘာမှမဖြစ်ပါဘူး။ ၄၃၆ ကို မပြင်ပဲ ၂၀၁၅ ရွေးကောက်ပွဲဖြစ်လာရင် ၂၀၁၅ အလွန် အာဏာရပါတီသည် ပြည်သူအကျိုးကို ထိထိရောက်ရောက်မလုပ်နိုင်ဘူးဖြစ်သွားမှာပဲ။

ဦးခင်မောင်ဝင်း။ ။ ဘာမှမဖြစ်ပါဘူး။ ၂၀၀၈ အခြေခံဥပဒေတုန်းကလည်း No Vote, Vote No ဆိုပြီး အောင်သွားတာပဲ။ အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာလည်း ၄၃၆ ပြင်သည်ဖြစ်စေ မပြင်သည်ဖြစ်စေ ရောက်သွားမှာပဲ။ ပြည်သူတွေ အုတ်အော်သောင်းနင်း ဖြစ်မယ့် ၈၈ လိုဟာမျိုးကတော့ ပေါ်လာစရာ အကြောင်းမရှိဘူးလို့ မြင်ပါတယ်။

မော်ဒန်။ ။ အခုလိုဝိုင်းဝန်းဆွေးနွေးပေးတာ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျား။

ပုဒ်မ ၄၃၆ ဆိုတာ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ( ၁၂ ) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း အခန်းတွင်ပါဝင်သောပုဒ်မတစ်ခုဖြစ်ပါတယ်။ ပုဒ်မ ၄၃၆ မှာ ပုဒ်မခွဲ (က) နဲ့ (ခ) ပါဝင်တယ်။
၄၃၆။(က)ဤ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉ ၊ ၆၀၊ အခန်း(၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊၃၀၅၊ ၃၁၄၊၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း(၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဌာန်းချက်များကိုပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။

(ခ) ပုဒ်မခွဲ(က) တွင်ဖော်ပြထားသည့် ပြဌာန်းချက်များမှ အပ အခြားပြဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့်သာ ပြင်ဆင်ရမည်။

The Modern News Journal

နိုင်ငံရေး သမား၊ ရဲ၊ တရားသူကြီးနှင့် ရှေ့နေတို့သည် လာဘ်ပေးလာဘ်ယူ ကိစ္စများတွင် တစ်ခါတစ်ရံ ပူးပေါင်း လေ့ရှိပြီး တစ်ခါတစ်ရံ “စားခွက်” လုလေ့ရှိကြသည်ဟုဆိုသည် ခွင်တစ်ခုအတွက် တစ်ယောက်ကို တစ်ယောက် ကျော်ကြခွကြသည် ခြေထိုးကြသည် . . .
လာဘ်ပေးလာဘ်ယူကိစ္စသည် အတန်းအစားကြီးကြီးအဖြစ် ခွဲခြားနိုင် ကြောင်း ပညာရှင်တွေက သတ်မှတ်ကြ သည်ဆိုကြပါစို့။ ပထမအတန်းအစား သည် အဖွဲ့အစည်းတစ်ရပ်သည် အာဏာကို ရင်းပြီး အာဏာကို မြှုပ်နှံ ထားသည့်အခါ လုပ်နိုင်ခွင့်များကို တရားနည်းလမ်းတကျ လုပ်လေ့မရှိ ဟုဆိုသည်။ ဒုတိယ အတန်းအစားကား အများပြည်သူ ဆန္ဒမဲဖြင့် အာဏာရရှိထားသည့် အဖွဲ့အစည်းသည် မဲဆန္ဒရှင်များအား အခြေအနေတစ် ရပ်ကို ဖန်တီးပေးစေသည်ဟုဆိုသည်။ ထိုနည်းအတိုင်း လာဘ်စားသူ အာဏာရှင်သည် အာဏာကိုဆုပ်ကိုင်ထားပြီး အခြေ အနေတစ်ရပ် လုံးကို ချုပ်ကိုင်ထားသည်။အခြေအနေတစ်ရပ်လုံးမှာ အဂတိလိုက် စားမှု အထင်အရှား ရှိနေသည်ကို သိနေသော်ငြား အကြောင်းအမျိုးမျိုးပြလျက် အဂတိလိုက်စားမှု ပပျောက်ရေး ကိုထိ ရောက်စွာ မစွမ်းဆောင်ချေ။ …

အဂတိလိုက်စားမှုများ အကျင့်ပျက် ခြစားမှုများသည် အာဏာရှင်နိုင်ငံများမှာ ချည်းရှိနေသည်မဟုတ်။ ဒီမိုကရေစီ ထွန်းကားသော နိုင်ငံများတွင်လည်း ရှိနေ သည်။ ဒီမိုကရေစီ ထွန်းကားသော နိုင်ငံများတွင် အဂတိလိုက်စားမှုများကို လူသိရှင်ကြားထောက်ပြနိုင်သည်။ လူသိရှင် ကြားဖော်ပြနိုင်သည်။ ဒီမိုကရေစီ မကျင့်သုံး သောနိုင်ငံအချို့၏ လာဘ်ပေးလာဘ်ယူမှု ကား  Secret mission ပုံစံမျိုးဖြစ်သည်။ သူစေခိုင်း ထားသည့် အေဂျင့်က အကျိုး အမြတ်ကိုဖန်တီးပေးသည်။ လာဘ်ပေး လာဘ်ယူမှုကို လူသိရှင်ကြား ဖော်ပြ ပြောဆိုခွင့်မရှိ။ တစ်စုံတစ်ယောက်သည် အဂတိလိုက်စားနေကြောင်း သက်ဆိုင်ရာ ကို တိုင်ကြားသည့်အခါ သက်ဆိုင်ရာကလည်း အမှုတွဲဆက်စပ်လျက်ရှိသော ကြောင့် လုံးဝအရေးယူဆောင်ရွက်ခြင်း မရှိ။ သက်ဆိုင် ရာမှ တစ်ဆင့် အကြီးအကဲဆီ ဆက်လက်တိုင်ကြားသည့်အခါ အကြီးအကဲ ကိုယ်တိုင်ကလည်း ဆက်စပ် ပတ်သက် ပါဝင်နေသူဖြစ်သည့် အတွက် တိုင်စာသည် အမှိုက်ခြင်းထဲသို့ ရောက်ရှိ သွားတော့သည်။

လာဘ်ပေးလာဘ်ယူ နှစ်ဖက်စလုံး တူညီပြီး အများလက်ခံသည့် အယူအဆ သဘောထား (Common denominator) ကား ငွေကြေးအကျိုးအမြတ် ရယူလိုခြင်း ဖြစ်သည်။ လာဘ်ပေးလာဘ်ယူနှစ်ဦးစလုံး ၏ ကျူးလွန်သည့် အဖြစ်သည်လည်း အတူတူဖြစ်သည်။ လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်ပြီး လာဘ်ပေး လာဘ်ယူမှု ဆန့်ကျင်ရေး နိုင်ငံတကာအဖွဲ့အစည်းများ ဖြစ်ကြသည်  TI (Transparency International) နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း၊ (The Organization for Economic Co-operation & Development – OECD) တို့က Brilery  နှင့် ပတ်သက်ပြီး Active & Passive brilery ဆိုပြီး တရားဝင် ဥပဒေ ရှုထောင့်ကနေ နှစ်မျိုးနှစ်စား ခွဲခြားထား သည်။ ဘာသာစကားဖြင့် ပထမတန်း အစားတွင် (၁) ကတိက၀တ်ပေးခြင်း (Promising)   (၂) ကမ်းလှမ်းခြင်း (သို့) တစ်စုံတစ်ယောက်မှ တစ်ဆင့် တိုက်ရိုက် (သို့) သွယ်ဝိုက်ပြီးကမ်းလှမ်းခြင်း (အချို့ က ကိုယ်တိုင် မဆောင်ရွက် လုံခြုံရေးနှင့် သတင်းမပေါက်ကြားရေးအတွက် ယုံကြည်ရသူ လက်ထောက်များဖြင့် ကတိက ၀တ်ပေးပြီး ဆောင်ရွက်သည်။ ယင်းကို (Acitve Brilery) ဟုခေါ်သည်။ သိ သိသာသာ ဆောင်ရွက်ခြင်း ပေါ်လွင်သည့် အတွက်ဖြစ်သည်။

ဒုတိယ အမျိုးအစားမှာ (၁) အစိုးရ တာဝန်ရှိပုဂိ္ဂုလ်တစ်ဦးတစ်ယောက်တည်းမှ သာမန်မဟုတ်သည့် အခွင့်ထူး တစ်ရပ်ကို ဖြစ်စေ၊ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း၊ request or receipt တောင်းဆိုခြင်း (သို့မဟုတ်) လက်ခံရရှိခြင်းဖြစ်သည်။ ယင်းကို Passive brilery ဟုခေါ်သည်။ တိုက်ရိုက် မဟုတ်သည့် နည်းဖြစ်သည်။
အကျိုးတစ်ရပ် တစ်စုံတစ်ရာအတွက် တရားမ၀င်ကမ်းလှမ်းခြင်း (offering) ကတိက၀တ် ပြုခြင်း (promising)၊ တောင်းဆိုခြင်း (requesting) စသည်တို့သည် Acitve ရော Passive Brilery နှစ် ခုစလုံးတွင်ပါ အကျုံးဝင် သဖြင့် တရားဥပဒေ စံနှုန်းများနှင့် ချိန်ထိုးလက်ခံနိုင်ဖွယ် မရှိ၊ မည်သို့ဖြစ်စေ ယင်းသည် ရာဇ၀တ် မှုဖြစ်သည်ဟု TI နှင့် OECD  ကဲ့သို့သော အဖွဲ့အစည်းများက သတ်မှတ်သည်။
မည်သို့ဆိုစေ ဘောဂဗေဒပညာရှင်များ၏ အတွေ့အကြုံ သတ်မှတ်ချက်အရဆိုလျှင် နိုင်ငံတစ်နိုင်ငံတွင် လာဘ်ပေးလာဘ်ယူမှုသည် ဘ၀၏ နေနည်းထိုင်နည်း ဖြစ်လာပြီဆိုလျှင် ယင်းနိုင်ငံသည် ထေရ၀ါဒ (Kleptocracy) ထွန်းကားမည်ဟု ဆိုသည်။

ရဲများအကျင့်ပျက်ခြစားမှု
ဖွံ့ဖြိုးဆဲနိုင်ငံ တော်တော်များများ တွင် ရဲအကျင့်ပျက်ခြစားမှုများကို တွေ့ရှိ ရသည်။ ရဲတွေ အကျင့်ပျက် ခြစားခြင်းသည် အဓိကရည်ရွယ်ချက်က ငွေရေးကြေးရေးဆိုင်ရာ အကျိုးအမြတ်ရရှိရန်နှင့် ပုဂိ္ဂုလ်ရေးဆိုင်ရာ လိုရာ ရောက်ရှိဖို့ပဲဖြစ်သည်။ ယင်းကို Police misconduct ရဲများ၏ အများပြည်သူလက်မခံနိုင်သော အပြုအမှု အဖြစ်သတ်မှတ်သည်။ အမှုဖွင့်ဖို့ မဖွင့်ဖို့ အမှုလိုက်ရန် အမှုမလိုက်ရန် – ဖမ်းဆီး ရန် (သို့) မဖမ်းဆီးရန်၊ မစုံစမ်းဘဲလွှတ် ပေးရန် အစရှိသည်တို့တွင် ရဲလုပ်ငန်းတာဝန်နှင့် လဲလှယ်ခြင်းဟု အဓိပ္ပာယ်ရသည်။
အခြားသော ပုံစံတစ်မျိုးမှာ မူးယစ် ဆေးဝါးတရားမ၀င်အဖွဲ့အစည်း (သို့) ပြည့်တန်ဆာဂိုဏ်း (သို့) တရားမ၀င် လှုပ်ရှား ဆောင်ရွက်မှု တစ်ခုအတွက် သက်ဆိုင်ရာသို့ သတင်းမပို့ရန် (သို့) အရေးမယူရန် ငွေတောင်းခြင်း (သို့) ငွေလက်ခံ ခြင်းသည်လည်း အများပြည်သူလက်မခံ နိုင်သည့် ရဲလုပ်ရပ်ဖြစ်သည်။ ရဲများ အကျင့်ပျက် ခြစားခြင်းဖြစ်သည်။ နောက် ထပ်ဥပမာတစ်ခုကတော့ ရဲများသည် တရားခံများအား ပြစ်မှုထင်ရှားစီရင်နိုင်ဖို့ အတွက် ရဲလုပ်ငန်းဆိုင်ရာ စည်းမျဉ်း စည်းကမ်း Code of Conduct ကို မထီမဲ့ မြင်ပြုသည်။ ဥပမာအားဖြင့် မှားယွင်းသော သက်သေခံများ အသုံးပြုခြင်းမှတစ်ဆင့် အချို့ဖြစ်စဉ်များတွင် ရဲများကိုယ်တိုင် Organized Crime များတွင် ပါဝင်လေ့ရှိ သည်။ (Organized Crime ဆိုသည်မှာ အာဏာပိုင်တချို့နှင့် အဆက်အသွယ် ရှိသည့်လူများ ပါဝင်ဖွဲ့စည်းထားပြီး အထူး သဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချ သည့် တရားမ၀င် အဖွဲ့အစည်း ဖြစ်သည်။)
ရဲများ အဂတိလိုက်စားမှုသည် အခြားဌာန၊ ပုဂိ္ဂုလ်များ အကျင့်ပျက်ခြစား အဂတိလိုက်စားမှုထက် တိုင်းပြည်၏ ပုံရိပ် (Image) ကို ပျက်ပြားစေနိုင်သဖြင့် ကမ္ဘာ့အလယ်တွင် အရှက်တကွဲ အကျိုး နည်းမှုများ ဖြစ်ပေါ်စေသည်။

အိနိ္ဒယနိုင်ငံရဲများ အဂတိလိုက်စားမှု
ရဲအဂတိလိုက်စားမှု (Police Corruption) ဆိုသည်မှာ တရားဝင် ထမ်းဆောင်နေသည့် ရဲဝန်ထမ်းတစ်ဦးက လူ ပုဂိ္ဂုလ်တစ်ဦး (သို့) အဖွဲ့အစည်းတစ်ခုအ တွက် နိုင်ငံတော်မှ ချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေစသည်တို့ကို ဆန့်ကျင်လျက် အကျိုးအမြတ်ရရှိရေးအတွက် ရဲတာဝန်နှင့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုလုပ်ရခြင်းကို ရဲအဂတိလိုက်စားမှုဟု ပညာရှင်တွေက အဓိပ္ပာယ်ဖွင့်ဆို ကြသည်။

ရဲအဂတိလိုက်စားမှုသည် ကမ္ဘာနှင့်အ၀န်း နေရာအနှံ့အပြားရှိနေသည်။ ရဲ corruption ကို ယေဘုယျ အားဖြင့် နှစ်ပိုင်း ခွဲခြားနိုင်သည်။ အတွင်း (internal) နှင့် အပြင် (external) ဟူ၍ဖြစ်သည်။ ရဲဌာနများ မှ ရရှိသည့် အကိုးအကား အထောက်အထားများ အရ  Internal Corruption သည် ရဲဌာနအတွင်းမှာပင် ရဲဝန်ထမ်းများက သော်လည်းကောင်း (သို့) တစ်စုံတစ် ယောက်သော ရဲဝန်ထမ်းသော်လည်း ကောင်း၊ ကျူးလွန်သည့် တရား မ၀င် လုပ်ရပ်များ (သို့) အပေးအယူများဖြစ်သည်။ External corruption ဆိုသည်မှာ ပြည်သူ တချို့နှင့် တရား မ၀င်သည်လုပ်ရပ်များ (သို့) အပေးအယူများဖြစ်သည်။ ရဲဌာနအတွင်း အဂတိလိုက်စားခြင်းနှင့် ရဲနှင့်ပြင်ပ လူတချို့ ပူးပေါင်းပြီး အဂတိလိုက်စားခြင်းဟု ယေဘုယျနားလည်သဘောပေါက်နိုင်သည်။

Police Corruption နှင့် ပတ်သက်ပြီး အရေးအကြီးဆုံးအခြေခံ သဘောတရားများမှာ ရဲအာဏာပိုင်တွေက အာဏာနှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုလုပ်ခြင်းနှင့် ပုဂိ္ဂုလ်ရေးအကျိုးအမြတ် တစ်စုံတစ်ရာ ရရှိဖို့အတွက် အာဏာနှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုလုပ်ခြင်းဖြစ်သည်။ အစိုးရ ၏ စီမံခန့်ခွဲမှုဆိုင်ရာအဆင့်ဆင့်တွင် အဂ တိလိုက်စားမှု ပျံ့နှံ့နေခြင်းသည် ရဲလုပ်ငန်းဆိုင်ရာ အရည်အသွေး ပြည့်ဝမှုထိရောက် မှုနှင့် တိုးတက်မှု စသည် တို့ကို အခက်အခဲ အဟန့်အတားကြီးစွာ ဖြစ်စေသည်။ အဂတိ လိုက်စားမှုကြောင့် ရဲလုပ်ငန်း ရည်မှန်း ချက်များ ပြောင်းပြန်ဖြစ်သွားနိုင်၊ တစ်ဆက် တည်းမှာပဲ အမှုအခင်းများကို တားမြစ် ဟန့်တားနိုင် ရမည့်အစား ပြစ်မှုထူပြောရေး ဖန်တီးအားပေးရာ ရောက်နေသည်။

ရဲအမှုထမ်းများသည် တစ်ခါတစ်ရံ နိုင်ငံရေးသမားများနှင့် နိုင်ငံရေးသဘော သက်ဝင်သွားလေ့ရှိကြသည်။ ထိုအခါ နိုင်ငံရေး သားကောင် ဖြစ်သွားကြပြီး နိုင်ငံ ရေးသမားများ၏ ကြိုးကိုင်ချုပ်ချယ်မှုကို ခံရကြတော့သည်။ နိုင်ငံရေးသမား၊ ရဲ၊ တရားသူကြီးနှင့် ရှေ့နေတို့သည် လာဘ် ပေးလာဘ်ယူကိစ်္စများတွင် တစ်ခါတစ်ရံ ပူးပေါင်း လေ့ရှိပြီး တစ်ခါတစ်ရံ ““စား ခွက်””လုလေ့ရှိကြသည်ဟု ဆိုသည်။ ခွင် တစ်ခုအတွက် တစ်ယောက်ကိုတစ် ယောက် ကျော်ကြခွကြသည်။ ခြေထိုးကြ သည်။ သို့ရာတွင် နိုင်ငံရေးသမားနှင့် ရဲသည် ခေတ်အ ဆက်ဆက် ပလဲနံပသင့် သည်လည်းရှိသည်။
ခြင်္သေ့နှင့် သမင်၊ ကျားနှင့် ဆင် အခြေအနေမျိုးလည်းရှိသည်။ နိုင်ငံရေး သမားများသည် မိမိအကြီးအကဲ နိုင်ငံရေး ခေါင်းဆောင်များအလိုကျ မိမိတို့ရှင်သန် ရပ်တည်နိုင်ရေး လူမှန်နေရာမှန်မဟုတ် သူများ စည်းရုံးသွေး ဆောင်ရလွယ်ကူသူ များကို ရဲထိပ်တန်းနေရာများတွင် ခန့်ထား အသုံးချကြသည်။ အထူးခန့်ထားရေး၊ ရာထူး အပြောင်းအရွှေ့၊ ရာထူးချ၊ ဆုငွေ ပေးနှင့် ပြစ်ဒဏ်ချမှတ်သည့် နေရာများ တွင်ဖြစ်သည်။
ရဲနှင့် ရဲဌာနအဖွဲ့အစည်းများတွင် လုပ်ခလစာ တိုးမြှင့်ပေးခြင်း၊ လေ့ကျင့် မှုများကို အဆင့်မြှင့်ပေးခြင်း၊ ပညာရေး အတွက် မက်လုံးပေးဆွဲဆောင်စည်းရုံးခြင်း နှင့် အဂတိလိုက်စားမှုဖြစ်ပေါ်စေမည့် တိုက်ရိုက် အကြောင်းများအား ဂရုစိုက်နိုင် မည့် ခေတ်မီမူဝါဒများကို ဖြည့်ဆည်းပေး သော်ငြားလည်း Police Corruption ကား နေမြဲခိုင်မာလျက်ရှိသည်။

အိနိ္ဒယနိုင်ငံအစိုးရ ပြည်ထဲရေးဝန် ကြီးဌာနက ရဲဌာနနှင့်ပတ်သက်ပြီး ငွေလုံး ငွေရင်းအသုံးစရိတ်ကို ၆၇ ရာခိုင် နှုန်းထက် ပိုမိုကျခံသုံးစွဲခဲသော်လည်း ရဲအမှုထမ်းများ ၏ သဘောထားများနှင့် အမူအကျင့်များ အများ ပြည်သူ နှင့် ဆက်ဆံသည့်အခါ ပြည်သူ့ဘက်က ရပ်တည်ပြီး သိသာထင် ရှားသည့် တိုးတက်ပြောင်းလဲမှုမျိုးတစ်စုံ  တစ်ရာ မတွေ့ရှိရချေ။ လွန်ခဲ့သည့် ၃နှစ် အတွင်း ပြည်နယ်ရဲဌာနအသီးသီးပြုပြင် ပြောင်းလဲရေး အိနိ္ဒယရူပီးငွေ ကုဋေ ၈၀၀ ကျခံသုံးစွဲခဲ့သည်။ သို့သော်လည်း ရဲချုပ် မှစပြီး သာမန်ရဲတပ်သား အမှုထမ်းများ၏ အနေအထိုင် အကျင့်စရိုက်သဘောထား အမြင်များကား ယနေ့တိုင် တိုးတက်မှုမရှိ သေးချေ။ ပြည်သူ့ဆန္ဒနှင့်အညီ ပြည်သူ နှင့် တစ်သားတည်း မကျသေးချေ။ ပြည်သူ တွေ၏ အခြေခံအခွင့်အရေးများကို ပိတ် ပင်မှုတွေရှိသည့်အတွက် ရဲအဂတိလိုက် စားမှုသည် လူ့အခွင့်အရေးဖောက်ဖျက်မှု တစ်ရပ်ဖြစ်သည်။ ရဲအဂတိလိုက်စားမှု အပါအ၀င် နေရာစုံ ကဏ္ဍစုံကနေ အဂတိ လိုက်စားမှု နေရာအနှံ့တောထနေသည့် အတွက် အိနိ္ဒယနိုင်ငံ ဥပဒေပြဋ္ဌာန်းရေး (အာဏာသက်ရောက်စေရေး) အေဂျင်စီ မှ အကာအကွယ်ပေးထားသည့် အခြေခံ လူ့အခွင့်အရေးနှင့် လူ့အခွင့် အရေးအတွက် အဓိကပြဋ္ဌာန်းထားသည့် ယင်းအဖွဲ့အစည်း၏ ရည်ရွယ်ချက်များ ထမြောက်အောင် မြင်ခြင်း မရှိသေးပေ။

ကိုမွန်းအောင်.နဲ့.ဆရာမ ဒေါက်တာစင်သီယာ photo.(Ye Ni)
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိတဲ့ SAW အဖွဲ့က ဦးစီးတည်ထောင်ထားတဲ့ မိဘမဲကလေးများဂေဟာကို အဆိုတော် မွန်းအောင် မိသားစုရယ်၊ မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့က ဒရမ်မာ ကိုတွတ်ကီ ရယ် ဒီကနေ့ (၁ မတ်လ ၂၀၁၄) မှာ လာရောက်လည်ပတ် အားပေးခဲ့တယ်။

သီချင်းစီးရီးခွေအသစ်အတွက် ပြင်ဆင်းဖို့ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ အဆိုတော် မွန်းအောင်ဟာ ချင်းမိုင်ကတဆင့် မဲဆောက်မြို့က သူ့ရဲ့ ရဲဘော်တွေ မိတ်ဆွေကို တွေ့ဆုံနှုတ်ဆက်ရင်းနဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညက မဲဆောက် ကျောင်းသားဆေးခန်းမှာ သီဆိုဖျော်ဖြေတင်ဆက်ခဲ့ပါသေးတယ်။

ကိုမွန်းအောင် ဟာ ၁၉၈၈ ခုနှစ်မတိုင်ခင် မြန်မာပြည်ထဲမှာ သီချင်းစီးရီး ၄ ခု ထွက်ခဲ့ပြီး လူငယ်ကျောင်းသားထုကြား နာမည်ရ အဆိုတော်တဦး ဖြစ်ခဲ့တယ်။ ၈၈ အရေးတော်ပုံပြီးတဲ့နောက် တောခိုခဲ့ပြီး ကျောင်းသားတပ်မတော်မှာ တာဝန်ထမ်းဆောင်းခဲ့သူ ဖြစ်ပါတယ်။ ကျောင်းသားတပ်မတော်မှာ တာဝန်ယူနေစဉ် ငြိမ်းချမ်းရေးတိုက်ပွဲနဲ့ လွတ်မြောက်ရာလမ်း စီးရီး၂ ခုကို လွတ်မြောက်နယ်မြေကနေ ထုတ်ဝေ ဖြန့်ချိခဲ့တယ်။ အခု နော်ဝေနိုင်ငံ အော်စလိုမြို့မှာ အခြေချနေထိုင်ပြီး မြန်မာပြည်နိုင်ငံရေးလုပ်ငန်းတွေ တတ်နိုင်တဲ့ဘက်က ကူညီလုပ်ကိုင်လျက် ရှိပါတယ်။

SocialAction ForWomen


ဒီမိုကရေစီအစိုးရဟု သူတို့ကိုယ်သူတို့ အခေါ်ခံချင်သလို စစ်အစိုးရနှင့် မတူကြောင်း ကမ္ဘာကိုပြချင်သော ဦးသိန်းစိန်အစိုးရမှာ တစ်ဖက်က ဆန္ဒပြပွဲများကိုလည်း စိုးရိမ်ထိတ်လန့်နေသည် . . . အစိုးရသစ်လက်ထက်၌ ဒီမိုကရေစီအစိုးရဟု ကြေညာထားပြီး တစ်ဖက်က ပုဒ်မ ၁၈ ဖြင့်ဖိနှိပ်နေသည်မှာ အလွန်ရှက်စရာကောင်း . . .

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပေါက်ဖွားပေးလိုက်သော ပုဒ်မ ၁၈ ကို အလုပ်သမား၊ လယ်သမားနှင့် ခေါင်းရွက် ဗျပ်ထိုးဈေးသည်များ၊ လူလတ်တန်းစား အလွှာများနှင့် ပြည်သူလူထုအားလုံးက လုံးဝလက်မခံ ခဲ့ကြပေ။ အစိုးရအဖွဲ့နှင့် လွှတ်တော်ကို ဆန့်ကျင် ကန့်ကွက်ပြောဆိုနေသော အကြောင်းအရာများတွင် ပုဒ်မ ၁၈ လည်း ထိပ်ဆုံးတန်းမှ ပါဝင်နေ၏။ ဖွဲ့စည်းပုံဥပဒေနှင့် လွတ်လပ်စွာ စီတန်း လှည့်လည်ခွင့်၊ သပိတ်မှောက် ခွင့်၊ ဆန္ဒပြခွင့်တို့ကို ခွင့်ပြုပါသည်ဟု ပါရှိသော်လည်း ထိုကဲ့သို့ မိမိတို့သဘောထားကို ထုတ်ဖော်သော ဆန္ဒပြပွဲ များအား သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းနှင့် သက်ဆိုင်ရာ ရဲစခန်းတို့ကို ခွင့်ပြုချက် တောင်းခံ ရမည်။ ခွင့်မပြုလျှင် ဆန္ဒပြခွင့်၊ သပိတ်မှောက်ခွင့် မရှိ။ မိမိသဘောနှင့် မိမိတို့ဘာသာ ဆန္ဒပြပြီး ခွင့်ပြုချက်မရရှိပါက ထောင်ဒဏ်၊ ငွေဒဏ်များ ကျခံစေရမည်ဟုပါရှိပါသည်။ ထိုအခါ ဆန္ဒပြသူများကလည်း သက်ဆိုင်ရာ မြို့နယ်များသို့ သတ်မှတ်ထားသည့် အတိုင်း ကြိုတင်ခွင့်ပြုမိန့်ကို တောင်းခံခဲ့သည်။ သို့သော် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ ရဲစခန်းတို့က ခွင့်ပြုမိန့်ကို ထုတ်မပေးခြင်း၊ တောင်းခံသည့် ရက် ကျော်လွန်မှ ထုတ်ပေးခြင်း စသော ပိတ်ပင်ဟန့်တားမှုများ ပြုလုပ်ခဲ့သည်။ …

ပုဒ်မ ၁၈ သည် ဆန္ဒပြပွဲများကို တားဆီးရာတွင် အာဏာပိုင်များအဖို့ အထိရောက်ဆုံးသော ဥပဒေဖြစ်လာလေ သည်။ လက်ပံတောင်းတောင် ဆန္ဒပြပွဲတွင် ပုဒ်မ ၁၈ သည် အထိရောက်ဆုံး နှင့် ဥပဒေဖြင့် ဒီမိုကရေစီ အခွင့်အရေးကို ပိတ်ပင်သောဥပဒေပုဒ်မလည်း ဖြစ်လာ၏။ ပြည်သူများနှင့် ရဟန်းသံဃာများကို လက်ပံတောင်း တောင်တွင် ပုဒ်မ ၁၈ဖြင့်ပင် ဖြိုခွဲခဲ့သည်။ မီးလောင်ဗုံးများ အသုံး ပြုလာသည်အထိ အရက်စက်ဆုံး ဖြိုခွဲခံရ သော ဆန္ဒပြပွဲလည်း ဖြစ်လေသည်။ မီး လောင်ဗုံးသုံးကာ ဖြိုခွဲသူများကို အပြစ် မပေးဘဲ ဆန္ဒပြသူများကို အရေးယူ အပြစ်ပေးခဲ့သည်။ အလုပ်သမားတို့၏ လုပ်ခလစာအပြည့်အ၀ရရှိရေး၊ အချိန်ပို လုပ်ခများရရှိရေး၊ နိုင်ငံတကာ စံနှုန်းများနှင့် အညီ အလုပ်ချိန်ရရှိရေးစသော ဆန္ဒပြ တောင်းဆိုမှုများကိုလည်း ပုဒ်မ ၁၈ ဖြင့် ပင် နှိပ်ကွပ်ခဲ့ လေသည်။
လယ်သမားတို့ ၏ ဆန္ဒထုတ်ဖော်မှု၊ မြေယာအသိမ်းခံရ သူများ၏ ဆန္ဒပြပွဲစသော လူထု၏ တစ်ခုတည်းသော အားကိုးအားထားရာ ဆန္ဒပြတိုက်ပွဲနှင့် သပိတ်တိုက်ပွဲများကို ၂၀၀၈ ဖွဲ့စည်းပုံက အဖွင့်အပိတ်လုပ်ကာ ပုဒ်မ ၁၈ ဖြင့် ဟန့်တားထားခဲ့ပါတော့သည်။ ပုဒ်မ ၁၈ က ထောင်ချ၍ရသည်၊ ဒဏ် ငွေရိုက်၍ရသည်။ လမ်းလျှောက်ဆန္ဒပြသူများ အဖို့ ပုဒ်မ ၁၈ ပေါင်းများစွာဖြင့် တရားအစွဲခံရလေသည်။ မင်္ဂလာဒုံမှနေ မြို့တော်ခန်းမအထိ လမ်းလျှောက်ဆန္ဒပြ မည်ဆိုပါက သက်ဆိုင်ရာမြို့နယ်များ မင်္ဂလာဒုံမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှိုင် မြို့နယ် စသည့်ဖြတ်သန်းလာရာ မြို့နယ်တိုင်းမှ ခွင့်ပြုချက်တောင်းခံရမည်။ ဖြတ်သန်း လာရာတစ်လျှောက်တွင် ၁၅ မြို့နယ် ရှိပါက ထို ၁၅ မြို့နယ်မှ အပြစ်ပေးခြင်း ခံရမည်။ တစ်မြို့နယ်က ထောင်ဒဏ် ၁ လချပါက ၁၅ လထောင်ဒဏ် ကျခံရပေမည်။ တစ်မြို့နယ်က ဒဏ်ငွေ ၁၀၀၀၀ ချပါက ၁၅ မြို့နယ်အတွက် ၁၅၀၀၀၀ ချမှတ်ခံရပေမည်။ တစ်ကိုယ်တော် ဆန္ဒပြသမား ကိုထင်ကျော်တို့ဆိုလျှင် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် အကြိမ်ကြိမ်ရရှိ သော်လည်း ပုဒ်မ ၁၈ဖြင့် ကင်းသည် မရှိပေ။ ကိုထင်ကျော်သည် စစ်အစိုးရ လက်ထက်ကတည်းက တစ်ကိုယ်တော် ဆန္ဒပြခဲ့သူဖြစ်၏။ မြို့တော်ခန်းမရှေ့ရှိ နေရာများမှာ သူဆန္ဒပြခဲ့သော နေရာများ ဖြစ်ကာ အလွန်သတိ္တရှိသူလည်း ဖြစ် သည်။ သူတောင်းဆို ဆန္ဒပြခဲ့သည်မှာ လည်းတရားမျှတသော တောင်းဆိုမှုများ ဖြစ်လေသည်။ နောက်တစ်ဦးမှာ နော်အုန်းလှဖြစ်၏။ နော်အုန်းလှလို အမျိုးသမီး သူရဲကောင်းမှာ ရှားပါသည်။ ရွှေတိဂုံဘုရား အင်္ဂါထောင့်တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် ရေးအတွက် စိုက်လိုက်မတ် တတ် အပတ်စဉ်ဝတ်ပြုဆုတောင်းခဲ့သူ လည်းဖြစ်သည်။ ထိုသို့ ၀တ်ပြုဆုတောင်း သည်ကိုပင် စစ်အစိုးရက ခွင့်မပြုဘဲ အပြစ်ဒဏ်ပေးခဲ့ပါသည်။ အရပ်သားအစိုးရ တက်လာသောအခါ၌လည်း နော်အုန်းလှ ကို ယခင်စစ်အစိုးရအတိုင်း ပိတ်ပင်ခဲ့ သည်။ အရေးယူခဲ့သည်။ ယခင်နှင့်မတူ သည်မှာ ယခုအခါ ပုဒ်မ ၁၈ ဖြင့် အရေး ယူခဲ့ခြင်းဖြစ်သည်။

ထိုသို့အရေးယူလွန်းသဖြင့် ပြည်သူ လူထုမှာ အတော်ပင်မကျေမနပ်ဖြစ်လာ တော့သည်။ အစိုးရနှင့် သက်ဆိုင် ရာ အာဏာပိုင်များက ပြည်သူလူထု၏ ဆန္ဒပြပွဲ၊ သပိတ်ပွဲများကို စတန့်ထွင်နေသည် ဟု ထင်နေကြသည်။ သူတို့သည် ယခင်က စစ်သွေး၊ စစ်မာန်များ မပျောက်ဘဲ စစ်စိတ်ဓာတ်၊ စစ်အမြင်ဖြင့်သာ ပြည်သူ ကို ကြည့်နေ သောကြောင့် ဆန္ဒပြပွဲ၊ သပိတ်တိုက်ပွဲများမှာ များသထက်များ လာခြင်းဖြစ်သည်။ ပြည်သူမှာ ဒုက္ခအရောက်ခံ၊ အဖမ်းခံ၊ အပင်ပန်းခံပြီး ဘယ်သူမှ ဆန္ဒပြလိုစိတ်မရှိကြပါ။ သို့ သော် အလုပ်ရှင်များ၊ ခရိုနီများ၏ မတရား ဖိနှိပ်မှုများကြောင့်သာ မိမိတို့၏ တစ်ခုတည်းသော လက်နက်ဖြစ်သည့် ဆန္ဒပြပွဲ၊ သပိတ်တိုက်ပွဲများကို ဆင်နွှဲခဲ့ ကြရခြင်းဖြစ်သည်။ ပြည်သူများမှာအလွန် သနားစရာကောင်းလှ၏။ ဒီမိုကရေစီအစိုးရဟု သူတို့ကိုယ်သူတို့ အခေါ်ခံချင်သလို စစ်အစိုးရနှင့် မတူကြောင်း ကမ္ဘာကိုပြချင်သော ဦးသိန်းစိန်အစိုးရမှာ တစ်ဖက်က ဆန္ဒပြ ပွဲများကိုလည်း စိုးရိမ်ထိတ်လန့်နေသည်။ ထို့ကြောင့် ထိုစိုးရိမ်ထိတ်လန့်မှုကို အကာအကွယ်ပေးနေသော ပုဒ်မ ၁၈ ကို ရေလဲ သုံးနေခြင်းဖြစ်ပါသည်။ စစ်အစိုးရခေတ်က ဆန္ဒပြလျှင် သေနတ်ဖြင့် ပစ်ခတ်ကာ ဖြို ခွဲပြီး စစ် အစိုးရဖြစ်၍ စစ်စဩရိုက်အတိုင်း ပြုလုပ်သည်မှာ မဆန်းတော့ဟု ယူဆထား သည်။ ယခု အစိုးရသစ် လက် ထက်၌ ဒီမိုကရေစီအစိုးရဟု ကြေညာထားပြီး တစ် ဖက်က ပုဒ်မ ၁၈ ဖြင့် ဖိနှိပ်နေသည်မှာ အလွန်ရှက်စရာ ကောင်းလေသည်။

ပုဒ်မ ၁၈ ဒဏ်ကို မခံမရပ်နိုင်ဖြစ် လာသော ပြည်သူတို့သည် ပုဒ်မ ၁၈ ဖျက်သိမ်းပေးရေးအတွက် ပုဒ်မ ၁၈ ဖြင့် အရေးယူခြင်းကိုခံကာ ဆန္ဒပြတောင်းဆို လာကြ၏။ လွှတ်တော်ထဲတွင်လည်း တရားဥပဒေကို ကျွမ်းကျင် နားလည်သော ဦးသိန်းညွန့်တို့လို အမတ်များက ပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့သည်။ လွန်ခဲ့သော နှစ်ကဆိုလျှင် ပုဒ်မ ၁၈ ကို လုံးဝဖျက်သိမ်းပေးတော့မလိုလို လွှတ် တော်အမတ်များဆီက အသံကြားလာရ သည်။ NLD ကိုယ်စားလှယ်များကလည်း ပုဒ်မ ၁၈ ဖျက်သိမ်းပေးရေး တောင်းဆို လာကြပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး၌ ပုဒ်မ ၁၈ လောက်ကိုပင် မပြင်ပေးနိုင်လျှင် ထိုထက်မက အရေးကြီးသော တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းအား ပြင်ဆင်ဖို့မှာ အလွန်ခက်ခဲနေပေတော့မည်။ ထို့ကြောင့် ယခု ၂၀၁၄ လွှတ်တော်တွင် ပုဒ်မ ၁၈ နှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များက ပုဒ်မ ၁၈ ပြင်ဆင်ဖို့ ပြောဆိုသံများကို ကြားလာရပါသည်။

 ပြည်သူလူထု တစ်ရပ်လုံး တောင်းဆိုနေသည်မှာ ပုဒ်မ ၁၈ ဖျက်သိမ်းပေး ရေးဖြစ်သည်။ ပြည်သူများက မည်သည့် အာဏာပိုင်ထံကမှ ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်းတို့ကို ခွင့်ပြုမိန့် တောင်းခံစရာ မလိုဟု ယူဆကြ ပါသည်။ ယခုအခါတွင် ပြည်ထဲရေးဝန်ကြီး ဌာနရဲတပ်ဖွဲ့နှင့် ရှေ့နေချုပ်ရုံး တို့က ပုဒ်မ ၁၈ကို မဖျက်သိမ်းဘဲ ပြစ်ဒဏ်လျှော့ ပေးရေးလောက်သာ ခွင့်ပြုနိုင်မည်ဟု ဆိုသောကြောင့် ပြည်ခိုင်ဖြိုး ပါတီမှ လွှတ်တော်အမတ် သူရဦးအောင်ကိုက ပြင် ဆင်ချက် တင်သွင်းလာခြင်းဖြစ်သည်။ ထူးထူး ခြားခြား မရှိလှပေ။ ယခုပြည်ထဲရေး ဌာနက လက်ခံလိုက်သော ပြင်ဆင်ချက် တွင် မူလဥပဒေပုဒ်မ ၁၇ တွင်ပါ သော ထောင်ဒဏ် ၂ နှစ်အစား ထောင်ဒဏ် ၁ နှစ်၊ မူလပုဒ်မ ၁၈ တွင်ပါသော ထောင် ဒဏ် ၁ နှစ်အစား ထောင်ဒဏ် ၆ လ၊ မူလပုဒ်မ ၁၉ တွင်ပါသော ထောင်ဒဏ် ၆ လအစား ထောင်ဒဏ် ၃ လ၊ တစ်ဝက် စီကို လျှော့ပေါ့ပေးသည်။ ထို့ပြင် ယခင် အတိုင်း စီတန်းလှည့်လည်မည်ဆိုလျှင် ခွင့်ပြုမိန့်တောင်းခံရမည်။ သို့သော် ခွင့်ပြု မိန့်ကို ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ သက်ဆိုင်ရာအာဏာပိုင်များက ပယ်ချခြင်း မပြုရဟု ပြင်ဆင်ထားပြန်ပါသည်။ ခိုင်လုံ သော အကြောင်းပြချက်ဆိုသည်မှာ ခွင့်ပြု မိန့်ထုတ်ပေးသော မြို့နယ်ရဲတပ် ဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးဌာနတို့၏ သဘော ထား အပေါ်တွင် မူတည်ပါသည်။ သူတို့ ခွင့်ပြုလျှင် ခိုင်လုံသော အကြောင်းပြချက် မရှိ၍ သူတို့ခွင့်မပြုလျှင် ခိုင်လုံသော အကြောင်းပြချက်ရှိဟု သတ်မှတ်ကြပေ မည်။ ထို ကန့်သတ်ချက်မှာ အပေါ်ယံဆန် လှ၏။ လေးနက်မှုမရှိလှပေ။ ခိုင်လုံသော အကြောင်းပြချက်ဆိုသည်ကို လုံးဝထည့် သွင်းထားစရာမလို၊ ပြစ်ဒဏ်ကိုလည်း လုံးဝသတ်မှတ်ထားစရာမလိုပေ။ ဆန္ဒပြခြင်း၊ သပိတ် မှောက်ခြင်း၊ စီတန်းလှည့် လည်ခြင်းတို့ကို လွတ်လပ်စွာ လုပ်ခွင့်ရှိ၏။ ၂၄ နာရီအတွင်း သက်ဆိုင်ရာအာဏာပိုင် များထံ အကြောင်းကြားလျှင် လုံလောက် ပြီဖြစ်သည်။ ယခင်စစ်အစိုးရကာလနှင့် ယခုဘာမှ မကွာခြားပေ။ ပြည်သူများက ယခုကဲ့သို့ ဥပဒေသတ်မှတ်ချက်မျိုးကို ကန့်ကွက်ရပေမည်။

ယခင်ကအကြောင်း ပြသလို ဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်လုံ ခြုံရေးဟုဆိုသည့်အတိုင်းပင် ယခုလည်း လုံခြုံရေးအကြောင်းပြကာ လွတ်လပ် စွာ ဆန္ဒပြခွင့်ကို ပိတ်ပင်တားဆီးသည် မဟုတ်ပါလော။ လွှတ်တော်တွင် ထိုပြင် ဆင်ချက်မျိုးကို လွှတ်တော် အမတ်များက လက်မခံသင့်ပေ။ အာဏာရှင်ဆန်သော ဒီမိုကရေစီမကျသော ပြင်ဆင်ချက်ဖြစ်နေ၏။ လွှတ် တော် ၂ ရပ်စလုံးက ထိုပြင် ဆင်ချက်ကို ကန့်ကွက်ရမည်။ တပ်မတော် သားကိုယ်စားလှယ်များကလည်း ထိုပြင် ဆင်ချက်ကို လက်မခံသင့်ပေ။ အရပ်သား ကိုယ်စားလှယ်များကမူ ပို၍ကန့်ကွက်သင့် ပေသည်။ အရေးကြီး သည်မှာ ပုဒ်မ ၁၈ ကို ပယ်ဖျက်ရေး၊ လွတ်လပ်စွာ မိမိဆန္ဒ ထုတ်ဖော်ခွင့်ရှိရေး၊ လွတ်လပ်စွာ ဆန္ဒပြခွင့်၊ သပိတ် မှောက်ခွင့် ရှိရေးတို့ကို လူထု လူတန်းစားအဖွဲ့အစည်းအားလုံး၊ ပြည်သူ အားလုံးက တောင်းဆိုကြ ရပေ လိမ့်မည်။

မြန်မာသံတော်ဆင့်

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.