04/25/14

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် မကွယ်လွန်မီက နေထိုင်ခဲ့သော ရန်ကင်းမြို့နယ်အတွင်းရှိ နေအိမ်
Written by - အင်ဒရူးဟယ်စလော့

အထင်ကရ မြန်မာအယ်ဒီတာ တစ်ဦးဖြစ်သူ၊ ဒေါ်အောင်ဆန်းစုကြည်၏ ရင်နှီးသော နိုင်ငံရေးလက်ရုံး တစ်ဦးဖြစ်သူ ဦးဝင်းတင်သည် ဧပြီ ၂၁ ရက်က အသက် ၈၅ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။

၂၀၁၃ မေလအကုန်က ကွယ်လွန်သူ ဦးဝင်းတင်ကို ကမ္ဘာ့သတင်းစာ အဖွဲ့ချုပ်မှ ပေးအပ်သော ရွှေကလောင်ဆုကို အပ်နှင်းရန်အတွက် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် အထူးခရီးစဉ်တွင် သူ့အား ကျွန်တော်တွေ့ဆုံခဲ့ရသည်။ ဦးဝင်းတင်သည် ယင်းဆုကို လွန်ခဲ့သည့် ၁၂ နှစ်က ရရှိခဲ့ပြီး ယင်းဆုကို တက်ရောက်ယူရန် မည်သည့်အခါကမှ အခွင့်အရေး မရရှိခဲ့ပေ။ ကမ္ဘာ့သတင်းစာအဖွဲ့ WAN-IFRA ၏ သတင်းစာလွတ်လပ်ခွင့် သူရဲကောင်းဆုကို ဂျာနယ်လစ် စမ်းစမ်းနွဲ့နှင့်အတူ ရရှိချိန်က ဦးဝင်းတင်သည် နှစ်၂၀ ထောင်ဒဏ်ကို ကျခံနေရသည်မှာ ထက်ဝက်ခန့်သာ ရှိသေးသည်။

ရန်ကုန်မြို့စွန်ရှိ နေအိမ်ဧည့်ခန်းတွင် ပန်ကာအောက်၌ ကျွန်တော်တို့ ကိတ်မုန့်စား အအေးသောက်ခဲ့ကြပြီး မြန်မာနိုင်ငံတွင် မကြာသေးခင်က အသွင်ကူးပြောင်းမှုများအပေါ် သူ၏အမြင်ကို ပြောကြားခဲ့သည်။

ကျွန်တော်တို့နှင့် အတူထိုင်နေခဲ့သော ဂျာနယ်လစ်များနှင့်အတူ အမှတ်တရဓာတ်ပုံ ရိုက်ချိန်တွင် ဦးဝင်းတင်က ခက်ထန်ပြီး ဖီဆန်သည့်အကြည့်ဖြင့် အရိုက်ခံခဲ့သည်။ ကျွန်တော်တို့ တွေ့ဆုံချိန်အတွင်း သူက ပြုံးရုံမျှသာ ပြုံးနေခဲ့ပြီး ကျယ်လောင်စွာ ရယ်မောခဲ့ခြင်း မရှိဘဲ ကျွန်တော့်လက်မောင်းကိုကိုင်ကာ “ဒါကို မင်းသိရမယ်” ဟု ပြောနေခဲ့သည်။

ကျွန်တော်တို့သည် အရပ်သားအစိုးရက စစ်အစိုးရကို အစားထိုး နေရာယူခဲ့မှု၏ မယုံကြည်နိုင်လောက်သော မြန်ဆန်မှု၊ လွန်ခဲ့သော ၁၈ လက ဆူးလေဘုရား လမ်းမပေါ်ရှိ စတိုးဆိုင်များတွင် ၀ယ်သူမရှိခဲ့သော အ၀တ်လျှော်စက်များ မျက်နှာပြင်ပြား တီဗီများ ယခုအခါ ရောင်းကုန်သွားသော ဖြစ်ရပ်တို့အကြောင်း စသည့် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုများအကြောင်း ပြောဆိုခဲ့ကြသည်။

“တိုးတက်လာတာကတော့ သေချာတယ်။ ဒါပေမဲ့ ဒါတွေက အပြောင်းအလဲလို့ ဆိုနိုင်ရုံပဲရှိပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေး စတာတွေကတော့ ထူးထူးခြားခြား တိုးတက်မလာပါဘူး” ဟု သူက သတိပေးခဲ့သည်။

အတိုက်အခံ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်မှ သက်တမ်းရင့် အဖွဲ့ဝင်တစ်ဦးဖြစ်သူ စာရေးဆရာ၊ အထင်ကရ ဂျာနယ်လစ် ဦးဝင်းတင်သည် သုံးကြိမ်ဆက် အကျဉ်းကျခဲ့ပြီးနောက် ချမှတ်ခံခဲ့ရသည့် ထောင်ဒဏ် အနှစ် ၂၀ ၏ ၁၉ နှစ်ကို ကျခံခဲ့သည်။ ထောင်တွင်း၌ နေထိုင်စဉ် အချိန်အများစုတွင် သူ့ကို တစ်ကိုယ်တော် တိုက်ပိတ်ထားခဲ့သည်။

၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် အသက် ၇၉ နှစ်အရွယ်၌ စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုတွင် ဦးဝင်းတင် လွတ်မြောက်လာခဲ့သည်။ ထို့ကြောင့် သူသည် မြန်မာနိုင်ငံ၏ ကာလအရှည်ကြာဆုံး ထောင်ဒဏ်ကျခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

“ကျွန်တော်အသက်ကြီးလို့ သူတို့က ကျွန်တော့်ကို လွှတ်ပေးခဲ့တာပါ။ ကျွန်တော် အပြစ်မရှိလို့ မဟုတ်ပါဘူး” ဟု သူက ကျွန်တော့်ကို ပြောခဲ့သည်။ နာကြည်းမှု သင်္ကေတအဖြစ် သူမချွတ်တန်း ၀တ်ခဲ့သော အကျဉ်းသားဝတ်စုံ အပြာရောင်အင်္ကျီမှာ အရောင်မလွင့်သေးပေ။ “စွဲချက်တွေအားလုံး ရုပ်သိမ်းပေးဖို့ သူတို့ဆုံးဖြတ်တဲ့ အခါကျမှ ကျွန်တော် ဒီအင်္ကျီကို ချွတ်မှာပါ” ဟု သူကပြောခဲ့သည်။

ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်ဟောင်းအဖြစ် ဦးဝင်းတင်သည် မြန်မာအစိုးရကို ဝေဖန်သော ဆောင်းပါးများကို နှစ်ပေါင်းများစွာ ရေးသားခဲ့သည်။ ထိုဝေဖန်မှုများအတွက် သူအလွန်အမင်း ပေးဆပ်ခဲ့ရသည်။ သူသည် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရင်းနှီးသော နိုင်ငံရေးအကြံပေးလည်း ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ ညာလက်ရုံးအဖြစ်လည်း သတ်မှတ်ခံရသူ ဖြစ်သည်။

ပါတီတည်ထောင်ရာတွင် ကူညီခဲ့ပြီး ပါတီ၏ ထင်ရှားသည့် ခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း ယခင်စစ်ခေါင်းဆောင်များနှင့် ပြန်လည်ရင်ကြားစေ့မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို သူ၏ပွင့်ပွင့်လင်းလင်း ဝေဖန်မှုများသည် သူ့ကိုမည်သည့်အခါမှ စွန့်လွှတ်မည်မဟုတ်သော အဆုံးထိ ဖီဆန်သွားမည့် သူ၏ပြင်းထန်သော စိတ်ဓာတ်က ပေါ်ထွက်လာခြင်း ဖြစ်သည်။

“အရပ်သားအစိုးရလို့ ဖြစ်လာချိန်မှာလည်း တကယ်တော့ ဒီလူတွေနဲ့ပဲ ကျွန်တော်တို့က ဆက်ဆံနေရပါတယ်။ ယုံကြည်မှု တည်ဆောက်တာက အချိန်ယူရပါတယ်” ဟု သူကပြောခဲ့သည်။

ကျွန်တော်ပြန်ဖို့ပြင်တော့ ဦးဝင်းတင်၏ လက်ထောက်များက အိမ်ရှိပန်းခြံအတွင်းမှ အဖီထိုးထားသော တဲကုပ်သာသာနေရာဟု ထင်ရသည့် နေရာအား ကျွန်တော့်ကို အလွန်အမင်း ပြချင်နေခဲ့သည်။ ၀ါရင့်ဂျာနယ်လစ်ကြီးက လေ၀င်လေထွက်ကောင်းသော အိမ်ထဲမှ နှုတ်ဆက်နေခဲ့ပြီး ကျွန်တော်က ပူအိုက်နေသည့် နေလယ်အပူထဲ၌ အားလုံးက အရေးကြီးသည်ဟု ဆိုသည့်နေရာကိုကြည့်ရန် ထိုနေရာသို့ သွားခဲ့သည်။ တံခါးဝကို ကျွန်တော်တို့ ရပ်လိုက်ချိန်တွင် “ဒါက ဦးဝင်းတင်ရဲ့ အိမ်ပါ” ဟု ကျွန်တော့်ကို ဦးဆောင်ခေါ်သွားသော အမျိုးသားက ၀မ်းသာအားရ ပြောကြားခဲ့သည်။ ကျွန်တော် မှင်သက်သွားခဲ့သည်။

ဦးဝင်းတင်သည် သူ့သူငယ်ချင်း၏ အိမ်နောက်ဖေးတွင် စတည်းချကာ ထိုနေရာကို နေစရာတစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။ သူကိုယ်ပိုင်အိမ်နှင့် ပိုင်ဆိုင်မှုအားလုံးနီးပါး အသိမ်းခံခဲ့ရပြီးနောက် ကျန်ခဲ့သည့် စာအုပ်အနည်းငယ်၊ ပန်းချီကားများနှင့် စာရေးစားပွဲ တစ်ခုတို့သာ ဖြစ်သည်။ လှူဒါန်းသူများနှင့် ထောက်ပံ့သူများထံမှ ရရှိသည့် ငွေများကို နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများကို ထောက်ပံ့ရန် တည်ထောင်ထားသည့် ဖောင်ဒေးရှင်းအတွက် သုံးစွဲသည်။

မြန်မာ့သတင်းစာလောက၏ ဂုဏ်ထူးဆောင် ဤကဲ့သို့ ပုဂ္ဂိုလ်မျိုးသည် ဥယျာဉ်ထဲရှိ တဲသာသာနေရာတွင် နေထိုင်နေသော်လည်း သူသည်ပျော်ရွှင်ကြောင်း သူ၏တပည့်များက ပြောကြားခဲ့သည်။

လိုအပ်သမျှအားလုံး သူ့တွင်ရှိနေပြီဖြစ်ကြောင်း ပြောကြားပြီး ထိုနေရာကို အဆင့်မြှင့်ရန် ကမ်းလှမ်းမှုများကို ဦးဝင်းတင်က ငြင်းဆိုခဲ့သည်။ ထူးထူးခြားခြားပင် ယင်းမြင်ကွင်းသည် လွတ်လပ်မှုကို ယုံကြည်သည့်အတွက် ဖိနှိပ်ခံရသော ရေတွက်မဆုံးသည့် အမျိုးသား၊ အမျိုသမီးထု မျိုးဆက်တွင် နှိမ့်ချမှုအရှိဆုံးသူ တစ်ဦးဖြစ်သည့် ထိုအမျိုးသားနှင့် လိုက်ဖက်နေသည်။

ထိုနေရာတွင် တမူထူးခြားသည့် တစ်ခုတည်းသော အရာမှာ သူ့စာရေးစာပွဲအထက် နံရံတွင် ထားရှိသော မျက်နှာပြင်ပြား တီဗွီကြီးဖြစ်သည်။ သူ၏ခုတင်နှင့် မျက်နှာချင်းဆိုင်တွင်ရှိသော ယင်းတီဗွီတွင် သူချစ်သော မန်ချက်စတာယူနိုက်တက် ဘောပွဲများကို သူကြည့်နိုင်သည်။

တကယ်ဆိုတော့ အပြောင်းအလဲသည် မျှော်လင့်မထားသော ထောင့်များမှပင် ပေါ်ထွက်လာခဲ့သည်။

အင်ဒရူးဟယ်စလော့
Director, Press Freedom
WAN-IFRA

ရွှေကလောင်ဆုသည် သတင်းစာလွတ်လပ်ခွင့်အတွက် ကြိုးပမ်းဆောင်ရွက်သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်တစ်ဦးချင်းများကို အသိအမှတ်ပြုသည့် အနေဖြင့် WAN-IFRA က နှစ်စဉ်ပေးအပ်သည့်ဆု ဖြစ်သည်။

၁၉၆၁ ခုနှစ်တွင် တည်ထောင်ခဲ့သော ရွှေကလောင်ဆုကို နှစ်စဉ်ပေးအပ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းမှ ယင်းကဲ့သို့ဆုများတွင် ဂုဏ်သိက္ခာအကြီမားဆုံး ဆုတစ်ဆုဖြစ်သည်။ ဆုရရှိသူများ၏ သတ္တိ၊ စွန့်လွှတ်မှုအကြောင်းများ၊ အကျဉ်းကျခံရသည့် အကြောင်းများ၊ ရိုက်နှက်ညှဉ်းပန်းခံရမှုများ ဗုံးခွဲတိုက်ခိုက်မှုများ၊ စိစစ်တားမြစ်မှုများ၊ ပြည်ပခိုလှုံမှုများ၊ အသတ်ခံရမှုများ အကြောင်းများက ဆုရှင်များ၏ အမည်နှင့်အတူ မှတ်တမ်းရှိနေသည်။ ၎င်းတို့သည် ကမ္ဘာတစ်ဝန်းတွင် သတင်းစာလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်မှုများ၏ စစ်မှန်သော သူရဲကောင်းများ ဖြစ်သည်။

၁၉၆၃ ခုနှစ်တွင် WAN-IFRA သည် မြန်မာဂျာနယ်လစ် ဦးစိန်ဝင်း (ဂါးဒီးယန်း) ကို ရွှေကလောင်ဆု ပေးအပ်ခဲ့သည်။

၂၀၀၁ ခုနှစ်တွင် ဦးဝင်းတင်နှင့် ဒေါ်စမ်းစမ်းနွဲ့ (သာယာဝတီ) တို့ကို ရွှေကလောင်ဆု ပူးတွဲပေးအပ်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်ကို ရွှေကလောင်ဆု ပေးအပ်ခဲ့သည်။

၂၀၁၄ ခုနှစ်အတွက် အကျဉ်းကျနေသော အီသီယိုပီးယား ဂျာနယ်လစ် အီစကင်ဒါနီဂါကို ရွှေကလောင်ဆု ပေးအပ်မည်ဖြစ်သည်။......Eleven Media Group

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် သတင်းစာအယ်ဒီတာ ဆရာကြီး ဦးဝင်းတင် ကွယ်လွန်သွားခြင်းအတွက် ဗြိတိသျှသံရုံး ရန်ကုန်အနေဖြင့် အထူးဝမ်းနည်း ကြေကွဲရပါသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်သို့ ယနေ့သွားရောက်၍ ၀မ်းနည်းကြောင်း မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့သော ဗြိတိသျသံအမတ်ကြီး အင်ဒရုးပက်ထရစ်က အောက်ပါအတိုင်း ၀မ်းနည်းကြောင်း ပြောကြားပါသည်။
"ဦးဝင်းတင်ဟာ အမှန်တရားဖက်က ရပ်တည်ရာမှာ အင်မတန်မှ ရဲစွမ်းသတ္တိရှိပြီး ဖြောင့်မတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစိအရေးနဲ့ လွတ်လပ်မှုတို့အတွက် ရှည်လျားတဲ့ ရုန်းကန်ကြိုးပမ်းမှုကြီးကို ထောက်ခံသူများ အားလုံးအတွက်လည်း တွန်းအားတစ်ခုဖြစ်ခဲ့ပါတယ်။ ဗြိတိသျသံရုံး က ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ အလွန်ကြေကွဲ ၀မ်းနည်းကြောင်းကို ဦးဝင်းတင်ရဲ့ မိသားစု၊ မိတ်ဆွေများနဲ့ လုပ်ဖော်ကိုင်ဖက်များအား ဖေါ်ပြအပ်ပါတယ်။"

The British Embassy is greatly saddened by the passing away of U Win Tin, patron of the National League for Democracy, and former long-standing political prisoner and newspaper editor.

British Ambassador Andrew Patrick, who signed a book of condolences today at the NLD headquarters, said “U Win Tin was a man of great courage and integrity in the pursuit of truth, and an inspiration to all those who supported Burma’s long struggle for democracy and freedom. Together with my colleagues at the British Embassy, I offer my deepest condolences to U Win Tin’s family, friends and colleagues”.
U Win Tin (Photo: http://goo.gl/SF0dfz)
British Ambassador H.E Andrew Patrick signing a book of condolences at NLD headquarters
Foreign Office news on Burma

၂၁.၄.၂ဝ၁၄ ရက်နေ့ နံနက် (၆း၃ဝ) နာရီအချိန်တွင် သံမဏိစိတ်ဓါတ်နှင့်လူသား ဟု တင်စား ခေါ်ဝေါ်နေကြသော ဟံသာဝတီ ဘဘ ဦးဝင်းတင် ၏ ဈာပနအခမ်းအနား အစီအစဉ်ပြုလုပ်ရန် ရန်ကုန်ဆေးရုံကြီး အဆောင် ၅/၆ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဘဘဦးတင်ဦးမှ ဦး ဆောင်၍ အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီးနောက် ဘဘဦးဝင်းတင်၏ ရုပ်ခန္ဓာအား ရေဝေးသုသာန်သို့ သယ်ဆောင်ခဲ့ရာတွင် ကျွန်တော်သည် ရွှေတိဂုံစေတီတော်မြက်ကြီးအား ဦးခိုက်ပြီး ရွှေဂုံတိုင်ရှိ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့တွင် စက္ကန့်ပိုင်းမျှ ရပ်နား၍ ရေဝေးသုသာန် အအေးခန်းသို့ နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ နိဗ္ဗာန်ယာဉ်ကြီးဖြင့် ပို့ဆောင်ပေးခဲ့သည်။ ရေဝေးသုသာန်တွင် သင်္ဂြိုဟ်မည့် အစီအစဉ်နှင့် ဂူသွင်းမည့်နေရာအား ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့နှင့် ကာယကံရှင် မိသားစုတို့မှ ညှိနှိုင်းဆောင်ရွက်ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အသင်းသား/သူများတို့သည် အသင်းရုံးချုပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။ အသင်းရုံး ချုပ်သို့ရောက်သည်နှင့် တပြိုင်နက်တည်း ဘဘ ဦးဝင်းတင် ၏ ဈာပနတွင် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ တာဝန်ယူဆောင်ရွက်မည့် နိဗ္ဗာန်ယာဉ်၊ Cool Box ၊ အုတ်ဂူမြေနေရာကိစ္စရပ်များအား ညှိနှိုင်းဆောင်ရွက်ပြီး ဘဘ၏ ရုပ်ခန္ဓာအား ထည့်သွင်းနိုင်ရန် အခေါင်းသေတ္တာများအား မိသားစုဝင် များတို့မှ ရွေးချယ်မှုပြုလုပ်ရာတွင် ဘဘ၏ ခန္ဓာကိုယ် အချိုးအစား၊ အတိုင်းအထွာအရ ကျွန်တော် ကိုယ်တိုင် ဝင်ရောက်စေကာ တိုင်းထွာပြခဲ့ပြီး ရိုးရှင်းမှုသာနှစ်သက်သည့် ဘဘအတွက် သာမန်ကျွန်း အခေါင်းသာ ရွေးချယ်အသုံးပြုခဲ့သည်။

ယနေ့ ၂၃.၄.၂ဝ၁၄ ရက်နေ့ နံနက် (၇းဝဝ) နာရီအချိန်မှစ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ စီစဉ်ထားသော ဘဘ ဦးဝင်းတင် အား လွမ်းဆွတ်အောင့်မေ့ခြင်း၊ လွမ်းသူ့ပန်းခြင်းများအား ပြည်လမ်းရှိ ယုဒသာန်ခန်းမသို့ ပို့ဆောင်ပေးခြင်း၊ ဂရပ်ဖတီ အာကာကျော် တစ်ညအတွင်းအပြီး ရေးဆွဲထားသော ဘဘဦးဝင်းတင်၏ ပန်းချီကားအား ယုဒသာန်ခန်းမသို့ ပို့ ဆောင်ခြင်း၊ ဘဘ၏ ရုပ်ခန္ဓာအားသယ်ဆောင်မည့် နိဗ္ဗာန်ယာဉ်တွင်လည်း ဘဘ၏ ပန်းချီကားချိတ် ဆွဲခြင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင် များမှ ဈာပနအခမ်း အနားသို့ တက်ရောက်လာမည့် ကျောင်းသားလူငယ်၊ ပြည်သူလူထုတို့အတွက် အရေးပေါ် ကျန်းမာ ရေးစောင့်ရှောက်မှုပေးရန် လူနာတင်ယာဉ်နှစ်စီးဖြင့် ရေဝေးသုသာန်တွင် တာဝန်ချစေလွှတ်ထားခြင်း၊ ရွှေစင်စကြာင်္ ခရီးသွားမော်တော်ယာဉ်လိုင်းမိသားစုမှ ထုတ်လုပ်ဖြန့်ချီ လှူဒါန်းသော 600 ML ကျော် လွှားသောက်ရေသန့်ဘူး (၃ဝဝဝ) အား ဘဘ ဦးဝင်းတင် ၏ ဈာပနသို့ လိုက်ပါပို့ဆောင်သူများအား ဝေငှပေးနိုင်ရန် ဆောင်ရွက်ခဲ့သည်။ ထို့နောက် နေ့လည် (၂းဝဝ) နာရီအချိန်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်) ရုံးချုပ်မှ ရေဝေးသုသာန်သို့ နိဗ္ဗာန်ယာဉ်ကြီး မောင်းနှင်ခဲ့တော့သည်။

ဈာပနပို့ဆောင်လာကြသော ကြက်ပျံမကျများပြားလှသည့် မိဘပြည်သူလူထုနှင့် မော်တော် ယာဉ်များပိတ်ဆို့နေသည့် လမ်းကြောင်းအတွင်းသို့ ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့ရာ ရေဝေးသုသာန် ခန်းမ (၁/က) အရောက်တွင် နိဗ္ဗာန်ယာဉ်ကြီးသည် စက်သေ၍ ထိုးရပ်သွားခဲ့ပြီး ဆက်လက်မောင်း နှင်၍ မရချေ။ စက်ပြင်များခေါ်ယူ၍ ပြင်ဆင်သော်လည်း မော်တော်ယာဉ်ကြီးမှာ မည်သို့မျှ ပြန်လည် စက်နှိုး၍ မရချေ။ ထိုအချိန်သည်ကား နေ့လည် (၃းဝဝ) နာရီအချိန်ဖြစ်နေပေပြီ။ ဘဘ၏ ရုပ်ခန္ဓာအား ဂူသွင်းမည့် အုပ်ဂူသို့ ပို့ဆောင်ရမည့်အချိန်မှာ ညနေ (၅းဝဝ) နာရီဖြစ်သည်။ ထို့ကြောင့် ချက်ချင်းပင် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ နိဗ္ဗာန်ယာဉ်တစီးအား ထပ်မံစေလွှတ်၍ ဘဘဦးဝင်းတင်၏ ရုပ် ခန္ဓာအား အချိန်မှီမော်တော်ယာဉ်၍ ဂူသွင်းမည့်နေရာသို့ ပို့ဆောင်ပေးခဲ့သည်။ ရေဝေးသုသာန်၌ ပူပြင်းလှသော ရာသီဥတုကြောင့် မူးမေ့သွားသော အမျိုးသမီးလူနာနှစ်ဦးအား အရေးပေါ်လူနာတင် ယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့မှ ဈာပနအခမ်းအနားသို့ တက်ရောက်ဂါရဝပြုကြသည့် ကျောင်းသား လူငယ်၊ ပြည်သူလူထု၊ နိုင်ငံရေးနှင့် လူမှုရေးအဖွဲ့များအား ဓါတ်ဆားဖျော်ရေများ ဖျော်၍ဝေငှပေးခဲ့ သည်။ ထို့အပြင် မြန်မာနိုင်ငံတွင်ပြုလုပ်သော သာရေး/နာရေး အခမ်းအနားများ၊ တွေ့ဆုံပွဲများ၊ လူထု အစည်းအဝေးပွဲများတွင် မြန်မာပြည်သူလူထု အများစု သတိမထားမိသော အကျင့်ပါနေသော စွန့်ပစ် အမှိုက်များကိုလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် မှဦးဆောင်၍ အမှိုက်များအား လိုက်လံကောက် သိမ်းပေးခြင်းတို့လည်း ပြုလုပ်ခဲ့သည်။ ထိုမျှစည်ကားလှသော တစ် ကြိမ်တစ်ခါမှ မတွေ့မကြုံဖူးသော၊ နိုင်ငံ့အကျိုးသယ်ပိုးသော၊ နိုင်ငံအပေါ်သစ္စာရှိရှိ ပြည်သူအကျိုးလို လားသော၊ အမှန်တရားဘက်က ရပ်တည်သော၊ အကြောက်တရားမရှိသော သံမဏိစိတ်ဓါတ်လူသား ဟံသာဝတီ ဘဘ ဦးဝင်းတင်၏ နောက်ဆုံးဈာပန အခမ်းအနားကြီးတွင် နိုင်ငံတော်တာဝန်ရှိသူများ၊ လူကြီးများအား လုံးဝ(လုံးဝ) မတွေ့ရှိရခြင်းမှာ အင်မတန်မှ ထူးခြားနေလေသည်။ ထိုလူကြီးများ အမှန် တရားအား မချစ်မြတ်နိုး၍လား..?၊ အမှန်တရားချစ်မြတ်နိုးသူ၏ မျက်နှာအားမကြည့်ဝံ့၊ မမြင်ဝံ့၊ ရင် မဆိုင်ဝံ့၍လေလား..? တော့မသိပေ။ မော်တော်ယာဉ်တန်းများ၊ လူစုလူဝေးများအား စနစ်တကျ လိုက် ပါပို့ဆောင်နိုင်ကြရန် နှိုးဆော်ခြင်းအား ပြည်သူလူထုနှင့် ကျောင်းသားလူငယ်၊ နိုင်ငံရေးအဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်းတို့မှ မိမိတို့၏ ကိုယ်ပိုင် အသိစိတ်ဓါတ်တို့ဖြင့် ဦးဆောင်ပြုလုပ်သော အောင်မြင် စွာပြီးဆုံးခဲ့သော ဈာပနပွဲကြီးဖြစ်သည်။ ထိုဈာပနပွဲကြီးအပြီးတွင် ကျွန်တော် အတွေးတစ်ခုရလိုက် သည်။

သံမဏိစိတ်ဓါတ်သူသားကြီး ဟံသာဝတီ ဘဘဦးဝင်းတင် တစ်ယောက် ကျွန်တော်တို့ ပြည်သူ လူထု၊ ကျောင်းသားလူငယ်၊ နိုင်ငံရေးအဖွဲ့အစည်းများအား စိတ်မချ၍များ ကျွန်တော်တို့၏ နိဗ္ဗာန် ယာဉ်ကြီး ရေဝေးသုသာန်မှ ဂူသွင်းရာနေရာသို့ မောင်းနှင်၍ မရခြင်းများလား၍ပင်ဖြစ်သည်။ ကျွန် တော်သည် ဘဘ ဦးဝင်တင် အား တိုင်တည်ကတိပေးလိုက်မိသည်။ “ဘဘ၏ ခိုင်မာပြတ်သားသော စိတ်ဓါတ်၊ တည်ကြည် သန့်ရှင်းသော ရဲသွေး၊ အမှန်တရားအား အကြောက်တရားမရှိ ရင်ဆိုင်နိုင်သော စိတ်ဓါတ်၊ အများအကျိုးအတွက် စည်းလုံးညီညွတ်စွာ ဦးဆောင်နိုင်သော ခွန်အားတို့သည် ကျွန်တော် တို့နှင့်အတူ ကျောင်းသားလူငယ်၊ ပြည်သူလူထုတို့၏ အသွေးထဲအသားထဲစီးဝင် ရှင်သန်နေသည်ကို ဘဘ၏ ဈာပန အခမ်းအနား၍ သက်သေပြုသွားနိုင်သည်ဟုပင် ဖြစ်တော့သည်။

ရေဝေးသုဿန်သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ ဤမျှလောက်စည်ကားမှုကိုကား မမြင်မတွေ့မိ ချေ။ ထို့ကြောင့် ရေဝေးသုဿန်သမိုင်းအား ရိုက်ချိုးခဲ့သော ပြည်သူများ၏ ကြေကွဲစွာဖြင့် သူရဲကောင်း ၊ ပြည်သူများ၏ စံပြအာဇာနည်ကြီး၏ ပြည်သူ့ဈာပနပွဲဟူ၍ ဂုဏ်ပြုဦးညွှတ်လိုက်ရပါတော့သည်။
ကျော်သူ


 ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာတွေ များအနစ်နာခံခဲ့ သလဲ ဆိုတဲ့ သူတွေ ဒီဟောပြောချက်လေးကို ကျေးဇူးပြုပြီး အစဆုံး အချိန်ပေးပြီး နားထောင်ကြည့်ပါ ..
Credit to Min Min.


ဒေါ်စုဟာတိုင်းပြည်အတွက်ဘာတွေအနစ်နာခံခဲ့သလဲလို့ပြောနေကြသူတွေ ဆရာညီမင်းညိုပြောတာလေး ပြန်ပြောရဦးမယ် အမေဒေါ်ခင်ကြည်နေမကောင်းဖြစ်လို့ပြန်လာတဲ့အချိန်မှာ တိုင်းပြည်မှာ အရေးအခင်းတွေဖြစ် လူထုအုံးကြွမှု့တွေဖြစ်နေတဲ့အချိန် ဖခင်သွေးပီပီ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးပီပီ သူ့မှာတာဝန်ရှိတယ်လို့ခံယူပြီး နှစ်(၂၀)ကျော် တာဝန်သိသိ သစ္စာရှိရှိနဲ့ ကြိုပမ်းခဲ့တာတွေကို မီးမောင်းထိုမပြတော့ဘဲနဲ့ ဒေါ်စုသမ္မတဖြစ်ရင် တိုင်းပြည်ဟာ ဗုဒ္ဓဘာကွယ်ပျောက်တော့မလိုလို အေး ဘုန်းကြီးတွေကိုသတ်တာ ဒေါ်စုမဟုတ်ဘူး စကားတွေအများကြီးပြောရင်ရှည်လို့ ဘုန်းကြီးကိုသေနတ်နဲ့ပစ်သတ်ခဲ့တာဒေါ်စုမဟုတ်ဘူး အဲီ့လူတွေကပဲ ဗုဒ္ဓဘာသာကွယ်ပျောက်တော့မယ်တဲ့ ဒါကိုလဲနောက်ကနေရောတောရောင်တောင်လိုက်အော်နေတဲ့သူတွေ အဲ့လောက်တောင် ဦးနောက်နည်းရသလားသတိပြုဖို့လိုပါတယ် လွှတ်တော်ထဲမှာဒေါ်စုကိုလူတစ်ယောက်ကမေးတယ် ဘာဖြစ်လို့တိုင်းတပါးသားကိုလက်ထပ်တာလဲ ဒေါ်စုကပြုံးပြုံးလေးပြန်ဖြေလိုက်တယ်ကျွန်မသာမြန်မာပြည်မှာနေခွင့်ရရင်ရှင်နဲ့လဲညားနိုင်ပါတယ်လို့ ။ မိခင်ကြီးနေမကောင်းဖြစ်လို့ပြန်လာရင်းရည်ရွယ်ချက်မရှိပေးမယ့်တိုင်းပြည်ကလိုအပ်လာတော့ ရှေ့ကခေါင်းဆောင်အတူလက်တွဲးလာခဲ့တယ်။ သားနှစ်ယောက်နဲ့ သူ့ရဲ့ခင်ပွန်းမိုက်ကယ်အဲးရစ် နဲ့ဝေးကွာပြီနေရတယ် နေအိမ်အကျယ်ချုပ်နဲ့ ၁၆ နှစ်လောက်နေရတဲ့အချိန် ခင်းပွန်းမိုက်ကယ်အဲးရစ် နေမကောင်းတဲ့အချိန်မှာ အတားအစီးအနှောက်အရှက်တွေကြောင့် ဖုန်းလေးတောင်ပြောခွင့်မရဘူး သေခါနီး ၂ ရက်အလိုလောက်မှ နိုင်ငံခြားက ဖုန်းကော်းတစ်ခုဝင်လာပြီးဖုန်ပြောဖြစ်တယ် စုရေ ကိုယ့်ရဲ့အခြေအနေကို ကိုယ်သိပါတယ်ကွာ ဝိပသနာတရားနဲ့ ကျင့်ကျန်အားတင်းနေပါတယ် မိုက်ကယ်အဲးရစ်ဟာ ဗုဒ္ဓသာကိုယုံကြည်အားထားသူတစ်ယောက်ဆိုတာအားလုံးသိထားဖို့လိုပါတယ် စုရေ ကိုယ့်အတွက်စိတ်မပူပါနဲ့ကွာ စုရဲ့နိုင်ငံဟာ ကိုယ့်ထက်ပိုအရေးကြီးပါတယ် ဒေါ်စုကိုပြန်မလားမေးတယ် ပြန်သွားရင်ပြန်လာလို့မရဘူးဆိုတာသိတော့ မပြန်တော့ဘူး သားငယ်ကတော့တစ်ခါတစ်လေ လာတက်ပေးမဲ့ သားကြီးကတော့ မိခင်အပေါ်တစ်မျိုးတစ်မည် ထင်သွားတယ်ဟုကြားရပါတယ် ခင်းပွန်းရဲ့ဈာပနာပွဲကိုလဲမသွားခဲ့ရဘူး ဒါကိုတောင်ဒေါ်စုတိုင်းပြည်အပေါ်ဘာတွေအနစ်နာခံခဲ့သလဲပြောတဲ့သူတွေ (အုန်းမြင့်စကားခဏငှားပြီပြောလိုက်မယ်)ပါးဖျတ်ရိုတ်ချင်းတယ် မိန်မကပြောရင် နင့်လင်နဲ့ နှစ်၂၀ခွဲးကြည့် ယောင်္ကျာကပြောရင် မိန်မနဲ့နှစ်၂၀ ခွဲးကြည့် မိဘကပြောရင် သားသမီးနဲ့နှစ်၂၀ခွဲးကြည့် ကိုယ်ချင်းစာပြီပြောပါ။ အခုလိုတိုင်းပြည်အပေါ်နှစ်ပေါင်းများစွာ သစ္စာရှိရှိ ဇွဲရှိရှိနဲ့ ပေးဆပ်အနစ်နာခံခဲ့တဲ့ ခေါင်းဆောင်မျိုးကိုမှ မရွေးချယ်ဘူးဆိုရင် ဘယ်သူ့ကိုရွေးချယ်မလဲ ကျွန်မသမ္မတဖြစ်ချင်တယ် ကျွန်မအာဏာရမှ တိုင်းပြည်ကိုအကျိုးပြုနိုင်မယ်စဉ်စားကြည့် ဒေါ်စုဟာ ကမ္ဘာသိခေါင်းဆောင်တစ်ယောက် သူသမ္မတဖြစ်ချင်တယ်ဆိုတာ သူအတွက်မဟုတ်ဘူးတိုင်းပြည်အတွက်သူ့ရဲ့ဘွဲ့သူရဲ့ပညာသူ့ရဲ့ကျော်ကြားမှု့အရဘယ်နိုင်ငံဘယ်အလုပ်မျိုးမဆိုကြိုက်တာဝင်လုပ်လို့ရတယ် တစ်ခြားလူကြီးမင်းတွေ ဘာကြောင့်သမ္မတဖြစ်ချင်လဲတော့ကျွန်တော်မသိဘူး တခြားနိုင်ငံမှာအရာမဝင်လို့လဲဖြစ်ချင်ဖြစ်မှာပေါ့် သှု့ရဲ့အသက်ရွယ်အရ သူ့ရဲ့ အသိညဏ်အရ သူ့ရဲ့ ပညာအရ သူ့စိတ်ထားအရ တိုင်းပြည်ကိုနစ်နာအောင်မလုတ်ဘူး အာဏာကိုအလွဲသုံးစားမလုတ်ဘူး အခုလို ခေါင်းဆောင်ကောင်းတစ်ယောက်ကို ပြတ်ပြတ်သားသားရွေးချယ်လို့ရနေတဲ့အချိန်မှာ မှုံရည်ဝေဝါးအောင် ရှင်းနေတာကိုရှုပ်အောင်လုတ်နေတယ်ဆိုတာ အားလုံးကိုသိစေချင်တယ် နာလည်းသဘောပေါက်စေချင်ပါတယ်။ ခင်မင်လေးစားလျှက်
<<<<မိုက်တီး>

အ မျိုး သား ဒီ မို က ရေ စီ အ ဖွဲ့ ချုပ်
အ မှတ် (၉၇/ခ) အ နောက် ရွှေ ဂုံတိုင် လမ်း
ဗ ဟန်း မြို့ နယ် ၊ ရန် ကုန် မြို့
ရက်စွဲ - ၂၀၁၄ခုနှစ်၊ ဧပြီလ(၂၄)ရက်

ကျေးဇူးတင်လွှာ
(၂၁.၄.၂၀၁၄)နေ့တွင် ကွယ်လွန်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်၏ ဈာပနတွင် အဘက်ဘက်မှ အဆင်ပြေချောမွေ့အောင် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ကျောင်းသားသမဂ္ဂများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ နာရေးကူညီမှု အသင်း(ရန်ကုန်)နှင့် သုခရိပ်မြုံ အဖွဲ့သားများ၊ ၀မ်းနည်းကြောင်းသ၀ဏ်လွှာများ၊ ကဗျာများ၊ ပန်းချီကားများ ၊ ပန်းခြင်း ၊ ပန်းခွေများ ပေးပို့၍ ဂါရ၀ပြု လိုက်ပါပို့ဆောင်ခဲ့ကြသော လူပုဂ္ဂိုလ်များ။ နိုင်ငံခြားသံရုံးအသီးသီးမှ သံအမတ်ကြီးများ၊ သံမှူးကြီးများ၊ အစိုးရဌာနများ၊ နိုင်ငံရေးပါတီများ၊ အနုပညာရှင် အတတ်ပညာရှင်များ၊ စာနယ်ဇင်းနှင့် စာပေနယ်ပယ်အသီးသီးမှ လုပ်ဖော်ကိုင်ဖက်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ(NGOs) ၊ အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ(INGOs) နှင့် လူမှုအဖွဲ့အစည်း(CSOs) အသီးသီးမှပုဂ္ဂိုလ်များ၊ အနယ်နယ်အရပ်ရပ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ တိုင်းရင်းသားပြည်သူများ အားလုံးနှင့် အခြားပံ့ပိုးကူညီသူများအားလုံးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်၏ ဈာပနကျင်းပရေးကော်မတီမှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် အပ်ပါသည်။


သဘာပတိအဖွဲ့ဝင်ဦးဝင်းတင်၏ဈာပနကျင်းပရေးကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟန်းမြို့နယ်၊ ရန်ကုန်
Nld Central

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.