03/23/14



Phyu Ei Thein(Sunflower Art Gallery & Art Classes)ရဲ့ ၆ကြိမ်မြောက်ပြပွဲစီစဉ်မှုအနေနဲ့ ဧပြီလ ၅ ရက်ကနေ ၈ ရက်နေ့အထိ လောကနတ်ပန်းချီပြခန်းမှာ ပြုလုပ်မဲ့

"ကျနော်ခြစ်တဲ့ပြည်သူ့ဘက်တော်သားများ"
ပြပွဲကိုလာရောက်အားပေးကြပါဦးလို့ ဖိတ်ကြားအပ်ပါတယ်။

Dear Sir/Madam,

You are cordially invited to my art show titled “My Scratches of Unconditional People Hero”
which is the collection of the original scratches of the people who stands for its own people
unconditionally with their genuine love and remarkable efforts and sacrifices for Democracy in Myanmar.

Hope you can come and enjoy the scratches.

Best Regards,

Artist Min Kyaw Khaing

ကျနော်ခြစ်တဲ့ ပြည်သူ့ဘက်တော်သားများ
My scratches of Unconditional People Heroes

Date: 5.4.2014(Sat)~8.4.2014(Tue)
Time: 9:00am~5:00pm
Place: Lokanat Galleries : No.62, First Floor, Pansodan Street, Kyauktada Township, 11182, Yangon, Myanmar.

Telephone: 951-382269
Curator: Phyu Ei Thein ( Sunflower Art Gallery & Art Classes)
email: phyuei.thein7@gmail.com
Mobile: 95-9-4500-11956

ပြပွဲဖြစ်အောင်စီစဉ်ပေးတဲ့ ညီမငယ် ဖြူအိသိန်း၊ ဓါတ်ပုံရိုက်ပေးတဲ့ art@apt (NY)၊ ကျနော်ခြစ်တဲ့ ပြည်သူ့ဘက်တော်သားများ ခေါင်းစဉ်နဲ့ဖိတ်စာကို စေတနာနဲ့ ဘာသာပြန်ပေးတဲ့ Dr.Yee Yee Htwe @ Artist/writer Tin Thiri တို့ကိုကျေးဇူးအထူးတင်ရှိပါကြောင်း....။

လေးစားချစ်ခင်စွာဖြင့်
(မင်းကျော်ခိုင်)




မိုးကုတ် ခရီးစဉ်ဟာ NLD ၏ အောင်မြင်သည့် ခရီးစဉ်တခုဖြစ်ခဲ့ပါတယ်။
=================================
ဦးရဲကြီးက အတိုက်ခံပါတီကြီးကို အားပေး။
ဦး စစ်သားကြီးက ပါတီအလံကို ဆိုင်ကယ်မှာချိတ်လို့ အားပေးကြိုဆို။
Photo @ Naing Lin Aung and Yiyimyint Myint


NLD + Iron Cross (IC) Music Show မှ လေးဖြူ သီဆိုခဲ့သည့် အဖေ သီချင်း။

ရန်ကုန်တိုင်း NLD ရုံးချုပ်ရံပုံငွေ ဂီတဖျော်ဖြေပွဲ ( ၂၂ မတ်လ ၂၀၁၄ ခုနှစ် )

တာမွေမြို့နယ်က NLD ပါတီ တိုင်းရုံး ပြုပြင်တည်ဆောက်ရေးအတွက် ရွှေထွဋ်တင်ကွင်းမှာ Iron Cross အဖွဲ့နဲ့ ရန်ပုံငွေရှာဖွေပွဲကို ခြိမ့်ခြိမ့်သဲကျင်းပခဲ့ပါတယ်။ ပရိသတ် အနည်းဆုံး ၅ထောင်ကျော်လောက်ဟာ ရန်ပုံငွေဂီတပွဲကို အားပေးခဲ့ကြပါတယ်။

နိုင်ငံကျော် ရော့ခ်အဆိုတော်တွေဖြစ်တဲ့ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်းဝိုင်းတို့က ပရိသတ်ထောင်ပေါင်း များစွာကို ဖျော်ဖြေခဲ့သလို လေးဖြူကလည်း အဖေဆိုတဲ့သီချင်းနဲ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံတွေနဲ့ ဖော်ပြတင်ဆက်ခဲ့ပါတယ်။

ရန်ကုန်တိုင်း NLD ရုံးချုပ်အသစ်ကို တည်ဆောက်ဖို့အတွက် ရန်ပုံငွေရှာဖွေတဲ့ ပထမခြေလှမ်းအဖြစ် ကျင်းပတဲ့ ဒီဂီတပွဲမှာ ၂၁ရာစုမှာ သတင်းအချက်အလက်နဲ့ နည်းပညာကိုအသုံးပြုပြီး အတိုက်အခံ ပါတီတစ်ခုအနေနဲ့ အစိုးရတာဝန်တွေ မထမ်းဆောင်ခင် အဆင်သင့်ဖြစ်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

လာမယ့် ပွင့်လင်းရာသီမှာပြုလုပ်မယ့် ဒုတိယမြောက် ကြားဖြတ်ရွေးကောက်ပွဲရဲ့ မဲဆန္ဒနယ်မြေ ၃ဝ စလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တာမို့ တိုင်းရုံးခန်းတိုးချဲ့မှုက အထောက်အကူဖြစ်မယ်လို့ ဆိုပါတယ်။

တာမွေမြို့နယ် ရွှေထွဋ်တင်ကွင်းမှာကျင်းပတဲ့ ဒီရန်ပုံငွေ ဂီတပွဲကို ပါတီနာယက သူရဦးတင်ဦးကိုယ်တိုင် တက်ရောက်အားပေးခဲ့ပါတယ်။ ရန်ပုံငွေပွဲက ရရှိတဲ့ငွေတွေကိုတော့ ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာ သွားမယ်လို့ ဆိုပါတယ်။
kamayut media
 လေဖြူက အဖေ သီချင်းနဲ့ စဖွင့်တယ် နောက် LCD မှာ ဗိုလ်ချုပ် ပုံတွေနဲ့ ပေါ့
photo..Nyi kae

၂၀၀၈ အခြေခံဥပဒေဟာ ဒီမိုကရေစီ စံချိန်တွေနဲ့ မကိုက်ညီလို့ ပြင်ဆင်ခြင်မယ်ဆိုရင် ဒါတွေ ကိုကျော်ရပါမယ်

ပုဒ်မ ၄၃၆

ဖွဲ့စည်းပွဲအခြေခံဥပဒေကို ပြင်ဆင်ခြင်း

Step(1)

ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန်အတွက်
ပြည်ထောင်စုလွတ်တော် အမတ် ၂၀ % တင်ပြ လျင် လက်ခံဆွေးနွေးမည်

#Step(2)

ပြည်ထောင်စု လွတ်တော် ကိုယ်စားလှယ် အာလုံး ရဲ့ ၇၅% ကျော် က ပြင်ဆင်ရန် သဘောတူရမည်

Step (2) ဟာ
==============

ပြည်ထောင်စု လွတ်တော် ကိုယ်စားလှယ် အာလုံး ရဲ့ ၇၅% ကျော် က ပြင်ဆင်ရန် သဘောတူရမည် (၂၅% သည် စစ်တပ်မှပိတ်ထားပြီးဖြစ်၍ ၇၅% ကျော်ရန်
မည်သည့်နည်းနှင့်မျှ ဖြစ်နိုင်တော့မည် မဟုတ်ပါ)

#Step(3)

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး ဆန္ဒမဲပေးပိုင် ခွင့်ရှိသူ အားလုံး၏ #ထက်ဝက်ကျော် လာထောက် ခံမှသာလျှင် ပြင်ခွင့်ရှိမယ်

Step(3) ဟာ
=================================
ကျတော်တို့ နိုင်ငံမှာ လူဦးရေ သန်း ၆၀ ကျော် ရှိပါတယ် မဲပေးပိုင်ခွင့်ရှိသူက သန်း ၃၀ လောက်ပဲ ရှိမယ်ထင်တယ်

အကယ်၍မဲလာမည့်သူက ၁၅ သန်း မပြည့်ဘူး ဆိုရင် ဒီမဲကရေစရာမလိုတော့ပါဘူး ရှုံးနေပါပြီ

လူဦရေက သန်း ၃၀ ရှိတယ်ဆိုရင်
လာရောက်မဲပေးတဲ့ လူက ၁၅ သန်း နဲ့ ၁ ယောက်ဆိုပါစို့

*ထောက်ခံတဲ့သူက ၁၅ သန်း
*ကန့်ကွက်မဲက ၁ မဲ ဆိုရင်လဲ ရှုံးတာပါပဲ

ထောက်ခံမဲက ၁၅ သန်း ၊ ကန့်ကွက် မဲက ၁မဲ ဆိုရင်ရင်တောင် ရှုံးတယ်ဆိုတော့

ဒီမိုကရေစီ စံချိန် စံညွန်းတွေနဲ့ မကိုက်ညီတဲ့ ပုဒ်မ ၁ခု ဖြစ်သောကြောင့်
မြန်မာနိုင်ငံသားတိုင်းသိသင့်သောနိုင်ငံရေးအကြောင်းအရာများမှကူးယူဖော်ပြပါသည်...


မေး။ ။ ဖွဲစည်းပုံအခြေခံဥပဒေကို တပ်မတော်သားတွေ ဘာကြောင့် မပြင်ချင်တာလဲ.?
ဒေါ်အောင်ဆန်းစုကြည်

ဖြေ။ ။ ကြောက်လို့မပြင်ချင်တာ(မိုးကုတ်ပြည်သူလူထု..)

ရိုက်ကူး - အောင်အောင်
DVB TV News
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေခံ ဥပဒေဆိုင်ရာ ရှင်းလင်းဟောပြောပွဲကို မိုးကုတ်မြို့နယ် အရှေ့ပိုင်းရှိ မြို့နယ်ဘောလုံးကွင်းမှာ မတ်လ၂၂ရက်နေ့ ညနေ(၄)နာရီက ကျင်းပပြုလုပ်။

သတင်းဓာတ်ပုံ - ဇော်ဇော်


ဖလော်ရီဒါနေမြန်မာမိသားစုများ အပန်းပြေ ရွှင်လန်းစေဖို့ နာမည်ကျော်အနုပညာရှင်များပါဝင်သော နှင်းဆီအငြိမ့်အဖွဲ့ လာရောက်ကပြဖျော်ဖြေကြမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

မင်းသားများ - နေတိုး ၊ မင်းမော်ကွန်း ၊ ထွန်းထွန်း ၊ ကျော်ကျော်ဗိုလ်
မင်းသမီးများ - ဖူးစုံ ၊ မိုးယုစံ
ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) နှင့် အတူ
စိုးမိုးဝင်း ( MUSIC COMPOSER ) , အောင်လှိုင်ဦး (ဗွီဒီယို ကင်မရာရိုက်ကူး တာဝန်ခံ) ,
ရတီချမ်း (ဇာတ်အဖွဲ့အထွေထွေဒါရိုက်တာ) တို့ အင်ပြည့်အားပြည့်ပါဝင်သော အငြိမ့်အဖွဲ့ ကြီးဖြစ်ပါသည်။

နေ့ရက် အချိန် ။ ။ မတ်လ (၂၆)ရက် ၊ ဗုဒ္ဓဟူးနေ့ ၊ ည(၇)နာရီမှ(၁၂)နာ၇ီအထိ။
နေရာ ။ ။ DELRAY BEACH , CENTER FOR THE ART
CREST THEATRE
51 N. SWINTON AVENUE , DELRAY BEACH , FL 33444.

လက်မှတ်ဝယ်ယူရန် -
ကိုရဲဝင်းနိုင် Miami 786-303-8682 ၊ ကိုဖီးဖီး Davie 954-325-4269 ၊ ကိုဘိုဘို Coconut Creek 954-559-7278 ၊ ကိုစိန်မြင့်အောင် Boca 561-866-5151 ကိုမောင်ငယ် Boca 561-271-0251 ၊ ကိုမျိုး Lake Worth 561-351-3217 ၊ ကိုဘရန်ရှောင်မရန် West Palm Beach 561-351-7343 ၊ ကိုနေ၀င်းထွန်း Naples 239-961-0342 ၊ ကိုဂျိမ်းလင်းထွန်း Sarasota 941-320-0927 ၊ ကိုမောင်စိုး Tempa 813-458-3248 ၊ ကိုခင်မောင်ကြီး St. Petersburgs 727-492-8250 ၊ ဒေါ်ရွှေတိုး Orlando 407-492-5594 ၊ ကိုမိုက်ကယ်မြင့်ရှင် Orlando 407-433-2371 ၊ ကိုကြင်စိန် Orlando 407-234-4784 ၊ ကိုထန်နိုး MASA Tradind 561-7293293 ။

လက်မှတ်များကို $100., $80., $60., $40., $30., များသတ်မှတ်ထားပါသည်။ ထိုင်ခုံဇယားပါ ခုံနံပါတ်များကို ရွေး ချယ်ဝယ်ယူနိုင်ကြပါသည်။

ဖလော်ရီဒါတွင် အငြိမ့်ပွဲဖြစ်မြောက်ရေးကို ပြည်သူ့ဂုဏ်ရည်အသင်း ဖလော်ရီဒါဌာနခွဲ မိသားစုများမှစီစဉ်ခဲ့ခြင်းဖြစ်ပြီး ၊ ဖလော်ရီဒါတွင် မေလ(၂၄)ရက်နေ့ကျင်းပမည့် ပဉ္စမအကြိမ်ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ပွဲအတွက် ရန်ပုံငွေပွဲအဖြစ် စီစဉ် ခဲ့ခြင်းဖြစ်ပါသည်။ မြန်မာပြည်တွင်းမှ လူမှုရေးသူရဲကောင်းများကို အငြိမ့်ပွဲမှာပျော်ပျော်နွှဲရင်း အားပေးဂုဏ်ပြုကြပါစို့။

“ မြန်မာပြည်သားချင်း ရိုင်းပင်းကူညီပြည်သူ့ဂုဏ်ရည် ”

- ပြည်သူ့ဂုဏ်ရည်အသင်း ၊ ဖလော်ရီဒါဌာနခွဲ ။
မူရင်း..ကိုမျိုး

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.