06/01/14

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)၊ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ခြင်းမှ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲအပြီး ၁ဝ ရက်အကြာတွင် ဟောပြောပွဲ ပြုလုပ်ခဲ့သည့် မန္တလေး အောင်ပင်လယ်အားကစားကွင်းအား စည်ပင်သာယာက အုတ်တံတိုင်းကာရံမှုများ စတင်ပြုလုပ်လျက်ရှိကြောင်း စုံစမ်းသိရသည်။

ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အောင်ပင်လယ်အားကစားကွင်းအား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက မေ ၂၉ ရက်မှ စတင်ကာ အုတ်တံတိုင်းကာရံမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်၌ အုတ်တံတိုင်းများ ကာရံနေသည့် အောင်ပင်လယ်အားကစားကွင်းမှာ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အဆိုပါ ကွင်းအတွင်း၌ လူထုဟောပြောပွဲများ ပြုလုပ်ခဲ့ပြီးနောက် ယခု ၂ဝ၁၄ ခုနှစ်၊ မေ ၁၈ ရက်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၁၂)ပါ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကာ လူထုဟောပြောပွဲများ ပြုလုပ်ခဲ့သည့်နေရာ ဖြစ်သည်။

“အောင်ပင်လယ်အားကစားကွင်းကို အုတ်တံတိုင်း ကာရံနေတယ်ဆိုတာ ကျွန်တော်မသိရသေးပါဘူး။ ကျွန်တော့်ဆီကိုလည်း ဘာမှ လာမပြောသေးပါဘူး။ စည်ပင်သာယာမှာ ဌာနတွေက အများကြီးရှိပါတယ်။ တခြားဌာနက လုပ်တာလည်းဖြစ်နိုင်ပါတယ်။ ကျွန်တော့်ဌာနကိုတော့ မေးကြည့်လိုက်ပါဦးမယ်”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနမှ ဌာနမှူး ဦးစိုးမိုးသိမ်းက ပြောကြားခဲ့သည်။

အဆိုပါ အောင်ပင်လယ်အားကစားကွင်းအား အုတ်တံတိုင်းကာရံနေမှုနှင့် ပတ်သက်၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်တစ်ဦးနှင့်အဆောက်အအုံနှင့် ကုန်ရုံဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနသို့သာ ဆက်သွယ်မေးမြန်းရန် ပြောဆိုခဲ့သည်။

အောင်ပင်လယ် အားကစားကွင်းအား စည်ပင်သာယာမှ အုတ်တံတိုင်းကာရံခြင်းဖြစ်ကြောင်းကို ယင်းလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်နေသူတစ်ဦးက အတည်ပြု ပြောဆိုခဲ့သည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အောင်ပင်လယ် အားကစားကွင်းတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ်မြောက် လူထုဟောပြောပွဲအပြီး ၁ဝ ရက်အကြာတွင် ယင်းကဲ့သို့ အားကစားကွင်းအား အလုံပိတ် အုတ်တံတိုင်းကာရံမှုကို စည်ပင်သာယာက စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မန္တလေး အောင်ပင်လယ်အားကစားကွင်းအတွင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လူထုဟောပြောပွဲများ ကို ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကာလက ဟောပြောမှုများပြုလုပ်ခဲ့ရာတွင် လူဦးရေ သိန်းဂဏန်းဝန်းကျင်ခန့် တက်ရောက်ခဲ့ကြပြီး ယခု ၂ဝ၁၄ ခု နှစ်တွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲသို့ လူဦးရေ သုးံသောင်းကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
Credit : Eleven Media Group

ပုဒ်မ (၄၀၇) (ဃ) အရ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဟာ ပါတီအဖြစ်ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိတော့ပါဘူး။

(၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း (၁၀) နိုင်ငံရေးပါတီများ ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိခြင်း ပုဒ်မ (၄၀၇) (ဃ) အရ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဟာ ပါတီအဖြစ်ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိတော့ပါဘူး။
အခုတလော ပြည်ခိုင်ဖြိုးပါတီက စည်းရုံးလှုပ်ရှားနေတဲံ့ အမျိုးဘာသာ သာသနာတိုးတက်စေဖို့ ပြည်ခိုင်ဖြိုးပါတီ ၀င်ကြစို့ ဆိုတဲ့ ကြွေးကြော်သံဟာ ပုဒ်မ (၄၀၇) (ဃ) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုခြင်း၊ ပြဌာန်းချက်နှင့် ညှိစွန်းနေပါတယ်။
တာဝန်ရှိသူများ လိုအပ်သလို ဆက်လက်ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ကျွန်တော် ကူညီနိုင်တာရှိ ရင်လည်း ကူညီပါမယ်။

(၂၀၀ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေ

အခန်း (၁၀) နိုင်ငံရေးပါတီများ

နိုင်ငံရေးပါတီများ ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိခြင်း

ပုဒ်မ (၄၀၇) နိုင်ငံရေးပါတီတစ်ရပ်ရပ်သည် အောက်ပါ အကြောင်းတစ်ခုခုနှင့် ငြိစွန်းလျှင်ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရ-
-
(က) ................................
(ခ) .................................
(ဂ) ....................................
(ဃ) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုခြင်း။

မျိုးရန်နောင်သိန်း
၀၉၄၂၁၁၅၈၉၃၆

၂၀၀၇ ခုနှစ်၊ နာဂစ်ကာလကြီးအတွင်း ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ထောက်ခံခိုင်းတုန်းကတော့ ၀န်ထမ်းတွေကို ပေါ်ပေါ်တင်တင် ဗြောင်ကျကျကြီး နိုင်ငံရေးလုပ်ခိုင်းပြီး သတင်းစာတွေထဲ ထည့် ၀ါဒဖြန့် ခဲ့ကြတဲ့ သိန်းစိန်တို့ ၊ အခု ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကြီးရဲ့  ပုဒ်မလေးတစ်ခုကို ပြင်ဆင်ဖို့  ထောက်ခံချင်ကြတာကြတော့ ၀န်ထမ်းတွေ နိုင်ငံရေး ကင်းရှင်းရမယ်တဲ့။ ဖြစ်မှ ဖြစ်ရလေ သိန်းစိန်တို့ ရယ် .. ပါးစပ်ထဲက ထွက်တဲ့ အလုံးက တော်ကြာ လုံးလိုက် တော်ကြာ ပြားလိုက်နဲ့ ပါလား။

၂၀၀၇ ခုနှစ်၊ နာဂစ်ကာလကြီးအတွင်း ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ထောက်ခံခိုင်းတုန်းကတော့ ၀န်ထမ်းတွေကို ပေါ်ပေါ်တင်တင် ဗြောင်ကျကျကြီး နိုင်ငံရေးလုပ်ခိုင်းပြီး သတင်းစာတွေထဲ ထည့် ၀ါဒဖြန့် ခဲ့ကြတဲ့ သိန်းစိန်တို့ ၊ အခု ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကြီးရဲ့  ပုဒ်မလေးတစ်ခုကို ပြင်ဆင်ဖို့  ထောက်ခံချင်ကြတာကြတော့ ၀န်ထမ်းတွေ နိုင်ငံရေး ကင်းရှင်းရမယ်တဲ့။ ဖြစ်မှ ဖြစ်ရလေ သိန်းစိန်တို့ ရယ် .. ပါးစပ်ထဲက ထွက်တဲ့ အလုံးက တော်ကြာ လုံးလိုက် တော်ကြာ ပြားလိုက်နဲ့ ပါလား။
မူရင်း.. Nik Nayman

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့မှာ လွှတ်တော်တစ်ခုတည်းတွင်သာ ရှိသည်မဟုတ်။ လွှတ်တော်ပြင်ပတွင်လည်း ပြင်ဆင်ပေးဖို့ တိုက်ပွဲဝင်ရ မည်။ သို့သော် အကြမ်းဖက်သော တိုက်ပွဲမဖြစ်စေရပေ။ လူထုတိုက်ပွဲများ ဖြစ်ရမည်။ စီတန်းလှည့်လည်၍ တောင်းဆို တိုက်ပွဲဝင်ခြင်း၊ သပိတ်မှောက်၍ တောင်းဆိုတိုက်ပွဲဝင်ခြင်း၊ ယခုပြုလုပ် နေသော လူထုအစည်း အဝေးကြီး များဖြင့် ဟောပြော စည်းရုံးကာ တိုက်ပွဲ ၀င်ခြင်း၊ တစ်နယ်နှင့် တစ်နယ် ခရီးဝေး ချီတက်၍ တောင်းဆိုတိုက်ပွဲဝင်ခြင်း၊ တချို့ကလည်း အကန့်အသတ်ဖြင့် အစာငတ်ခံ တိုက်ပွဲ ၀င်ခြင်းများ ပြုလုပ်သင့်သည် . . .
မေလ ၁၈ ရက် တနင်္ဂနွေနေ့က မန္တလေးမြို့၊ လူထုအစည်းအဝေးပွဲကြီးတွင် ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ထိုသို့ ပြင်ဆင်ရေးတွင် အခရာကျသော ဥပဒေပုဒ်မ ၄၃၆ ဖျက်သိမ်းရေးတွင် တက် ရောက်လာသော လူ ထုကြီးကို ပြောကြားရာ၌ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရာတွင် ရဲရဲရင့်ရင့် ရင်ဆိုင်ကြရန်၊ အားပေးပြီး တပ်မတော်သားများကိုလည်း အမှန်တရားဘက်က ရပ်တည်ဖို့နှင့်အခြေခံ ဥပဒေကို ပြင်ဆင်ပြီး တိုင်းပြည်အတွက် သတိ္တရှိရှိ ရင်ဆိုင်ဖို့ ပြတ်ပြတ်သားသား ပြောဆိုသွားခဲ့ပါသည်။ ဖွဲ့စည်းပုံပြင်ဆင်ရေး လှုပ်ရှားမှုများထဲတွင် ရန်ကုန်နှင့် မန္တလေး၌ အကြီးကျယ်ဆုံး ဖြစ်သည်။ မေလ ၁၇ ရက်က ရန်ကုန်၊ ဗိုလ်စိန်မှန် ကွင်း၌ လူထုသောင်းချီတက်ရောက်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ခေါင်းဆောင် ကိုမင်းကိုနိုင် တို့က လူထုကို ပြတ်ပြတ်သားသား ဟောပြောသွားခဲ့လေသည်။ ၂၀၁၀ ရွေးကောက်ပွဲပြီးသည်နှင့် နိုင်ငံကို ဒီမိုကရေစီ နိုင်ငံအဖြစ် ချီတက်မည်။ ဒီမိုကရေစီ လုပ်ထုံး လုပ်နည်းများအတိုင်း အားလုံးစည်းစည်းလုံးလုံးဖြင့် ချီ တက်မည်ဟု သမ္မတဦးသိန်းစိန်က ပြောကြားသွားခဲ့သည်။… ပြည်တွင်းစစ်ရပ်စဲပြီး တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အတွက်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးကမ်းလှမ်း ခဲ့ သည်။ ပြင်ပ ရောက်နေသော နိုင်ငံရေး သမား များ၊ ကျောင်းသား ခေါင်းဆောင်များကိုလည်း လာခွင့်ပြုလေသည်။ နိုင်ငံခြား မှ တိုက်ရိုက် ရင်းနှီးမြှုပ်နှံ မှုရအောင် ပြုလုပ်ခဲ့သည်မှာလည်း ယခင်စစ်အစိုးရနှင့် မတူ ဘဲ လက်တွေ့ပြု လုပ်ခဲ့ သည်။ ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ အစိုးရနှင့် လာရောက်တွေ့ဆုံကာ အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးခဲ့ ကြလေသည်။

ထိုအခြေအနေမျိုးတွင် အမေရိကန်နှင့် အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့လာသလို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေး ဘဏ်တို့က လည်း ငွေအလုံးအရင်းနှင့် မြန်မာအပေါ် ချေးငှား လာသလို ဂျပန်အပါ အ၀င် ကမ္ဘာကလည်း အကြွေးများ ကို လျှော်ပစ်ကာ မြန်မာ့ စီးပွား ရေး တိုးတက်လာအောင် ဆောင်ရွက်ပေး သည်။ ထိုသို့ နိုင်ငံတကာ၏ ၀ိုင်းဝန်းမှု မှာ မြန်မာအစိုးရ၏ ဒီမိုကရေစီလမ်း ကြောင်းပေါ် လျှောက်ပါမည် ဆိုသော ကတိက၀တ်၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှု၊ စာနယ်ဇင်းလွတ်လပ်ခွင့် တစ်စုံတစ်ရာ လျှော့ပေးမှုများ၊ ပြည်သူများအား ဖိနှိပ်ထားရာ မှာ လျှော့ပေးမှုများ ကြောင့် ဖြစ်သည်။ ထိုသို့နိုင်ငံတကာမှ ပိတ်ဆို့မှုများ လျော့ပါးသွားခဲ့ရသည်မှာ ဒီမိုကရေစီခရီးကို အမှန်တကယ်လျှောက် မည်ဟု ယုံကြည်ကြသော ကြောင့် ဖြစ်ပါ သည်။ ဒီမိုကရေစီလမ်းကြောင်းအတိုင်း နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အမီ လျှောက်ပါမည်ဟု သမ္မတကြီးကရော၊ လွှတ်တော်ဥက္ကဋ္ဌကြီး ကရော၊ ကာကွယ်ရေး ဦးစီးချုပ်ကရော ကတိက၀တ်ပြုလာ သော ကြောင့် နိုင်ငံ၏အခြေအနေမှာ ကျီးလန့်စာ စားမဟုတ်တော့ဘဲ အာဆီယံနိုင်ငံများနှင့် ရင်ပေါင်တန်း နိုင်ဖို့ လမ်းစပေါ်လာပြီဟု ဆိုနိုင်ပါသည်။ ထိုအခြေအနေမှန်ကို ယခုအာဏာ လက်ရှိစစ်အုပ်စု မှန်မှန်ကန်ကန် သဘောပေါက် နားလည်ဖို့ လိုပါ သည်။ မိမိတို့ကတိက၀တ် တစ်လှေကြီး ပေးရုံဖြင့် မိမိတို့အပေါ် ယုံကြည် လာပြီဟု တလွဲမတွေးဖို့လို၏။ ထိုကဲ့သို့ အခြေအနေမျိုးများမှာပင် ယခင့်ယခင်က မိမိတို့ လုပ်ဆောင်ခဲ့မှုများ မေ့ပျောက်သွားပြီ။ အားလုံးက မှန်ကန်နေပြီဟု ယူဆပြီး တလွဲမတွေးဖို့ လိုသည်။ ဆိုလိုသည်မှာ လွန်ခဲ့သော နှစ်ပေါင်း၊ ၁၃၊ ၁၄ နှစ်က ပြည်သူနှင့် ကမ္ဘာကို မျက်လှည့်ပြဖို့ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံမှာ အလွန်ပင် ဖြောင့်မတ်မှန်ကန်နေပြီဟု ယခင်က စစ်အာဏာရှင်၏ အတွေးမျိုးမရှိဖို့ လို၏။ ထိုသို့ တွေးတောယူဆနေလျှင် တိုင်းပြည် အတွက် အန္တရာယ်ကြီးသည်။ တိုင်းပြည်တွင် တိုးတက်နေသော အခြေအနေများလည်း ယုတ် လျော့သွားပေမည်။ အဘယ် ကြောင့်ဆိုသော် ယခင်က ပြုမူဆောင်ရွက်ခဲ့သမျှ အားလုံးသည် စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ် သည်။ စေတနာအမှားမဟုတ်ပေ။ စစ်အာဏာရှင်စနစ် အတွက်၊ စစ်တပ်အတွက်၊ စစ်ဗိုလ်ချုပ်များဖွဲ့စည်းထားသော ဦးပိုင်လီမိတက်အတွက်၊ စစ်အာဏာရှင်များက မွေးထုတ်ပေးသော ငယ်မွေးခြံပေါက်ခရိုနီ များအတွက်၊ သူတို့၏ ရေရှည်အကျိုးစီးပွား အတွက် ဆောင်ရွက်ခဲ့ ကြခြင်းဖြစ်သည်။

ထိုထဲတွင် ၂၀၀၈ ဖွဲ့စည်းပုံလည်း အခိုင် အမာ ပါဝင်နေပါသည်။ စင်စစ်အားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံသည် အပြောင်းအလဲ ပြု လုပ်သည်ဆိုသော စစ်အုပ်စုအတွက် နောက်ဆုံးခံတပ်ဖြစ်နေပါသည်။ သူတို့ သည် သူတို့၏ နှစ်ပေါင်း ၂၀ ကျော် စစ် အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်လာခဲ့သည်ကို ကမ္ဘာကြီး၏ အခြေအနေ အရပ်ရပ်၊ ပြောင်းလဲနေသော အာရှတိုက်၏ အခြေ အနေများကို လေ့လာသုံးသပ်ပြီးနောက် အပြောင်းအလဲ လုပ်မှ ဖြစ်မည်ကို သိမြင်လာကြသည်။ သို့သော် စစ်အာဏာရှင်တို့က ထိုသို့ပြောင်းလဲရာတွင် သူတို့၏ အသက် အိုးအိမ်စည်းစိမ်၊ လုပ်ပိုင်ခွင့်များ ကို မထိခိုက်အောင်၊ တစ်နည်းပြောရလျှင် လုံလောက်သော အကာအကွယ် ဖြစ်အောင် ထို ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲခဲ့ခြင်းဖြစ်သည်။ လူများအား အနုနည်း၊ အကြမ်းနည်းဖြင့် စည်းရုံး သလို သဘာဝဘေး အန္တရာယ်သမိုင်းတွင် အဆိုးဝါးဆုံးတစ်ခုအဖြစ် ပါဝင်သော နာဂစ်မုန်တိုင်းကြီးတိုက် နေချိန်မှာပင် ပြည်သူကို အတင်း အဓမ္မမဲထည့်ခိုင်းသည်။ ထိုသည်ကို ကာကွယ်ရေး ဦးစီးချုပ်က ပြည်သူ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ထောက်ခံသည်ဟု ပြောလိုက်သည်မှာ အလွန်အံ့သြစရာကောင်းသည်။ ကာချုပ်ကို ကျေးဇူးတင်ရမည်မှာ ရာနှုန်းပြည့်ထောက်ခံသည်ဟု မပြောလိုက်သောကြောင့်ပင်။

ထို့ကြောင့် ပြည်သူများနှင့် ဒီမိုကရေစီ ဘက်တော်သားများအဖို့ ၂၀၀၈ ဖွဲ့စည်းပုံမှာ မဖြစ်မနေ ပြင်ရမည့် ဖွဲ့စည်းပုံ ဖြစ်နေသည်။ ပြင်ရမည်ဆိုသောစကားမှာ အားလုံးညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်ဖြစ် တန်ကောင်း ရဲ့ဟု ပြင်ဆင်ရေးသာ ပြောခြင်း ဖြစ်သည်။ အမှန်မှာမူတစ်ခုလုံးကို အသစ်ရေးဆွဲရမည်ဖြစ်သည်။ ဆရာဦးဝင်း တင် ပြောသွားသော ပြင်ဆင်ရေးထက် အသစ်ပြန်ရေးဆွဲရမည် ဖြစ်ပါသည်။ ဒေါ်စုက ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ သဘောဖြင့် ပြင်ဆင်ဖို့ကိုသာ ပြောသဖြင့် အားလုံးက ၂၀၀၈ ဖွဲ့ စည်းပုံပြင်ဆင်ရေးကို ပြောနေကြခြင်း ဖြစ်ပါသည်။ ထို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံကို ဘယ်လိုပြင်ဆင်ကြမလဲ။ တချို့က လွှတ် တော် တွင်း ပြင်ဆင်မှသာ ပြင်၍ရသည်ဟု တချို့က လူထုတိုက်ပွဲကို ယုံကြည်မှုနည်းပြီး လူထုတိုက်ပွဲ မျက်ကွယ်ပြု အမြင်ဖြင့် ပြောဆိုနေကြသည်။ လွှတ်တော်က မပြင် လျှင် ဘာလုပ်မလဲဟု သူတို့မစဉ်းစားနိုင်ကြ။ ဖွဲ့စည်းပုံမှာ ပြည်သူအတွက် ဖြစ် သောကြောင့် ပြင်ဆင်ရေး၊ အသစ်ရေးဆွဲ ရေးဆိုသည်မှာ ပြည်သူကသာ ရေးဆွဲရ မည်ဖြစ်သည်။ ထိုသို့ ဖွဲ့စည်းပုံပြင်ဆင် ရေးအတွက် ယနေ့ကာလတွင် မဖြစ်မနေ ဆောင်ရွက်ရမည့်အချက် ၄ ချက်ရှိပါ သည်။ ထိုအချက်များကို လေးလေးနက် နက် တိတိကျကျဆောင်ရွက်နိုင်လျှင် ဖွဲ့ စည်းပုံသည် မဖြစ် မနေ ပြင်ဆင်နိုင်ပေ လိမ့်မည်။ ထို ၄ ချက်ကို အကောင် အထည်ဖော်ရန်မှာ ပြည်သူလူထုတွင်သာ တာဝန်ရှိ ပေတော့သည်။

(၁) ရဲရဲတွေးပါ
၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မှဖြစ်မည်။ မပြင်လျှင် အမှောင်ထဲ နောင်နှစ်ပေါင်း များစွာနေရဦးမည်။ စစ်အာဏာရှင် အမှောင်ထုကြီးက ဖိစီးနေဦးမည်ဆိုသည် ကို မိမိခေါင်းထဲ ရဲရဲတွေးပါ။ ဘာကြောင့် ပြင်ဆင်သင့်သလဲ။ ဘာ အချက်တွေ ပြင် ဆင်ရမလဲ။ မပြင်ဆင်လျှင် နောင်နှစ် ပေါင်းများစွာ နှိပ်ကွပ်ခံနေရဦးမှာပဲဆိုသည် ကို ရဲရဲတွေး ဖို့ လိုပါသည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြည်သူလူထု၏ အင် အားဖြင့် အားလုံးလက်ချင်းတွဲချိတ်ကာ တောင်းဆိုရမည်ဆိုသည့် အတွေးကို ရဲရဲ တွေးရပေမည်။

(၂) ရဲရဲပြောပါ
အမျိုးသားညီလာခံဟု စစ်အစိုးရ အသံကောင်းဟစ်ပြီး ပြည်သူကို လိမ်ညာ ခဲ့စဉ်က သူတို့၏ လမ်းပြမြေပုံ ၇ချက်ရော၊ အမျိုးသားညီလာခံဆိုသည်ရော၊ သူတို့ ရေးဆွဲနေသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုသည်ကိုရော မည်သူမှ မပြောရဲကြပေ။ သူတို့၏ ဖွဲ့စည်းပုံဆိုသည်မှာ မဆလ အစိုးရခေတ်က ရေးဆွဲသော ဖွဲ့စည်းပုံလို ပင်ဖြစ်ကြောင်း အချင်းချင်းနားနားကပ် ကာပြောကြသည်။ သူစိမ်းများကို မပြောရဲ ကြ။ အစိုးရ၏ သတင်း ပေးများ၊ SB စသည်တို့က ကြားသွားလျှင် ဖမ်းဆီးနှိပ် စက်ကာ ထောင်ချမည်ဆိုးသောကြောင့် မပြောရဲကြပေ။ ဖွဲ့စည်းပုံအကြောင်း ဝေဖန်လျှင် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ပေးမည် ဆိုသည်အထိပင် ခြိမ်းခြောက်ခဲ့ကြ သည်။ ယခု ထိုခြိမ်းခြောက်မှုများကို တွန်းလှန်ဖို့အချိန် ရောက်ပြီဖြစ်သည်။ ထို ဖွဲ့စည်းပုံမှာ ပြည်သူများအတွက် မဟုတ်၊ စစ်တပ်နှင့် စစ်အာဏာရှင်များအတွက် ဖြစ်သည်။ ထို့ကြောင့် လက်မခံကြနှင့်ဟု ရဲရဲပြောရပေမည်။ လက်ဖက်ရည်ဝိုင်းတွင်ရော၊ ရပ်ကွက်ထဲတွင်ရော မည်သည့် နေရာ၌မဆို ၂၀၀၈ ခုနှစ်က ပြဋ္ဌာန်းလိုက်သည့် စစ်အာဏာရှင်များအတွက် ရေးဆွဲ သော ၂၀၀၈ ဖွဲ့စည်းပုံကို ဆန့်ကျင်ကြပါဟု ရဲရဲပြောဖို့အချိန် ရောက်လာပါ သည်။

(၃) ရဲရဲစည်းရုံးပါ
ယခုအခါ၌ တိုင်းသိပြည်သိ ကမ္ဘာသိ လူထုစည်းဝေးပွဲကြီးများ လမ်းပေါ်ထွက် ဆန္ဒပြပွဲများဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ကြိုးပမ်းအားထုတ်နေကြပေပြီ။ လူထုကြားထဲတွင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင် ဖို့ အများဆုံးကြိုးပမ်း အားထုတ်ကြသည်မှာ NLD နှင့် ၈၈ မျိုးဆက် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ရဲဘော်များ၊ တက်ကြွလှုပ် ရှားသူများ ဖြစ်လေသည်။ ယခုအချိန်သည် အကျယ်ပြန့်ဆုံးသော လူထုကြီးကို စည်း ရုံးလှုံ့ဆော်ရမည့်အချိန်ဖြစ်သည်။ တိုင်းရင်းသား လူမျိုးစုများကိုလည်း စည်းရုံးလှုံ့ ဆော်ရမည်။ အစိုးရနှင့် ငြိမ်းချမ်းရေးဆွေး နွေးနေသော လက်နက် ကိုင်တော်လှန်ရေး အင်အားစုများကိုမူ ဥပဒေဘောင်အတွင်း တွေ့ဆုံခွင့်ရ၍ တွေ့ဆုံစည်း ရုံးနိုင် သော်လည်း သူတို့နယ်မြေဒေသသို့သွား၍ ဥပဒေဘောင်နှင့် လွတ်ကင်းလျှင် ဆင်ခြင် ရမည်ဖြစ် သည်။ သို့သော် မြန်မာနိုင်ငံ တစ်နံတစ်လျားမှ ပြည်သူများကိုမူ ရောက် သည့်နေရာတိုင်းတွင် စည်းရုံးလှုံ့ဆော်ရ မည်။ ထိုသို့ စည်းရုံးရာတွင် NLD မှ မဟုတ်၊ ၈၈ မျိုးဆက်မှ မဟုတ်။ ပြင်မှ ဖြစ်မည်ဟု အသိစိတ်ဓာတ်ရှိသူတိုင်း စည်းရုံးလှုံ့ဆော်ရပေမည်။ အားလုံးအတူ လက်တွဲ၍ သို့မဟုတ် လက်မတွဲနိုင်လျှင် လည်း မိမိဘာသာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ကြပါဟု လှုံ့ဆော်စည်းရုံးကြရမည်။

(၄) ရဲရဲတိုက်ပါ
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့မှာ လွှတ်တော်တစ်ခုတည်းတွင်သာ ရှိသည် မဟုတ်ပေ။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးသည် လွှတ် တော်က ပြင်ဆင်ဖို့ အဟန့်အတားဖြစ်သော ဥပဒေပုဒ်မဖြစ်၍ ပြင်ဆင်ပေးပါဟု တောင်းဆိုရပေမည်။ လွှတ်တော်ပြင်ပတွင်လည်း ပြင်ဆင်ပေးဖို့ တိုက်ပွဲဝင်ရ မည်ဖြစ်သည်။ သို့သော် အကြမ်းဖက်သော တိုက်ပွဲ မဖြစ်စေရပေ။ လူထုတိုက်ပွဲများ ဖြစ်ရမည်။ စီတန်းလှည့်လည်၍ တောင်းဆို တိုက်ပွဲဝင်ခြင်း၊ သပိတ်မှောက်၍ တောင်း ဆိုတိုက်ပွဲဝင်ခြင်း၊ ယခုပြုလုပ်နေသော လူထုအစည်းအဝေးကြီးများဖြင့် ဟောပြော စည်းရုံးကာ တိုက်ပွဲဝင်ခြင်း၊ တစ် နယ်နှင့် တစ်နယ် ခရီးဝေးချီတက်၍ တောင်းဆိုတိုက်ပွဲဝင်ခြင်း၊ တချို့ကလည်း အကန့် အသတ်ဖြင့် အစာငတ်ခံတိုက်ပွဲ ၀င်ခြင်းများ ပြုလုပ်သင့်သည်။ ထိုသို့ တောင်းဆိုတိုက်ပွဲဝင်ခြင်းမှာ တိုင်းပြည် ကို ကယ်တင်ရာကျသောကြောင့် ဒီမိုကရေစီ လိုလားသူတိုင်း ထိုသို့ ရဲ ၄ ရဲ စိတ်ဓာတ်ကို ကိုင်စွဲကာ မိမိတို့ ရည်မှန်းချက် ရောက်သည်အထိ ဆောင်ရွက်ကြရပေလိမ့်မည်။
မြန်မာသံတော်ဆင့်

သမ္မတ ဗိုလ်သိန်းစိန် လေလှိုင်း/ကေဘယ်လိုင်းပေါ်က လစဉ်ထွက်ပြောနေကျ
မိဘပြည်သူများ အစချီပြီး ပုံမဟုတ်ပတ်မဟုတ် စကားတွေကို နိုင်ငံအတွင်း
မှီတင်းနေထိုင်ကြသူတွေ စိတ်ဝင်စားမှု မပြကြပါဘူး။ အာဏာရှင် ဗိုလ်သန်းရွှေ
ရေငုံနှုတ်ပိတ် ၀စီပိတ်သလောက် သူ့ တပည့်ကျော်ကြီး ဗိုလ်သိန်းစိန်ကတော့
ပျော့ပျော့လေးနဲ့ နံလှတဲ့ မိန့် ခွန်းတွေကို တလတခါ ပုံမှန်မှုတ်ထုတ်လေ့ရှိပြီး
နိုင်ငံရေးသမား ဦးသိန်းစိန်ဘ၀ မရောက်ရောက်အောင် စစ်ဗိုလ်ချုပ်ကြီး အရေခွံကို
အစွမ်းကုန် ကြိုးစားချွတ်နေရှာတယ်။ ဗမာပြည်သမိုင်းမှာ ထိပ်တန်းစစ်အာဏာရှင်
အရာရှိကြီးတယောက်အဖြစ်က အထိုက်အလျောက် လူထုနှစ်ခြိုက်လက်ခံသူတဦး
ဖြစ်လာသူဟု ဗွေဆော်ဦး မှတ်တမ်းထိုးနိုင်အောင် အာဏာ၊ ငွေ၊ လုပ်ပိုင်ခွင့်တွေကို
ကန့် လန့် ကာနောက်ကွယ်မှာ ပရောက်စီများခံပြီး ဗုံးပေါလအော ထုတ်သုံးသလို
တဖက်မှာလည်း စည်းရုံးရေးအရ “ပြည်သူကို မဆန့် ကျင်သူ” အခေါ်ခံရအောင်
နေ့ စဉ် အပတ်စဉ် ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖြစ်ရပ်များကို
အနီးကပ် စောင့်ကြည့်ပြီး သူ့ အဖို့  ဘယ်လိုအသုံးချရမလဲဆိုတာ ကောင်းကောင်း
အထာနပ်လာပုံရပါတယ်။

ဒီနေ့ ပြောသွားတဲ့ ရေဒီယိုမိန့် ခွန်းမှာ ဗိုလ်သိန်းစိန်ရဲ့  နိုင်ငံရေး ပါးနပ်မှုကို
တစွန်းတစ သိရှိခွင့်ရခဲ့တယ်။ သေမင်းတမန်လမ်းမကြီး လို့  အများသူငါ ခေါ်ဝေါ်
နေတဲ့ ရန်ကုန် - မန္တလေး အမြန်လမ်းပေါ်က ကားမတော်တဆဖြစ်ရပ်တွေမှာ
ခရီးသွားပြည်သူ အမြောက်အများ မယုံကြည်လောက်အောင် သေကြေကျိုးကန်း
ဒုက္ခရောက်နေကြတဲ့ကိစ္စအပေါ် သမ္မတရဲ့  နိုင်ငံရေးအမြတ်ထုတ်မှုကို ဒီလမိန့် ခွန်း
ထဲမှာ နားထောင်လိုက်ရတယ်။ ရုပ်ပျက်ဆင်းပျက် ကားတိုက် ကားမှောက်မှုတွေ
ဖြစ်ပေါ်လာတိုင်း ပြန်ကြားရေး၊ ဆောက်လုပ်ရေးနဲ့  ပြည်ထဲရေးဌာန အပါအ၀င်
အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေက မော်တော်ယာဉ်၊ ဒါရိုင်ဘာနဲ့  ရာသီဥတုကို
ပါးစပ်က စက်သေနတ်ပစ်သလို တဒိုင်းဒိုင်း ပုံချတတ်ပြီး အမြန်ကားလမ်းမကြီးရဲ့ 
စံချိန်မမီ ချို့ ယွင်းချက်တွေနဲ့  ၄/၅ ရာခိုင်နှုန်းခန့် သာ သက်ဆိုင်တယ် လို့ 
အကြောင်းပြလေ့ရှိပြီး မီဒီယာတွေနဲ့  ကားမောင်းသူတွေဘက်က အကြီးအကျယ်
လက်ညှိုးထိုးပြတဲ့ လမ်းပြစ်ချက်အပေါ် အာဏာပိုင်များက ခပ်ထန်ထန် ငြင်းဆန်
လေ့ရှိတယ်။ ကားမှောက်/တိုက် လူသေမှုတွေ ဖြစ်လာပြီဆို ဟိုဘက်ဒီဘက်
စကားလုံးတိုက်ပွဲတွေ ပေါ်လာပြီး ဘယ်တော့မှလည်း အဖြေတခုဆီ မရောက်တဲ့
အပြင် နှစ်ဘက်အမုန်းပွားမှုတွေသာ ထပ်တိုးတိုးလာတာကို အကဲခတ်မိတဲ့
သမ္မတဟာ အမြန်လမ်းပေါ်က နာမည်ကျော်နေရာများသို့  ကိုယ်တိုင်သွားကာ
ပြည်သူလူထု ဝေဖန်အပြစ်တင်မှုများတဲ့ လမ်းပိုင်းဆိုင်ရာ အနာအဆာကဏ္ဍကို
အထူး ဦးစားပေး စစ်ဆေးပြီး အမြန်ဆုံး ပြုပြင်ပြောင်းလဲဖို့  လမ်းညွှန်ခဲ့တာကို
သတိပြုမိတယ်။ လူတွေရဲ့ အပြစ် ဆိုတဲ့ စကားလုံး လုံးဝမပါအောင် ရှောင်ကွင်းပြီး
“ခင်ဗျားတို့ ဝေဖန်တာကို ကျုပ် နားထောင်တယ်” မပြောရုံတမယ် ကျွမ်းကျင်စွာနဲ့ 
နိုင်ငံရေးသမားစရိုက်ကို ပေါ်လွင်အောင် ထုတ်ပြသွားတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလထဲမှာဘဲ နောက်တခု ထင်ထင်ရှားရှား ဖြစ်ထွန်းလာခဲ့တဲ့
ဖွဲ့ စည်းပုံစာအုပ်ထဲက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး နိုင်ငံရေးလှိုင်းလုံးနဲ့ ပက်သက်ပြီး
ဗိုလ်သိန်းစိန်ရဲ့ သဘောထားဆိုတာထက် ဒီလှိုင်းလုံးအပေါ် ဘယ်လို တက်စီးရမလဲ
ဆိုတဲ့ နိုင်ငံရေးသမားညာဉ်ကို တစွန်းတစ ပေါ်လွင်လာတယ်။ ထိပ်သီးအတိုက်အခံ
နိုင်ငံရေးအင်အားစုရဲ့  လေးပွင့်ဆိုင်တွေ့ ဆုံရေးကိစ္စမှာ ဗီလိန်နေရာက သရုပ်ပြ
ပွဲထွက်ပေးလိုက်ရတဲ့ ဗိုလ်သိန်းစိန်ဟာ ဒီချုပ်ပါတီ ခေါင်းဆောင်ရဲ့  နောက်တကြိမ်
ထလာတဲ့ ၄၃၆ လှုပ်ရှားမှုနဲ့ အတူ ပြည်သူလူထု ပါဝင်လာမှုအပေါ် သူ့ အနေနဲ့ 
“စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာနေပါတယ်”လို့  ထည့်သွင်းပြောခဲ့တဲ့အပြင်
လတ်တလော ကောက်ယူနေတဲ့ ပြင်ဆင်ရေးထောက်ခံမှု လက်မှတ်များရဲ့ ခရီးဆုံး
ချော်တောငေါ့ထွက်မသွားအောင် လွှတ်တော်ဘက်မှ ဖွဲ့ စည်းပုံပြင်ဆင်နိုင်ရေး
အကောင်အထည်ဖော်မှုကော်မတီကို ဖွဲ့ စည်းထားပြီး ဥပဒေနဲ့ အညီ ပြင်ဆင်ကြဖို့ 
လုပ်ငန်းတွေကိုလည်း ပါလီမန်အမတ်တွေက ကြိုးစားလုပ်ဆောင်နေပါတယ် လို့ 
ဝမ်းသာအဲလဲ ထွက်ပြောလာခြင်းအားဖြင့် “ရွှေမန်း - သိန်းစိန် ပွတ်တိုက်နေကြပြီ”
ပြဇာတ်ကြီးကို ဒီနေရာမှာတော့ ချောင်ထိုးထားလိုက်ပါတော့တယ်။ ဒါတင်မက
ပြည်သူလူထုရဲ့ ဆန္ဒ ကောက်ယူနေတာနဲ့ ပက်သက်ပြီး သမ္မတ ဗိုလ်သိန်းစိန်က
“ကျနော့်အနေနဲ့  တိုက်တွန်းပြောကြားလိုတာကတော့ နည်းလမ်းပေါင်းစုံနဲ့ 
ကြိုးစားနေတဲ့ နိုင်ငံရေးအင်အားစုများအနေနဲ့  အချင်းချင်း ချိတ်ဆက်ပြီး
လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုများကို ဟန်ချက်ညီညီပြုလုပ်ခြင်းဖြင့် ပြည်သူ
တရပ်လုံးနှင့် နိုင်ငံသားတဦးချင်းစီအတွက် လက်တွေ့ ကျတဲ့ ကောင်းမွန်တဲ့
ရလဒ်များ ပေါ်ပေါက်စေရန် ကြိုးပမ်းလုပ်ဆောင်ကြပါ” ဆိုပြီး ရက်ပေါင်း ၆၀
(နှစ်လ) ကြာမျှ အုံးအုံးကြွက်ကြွက် ကောက်ယူကြမယ့် ၄၃၆ ပြင်ဆင်ရေး
လက်မှတ်ထိုးပွဲများကို အားတက်သရော ထောက်ခံသွားပါတယ်။

ဒါပေမယ့် စစ်အုပ်စု ဆတ်ဆတ်ထိ မခံနိုင်တဲ့ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးကဏ္ဍမှာ
ဗိုလ်သိန်းစိန်ဘက်က ၄၃၆ ပြင်ဆင်ရေးလို တက်တက်ကြွကြွ ရှိမနေတော့တာ
တွေ့ ခဲ့ရတယ်။ ခြံစည်းရိုးပေါ် ခွထိုင်သလို မတင်မကျ စကားလုံးတွေ ပြောပြီး
နိုင်ငံရေးသမားတယောက်ရဲ့  ပရိယာယ်ကြွယ်ဝမှုမျိုးကို ပြသခဲ့ပြန်တယ်။
ပြည်သူအများစု သမ္မတဖြစ်စေလိုတဲ့ (အခု ဗိုလ်သိန်းစိန် ထိုင်နေတဲ့ခုံမှာ ၀င်ထိုင်
စေလိုတဲ့) ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည်အတွက် သမ္မတဖြစ်ရေးလမ်းမှာ
အတားအဆီး အပိတ်အဆို့ သဖွယ် ဖြစ်နေတဲ့ ပုဒ်မ ၅၉ (စ) ကို နေမြဲအတိုင်း
ရှိလိုကြောင်း ရိပ်ဖမ်းသံဖမ်း ထုတ်ပြောသလို မည်သည့်နိုင်ငံသား တိုင်းရင်းသား
တဦးတယောက်ကိုမျှ သမ္မတဖြစ်ရေးကိစ္စမှာ ပုဂ္ဂိုလ်ကြောင်းအရ တားမြစ်ခြင်းမျိုး
သူ့ ဘက်က မရှိစေရပါဘူးလို့ လည်း စကားအသုံးအနှုန်း ထိန်းထိန်းသိမ်းသိမ်းနဲ့ 
ခွချက် လုပ်သွားပါတယ်။ ဖွဲ့ စည်းပုံပြင်ဆင်ရေး လုပ်ဆောင်ကြရာမှာလည်း
ငြိမ်းချမ်းရေးလုပ်နေတဲ့ လက်နက်ကိုင်တိုင်းရင်းသားများရဲ့  သဘောထားလည်း
အရေးကြီးကြောင်း (ဒီချုပ်ခေါင်းဆောင်ရဲ့  နိုင်ငံရေးအာသီသနဲ့ တင် မလုံလောက်
သေးကြောင်း) ကို ဥပယ်တမျဉ် ထုတ်ပြောသွားပြီး ငြိမ်းချမ်းရေးလုပ်ငန်းများ
အောင်မြင်ရေးမှာ မဖြစ်မနေလိုအပ်လာပြီလို့  ယူဆရတဲ့ ဖွဲ့ စည်းပုံပြင်ဆင်ရေး
အချက်အလက်များကို တွေ့ လာတဲ့အခါ တိုင်းရင်းသားများနဲ့ သဘောတူညီချက်
ယူပြီး ပြင်ဆင်သွားမယ်လို့  ဗိုလ်သိန်းစိန် ရည်ညွှန်းတဲ့အချက်ဟာ ၅၉ (စ)ကို
တို့ ထိကြရာမှာ တိုင်းရင်းသားအဖွဲ့ တွေရဲ့ အသံကို ဂရုစိုက်နားထောင်မယ် လို့ 
ဆိုလိုပုံရတယ်။ အချက်အလက်အရ ခွဲပြောခဲ့ပေမယ့် ဖွဲ့ စည်းပုံပြင်ဆင်ရေးနဲ့ 
ပက်သက်ပြီး သမ္မတရဲ့ သဘောထားခေါင်းစဉ်အောက်မှာ ထည့်သွင်းတာဖြစ်လို့ 
အချက် ၃ ချက်စလုံးကို အနှစ်ချုပ်ကြည့်တဲ့အခါ ဒီဆိုလိုရင်းကို ရောက်စေတယ်။
ဒါပေမယ့် ဗိုလ်ချုပ်ကြီးဟောင်းတယောက်ရဲ့  အခေါ်အပြော၊ အဝေအပစ်များဟာ
သမ္မတရာထူး လက်ခံစ အချိန်များနဲ့  မတူကွဲပြားသွားပြီး မြွေအလမ္ပာယ်ဆရာ
တဦးလို နိုင်ငံရေးသမားအလုပ်ကို အလုပ်နဲ့ တူအောင် လုပ်လာနိုင်ပြီလားလို့ 
မေးခွန်းထုတ်ရမယ့်အဆင့် ရောက်လာပါတယ်။

ဒီနေရာမှာ ခွေးမြီးကောက် ကျည်တောက်စွပ် ဆိုတဲ့ ဗမာစကားပုံကို မေ့ထားလို့ 
မဖြစ်နိုင်ကြောင်းကို ဗိုလ်သိန်းစိန်ရဲ့  မိန့် ခွန်းမှာ သတိပေးသလိုဖြစ်နေတာလည်း
တွေ့ ရပြန်တယ်။ ဒီမိုကရေစီတွေ၊ ငြိမ်းချမ်းရေးတွေ၊ မိဘပြည်သူများတွေ၊
ပြင်ကြရအောင်တွေ ဘယ်လောက်ဘဲ ပြောနေပေမယ့် သူ့ ရေဒီယိုမိန့် ခွန်းရဲ့ 
နောက်ဆုံးမှာ တရားဥပဒေစိုးမိုးရေး အမည်ရတဲ့ “တည်ဆဲဥပဒေလိုက်နာရေး”
လမ်းညွှန်ချက်ကိုတော့ မဖြစ်မနေ ထည့်သွင်းပြောခြင်းဟာ အာဏာရှင်ခေတ်
ဗမာပြည်အနှံ့  မြို့ ကြီးများက လမ်းဆုံလမ်းခွ လူစည်ကားရာ နေရာတွေမှာ
ပြူးတူးပြဲတဲ စိုက်ထူထားခဲ့တဲ့ “စည်းကမ်းလိုက်နာ ဘေးကင်းကွာ” ဆိုင်းဘုတ်
ကြော်ငြာများကို အမှတ်ရစေပါတယ်။ ဗိုလ်သိန်းစိန်အစိုးရသစ်လက်ထက်မှာ
တရားဥပဒေစိုးမိုးရေး အမှန်တကယ် တိုးတက်လာသလား၊ ပိုဆိုးသွားသလား
ဆိုတာ လမ်းတွေပေါ် နေ့ တဓူဝ သွားလာနေတဲ့ အောက်ခြေပြည်သူများကြား
သမ္မတကိုယ်တိုင် ရုပ်ဖျက်ပြီး မေးမြန်းစူးစမ်းကြည့်တဲ့အခါ အဖြေပေါ်ပါလိမ့်မယ်။
ဒါတောင် စစ်အုပ်စုအကြိုက် ရေးဆွဲထားတဲ့ ဥပဒေများကို ဆိုလိုရင်းမျှဖြစ်ပြီး
ပြည်သူလူထု လက်သင့်မခံနိုင်တဲ့ ဥပဒေများသာ ဖြစ်ပါသေးကြောင်း အမှတ်ယူ
ပဏ္ဍာရှာနေတဲ့ ဦးသိန်းစိန်ဆိုသူတယောက်များ သိပါလေစ။
Aungmyo Tun

ငွေထုပ်သိန်းတစ်ရာ ကောက်ရမိသူ ဦးလေးအတွက်
ဘဏ်သူဘဏ်သားပေ့ထဲမှာ ရှိကြသော မန်ဘာများအားလုံး Share လုပ်ပေးကြရင်း ဂုဏ်ပြုလိုက်ရအောင်
ပဲခူးတိုင်းဒေသကြီး ပြည်မြိဲု့ န၀င်းကမ်းနားလမ်းနေ
ဦးစန်းဝင်း(ဆိုက်ကားဆရာ/နိဗာန်ဆော်) ဆိုသူ ဆိုက်ကားနံပါတ် 1661 ဖြင့်
အသက်မွေးဝမ်းကျောင်းပြုနေသော ဆိုက်ကားသမား၏ စိတ်ဓါတ်
ဆိုက်ကားသမား ဆိုတာ အင်္ကျီ အနွမ်းလေးဝတ် ဦးထုပ်အဟောင်းလေးဆောင်းပြီး နေပူပူမှာ ဘ၀ ၀မ်းစာရေးကို ဖြေရှင်းနေကြပေမဲ့ အနေစုပ်ပေမဲ့ စိတ်ဓါတ် မညံကြတဲ့ နိုင်ငံကြီးသား အဆင်မြင့် စိတ်ဓါတ်ရှင် ပြည်မြို့က ဆိုက်ကားသမား တစ်ယောက်အကြောင်းကို တင်ပြချင်ပါတယ်

မနေ့က (30) ရက်နေ့က လစာထုတ်ရက်ဆိုတော့ စီးပွားရေးဘဏ်မှာ လစာထုတ်သူများ နဲ့ စည်ကားနေတဲ့ အချိန် ၊ လူရှုပ်နေတဲ့ အချိန်ပါနေ့လည် ပိုင်းမှာ ဌာနဆိုင်ရာ တစ်ခုရဲ့ ငွေစာရင်းကိုင် ၀န်ထမ်းတစ်ဦးအား စီးဘဏ်ရှေ့ က ပီစီအို ဘေးမှာ သူ တာဝန်ယူထုတ်လာတဲ့ ၀န်ထမ်းလစာ သိန်း (၉၀) ကျော် အထုပ်ကို ဘေးချပြီး ဖုန်းဆက်နေပါတယ်။ အဲဒီအချိန်မှာပဲ သူတို့ဌာန ကားက ရောက်လာတာမို့ အလောသုံးဆယ် ကားပေါ်တက်လိုက်လာပါတယ် ဒု-၀န်ကြီးလည်း ဆိုင်းမဆင့် ဘုံမဆင့် ရောက်လာတာမို့ ကားပေါ်ပါလာသူတွေရော သူကိုယ်တိုင်ပါ စိတ် လောနေကြပါတယ် ဌာနကို ရောက်ရှိပြီး အခန်းထဲရောက်လို့ ငွေထုပ်ကို ကြည့်တဲ့အခါမှ သိန်း (၉၀) ကျော်ငွေထုပ်ဟာ စီးဘဏ် ရှေ့ ပီစီအိုဘေးနားမှာ ကျန်ခဲ့ ကြောင်းသိရတဲ့အတွက် အားလုံး ခေါင်းနပန်း ကြီးကုန်ကျပါတယ်။ ချက်ချင်းပဲ ကားပြန်လှည့်ပြီး ဘဏ်ကို သွားနေပေမဲ့ ဆုံးပြီ၊ ဒီငွေတွေကို ဘယ်လို ပြန်ရှင်းမလဲ ဆိုပြီး စိတ်ပူချင်းများစွာနဲ့ သွားနေရသလို ရုံးက ၀န်ထမ်းတွေကလည်း စိတ်မကောင်းချင်းများစွာနဲ့ ကျန်ခဲ့ ရပါတယ်

အဲဒီကျွပ်ကျွပ် အိတ် အထုပ်ကို ဘဏ်ဘေးက ဆိုက်ကားဂိတ်က ဆိုက်ကားသမားတစ်ဦးက ဖွင့်ကြည့်ပြီး ငွေထုပ်ဖြစ်ကြောင်းသူသိသွားပါတယ် ငွေစည်းတွေရဲ့ အပေါ် မှာ ပန်းတောင်း လို့ ရေးထားတဲ့အတွက် ပန်းတောင်းကားဂိတ်ကို လိုက်ပေးပါတယ် ကားဂိတ်ကလည်း ငွေထုပ်ပျေက်တဲ့ သူ မရှိတာမို့ ဘဏ်ကို ပြန်ယူလာခဲ့ပါတယ်

အဲဒီအချိန်မှာပဲ နောက်က လူ (၃) ဦးက လိုက်လားပြီး သူတို့ ငွေထုပ်ပါ ဆိုပြီး လိုက်ပြောပါတယ် မပေးရင် အန္တရာယ်ပြုမဲ့ ပုံစံမျိုးနဲ့ပါ
ဆိုက်ကား သမားက လည်း မင်းတို့ ပိုက်ဆံဆိုရင် ရဲဆီမှာ လိုက်ယူပါ ရဲကိုပဲ အပ်မယ် ဆိုပြီး ဘဏ်က ရဲနဲ့ ဘဏ် မန်နေဂျာ လက်ထဲ အပ်ခဲ့ပါတယ် အဲဒီလူ (၃) ဦးလည်း မယောင်မလည်နဲ့ ပြန်သွားကြပါတယ်
မျက်ရည်တွေနဲ့ စိတ်ပူပန်ချင်းတွေနဲ့ စကားလုံးတွေနဲ့ ဖော်ပြလို့မရတဲ့ သောက တွေနဲ့ ဘဏ်ကို ရောက်လာတဲ့ အမျိုးသမိး ဟာ ရောက်ရောက်ချင်း သူ့ ဆုံးပြီ ပြသနာတက်ပြီ လို့ ထင်ထားတဲ့ ငွေထုပ်ဟာ ဘဏ် မန်နေဂျာ ဆီကို ရောက်နေပြီလို့ သိလိုက်ရတဲ့ အတွက် အရမ်းကို ပျော်သွားပါတယ်

ဦးစန်းဝင်းမှာ ကားဂိတ်တွေမှာ လိုက်ရှာမရတဲ့အဆုံး မြန်မာ့စီးပွားရေးဘဏ် လုံခြုံရေးရဲဝန်ထမ်းမှ တဆင့် မန်နေဂျာထံသို့ ပေးပို့အပ်နှံခဲ့ပြီးဖြစ်ပါသည်။

သူ သိန်း ၁၅၀၀ ထီပေါက်ရင်တောင် အခုလောက် ပျော်မှာ မဟုတ်ပါဘူး
သူမ ဟာ ဘဏ်မှာ ငွေ အမြဲလာထုတ်နေတာရယ် သူ့ဌာန ၀န်ထမ်းလစာဖြစ်ကြောင်း သက်သေပြနိုင်တာရယ် ကြော င့် သူမကို ပြန်ပေးလိုက်ပါ တယ်
ဆိုက်ကားသမားကို ကျေးဇူးတင်လွန်းလို့ သူမ ယခုလ ရမည့်လစာ (မေလ/၁၄)လအတွက် ငွေ တစ်သိန်းကို ကန်တော့ပါတယ် ရိုးဂုဏ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ရော ကျေးဇူးရှင် တစ်ယောက် အဖြစ် အသိအမှတ် ပြုတဲ့ အနေနဲ့ရော ပဆစ်တုပ်ထိုင်ပြီး ဦးချ ကန်တော့ခဲ့ပါတယ် ဆိုက်ကားသမား ရင်မှာတော့ ပီတိတွေနဲ့ပါ ငွေ ၁ သိန်းကို မယူပါဘူး အတင်းငြင်းပေမဲ့ ကျေးဇူးရှင်မို့ပါဆိုပြီး လက်ခံပါ အတင်းပြောခဲ့ရပါတယ်
ဒိငွေ တစ်သိန်းထက် ကျေးဇူးရှင် အဖြစ် အသိအမှတ်ပြုမှုက သူ့ဘ၀ တစ်လျှောက်လုံး ရိုးဂုဏ် ကို ထိန်းသိမ်းတော့မယ် လို့ ဆုံးဖြတ်လိုက်တဲ့ တွန်းအားကြီး တစ်ခုပါ ဘဏ် မန်နေဂျာ အပါအ၀င် အားလုံးရဲ့ ရင်မှာ ၀မ်းသာ မျက်ရည်စတွေနဲ့ရယ်ပါ ငွေထုပ်လက် ခံပြီး ဘဏ် မန်နေဂျာ ဆီ လိုက်ပို့ပေးတဲ့ ရဲ တပ်သားလေးကိုလည်း မုန့်ဖိုး ၁ သောင်း ပေးအပ်ခဲ့ပါတယ်
ကျွန်တော်တို့ ဘဏ်သူဘဏ်သားများ အဖွဲ့သားများမှလည်း ဦးစန်းဝင်းကြီး
မိသားစုနှင့် ထပ်တူ ဂုဏ်ယူမိပါသည်။ လေးစားမိပါသည်။
အတုယူသင့်ပါသည်။
ဂုဏ်ယူအားကျဖွယ် ဆိုက်ကားဆရာဦးလေးကြီး ဦးစန်းဝင်း LiKe . Share . Comment များဖြင့်ဂုဏ်ပြုပေးကြပါအုန်း

ဘဏ်သူဘဏ်သားများစုံဆည်းရာမိသားစုမှမျှဝေပါသည်



MYANMAR wins Miss Asia Pacific World 2014!
1st runner-up: Korea
2nd runner-up: Macau
3rd runner-up: Philippines
4th runner-up: India
5th runner-up: Singapore
6th runner-up: Thailand
တောင်ကိုရီးယားနိုင်ငံမှာ ယှဉ်ပြိုင်တဲ့ Miss Asia Pacific World 2014 အလှမယ်အဖြစ် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ မေမြတ်နိုးက ရရှိသွားပါပြီ။ ဆန်ကာတင် အလှမယ် ၇ယောက်ထဲမှာ မေမြတ်နိုးက ပါဝင်ခဲ့ပြီး နှစ် ၅ဝအတွင်း ပထမဆုံး အာရှပစိဖိတ်အလှမယ်အဖြစ် ရွေးချယ်ခံလိုက်ရတာဖြစ်ပါတယ်။ ပထမဆုကိုတော့ ကိုရီးယားအလှမယ်၊ ဒုတိယဆုကိုတော့ မကာအိုနဲ့ တတိယဆုကို ဖိလစ်ပိုင်နိုင်ငံကိုယ်စားပြု အလှမယ်တွေက ရရှိခဲ့ပါတယ်။
kamayut media

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.