03/27/14

( ယနေ.ထုတ် Tomorrow သတင်းဂျာနယ်အမှတ်(၅)တွင်လည်း
ပေးစာတစ်စောင် အနေဖြင့် ဖော်ပြထားပါတယ် )

တီဗီ programmer တစ်ခုမှာ presenter လုပ်နေတဲ့ကောင်မလေး တစ်ယောက်
အကြောင်းကို ကြားခဲ့တာကျွန်တော် တော်တော် စိတ်မကောင်းဘူး။

ဇာတ်လမ်းတိုရိုက်ကူးရေးမှာ သူကိုပါဝင်ဖို့ဆိုပြီး သူဌေးက ဇာတ်ညွှန်းမိတ္တူ တစ်ခု
ပေးလိုက်တယ်။ ဖြစ်ချင်တော့ အဲတလောမှာပဲ တိုက်တိုက်ဆိုင်ဆိုင် သူလည်း
သူချစ်သူနဲ့ ခိုးရာလိုက်သွားတယ်။. အဲအချိန်မှာဇာတ်ညွှန်းမိတ္တူကိစ္စကိုသူလည်း
မေ့နေလောက်ရောပေါ့။

သူတို့်အားလုံးအဆင်ပြေလို့အိမ်လည်းပြန်ရောက်ကောကျောက်တံတားရဲစခန်းက
ခဏလာတွေ့ပါဆိုပြီးဖုန်းဆက်တယ်လေ။ဘာကိစ္စမှန်းရေရေရာရာ မသိပဲ
သူတို့လည်းသွားလိုက်ပါတယ်။စခန်းလည်းရောက်ကော စခန်းမှုးက ဘာမှမပြောပဲ လက်ထိပ်ခတ်ပြီး အချုပ်ထဲ တန်းထည့်လိုက်ရော။သူတို့လည်းဘာကိစ္စကြောင့်
သူ့ကိုဖမ်းလည်း လို့လည်းမေးကောစခန်းမှုးကဇာတ်ညွှန်း မိတ္တူ ပါသွားလို
့ဖမ်းတယ်လို့ပြောတယ်။

ဖြစ်ချင်တော့ သူတို့ထွက်သွားလည်းကြာသွားပြီဆိုတော့အိမ်မှာကျန်ခဲ့တဲ့စာရွက်တွေ
ကလည်း ချတွေလည်းစား အရေးမကြီးလောက်ဘူးဆိုပြီး သူ့အမေကလည်းမသိပဲ
ပစ်လိုက်မိတယ်။

အကျိုးအကြောင်းလည်းသူတို့သူဌေးကိုတောင်းတောင်းပန်ပန်ပြောတာကိုလည်း
သူတို့သူဌေးကလက်မခံဘူးတကယ်ဆို ဇာတ်ညွှန်းက မှုရင်းလည်းမဟုတ်ပါဘူး.. မိတ္တူ ပါ..သူရောင်းစားလိုက်တာလည်းမဟုတ်ပါဘူး...တကယ်ကို တိုက်တိုက်
ဆိုင်ဆိုင်ဖြစ်ခဲ့တာပါ။

ဒီနေ့နဲ့ဆို အချုပ် မှာ ၁ပတ်ရှိသွားပါပြီ အာမခံလည်းမရပါဘူးကျွန်တော်နဲ့ကျွန်တော်
တို့သူငယ်ချင်းတွေသူ့ သူဌေးကိုသွားဆွေးနွေးပါသေးတယ်။သူ့ သူဌေးပြောပုံက
” ကားတစ်စီးဝယ်ပေးမှကျေနပ်ပါမယ် ” တဲ့။

တကယ်ဆို ဒီကိစ္စက ဒီလောက်ထိ ဖြစ်ဖို့လည်းမသင့်ပါဘူး လျော်ကြေးယူရင်
လည်းယူ..မယူရင်လည်းအလုပ်ထုတ်ရင်လည်းထုတ်.. တစ်ခုခုလုပ်လို့ရပါတယ်။
ကောင်မလေးအသက်က၂၁ နှစ်ပဲရှိပါသေးတယ်။ဒီလိုအသက်အရွယ်မှာ
အခုအဖမ်းခံရတော့သူလည်း တော်တော်ရှက်မှာပဲလေနောက်ဆုံးမတတ်နိုင်တဲ့
အဆုံး အချုပ်ထဲမှာ ဘယ်လိုမှမထားချင်လို့ကတကြောင်းသူစိတ်ထိခိုက်ပြီး ကျန်းမာရေးမကောင်းမှုကတကြောင်းနောက်ဆုံးရန်ကုန်ဆေးရုံကြီးမှာတင်ထား
ရပါတယ်။

ဆေးရုံရောက်တော့လည်းသူတို့လုပ်ပုံက လက်ထိပ်ခတ်ရုံတင်မကပါဘူး
သံကြိုးနဲ့ပါထက်ချီထားပါသေးတယ် မိန်းကလေးတစ်ယောက်ကိုထိန်းတာ
ကို ရဲ လေးယောက်နဲ့ထိန်းထားပါတယ်။

အပေါ့အပါးသွားချင်တောင်ရှက်လို့သူခမျာမပြောရဲရှာပါဘူးနိုင်ငံရေးလုပ်တာလည်း
မဟုတ်ပါဘူး လူသတ်မှုလည်းမဟုတ်ပါဘူးဒါကိုဒီလောက်အငြိုးကြီးကြီး
လုပ်ပုံထောက်တော့သူ့ သူဌေးမှာဘာအကြံအစည်များရှိနေလဲ မသိပါဘူးဗျာ။

တကယ်တမ်းတော့ နှမချင်းကိုယ်စာတတ်ရင် ဒါလုံးဝမဖြစ်သင့်ပါဘူး ကျွန်တော်
သိသလောက်တော့ ရဲစခန်းက ခဏဆိုပြီး ခေါ်တွေ့ပြီးတစ်ခါတည်းဖမ်းချုပ်လို့
မရပါဘူး ။ သူတို့လုပ်ပုံက အရင်ခေတ်ထောက်လှန်းရေးတွေ ခဏဆိုပြီးခေါ်ပြီး ဖမ်းချုပ်ထားသလိုပါပဲဒါဘယ်လိုမှမတရားမှန်းသိကြမှာပါ။လက်ရှိတော့
ရန်ကုန်ဆေးရုံကြီးမှာ ရှိပါသေးတယ် တဲ့။

သတင်းတင်ပြသူ- Cobra NL.


တပ်မတော်နေ့ကျရောက်မည့်ရက် နီးကပ်လာချိန်တိုင်း လွတ် လပ်ရေးရယူပေးခဲ့သည့်ဂုဏ်ကျေးဇူးအား အောက်မေ့ဖွယ်အဖြစ် တီဗီဖန်သားပြင်ပေါ်ကနေ နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုတို့အား ရုပ်ရှင်ဇာတ်ကားများကို တပ်မတော်နေ့ဂုဏ်ပြု အစီအစဉ်အနေနှင့် ထုတ်လွှင့် ပြသခဲ့ပါသည်။ ထိုသို့ တပ်မ တော်ဂုဏ်ပြုအစီအစဉ်အဖြစ်

ထုတ်လွှင့်ပြသသည့် ရုပ်ရှင်ဇာတ်ကားများထဲတွင် မင်းသားကျော် သူပါဝင် သရုပ်ဆောင်ထားသည့် ဇာတ်ကားများလည်း ပါဝင်ခဲ့ပါသည်။ ထိုကြောင့် စစ်သည်ဇာတ်ကောင်ဇာတ်ရုပ်နှင့် အများပြည်သူများကြည့် ရှုခြင်းခံခဲ့ရဖူးသူ ရုပ်ရှင်မင်းသား ကျော်သူတစ်ဖြစ်လဲ နာရေး ကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌဖြစ်သူ ဦးကျော် သူနှင့် တွေ့ဆုံခိုက် တပ်မတော်နေ့၊ တပ်မတော်ရုပ်ရှင်ဇာတ်ကား၊ တပ်မတော် အပေါ်အမြင်တို့ မေးမြန်းဖြစ်ခဲ့သည်။

မေး- ဦးကျော်သူအနေနဲ့ ဖြတ်သန်းလာခဲ့တဲ့ ကာလ တစ်လျှောက် မြန်မာနိုင်ငံရဲ့ အထင်ကရနေ့တစ်နေ့ဖြစ်တဲ့ တပ်မတော်နေ့နဲ့ ပတ်သက်ပြီး ဘယ် လိုထင်မြင်ယူဆမိပါသလဲ။

ဖြေ- တပ်မတော်နေ့ဆိုတာ တပ်မတော်သမိုင်းကို ကြည့်ရမှာပဲ။ ကျွန်တော်အနှစ် ၂ဝ လောက် ဖြတ်သန်းလာခဲ့တဲ့ ရုပ်ရှင်လော ကကတည်းက နှစ်တိုင်း၊ နှစ်တိုင်းကို တပ်မတော်နေ့ ဂုဏ်ပြု ဇာတ်ကားတွေ ရိုက်တယ်ဆိုရင် ဗကပနဲ့ တိုက်တယ်။ KIA နဲ့တိုက် တယ်။ KNU နဲ့ တိုက်တယ်။ ဒါတွေချည်းပဲ ရိုက်ခဲ့ရတယ်။ အဲဒီတော့ တပ်မတော်က

တပ်မတော်ရဲ့သမိုင်းကိုဘာတွေလုပ်ခဲ့လဲ။ ဒီနှစ်တပ်မတော်နေ့ဆို တပ်မတော်က ဘာတွေလုပ်တယ်ဆိုတဲ့သမိုင်းကို ဖော်ထုတ်ဖို့ပဲ အရေးကြီးတယ်။ သမိုင်းကိုလိမ်လို့လည်း မရဘူး။ လိမ်တယ် ဆိုရင်လူတိုင်းသိတယ်။ လိမ်လို့မရတဲ့ကိစ္စကို အမှန် တရားတွေသာဖော်ထုတ်ဖို့ အရေးကြီးတယ်။ တပ်မတော်နေ့ ဆိုတာ တော်လှန်ရေးနေ့လို့လည်း ပြောတယ်။ နာမည် ကိုအဓိကမထားဘဲနဲ့ တပ်မတော်က ပြည်သူလူထုအပေါ် ဘယ်လိုကာကွယ်ခဲ့တယ်။ တိုင်းပြည်ကို ဘယ်လို ကာကွယ်စောင့် ရှောက်ခဲ့တယ်ဆိုတာသာအဓိက ဖြစ်တယ်။

မေး- တပ်မတော်နေ့နဲ့ ပတ်သက်ပြီး ရိုက်ခဲ့ဖူးတဲ့ ဇာတ်ကား အမှတ်တရတွေကို သိချင်ပါတယ်။ အဲဒီကာလတွေတုန်းက အနုပ ညာသမားတစ်ယောက် ရဲ့ ရပ်တည်မှုအခြေအနေကကော ဘယ်လိုရှိခဲ့ပါသလဲ။

ဖြေ - အရင်တုန်းက အမှတ်တရဆိုရင် ကျွန်တော်တို့ "တိမ်ကောနော်ဂျာ" တို့၊ " လှလေးစိန်" တို့ရိုက်ခဲ့တယ်။ လှလေးစိန်ကတော့ ပြင်ဦးလွင်မှာ ရိုက်ခဲ့လို့ ပြဿနာမရှိဘူး။
တိမ်ကောနော်ဂျာဆို ကချင်ပြည်နယ်။ အဲဒီတုန်းက လုံးဝ အနက်ရောင်နယ်မြေ။ ကျွန်တော်တို့သွားပြီး သက်စွန့်ဆံဖျား ရိုက်ခဲ့ရတယ်။ လုံခြုံရေးဆိုကိုယ့်ကို သေနတ်ပေးထားတယ်။ ကျည်ဖြည့် ပေးထားတယ်။

ကိုယ့်လုံခြုံရေး ကိုယ့်ဘာသာကိုယ်ယူထား။ ကျော်သူ ခေါင်း တစ်ခေါင်းဘယ်လောက်၊ မောင်တင်ဦးခေါင်း တစ်ခေါင်း ဘယ်ေ လာက် ဒါမျိုးတွေ ထုတ်ထားပြီးပြီ။ အဲဒီလိုသက်စွန့်ဆံဖျား လနဲ့ ချီပြီးကျွန်တော်တို့သွားရိုက်ခဲ့ရတယ်။ အဲဒီတော့ ကျွန်တော် တို့ဘက်ကလည်း ပေးဆပ်နေရတာပဲ။

ဒီဟာတွေက ကျွန်တော်တို့ လုပ်ခဲ့ရတဲ့အပိုင်းကလည်း လုပ်ခဲ့ရတယ်။ ခိုင်းလို့လုပ်တာလည်း ရှိတယ်။ တချို့က လုပ်ချင်လွန်းလို့ လုပ်တာရှိတယ်။ တချို့က အခွင့်အရေးရချင်လို့လုပ်တာ တွေရှိတယ်။ ဒါက အနုပညာသမားတွေရဲ့ကဏ္ဍ။ အနုပညာသမားတွေ အနေနဲ့လည်း ကိုယ့်မှာ ဦးနှောက်ရှိတယ်။ ကိုယ်ဘာလုပ်သင့်လဲ။
လုပ်သင့်ရင်လုပ်၊ မလုပ်သင့်ရင်မလုပ်နဲ့။ ဒါပဲရှိတယ်။

မေး- အများပြည်သူက ချစ်ခင်လေးစား၊အားထားရတဲ့ ပြည်သူ့ တပ်မတော်ဖြစ်ဖို့ဘယ်အရာက အရေးကြီးမယ်လို့ ထင်မြင်မိပါသလဲ။

ဖြေ - တပ်မတော်ဆိုတာ ဟိုးအရင် ကျွန်တော်ရုပ် ရှင်ရိုက်ခဲ့တုန်းကပြောခဲ့ဖူးတယ်။ တပ်မတော်နေ့ရုပ်ရှင် ကားရိုက်တယ်။ ကြံ့ခိုင်ရေး နှစ်ပတ်လည်ကား ရိုက်တယ်။ ရိုက်တဲ့အခါ ကျွန်တော်တို့ကို အစည်းအဝေးခေါ်တယ်။ ဘာပြော ချင်လဲ။ ကျွန်တော်ကပြောတယ်။ ယူနီဖောင်းကို ပြည် သူတွေချစ်အောင်၊ အားကိုးအောင်၊ ယုံကြည်အောင် လုပ်ဖို့အရေးကြီးတယ်။

ဥပမာ-လှလေးစိန်ဆိုရင် တပ်မတော်သားတစ်ယောက်ရဲ့ တကယ့်လက်တွေ့ ဖြစ်ခဲ့တဲ့ဟာတွေ။ စစ်တပ်ထဲမဝင်ခင် အပြင်မှာ ဂေါ်လီလိုနေတယ်။ လမ်းသရဲလိုနေတယ်။ တပ် ထဲရောက်တော့လည်းကမောက်ကမတွေ ဖြစ်တယ်။ သေနတ်ပစ်တဲ့
နေရာမှာ၊ လက်ပစ်ဗုံးပစ်တဲ့နေရာမှာ အလွဲလွဲ၊ အမှား မှားတွေဖြစ်တယ်။

ဒါလူတစ်ယောက်ရဲ့ ဘဝကိုဖော်ကျူးတာ။ စစ်တပ်ထဲမှာလည်း ဒီလိုဟာမျိုးတွေရှိ တယ်။ ဒါပေမဲ့ နောက်ဆုံး ဒီကောင်အနစ်နာ ခံပြီးတော့ အသေ ခံသွားတယ်။ ဒီဟာလေးကို ပြလိုက်မယ် ဆိုရင် ပြည်သူက အလိုလိုနေရင်းဇာတ်ကောင်ကို ချစ်သွားမယ်။ ဇာတ်ကောင်ကို ချစ်သွားမယ်ဆိုရင် ဇာတ်ကောင် ရဲ့ကာရိုက်တာကို ချစ်သွားမယ်။

ဇာတ်ကောင်ကာရိုက်တာကို ချစ်သွားမယ်ဆိုရင် ကိုယ်ဖော်ကျူးချင်တဲ့ တပ်မတော်သားပဲ ဖြစ်ဖြစ်၊ ကြက်ခြေနီပဲဖြစ်ဖြစ်၊ မီးသတ်ပဲဖြစ်ဖြစ် ယူနီဖောင်းကို ချစ်သွားမယ်။ ယူနီဖောင်းချစ်အောင်လုပ်ဖို့ အရေးကြီးတယ်။

မေး- နောက်ပိုင်းမျိုးဆက်သစ်တွေအနေနဲ့ တပ်မတော်နေ့ဖြစ် တည်လာပုံတွေကို ဂဃနဏ မသိကြတော့ဘဲတန်ဖိုးထား ရ ကောင်းမှန်းမသိတဲ့အနေအထား တွေ ဖြစ်လာပါတယ်။ ဒီလိုအခြေ အနေမှာဘယ်လိုပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်သင့်တယ်လို့ ထင်မြင်မိပါသလဲ။

ဖြေ- နိုင်ငံတော်အစိုးရအပေါ်မှာပဲ မူတည်ပါတယ်။ အစိုးရက တကယ့်ကို အမှန်အကန်တွေချပြမှ၊ ပြည်သူ တွေလက်ခံနိုင်တဲ့ သမိုင်းအစစ်အမှန်တွေကို ဖော်ကျူးပြနိုင်မှ မျိုးဆက် သစ် တွေကလည်းသိမယ်။ အခုဆို ကလေးတွေအနေနဲ့ တပ်မတော်နေ့ဆိုတာ ဘာမှန်းမသိဘူး။ သီဟတင်စိုးဂျပန်တွေနဲ့ တိုက်နေတယ်။ သီဟတင်စိုးနေ့လား။

ဒါမျိုးတွေဖြစ်လာတယ်။ တပ်မတော်နေ့ဆိုတာ ဂျပန်တွေကို လည်းတိုက်လာတယ်။ အင်္ဂလိပ်တွေကိုလည်း တိုက်လာတယ်။ သမိုင်းအစစ်တွေကိုဖော်ကျူးဖို့ အရေးကြီးတယ်။

အဲဒီတော့ မြန်မာပြည်မှာက နေ့ထူး၊ နေ့ မြတ်တွေဆိုရင် နှစ်ပေါက်၊ ရက်ပေါက်ကို ဖြစ်နေပြီ။ ဘယ်နေ့ တွေပဲဖြစ်ဖြစ် အကုန် လုံးပေးဆပ်ခဲ့ရတယ်။ အနစ်နာခံခဲ့ရတယ်။ အသက် စွန့်ခဲ့ရ တဲ့နေ့ တွေအများကြီးပဲ။ အဲဒီနေ့တွေကို ဖော် ကျူးမယ်ဆိုရင် တစ်နှစ် ပတ်လုံး ပွဲတော်ချည်းပဲဖြစ်ကုန် လိမ့်မယ်။ မြန်မာပြည်အတွက် တကယ့်ကို သမိုင်းဝင်ခဲ့တဲ့ တပ်မတော်နေ့တို့၊ အာဇာနည်နေ့တို့ ဆိုတာတွေကို အထင်ကရနဲ့ သေသေချာချာလုပ်သင့်တယ်။

ကျွန်တော်တို့ငယ်ငယ်တုန်းက ဆိုရင် ဦးဝိစာရလမ်းမှာ
တပ်မတော်သားတွေ ချီတက်လာတယ်။ ပြည်သူလူထုကလည်း တကယ့်ကိုထဲထဲဝင်ဝင်၊ နှစ်နှစ်ကာကာကို ပန်းကုံးတွေ စွပ်တယ်။ ပြည်သူလူထုထဲ ဆင်းပြီးတော့ ရဲရဲဝင့်ဝင့်လုပ်ပြဖို့ အချိန်တန်ပြီ။ ကိုယ့်ဘာသာ ကိုယ်နေပြည်တော်သွားပြီး တပ်မတော်နေ့ ချီတက်ပြတယ်။ ပြည်သူလူထုကိုလည်း တီဗီမှာ ပြတာပဲ။

ပြချင်တာပြနေတာပဲဆိုပြီး တန်ဖိုးမထားတတ်တဲ့ အနေ အထားမျိုးတွေ ဖြစ်လာတယ်။ ဒါကို ပြည်သူလူထုပါပါအောင် လုပ်ဖို့အရေးကြီးတယ်။ တပ်မတော်ဆိုတာ ပြည်သူလူထုကို ကာကွယ်ရမယ်။ တိုင်းပြည်ကို ကာကွယ်ရမယ်။ ဒါမှ လည်း ပြည် သူ့တပ်မတော်ဆိုတာဖြစ်မယ်။ ပြည်သူ့တပ်မတော်ဖြစ်
အောင်ကြိုးစားဖို့ အရေးကြီး တယ်။


မျိုးမောင်
Popular Journal

MH370 ရဲ့ Black Box ကို အချိန်မီ တွေ့နိုင်ဖို့ ခက်ခဲ

မလေးရှား လေယာဉ်ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး တိတိကျကျ သိရဖို့ အရေးမှာ Black Box လို့ ခေါ်တဲ့ လေယာဉ် ပျံသန်းမှု မှတ်တမ်းကို ရှာမတွေ့မချင်း မဖြစ်နိုင် သလောက် ပါပဲ။

အဲဒီ Black Box မှာ လေယာဉ်မောင်းခန်းထဲက စကားပြောဆိုမှုတွေကို သိမ်းဆည်းထားတဲ့ Voice Recorder ၊ ပျံသန်းမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ မှတ်တမ်းတင်ထားတဲ့ Data Recorder ဆိုပြီး အပိုင်း ၂ပိုင်း ပါဝင်ပါတယ်။

Voice Recorder ဟာ လေယာဉ်ပျက်မကျမီ နောက်ဆုံး ၂ နာရီ အတွင်း ပြောဆိုတဲ့ စကားသံတွေနဲ့ လေယာဉ်မောင်းခန်းထဲက အသံမှန်သမျှကို သိမ်းဆည်းပါတယ်။ Data Recorder ကတော့ လေယာဉ်ပျံသန်းမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မှတ်တမ်းတင်ထားပြီး အဲဒီ အချက်အလက်တွေဟာ ပျံသန်းမှု ခရီးတစ်လျှောက်ကို ပြန်လည် ပုံဖော် ခြေရာကောက်နိုင်လောက်အောင် အသုံးဝင်ပါတယ်။

Black Box ဟာ တကယ်တော့ အ၀ါရောင် ဖြစ်ပါတယ်။ အစပိုင်းတုန်းကတော့ အနက်ရောင်နဲ့ ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းမှာ ရှာဖွေသူတွေ အလွယ်တကူ တွေ့ရှိနိုင်ဖို့ အ၀ါရောင် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

Black Box ဟာ သူ့ကို ရှာတွေ့ဖို့ လေယာဉ်ပျက်ကျချိန်က စပြီး အချက်ပြမှု ထုတ်လွှင့်နေရာမှာ အချို့ Black Box တွေက ရက်ပေါင်း ၉၀ အထိ ထုတ်လွှင့်နေနိုင်ပေမယ့် မလေးရှား လေယာဉ် MH370 ရဲ့ Black box ကတော့ ရက် ၃၀ သာ အချက်ပြနေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ လေယာဉ် ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး အပြည့်အစုံ သိနိုင်မယ့် အခွင့်အလမ်းဟာ အခုအခါ ၁၀ ရက်ကျော်ကျော်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

Black Box ကို လေယာဉ်ပျက်ကျရင် မပျက်စီးအောင် ရည်ရွယ်ပြီး လေယာဉ်တွေရဲ့ အမြီးမှာ ထည့်သွင်းထားကြပါတယ်။ ဒါပေမယ့် Black box ရဲ့ အရွယ်အစားကတော့ ဖိနပ်ဘူးလောက်သာ ရှိတာကြောင့် သူ့ရဲ့ အချက်ပြမှုကို ဖမ်းယူမရခဲ့ရင် ရှာတွေ့ဖို့ မဖြစ်နိုင်သလောက်ပါပဲ။

Black Box ကို အလူမီနီယံ သတ္တုနဲ့ ပြုလုပ်ထားပြီး ပြင်းထန်တဲ့ ပေါက်ကွဲမှုနဲ့ အပူဒဏ်တွေကို ခုခံနိုင်အောင် ဒီဇိုင်းထုတ်ထားတာကြောင့် အရွယ်နဲ့ မမျှအောင် ၁၀ ကီလိုဂရမ်လောက် လေးပါတယ်။ ဒါကြောင့် ဘယ်လိုနည်းနဲ့မှ ရေပေါ် မျောနေနိုင်ခြင်း မရှိပါဘူး။

အခု မလေးရှား လေယာဉ် MH370 ပျက်ကျသွားတယ်လို့ ယူဆရတဲ့ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းဟာ ပေ ၃၇၇၀ ကနေ ပေ ၂၃၀၀၀ အထိ နက်ရှိုင်းတာကြောင့် ဒီ Black box ကို ဆယ်ယူ တွေ့ရှိဖို့က အလွန့်အလွန် ခက်ခဲမှာ ဖြစ်ပါတယ်။

တစ်ခါ MH370 ရဲ့ Black Box ဟာ အချက်ပြမှုကို အကွာအဝေး တစ်မိုင် ဝန်းကျင်သာ ထုတ်လွှင့်နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သမုဒ္ဒရာအောက်မှာ ရေအောက် ရှာဖွေရေးယာဉ်တွေ သုံးပြီး နှေးနှေးကွေးကွေး ရှာဖွေရမှာ ဖြစ်လို့ MH370 ရဲ့ Black Box ကို အချိန်မီ တွေ့နိုင်ဖို့ဟာ ကန့်သတ်ချက်တွေ အလွန်ကို များနေဆဲ ဖြစ်ပါတယ်။

BBC Burmese

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.