03/21/14

မန္တလေးမြို့လယ်၊ ဒေါင်းတောင်းလို့ခေါ်ကြ တဲ့ တစ်နေရာ။ လမ်းထောင့်မှာ အမှိုက်ပစ်စရာ ကန်တစ်ခုရှိတယ်။ ည အမှောင်ကို အခွင့် ကောင်းယူပြီး အဘွားအိုတစ်ယောက်ကို အဲ သည်အမှိုက်ကန်ထဲ စွန့်ပစ်ထားတယ်။ အဘွား အို ခမျာ ချမ်းရှာလို့ ရရာပီနန်အိတ်ခွံဟောင်း တွေကို ခြုံပြီး ကွေးနေတယ်။
လမ်းမီးတွေ မလင်းတော့ ပတ်ဝန်းကျင်က မှောင်မှောင်။ မြို့လယ်ကောင်ပေမဲ့ အန္တရာယ်ကို လွယ်မထားနိုင်သူတွေက အမှိုက်ကန်မှာ ရှူရှူ ပန်း ကြတယ်။ ပီနန်အိတ်ခွံခြုံထားတဲ့ အဘွားအို က စိုတိစိုစွတ်။ မနေသာတဲ့အခါ လူးကာလွန့် ကာ တွန့်မိ တယ်။

လှုပ်နေတဲ့ ပီနန်အိတ်ခွံဖြူဖြူကို တွေ့မြင်မိ သူတွေက ချမ်းမြသုခလူမှုကူညီရေးအသင်းကို ဆက်သွယ်လို့ အဘွားတစ်ယောက် အမှိုက်ဘဝ က လွတ်မြောက်ခဲ့ရတယ်။ နာမှုကူညီရေး၊ ကျန်းမာမှုကူညီရေး၊ သက် ကြီးရွယ်အိုများကို စောင့်ရှောက်ရေးလုပ်ငန်း တွေ လုပ်နေတဲ့ ချမ်းမြသုခလူမှုကူညီရေးအ သင်းဟာ စွန့်ပစ်ခံလူအိုတွေ တွေ့ရတာ များလာ လို့ သူတို့အတွက် နားခိုစရာ ဘိုးဘွားရိပ်သာ တစ်ခုကို တည်ထောင်ထားရပြန်ပါတယ်။
ဘိုးဘွားရိပ်သာအပိုင်းမှာ အဓိက တာဝန်ယူ လုပ်အားပေးနေသူက မခင်မာနွယ်ဖြစ်ပါတယ်။ ရွှေဆံကိုင်ဘုရားဝင်းထဲက သူတို့ရိပ်သာကို ကျွန် တော် အလည်သွားတယ်။

အဆောက်အအုံကို ကိုဝေဇင်၊ မကြည်သာဆွေတို့က တာဝန်ယူဆောက်ပေးထားတာ။ အ ဘွား ၁၀ ယောက် ကျယ်ကျယ်ဝန်းဝန်း နေထိုင် နိုင်တယ်။ ဒါပေမဲ့ အဘိုးအဘွားတွေက ထပ်ခါ ထပ်ခါတိုးလာနေလို့ ရိပ်သာအဆောက်အအုံကို ထပ်ချဲ့နေရတယ်။ အဘိုးများအတွက် အဆောင်သစ် တစ်ဆောင်ကို ဝင်း ဦးထုပ်မိသားစုရဲ့ ကောင်းမှုနဲ့ အသစ်ဆောက်နေတာ တွေ့ရပါ တယ်။
မခင်မာနွယ်နဲ့အတူ အဘွားအဆောင်ထဲကို ကျွန်တော်ဝင်သွားတယ်။ အဘွားတွေက အဝတ် အစား သန့်သန့်ပြန့်ပြန့်။ သနပ်ခါးကိုယ်စီနဲ့။ ကျွန် တော်က အသက် ၈၂ နှစ်အရွယ် အဘွား ဒေါ် တင်ကြည်ရဲ့ခုတင်ဘေးမှာထိုင်ပြီး သူ့ အ ကြောင်းကို မေးတယ်။ ဒေါ်တင်ကြည်က ရပ်ကွက်တကာလည်ပြီး မုန့်စိမ်းပေါင်းရောင်းခဲ့သူဖြစ်တယ်။ တစ်ရက်မှာ တော့ သူများရန်ဖြစ်နေတာကို ဖျဉ်တဲ့အနေနဲ့ ဝင် ဆွဲရာက သူလဲကျပြီး ဒဏ်ရာရသွားတယ်။
“နောက်က ဝင်ဆွဲတာ ဖင်နဲ့ပေါက်မိပြီး လဲ ကျလို့ တင်ပါးခွက်လျှောပြီး လမ်းမလျှောက်နိုင် တော့ဘူး”လို့ သူက ပြောတယ်။

သူနေတာက သူငယ်ချင်းအိမ်အဖီလေးမှာ ကပ်နေတာ။ အိမ်ရာထဲ လှဲနေရတော့ ဈေး မရောင်းနိုင်တော့ဘူး။ သွားချင်ရင် ဖင်တရွတ် တွန်း သွားရတယ်။ သူက သားထောက်သမီးခံ မရှိတဲ့ တစ်ခုလပ်။
အသက်မွေးဝမ်းကျောင်းဖို့အတွက် နေတဲ့ အိမ်နဲ့ သိပ်မဝေးတဲ့ ဘုရားကြီးတောင်ဘက်မုခ် ကို လေးချောင်းထောက်နဲ့ ထောက်ထောက်ပြီး ဟိုနား နား၊ သည်နား နားနဲ့ သွားတယ်။ တောင်း ရမ်း စားတယ်။ လူပေးသူပေးနဲ့ ငွေစကြေးစရတဲ့ အခါ ဆိုက်ကားငှားပြီး အိမ်ကိုပြန်ရတယ်။
“သူတောင်းစားက ဆိုက်ကားငှားစီးပြန် တယ်လေ”လို့ အဘွားဒေါ်တင်ကြည်က ပြောပြီး ရယ် တယ်။
“အလှူခံစကတော့ ရှက်သေးတယ်၊ ခေါင်း ကြီး ငုံ့ထိုင်နေတာ၊ နောက်တော့ ထူးပါဘူး၊ အ လှူခံစားတာက ခိုးစားတာမဟုတ်ဘူး၊ လှူနိုင် ရင် လှူခဲ့ကြပါဦးလို့ လေသံလေးနဲ့ပြောတာ၊ ရပ် ဝေး ဘုရားဖူးတွေက ထည့်ကြပါတယ်”လို့ ဆက်ပြောတယ်။

သူ့ကိုနေခွင့်ပေးထားတဲ့သူငယ်ချင်းအိမ်ရှင် ရဲ့မြေးကလေးက အိမ်ထောင်ကျပြီ။ အဘွား ဒေါ် တင်ကြည်နေတဲ့အဖီလေးက သူတို့မောင်မယ်ရဲ့ စက်ရာဖြစ်သွားတော့ အဘွားခမျာ ဘုံပျောက် တယ်။ ချမ်းမြသုခဘိုးဘွားရိပ်သာကို သိမြင်သူ တွေက ဆက်သွယ်ပေးတယ်။
ဒေါ်တင်ကြည်က သနပ်ခါးအဖွေးသားနဲ့။ သူ့ကို ချမ်းမြသုခက တွေ့လို့ခေါ်ခဲ့စဉ်က အခြေ အနေကို မခင်မာနွယ်က ပြောပြတယ်။
“သူက ကိုယ့်ကိုယ်ကိုလဲ မနိုင်တော့ အညစ် အကြေးတွေနဲ့ ပေကျံညစ်ပတ်နေတာ၊ အနံ့ အ သက်တွေနဲ့၊ ဒီရောက်တော့ ရေချိုးပေးရ တယ်၊ သူဝတ်လာတဲ့အဝတ်အစားတောင် ချက်ချင်း လွှင့်ပစ်ရတာ၊ နံစော်နေလို့”
ကျွန်တော်က နောက်ထပ်အမည်တူ ဒေါ် တင်ကြည်တစ်ယောက်ရဲ့ ခုတင်အနီးကို ကူးခဲ့ တယ်။ နာမည်တူနှစ်ယောက်မို့ သူ့ကို ဒေါ်တင် ကြည် (ကြီး) လို့ ခေါ်တယ်။
ဒေါ်တင်ကြည်ကြီးက လေဖြတ်ထားတယ်။ ရှမ်းစုမီးရထားမြေပေါ်မှာ သားအမိ ဖြစ်သလို တဲ ထိုးနေခဲ့တယ်။ သားက မီးရထားဝန်ထမ်း။ သား ဆုံးသွားတော့ တစ်ယောက်တည်း ကျန်ရစ် တယ်။ အနီးအနားက သံယောဇဉ်ရှိသူက ထမင်း ဟင်း ကျွေးထားတယ်။ ကျွေးမွေးနေသူတွေ တောင်ငူကိုပြောင်းရတော့ အဘွားဒုက္ခတွေ့ပြီ။ ချမ်းမြသုခက သတင်းကြားလို့ သွားခေါ်တဲ့ အ ကြောင်း မခင်မာနွယ်က ပြောပြတယ်။ (မန္တလေး သူ မခင်မာနွယ်က ကျွန်တော် နာမ်စားကိုသုံးပြီး ပြောပါတယ်။)

“သူ့သားခေါင်းချတဲ့နေရာမို့ လုံးဝမလိုက် နိုင်ဘူးတဲ့၊ ကျွန်တော်တို့က အမေကြီးကို သွား ချော့ရတာပေါ့၊ ဒီမှာ သားသမီးတွေလိုပါပဲပေါ့၊ ဒါနဲ့ မျက်ရည်စက်လက်နဲ့ လိုက်လာတာ”
“လိုက်လာတုန်းက ငိုပြီးလိုက်လာတာ၊ ခု တော့ ပျော်နေပြီ”လို့ အဘွားက ပြုံးပြုံးကြီး ပြော တယ်။
အဘွား ဒေါ်တင်ကြည်ကြီးမှာ နားကပ် တစ်ရန်ရှိပါတယ်။ ဒါလေးကို အသေဆုပ်ထား တာ။ တစ်နေ့နေ့မှာ သူသေခဲ့ရင် သင်္ဂြိုဟ်စရိတ် လုပ်ဖို့ ပါ။ ဒါပေမဲ့ အခုတော့ သူက ရောင်းပစ်ချင် နေပြီ။
“ကျွန်တော်တို့ဆီမှာနေရတာ စားရတာ ပူ စရာမလိုတော့ဘူးဆိုတော့ နားကပ်လေးကို ရောင်းပေးပါတဲ့၊ မနေ့ကပဲ သူ့သားလေးဆုံးတဲ့ ရက်မို့ ချမ်းမြသုခအသင်းကို (ကျပ်) ၅၀,ဝ၀ဝ လှူချင်တယ်ဆိုပြီး လှူလိုက်တယ်”လို့ မခင်မာ နွယ်က ပြောပြတယ်။

ကျွန်တော်က အသက် ၉၀ အရွယ် အဘွား ဒေါ်ပု ခုတင်အနီးကိုသွားတယ်။ အဘွားက မျက်စိမမြင်ဘူး၊ နားလည်းလေးတယ်။ သူ့ အ ကြောင်းက ဇာတ်ဆန်တယ်။ စိတ်ဝင်စားစရာ ကောင်းတယ်။ အသင်းအတွင်းရေးမှူး ဦးလှ အောင်က ဖြစ်ရပ်ကို ပြန်ပြောပါတယ်။
မန္တလေး မဟာမုနိဘုရားကြီး အနောက်မုခ် က တံတိုင်းဘေးမှာ မျက်မမြင်ဒေါ်ပုက အဖီချနေ ပြီး ဘုရားစောင်းတန်းမှာ တောင်းရမ်း စား သောက်နေတယ်။ တစ်ရက်မှာ မျက်မမြင်ရဲ့ရင် ခွင်ထဲကို လူတစ်ယောက်က မွေးကင်းစမိန်းက လေးတစ်ယောက် ထည့်သွားတယ်။ သူက မွေး စားပြုစုထားတာ ငါးနှစ်သမီးအရွယ်ရောက်လာ တယ်။ မိန်းကလေးကို ထမင်းဆိုင်တစ်ဆိုင်က တောင်းယူပြီး သမီးအဖြစ် မွေးစားလိုက်တယ်။ သမီးလေးက ယခု ၁၄ နှစ်သမီးဖြစ်နေပြီ။ အဘွား ကတော့ တံတိုင်းဘေးက အဖီလေးထဲမှာ နေရ တယ်။

အခုတော့ အဘွားဒေါ်ပု ချမ်းမြသုခမှာ အေး ချမ်းစွာ နေထိုင်နေရပါပြီ။
ဒေါ်သန်းညွန့်က ကုန်သွယ်ရေးဝန်ထမ်း ဟောင်းပါ။ လုပ်သက် ၁၀ နှစ်ပြည့်ဖို့ တစ်လ အ လိုမှာ ပိုလျှံဝန်ထမ်းဖြစ်ရလို့ ပင်စင်မရဘူး။ ဈေး ရောင်းစားတယ်။ ဦးနှောက်နဲ့အာရုံကြော အား နည်းလို့ ဆေးသောက်နေရတာ ဆေးဖိုးက တစ် လ ကျပ် ၃၀,ဝ၀ဝ။ အပျိုကြီးမို့ မှီခိုစရာ မရှိဘူး။ ဒါကြောင့် အစိုးရဝန်ထမ်းဟောင်းက ချမ်းမြသုခ အရိပ်ကို ခိုရတာပါ။ နောက်ထပ် ပင်စင်စားအဘွားက နာဂအမျိုး သမီးပါ။ အမည်က ဒေါ်ခင်သန်း။ ကွယ်လွန်သူ ခင်ပွန်းက ဝန်ထမ်းမို့ မိသားစုပင်စင်ခံစားရ တယ်။ မခင်မာနွယ်က သူ့အကြောင်းပြောပြတယ်။
“သူက တစ်လ ပင်စင် ၈၀,ဝ၀ဝ ကျော်ရ တယ်၊ ပင်စင်ထုတ်တဲ့နေ့ဆို အဘွားတွေကို ကျွေးတယ်၊ ပင်စင်ငွေထဲက ၅၀,ဝ၀ဝ ကို ချမ်းမြ သုခကို လှူတယ်”
ဒေါ်နော်ထူးဘေဆိုတဲ့အဘွားက စကား မပြောတတ်ဘူး။ နားမကြားရဘူး။ လက်ဟန် ခြေ ဟန်နဲ့ပဲ စကားပြောရတယ်။ မန္တလေး မဟာ အောင်မြေမြို့နယ်က ၃၆ လမ်းနဲ့ ၈၆ လမ်း ထောင့်မှာ နေတယ်။ သူများက တောက်တိုမည် ရ ခိုင်းတာ လုပ်ပေးတယ်။ သူနေတဲ့နေရာအနီး က တရားပွဲမှာ ဗုံးကွဲတော့ ဆေးရုံတင်ရတယ်။ အခြေမဲ့ အနေမဲ့ အဘွားမို့ ချမ်းမြသုခက ခေါ်ယူ လိုက်တယ်။ ဘိုးဘွားရိပ်သာရဲ့စည်းကမ်းချက်က သား ထောက်သမီးခံမရှိသူတွေကိုသာ လက်ခံတာပါ။ အသက် ၈၀ အရွယ် ဒေါ်ယုံက သမီးအရင်း ငုတ် တုတ်ရှိလျက် ရိပ်သာကို ရောက်လာသူဖြစ်ပါ တယ်။

ဒေါ်ယုံနဲ့ ပတ်သက်ပြီး မခင်မာနွယ်က ပြော ပြတယ်၊
“အမေယုံက မျက်စိမမြင်ဘူး၊ အဆင်မပြေ ဘူးလို့ သတင်းကရောက်လာတယ်၊ ကျွန်တော် လိုက်သွားတယ်၊ ပတ်ဝန်းကျင်က လူတွေကလဲ သူ့သမီးနဲ့နေတယ်လို့မပြောဘဲ ဝိုင်းညာထား တာ၊ ကျွန်တော်က သူ့ပစ္စည်းလေးတွေထည့်ပြီး ကားပေါ်တင်ခေါ်လာတာ၊ ကားပေါ်ရောက် တော့ အမေယုံက ဖွင့်ပြောတယ်၊ ငါမလိမ်ချင်ပါ ဘူးအေ၊ ငါ့သမီးအရင်းနဲ့ အတူနေတာပါ၊ သမီး က လောင်းကစားလုပ်တာမကြိုက်လို့ ပြောရင် အမြဲကတောက်ကဆဖြစ်နေလို့ ပတ်ဝန်းကျင်က ကျွန်မတို့ဆီတွန်းပို့တာ”လို့ ပြောပြီး မခင်မာနွယ် က ရယ်တယ်။
'အခု ဒီမှာ ဘုရားနဲ့တရားနဲ့နေရတာ၊ ပြန် မသွားချင်တော့ဘူး”လို့ အမေယုံက ပြောတယ်။
သည်ရိပ်သာဖြစ်လာရတာက ရည်ရွယ် ချက်မရှိဘဲ ဖြစ်သွားတာလို့ အသင်း အတွင်း ရေးမှူး ဦးလှအောင်က ပြောပြတယ်။

“အဘိုး ဦးထွန်းအောင်က ဘုန်းကြီးကျောင်း မှာ ခိုကပ်နေရတာ၊ လေဖြတ်တော့ ချမ်းမြသုခ က ဆေးရုံတင်ပေးတယ်၊ ဆေးရုံကဆင်းတော့ ပြုစုမယ့်သူမရှိတာနဲ့ အသင်းကားပြင်တဲ့ဝပ်ရှော့ ထဲ ထားရတယ်၊ အသင်းသူ အသင်းသားတွေက သူ့အညစ်အကြေးတွေကို သန့်ရှင်းပေးရတယ်၊ နောက် ဒေါ်တင်ကြည်၊ နောက် ဒေါ်ပု၊ တဖြည်း ဖြည်း များလာတယ်၊ မြောက်ပြင်က ကိုဝေဇင်၊ မကြည်သာဆွေတို့က အသင်း လာလှူရင်း အဘိုးအဘွားတွေကို တွေ့လို့ အဆောက်အအုံ လှူမယ်တဲ့၊ ဒီလိုနဲ့ ဘိုးဘွားရိပ်သာဖြစ်သွား တာ”
လူ့အဖွဲ့အစည်းမှာ တာဝန်ရှိသူတွေက တာ ဝန်မကျေနိုင်၊ လူအိုတွေကို အမှိုက်စလို စွန့်ပစ် သူက စွန့်ပစ်ဖြစ်နေကြချိန်မှာ လူမှုရေးအသိရှိသူ အချို့က လောကကို အလှဆင်လို့နေတာ တွေ့ရ ပါတယ်။

ကျော်ရင်မြင့် ( kumudra journal )

မြန်မာ့နိုင်ငံရေး၌ ပါဝင်နေသော တပ်မတော်အား နိုင်ငံရေး ကင်းရှင်းစေရန် ထွက်ပေါက်တစ်ခု ပေးသင့်ကြောင်း စာရေးဆရာ ဆရာသန်းစိုးနိုင်က မတ်လ ၁၉ ရက်နေ့တွင် ပြုလုပ်သော ““နိုင်ငံတကာရှိ စစ်တပ်များ၏ သမိုင်း ကြောင်းကို လေ့လာသုံးသပ်ခြင်း”” (ဒီမိုကရေစီနှင့် စစ်တပ်များ၏ အခန်းကဏ္ဍ) ဟောပြောဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

တပ်မတော်အား ထွက်ပေါက် ပေးမထားလျှင် ပြန်လည်ပုန်ကန်မှုများ ဖြစ်ပေါ်လာနိုင်ကာ တိုင်းပြည် နောက်ကြောင်း ပြန်လှည့် နိုင်သောကြောင့် အစိုးရက ထွက်ပေါက် ပေးသင့်ခြင်းဖြစ်ကြောင်း ဆရာသန်းစိုးနိုင်က ရှင်းလင်း ပြောကြားခဲ့သည်။

““ထွက်ပေါက် ပေးသင့်တယ်ဆိုတာ ဥပမာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ကိစ္စတွေမှာ တပ်မတော်က ထောက်ခံပြီးတော့မှ ထွက်သွားတာမျိုးကို ဆိုလိုတာ။ ဖိလစ်ပိုင်မှာဆိုရင် သူတို့က အာဏာရလာတဲ့ အခါကျတော့ စစ်တပ်ကို ပယ်လိုက်တော့ ပြန်ပြီး ပုန်ကန်တာတွေ ဖြစ်တယ်။ အဲ့လို မလုပ်ဘဲ အခြေခံ ဥပဒေအရ သူတို့ကို တာဝန်ပြဋ္ဌာန်းသင့်တယ်။ သူတို့ရဲ့ လူနေမှု အဆင့်အတန်းကို မြှင့်တင် ပေးသင့်တယ်။ သူတို့ရဲ့ လုပ်ငန်း တာဝန်သစ်တွေကို ပြဋ္ဌာန်းပေးသင့်တယ်။ စစ်တပ်ကို လူတွေက မုန်းနေတာကနေ ချစ်လာ အောင်လုပ်ဖို့ပဲ””ဟု ဆရာသန်းစိုးနိုင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

နိုင်ငံရေး နယ်ပယ်၌ တပ်မတော် ၀င်ရောက်လာခြင်းမှာ ၎င်းတို့ ကိုယ်တိုင် ဖန်တီးသည်ဖြစ်၍ ထွက်ပေါက် ပေးရန် မလိုအပ်ဘဲ အလိုက်တသိ ပြန်လည်ကာ နေရာမှန်သို့သွားရန် လိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ဦးမင်းဇေယျက သုံးသပ်သည်။

““မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခန်းကဏ္ဍမှာ တပ်မတော်ဟာ နှစ်ပေါင်း ၆၀ နီးပါးလောက် လုံးလုံးကြီး ချုပ်ကိုင်ပြီး ကြီးစိုး လာခဲ့တာလေ။ ကိုယ်ပဲမူချတယ်။ ကိုယ်ပဲ အကောင်အထည်ဖော်တယ်။ ကိုယ်ပဲအုပ်ချုပ်တယ်။ တိုင်းပြည်က ဘယ်လောက်အထိ ကြီးပွား တိုးတက်နေပြီလဲ။ လက်တွေ့ကျကျ စဉ်းစားကြည့်ရင် အရှိကို အရှိ အတိုင်း မြင်ကြည့်မယ်ဆို သိသာပါတယ်။ အဲ့တော့ ထွက်ပေါက်ဆိုတာ ဘာကိုပြောတာလဲ။ ကျွန်တော်တို့က ဘယ်တော့မှ တပ်မတော်ကို ချောင်ပိတ် မရိုက်ခဲ့ဘူး။ ထွက်ပေါက်ပေးပါလို့ ပြောစရာ မလိုတော့အောင်ကို တပ်မတော် ခေါင်းဆောင်တွေအနေနဲ့ နေရာမှန်ကို သွားဖို့လိုတယ်””ဟု ကိုမင်းဇေယျက မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောကြားခဲ့သည်။

အဆိုပါပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦးနှင့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းတို့ တက်ရောက်ခဲ့ကြသည်။

စာရေးဆရာ ဆရာသန်းစိုးနိုင်သည် ၁၉၆၃ ခုနှစ်တွင် 7 July နှစ်ပတ်လည်ကိစ္စဖြင့် ရန်ကုန် တက္ကသိုလ်မှ ထုတ်ပယ်ခံရပြီး ၁၉၆၉ ခုနှစ် ပဉ္စမအကြိမ် အရှေ့တောင်အာရှ ကျွန်းဆွယ်ကစား ပြိုင်ပွဲ ကျွန်းဆွယ် လှုပ်ရှားမှု၌လည်း ဖမ်းဆီးခံရကာ ၁၉၇၄ မေ-ဇွန် အလုပ်သမား လှုပ်ရှားမှုတို့တွင် ပါဝင်ခဲ့သည်။

၁၉၇၅ ခုနှစ်တွင် စစ်ထောက်လှမ်းရေးတို့၏ လိုက်လံဖမ်းဆီးမှုကြောင့် တောခိုခဲ့ပြီး ၁၉၈၀ တွင် ဗမာပြည် ကွန်မြူနစ်ပါတီ အလယ်ပိုင်း ဗျူရို ၄၀၄၆ တပ်ရင်း၌ နိုင်ငံရေးမှူးတာဝန်၊ ၁၉၈၄ ခုနှစ်တွင် “၀”နယ် သွေးစည်း ညီညွတ်ရေးပါတီ၏ ဗဟိုကော်မတီဝင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဝိုင်းမော်
မြန်မာသံတော်ဆင့်

ဖေဖော်ဝါရီ၂၂ရက်က ပြုလုပ်သောစီးပွားရေးလုပ်ငန်းရှင်များစီးပွားရေးအသင်းအဖွဲ့များမှကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သော သမ္မတဦးသိန်းစိန်

နိုင်ငံတော်သမ္မတမှ ၀န်ကြီးဌာနများသို့ ပေးပို့ခဲ့သော အကြောင်းကြားစာပါ ကျပ်သုံးသိန်း ထက် ကျော်လွန်သော လက်ဆောင်အား လက်ခံပါက လာဘ်ပေးလာဘ်ယူမှုအဖြစ် သတ်မှတ်မည် ဆိုသည်မှာ ၎င်းကိုယ်တိုင် ရေးထိုးထားသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ကို ကျော်လွန်ရာ ရောက်နေသည်ဟု ဥပဒေ ပညာရှင် အသိုင်းအ၀ိုင်းက ဝေဖန်ခဲ့ကြသည်။

၂၀၁၃ ခုနှစ် သြဂုတ်လအတွင်းက သမ္မတဦးသိန်စိန် လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့သော အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွင် တံစိုးလက်ဆောင် လက်ခံယူမှုအတွက် တန်ဖိုး သတ်မှတ်ထားခြင်း မရှိဘဲ ရာထူးတာဝန် အလွဲသုံးစားပြု၍ ငွေကြေး၊ ပစ္စည်း၊ လက်ဆောင်၊ ၀န်ဆောင်ခ၊ ဧည့်ခံပြုစုခြင်းနှင့် တရားမ၀င်သော အခြား အကျိုးခံစားခွင့်များကို လက်ခံခြင်း သို့မဟုတ် ပေးခြင်းဟူ၍သာ ဖော်ပြထားသည်။

““အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေမှာတော့ ပိုက်ဆံမှ မဟုတ်ဘူး၊ ဘယ်လိုအရာ ပစ္စည်းမျိုးမဆို လက်ခံရင် လာဘ်ပေးလာဘ်ယူ မြောက်တယ်။ အခု သမ္မတကြီးက သုံးသိန်းကျော် လက်ဆောင် လက်ခံရင် လာဘ်ပေးလာဘ်ယူ သတ်မှတ်မယ်ဆို ပြီး ပြောတာတော့ သမ္မတကြီး အာရုံလွဲသွားလို့မှားပြီး ပြောလိုက်တာ ဖြစ်မယ်””ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တရားလွှတ်တော်ရှေ့နေ ဦးကျော်က ပြော သည်။

၂၀၁၃ ခုနှစ်က ပြဌာန်းခဲ့သော အဂတိတိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ အခန်း (၃) အရ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ကို သမ္မတ လက်မှတ်ရေးထိုး၍ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅ရက်နေ့က အဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပြီးလည်း ဖြစ်သည်။ ယင်းကော်မရှင် အနေဖြင့် လာဘ်ပေးလာဘ်ယူမှု များကို စုံစမ်းစစ်ဆေးပြီးနောက် တွေ့ရှိချက် ခိုင်လုံပါက တရားစွဲဆိုနိုင်ရန် ဆောင်ရွက်ရမည် ဖြစ်သည်။

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ““ဦးတို့က ကျမ်းကျိန်ပြီးကတည်းက စပြီး လုပ်နေကြတာပဲ။ အခု ကော်မရှင်ထဲမှာ ကော်မတီခွဲလေးတွေ ခွဲပြီး လုပ်နေပြီ။ ရုံးပိုင်းဆိုင်ရာတော့ ပြီးသွားပြီ။ အခု ဥပဒေကို အသေးစိတ် လေ့လာနေကြတယ်။ သမ္မတကြီး ထုတ်တဲ့ ကျပ်သုံးသိန်းကျော်ရင် လာဘ်ပေး လာဘ်ယူလို့ သတ်မှတ်တဲ့စာက ဦးတို့ဆီကို အခုထိမရောက်သေးဘူး။ အခြားဝန်ကြီးဌာနတွေကို ရောက်တယ်လို့ ကြားတယ်။ စာရောက်ရင် ဦးတို့အဖွဲ့က ဘာတွေ ကွဲလွဲနေတယ် ဆိုတာကို ဥပဒေကပါတဲ့ အချက်တွေနဲ့ တိုက်ဆိုင် စစ်ဆေးမှာပါ။ ဥပဒေမှာက ငွေပမာဏ ဘယ်လောက်ဆိုတာ မသတ်မှတ် ထားဘူး ဆိုတော့ စာရောက်ရင်တော့ စိစစ်ပြီးသမ္မတဆီ တင်ပြရမှာပေါ့။ အသေးစိတ်ကျတော့ စာလည်း မဖတ်ရ သေးတော့ ပြောရင် မှားသွားမှာ စိုးလို့ပါ”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

သမ္မတ၏ ကျပ်သုံးသိန်းကျော်လွန်ပါက လာဘ်ပေးလာဘ်ယူမှုအဖြစ် သတ်မှတ်မည့် အကြောင်းကြားစာနှင့် ပတ်သက်၍ ““သမ္မတကြီးစကားက ဥပဒေမဟုတ်ဘူး။ ဥပဒေကိုပဲ လေးစားလိုက်နာရမှာပေါ့”” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။ သမ္မတ သတ်မှတ်သည့် ကျပ် (၃) သိန်းသည် လက်ရှိ ညွှန်ချုပ်တစ်ဦး၏ လစာဖြစ်သော ငွေကျပ် ၂ သိန်း ၄ သောင်းထက်ပင် ပိုမိုများ ပြားနေသည်ကိုလည်း တွေ့ရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ၏ အခန်း(၁) (က)တွင် လာဘ်ပေးလာဘ်ယူမှု ဆိုသည် ကို အဓိပ္ပာယ် ဖွင့်ဆိုရာ၌ လုပ်ပိုင်ခွင့် အာဏာရှိသူက ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ တစ်စုံတစ်ရာကို ပြုလုပ်ရန်၊ ဥပဒေနှင့်အညီ ပြုလုပ်ခြင်းမှ ရှောင်ကျဉ်ရန်၊ တစ်ဦးတစ်ယောက်အား ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကို မမှန်မကန် ပိတ်ပင်ရန်သော် လည်းကောင်း၊ သက်ဆိုင်သူထံမှ တံစိုးလက်ဆောင်ကို မိမိအတွက် သော်လည်းကောင်း၊ အခြားသူ တစ်ဦးဦး အတွက်သော် လည်းကောင်း၊ အဖွဲ့အစည်း အတွက်သော်လည်းကောင်း ပေးခြင်း၊ လက်ခံခြင်း၊ ရယူခြင်း၊ ရယူရန် အားထုတ်ခြင်း၊ ကမ်းလှမ်းခြင်း၊ ကတိပြုခြင်း၊ သို့မဟုတ် တစ်နည်း နည်းဖြင့် ဆွေးနွေးခြင်းအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြုလုပ်ခြင်းကို ဆိုလိုသည်ဟု ဖော်ပြထားသည်။

ထို့ပြင် အခန်း(၈)၌ ကော်မရှင်သည် လုပ်ပိုင်ခွင့် အာဏာရှိသူများ၏ အမည်စာရင်းကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ တောင်းခံ၍ ၎င်းတို့၏ ငွေကြေး၊ ပစ္စည်း၊ ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့်များ ပိုင်ဆိုင်မှုနှင့် စပ်လျဉ်း၍ စိစစ်ပြီး အမိန့်ကြော်ငြာစာများ ထုတ်ပြန် ကြေညာရမည်ဟု ဖော်ပြထားသည်။

ယင်းဥပဒေ အခန်း(၁၀)၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ အခန်းတွင် မည်သူမဆို လာဘ်ပေးလာဘ်ယူမှု ကျူးလွန် ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် နိုင်ငံရေး ရာထူး လက်ရှိဖြစ်သူ ဆိုပါက ၁၅ နှစ် ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်ပါ ချမှတ်နိုင်ပြီး နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့် အာဏာရှိသူ မည်သူမဆို ပြစ်မှုကျူးလွန်ပါက တစ်ဆယ်နှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်ပါ ချမှတ်နိုင်သည်။ ယင်းတို့မှအပဖြစ်သော မည်သူမဆို ပြစ်ဒဏ်ကျူးလွန်ခဲ့ပါက ခုနစ်နှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်ပါ ချမှတ် နိုင်သည်ဟု ဖော်ပြထားသည်။

မြန်မာသံတော်ဆင့်

20-3-2014-နေ့ မှာတော့ ပြင်သစ်နိုင်ငံ သား mr monney နှင့် ပြင်သစ်နိုင်ငံသူ ms Thellier တိုမှ မြန်မာ့ ဓလေ့ ထုံးထမ်း စဉ်လာကို အလေးထား မြတ်နိုး တန်ဘိုးထားသောအားဖြင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု့ နှင့်အညီ အာဝါဟ ဝိဝါဟ မင်္ဂလာကို ပုဂံညောင်ဦးမြို့ မြစည်းခုံကျောင်းတိုက်အတွင်း တွင် သံဃာတော် အရှင်မြတ်များအား မင်္ဂလာဆွမ်းကျွေးခြင်း မင်္ဂလာ လက်စွပ် ဆင်မြန်းခြင်း ရဟန်းသံဃာတော် တို့၏ အဆုံးအမကို ခံယူလျှက် မြန်မာဆန်စွာ မင်္ဂလာပွဲ ကျင်းပပြုလုပ် သွားပါတယ်။ မြန်မာတွေကတော့ အနောက်တိုင်း ယဉ်ကျေးမှု့ကို အထင်ကြီးပြီ နေချိန်မှာ အနောက်တိုင်း နိုင်ငံသား တို့ကတော့ မြန်မာလို မင်္ဂလာပွဲ ဆင်နွှဲရတာ အလွန်အင်မတန် ကျက်သရေ မင်္ဂလာရှိလို ဆိုပြီး မြန်မာယဉ်ကျေးမှု့ ကို ဂုဏ်ပြု ပြောဆိုသွားပါတယ် ကိုယ့် ဘာသာ ကိုယ့်ယဉ်ကျေးမှု့ ကိုယ့်ဓလေ့ ထုံးထမ်း စဉ်လာများကို ထိမ်းသိမ်း စောင့်ရှောက်နိုင် ကြပါစေကြောင်း ဆုတောင်းရင်းဖြင့်။

Credit by https://www.facebook.com/ya.tha.524



မြန်မာစစ်အုပ်စုက ဒီမိုကရေစီဆိုသည့် လေသံလေးဟလိုက်သည်နှင့် အနောက်အုပ်စုသည် အမြီးနှံ့ လာလေတော့သည် … ထိုအတွက် အကျိုးရှိသွားသူမှာ ယခင်စစ်အာဏာရှင်များဖြစ်သော ယခုအစိုးရဖြစ်သည် …

၂၀၁၀ခုနှစ်က ကျင်းပသော ရွေးကောက်ပွဲမှာ ၁၉၈၈ခုနှစ်က စစ်တပ်အာ ဏာသိမ်းပြီးနောက် တက်လာသော စစ် အစိုးရနှင့်မတူသည့် အစိုးရသစ်ဖြစ်သည် ကိုကား ငြင်းကွယ်၍ မရပေ။ ထိုသို့ အပြောင်းအလဲသစ်တစ်ခု၊ ရွေးကောက်ပွဲ တစ်ခု၊ အစိုးရသစ်တစ်ခု ဖြစ်ပေါ်ရေးအတွက် ၈၈ အာဏာသိမ်းစစ်ကောင်စီ သည် သေသေ ချာချာ ပြင်ဆင်ပြီးမှ ယခု အပြောင်းအလဲကို စတင်လိုက်ခြင်းဖြစ်ပါ သည်။ ပထမဆုံး အမျိုးသားညီလာခံကို ခေါ်သည်။ ထိုအမျိုးသား ညီလာခံမှာလည်း စစ်ကောင်စီအလိုကျ ကိုယ်စားလှယ်များ၊ အဖွဲ့အစည်းများဖြင့် ကျင်းပသော ညီလာခံဖြစ်ပါသည်။ ထိုညီလာခံမှနေ လမ်းပြ မြေပုံ ၇ချက်ကို ချမှတ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲသည်။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားပါတော့သည်။ ထိုအမျိုးသား ညီလာခံသည် စစ်ဗိုလ်ချုပ် များကမကထလုပ်ပြီး စစ်ကောင်စီက ပါဝင်ပြုလုပ်ခဲ့သည့် ညီလာခံ ဖြစ်သည်ကို အားလုံးအသိဖြစ်ပါသည်။ ဗိုလ်နေ၀င်း၏ စစ်အာဏာရှင်စနစ်နှင့် တစ်ပါတီ အာဏာရှင်စနစ်ကို လက်မခံနိုင်သူများက သမိုင်းတွင် မကြုံဖူးလောက်အောင် ကြီးမားပြင်းထန်သော လူထုတိုက်ပွဲ ကြီးဖြစ်ပေါ်လာ ခဲ့သည်။ နောက်ထပ်အာဏာသိမ်း ဗိုလ်သန်းရွှေအစိုးရက သူတို့အာဏာကို ကာကွယ်ရန် အာဏာသိမ်း ကြသည်။ လူထုက သူတို့ကို မနှစ်မြို့မှန်းသဘော ပေါက်ပါသည်။ ထို့ကြောင့် အေးအေးငြိမ်း ငြိမ်းဖြင့် သူတို့ ဆုတ်ခွာနိုင်ရေး၊ သူတို့အ ကျိုးစီးပွားကို ကာကွယ်ရေး၊ လူပုဂ်္ဂိုလ် တစ်ဦးချင်း၏ ဂုဏ်သိက္ခာကို ထိန်းသိမ်း ရေးတို့အတွက် အနှစ် ၂၀အာဏာကို ဆုပ်ကိုင်ခဲ့သလို ဆုတ်ခွာဖို့လည်း ကြိုးစားခဲ့ပါသည်။…

ထိုသို့ ကြိုးစားရာတွင် စစ်အာဏာရှင်ဟောင်းများနှင့် စစ်ဗိုလ်ချုပ်များ အတွက် တရားဝင်အကာအကွယ်ပေးနိုင် သည်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပင်ဖြစ်ပါသည်။ ထိုဥပဒေတွင် ဟာကွက် လစ်ကွက်မရှိအောင် ပြည်သူ လူထု အငမ်း မရ တောင့်တနေသော လစ်ဘရယ်ဒီမို ကရေစီဆိုသည်လည်း ပါဝင်အောင်၊ ကမ္ဘာတစ်ဝန်း ကျင့်သုံးနေသော ဈေးကွက် စီးပွားရေးလည်း ထည့်သွင်းနိုင်အောင် ၁၀ နှစ် ၁၀ မိုးရေးဆွဲကာ အတင်းအဓမ္မ အတည်ပြုလိုက်လေသည်။ ခရိုနီတို့ကို မွေးထုတ်ကာ မြန်မာနိုင်ငံ၏ သယံဇာတ တူးဖော်ရေးလုပ်ငန်း၊ ဘဏ် လုပ်ငန်း၊ ဟို တယ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ် ငန်းစသည့် ရှေ့တန်းအကျဆုံး လုပ်ငန်း များကို ခရိုနီ များနှင့် စစ်အာဏာရှင်များ က ချုပ်ကိုင်ထားနိုင်ခဲ့လေသည်။ ထို့ပြင် တိုင်းပြည်လုံခြုံရေးနှင့်သူတို့ လုံခြုံရေးအ တွက် စိတ်အချရဆုံး စစ်ဗိုလ်များကို တပ် အား ကိုင်ထားစေကာ သူတို့၏ အိုးအိမ် စည်းစိမ်များကို အကာ အကွယ် ပေးထားစေသည်။ ခေတ်မီလက်နက်များ တပ်ဆင်ထားသော စစ်သည်အင်အား ၅သိန်းကျော် ရှိသော သူတို့၏ ခါးပိုက်ဆောင်တပ်ကို ထားရှိခဲ့လေသည်။ ထိုအခြေအနေများ သည် စိတ်ကူးယဉ် စွပ်စွဲနေသော အချက်များ မဟုတ်ပေ။ နှစ်ပေါင်း ၅၀ ကျော်ကာလတွင် စစ်အုပ်စုသည် မြန်မာ့မြေပေါ်၌ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေလေပြီ။ ထိုအမြစ်ကို ပြုတ်စေဖို့မှာ လူထုအင်အားများများဖြင့် ထိုးဆွမှသာ အမြစ်ပြုတ်နိုင် ပေမည်။

စစ်အာဏာရှင်များနှင့် စစ်ကောင်စီ သည် အမြစ်တွယ်နေပြီးသော သူတို့၏ မျိုးဆက်၊ သူတို့၏ စီးပွားရေး၊ သူတို့၏ စစ်တပ်နိုင်ငံရေးအင်အားတို့ကို တည် ဆောက်ပြီးသောအခါတွင် စစ်အုပ်ချုပ်ရေး မှနေ လူ့လောက ထဲသို့ တိုးဝင်ဖို့ကြိုးစားပါသည်။ ထိုအခါ ၂၀၀၈ ဖွဲ့စည်းပုံအတည်ပြုခြင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲပေါ်လာ ပါသည်။ ထိုအစီအစဉ်ကို အစကတည်းက ရေးဆွဲပြီးဖြစ်ပါသည်။ သူတို့ကို ဆန့် ကျင်သော နိုင်ငံရေးသမားများ၊ ကျောင်းသားများ၊ တိုင်းရင်းသားများ၊ ဗကပများ စသည်တို့ကို ပိုက်စိပ်တိုက်ဖမ်းဆီးကာ ပါးစပ်ဟရုံလေးဖြင့် အနည်းဆုံးထောင် ဒဏ် ၇ နှစ်မှနေ ၁၅နှစ်ချသည်အထိ ရမ်းကားခဲ့သည်။ သူတို့လက်ထဲမှ သေနတ်ဖြင့် အနိုင်ကျင့် ဗိုလ်ကျကာ လူ တစ်ယောက်လျှင် ထောင်ဒဏ်အနှစ် ၁၅၀ ချသည်အထိ ရက်စက်ခဲ့သည်။ ထိုသို့ ခြောက်လှန့်ပြီးမှ ရွေးကောက်ပွဲကျင်းပ သည်။ သူတို့၏ ကြံ့ခိုင်ရေးဆိုသော လူမှုရေးအဖွဲ့ကို ပြည်ခိုင်ဖြိုး ပါတီအဖြစ် ပြောင်းလိုက်လေသည်။ ထိုကြံ့ခိုင်ရေးဆို သော အဖွဲ့အစည်းမှာ ၅၈ခု၊ အိမ်စောင့် အစိုးရ လက်ထက် ကတည်းက ရှိခဲ့သော အဖွဲ့ဖြစ်သည်။ အမှတ်တံဆိပ်မှာလည်း ခြင်္သေ့ပင်ဖြစ်လေသည်။ ပြည်ခိုင်ဖြိုး ပါတီ ဖွဲ့စည်းသည်မှာ ၁ နှစ်လောက်ပင်ရှိသော် လည်း ၂၀၁၀ ရွေးကောက်ပွဲကျင်းပသော အခါ ထောက်ခံသူ များစွာ ရအောင် စည်း ရုံးနိုင်ခဲ့သည်မှာ သမိုင်းတွင် တစ်ခါမှ မတွေ့ဖူးပေ။ နာဇီပါတီမှာ ချွတ်ခြုံကျ နေသော ဂျာမနီပြည်သူများ၏ ထောက်ခံ မှုအများအပြားအမှန်တကယ်ရခဲ့ပါသည်။ ကြံ့ဖွံ့မှာ ထိုအချိန်က အော့ကြော လန် ဖြစ်သည်။ ဒီပဲယင်းအရေးအခင်း၊ ရွှေဝါ ရောင်တော်လှန်ရေးတို့တွင် ပါဝင်ပတ် သက်နေခြင်းကြောင့် လူထုထောက်ခံမှု ရနိုင်စရာအကြောင်းမရှိပေ။ ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲကြီးမှာ ချိုးထားသည့် ဖဲအတိုင်း သပိတ်ဝင် အိတ်ဝင်အနိုင်ယူ ကာ ၂၀၁၀ မတိုင်ခင်နှစ်ကာလများက တည်းက ချမှတ်ထားသည့် ပုံစံအတိုင်း အစိုးရ အဖွဲ့ဖွဲ့နိုင်ခဲ့ခြင်းဖြစ်သည်။

အာဃာတကင်းကင်း၊ ဂိုဏ်းဂဏ ကင်းကင်း အမှန်တရားကို ဦးထိပ်ထားပြီး သစ်္စာရှိရှိ ပြောရလျှင် ယခု မြန်မာ နိုင်ငံကို အုပ်ချုပ်ထားသော အသိုင်းအ၀ိုင်းသည် စစ်အုပ်စုဖြစ်သည်ဟုပင် ပြောရမည်ဖြစ် သည်။ အဘယ် ကြောင့်ဆိုသော် ပြည်ခိုင် ဖြိုးပါတီမှာ စစ်ဗိုလ်ချုပ်ကြီးများ၊ ဗိုလ်မှူး ကြီးများမှသည် ၀န်ကြီးများမှနေ မြို့နယ် အုပ်ချုပ်ရေးမှူးအထိ တာဝန်ယူထားသော စစ်သားများဖြစ်နေခြင်း၊ အစိုးရအဖွဲ့၏ ထိပ်ဆုံးတာဝန်ယူသူ နိုင်ငံ၏အကြီးအကဲ ဖြစ်သူ သမ္မတမှာ ယခင်စစ်အစိုးရလက် ထက်က နံပါတ် ၄ အဆင့်တွင်ရှိသော ဗိုလ်ချုပ်ကြီး ဖြစ်ခြင်း၊ ဒုတိယ သမ္မတတစ်ဦးမှာ ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်သလို နောက် ဒုတိယသမ္မတတစ်ဦးမှာလည်း စစ်တပ် မှ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ခြင်း၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ဒေသဖွံ့ ဖြိုးရေးဌာန ၀န်ကြီး စသည့် စသည့် ၀န်ကြီးအများစုမှာ ဗိုလ်ချုပ်များ သာဖြစ်နေခြင်းတို့ကို ကြည့်ခြင်းအားဖြင့် အစိုးရအဖွဲ့မှာ စစ်အုပ်စုဖြစ်ကြောင်း လယ်ပြင်မှာ ဆင်သွားသလို ပေါ်လွင် ထင်ရှားနေပါသည်။

ထို့ပြင် ဖွဲ့စည်းပုံအရ ဖြစ်ပေါ်လာခဲ့ သော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် စသော လွှတ်တော်များ၏ ဥက္ကဋ္ဌနာယကအဖြစ် တာဝန်ယူသည်မှာလည်း စစ်ဗိုလ်ချုပ်ကြီးများ ပင်ဖြစ်သည်။ ၂၀၁၀အစိုးရ မဖွဲ့ခင်ကတည်းက လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှာ စစ်အစိုးရခေတ်က သူရဘွဲ့ရထားသော စစ် ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်လေသည်။ လွှတ်တော် ကိုယ်စားလှယ်များကို ကြည့်မည် ဆိုလျှင်လည်း ပြည်ခိုင်ဖြိုး ပါတီမှ အရွေး ခံရသောသူများဖြစ်သောကြောင့် ဗိုလ်မှူး၊ ဗိုလ်ချုပ်များဖြစ်သလို ကာကွယ်ရေးဦးစီး ချုပ်က ခန့်ထားသော တပ်မတော်သား ကိုယ်စားလှယ်များမှာလည်း အနိမ့်ဆုံး ဗိုလ်မှူးချုပ်များဖြစ်သဖြင့် လွှတ်တော် ထဲတွင် စစ်ဗိုလ်ချုပ်များ ကြီးစိုးနေ ခြင်းဖြစ်လေသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ၀န်ကြီးများကို ကြည့်လျှင် လည်း စစ်ဗိုလ်ချုပ်များပင် မဟုတ်ပါလော။ တစ်ဖန်ရွေးကောက်ပွဲကော်မရှင်ကို ကြည့် ပါက ကော်မရှင်ဥက်္ကဋ္ဌမှာ ဒုတိယဗိုလ်ချုပ် ကြီးဟောင်းဖြစ်ပြီး ဦးပိုင်လီမိတက်၏ ဥက္ကဋ္ဌလည်းဖြစ်ပါသည်။ ဆိုလိုသည်မှာ သမာသမတ် ကျသည် မကျသည်၊ ဆိုး သည်ကောင်းသည်တို့ကို ဝေဖန်နေခြင်း မဟုတ်ဘဲ အရေးပါသော နေရာများ၊ အာ ဏာရှိသော ရာထူးများကို ရရှိထားသည် မှာ စစ်အုပ်စုက စစ်ဗိုလ်ချုပ်ကြီးများဖြစ် သောကြောင့် ထောက်ပြ ရခြင်းဖြစ်သည်။ တချို့အသေးစိတ်များ သိချင်မှသိနိုင်သော် လည်း သိသာထင်ရှားသော အရေးကြီး နေရာမှန် သမျှမှာ စစ်အစိုးရလက်ထက်က တည်းက ရေးဆွဲထားသော ဇယားအတိုင်း ယခင်စစ်ကောင်စီ၏ ဆန္ဒ အရတာဝန် ယူကြရသော စစ်အုပ်စုဖြစ်သည်ကို မည်သို့ မျှ ငြင်းကွယ်၍ မရနိုင်ပေ။ ယခင်စစ် ကောင်စီ၏ ကြိုးကိုင်ပုဂ်္ဂိုလ်များသည် ထိုကဲ့သို့ ကုလားဖန်ထိုးပြီး ထိုဖဲကို ချိုးလိုက်လျှင် သူတို့ရရှိလာမည့် အကျိုးအမြတ်ကို တွက်ချက်ပြီးဖြစ်သည်။ မြန်မာနိုင်ငံကို တရုတ်သြဇာအောက်မှ ဆွဲထုတ် လိုက်သော၊ မြောက်ကိုရီးယားကို စစ်ရေး အရ မှီခိုနေသည်မှ ဖယ်ရှားလိုသော အရှေ့တောင်အာရှတွင် တရုတ်ကို ဆန့် ကျင်သည့်အနေဖြင့် အမေရိကန်မှာ မဆွတ်ခင်က ညွတ်ချင်နေလေသည်။ မြန်မာစစ်အုပ်စုက ဒီမိုကရေစီဆိုသည့် လေသံလေးဟ လိုက်သည်နှင့် အနောက် အုပ်စုသည် အမြီးနှံ့လာလေတော့သည်။ သူ့ထက်ငါ အလုအယက်ဖြင့် မြန်မာအုပ် ချုပ်သူများထံ အတင်းဝင်ဖက်၏။ သူတို့ ရင်ငွေ့ကို လှုံခိုင်း၏။ သူတို့သြဇာခံဖြစ် အောင် ကြိုးစားကြလေ တော့သည်။ ထိုလုပ်ရပ်မှာ နှစ်ပေါင်းများစွာကတည်းက လုပ်ကိုင်ခဲ့သော အနောက်နိုင်ငံများ၏ မဟာဗျူဟာ ဖြစ်ပါသည်။ ထိုအခြေအနေ ကိုလည်း ယခင်စစ်ကောင်စီသည် တွက်ချက်ပြီးဖြစ်ပါသည်။ အနောက်အုပ်စု၏ Sanction ကို ရုပ်သိမ်းအောင်အားထုတ်ခဲ့သလို ထို Sanction ခေါ် စီးပွားရေးပိတ် ဆို့မှုကိုလည်း အမေရိကန် နှင့် အပေါင်း အပါများက ရုပ်သိမ်းလိုက်လေသည်။ ထို အတွက် အကျိုးရှိသွားသူမှာ ယခင်စစ် အာဏာရှင် များဖြစ်သော ယခုအစိုးရဖြစ် သည်။ ၃ နှစ်ကြာသွားသည့်တိုင်ဘာမှ မထူးခြားဘဲ အကျိုးမရှိဖြစ်သွားသည်မှာ ပြည်သူများဖြစ်သည်။ မည်သို့ဖြစ်စေ နှစ် ပေါင်း ၅၀ ကျော်ကြာ တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်ခဲ့သည့် စစ် အာဏာရှင် များပြီးသည့်နောက် ယခုစစ်အုပ်စုမှာ တိုင်း ပြည်ကိုအုပ်ချုပ်ဆဲဖြစ်သည်မှာ ငြင်းပယ် ၍ မရနိုင်ပေ။ ။

မြန်မာသံတော်ဆင့်


လွန်ခဲ့တဲ့ ၁နာရီအတွင်းမှာပဲ
MH370 လေယာဉ်ပျက် အပိုင်းအစ တခု တွေ့ ပြီတဲ့ . ..

http://www.theguardian.com/world/201...australia-says

Largest 'object' sighted in MH370 search is 24 metres: AMSA
AFP Thursday 20 March 2014 , 03:41 PM

The largest object sighted in the search for missing Malaysia Airlines flight MH370 is 24 metres (79 feet), with a second, smaller object also spotted, Australian authorities said Thursday.
"The objects are relatively indistinct. The indication to me is of objects that are of a reasonable size and probably awash with water and bobbing up and down over the surface," said Australian Maritime Safety Authority official John Young.
"The largest ... was assessed as being 24 metres. There is another one that is smaller than that."
------------------------------------------------------------------------------------.------------
Äအမေရိကန် ရေကြောင်း စောင့်ကြည့်လေ့လာရေး လေယာဉ် ၂ စင်း၊နှင့်အတူ
ဩစတြေလျ P-8 Poseidonလေယာဉ်ကို Perth မြို့  အလွန်နေရာတဝိုက်တွေ၊ P-3 Orion aircraft က Bay of Bengal ဘင်္ဂလားပင်လယ်အော် ရဲ့ မြောက်ဖက်တဝိုက် တွေမှာြံ၃၇၀ လေယာဉ်ပျက် ကို ကူညီရှာဖွေပေးနေကြပါတယ်။
အမေရိကန် သူလျှို စောင့်ကြည့်လေ့လာရေး ဂြိုလ်တုတေ spy satellites မှလည်း MH370 လေယာဉ်ပျက် ကို နိုင်ငံတကာနဲ့ ပူးပေါင်း၊ကူညီရှာဖွေပေးနေကြပါတယ်။


ခိုးယူခံရတဲ့ ဥရောပနိုင်ငံကူးလက်မှတ်နဲ့  MH370 လေယာဉ်စီးတဲ့ ၂ ယောက်သည် အီရန်နိုင်ငံသားတွေဖြစ်တယ်လို့  အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ ကထုတ်ပြန်ပါတယ်၊
တရားမဝင်ခိုးဝင်နေထိုင်ဖို့ ကြိုးစားသူတွေပဲဖြစ်ဖို့ များပြီး-
အကြမ်းဖက်သမားတွေလို့ ပြောဖို့ ရာအတွက်တော့ . . .
သူတို့ တတွေရဲ့ အချက်အလက်တွေက မကိုက်ညီပါဘူးတဲ့။

MH370 လေယာဉ်ကို မြောက်အရပ်ဖက်ကိုဦးတည်ပျံသန်း ဖို့ ဆိုရာမှာလည်း . .လုံခြုံရေးဗျူဟာအရ အထိမခံကြတဲ့၊ နိုးကြားကြတဲ့ဒေသဖြစ်တဲ့၊
နိုင်ငံအတော်များများရဲ့ လေကြောင်းပိုင်နက်တွေကိုဖြတ်ကျော်ပျံသန်း ပြီး လုံးဝ မသိလိုက်၊
ရေဒါမှာ မတွေ့ ရဖို့ ဆိုတာသည်လည်း စဉ်းစားစရာကောင်းနေပါတယ်။

အခုအချိန်မှာ MH370 လေယာဉ် သည် တနေရာရာမှာ ရောက်ရှိသွားပြီး၊ လေယာဉ်ပြေးလမ်း ပေါ်မှာ
ရပ်နေမယ်ဆိုတာမျိုး . . အပြုသဘောကို စဉ်းစားရခက်နေပါတယ်။

MH370 လေယာဉ်မှူးရဲ့ အိမ်မှာ ရှိနေတဲ့ “ပျံသန်းမှူ့ လေ့ကျင့်စက်” ရဲ့  ကွန်ပြူတာမှာ လေယာဉ်မှူး
ဖျောက်ဖျက်ထားတဲ့ ပျံသန်းမူ့ အချက်အလက်တွေကို ပြန်လည်ရယူစစ်ဆေးဖို့ အတွက်
ဗုဒ္ဓဟူးနေ့ မှာ မလေးရှားအစိုးရက၊ အမေရိကန် FBIကို အကူအညီတောင်းလိုက်ပါပြီ။
-----------------------------.------------------------------------------

ထူးဆန်းစွာပျောက်ဆုံးနေတဲ့ MH370 လေယာဉ်နဲ့ ပါတ်သက်လို့  အယူအဆတွေအမျိုးမျိုးဖြစ်နေ၊ပြောနေကြပါတယ်၊
သို့ ပါသော်လည်း တိကျရှင်းလင်းတဲ့ သတင်း တစုံတရာမှ လူသားတွေအတွက် မသိရသေးပါဘူး။

မည်သည့် ထင်ကြေးမှန်းချက်တွေမှလည်း မဖြေရှင်းနိုင်ကြသေးပါဘူး။
အားလုံးတွေထဲမှာ
ဖြစ်နိုင်ချေများတဲ့ အယူအဆအချက်(၇) ချက် နဲ့  သူတို့ ရဲ့ ပျော့ကွက်၊ဟာကွက်၊လွဲမှားနိုင်ချက်တွေ ကတော့ . .
“Seven leading theories on disappearance of Flight 370”
By SCOTT MAYEROWITZ, Associated Press (AP) NEW YORK, Thursday 20 March 2014 08: 43 AM , ကို အဆင်ပြေအောင်ပြန်လည်ရေးသားလိုက်ပါတယ်။


(၁) ရက်စက်တဲ့ လေယာဉ်မှူး အပြုအမူကြောင့်
— MALICIOUS PILOT ACTION
MH370 လေယာဉ်မှူး Zaharie Ahmad Shah, 53 နှစ် ရဲ့ အိမ်မှာ ရှိနေတဲ့ “ပျံသန်းမှူ့ လေ့ကျင့်စက်” အကြောင်းသိရှိရတဲ့အတွက် . . .
လေယာဉ်ပျံသန်း တာကို အရူးအမူးဖြစ်သူတွေအတွက် (ငွေကြေးလည်းတတ်နိုင်မည်ဆိုပါက)
“ပျံသန်းမှူ့ လေ့ကျင့်စက်” ကို ၊ အိမ်မှာ ထားရှိနိုင်တယ် (built his own flight simulator at home)
ဆိုတာ မထူးဆန်းသော်လည်း၊ သမားရိုးကျတဲ့အနေအထားတော့ မဟုတ်ပါပေ။

လေယာဉ်မှူးကို သံသယဖြစ်ရခြင်းကတော့
သက်ဆိုင်ရာ လေကြောင်းထိန်းသိမ်းရေး စခန်းတွေ နဲ့  ဝေဟင်ထဲမှာ တခြား ပျံသန်းနေကြတဲ့ လေယာဉ်တွေကို
မိမိ လေယာဉ်တည်ရှိရောက်ရှိနေရာကို ပြောပြရတဲ့ လေယာဉ်ပျံသန်းမူ့  ဆက်သွယ်ချက်တွေကို ပိတ်ပစ်လိုက်တာကြောင့်ပါပဲ။
ဗီယက်နမ်လေကြောင်း ထိန်းသိမ်းရေး စခန်းမှ မလေးရှားလေကြောင်းထိန်းသိမ်းသူနဲ့  နောက်ဆုံး ဆက်သွယ်ရာမှာ
“ကောင်းပါပြီ၊ ကောင်းသောညပါ” ဆိုပြီးနူတ်ဖက်အပြီး ဆက်သွယ်မူ့ ပိတ်သွားပါတယ်၊ချက်ချင်းနောက်ပြန်လှည့် ပြီး၊ ပျံသန်းနေခဲ့တာ ၇ နာရီကြာမြင့်ပါတယ်။

အဲသည်လို ဆက်သွယ်ရေးနဲ့ နေရာရှာဖွေရေး ကိရိယာတွေကို
(အပြင်လူ လုံးဝ ဝင်ခွင့်မရှိတဲ့၊ ဘယ်လိုပိတ်ရတယ်ဆိုတာ လေယာဉ်မှူး(သို့ မဟုတ်)လေယာဉ်မောင်းတတ်သူ တွေသာ သိနိုင်သော စက်ကိရိယာတွေကို လေယာဉ်စက်ခန်းထဲကနေ ပိတ်လိုက်တာတွေကြောင့် လေယာဉ်မှူး(တွေ) ကို သံသယဖြစ်ရခြင်းပါပဲ။)

ရက်စက်တဲ့ လေယာဉ်မှူး သည် သူနှင့်အတူ၊ ခရီးသည် လူအများကိုပါ သေကြောင်းကြံစည်မူ့  ပြုလုပ်ခြင်းဆိုတာ ထိတ်လန့်စရာ၊ လက်မခံနိုင်စရာ ဖြစ်သော်လည်း . .
ယခင်က ဖြစ်ခဲ့တာမျိုးတွေရှိခဲ့ဘူးပါသည်။


(၂)အကြမ်းဖက်သမားတွေ လေယာဉ်ကိုပြန်ပေးဆွဲခြင်း
— TERRORIST HIJACKING
ဒီလိုထင်ရတာတော့ . .အဲသည်လေယာဉ်ပေါ်မှာ အီရန်နိုင်ငံသား ၂ ယောက် (၁ဂ နှစ် နဲ့  ၂၈ နှစ်)သည် ခိုးယူထားတဲ့ ဥရောပ နိင်ငံကူးလက်မှတ် တွေနဲ့ လိုက်ပါသွားကြတာကြောင့်ပါပဲ။
သူတို့ ၂ ယောက်သည် ဥရောပကို ခိုးဝင်ဖို့ အတွက်ကြံစည်ကြဖို့ ပိုဖြစ်နိုင်ကြပြီး အကြမ်းဖက်သမားတွေ နဲ့ ဆက်နွယ်မူ့ မတွေ့ ရှိရပါပေ။
ထို့ အတူ . . .အကြမ်းဖက်သမားတွေ ဖက်မှလည်း လေယာဉ်ကိုပြန်ပေးဆွဲ ပြီး၊
ယခုအချိန်အထိ . . .မည်သည့် တောင်းဆိုမူ့ ၊ ပြောကြားအတည်ပြုမူ့ တွေ ကို မလုပ်ကြတာတွေ့ ရပါတယ်။


(၃)ရုတ်တရက် မတော်တဆဖြစ်မူ့ ၊ဘေးအန္ဓရာယ်ကျရောက်ခြင်း
—SUDDEN CATASTROPHE
လေကြောင်းကျွမ်း ကျင်သူများက ပထမဦးစွာ လေယာဉ်ပေါ်မှာ . . ရုတ်တရက် မတော်တဆဖြစ်မူ့ ၊ဘေးအန္ဓရာယ်ကျရောက်ခြင်း
(ဥပမာ..ဗုံးပေါက်ကွဲခြင်း၊ လေယာဉ်အင်ဂျင်စက် ၊ လေယာဉ်ပျံကိုယ်ထည် ချို့ ယွင်းခြင်း၊) တွေဖြစ်ပြီး လေယာဉ်ပျက်ကျသွားတယ်လို့ ယူဆကြပါတယ်။
သို့ သော်လည်း .. လေယာဉ်ပျက်ကျသွားတယ်ဆို ပါလျင်
အဆက်အသွယ်ပြတ်တောက်သွားတဲ့ နေရာတဝိုက်မှာ . . .လေယာဉ်ပျက် အပိုင်းအစ တွေကို တွေ့ မြင်နိုင်၊ ရှာဖွေနိုင်ရပါမယ်။
ရေဒါမှာ တွေ့ ရ မှာပါ။

(၄)လေယာဉ်ပျံ စက်ခန်း မီးလောင်ကျွမ်းခြင်း
— FIRE
လေယာဉ်စက်ခန်းထဲက
လျှပ်စစ်ဝါယာကြိုးတွေ မီးလောင်မှူ့ ဖြစ်တာမျိုးဆိုပါလျင်
အဆက်အသွယ်ပြတ်တောက်သွား နိုင်ပါတယ်။

(၅)လေဖိအား ရုတ်တရက်လျော့ပါးသွားခြင်း
—DECOMPRESSION
လေယာဉ်စက်ခန်းထဲမှာ
လေဖိအား ရုတ်တရက်လျော့ပါးသွားခြင်း
လေဖိအား တဖြည်းဖြည်းချင်းလျော့ပါးသွားခြင်းတွေကြောင့် အောက်ဆီဂျင်ဆုံးရှူံးလျော့ပါးပြီး လေယာဉ်စက်ခန်းထဲက လူတွေအားလုံး ( လေယာဉ်မောင်းသူတွေ)သေဆုံးသွားကြတာမျိုးလည်း ယူဆကြပါတယ်။

တကယ်တော့ . .သိပ်မဖြစ်နိုင်ပါဘူး၊ အောက်ဆီဂျင် လေယာဉ်ပျံအတွင်းထဲမှာ ဆုံးရှူံးလျော့ပါးပြီ ဆိုတာနဲ့ 
အချက်ပေးသံတွေကြားရပါမယ်၊ အောက်ဆီဂျင် ပေးတဲ့ မျက်နှာဖုံးတွေ တပ်ဖို့ အချိန်ရှိပါတယ်။ပြီးတော့ ချက်ချင်း
အမြင့်ပေ တသောင်း (၁၀ဝ၀ဝ)အောက်၊ ပျံသန်းမိတာနဲ့ 
အောက်ဆီဂျင် ပေးတဲ့ မျက်နှာဖုံးတွေ တပ်ဖို့ မလိုတော့ပဲ အောက်ဆီဂျင် ရပါတယ်၊ လေရှူ လို့ ရပါတယ်။

လေယာဉ်ပျံထဲက ခရီးသည်တွေအားလုံး ( လေယာဉ်စီးနင်းလိုက်ပါသူတွေ)သေဆုံးသွားကြတာမျိုးလည်း ယူဆကြပါတယ်။

သို့ သော်လည်း .. လေကြောင်းကျွမ်းကျင်သူတွေ သုံးသပ်တာကတော့
တကယ်လို့  လေဖိအား ရုတ်တရက်လျော့ပါးသွားခြင်းဖြစ်မည်ဆိုပါက . .
လေယာဉ်သည် မူလခရီးစဉ်လမ်းကြောင်းအတိုင်း ဘေဂျင်း ကိုဦးတည်မောင်း နေမှာဖြစ်ပြီး၊
ရေဒါမှာလည်း တွေ့ မြင်နေရမှာဖြစ်ပါတယ်။


(၆)လေယာဉ်ပျံကို တနေရာတွင် ဖုံးကွယ်ထိန်းသိမ်းထားခြင်း
—HIDDEN PLANE
သင့်တော်ရာ တနေရာရာ မှာ
လေယာဉ်ပျံကို ဖုံးကွယ်ထိန်းသိမ်းထားပြီ်း
လေယာဉ်ပျံ ကုန်တင်ခန်းထဲမှာ သူတို့ လိုချင်တဲ့ တခုခု ပါနေတာကို သိလို့ လေယာဉ်ကို ပြန်ပေးဆွဲတာမျိုး၊
အကြမ်းဖက်သမားတွေက လေယာဉ်ပျံကို လောင်စာဆီဖြည့်၊ ပေါက်ကွဲစေတဲ့အရာတွေဖြည့်ပြီး၊ ဒုံးကျည်တခုအဖြစ်သို့  ပြောင်းလဲစေကာ၊
တနေရာကို မောင်းပြီး တိုက်ခိုက်တဲ့နေရာမှာ အသုံးချနိုင်ပါတယ်။

သို့ သော်လည်း .. လေကြောင်းကျွမ်းကျင်သူတွေ သုံးသပ်တာကတော့
ရေဒါကိုလည်းလွတ်အောင်ရှောင်ဖို့ ရယ်၊
ညအမှောင်ထဲမှာဆင်းသက်ရတာမျိုးဖြစ်ဖို့ များပြီး
လေကြောင်းအချက်ပြတွေအကူအညီတွေမပါပဲ
အဲသည်လို တွေ့ ကရာ တနေရာရာမှာ ခရီးသည်တင် လေယာဉ်ကြီးကို ဆင်းသက်ဖို့ ဆိုတာ . .

အင်မတန်ကျွမ်းကျင်တဲ့ လေယာဉ်မောင်းဖြစ်ဖို့ လိုအပ်ပါတယ်။

ထိုင်းနိုင်ငံကတော့ . လွန်ခဲ့တဲ့ ၁၀ ရက် တုန်းက၊ သူတို့  စစ်စခန်းရေဒါမှာတွေ့ လိုက်ရတာြံ၃၇၀ လေယာဉ်
ဖြစ်ကောင်းဖြစ်နေနိုင်တယ်လို့ ဆိုပါတယ်၊ သို့ သော်လည်း ဒီထက်ပိုပြီး အသေးစိတ်မဖေါ်ပြနိုင်ပါဘူး၊ နယ်စပ်လုံခြုံရေး စစ်စခန်းရေဒါတွေဆိုတာ အရေးကြီးတာကြောင့်
သတင်းတိုင်းကို ထုတ်ပြန်ဖို့ ၊သက်သေပြဖို့ အခက်အခဲရှိပါတယ်။

သို့ သော်လည်း .. လေယာဉ်ကို လိုချင်ပါတယ်ဆိုလျင်၊
ဘာကြောင့် ခရီးသည်တင်လေယာဉ်ကို အသုံးပြုဖို့ ၊ခက်ခဲစွာ ခိုးယူကြရမှာလည်း
ပိုပြီးလွယ်ကူတဲ့ ကုန်တင်လေယာဉ် ကို အသုံးပြုဖို့ ၊ ခိုးယူကြမှာပေါ့ လို့ လည်း သုံးသပ်ကြပြန်ပါတယ်။


(ရ)မတော်တဆ ပစ်ချခံရခြင်း
— ACCIDENTAL SHOOT-DOWN
အများပြည်သူသုံး လေယာဉ်တွေကို . . များသောအားဖြင့်
စစ်ဖက်ကနေ ဘယ်တော့မှ ပစ်ချတာမလုပ်ကြပါဘူး။

http://www.news.net/article/1061701/seven-leading-theories-on-disappearance-of-flight-370?referid=118


ကိုယ့်အမြင်ကတော့ ဖြစ်နိုင်ချေ 3,4, 6, 7တွေထဲက တခုခု သို့ မဟုတ် တွဲဖက်ပြီး ဖြစ်ပျက်ခဲ့တယ်လို့  ယူဆ သုံးသပ်မိပါတယ်။


MMCPမှ Tiptopအားကျေးဇူးတင်ရှိပါသည်.



ရုရှအခြေခံဥပဒေဆိုင်ရာခုံရုံးက ရုရှနိုင်ငံသို့ကရိုင်းမီးယားဒေသပူးပေါင်းခြင်း
စာချုပ်ကို အတည်ပြု ပေးလိုက်ပြီဖြစ်ကြောင်း ခုံရုံးဥက္ကဌက ပြောကြားလိုက်သည်။

အမေရိကန် ရေတပ်မှ ပဲ့ထိန်းဒုံးပျံတပ် ဖျက်သင်္ဘော USS Truxtun
သည် ဘူလ်ကေးရီးယား၊ရိုမေးနီးယားရေတပ်များနှင့်အတူကရိုင်းမီးယား ကျွန်းဆွယ် အနီး ပင်လယ်နက်ထဲတွင် တနေ့တာစစ်ရေး လေ့ကျင့်မှု စတင်နေပြီ ဖြစ်သည်။

ဂျာမန် အဓိပတိ မာကယ်၏ရုံးမှ ဂျာမနီနှင့် အမေရိကန်ပြည်ထောင်စုအစိုးရများသည်
ယူကရိန်းအကျပ်အတည်းအတွက်နိုင်ငံရေး ဆွေးနွေးမှုများပြုလုပ်ရန် နိုင်ငံတကာအားဖိတ်ခေါ်ထားသည်။အမေရိကန် သမ္မတ အိုဘားမားကG7အုပ်စုဝင် နိုင်ငံ
ခေါင်းဆောင်များကို လာမည့်ရက်သတ္တပတ်တွင် ယူကရိန်း အကျပ်အတည်းနှင့် ပတ်သက်၍ ဆွေးနွေးရန် ဖိတ်ကြားလိုက်သည်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဆိုအာဘေး ကလည်း ကရိုင်းမီးယားဒေသကိုရုရှနိုင်ငံတွင်းသို့
သွတ်သွင်းခြင်းအပြုအမူအားပြင်းထန်စွာရှုံ့ချလိုက်သည်။

မြောက်အတ္တလန်တိတ် စစ်စာချုပ်အဖွဲ့ဝင်နိုင်ငံများ၏ အတွင်းရေးမှူးဗိုလ်ချုပ် အန်ဒါစ် ဖိုး ရတ်စ်မူဆန် ကလည်း ကရိုင်းမီးယားဒေသကိုသိမ်းပိုက်ခြင်းသည် တရား
ဥပဒေမဲ့လုပ်ရပ်ဖြစ်ပြီး၎င်းတို့အနေနှင့်အသိအမှတ်မပြုကြောင်း ကြေငြာခဲ့သည်။

ယူကရိန်းအကျပ်အတည်းနှင့် ပတ်သက်၍ ရုရှနိုင်ငံခြားရေးဝန်ကြီး လဗ်ရော့ဗ် က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအားအနောက်နိုင်ငံများမှပိတ်ဆို့မှုများမှာ လက်ခံနိုင်ဖွယ်ရာ မရှိကြောင်းနှင့် တန်ပြန်အကျိုးသက်ရောက်မှု မရှိဘဲနေမှာ မဟုတ်ကြောင်း တယ်လီဖုန်းဖြင့် ပြောဆိုလိုက်သည်။

LYT(Ref: Reuters & Other Beaking News)

ယူကရိန်းရေတပ်စခန်း ကရိုင်းမီးယားခွဲထွက်တပ်ဖွဲ့ဝင်များတိုက်ခိုက်။
==================================
ရုရှားထောက်ခံသူ ကရိုင်းမီးယား ကာကွယ်ရေးတပ် ဖွဲ့ဝင်များက ကရိုင်းမီးယားနယ်၊ ဆက်ဗတ်စ်တိုပေါလ်ဒေသရှိ ယူကရိန်း ရေတပ်အခြေစိုက် စခန်းများကို ယနေ့ မတ်လ၁၉ ရက် နေ့လယ်ပိုင်းတွင် ဒရကြမ်းဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟုသိရသည်။

လွန်ခဲ့သော ၁ နာရီခန့်က ၄င်းကရိုင်းမီးယားရေတပ်စခန်းများအတွင်း ရုရှားအလံ (၃) ခုအား လွင့်ထူလိုက်ခြင်းကို ဒေသခံများက တွေ့ရှိလိုက်ရသည်။ ထို့ကြောင့် အနည်းဆုံး ယူကရိန်းရေတပ်စစ်စခန်းအချို့ကို ရုရှားထောက်ခံသူ တပ်ဖွဲ့များက သိမ်းပိုက်လိုက်ဖွယ် ရှိကြောင်း ရိုက်တာသတင်းဌာနကအထူးသတင်းတစ်ရပ်
အဖြစ် ကြေညာခဲ့သည်။

ယင်းအချိန်တွင်ပင် အမေရိကန်ရေတပ်မှ ပဲ့ထိန်းဒုံးပျံတပ်ဖျက် သင်္ဘော USS Truxtun သည် မဟာမိတ်ရေတပ်များနှင့် အတူ ကရိုင်းမီးယားကျွန်းဆွယ်အနီး ပင်လယ်နက်အတွင်း စစ်ရေးလေ့ကျင့်မှု စတင်ပြီးဖြစ်သည်ဟုလည်း သိရသည်။

LYT (Ref: Reuters)
Popular Myanmar News Journal.
Kyaw Swar Myint

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.