05/22/14

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအခန်း (၁၂) ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (NLD ပါတီ) က လူထုဆန္ဒပြုလက်မှတ် ကောက်ယူရာတွင် နှောင့်ယှက် ဖျက်ဆီးမှုများ ရှိပါက တရားဥပဒေအရ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း NLD ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် မေလ ၂၇ ရက်မှ စတင်ကာ ဇူလှိုင်လ ၁၉ ရက်နေ့အထိ တစ်နိုင်ငံလုံးရှိ ပြည်သူလူထု ဆန္ဒပြု လက်မှတ်ကောက်ယူမှု လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“ဆန္ဒပြုလက်မှတ် ကောက်ယူတာကို တရားဥပဒေမဲ့ လုပ်ရပ်တွေနဲ့ တားဆီး ပိတ်ပင်တာတွေ ရှိရင် ဥပဒေကြောင်းအရ အရေးယူသွားမယ်။ ဘယ်လို နှောင့်ယှက်သလဲဆိုတဲ့ အပေါ်ကို ကြည့်ပြီး တရားစွဲဆိုမယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ဆန္ဒပြု လက်မှတ်များကို မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများအထိ ကောက်ယူသွားမည် ဖြစ်ပြီး နှောင့်ယှက် ဖျက်ဆီးမှုများ ရှိလာပါက NLD ပါတီရုံးချုပ်သို့ အဆင့်ဆင့် သတင်းပို့ အကြောင်းကြားရန် NLD ပါတီမှ ထုတ်ပြန်ထားသည်။

ထို့အပြင် ဆန္ဒလက်မှတ် ရေးထိုးသူများသည် မြန်မာနိုင်ငံသား ဖြစ်ခြင်း၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ခြင်း၊ စိတ်ပေါ့သွပ်သူ မဟုတ်ခြင်း၊ မိမိဆန္ဒနှင့် လွတ်လပ်စွာ လက်မှတ် ရေးထိုးသူ ဖြစ်ရမည်ဟူသော အရည်အချင်း ကန့်သတ်ချက်များကို ထုတ်ပြန်ထားသည်။

ယင်းသို့ လက်မှတ်များကို တစ်နိုင်ငံလုံး အတိုင်းအတာ ကောက်ယူနေသော်လည်း လက်မှတ်များ ရရှိပါက မည်သို့ ဆက်လက် ဆောင်ရွက်မည်ကို NLD ပါတီက ထုတ်ပြန် ပြောကြားခြင်း မရှိသေးပေ။

အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် NLD ပါတီနှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ၏ ပူးတွဲ လူထုဟောပြောပွဲများကို မေလ တတိယပတ်မှ စတင်ကာ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအနှံ့ ဟောပြောပွဲများ ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်း NLD ပါတီက ထုတ်ပြန်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း (၁၂) ပါ ပုဒ်မ ၄၃၆ တွင် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်
The Voice Weekly

ဟုတ်ပါပြီ…၊ ဒုသမ္မတ ပြောတဲ့ တစ်ရက်ကို ၂၀၀၀ နဲ့ နေထိုင်စားသောက်ဖို့ လုံလောက်တယ်ဆိုတဲ့ မှတ်ချက်စကားကို လက်တွေ့တွက်ကြည့်ပါစို့…။ ဒီနေရာမှာ အိမ်ထောင်ရှိသူတွေ..၊ သားသမီးရှိသူတွေရဲ့ စရိတ်တွေကို လုံးဝ မတွက်ပဲ အသက် ၁၈ နှစ်ပြည့်ပြီး ကိုယ့်ဘ၀ကို ရှင်သန်ရပ်တည်ဖို့ အကောင်းမွန်ဆုံး အချွေတာဆုံး ဖြတ်သန်းနေတဲ့ လူငယ်တစ်ယောက်ရဲ့ တစ်နေ့တာအတွက် ကုန်ကျငွေကို တွက်ကြည့်မှာပါ…။

၆ ယောက်စုပေါင်းပြီး ငှါးနေရတဲ့ အခန်းကျဉ်းလေးတစ်ခန်းရဲ့ တစ်ယောက်အတွက် ကျသင့်ငွေဟာ ၃၀၀၀၀ ကျပ်..၊ တစ်ရက်ကို ၁၀၀၀ ကျပ်..၊ ရေချိုး မျက်နှာသစ် သွားတိုက် ချက်ပြုပ် သန့်ရှင်းရေးအတွက် အသုံးပြုတဲ့ ရေပီပါပိုင်းပြတ် တစ်ပြတ်အတွက် ပေးရငွေဟာ ၃၀၀ ကျပ်…၊ ၀န်ကြီးတို့..၊ ဒုသမ္မတတို့ အိမ်က ခွေးကျွေးတဲ့ အဆင့်နီးနီး ဆန် တစ်ပြည် ၉၀၀ကျပ်တန် ၃ ရက်ကို တစ်ပြည်ဆိုတော့ တစ်ရက်အတွက် ၃၀၀ ကျပ်…၊ မနက်လင်းတိုင်း လာနေတဲ့ ပဲပြုပ်သည် အန်တီကြီးဆီမှာ ထမင်း ကြော်စားဖို့ ပဲပြုပ် ၁၀၀ ကျပ်..၊ နေ့လည်ထမင်းချိုင့် အတွက် ကြက်ဥ တစ်လုံးကိုကြော်..၁၅၀ ကျပ်..၊ ကန်ဇွန်းရွက် ရေလုံပြုပ်နီးနီး ကြော်ချက်ပြုပ် ၂၀၀ ကျပ်..၊ မနက်ကျန်တဲ့ ကန်ဇွန်းရွက် နဲ့ ညနေစာစားဖို့ ခေါက်ဆွဲ တစ်ထုပ်ပြုပ် ၁၅၀ ကျပ်..၊ ဆီ နဲ့ ဆား..၊ ငရုတ် နဲ့ ကြည်သွန် စတာတွေအတွက် အချွေတာဆုံးသုံးတာ ၂၀၀ ကျပ်…၊ တစ်ရက်ကို သောက်ရေသန့်က ခြောက်ယောက်အတွက် အချိုးကျမို့ တစ်ရက်အတွက် တစ်ယောက် ၅၀ကျပ်..၊ မီးပလပ်ပေါက် တစ်ပေါက်အတွက် တစ်ယောက်ကို တစ်ရက် ၁၀၀ကျပ်..၊ အိုးခွက်ပန်းကန် နဲ့ သန့်ရှင်းရေး ၊ အ၀တ်လျှော် ရေချိုး ဆပ်ပြာ နဲ့ သွားတိုက်ဆေးအတွက် ဆပ်ပြာ ၁၀၀ ကျပ်…၊ အိမ်ကနေ ၂မှတ်တိုင်လောက် လမ်းလျှောက်ထွက် လိုင်းကားဂိတ်ကိုရောက် အလုပ်ကိုသွားဖို့အတွက် ၂၀၀ ကျပ်..၊ အသွားအပြန်အတွက် ၄၀၀ ကျပ်…။ ကဲ..ကဲ… ဒုသမ္မတ…အစွမ်းကုန် အချွေတာဆုံး သုံးတာ ၃၀၀၀ ကျော်နေပါတယ်…။

ဒီလူငယ်လေးဟာ သူ့တစ်ကိုယ်တည်းအတွက် ရုန်းကန်တာနော်..၊ သူခမျာ.. သမ္မတ ရောင်းတဲ့ မုန့်ဟင်းခါး စားချင်ရဲ့ နဲ့ မစားနိုင်…၊ သမ္မတ သောက်ခိုင်း တဲ့ နွားနို့ သောက်ချင်ရဲ့နဲ့ မသောက်နိုင်…၊ သမ္မတ စိုက်တဲ့ စိန်တစ်လုံး စားချင်လည်း မစားနိုင်ပါဘူး….။ လူငယ်သဘာဝအလျောက် အပေါင်းအသင်းတွေနဲ့ ဝေးဝေးတစ်ခါ လက်ဘက်ရည်ဆိုင်လည်း မထိုင်နိုင်သလို..၊ အပန်ဖြေ ရုပ်ရှင်တွေ ပန်းခြံတွေလည်း မသွားနိုင်ပါဘူး…။

ခေါင်းကိုက် နာစေး ဖျားနာ အတွက် ဆေးဖိုး အစိုးရ ဆေးရုံက အလကားပေးပါ သလား…? နောက်ပြီး အဲ့ဒီလူငယ်လေးဟာ ဘာအ၀တ်အစားမှ ၀တ်ဖို့မလို ကိုယ်တုံးလုံး နေလို့ရပါသလား…? ထားပါ… ထားပါ… တခြားမပြောတော့ပါဘူး….။

အဲ့ဒီလူငယ်လေးဟာ တစ်ရက်ကို ၅၀၀၀ ရနေတဲ့သူပါ…။ ဒါပေမဲ့ မလောက်ရှာပါဘူး..၊ အလုပ်ထဲမှာ သူ့လစာထဲက မဖြတ်ရသေးတဲ့ အကြွေးစာရင်းတွေရှိပါသေးတယ်….။ ဒီတော့ ထမင်း ဘယ်ကလာသလဲ…၊ ထမင်းအိုးကလာတယ်…၊ ဟင်း ဘယ်ကလာသလဲ…၊ စားပွဲပေါ်က လာတယ် ဆိုတဲ့ အဆင့်သာ သိတဲ့ ဒုသမ္မတ တစ်ယောက်အနေနဲ့ “ဒုသမ္မတ ခဏနားပြီး ဘုရင့်နောင်ပွဲရုံမှာ ကူလီခေါင်း လာလုပ်လှည့်ပါလား” လို့ ဖိတ်ခေါ်လိုက်ပါရစေ……
Ko Nay Myo

ဗမာ့လွပ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း
ဗိုလ်မှူးကြီးဗထူးအောက်မှာ ဂျပန်ကို
ရွပ်ရွပ်ချွန်ချွန် တိုက်ခိုက်ခဲ့တဲ့ ဦးတင်ဦး...

တရုတ်ဖြူကို လက်ပစ်ဗုံးပိုက်ပြီး
ရင်ဆိုင်လို့ သူရဘွဲ့ရခဲ့တဲ့ ..ဦးတင်ဦး

ဗိုလ်ချုပ်တစ်ယောက်ရဲ့အခြေအနေနဲ့ ဆန့်ကျင်စွာ..
တန်းလျားကိုသွား ရဲဘော်များနဲ့
ထမင်းအတူစားပြီး မိမိ အတွေ့အကြုံတွေကို
စကားဝိုင်းဖွဲ့ပြောတတ်တဲ့ ဦးတင်ဦး။

၁၉၅၀ ကျော်များက ကာချုပ်မဖြစ်ခင်မှာ ..
ရခိုင်ဒေသ စစ်မင်းကြီးအဖြစ် ရခိုင်ပြည်
ဘူးသီးတောင် မောင်တောမှာ....
ယခု ရိုဟင်ဂျာဆိုသူ "ဘင်္ဂလီ မူဂျာဟစ်ဒင်"တွေကို နှိမ်နင်းခဲ့ပြီး ..
နယ်မြေရှင်းလင်း/ ပြန်လည်ထူထောင်ရေးကိုလုပ်ခဲ့တဲ့ ဦးတင်ဦး..။

မြန်မာ့သမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းပြီးရင် ..
အသက်အငယ်ဆုံး ဗိုလ်ချုပ်တစ်ယောက်ဖြစ်ခဲ့တဲ့..
ဦးတင်ဦး၊

အနောက်တောင်တိုင်း နဲ့ အလယ်ပိုင်းတိုင်း စစ်တိုင်း
နှစ်ခုကို တယောက်တည်းကိုင်ခဲ့ရတဲ့ တဦးတည်း
သောအသက်အငယ်ဆုံး တိုင်းမှုး ဖြစ်ခဲ့တဲ့ ဦးတင်ဦး

စစ်သက်ကာလတစ်လျှောက်မှာ ..
တိုင်းတပါး လူမျိုးခြား ကျူးကျော်သူ သုံးမျိုး...
(ကုလား/တရုတ်ဖြူ/ဂျပန်)သုံးမျိုးစလုံးကို..
တွေ့ကြုံတွန်းလှန်ခဲ့တဲ့ ဦးတင်ဦး။

သူ့ ရဲ့လက်ထက်မှာ.. မြန်မာ့တပ်မတော်ကို...
ပြောင်ပြောင်ရောင်ရောင်ရှိ စေခဲ့ပြီး...ပြည်သူ့တပ်မတော်ပီသစွာနဲ့..
အရည်အချင်းပြည့်ဝအောင် စွမ်းဆောင်နိုင်တဲ့..

အဲဒီခေတ်က ... မြန်မာ့တပ်မတော်ရဲ့
"တပ်မတော်ကာကွယ်ရေးဦးစီးချုပ်..

ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး" ( ယခု NLD နာယက ဦးတင်ဦး)ဟာ..

တပ်မတော်ခေါင်းဆောင် ပီသခဲ့သလားး
မပီသခဲ့ဖူးလားဆိုတာ...
အဲဒီခေတ်ကပြည်သူအားလုံးသိကြပါတယ်..

----------------------------------------

၁၉၇၄ ခုနှစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း
ဦးသန့်ရဲ့ဈာပနမှာ ဆန္ဒပြကြတဲ့ကျောင်းသားတွေက
“ဗိုလ်ချုပ်ကြီးတင်ဦး အသက် ရာကျော်ရှည်ပါစေ”
လို့ အော်ဟစ် ကြွေးကျော် တဲ့စကားအပေါ်..
မနာလိုဖြစ်ခဲ့တဲ့ ဦးနေ၀င်းရဲ့ ..စနက်ကြောင့်
နိုင်ငံခြားက ပစ္စည်းမှာတယ်..ဆိုတဲ့
ဘာမဟုတ်တဲ့ စွပ်စွဲမှုတွေအပါအ၀င်
နိုင်ငံတော်အာဏာသိမ်းရန်ကြံစည်တယ်ဆိုပြီး
ရာထူးမှနှုတ်ထွက်ခိုင်းပြီး ထောင် ချခဲ့ပါတယ်..။..

နိုင်ငံတော်အာဏာသိမ်းရန်ကြံစည်တယ်ဆိုတာထက်..
ပြည်သူတွေချစ်တယ် ၊လူကြိုက်များတယ်ဆိုတဲ့ အချက်က
အဓိကပိုကျခဲ့တယ်ဆိုတာ အားလုံး သတိထားမိကြပါတယ်..။

အဲဒီအတွက်ကြောင့်..နာမည်တစ်လုံးနဲ့ .ဂုဏ်သိက္ခာအပါအ၀င်
ပြည်သူ့တပ်မတော်ရဲ့ ကာချုပ်စစ်စစ်တစ်ယောက်
ဖြစ်ခဲ့တယ်...ဆိုတာ

မျိုးဆက်သစ် လူငယ်များ.... သိပါလေစ...။

--------------

သူ့ရဲ့ သဘောထားကိုကြည့်ရင်လဲ..

" ၂၀၁၁ အတွင်း NLD ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်စဉ်မှာကို..
" ရိုဟင်ဂျာ ကို လက်မခံဘူး"လို့...
ပြည်ပမီဒီယာတွေကို ပြောခဲ့တဲ့အတွက်..
" လွတ်လပ်သော ရိုဟင်ဂျာတက်ကြွလှုပ်ရှားမှုအဖွဲ့"က..
မြန်မာ့နိုင်ငံရေးကို ကပြောင်းကပြန်လုပ်ချင်တဲ့ရည်ရွယ်ချက်နဲ့
ဒေါ်အောင်ဆန်းစုကြည်ကို တိုင်စာတွေပို့ပြီး...
စစ်ရာဇ၀တ်ကောင်အဖြစ် စွဲချက်တင်ခိုင်းခဲ့တာကို
တွေ့ရမှာဖြစ်ပါတယ်....

------------------

ုပြန်လေ့လာမယ်ဆိုရင်...

အခုခေတ် စစ်အာဏာရှင် တွေရဲ့
ဇာတ်တူသားစားမှုတွေ...

တိုင်းပြည်နဲ့ ပြည်သူအတွက်...
သစ္စာဆိုပြီး သစ္စာဖောက်သူတွေ..

ရှေ့က မျီုးချစ်စိတ်လို့ပြောပြီး.
နောက်ကျောဘက်က ကုလား/တရုတ်ကို ..
လက်ဝါးဖြန့်သူတွေ..

တစ်တိုင်းပြည်လုံး ပြောင်သလင်းခါသွားအောင်..စားထားဝါးထားသူတွေ..

ပြည်သူတွေအကုန်လုံးမွဲပြာအောင်...
နှိပ်ကွပ်ခဲ့သူတွေ...

အဲဒီလူတွေနဲ့..

သေသေချာချာလေး...နိုင်းယှဉ်ကြည့်ကြပေါ့ဗျား...။

--------------------

ခုခေတ်မှာ...

ပိုင်ဆိုင်မှုတွေကိုတောင်..
ဘယ်သူမှ အစစ်ဆေးမခံနိုင်ကြသလို..

လာဘ်ထိုးရတဲ့..
ပစ္စည်းရဲ့တန်ဘိုးကိုတောင်
တရားဝင်သတ်မှတ်ပေးနေရပြီပဲလေ..

ဟဲဟဲဟဲ..ဲ...ဲ...
Gaint Pa Yit

ဘိန်းတရုတ်ခရိုနီအတွက်အစိုးရကနိုင်ငံခြားကတောင်ငွေချေးပေးသတဲ့ - လက်စောင်းထက်

ပြီးခဲ့တဲ့အပတ်က စကားကိုပြန်ဆက်ရရင် စီးပွားရေးသမားတွေထဲမှာ မြေနဲ့လုပ်စားတဲ့သူတွေ၊ ရေနဲ့ လုပ်စားတဲ့သူတွေ၊ လေနဲ့လုပ်စားတဲ့ သူတွေဆိုပြီးရှိတယ်။ မြေနဲ့လုပ်စားတဲ့ သူတွေဆိုတာ သယံဇာတ တူးဖော်ရောင်းချသူတွေ၊ ဆင်းရဲသားနင်းပြားတွေဆီက မြေသိမ်းတဲ့ ၀ါဝါ၀င်း ဦးရွှေကြိုင်တို့လို လူတွေ၊ အစိုးရဆီက မြေတွေ အလကားပဲတင်းဈေးနဲ့ ရတဲ့သူတွေကို ပြောတာ။ ရေနဲ့လုပ်စားတယ်လို့ ပြောရင် အချိုရည်တို့၊ ဘီယာ၊ အရက်တို့၊ ရေသန့်တို့ ထုတ်လုပ်ရောင်းချသူတွေကိုပဲ မြင်ကြတယ်။ ရေအားလျှပ်စစ်နဲ့ လုပ်စားတဲ့ ဘိန်းတရုတ် ခရိုနီကိုတော့ ပြည်သူတွေက မသိတာလား၊ အစိုးရက မသိအောင် ၀ှက်ထားပေးတာလားတော့ မပြောတတ်ဘူး။ မြန်မာတစ်နိုင်ငံလုံးက ရေအားလျှပ်စစ်မှန်သမျှ ဒီဘိန်းတရုတ်နဲ့ ကင်းတာမရှိဘူး။ လေကိုလုပ်စားတယ်ဆိုတာက ဆက်သွယ်ရေးတို့၊ တယ်လီနောတို့၊ အော်ရီဒူးတို့လို ဆက်သွယ်ရေးတိုင် တွေထောင်ပြီး ပြည်သူလူထုကို ဆက်သွယ်ရေး ၀န်ဆောင်မှုပေးတဲ့ သူတွေ၊ 5 Network တို့ Skynetတို့လို ရုပ်သံလုပ်တဲ့ သူတွေနဲ့ လေကြောင်းနဲ့ ပတ်သက်တဲ့ အလုပ်လုပ်တဲ့ သူတွေကိုပြောတာ။ သူတို့ အလုပ်က အရင်းအနှီးကြီးပေမဲ့ နှစ်ရှည်ပင် စိုက်သလိုပဲ။ တစ်သက်လုံး စားပေရော့ဆိုတဲ့ အထဲက။

ဘိန်းတရုတ် ခရိုနီကတော့ မြေ နဲ့ရော၊ ရေနဲ့ရော လေနဲ့ရော၊ သုံးခု စလုံးနဲ့ လုပ်စားဖို့ ရွေးလိုက်တာ ဆိုတော့ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကတွေကို BOT စနစ်နဲ့ လမ်းဖောက်ဖို့ပေးတဲ့ အချိန်မှာ လားရှိုး-မူဆယ် လမ်းကြီးကို သူကစပြီးရခဲ့တယ်။ အဲဒီလမ်းရဲ့ ၀င်ငွေဟာလည်း လစဉ် ကျပ်ဘီလျံနဲ့ချီပြီး ရခဲ့တယ်။ အဲဒီကစလို့ လမ်းတွေတစ်ခုပြီး တစ်ခုရလိုက်တာ မြန်မာနိုင်ငံက လမ်းတွေ အားလုံးလောက်ဟာ အဲဒီဘိန်း တရုတ်ခရိုနီ လက်ထဲရောက်သွားတော့တယ်။ မြေတွေပြီးပြန်တော့ ရေဘက်ကို လှည့်လာတယ်။ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခု အစိုးရဆီက ရတယ်။ အဲဒီရန်ကုန်မြစ်ထဲက ဘိန်းတရုတ်ရဲ့ ဆိပ်ကမ်းကို ထိခိုက်မှာစိုးလို့ တောင်ကိုးရီးယားက ရန်ကုန်-ဒလ တံတားထိုးပေးမယ့် ကိစ္စကို အစိုးရက ဆိုင်းငံ့လုပ်လိုက်တယ်။ တံတားထိုးလိုက်ရင် ပင်လယ်ကူး သင်္ဘောကြီးတွေ သူ့ဆိပ်ကမ်းကို ၀င်လို့မရတော့ဘူးလေ။အဲဒီထက် ဆိုးတာက မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှု ပမာဏ ၈၀ ရာခိုင်နှုန်းကို ဆောင်ရွက်ပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း ခုနစ်ခုကို သမ္မတက ဖွဲ့ပေးထားတဲ့ တရားမ၀င် ကုန်စည်ထိန်းချုပ် တားဆီးရေး အဖွဲ့က ၀င်ရောက်စစ်ဆေးခွင့် မရှိတာပဲ။ အဲဒီမိုဘိုင်းအဖွဲ့က ဘယ်နေ့ကစပြီး အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွေကို စစ်ပါမယ် ကြေညာခဲ့ပေမဲ့ အခုထိ လုံး၀၀င်ရောက် စစ်ဆေးခွင့် မရတာကလည်း သမ္မတထက် အဲဒီဘိန်းတရုတ် ခရိုနီက အစွမ်းထက်နေလို့လားဆိုတာ မေးစရာ ဖြစ်တယ်။

ပြီးတော့ အဲဒီဆိပ်ကမ်းကနေ ဘိန်းဖြူလည်း အကြီးအကျယ်ထွက် ဖူးတယ်။ မိလည်းမိတယ်။ ဂျာနယ်တွေမှာ သတင်းတွေ ရေးကြတယ်။ဘယ်သူ့ကို အရေးယူပြီး ထောင် ဘယ်နနှစ်ချတယ်ဆိုတဲ့ သတင်း ဘယ်သူများ ရခဲ့ကြလဲ။ အဲဒီဆိပ်ကမ်းဟာ ညဘက်ဆိုရင် တရားမ၀င် ကွန်တိန်နာတွေ အ၀င်အထွက် လုပ်ပါတယ်လို့ အဲဒီလုပ်ငန်းမှာ မန်နေဂျာအဆင့် ပါဝင်ပတ်သက်ဖူးသူက ပြောလို့ ဂျာနယ်တွေမှာ ရေးတယ်။ ဘယ်သူက အရေးယူဖူးလဲ။ တိုးကြောင်ကလေး ဘက်ကနေ သစ်ခွဲသားတွေ၊ ကျွန်းတွေကို ကွန်တိန်နာထဲထည့်ပြီး ညဘက် ဆိပ်ကမ်းထဲ ပို့ပေးရတယ်။ အဲဒီအတွက် ကွန်တိန်နာတစ်လုံးကို ၆၅ သိန်းနဲ့သိန်း ၇၀ အစားစားပေး ရတယ်လို့ ငွေနဲ့တကွ ဂျာနယ်တွေမှာ ဖော်ပြဖူးတယ်။ ဘယ်သူ အရေးယူလဲ၊ ဘယ်သူက ၀င်ရောက်စစ်ဆေးခွင့်ရခဲ့သလဲ။ ဘယ်သူမှ အရေးယူခွင့်၊ စစ်ဆေးခွင့် မရခဲ့ဘူးလေ။စစ်ဆေးခွင့်ပေးနိုင်တဲ့ ၀န်ကြီး၊ ၀န်ကလေးတွေက အဲဒီဘိန်းတရုတ်ရဲ့ ပေးစာကမ်းစာတွေနဲ့မှ မကင်းတာ။ သူ့အဖေ ဘိန်းဘုရင်သေတော့ ၀န်ကြီးအားလုံးနီးပါးက အိမ်သွား သတင်းမေးရ၊ အထူးဝမ်းနည်း ကြေကွဲကြောင်း ထည့်ရတာတွေဟာ ပေးစာကမ်းစာကို နင့်နေအောင် စားထားတယ်ဆိုတဲ့ သက်သေတွေပဲ။ အဲဒီရက်မှာ တပ်မတော်ကို ထူထောင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ထဲက နောက်ဆုံးဗိုလ်ရဲထွဋ် ကွယ်လွန်တယ်။ ဘယ်ဝန်ကြီးက ၀မ်းနည်းကြောင်း ထည့်ခဲ့လို့လဲ။ ဒါတွေကို စုပေါင်းဆက်စပ် ကြည့်လိုက်ရင် အစိုးရအဖွဲ့ဟာ(အခု အစိုးရရော အရင်အစိုးရရော) မူးယစ်ဆေးဝါး ကုန်သည်တွေနဲ့ ဆက်စပ်ပတ်သက်မှု ရှိတယ်ဆိုတာ ဘွင်းဘွင်းကြီး တွေ့ရမှာ ဖြစ်တယ်။

အခုဘယ်ပြည်သူမှ မသိဘဲပဲ ခူးတိုင်း ၂၇ မြို့နယ်စလုံးရဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့်ကို အဲဒီ ဘိန်းတရုတ်ခရိုနီက ရသွားပြန်ပြီ။ သောက်ရေခပ်ချောင်းမှာ သူ့ရဲ့ ရေအားလျှပ်စစ် စက်ရုံထောင်ပြီး အမျိုးသား မဟာလျှပ်စစ်ဓာတ် အားလိုင်း(National Grid)ထဲကို သူ့ရဲ့လျှပ်စစ်တွေ ထည့်ရောင်းနေပြီ။ အဲဒီစက်ရုံဆောက်တော့ သူ့အတွက် အစိုးရကနေ နိုင်ငံခြား (တရုတ်က)က အမေရိကန် ဒေါ်လာ သိန်း၄၀ ချေးပေးရသတဲ့။ ကဲဗျာ ဒီလောက် သဘောကောင်းချင်တဲ့၊ သူအပေါ် ကောင်းလွန်းတဲ့ အစိုးရကို ခင်ဗျားတွေ့ဖူးလား။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကိုလည်း အိတ်ထဲထည့်ထားတာ အရင် အစိုးရလက်ထက် ကတည်းက အဲဒီလူမှာ အရှက်တရား မရှိဘူး၊ အကြောက်တရား မရှိဘူး။ မင်းတို့ ရေးချင်တာရေး ငါကလည်း ပိုက်ဆံ ရပြီးရောဆိုတဲ့ လူစားမျိုး။ အဲဒီ လူစားမျိုးတွေကိုပဲ အရင်အာဏာရှင်ရဲ့မိသားစုတွေက လက်သပ် မွေးထားကြတာ။ မွေးရကျိုးလည်း နပ်ပါတယ်။ မြန်မာနိုင်ငံမှာ အခြေအနေ မကောင်းရင် အီတလီက မူဆိုလိုနီလို လည်ပင်း ကြိုးကွင်းစွပ်ပြီး သစ်ပင်မှာ တန်းလန်း အချိတ်မခံရအောင်၊ တရုတ်နိုင်ငံ မြို့ကြီးတွေမှာ အခြေချနိုင်အောင်၊ ဒီဘိန်းတရုတ်ခရိုနီက ဘေဂျင်းနဲ့ ကွမ်ကျိုးတွေမှာ အိမ်တွေ ၀ယ်ပေးထားတာကိုးဗျ။ ဒါကြောင့်အာဏာရှင် မိသားစုက တစ်နိုင်ငံလုံးရဲ့အသက် သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကို အဲဒီဘိန်းတရုတ် ခရိုနီလက်ထဲ ၀ကွပ်အပ်လိုက်တာ။ တိရိစ္ဆာန်မွေး ရင်မြက်တို့၊ ပြောင်းဖူးတို့ ကျွေးရပေမဲ့ အဲဒီဘိန်းတရုတ် ခရိုနီက လူကြီးတွေကို စိန်ကျွေးပြီးမွေး၊ အိမ်အလကား ဆောက်ပေးပြီး မွေးထားတာဗျ။ ဒုသမ္မတဟောင်းကြီးက သူတပ်မတော်မှာ စစ်ထောက်ချုပ် ရာထူးက ထွက်ခါနီးမှာ အသစ်တက်လာတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ဒီကလေးက စိတ်ချရပါတယ်၊ ယုံယုံကြည်ကြည် သုံးလို့ရပါတယ်ဆိုပြီး အပ်သွားခဲ့သေးသတဲ့။

ပြီးတော့ လေကြောင်းလိုင်းကို သူကိုယ်တိုင် မထောင်ပေမဲ့ ရန်ကုန်လေဆိပ် အပါအ၀င် လေဆိပ်တွေရဲ့တည်ဆောက်ခွင့်နဲ့ လုပ်ကိုင်ခွင့်တွေကိုလည်း ယူထားသေးသဗျ။ ရန်ကုန် လေဆိပ်ဆောက်တော့ သူပဲကန်ထရိုက် ရသလို ရန်ကုန်လေဆိပ်ကြီးကို နှစ်ပေါင်း ၃၀ စီမံခန့်ခွဲခွင့်ကိုလည်း ရက်ရက်ရောရော ပေးထားသေးသဗျ။ ရန်ကုန်လေဆိပ်ကိုတော့ ပိုင်အိုးနီးယား ဆိုတဲ့ နာမည်နဲ့ လုပ်နေလေရဲ့။ ပြောရရင် မြန်မာနိုင်ငံ တစ်ခုလုံးရဲ့ ဓနဥစ္စာ ၈၀ရာခိုင်နှုန်းကို မိသားစု ၃၀ လောက်က လက်ဝါးကြီးအုပ်ပြီး ရယူနေတာ။ အဲဒီအထဲမှာ အာဏာရှင်ကြီး မိသားစုလည်း ပါသပေါ့ဗျာ။

ကဲတော်လောက်ပါပြီ။ ဆက်ပြောလည်း ကုန်နိုင်ဖွယ် မရှိတော့ဘူး။ မြန်မာနိုင်ငံက အစိုးရ စီမံချက် ကြီးကြီးမားမား အားလုံး အဲဒီ ဘိန်းတရုတ်ပဲ ရတယ်သာ မှတ်လိုက်ပါတော့။ ဟိုသီချင်းအလိုက် ပြောရရင်၊ အခုလည်းရဆဲ အမှန်ပါ နောက်ကိုလည်း တိုးလို့ရဦးမှာဆိုတဲ့ စကားအတိုင်းပါပဲဆိုပြီး သူ့စကားကို အဆုံးသတ်သွားလေရဲ့

လက်စောင်းထက်(Tommorow news journal)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.