05/05/14

Photo..National Channel
ယနေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၃၈ မိနစ် ခန့်က နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ၏ ထုတ်ပြန်ချက်များအရ ထိုင်းနိုင်ငံကို ဗဟိုပြု၍ အင်အား ရစ်ခ်ျစတာစကေး 5.8 အဆင့် ရှိ အင်းအားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်းသိရသည်။ ယင်းငလျင်၏ သက်ရောက် မှုကြောင့် ရန်ကုန် ၊ ရှမ်းပြည်နယ် ၊ မန္တလေး ၊ ကယား ပြည် နယ် တို့တွင်လည်း လှုတ်ခတ်မှုကိုခံစားခဲ့ရကြောင်းသိရသည်။

Myanmar News Network

လူရည်ချွန်လူငယ်တွေ...၊ ကင်းထောက်လူငယ်တွေကို ပျိုးထောင်ပေးတာ..၊ ချီးမြှောက်တာဟာ ကောင်းပါတယ်...။ အရည်ချင်းရှိရင် ရှိတဲ့သူတွေကို နေရာပေးတာဟာ ပိုကောင်းတာမို့ ဘာမှပြောစရာ မရှိပါဘူး...။

အရောင် မဆိုးရင်ပေါ့....။

ဒါပေမဲ့ ကျနော်တို့နိုင်ငံမှာ အစိုးရတွေဟာ လိုတာထက်ပိုပြီး လုပ်တတ်တာရယ်...၊ လိုရင်လိုသလို အရောင်ဆိုး အသုံးချ အရောင်းပြောင်းတတ်ကြတဲ့ $ကျင့်တွေကြောင့် သိပ်မကြိုက်မိတာ အမှန်ပါ...။ ဆိုရှယ်လစ်ခေတ်တုန်းကတော့ ခပ်ငယ်ငယ်ကျောင်းသား အရွယ်ဘ၀မှာ လမ်းစဉ်ပါတီ..၊ လမ်းစဉ်လူငယ်တွေ ဆိုပြီး လေ့လာရေးတွေ..၊ သင်တန်းတွေ ကျနော်ဘုမသိ ဘမသိ လိုက်သွားခဲ့ဘူးပါတယ်...။ တကယ်တော့ ဒါဟာ နိုင်ငံရေး ပေါ်လစီပြောင်းဖို့ မသိမသာ အားယူတာ ဖြစ်သလို..၊ အရောင်ပြောင်း ပုံသွင်းဖို့ သိပ်လွယ်လွန်းတဲ့ ကလေးတွေ ပုံစံခွက်ထဲသွတ်သွင်းဖို့ စီစဉ်ပြီး...၊ အများသဘောကျ အားကျစေလိုတဲ့ ရည်ရွယ်ချက်ကို ကာဗာယူပြီး ဒီလို လူရည်ချွန်မောင်မယ်တွေကို ကြိုဆိုဖို့ လမ်းမပေါ်မှာ လိုအပ်တာထက်ပိုတဲ့ လိမ်ဆင်ပြီး ဖိအားပေးကြို ဆိုခိုင်းတာ တွေမြင်ရတော့ ဦးနေ၀င်း နဲ့ လမ်းစဉ်ပါတီရဲ့ လုပ်ရပ်တွေကို မြင်ယောင်မိပါတယ်...။ ဒီတော့ ဒီလိုအပြုအမူတွေ နဲ့ ဒီလမ်းစဉ်တွေဟာ ဦးသိန်းစိန် နဲ့ ကြံ့ခိုင်ရေးပါတီရဲ့ မှန်ကန်တဲ့ လမ်းစဉ်တစ်ခုလို့ ယုံကြည်ယူဆဖို့ ကျနော့်အနေနဲ့ မချင့်မရဲဖြစ်မိတာပါ.....။

တကယ်တော့ ချီးမြှောက်တယ်...၊ အားပေးတယ်ဆိုရင်တောင်မှ အခြားသောသူတွေကို အလုပ်ပို ၀န်ပိစေတာမျိုး ရှောင်ရှားဖို့ လိုပါတယ်....။ ဒီနေ့ တောင်ကြီးမှာ ကလေးတွေကို ကြိုဆိုဖို့ ဆိုပြီး ဆရာတွေ..၊ ဆရာမတွေ..၊ ကျောင်းသား/သူတွေကို တန်းစီပြီး နေပူထဲ အတင်း ဖိအားပေးစောင့်ခိုင်းတာမျိုးဟာ အမြင်ကြည်သူတွေရှိနိုင်သလို...၊ အမြင် မကြည်တဲ့သူတွေလည်း ရှိလာနိုင်တာမို့ ရည်ရွယ်ချက်ထား သပ်လျှို ပြီးသွေးခွဲတာမျိုး လားလို့ သံသယ ဖြစ်မိပါတယ်....။ သံသယဖြစ်တာဟာ မကောင်းဘူးလိုပြောချင်ပြော...၊ ဒါပေမဲ့ ဒီနိုင်ငံမှာ အားကောင်းတဲ့ အဖွဲ့အစည်းတွေဟာ ဒီလိုပဲ သပ်လျှိုပြီး သွေးခွဲခဲ့ကြတာဟာ သက်သေတွေပါပဲ...။

ဒါကြောင့် အဖြူ ထည်လေးတွေကို အရောင်မဆိုးပါနဲ့..........


Ko Nay My0(ချယ်ရီမြေ)


အမေရိကန် သမ္မတ အိုဘားမား ကင်းထောက်မောင်မယ်များအား အိမ်ဖြူ တော်တွင် လက်ခံတွေ့ဆုံစဉ်..

Ko Nay My0


နိုင်ငံသားတစ်ယောက်၊ နိုင်ငံသားတောင် ရိုးရိုးနိုင်ငံသား အဆင့်ထက် ကျော်လွန်တဲ့ နိုင်ငံရဲ့ အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရင်နှစ်သည်းခြာ သမီးတစ်ယောက်၊ သန်းနဲ့ချီတဲ့ ပြည်သူပေါင်း မြောက်များစွာကို ကိုယ်စားပြုနိုင်တဲ့ နိုင်ငံရေးခေါင်းဆောင် တစ်ယောက်ကို အနာဂတ် နိုင်ငံ့အကြီးအကဲ မဖြစ်နိုင်အောင် တမင် ရည်ရွယ် ပိတ်ဆို့ဟန့်တား ထားတာ ဆိုရင် ဒါဟာ ညစ်ပတ်တဲ့ နိုင်ငံရေးပါပဲ။
မဇ္ဇျိမ သတင်းစာ၊

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က ဧရာဝတီတိုင်း လေးမျက်နှာမြို့မှာ ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၅၉ (စ) ကို မပြင်ဆင်ရေးအတွက် လူထုဆန္ဒ ဖော်ထုတ်တဲ့ လှုပ်ရှားမှု တစ်ရပ် ပြုလုပ်ခဲ့ကြပါတယ်။ ပုဒ်မ ၅၉ (စ) မပြင်ရေးကို နိုင်ငံရေးပါတီကြီး တစ်ရပ် ခေါင်းစဉ်အောက်မှာ လှုပ်ရှားမှု လုပ်ခဲ့တာပါ။ ဆန္ဒထုတ်ဖော်သူတွေ ကိုင်ဆောင်ထားတဲ့ ဆိုင်းဘုတ်တွေထဲမှာ “ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ” ဆိုတဲ့ ကြွေးကြော်သံ ဆိုင်းဘုတ်တွေလည်း ပါဝင်တာ တွေ့ရပါတယ်။ ခုလို ပုဒ်မ ၅၉ (စ) ပြင်မပေးရေးနဲ့ ပါတ်သက်ပြီး ဒီ့မတိုင်ခင်က လူထု စည်းဝေးပွဲတွေ လုပ်ခဲ့ဖူးတာတွေရှိပေမယ့် နိုင်ငံရေး ပါတီ တစ်ခုရဲ့ ခေါင်းစဉ် အောက်မှာတော့ မဟုတ်ခဲ့ပါဘူး။ အခြားသော ခေါင်းစဉ်အောက်မှာ လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာတော့ အဲဒီ လှုပ်ရှားမှုတွေ၊ ပါတီတွေ၊ အဖွဲ့အစည်းတွေကိုတော့ ဘယ်သို့ ဘယ်ပုံ ဝေဖန်မှာ မဟုတ်ပါဘူး။ အရင် စစ်အာဏာရှင်တွေက ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ပုဒ်မ ၅၉ (စ) ကို ထည့်သွင်းသွားတဲ့ ကိစ္စ၊ ဒါနဲ့ ပါတ်သက်ပြီး ငြင်းခုံမှုတွေ၊ သမ္မတရဲ့ ပြောဆိုချက်တွေနဲ့ ဘယ်ဟာတွေဟာ “ညစ်ပတ်တဲ့ နိုင်ငံရေး၊ ညစ်ပတ်တဲ့ နိုင်ငံရေးသမား၊ ညစ်ပတ်တဲ့ နိုင်ငံရေးပါတီ” တွေ ဖြစ်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

အရင် စစ်အာဏာရှင်တွေ စိတ်ကြိုက်ရေးဆွဲ၊ ပြဌာန်း အတည်ပြုပြီး ဒီကနေ့ အငြင်းပွားနေကြရတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ထဲက ပုဒ်မ ၅၉ (စ) ဆိုတာ ဒီလိုပါ။ နိုင်ငံတော် သမ္မတ၊ ဒုသမ္မတ တွေရဲ့ အရည်အချင်းသတ်မှတ်ချက် မှာ “ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိဇ။် မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိဇ။် ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိဇ။် တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦးဇ။် ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံတော် အစိုးရဇ။် ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ၊ သို့မဟုတ် နိုင်ငံခြား အစိုးရဇ။် လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါးဇ။် နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြား အစိုးရဇ။် လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါးဇ။် နိုင်ငံသားသော်လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။” လို့ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီ ပြဌာန်းချက်နဲ့ ပါတ်သက်ပြီး နိုင်ငံရေး လေ့လာဆန်းစစ်သူတွေ၊ ဖွဲ့စည်းပုံ ကျွမ်းကျင်သူတွေ အားလုံးနီးပါးလောက်က အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ့အကြီးအကဲဖြစ်တဲ့ ဒုသမ္မတ၊ သမ္မတ ဖြစ်ခွင့်မရအောင် တမင်ကြံစည် ရေးဆွဲ ထည့်သွင်းထားတာပဲလို့ ပြောဆိုကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အဲဒီလိုပဲ ထောက်ပြပြောဆိုပါတယ်။ တကယ်လို့သာ နိုင်ငံသားတစ်ယောက်၊ နိုင်ငံသားတောင် ရိုးရိုးနိုင်ငံသား အဆင့်ထက် ကျော်လွန်တဲ့ နိုင်ငံရဲ့ အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရင်နှစ်သည်းခြာ သမီးတစ်ယောက်၊ သန်းနဲ့ချီတဲ့ ပြည်သူပေါင်း မြောက်များစွာကို ကိုယ်စားပြုနိုင်တဲ့ နိုင်ငံရေးခေါင်းဆောင် တစ်ယောက်ကို အနာဂတ် နိုင်ငံ့အကြီးအကဲ မဖြစ်နိုင်အောင် တမင် ရည်ရွယ် ပိတ်ဆို့ဟန့်တား ထားတာ ဆိုရင် ဒါဟာ ညစ်ပတ်တဲ့ နိုင်ငံရေးပါပဲ။ ဒါပေမယ့် လက်ရှိ နိုင်ငံ့အကြီးအကဲ လုပ်နေသူ စစ်ခေါင်းဆောင်ဟောင်းတွေက ဖွဲ့စည်းပုံထဲက အဲဒီ အချက်ဟာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းကို တမင် ရည်ရွယ် ထည့်သွင်းခဲ့တာ မဟုတ်ဘူးလို့ ငြင်းနေကြပါတယ်။ သူတို့ ဘယ်လိုပဲ ငြင်းချက်ထုတ်ထုတ် ဖွဲ့စည်းပုံထဲက အဲဒီ အချက်ကို မပြင်နိုင်ရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုသမ္မတ၊ သမ္မတ စတဲ့ နိုင်ငံ့အကြီးအကဲ မဖြစ်နိုင်တာကတော့ အလွန့်အလွန်ကို သေခြာနေပါတယ်။ ဒါကိုတော့ ဘယ်သူမှ မငြင်းကြပါဘူး။

ဒီအတွက် ၂၀၁၅ ရွေးကောက်ပွဲ နီးလာချိန် အင်န်အယ်လ်ဒီ နဲ့ တက်ကြွလှုပ်ရှားသူတွေ ဘက်က ဒီ ပုဒ်မ ပြဌာန်းချက် ပယ်ဖျက်ပေးဖို့ ဆန္ဒပြ တောင်းဆိုတာတွေ လုပ်လာချိန် တစ်ဖက်ကလည်း တန်ပြန် လှုပ်ရှားမှုတွေ ပေါ်ပေါက်လာတာ တွေ့ရပါတယ်။ ဒီလှုပ်ရှားမှု လုပ်သူတစ်ချို့ဟာ အမျိုးဘာသာ စောင့်ရှောက်ရေး ခေါင်းစဉ်ကို အသုံးချကြတာလည်း တွေ့ရပါတယ်။ ဆရာတော် အရှင် ၀ီရသူက ဆိုရင် အဲဒီ ပုဒ်မနဲ့ ပါတ်သက်ပြီး ခုလို ပြောခဲ့ပါတယ်။ “အမေစု တစ်ယောက်တည်း အတွက်ဆို လက်ခံတယ်။ တရုတ် ကုလားတွေကို ဘယ်လိုကာထားမလဲ။ အဲလို ကာထားပေးမယ်ဆိုရင် အမေစုကို ခြွင်းချက်အဖြစ် လက်ခံပေးလို့ ရပါတယ်။” တဲ့။ တကယ်ဆို ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၃) နိုင်ငံတော် အကြီးအကဲ အခန်းမှာ နိုင်ငံတော် သမ္မတ ဒုသမ္မတ အရည်အချင်းသတ်မှတ်ချက်၊ ပုဒ်မ ၅၉ (ခ) မှာ “ မိမိနှင့် မိမိဇ။် မိဘ နှစ်ပါးလုံး နိုင်ငံတော်ဇ။် အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှ ဖြစ်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်။” ဆိုပြီး အတိအလင်း ဖော်ပြထားတာကို သိသိကြီးနဲ့ တရုတ်၊ ကုလားကြောင့် ဒီ ပုဒ်မ ကို ပြင်ဖို့ မလိုဘူး ဟောပြောကြတာတွေဟာလည်း ညစ်ပတ်တဲ့ နိုင်ငံရေးပါပဲ။

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က သမ္မတ ဦးသိန်းစိန် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပါတယ်။ အဲဒီမှာ သူက “ကျွန်တော့ရဲ့ သဘောထားကတော့ မည်သည့် မြန်မာနိုင်ငံသား တိုင်းရင်းသားတစ်ဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ် တားမြစ်တာမျိုး မဖြစ်စေလိုတဲ့ နိုင်ငံရေး စေတနာရှိသလို တစ်ဖက်ကလည်း မိမိတို့အမျိုးသား အကျိုးစီးပွား နှင့် မိမိတို့နိုင်ငံရဲ့ အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့် လျောက်ပတ်တဲ့ အကာအကွယ် ပေးနိုင်သည့် အခြေခံမူများ ရှိရန် လည်း လိုလားပါတယ်။” လို့ ပြောခဲ့ပါတယ်။ ဒီပြောစကား အကောင်အထည်ဖော်ချင်တယ် ရှင်းလင်းချင်တယ် ဆိုရင် ပြင်ဆင်ပြီးဖြစ်မယ့် ဖွဲ့စည်းပုံအရ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ့အကြီးအကဲ ဖြစ်ခွင့်ရှိရမယ် ဆိုတာမျိုး အတိအလင်း အာမခံဖို့ လိုပါတယ်။ အဲဒီ အာမခံချက်အောက်မှာ တရုတ်တွေ၊ ကုလားတွေ၊ နှာခေါင်းရှည်တွေ၊ နှာခေါင်းပြားတွေ နိုင်ငံ့အကြီးအကဲ ဖြစ်ခွင့်ကနေ ကန့်သတ်ထားမယ့် အချက်၊ ကြိုက်သလောက် ထည့်သွင်းနိုင်ပါတယ်။

သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်နာယက သူရ ဦးရွှေမန်း၊ ဖွဲ့စည်းပုံပြင်ရေးမှာ အလွန်အရေးပါတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအ၀င် ကောင်းမွန်တဲ့ နိုင်ငံရေး လုပ်မယ့်သူတိုင်း၊ ကောင်းမွန်တဲ့ နိုင်ငံရေး လုပ်မယ့် ပါတီ၊ အဖွဲ့အစည်းတိုင်း ပြင်ဆင်မယ့် ဖွဲ့စည်းပုံမှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ့အကြီးအကဲ ဖြစ်ခွင့် တားဆီးပိတ်ပင်ထားတာမျိုးကို မထည့်သွင်းလိုပါဘူးလို့ ထုတ်ဖော် ပြောဆိုကြဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ပဲ တရုတ်ကုလား အကြောင်းပြ၊ အမျိုးဘာသာ သာသနာကို အသုံးချ၊ နိုင်ငံခြားသားတွေကို လက်ညှိုးထိုးပြပြီး တကယ့်တကယ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ့အကြီးအကဲ ဖြစ်လာစေရေး ပိတ်ပင်တားဆီးမယ့် နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်လာမယ် ဆိုရင် အဲဒီလူတွေ အဲဒီ အဖွဲ့အစည်းတွေဟာ ညစ်ပတ်တဲ့ နိုင်ငံရေး သမားတွေ၊ ညစ်ပတ်တဲ့ နိုင်ငံရေးပါတီ နဲ့ အဖွဲ့အစည်းတွေပဲ ဖြစ်တယ်ဆိုတာ သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။

ဦးကျော်သူတို့က လူတွေရဲ့ ခန္ဓာကိုယ် အကြွင်းအကျန်တွေ၊ မြို့ထဲက အမှိုက်သရိုက်တွေလောက် နဲ့ လူတွေရဲ့ ရောဂါတွေလောက်ကို နိုင်သလောက် ရှင်းလင်းရေး လုပ်တာဆိုတော့ .... ဆုတွေ ဘာတွေ ဘယ်ရပါ့မလဲ။

ဦးတေဇဆိုတာက ... ရိုးမတောကြီးတွေကို ပြောင်အောင် ရှင်းတာ။ မြေကြီးထဲက ကျောက်သံပတ္တမြားတွေကို ပြောင်အောင်ရှင်းတာ။ နိုင်ငံသူ နိုင်ငံသားတွေ ပြောင်သလင်းခါသွားအောင် လက်နက်တွေ သွင်းပေးတာ ... စတာတွေ လုပ်တာ မဟုတ်လား။

ဒီတော့ ဦးတေဇက လူမှု့ရေးလုပ်ဆောင်မှုတွေမှာ ဆုရတာ ဘယ်ထူးဆန်းမလဲ။ သမ္မတကြီးက ဒီလိုလူမျိုးတွေကို ဆုပေးရမှာပေါ့။

ကိုကျော်သူတို့ ဦးတေဇကို မီဖို့ အတော်ကြိုးစားသင့်တယ်။

(ကိုထိုက်)

(စာကြွင်း ... တကယ်ကလည်း ကိုကျော်သူတို့ကို ၃သိန်းစိန်က ဆုမပေးတာလည်း တကယ်ကောင်းပါတယ်။ ... လူသတ်သမားက လူကယ်သမားတွေကို ဆုပေးတာမျိုးမှာ ဆုသွားယူရမယ် ဆိုရင်လည်း ... မသင့်တော်လှဘူးလေ။)
Ko Htike

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.