04/03/14

photo.Aye Kyaw
ဘဘ ဦးဝင်း တင် အမြန်ဆုံး ကျန်းမာ ရေး ပြန်လည် ကောင်းမွန်ရေး အတွက် ရန်ကုန်ဆေးရုံကြီး ရှေ့မှာ ဆုတောင်းပွဲ။
============================================


၂၀၁၄ ခုနှစ် ဧပြီလ ၂ ရက်၊ နေ့လည် ၁၂ နာရီ သတင်းစာဆရာကြီး အဘဦးဝင်းတင်၏ အခြေအနေမှာ ယနေ့နေ့လည်ပိုင်းတွင် သွေးဝမ်းသွားမှုကို အကြောင်းပြုလျက် စိုးရိမ်ရသည့်အခြေအနေသို့ ပြန်လည်ရောက်ရှိနေကြောင်းသိရှိရသည်။

သမားတော်ကြီးများပါဝင်သော အဖွဲ့မှ အနီးကပ်ကြပ်မတ်ကုသလျက်ရှိပြီး၊ သွေးထွက်သည့်
အကြောင်းအရင်းကို ရှာဖွေနေဆဲဖြစ်သည်။ သွေးမှာ fresh blood ဖြစ်ပြီး၊ သွေးပေါင်ချိန်
နှင့် သွေးခုန်နှုန်းမှာ ကောင်းမွန်သည်ဟု သိရှိရသည်။

ရန်ကုန်ဆေးရုံကြီး၊ အမျိုးသားသွေးလှူဘဏ်အနေဖြင့်၊လိုအပ်ပါက သွေးသွင်းကုသနိုင်ရန်
အဆင်သင့်ပြင်ဆင်ထားကြောင်းလည်း သိရှိရသည်။သွေးဝမ်းဓာတ်ခွဲစစ်ဆေး မှုကို အရေးပေါ်ပြုလုပ်လျက်ရှိသည်။ သွေးထွက်ရသည့်အကြောင်းအရင်းကို ရှာဖွေနေဆဲ
ဖြစ်သည်။

ညနေပိုင်းတွင်အဘဦးဝင်းတင်ကို သွေးသွင်းကုသပေးလျက်ရှိသည်ဟု သိရှိရသည်။ နာယကကြီး ဦးတင်ဦး ထပ်မံလာရောက် သတင်းမေး၊ အားပေးခဲ့သည်။
ပြည်သူလူထု၏ ဆုတောင်းသံများ ပိုမိုကျယ်လောင်လာရန် လိုအပ်လျက်ရှိနေသည်။

သမားတော်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ နှင့် ၀န်ထမ်းများအနေဖြင့် အစွမ်းကုန်
ကြိုးစားကုသပေးလျက်ရှိသည်။ ၀ိုင်းဝန်းဆုတောင်းကြရန် ဆော်သြလိုပါသည်။

(ဒေါက်တာရန်မျိုးသိမ်း)

ယနေ.တွင် အဖျက်ဆီးခံ သမီးကလေးကျေးရွာနှင့်အခြားကျေးရွာမှ ပြည်သူများ DKBA မှ
နေရာစီစဉ်ပေးသည့် ( ကရင်ပြည်နယ် ) ဆုံဆည်းမြိုင်ကျေးရွာဆီသို. ပြောင်းရွေ.ကြရာ
ရွှေညဝါ ဆရာတော်မှ ဦးဆောင်၍ နိုင်ငံရေး မိသားစုများမှ သမီးကလေးကျေးရွာ ဒုက္ခသည် ပြည်သူများကို လိုက်လံ ကူညီ အားပေး ပို့ဆောင် ခဲ့ပါတယ်
Aye Kyaw.

DKBA နှင့် လိုက်ပါသွားသော သမီးကလေးကျေးရွာ သားများကို မွန်ပြည်နယ်နှင့်
ကရင်ပြည်နယ် ခရိုင်ချင်းဆက်သွယ်သော တံတားတွင် ကရင်ပြည်နယ် အစိုးအဖွဲ့က
တားဆီးလိုက်ပြီးနောက် ဆက်လက်သွားခွင့်မပြုကြောင်း ကရင်ပြည်နယ်၊ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီးက အမိန့်ထုတ်လိုက်သည်ဟု ယင်းအဖွဲ့နှင့်လိုက်ပါသွားသည့် လူထုအခြေပြုအဖွဲ့မှ ဦးအောင်လွင်ကပြောသည်။

“ရွာသားတွေကတော့ ဆက်မသွားရဘူးဆိုရင် အဲ့ဒီနေရာမှာပဲနေမယ်လို့ ဆုံးဖြတ်ပြီးတော့ စုဝေးပြီးထိုင်နေကြတယ်” ဟု ညနေ ၃နာရီ ၅၀မိနစ်က မဇ္ဈိမ၏ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကို ဦးအောင်လွင်က ပြောခြင်းဖြစ်သည်။

DKBA နှင့်လိုက်ပါသွားသော သမီးကလေးကျေးရွာမှ ရွာသားအရေအတွက်မှာ လူပေါင်း
၃၀၀ ခန့်ရှိပြီး လူမှုအဖွဲ့အစည်းမှ လိုက်ပါပို့ဆောင်သူ ၁၀၀ ဦးခန့်ရှိသည်။

ရွာဖျက်ခံခဲ့ရသည့် သမီးကလေးရွာသားများမှာ DKBA ၏ ဖိတ်ဖေါ်မှုအရ ကရင်ပြည်နယ်ရှိ ဆုံဆည်းမြိုင်ရွာသို့ လိုက်ပါသွားစဉ် ယခုကဲ့သို့ တားဆီးခံရခြင်းလည်းဖြစ်သည်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ သမီးကလေးရွာကို ဖေဖေါ်ဝါရီလ ၄ ရက်က ဖျက်ဆီးခံခဲ့ရသည့်အတွက် ရွာသူရွာသားများ နေစရာကင်းမဲ့နေသည်။
ကေဇူး
ရန်ကုန်(မဇ္ဈိမ)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.