05/17/14


သမ္မတကြီးရဲ့စကားကို ကြားရတာ ဒီဖွဲ့စည်းပုံအခြေခံကို မပြင်ချင်တဲ့သဘောလို့ မြင်ရတယ်

သိက္ခာရှိရှိအိနြေ္ဒရရနဲ့ ရုပ်သိမ်းခြင်းမျိုးကို မလိုချင်ကြဘူးလား
လွှတ်တော်ထဲကနေသိက္ခာရှိရှိ ရုပ်သိမ်းထွက်ခွာရတာမျိုးကို မလိုချင်ကြဘူးလား

၂၀၁၅ မှာမဲနိုင်ချင်လို့ ဒီဖွဲ့စည်းပုံကို မပြင်ချင်ဘူးလုပ်နေတာလား -
မဲနိုင်ချင်တယ်ဆိုရင် ပြည်သူလူထုနှလုံးသား ကို ရယူသိမ်းပိုက်နိုင်မှဖြစ်မှာ
ပြည်သူတွေကို ခြိမ်းခြောက်ရုံနဲ့မရနိုင်ဘူး

ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျမတို့ပြည်သူနဲ့ တပ်မတော်အကြား အခွင့်အရေးတန်းတူညီမှုမရှိအောင် ခွဲခြားထားတဲ့ အရာတစ်ခုပဲ

ဖွဲ့စည်းပုံကို အကုန်မပြင်ဘဲနဲ့ ဟိုဟာလေးကွက်ပြင်ပေးမယ် ဒီဟာလေးကွက် ပြင်ပေးမယ် လုပ်တာ ကျမမကြိုက်ဘူး ဒါဟာကျမတို့ကို သွေးခွဲနေတာ
ကျမတို့တိုင်းရင်းသားတွေအကြားသွေးခွဲနေတာ ..

မောင့်ဘက်တန်ကမေးလို့ ဖဖေ (ဗိုလ်ချုပ်အောင်ဆန်း) ပြောခဲ့တယ် ၊ စစ်ဗိုလ်နိုင်ငံရေးသမားမဖြစ်ချင်ဘူး ၊ နိုင်ငံရေးလုပ်မယ်ဆိုရင် စစ်တပ်ကထွက်မယ် ၊ နိုင်ငံရေးလုပ်ချင်ရင် စစ်တပ်ကထွက် ဒါပဲ.. တဲ့
အဲဒီတော့ .....
ဒီပုဒ်မ ၄၃၆ဟာ တပ်မတော်ကို အခွင့်ထူးပေးထားတာ အခွင့်ထူးပေးတယ် အခွင့်ထူးခံတယ်ဆိုတာ အင်မတန်ရှက်စရာကောင်းတယ်
ကျမသာ အခွင့်ထူးပေးခံရတယ် ဆိုရင် ကျမအလွန်ရှက်မိမှာပဲ

"တပ်မတော်ကလည်း ပြည်သူကိုမယုံဘူး
ပြည်သူကလည်း တပ်မတော်ကို မယုံဘူး
တစ်ချို့  ပုဂ္ဂိုလ်တွေကလည်း အနာဂတ်ကို ယုံကြည်မှု မရှိဘူး"

"ကျမတို့ နိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးရှိစေချင်တယ်
တရားဥပဒေ စိုးမိုးရေးဆိုတာ ပြည်သူတွေ အတွက် လုံခြုံရေး ဖြစ်တယ်"

"ဒီမိုကရေစီဆိုတာ မတူညီတဲ့ သဘောတရားတွေရှိရင်
ဆွေးနွေးပြီး ညှိနှိုင်းနိုင်တဲ့ အရည်အချင်းတွေ မွေးထုတ်ရမယ်"

"ဒီလောက်တောင်ယုံကြည်စေချင်လို့ရှိရင် ယုံကြည်မှုကိုတည်ဆောက်ဖို့အဓိကဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကို ဘာဖြစ်လို့မလိုလားလဲလို့ ကျမမေးချင်တယ်"

၂၀၁၅ မှာမဲနိုင်ချင်လို့ ဒီဖွဲ့စည်းပုံကို မပြင်ချင်ဘူးလုပ်နေတာလား -
မဲနိုင်ချင်တယ်ဆိုရင် ပြည်သူလူထုနှလုံးသား ကို ရယူသိမ်းပိုက်နိုင်မှဖြစ်မှာ
ပြည်သူတွေကို ခြိမ်းခြောက်ရုံနဲ့မရနိုင်ဘူး

ကာ/ချုပ်နဲ့တကွ တပ်မတော်သားတွေကို ကျမပြောလိုက်ချင်တယ် တပ်မတော်ရဲ့သိက္ခာကို ထိမ်းသိမ်းဖို့အတွက် ဒီပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ တပ်မတော်သားတွေက အရင် ပါဝင်လက်မှတ်ရေးထိုးတောင်းဆိုကြပါလို့ .. တပ်မတော်သားတွေက တောင်းဆိုလာမယ်ဆိုရင် ကျမ လက်မှတ်ထိုးဖို့စာအုပ်တွေ ပို့ပေးလိုက်ချင်ပါတယ်

......
၄၃၆ ဆိုတာ ကျမတို့နဲ့တပ်မတော်အကြားသွေးခွဲထားတဲ့ ဥပဒေ

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းမိန့်ခွန်းကောက်နှုတ်ချက်(NLD)
ကျနော်တို့ရဲ့တောင်တန်းတွေ မြစ်ချောင်းတွေကို ကာကွယ်ဖို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ပေးပါ
အာဏာနဲ့နိုင်ရာစီးဖြစ်နေတဲ့ တောရိုင်းဥပဒေလိုဖြစ်နေတဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ပေးပါ
နိုင်ငံခြားမှာ အိမ်ဖော်သွားလုပ်နေရပြီး ဘ၀အခြေနိမ့်ကျနေရတဲ့ ကျနော်တို့နိုင်ငံသား ညီမငယ်တွေကို ကယ်တင်နိုင်ဖို့
ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ပေးပါ
(ဦးမင်းကိုနိုင် ဟောပြောချက်မှ ကောက်နှုတ်ချက်)
Aye Mya Mya Myo'ထင် လင်း ဦး.Yiyimyint Myint
"ဒီကနေ့ဟာ လူထုရဲ့အရေအတွက် အင်အားနဲ့ပြရတဲ့ပွဲမျိုး မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တကယ်တမ်းသာ အရေအတွက်အင်အားပြရမယ်ဆိုရင် ဟောဒီ ရန်ကုန်မြို့တစ်မြို့လုံး၊ စည်ပင်သာယာနယ်နမိတ်တစ်ခုလုံး လူပင်လယ်ကြီး ပြည့်သွားအောင်၊ လမ်းတွေပေါ်ပြည့်လာအောင် ကျနော်တို့အားလုံး ဖန်တီးနိုင်ပါတယ်။ လိုအပ်ခဲ့ရင် အားလုံး လမ်းတွေပေါ်မှာ ပြည့်သွားအောင်အထိ စွမ်းဆောင်လည်း စွမ်းဆောင်နိုင်မယ်။ စွမ်းဆောင်လည်း ပြခဲ့ပြီးပါပြီ။ လိုအပ်တယ်ဆိုရင် အင်အားကိုပြတာမျိုး အရေအတွက်ကို ပြတာမျိုး ကျနော်တို့ လုပ်နိုင်ပါတယ်။ ဒါပေမယ့် ဒီကနေ့ကျနော်တို့က အရေအတွက်အင်အားကိုပြပြီး ခြိမ်းခြောက်တာမျိုး မဟုတ်သေးပါဘူး။ ဘာကိုပြတာလည်းဆိုတော့ ကျနော်တို့ပြည်သူလူထုရဲ့ အရည်အချင်းကို ပြတာပါ။ အရည်အချင်းဆိုတာ ဘာလဲဆိုတော့ ပြည်သူလူထုဟာ ဘာမှ မသိနားမလည်တဲ့ကောင်တွေကွာလို့ အဲဒီအဓိပ္ပာယ်နဲ့ တင်းကြပ်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဆိုပြီး သူတို့ပြထားတယ်။ ကျနော်တို့ပြည်သူလူထုဟာ အခုကြည့်ပါ။ ငြိမ်သက်စွာ စည်းကမ်းရှိစွာနဲ့ နားထောင်တယ်။ ဒီမှာ လူထုခေါင်းဆောင်ရှိတယ်။ သူကသာ ပြည်သူလူထုကြီး မတ်တပ်ရပ်ပြလိုက်ပါဆိုရင် အားလုံး မတ်တပ်ရပ်ပြမယ် မဟုတ်လား။ ပြည်သူလူထုကြီး လက်တွေအားလုံးမြှောက်လိုက်ပါဆိုရင် မြှောက်မယ် မဟုတ်လား။ "

ဦးမင်းကိုနိုင်
ဗိုလ်စိန်မှန်ကွင်း၊ ရန်ကုန်


မေ (၁၅) ရက်နေ့က မန္တလေးမြို့ ၊ မြို့တော်ခန်းမမှာ ကျင်းပခဲ့တဲ့ စာတတ်မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြုအခမ်းအနားမှာ နိုင်ငံတော်သမ္မတကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကြောင့် တိုင်းပြည်ဆူပူမည် ကို ပြည်သူပြည်သား များက မလိုလားကြဘူး လို့ ထည့်သွင်းပြောကြားခဲ့ပါတယ် ။

ဒီစကားဟာ အမှန်ပါ ။ ပြည်သူတွေက တိုင်းပြည်မှာ ဆူပူမှုတွေဖြစ်မှာကို မလိုလားသလို ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသူတွေ ကလည်းမလိုလားကြပါဘူး ။ ဒါပေမဲ့ စကားအဖြစ်နဲ့တင် စိုးရိမ်ကြောင်း ပြောမနေဘဲ ဒီပြဿနာတွေမဖြစ်လာ အောင် လုပ်ဆောင်ပေးရမဲ့တာဝန်က ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ ။ ဒီဖွဲ့စည်းပုံဟာ ပြင်ဆင်ဖို့ မလိုလောက်အောင်ကို ပြီးပြည့်စုံနေပါသလား ၊ ဒီမိုကရေစီစနစ်ကို တကယ်ပဲ တည်ဆောက်နိုင်မဲ့ ဥပဒေလား ၊ ပြည်ထောင်စုစနစ်ကို အမှန်တကယ် ဖော်ဆောင်နိုင်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ကို တကယ်ဖော်ဆောင်နိုင်မဲ့ ဥပဒေလား ၊ နိုင်ငံသားတို့ရဲ့ အခွင့်အရေးတွေကို တကယ်ပဲ ဖော်ဆောင်ပေး ၊ အကာအကွယ်ပေး နိုင်မဲ့ဥပဒေလား ဆိုတာကို အနီးမှာ အကြံပေးမဲ့ ထောက်ပြမဲ့သူတွေ ၀န်းရံနေတဲ့သမ္မတကြီး တစ်ယောက် အနေနဲ့ မသိစရာမရှိလောက်ဘူးထင်ပါတယ် ။ ဟိုကသည်က ကူးရေး ပြီး ကိုယ့်အလိုကျ ဖြည့်စွက်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးဟာ ခေတ်စနစ်နဲ့လည်း မကိုက်ညီ ၊ ဒီမိုကရေစီ စနစ်နဲ့လည်း မကိုက်ညီတဲ့ ဥပဒေကြီးကို ပြင်ဆင်ဖို့ လိုတယ်ဆိုတာလည်း အားလုံးအသိပါ ။

အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တကယ်စိတ်လိုလက်ရ လိုလားသူတစ်ယောက်အနေနဲ့ဆိုရင် ဒီလိုအခြေအနေမျိုးမှာ အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးညှိနှိုင်းမှုကို ဖိတ်ခေါ်သင့် ၊ ခေါ်ယူဆွေးနွေးသင့်တယ်လို့ ထင်မြင်ယူဆပါတယ် ။ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အေးအေး ချမ်းချမ်း ပြင်ဆင်နိုင်ဖို့ အတွက် ညှိနှိုင်းဆွေးနွေးပွဲတွေကနေ သွားနိုင်ပါလျက်နဲ့ ၊ တိုင်းရင်းသားတွေပါ ပါဝင်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ငြိမ်းချမ်းစွာ ပြင်ဆင်သွားဖို့ကို ကတိက၀တ်ပြု ဦးဆောင်ဦးရွက်ပြုသင့်တဲ့ သူတစ်ယောက်အနေအထားကို လျစ်လျှူရှု ခဲ့တဲ့ အတွက် ခုလို အခြေအနေတစ်ခု ဆိုက်ရောက်လာရတာပါ လို့ ဆိုရင် ဘယ်လိုများ ငြင်းချက် ထုတ်ဦးမလဲ ဆိုတာ သိချင်ပါသေးတယ် ။

ခုလို နိုင်ငံတော် အကြီးအကဲတစ်ယောက်က တိုင်းပြည်ဆူပူမှုဖြစ်မှာကို စိုးရိမ်တယ် ဆိုတဲ့ စကားကို အချိန်ကိုက် ထုတ်ပြောတာဟာ ဘယ်လိုများပါလိမ့်လို့ သံသယဖြစ်မိပါတယ် ။ တကယ်စိုးရိမ်တာဆိုရင်တော့ အဲဒီလိုအခြေအနေမျိုး တွေမဖြစ်ရလေအောင်
ဆန္ဒဖော်ထုတ်ပွဲတွေကို တစ်ရက်တည်း ၊ တစ်နေရာတည်းမှာ ခွင့်ပြုချက်ပေးတာမျိုးတွေ မဖြစ်ဖို့
ဒေသန္တရအုပ်ချုပ်ရေးအာဏာပိုင်တွေက ထိမ်းညှိပေး တာမျိုး ၊ လုံခြုံရေးထိမ်း အကွပ် ပေးတာမျိုးတွေကို အလေးထားလုပ်ဆောင်သွားရမယ် လို့ အကြံပြု ချင်ပါတယ် ၊ အဲဒီလိုမှ မဟုတ်ရင်တော့ မျှော်လင့်ထားတဲ့ ပြဿနာတွေထဲကို တည့်တည့်ဝင်မှာပါပဲ ။ အဲဒါဆိုရင်တော့ အခုပြောခဲ့တဲ့ ဆူပူမှုတွေဖြစ် မှာကို စိုးရိမ်မိတယ်ဆိုတဲ့ သမ္မတကြီးရဲ့ စကားဟာ ဖြစ်လာမှာကို စိုးရိမ်တာ မဟုတ်ဘဲ ဖြစ်လာဖို့အတွက် မီးစိမ်းပြလိုက်တဲ့သဘောမျိုးလို့ သတ်မှတ်ရပါတော့မယ် ။
ဒါကြောင့် ဒီစိုးရိမ်စကားဟာ အခြေခံဥပဒေ ပြင်ဆင်ရေး အေးချမ်းစွာ ဆန္ဒဖော်ထုတ်မှုများကနေ ပဋိပက္ခအသွင်ဆောင် မလာအောင် သတိပေးတာပဲလား ၊ ပဋိပက္ခများ ၊ ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်လာအောင် တန်ပြန်ဆန္ဒ ဖော်ထုတ်ကြတာမျိုးတွေ ၊ အခြေအနေ တွေကို ရှုပ်ထွေးအောင်လုပ်မဲ့ လုပ်ဆောင်မှု တွေရဲ့ နောက်ကွယ် က လက်မဲကြီးတွေကို စကားလမ်းကြောင်း ပေးလိုက်သလို ဖြစ်လေမလား ဆိုတာကိုတော့ ပြန်လည် စိုးရိမ်မိကြောင်းပါဗျာ ။

ယနေ့နံနက်(၃း၃၀)အချိန်ခန့်က လားရှိုးမြို့၊ ရပ်ကွက်(၃)၊ ဗိုလ်ချုပ်လမ်းနှင့် သဇင်လမ်းထောင့်ရှိ ကမ္ဘောဇဘဏ်(၁)အဆောက်အဦး၏ အောက်ဘက် ၀င်ပေါက်အနီး ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။ အဆိုပါပေါက်ကွဲမှုဖြစ်ပွားပြီး (၅)စက္ကန့်ခန့်အကြာတွင် ဒုတိယအကြိမ် ပေါက်ကွဲမှုတစ်ခုအဖြစ် ရပ်ကွက်(၂)၊ စံကောင်းလမ်းနှင့် သိန္နီလမ်းထောင့်ရှိ CB Bank အဆောက်အဦး၏ အနောက်ဘက် ထရန်စဖော်မာအောက်တွင် ဖြစ်ပွားခဲ့သည်။

အဆိုပါပေါက်ကွဲမှုများကြောင့် ကမ္ဘောဇဘဏ်အဆောက်အဦးပြတင်းမှန်များကွဲပျက်ခဲ့ပြီး ၊ အနီးအနားရှိ အဆောက်အဦးအချို့နေအိမ်တံခါးများ၊ မှန်များပျက်စီးခြင်း၊ မကြာခင်ဖွင့်လှစ်တော့မည့် “အောင်သီရိအဆင့်မြင့်ရုပ်ရှင်ရုံကြီး”၏ မှန်များ ကွဲပျက်ခြင်းများဖြစ်ခဲ့ကြောင်း ၊ CB Bank အဆောက်အဦးရှိမှန်များနှင့် ထရန်စဖော်မာအောက်ရှိ မီးဘုတ်ခုံတို့ ကြွေမွပျက်စီးခဲ့ကြောင်းနှင့် အခြား မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်းသိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ချိန်ကိုက်ဗုံးဟုယူဆရကြောင်း၊ မည်သည့်ရည်ရွယ်ချက်ကြောင့် ဤဘဏ်(၂)ခုတွင် ချိန်ကိုက်ဗုံးဖောက်ခွဲရခြင်းအကြောင်းကို တာဝန်ရှိသူများမှ ဆက်လက်စုံစမ်းစစ်ဆေးလျှက် ရှိကြောင်းသိရှိရသည်။

(ဘီဘီစီ ဦးကျော်စိုးဟိန်း)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.