06/12/14

မေးခွန်း- ကျွန်တော် Tomorrow သတင်းဂျာနယ်ကပါ မေးချင်တဲ့မေးခွန်းက လွန်ခဲ့တဲ့
တလလောက်က နိုင်ငံတော်သမတကြီးရဲ.အမှာစကားကိုပြောဖို.အတွက် သမတရုံး
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းစေလွှတ်လိုက်ပါတယ်ဆိုပြီး၊ MPC မှ ကိုညိုအုန်းမြင့်
နှင့် တာဝန်ရှိသူတဦး ပီနန်ဆရာတော်ကြီးကိုလာရောက်တွေ.ဆုံပါတယ်။

အဲဒီမှာ နိုင်ငံတော်သမတကြီးကလျှောက်ထားလိုက်ပါကြောင်း ပီနန်ဆရာတော်ကြီး
အေးချမ်းစွာသတင်းသုံးပါရန်နှင့်သန္တိသုခကျောင်းတိုက်ကြီးမှလည်း အတင်းဝင်ရောက်
ဖယ်ရှားခိုင်းခြင်းမပြုပါကြောင်း လာရောက်လျှောက်ထားခဲ့ပါတယ်။ ထိုတွေ.ဆုံပြောဆိုမှု အထောက်အထားများ ကျွန်တော်တို.ထံမှာရှိပါတယ်။ ဒါကြောင့် မနေ.ညက ဖြစ်ရပ်နှင့်
စပ်လျဉ်းပြီး နိုင်ငံတော်သမတရုံးမှ ခွင့်ပြုပါသလားလို. မေးမြန်းလိုပါတယ်။

ဦးအံ့မောင်(အဖြေ) - ထိုကိစ္စများ မသိကြောင်း၊ ဘယ်သူတွေဘာတွေပြောသလဲဆိုတာ
ပြောတဲ့သူတွေမှာသာ တာဝန်ရှိကြောင်း၊ ဘာစာတွေပေးသလဲဆိုတာလည်းမသိကြောင်း
နိုင်ငံတော်သမတရုံးမှလည်း ဘာစာမှ မဟနကိုမပေးပါကြောင်း ၊ ဘာမှအကြောင်းမကြား
ကြောင်း ဖြေကြားပါတယ်။
Kyaw Swar Myint
ယနေ့ သတင်းစာရှင်းလင်းပွဲ၏ရလဒ်
=========================
'''ခင်ဗျားတို့ မကျေနပ်ရင် ကြိုက်တဲ့ တရားရုံးသွား ဟု တွင် သမ္မတဦးသိန်းစိန်၏
သာသနာရေးဆိုင်ရာ အကြံပေး ဦးအံ့မောင် ပြောကြား'''


မတရားတာ မလုပ်ကြပါနဲ့ ဘုရာ့၊ လူတောင် မှန်တာလုပ်ရင် ……….. လို့ပြောနေတဲ့ သရုပ်ဆောင် ခင်သန်းနွယ်
. ညကြီး အချိန်မတော် မိုးလည်းမရွာဘဲ ... ထီးတွေယူလာ၊ မျက်နှာတွေ ကွယ်ထားနဲ့။
ဒါယကာ ဒါယိကာမတွေ. ရင်ထဲဘယ်လို ဖြစ်မလဲ စဉ်းစားသာကြည့်ပါ
ရုပ်ရှင်မင်းသမီးတွေ ပေမဲ့ သရုပ်ဆောင်နေတာမဟုတ်ဖူး
ဒေါ်ခင်သန်းနွယ် ဒေါ်လှလှမိုး

မဟာသန္တိသုခကျောင်းကိုညအချိန်စီးနင်းသိမ်းပိုက်ခဲ့တဲ့အရေးဟာ ဓမ္မ၀ါဒီနဲ့ အဓမ္မ၀ါဒီတွေကြားက အကျိုးစီးပွားနဲ့ ဘ၀လုံခြုံမှု့ဆိုင်ရာ ပဋိပက္ခရဲ့ ထင်ရှားတဲ့ပြယုဒ်ဖြစ်တယ်။
ဒီအဖြစ်အပျက်ဟာအဖိနှိပ်ခံအများစုနဲ့ လက်နက်အားကိုး၊ အာဏာအားကိုးမိုက်နေတဲ့ ဖိနှိပ်သူလူနည်းစုကြားကပဋိပက္ခ၊ အခွင့်အရေးမရတဲ့လူများစုကြီးနဲ့ အခွင့်ထူးခံလူနည်းစုကြားကပဋိပက္ခ၊ ပြည်သူလူထုနဲ့ စစ်အာဏာရှင်ကြားကပဋိပက္ခတွေကိုညွှန်ပြနေယုံမက စစ်အာဏာရှင်လက်အောက်မှာ သာမန်ပြည်သူမဆိုထားနဲ့ ရဟန်းသံဃာအပါအ၀င်နိုင်ငံသားတိုင်းရဲ့ဘ၀ဟာ လုံခြုံမှု့မရှိဘူးဆိုတာသက်သေပြနေတာပါ။
ဒါဟာပထမဆုံးအကြိမ်မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေဘာသာနဲ့ သာသနာကိုဖျက်ဆီးရမ်းကားခဲ့တာ (၁၉၆၂) ခုနှစ်အာဏာသိမ်းပြီးကထဲကဒီနေ့ အချိန်ထိမရေတွက်နိုင်အောင်ပါဘဲ။ သံဃာကိုဆဲဆိုစော်ကားတဲ့ကံ၊ သံဃာကိုရိုက်နှက်ညှင်းပမ်းတဲ့ကံ၊ သံဃာသတ်တဲ့ကံ၊ သံဃာသင်းခွဲတဲ့ကံ စတဲ့ ကြီးမားတဲ့အပြစ်ကံကြီးတွေထပ်ခါတစ်လဲလဲကျုးလွန်ခဲ့တာမို့  စစ်အစိုးရကို ဘာသာရေးအရ သပိတ်မှောက်တဲ့ “ပတ္တနိကုဇ္ဖနကံဆောင်ခြင်း”အကြိမ်ကြိမ်ပြုခဲ့ရတာပါ။
တကယ်တော့ ပတ္တနိကုဇနကံဆောင်တယ်ဆိုတာ သံဃာတွေကို ညှဉ်းပန်းနှိပ်စက် သတ် ဖြတ်တဲ့ သူတွေနဲ့ ဘာသာရေးအရ ဆက်ဆံမှုမလုပ် ဘဲနေတာပါ။ မကောင်းမှုအကုသိုလ်ကျုးလွန်သူများ အမြင်မှန်ရပြီး နောက်ထပ်တဖန်မကျူးလွန်မိအောင် အကုသိုလ်တွေ ရှောင်ကြဉ်နိုင်အောင်ဆိုတဲ့ မွန်မြတ်တ့ရည်ရွယ်ချက်တွေနဲ့ ရဟန်းသံဃာတော်တွေစုပေါင်းပြီးကံဆောင်ခဲ့ကြတာပါ။
ဒါပေမဲ့လည်း စစ်အာဏာရှင်တွေဆိုတာ သူတို့အကျိုးစီးပွားကိုထိခိုက်လာမယ်၊ သူတို့ အာဏာပါဝါကိုထိခိုက်လာမယ်ဆိုရင်တော့ ဘယ်သူ့ ကိုမဆို ထောင်သွင်းအကျဉ်း ချမယ့်သူတွေပါ။ ရဟန်းသံဃာတော်တွေကိုမဆိုထားနဲ့ ဘုရားရှင်ကိုတောင် ဖမ်းဆီထောင်ချမဲ့ မိစ္ဆာဒိဠိတွေဖြစ်တယ်။
တပ်မတော်လက်ထဲအချုပ်အချာအာဏာရှိနေသရွေ့  အာဏာသိမ်းတိုင်းရဟန်းရှင်လူပြည်သူတွေအမြဲအသတ်ခံကြရအုံးမှာပါ။ (၁၉၈၈)အာဏာသိမ်းစဉ်ကအဖြစ်ဆိုးမျိုး၊ တိပိဋကဆရာတော်လို ဓမ္မစေတီထိုက်တဲ့သံဃာအစစ်အမှန်တွေကိုဖမ်းဆီးထောင်ချညှင်းပမ်းမှု့မျိုးတွေ၊ ၂၀၀၇ရွေဝါရောင်တော်လှန်ရေးကိုဖြိုခွဲစဉ်တုံးကလို၊ ငွေကြာယံဘုန်းတော်ကြီးကျောင်း၊ လက်ပံတောင်းတောင်သပိတ်စခန်းတွေကိုညဥ့်သန်းခေါင်မှာ သူပုန်စခန်းကိုဝင်စီးသလိုအကြမ်းဖက်တိုက်ခိုက်မှု့မျိုး၊ လယ်တီသိမ်ဖြိုချတဲ့အပြစ်ကြီးမျိုးတွေတွေဆက်လက်ကျုးလွန်နေကြအုံးမှာပါ။
တစ်ကယ်ဘဲအမျိုးဘာသာ၊သာသနာ စောင့်ရှောက်ခြင်တယ်ဆိုရင် (၂၀၀၈)ဖွဲ့ စည်းပုံအခြေခံဥပဒေ ထိထိရောက်ရောက် ပြင်ဆင်နိုင်အောင်တိုက်တွန်းလုပ်ဆောင်ကြခြင်းသာ အရေးကြီးဆုံးနဲ့ ပဓာနအကျဆုံးအမျိုးသားရေးတာဝန်ဖြစ်ပါကြောင်းအသိပေးနိုးဆော်လိုက်ပါရစေ။
Ko Than win ၏ commentကို postအဖြစ်ပြနလည်ဖော်ပြလိုက်ပါတယ်..

ရန်ကုန်တိုင်း တာမွေမြို့ နယ်က မဟာသန္တိသုခကျောင်း တိုက်ကို အင်အားသုံးချိတ်ပိတ်ပြီး ကျောင်းတိုက်တွင်းက သံဃာတော်တွေကို အဓမ္မခေါ်ဆောင်သွားတာဟာ သင့်လျော်မှုမရှိသလို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး အတွက်လည်း ထိခိုက်မှုဖြစ်မှာ စိုးရိမ်ကြောင်း သီတဂူ ဆရာတော် အရှင်ဥာဏိသရက မိန့်ကြားလိုက်ပါတယ်။

မနေ့ ညသန်းခေါင်အချိန်က ကျောင်းတိုက်ကို ရဲအင်အားနဲ့ဝိုင်းရံပြီး နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ဝင်တွေက ကျောင်းကိုသိမ်းယူ ချိတ်ပိတ်ခဲ့တာနဲ့ ပတ်သက်လို့ RFA က ဆက်သွယ်မေးမြန်းစဉ်မှာ ဆရာတော်က မိန့်ကြားခဲ့တာပါ။

"သာသနာရေးဌာနတို့ သံဃာ့မဟာနာယကတို့က ချိတ်ပိတ်တာကို သူတို့ကထိန်းတယ်လို့ ဒီလိုထင်ပုံ ရတယ်၊ ချိတ်ပိတ်လိုက်တာ ထိန်းသိမ်းရာမရောက်ဘူး၊ လူတွေရဲ့ စိတ်နှလုံကို ဆူပူအောင်လှုံ့ဆော်တာ နောက် တစ်ချက်က ဒီလိုကျောင်းတိုက်တွေကို သူပိုင်ငါပိုင် အငြင်းပွားကြတဲ့ကိစ္စ ဘုရားဟောပါဋိတော်ထဲမှာ မျက်မှောက် ရင်ဆိုင်တွေ့ဆုံပြီးတော့ ဖြေရှင်းရမယ့်ကိစ္စမှာ ပီနန်ဆရာတော်ကြီး နိုင်ငံခြားခရီးထွက်နေတဲ့အချိန် တိုက်တိုက် ဆိုင်ဆိုင် သန်းခေါင်ယံမှာဝင်ပြီးတော့ ချိတ်ပိတ်လိုက်တဲ့ကိစ္စဟာလည်း တော်တော်မသင့်လျော်တဲ့ကိစ္စဖြစ်တယ်"

ဒါ့အပြင် သံဃာများ ရေစက်ချလှူဒါန်းထားတဲ့ ပစ္စည်းဥစ္စာကို အစိုးရက သိမ်းပိုင်ခွင့်မရှိသလို သံဃာ့မဟာနာယက အဖွဲ့ကလည်း သိမ်းပိုင်ခွင့်မရှိကြောင်း သံဃိတပစ္စည်းကို သံဃာကပဲ ထိန်းသိမ်းစောင့်ရှောက်ရမှာဖြစ်ကြောင်း ဆရာတော်က မိန့်ပါတယ်။

သာသနာရေးဝန်ကြီးဌာန၊ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့တို့အနေနဲ့ ခုလိုပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆွေးနွေးညှိနှိုင်း ဖြေရှင်းသင့်တယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းက နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ဆရာတော် ဦးပညာဝံသနဲ့  တပည့်တွေ ကို ကျောင်းတိုက်ကနေထွက်ပေးဖို့ ဖိအားပေးခဲ့ပါတယ်။ ဒါပေမဲ့ ဆရာတော်က အဲဒီညွှန်ကြားချက်ကို လက်မခံဘဲ တရားဥပဒေကြောင်းအရ ဆောင်ရွက်ရင်လည်း ရင်ဆိုင်မယ်လို့  မိန့်ကြားခဲ့ပါတယ်။ ဇွန်လ ၁၀ ရက် မနေ့ ညသန်းခေါင်မှာတော့ ကျောင်းတိုက်ကို အင်အားသုံး ချိတ်ပိတ်ပြီးတဲ့နောက် သီတင်းသုံးနေတဲ့ သံဃာအပါး ၂၀ ခန့်ကို ကမ္ဘာအေး သံဃာ့မဟာနာယကရုံးကို ခေါ်ဆောင်သွားခဲ့ကြပါတယ်။
RFA

အမှန်တရားအတွက်
အသက်နဲ့ခန္ဓာ စွန့်ခွာသွားရပါစေ
သေမှာကိုလဲ မကြောက်
အမှန်လမ်းကိုလျှောက်
ရဲရဲတောက်လူသားတွေ
ကမ္ဘာ့သမိုင်းမှာရှိခဲ့ပါပေ…။

သို့တစေ ငါတို့ပြည် ငါတို့မြေ
အုပ်ချုပ်တဲ့ ဗာလကီတွေ
ခရိုနီတွေနဲ့ပေါင်း တိုင်းပြည်ကိုရောင်း
လူအပေါင်းနင်းပြားဘ၀ရောက်အောင်တွန်းချ
တိုင်းပြည်မွဲပြာကျအောင်သိမ်းပြ
သိမ်းလိုက်ကြ လယ်မြေခြံ
သိမ်တော် ကျောင်းတော်မကျန်
ညသန်းကောင်ယံကျော်ကျော်
အချိန်မတော်မှာ သူ့ဘိုးတော်အမိန့်နဲ့
မဟာသန္တိသုခကျောင်းရိပ်ကိုဝင်ခို
သူခိုးဓါးပြလိုဝင်စီး ဘုန်းကြီးကိုကျောင်းမှနှင်
မဆင်မခြင် ကျောင်းတော်ကိုချိတ်ပိတ်
သူတို့ရိတ်သမျှ ကြိတ်သမျှလှိမ့်သမျှ
မျက်စိမှိတ်ပြီးသာခံ ပြန်မပြောနဲ့
သံသရာတကြောမှာ ဘယ်လိုပင်မျောရမျောရ
ဗာလကီတွေမမှုကြ သိမ်းရမှကျေနပ်
သိမ်းရမှနေတတ် အတတ်ကျူးတဲ့ဘီလူးတွေ
ရူးသလိုသိမ်း သိမ်း သိမ်း သိမ်း
သိမ်းစရာမြေမရှိ သိမ်းစရာနတ္ထိဖြစ်ရင်
အ၀ီစိထိ ဆက်လက်သိမ်း
ငရဲမီးမငြိမ်း ဆီမီးတလိန်းလိန်းက
အပြီးသိမ်းပြလိုက်လိမ့်မယ် အဲဒါ အပါယ်…။

တက္ကသိုလ်ဘုန်းကြွယ်(ဇွန် ၁၁ ၁၄)

ပီနန်ဆရာတော်ကြီးမှ အဆိုပါသန္နိသုခကျောင်းတော်ကြီး မြေနေရာကို ဆရာတော်ကြီးအမည်ပေါက်ဖြင့် တပည့်ဒကာ၊ဒကာမများ စုပေါင်းအလှူငွေဖြင့်တည်ဆောက်ခဲ့ပါတယ်။နောက်ပိုင်းစစ်အစိုးရက ဝေဖန်မှုတွေပြုတဲ့
အပေါ် ဆရာတော်ကြီးကို ပြည်ဝင်ခွင့်မပေးတော့ပဲအဆိုပါကျောင်းတော်ကြီး
ကို သိမ်းယူလိုက်ကာ နိုင်ငံတော်သံယနာယကအဖွဲ.သို.လွှဲအပ်ထားခဲ့ပါတယ်။

တိုင်းပြည်ပြောင်းလဲလာတဲ့အခါ ပီနန်ဆရာတော်ကြီး မြန်မာပြည်သို.ပြန်ကြွလာချိန်မှာ ဆရာတော်ပိုင်ဆိုင်တဲ့သန္နိသုခကျောင်းတော်ကိုပြန်လည်သတင်းသုံးရယူခဲ့ရာ ၊ နိုင်ငံတော်သံယနာယကအဖွဲ.မှ ၄င်းတို.ပိုင်ဆိုင်သည်ဟု
ဆိုပြီး ဆရာတော်ကို ဖယ်ရှားခိုင်းခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်ကို သီတဂူဆရာတော်ကြီးကိုယ်တိုင်က ပီနန်ဆရာတော်ကြီး
ဘက်မှမားမားမတ်မတ်ရပ်တည်လျက် နိုင်ငံတော်သမတထံ မေတ္တာရပ်
ခံထားဆဲဖြစ်ပြီး၊ယခုအချိန်အခါ ပီနန်ဆရာတော်ကြီး ဂျပန်နိုင်ငံသို.
ကြွရောက်နေစဉ် ရဲတပ်ဖွဲ.များနှင့်သာသနာရေးဦးစီးဌာနမှ အတင်း
ဝင်ရောက် သိမ်းယူနေခြင်းဖြစ်ပါကြောင်း ပီနန်ဆရာတော်ကြီး၏
တပည့်တစ်ဦးမှ ရှင်းလင်းပြောကြားခဲ့ပါတယ်။

“ ပြည်သူတွေသိရှိကြဖို့ အသိပေးပါရစေ ”
---------------------------------------------------------------
PR စနစ်ကို အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်ပါပြီ
ဒါဟာ ပြည်သူများ ၊ အဓိကအားဖြင့် တိုင်းရင်းသားများကို လက်ရှိအာဏာရပါတီနဲ့ အလိုတော်ရိပါတီများပူးပေါင်းပြီး အနိုင်ကျင့်လိုက်တာဖြစ်ပါတယ် ။

ဒီ PR စနစ်ရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို သိနားလည်သူတွေက စာနယ်ဇင်းတွေပေါ်မှာ ဝေဖန်ထောက်ပြနေကြတယ်
ုယခင်တစ်ခါကလည်းဝေဖန်ခဲ့ကြဘူးသလို ခုလည်း ထပ်မံဝေဖန်ခဲ့ကြပါတယ် ။

ဒါပေမဲ့ ဒီစနစ်ကို ပြောင်းလဲကျင့်သုံးဖို့ ဖုတ်ပူမီးတိုက်
နေသူတွေက ပြည်သူတွေကို အသက်မဲ့အရုပ်များလို သဘောထားပြီး ထင်ရာစိုင်းလိုက်ကြပါပြီ ။

သတင်းဆောင်းပါးများကို ဖတ်ရှုရတဲ့ ပြည်သူတွေ အများစုက PR စနစ်ကိုလက်မခံဘူးဆိုတဲ့ အသံတွေ ထွက်လာတာတောင် ဂရုမစိုက်တာဘယ်သူတွေလဲ ဆိုတာ လက်ညှိုးထိုးပြစရာမလိုတော့ပါဘူး

ဒီလွှတ်တော် နှစ်ရပ်လုံးဟာ FPTP (လက်ရှိ ကျင့်သုံးနေတဲ့ )စနစ်အတိုင်း ရွေးကောက်ခံလာရတဲ့ လွှတ်တော်တွေပါ ၊ ဒီနည်းနဲ့အနိုင်ယူလာပြီးမှ အတင်းအဓမ္မ စနစ်တစ်ခုပြောင်းလဲ ကျင့်သုံးဖို့ လုပ်ဆောင်ခဲ့ပါတယ် ။ ဒါဟာ သွေးရိုးသားရိုးမဟုတ်တဲ့ ယုတ်မာကောက်ကျစ်မှုပါ

အကယ်၍ ယခင်ပါလီမန်ခေတ်က တစ်ပါတီတည်းရဲ့ ကြီးစိုးမှုကြောင့် သခင်သန်းထွန်းတို့ကွန်မြူနစ် ပါတီ
တောခိုခဲ့တယ် ၊
တိုင်းရင်းသားတွေ လက်နက်ကိုင်ခဲ့တယ် ဆိုတဲ့ သင်ခန်းစာကို ယူခဲ့ရိုးမှန်ရင် ကြံ့ခိုင်ရေး တစ်ပါတီတည်း ဦးဆောင်ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဘာကြောင့် PR စနစ်နဲ့အသုံးမပြုခဲ့ပါသလဲ ၊ ဘာကြောင့် ဒီလောက် ဦးနောက်နည်းခဲ့ပါသလဲ

ခု သူတို့အလွန်ကြောက်လန့်စိုရိမ်တဲ့ NLD ပါတီ ၊ သူတို့ တစ်ကြိမ်ပြိုင် တစ်ကြိမ်အပြတ်ရှုံး ၊ နှစ်ကြိမ်ပြိုင် နှစ်ကြိမ် အကွဲအလဲ ရှုံးခဲ့တဲ့ NLD ပါတီ ရွေးကောက်ပွဲဝင် လာတဲ့ အချိန်ကျကာမှ အတွင်းကောက် တွေ ပေါ်ထွက် လာတာ ဖြစ်ပါတယ် ။ကိုယ့်နိုင်ငံမှာ အိမ်ရှင်လုပ်တဲ့ sea game မှာ ကိုယ်နိုင်မဲ့ ကစားပွဲတွေ ဇွတ်အတင်း ထည့်သွင်း ကစားတဲ့ အကျင့်ဆိုးတွေပေါ်ထွက် လာပါတယ် ။

အခု PR စနစ်ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်ပါပြီ ။ ပြည်သူတွေကို ဘာတစ်ခုမှ အသိမပေးဘဲ အတည်ပြုလိုက်ပါပြီ ။

အမျိးသားလွှတ်တော်ဆိုတာ လူမျိုးစုလွှတ်တော်ပဲ
အဲဒီလူမျိုးစုလွှတ်တော်မှာပါဝင်နေတဲ့ တိုင်းရင်းသား ပါတီစစ်စစ်များကို ကိုယ်စားပြုကြတဲ့ ကိုယ်စား လှယ်အားလုံးက ဒီ PR စနစ်ကို ကန့်ကွက်ခဲ့ကြပါတယ်
ဒါပေမဲ့ အဲဒါကို လျစ်လျူရှုပြီး အတည်ပြုခဲ့တယ်ဆိုတာ တိုင်းရင်းသားတွေ အကျိုးအတွက်ဆိုတာ ဟုတ်မှန် ပါရဲ့လား ။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ခိုးယူထားတာ ဘယ်သူတွေပါလဲ ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်အားလုံးက အနည်းစုဖြစ်ပေမဲ့ အားလုံးတစ်ခဲနက်ကန့်ကွက်ခဲ့ပါတယ် ၊ ဒါပေမဲ့ အတည်ပြုခဲ့ပါတယ် ။ အနည်းစုရဲ့ဆန္ဒကို အလေးထားခဲ့ပါသလား ။ တစ်ထိုင်တည်းမှာတောင် အပြောနဲ့အလုပ် မညီတာဘယ်သူတွေပါလဲ

ဒီကနေ့အမျိုးသားလွှတ်တော်မှာ တက်ရောက်ခွင့်ရှိသူ ၂၁၈ ဦးအနက် တက်ရောက်သူ ၂၀၄ ဦး ကန့်ကွက်သူ ၈၅ ဦး ၊ ကြားနေ ၂ ဦးရှိတာကို ထောက်ခံသူ ၁၁၇ နဲ့ အတည်ပြုလိုက်တာဖြစ်ပါတယ် ။
တစ်တိုင်းပြည်လုံးနဲ့ဆိုင်တဲ့ကိစ္စကို ဆုံးဖြတ်ရာမှာ အာဏာရပြည်ခိုင်ဖြိုးပါတီနဲ့ အခြားပါတီ များက ထောက်ခံအတည်ပြုခဲ့တာဖြစ်ပါတယ် ။

ပါတီကြီးတစ်ပါတီထဲက လက်ဝါးကြီးအုပ်ကြီးစိုးမှာ စိုးရိမ်တာကြောင့် ပြောင်းလဲကျင့်သုံးဖို့ အဆိုတင်ရတာပါဆိုတဲ့ PR စနစ်ကို လက်ရှိ လွှတ်တော်မှာအင်အားအကြီးဆုံးဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီက အင်အားသုံးအနိုင်ယူလိုက်တာမဟုတ်ဘူးလား ။

ဒါဟာ တိုင်းရင်းသားတွေကို ထိပါးစော်ကားအနိုင်ကျင့်လိုက်တာဖြစ်သလို ၊ ပြည်သူတွေကို အရုပ်လိုသဘောထားပြီး မထီမဲ့မြင်ပြု လိုက်တဲ့ကိစ္စလည်းဖြစ်ပါတယ် ။

တိုင်းရင်းသားများအပါအ၀င် ပြည်သူတွေကိုလည်း
သတိပေးလိုက်ချင်ပါတယ်
ကျနော်တို့တွေဟာ ကံတူအကျိုးပေးတွေပါ
ကျနော်တို့တွေဟာ အင်အားကြီးမားတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင် ယှဉ်ပြိုင်နေရတာမဟုတ်ပါဘူး ၊ အင်မတန်ကောက်ကျစ်တဲ့ ပြိုင်ဘက်များနဲ့ ရင်ဆိုင်နေရတာပါ
ကျနော်တို့ ကံကို ကျနော်တို့ဖန်တီးနိုင်ဖို့ အမြဲသတ္တိရှိကြပါ
စည်းလုံးညီညွတ်စွာ မဆုတ်မနစ်တိုက်ပွဲဝင်ကြပါလို့
အလေးအနက် တိုက်တွန်းပါရစေ

မတရားလုပ်သူတွေဟာ ထိုက်သင့်တဲ့ ပြစ်တင်ရှုံ့ချ မှုတွေကို ရင်ဆိုင်ရမှာပါပဲ ၊ အဲဒီလူတွေ လွှတ်တော်ကပြန်လာတဲ့အခါ ကိုယ့်မဲဆန္ဒရှင် ပြည်သူတွေနဲ့ ရင်ဆိုင်တွေ့ရဲဖို့သာ သတ္တိမွေးထားကြဖို့ သတိပေးလိုက်ပါရစေ

ထင် လင်း ဦး

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.