04/27/14

ယနေ့နံနက် ၁၀း၀၀ နာရီတွင် ကျောက်ကုန်းတွင်ပြုလုပ်သော ဘဘဦးဝင်းတင်ရက်လည်ဆွမ်းကျွေးသို့ ဒေါ်အောင်ဆန်းစုကြည်သွားရောက်ခဲ့ပါတယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ဦးဝင်းတင်အသက်ရှင်စဉ်ကနေထိုင်ခဲ့တဲ့ရန်ကင်း ကျောက်ကုန်း ခြံနံပါတ(်၁၀) မိသားစုဝင်များနှင့်တွေ့ဆုံစကားပြောနေစဉ်။
Photo Myo Khine


NLD ရွှေဂုံတိုင်ရုံးချုပ် ရှေ့ ဦးဝင်းတင် ရက်လည်ဆွမ်းကျွေးအလှူ မြင်ကွင်း၊ ဓာတ်ပုံ- ဧရာဝတီ
ကွယ်လွန်သူ NLD နာယက ဆရာဦးဝင်းတင်ကို ရည်စူးပြီး ရက်လည် ဆွမ်းသွပ်အမျှဝေပွဲတွေကို ဒီကနေ့ ရန်ကုန်မြို့က နေရာ ၃ ခုမှာပြု လုပ်နေကြသလို အမေရိကန်ပြည်ထောင်စုမှာလည်း နေရာ ၂ ခုမှာ မနေ့က ကျင်းပခဲ့ကြပါတယ်။

ရန်ကုန်မြို့ရွှေဂုံတိုင်လမ်း NLD ဌာနချုပ်မှာကျင်းပတဲ့ ဆွမ်းကျွေးပွဲကို နာယက ဦးတင်ဦး ဦးဆောင် ကျင်းပ နေတဲ့အကြောင်း ကိုရာဇာက RFA ကိုပြော ပါတယ်။

"အခုကျနော်တို့ ရုံးချုပ်မှလည်း ဆွမ်းကျွေး အခမ်းအနား လုပ်နေတာ နောက် ပြီးတော့ ဗဟန်းစိန်ချယ်လမ်း အိမ်အမှတ် (၃ဝ) မှာလည်း အဘရဲ့ဦလေး ဦးမျိုးကျော်ပေါ့နော် သူ့အိမ်မှာလည်းလုပ်တယ် နောက် အဘနောက်ဆုံးနေခဲ့ တဲ့ တပင်ရွှေထီးလမ်း ခြံအမှတ် (၁ဝ)က ကျောက်ကုန်းကအိမ်မှာလည်း ဆွမ်းကျွေး တပြိုင်နက်တည်း လုပ်နေတယ် ရုးံချုပ်မှာတော့(၇)နာရီ က (၁၁)နာရီအထိ အခမ်းအနားသဘောမျိုးလုပ်မယ် ၊ရုံးချုပ်မှာတော့ အခမ်း အနားဆိုတဲ့အခါကျတော့ စကားပြောကြဦးမယ်ပေါ့၊အဘရဲ့ အမှတ်တရ ကိစ္စလေးတွေရှိမယ် "

အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ ဇေတဝန် ဘုန်းကြီးကျောင်းမှာကျင်းပတဲ့ ဆရာ ဦးဝင်းတင်အတွက် ဆွမ်းကျွေးပွဲကို NLD နဲ့ ABSDF အဖွဲ့ဝင်ဟောင်းတွေ၊ တိုင်းရင်းသားတွေအပါ အဝင် မြန်မာနိုင်ငံသား ၆ဝ ခန့်လာရောက်ခဲ့ကြတယ်လို့ ဦးဆောင်ကျင်းပသူတဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်း သူဟောင်း ဒေါ်ခင်စန်းနွယ်က ပြောပါတယ်။

"ဘဘဦးဝင်းတင်ကိုချစ်ကြတဲ့ နိုင်ငံရေးတော်လှန်ရေးသမားတွေ လာကြပါ တယ်၊ ကျမတို့အားလုံး တစ်အိမ် တစ်ယောက်တစ်ခွက်ပေါ့နော် အားလုံးစု ပြီးတော့ပေါ့နော် စုပေါင်းပြီးတော့ပေါ့နော် ဘုန်းကြီးတွေ (၇)ပါးကို ဆွမ်းကပ် ပါတယ်၊ကျမတို့ အမှတ်တရအောက်မေ့ဖွယ် အခမ်းအနားလေး တစ်ခုကို လည်းလုပ်လိုက်ပါတယ် ၊ကိုရဲရင့်ကျော်၊ကိုသိန်းအောင်ကျော်ပေါ့နော် သူက ဘဘဦးဝင်းတင်နဲ့အတူ အင်းစိန်ထောင်မှာတိုက်ပိတ်တဲ့ အချိန်မှာပေါ့နော် အင်မတန်ဆိုးတဲ့ ၁၉၉ဝ၊၁၉၉၁ ကာလတွေမှာ တိုက်ပိတ်ခံရပြီးတော့ အဲ့ဒီအခန်းကျဉ်လေးထဲမှာ ကျားရဲကဗျာကို စပ်ခဲ့ရတဲ့အကြောင်းလေးတွေကို သူကနေရှင်းပြတဲ့အခါ ကျမတို့မှာမျက်ရည်တောင်လည်ရပါတယ် ၊ပြီးတဲ့အခါ ဘဘဦးဝင်းတင်ရဲ့ ကိုယ်ရေးအတ္ထုပတ္တိကို ဖတ်ပါတယ်၊ပြီးတဲ့အခါမှာ NLDLA အတွင်းရေးမှူးဟောင်း လုပ်ခဲ့တဲ့ ဦးတင့်ဆွေကနေ ပြီးတော့ နိုင်ငံရေး လှုပ်ခြားမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘဘ ဦးဝင်းတင် ပါနေရာပေး ပြီးတော့ အင်မတန် လေးစားတယ် ဆိုတာ သူကပြောပြသွားတယ်"

နယူးယောက်ပြည်နယ် အယ်လ် ဘန်နီမြို့ ဓမ္မအောင်မြေဘုန်းကြီးကျောင်း မှာ ပြုလုပ်တဲ့ဆွမ်းကျွေးပွဲနဲ့ ပတ်သက်လို့ လဲ ABSDF ရဲဘော်ဟောင်း ကိုဂျာကြီးက အခုလိုပြောပါတယ်။

"ဘဘကြီးဦးဝင်းတင် ဆုံးသွားတဲ့အပေါ်မှာ ကျနော်တို့ ABSDF ရဲဘော်ဟောင်းတွေရယ် ၊နိုင်ငံရေးအကျဉ်း သားဟောင်းတွေရယ် ၊လူ့ဘောင်းသစ်ပါတီက ရဲဘော်ဟောင်းတွေရယ် အကုန်လုံးစုပြီးတော့ ဘုန်းကြီးကျောင်းနှစ်ကျောင်းမှာ ဘဘကြီးဦးဝင်းတင်အတွက် ကို ကောင်းမှု ကုသိုလ်ပြုလုပ်ပါတယ် အခမ်းအနားမှာဘဘကြီးဦးဝင်းတင်ကို ဂုဏ်ပြုသော အားဖြင့် လေးစားသောအားဖြင့် ကျနော်တို့ တစ်မိနစ် ငြိမ်သက်ပြီးတော့ ဦးညွတ် ဂုဏ်ပြုကြတယ်ပေါ့ နောက်ဆုံးကျနော်တို့ ဓမ္မအောင်မြေ ဆရာတော်ဘုရားက ဘဘဦးဝင်းတင်ဖောင်ဒေးရှင်းက ချမှတ်ထားတဲ့ အလှူငွေတွေကိစ္စနဲ့ ပတ်သက်ပြီးတော့ ကောက်ခံပါတယ် အဲ့မှာရောက် လာကြတဲ့ တက်နိုင်သလောက် ကျနော်တို့ ရဲဘော်တွေကနေပြီး ဘဘဦးဝင်းတင်ဖောင်ဒေးရှင်း အတွက်ကို အလှူငွေတွေ ထည့်ကြပါတယ်"

အလားတူ ဒီနေ့ညနေမှာ အမေရိကန်ပြည်ထောင် စုမေရီလန်းပြည်နယ် မှာနေထိုင်တဲ့ မြန်မာတွေကလဲ ဆရာ ဦးဝင်းတင်အတွက် ဆွမ်းကပ်ကြ မှာဖြစ်သလို ၊ အခြား နိုင်ငံတချို့မှာလဲ ဆွမ်းကျွေးပွဲပြုလုပ်ကြမယ် လို့သိ ရပါတယ်။

RFA
“ချင်းတွင်းမြစ်ထဲသို့ လွမ်းသူပန်းများ မျှော၍ ဘဘဦးဝင်းတင် အတွက် ဆုတောင်း”
( ၂၇ - ၄ - ၂၀၁၄ ) တနင်္ဂနွေနေ့ မော်လိုက်မြို့။
photo.. Artist Mawlaik,Ohnmar saw,Sunny
တောင်ကြီးမြို့၊
ဘဘဦးဝင်းတင်အားရည်စူး၍ဆွမ်းကပ်လှူပြီးနောက်ဂုဏ်ပြုအလေးပြုကြစဉ်။
ဘဘကောင်းမွန်သောဘုံသို့ရောက်ရှိနိုင်ပါစေ။

သတင်းစာဆရာတစ်ဦး၏ရဲဝံ့ပြောင်မြောက်သော သမိုင်းမှတ်တမ်း

 
မြန်မာသံတော်ဆင့်နှင့် အာဏာရကြံ့ခိုင်ရေးပါတီအတွင်း ဗဟိုအလုပ်အမှုဆောင်များက ဆရာကြီးဟု ခေါ်ဆိုခြင်း ခံရသူ ပါတီဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း တွေ့ဆုံခဲ့စဉ်က ပြောကြားခဲ့သည်များကို မြန်မာ သံတော်ဆင့်အပတ်စဉ် သတင်း၌ ထည့်သွင်းဖော်ပြခဲ့သည်။ ဦးအောင်သောင်း ၏ ပြောကြား ချက်များ၌ NLD ပါတီအပေါ် အာဏာရကြံ့ခိုင်ရေး ပါတီ၏ သဘောထားများ ထင်ဟပ်နေရာ NLD သဘာပတိ သတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင် အား မြန်မာသံတော်ဆင့်မှ သွားရောက်တွေ့ဆုံ၍ သဘောထား မှတ်ချက် တောင်း ခံခဲ့ပြီး မြန်မာသံတော်ဆင့်၌ပင် ပြန်လည်ထည့်သွင်း ဖော်ပြခဲ့ပါသည်။

မြန်မာ့နိုင်ငံရေး နယ်ပယ်၌ နေတစ်ဆူ၊ လတစ်ဆူကဲ့သို့ ထင်ရှားကျော်ကြားလှသည့် ကမ္ဘာကျော် မြန်မာ သတင်းစာ ဆရာကြီးဟံသာဝတီဦးဝင်းတင်နှင့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ နောက်ကွယ်မှ ကြိုးကိုင် နေသည် ဟု နာမည်ကြီးနေသော ဆရာကြီး ဦးအောင်သောင်းတို့ မူဝါဒပိုင်းဆိုင်ရာ နိုင်ငံရေး စကားစစ်ထိုးပွဲ တစ်ရပ် အသွင်ဖြင့် ထိုစဉ်အခါက သတင်းမီဒီယာ များ၌ ပွက်လောရိုက်ခဲ့သည်။ မြန်မာစာနယ်ဇင်းလောကတွင် သံတော်ဆင့် သတင်းစာ ထင်ရှားစဉ်က အယ်ဒီတာတစ်ဦးဖြစ်ခဲ့သည့် ဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ရဲရဲတောက် တုံ့ပြန်ဝေဖန်မှု များအလယ် ပြန်လည်ဖြေရှင်းရသည့် အာဏာရကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း အနေဖြင့် တစ်ချိန်တစ်ခါက အစိုးရအဖွဲ့နှင့် မြန်မာ့နိုင်ငံရေးလောက အတွင်း သြဇာအာဏာ ကြီးမားခဲ့သော အခြေအနေကို ပြည်သူ့ဘက်တော်သား ရဲရဲတောက် သတင်းစာဆရာတစ်ဦးကြောင့် ယခုအခါ ပြန်မရနိုင်တော့သည့် နိုင်ငံရေး သံဝေဂ ယူဖွယ်ရာဖြစ်ခဲ့ရသော သတင်းမှတ်တမ်းအနေဖြင့် ဧပြီ ၂၁ ရက်တွင် ကွယ်လွန် အနိစ္စရောက်သွားသော ဆရာကြီးဟံသာဝတီဦးဝင်းတင်ကို ဂုဏ်ပြု၍ ပြန်လည်ဖော်ပြလိုက်ပါသည်။…

ခင်ဗျားတို့ကော ဘယ်လိုလုပ်ခဲ့လဲ။ တိုင်းပြည်ကပိုက်ဆံတွေကို ကိုယ်ကျိုးအတွက် ခိုးဖို့ဝှက်ဖို့လုပ်၊ သိုလှောင် ထားပြီး ချမ်းသာနေတာမဟုတ်လား။ ခင်ဗျားတို့ပိုင်ဆိုင်မှုတွေ ထုတ်ပြနိုင်သလား။ အဲသလိုယှဉ်ပြီးမေးရင် သူတို့ဘယ်လိုဖြေမလဲ . . .
ဟံသာဝတီဦးဝင်းတင်
ပြောကြားချက်များ -
မူအကြောင်း၊ လူအကြောင်း

ဦးအောင်သောင်းပြောတာဟာ ပါတီတစ်ခုနဲ့ ပါတီတစ်ခု မူဝါဒတွေအရ ပုတ်ခတ်တယ်၊ ဆန့်ကျင်ပြောတယ်။ အတင်းချ ပြောတယ်ဆိုတာမျိုးဆိုရင်တော့ ဒါကပြော လို့ရတယ်။ မူဝါဒတွေမတူဘူးလေ။ သူ့ ပါတီက လုပ်တဲ့ဟာကတော့ ကောင်းကျိုး မပေးဘူး။ တို့ပါတီက လုပ်တာမှကောင်း တယ်ဆိုတာမျိုးလေ။ ဒီလို လူပုဂိ္ဂုလ်တွေ တိုက်တဲ့ဟာကတော့ နိုင်ငံရေးအရဆိုရင် တော့ မကောင်းဘူးဗျ။
ကျွန်တော်လည်း ကြံ့ဖွံ့ကို ဆန့်ကျင်တာတွေရှိတယ်။ ပေါ်လစီအရ ဆန့်ကျင်တဲ့ အရာတွေ ကျွန်တော် ပြောတယ်။ ဘယ်သူက ဘယ်လိုဆိုတဲ့ဟာတွေတော့ ကျွန်တော် လည်း ဘယ်တုန်းကမှ မပြောခဲ့ဘူး။

အခု သူပြောတာဟာ NLD ထဲက လူတွေအကုန်လုံးဟာ နိုင်ငံရေးကို ကြုံ ရာကျပန်း ၀င်လုပ်တဲ့လူတွေ၊ နိုင်ငံရေးကို အာဃာတနဲ့ လုပ်တဲ့လူတွေ၊ နိုင်ငံရေးလုပ်စားတဲ့ လူတွေဆိုတဲ့ သဘောမျိုးနဲ့ပြောတယ်။
ပါတီတစ်ခုနဲ့ တစ်ခုဒီိလိုသာပြောတမ်းဆိုရင် သူတို့တွေကိုရော ဘယ်လိုပြောရ မလဲ။ ပြန်ပြောစရာတွေ အများကြီးရှိတာ ပေါ့ဗျာ။
အခုသူပြောတဲ့ ဒေါ်အောင် ဆန်းစု ကြည်ပဲရှိတယ်။ ကျန်တဲ့လူတစ်ယောက်မှ အသုံးမကျဘူး။ မကောင်းတဲ့ လူတွေလည်း ဖြစ်တယ်။ အာဃာတတွေ ရှိတဲ့ လူတွေလည်းဖြစ်တယ် ဆိုတာမျိုးပြောတာကတော့ တော်တော် ကို မကောင်းတဲ့ကိစ္စပေါ့။
နိုင်ငံရေးသမား တစ်ယောက်နိုင်ငံရေး ကိုလုပ်တဲ့နေရာမှာ ဘယ်လိုအချိန်မှာ ဒီလူဟာ နိုင်ငံရေးသမား ဖြစ်တယ်လို့ ဘယ်လိုသတ်မှတ်တာလဲ။
ကျွန်တော့်ပါတီထဲမှာလည်း ပြောတယ်။ မီဒီယာပေါ်မှာလည်းကျွန်တော်ပြောတယ်။ အသံလွှင့်တဲ့နေရာမှာလည်း ပြောတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်ဆို နိုင်ငံရေး သမားဖြစ်တယ်လို့ မယူဆဘူး။

ကျွန်တော်က နိုင်ငံရေးမိသားစု ထဲက မွေးတာ။ မိသားစုထဲမှာ နိုင်ငံရေး ခေါင်းဆောင်တွေအများကြီးရှိတယ်။ နိုင်ငံ့ ဂုဏ်ရည်ရတဲ့လူတွေ အများကြီးရှိ တယ်။ နိုင်ငံရေးသမားကြီးတွေရှိတယ်။ ဆွေမျိုးထဲ မှာလည်း ရဲဘော် သုံးကျိပ်ရဲ့ ဆွေမျိုးသား ချင်းတွေရှိတယ်။ ဒါပေမဲ့ ကျွန်တော်နိုင်ငံ ရေးမလုပ်ချင်ဘူး။ ကျွန်တော် စာပဲရေးချင် တယ်။ သတင်းစာဆရာ လုပ်ချင်တယ်။

လောဘဇောတိုက်နိုင်ငံရေး
ဒီတော့ ဘယ်လိုလူမျိုးကို နိုင်ငံရေး သမားခေါ်တာလဲ။
ဦးအောင်သောင်းဆိုရင်ပဲ အရင်တုန်း က သူဘာလုပ်လဲ။ ကျောင်းဆရာလုပ် တယ်။ နောက်စစ်တပ်ထဲဝင်တယ်။ အာ ဏာသိမ်းတယ်။ ဒါကို အမျိုးသားနိုင်ငံရေး လို့ခေါ်သလား။ သူ့ကိုယ်သူ အမျိုးသား နိုင်ငံရေးလုပ်တယ်၊ နိုင်ငံရေးသမားလို့ ပြောလို့ရလား။ နိုင်ငံရေးသမားဆိုလည်း သူတို့ဟာကိုယ် ကျိုးရှာဖို့ အတွက် လောဘ ဇောတိုက်ပြီးတော့ နိုင်ငံရေးလုပ်ကြတာ ဆိုရင် ဘယ်လိုဖြေမလဲ။

ကျွန်တော့်ကိုယ်ပဲ ကျွန်တော်ပြော မယ်။ ကျွန်တော့်မိတ်ဆွေဦးမြတ်ဆွေတောင် ဆောင်းပါးရေးဖူးတာရှိတယ်။ ဦးမြတ်ဆွေ ရေးတဲ့အထဲမှာ ဦးဝင်းတင်ဖောင်ဒေးရှင်း ဆိုပြီးလုပ်နေတာ အခုမှလုပ်တာ မဟုတ် ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က တည်းကလုပ်လာတာလို့။ ဘာလို့လဲဆို ကျွန်တော့်ဆီမှာရှိတဲ့ ပိုက်ဆံတစ်ဝက် လောက်က အမြဲတမ်း သူများကိုပေးတယ်။ အသက် ၂၀ကျော်တည်းက အယ်ဒီတာ လုပ်တယ်။ နိုင်ငံခြား သတင်း ဌာနမှာ လုပ်တယ်။ လခကောင်းကောင်းနဲ့ နေရာ ကောင်းကောင်းတွေမှာလုပ်ခဲ့တာ။ သတင်းစာ သမားတွေ လစာနည်းကြတယ်ဆိုတာ မှန်ပေမယ့် အဲဒီထဲကမှ လစာကောင်း ကောင်းရတဲ့ နေရာတွေမှာပဲ ကျွန်တော် လုပ်ခဲ့တာ။

အဲဒီအချိန်တုန်းက ရတဲ့ပိုက်ဆံလေး တွေစုပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေး အပြီးမှာ အဖမ်းခံရ တဲ့နိုင်ငံရေး အကျဉ်း သားတွေ အပါအ၀င် ၁၉၅၈/၅၉ လောက် တည်းက အဖမ်းခံရတဲ့ လူတွေရှိတယ်။ ဒါတွေအတွက် ကျွန်တော် ပိုက်ဆံပေးနေတာပဲ။
ကျွန်တော် သတင်းစာဆရာလုပ်တဲ့ အချိန်မှာလည်း ဒီလိုပဲလုပ်တယ်။ နိုင်ငံရေးလုပ်တဲ့ အခါမှာလည်း ဒီအတိုင်း ပဲ။ ထောင်ကျစဉ်တုန်းကလည်း ဒီအတိုင်းပဲ။ ကျွန်တော့်ဆီ ထောင်ဝင်စာလာတဲ့အခါမှာ ငါးပိကြော် ပါတယ်။ ငါးခြောက်ကျော်ပါတယ်။ ငှက်ပျောသီးပါတယ်။ အကုန်လုံး သူများကို ပေးလိုက်တာ။ တစ်ရက်တည်းပဲ အကုန်လုံး ပေးလိုက်တယ်။ ကျွန်တော် နေ့စာ၊ ညစာချန်ပြီးတော့ စားခဲ့တာမဟုတ်ဘူး။
ဒီတော့ ခင်ဗျားတို့ကော ဘယ်လိုလုပ်ခဲ့လဲ။ တိုင်းပြည်က ပိုက်ဆံတွေကို ကိုယ် ကျိုးအတွက် ခိုးဖို့ဝှက်ဖို့လုပ်၊သို လှောင် ထားပြီး ချမ်းသာနေတာမဟုတ်လား။ ခင်ဗျားတို့ ပိုင်ဆိုင်မှု တွေထုတ်ပြနိုင် သလား။ အဲသလိုယှဉ်ပြီး မေးရင် သူတို့ ဘယ်လိုဖြေမလဲ။ ကျွန်တော်တော့ ချက်ချင်းဖြေနိုင်တယ်။ ကျွန်တော်မှာ ပိုက်ဆံတစ်ပြားမှမရှိ ဘူး။ ကလေးမုန့်ဖိုးပေးဖို့တောင် မရှိဘူး။ သူများအိမ်မှာ နေနေတာ။ သူများကျွေးတဲ့ ထမင်းစားနေတာ။ သူများ ခေါ်တဲ့ကားနဲ့ လိုက်နေတာ။
ကျွန်တော် အကုန်လုံး လှူလိုက်ပြီ။ စာမူပိုင်ခွင့်၊ စာရေးခ၊ သူများလာပြီး ကန်တော့တာတွေ လှူလိုက်ပြီ။ ဘာမှမရှိဘူး။ အားလုံးအသိပဲ။

ဦးအောင်သောင်းဆိုတဲ့သူ ကျွန်တော့် ထက်အသက် ကြီးကောင်းကြီးလိမ့်မယ်။ ဒီတော့ခင်ဗျားလည်း သေခါနီးနေပြီ။ ကျွန် တော်လည်း သေခါနီးနေပြီ။ လိပ်ပြာသန့် အောင် ခင်ဗျားဘာတွေလုပ်နိုင်သလဲပြော။ ကျွန်တော့်မှာ လိပ်ပြာသန့်အောင် ပြောနိုင်တဲ့ဟာတွေ ရှိတယ်။ အဲဒီလိုတွေပြောမယ်။ အဲဒီလိုတွေ တိုင်းတာ ပြောကြမယ်ဆိုရင် ဘယ်ကောင်းမလဲ။ ဟုတ်လား။ကျွန်တော့် မူဝါဒကပုဂိ္ဂုလ်ရေးထိုးနှက်တာတွေ မလုပ် ချင်ဘူး။
ကျင့်ဝတ်၊ ယဉ်ကျေးမှု
ဦးအောင်သောင်း အခုပြောတာဟာ နိုင်ငံရေးကျင့်ဝတ် မရှိတဲ့၊ နိုင်ငံရေးယဉ်ကျေးမှု မရှိတဲ့သဘောဖြစ်နေတယ်။ ဒါလည်း ပြောဖို့မကောင်းဘူး။ ပြောလည်းမပြော ချင်ဘူး။
မူဝါဒါနဲ့ပတ်သက်ရင်တော့ တိုက်သင့် ရင်တိုက်ရမှာပဲ။ သတင်း စာတွေမှာလည်း ကျွန်တော်တိုက်တဲ့၊ ခိုက်တဲ့ ဟာတွေ ပြော နေ၊ရေးနေတာပဲ။ ဒါပေမဲ့ မူဝါဒနဲ့ပတ်သက် ပြီးလုပ်တာ။ ပုဂိ္ဂုလ်ရေးတိုက် ခိုက်တာတွေ မလုပ်ဘူး။

အာဏာသိမ်း၊ လူသတ်
ကျွန်တော်တို့တွေက နိုင်ငံရေးထဲကို အာဃာတနဲ့ဝင်လာတယ်လို့ ဆိုရင် သူတို့ ကော အာဃာတနဲ့ ရောက်လာ တယ်လို့ မပြောနိုင်ဘူးလား။ အာဏာ သိမ်းပြီး နိုင်ငံရေးထဲ ရောက်ရောက်လာတာ။ အာ ဏာသိမ်းပြီဆို ကတည်းက လူပစ်သတ်တာ တွေ လုပ်ခဲ့တာ။ ကျွန်တော်တို့တွေက သူပြောသလို အာဃာတနဲ့ လုပ်တယ် ဆိုရင် တောင် ပစ်သတ်ခဲ့တဲ့သူ တစ်ယောက်မှ မရှိဘူး။ ထောင်ထဲထည့်ခဲ့တဲ့သူ တစ် ယောက်မှ မရှိဘူး။
သူတို့ အာဏာသိမ်းအပြီး နိုင်ငံရေး ထဲဝင်လာတဲ့ စစ်ဗိုလ်တွေက ကျန်တဲ့လူ တွေကို သူခိုး၊ ဓားပြ၊ လူဆိုး၊ လူမိုက်၊ တည်ဆဲဥပဒေတွေကို ဖျက်ဆီးတဲ့လူတွေ ဆိုပြီး ပစ်သတ်တာ ဘယ်လောက်များ လဲ။

ပိုင်ဆိုင်မှုတွေကြေညာမလား
နောက်ပြောရရင် ကျွန်တော်တို့မှာ ခိုးခဲ့၊ ၀ှက်ခဲ့တဲ့ ငွေတွေရှိရင်ပြောပါ။ ခင်ဗျားတို့လည်း ခိုးခဲ့တဲ့၊ ၀ှက်ခဲ့တဲ့ ငွေတွေ ကိုဝန်ခံမလား။ ဘယ်လောက် ချမ်းသာ တယ်၊ ဘာပစ်္စည်းတွေ ရှိတယ်ဆိုတာ အကုန်လုံး ထုတ်ပြီး တော့ ပြောနိုင်တာရှိ လား။ လွှတ်တော်ထဲမှာ သူတို့ဝန်ကြီးတွေ ကို ပိုင်ဆိုင်မှု ကြေညာခိုင်းတုန်းကတော့ မကြေညာဝံ့တဲ့ လူတွေလေ။
ဒါကို ကျွန်တော်တို့ကို အာဃာတနဲ့ နိုင်ငံရေးလုပ်တယ်ဆိုရင် သူတို့လည်း လုပ်ကြတာပဲ။ လောဘဇော တိုက်နေတဲ့ အာဏာတနဲ့ လုပ်ကြတာပဲ။ ကျွန်တော်က အဲဒီလိုပဲပြောချင်ပါတယ်။

တစ်ဦးတည်းသောခေါင်းဆောင်
NLD မှာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ပဲ ခေါင်းဆောင်ရှိတယ်။ ကျန်တဲ့လူတွေ အသုံးမကျဘူး။ ဒါဟာ ပြောနေစရာတောင် မလိုပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က ထူးချွန်တဲ့ ခေါင်းဆောင်တစ်ယောက်ပဲ။ နိုင်ငံရေး ရည်မှန်းချက် ကြည့်မလား။ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်တာ ကြည့်မလား။ နောက်ဆုံး စစ်တပ် အပေါ်မှာထားတဲ့ သဘောထားတွေ ကြည့်မလား။
ကျွန်တော်တို့ဆိုရင် ကြံ့ဖွံ့ကို မကြိုက်တဲ့လူတွေ။ ပေါ်လစီအရ ဆန့်ကျင် နေတဲ့လူတွေ။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဦးအောင်သောင်းနဲ့လည်း ပေါင်း တယ်။ ဦးသိန်းစိန်နဲ့လည်း ပေါင်းတယ်။ ဦးရွှေမန်းနဲ့လည်း ပေါင်း တယ်။ အဲဒီအတွက်တောင် ဒေါ်အောင်ဆန်းစုကြည်မှာ အများကြီးပြစ်တင်ခံရတယ်၊ ရှုတ်ချ ခံရ တယ်။ ဒီလို စိတ်ဓာတ်၊ အရည်အချင်း၊ လုပ်ရည်ကိုင်ရည် တွေကြောင့် ကျွန်တော် တို့ထဲမှာ တစ်ဦးတည်းသော ခေါင်း ဆောင်လို့ သတ်မှတ်ထားတယ်။ ဒေါ်အောင်ဆန်း စုကြည်သာ တစ်ဦးတည်းသောနိုင်ငံရေး ခေါင်းဆောင်တစ် ယောက် ဖြစ်သင့်တယ် လို့ယူဆတယ်။ ဒါကြောင့် ကျွန်တော်တို့ အားလုံးနောက်လိုက်လုပ်နေတာမဟုတ်လား။

လူနုံတွေမဟုတ်၊ နေရာမမက်
ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းတုန်း ကလည်း ဒီလိုပဲ နောက်လိုက်တွေရှိခဲ့တယ်။ အဲဒီသူတွေကို အကုန်လုံး သူခိုး၊ဓားပြတွေ၊ ငနုံ၊ ငပျင်းတွေလို့ပြောမှာလာ။ သူ့အရည် အချင်းနဲ့သူ လုပ်နိုင်တဲ့လူတွေရှိတယ်။ ဘကြီး ဘဖေလို လူမျိုးတွေရှိတယ်။ ဦး ကျော်ငြိမ်းလို လူမျိုးတွေရှိတယ်။ ဦးချစ် မောင်လိုလူမျိုးတွေ ရှိခဲ့တယ်။ ပညာ တတ်တွေ၊ အသိပညာရှိတဲ့လူတွေ ရှိခဲ့ တယ်။ သူတို့တွေ ၀န်းရံခဲ့လို့ ဗိုလ်ချုပ်အောင်ဆန်းလည်း လုပ်နိုင်တာ။ ဒါကို အဲဒီအချိန်က ဗိုလ်ချုပ်အောင်ဆန်းပဲ ရှိ တယ်။ ကျန်တဲ့လူတွေကို အလကားလူတွေ လို့ပြောလို့ရမလား။ မရဘူး။

အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်ကိုယုံကြည်လို့ ခေါင်းဆောင် အနေနဲ့ ထားတာ။ ကျွန်တော်ဆိုရင် နိုင်ငံရေးသမား မဟုတ်ဘူး။ နိုင်ငံရေးသမား မဟုတ်ဘူး လို့လည်း ထုတ်ကြေညာထားတယ်။ ပါတီ မှာလည်း တော်လောက်ပါပြီ။ အငြိမ်းစား ယူရမယ်။ လူငယ်လူသစ်တွေနဲ့လုပ်ရမယ် ဆိုတာ တစ်လျှောက်လုံး ပြောလာ ခဲ့တာ။ ပါတီစထောင်ကတည်းကပဲ။ ကျွန်တော့်မှာ ဒီသဘောထားတွေရှိတယ်။ ခင်ဗျား တို့ ကော ရှိလား။ ခင်ဗျားတို့ သေခါနီး နေပြီ။ ဒီလိုစွန့်လွှတ်ဖို့ စိတ်ထားမျိုး ရှိလားလို့ မေးရင် သူတို့အမှန်အတိုင်း ဖြေရဲလား။
ပြောရရင်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဋ္ဌ လုပ်ပါတော့ဆိုတာ ကျွန်တော်တင် တဲ့အဆိုပဲ။ ၂၀၁၂၊ ဇန်န၀ါရီလ ၅ရက်နေ့ ပါတီပြန်ဖွဲ့တဲ့အချိန်မှာ ကျွန်တော်တင်ခဲ့တဲ့ အဆို။ ဘာဖြစ်လို့တင်လဲဆိုတော့ ဒေါ် အောင်ဆန်း စုကြည် လို ထူးချွန်တဲ့ ခေါင်းဆောင် သူလည်းအသက်ကြီးလာပြီ။ နောက်လူတွေ ခေါင်းဆောင်တင်ချင်ရင် လမ်းဖွင့်ပေးဖို့၊ လုပ်ပေးဖို့လိုပြီ။ ကျွန် တော့်တို့ ကိုယ်တိုင်လည်း တော်လောက် ပြီ။ ဘေးဖယ်ပေးသင့်ပြီဆိုပြီး အဲဒီအဆို တင်ခဲ့တာ။
ဒေါ်အောင်ဆန်းစုကြည် ကတောင် ဘေးဖယ်ပေးတယ်ဆိုတဲ့စကား မသုံးပါနဲ့ ဆရာ။ နောက်လူတွေ ၀င်လို့ရ အောင် ဘေးကိုချဲ့ပေးတယ် ဆိုတဲ့စကားပဲ သုံးပါလို့ ပြောတယ်။
ကဲ မေးခွန်းထုတ်ရရင် ခင်ဗျားတို့ အဲဒီလိုလုပ်တာတွေရှိလား။ အခုထိ နေရာ အတွက် လုပ်နေကြတုန်း မဟုတ်လား။

ပါတီတွင်း ရန်တိုက်ပေးခြင်း

အခု ဦးအောင်သောင်းရဲ့ ပြောတာဟာ NLD ပါတီထဲမှာရှိတဲ့ လူပုဂိ္ဂုလ်အချင်း ချင်းတွေ တိုက်ခိုက်အောင် လုပ်တာ။ ဒါမျိုးဟာ နိုင်ငံရေးမှာ မလုပ်ကောင်းဘူး။ အခုပြောတာမှာ ဒေါ်အောင်ဆန်းစုကြည် ကို နတ်နေကိုင်း ချန်သလို ချန်ပြောတာပဲ ရှိတယ်။ ဒါက အခုမှ မလွှဲသာလို့။ အရင် တုန်းကဆို ဒေါ်အောင်ဆန်းစုကြည် ကို လည်း စုတ်ပြတ်သတ်နေအောင် ညစ်ပတ်တဲ့ နည်းမျိုးစုံနဲ့ သူတို့ တိုက်ခိုက်ခဲ့တာပဲ။ နိုင်ငံရေးမှာ ပုဂိ္ဂုလ်ရေး တိုက်ခိုက်တာ မကောင်းတဲ့အလုပ်။ သူတို့ပဲ တစ်လျှောက် လုံး လုပ်တယ်။
ကျွန်တော် သတင်းစာဆရာ တစ်ယောက်ပဲ။ တိုက်ခိုက် ပြောဆိုတာတွေ လုပ်တတ်တယ်။ ဒါပေမဲ့ မလုပ်ခဲ့ဘူး။ တိုက်ခိုက်ရင်လည်း ပေါ်လစီပဲ တိုက်ခိုက် တယ်။ ခင်ဗျားတို့ လုပ်ကိုင်မှုတွေကို ကျွန်တော်မကြိုက်ဘူး။ ဒီလို ရှင်းရှင်း ပြောခဲ့တယ်။ ဘာလို့လဲဆို ကြံ့ဖွံ့ဟာ ရှင်းရှင်းပြောရရင် စစ်တပ်က မွေး ထားတာ။ စစ်တပ်အရေခြုံဖို့ အဆင်သင့် ရှိတဲ့လူတွေ။ စစ်တပ်ကိုမှီပြီးတော့ မြောက်မြားစွာ ကိုယ်ကျိုးစီးပွားအတွက် စုနေကြ တယ်လို့ ကျွန်တော်မြင်တယ်။ ဒီပေါ်လစီ မူကိုတော့ ကျွန်တော်တို့ပြောမယ်။ ပုဂိ္ဂုလ်ရေးကတော့ မတိုက်ခိုက်ဘူး။
အခု သူပြောတာကို အရှည်ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD အဖွဲ့အစည်း၊ တိုင်း သူပြည်သား အများစုရဲ့ ထောက်ခံမှုရတဲ့ အဖွဲ့အစည်း ကိုတောင် ဒီလိုပြစ်တင် ရှုတ်ချတယ် ဆိုရင် ကျန်တဲ့ ပါတီတွေ ဘယ်လိုလုပ်မလဲ။ နောင်ဆိုရင် အဲဒီပါတီတွေကို ဘယ် လောက် ရိုင်းပျစော်ကား လုပ်မလဲ။ ဒီလို အလုပ်မျိုးတွေဟာ မလုပ်သင့်တော့ဘူးလို့ ကျွန်တော်ပြောချင်တယ်။
ပြည်ခိုင်ဖြိုးပါတီဆိုတာ အာဏာရ ပါတီတစ်ခုပဲ။ အင်အားအရလည်း ကြီးမားတဲ့ပါတီ တစ်ခုပဲ။ အတွေ့အကြုံ ရှိတဲ့ လူတွေ လုပ်ကိုင်နေတာ။ အဲဒီ ပါတီ တစ်ခုက ရန်စွယ်ငေါငေါ အပုပ်ချတယ် ဆိုတော့ မသင့်တော်ဘူးလို့ ပြောချင်တယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက်

NLD ပါတီထဲမှာ မူဝါဒအရ ခိုင်မာ ချင်တဲ့၊ ပြင်းထန်တဲ့လူတွေက ကြံ့ဖွံ့ကို မကြိုက်တာတွေရှိတယ်။ အမှန်ပဲ။ ဒါပေမဲ့ ပုဂိ္ဂုလ်ရေးမတိုက်ဘူး။ မူဝါဒ အရတိုက် တာ။ ဒေါ်အောင်ဆန်းစုကြည်ဟာ မူဝါဒ အရ ပျော့ပျောင်းစွာ စဉ်းစားတယ်။ ဒီတော့ ကျွန်တော်တို့လည်းအများကြီး ပျော့ ပျောင်းစွာ နောက်က လိုက်လုပ်တယ်လို့ ပြောချင် တယ်။ အခု ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်ပြီးလုပ်နေတာဟာ အမျိုး သားပြန်လည်သင့် မြတ်ရေးဆိုတဲ့ လိုင်း ထဲကတစ်ခုပဲ။ ကြံ့ဖွံ့နဲ့ ပူးပေါင်းပြီးလုပ်တာတွေရှိလာတာလည်း ဒီဆောင်ရွက်ချက် ထဲက အစိတ်အပိုင်း တစ်ခုပဲ။ ဒီအတွက် ကျွန်တော်တို့လည်း ဒေါ်အောင်ဆန်းစု ကြည်ရဲ့ခေါင်းဆောင်မှုခံယူပြီးတော့ နိုင်ငံ ရေးလှုပ် ရှားမှု လုပ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ အပုပ်ချတယ်။ ပုတ်ခတ် တယ်တို့ လုပ်ဖူးလား။ မရှိသလောက် ပါလို့ ပြောချင်ပါတယ်။
ဒီမူဟာ ကျွန်တော်တို့အနေနဲ့ ကြံ့ခိုင် ရေးနဲ့ တွဲလုပ်လို့ ရနိုင်တာတွေ တွဲလုပ် မယ်ဆိုတဲ့ ပုံစံပဲ။ ဒေါ်အောင် ဆန်း စုကြည် လွှတ်တော်ထဲဝင်သွားတာ ပုဂိ္ဂုလ်ရေးအရ ပြောရရင် မကြိုက်ဘူး။ ကျွန်တော် ကန့် ကွက်ခဲ့တယ်။ ရွေးကောက်ပွဲဝင်ဖို့ကိုလည်း ကျွန်တော် ကန့်ကွက်ခဲ့တယ်။     သို့သော် ကျွန်တော် တို့က ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခေါင်းဆောင်မှုနောက်ကလိုက်တယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးသဘော ထားကို ကြည့်တဲ့အတွက် ကျွန်တော်တို့ လျှော့နိုင်တာကို လျှော့ပေးတယ်။ မကြိုက် တာတွေကို ဆွေးနွေးတယ်၊ တင်ပြတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးကလည်း ဒီသဘော ထားရှိမယ်လို့ ယူဆခဲ့တယ်။ ဒါပေမဲ့ အခု ဦးအောင်သောင်း ပြောလိုက် တာဟာ တစ် မျိုးဖြစ်သွားစေတယ်။

နှစ်ပါတီ အောက်ခြေထု ပြဿနာ ဖြစ်နိုင်

ဦးအောင်သောင်းဟာ ဦးသန်းရွှေရဲ့ ပုံရိပ်နဲ့ ပါတီမှာ သြဇာကြီးနေတဲ့ လူဆိုတာ သိတယ်။ ပါတီထဲမှာ သူ့ရဲ့ စည်းရုံးရေးတို့၊ သူ့ရဲ့ပင်ကို သြဇာတို့ ဘယ်လိုရှိလဲတော့ မသိဘူး။ သူဟာ ဦးသန်းရွှေရဲ့ ရောင်ပြန် ဟပ်မှုကို ယူပြီးတော့ ပါတီမှာ နေရာရှိနေ တယ်။ အဲဒီလိုလူမျိုးက ဒီလိုမျိုး သဘော ထားတွေရှိတယ်ဆိုရင် လက်ရှိ မြန်မာပြည် ရဲ့ နိုင်ငံရေးမှာ အင်အားကြီးပါတီကြီးနှစ်ခုပဲ ရှိတယ်။ ဒီပါတီကြီးနှစ်ခုရဲ့ ဆက်ဆံရေး ဟာ ဒီလိုအပြောကြောင့် ပုံမှန်ဘယ်လို ဖြစ်နိုင်တော့မလဲ။
ဒေါ်အောင်ဆန်းစုကြည်ကို မတိုက် ခိုက်ပေမယ့် ကျန်တဲ့လူတွေ အားလုံးကို၊ အကုန်လုံးကို အမှိုက်လှည်းသလို သိမ်း ကျုံး ပြောတာမျိုးဆိုတော့ ဘယ်လိုမှ မှန်ကန် တဲ့သဘောထားတွေ ရှိနိုင်မယ်လို့ မထင်ဘူး။
အခု လွှတ်တော်ထဲမှာ NLD နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တစ်ခုနဲ့တစ်ခု ပူး ပေါင်း လိုက်လံဆွေး နွေးတာတွေ ရှိတယ်။ ဦးသိန်းစိန် အစိုးရသည်လည်း ကြံ့ခိုင် ဖွံ့ဖြိုးရေး အစိုးရပဲဗျ။ ဒါတောင် NLD နဲ့ တတ်နိုင်သမျှ ညှိညှိ နှိုင်းနှိုင်း လုပ်တာ တွေရှိတယ်။ဒီလိုအခြေအနေမှာ ဦးအောင် သောင်းပြော ဆိုတာ ဟာ အောက်ခြေထု တွေကြား မှာ ဘယ်လိုမှပေါင်းစပ်လို့ရမှာ မဟုတ်ဘူးဆိုတဲ့ အမြင်တွေကို ဖြစ်စေ တယ်။ ဒီလိုလူရဲ့အခုပြောဆိုမှုဟာ ဆိုရင် ပါတီကြီးနှစ်ခုရဲ့အောက်ခြေမှာရှိတဲ့ လူထု တွေကြားထဲမှာ အကုန်လုံးပြဿနာတွေ ဖြစ်နိုင်တယ်။ အဲဒါ ကြောင့် ဒီလို အပြော အဆိုတွေကို လုံးဝမကြိုက်ဘူးလို့ ပြောချင် တယ်။

ပါတီတွင်း အခြေခံသဘောထား ပျက်ပြားနေကြ

အခု အပြောတွေကို ကြည့်ရရင် အုပ်စုကွဲတယ်၊ မကွဲတယ်ဆိုတာကို ကျွန် တော်တော့ သိပ်မပြောချင်ဘူး။ ဒါပေမဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးထဲမှာ အခြေခံအားဖြင့် သဘောထား နှစ်ခုကတော့ သီးခြားထွက် နေတယ်ဆိုတာ ကတော့ မြင်သာနေတာပဲ။ ဦးအောင်သောင်း အခုလိုပြောတယ်။ ဒီစကားတွေ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကကြား နေမှာပဲ။ ဒီလိုပဲ အခြေခံဥပဒေနဲ့ ပတ် သက်လို့ ပါတီဗဟိုကော်မတီက ပြင်မယ် ဆိုတဲ့ သဘောထား ချမှတ် တာတောင် ဦးအောင်သောင်းက လွှတ်တော်ထဲမှာ တောင် ပြင်လို့မရဘူးဆိုတဲ့ ပုံစံမျိုး ပြော တဲ့ဟာရှိတယ်။ ဒီလို ကွာဟမှုတွေ အများ ကြီးရှိတဲ့အခါကျတော့သူတို့အတွင်း ဘယ်လို အနေအထားတွေဖြစ်လဲဆိုတာ ကျွန် တော်တို့လည်း မပြောကောင်းတဲ့အတွက် မပြောတော့ဘူး။ဒါပေမဲ့ပါတီထဲက အခြေခံ သဘောထားတွေမှာ အများကြီး ပျက်ပြား နေတာပေါ့။
အံ့ခေါင်မင်း
မှတ်ချက်။   ။ ဆရာကြီးဟံသာဝတီ ဦးဝင်းတင်သည် ၂၀၁၄ မတ်လ ၉ ရက် မြန်မာသံတော်ဆင့် ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ လာရောက်၍ သြ၀ါဒစကားပြောကြားခဲ့ပြီးနောက် အပြန် တွင် မြန်မာ သံတော်ဆင့် အယ်ဒီတာများ အားရင်းရင်းနှီးနှီးပြောဆိုရာ၌ ““ဦးအောင်သောင်းသည် အမှားကိုဝန်ခံရဲသည့် သတ်္တိရှိသော နိုင်ငံရေးသမားကောင်း တစ်ဦးလည်းဖြစ်ကြောင်း”” ထည့်သွင်းပြောကြား ခဲ့သည်။
ဦးအောင်သောင်း- တကယ်တော့ လက်ရှိအနေအထား အရ ကြည့်မယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီက အင်အား နည်းနည်း တောင့်တင်းတဲ့သဘော ရှိတာပေါ့။ NLD ဆို ဒေါ်စုကြည်ပဲရှိတယ်။ နောက်လိုက် သိပ်မရှိဘူး။ အာဃာတတွေနဲ့ လက်စားချေလိုတဲ့ နိုင်ငံရေးသမား၊ အာဃာတကိုဖော်ဆောင် နေတဲ့ နိုင်ငံရေးသမား၊ မကျေနပ်ချက်ကို အခြေခံပြီးဖြစ်လာတဲ့ နိုင်ငံရေးသမား၊ အခွင့် အရေးများ ရမလားဆိုပြီးတော့ ၀င်လာတဲ့ နိုင်ငံရေးသမား ဖြစ်နေတယ်။ တကယ့် နိုင်ငံရေးကို နားလည်ယုံ ကြည်ပြီးတော့ NLD ရဲ့လမ်းစဉ်မူဝါဒတွေ ကောင်းတယ်၊ အဲဒါတွေသာ တိုင်းပြည်ကြီးကို တည်ဆောက် လို့ရတယ်၊ အလွန်ကောင်းမှာပဲ၊ ချမ်းသာ သွားမှာပဲ၊ အောင်မြင်သွားမှာပဲ၊ ကမ်္ဘာက လည်း လက်ခံမှာပဲဆိုတဲ့ ဒီလိုအမြင်နဲ့က နည်းတယ်။ ပြည်ခိုင်ဖြိုး ပါတီမှာလည်း ရှိပါတယ်။ သို့သော်လည်းပဲ သူတို့တွေက တက်မလာနိုင်ဘူး။   အရင်တုန်းက တစ်ယောက်စ နှစ်ယောက်စရှိတယ်။ ထွက်သွားတဲ့ လူအချို့မှာလည်း အဲလိုပယောဂ တွေ ရှိတာပဲ။ ဒါပေမဲ့ ၀န်ကြီးလုပ်ချင်လို့၊ ၀န်ကြီးသက်တမ်းလေး မကုန်သေးခင် ပြုတ်သွားမှာစိုးလို့ ပြည်ခိုင်ဖြိုးပါတီနဲ့ ရှေ့ကို ရှေ့ကိုသွားနေတာ။ အခုတော့ အလွန် နည်းသွားပါပြီ။ ကိုယ့်ယုံကြည်ချက်အရ လုပ်မယ်ဆိုတာမျိုး၊ မူနဲ့အရလုပ်မယ်ဆို တာမျိုးလုပ် စရာရှိတာ လုပ်မယ်၊ ပြုတ်စရာ ရှိတာ ပြုတ်မယ်။ ဟိုတုန်းက ဥပမာဆိုပါစို့ လူထုလုပ်ရှားမှုဆိုပါစို့ တောင်သာ ကနေ စတာပဲ သုံးခုလုံးတောင်သာကနေ စတယ်။ ကိုယ့်လူတွေနဲ့ ကိုယ်လုပ်တယ်။ ဘယ်သူ့မှ မခေါ်ဘူး။ အခုမှ သဘောတွေကျပြီးတော့ တစ်ပြည်လုံးလုပ်ခိုင်းနေတာ။ သဘော ကိုပြောပြတာ။ အပြင်က ဂျာနယ်တွေ မသိ သေးတဲ့ အချက်တွေ အများကြီးရှိသေးတယ်။ ဂျာနယ်တွေ မတွက်တတ်သေးတဲ့အချက် တွေလည်း အများကြီး ရှိသေးတယ်။ မပြော သေးဘူးပေါ့ကွာ။
. . 
.လွှတ်တော်မှာတော့ တပ်မတော်သား ကိုယ်စားလှယ်၊ နောက် လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာနှုန်းကျော် ဆိုတာ မဖြစ်နိုင်ဘူး။ ဘယ်လိုမှ မရနိုင်ဘူး။ ၇၅ ရာခိုင်နှုန်းဆိုတာ လွှတ်တော်ကိုယ်စား လှယ်များ၏ တစ်ခုရှိ တာက နည်းနည်းပါးပါးပဲ လျော့တာ။ ၆၅၈ လားပဲ ရှိတာ။ ၆၅၀ ကျော်ထဲမှာ ၆၀ လောက်က လျော့နေတယ်။ ပယ်တာ၊ စွန်းတာ၊ နုတ်ထွက်တာ။ အခုလျော့တယ်။ စာရင်းရှိ လွှတ်တော် ကိုယ်စားလှယ်များ၏ ၇၅ ရာခိုင်နှုန်း ကျော် အခြေခံဥပဒေက အဲလိုဆိုထားတာ။ အဲဒါ ကျော်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ပြည်ခိုင် ဖြိုးပါတီ ကြိုက်သ လောက် ထောက်ခံ မရနိုင်ဘူး။ ပြင်ဖို့ထောက်ခံထောက်ခံ၊ ကန့်ကွက်ဖို့ ထောက်ခံထောက်ခံ မဖြစ် နိုင်ဘူး …
မြန်မာသံတော်ဆင့်

The Ladies News Journal

ဂျာမာန်လေကြောင်းလိုင်း တစ်ခုဖြစ်သည့် Condor လေကြောင်း လိုင်းနှင့် မြန်မာနိုင်ငံသို့ တိုက်ရိုက်ဆက်သွယ်ပျံသန်းနိုင်ရန် သဘောတူ စာချုပ်ချုပ်ဆိုပွဲတွင် မြန်မာလူမျိုးများ အားလုံး အထွတ်အမြတ် ထားရာ ရွှေတိဂုံ စေတီတော်ပုံစံ ပြုလုပ်ထားသည့် ကိတ်မုန့်အား အဆိုပါ ကုမ္ပဏီမှ အရာရှိကြီးများနှင့် အတူ မြန်မာနိုင်ငံမှ ခန့်အပ်ထားသည့် သံအမတ်ကြီး ဦးစိုးနွယ် (ဗိုလ်ချုပ်မှုးဟောင်း) က ဓါးဖြင့် လှီးဖြတ်ခဲ့သည် ပုံမှာ အွန်လိုင်းမီဒီယာများတွင် ပျံနှံလျက်ရှိကြောင်း တွေ့ရှိရပါသည်။

အဆိုပါ မူရင်းသတင်းအား ဖော်ပြထားသည့် http://www.anna.aero/2012/11/13/condor-becomes-first-airline-to-fly-to-burma-from-europe/ အား ကြည့်ရှုလေ့လာရာတွင်လည်း အဆိုပါကဲ့သို့ ကိတ်မုန့်အား ရွှေတိဂုံစေတီပုံစံ ဖော်ပြထားကြောင်း တွေ့ရှိရပါသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ နှောင်းပိုင်းမှ စတင်ကာ ဘာသာရေး လူမျိုးရေးနှင့် ဆက်နွယ်နေသည့် အကြမ်းဖက်မှုများ ဒေသအနှံအပြားတွင် ဖြစ်ပွားခဲ့ ပါသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ Tour ကုမ္မဏီတစ်ခုမှ မန်နေဂျာတစ်ဦးမှ ဂျာမနီသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှု အများဆုံး နိုင်ငံများတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ယခုကိစ္စ ပိုမိုကြီးထွားလာမည်ဆိုပါက ၄င်းတို့၏ ခရီးသွားလုပ်ငန်းကိုပါ ထိခိုက်လာနိုင်ကြောင်း The Ladies ဂျာနယ်သို့ ပြောကြားခဲ့သည်။

အဆိုပါ သတင်းအား တင်ပြထားသည့် ဖေ့ဘုတ်အသုံးပြုသူ တစ်ဦးကမူ ၄င်းမှာ ခရစ်ယာန်ဘာသာကို ကိုးကွယ်သောလည်း ရွှေတိဂုံစေတီတော် ဆိုသည်မှာ မြန်မာနိုင်ငံသားများအားလုံး လူမျိုးမရွေး ဘာသာမရွေး အလေးအနက်ထားသည့် မြန်မာ့သမိုင်းပြတိုက်တစ်ခုကဲ့သို့ ဖြစ်ကြောင်း၊ မြန်မာသံအမတ်ကြီး ဦးစိုးနွယ်ဖြင့် ရွှေတိဂုံစေတီတော်ပုံ ပြုလုပ်ထားသည့် ကိတ်မုန့်အား ဓါးဖြင့်ပင် မရွယ်သင့်ကြောင်း ၄င်း၏ ဖေ့ဘုတ်အကောင့်ပေါ် တွင် ရေးသားထားသည်။

မကြာသေးမီ လပိုင်းကပင် စစ်တွေမြို့တွင် လုပ်ငန်းများ လုပ်ဆောင်နေသည် MSF မှ ဌာနေကိုယ်စားလှယ် အမေရိကန်နိုင်ငံသူသည် သာသနာ့ အလံကို ၄င်းအဖွဲ့မှ ငှားရမ်းထားသည့် ရုံးခန်းတည်ရှိရာ အိမ်မှ ဖြုတ်သိမ်းခဲ့သဖြင့် ဒေသခံများ မကျေနပ်ဖြစ်ကာ အဓိကရုဏ်း ဖြစ်ပွားရာမှ ကလေးတစ်ဦး သေနတ်မှန်သေဆုံးပြီး ယူအင်အဖွဲ့အစည်းများ၏ ဂိုဒေါင်များ ရုံးခန်းများကို ဒေါသထွက်နေသည့် မြို့ခံလူအုပ်ကြီးမှ ၀င်ရောက်ဖျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ပြီး စုစုပေါင်း ပစ္စည်းတန်ဖိုး ဒေါ်လာ ၁ သန်းနီးပါး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

သမ္မတ ဆိုတာက ရုပ်ပြ ငပေါကြီးဖြစ်အောင် လုပ်ထားတာ မြန်မာတနိုင်ငံပဲ ရှိတယ်။ နိုင်ငံတကာမှာတော့ သမ္မတ စနစ်ကျင့်သုံးတဲ့ နိုင်ငံတိုင်း သမ္မတက ရပ်ဆို စစ်တပ်က ဆက်မတိုက်တော့ဘူး။

တပ်မတော်က ဘယ်လောက် အာဏာယူထားသလဲဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ... ရုပ်သေး သမ္မတ သမ္မတကြီး ဦးသိန်းစိန် အစိုးရသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ညွန်ကြားချက်အောက်မှာသော်လည်းကောင်း၊ ကာချုပ်၏ သဘောတူညီမူဖြင့်သော်လည်းကောင်း လှုပ်ရှားနေရတယ်ဆိုတာ သိသာမည်ဟု ယုံကြပါသည်..။ နောက်တစ်ခု အထက်မှာဖော်ပြခဲ့သည်အတိုင်း အခန်း (၇) တပ်မတော် အခန်းမှာပါဝင်သော ပုဒ်မများအရ ၃၃၉ ပုဒ်မ၀ယ် စစ်ရေးစစ်ရာ ဟူသမျှ တပ်မတော်က ဦးဆောင်ရမည်ဟု ပါရှိသည့်အတွက်၊ ဘယ်သူ့ကို တိုက်တိုက် ဘယ်တိုင်းရင်းသားလက်နက်ကိုင်ကိုတိုက်တိုက် သမ္မတ ဘာမှလုပ်ပိုင်ခွင့် ပြောပိုင်ခွင့် တားဆီးပိုင်ခွင့်ကို မရရှိပါဘူး..။ စစ်ဖြစ်ဖို့ဟာ လိုအပ်ချက်မှန်း သိလို့စစ်ဖြစ်လို့ ရအောင် ၂၀၀၈ အခြေခံဥပဒေကို ရည်ရွယ်ရေးထားပါတယ်..


အငြင်းပွားနေရသော ပုဒ်မ (၅၉)

```````````````````````````````````````````

သူငယ်ချင်း မိတ်ဆွေအပေါင်းကို အငြင်းပွားနေရသော ပုဒ်မ (၅၉ ) ကို ကျနော် ဥာဏ်မီသလောက် တင်ပြမှာဖြစ်ပါတယ်၊ ရှေ့ဦးစွာ တောင်းပန်လိုသည်မှာ ကျနော် ဥပဒေပညာရှင်မဟုတ်သည့်အတွက် အခြားသော နိုင်ငံများ၏ အခြေခံဥပဒေများကို မကိုးကားနိုင်ပါ (တိတိကျကျ)ပေါ့..။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၃) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အခန်းဖြစ်ပါတယ်၊

ပုဒ်မ (၅၇) နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်။

ပုဒ်မ (၅၈) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်။

ပုဒ်မ (၅၉) နိုင်ငံတော်သမ္မနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

(က) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ ဖြစ်ရမည်။

(ခ ) မိမိနှင့် မိမိမိဘနှစ်ပါးလုံး နိုင်ငံတော်၏အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှ ဖြစ်သည့် မြန်မာနိုင်ငံသားများ ဖြစ်ရမည်။

(ဂ) ရွှေးချယ်တင်မြှောက်ခြင်း ခံရသူသည် အနည်းဆုံး အသက်လေးဆယ့်ငါးနှစ် ပြည့်ပြီးသူ ဖြစ်ရမည်။

(ဃ) နိုင်ငံတော် အရေးအရာများ ဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များ ရှိရမည်။

(င ) သမ္မအဖြစ် ရွှေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့်တစ်ဆက်တည်း အနည်းဆုံးအနှစ် (၂၀) နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်။

(စ ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးသားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသား သော်လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ၊

(ဆ) လွှတ်တော် ရွှေးကောက်ပွဲ၌ ရွှေးကောက်တင်မြှောက် ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော် သမ္မတအတွက် သီးခြား သတ်မှတ်ထားသော အရည်အချင်းများ နှင့်လည်း ပြည့်စုံရမည်။

````````````````````````````````````````````````````````````````````

ယခု ဖတ်ခဲ့ရသော (၅၉) ပုဒ်မသည် သမ္မတအရည်အချင်းဆိုင်ရာ သတ်မှတ်ချက်ဖြစ်ပါသည်။
မရှင်းပါက မိတ်ဆွေများအနေဖြင့် ပြန်ဖတ်သင့်သည်ဟု အကြံပြုပါရစေ၊

ပုဒ်မတစ်ခုချင်းဆီကို ရှင်းကြပါစို့နော်..။ ပုဒ်မ (၅၈) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသား အားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်..။ ဒီလိုပြန်ဌာန်းထားတာကို တွေ့ရမှာ ဖြစ်ပါတယ်၊။ တောသားလို ပြောမယ်ဆိုရင် လုပ်ပိုင်ခွင့် အခွင့်အာဏာ အရှိဆုံးသည် သမ္မတသာဖြစ်တယ်လို့ ဆိုလိုပါတယ်၊ ဒီပုဒ်မဟာ ဖြစ်သင့်ဖြစ်ထိုက်သည်ဟုလည်း ယူဆပါသည်..။ ဒီနေရာမှာ နိုင်ငံတစ်ဝန်းလုံးဆိုတဲ့ ၀ိသေသ ပါလာပြန်ပါတယ်၊ မြန်မာပြည် နယ်နိမိတ် အပိုင်းအခြားမှာ ရှိရှိသမျှသော လူသားအားလုံး၏ လက်နက်ကိုင် လက်နက်မကိုင်သော လူများအားလုံး၏ အထွတ်အထိပ်နေရာကို ရရှိတာ ဖြစ်တယ်လို့ ဆိုပါတယ်၊။
တကယ်ရော ဟုတ်ရဲ့လား ဆိုတာကို သူနဲ့ ဆန့်ကြင်စွာ ပြဌာန်းထားတဲ့ ပုဒ်မကို ထုတ်ပြပါမယ်၊

ဒါ့အပြင် အခန်း( ၅) အုပ်ချုပ်ရေး ခေါင်းစဉ်အောက်က အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်း။ ပုဒ်မ (၂၀၁ )ဖွဲ့စည်းပုံ အခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း၊ ပေးအပ်လာသည့်တာဝန်များကို ထမ်းဆောင်နိုင်ရန် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်သည်။

(က) နိုင်ငံတော် သမ္မတ

(ခ ) ဒုတိယသမ္မတ

(ဂ )ဒုတိယသမ္မတ

(ဃ) ပြည့်သူ့လွတ်တော်ဥက္ကဌ

(င)အမျိုးသားလွှတ်တော်ဥက္ကဌ

(စ )တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊

(ဆ)ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊

(ဇ) ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး၊

(ဈ ) နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး၊

(ည) ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး၊

(ဋ) နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး၊

အားလုံးပေါင်း (၁၁) နဲ့ ဖွဲ့စည်းထားသည်ကို မိတ်ဆွေများ သတိထားမိပါလိမ့်မယ်။

နောက်ပုဒ်မ တစ်ခုကို လေ့လာကြရအောင်ပါ မိတ်ဆွေတို့..။

(အဲ့ဒါကတော့ ပြည်ထောင်စု ၀န်ကြီးများနှင့် ဒုတိယ၀န်ကြီးများ ) ခန့်အပ်ခြင်ဆိုင်ရာဖြစ်ပါတယ်..။

ပုဒ်မ (၂၃၂ ) (ခ) နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု ၀န်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန်၊

(၁) လွတ်တော်ကိုယ်စားလှယ်ထဲကဖြစ်စေ၊ လွတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ ပုဒ်မခွဲ (က)ပါ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျှော်သည့် ပုဂ္ဂိုလ်များကို ရွှေးချယ်ရမည်။

(၂) ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျှော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်။

(၃) ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနများအပြင် အခြားဝန်ကြီးဌာနများတွင် တပ်မတော်သားများအား ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

``````````````````````````````````````````````````````````````````

ပိုပြီးတော့ ထင်ရှားပေါ်လွင်အောင် ပုဒ်မတစ်ခုကို ထုတ်ပြခြင်ပါသေးတယ်..၊ လေ့လာကြပါဦးနော်.။

အခန်း (၇) ပုဒ်မ (၃၃၇) တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။

ပုဒ်မ(၃၃၈ )နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမူအောက်တွင် ရှိသည်။

ပုဒ်မ (၃၃၉) နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဥိးဆောင်ရမည်။

ပုဒ်မ (၃၄၃) စစ်ဘက်တရားစီရင်ရာတွင်

(က) တပ်မတော်သားများအတွက် အဖွဲ့ဖြင့်ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ၊ ဥပဒေနှင့်အညီ စီရင်နိုင်သည်။

(ခ) တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးပြတ်ဖြစ်သည်..။

````````````````````````````````````````````````````````````

အစက နိုင်ငံတော်သမ္မတသည် နိုင်ငံ၏ အကြီးအကဲဖြစ်တယ်ဆိုတာ သတိထားမိပါလိမ့်မယ်..။

နောက် ပုဒ်မတွေက အရာအားလုံးသည် ကာကွယ်ရေးဦးစီးချုပ်၏ ညှိနိုင်းမူကို ရယူပြီး လုပ်ဆောင်ရမည်ဟု ပါရှိသည်ကို သတိပြုမိမယ်ထင်ပါတယ်..။ နောက် တပ်မတော်သားများသည် ပြည်သူပြည်သားများထဲမှ ပေါက်ဖွားလာသည်ဟု ဆိုသော်ငြားလည်း ဥပဒေအရ အခွင့်ထူးခံ လူတန်းစားတစ်ရပ်ဖြစ်နေပါတယ်၊ မြန်မာပြည်ထဲမှာ ဘာပဲလုပ်ခဲ့လုပ်ခဲ့ ဒါးမြပဲတိုက်တိုက် လူပဲသတ်သတ် ခိုးပဲခိုးခိုး မုဒိန်းပဲကျင့်ကျင့် အရပ်ဖက်တရားစီရင်ရေးက စွက်ဖက်ခွင့်မရှိဘူးဆိုတာ သိမယ်လို့ထင်ပါတယ်..။ မိတ္ထီလာမှာ ဘဏ်ကိုဒါးပြတိုက်သော ဗိုလ်ကြီးကို အရပ်ဖက်တရားစီရင်ရေးက ဘာမှလုပ်မရပါဘူး တပ်ကိုပဲလွဲပေးလိုက်ရတာ သိမယ်လို့ထင်ပါတယ်၊ ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သာ အဓိကဖြစ်နေလို့ပါပဲ..။ တရားမျှတလား မမျှတလား ဆိုတာ သိမြင်မည်ဟု ယုံကြပါတယ်..။

နောက်တစ်ခု အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကိုဖွဲ့စည်းခြင်း ဆိုတာကို ပြန်ပြီး ဖတ်စေလိုပါတယ်..။ အားလုံးပေါင်း ၁၁ ယောက်ဆိုတာကို သတိထားမိမယ်ထင်ပါတယ်၊ ဘယ်ဌာနတွေပါတယ်ဆိုတာကိုလည်း သတိထားမိမယ်ထင်ပါတယ်၊ ပြည်တွင်းမှာသော်လည်းကောင်း ပြည်ပရန်ကို တွန်းလှန်ရာတွင်သော်လည်းကောင်း အမျိုးသားကာကွယ်ရေး ကောင်စီက အစီးအဝေးထိုင်ပြီး ဒီမိုကရေစီကျကျ မဲခွဲကြမယ်ဆိုရင်ကိုပဲ သမ္မတမှာ အင်အားမရှိပါဘူး.။ ရှင်းပြပါအံ့

အရပ်ဖွဲ့ အဖွဲ့အစည်းဟု နာမယ်ခံထားသော နိုင်ငံတော် သမ္မတ ဒု သမ္မတ နှစ်ယောက် ၊ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်ဥက္ကဌများ အားလုံးပေါင်း (၅) ယောက်ဆိုတာ သတိထားမိမယ်ထင်ပါတယ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မှစပြီး နယ်စပ်ရေးရာဝန်ကြီးဌာနအထိ ( ၆) ယောက် ဆိုတာ သတိထားမိပါလိမ့်မယ်၊..။

နယ်စပ်ရေးရာဝန်ကြီးဌာနများ စသည်တို့ကို သမ္မတက တိုက်ရိုက် ခန့်ပိုင်ခွင့်အား ပုဒ်မ (၂၃၂) ခ ပုဒ်မခွဲ (၁) (၂) (၃) တို့ဖြင့် ပြန်လည်ပြီး ချုပ်ကိုင်ထားတာကို မြင်သိရပါလိမ့်မယ်..။

ဒီတော့ ကျနော်တို့တစ်တွေ သမ္မကြီး ဦးသိန်းစိန်ဟာ ရုပ်သေး သမ္မတ သမ္မတကြီး ဦးသိန်းစိန် အစိုးရသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ညွန်ကြားချက်အောက်မှာသော်လည်းကောင်း၊ ကာချုပ်၏ သဘောတူညီမူဖြင့်သော်လည်းကောင်း လှုပ်ရှားနေရတယ်ဆိုတာ သိသာမည်ဟု ယုံကြပါသည်..။ နောက်တစ်ခု အထက်မှာဖော်ပြခဲ့သည်အတိုင်း အခန်း (၇) တပ်မတော် အခန်းမှာပါဝင်သော ပုဒ်မများအရ ၃၃၉ ပုဒ်မ၀ယ် စစ်ရေးစစ်ရာ ဟူသမျှ တပ်မတော်က ဦးဆောင်ရမည်ဟု ပါရှိသည့်အတွက်၊ ဘယ်သူ့ကို တိုက်တိုက် ဘယ်တိုင်းရင်းသားလက်နက်ကိုင်ကိုတိုက်တိုက် သမ္မတ ဘာမှလုပ်ပိုင်ခွင့် ပြောပိုင်ခွင့် တားဆီးပိုင်ခွင့်ကို မရရှိပါဘူး..။ သိပ်ဝမ်းနဲစရာကောင်းပါတယ်..။ ဒါမို့ ကချင်ကိုတိုက်နေခြင်းဟာ သမ္မတကို အသိပေးစရာမလိုပဲ တိုက်လို့ရနေပါတယ်၊ သမ္မတ၏ ညွှန်ကြားချက်မလိုပါဘူး၊ ကာချုပ်၏ အမိန့်ဖြင့် တိုက်လို့ရနေတယ်ဆိုတာကို သတိပြုစေလိုပါတယ်..။ တပ်မတော်က ဘယ်လောက် အာဏာယူထားသလဲဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အလွန်သိသာပါတယ်၊ ဒီထက်မက ထုတ်ပြစရာတွေ အများကြီး ပါနေပါသေးတယ်..။

```````````````````````````````````````````````````````````````````````
အငြင်ပွားနေရတဲ့ ၅၉ ကို စတင်ပြီး လေ့လာကြရအောင်ပါခင်များ..။

ပုဒ်မ ခွဲ (က) ကတော့ ထင်ရှားနေပါတယ်..။ ဒါတောင်ပဲ သစ္စာရှိသူ ဖြစ်ရမည်ဆိုတာ ဘယ်လိုသစ္စာရှိသူကို ခေါ်တာလဲဆိုတဲ့ မေးခွန်း ရှိလာနိုင်ပါတယ်၊ (ကျနော် အတွေးလွန်တာလဲ ဖြစ်ချင်ဖြစ်ပါမယ် ၊)

နောက်တစ်ခု (ခ) ကတော့ လုံးဝ ငြင်းစရာမလိုတဲ့ ပုဒ်မခွဲ ဖြစ်ပါတယ်..။ သံသယလဲ ရှိစရာမလိုပါဘူး..။ နောက် ပုဒ်မခွဲ (ဂ) ဒါကတော့ သမ္မတ၏ အသက် ကန့်သတ်ချက်ပါ..။ ပြဿနာတက်စရာမလိုပါဘူး..။

နောက် ပုဒ်မခွဲ (ဃ) နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး အုပ်ချုပ်ရေး စီးပွားရေး ၊ စစ်ရေး အမြင်များ ရှိရမည် ၊ လို့ သတ်မှတ်ထားပါတယ်..။ ဒီနေရာမှာ ပြောစရာက အခြားသော နိုင်ငံတွေမှာ သမ္မတတစ်ယောက် ဖြစ်လာဘို့အတွက် မြို.နယ်အုပ်ချုပ်နေရးမှူး ကို ပြည်သူတို့ကိုတိုင် ရွှေးချယ်ရပါတယ်၊ ပါတီတစ်ခုခုကပေါ့.။ မိမိတို့ အကျိုး မြို့နယ်အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်သူကို ပြည်သူများက ရွှေးချယ်တင်မြှောက်ကြပါတယ်..။နောက် မြို့နယ်မှသည် ခရိုင်၊ ခရိုင်မှသည် တိုင်း/ ပြည်နယ်များသို့ အုပ်ချုပ်ရေးမှူး အဆင့်အဆင့် ဖြတ်သန်းရပါတယ်၊ ပေါ်တော်မူတွေ မဟုတ်ရပါဘူး၊ အထက်ကအမိန့်ဆိုတာတွေ မပါရပါဘူး၊။ တိုင်း ဒေသကြီး ပြည်နယ် စသည်တို့မှ သိက္ခာ သမာဓိ စွမ်းရည်သတ္တိ စီးပွားရေး တိုးတက်မူ လူနေမူအဆင့်အတန်း မြင့်မားမူ စသည်တို့ဖြင့် မိမိတို့ တိုင်း မိမိတို့ပြည်နယ်များကို အကျိုးဆောင်ရပါတယ်..။ အဲ့ဒီလို အကျိုးဆောင်ပြီး မှတ်ကျောက်တင်ခံပြီးမှ ဗဟိုအုပ်ချုပ်ရေးနား ကပ်ရပါတယ်၊ အဲ့ဒီတော့ စစ်ရေး စီးပွားရေး အုပ်ချုပ်ရေး နိုင်ငံရေးအမြင်ဆိုတာကို ထင်ရှားပါတယ်..။ ပြည်သူတွေက ရွှေးကောက်တင်မြှောက်ခြင်း ဖြစ်ပါတယ်၊ အထက်က ခန့်အပ်တာမဟုတ်ပါဘူး.။

ဒီတော့ ကျနော်တို့ နိုင်ငံရေးဆိုတာကတော့ ပါတီတစ်ခုခုကို ဦးဆောင်နေပြီဆိုရင် နိုင်ငံရေးအမြင်ရှိလို့ ဟုသတ်မှတ်နိုင်ပါတယ်.။ အုပ်ချုပ်ရေးအမြင်.. န၀တ ခေတ်က ငြိမ်ဝတ်ပိပြားရေး ဆိုတာမျိုး ဖြစ်မှာ စိုးရပါတယ်။။ လက်နက်နဲ့ ငြိမ်နေအောင် လုပ်တာမျိုး ဖြစ်နေမှာစိုးရပါတယ်.။ ဒါက စကားချပ်ပါ..။ အုပ်ချုပ်ရေးအမြင် လောလောဆယ် အရပ်သား ဖြစ်နေကြတဲ့အတွက် ဘယ်လိုအုပ်ချုပ်ရမလဲဆိုတာ မသိကြပါဘူး. ဥပဒေကျောင်းဆင်း တွေမှအပပေါ့.။ ဥပဒေကျောင်းဆင်းတွေကတော့ ဥပဒေအရ သိနားလယ်လို့ တော်သေးတယ်၊ ထားတော့..

နောက် စီးပွားရေးအမြင် ရှိရမယ်.. ဘယ်လိုစီးပွားရေးအမြင်လဲ..သန်းကြွယ်သူဌေးဖြစ်နေတာကို ဆိုလိုတာလား.. စီးပွားရေးနဲ့ ဘွဲ့ရထားသူ ကိုဆိုလိုတာလား..။ စဉ်းစားစရာတွေပါ..။ အုပ်ချုပ်ပြီးမှ တိုးတက်မူ ဆုတ်ယုတ်မူကို တိုင်းတာမှာလား..။

နောက်တစ်ခု စစ်ရေးအမြင်… ဒါကပိုဆိုးသည်.. စစ်ရေးအမြင် DSA ကျောင်းမှ ဘွဲ့ရထားတာကို ဆိုလိုတာလား..။ အရပ်သားဆိုတာ ဘယ်လိုစစ်ရေးအမြင်ရှိနိုင်မလဲ..။ စစ်ရေးအမြင်ရှိရမယ်ဆိုရင် ကာချုပ်ကို ဘာလို့ခန့်နေမှာလဲ..။ မလိုဘူးပေါ့… စဉ်းစားစရာကို တင်ပြခြင်းပါ..။ ဒီနေရာမှာ စစ်ရေးအမြင်ဆိုတာထက် ကျနော့်အလို ငြိမ်းချမ်းရေးအမြင်ရှိသူ လို့တောင် ပြင်လိုက်ချင်ပါတယ်..။ ဘာဖြစ်လို့လဲ .. ခု ကျနော်တို့ တိုင်းပြည်ကို ၁၉၆၂ ခုနှစ်မှ စပြီး ၂၀၁၀ အထိ အုပ်ချုပ်လာတာ အရပ်သား မဟုတ်ပါဘူး.။ စစ်ဗိုလ်ချုပ်တွေပါ.. နောက် ဆုံး ခရိုင်အုပ်ချုပ်ရေးမှူးကစပြီး ဦးနေ၀င်း ဦးစောမောင် ဦးစန်းယု ဦးစိန်လွင် နောက်ဆုံးဆုံး ဦးသန်းရွှေတို့ ဆိုတဲ့ နိုင်ငံအာဏာကို ရယူထားသူ အားလုံးသည် စစ်ဗိုလ်ချုပ်များ ဖြစ်ကြပါတယ်၊ စစ်ရေးအမြင်ရှိသူများ ဖြစ်ကြပါတယ်.။ ကျနော်တို့ နိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်တွေ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပါတယ်၊ စစ်ဗိုလ်ချုပ်ကြီးတွေ အပြီးပြတ် တိုက်ပွဲမဆင်နိုင်ပါဘူး..။ တစ်ဖွဲ့နဲ့ ငြိမ်းချမ်းရေးယူလိုက် နောက်တစ်ဖွဲ့နဲ့ ချလိုက် ဖြစ်နေပါတယ်.။ နှစ်ပေါင်း ၆၀ ကျော်ပါပြီ။ စစ်ရေးအမြင်သာရှိပြီး ငြိမ်းချမ်းရေးအမြင်မရှိသည့်အတွက် မြန်မာပြည် မငြိမ်းချမ်းနိုင်တာ တစ်တိုင်းပြည်လုံးတင်မက တစ်ကမ္ဘာလုံးက သိနေတဲ့ကိစ္စပါ..။ ဒါမို့ စစ်ရေးအမြင်ထက် ငြိမ်းချမ်းရေးအမြင် ရှိရမည် ဟု ထည့်သွင်းတာက ပိုကောင်းမယ်လို့ ထင်ပါတယ်။

ဒါမို့ ဒီ ပုဒ်မခွဲ (ဃ) သည် အရပ်သားဟူသမျှ သမ္မတရာထူးကို မရနိုင်တော့ပါဘူး..။ မပြင်ရင်ပေါ့..။

စစ်ရေးအမြင် ဆိုတာကို သိသာအောင် တိုက်ပွဲတစ်ခုကို ဖန်တီးပြီး အုပ်ချုပ်ခိုင်းရမည် ဖြစ်နေပါတယ်..၊

နောက် ပုဒ်မခွဲ (င) ဆိုတာကတော့ ရှင်းပါတယ် အငြင်းပွားစရာမလိုပါဘူး။

နောက် ပုဒ်မခွဲ (စ) ၁၉၄၇ ခု ဖွဲ့စည်းပုံအခြေခံဥပဒေမှာလဲ မပါပါဘူး၊ ဒီလို ရေးဆွဲထားတာကို ၊ တိုင်းရင်းသား မိဘနှစ်ပါးက မွေးဖွားလာသူ ဖြစ်ရမည် နိုင်ငံတော်အပေါ် သစ္စာစောင့်သိသူ ဖြစ်ရမည်၊

ဒါတွေလောက်ပါပဲ..။ ခု အထက်က ဖတ်ခဲ့တဲ့ ပုဒ်မကို မိတ်ဆွေများ ပြန်လည်သတိရမိမယ်လို့ ထင်ပါတယ်၊ တိတိကျကျ သက်သေမပြနိုင်ပေမဲ့ အခြား ဒီမိုကရေစီနိုင်ငံမှာ မရှိပါဘူးတဲ့၊ ခုဟာက သားသမိးတွင်မကဘူး သားသမီး၏ ချွေးမ သားမက် တွေ အကုန်ပါနေပါတယ်၊ ဒီလောက်ကြီး ဖြစ်စရာလဲ မရှိပါဘူး၊ ဒါမို့ ဥပဒေပညာရှင်များနှင့် ကမ္ဘာ့အသိုင်းအ၀ိုင်းက ဒီဥပဒေဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင် တမင်ရည်ရွယ်ပြီး ရေးထားသည်ဟု သုံးသပ်ကြပါတယ်၊

အခြေခံဥပဒေဆိုတာ အခြားသော ရာဇသတ်ကြီး ဦးပဒေများ၏ Mother Naw ဖြစ်ပါတယ်၊ အခြေခံဥပဒေကို ရေးဆွဲသည့်နေရာမှာ တရားမျှတခြင်း လွတ်လွပ်ခြင်း ၊ တန်းတူညီမျှခြင်း စတဲ့ သဘောတရားတွေကို အခြေခံရပါတယ်၊။။

ဒီ ၂၀၀၈ ဖွဲ့စည်းပုံမှ တရားမျှတခြင်းတွေ အများကြီး ခေါင်းပါးနေပါတယ်..။ မိတ်တွေများ လေ့လာစေလိုပါတယ်..။

ဒီတော့ ကျနော်ပြောလိုတာက ဒီဥပဒေကို မပြင်မချင်း… တိုင်းရင်းသားရော ဗမာပြည်သူပြည်သားတွေ ဘယ်လောက်ပဲ မိုးပျံအောင်တော်နေပါစေ ဘယ်တော့မှ သမ္မတမဖြစ်ဘူးဆိုတာ သိစေခြင်ပါတယ်၊

နောက်ပြီး ဒီဥပဒေကို မပြင်သမျှ ကျနော်တို့ ရရှိလာတဲ့ သမ္မတဟာ ဘာတစ်ခုမှ ထိထိရောက်ရောက် လုပ်ပိုင်ခွင့်လည်း ရှိလာမှာမဟုတ်ပါဘူး၊ ဒါမို့ ယခုသမ္မတ ဦးသိန်းစိန်ဟာ အများအမြင်မှာ ရုပ်သေးသမ္မတဖြစ်နေပါတယ်၊ အကယ်၍ မရှင်းပါက တတ်သိနားလယ်သော ဥပဒေပညာရှင်များကို မေးမြန်စေလိုပါတယ်..။ ကျနော်ကတော့ မိတ်ဆွေများကို တင်ပြယုံသက်သက်ပါ..။

အမြင်မတူတာတွေ ရှိလာနိုင်ပါတယ်၊ ကွဲလွဲနိုင်ပါတယ်ခင်များ။

ကျေးဇူးအထူးတင်ပါတယ်၊
မိုးတိမ်လွှာ (၂၀.၄.၂၀၁၄)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.