03/14/14

ဖမ်းချင်ရင်ဖမ်း သံချပ်ကိုတော့ စိစစ်ရေးမတင်နိုင်ဘူးဆိုတဲ့
ဇာဂနာ နဲ. ဗေလုဝ။

မကြာမီ သင်္ကြန်ရိုးရာ ပွဲတော် ရောက်ရှိလာတော့မည်။ ဆိုရှယ်လစ်ခေတ် ကတည်းက အုပ်ချုပ် သူများသည် မီဒီယာများကို ထိန်းချုပ် ကြပ်မတ်
ထား သော်လည်း သင်္ကြန်ပွဲတော် အတွင်း သံချပ်များ ရေးဖွဲ့ကာ အစိုးရအား အပြုသဘော ဝေဖန်မှုများကိုတော့ ခွင့်လွှတ်ထား ခဲ့သည်။

ယင်းရိုးရာဓလေ့သည် ၁၉၈၈ခု တပ်မတော် အစိုးရ အာဏာ သိမ်းပြီး
သည့်နောက် ပျောက်ကွယ်သွားသည်။ ၁၉၈၀ ကာလ တစ်ဝိုက် ရန်ကုန် နှင့် မန္တလေးမြို့ကြီးများတွင် ရိုးရာသံချပ် အဖွဲ့များကို ဆင်းရဲတွင်း နက်နေသော နိုင်ငံသားများက အင်တိုက်အားတိုက် အားပေးခဲ့သည်။

ထိုစဉ်အခါက ဆိုရှယ်လစ် စီးပွားရေး စနစ်အောက်တွင် စပွန်ဆာ ဆိုတာမရှိ။ သံချပ် ၀ါသနာအိုးများသည် မိမိ၏ ကိုယ်ပိုင် ပိုက်ဆံလေးများကို စုဆောင်းကာ အင်္ကျီ ပုဆိုးများ ၀ယ်ရသည်။
ထိုစဉ်က တစ်ယောက် ၃ ကျပ်စုလျှင် သင်္ကြန် အတွက် ယူနီဖောင်း ရသည်။ ထိုအချိန်ကို ရောက်ဖို့ တစ်နှစ်လုံး အားခဲပြီး စောင့်နေသော သင်္ကြန်မင်းသားများ ရှိသည်။ မြို့နယ်တိုင်းမှလည်း သင်္ကြန် အလှပြ ကားများကို ဆုပေးမည့် မဏ္ဍပ်များက အစီအရီ။ ထိုစဉ်အခါက “ဆိတ်ပါးစပ် နတ်မျက်စိ”၊ “ပြီးပါပြီ” ၊ “မပြောတော့ဘူး”၊ “ ဒိုးဒိုးဒေါက်ဒေါက်” ၊ “မောင်မောင်ဆိုလေ ထီးရိုးရှည်” ၊ “ဒဲ့ဒိုး” “ကောလဟာလ” “တန်ခူးလေနဲ့ မျောလွင့်ခြင်း” ၊ “မှန်သားထဲက
မျက်နှာ” ၊ “ခြင်းကြားတုတ်ထောက်” ၊ “အပြာရဲ့အနီ”စသည့် သင်္ကြန် အဖွဲ့များက ရန်ကုန်တွင် နာမည်ကြီးသည်။

ဒီနှစ်တွင် မည်သည့် အသင်းက ဘာတွေ ပြောမလဲ ဆိုတာကို
စောင့်စားနေကြ ရသည်။ ယခင်နှစ်က ပထမရသော အဖွဲ့မှ ယခုနှစ်မှာ လုံးဝ ပြုတ်သွားတာလည်း ရှိသည်။ သင်္ကြန်ပြီးတော့ အားလုံး ကွဲသွားကြသည်။ သင်္ကြန် နားနီးတော့ ပြန်ဆုံ ကြပြန်သည်။ သင်္ကြန်မင်းသား တစ်ဦး ဖြစ်သူ လူရွှင်တော် ကုသိုလ်သည် သင်္ကြန် သံချပ်ရှုံးလို့ အိမ်က သစ်တွေခွာ ရောင်းပြီး စိုက်လိုက်ရ သည်လည်း ရှိသည်။ တစ်ချို့ မဏ္ဍပ်တွေက တော်ရုံ အဖွဲ့ဆိုရင် လက်မခံ အစဉ်အလာရှိသော သံချပ် အဖွဲ့များသာ ပြိုင်ခွင့်ရသည်။

ပရိသတ်များ၊ ရပ်ကွက် လူထုများ၏ ရင်တွင်း ခံစားချက်ကို ပြောပေးသော အဖွဲ့ဆိုလျှင် လက်ခုပ်တီး အားပေးကြသည်။ သံချပ်တစ်ဖွဲ့နှင့် တစ်ဖွဲ့ မတူကြ။ သင်္ကြန်ကို သီးသန့် ကြည့်မည့် လူတန်းစားကလည်း မဏ္ဍပ်ရှေ့တွင် မိုးလင်းသည်ထိ စောင့်နေလေ့ ရှိသည်။ နာမည်ကြီး သံချပ် အဖွဲ့များမှာ ဖိတ်ကြားထားသည့် မဏ္ဍပ် ကုန်အောင် မသွားနိုင်ကြ။
သင်္ကြန် အတက်နေ့ဆိုလျှင် အသံတွေဝင် ကုန်သည်။ ၁၉၈၆/၈၇ နိုင်ငံရေး မတည်ငြိမ်သော အခြေအနေတွင် သတ္တိရှိသော သံချပ်အဖွဲ့ တစ်ချို့ အဖမ်းခံရသည်။ တစ်ချို့က အချုပ်ခန်း ထဲတွင် သံချပ် ဆက်ထိုးသည်။ သင်္ကြန် သံချပ်အဖွဲ့ ထွက်နိုင်ရန် အချို့ ရပ်ကွက်များက ဆန်တွေဆီတွေ
ထောက်ပံ့ကြသည်။

မြန်မာ့ရိုးရာ သင်္ကြန် နှင့် သံချပ် ဆိုသည်မှာ ခွဲခြား၍ မရ သင်္ကြန်ကျလို့ သံချပ် မပါလျှင် ပြည့်စုံမှု မရှိဟု ထင်ကြ သည်။ တစ်ချို့ အဖွဲ့များသည် စာသား ကြိုတင် စိစစ်မှုများ ရှိသော်လည်း စိတ်ကြိုက်တိုင်ပြီးမှ ရဲစခန်းသွား အဖမ်းခံတာမျိုးလည်း ရှိသည်။ သို့သော် သံချပ်ခေါင်းဆောင်
တွင် အခြေခံစည်းမျဉ်းများ ရှိပါသည်။ ဘာသာရေး နှင့် ပတ်သက်၍
စော်ကားသည့် သံချပ်မျိုး၊ တိုင်းရင်းသား စည်းလုံးမှုနှင့် ပတ်သက်၍ ထိခိုက်မည့် သံချပ်မျိုး လုံးဝ မထိုး။

ထိုခေတ် ထိုအခါက သမ၀ါယမ ဆေးခန်းနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အကြောင်းကို အဓိက ပြောလေ့ရှိသည်။ အမျိုးဂုဏ် ဇာတိဂုဏ် ရှင်သန်ဖို့ သံချပ်တိုင်သည်။ ဤသို့ ချစ်စရာ ကောင်းသော
မြန်မာ့ဓလေ့ ရိုးရာ သံချပ်များသည် တပ်မတော်မှ အာဏာသိမ်းသည့် အချိန်ကစပြီး ပျောက်ကွယ်သွားသည်။ သင်္ကြန် မင်းသားများ ဖြစ်ကြ
သော မောင်မေတ္တာ၊ ဇာဂနာ၊ ကဗျာဆရာ မောင်စိမ်းနီ၊ ဗေလုဝ၊ ကုသိုလ်၊ လှကျော်နေ၊ မောင်ကြေးမုံတို့ ရင်ကွဲနာကျ ခဲ့ရသည်။

ယခုတော့ ဒီမိုကရေစီခေတ်ကို ရောက်ပြီဟု ဆိုကြသည်။ လွတ်လပ်စွာ
ပြောဆိုခွင့် ရှိလာပြီ ဟု ချီးမွန်းကြသည်။ သင်္ကြန်မင်းသားများလည်းေ
ပျောက်ဆုံးနေသော သံချပ်ကို အသက်သွင်းဖို့ ကြိုးပမ်း လာကြသည်။ ထိုအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ သင်္ကြန် သံချပ်
များကို စိစစ်မည့် အစီအစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

၁၃၇၅ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာ သင်္ကြန် ပွဲတော်တွင် သင်္ကြန် သီိချင်း စပ်ဆိုခြင်း၊ သံချပ်ထိုး စာသားများအား တိုင်းဒေသကြီး အစိုးရ
အဖွဲ့ မဟာသင်္ကြန် သံချပ် စိစစ်ရေး ကော်မတီသို့ မတ်လ ၂၀ရက်
နောက်ဆုံးထား တင်ပြရန်နှင့် ကော်မတီ၏ ခွင့်ပြုချက်ဖြင့်သာ သီချင်း စပ်ဆိုခြင်း၊ သံချပ် ထိုးခြင်းများ ဆောင်ရွက်ရန် ဖြစ်ကြောင်း မတ်လ (၅)ရက်နေ့တွင် အစိုးရ သတင်းစာများ၌ ထုတ်ပြန် ကြေညာခဲ့သည်။

ဤကိစ္စနှင့် ပတ်သက်၍ လူရွှင်တော် ကုသိုလ်က “၂၀၁၂ ဦးတို့ သင်္ကြန်သံချပ် ပြန်ထွက်တဲ့ အဖွဲ့ နာမည်ကတော့ “သာဓုပါဗျာ”
လို့ ခေါ်ပါတယ်။ အဲဒီထဲက ပြည်သူ လူထုက တစ်ခဲနက် အားပေးခဲ့
ကြတဲ့ စာသား တစ်ပိုဒ်ကို ပြောပြရရင် “ဟိုဘက်ကမ်းက မီးထိန်ထိန် ယိုးဒယားတို့ အိမ် ဒီဘက်ကမ်းက မီးမှိန်မှိန် ကျနော်တို့ရဲ့ အိမ် ဟိုဘက်ကမ်းက မီးထိန်ထိန် ပေါက်ဖော်ကြီးတို့ အိမ် ဒီဘက်ကမ်းက မီးမှိန်မှိန် ကျနော်တို့ အိမ် ကျွန်တော်တို့ ရောင်းတဲ့ ဓာတ်အားတွေနဲ့ သူတို့မှာ လင်းလက်လို့ ထိန် ပိုင်ရှင်ဖြစ်တဲ့ ကျွန်တော်တို့မှာ ပြာလဲ့လဲ့မှိန်” အဲလို သံချပ်တွေ ဘာကြောင့် တိုက်ခဲ့သလဲ ဆိုတော့ ဓာတ်အား
တွေတော့ အစိုးရက သူများ နိုင်ငံကို ရောင်းလိုက်တာပဲ ပြည်သူကတော့ ဘာအကျိုး ကျေးဇူးမှ မခံစားရဘူး။ ဒါမျိုးတွေကို သံချပ်တိုက်တော့
ပြည်သူတွေက လက်ရှိ ခံစားနေရတဲ့ ကိစ္စတွေ ဖြစ်တော့ တစ်ခဲနက် အားပေးခဲ့ကြတာ ပဲလေ”ဟု ဆိုပါသည်။

အခြား သင်္ကြန်မင်းသား တစ်ဦင်္းဖြစ်သော မောင်မေတ္တာမှလည်း သံချပ်စာသား ကြိုတင်ရမည့် ကိစ္စနှင့် ပတ်သက်၍ “ဒီအတိုင်း
ဆိုရင်တော့ မလုပ်တော့ဘူး၊ တိုင်းပြည်ကို ပြုပြင်သူတွေကို
ဘာမလုပ်ရ ညာမလုပ်ရ ဆိုပြီး အမိန့်ထုတ်တဲ့ အတွက် မလုပ်ချင်
တော့ဘူး၊ သံချပ်သမား ဆိုတာ အဖျက်သမားတွေ မဟုတ်ဘူး၊ အပြုသဘော ပြောတဲ့ သူတွေ ဒီနှစ် စဉ်းစားထားတာက မြန်မာ့
မြေယာ ရှည်လျားထွေပြား မြွေနဂါး တစ်ဖြည်းဖြည်း ၀ါးတော့မှာ ဆိုပြီး လုပ်ထားတာ ဒီအတိုင်း ဆိုရင်တော့ သံချပ်ဆိုတာလည်း ရှိမှာ မဟုတ်တော့ဘူး”ဟု ဖြေကြား သွားခဲ့သည်။

ပုဂံညောင်ဦးတွင် ရုပ်ရှင် ရိုက်ကူးနေသော သင်္ကြန်မင်းသား ဗေလုဝ
ကလည်း “န၀တ ခေတ်က အတိုင်းပဲလား၊ သူတို့ ပြောနေတဲ့ ပွင့်လင်း မြင်သာမှု ဆိုတာ ဘာလဲ၊ ကျွန်တော်ကတော့ ဒီနှစ် သံချပ် ထွက်မယ်။ စိစစ်ရေးလည်း မတင်ဘူး။ ဖမ်းချင်လည်းဖမ်း သံချပ်
ကတော့ ထွက်မှာပဲ”ဟု ပြောကြားသည်။

လာမည့် သင်္ကြန်ပွဲတော်တွင် သံချပ်နဲ့ ပတ်သက်ပြီး ကြိုတင် စိစစ်မည့် ကိစ္စကို ဆန့်ကျင်ကြောင်း လူရွှင်တော် ဇာဂနာက ပြောကြားခဲ့သည်။ “တိုင်းပြည်က ရှေ့ကို သွားနေတာလား၊ နောက်ကို သွားနေတာလား၊ မသိတော့ဘူး၊ ဘယ်လိုပဲ ဖြစ်ဖြစ် သင်္ကြန် သံချပ်တွေက ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ အားနည်းချက်တွေကို ချစ်စရာ ကောင်းအောင်
ထောက်ပြတယ်၊ သံချပ် သမားတွေက လိုအပ်ရင်လည်း သတ္တိရှိတယ်၊ စစ်အုပ်ချုပ်ရေး ခေတ်ကိုတောင် အာခံခဲ့သေးတာပဲ၊ ဒီသံချပ်လေးနဲ့ လာမည့် သင်္ကြန်ကို နှုတ်ဆက် လိုက်ချင်တယ်။

“မီးပြင်းနဲ့တိုက် တိုက်ချင်တိုက်
ပေပေါ်တင်ထု ထုချင်ထု ၊
မီးတိုက်တဲ့အခါနီရဲလာမယ်၊
တူထုတဲ့အခါ ကျစ်မာလာမယ်
ကျောက်ဆိုင်မာဘိ သံမဏိကွ
သတိ္တဟိန်းထ ပေါက်ကွဲရှပြီ
ဘ၀ဆိုတာနွေဟေ့နွေ”

ရွှေညီ

( Tomorrow သတင်းဂျာနယ် အမှတ်(၃)မှကောက်နှုတ်ချက် )


အမြင့် လေးငါးပေခန့်သာရှိသည့်စင်ပေါ်တွင် အသက် ၄ဝ နှစ် ခန့်အရွယ်ဟု ထင်မှတ်ရသော ခန္ဓာကိုယ်ခပ်တောင့်တောင့် အသားခပ်လတ်လတ် အမျိုးသားတစ်ဦးမှာ ပုလင်းတစ်လုံးပေါ်တွင် ဓာတ်ခဲတစ်လုံးတင်ကာ အဆိုပါ ဓာတ်ခဲပေါ်တွင် ၎င်း၏ခြေထောက်နှစ်ချောင်းအား မရမကတင်၍ လက်နှစ်ဖက်က မြေကြီး ကိုထောက် ကာ မှောက်လျက်အနေအထား။
၎င်း၏ ဝမ်းဗိုက်တည့်တည့်တွင် ချွန်မြနေသောဓားတစ်ချောင်းမှာ ထောင်လျက်အနေအထားဖြင့်ရှိနေသည်။ ပုလင်းနှင့် ဓာတ်ခဲပေါ်တွင် တင်ထားသော ခြေထောက်မှော က်ကာ ထောက်ထားသည့် လက်နှစ်ဖက်ဖြင့် ဒိုက်ထိုးသော ပြကွက်ကို ပြသခြင်း။  ပုလင်းပေါ်မှချော်ကျပါက ထောင်ထားသောဓားမှာ ဗိုက်အတွင်းသို့ ကွက်တိ ဝင်သွား မည်ဖြစ်သည်။ ထို့ကြောင့် ဝိုင်းကြည့်ရှုနေသူများ စိုးရိမ်သောအကြည့်ဖြင့် ကြည့်နေကြခြင်း ဖြစ်သည်။
နိုင်ငံခြားဇာတ်ဝင်ခန်းတစ်ခုတော့မဟုတ်ပါ။ ယခုလ ၉ ရက်နေ့က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၊ တုလွတ်အောင်မြေကျောင်း အတွင်း မြေကွက်လပ် တစ် ခုမှာ မှော် ပညာမဟုတ်သော၊ မျက်လှည့်မဟုတ်သော၊ အောက်လမ်းနည်းမဟုတ်သော ထူးဆန်းသည့်ပြကွက်များကို လူအများစိတ်ဝင်စား ဖွယ်ပြ သနေခြင်း ဖြစ် သည်။
”ကျွန်တော်လည်း အဲ့ဒီပြကွက်ပြီးမှပဲ ဟင်းချနိုင်တော့တယ်။ ဗိုက်အောက်မှာဓားကြီးလေ။ ပုလင်းသာခြေချော်သွားကြည့် ဗိုက်ထဲကိုဖောက်ပြီးသားပဲ။ ပြသွားတာတွေက အသက် အန္တရာယ်အရမ်းများတယ်”ဟု အဆိုပါပွဲသို့ သွားရောက် ကြည့်ရှုသူ ကိုမင်းမြတ်မောင်က ပြောသည်။
ထိုကဲ့သို့ ပြကွက်များအပြင် ကလေးတစ်ယောက်၏ ဗိုက်၊ ကုပ်ပေါ်တို့တွင်သခွားသီးတစ်လုံးတင်၍ ဓားဖြင့် ခုတ်ခြင်း၊ ကားသုံးစီးအား ကြိုးဖြင့်သွယ်ကာ ၎င်း၏ဆံပင်ဖြင့်ချီ ၍ ကိုက် တစ်ရာခန့်အကွာအထိ တစ်ပြိုင်နက်တည်း ဆွဲပြခြင်း၊ ငါး လက်မခန့် ရေခဲတုံးအား ခေါင်းဖြင့်ခွဲခြင်း၊ ၎င်း၏ဗိုက်ပေါ်တွင် ရေခဲတုံးတင်၍ ၎င်းရေခဲတုံးပေါ်တွင် အုတ်ခဲသုံးလုံးထပ်ဆင့်တင်ကာ ပရိသတ်ထဲမှ တစ်ယောက်ကတူဖြင့်ထုပြသည့် ပြကွက်အား ပြသခြင်းစသည့် ပြကွက်များကို လူအများ စိတ်ဝင်စားဖွယ်ရာ ဖြစ်ခဲ့သည်။ ထိုနေ့တွင် ပရိ သတ်အကြိုက် ပြကွက်ဆယ်ကွက်ကို ပြသခဲ့သည်။
ထိုကဲ့သို့ ထူးဆန်းသည့် အသက်အန္တရာယ်စိုးရိမ်ရသော ပြကွက်များကို ပြသဖန်းတီးခဲ့သူမှာ နိုင်ငံခြားသားမဟုတ်။  မြန်မာနိုင်ငံမှ ရေငုပ်ရာတွင် နာရီများစွာ ရေငု ပ်နိုင် သူများဟု ကျော်ကြားသော ကမ္ဘာကျော်ဆလုံလူမျိုး၊ မော်ကင်းထမံသီ မျိုးနွယ်စုဝင် အသက် ၇ဝ အရွယ် ဦးငြိမ်းချမ်းအောင်ဆိုသူ ဖြစ်သည်။
”အသက် ၄ နှစ်ကတည်းက စကျင့်လာတာ၊ အသက် ၂၄နှစ် အရွယ်မှာ ဒီလိုမျိုးပွဲစလုပ်ဖြစ်တယ်။ မဆလခေတ် ကတည်းက ဆိုပါတော့။ နှစ်ပေါင်းလေးဆယ်ကျော်ပြီ” ဟု ဦးငြိမ်းချမ်းအောင်က ပြောသည်။ ၎င်းတို့မျိုးနွယ်စု၏ သဘောတရားအရ ထိုပညာအမွေကို ဆက်ခံလာခဲ့ခြင်းဖြစ်သည်။ ၎င်းတို့မျိုးနွယ်စု၏ မိသားစုဝင် များထဲ မှ ခေါင်းဆောင်အဖြစ်သတ်မှတ်သူတစ်ဦးအား မွေးစ အချိန်မှ စတင်လေ့ကျင့်ပေးရပြီး မွေးမွေးချင်းမှာပင် ခြေဖျားမှ လည်ပင်းအထိ ကြိမ်များဖြင့် အတောင့်လိုက် ပတ် ထားပေးပြီး ကျင့်ရသည်ဟု ဦးငြိမ်းချမ်းအောင်က ဖြေသည်။ ”အတောင့် လိုက် အနေအထားနဲ့ပေါ့ ဖြေသင့်တဲ့ချိန် ပြန်ဖြေပြီး ပြန်ပတ်။ အဖုအထစ်တွေ အကြော အ ဆစ်ေ တွ ပြေပြစ်အောင် အဲ့ဒီလို လုပ်တာ”ဟု ၎င်းက ပြောသည်။


အဆိုပါကျင့်စဉ်များအားကျင့်မည်ဆိုပါက အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဖဲရိုက် ခြင်း၊ လိမ်လည်ပြောဆိုခြင်းမပြုရဘဲ တရားသဘော၊ ဝင်လေ ထွက်လေ ကျင့်စဉ်များလည်း ပါဝင်သည်။ ၎င်းပညာအား မော်ကင်းကသိုင်းဟုခေါ်ပြီး ကိုယ်ခံပညာတစ်ရပ် ဖြစ်သည်။ ဆလုံလူမျိုးများမှာ မွေးရာ ပါရေငုပ်ကျွမ်း ကျင်ခြင်းကြောင့် ဘိုး ဘေးဘီဘင်လက်ထက်မှ အမွေဆက်ခံခဲ့သော ကိုယ်ခံပညာ၊ ဗုဒ္ဓ၏ တရားသဘောများ ရှုမှတ်ခြင်းနှင့် ပေါင်းစပ်ကာ ယခု ကဲ့သို့ထူး ဆန်းသောပြ ကွက်များကို ပြသနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဦးငြိမ်းချမ်းအောင်က ၎င်းပြကွက်များနှင့်ပတ်သက်၍ ပြောဆို သည်။ ၎င်းပြသည့်အကွက်များမှာ အခန်းပေါင်း ၅ဝ ခန့်ရှိပြီး ပြ ကွက်ပေါင်း ၅ဝဝ ရှိသည်ဟု ဆိုသည်။
၁၉၇၂-၇၃ခုနှစ်ခန့်မှ ယခု အချိန်ထိ နှစ်လေးဆယ်ကျော် ပြသခဲ့ပြီး ပွဲပေါင်းမှာ မရေတွက်နိုင်အောင် များပြားနေပြီ ဖြစ်သည်။  ”ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ပြတုန်းကတော့ အမှတ် တရပဲ။ ကျွန်တော့်ပြကွက်တွေကို သူတို့တွေက ထူးဆန်းနေကြတယ်။ တအားလည်းသဘောကျကြတယ်။ နောက်ပွဲလည်း ပြီးရော ငြိမ်းချမ်းအောင် (စွမ်းအားရှင်) ဆိုပြီး သူတို့ဘာသာ သတ်မှတ်လိုက်ကြတယ်။ တော်တော်အားပေးကြတယ်”ဟု ပြပွဲမှအမှတ်တရအနေဖြင့် ဦးငြိမ်းချမ်းအောင်က ပြောပြသည်။
၎င်း၏ပြကွက်များထဲမှ နှစ်ဖက်အချွန်သံချောင်း တစ်ချောင်းအား တစ်ဖက်မှငှက်ပျောပင်ကို ထောက်၍ ကျန်တစ်ဖက်မှာ ၎င်း၏လည်ပင်းကို ထောက်ကာ ငှက်ပျောပင် ထုတ်ချင်းပေါက်အောင်ထိုးပြသောပြကွက်၊ ၎င်း၏ဗိုက်ပေါ်သို့ အိမ်စီးကားတက်ကြိတ်ပြသည့် ပြကွက်များမှာ လူအများ စိတ်ဝင်စားသည့် ပြကွက်များဖြစ်သည်။ ရှမ်းပြည် နယ်ဘက် တွင် မီးပုံးပျံအောက်ခြေမှာ တန်းထိုး၍ လည်ပင်းဖြင့်ချိတ်ကာ မည် သည့်အကူညီမျှမပါဘဲ  လည်ပင်းဖြင့် ချိတ်လျက်တန်း လန်းဖြင့် လေထဲသို့ ပျံဝဲခြင်း များမှာ လည်း အောင်မြင်ခဲ့သော ပြကွက်ဖြစ်ခဲ့ပြီး ယင်းဒေသရှိ တိုင်းရင်းသား လက်နက်ကိုင် တော်တော်များများမှ ၎င်းအား ခေါ်ယူကာ တပ်သား များ အား ဖျော်ဖြေ ရ သည် အထိ အောင်မြင်ခဲ့သည်။
”ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေတော်တော် များများကို ပြကွက်တွေသွားပြရတော့ ရှမ်းတပ်တစ်တပ်မှာ စစ်သားတွေကို ဆိုင်ကယ်တွေအများကြီးပေါ်မှာ တက်ထိုင် ခိုင်းပြီး ကျွန်တော်က ရှေ့ကနေ ဆံပင်နဲ့ဆွဲတာ သူတို့က တော် တော်သဘောကျတယ်။ အဲဒီဘက်က အရာရှိတွေကလည်း ကျွန်တော့်ကို တလေးတစား ဆက်ဆံကြတယ်။ သူတို့ကလည်း ကျွန်တော့်ပြကွက်တွေကို အံ့လည်းအံ့သြ အားလည်း အားပေးကြတယ်”ဟု ဦးငြိမ်းချမ်းအောင်က ပြောသည်။
၎င်းသည် နှစ်လေးဆယ်ကျော်အတွင်း ပွဲပေါင်းများစွာကို ပြည်နယ်နှင့် တိုင်းဒေသကြီးအတော်များများတွင် သွားရောက် ဖျော်ဖြေခဲ့သည်။ ၎င်းတွင် အိမ်ပိုင်ရာပိုင် မရှိ မြန် မာနိုင်ငံနေရာ အနှံ့လှည့်လည်ဖျော်ဖြေပြီး ရောက်သည့်နေရာတွင် ဖြစ်သလို နေသည်ဟု ဆိုသည်။ ပွဲလုပ်ချင်၍ စီစဉ်ပေးသူ၏ အစီအစဉ် အတိုင်းသာ နေထိုင်ပြီး ပွဲမရှိ ပါက ရောက်သည့်နေရာ တောထဲတွင် တဲထိုး၍နေထိုင်သည်ဟု ၎င်းက ပြောသည်။
သူ၏ ထူးခြားမှုကတော့ ၎င်းဖျော်ဖြေသောပွဲများအား အခကြေး ငွေယူ၍ ဖျော်ဖြေလေ့မရှိခြင်းပင်။ တစ်ခါတစ်ခါ ပြကွက်ဆန်းများအား ကြည့်ရှုသူများမှ သဘောကျလျှင် ဆု ကြေးငွေများ ပေးတတ်သော်လည်း လိုအပ်သည့်နေရာများသို့  ပြန်လည် လှူဒါန်းခဲ့သည်။ ထို့အပြင်အလှူငွေ တစ်ခုခုလိုအပ် ပါက လိုအပ်သည့်အတိုင်း အ တာ ငွေကြေးပမာဏအား မေး မြန်း၍ ၎င်းပမာဏနှင့် ပြည့်မီသည့်ငွေအား ရှာဖွေပေးသည်။ အလှူငွေသိန်းတစ်ရာ လိုအပ်ပါက သိန်းတစ်ရာဖိုးလက်မှတ် ရောင်းချ၍ ရုံ သွင်းကာပြကွက်များကို ပြသ၍ အလှူငွေရှာဖွေ ပေးသည်။
”ဆယ်သိန်းဆို ဆယ်သိန်း၊ သိန်းတစ်ရာဆို သိန်းတစ်ရာ လိုအပ်တဲ့ငွေပဲ ဝင်ကြေးရအောင်ယူတယ်။ အဲ့ဒီထက် ပိုမယူ ဘူး”ဟု ဦးငြိမ်းချမ်းအောင်က ပြောသည်။ သူပြသ သည့်ပြကွက်များမှာ အန္တရာယ်များသောကြောင့် ပွဲပြုလုပ်၍ ပြသစဉ် ထိခိုက်ဒဏ်ရာများရရှိခဲ့သည်များလည်း ရှိသည်။ ဧရာဝတီတိုင်းဘက်တွင် ပြသသော လည်ပင်းအား တုတ်ဖြင့်ရိုက်ပြသော ပြကွက်တွင် ရိုက်သူမှာ လည်ပင်းနှင့် ပါးစပ်အားမှားယွင်းရိုက်မိသောကြောင့်သွားများကျွတ်ထွက်သည်အထိ ကြုံဖူးကြောင်း ၎င်း၏သွားတုများ ကိုထိုး၍ ပြသပြောဆိုသည်။
”လည်ပင်းနဲ့ပါးစပ်မှားရိုက်တာလေ။ကျွန်တော်က မရယ် ရင်တော့ လူငယ်တစ်ယောက်လို့ထင်ရတယ်။ ရယ်လိုက်ရင် အဘိုးကြီးပဲ”ဟု ရယ်မောရင်း ပြောဆို သည်။ အသက်အရွယ်နှင့်မလိုက် လူငယ်တစ်ယောက်ကဲ့သို့ ယနေ့အထိ နေထိုင်နိုင်ခြင်းမှာ နေ့စဉ်နေထိုင်လှုပ်ရှားမှုများ ကြောင့် ဟုဆိုသည်။ အစားသောက် ပုံမှန်စားသည်။ အသီး အရွက်များများစားပြီး နေ့စဉ်လေ့ကျင့်ခန်းလုပ်ရသည်။ ည ၉ နာရီတွင် အိပ်ပြီး ည ၁၂ နာရီနောက်ပိုင်းတွင် အိပ်လေ့မရှိ တော့ဘဲ တရားသဘောဖြင့် ဝင်လေ ထွက်လေရှုမှတ်သည်ဟု ဦးငြိမ်း ချမ်းအောင်က ဆိုသည်။
သူ့တွင်  ပြင်းပြသောဆန္ဒတစ်ခု ရှိနေသည်။ ထိုဆန္ဒက တော့နှစ်ပေါင်း များစွာလေ့ကျင့်ခဲ့သော ပြကွက်ဆန်း များ အား လူအများ စိတ်ဝင်စားခဲ့ခြင်းအပေါ် ၎င်း၏ရ င်းနှီးေ သာ မိတ်ဆွေများ၏တိုက်တွန်းချက်အရ ဂင်းနစ်စံချိန်တင်လိုခြင်း ဖြစ်သည်။ ထိုသို့တင်လိုခြင်းမှာ ကျော်ကြားလိုခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံတွင် တခြားနိုင် ငံများ ကဲ့သို့ သူ များမလုပ်သော အ လုပ်များအား လုပ်နိုင်သောသူရှိကြောင်း ပြသလို၍ ဖြစ်သည်။ ဂင်းနစ်စံချိန်တင်ပါက တင်နိုင်လောက်သည့် အရည်အချင်း များ လုံလုံလောက်လောက် ရှိသည်ဟု ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။
”ဥပမာ ကျွန်တော် မီးပုံးပျံမှာ တန်းထိုးပြီးလည်ပင်းနဲ့ ချိတ်လေထဲပျံဝဲပြသလိုမျိုးပေါ့။ ဟက်စကီးရဲ့တန်းမှာလည်း လည်ပင်းနဲ့ချိတ်ပြီး လေထဲမှာလိုက်ပြမယ်။ ပြီးရင် ဘယ် လောက်နေနိုင်သလဲ။ အချိန်သတ်မှတ်ပြီး ဂင်းနစ်တင်လို့ရ တယ်။ လည်ပင်းနဲ့ပဲချိတ်ပြီး လိုက်သွားတာနော်။ တခြား ဘာအကူအညီမှမပါဘူး။ အဲ့ဒီလိုဆို ဂင်းနစ်မ တင်နိုင်ဘူး လားဗျာ။ တခြားပြကွက်တွေလုပ်ပြဆိုလည်း လုပ်ပြလို့ရတာ အများကြီးပဲ ရှိသေးတယ်။ သူများတွေ လုပ်တာထက် ကိုယ်က ပိုလုပ်ပြနိုင် တယ်။ မြန် မာနိုင်ငံ သားလုပ်ပြနိုင်တယ်ဆိုတာ ပြချင်တယ်”ဟု ၎င်းဆန္ဒအား ရင်ဖွင့်ပြောဆိုသည်။
ယခုအခါ ဂင်းနစ်စံချိန်တင်နိုင်ရန် ၎င်း၏ရင်းနှီးသော မိတ်ဆွေများမှ ဆက်သွယ်ပေးနေပြီး အခြေအနေပေးလာပါ က ဂင်းနစ်စံချိန်တင်နိုင် သည့် ပြကွက်များ ကို ပြသ သွားမည်ဖြစ် ကြောင်း ပြောသည်။ နှစ်လေးဆယ်ကျော် နယ်လှည့်ပြသခဲ့သည့် ၎င်း၏ပြကွက်များကို ထဲထဲဝင်ဝင်သိသူနည်းပြီး ယခုတစ် ခေါက် ရန်ကုန်မြို့ တွင် ပြု လုပ်သောပွဲမှသာ စီးပွားရေးလုပ်ငန်းရှင်များ မီဒီယာများ၏ စိတ်ဝင်စားခြင်းကိုခံလာရခြင်းဖြစ်သည်။ ရန်ကုန်တွင် နောက်ထပ် ပွဲတော်တော်များ များ အား ပြသ သွား မည်ဖြစ်ကြောင်းလည်း ဦးငြိမ်းချမ်းအောင်က ပြောသည်။
ထိုကဲ့သို့ ပြကွက်ဆန်းများကို ပြသနိုင်သည့် ၎င်းတို့ မျိုးနွယ်စုတွင် သူသိသလောက် သူတစ်ယောက်သာကျန်တော့ သောကြောင့် အသက်အရွယ်အရ ဂင်းနစ်စံချိန် တင် သွားလို ခြင်းလည်း ဖြစ်သည်။ ဆလုံလူဦးရေ စုစုပေါင်းမှာ ၃ဝဝဝ ခန့်သာကျန်ရှိတော့ပြီး တော်တော်များများမှာလည်း ရေငုပ်သည့် အပိုင်းမှာပင် အလေ့အကျင့် နည်း လာကြကြောင်း ၎င်းအမြင်ကို သုံးသပ်ပြောဆိုသည်။
”အရင်က ရေငုပ်ရင် ၁၁ နာရီလောက်ကြာအောင် ငုပ်နိုင်တယ်။ အခု သုံးနာရီလောက်ပဲ ငုပ်နိုင်ကြတော့တယ်။ များသောအားဖြင့် အောက်စီဂျင်ဘူးနဲ့ ငုပ်နေကြ တာများ တယ်လေ”ဟု သူ၏အမြင်ကို ပြောဆိုသည်။ ဦးငြိမ်းချမ်းအောင်တွင် ၁၉ နှစ်အရွယ်သမီးတစ်ဦးရှိပြီး မိန်းကလေးဖြစ်သောကြောင့် မိန်းကလေးတို့ တတ်အပ်သည့် ပညာရပ် များကိုသာ သင်ပေးထားပြီး သူ၏သမီးအိမ်ထောင်ကျပါက မွေးလာသော မြေးယောက်ျားလေးအား အမွေဆက်ခံစေမည် ဟု ပြောသည်။ ထို့အပြင် ၎င်းပညာရပ်အား စိတ်ဝင်စား၍သင်ကြားလိုပါက အရက်မသောက်၊ ကွမ်းမစားဘဲ လိမ္မာသော လူငယ်များအားသင်ကြားလိုစိတ်ရှိပါက သင်ကြားပေးမည်ဟု ပြောသည်။ ဦးငြိမ်းချမ်းအောင် ၏ ဂင်းနစ်စံချိန်တင်လိုသော ဆန္ဒပြည့်ဝပါက မြန်မာနိုင်ငံသားတစ်ဦးဖြစ်သောကြောင့် ၎င်း နှင့်ယှဉ်လျက် မြန်မာဟု ယှဉ်တွဲပါဝင်နေမည်ဖြစ်ပါသည်။ အနောက်နိုင် ငံသား များသာ အထူးအဆန်းများ လုပ်ပြ၍ အံ့သြရသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိနိုင်ငံအတွက် ဂုဏ်ယူမဆုံး ဖြစ်နေပါမည်။ ဟက်စကီးခြေနင်းခုံတွင် လည်ပင်းနှင့် ချိတ်ကာ တန်းလန်းအနေအထားဖြင့် လေထဲတွင် ဂင်းနစ်စံချိန်တင်လိုသော ဦးငြိမ်းချမ်းအောင်၏ဆန္ဒ ကမ္ဘာကို ချပြခွင့်ရမလားဆိုသည်ကတော့ ….။
  ဖိုးလပြည့်

Popular Myanmar News Journal



ကျွန်တော်သည် ပရဟိတလုပ်ငန်းဖြင့် အများပြည်သူတို့အား အတ္တဖြုတ်၍ အနစ်နာခံပေးဆပ်ခဲ့ရာ ယခုဆိုလျှင် (၁၃) နှစ်ကျော်ခဲ့ပြီးဖြစ်သည်။ (၁၃) နှစ် ပြည့်သော အချိန် ကာလဖြစ်သည့် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့တွင် ကျွန်တော်၏ စိတ်အလျဉ်တို့သည် သာသနာပြုလိုသောစိတ် သာသနာပြန့်ပွားလိုသော စိတ်နှင့်အတူ ပရိဟိ တလောကသားများအတွက် ကမ္ဘာတည်သရွေ့မှတ်ကျောက်တင်နိုင်ရန် ပရဟိတ စေတီတော်တည်ထားကိုးကွယ် ရန်ဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် ယခု ၂ဝ၁၄ ခုနှစ် မတ်လတွင် မိမိစိတ်တွင် ဖြစ်ပေါ်လာသော ကောင်းမှုကုသိုလ်တော်ကြီး အား ဆရာတော်ကြီးများနှင့် ဆွေးနွေးတိုင်ပင် အကြံ ဥာဏ် များ တောင်းခံခဲ့ပြီး သည့် နောက် ပြည်မြို့တစ်ဖက်ကမ်းရှိ မြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ်ကာလတွင် မြတ်စွာဘုရားကြွရောက် သာသနာပြုခဲ့ သည့် တောင်ကိုး လုံး တွင်ပါဝင်သော ဖိုးဦး တောင်အနီးရှိ ကြခတ်တောင်တော်ပေါ်တွင် ”မဟာပဏ္ဍိတ ပရဟိတအောင်တော် မူစေတီ”နှင့် မြတ်စွာဘုရား ဆင်းတုတော်ကြီး အား တည် ထားကိုး ကွယ်ရန်အတွက် ရည်စူး၍ နတ်မောက်မြို့နယ်အတွင်းရှိ သမိုင်းဝင် နှစ်ပေါင်းတစ်ထောင်ကျော်ရှိပြီဖြစ်သော ပင်းမဟာဗောဓိ ရွှေညောင်တော်နှင့် သပြေညီနောင်တို့ရှိရာ နတ်မောက် မြို့နယ်ပင်းဂွေးချိုကျေးရွာအုပ်စု ပင်း မြို့ဟောင်းကျေးရွာ ပုဗ္ဗာရုံကျောင်းတွင် လာရောက်၍ အဓိဋ္ဌာန်ဝင်ခဲ့တော့သည်။
ထိုသို့ ငြိမ်းချမ်းတိတ်ဆိတ်ငြိမ်သက် သော အရပ်ဒေသတွင် အဓိဋ္ဌာန်ဝင်စဉ် ကျွန်တော့်ထံသို့ အထက်ပါခေါင်းစဉ်ဖြင့် အိတ်ဖွင့်ပေးစာတစ်စောင်ရောက်ရှိ လာခဲ့တော့ သည်။ ထိုစာ၏ အကြောင်းအရာအချက်အလက်များသည် လောကီကိစ္စရပ်များ ဖြစ်နေသည့်အတွက် ကျွန် တော့်အနေဖြင့် လောကုတ္တရာနယ်ပယ်အတွင်းမှ မည်သို့မျှ မစဉ်းစား မဆုံးဖြတ်လိုပေ။ ထို့ကြောင့် လောကီကိစ္စ ပရဟိတကိစ္စရပ်များနှင့် ပတ်သက်နေ၍ အနယ်နယ်အရပ်ရပ်ရှိ ပြည်သူလူထုများ၊ ပရဟိတသမားများ၊ ပရဟိ တအ သင်း အဖွဲ့များအား သိရှိစေရန် စာပေတိုက်များသို့ ပြန်လည်၍ ပေးပို့သူရေးသားထားသော မူရင်းအတိုင်း တစ်ဆင့်ပေးပို့ လိုက်ခြင်းပင် ဖြစ်တော့သည်။

ရက်စွဲ-၄-၃-၂ဝ၁၄
”ပရဟိတကာ/ချုပ်ကြီး ဦးကျော်သူထံ အိတ်ဖွင့်ပေးစာ”
”အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်ရင် လူမှုရေးလောကကနေ နုတ်ထွက်တော့မည်ဟု နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ” ပြောဆိုပြီး  (၂၈-၂-၂ဝ၁၄) ရက် သောကြာနေ့ထုတ် မော်ဒန်ဂျာနယ် မျက်နှာဖုံးမှာ စာလုံးအကြီးကြီးနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ ရဲ့ဓာတ်ပုံအကြီးကြီးကို တွေ့လိုက်ရတော့ ကျွန်ုပ်တို့ တော်တော်လေး တုန်လှုပ်ချောက်ချားသွားမိပါတယ်။ ဦးကျော်သူကို ကျွန်ုပ်တို့အနေဖြင့် လူမှုရေးအရ ခင်မင်ရင်းနှီးမှုရှိပါသော်လည်း ယခုကိစ္စကိုကျွန်ုပ်တို့၏ နှုတ်မှ ပြောကြားခြင်းထက် ”နှုတ်တစ်ရာစာတစ်လုံး” ဆိုသလို တလေးတစား စာရေးသားပေးပို့ ဖို့ စိတ်ကူးဖြစ်မိတာပါ။ စာတစ်တန် ပေတစ်တန်နဲ့ ကြီးကြီးကျယ်ကျယ်ရေးသားပေးပို့တယ်လို့ မယူဆဖို့ ဦးစွာမေတ္တာ ရပ်ပါရစေ။
ပြီးခဲ့တဲ့ရက်အနည်းငယ်က တောင် ဦးကျော်သူနဲ့ ကျွန်ုပ်ပုသိမ်မြို့ စာပေဟောပြောပွဲမှာ အတူတကွသွားတုန်းကတောင် ဧရာဝတီတိုင်းဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်နဲ့  ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ဝန်ကြီး (၅) ဦးနဲ့တွေ့ဆုံတော့ ကျွန်ုပ်အတူ ပါခဲ့ပါသေးတယ်။ အဲဒီမှာ ဦးကျော်သူကိုတောင် ဝန်ကြီးတွေက လူမှုရေးနှင့်ပတ် သက်ပြီး အကြံဥာဏ်ပေးဖို့နှင့် ”လူမှုရေး အဖွဲ့တွေကို ကျွန်တော်တို့ စကားအခွန်းတစ်ရာပြောတာနဲ့ ဦးကျော်သူ စကားတစ်ခွန်းပြောတာ ပိုထိရောက်ကြောင်း” ကို ဝန်ကြီး အဖွဲ့တွေက တကယ့်ကို လေးလေးစားစားနဲ့ ခင်မင်ရင်းနှီးစွာတွေ့ဆုံခဲ့တာ အမှတ်ရမိသေးတယ်။ အဲဒီမှာဝန်ကြီးတစ်ဦးကအသင်းအဖွဲ့တွေမှာ လိုင်စင်မဲ့ကားကိစ္စတွေ တရားဝင်ဖြစ်ဖို့အကြောင်း ဦးကျော်သူနဲ့ ဆွေးနွေးခဲ့တာ ကျွန်ုပ်မှတ်မိနေပါတယ်။ အဲဒီနောက် ကျွန်ုပ်လည်း မိမိတို့ကိုယ့်အရပ်ဒေ သကို ပြန်ပြီးရောက်ရုံ ရှိ သေး တယ်။ မော်ဒန်ဂျာနယ်က ဦးကျော်သူ အင်တာဗျူးဖတ်လိုက်မိတော့ မတုန်လှုပ်ဘဲ ရှိနိုင်ပါ့မလားဗျာ။ အဲဒါနဲ့ ဦးကျော်သူထံ ဖုန်းဆက်ပြီး မေးကြည့် မယ် လုပ်ပြန်တော့ မကွေးတိုင်း နတ်မောက်မြို့ကို သွားရောက်ပြီး အဓိဋ္ဌာန်စခန်းဝင်တယ် ဆိုတာသိရပါတယ်။ အဲ ဒါကြောင့် ယခုလို စာရေးပြီး အိတ်ဖွင့် ပေးစာ ပေးပို့ရတာကို သာသနာပြု အလုပ် သွားရောက်လုပ်ကိုင်နေတဲ့ ဦးကျော်သူအနေနဲ့ အနှောင့်အယှက်ပေးတယ်လို့ သဘောမထားဘဲ သတိတရဖတ်မိပါစေလို့ ဆုတောင်းရင်း ဒီစာကို ရေးပါရစေ။

ဦးကျော်သူ ခင်ဗျာ ကျွန်ုပ်တို့ မြန်မာတစ်နိုင်ငံလုံးမှာရှိကြတဲ့ လူမှုရေးအသင်းများအားလုံးနီးပါးဟာ သူတို့ရဲ့ ပရဟိတခေါင်းဆောင်ကြီးအဖြစ်၊ ပရဟိတ ဖခင်ကြီးအဖြစ်၊ လူမှုရေးပရဟိတ သူရဲ ကောင်းကြီးအဖြစ်၊ လူမှုရေးအသင်းအ ဖွဲ့များ၏စံပြပုဂ္ဂိုလ်ကြီးအဖြစ်၊ လူမှုရေး အသင်းအဖွဲ့များရှေ့မှာ မားမားမတ် မတ်နှင့် ရပ်တည်ကာ ကွယ်စောင့်ရှောက် ပေးနေတဲ့ ပရဟိတကာ/ချုပ်ကြီးအဖြစ် သတ်မှတ်ထားကြတယ်ဆိုတာ ဦးကျော် သူတစ်ယောက် သိစေချင်ပါတယ်။ ဦးကျော်သူအနေနဲ့ ဒီအသင်းအဖွဲ့ ဥပဒေကြမ်းကိုလွှတ်တော်က အတည်ပြုလိုက်လို့ ပရဟိတလောကကနေအပြီး နုတ်ထွက်သွားတော့မယ်ဆိုရင် ကျွန်ုပ်တို့လူမှုရေးလောကကြီးရဲ့ ခေါင်း ဆောင် သူရဲကောင်းတစ်ယောက် ကျဆုံးသွားသလို ခံစားကြရမှာပါ။ ဒီနေ ရာမှာ ကျွန်တော် ဒီဥပဒေကြမ်းနှင့် ပတ်သက်လို့ လေ့လာမိသလောက် (မိ ချောင်းမင်းရေခင်းပြတယ်လို့ မထင်ပါနဲ့) နားလည်သလို တင်ပြပါရစေခင်ဗျာ။

ဒီအသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းကို ကျွန်တော်စတင် လေ့လာမိသည်မှာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက (၂၇-၇-၂ဝ၁၃) ရက်စွဲနဲ့ ကြေးမုံသတင်းစာမှာ စ တင်ဖော်ပြတဲ့အချိန် မှာ သေသေချာချာ လေ့လာ ကြည့်မိပါတယ်။ အဲဒီ ဥပဒေထဲမှာ အဓိက ပြဿနာသည် ယခုတည်ဆဲဥပဒေဖြစ် သော ၆/၈၈ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေထက်မနိမ့်သော ပြစ်မှုပြစ်ဒဏ်အခန်းတွေကအစ ပါလာတာတွေ့ရှိရ ပါတယ်။ ဦးကျော်သူ အင်တာဗျူးတွေမှာ ပြောနေသလိုကိုယ့်ထမင်းကိုယ်စား ကြီးေ တ်ာနွား ကျောင်းနေရတဲ့ ကျွန်တော်တို့ ပရဟိတသမားတွေဟာ ဥပမာ ခန္ဓာ ကိုယ်ထဲကသွေးလည်းဖောက်ပြီး လှူခွင့်ရဖို့ အစိုးရကို မှတ်ပုံတင်ကြေးတင်ဆောင်ပြီးမှ လုပ်ရ မယ်ဆိုတာ ဖြစ်သင့်သလား။ နောက်ပြီး မြတ်စွာဘုရားရဲ့ ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ပြုနေတဲ့ လူမှုရေးသမားတွေကို ဥပဒေတွေနဲ့ ကိုင်ချုပ်နေ တာ ဟာ မြတ် စွာဘုရားကို ဥပဒေနဲ့ ထိန်းချုပ်နေသလို မဖြစ်ဘူးလားဆိုပြီး ဦးကျော်သူ ပြောခဲ့တာကို ကျွန်တော်တို့ လူမှုရေးအသင်းတွေအား လုံးတစ်ညီတ စ်ညွတ် တည်း ထော က်ခံခဲ့ကြပါတယ်။

နောက်ပြီး ဦးကျော်သူ အ မြဲတမ်းပြောပြောနေတဲ့ NGOအဓိပ္ပာယ်ဟာ အစိုးရမဟုတ်သော အဖွဲ့အစည်းဆိုပြီး ဘာလို့အစိုးရက ဥပဒေထုတ်ပြီး ထိန်းချုပ်ချင်နေတာလဲဆို တာကိုလည်း ကျွန်တော်တို့ တော်တော်လေး စဉ်းစား မိပါတယ်။ ထားလိုက်ပါတော့လေ။ အဲဒီ ၂၇-၇-၂ဝ၁၃ ရက်နေ့ထုတ် ကြေးမုံမှာပါတဲ့ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းကို လူမှုရေးအသင်းအဖွဲ့တွေက လက်မခံနိုင်ကြောင်း အသံတွေထွက်လာတော့ ၁၉-၈-၂ဝ၁၃မှာ ဒုတိယ အကြိမ် မူကြမ်းအဖြစ် ပြန်လည် ထွက်ရှိလာပြန် ပါတယ်။ အဲဒီထဲမှာ ပြစ်မှုပြစ်ဒဏ်တွေပါလာတာ မတွေ့ တော့ပြန်ဘူး။ အဲဒီနေရာမှာဦးကျော်သူပဲ စဉ်းစားကြည့်ပါဗျာ။ ဒီဥပဒေကြမ်းကို ဘယ်သူတွေက ရေးဆွဲနေတာလဲ၊ ဘယ်သူတွေက အကြံဥာဏ်တွေပေးနေတာလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာတာပေါ့။ ဒါနဲ့ ဒီဥပဒေကြမ်းရေးဆွဲနေတဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းတွေ ကို လေ့လာကြည့်မိ ပါ တယ်။ ဘာတွေ့ရသလဲဆိုတော့ ဒီအသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို ဦးဆောင်ရေးဆွဲနေတဲ့ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ဟာ အရပ်ဘက်အဖွဲ့အစည်း ကိုယ် စားလှယ်တွေနဲ့ အကြိတ်အနယ် ဆွေးနွေးပြီးမှ ရေးဆွဲနေပါ တယ်လို့ ဂျာနယ်တစ်စောင် အင်တာဗျူး တွေကနေ တွေ့မြင်နေရပါတယ်။

ဟုတ်ပါပြီ အဲဒီအရပ်ဘက် အဖွဲ့အစည်းတွေ ဆိုတာ ဘယ်အရပ်ဘက် အဖွဲ့အစည်းတွေလဲ ဘယ်တိုင်းဘယ်မြို့နယ်က အသင်းအဖွဲ့တွေကို ဘယ်လောက်ကိုယ် စားပြုနို င်တဲ့ မေးခွန်းထုတ်စရာ ဖြစ်မလာဘူးလား။ ကောင်းပြီ ဒီလိုအကြိတ် အနယ်ဆွေးနွေးဖို့ နေပြည်တော်သင်္ဂဟ ဟိုတယ်ကြီးမှာ တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ သူ တစ်ယောက်ရဲ့ ရင်ဖွင့်သံ ကို ဦးကျော်သူကြီးပဲ နားထောင်ပြီး စဉ်း စားကြည့်စမ်းပါဗျာ။ သူက ဘာပြောသလဲဆိုတော့ သူဟာ မန္တလေးမြို့နယ်ထဲက အဖွဲ့အ စည်း တစ်ခုရဲ့ ခေါင်းဆောင် တစ်ယောက်ပေါ့။ သူတို့ နေပြည်တော် မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီ အသင်းအဖွဲ့ဥပဒေကြမ်းကိစ္စ ဆွေးနွေးဖို့ ဖိတ်ကြားခြင်း ခံရတယ်တဲ့။ ၃ ရက် ကြာတယ်လို့ ပြောပါတယ်။ နေ့တွက် တစ်ရက်ကို ကျပ် (၁ဝဝဝဝိ/-) ပေးတဲ့ အပြင် ခရီးစရိတ်အသွားအပြန်နဲ့ တည်း ခိုစရိတ် (နှစ်ယောက်ခန်းကို ၈ဝဝဝဝိ/-လောက်တန်တဲ့ဟိုတယ်) နဲ့ အစားအသောက်အလျှံအပယ် ကျွေးမွေး ဧည့်ခံ ကြောင်း၊ တယ်လီဖုန်းကတ်တွေ ပေးပြီး စည်းရုံးပြောဆိုသွားတော့ ကျွန်တော် လည်း ယောင်တောင်တောင်နဲ့ ပါသွားတာပေါ့။

ပထမတော့ ဦးကျော်သူ ဦး ဆောင်တဲ့အဖွဲ့ဆိုတော့ ဘာပဲဖြစ်ဖြစ်တစ်ခုခုတော့ ထူးခြားမှုရှိမှာပဲလို့ထင်ပြီး လိုက်သွားတာ ဟိုရောက်တော့မှ နာရေးကူညီမှု အသင်း (ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော် သူမဟုတ်ဘဲ သူ့နဲ့နာမည်တူတဲ့ အဲဒီ ပုဂ္ဂိုလ်ကလည်း ဆံပင်အရှည် နှုတ်ခမ်းမွေးနဲ့ အရပ်ထောင်ထောင်မောင်းမောင်း နဲ့ INGO အဖွဲ့တစ်ခုက ဦးကျော်သူဖြစ်နေတော့ နည်းနည်းကြောင်သွားတယ်။ ကျွန်တော်တို့လို ဦးကျော်သူမှားပြီးယောင်တောင်တောင်ပါသွားတဲ့လူတွေ အများကြီးဆိုတာ ဟိုရောက်မှသိတော့ ကျွန်တော် နည်းနည်းဖြေသာလိုက်ပါတယ်။ ဒါတင်ဘယ်ကမလဲ နာမည်တူကိစ္စ ဂျာနယ်တွေမှာ ဖတ်မိသေးတယ်။ နာရေးကူညီမှု အသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူထံကို မန္တလေးမြို့မှာ ရှိနေတုန်း ဖုန်းဝင်လာတယ်။
”ဦးကျော်သူ ဘယ်ရောက်နေလဲ ကျွန်တော်တို့ တောင်ကြီးကပါ” တဲ့ အဲဒီမှာ ဦးကျော်သူက ကျွန်တော်အ ခု မန္တလေးမှာလို့ပြောတော့ ဒီနေ့တောင်ကြီးကိုလာပြီး အသင်း အဖွဲ့တွေနဲ့ တွေ့ ဖို့ ရှိတယ်လို့ဆိုပြီး မေးတော့ ဘယ်ကလာရှိရမှာလဲ ကျွန်တော်ကအခု ရန်ကုန် ပြန်တော့မှာဆိုတော့ အဲဒီတောင်ကြီးကလူက ဒီနေ့ ဦးကျော် သူေ တာင်ကြီးက လူမှုရေးအဖွဲ့တွေကို တွေ့မယ်ဆိုတော့ ဒီကအသင်းအဖွဲ့တွေကဝမ်းသာအားရ နဲ့ ဦးကျော်သူကို ကြိုဆိုနေတာသွားပါ ပြီဗျာ။ ဘယ်က နာမည်တူက ပေါ် လာပါလိမ့်ဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ ဖုန်းချသွားတယ်။ အဲဒီမှာ ဦးကျော်သူက တောင်ပြန်ပြောလိုက်သေးတာ ကျွန်တော် မှတ်မိသေးတယ်။ ခင်ဗျားတို့ ကျော်သူ စစ်မစစ်သိချင်ရင် ”သင်္ချိုင်းကုန်းတစ်ခုကို ခေါ်ပြီး မသာထမ်းသွားခိုင်းလို့ရရင် ကျော်သူစစ်တယ်လို့ တောင် ပြောတော့ ကျွန်တော်ကိုယ်တိုင်ဖတ်ကြည့်ပြီး သက်ပြင်း အခါခါချမိပါသေးတယ်။ ဦးကျော်သူရေ ပုသိမ်ဘက်တုန်းကလည်း ပြောသံကြားလိုက်သေးတယ်။ ပုသိမ်ကို ဦးကျော်သူလာပြီး အသင်းအဖွဲ့တွေနဲ့ တွေ့ဖို့လာမယ်ဆိုတော့ ပုသိမ်မြို့က အာဏာပိုင်ကတောင် မင်းသားကျော်သူထင်ပြီး ခွင့်ပြုမိန့်တောင်း  လက်မှတ်ထိုးပေးပြီးမှ နာမည်တူတဲ့ ဦးကျော်သူ ဖြစ်နေကြောင်း၊ ပုသိမ်မြို့နယ်အုပ် ချုပ် ရေးကတောင် ဖုန်းဆက်ပြီးပြောတယ် ဆိုတော့ ဒီနာမည်တူကိစ္စအား ကာယကံရှင်တွေ နာမည်တူနေတာ ဘာမှ မထူးဆန်းပေမယ့် လူတူမရှား နာမည်တူမရှားဆိုတာ လက်ခံပေမယ့်အခုကိစ္စက ဒီ နာမည်တစ်ခု နောက်မှာ ရှိနေတဲ့လူမှုအ ဖွဲ့အစည်းတွေအနေနဲ့ ကတော့ တော်တော်လေး ယောင်တောင်တောင်ဝါး တားတားနဲ့ဖြစ် သွားကြ တာတော့ မကောင်းဘူးပေါ့။
ဦးကျော်သူ (မင်းသားဦးကျော်သူ)ကြီးရေ အဲဒီတော့ ဦးကျော်သူနဲ့ အမည်တူ NGO က ကိုကျော်သူကိုလည်း တွေ့ရင်ပြောပေးပါ။ နောက်နောင် နယ်အသင်း အဖွဲ့တွေ ကို တွေ့တော့မယ်ဆိုရင် ကျွန်တော်ကတော့ ဘယ်အဖွဲ့ကဘယ်သူပါ ဘာအတွက် လာရောက်ဖို့ရှိ ကြောင်းရှင်းလင်းစွာ အရင်ပြောဆိုပြီးမှ သွားရောက်တွေ့ ဆုံရင် ပိုကောင်းပါလိမ့်မယ်လို့ အကြံပြုပေးစေချင်ပါတယ်။ တချို့အသင်းအဖွဲ့တွေက ကျော်သူကို နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူပဲ ထင် ထင်နေကြတော့ မိမိ အတွက်လည်း မကောင်းကြောင်း အကြံ ပြုပေးပါခင်ဗျာ။ လူတစ်ယောက်ကို ၃ဝဝဝဝဝိ/- သုံးသိန်းဝန်းကျင်လောက် အကုန်အကျခံသုံးပြီး ဒီဥပဒေမူကြမ်း ကိစ္စတိုင် ပင်ဖို့ကို ဘယ်သူက အဲဒီစရိတ်ငွေကြေးတွေ စိုက်ထုတ်သလဲ INGO လို့ခေါ်တဲ့ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းကနေ မှတ်ပုံတင်လိုချင်အားကြီးပြီး စိုက် ထုတ်ပေးနေသလား အစိုးရဘက်ကပဲ လူမှုရေးအသင်းတွေ ကို ထိန်းချုပ်ချင်အားကြီးပြီး အကုန်အကျခံသလား စသဖြင့် သို့လောသို့လော တွေ ကျွန်တော်တို့ လူမှုရေး အမည်တွေ ကြားဂယက်ရိုက်သွားတာပေါ့။

ဦးကျော် သူကြီးပဲစဉ်းစားကြည့်လေ ကျွန်တော်တို့ လူမှုရေးအဖွဲ့အစည်းဆိုတာအများ ပြည်သူ ချွေးနည်းစာထဲကနေ အများ ပြည်သူတွေအတွက် သဒ္ဓါတရားထက် သန်စွာနဲ့ လှူဒါန်းပေးတဲ့ ဒီအလှူငွေတွေ ကို ဒီလို မလိုအပ်ဘဲအကုန်အကျအ များကြီးခံပြီး လုပ်သင့်ပါသလားဗျာ။ သုံးတဲ့သူတွေရော စားတဲ့သူတွေပါ သံရည်ပူတွေ စားမိသလို အပူတွေတပွေ့တစ်ပိုက်ကြီး ရသွားကြမှာပေါ့။ ဒါနဲ့ သေသေချာချာ အကဲခတ်ကြည့်တော့ အဲဒီအဖွဲ့တွေအများစုဟာ INGO  တွေ များနေ တာ တွေ့နေရ ပါတယ်။ INGO  ဆိုတာ ပြည်ပအထောက်အပံ့နဲ့ ပြည်တွင်းမှာ ပြန်ပြီးကူညီနေကြတာဆိုတော့ သူတို့အနေနဲ့ တရားဝင်မှတ်ပုံတင်ရရှိရေး အတွက် ငွေကြေးပေးဆောင်ဖို့ အခက်အခဲမရှိသလို (ဒီနေရာမှာ INGO များကို ကျွန်ုပ်မကောင်းပြောနေတာ မဟုတ်ပါ) INGO တွင် လုပ်အားပေးမရှိပါ။ အားလုံးလခစား ဝန်ထမ်း များဖြင့် ဆောင် ရွက်ေ နသော အဖွဲ့အစည်းများ ဖြစ်သည့်အတွက် သူတို့အိတ်စိုက်ဘယ် သူမှ မလုပ်ကြပါဘူး။ NGO ဆိုသော ကျွန်ုပ်တို့ အစိုးရမဟုတ်သော ပြည်တွင်း အဖွဲ့တွေ ကျတော့ ပြည် တွင်းရှိ အများ ပြည်သူများရဲ့ ချွေးနဲစာနဲ့ လှူဒါန်းငွေ တွေနဲ့ ရပ်တည်နေရတဲ့ လူမှုရေးပရဟိတ အဖွဲ့တွေအနေနဲ့ကတော့ မှတ်ပုံတင်ကြေးတို့ ဘာတို့ဆိုတာ ဘယ်ပိုက်ဆံနဲ့ တင်ရ မှာလဲ။ ကိုယ့်ထဲကပိုက်ဆံထုတ်ပြီး အိတ် စိုက်လုပ်ကိုင်နေကြသော ပရဟိတလူမှု အဖွဲ့အစည်းတွေအနေနဲ့ကတော့ ဒီအ သင်းအဖွဲ့ ဥပဒေမူကြမ်းဟာ လက်ခံစ ရာလုံးဝမရှိကြောင်း တွေ့နေရပါတယ်။

နိုင်ငံတကာ စံနှုန်းနဲ့လေ့လာပြီးမှ ရေးဆွဲနေတာပါလို့ပြောတဲ့ ပုဂ္ဂိုလ်ကြီး ကိုလည်း ဦးကျော်သူ ပြောပေးစမ်းပါ ဗျာ။ ကိုယ့်ပြည်တွင်းစံနှုန်းနဲ့ ကိုက်ညီ အောင်ပဲ အရင် လုပ် ပါ။ နိုင်ငံတကာစံ နှုန်းဆိုရင် ထပ်ပြောမယ် အခြားနိုင်ငံ တွေမှာ ပရဟိတလူမှုအဖွဲ့အစည်းတွေ ကို ဒီလို အခွန်အခကောက်ခံပြီး ဥပဒေ နဲ့ ထိန်းချုပ်ဖို့နေနေ သာသာ သူတို့ အစိုးရ တွေက လူမှုရေးအဖွဲ့အစည်းတွေ လို အပ်သမျှ ပံ့ပိုးကူညီသလို ¤င်းလူမှုရေး အဖွဲ့တွေကို လှူဒါန်းနေတဲ့ အလှူရှင် တွေရဲ့ စီးပွားရေး ဝင်ငွေခွန် (အမြတ် ခွန်)တွေ ကိုတောင် အဲဒီလို လှူဒါန်းတဲ့ အလှူငွေပေါ်ကြည့်ပြီး အခွန်လျှော့ချ ပေးတာမျိုးတွေ ရှိနေတယ်။ ဒီမှာလို ပြည်ပက အလှူငွေတွေကိုတောင် ၁ဝ ရာခိုင်နှုန်း အခွန်ဖြတ် တာမျိုးက ဝေးစွ။ အဲဒီလိုနဲ့ ၂-၁၁-၂ဝ၁၃ ကြေးမုံမှာ တတိယအကြိမ် အသင်းအဖွဲ့မူကြမ်းဆို ပြီး ၂၉-၁-၂ဝ၁၃ရက်နေ့ ထပ်မံပြီး မူ ကြမ်း ထုတ်လာပြန်တယ်။ ဒါကိုပဲ ဒီက နေ့ လွှတ်တော်မှာ ဆွေးနွေးအတည်ပြု ဖို့လုပ်နေတာဆိုတာသိရပါတယ်။ မသာ အလောင်းတစ်လောင်းမချဖူးသူ၊ သွေး တစ်လုံးမှ ခန္ဓာကိုယ်က ဖောက်ထုတ် မလှူ လူနာတစ်ယောက်တောင် ကျန်း မာရေးစောင့်ရှောက်မပေးရသူ၊ ပရဟိတ လူမှုရေးဘာတစ်ခုမှ အတွေ့အကြုံမရှိ သော ပုဂ္ဂိုလ်တွေက တကယ် လူမှုဒု က္ခ တွေကို နေ့စဉ်နဲ့အမျှ နဖူးတွေ့ ဒူးတွေ့ ကူညီလုပ်ဆောင်ပေးနေသော အနယ် နယ်အရပ်ရပ်က လူမှုရေးသမားတွေ လောက် သိပါ့မလား။ လူမှုရေးအဖွဲ့အ စည်းတွေ မှာ ဘာအခက်အခဲရှိသလဲ၊ နာရေးကိစ္စတွေမှာ ဘာအခက်အခဲရှိ သလဲ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ မှာ ဘာတွေ လိုအပ်နေသလဲ စသည်ဖြင့် ဘယ်သူတွေက ပိုသိနိုင်မလဲ။
ဦးကျော် သူတို့ နာရေးကူညီမှု အသင်း (ရန်ကုန်) ကို ချန်လှပ်ရုံတင်မကဘဲ တစ်တိုင်းပြည် လုံးမှာရှိတဲ့ လူမှုရေးအဖွဲ့အစည်းတွေရဲ့ ဆန္ဒ သဘောထားတွေကို လျစ် လျူ ရှုပြီး ရေးဆွဲမည်ဆိုရင်တော့ ဒီအသင်းအဖွဲ့ ဥပဒေက ဘယ်လိုမှ ပြည့်စုံလာမှာ မ ဟုတ်သလို တစ်ချိန်မှာ ကန့်ကွက်မှုတွေ ကြုံတွေ့လာလိမ့်မယ်ဆိုတာ မလွဲမသွေ ကျွန်ေ တ်ာပြောရဲတယ်။ တကယ်တမ်း ပြင်သင့်တာကတော့ ဒီဥပဒေကြမ်းကို ရေးဆွဲတော့မယ်ဆိုရင် အရေးကြီးဆုံးက ဒီဥပဒေ သက်ရောက်မည့် အသင်းအ ဖွဲ့တွေရဲ့ သဘော ဆန္ဒတွေဟာ အဓိက ကျပါတယ်။ ဥပဒေရေးဆွဲမယ့် ပုဂ္ဂိုလ် တွေအနေနဲ့ နယ်ပေါင်းစုံက အသင်းအ ဖွဲ့တွေကို တွေ့ဆုံဖို့ခက်ခဲနေမယ်ဆိုရင် ဥပမာ သက်ဆိုင် ရာ တိုင်းက တာဝန်ခွဲ ဝေယူပြီး နောက်ခရိုင်၊ မြို့နယ် ရပ်ကွက် အဆင့်ဆင့် တာဝန်ခွဲဝေယူပြီး ၎င်းတို့သက်ဆိုင်ရာ နယ်ပယ် အသီးသီးမှာ ရှိ နေတဲ့ လူမှုရေးအ သင်း အဖွဲ့တွေရဲ့ ဆန္ဒ သဘောထားတွေကိုတင်ပြပေးဖို့ တောင်း ခံမယ်ဗျာ။ ပြီးရင် အသင်းအဖွဲ့တွေက တင်ပြလာတဲ့ သဘောထားတွေကို ဥပဒေ ကြမ်းရေးဆွဲမယ့် ပုဂ္ဂိုလ်တွေ က လေ့လာပြီး ဘုံတူညီတဲ့ သဘောထားလေးတွေ ရွေးချယ်ပြီး သတ်မှတ်ရေးဆွဲမယ်ဗျာ။ ပြီးရင် ပြန်ပြီးအသင်းအဖွဲ့တွေကို ပြန် ပြောမယ်ဗျာ လိုအပ်ရင် ပြင်ဆင်ညှိနှိုင်း ပြီး သဘောတူညီမှု ရယူပြီး ပြဋ္ဌာန်းမယ် ဆိုရင်တောင် နည်းနည်းခံသာသေးတယ်။

ဧရာဝတီတိုင်း ဝန်ကြီးပြောသလို အသင်းအဖွဲ့တွေက လိုင်စင်မဲ့ ကား ကိစ္စကို သူတို့ဘက်က တရားဝင်ဖြစ်ချင် နေကြောင်းပြောတာ ကျွန်တော် ကြား တော့ ကျွန်တော်တို့ အသင်းတွေ ကိုယ် တိုင်က ပိုပြီးတရားဝင် လိုင်စင်ကားတွေ ကိုပဲသုံးချင်တာပေါ့ဗျာ။ ဒါပေမဲ့အသင်း တွေရဲ့ ရန်ပုံငွေကြေး မပြည့်စုံလို့သာ အခုလိုသင့်တော်တဲ့ လိုင်စင်မဲ့ ကားတွေ ကို သက်ဆိုင်ရာမြို့နယ် က-ည-န တွေ မှာ သွားရောက်စာရင်းပေးပြီး အစိုးရ ဘက်က ဥပမာ နာရေးကားဆို နိဗ္ဗာန်  ယာဉ်နံပါတ်နဲ့ တပ်ဆင်ပြီး ကျန်းမာရေး သုံး ကားဆို ကျန်းမာရေးနံပါတ်ပေးပြီး တရားဝင်အသိအမှတ်ပြုမယ်ဆို ဘယ် လောက်ကောင်းမလဲ။ ကျွန်တော်တို့အ သင်းတွေက လိုင်စင်မဲ့ကားတွေကို 4/G , 5/Gတွေ ပေး စရာမလိုပါဘူး။ ပြန်လည် ရောင်းချလို့မရ၊ ကိုယ်ပိုင်လည်း စီးခွင့် မရှိအောင် နိဗ္ဗာန်ယာဉ်နံပါတ်၊ ကျန်းမာရေးနံပါတ်စသည်ဖြင့် သတ်မှတ်ပေးမယ်ဆိုရင် မရနိုင်ဘူးလား ခင်ဗျာ။ အ ကယ်၍ အသင်းတွေက ၎င်းကားတွေကို ကိုယ်ကျိုးရှာပြီး အမြတ်ထုတ်တာတွေ့ရင် လိုင်စင်ပြန်လည်ရုပ်သိမ်းပြီး ထိ ရောက်စွာအရေးယူပါ လို့အကြံပြုပေးပါ ဦးကျော်သူကြီးရေ။ ဦးကျော်သူရေ ဥပဒေဆိုတာ ထုတ်ပြီးရင်လည်း ပြည်သူလက်မခံရင် ပြန်ပြင်ဆင်ခွင့်ရှိနေ တဲ့ခေတ်ဆိုတော့ ဦးကျော်သူကြီးအနေနဲ့ ဒီဥပေ ဒကြောင့်တော့ ပရဟိတလူမှုရေး လောကကနေ နုတ်ထွက်တာမျိုး လုပ်မယ့်အစား ကျွန်တော်တို့ လူမှုရေးအဖွဲ့ အစည်းတွေ အားလုံးနဲ့အတူတကွ ဆက်လက် လက်တွဲဦးဆောင်ပြီး ၎င်းဥပဒေကို လက်မခံနိုင်ရင် ပြင်ဆင်ပေးဖို့ လမ်းမပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ်သွား ကြတာပေါ့ဗျာ။

တစ်တိုင်းပြည်လုံးမှာ ရှိကြတဲ့ ပရဟိတအသင်းများအနေနဲ့ မိမိတို့နှင့်တိုက်ရိုက်သက်ဆိုင်သော ၎င်းအသင်းအဖွဲ့ဥပဒေကို လက်ခံနိုင်ခြင်း မရှိခဲ့ရင် ကန့်ကွက် ဆန္ဒ ထုတ်ဖော်သွားဖို့ ပရဟိတလူမှုရေးသူရဲကောင်းအပေါင်းတို့ဟာ ပရဟိတတကာ/ချုပ်ကြီး (သို့ မဟုတ်) နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူရဲ့ ဦးဆောင် မှုအောက်မှာ အသင့်ရှိနေပါကြောင်းနှင့် ကျွန်ုပ်တို့ဟာ ပရဟိတကို အသုံးချသော အနုပညာသမားများ ပရဟိတကို ခုတုံး လုပ်သော စီးပွားရေးသမားများ၊ ပရ ဟိတကို နင်းချေတက်လှမ်းဖို့ ကြိုးစား နေသောနိုင်ငံရေးသမားများ၊ ပရဟိတ ကို ဗန်းပြလုပ်စားနေသော အတ္တသမား များမဟုတ်သော အများပြည်သူအ တွက် ကိုယ်ကျိုး မဖက်ပေးဆပ်နေသော ပရဟိတစစ်စစ်လူမှုရေးသမားများ ဖြစ် ကြပါသည်ဟု သစ္စာဓိဋ္ဌာန်ပြု ကြပါ ကုန်စို့။ပရဟိတမျိုးဆက်သစ်ခေါင်းဆောင်များ မှ ရေး သားပေးပို့ ပါသည်။

ထို့ကြောင့် ယခုပရဟိတမျိုးဆက်သစ်ခေါင်းဆောင်များ စိုးရိမ်တကြီးရေးသားပေးပို့လိုက်သော အထက်ပါစာအားဖတ်ရှုပြီးသူ ပရဟိတစိတ်ဓာတ် ထက် သန်ကြသော ပရဟိတသမားများလူသားချင်းစာနာစိတ်မွေးမြူကြသော မြန်မာပြည်သားများအနေဖြင့် မည်သို့ ခံစားတွေးတောမိမည်ကိုတော့ ကျွန်တော် မသိ။ ထို့ပြင် ယင်းအရပ်ဘက် လူ့အဖွဲ့ အစည်းဥပဒေအား ဗြဟ္မစိုရ်တရားလေး ပါး လက်ကိုင်၍ အတည်ပြုသည်ဟု လည်း ကျွန်တော် မသိ။ ပြည်ထောင် စုလွှတ်တော်မှ အတည်ပြုပြီးသည့် နောက် သမ္မ တကြီးမှလည်း သန်း ၆ဝ ပြည်သူလူထုတို့ ကိုယ်စားပြုပြီး လက် မှတ်ထိုးမည်လား ဆိုသည်ကိုလည်း ကျွန်တော်မသိ။ ကျွန်တော် ယခုအချိန် တွင် အနတ္တနယ်ပယ် အတွင်း ရောက်ရှိ နေစဉ်ကာလ အတိုင်းအတာအတွင်း ကျွန်တော်ဘာကိုမှ မသိချင်တော့။ ကျွန် တော် အကောင်အထည်ဖော်တော့မည့် မဟာပဏ္ဍိတ ပရဟိတ အော င်တော်မူ စေတီတော်ကြီး မြန်မာပြည်တွင်းရှိ ပရ ဟိတသမားများ၊ ပရဟိတလောကကို ခြေစုံချမည့်သူများအတွက် မရှိမဖြစ် ဦး တိုက်ကိုးကွယ်သစ္စာ ဆိုနိုင် မည်။ အောင် မြင်တည်ထား ကိုးကွယ်နိုင်ရန်အတွက် သာ ကျွန်တော် ခေတ္တရောက်ရှိနေသော လောကီနယ်ပယ်အတွင်း အဓိဋ္ဌာန်ပြု ကျင့်ကြံပွားများ လျက်ရှိပါတော့ သည်။ နောင်တစ်ချိန်ချိန်မှာတော့ လောကီနယ် ပယ်တွင်ကျင်လည်ရင်း ပရဟိတနယ် ပယ်အတွင်း၌ ပြန်လည်ခြေချမိခဲ့ပြီဆို ရင်တော့ ဗြဟ္မစိုရ်ကျည်ဆန်များဖြင့် ပရဟိတ စစ်ပွဲများကို မေတ္တာလက်နက် ကြီးများဖြင့် ဆင်နွှဲကြပါစို့ဟု ပရဟိတ လူမှုရေးသမားစစ်စစ်များအား နှိုးဆော် လိုက်ရပါ သည်။

 ကျော်သူ

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.