06/08/14

၈.၆.၂ဝ၁၄ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နံနက် (၇းဝဝ) နာရီအချိန်မှ စတင်၍ ၄၂ ရပ်ကွက်၊ ဇော်ဂျီလမ်းတစ် လျှောက်သို့ အမှိုက်ကောက်ရန် ထွက်ခွာခဲ့ပါ သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင် များနှင့် အသင်းသား/သူများတို့သည် သွားရောက်၍ ရပ်ကွက်သူ/သားများ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့၊ မာဃ လုလင် နာရေးကူညီမှု အသင်းမှ အဖွဲ့ဝင်များ၊ တနင်္ဂနွေ ဗုဒ္ဓ ဓမ္မ ကျောင်း တော်မှ ကလေးငယ်များ အပါအဝင် တက်ညီလက်ညီဖြင့် ပရဟိတ ညီအစ်ကို မောင်နှမများ အင်တိုက်အားတိုက် စည်းလုံးညီညွတ်စွာဖြင့် ၄၂ ရပ်ကွက်၊ ဇော်ဂျီလမ်း အား ဦးစွာပထမအနေဖြင့် အမှိုက်ကင်းမစင်ဇုံ ဖြစ်မြောက်ရေး အတွက် အမှိုက်ကောက် ခြင်းနှင့် စနစ်တကျ အမှိုက်များစွန့်ပစ်နိုင်ရန် သတ်မှတ်အမှိုက်ပုံး သုံးမျိုးသုံးစား ခွဲခြား သတ်မှတ်ထားသည့် (အမှိုက်စို၊ အမှိုက်ခြောက်နှင့် ပြန်သုံးနိုင်သောအမှိုက်) များတို့အား ဦးဝိစာရလမ်းနှင့် ဇော်ဂျီလမ်းထောင့်၊ ဦးဖိုးကျားလမ်း နှင့် ဇော်ဂျီ (၅) လမ်းထိပ်တွင်၎င်း၊ ၄၂ ရပ်ကွက်(တိုးချဲ့)၌ ချမ်းမြေ့သာယာ (၁) လမ်းထိပ်နှင့် ဇော်ဂျီလမ်းတို တို့တွင်၎င်း စုစုပေါင်း အမှိုက်ပုံး (၁၅) ပုံး (သုံးမျိုးတစ်စုံ) ၅ - စုံ တို့အား စနစ်တကျ စီစဉ်ထားရှိခဲ့ ပါသည်။

မြောက်ဒဂုံမြို့နယ်ရှိ အမှတ် (၂) မူလတန်း ကျောင်းနှင့် အမှတ် (၄) အ.ထ.က ကျောင်းများသို့လည်း သွားရောက်၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ခြင်ဆေးဖြန်းခြင်းနှင့် သစ်ပင်များ စိုက်ပျိုးခြင်းတို့ ဆောင်ရွက်ခဲ့သည်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာ ဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြပြီး အမှိုက်ပုံများရှိ စွန့်ပစ်အမှိုက်များအား နာရေးကူညီမှုအ သင်း(ရန်ကုန်) နှင့်အတူ တစ်ရက်ခြားစီ အလှည့်ကျအဖြစ် သိမ်းဆည်း ဆောင်ရွက်သွား ကြမည်ဖြစ်သည်။ အမှိုက်သိမ်းဆည်းရန် သတ်မှတ်ရက်များတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် ယခုကဲ့သို့ အမှိုက်များ အား ကိုယ်တိုင်လှည်းကျင်းခြင်း၊ ရေမြောင်း များမှ ဆယ်ယူခြင်းနှင့် ပြန့်ကျဲ အမှိုက်များအား သိမ်းဆည်းမှုများ ပြုလုပ်တော့မည် မ ဟုတ်ပေ။ ရပ်ကွက်နေ ပြည်သူလူထုတို့မှ သတ်မှတ် အမှိုက်ပုံးများသို့ စနစ်တကျ စွန့်ပစ် ထားရှိသည့် အမှိုက်များကိုသာ သိမ်းဆည်းခြင်းအား ဆက်လက်၍ လုပ်ဆောင် သွားရန် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)

ပြီးခဲ့သော ကြာသာပတေးနေ့ နိုင်ငံတော်သမ္မတ ပဲခူးမြို့ကို လာရောက်ရ်ျ ပဲခူတိုင်း ၂၈ မြို့နယ်က လယ်ယာသုံးကုန်တွေ ခင်းကျင်းပြသ ရောင်းချမယ့်ပွဲတဲ့။။ဝယ်ချင်တဲ့သူတွေ ကိုအကြွေးစနစ်နဲ့ ရောင်းချပေးမယ်။။။။ ခန်းမကြီးက လည်းဟီး နေတာဘဲ ပစ္စည်းတွေကလည်း စုံမှစုံနေတာဘဲ။။။။။။။။။။။။။
သမ္မတကြီးပွဲကိုတက်မဲ့ မြို့နယ်မှူးတွေရဲ့ ဆွေမျိုးသားချင်းတွေကလည်း တက်တက်ကြွကြွပါဘဲ။။။။တနေ့ ၅၀၀၀ ကျပ်ရမှာကိုး။။။။။

သောကြာနေ့ ညနေ။။။။။။။ခန်းမကြီး မှာ လည်း ကြိုတင်အစမ်းတွေတိုက်လို့ နိုင်ငံတော် သမ္မတကြီး ကြွရောက် လာတော့မှာ ဖြစ်ပါသဖြင့်ဟန်းဖုန်းများပိတ်ပေးထားကြပါရန်။။။။။သူတို့ ကြမှဘဲ ဟန်းဖုန်းတောင်ပိတ်ပေးထားရမလို ။။။:):):):)
ပြုံးပြုံးပျော်ပျော်နဲ့သမ္မတကြီး လာတော့မယ် ကြိုကြမယ်။။။တင်ပြကြမယ်။။။။ပေါ့။။။။

ခန်းမ ထဲသို့မည်သူမျှမ၀င်ရ ။။။။တက်ရောက်မဲ့ မြို့နယ်က ရွေးချယ်ထားသူတွေမှ အပ မည်သူမျှတက်ရောက်ခွင့်မရှိ:):)ဗျာ

စနေ့နေ့ သမ္မတကြီး ကြွချီလာပါပြီ။။။။လက်ရာသုံးပစ္စည်းတွေ ကြည့်ကြ။။။ဝယ်ဖို့ ကြို စည်းဝားရိုက်ထားတဲ့ သူတွေ က ၀ယ်ကြ သမ္မတကြီးရှေ့မှာ လယ်ထွန်စက်ကြီး လေးလုံး ကြီးများတောင်ရောင်းပစ်လိုက်တယ်:):):):)။။။။

တိုင်းဝန်ကြီးချုပ် ရွှေမော်ဓော စေတီပေါ် ကားနဲ့ တက်လို့ သမ္မတကြီးကို ဂရုတစိုက် စောင့်ကြည့်ချိန် သမ္မတ ကျောက်ပန်းတောင်းဓမ္မာရုံနောက်လေး ကားရပ် မိုးရွာထဲ ခြေချင်လမ်းလျှောက်ထွက် ပဲခူးသူသားတွေ ၀မ်းသာကြတယ်။။။သမ္မတကြီးကျန်းမာပါစေ:):):) အသက်ရာကျော်ရှည်ပါစေ:):):)

သမ္မတကြီး တပ်မ ၇၇ လေယာဉ်ကွင်းက အတက် အခု ပြခန်းတွေ သိမ်းနေပါပြီ:):):)ဘာပစ္စည်းမှ ရောင်းလို့မရပါတဲ့:):-[ တကယ်သုံး ချင်တဲ့ တောင်သူတွေဘယ်လိုဝယ်ရမလည်း မသိ။။။အကုန်သိမ်းနေပါပြီ ခင်ဗျာ:):):):)

မြန်မာ စကားပုံမှာ ပွဲပြီးဖျာသိမ်းတဲ့။။။သမ္မတ ပဲခူးလာတာ ဘယ်သူတွေအကျိုး ရှိလည်း မြို့နယ် အုပ်ချုပ်ရေးမူးနဲ့ ဆွေမျိုးတွေ တစ်ယောက် ၅၀၀၀ :):):):)

သမ္မတကြီးကတော့ တောင်သူတွေ အကြွေးစနစ်နဲ့ ၀ယ်နေကြပြီပေါ့ ဟီ:):):):):)
အခုတော့ ပြခန်းတွေ ပိတ်ပစ္စည်းတွေသိမ်းကုန်ပီ:):):):)

သမ္မတကြီး ပဲခူးမှာ အညာခံလိုက်ရတယ်ဗျာ။။။

မျိုးမင်းမိုး ပဲခူးအင်းဝင်သား
သတင်းဓါတ်ပုံ- Pretty Honey FB.



အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးရာထူးအဖြစ် ဦးရွှေမန်း တာဝန်ယူနေချိန် သိမ်းဆည်းခံထားရသည့် လယ်များပြန်ပေးရန် ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာမှ လယ်သမား ၃ဝ ဦးခန့် ဇွန်လ ၆ ရက်က ပုသိမ်မြို့တွင် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်ပွဲမှာ “သူရဦးရွှေမန်းလက်ထက် ဧရာရွှေဝါကုမ္ပဏီမှ အဓမ္မခြိမ်းခြောက်သိမ်းယူသွားသော လယ်များအား ပြန်လည်ပေးအပ်ရေး”၊ “တာဝန်ရှိသူများမှ ဥပဒေနှင့်အညီ တရားမျှတစွာ အမြန်ဆုံးဆုံးဖြတ်ဖြေရှင်းပေးရေး”၊ “ငါတို့လယ်မြေများ ဆုံးရှုံးနစ်နာမှုများအပေါ် ဧရာဝတီတိုင်းအစိုးရအဖွဲ့မှ ဥပဒေနှင့်အညီ တရားမျှတစွာ ဆုံးဖြတ်ပေးပါရန်” စသည့် ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ဆန္ဒပြသူများက ပုသိမ်မြို့တွင်း လှည့်လည်တောင်းဆိုခဲ့ကြပါတယ်။

“ကျွန်တော်တို့လယ်တွေကို သူရဦးရွှေမန်းလက်ထက်က ဧရာရွှေဝါကလူတွေရယ်၊ ရယကကလူတွေရယ် လာပြီးတော့ အတင်းသိမ်းတယ်။ လယ်တွေကို တစ်ဧက ၂၇ဝဝဝနဲ့ အတင်းရောင်းခိုင်းတယ်။ မရောင်းရင်လည်း သူတို့က သိမ်းခဲ့တယ်။ ဧရာရွှေဝါကုမ္ပဏီလည်း ကျွန်တော်တို့ဆီမှာ ပျက်သွားပါပြီ။ ကျွန်တော်တို့လယ်ကတော့ ခုချိန်ထိပြန်မရသေးပါဘူး” ဟု လယ် ၆ဧက သိမ်းခံရသည့် ဒါးကရွာမှ ဦးအောင်မြင့်က မဇ္ဈိမကို ပြောခဲ့ပါတယ်။

ဧရာရွှေဝါကုမ္ပဏီက လွန်ခဲ့သော ၁၆နှစ်ခန့် (၁၉၉၈ ခုနှစ်) ကတည်းက ရေနက်ကွင်းနှင့် မြေလွတ်မြေရိုင်းများဖော်ထုတ်ရေး စီမံကိန်းအဖြစ် ဧရာဝတီတိုင်းအတွင်း သာပေါင်းမြို့နယ်အပါအဝင် ကန်ကြီးထောင့်၊ ရေကြည်၊ကျောင်းကုန်း၊ အိမ်မဲစသည့်မြို့နယ်များမှ လယ်မြေဧကပေါင်း ၄၁,ဝဝဝ ကျော်ကို သိမ်းယူခဲ့ခြင်းဖြစ်ပြီး လက်ရှိချိန်ထိ မူလပိုင်ရှင်တို့ ပြန်မရသေးခြင်းဖြစ်ပါတယ်။

ယခင်အစိုးရလက်ထက်က ဒါးကတိုက်နယ်အတွင်းသို့ ဧရာရွှေဝါကုမ္ပဏီ ဝင်ရောက်လာပြီး ကုမ္ပဏီအနေဖြင့် ဆန်စက်၊ ငါးမွေးကန်အပါအဝင် “ရွှေမေတ္တာ” အမည်ရှိ ဇီဝဓာတ်မြေဩဇာစက်ရုံကိုပါ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပါတယ်။ ကုမ္ပဏီပိုင် “ရွှေမေတ္တာ” ဓာတ်မြေဩဇာများကိုလည်း မယူမနေရစနစ်ဖြင့် ဒေသခံလယ်သမားများထံ ရောင်းချခဲ့ပါတယ်။ ဒါပေမယ့် ဓာတ်မြေဩဇာတွေက လယ်သမားတို့အတွက် အလုပ်မဖြစ်ခဲ့ပဲ တောင်သူအများအပြား စီးပွားပျက်ခဲ့ရပါတယ်။

အဆိုပါ ကုမ္ပဏီ၏ အမည်ကို “ဧရာရွှေဝါ” ဟု ကိုယ်တိုင် နာမည်ပေးခဲ့သလို ထိုကုမ္ပဏီတွင် ၎င်း၏သားဖြစ်သူ ပါဝင်ပတ်သက်ခဲ့သည်ဟု လက်ရှိ ပြည်ထောင်စု လွှတ်တော်နာယကဖြစ်သူ သူရဦးရွှေမန်းက မတ်လအတွင်းက မီဒီယာများအား ပြောဆိုခဲ့ပါတယ်။

ဤကိစ္စနှင့် တဆက်တည်း စဉ်းစားသင့်သည်မှာ ယနေ့ တပ်သိမ်းမြေ ပြဿနာများဖြစ်ပါတယ်။ ဦးရွှေမန်းဟာ ယခင်အစိုးရလက်ထက်က နိုင်ငံတွင် တတိယအကြီးဆုံး ရာထူးကို ရထားသူတစ်ဦးဖြစ်၍ တပ်မြေသိမ်းမှုအများအပြားကို လက်မှတ်ထိုးခဲ့သူဖြစ်ကြောင်း သိရပြီး လက်ရှိ အရပ်သားအစိုးရလက်ထက်မှာ မြေသိမ်းမှုဖြင့်ပြဿနာမရှင်းနိုင်တဲ့ တစ်ဦးတည်းသော စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်ပါတယ်။

သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းက အစိုးရသစ်လက်ထက်မှာ လယ်သိမ်းမှုလုံးဝ မရှိကြောင်း ပြောဆိုခဲ့ပြီး“တပ်မတော်အနေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အစိုးရသစ်လက်ထက် လယ်သိမ်းဆည်းတာ လုံးဝမရှိဘဲ မြေပြန်စွန့်လွှတ်တဲ့ လုပ်ငန်းစဉ်သာ ရှိပါတော့တယ်”လို့ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့် က ပြောထားပါတယ်။

မတ္တရာ၊ ပုသိမ်၊ မုံရွာ နှင့် ယနေ့ တိုင်းဒေသကြီးနှင့် ပြည်နုယ်အများအပြားတွင် ပဋိပက္ခဖြစ်ပွားနေသော မြေများကို သိမ်းဆည်းခဲ့သူမှာ ဦးရွှေမန်းဖြစ်တယ်လို့ သိရပြီး လက်ရှိအချိန်မှာတော့ ဦးရွှေမန်းက မဆိုင်သလို ဥပက္ခာပြုနေတာကြောင့် တက်လာတာ မကြာသေးတဲ့ အစိုးရနဲ့ ကာချုပ်က တာဝန်ယူရှင်းနေရတယ်လို့ သိရပါတယ်။ ဦးရွှေမန်းအနေဖြင့် ၎င်းရဲ့ပါတီနဲ့ စစ်တပ်အပေါ်မှာ သစ္စာမဲ့ခြင်းဟာ ၎င်းတို့ထိပ်ပိုင်းပြဿနာဖြစ်ပေမယ့် အခြေခံတောင်သူလယ်သမား ပြည်သူတွေအပေါ်မှာ သစ္စာ မမဲ့ဖို့ နဲ့ ယခင်လို နားလည်ပါးရိုက်မလုပ်ဖို့ သတိပေးလိုပါတယ်။ ဦးရွှေမန်းဖက်က ကိုယ်တိုင် တာဝန်ယူဖြေရှင်းပေးခြင်းမရှိပါက ၎င်းတို့မိသားစု ပိုင်ဆိုင်မှု စာရင်းများနှင့်တကွ ကမ္ဘာ့အဖွဲ့အစည်း အသီးသီးထံသို့ တိုင်ကြားသွားပါမယ်။

ကိုစိုးနိုင် (မြန်မာနိုင်ငံ တောင်သူလယ်သမားများ သမ္မဂ္ဂ)

ယခုတစ်ပတ်ထုတ် The Politics ဂျာနယ်မှာ ဖော်ပြပါရှိပြီး.....
ဒီရက်ပိုင်းထဲထွက်ပေါ်လာတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့လုပ်ရပ်တွေဟာ လူကြီး လူကောင်း မဆန်ဘဲ ကလေးဆန်နေတယ်လို့ ထင်မြင်မိသည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်အောင် တာဝန်ယူကြီးကြပ်ပေးရမယ့် ဒိုင်လူကြီးနဲ့မတူတော့ဘဲ အားကစားလောကမှာ ပြောလေ့ရှိတဲ့ အရပ်စကားနဲ့ပြောရရင် ခေါက်ဆွဲစားတဲ့ဒိုင်လူကြီးနဲ့ တူလာပါပြီ။

ရွေးကောက်ပွဲမှာမဲဆွယ်စည်းရုံးမှုနဲ့ပတ်သက်ပြီး ကန့်သတ်ချက်ထုတ်လိုက်တာများ ကြောက်ဒူးတွေ တုန်နေတာ သိသာထင်ရှားလွန်းသည်။ တစ်ဖက်အသင်းရဲ့အားသာချက်ကို ပွဲမစခင်ကတည်းက ရိုက်ချိုးဖို့ ဒိုင်လူကြီးနဲ့ပေါင်းပြီး ဆင်ကြံကြံနေခဲ့ပြီ။ ဘာတဲ့။ ကိုယ်စားလှယ်လုပ်မယ့်သူကပဲ မဲဆွယ်ဟောပြောခွင့် ရှိမယ်။ တခြားသူမဟောပြောရဘူးတဲ့လား။ ဟားဟား။ အန်ကယ်ကြီးတို့က သိသာလိုက်တာလို့ပဲ ပြောလိုက်ချင်ပါသည်။ ဒီထက်သိသာတဲ့ ကန့်သတ်ချက်မျိုးထုတ်လိုက်ပါလားလို့ အကြံပေးချင်သည်။ ဒေါ်အောင်ဆန်းစုကြည် နေရာတကာလိုက်ပြီး မဲဆွယ်ဟောပြောခြင်းမပြုရလို့။ ကဲ…မကောင်းဘူးလား။ ဟို ၂၀၀၈ အစိမ်းရောင်ဘုတ်အုပ်ထဲက ၅၉(စ)ဆိုတဲ့ပုဒ်မလိုမျိုး ရှည်ရှည်ဝေးဝေးတွေ သွယ်ကာဝိုက်ကာတွေ ရေးမနေနဲ့တော့။ တိုတိုနဲ့လိုရင်းသာထုတ်ပြန်လိုက်။

မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီဆိုပြီး ပါတီငယ်လေးတွေကို ဟိုတစ်စိတ် ဒီတစ်စိတ်ကွဲအောင် ပြန့်အောင် ဖွဲ့စည်းခွင့်ပေးခဲ့တာလဲ အန်ကယ်ကြီးတို့ပဲ။ ပါတီပေါင်းစုံပေါ်လာတော့ အစိတ်အစိတ်အမွှာအမွှာဖြစ်နေတဲ့ ပါတီငယ်လေးတွေကို နလံမထူနိုင်အောင် အုပ်စီးခဲ့တာလဲ အန်ကယ်ကြီးတို့ပဲ။ ၁၉၉၀တုန်းကလဲ ဒီလိုပဲ။ ဒီထက်တောင်ဆိုးခဲ့သေးသပ။ ဗြောင်ကလိမ်ကျခဲ့တာကိုး။ စစ်တန်းလျားပြန်မယ်လို့ ပြောခဲ့တဲ့ အန်ကယ်တပ်ချုပ်ကြီးဆို တပ်မတော်က သမိုင်းတရားခံအဖြစ်မခံနိုင်ပါဘူးလို့ ခပ်တည်တည်ပြောခဲ့တာပါ။ ဖွဲ့စည်းပုံကို ကျွန်တော်တို့မဆွဲပါဘူး။ ရွေးကောက်ပွဲမှာအနိုင်ရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကဘဲ ရေးဆွဲကြပါလို့ ပြောခဲ့တာမှတ်သားဖူးပါရဲ့။ ပုံပြောကောင်းတဲ့ကိုကိုတွေထဲက တစ်ယောက်ပေါ့။ တစ်ခါ ၂၀၁၀ကျပြန်တော့ နောက်တစ်ခါ လာပြန်ချည်သေးပဲ။ ပါတီစုံဒီမိုကရေစီခေတ်လို့ တစ်ခါထပ်ဟစ်ပြပြန်သည်။ ပါတီငယ်တွေထွက်ပေါ်လာအောင်လုပ်သည်။ အဓိကပြိုင်ဘက်ကို ပွဲထဲဝင်မပါနိုင်အောင်လုပ်သည်။ ပြီးတော့မှ အန်ကယ်ကြီးတို့က ဝင်အုပ်သည်။ လှလိုက်တဲ့ကစားကွက်၊ ကောင်းလိုက်တဲ့ဟန်ပန်။ လက်ခုပ်သံတွေတညံညံနဲ့ မိဘပြည်သူများခင်ဗျာဆိုပြီး အန်ကယ်ကြီးတစ်ယောက် နို့သောက်ခိုင်းပြန်သည်။ နို့သောက်ခိုင်းတာ တခြားမဟုတ်ဘူးအရပ်ကတို့ရေ။ နို့သောက် နောက်သို့တဲ့ဗျ။ မိဘပြည်သူများကြီးက အတိတ်တဘောင် နိမိတ်ဆောင်ပြီး နို့သောက်ခိုင်းတာ အကောင်းမဟုတ်ဘူး။ နောက်ကြောင်းပြန်လှည့်ချင်နေတဲ့အရိပ်အယောင်တွေနဲ့ဗျ။
ဟိုလွန်ခဲ့တဲ့ ၂၀၁၂က အမေရိကန်သမ္မတအိုဘားမားကြီး မြန်မာပြည်လာတုန်းက မိဘပြည်သူများခင်ဗျာကြီးက ခပ်တည်တည်နဲ့ပြောခဲ့တဲ့စကားတစ်ခွန်းရှိခဲ့သည်။ ကျွန်တော်တို့ကလဲ (Forward) ပါဘဲဆိုတာလေ။ အားလုံးမှတ်မိကြတယ်မဟုတ်လား။ ရှေ့သို့တဲ့။ ဘာတွေများရှေ့သို့လို့လဲ မိဘပြည်သူများခင်ဗျာကြီးရယ်။ ကိုယ်နဲ့အတူ တစ်သင်းနဲ့ဝင်ကန်ခဲ့တဲ့ အသင်းဖော်ကို ကိုယ်ပြိုင်မယ့်ပြိုင်ပွဲမှာ တာဝန်ယူကြီးကြပ်ရမယ့် ဒိုင်လူကြီးခေါင်းခန့်ခဲ့တာ အိုဘားမားကြီးကို ပြောခဲ့တဲ့ ကျွန်တော်တို့ကလဲ ရှေ့သို့ပါဘဲဆိုတာများလား။ ဒီဒိုင်လူကြီးက သူကန်ခဲ့တဲ့အသင်းနဲ့ တခြားအသင်းနဲ့ယှဉ်ပြိုင်တဲ့အခါ ဘယ်အသင်းဘက်ကို အသာပေးမလဲ ရပ်ကွက်ထဲက မူလတန်းကျောင်းသားတစ်ယောက် သွားမေးတောင် သိနိုင်သည်။ တစ်သင်းထဲသားကို ဒိုင်လူကြီးခန့်လိုက်ကတည်းက သဘောပေါက်လိုက်ပြီ။ မြန်မာ့ရုပ်ရှင်ဖြူမည်းခေတ်က ဒေါ်မြလေးလေသံနဲ့ဘဲပြောလိုက်တော့မည်။ မပြောချင်ဘူး ပြောကိုမပြောချင်ဘူး။

၂၀၁၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွေမှာတုန်းကတော့ ဒီရွှေဥာဏ်တော်တွေက မစူးရောက်ခဲ့ကြပဲ အခု ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေလုပ်မယ်ဆိုတော့မှ ကောက်ခါငင်ကာ ကန့်သတ်ချက်ထုတ်လိုက်တာ ဘာကြောင့်များပါလဲ။ ဘာကိုစိုးရိမ်တာလဲ။ အင်အားကြီးပါတီခေါင်းဆောင်တစ်ဦးကြောင့်၊ ပွင့်ပွင့်လင်းလင်းနဲ့ဘွင်းဘွင်းရှင်းရှင်းပြောရရင် အင်အားကြီးပါတီ အန်အယ်လ်ဒီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကြောင့် အင်အားနည်းပါတီငယ်လေးတွေ မဲမရမှာစိုးလို့လား။ ကိုယ်ရောင်ကိုယ်ဝါ မှေးမှိန်သွားမှာစိုးလို့လား။ ဒါမှမဟုတ် မိခင်အသင်း မရှုမလှ ဘဝပျက်ကိန်းဆိုက်မှာ ကြိုမြင်နေလို့လား။ ခပ်ရှင်းရှင်းပြောစမ်းပါ ဒိုင်လူကြီးမင်းတို့ရယ်။ ဒိုင်လူကြီးဆိုတာ သမာသမတ်ကျရမယ်မဟုတ်လား။ ဘယ်အသင်းဘက်ကမှ မရပ်တည်ပေးရဘူးလေ။ မှန်ကန်တိကျတဲ့လုပ်ရပ်တွေနဲ့ ပွဲထိန်းပေးရမယ့်အစား အခုတော့ ဒိုင်လူကြီးကိုယ်တိုင်က တစ်ဖက်အသင်းရှုံးမှာဆိုးလို့ဆိုတဲ့ အသားလွတ်ကြောက်စိတ်ဝင်ပြီး ကန့်သတ်ချုပ်ချယ်မှုတွေ လုပ်လိုက်တာဟာ ပါတီငယ်လေးတွေဆိုတဲ့ အများနာမ်စားကို ခုတုံးလုပ်ပြီး ကိုယ့်အတ္တအတွက် အကာအကွယ်ယူလိုက်တာလို့ပဲမြင်မိသည်။

ဒီတစ်ခုထဲမဟုတ်ဘူး။ နောက်တစ်ခုကျန်သေးသည်။ ဟုတ်ပါ့မလား မောင်ကာဠုရဲ့ဆို ဒါ့ထက်တောင်ပိုသေး လို့ဖွဲ့ဆိုရမလောက်ပင်။ ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေးလူထုဟောပြောပွဲကို မန္တလေးအောင်ပင်လယ်ကွင်းမှာ လုပ်သည်။ အန်အယ်လ်ဒီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း ပြောသည်။ ထိုမိန့်ခွန်းထဲက စကားတွေဟာ အခြေခံဥပဒေကခွင့်ပြုထားတဲ့အတိုင်းအတာကို ဘောင်ကျော်ပြီးပြောတယ်လို့ ဒိုင်လူကြီးမင်းတို့အဖွဲ့က စွပ်စွဲကာ သတိပေးသည်။ အဲ့ဒီသတိပေးချက်၊ စွပ်စွဲချက်ကိုကြားတော့ ကျွန်တော်ဖတ်ဖူးတဲ့စာတိုလေးတစ်ခုကို သွားသတိရသည်။ အကျဉ်းသားနှစ်ယောက် အပြင်ဘက်ကို ငေးကြည့်နေကြတာတဲ့။ တစ်ယောက်ကတော့ ကြယ်တာရာတွေကိုမြင်ပြီး တစ်ယောက်က ရွှံ့ဗွက်တွေကို မြင်သတဲ့။ အကောင်းမြင်တတ်တဲ့သူက အကောင်းဘဲမြင်မှာဖြစ်ပြီး အကောင်းမမြင်တတ်တဲ့သူက မကောင်းတာတွေကိုဘဲ မြင်နေမှာ။ ယင်ကောင်ဆိုတာ လူတွေနဲ့ အကြောတည့်တဲ့ သတ္တဝါမဟုတ်ဘူး။ လူတွေချစ်တဲ့သတ္တဝါလဲမဟုတ်ဘူး။ ယင်ကောင်ဆိုတဲ့သတ္တဝါက အနာရှာပြီးအုံချင်ကြသည်။ အညှီအဟောက်ကိုရှာပြီးအုံချင်ကြသည်။ သူများအနာကိုရှာရတာမျိုး၊ အညှီအဟောက်တွေကိုရှာရတာမျိုးကို ပျော်ရွှင်တတ်ကြတယ်တဲ့။ ဒါက သူတို့ရဲ့မိရိုးဖလာ အလေ့အကျင့်တစ်ခုမဟုတ်လား။ သူတို့ရှေ့က ယင်ကောင်ဘိုးဘေးဘီဘင်တွေကလဲ ဒီလိုပဲ သူများအနာကိုရှာပြီးအုံရတာကို ပျော်မွေ့ခဲ့ကြလေတော့ သူတို့လက်ထက်မှာလဲ သူများအနာရှာပြီး အုံရတာကို ပျော်မွေ့မှုအဖြစ်ခံယူတာ ဘာများဆန်းတာမှတ်လို့။ မျိုးရိုးလိုက်တာလို့ပဲဆိုပါစို့။ အကောင်းမြင် စိတ်နှလုံးမသွင်းဘဲ ယင်ကောင်လို စိတ်နှလုံးသွင်းနေကြတာ ရွံ့စရာကောင်းပါသည်။

ကျွန်တော်တို့ကတော့ ဥပဒေအကြောင်းသိပ်နားလည်လှတာမဟုတ်ဘူး။ ဥပဒေအကြောင်း နားလည်တဲ့ စာရေးဆရာတွေ၊ ဥပဒေပညာရှင်တွေက ဒီကိစ္စကို ရေးကြဦးမှာဘဲ။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ အခုလိုတွေလုပ်ပိုင်ခွင့်ရှိမရှိ၊ ထုတ်ချင်တာတွေ ထုတ်ပြန်ခွင့်ရှိမရှိ၊ စွပ်စွဲချင်သလို စွပ်စွဲခွင့်ရှိမရှိကို ဆွေးနွေးကြဦးမှာဘဲ။ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲမှာရှိနေတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေဟာ အာဏာအခွင့်အရေး မက်မောလို့လုပ်နေတာမဟုတ်ဘူးဆိုတာ သက်သေထူဖို့ တိုက်တွန်းတဲ့အကြောင်း၊ ဒါဟာစိန်ခေါ်မှုဖြစ်တဲ့ အကြောင်း၊ ဒါကြောင့် စိန်ခေါ်ပါတယ်လို့ လူထုဟောပြောပွဲမှာထည့်ပြောလိုက်တဲ့ ကိစ္စကို ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ကျော်တယ်တို့၊ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ ဂတိသစ္စာဆိုထားတယ် ဒါမျိုးတွေမပြောသင့်ဘူးတို့ စတဲ့ ကိုယ့်လူထိ အသည်းဆက်ဆက်နာ သတိပေးအကြောင်းကြားစာတွေ ရေးဖွဲ့ကြတာ ရယ်ချင်စရာကောင်းလိုက်ပါဘိ။
အဲ့ဒီလိုသာပြောကြစတမ်းဆိုလျှင် ပြည်သူကို ပြည်သူလိုမဆက်ဆံဘဲ နယ်လှည့်ပါးရိုက်လာတာကွ လို့ပြောခဲ့တဲ့ ဝန်မင်း၊ တောင်သူလယ်သမားတွေရဲ့ဆင်းရဲဒုက္ခကို နားလည်ခံစားမှု မပေးဘဲ အကြွေးဆပ်နိုင် အောင် ထမင်းတစ်နှပ်လျှော့စားလို့ ပြောခဲ့တဲ့ ဝန်မင်း၊ ဗုဒ္ဓဘာသာတိုင်းပြည်မှာ အထွတ်အမြတ်ထားတဲ့ စေတီတော်ရင်ပြင်တစ်ခုပေါ် စီးတော်ယာဉ်တန်းနဲ့တက်ပြီး ဘုရားဖူးတဲ့ ဝန်ချုပ်၊ ဆင်းရဲမွဲတေမှု ပပျောက်ရေး တစာစာအော်နေပြီး အောက်ခြေလူထုရဲ့ လူမှုဘဝအခြေအနေတွေကို တကယ်ဘဲမသိလို့လား၊ သိသိကြီးနဲ့ဘဲ ပြောရက်တာလား တစ်နေ့ငွေနှစ်ထောင်ရှိရင် ဖြစ်ပြီလို့ဆိုတဲ့ နိုင်ငံတော်ရဲ့ဒုတိယအကြီးအကဲတစ်ဦး၊ စတဲ့ စတဲ့ ထိုထိုလူကြီးမင်းများရဲ့ အပြုအမူ အပြော အဆိုတွေကျတော့ သတိပေးတားမြစ်တာမျိုးလည်းမတွေ့ရ၊ အရေးယူဆောင်ရွက်တာမျိုးလည်း မတွေ့ရ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ကျော်နေတယ်လို့လည်းမပြော၊ သူတို့က လွှတ်တော်အမတ်တွေမဟုတ်ကြဘဲ အုပ်ချုပ်ရေးအကြီးအကဲလက်အောက်က ဝန်မင်းတွေမို့ နွားနို့မင်းတရားကြီးကသာ စီရင်ရမှာဖြစ်တယ်လို့ ဆင်ခြေပေးကြဦးမယ်မဟုတ်လား။ ရပါတယ်။ ဘယ်လိုဆင်ခြေဘဲပေးပေး ပြည်သူက ဘယ်သူဘာဆိုတာ သိပြီးကြပါပြီ။ ဘယ်သူတွေမှာ ဘယ်လိုစိတ်ဓါတ်တွေရှိကြတယ်ဆိုတာ သိပြီးကြပါပြီ။ ပြည်သူကို လုပ်ချင်တိုင်း လုပ်လို့ရတော့မယ် မထင်ပါနဲ့။ ကစားသမားတွေမှားတာလဲ ပြည်သူက မြင်နေရတယ်။ ဒိုင်လူကြီး ဘက်လိုက်တာလဲ ပြည်သူက တွေ့နေရတယ်။ ပြည်သူတွေ ထိုင်ကြည့်နေတာ အကောင်းမထင်ကြပါနဲ့။ ပွဲသိမ်းခရာမှုတ်လို့ ပြည်သူတွေတခဲနက်အားပေးတဲ့ အသင်းအနိုင်မရခဲ့ရင် ဒိုင်လူကြီးကို ကွင်းထဲက ဟတ်စကီးနဲ့ဆွဲထုတ်ဖို့သာပြင်ထား။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်မကောင်းကြောင်း ဘယ်တော့မှ မပြောတဲ့သူ။ သူကိုယ်နှိုက်က တပ်မတော်ဖခင်ကြီးရဲ့သမီး။ တပ်မတော်မိသားစုဝင်တစ်ဦး။ တပ်မတော်အပေါ် ဘယ်သော အခါမှ မရှုတ်ချဘူး။ အခုပြောခဲ့တာကို သေချာလည်းစဉ်းစား တွေးခေါ်ကြည့်ကြပါဦး။ လွှတ်တော်ထဲ ဝင်ထိုင်နေတဲ့ ကာချုပ်ရဲ့ တစ်ဦးတည်းသဘောဆန္ဒအရ ရွေးလွှတ်လိုက်တဲ့ တပ်မတော်သား ကိုယ်စားလှယ်ဆိုသူတွေကို တိုက်တွန်းစကားက ရိုးရိုးရှင်းရှင်းလေးပါ။ အထက်မှာ ရေးခဲ့တဲ့ အကျဉ်းသားနှစ်ယောက်ထဲက ကြယ်တာရာတွေကို မြင်တဲ့ အကျဉ်းသားလိုပေါ့။ အကောင်းမြင်တတ်တော့ ဒီလိုတွေးမိတယ်။ တပ်မတော်သားတွေဟာ အခွင့်အရေး၊ အာဏာ၊ ရာထူး၊ စည်းစိမ်တွေကို သူများထက်ပိုပြီး လိုချင်ကြတာလား၊ အခွင့်ထူးခံဖြစ်ချင်ကြတာလား။ အဲ့ဒီလိုမဟုတ်ဘူးဆိုတာကို သက်သေပြဖို့လိုပါပြီ။ တပ်မတော်သားတွေဟာလည်း ပြည်သူက ပေါက်ဖွားတဲ့ ပြည်သူ့စစ်သားတွေပဲမို့ ပြည်သူတွေထက်ပိုပြီး အထူးအခွင့်အရေးတွေ ရယူခံစားနေတာမျိုး မဖြစ်စေချင်ဘူး၊ ဒါကြောင့် အဲ့ဒီလို မဖြစ်ဘူး၊ မနေတော့ဘူး၊ မခံစား၊ မစံစားတော့ဘူး၊ အားလုံးခွင့်တူညီမျှ၊ အေးအတူပူအမျှဘဲဆိုပြီး ရဲရဲဝံ့ဝံ့ သက်သေထူဖို့လိုပြီလို့ လူထုခေါင်းဆောင်က တိုက်တွန်းတာပါ။ ဒါဟာ စိန်ခေါ်မှုတစ်ရပ်ဖြစ်တယ်လို့ ဆက်ပြောတယ်။ အဟုတ်ပါဘဲ။ တကယ်တော့ ဒါဟာ သူတို့လို တစ်သွေးတစ်သံ တစ်မိန့်ထဲသမားတွေအတွက် မဟာစိန်ခေါ်မှုပါဘဲ။ ဒီစိန်ခေါ်မှုကို ကျော်လွှားလိုက်နိုင်မယ်ဆိုရင် မြန်မာ့သမိုင်းမှာ တပ်မတော်ဟာ ဘယ်တော့မှ မေ့ဖျောက်လို့မရနိုင်အောင် ကောင်းမွန်သောမော်ကွန်းသစ်ရေးထိုး နိုင်မှာ ဖြစ်ပါသည်။

ပြိုင်ပွဲကြီးက နီးသထက်နီးလာလေပြီ။ အသင်းတွေကလဲ သူ့ထက်ငါ အလုအယက် အနိုင်ရရေး ကြိုးပမ်း ဆောင်ရွက်နေကြလေပြီ။ ဒိုင်လူကြီးကလဲ ခေါက်ဆွဲကျွေးတဲ့အသင်းကို ဘက်လိုက်ဖို့ ဆိုင်းပြင်းနေပါပြီ။ ဒိုင်အကူနဲ့ အနိုင်ယူဖို့လုပ်မယ်ဆိုရင်တော့ ပြည်သူတွေ ငြိမ်ခံနေမှာ မဟုတ်ပါဘူး။ ဒီအချိန်မှာ မြန်မာ့တပ်မတော်ကြီးက ပြိုင်ပွဲဝင်အသင်းတစ်သင်းမဟုတ်တဲ့အတွက် ဘယ်အသင်းဘက်မှာ ရပ်တည်ပြီး အားပေးမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါပြီ။ တစ်ဘက်အင်အားကြီးအသင်းမှာတော့ ငွေကြေး၊ အာဏာ၊ လုပ်ပိုင်ခွင့်တွေအပြည့်ရှိနေပါသည်။ တစ်ဘက် အင်အားကြီးအသင်းမှာတော့ ပြည်သူတစ်ရပ်လုံးရှိနေကြသည်။ ကဲ…တပ်မတော်ကြီးက ပြည်သူ့တပ်မတော်လုပ်မှာလား၊ ငွေကြေး၊ အာဏာ၊ အထူးအခွင့်အရေးတွေကို လိုချင်တဲ့ တပ်မတော်လုပ်မှာလားဆိုတာကတော့ တပ်မတော်သားတွေရဲ့အပေါ်မှာ များစွာမူတည်သွားပြီ ဖြစ်ပါကြောင်း။ ။

ဝေဖြိုးဟန် (အင်းစိန်)
၂၇-၅-၂၀၁၄



ဖွဲ့စည်းပုံကို လွှတ်တော်ထဲကသာ ပြင်နိုင်သည် ဖြစ်၍လူထုလှုပ်ရှားပွဲများထက် လွှတ်တော်အမတ်များနှင့် သာ ဆွေးနွေး ကာ ပြင်ဆင်သင့်သည်ဟု ဆိုကြ ထိုသူများမှာ NLD ထဲတွင်ရော၊ ၈၈ ခေါင်းဆောင်များထဲတွင်ရော ရှိကြပါသည်။ ထိုသူများကိုမေးလို သည်မှာ လွှတ်တော်ထဲပြင်မှ ဖြစ်မည်ဆိုလျှင် လွှတ်တော်ထဲမှ ကိုယ်စား လှယ်များမှာ လူထုကရွေးချယ်ကာ တင်မြှောက်လိုက်သော ပါတီနှင့် လူထု ကိုယ်စားလှယ်များ အမှန်တကယ် ဖြစ်ပါသလား . . .
ယခုတစ်လော ၂၀၀၈ဖွဲ့စည်းပုံပြင် ဆင်ရေးအတွက် NLD နှင့်၈၈မျိုးဆက် များ၏ပူးပေါင်းတရားပွဲများမှာ စိပ် လာ၏။ မေ၂၅ရက်ကလည်း ဟင်္သာတမြို့တွင် ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုတရားပွဲ ကျင်းပ၏။ ထိုပွဲတွင် NLD မှနာယက တစ်ဦး ဖြစ်သူဦးတင်ဦး၊ ၈၈မျိုးဆက် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့ တက်ရောက်ပြောဆိုကြ သည်။ လူထုကလည်းလှိုက်လှိုက်လှဲလှဲ အားပေးကြသည်။ ဖွဲ့စည်းပုံပြင်ဆင်ရေး လှုပ်ရှားမှုများမှာလွတ်လပ်စွာ သဘောထားကွဲ လွဲခွင့်ကို ထင်ဟပ်ပြသော လှုပ်ရှားမှုများဖြစ်ပါသည်။ တချို့ကဖွဲ့စည်းပုံ ပြင်ဆင်ဖို့လမ်းပေါ် ထွက် ဆန္ဒပြ တောင်းဆိုကြသည်။ လူထုကတရားပွဲများ၊ ကြွေးကြော် သံများနှင့် တောင်းဆိုခြင်းမှာ အလွန် တရားမျှတ ပါသည်။ ထိုသို့တောင်းဆိုခြင်းများသည် အလွန်အကျွံ ဒီမိုကရေစီလည်း မဟုတ်ပေ။ အစိုးရကို အကျပ် ရိုက်စေသော အကျပ်ကိုင်မှုလည်း မဟုတ်ပေ။ ခရီးရှည် ချီတက်ခြင်းများလည်း လုပ်သင့်သည်။ ဗြိတိ သျှကိုလိုနီခေတ်က ပြည်သူ များ၏အကျပ် အတည်း ကို တောင်းဆိုသော ဆားတိုက်ပွဲကို အိနိ္ဒယ အမျိုးသား ခေါင်းဆောင်ကြီး ဂန်္ဒီက သူကိုယ်တိုင်ဦးဆောင် ကာခရီးရှည်ကြီးကို ရဲရဲဝံ့ဝံ့ချီတက်ခဲ့သည်။… မြန်မာနိုင်ငံတွင် လည်း ၁၃၀၀ပြည့် အရေး တော်ပုံကြီးမှာ ချောက်ရေနံမြေမှ နေရန်ကုန်အထိခရီးရှည် ချီတက်ခဲ့ခြင်းဖြစ်ပါ သည်။ ယခု ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့ အတိုက် အခံနိုင်ငံရေးသမားများ၊ ကျောင်းသားများက တောင်းဆို လှုပ်ရှားနေသည်မှာ တိုင်းပြည်ကို ထိခိုက်အောင်လုပ်နေခြင်း မဟုတ်။ ထိုသို့လှုပ်ရှားမှုများကြောင့်တိုင်း ပြည်မငြိမ် မသက်ဖြစ်နိုင်သည်ဟု ဆိုသူ များမှာ ဒီမိုကရေစီကိုနားမလည်သူများ ဖြစ်ပါသည်။ လူထုက သူတို့သဘောထား ကို တင်ပြရုံဖြင့် တိုင်းပြည်ဆူပူအောင် လုပ်သည်ဟု ဆိုလိုက်သည်မှာ သူတို့၏ ဒီမိုကရေစီ ရေချိန်ကို ပြသလိုက်ခြင်း ဖြစ် သည်။ ည၉နာရီအိပ်ရမည်ဆိုသော အဆောင်စည်းကမ်းကို လက်မခံသော ကျောင်းသားများကို ဇူလိုင်၇ရက်က စစ် အာဏာရှင်တို့က သတ်ဖြတ်ခဲ့လေ သည်။ သူတို့ကထိုသို့ လုပ်လိုက် သည်နှင့် သူတို့ နိုင်သွားပြီဟုယူဆကြလေသည်။ အလွန် အောက်တန်းနောက်တန်းကျလှလေသည်။ အမှန်မှာ ထိုကဲ့သို့အကြမ်း ဖက်နှိပ်ကွပ် လိုက်ခြင်းသည် ပြည်သူလူထုက သူတို့ အပေါ်အမုန်းရေချိန်တစ်ဆင့် တက်သွား သည်ဆိုသည်ကို သဘောပေါက်ပုံမရပေ။ လူ့အသက်ကို သတ်ဖြတ်ခြင်းဖြစ်သောကြောင့် နောင်ဘ၀တွင် လည်း ငရဲနှင့် အပါယ် ဘုံမှအပသွားစရာမရှိပေ။ ဘုရားတည်၊ ကျောင်းဆောက်လိုက်ရုံနှင့်သူတို့ အပြစ်များ ကျေ မသွားပေ။ ကုသိုလ်က ကုသိုလ်၊ အကုသိုလ်ကအကု သိုလ်ဖြစ်လေသည်။

သို့သော် စစ်အာဏာရှင်များအဖို့ သံသရာကို မျက်စိတစ်ဆုံး မကြည့်ဘဲပစ္စုပ္ပန် ကောင်းစားရေးကိုသာ ကြည့် တတ်သော ကြောင့်သူတို့အာဏာမြဲရေး၊သူတို့ ကြီးပွားရေးကိုသာ အာရုံစိုက်နေကြသဖြင့် သံသရာတွင် သူတို့ အလားအလာမှာ မကောင်း ခြင်းဖြစ်ပါသည်။ ယခုလို ၂၀၀၈ဖွဲ့စည်း ပုံပြင်ဆင်ရေးအတွက် လှုပ်ရှားမှုများလာ လေလေ၊မကျေနပ်သူများကလည်း ဝေဖန် ကြလေလေဖြစ်ပါသည်။ ပြည်ခိုင်ဖြိုးပါတီထဲ၌ပင် ၂၀၀၈ဖွဲ့ စည်းပုံ ပြင်လိုသူနှင့် မပြင်လိုသူ ရှိနေနိုင်သည်။ မလွှဲသာ၍ပြင်ရ လျှင်လည်း ဒီမိုကရေစီကို တားဆီးပိတ်ပင် ထားသော ဥပဒေများထက် သာမန်ဥပဒေများကို သာ ပြင်လိုသူများ လည်းရှိကြသည်။ နိုင်ငံရေးအမြင်၊ ဒီမိုကရေစီ အမြင်ရှိ သော ပြည်ခိုင်ဖြိုးပါတီဝင်များမှာ အနည်းစုသာ ဖြစ်နိုင်လေသည်။ သူတို့ပါတီတွင်း၌လည်း ဖွဲ့စည်းပုံကို ထိထိ ရောက်ရောက်ပြင်ရေး၊ မပြင်ရေးမှာ ဆွေးနွေးငြင်းခုံစရာပြဿနာ ဖြစ်နိုင်လေသည်။

ထို့အတူ ဒီမိုကရေစီ ဘက်တော်သားများတွင်လည်း ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် လှုပ်ရှားမှုများ၌မတူသော အမြင်များ ရှိနေနိုင်ပါသည်။ တချို့က ဖွဲ့စည်းပုံ ကိုလွှတ်တော်ထဲကသာ ပြင်နိုင်သည် ဖြစ် ၍လူထု လှုပ်ရှားပွဲ များထက် လွှတ်တော် အမတ်များနှင့်သာ ဆွေးနွေးကာ ပြင်ဆင် သင့်သည်ဟု ဆိုကြသည်။ လွှတ်တော်က မပြင်လျှင် မပြင်ဖြစ်တော့ဟုဆိုကြ၏။ ထိုသူများမှာ NLD ထဲတွင်ရော၊ ၈၈ ခေါင်း ဆောင်များထဲတွင် ရောရှိကြပါ သည်။ ထိုသူများကိုမေးလိုသည်မှာ လွှတ်တော်ထဲ ပြင်မှ ဖြစ်မည်ဆိုလျှင် လွှတ်တော်ထဲမှ ကိုယ်စား လှယ်များ မှာ လူထုကရွေးချယ် ကာတင်မြှောက်လိုက်သောပါတီနှင့်လူထု ကိုယ်စားလှယ်များ အမှန်တကယ်ဖြစ်ပါ သလား။ ထိုလူများမှာ စစ်အာဏာရှင်တို့က နှပ်ကြောင်းပေးထားသည့် အတိုင်း ပြိုင်ဘက်မရှိပန်း ၀င်လာသော သူများ ဖြစ်ပါသည်။ ထိုလူများကိုပြည်သူက ထောက်ခံသော လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည်ဟု ဆိုလျှင် အထွေအထူးပြောစရာ မရှိတော့ပေ။

တချို့ လှုပ်ရှားတက်ကြွသူများမှာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြည်သူလူထုအင်အား ဖြင့်သာ ပြင်ဆင်ရမည်။ အာဏာ ပိုင်များက ပိတ်ဆို့ဟန့်တားနေလျှင် ဟန့်တားနေသည်များကို ဖောက်ထွက်ကာ လူထုလှုပ်ရှားမှုများ ဖြင့်ပြင်ဆင် ရေးဖြစ်သည်။ ထိုသို့ပြင်ဆင် ပြီးနောက် လူထုနောက်သို့ လိုက်ချင်လိုက် မည်။ ထိုသူများသည်ဆူပူမှု ဖန်တီး သူများတော့ မဟုတ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ လောကပါလတရားနှင့် ကိုက်ညီသော ကြောင့်မည်သို့ ပြင်ရ ပြင်ရ၊ ပြင်မည်ဆို သောသူများ ဖြစ်လေသည်။ နောက်ထပ် ပြင်လိုသူ အင်အားတစ်စုမှာ ဖွဲ့စည်းပုံကို လူထု ဆန္ဒဖြင့် ပြင်ရမည်ကို သဘောပေါက် သည်။ သို့သော်လူထုရွေး ချယ်ချင်သလို ရွေးချယ်သောလမ်းကြောင်း မျိုးနှင့်မပြင် နိုင်ကြပေ။ သူတို့ကအစိုးရ၊ စစ်တပ်စသည့် ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် စိတ်မပါသော အာဏာ လက်ရှိသူများနှင့် ပြင်ဆင်မှသာ အဆင်ပြေနိုင်မည်ဟု ယူဆကြလေသည်။ ယခုဟင်္သာတမြို့တွင် ကျင်းပသွား သော ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေးတရားပွဲ၌ ၈၈ ခေါင်းဆောင်ဦးကိုကိုကြီး ကထိုလမ်းစဉ်ကို ကိုယ်စားပြု ပြောကြားသွားပါသည်။ မိမိတို့ ယခုလှုပ်ရှားနေမှုများမှာ “ပေါင်းပြင်”လမ်း စဉ်ဖြစ်ပြီး “တိုက်ပြင်” လမ်းစဉ်မဟုတ် ကြောင်း သူ၏မိန့်ခွန်းထဲတွင် ပြောကြားသွားခဲ့သည်။

စင်စစ်အားဖြင့် ဖွဲ့စည်းပုံကို မည်သို့ ပြင်မလဲဆိုသည်မှာဖွဲ့စည်းပုံပြင်ရေး၊ မပြင်ရေးနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံ ရေးဆွဲသူနှင့် ထိန်းသိမ်းကာကွယ်သူများ၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် လက်မခံသူများကြား ကျားကုတ်ကျားခဲ တိုက်ပွဲဝင်ရပေမည်။ ဖွဲ့စည်းပုံမှာ တိုင်းပြည်တစ်ပြည်၏ သွေးကြောဖြစ်ပါသည်။ ထိုဖွဲ့စည်းပုံ ပြင်ဆင်ရေးကို တိုက် ပြင်ပြင်မလား ပေါင်းပြင်ပြင် မလားဆိုသည်ကို နိုင်ငံရေးခေါင်းဆောင်များက ရွေးစရာ မဟုတ်ပေ။ ပြည်သူက ဆုံးဖြတ်ရပေလိမ့် မည်။ သူတို့က ယခုဖွဲ့စည်းပုံမှာ အမှန် တကယ် ပြင်သင့်ပါသည် ဟုရိုးရိုး သားသား၊ ရဲရဲရင့်ရင့်မြင်လျှင် ကိုကိုကြီးပြောသော ပေါင်းပြင်လမ်း စဉ်မှာ အောင်မြင် သွားနိုင်သည်။

ထိုသို့မဟုတ်ဘဲ ၂၀၀၈ဖွဲ့စည်းပုံသည် စစ်အာဏာရှင်မျိုးဆက်ကြီးအား အကာ အကွယ်ပေးဖို့မဖြစ်မနေ လိုအပ် သော ဖွဲ့စည်းပုံ၊ သူတို့၏ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးအကျိုးစီးပွားများအတွက် အကာ အကွယ်ယူထားသော ဖွဲ့စည်းပုံဟု ယူဆပြီး ဖက်တွယ်ထားလျှင် သူတို့နောက်ကွယ် က အဘများ၊ ယခုလက်ရှိအဘများက ၂၀၀၈ ဖွဲ့စည်းပုံ ပြင်လိုက်လျှင် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်နေမှာပေါ့ဟုဆိုလျှင် ဘယ်လိုတန်ဖိုးပင်ပေးရပေးရ ကျားကုတ်ကျားခဲမပြင်ဖို့ကြိုးစားကြပေမည်။ မည် သည့်ခေါင်းဆောင်ကပင် တောင်းဆိုဆို၊ ဘယ်နိုင်ငံတွေကပင် ပြင်ပြင်သူတို့မပြင် နိုင်ဟု ကျားကုတ်ကျားခဲတားဆီးနေလျှင် တိုက်ပြင်လမ်းစဉ်မှာ ပေါ်လာရပေတော့မည်။ ထို အခြေအနေမျိုးကို ရွေးချယ်လိုက် သည်မှာ ပြည်သူလူထု မဟုတ်တော့ပေ။ သမိုင်းဖြစ်ပေါ်မှုများအရ လူထု တိုက်ပွဲကြီးများကို ဆိုးဆိုးဝါးဝါး ဖန်တီးလိုက်သူများမှာ ဖိနှိပ်သူများ၊အာဏာပိုင်များဖြစ်၏။ ၁၃၀၀ ပြည့်နှစ် အရေးတော်ပုံကြီးတွင် အလုပ်သမားများ၏ တောင်းဆိုမှုကိုလျစ်လျူရှုကာ အလုပ်သမားများကို ဖမ်းဆီးညှဉ်း ပန်းခဲ့သောကြောင့် တိုက်ပွဲများကို ဆန့်ကျင်ခဲ့ သဖြင့် တိုက်ပွဲမှာ ကြီးမားကျယ်ပြန့်ခဲ့ပါ သည်။ ၁၉၈၈လူထု လှုပ်ရှားမှုကြီး၊ ၂၀၀၇ ရွှေဝါ ရောင်တော်လှန်ရေးခေါ်သံဃာတော် များ၏လှုပ်ရှားမှုကြီးစသည်တို့တွင် ဖန်တီး သူများမှာ အာဏာပိုင်များသာဖြစ်၏။ အပ်နှင့်ထွင်းရမည်ကို ပုဆိန်နှင့်ပေါက်ခဲ့သော ကြောင့် ပြည်သူများ သွေးချောင်းစီးကာ လူထုတိုက်ပွဲများကြီးထွားလာခဲ့ခြင်း ဖြစ် သည်။ယခု ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် ၈၈မျိုးဆက်ခေါင်းဆောင်တို့က “ပေါင်းပြင်”ပြင်ချင်သည်ဆိုဦး။ “တိုက်ပြင်” လမ်းစဉ်ကို လက်မခံဘဲငြင်း ပယ်သည်ဆိုဦး။ ၁၉၈၈ကလို၊ ၂၀၀၇ကလို မိမိသဘော ဆန္ဒနှင့်ကင်းကွာကာ ပေါင်းပြင်ကိုလည်း လက်မခံ၊ တိုက်ပြင်ဆို ဝေလာဝေးသော အုပ်စိုးသူများ၏ စေ့စပ်ညှိနှိုင်းမှုကိုငြင်းပယ် သောမူမျိုးဖြစ်လာပါလျှင်မည်ကဲ့သို့ ရင်ဆိုင် ရမလဲဆိုသည်ကို ပြင်ဆင်ထားဖို့ လို၏။ ပြည်တွင်းငြိမ်း ချမ်းရေး ဆွေးနွေးပွဲများ ၁၉၆၃ခုနှစ်က ပျက်ပြားသွားပြီး နောက်အလံနီ ကွန်မြူနစ်ပါတီသည် အဖမ်းခံကာ ဆွေးနွေးရေးဆိုသော လမ်းစဉ်ဖြင့်ခေါင်း ဆောင်ဖြစ်သူ ဆရာကြီးသခင်စိုးကရဲနီ ကျော်ဝင်းနှင့် ဒေါ်ငွေစံတို့ကို အဖမ်းခံစေခဲ့ သည်။ သူတို့ကို ဖမ်းဆီးပြီး နောက် ဗိုလ်နေ၀င်း စစ်အစိုးရက သူတို့နှင့်ဆွေးနွေးသည် မဆွေးနွေးသည်မသိ။ သူတို့မှာ နှစ်ရှည် ထောင်ဒဏ် များကျသွားခဲ့ရသည်။ ဆွေးနွေး ပွဲများလည်း ပျက်သွားသည်။ စစ်အာဏာ ရှင်တို့မှာ သူတို့ထံ လက်နက်ချ ရမည်။ လက်နက်ချရအောင်လည်း သူတို့တွင် စစ်တပ် နှင့်လက်နက်ရှိသည်ဟု မာန်မာနထောင် လွှားကာ အားနည်းသူကို ချိုးနှိမ်ကြသည် မှာသူတို့၏ မူလဇာတိရုပ်ဖြစ်ပါသည်။ အသာတကြည်စာနာ ထောက်ထားခြင်း မျိုးသူတို့ တွင်မရှိပေ။ ထိုကဲ့သို့ဖြစ်စဉ်များကို သိရှိ နားလည်ကြဖို့လို၏။ ၁၉၈၈ ခုနှစ်ကတည်းက အာဏာ သိမ်းခဲ့သော စစ်အစိုးရမှနေ ယခုအထိပြည်သူကို ကိုယ်စားပြုသောနိုင်ငံရေးပါတီများ၊အတိုက်အခံများ၊ ကျောင်း သားများနှင့်စစ်အစိုးရတို့မည်သို့ ဆွေးနွေး မှုများရှိခဲ့ပါသလဲ။ မည်သို့နားလည် သဘော ပေါက်မှုများ ရှိခဲ့ပါသလဲ ဆိုသည်ကို ပြန် ဆန်းစစ်ဖို့လိုသည်။

ယခုအထိ ပွင့်လင်းမြင်သာမှု အတိုင်းအတာ တစ်ခုအထိပေးလာသည်မှာ စေ့စပ် ဆွေးနွေးညှိနှိုင်း မဟုတ်။ သူတို့၏ အကျပ်အတည်း၊ နိုင်ငံတကာ ဖိအားတို့ကြောင့် တစ်စုံတစ်ရာ လွတ်လပ်မှု ပေးလာခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က ၄ပွင့်ဆိုင် တွေ့ဆုံဖို့တိုင်းပြည်အတွက် ရိုးရိုးသားသား တင်ပြတောင်းဆိုခဲ့ပါသည်။ ထိုသည်ကို နားလည်သဘောပေါက်ပါက ယခုလိုတရား ပွဲ များလည်း လုပ်စရာမလို၊ လူထုကလည်း တောင်းဆို ဆန္ဒပြနေစရာ မလိုပေ။ တစ်ဖက် နှင့်တစ်ဖက် ညှိညှိနှိုင်းနှိုင်းဖြင့် “ပေါင်းပြင်”လမ်းစဉ်ကျင့်သုံးပါက သမ္မတကြီး လည်း စိုးရိမ်နေစရာမလိုပေ။ သို့သော် သူတို့က ပြည်သူလိုလားသော တောင်း ဆိုချက်များကို ပြင်ပေးမည် မဟုတ်ပေ။ အထူးသဖြင့် စစ်တပ်၏ချုပ်ကိုင်မှုကို ထိပါးစေသော အချက်အလက်များကိုပြင်ပေးမည် မဟုတ် ဟု သမ္မတနှင့် ကာချုပ်က အတိအလင်း ကြေညာပြောဆိုကာ ၂၀၀၈ဖွဲ့စည်းပုံသတ် မှတ်ချက်အတိုင်းသာ ပြင်နိုင် မည်ဟု တရားနည်းလမ်းမကျသော တုံ့ပြန်မှုနှင့်ပြောဆိုသဖြင့်ယခုလို လူထုကို လှုံ့ဆော်သော နည်းလမ်းများ ပြုလုပ်လာသလို လူထုက လည်းတက် တက်ကြွကြွပါ ၀င်လာခြင်းဖြစ် သည်။ထို့ကြောင့်ပေါင်းပြင်မလား။ တိုက် ပြင်မလားဆိုသည်မှာ မိမိတို့သဘောဆန္ဒနှင့် မဟုတ်ပေ။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ကို ပြင်ဆင်ရန်

ဆန္ဒပြုလက်မှတ်ရေးထိုးခြင်းကို ထောက်ခံသောမြန်မာနိုင်ငံစာရေးဆရာ များသမဂ္ဂ၏ ကြေညာချက်(၃/၂၀၁၄)

နေ့စွဲ။ ။၃၀.၅.၂၀၁၄

(၁) ယခုအချိန်၌ မြန်မာနိုင်ငံတစ်ဝန်း လုံးတွင်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် ပြည်သူများ၏ ထောက်ခံလက်မှတ်များကို ကောက်ယူလျက်ရှိ ပါသည်။

(၂)၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ပြည်သူလူထုတစ်ရပ်လုံးနှင့် သက်ဆိုင်သော အရေးကိစ္စဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံသည် ပြည်သူလူထုအတွက် လွတ်လပ်မှုနှင့် ဒီမိုကရေစီအပြည့်အ၀ရရှိမှုတို့အား အဟန့်အတား ဖြစ်စေပြီး စစ်အာဏာရှင်တို့၏ အရိပ်မည်းကြီး လွှမ်းမိုးလျက်ရှိပါသည်။

(၃) မြန်မာပြည်သူတစ်ရပ်လုံးမှာ နှစ် ပေါင်း ၅၀ကျော် ဒီမိုကရေစီဆိတ်သုဉ်းခဲ့ ရသလို စာပေယဉ်ကျေးမှု လောကမှ စာပေသမားများမှာလည်း လွတ်လပ်စွာရေးသား ခြင်း၊လွတ်လပ်စွာတွေးခေါ်ခြင်း၊ လွတ်လပ် စွာ မိမိဆန္ဒသဘောထားကို ဖော်ပြခြင်း၊ လွတ်လပ်စွာ တီထွင်ခြင်း၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခြင်း၊ လွတ်လပ်စွာ စည်းရုံး ခြင်း၊ လွတ်လပ်စွာ ပြောဆိုခြင်းစသော ဒီမိုကရေစီအခွင့်အရေးများ ပိတ်ပင်ထား ခြင်းကိုခံခဲ့ရပါသည်။

(၄) ထိုသို့ဒီမိုကရေစီ အခွင့်အရေးများ အတွက် ၂၀၀၈ဖွဲ့စည်းပုံသည် အပြည့်အ ၀ အာမခံချက်ပေး ထားခြင်းမရှိဟု ယူဆ ပါသည်။

(၅) ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ကို ပြင်ဆင်နိုင်ရေးမှာ အခရာ ဖြစ်သလို အရေးကြီးသော တောင်းဆိုချက် ဖြစ်သည်ဟုလည်း ယူဆပါသည်။

(၆) ထို့ကြောင့် ပုဒ်မ ၄၃၆ကိုပြင်ဆင်ရန်အတွက် မြန်မာနိုင်ငံစာရေးဆရာများ သမဂ္ဂမှလည်း အကြွင်းမဲ့ ထောက်ခံပြီး ပါဝင်လက်မှတ်ရေးထိုးမည်ဖြစ်သည်။

(၇) မြန်မာနိုင်ငံစာရေးဆရာများ သမဂ္ဂ၏ ဖွဲ့စည်းပြီးသော ၄၆မြို့နယ်မှ မြို့နယ်သမဂ္ဂများအနေဖြင့်လည်း စာပေလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီအခွင့်ရေးများ ရရှိရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ကို ပြင်ဆင်ပေးရန် ထောက်ခံ လက်မှတ်များကို မိမိတို့မြို့နယ်များရှိ NLD ပါတီရုံးများနှင့် ၈၈မျိုးဆက်ရုံးများကို သွားရောက် လက်မှတ်ရေးထိုးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

(၈) မြန်မာနိုင်ငံစာရေးဆရာများ၊ သမဂ္ဂ၀င်များအားလုံးသည် ထိုထောက်ခံ လက်မှတ်များကို မိမိတို့ရောက်ရှိ သည့် နေရာဒေသအသီးသီးမှနေ ပါဝင်လက် မှတ်ရေးထိုးမည်ဖြစ်ကြောင်း ကြေညာအပ် ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့

မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ

ရန်ကုန်မြို့
မူရင်း။။ မြန်မာသံတော်ဆင့်

(တပည့်များ စိတ်အေးစေရန် ကြေငြာချက် – OFFICIAL Report)

သီတဂူဆရာတော်ကြီးသည် ညာဘက်မျက်လုံး အနီးအဝေး မမြင်သည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သည်။ ၂၀၁၄ နိုဝင်ဘာလ ၂၄ရက်နေ့က နီပေါလ်နိုင်ငံ လုမ္ဗိနီဒေသ ဗုဒ္ဓဘာသာအမွေနှစ်များ ထိမ်းသိန်းစောင့်ရှောက်ရေးအတွက် အကြိုညှိနှိုင်းအစည်းဝေးကြွခဲ့သည်။ အပူချိန် ၄၀အထိရှိသည့် လုမ္ဗိနီဒေသ ဖိနပ်မစီးရ သတ်မှတ်ထားသော နေရာများတွင် ဖိနပ်မစီးဘဲ တော်တော်ကြာ လမ်းလျှောက်ခဲ့ပြီး ဟိုတယ်အပြန် ရေချိုးလိုက်သောအခါ ဘယ်ဘက်မျက်စိပါ အလင်းမရ ဖြစ်ခဲ့သည်။

ထို့နောက်တွင် နီပေါလ်နိုင်ငံမှ သြစတေးလျနိုင်ငံသို့ သီတဂူသံဃာများနှင့်အတူ သိမ်သမုတ်ပွဲ ကြွခဲ့သည်။

သြစတေးလျမှ အင်္ဂလန်နိုင်ငံသို့အစည်းအဝေးတစ်ခုတက်ရောက်ရန် ရောက်ရှိနေခိုက် အင်္ဂလန်နိုင်ငံရှိတပည့်များဖြစ်ကြသည့် ဒေါက်တာသိန်းမြင့်၊ ဒေါက်တာကိုကို၊ ဒေါက်တာကျော်မြင့်ဦး တို့နှင့် မျက်စိကိစ္စ တိုင်ပင် ဖြစ်ခဲ့သည်။

တပည့်ဆရာဝန်များ၏အကြံပေးချက်အရစစ်ကိုင်းသီတဂူအာယုဒါန ဆေးရုံတော်ကြီးတွင် လုပ်အားပေးခဲ့ဖူးသော တန်ဇားနီးယားနိုင်ငံဖွား၊ ပါကစ္စတန်နိုင်ငံသား ဆေးရုံ ပိုင်ရှင်ဖြစ်သောDR.SherezDaya နှင့်ပြသဖြစ်ခဲ့သည်။ကြုံတုန်းကြုံခိုက်အခြေနေ
လည်းပေးသဖြင့် ခွဲစိတ်ကုသသွားပါရန် အကြံပြုကြသည့်အတိုင်း ဆရာတော်ဘုရားမှ ၄-၆-၂၀၁၄ တွင် မျက်စိနှစ်ဖက်လုံး ခွဲစိတ်ကုသမှု ခံယူတော်မူခဲ့သည်။

ယခုအခါမျက်မှန်မပါဘဲအဝေးကြည့်ကို ကောင်းစွာမြင်နိုင်သည်။အနီးကြည့်ကိုတော့
နောက်နှစ်ရက်တွင် ကောင်းစွာမြင်နိုင်မည်။

ကုန်ကျစရိတ် စတာလင်ပေါင် (၁၀၀၀၀) တစ်သောင်းကျော် အားလုံးကိုလည်း ထိုဆေးရုံပိုင်ရှင် ဆရာဝန်ကြီးမှ လှူဒါန်းခဲ့သည်။

ဆရာတော်ကြီးသည်ယခုအခါကျန်းမာရေးရောမျက်လုံးနှစ်ဖက်ပါကျန်းကျန်းမာမာရှိ
ပါကြောင်း စိတ်ပူကြသည့် တပည့်များအား အသိပေးပါသည်။

ဆရာတော်ကြီး (ကိုယ်စား)
သီတဂူစတား

Link=>http://www.sitagustar2020.net/2014/06/blog-post.html

ပြသာနာ မရှိပါဘူး...ကိုယ်စားလှယ်တွေ အကုန်လုံး ဒီထဲမှာရှိတာပဲ (ဇာဂနာ)
(ကိုဇာဂနာ မြင်းခြံဟောပြောပွဲမှ)
ဒီလိုဗျ စကားတခွန်းကိုပြောလိုက်ရင် အဲ
အဓိပ္ပာယ်ကောက်လွဲသွားနိုင်တယ် အဲလိုလွဲသွား
တဲ့အခါကျရင်လည်း ဒီလို တယောက်နဲ့တယောက်
နားလည်မူ့ လွဲတတ်ပါတယ်
ဆိုပါတော့

ဟို
ကျွန်နော်တို့ လွှတ်တော်မှာပေါ့ဗျာ
လွှတ်တော်မှာ ကိုယ်စားလှယ်တွေ အများကြီးထိုင်နေတယ်
အဲအချိန်မှာ လွှတ်တော် ဥက္ကဌက မေးစရာရှိတာ မေးခွင့်ပြုတယ်တဲ့
မေးစရာရှိတာမေး ဆွေးနွေးစရာရှိတာဆွေးနွေးလို့
ရပါပြီ လွှတ်တော် ကိုယ်စားလှယ်တွေဝင်ပြီးဆွေးနွေးကြပေါ့ဗျာ
အဲအချိန်မှာ ထောင့်က လွှတ်တော်ကိုယ်စားလှယ်တယောက်က မတ်တပ်ထရပ်ပါတယ်
ဟို လွှတ်တော် ဥက္ကဌကိုခွင့်တောင်းတာပေါ့
ဥက္ကဌကြီးခင်ဗျား ကျွန်နော် ဟို ကျွန်နော် ကျွန်နော်
တခုလောက် ပြောပါရစေဆိုတော့
ဥက္ကဌကပြောတယ်
ခင်ဗျားအလှည့်မရောက်သေးဘူးလေ သူများတွေအလှည့် ခဏစောင့်ဆိုတော့
ဟုတ်ပါဘူးခင်ဗျား ကျွန်နော် အရေးကြီးလို့ပါ
ပြောခွင့်ပြုပါ
အော် ဒုက္ခပါပဲ
ကဲပြော ဘာပြောချင်လဲ ကဲပြော
ဒီလိုပါခင်ဗျား ကျွန်နော် အခုအိမ်ကထွက်လာတာ
ကျွန်နော့အိမ်က မီးခံသေတ္တာထဲမှာ ကျွန်နော့ပိုက်ဆံအိတ်ထည့်ခဲ့ပါတယ်
မီးခံသေတ္တာကို ကျွန်နော်သော့မခတ်မိခဲ့ဘူး ခင်ဗျ
အဲဒါ ကျွန်နော် သူခိုး ခိုးသွားမှာ စိုးလို့ အိမ်ပြန်သော့ခတ်ခွင့်ပြုပါ ဆိုတော့
လွှတ်တော် ဥက္ကဌက တခွန်းပဲဖြေလိုက်တယ်
ပြသာနာ မရှိပါဘူးတဲ့ ကိုယ်စားလှယ်တွေ အကုန်လုံး ဒီထဲမှာရှိတာပဲတဲ့

ဖြောင်း ဖြောင်း ဖြောင်း( ပရိတ်သတ်လက်ခုပ်သံများ )
အမှန်က တော့ အားလုံးလဲ ဒီမှာပဲလို့ ပြောတာလေ ပရိသတ်က ဘယ်လို သဘောပေါက်သွားလဲ
မသိဘူးနော်
ကျွန်နော်ပြောချင်တာ အားလုံးလဲ ဒီမှာထိုင်နေကြတာပဲ ပြန်မနေပါနဲ့ ခိုးသွားလဲ ခိုးသွားပလေ့စေ ဆိုတဲ့ စိတ်နဲ့ ပြောပုံရပါတယ်
ဒါပေမယ့်
အဓိပ္ပာယ် အရကတော့ ခုနက ပရိသတ်နဲ့ တူတူပဲ
ဖြစ်သွားပုံရတယ်
ကျွန်နော်ပြောချင်တာက အဓိပ္ပာယ်ကောက်လွဲမှာ
စိုးပါတယ်
(ကိုဇာဂနာ မြင်းခြံ ဟောပြောပွဲမှ)
— Km Kominnminn

သီတဂူဆရာတော်ကြီးသည် ညာဘက်မျက်လုံး အနီးအဝေး မမြင်သည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သည်။ ၂၀၁၄ မေလ ၂၄ရက်နေ့က နီပေါလ်နိုင်ငံ ဗုဒ္ဓဘာသာလုမ္ဗိနီဒေသ ထိမ်းသိန်းစောင့်ရှောက်ရေးအတွက် အကြိုညှိနှိုင်းအစည်းဝေးကြွခဲ့သည်။ အပူချိန် ၄၀အထိရှိနေတဲ့ လုမ္ဗိနီဒေသ ဖိနပ်မစီးရနေရာ ဖိနပ်မစီးဘဲ တော်တော်ကြာ လမ်းလျှောက်ခဲ့ပြီး ဟိုတယ်အပြန် ရေချိုးလိုက်သောအခါ ဘယ်ဘက်မျက်စိပါ အလင်းမရ ဖြစ်ခဲ့သည်။

နီပေါလ်နိုင်ငံမှ သြစတေးလျနိုင်ငံသို့ သီတဂူသံဃာများနှင့်အတူ သိမ်သမုတ်ပွဲ ကြွခဲ့သည်၊ သြစတေးလျမှ အင်္ဂလန်နိုင်ငံသို့ အစည်းအဝေးတစ်ခု တက်ရောက်ရန် ရောက်နေစဉ် အင်္ဂလန်ရောက် မြန်မာဆရာဝန်များဖြစ်ကြသော ဒေါက်တာသိန်းမြင့်၊ ဒေါက်တာကိုကို၊ ဒေါက်တာကျော်မြင့်ဦးတို့နှင့် တိုင်ပင်ခဲ့ရာ စစ်ကိုင်း သီတဂူအာယုဒါနဆေးရုံမှာ လုပ်အားပေးခဲ့ဖူးသော ပါကစ္စတန်းနိုင်ငံသား တန်ဇနီးယားနိုင်ငံဖွားလည်းဖြစ် ဆေးရုံးပိုင်ရှင်လည်းဖြစ်သော Dr Slieresdayaနှင့် ပြကြည့်သောအခါ အင်္ဂလန်နိုင်ငံသို့ ရောက်နေခိုက် ကြုံတုန်းကြုံခိုက် မျက်စိခွဲစိပ်ကုသမှု ခံယူရန် လျှောက်ထားကြသဖြင့် 04-6-2014 နေ့ မျက်စိနှစ်ဖက်လုံး ခွဲစိပ်ကုသမှု ခံယူခဲ့ပါသည်။

ကုန်ကျစရိတ် စတာလင်ပေါင် (၁၀၀၀၀) တစ်သောင်းကျော် အားလုံးကိုလည်း ထိုဆေးရုံပိုင်ရှင် ဆရာဝန်ကြီးကပဲ လှူဒါန်းခဲ့သည်။

ယခုအခါ မျက်မှန်မပါဘဲ အဝေးကြည့်ကို ကောင်းစွာမြင်နိုင်သည်။ အနီးကြည့်ကိုတော့ နောက်နှစ်ရက်တွင် ကောင်းစွာမြင်နိုင်မည်။

ဆရာတော်ကြီးသည် ယခုအခါ ကျန်းမာရေးရော မျက်လုံးနှစ်ဖက်ပါ ကျန်းကျန်းမာမာရှိပါကြောင်း စိတ်ပူကြသည့် တပည့်များအား အသိပေးပါသည်။

ဆရာတော်ကြီး၏ကိုယ်စား
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား


မကွေးတိုင်း၊ မကွေးမြို့တွင် ဇွန်လ ၉ ရက်၌ ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲ မြသလွန်ဘုရားကြီးကွင်းတွင် ကျင်းပခွင့်ကို ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ ခေါ်ယူတားမြစ်ခြင်းခံရသည်ဟု ကြားသိရပါသည်။လူထုဟောပြောပွဲကို အာဏာပိုင်တွေက ခွင့်ပြုချက်မပေးတဲ့အပြင် ပြင်ဆင်ထားတာတွေကိုပါ ဖျက်ပစ်မယ်လို့ ဇွန်လ ၇ရက်မှာ ခေါ်ယူပြောဆို သတိပေးလိုက်ပါတယ်။

သို့သော် အခမ်းအနားစီစဉ်ထားသူများက မူလစီစဉ်ထားသည့် အစီအစဉ်အတိုင်း ကျင်းပဖြစ်ရန် ဆက်လက်ကြိုးစားသွားမည်ဟု ဆိုသည်။

သတင်းအသေးစိတ် မေးမြန်းနိုင်ရန် -

၁။ ကိုနေမျိုးကျော် (ဖုန်း) ၀၉ ၂၅၆၃ ၉၉၇၅၀
၂။ ကိုထွန်းဦးခိုင် (ဖုန်း) ၀၉ ၄၀၁၆ ၃၈၃၅၀

တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အဖွဲ့ချုပ်နဲ့ ၈၈ တို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ဖို့ တနိုင်ငံလုံးအနှံ့ လှုပ်ရှားဆောင်ရွက်နေတာဖြစ်ပြီး ဆိုင်ရာက ခွင့်ပြုချက်မပြုတဲ့အပြင် ဖျက်ပစ်မယ်လို့ ခြိမ်းခြောက်တာ ဒါ ပထမဆုံးဖြစ်ပါတယ်
Dvb

စစ်တပ် က အာဏာပြန် သိမ်းနိုင်မလား လို့ တော်တော်များ များ တွေးကြ မေးခွန်းထုတ်ကြ တာရှိတယ် ။ ကျွန်တော် က တော့ လုံးဝ မဖြစ် နိုင်ဘူး လို့ မြင်တယ်။

ကျွန်တော် တို့တိုင်းပြည် ရဲ့ သမိုင်း မှာ တကယ့် အာဏာ အပြောင်းအလဲ ၊ နိုင်ငံရေး အပြောင်းအလဲ တွေ ဟာ စစ်တပ် အာဏာသိမ်းမှု တွေ ကနေ တဆင့် သာဖြစ်ပေါ် နိုင်တဲ့ သဘောရှိ လို့ လက်ရှိ တိုင်းပြည်မှာ အမှန်တကယ် အာဏာ ရှိနေတဲ့ သူဟာ သူကိုယ်တိုင်လည်း အာဏာသိမ်းထားခဲ့သူ ဖြစ် လို့ သူဟာ ဒီ အချက် ကို စဉ်းစားထားပြီးသားဖြစ် သလို သူစစ်တပ် ထဲ မှာ မရှိတော့ တဲ့ အခါမှာလည်း သူကိုယ်တိုင် ပြန်ပြီး အာဏာ အသိမ်းမခံ ရလေအောင် ပြင်ဆင်ထားခဲ့ ရမှာဖြစ်ပါတယ်။

အသေအချာ စဉ်းစားကြည့်ရင် စစ်တပ် မှာ အာဏာသိမ်းမှု ကို ဦးဆောင် နိုင်လောက်အောင် အတွေ့အကြုံ ရှိပြီး နိုင်ငံရေး အတွေးအမြင်၊ နိုင်ငံရေးအိမ်မက် ရှိလောက်တဲ့ ခေါင်းဆောင် မှန်သမျှ ကို ပါတီ ထဲ ကို အပါခေါ် သွားခဲ့ပြီး သား ဖြစ်တယ် ဆိုတာတွေ့ရမှာပါ။ ။ ပြောရရင် ဆရာ တွေ အပြင်ထွက်ပြီး ပါတီ ထောင် တဲ့ အချိန် မှာ တပ်က တပည့် တွေ လက်မှာ ကျန်ရစ်ခဲ့တာပါ ။

နားလည်လွယ်အောင်ပြော ရရင် အလွန် ခက်ခဲ ရှုပ်ထွေး တဲ့ နိုင်ငံရေး ပုစ္ဆာ ကို ဖြေ ဖို့ ကာချုပ် မင်းအောင်လှိုင် တစ်ယောက် စာမေးပွဲ ခန်းထဲ မှာ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် ကြား က ခုံ မှာ ထိုင်ရင်း အကျပ်ရိုက်နေတယ်ဆိုပါစို့ ။ သူ ဘယ်သူ့ အဖြေ ကို ကူးချမယ်ထင်ပါသလဲ ။ ရှင်းပါတယ် ပြီးခဲ့တဲ့ မတ်လ ၂၆ နဲ့ ၂၇ မှာ နှစ်ယောက်သားရှေ့ဆင့်နောက်ဆင့် ဆိုသလို ပြောကြားတဲ့ မိန့်ခွန်းတွေ က သက် သေပါပဲ ။

သီတင်းကျွတ် လို့ ကြံခိုင်ရေးပါတီ က လူကြီးတွေ စစ်တပ်ရှေ့ မှာ မတ်တပ်ရပ် လိုက်ရုံ နဲ့ အားလုံးထွက်ပြီး ကန်တော့ ရမယ့် အခုလို အနေအထား မှာအပြောင်းအလဲ တခု အတွက် စစ်တပ် ကအာဏာသိမ်း ဖို့ ဆိုတာ မဖြစ်နိုင်သလို စစ်တပ် က လက်ရှိ မျိုးဆက်မှာတော့ ကြံခိုင်ရေးပါတီ ကို လွန်ဆန်ပြီး နိုင်ငံရေး ဆုံးဖြတ်ချက် တွေ လုပ်နိုင်မှာ မဟုတ်ပါ ။

တခုရှိ တာ ကတော့ ခုလို အချိန်မှ အာဏာ သိမ်းပြီ ဆိုရင်တော့ ထူးပြီ လို့ ပြောရ မှာပါ ။ ကျွန်တော့ အမြင် ကတော့ အာဏာ သိမ်း မှာဟာ ကြောက် စရာ မဟုတ် ဖဲ မျှော်လင့် ပြီး ဆုတောင်း ရမယ့် ကိစ္စ္စ လို့ပြောမယ် ဆိုရင်တောင် မှားလိမ့် မယ်လို့ မထင် မိကြောင်းပါ ။

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.