06/11/14

ဘုန်းကြီးအင်အား ၅ သိန်းရှိတဲ့ ဗမာပြည်မှာ ဘုန်းကြီးအုပ်စု အချင်းချင်း
ကျောင်းလု မြေလု ဖြစ်ရပ်တွေ မရေမတွက်နိုင်အောင် ဖြစ်ပေါ်ခဲ့ဖူးပေမယ့်
ဘယ်သူပိုင်သလဲ ဆုံးဖြတ်ချက် ထွက်မလာမီ အငြင်းပွားနေတဲ့ ကျောင်းကို
အစိုးရရဲတပ်ဖွဲ့ က အင်အားပြပြီး ချိတ်ပိတ်လိုက်တဲ့ ဖြစ်စဉ်မျိုးဟာ
တွေ့ ရခဲပါတယ်။ ဒီလို ထူးခြားတဲ့ အဖြစ်အပျက်တခု မနေ့ ညနက်ပိုင်းက
ရန်ကုန်မြို့  တာမွေမြို့ နယ်မှာ တည်ရှိတဲ့ မဟာသန္တိသုခဘုန်းကြီးကျောင်းမှာ
ဖြစ်ပေါ်ခဲ့ပါတယ်။

ရဲဘက်အဆိုအရ တိုင်းမဟနအဖွဲ့  ညွှန်ကြားချက်နဲ့ အညီ လုပ်ဆောင်ရတာပါလို့ 
ဆိုပေမယ့် သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ ဘုန်ကြီးအဖွဲ့  နှစ်ခုမှာ မဟနအဖွဲ့ 
ကိုယ်၌က တဘက်အဖွဲ့ အဖြစ် ကာယကံမြောက် ဒုတ်ဒုတ်ထိပါဝင်နေခြင်းဟာ
အခုလို သင်္ကန်းတဖားဖား ရဲတလွှားလွှားနဲ့  ရုပ်ပျက်လောက်တဲ့အထိ ရောက်သွားရ
တာပါ။ ဒီပြဿနာကြောင့် စွန့် လွှတ်ခြိုးခြံ လောဘကင်းစင်ခြင်းဆိုတဲ့ ဗုဒ္ဓအဆုံးအမ
တွေလည်း လှောင်ရယ်ဟားတိုက် မေးခွန်းထုတ်ခံရတော့မှာပါ။

၁၉၉၆ ခုနှစ်မှာ ပန္နက်တင်ခဲ့ပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာလမှာ ဖွင့်လှစ်ခဲ့တဲ့
မဟာသန္တိသုခကျောင်းဟာ လက်ရှိ အငြင်းပွားရာ ဘက်တဘက်ဖြစ်တဲ့
ပီနန်ဘုန်းကြီးကို ၀န်းရံပြီးမှ ပေါ်ပေါက်လာတာဖြစ်သလို စစ်အစိုးရခေါင်းဆောင်
ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးနဲ့  ဗိုလ်ခင်ညွန့် တို့ ကိုယ်တိုင် ရေစက်ချ ဖွင့်လှစ်ပေးခဲ့
တာပါ။ ကျောင်းတိုက်ပေါ်လာပြီး ၃ နှစ်ခန့် အကြာမှာ ကျောင်းဂေါပကအဖွဲ့ အတွင်း
ငွေရေးကြေးရေး အရှုပ်အထွေးများ ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ 
မဟနအဖွဲ့ က လွှဲပြောင်းရယူခဲ့ပါတယ်။ ဒီ့နောက်မှာတော့ အလှူမင်္ဂလာပွဲများ၊
ရုပ်ရှင်ရိုက်ကွင်းများ၊ ဈေးပွဲတော်များ၊ အကသင်တန်းများစတဲ့ သာသနာရေးနဲ့ 
မအပ်စပ်တဲ့ စီးပွားရှာလုပ်ရပ်များကို လက်ခံလာခဲ့တာကြောင့် မဟာသန္တိသုခဟာ
ဟိုတယ်ကြီးသဖွယ်ဖြစ်နေပြီလို့  ပီနန်ဘုန်းကြီးက ဝေဖန်ခဲ့ပြီး မူလရည်ရွယ်ချက်
ဖြစ်တဲ့ သာသနာပြုကျောင်းကြီးအဖြစ် ပြန်လည်ပြောင်းလဲလိုတဲ့အပေါ် ကြိုးပမ်း
လာခြင်းရဲ့ နောက်ဆက်တွဲအဖြစ် မဟနအဖွဲ့ ကြီးနဲ့  ကျောင်းပိုင်ဆိုင်မှုကိစ္စ
ထိတ်တိုက်တိုး အငြင်းပွားကြတာပါ။

လတ်တလော ပြဿနာဖြစ်ပွားနေတဲ့ ကျောင်းတိုက်မှာ ပီနန်ဘုန်းကြီးအုပ်စုနဲ့ 
မဟနအဖွဲ့ အုပ်စု နှစ်စုစလုံးက ဘုန်းကြီးတွေ နေထိုင်ကြပါတယ်။ ဘယ်ဘက်ကမှ
ကျောင်းကို အရှင်း စွန့် ခွာမသွားကြဘဲ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်နဲ့  တိုက်ပွဲ
ဝင်နေကြပါတယ်။ ဒါပေမယ့် သာသနာရေးဌာန အမြင့်ဆုံး အာဏာပိုင်ဖြစ်တဲ့
မဟနအဖွဲ့ က ၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်နေ့  နောက်ဆုံးထားပြီး ပီနန်အုပ်စုဝင်
ဘုန်းကြီးများကို ကျောင်းတိုက်ထဲက ထွက်ခွာပေးရမယ်လို့  ရာဇသံပေးပါတယ်။
ဒီထုတ်ပြန်ချက်ကို ပီနန်ဘုန်းကြီးက ပယ်ချလိုက်ပြီး မဟနအာဏာကို ဖီဆန်ကာ
သူ့ နောက်လိုက်များကို ကျောင်းတိုက်မှာ ဆက်နေထိုင်ဖို့  ညွှန်ကြားတဲ့အပြင်
လွန်ခဲ့တဲ့ မတ်လ ၄ ရက်မှာ သတင်းစာရှင်းလင်းပွဲကြီးတခု ပြုလုပ်ခဲ့ပါတယ်။
ပီနန်ဘက်က ဥပဒေကြောင်းအရ တိုင်း မဟန၊ သမ္မတရုံး၊ လွှတ်တော် စတဲ့
သက်ဆိုင်ရာအဖွဲ့ အစည်းများသို့  ဖြစ်စဉ်နဲ့ ပက်သက်တဲ့ အကြောင်းစာများ
ပေးပို့ ထားပြီး ဒီအငြင်းပွားမှုကို အစိုးရမှ တိုက်ရိုက် ကိုင်တွယ်ဖြေရှင်းပေးရန်
တောင်းဆိုခဲ့ပါတယ်။ ပီနန်ဘုန်းကြီးရဲ့  မီဒီယာတွေ့ ဆုံပွဲကို နိုင်ငံရေးတက်ကြွ
လှုပ်ရှားသူများ၊ အမျိုးဘာသာသာသနာစောင့်ရှောက်ရေး (မဘသ)ဘုန်းကြီးများ၊
၈၈ ငြိမ်းပွင့်ခေါင်းဆောင်တချို့ နဲ့  အတိုက်အခံပါတီဝင်များနဲ့  ထင်ရှားတဲ့
လူမှုရေးခေါင်းဆောင်များ လာရောက်ပူးပေါင်းခဲ့ကြပါတယ်။

မဟနဟာ မဟာသန္တိသုခကျောင်းကို သော့ခတ်ချိတ်ပိတ်သွားတဲ့ လက်သည်ပါ။
မဟနဟာ စစ်အစိုးရရဲ့  လက်ရင်း တပည့်ဟောင်းဖြစ်ပြီး မဘသအဖွဲ့ ဟာလည်း
နောက်ပေါက် တပည့်ကလေးဖြစ်တာကို သတိချပ်ဖို့ လိုပါတယ်။ မဘသဘုန်းကြီး
ဝီရသူရဲ့  ဧပြီလဆန်းက တင်ထားတဲ့ ၀က်ဘ်ဆိုဒ်စာမျက်နှာမှာ ပီနန်ဘုန်းကြီးရဲ့ 
မဟနအဖွဲ့ ရာဇသံ အာခံတဲ့ အကြောင်းအရာကို တခုတ်တရ တင်ထားခဲ့တာ
တွေ့ ရပြီး အဲဒီအချိန်က မဘသဟာ ပီနန်ဘုန်းကြီးဘက်က ရပ်တည်ပေးခဲ့ပါတယ်။
သာသနာရေးဝန်ကြီးရဲ့  ပွဲစားလုပ်ပေးမှုနဲ့ အတူ မကြာခင်ရက်ပိုင်းက မဟနနဲ့ 
မဘသတို့  ယာယီ ပေါင်းထုတ်ခဲ့ကြပါတယ်။ နှစ်ဖွဲ့ စလုံး အာဏာပိုင်ရဲ့ ရင်ငွေ့ မှာ
ခိုလှုံခဲ့ကြပြီး အစိုးရရဲ့  နိုင်ငံရေးအာသီသများကို ဖြည့်ဆည်းပေးရန် တာဝန်ခွဲယူ
လိုက်ကြပါတယ်။ ပီနန်ဘုန်းကြီးဘက်က တိုက်ပွဲဝင်ပေးမယ့် နာမည်ကြီး မဘသ
အဖွဲ့ ဟာ သာသနာရေးဝန်ကြီး လက်အောက်ခံ မဟနနဲ့  နီးစပ်သွားတာကြောင့်
ပီနန်အုပ်စုရဲ့  မဟာသန္တိသုခကျောင်း ပြန်လည်ရရှိရေး ကြိုးပမ်းချက်ဟာ
အလွန်အားပျော့သွားပြီ ဆိုတာကို မဟနများက ရိပ်စားမိတဲ့အချက်ပေါ်ကနေ
အခုလို ရဲတပ်ဖွဲ့ ရဲ့  လက်နက်ပြ ကျောင်းသိမ်းပွဲကြီး ပေါ်ပေါက်လာရတာပါ။

ပီနန်ဘုန်းကြီးရဲ့  သတင်းစာရှင်းလင်းပွဲကို တက်ရောက် အင်အားပြခဲ့တဲ့ အခြား
နိုင်ငံရေးအင်အားစုများရဲ့  သဘောထားဟာလည်း လွန်ခဲ့တဲ့ မတ်လဆန်းကလို
မပြောင်းမလဲ ရှိနေပါဦးမလား၊ ကျောင်းနဲ့ ရင်းနှီးတဲ့ တကာတကာမ အများစုက
ပီနန်ဘုန်းကြီးဘက်မှာ တသားတည်းရှိနေတာကြောင့် ဒီပြဿနာရဲ့  နောက်ဆုံး
အဖြေဟာ မျှတတဲ့အခြေအနေ ဖြစ်ပါ့မလား ဆိုတဲ့ မေးခွန်းတွေ ပေါ်လာတယ်။
Aung myo tun

မြန်မာအာဏာပိုင်တွေက ဗီဇာသက်တမ်းကုန်လို့နေထိုင်ခွင့်ငြင်းပယ်ခံခဲ့ရတဲ့ ၈လေးလုံး ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်ဟာ တနင်္လာနေ့က ဘန်ကောက်အခြေစိုက် မြန်မာသံရုံးကတဆင့် ဗီဇာသက်တမ်းတိုးပေးဖိုပြန်လျှောက်ရာမှာလည့်း  ငြင်းပယ်ခံခဲ့ရတယ်လို့ ကိုမိုးသီးဇွန်က ပြောပါတယ်။
" ကျနော့ကို ဘန်ကော
က်မှာရှိတဲ့ မြန်မာသံရုံးက ဗီဇာသက်တမ်းတိုးပေးဘို့ ငြင်းခဲ့တယ်၊ အမေရိကားသွားပြီး အဲဒီကပြန်လျှောက်ဖို့ ပြောခဲ့တယ် " လို့ ကိုမိုးသီးကပြောတယ်။
သူ့အနေနဲ့ အမေရိကားပြန်သွားပြီး ဗီဇာပြန်လျှောက်ဖို့ဆိုတာ လတ်တလောမှာ အတော်ခက်ခဲပြီး မဖြစ်နိုင်သေးတဲ့အကြာင်း၊ တာဝန်ရှိသူတွေနဲ့ ပြန်ညှိနှိုင်းပြီး လုပ်ကြည့်အုံးမယ်လို့ ကိုမိုးသီးက တယ်လီဖုံးနဲ့ ဆက်သွယ်တုန်းပြောပြတယ်။

"ကျနော်နဲ့ မိုးဟိန်းကို မြန်မာလေကြောင်းလိုင်းတွေကနေ မတင်ဆောင်ဘို့ စာထုတ်တယ်လို့လည်း အထဲက မိတ်ဆွေတွေကတဆင့်သိရတယ်" လို့ သူကဆက်ပြောပြတယ်။

"လက်ရှိ ပြည်တွင်းနိုင်ငံရေးက မငြိမ်ဘူး၊ လူထုကအတော်ဆင်းရဲနေတယ်၊ ဒေါသတွေထွက်နေတယ်၊ ဒီအတိုင်းဆက်သွားရင် မကြာမီ လူထုအုံကြွမှုကြီး ပေါ်လာနိုင်တယ်၊ လူထုက သူတို့ ထွက်ပေါက် သူတို့ဖာသာရှာကြလိမ့်မယ်"လို့လည်း ကိုမိုးသီးကပြောတယ်။

နိုင်ငံရေးအကဲခတ်တချို့ကတော့ ကိုမိုးသီး ပြည်တွင်းမှာ လုပ်ဆောင်နေတဲ့ နိုင်ငံရေးလှုပ်ရှားမှုအပေါ် အစိုးရနဲ့ တခြားနိုင်ငံရေးအဖွဲ့အစည်း၊ ပါတီတွေကပါ သဘောကျမှာမဟုတ်ဘူး၊ သူဟာ လူတွေလမ်းမပေါ်ရောက်အောင် ဆူပူလှို့ဆော် ဖန်တီးမယ့်သူလို့ မြင်ကြဟန်တူတယ်၊ လို့ ပြောကြတယ်။ ဒါကြောင့် အစိုးရက သူ့ကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီအထိ ပြည်တွင်းထဲမှာ ရှိနေတာ လိုလားဟန်မရှိဘူးလို့ ဝေဖန်ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ လက အန်အယ်လ်ဒီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်တို့ဦးဆောင်တဲ့ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဟောပြောနှိုးဆော်မှုတွေဟာ ထောင် သောင်းချီတဲံ လူထုပရိဿတ်ကြီး လမ်းမတွေပေါ် ရောက်လာအောင်ဆွဲဆောင်နိုင်ခဲ့ပါတယ်။
အဲဒီလို လွှတ်တော်ပြင်ပနိုင်ငံရေး လှုပ်ရှားမှု အားသာချက်အပေါ် သမတဦးသိန်းစိန် အစိုးရနဲ့ အစိုးရကိုအမှီသဟဲပြုနေတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီနဲ့ သမတအကြံပေးအဖွဲ့တွေ၊ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ အစိုးရလက်ကိုင်အဖွဲ့အစည်းတွေက နှစ်လိုဟန်မပြခဲ့သလို စိုးရိမ်မကင်းဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ မေလက စပြီး ဒီကနေ့ထိ ၂၀၀၈ဖွဲ့စည်းပုံထဲက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် ပြည်သူတွေအကြား လက်မှတ်ထိုးကောက်ခံရာမှာ စုစုပေါင်း လက်မှတ် ၂သန်းကျော် ရရှိနေပြီလို့ သိရတယ်။ ဒါပေမယ့် အဲဒီလက်မှတ်တွေဟာ တိုင်းရင်းသားအများစုနေထိုင်တဲ့ ပြည်နယ်ဒေသတွေနဲ့ တိုင်းအချို့မှာ ကျယ်ကျယ်ပြန့်ပြန့် ကောက်ခံမှုတွေ မရှိသေးဘူးလို့လည်း သိရတယ်။

နိုင်ငံရေးအကဲခတ်အများစုကတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အစိုးရနဲ့ ဆန့်ကျင်ဘက် နိုင်ငံရေးအုပ်စုတွေအကြောင်း တင်းမာမှု၊ အားပြိုင်မှုနဲ့ နိုင်ငံရေးပဋိပက္ခတွေ အရှိန်မြှင့် ဖြစ်လာဘွယ်ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။
Photo: မိုးသီး ဗီဇာ ငြင်းပယ်ခံရတယ် (ကိုညို) မြန်မာအာဏာပိုင်တွေက ဗီဇာသက်တမ်းကုန်လို့နေထိုင်ခွင့်ငြင်းပယ်ခံခဲ့ရတဲ့ ၈လေးလုံး ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်ဟာ တနင်္လာနေ့က ဘန်ကောက်အခြေစိုက် မြန်မာသံရုံးကတဆင့် ဗီဇာသက်တမ်းတိုးပေးဖိုပြန်လျှောက်ရာမှာလည့်း  ငြင်းပယ်ခံခဲ့ရတယ်လို့ ကိုမိုးသီးဇွန်က ပြောပါတယ်။ " ကျနော့ကို ဘန်ကော က်မှာရှိတဲ့ မြန်မာသံရုံးက ဗီဇာသက်တမ်းတိုးပေးဘို့ ငြင်းခဲ့တယ်၊ အမေရိကားသွားပြီး အဲဒီကပြန်လျှောက်ဖို့ ပြောခဲ့တယ် " လို့ ကိုမိုးသီးကပြောတယ်။ သူ့အနေနဲ့ အမေရိကားပြန်သွားပြီး ဗီဇာပြန်လျှောက်ဖို့ဆိုတာ လတ်တလောမှာ အတော်ခက်ခဲပြီး မဖြစ်နိုင်သေးတဲ့အကြာင်း၊ တာဝန်ရှိသူတွေနဲ့ ပြန်ညှိနှိုင်းပြီး လုပ်ကြည့်အုံးမယ်လို့ ကိုမိုးသီးက တယ်လီဖုံးနဲ့ ဆက်သွယ်တုန်းပြောပြတယ်။

"ကျနော်နဲ့ မိုးဟိန်းကို မြန်မာလေကြောင်းလိုင်းတွေကနေ မတင်ဆောင်ဘို့ စာထုတ်တယ်လို့လည်း အထဲက မိတ်ဆွေတွေကတဆင့်သိရတယ်" လို့ သူကဆက်ပြောပြတယ်။ "လက်ရှိ ပြည်တွင်းနိုင်ငံရေးက မငြိမ်ဘူး၊ လူထုကအတော်ဆင်းရဲနေတယ်၊ ဒေါသတွေထွက်နေတယ်၊ ဒီအတိုင်းဆက်သွားရင် မကြာမီ လူထုအုံကြွမှုကြီး ပေါ်လာနိုင်တယ်၊ လူထုက သူတို့ ထွက်ပေါက် သူတို့ဖာသာရှာကြလိမ့်မယ်"လို့လည်း ကိုမိုးသီးကပြောတယ်။ နိုင်ငံရေးအကဲခတ်တချို့ကတော့ ကိုမိုးသီး ပြည်တွင်းမှာ လုပ်ဆောင်နေတဲ့ နိုင်ငံရေးလှုပ်ရှားမှုအပေါ် အစိုးရနဲ့ တခြားနိုင်ငံရေးအဖွဲ့အစည်း၊ ပါတီတွေကပါ သဘောကျမှာမဟုတ်ဘူး၊ သူဟာ လူတွေလမ်းမပေါ်ရောက်အောင် ဆူပူလှို့ဆော် ဖန်တီးမယ့်သူလို့ မြင်ကြဟန်တူတယ်၊ လို့ ပြောကြတယ်။ ဒါကြောင့် အစိုးရက သူ့ကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီအထိ ပြည်တွင်းထဲမှာ ရှိနေတာ လိုလားဟန်မရှိဘူးလို့ ဝေဖန်ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ လက အန်အယ်လ်ဒီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်တို့ဦးဆောင်တဲ့ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဟောပြောနှိုးဆော်မှုတွေဟာ ထောင် သောင်းချီတဲံ လူထုပရိဿတ်ကြီး လမ်းမတွေပေါ် ရောက်လာအောင်ဆွဲဆောင်နိုင်ခဲ့ပါတယ်။

အဲဒီလို လွှတ်တော်ပြင်ပနိုင်ငံရေး လှုပ်ရှားမှု အားသာချက်အပေါ် သမတဦးသိန်းစိန် အစိုးရနဲ့ အစိုးရကိုအမှီသဟဲပြုနေတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီနဲ့ သမတအကြံပေးအဖွဲ့တွေ၊ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ အစိုးရလက်ကိုင်အဖွဲ့အစည်းတွေက နှစ်လိုဟန်မပြခဲ့သလို စိုးရိမ်မကင်းဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ မေလက စပြီး ဒီကနေ့ထိ ၂၀၀၈ဖွဲ့စည်းပုံထဲက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် ပြည်သူတွေအကြား လက်မှတ်ထိုးကောက်ခံရာမှာ စုစုပေါင်း လက်မှတ် ၂သန်းကျော် ရရှိနေပြီလို့ သိရတယ်။

ဒါပေမယ့် အဲဒီလက်မှတ်တွေဟာ တိုင်းရင်းသားအများစုနေထိုင်တဲ့ ပြည်နယ်ဒေသတွေနဲ့ တိုင်းအချို့မှာ ကျယ်ကျယ်ပြန့်ပြန့် ကောက်ခံမှုတွေ မရှိသေးဘူးလို့လည်း သိရတယ်။ နိုင်ငံရေးအကဲခတ်အများစုကတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အစိုးရနဲ့ ဆန့်ကျင်ဘက် နိုင်ငံရေးအုပ်စုတွေအကြောင်း တင်းမာမှု၊ အားပြိုင်မှုနဲ့ နိုင်ငံရေးပဋိပက္ခတွေ အရှိန်မြှင့် ဖြစ်လာဘွယ်ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။

ကိုညို ( အော်စလို ) ~

ယနေ. (၁၀-၆-၂၀၁၄)၊ ည(၁၁း၃၀) ခန်.တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို.နယ်ရှိ သန္နိသုခကျောင်းတော်ကြီးအား အင်အားသုံး ၀င်ရောက်စီးနင်းမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုဖြစ်စဉ်နှင့် စပ်လျဉ်းပြီး ပီနန်ဆရာတော်ကြီး၏တပည့်တစ်ဦးအား
Tomorrow မှ ဆက်သွယ်မေးမြန်းခဲ့ရာ " ပီနန်ဆရာတော်ကြီးမှ အဆိုပါ
သန္နိသုခကျောင်းတော်ကြီး မြေနေရာကို ဆရာတော်ကြီးအမည်ပေါက်ဖြင့်
တပည့်ဒကာ၊ဒကာမများ စုပေါင်းအလှူငွေဖြင့်တည်ဆောက်ခဲ့ပါတယ်။
နောက်ပိုင်း စစ်အစိုးရက ဝေဖန်မှုတွေပြုတဲ့အပေါ် ဆရာတော်ကြီးကို ပြည်ဝင်ခွင့်မပေးတော့ပဲ အဆိုပါကျောင်းတော်ကြီးကို သိမ်းယူလိုက်ကာနိုင်ငံတော်သံယနာယကအဖွဲ.သို.လွှဲအပ်ထားခဲ့ပါတယ်။

တိုင်းပြည်ပြောင်းလဲလာတဲ့အခါ ပီနန်ဆရာတော်ကြီး မြန်မာပြည်သို.ပြန်ကြွလာချိန်မှာ ဆရာတော်ပိုင်ဆိုင်တဲ့သန္နိသုခကျောင်းတော်ကို ပြန်လည်သတင်းသုံးရယူခဲ့ရာ၊ နိုင်ငံတော်သံယနာယကအဖွဲ.မှ ၄င်းတို.ပိုင်ဆိုင်သည်
ဟုဆိုပြီး ဆရာတော်ကိုဖယ်ရှားခိုင်းခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်ကို သီတဂူဆရာတော်ကြီးကိုယ်တိုင်က ပီနန်ဆရာတော်ကြီး ဘက်မှမားမားမတ်မတ်ရပ်တည်လျက် နိုင်ငံတော်သမတထံ မေတ္တာရပ်ခံထားဆဲဖြစ်ပြီး ၊ ယခုအချိန်အခါ ပီနန်ဆရာတော်ကြီး ဂျပန်နိုင်ငံသို.ကြွရောက်နေစဉ် ရဲတပ်ဖွဲ.များနှင့်သာသနာရေးဦးစီးဌာနမှ အတင်းဝင်ရောက်
သိမ်းယူနေခြင်းဖြစ်ပါကြောင်း " ပီနန်ဆရာတော်ကြီး၏တပည့်တစ်ဦး
မှ ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါနေရာရှိ ရန်ကုန်တိုင်းရဲတပ်ဖွဲ.မှ တာဝန်ရှိသူအား မေးမြန်းခဲ့ရာ
၎င်းဖြစ်စဉ်နှင့်စပ်လျဉ်းပြီး မနက်ဖြန် သာသနာရေးဝန်ကြီးသို.မေးမြန်း
စေလိုပါကြောင်း၊ သာသနာရေးဦးစီးဌာနမှ တောင်းခံသဖြင့် ရဲတပ်ဖွဲ.များ
လာရောက်ရခြင်းသာဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။

သတင်းဓါတ်ပုံ- Linn Kon
Tomorrowသတင်းဂျာနယ်

တရားသဘောအရ ကြည့်မည်ဆိုပါက လူ့ဘဝကြီးမှ ထွက်ခွာသွားသူနှင့် ကိုယ်အင်္ဂါပျက်စီး၊ ချို့ ယွင်းသွားသူတို့အား "ဖြစ်ပျက်" ဟူ၍ ပြောဆို၊ ဖျောင်းဖျ၊ နှစ်သိမ့်ကြစမြဲပင်။ သက်မဲ့ရုပ်ဝတ္တုတစ်ခု ပျက်စီး သွားလျှင်လည်း "ဖြစ်ပျက်" ပါဘဲ။ တရားနဲ့သာဖြေပါ ဟူ၍ နှစ်သိမ့်ကြစမြဲပင်။ ယခု ကျွန်တော်တို့ နာရေး ကူညီမှုအသင်း (ရန်ကုန်)မှ ကိုယ်အင်္ဂါပျက်စီး ယိုယွင်းနေသော သက်ရှိလူသားများ တို့အား တတ်စွမ်း သ၍ ပြုပြင်မှုပေးကာ သာမာန်လူသားတစ်ယောက်ကဲ့သို့ လောကကြီး အလယ်တွင် ဝင့်ကြွားစွာ နေထိုင်နိုင်ရန် ကူညီဖေးမမှုများ လုပ်ဆောင်ပေးလျှက်ရှိသည်။

ယခင် ၂ဝဝ၇ ခုနှစ် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လူသားတို့၏ ကျန်းမာရေး ဝန်ဆောင်မှု အဖြစ် သုခကုသိုလ်ဖြစ်ဆေးခန်း ဟူ၍ ဖွင့်လှစ်ကာ အခမဲ့ကုသပေးစဉ် ကာလများ၌ ကိုယ်အင်္ဂါချို့ယွင်း နေသော လူနာများမှ ခြေ၊ လက်မသန်စွမ်းသော လူနာများအတွက် ဝှီးချဲ၊ ဂျိုင်းထောက်များအား ကူညီ ထောက်ပံ့ လှူဒါန်းမှုများ ပြုလုပ်ခဲ့ ရာ ဝှီးချဲ (၆၆) ခု၊ ချိုင်းထောက် (၁၁၂ ) ခု ရှိခဲ့ပြီဖြစ်သည်။ ထို့နောက် အမြင်အာရုံချို့ယွင်း နေသော လူနာများအတွက် အမြင်အာရုံ ကြည်လင်ပြတ်သားစွာ တွေ့မြင်နိုင်ရန် မျက်စိ ခွဲစိတ်ပေးမှုများသည် လူဦးရေ (၈၇၇ဝ) ဦး ရှိခဲ့ပြီဖြစ်သည်။ ယခု လူ့လောကကြီးထဲသို့ ရောက်ရှိလာသော ကလေးငယ်များ၏ မွေးရာပါ နှုတ်ခမ်းကွဲ၊ လည်ချောင်းကွဲ ဝေဒနာရှင် များအပြင် ငယ်စဉ်ကလေးဘဝ၌ အုပ်ထိန်းသူတို့၏ အားနည်းချက်ကြောင့် မီးလောင် ကျွမ်းခြင်း၊ ရေနွေးပူလောင်ခြင်း စသည့် ကလေးငယ် များအားလည်း သာမန်ကလေး ငယ်များကဲ့သို့ နေထိုင်သွားလာနိုင်ရန်အတွက် တတ်ကျွမ်းသော ဆေးပညာရှင်၊ ခွဲစိတ် ဆရာဝန်ကြီးများ၏ အကူအညီဖြင့် ခွဲစိတ်ပြုပြင်မှုများအား ကုသိုလ်ဖြစ် လုပ်ဆောင်ပေး လျှက်ရှိသည်။

မိဘတို့၏ အားနည်းချက်ကြောင့်၎င်း၊ မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်းမှုကြောင့်၎င်း၊ ထိုကဲ့သို့သော ရုပ် ဝေဒနာခံစားနေရသော ကလေးငယ်များသည် အချိန်တန်အရွယ် ရောက်၍ ကျောင်းပညာသင်ကြားချိန်၌ စာသင်ဖော်/ဖက်၊ ကစားဖော်/ဖက် သူငယ်ချင်း များနှင့် ထိတွေ့ဆက်ဆံမှုများတွင် ထိုကလေးငယ်များ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှု များ ပေါ်ပေါက်ခံစားလာတော့သည်။ ထို့ကြောင့် ထိုကလေးငယ်များသည် ပညာရေး ဘက်တွင် စိတ်ဝင်စားမှုနည်းပါးလာခြင်း၊ အပေါင်းအဖော်များဖြင့် ထိတွေ့ဆက်ဆံ ဆော့ ကစားရမည်ကို စိတ်ကုန်လာခြင်း စသည်တို့ ဖြစ်ပေါ်လာကာ တစ်ကိုယ်တည်း တစ် ယောက်တည်း နေထိုင်ကြီးပြင်း လာခဲ့ကာ စိတ်ဝေဒနာသည်တစ်ဦးလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမျိုး ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် အနာဂတ်ခေါင်းဆောင်ဖြစ်ကြမည့် ပစ္စုပ္ပန် ကလေးငယ်များအား ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ အကောင်းဆုံး အထူးချွန် အထက်မြက် ဆုံး ဖြစ်လာရန်အတွက် ကျွန်တော်တို့တွင် တာဝန်ရှိပေသည်။

၂ဝ၁၄ ခုနှစ်၊ မေလ (၁၁) ရက်နေ့က ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဖခင်ဖြစ် သူ ဦးအောင်ထွန်း၏ သမီးငယ် ချူးချူး အသက် (၆) နှစ်အရွယ် ကလေးငယ် သည် ကချင်ပြည်နယ် ဖား ကန့်မြို့၊ ဆယ်ဇင်းရွာမှ ရောက်ရှိလာခဲ့သည်။ သမီးငယ်လေး သည် မွေးရာပါနှုတ်ခမ်းကွဲ ဝေဒနာခံစားနေ သည့်အတွက် အားငယ်စိတ်ကလေး ဖြစ်ပေါ်နေသည်ကို ကျွန်တော်တို့ မြင်တွေ့လိုက်ရသည်။ ကလေး၏ မိခင်ဖခင်တို့မှလည်း ကျွန်တော်တို့အသင်းအဖွဲ့အား အားကိုးတကြီးဖြင့် မိမိတို့၏ ရင်သွေးသမီးလေးအား လူကြီးဖြစ်လာသောအခါ ကြုံတွေ့ရမည့် စိတ်ပိုင်းဆိုင်ရာ ဝေဒနာများအတွက် စိုးရိမ်စွာ ဖြင့် ကုသပေးရန် လာရောက်မေတ္တာရပ်ခံခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့ နာရေး ကူညီမှုအသင်း(ရန်ကုန်) အလုပ်အမှု ဆောင်အဖွဲ့ ဆုံးဖြတ်ထားချက်အရ ပင်လုံဆေးရုံမှ ဒေါက်တာ ကိုကိုမောင် ထံသို့ လွှဲပြောင်း၍ ခွဲစိတ်ကုသပေးရန် စီစဉ်ဆောင်ရွက်ပေးခဲ့ သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်းမှ သမီျးလး ခွဲစိတ်ခန်း မဝင်မှီ ဆေးစစ်ခြင်းနှင့် လိုအပ်သည့်ကုသမှုများ ပြုလုပ်ပေးခဲ့ကာ ၅.၆.၂ဝ၁၄ ရက်နေ့ တွင် ဒေါက်တာ ကိုကိုမောင်မှ အခမဲ့ ခွဲစိတ်ပေးခြင်းကို ပြုလုပ်ခဲ့သည်။ ၁ဝ.၆.၂ဝ၁၄ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် မိခင်ဖခင်၊ အမဖြစ်သူတို့နှင့်အတူ သမီးလေး ချူးချူး ကျွန်တော်တို့ အသင်းသို့ လာရောက်ခဲ့သည်။ မျိုးဆက်သစ် လူမှုရေးသင်တန်း အား သင်ကြားပေးနေသော ကျွန်တော်သည် မထင်မှတ်ဘဲ သမီးငယ်လေး စာသင်ခန်း ထဲသို့ ရောက်ရှိလာသောအခါ ကျွန်တော်သည် နှုတ်ခမ်းကွဲ ဝေဒနာရှင် သမီးငယ် ချူးချူး ဖြစ်သည်ကို သတိမထားမိ။ သာမန်အသင်းသို့ လာရောက် ငွေလှူဒါန်းကြ သော အလှူရှင်မိသားစုတစ်စုမှ စာသင်ခန်းထဲသို့ လာရောက်လေ့လာခြင်းဟု ထင်မှတ်မိသည်။ ထို့နောက် အသင်းမှ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်မှ သမီးငယ် ချူးချူး ဖြစ်ကြောင်း ကျွန်တော့်အား ပြောကြား မှ ကျွန်တော်အလွန် အံ့အားသင့်မိတော့သည်။ ထို့ကြောင့် ဝမ်းသာအားရဖြင့် "သမီးလေး အရမ်းချော၊ အရမ်းလှသွားပြီ" ဟူ၍ နှုတ်မှ ထွက်ပေါ်သွားမိ တော့သည်။ သမီးငယ်လေးမှ သူတို့၏နေရပ်ဖြစ်သော ဖားကန့်မြို့၊ ဆယ်ဇင်းကျေးရွာသို့ ပြန်တော့မည်ဖြစ်ပါ၍ ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့ကာ ဝမ်းသာအားရစွာုဖြင့် နှုတ်ဆက်ကန်တော့ခဲ့သည်။ ကျွန်တော်၏စိတ်တွင် သမီးလေး နည်းတူ ဝမ်းသာ ကြည်နူးစွာဖြင့် ကျောင်းနေဖက် သူငယ်ချင်းများနှင့် ပြန်လည်တွေ့ဆုံ ကာ ပျော်ရွှင်စွာဖြင့် ပညာသင်ကြား ဆော့ကစားရတော့မည်ဟူ၍ ပီတိအပျော်များ ကူးစက်လာတော့သည်။ ထို့ကြောင့် ပစ္စုပ္ပန်တွင်ညိုးငယ်နေ သော ပန်းပွင့်လေးတစ်ပွင့် အနာဂတ်တွင် လန်းဆန်း လှပ ပွင့်ဖူးမွှေးကြိုင် လာတော့မည်ဟု မြင်တွေ့လိုက်ရပါတော့သည်။

ကျော်သူ

မင်းဘူးမြို့နယ်တွင် ကျင်းပမည့် ဆရာတော် ဥူးသုမင်္ဂလ တရားပွဲအား နယ်လှည့်
ဓမ္မကထိက ဆရာတော်၏ အင်္ဂါရပ်များဖြင့် မညီညွတ်ဟုဆိုကာ မင်းဘူးမြို့နယ် သံဃမဟာနာယက အဖွဲ့မှ တားမြစ်ခဲ့ကြောင်း မြို့နယ် သာသနာရေး ဦးစီးအရာရှိ ဦးကျော်ဆွေက Tomorrowသို့ ပြောသည်။

“တားတာဆီးတာတွေ မလုပ်ပါဘူး အင်္ဂါရပ်တွေနဲ့ မညီညွတ်တဲ့ အတွက်ကြောင့်
ဒီတရားပွဲကို မလုပ်သင့်ဘူးလို့ နူးညံသိမ်မွေ့စွာ ပြောခဲ့ပါတယ်၊ ဒါပေမယ့် ဂရုမစိုက်
ပါဘူး ဆက်ပြီး ဟောပြောခဲ့တယ်၊ တရားနာတဲ့ ပုဂ္ဂိုလ်တွေရဲ့ စကားအရ တရား
မဟုတ်တဲ့ဟာတွေ ဟောတာ မတွေ့ရဘူး ဒါကြောင့် ဒီတရားပွဲကို အသာတကြည်ဘဲ ထားခဲ့တယ်”ဟု မြို့နယ် သသာနာရေး ဦးစီး အရာရှိ ဦးကျော်ဆွေက Tomorrowသို့ ဆက်လက်ပြောသည်။

တရားဟောကြားမည့် ဓမ္မကထိက ဆရာတော် တစ်ပါး၏ ဂုဏ်အင်္ဂါ အရည်အချင်း
များနှင့် ပတ်သတ်၍ နိုင်ငံတော် သံဃ မဟာနာယက (၄၇)ပါးမှ အချက်(၉)ချက် သတ်မှတ်ထားကြောင်းနှင့် ဂုဏ်အင်္ဂါ အရည်အချင်းများ ပြည်စုံမှသာ တရားဟောကြား
ရမည် ဖြစ်ကြောင်း ဆရာတော် ဥူးသုမင်္ဂလအား အဆိုပါ ဂုဏ်အင်္ဂါ ကိုးချက်ဖြင့် မပြည်စုံသောကြောင့် တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် သသာနာရေး ဦးစီးအရာရှိ ဦးကျော်ဆွေက ရှင်းပြသည်။

ဆရာတော် ဥူးသုမင်္ဂလထံသို့ တိုက်ရိုက် မပြောကြားခဲ့ကြောင်းနှင့် သက်ဆိုင်ရာ တရားပွဲ ကျင်းပ ပြုလုပ်သော တရားပွဲ ဖြစ်မြောက်ရေး အဖွဲ့ကိုသာ ဂုဏ်အင်္ဂါနဲ့ မညီညွတ်၍ တရားပွဲမ ပြုလုပ် စေလိုကြောင်း မြို့နယ် သံဃမဟာ နာယကအဖွဲ့မှ ပြောကြားခဲ့သည်။

မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့ အမှတ် ၄ရပ်ကွက်ရှိ ချမ်းသာကြီး ဘုန်းကြီးကျောင်း
တွင် ဇွန်လ ၆ ရက်နှင့် ၇ရက်ညများတွင် ဆရာတော် ဥူးသုမင်္ဂလမှ မြို့နယ် သံဃမဟာ
နာယက အဖွဲ့မှ တားမြစ်ခဲ့ သော်လည်း တရားဟောခဲ့ကြောင်း သိရသည်။

( Tomorrow သတင်းဂျာနယ် )

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ ပူးပေါင်းပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး မုံရွာမြို့လူထုဟောပြောပွဲကို
ယနေ့ ဇွန်လ ၁၀ ရက်၊ နံနက် ၈း ၀၀ နာရီက စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြ၀တီရပ်ကွက်၊ ကန်ဦးကျောင်းရှေ့၊ ကျောက္ကာလမ်းရှိ ဦးလှမြင့်၏ နေအိမ်ဝင်းအတွင်း ကျင်းပပြုလုပ်ရာ လူထု ပရိသတ် ကိုးထောင်ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
မှ ကိုကိုကြီးနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မုံရွာခရိုင် အလုပ်အမှုဆောင် အတွင်းရေးမှူး ဒေါ်သီတာဝင်း တို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဟောပြောသွားခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မုံရွာမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးနေငယ် (ခေါ်) ဦးကျော်ထွန်း က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဆန္ဒဖော်ထုတ် လက်မှတ်ရေးထိုးရခြင်း ကိစ္စနှင့် လုပ်ငန်းစဉ်ကို ရှင်းလင်း
ပြောကြားပြီး အခမ်းအနားကို နံနက် ၁၀း ၃၀ နာရီတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

သတင်းဓါတ်ပုံ-The 88 Generation Peace and Open Society

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ခရီးသည်၏ ပစ္စည်းများအား အတင့်ရဲစွာပင် ခိုးယူနေမှု ရှိနေကြောင်းနှင့် စောင့်ကြည့် စစ်ဆေးရန် အတွက်လည်း စီစီတီဗီများ တပ်ဆင်ထားခြင်း မရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်ဖြစ်ပွားခဲ့သူမှာ ရန်ကုန်မှ ဘန်ကောက်သို့ မေလ၂၃ရက်နေ့တွင် Nok Air လေကြောင်းဖြင့် ခရီးသွားသူ တစ်ဦးဖြစ်ကာ ဘန်ကောက်မြို့ တည်းခိုရာနေရာ အရောက်တွင် သူ၏ခရီးဆောင် သေတ္တာကို ဖွင့်ကြည့်ရာမှ Samsung Galaxy 8.0 ပျောက်နေသည်ကို တွေ့ရှိခဲ့ရကြောင်းနှင့် ယင်းသို့ သိရှိသည်နှင့် ဘန်ကောက်လေဆိပ်သို့ တိုင်ကြားရာ လေဆိပ်မှ သေတ္တာကို ကားပေါ်တင်သည်အထိ CCTV လုံခြုံရေး ကင်မရာများဖြင့် ကြည့်ရှုထားသည့် အတွက် ပြန်လည် စစ်ဆေးပေးခဲ့ရာ မည်သူမှ အိတ်ကိုဖွင့်သည်ကို မတွေ့ရဟု ပြန်လည်ဖြေကြား ခဲ့သည်ဟုလည်း ဆိုသည်။

“ရန်ကုန်ပြန်ရောက်တော့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ တိုင်ကြားခဲ့ပေမယ့်လည်း ခရီးသည်တွေရဲ့ သေတ္တာတွေကို တန်ဆာလုပ်တဲ့ နေရာကနေ လေယာဉ်ပေါ်တင်တဲ့ နေရာတွေမှာ CCTV တပ်မထားလို့ မသိကြောင်းသာ ဖြေကြားခဲ့ပါတယ်”ဟု အဆိုပါ ခရီးသည်က ပြောကြားခဲ့သည်။

ယခုအခါ ရန်ကုန်လေဆိပ်တွင် ခရီးသည်ကြို ယာဉ်ကားနားအထိ အလုပ်သမားများက လာပြီး တန်ဆာ လုပ်ထားသော သေတ္တာများပါက အခကြေးငွေယူပြီး အမြန်ရောက် ရမည်ဟု ပြောကာ တောင်းယူနေသလို ယခုကဲ့သို့ ခရီးသည်များ၏ အိတ်များအတွင်းမှ ပစ္စည်းများ မကြာခဏ ပျောက်ဆုံးနေကြောင်းလည်း သိရသည်။ ရန်ကုန်လေဆိပ်၏ စီမံခန့်ခွဲမှု အားလုံးကို Asia world၏ ကုမ္မဏီခွဲ ဖြစ်သော Pioneerမှ လွှဲပြောင်းတာဝန်ယူထားပြီး ဖြစ်သဖြင့် ဖြစ်ပေါ်လာသော ကိစ္စအ၀၀ အတွက် Pioneerမှ တာဝန်ယူ ဖြေရှင်းပေးရမည် ဖြစ်သော်လည်း ပြဿနာ ဖြစ်ပေါ်လာက တာဝန်မဲ့စွာ ဖြေရှင်းပေခြင်း မရှိသည့်အတွက် ပစ္စည်းပျောက်ဆုံးသူ ခရီးသွား ပြည်သူများ အနေဖြင့် မကျေမနပ် ခံစားနေရကြောင်း သတင်းရရှိသည်။

အဆိုပါ နိုင်ငံတော်၏ ၀င်ပေါက်ထွက်ပေါက် ဖြစ်သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဘိန်းဘုရင်ဟု နာမည်ကျော်ကြားသည့် လော်စစ်ဟန်၏ သားဖြစ်သူ ထွန်းမြင့်နိုင် ပိုင်ဆိုင်သည့် Pioneerသို့ နှစ်ရှည်လုပ်ကိုင်ခွင့် ပြုထားကြောင်းလည်း သတင်းရရှိသည်။
Tomorrow news journal

NGO တွေအတွက် သုတေသနအမြဲ လုပ်နေသည့် စိုပြေ့ဆရာတစ်ယောက်က ပြော ဖူးသည်။ ၈၀ ရာခိုင်နှုန်းနှင့် ၂၀ ရာခိုင်နှုန်း ကိစ္စဖြစ်သည်။NGO တွေအလှူငွေရတာ ၁၀၀ ရာခိုင်နှုန်းရှိလျှင် ပြည်သူတွေဆီရောက် တာ ၂၀ ရာခိုင်နှုန်းပဲရှိသည်တဲ့။ ကျန်သည့် ၈၀ ရာခိုင်နှုန်းကNGOကလူတွေ အသုံးစရိတ် နှင့်ကုန်သည်ဟု ဆရာကဆိုသည်။ အစကတော့ စိုပြေလည်း ဆရာ့စကားကိုမယုံ။ ဟုတ်နိုင် ပါ့မလားဟု တွေးမိသည်။NGOဆိုတာ အစိုးရက ပြည်သူတွေအတွက် မလုပ်နိုင်သည့် ကိစ္စများကို လိုက်လံဆောင်ရွက်ပေးရသော အဖွဲ့အစည်းမဟုတ်လား။ ပြီးတော့ ပရဟိတ သမားတွေလုပ်ကြတာ။ ဒါကြောင့် NGO တွေ က လူတွေဟာ အနစ်နာခံပြီး ပြည်သူတွေ အတွက် လုပ်ပေးနေတာလို့ စိုပြေထင်တာပေါ့ လေ။

အခုတော့ စိုပြေယုံသွားပြီ။ ဟိုတစ်နေ့က သတင်းတစ်ပုဒ်တက်လာသည်။ ယူနီဆက် အဖွဲ့၏ အိမ်ခန်းငှားခက တစ်လကို ဒေါ်လာ ၈၇၀၀၀ ဆိုပဲ။ ဒေါ်လာ ၈၇၀၀၀ ဆိုတော့ မြန်မာငွေနှင့် ပြန်တွက်လိုက်လျှင် ကျပ်သိန်း ပေါင်း ၈၃၀ ကျော်နေပြီ။ ဒါတောင် တစ်လ စာပဲရှိပါသေးသတဲ့။ တစ်နှစ်စာဆိုလျှင် သိန်း ပေါင်း တစ်သောင်းကျော်သွားပြီ။ အဲ့လိုမျိုး ၇ နှစ်စာချုပ် ချုပ်ထားတာဆိုပဲ။ ဒါဆို ကျပ် သိန်းပေါင်း ခုနစ်သောင်းကျော်။ နည်းနည်း နောနော ငွေမဟုတ်။ နောက်ပြီး ငှားသည့်အိမ် ကလည်း ဗိုလ်ချုပ်ဟောင်းတစ်ဦးအိမ်ဆိုပဲ။ ဗိုလ်ချုပ်ဟောင်းဆိုတော့ အမေရိကန်၏တစ် ဦးချင်းဗီဇာပိတ်ဆို့မှုတို့ စီးပွားရေးပိတ်ဆို့မှု တို့ခံထားရသည့် အိမ်ဖြစ်မပေါ့လေ။ ဒီဗိုလ်ချုပ် က အိမ်ငှားခတောင် ဒီလောက်ဈေးရတဲ့အိမ် ကို ဘယ်လိုပိုင်ဆိုင်ခဲ့လဲဆိုတာကတော့ သူ့ အကြောင်းနှင့်သူပေါ့လေ။ မိဘမျိုးရိုးစဉ်ဆက် ချမ်းသာတာလည်း ဖြစ်နိုင်သည်။ တစ်နည်း နည်းနဲ့ ချမ်းသာတာလည်းဖြစ်နိုင်သည်။ ဒါ ကတော့ သူ့အလုပ်။ ယူအန်အဖွဲ့အစည်းဖြစ် သည့် ယူနီဆက်အနေဖြင့် ဒီထက်ဈေးပေါသည့် နေရာမှာငှားပြီး ပိုသည့်ငွေကို ကလေးသူငယ် များအတွက် ပိုပြီးလုပ်လို့ရမှာပဲဟုလည်း စိုပြေ ဉာဏ်သေးသေးလေးနှင့် တွေးမိသည်။

သူတို့ငှားသည့်နေရာက တကယ့်ဈေးကြီး သည့် ၀င်ဒါမီယာထဲက အိမ်။ အဲဒီ့နေရာမှာ မဟုတ်ဘဲ အခြားနေရာမှာငှားလျှင် ဒီလောက် ဈေးကြီးမည်မဟုတ်။ သူတို့ကတော့ သွားရေး လာရေးလွယ်ကူသည့်နေရာကို ငှားသည်ဟု အကြောင်းပြနိုင်သည်။ တကယ်တော့ ယူအန် က ၀န်ထမ်းတွေအတွက် အိမ်တိုင်ယာရောက် ကားတွေစီစဉ်ပေးထားတာပဲ မဟုတ်လား။ ဒါဆို ဘယ်လောက်ဝေးဝေး လာလို့ရသည်ပဲ။

စိုပြေတို့နေသည့် သန်လျင်ကအိမ်ဆိုလျှင် အိမ်ငှားခ ကျပ်ငါးသောင်းပဲပေးရသည်။ ယူ နီဆက်ရုံးခန်းလုပ်ထားသည့် အိမ်ကြီးအိမ် ကောင်းမျိုးဆိုလျှင် အလွန်ဆုံးပေးရ ကျပ် ငါးသိန်းလောက်သာရှိမည်။ အပိုင်ဝယ်လျှင် တောင် သိန်းငါးထောင်မကျော်နိုင်။ အခု သူ တို့ငှားထားသည့် သိန်း ၈၃၀ ကျော်နှင့်ဆို လျှင် အစွန်းထွက်ပင်ကုန်လိမ့်မည်မဟုတ်။ ကိုယ်ပိုင်ကားလေးစီး၊ ဖယ်ရီကားလေးစီးပြီး အေးဆေးလာလို့ရသည်။ အခုတော့ ပိုက်ဆံ အလကား သက်သက်ဖြုန်းတီးသည်ဟု စိုပြေ မြင်မိသည်။ မှားချင်လည်း မှားလိမ့်မည်။ ယူ အန်အဖွဲ့အစည်း ၀င်ဒါမီယာထဲပဲ ငှားရမည် ဟု အစိုးရက အမိန့်မထုတ်ထားတာတော့ သေချာသည်။

နောက်နေ့ကျတော့ သတင်းတစ်ပုဒ်ထပ် တက်လာပြန်သည်။ ယူနီဆက်အဖွဲ့အစည်း တစ်ခုတည်းမဟုတ်။ WHO ကလည်း ဒေါ် လာ ၈၃၀၀၀ နှင့် အိမ်ငှားသည်တဲ့။

သူများတွေတော့ မသိ။ စိုပြေကတော့ ထိုငွေတွေကို နှမြောမိသည်။ ထိုငွေတွေနှင့် မြန်မာပြည်သူများ အကျိုးအတွက် အများ ကြီးလုပ်ပေးလို့ရနိုင်သည်ဟု မြင်မိသည်။ မြန် မာပြည်က ကလေးတွေအတွက် လိုအပ်တာ တွေအများကြီးရှိသည်။ ကျန်းမာရေး၊ ပညာ ရေး၊ စားဝတ်နေရေး အစုံ အစိုးရက ဘာမှ သေချာမလုပ်ပေးနိုင်သေး။ အစိုးရမလုပ်ပေး နိုင်တော့ အန်ဂျီအိုတွေကများ လုပ်ပေးမလား လို့ သူတို့အိမ်ငှားခနှင့်တင် ဘက်ဂျက်ကုန်သွား နိုင်သည်။

ကြုံတုန်းပြောရလျှင် ယူအန်တွေ၊ အန် ဂျီအိုတွေမှာ လုပ်နေသည့် နိုင်ငံခြားသားတွေက လခတွေကို နင့်နေအောင်ယူထားကြသည်။ နိုင်ငံခြားသား အန်ဂျီအိုဝန်ထမ်းတစ်ယောက် အတွက် လခက ဒေါ်လာတစ်သောင်းအထက် မှာရှိသည်ဟု စိုပြေ့ဆရာကပြောဖူးသည်။ မြန် မာဝန်ထမ်းကျတော့ရော ဒေါ်လာတစ်ထောင် အောက်တွေချည်းပဲဖြစ်သည်။ အန်ဂျီအိုဝန် ထမ်းတော်တော်များများဆိုလျှင် စိုပြေတို့ သ တင်းစာဆရာတွေထက်ပင် လစာနည်းသေး သည်။

တကယ်တမ်းလုပ်ရတော့ မြန်မာဝန်ထမ်း တွေပဲဖြစ်သည်။ နိုင်ငံခြားသားတွေကတော့ ဟိုပွဲလေးတက်လိုက်၊ ပရောဂျက်လေးရေး လိုက်နှင့် အေးဆေးပင်။ တစ်ခါက အင်္ဂလန် အခြေစိုက် အန်ဂျီအိုကြီးတစ်ခု မြန်မာပြည် တွင် ရုံးစိုက်သည်။ အင်္ဂလန်ရုံးမှာ အလုပ် လုပ်နေသည့် မြန်မာတစ်ယောက်က မြန်မာ ပြည်ရှိ အဆိုပါအန်ဂျီအိုကြီးဆီသို့ ပြောင်း ရွှေ့ရသည်။ လခကတော့ အင်္ဂလန်မှာပေးထား သည့်လခ ဒေါ်လာတစ်သောင်းလောက်ဖြစ် သည်။ မကြာခင်မှာပဲ အဆိုပါမြန်မာလည်း လခ ဒေါ်လာတစ်သောင်းအောက်ဖြစ်သွား သည်။ ဘာကြောင့်လဲဆိုတော့ မြန်မာဖြစ်နေ လို့တဲ့။ သူလိုကိုယ်လို ဘာမှမတတ်သည့် နိုင်ငံခြားသားများလည်း အန်ဂျီအိုတွင်လုပ် လျှင် လခကောင်းသည်။ သူတို့ထက်တော် သည့် ထက်သည့် မြန်မာတွေကတော့ သူတို့ လခထက် အဆငါးဆယ်လောက်နည်းသည့် လခလေးဖြင့် လုပ်နေရရှာသည်။

အန်ဂျီအိုမှာ အလုပ်လုပ်သည့် မြန်မာတွေ များ နိုင်ငံခြားမှာလုပ်တော့လည်း မြန်မာမို့လို့ လခနည်းသည်။ မြန်မာပြည်ပြန်လာလုပ်တော့ လည်း မြန်မာမို့လို့ လခနည်းသည်။ မြန်မာ ဆိုတာနှင့် ခံပေတော့။ နိုင်ငံခြားမှာတော့ အန်ဂျီအိုဈေးကွက်ဆိုတာရှိသည်ဟု ကြားဖူး သည်။ သူတို့ဆီမှာတော့ အန်ဂျီအိုအလုပ် သည် စီးပွားရေးအလုပ်လိုဖြစ်သည်။ ယခု လည်း မြန်မာပြည်မှာ သူတို့လိုဖြစ်နေပါပြီ။ မြန်မာပြည်ကလည်း နည်းနည်းတော့ဆန်း သည်။ အန်ဂျီအိုမှာ အလုပ်ရဖို့တော်ဖို့လိုသည်။ လူတော်ဖို့မဟုတ်။ အမျိုးတော်ဖို့ဖြစ်သည်။ အန်ဂျီအိုမှာလုပ်နေသူတစ်ယောက်ယောက် နှင့် အမျိုးတော်ရမည်။ ဒါမှ အလုပ်ရမည်ဖြစ် သည်။ အစိုးရအလုပ်ထက်ပင် ခက်သေး သည်။

နောက်ပြီး အန်ဂျီအိုတွေကို မေးမြန်းဖို့ဆို လျှင် အစိုးရကိုမေးရသည်ထက်ပင် ခက်သေး သည်။ ယခုဆိုလျှင် အစိုးရကိုတောင် ဘာ မေးမေးရနေသည်။ အန်ဂျီအိုတွေကတော့ ဒီ လိုမဟုတ်။ အရာအားလုံး လျှို့ဝှက်ထားကြ သည်။ တစ်ခုခုမှားဖြေမိလျှင် အလုပ်ပြုတ်မှာ ကြောက်ပုံရသည်။ လခကောင်းတွေဆိုတော့ အလုပ်ပြုတ်မှာကြောက်ပေမပေါ့လေ။ ခရီး သွားလျှင် အကောင်းစားဟိုတယ်မှာ တည်း သည်။ အကောင်းစား အစားအစာ စားသည်။ အကောင်းစားယာဉ်စီးသည်။

နောက်ပြီး အန်ဂျီအိုဝန်ထမ်းဟောင်းတစ် ဦးရေးထားသည့်စာကို ဖတ်ဖူးသည်။ သူရေး ထားသည်က အန်ဂျီအိုတွေအနေနှင့် ပစ္စည်း ၀ယ်လျှင် ဈေးကြီးကြီးနှင့်ဝယ်ပြီး ဆိုင်က ကော်မရှင်ယူကြသည်တဲ့။ ကြားလို့မှမကောင်း။ ပြည်သူ့အတွက် လခကောင်းကောင်းနှင့် အ လုပ်လုပ်နေပြီး ပြည်သူတွေအတွက် ပစ္စည်း တွေအပေါ်မှာ ကော်မရှင်တွေ ပြန်ယူသည်။

အထက်ကရေးခဲ့သည့် တစ်လသိန်း ၈၃၀ တန် အိမ်ငှားခသည်လည်း ကော်မရှင်များ ယူထားသလား စဉ်းစားစရာဖြစ်သည်။ မြန်မာ့ အိမ်ခြံမြေဈေးကွက်ဈေးကြီးရသည့် အကြောင်း ရင်းတွင် အန်ဂျီအိုတွေလည်း တစ်ထောင့် တစ်နေရာကပါနိုင်သည်။

ဘာပဲဖြစ်ဖြစ်လေ။ စိုပြေနှင့်မဆိုင်ပါဘူး။ သူ့အလုပ်သူ လုပ်နေကြတာပဲ။ မြန်မာပြည် သူတွေက တစ်နေ့ နှစ်ထောင်နှင့်လောက် အောင်စားနေကြတာမဟုတ်လား။ ပြည်သူ တွေကို အကြောင်းပြပြီး သူတို့ အန်ဂျီအိုတွေ၊ ယူအန်တွေ ကောင်းကောင်းနေ၊ ကောင်း ကောင်းစားနိုင်ရင် ပြီးတာပါပဲလေ။ စိုပြေတို့ က ဘုရားသခင်နောက်ဆုံးမှ ဖန်တီးခဲ့တာဆို တော့ မျောက်တွေနှင့် သိပ်မခြားဘူးလို့ သူတို့ ထင်ရင်ထင်မှာပေါ့။

အတွဲ (၂) အမှတ်စဉ် ၁၆၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။
ကျေးဇူးတင်ပါသည်

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.