03/25/14

ပျောက်ဆုံးလေယာဉ် MH370 ဟာ အိန္ဒိယ သမုဒ္ဒရာထဲမှာ အဆုံးသတ်သွားပြီလို့ မလေးရှား ၀န်ကြီးချူပ်က ခုပဲ တရားဝင် ကြေငြာလိုက်ပါပြီ… ဒါဟာ အိန္ဒိယ သမုဒ္ဒရာအတွင်း ရှာဖွေ ဆယ်ယူ တွေ့ရှိရတဲ့ အပိုင်းအစတွေဟာ ပျောက်ဆုံးလေယာဉ် MH370 မှ ဖြစ်တယ်ဆိုတာ တရားဝင် တည်ပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။

မတ်လ ၈ ရက်နေ့က မလေးရှားနိုင်ငံ ကွာလမ်လာပူကနေ တရုတ်ပြည် ဘေဂျင်းကို ပျံသန်းသွားတဲ့ လေယာဉ် MH370 ပေါ်လိုက်ပါသွားတဲ့ ခရီးသည်ပေါင်း ၂၃၉ ဦးရဲ့ ဘ၀တွေဟာလည်း လေယာဉ်ကြီးနဲ့အတူ အိန္ဒိယ သမုဒ္ဒရာထဲမှာ အဆုံးသတ်သွားခဲ့ပါပြီ…..
အခုလို တရားဝင်သေဆုံးသွားပြီဖြစ်ကြောင်း ကြေငြာလိုက်တဲ့ အခိုက်အတန့်ဟာ ...........

http://news.sky.com/story/1231059/malaysia-plane-crashed-into-the-indian-ocean

ပျောက်ဆုံးလေယာဉ် MH370 ဟာ အိန္ဒိယ သမုဒ္ဒရာထဲမှာ အဆုံးသတ်သွားတာ ဖြစ်တယ်လို့ မလေးရှားဝန်ကြီးချူပ်က တရားဝင် ကြေငြာအပြီးမှာ ဗြိတိန်က လေယာဉ်မတော်တဆမှု စုံစမ်းစစ်ဆေးရေး ကျွမ်းကျင်သူတွေလည်း ဒါကို တည်ပြုလိုက်ပါပြီ...

သတင်းကြေငြာပြီးချိန်မှာ ၁၅ ရက်ကြာ မျှော်လင့်ချက် ကြီးတွေနဲ့ ညှိုးငယ်စွာ သတင်းကောင်း မျှော်လင့်နေကြတဲ့ ခရီးသည်တွေရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေဟာ ယူကြုံးမရ ဖြစ်နေကြပါတယ်...

http://www.dailymail.co.uk/news/article-2587209/Now-France-says-satellite-images-objects-missing-MH370-airliner.html

ဒီလေယာဉ် ဘာ့ကြောင့်များ အိန္ဒိယ သမုဒ္ဒရာ အလယ်အထိ ပြန်ကွေ့သွားပြီး သမုဒ္ဒရာထဲ ထိုးဆင်းခဲ့သလဲ ဆိုတာ သေချာ မသိရခင် အချိန်အထိ ဘယ်သူ့ကိုမှစွပ်စွဲအုံးမှာ မဟုတ်ဘူးလို့လည်း မလေးရှား လေကြောင်းလိုင်းက ကြေငြာခဲ့တယ်။ (Black Box မတွေ့မချင်းပေါ့)

အားလုံးကတော့ ဒါဟာ အကြမ်းဖက် လုပ်ရပ်တစ်ခု ဖြစ်တယ်ဆိုတာ ကောက်ချက် ချပြီး ဖြစ်ပါတယ်။

ဒီလိုဆိုရင် ကြိုတင်ကြံစည်လုပ်ဆောင်ခဲ့တဲ့ အကြမ်းဖက်မှုကို ကြိုးကိုင်ခဲ့တဲ့ အကြမ်းဖက်သမားကရော လွတ်မြောက်သွားခဲ့သေးသလား... တကယ့်ကို စဉ်းစားစရာပါ...
Zaw Lwin Win

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.