05/23/14

မြန်မာနိုင်ငံ၏ ၀ါရင့်နိုင်ငံရေးသမားကြီး တစ်ဦးဖြစ်သော သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ မွေးနေ့ (သို့မဟုတ်) ကွယ်လွန်သည့်နေ့အား နိုင်ငံရေး အကျဉ်းသားများနေ့အဖြစ် သတ် မှတ်ရန် သင့်တော်ကြောင်း နိုင်ငံရေးအင်အားစုများက မေလ (၂၁) ရက်နေ့က မဟာစည် သာသနာ့ရိပ်သာ၌ ပြုလုပ်သော ဟံသာဝတီဦး ၀င်းတင် ကွယ်လွန်ခြင်း တစ်လပြည့် ဆွမ်းကျွေးအလှူ၌ သုံးသပ်ခဲ့ကြသည်။
ဝါရင့်နိုင်ငံရေးသမားကြီး တစ်ဦးဖြစ်သော သတင်းစာ ဆရာ ကြီး ဟံသာဝတီဦးဝင်းတင်သည် အကျဉ်းထောင် အတွင်း ရောက်ရှိ နေစဉ်သာမကထောင်မှ ပြန်လည် လွတ်မြောက်လာချိန်တွင်လည်း နိုင်ငံရေးသမားများ အားလုံး၏ စံပြပုဂ်္ဂိုလ်တစ်ဦးအဖြစ် နေထိုင်နိုင်ခဲ့ပြီး ဆရာကြီး၏ မွေးနေ့(သို့မဟုတ်) ကွယ်လွန်သည့်နေ့အား နိုင်ငံရေး သမားများနေ့အဖြစ် သတ်မှတ်ပါက အကောင်းဆုံးဟု ယူဆ၍ရနိုင်ကြောင်း ဆရာကြီးရှိနေစဉ် အနီး ကပ်စောင့်ရှောက်ခဲ့သူ ကိုဇော်မျိုးအောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။…
““ဘဘကထောင်ကနေ ခံဝန်ထိုးပြီး ထွက်ပါဆိုတောင်သူ မထွက်ခဲ့ဘူး။ နိုင်ငံရေး အကျဉ်းသားတိုင်းလည်း သူ့လို စိတ်ဓာတ်မျိုးရှိဖို့ လိုတယ်ဆိုတာ သာဓကပြခဲ့တာရှိတယ်။ သူကိုယ်တိုင်ပြောပါတယ်။ ကျွန်တော် လက်မှတ်ထိုးပြီးထွက် အပြင်မှာ နိုင်ငံရေးလုပ် ရင်ရတာပဲတဲ့။ လက်မှတ်က နိုင်ငံရေးမလုပ်ပါ ဘူးဆိုပြီး ထိုးပြီးထွက်မှာကိုအဲတော့ သို့သော် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ကို ထူထောင်ထားတဲ့ သူ တစ်ယောက်က သူ့လို မလုပ်ကောင်း ဘူးလို့ သူယူဆတယ်တဲ့။ အဲတော့ အဲလိုပုဂ်္ဂိုလ်မျိုးကိုစံထားတဲ့ အနေနဲ့ နိုင်ငံရေး အကျဉ်း သားများနေ့အဖြစ် သတ်မှတ်မယ်ဆိုရင် ပိုသင့် လျော်ပါတယ်””ဟု ကိုဇော်မျိုး အောင်က ဆိုသည်။
နိုင်ငံရေး အကျဉ်းသားများနေ့အား သတ်မှတ်ရန် ခက်ခဲသော်လည်း ဆရာကြီးဟံသာဝတီ ဦးဝင်း တင်၏ မွေးနေ့(သို့မဟုတ်) ကွယ်လွန်သည့်နေ့အား သတ်မှတ်လျှင် ဆရာကြီးအားဂုဏ်ပြုရာ ပိုရောက် ကြောင်း၊ ဒီလှိုင်းစာစောင်မှ တာဝန် ခံအယ်ဒီတာ ဖျာပုံနီလုံဦးကလည်း ““ဆရာဦးဝင်းတင် မသေဆုံးမီ တည်းက နိုင်ငံရေးအကျဉ်းသား နေ့ကို သတ်မှတ်ဖို့ သဘောထား ပေးတာတွေရှိတယ်။ ဆရာဦးဝင်း တင်က အတိအကျ တော့ပေးမသွားဘူး။ ဒါပေမဲ့ ဆရာဦးဝင်းတင်ရဲ့ ကွယ်လွန်တဲ့နေ့ကိုနိုင်ငံရေး အကျဉ်းသားနေ့ပေး မယ်ဆိုရင် တော့ ပိုပြီးတော့ ဂုဏ်ပြုရာရောက်တာပေါ့””ဟု မြန်မာသံတော်ဆင့်သို့ ပြော သည်။
နိုင်ငံရေးအကျဉ်းသားများ နေ့ဆိုသည်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းများ အားလုံးနှင့် သက်ဆိုင်သော ကြောင့်နိုင်ငံရေး အကျဉ်းသားများ အားလုံးပူးပေါင်းဆွေးနွေး ဆုံးဖြတ်လျှင်ပိုမိုသင့်တော်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး က ပြောခဲ့သည်။
““ဦးဝင်းတင်ဆိုတာ သက်ရှိ ထင်ရှားရှိစဉ်ကတည်းက လေးစား ခဲ့ရတဲ့၊ အားကျခဲ့ရတဲ့ ပုဂ်္ဂိုလ်တစ် ယောက် အဖြစ်နဲ့ ဂုဏ်ပြုနေပြီးသားပါ။ အရင်ကလည်း အကျဉ်းသားများနေ့အဖြစ် အကျဉ်းထောင် ထဲမှာ မတရားမှု တွေကို ဆန့်ကျင်ရင်းနဲ့ ကျဆုံးသွားတဲ့သူတွေရဲ့ ကျဆုံးသွားတဲ့ရက်တွေကို နိုင်ငံရေး အကျဉ်းသားနေ့အဖြစ် သတ်မှတ်ဖို့ အဆိုပြုခဲ့ကြတာတွေ အများကြီး ရှိတာပေါ့။ ဒါကြောင့်မို့လို့ အားလုံး စုံညီဆွေးနွေး နိုင်ရင်တော့ ပိုကောင်း တာပေါ့””ဟု ဦးကိုကိုကြီးက ပြော သည်။သတင်းစာဆရာကြီး ဟံသာ ၀တီဦးဝင်းတင်အား ၁၉၃၀ ပြည့် နှစ် မတ်လ၁၂ရက်တွင် မွေးဖွားခဲ့ကာ အသက် (၈၅)နှစ်၂၀၁၄ခုနှစ်ဧပြီလ (၂၁)ရက်နေ့က ကွယ်လွန် ခဲ့သည်။
ဆရာကြီးဟံသာဝတီဦးဝင်း တင်သည် အကျဉ်းထောင်အတွင်း ၌ ၁၉ နှစ်ကျော်ကြာနေထိုင်ခဲ့ရပြီး ပြန်လည် လွတ်မြောက်လာချိန်တွင် ဦးဝင်းတင်ဖောင်ဒေးရှင်း ထူထောင်ကာ နိုင်ငံရေးအကျဉ်းသား ဟောင်းများ၊နှင့် ထောင်ကျဆဲ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ထောင်ကျဆဲနိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများ အား ကူညီထောက်ပံ့မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ ဆရာကြီး ဦးဝင်းတင်အား ဂုဏ်ပြုသည့်အနေဖြင့် ပြင်သစ်နိုင်ငံ၏ လမ်းတစ်လမ်းအား “၀င်းတင်လမ်း” ဟုအမည်ပေးထားသည်။
ဝိုင်းမော်)(မြန်မာသံတော်ဆင့်)

ဖက်ဒရယ်ဒီမိုကရက်ပြည်ထောင်စုဖြစ်ပေါ်ဖို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ္စ အဓိကအကျပ်အတည်း ဖြစ်

အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် အဓိကကျသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုများ ခပ်စိပ်စိပ် ဖြစ်ပေါ် လာချိန် မီဒီယာလောကအတွင်း အသံပျောက်နေသည့် ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင် လည်း စင်မြင့်ပေါ်၌ ပြန်လည် ထွက်ပေါ်လာခဲ့သည်။ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ပူးပေါင်း၍ အခြေခံဥပဒေ ပြင်ဆင် ရေး လူထုသဘောထား ဆန္ဒကောက်ယူပွဲကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန် အားကစားကွင်း၌ ပြုလုပ်စဉ် လူထုရှေ့မှောက် ပြန်လည် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ထွက်ပေါ်လာပြီး နောက်ဆက်တိုက်ဆိုသလို မန္တလေးတိုင်း၊ အောင်ပင်လယ်ကွင်း၌လည်း အခြေခံ ဥပဒေပြင်ဆင်ရေး လူထုဆန္ဒသဘော ထား ကောက်ယူပွဲအတွက် သွားရောက် ဟောပြောရန် ပြင်ဆင်နေစဉ် အဓိကကျသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအပေါ် ဦးမင်းကိုနိုင်၏ သဘော ထား၊ ပြင်ဆင်ရေးအတွက် တွေ့ကြုံနိုင် သည့် အခက်အခဲစသည်တို့နှင့် ပတ်သက်ပြီး ယခုကဲ့သို့ ဆက်သွယ်မေးမြန်းမှုများအား တင်ပြလိုက်ပါသည်။
နိုင်ငံရေးလောကကနေ နည်းနည်းပျောက်နေပြီး အခု ၄၃၆ ကိစ္စနဲ့ကျမှ ထွက်လာ တာ လူထုက ၀မ်းလည်း ၀မ်းသာ၊ ကြိုလည်း ကြိုဆိုနေကြပါတယ်။ အဲဒီအပေါ်မှာ အခု ၄၃၆ကျမှ အစ်ကို ဘာလို့ပြန် ထွက်လာတယ် ဆိုတာသိပါရစေ။…
၄၃၆က ဒီဖွဲ့စည်းပုံ တစ်ခုလုံးမှာရှိနေတဲ့ တရားမမျှတတဲ့ ကိစ္စတွေပေါ့ဗျာ။ လူထုရဲ့ အခွင့်အရေးတွေ ဖိနှိပ်ချုပ်ချယ်တာတွေ၊ ဒါတွေ အကုန်လုံးကို ပယ်ဖို့ဆိုရင် ၄၃၆ က ပင်မတံခါးပေါ့ဗျာ။ သူ့ကို ဖွင့်မှ ကျန်တာ တွေ ဆက်ပြီး ပွင့်မယ်ပေါ့။ အဲဒါကြောင့် ဒါကိုပဲ ကျွန်တော်တို့ ဦးတည်ပြီး ပြောရတာပေါ့ဗျာ။
အခုဆိုရင် ၄၃၆နဲ့ ပတ်သက်ပြီး အစ်ကိုတို့ တောက်လျှောက် လုပ်လာတယ်ပေါ့နော်။ ၄၃၆ က လက်ရှိအတွက် ဘာကြောင့် အရေးတကြီး ပြင်ဆင်ရမယ်လို့ လုပ်နေတဲ့ အပေါ်မှာကော အစ်ကို ဘယ်လိုမြင်သလဲ။
လွှတ်တော်ထဲမှာ ပြင်စေချင်တယ် ပေါ့နော်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီကိစ္စကို အောင်မြင်စေချင် တယ်ပေါ့။ လွှတ်တော်ထဲမှာ ပြင်ဖို့အတွက်ကိုပဲ ကျွန်တော်တို့ အတွက်ကကျတော့ ပြည်သူလူထုရဲ့ သဘောထား ဆန္ဒကို ကျွန်တော်တို့က ဖော်ထုတ်ပြသဖို့ပါပဲ။ ကျွန်တော့်အနေနဲ့က လူထုဆန္ဒကို သိပြီးသားပါ။ ဒါပေမဲ့ သက်ဆိုင်ရာ ပေါ့ဗျာ။ ပြင်ဆင်ကြရမယ့် ကိုယ်စားလှယ်တွေကိုယ်တိုင် အပ်ကျမပ်ကျ နဖူးတွေ့ ဒူးတွေ့ တွေ့သွားဖို့ပဲ။ နောက် တစ်ခုက ပြည်သူလူထုကနေ မေးခွန်းထုတ်လိမ့်မယ်၊ ဒီလှုပ်ရှားမှုနဲ့ တစ်ဆက်တည်းမှာပေါ့။ သူတို့ရဲ့ မဲဆန္ဒနယ် ထဲက ကိုယ်စားလှယ်တွေကို သူတို့မေးကြပါလိမ့်မယ်။ ၄၃၆ ကို ပြင်ဖို့ ဆန္ဒရှိ၊ မရှိဆိုတာကို ပြည်သူတွေက မေး ကြလိမ့်မယ်။ ဘာကြောင့် မပြင်ချင်တယ်၊ ဘာကြောင့် ပြင်ချင်တယ် ဆိုတာကို အထင်အရှားပေါ်လွင် စေမှာပေါ့။
၄၃၆နဲ့ ပတ်သက်ပြီး ၈၈ နဲ့ NLD နဲ့ ပြန်ပေါင်းပြီး တောက်လျှောက်လုပ်လာတယ်ပေါ့။ NLD နဲ့ ၈၈ အနေနဲ့က ကောဘယ်လိုဟာကို ဘုံရည်မှန်းချက်ထားပြီး လက်ရှိ လုပ်နေတာလဲ။
အဓိကကတော့ ကျွန်တော် တို့က နှစ်ခုဗျာ။ ဒီကနေ့ တိုင်းပြည်မှာ အကျပ်အတည်း တွေ့နေကြတာ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စရယ်၊ အဲဒီဖွဲ့စည်းပုံ ပြင်ဆင်ရေးရယ်။ ဒီနှစ်ခုက ဖက်ဒရယ်ဒီမိုကရက် ပြည်ထောင်စု ဖြစ်ပေါ် ဖို့ပဲ။ အဲဒီတော့ ဒီနှစ်ခုကို ကျောချင်းကပ် ထားရမယ်။ တစ်ဆက်တည်းမှာ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေမှာလည်းကျွန်တော်တို့လိုက်ပြီး တော့ ပါဝင်ကြရမယ်။ အခြေခံ ဥပဒေပြင်ဆင်ရေးကိုလည်း နှစ်ခုစလုံးကို မျက်ခြည်ပြတ် မခံတဲ့နည်း ပေါ့ဗျာ။ အဲဒါကို ကျွန်တော်တို့ ရွေးထားတာ။
အရင်တုန်းက ၈၈ အနေနဲ့ လူထုနဲ့ တိုက်ရိုက်ထိ တွေ့တာမျိုးကို နည်းနည်းဝေးနေပြီးမှ အခု ၈၈ကိုယ် တိုင်က ကိုပါ ပြန်လည်ဦးဆောင် ပြီးတော့ လုပ်ရတာဟာ ၈၈ တစ်ခုရဲ့ သဘောထားလား အစ်ကို။
ဒါကျွန်တော်တို့ ငြိမ်းချမ်း ရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့ သဘောထား တင်မကပါဘူး။ ဒီမိုကရေစီ အင်အားစုတွေ အားလုံးရဲ့ ပူးပေါင်းပါဝင်မှုတွေနဲ့မှ ဆက်ပြီး ချီတက်မှာပါ။ အဲဒီမကဘူးဗျ။ တိုင်းရင်းသား အင်အားစုတွေပါ ပါဝင်အောင် ကျွန်တော်တို့ သဘော တူညီမှုတွေတော့ ရထားပါတယ်။ ဆိုပါတော့ဗျာ KNU လို အဖွဲ့ အစည်းက လာရောက်ပြီးတော့ ဆွေးနွေးပြီးတော့ သဘောတူထား တာ ရှိတယ်။ ပြည်တွင်းမှာဆိုရင် UNA လို အဖွဲ့အစည်းမျိုး။ အဲဒီ တော့ ကျွန်တော်တို့ အင်အားတွေ အများစုရဲ့ ကိုယ်စားပြုမှုကိုရအောင် လှုပ်ရှားပြီးတော့ ကြိုးစားနေတာပါ။
အခုလို ပေါင်းစည်းလုပ်ကိုင်တာဟာ အစ်ကိုတို့အနေနဲ့ အဓိက အခက်အခဲဖြစ် လာမှာက ဘယ်ဟာ လို့ မှန်းဆထားသလဲ။
အဓိကတော့ ပြင်ဆင်ဖို့အတွက် ကာယကံရှင်တွေရဲ့ သဘောထားပဲဗျ။ အဲဒီထဲမှာ ပြည်သူလူထု ရွေးချယ် တင်မြှောက် ထားတဲ့လူတွေ ရှိသလို ရွေးချယ်တင်မြှောက်ထား ခြင်းမရှိဘဲ ၀င်ထိုင်နေကြတဲ့ တပ်မတော် ကိုယ်စားလှယ်တွေလည်း ရှိတယ်။ အဲဒီသူ တို့ရဲ့အပိုင်းက ပိုပြီးတော့ အခက်အခဲ သို့မဟုတ် တွေ့ဆုံပြီးတော့ အဖြေရှာရမယ့် သဘောရှိတယ်။ အဲဒီမှာ နံပါတ်တစ်ကတော့ အရေးကြီးဆုံးအချက်က ဘာလဲဆို တော့ ဒါဟာ သူတို့ တပ်မတော်ရဲ့ အရင်မျိုး ဆက်တွေကနေပြီးတော့ ရေးဆွဲပြ ဋ္ဌာန်းခဲ့တာ ဖြစ်တယ်။ အခု အဲဒီ အပေါ်မှာ လက်ရှိ မျိုးဆက်ဟာ ဘယ်လို သဘောထားလဲဆိုတာ တော့ ရှင်းရှင်းလင်းလင်း ပေါ်ဖို့ လိုတယ်။ ဆိုလိုတာ ကတော့ဗျာ ဩသူတို့ ရေးဆွဲထားတာ မဟုတ်ကြဘူး အများစုက။ ရှေ့ကနေပြီး ရေးဆွဲတဲ့ သူတွေရဲ့ သဘော ထားနဲ့ အခုသဘောထား၊ အထူးသဖြင့် သူတို့ အဲဒီမှာ အခွင့်အရေးရယူထားတဲ့ အပေါ်မှာ သူတို့ ဘယ်လို သဘောထား သလဲဆိုတာကိုလည်း ထင်ရှားပေါ်လွင်စေမှာပေါ့။
လက်ရှိ ၄၃၆က အ၀တ် လဲထားတဲ့ စစ်အစိုးရရဲ့ နောက်ဆုံးခံတပ်လို့ နိုင်ငံရေး သုံးသပ်သူတွေက ပြောတယ်။ ဒီဟာကို ကော အစ်ကိုတို့ ပြုပြင်ပြောင်းလဲသွား နိုင်မယ်လို့ ယုံကြည်ထားလား။
ဒါကတော့ဗျာ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ပူးပေါင်း ပါဝင်မှုရှိတယ်။ နောက်တစ်ခုက သက်ဆိုင်ရာ ပုဂ်္ဂိုလ်တွေ ရဲ့ ဉာဏ်အမြော်အမြင်ရှိမှုပေါ့ဗျာ။ ကာယကံ ရှင်တွေပေါ့။ ဒါတွေကို မဲဆန္ဒပေး ပြီးတော့ လွှတ်တော်ထဲမှာ ဘယ်လို ဆုံးဖြတ်ရမယ်ဆိုတဲ့ လူတွေရဲ့ ဉာဏ်အမြော်အမြင် အရေးကြီးတယ်ဗျ။ ကျွန်တော်တို့ လုပ်နေတာ က တစ်ဦး တစ်ယောက်တည်း အတွက် မဟုတ်ဘူး။ တစ်စု တစ်ဖွဲ့အတွက် မဟုတ်ဘူး။ တစ်မျိုးသားလုံးရဲ့ ဂုဏ်သိက္ခာ အတွက်၊ တပ်မတော်ရဲ့ ဂုဏ်သိက္ခာအတွက်လည်း ပါတယ်ဗျ။ တစ်ချိန်ကျလို့ရှိရင် ဒီဟာ အခွင့် ထူးခံတယ်ဆိုတာ အင်မတန် မလိုလားအပ်တဲ့ ကိစ္စဆိုတာ တကယ်သမိုင်းကနေ သက်သေပြပါလိမ့်မယ်ဗျ။ အဲဒါကို ကျွန်တော်တို့က ရှည်ကြာတဲ့ အစဉ်အလာမျိုး ထားဖို့ မသင့်ဘူးပေါ့ဗျာ။ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲ တယ်ဆိုတာ တစ်မျိုးသားလုံး ဂုဏ်သိက္ခာအတွက်ပါ။
ဦးမင်းကိုနိုင် (၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၏ (မတ် ၁၇၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊
ဗိုလ်စိန်မှန်ကွင်း၌ ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲ၌ ပြောကြား ခဲ့သည်များမှ ကောက်နုတ်ချက်များ)
““ဘယ်ဥပဒေ၊ ဘယ်စာကြောင်းတွေဟာ ဥပဒေစကားလုံးအရ ပြည်သူလူထု မရွတ်တတ်ပေမယ့် ငါတို့ကို နဖားကြိုးထိုးထားတယ်၊ ငါတို့ကို ကျွန်ပြုထား တယ်ဆိုတာ ပြည်သူလူထု သိပါတယ်””

““ပြည်သူလူထုတွေက မုန်တိုင်းဒဏ်ခံရလို့ ကိုယ်တိုင်မခံရတဲ့ သူကအစ ကိုယ့်ရဲ့ ခန္ဓာကိုယ် တစ်နေရာရာမှာ ထိခိုက်ပျက်စီးသလို ပူဆွေးသော က ရောက်နေတဲ့အချိန်မျိုးမှာ ပြည်သူလူထုကို ရာသက်ပန် ကမ္ဘာတည်နေ သရွေ့ ဖိနှိပ်ချုပ်ချယ် အခွင့်ထူးခံဖို့ ရေးဆွဲထားတဲ့ ဥပဒေကို ဇွတ်ပြဋ္ဌာန်းတယ်ဆိုတာဟာ အသုဘအိမ်ကို ထပ်ပြီးတော့ မီးကွင်းပစ်တာနဲ့ အတူတူပါပဲ””

““ပြည်သူ့ကိုယ်စားလှယ်တွေ အားလုံးက ပြင်ချင်တောင်မှ သေနတ်ကိုင်ထားတဲ့သူ တစ်ယောက်လောက်က သဘောမတူဘူးဆို မရဘူးဆိုတာက အင်မတန်မှ အနိုင်ကျင့်လွန်းတယ်လို့ ကျွန်တော်တို့ မြင်တယ်””

““တစ်ဖက်နိုင်ငံမှာ မယားအဖြစ် ရောင်းစားခံနေရတဲ့ ကျွန်တော်တို့ရဲ့ နှမများအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်အောင် ကြိုးစားပေးပါ။ ကျွန်တော်တို့ဘ၀တွေ ခြင်ကိုက်၊ မည်းမှောင်၊ ခြင်ဆေးခွေတွေနဲ့ အနံ့ဆိုးတွေနဲ့ ကင်ဆာဖြစ်နေရမယ့် အချိန်မှာ တစ်ဖက်နိုင်ငံတွေကို ဓာတ်ငွေ့တွေ ဈေးပေါပေါနဲ့ အရောင်း ခံပြီး ကျွန်တော်တို့ မျိုးဆက်တွေ ရောဂါဘယ ထူပြောခြင်းမှ ကင်းလွတ်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ပေးကြပါ။ ကျွန်တော်တို့ ချစ်မြတ်နိုးတဲ့ တောင်တန်းကြီးများ၊ ကျွန်တော်တို့အားလုံး အသည်းနှလုံး မိခင် ဧရာဝတီကို စောင့်ရှောက်ဖို့အတွက် အခြေခံဥပဒေ ပြင်ပေးကြပါ။ ပြည်ပနိုင်ငံတွေမှာ ကျွန်သာသာ အိမ်ဖော် ဘ၀နဲ့ မျက်နှာငယ်နေရတဲ့ ကျွန်တော်တို့ရဲ့ အမျိုး၊ မိသားစုတွေ သခင်လို ခေါင်းမော့နိုင်အောင် အခြေခံဥပဒေ ပြင်ပေးကြ ပါ။ ခေတ် အဆက်ဆက်က လူကို လူချင်း လက်နက်နဲ့ အနိုင်ကျင့်ပြီးတော့ နောက်တက်တဲ့သူ ဘုရင် ဖြစ်စတမ်း အဲဒီလို တောရိုင်းဥပဒေကြီးကို ပြင်ပေးကြပါ။ ကျွန်တော်တို့ ပြည်သူလူထုဟာ ဉာဏ်ပညာ အမြော် အမြင်ရှိတယ်။ ရွေးချယ်ဆုံးဖြတ် နိုင်စွမ်း ရှိတယ်။ ထို့အတူ သတ်္တိလည်း ရှိတယ်ဆိုတာကို ပြတဲ့အနေနဲ့ အခြေခံ ဥပဒေ ပြင်ပေးကြပါ””
မြန်မာသံတော်ဆင့်



ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ဥပဒေ ကြေညာအပြီး ၂ ရက်အကြာ ဒီကနေ့မှာပဲ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အကြောင်း ကြေညာလိုက်ပါတယ်။
တရားဥပဒေ စိုးမိုးရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် အမျိုးသားငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှု ထိန်းသိမ်းရေး ကောင်စီအဖြစ် စစ်တပ်နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေ စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့က တိုင်းပြည်အာဏာကို ထိန်းချုပ်လိုက်တဲ့ အကြောင်း ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-Ocha က ရုပ်မြင်သံကြား ကနေ ကြေညာ ခဲ့တာပါ။ နောက်ဆက်တွဲ ကြေညာချက်မှာတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ယာယီအစိုးရကို ဖျက်သိမ်းလိုက်ပေမဲ့ အထက်လွှတ်တော်နဲ့ တရားရုံးတွေကတော့ ဆက်ရှိနေမှာ ဖြစ်တယ်လို့လည်း စစ်တပ်က ပြောပါတယ်။

ယာယီဝန်ကြီးချုပ် Niwattamrong Boongsongpaisan နဲ့ အစိုးရအဖွဲ့ဝင်တွေ လာရောက် သတင်းပို့ဖို့လည်း စစ်တပ်က ညွှန်ကြားထားပေမဲ့ ဘယ်ရောက်နေ သလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အာဏာသိမ်း ခဲ့ပြီးနောက် ထိုင်းနိုင်ငံက ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေက ပုံမှန်အစီအစဉ်တွေ အစား စစ်တပ်က သတင်းတွေကို နောက်ထပ် ညွှန်ကြားချက် မပေးမချင်း ထုတ်လွှင့်သွားဖို့လည်း ညွှန်ကြားခဲ့ပါတယ်။

ည ၁၀ နာရီကနေ မနက် ၅ နာရီအထိ နိုင်ငံအနှံ့ ညမထွက်ရ အမိန့်ထုတ်ပြန် လိုက်သလို လူ ၅ ယောက်ထက် ပိုမစုဖို့ အမိန့်နဲ့အတူ ဆန္ဒပြသူတွေလည်း သပိတ်စခန်းတွေ ပိတ်ပြီး လူစုခွဲခဲ့ကြတာပါ။ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ပြိုင်ဖက် နိုင်ငံရေးပါတီက ခေါင်းဆောင်တွေနဲ့ ဒီကနေ့ ထပ်မံတွေ့ဆုံ အပြီးမှာပဲ စစ်တပ်က အာဏာသိမ်းတဲ့ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra နဲ့ အစိုးရအဖွဲ့ဝင် တချို့ကို အာဏာအလွဲသုံးစားမှုနဲ့ ဒီလဆန်းမှာ ရာထူးက ဖယ်ရှားခဲ့ရာက ထိုင်းနိုင်ငံမှာ နိုင်ငံရေး တင်းမာမှုတွေ အထွတ်အထိပ် ရောက်လာခဲ့တာပါ။ ထိုင်းနိုင်ငံမှာ သက်ဦးဆံပိုင် ဘုရင်စနစ်ကနေ စည်းမျဉ်းခံဘုရင် စနစ်ကို ပြောင်းလဲလာပြီး နောက်ပိုင်းကစလို အာဏာသိမ်းဖို့ ကြိုးစားမှုတွေနဲ့ အာဏာသိမ်းမှုပေါင်းဟာ အခုတခါနဲ့ဆိုရင် ၁၉ ကြိမ်အထိ ရှိသွားပါပြီ။
VOA

အဖွဲ့ချုပ်နှင့်၈၈မျိုးဆက်ပူးပေါင်းဆောင်ရွက်မှုဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၄၃၆ပြင်ဆင်ရေးလက်မှတ်ထိုးဆန္ဒဖေါ်ထုတ်ခြင်း
အား မေလ ၂၇ ရက်နေ့တွင် တပြည်လုံးအတိုင်းအတာဖြင့်စတင်ဆောင်ရွက်မည်ဖြစ်ပါသည်။

ယင်းမေလ ၂၇ ရက်နေ့ နံနက် ၈:၃၀နာရီတွင် နေပြည်တော်ကောင်စီ၊ ဥတ္တရသီရိမြို့နယ် အဖွဲ့ချုပ်ရုံးတွင် အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်း
စုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုးဆန္ဒပြုမည်ဖြစ်ပါသည်။

ထို့နောက် ပြည်သူများမိမိဆန္ဒအလျောက် လက်မှတ်ရေးထိုးခြင်းအစီအစဉ်ဆောင်ရွက်ထားမှုများကိုစစ်ဆေးခြင်း၊ လက်မှတ်ထိုး
ဆန္ဒပြုမည့် ပြည်သူများ၊အဖွဲ့ဝင်များအား စကားပြောကြားခြင်းစသည်တို့ပြုလုပ်ပြီးနောက် ခန့်မှန်းအချိန် နံနက် ၉နာရီခန့်တွင် ပုဗ္ဗသီရိမြို့နယ်အဖွဲ့ချုပ်ရုံးသို့သွားရောက်ကာ အလားတူပင် စစ်ဆေးခြင်း၊စကားပြောကြားခြင်းများပြုလုပ်ပါမည်။

ထို့နောက် ဇေယျာသီရိမြို့နယ်၊ ဇဗ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ် အဖွဲ့ချုပ်ရုံးများတွင်လည်း လက်မှတ်ရေးထိုးခြင်းအစီအစဉ်
ဆောင်ရွက်ထားမှုများအား စစ်ဆေးခြင်း၊ ပြည်သူလူထုနှင့်စကားပြောကြားခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သတင်းရရှိပါသည်။

သတင်း-National League for Democracy.

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.