06/14/14

ကရင်အမျိုးသားအစည်းအရုံး ( KNU ) က လက်ရှိသမ္မတ ဦးသိန်စိန်းကို ဒုတိယ သက်တမ်း ဆက်လုပ်ဖို့ အကြံ ပြုလိုက်သည့် သတင်းကို ဖတ်လိုက်ရသည်။ အဆိုပါ သတင်း ဖတ်ပြီးပြီးခြင်း ဒေါ်အောင်ဆန်း စုကြည်ဖြစ်ရပ်ကို ချက်ခြင်း သတိရမိသည်။ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက် လာပြီးနောက်ပိုင်း သမ္မတဦးသိန်းစိန်နဲ့ တွေ့ ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံပြီး နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အကျဉ်းထောင် များမှ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားထဲမှ ထင်ရှားသူ တစ်ချို့  အား ယခုကဲ့သို့ ပြောခဲ့သည်။ " အမေကိုယုံရင် သမ္မတကြီးကိုယုံပါ"။ သမ္မတ ဦးသိန်းစိန် ၏ သွင်ပြင်သဏ္ဍန်မှာလည်း ရိုးသားမူ့ နှင့်နှိမ့်ချမူ တို့ ကြောင့် သူနှင့် ထိတွေ့ ဆက်ဆံဖူးသူတိုင်း သမ္မ တ ဦးသိန်းစိန်အား ခင်မင် ရင်းနှီးသွားလေ့ ရှိကြသည်။ ထိုအထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် KNU ခေါင်းဆောင် များပါခဲ့သည်။ ထို့ ကြောင့်လဲ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သူမကိုယုံပါက သမ္မတကြီး ကိုယုံဖို့ ပြောခဲ့ခြင်းဖြစ် သည် ဟုသုံးသပ်မိပါသည်။

ထို့ ကဲ့သို့ တွေ့ဆုံပြီးနောက်ပိုင် ဒေါ်အောင်ဆန်းစုကြည်က ပြည်ပနိုင်ငံများသို့ သွားရောက်သည့် ခရီးစဉ်များတွင်လည်း မြန်မာနိုင်ငံကို အကူအညီများပေးရန်၊ စီးပွါးရေး ပိတ်ဆိုမူု့ တွေဖြေလျော့ပေးရန် တိုက်တွန်းပြောဆိုမှုများ ပြုလုပ်ပေး ခဲ့သည် ။

သမ္မတ ဦးသိန်းစိန်၏အမေရိကန်ခရီးစဉ်တွင် အမေရိကသို့  ကြိုတင်ရောက် ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည်လည်း အမေရိကန်နိုင်ငံရှိ အခြား ပြည်နယ်တစ်ခုသို့ ရောက်ရှိနေသည့်တိုင် သမ္မတ ဦးသိန်းစိန် က ဒေါ်အောင်ဆန်းစုကြည်နှင့် လူချင်းတွေ့ဆုံလိုကြောင်း ဆက်သွယ်လာသည့် အခါ ဒေါ်အောင်ဆန်းစုကြည်က သမ္မတရှိရာ နယူးယောက်မြို့သို့ နောက်ကြောင်း ပြန်လှည့် လာရောက်တွေ့ဆုံပေးခဲ့သည် ။

အဆိုပါတွေ့ဆုံမှုတွင် သမ္မတမှ ဒေါ်အောင်ဆန်းစုကြည်ကို နုတ်ခွန်းဆက်စကား မှာ "မစု နေကောင်းလား" ဖြစ်သည်ဟု ပြည်တွင်းမီဒီယာခေါင်းကြီးပိုင်းများ တွင် ဖော်ပြခဲ့ကြသည်။ ကမ္ဘာပေါ်တွင် အကျယ်ပြန့်ဆုံးနှင့် ကြည့်ရှုသူ အများဆုံး ဖြစ်သည့် CNN သတင်းဌာန၏ နာမည်ကြီး အင်တာဗျူးသူ ခရစ်ဆီယမ် အာမန်ပေါ မှ ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြားတွေ့ဆုံခန်း ကိုပါ ပြုလုပ်ရာ CNN အင်တာဗျူးတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံတစ်ခု မဟုတ်သေးသော်လည်း သမ္မတဦးသိန်းစိန်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု များကို စတင်လုပ်ဆောင်ရန် ကြိုးပမ်းနေသည်ဟု ယူဆရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖွင့်ဟခဲ့သည် ။ အဆိုပါ အမေရိကန် ခရီးစဉ်ပြီးနောက် အမေရိကန် နှင့် EU တို့မှ ကုန်သွယ်ရေး ဆိုင်ရာ Sanction များကို လုံးဝ ဖြေလျော့ပေးခဲ့သည် ။ နိုင်ငံတကာ အဖွဲ့အစည်းများမှ အကူအညီများ မြန်မာနိုင်ငံသို့ လိမ့်ဝင်လာသည်။

ထို့ ကြောင့်လဲ တစ်ချိန်က စစ်ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သော သမ္မတ ဦးသိန်းစိန် အစိုးမှနိုင်ငံတကာ ထောက်ခံမူ များ အားပေးမူ့ များရရှိလာ ခဲ့သည်။ မြန်မာနိုင်ငံ အတွက်လဲ အကူ အညီများစွာရရှိလာခဲ့ သည်။ တိုင်းပြည် တွင်လဲ အပြောင်းအလဲအချို့ ဖြစ်ခဲ့သည်။ ဦးသိန်းစိန်အစိုးရအနေဖြင့် ကိုင်တွယ်ရာ တွင် သံဃာများပါ မီးလောင်ဒဏ်ရာများ အပြင်းအထန် ရရှိခဲ့ရ သည့် လက်ပန်းတောင် ကြေးနီစီမံကိန်း ပြဿနာ ကိုလည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကော်မရှင် ဥက္ကဌအဖြစ် တာဝန်ယူကာ ခေါင်းခံဖြေရှင်းပေးခဲ့သည်။

ထိုကဲ့သို့ ဆက်ဆံလာခဲ့ပြီးနှစ်နှစ်နီးပါးကြာမြင့်ချိန်တွင်မူ့ သူတို့ နှစ်ဦး၏ ဆက်ဆံရေးမှာအေးဆက်လာခဲ့သည်။ ထိုကဲ့သို့ အေးဆက်သွားခြင်းမှာ သမ္မတဦးသိန်းစိန် အနေဖြင့် ဂတိမတည်သောကြောင့်ဖြစ်သည် ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုကြောင်း သူမနှင့်နီးစပ်သူများ က ဆိုသည်။

ထို့ အပြင် တိုင်းပြည်အတွက် အလွန်အရေးကြီးသည့်ဖွဲ စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်သမ္မတဦးသိန်းစိန် ကို ဝေဖန်ခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ကိစ္စညှိနှိုင်းရန်အတွက် နိုင်ငံတော်သမ္မတအားလေး ပွင့်ဆိုင်တွေ့ ဆုံခွင့်တောင်း ဆိုခဲ့သော်လည်းဖြစ်မလာခဲ့ပေ။ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး သည် မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးသောကိစ္စဖြစ် သည်။ထို ကိစ္စ မဆောင်ရွက်နိုင်ပါက မြန်မာနိုင်ငံ အနေဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ရန် မလွယ်ကူသလို ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးမှာမဖြစ်နိုင်ပေ။ လက်ရှိဖွဲ့ စည်းပုံးအား မပြင်နိုင်သ၍ မြန်မာနိုင်ငံမှာစစ်အာဏာရှင် လက်အောက်က လွတ်မြောက်ရန် မလွယ်ကူပေ။

အလားတူလက်ရှိအစိုးရနှင့်KNU တို အပစ်အခတ်ရပ်စဲထားသည် မှာ (၂) နှစ်ကျော်ကြာ ခဲ့သည်။KNU ခေါင်း ဆောင်များအနေဖြင့် သမ္မတ ဦးသိန်းစိန်နှင့် ၅ ကြိမ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် (၆) ကြိမ်တွေ့ ဆုံ ခဲ့သည်။ ထိုကဲ့သို့ တွေ့ ဆုံပြီး KNU အစိုးရအဖွဲ့ တို့ ယုံကြည်မူ့ အတော်ရ လာခဲ့သည်။ ထိုကြောင့်လဲKNU ခေါင်းဆောင်များအနေဖြင့် အစိုးရ ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တက် တက်ကြွကြွပါဝင်ခဲ့သည်။ KIO နှင့် တိုက်ပွဲများပြင်ပြင်းထန်ထန်ပြန်လည်ဖြစ်ပွါးချိန်တွင် KNU ဥက္ကဌ ကြားဝင် ညှိနှိုင်းပေးခဲ့သဖြင့်တွေ့ ဆုံဆွေးနွေးပွဲများပြန်လည်ဖြစ်လာခဲ့ပြီး စစ်ရှိန်လျော့ချနိုင်ခဲ့သည်။ အစိုးရအနေဖြင့်ဆောင်ရွက်နေသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိုလည်း KNU က တက်တက်ကြွကြွ ပါဝင် ဆောင်ရွက် သည်။တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးတွင် ၀ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်နှင့် မိုင်းလားအဖွဲ့ တို့ ပါဝင်လာ ရန် KNU ခေါင်းဆောင်များက သွားရောက်စည်းရုံးပေးခဲ့သည်။

သို့ သော် KNUနှင့် အစိုးရတို့ ရယူထားသော အပစ်အခတ်ရပ်စဲရေးမှာ ခိုင်မာသော အပစ်အခတ်ရပ်စဲရေး မဟုတ်ပေ။ နှစ်ဖက် နားလည်မူ့  ယုံကြည်မူ့ ဖြင့် တည်ဆောက်ထားသော အပစ်အခတ်ရပ်စဲရေးသာ ဖြစ်သည်။ တိုက်ပွဲများဖြစ်ပွါးခြင်း မရှိသော်လည်း နှစ်ဖက်တပ်များ နေရာချထားရေးနှင့် စစ်သည်တော်ကျင့်ဝတ် ဆိုင်ရာ ကိစ္စများ ယခုအချိန်ထိ ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။

ရွာပြေးရွာရှောင်ဒုက္ခသည်များနှင့်ဒုက္ခသည်စခန်းများတွင်ရောက်နေသောဒုက္ခသည်များအခုချိန်ထိနေရပ် မပြန် နိုင်ကျသေးပေ။ အလားတူ တစ်နိုင်လုံး အပစ် အခတ် ရပ်စဲေ၇း စာချုပ်မှာလည်းအခုချိန်ထိ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသည့် အပြင် စကားအသုံးအနှုန်းများကိုပင် ကျေလည်အောင် မရှိနိုင်သေးပေ။

ထိုကဲ့သို့ အခြေအနေမျိုးတွင် KNU အနေဖြင့်သမ္မတဦးသိန်းစိန်အား ဒုတိယ သက်တမ်း ဆက်လက်ထမ်းဆောင်ရန်ပြောဆိုခြင်း မှာ စောလျင်လွန်း နေပေ သည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်သမိုင်းတွင် လူပုဂ္ဂိုလ်အပေါ် များစွာ မူတည်ခဲ့သည်မှာ မှန်ပေသည်။ ဦးခင်ညွန် ရာထူးမှ ဖယ်ရှားခံရပြီး နောက်ပိုင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွါးခဲ့သည်များတော့ရှိခဲ့သည်။

သို့ သော် မည်သည့်ကိစ္စမဆို လူနှင့် ဆုံးဖြတ်သည်ထက် မူ နှင့် ဆုံးဖြတ်သည်က ပိုမို ခိုင်မာပေလိမ့်မည် ဖြစ်သည်။

သမ္မတဦးသိန်းစိန် အနေဖြင့်လည်း ဒုတိယသက်တမ်းအား ဆက်လက် မထမ်းဆောင်လိုသော်လည်း သူ၏ အကြံပေးများနှင့်နီးစပ်သူများက သူတို့ အကျိုးဌါ ဆက်လက်ထမ်းဆောင်ရန် တိုက်တွန်းနေကြသည်။ သမ္မတ အနေဖြင့်လည်း တိုင်းပြည်နှင့်ပြည်သူလူထုက လိုအပ်ပါက ဆက်လက် ထမ်းဆောင်မည် ဟုပြောထားသည်။ ထို့ ကြောင့် KNU ၏ အကြံပြုချက်အား ခုတုံးလုပ်၍ သူ၏ အကြံပေးများနှင့် အကျိုးစီးပွါးလိုလားသူက ဦးသိန်းစိန်အား ဒုတိယ သက်တမ်းလုပ်ဆောင်ရန်တိုက်တွန်းကြပေလိမ့် မည်။

အကယ်၍ သမ္မတဦးသိန်းစိန် ဒုတိယသက်တမ်း ဆက်လက် သမ္မတဖြစ်လာ ပါကလည်း ဒီမိုကရေစီနည်းလမ်း အရ ရွေး ကောက်တင်မြှောက်သော သမ္မတ မဖြစ်နိုင်။ ခန့် အပ်ခံတပ်မတော်သားလွှတ်တော်ကိုယ်စား လှယ် ၂၅ ရာခိုင်နှုန်း၏ ထောက်ခံမူ့ ဖြင်ဖြစ်လာသော သမ္မတ ဖြစ်ဖို့ များသည်။

ဒီမိုကရေစီကို လိုလားသော ကရင်အမျိုးသားအစည်းအရုံး အနေဖြင့်လဲ လက်ရှိ သမ္မတ ဦးသိန်းစိန်မှာ ဒီမိုကရေစီနည်း ကျကျင်းပခဲ့သော လွတ်လပ်တရားမျှတ သည့်ေ၇ွးကောက်ပွဲမှ တက်လာသူမဟုတ်သည့် အချက်ကို သတိထားရမည် ။ အလားတူ စစ်ခေါင်းဆောင်တစ်ဦးလဲ ဖြစ်ခဲ့သည်။

သူမကို ယုံကြည်ပါက သမ္မတကြီးကိုယုံကြည်ပါ ဟုပြောဆိုခဲ့ သော ဒေါ်အောင်ဆန်းစုကြည် ဖြစ်စဉ်ကို မမေ့ဖို့ လိုသည်။ သူမဘာကြောင့် သမ္မတနှင့် ဆက်ဆံရေးရေး အေးခဲ့ရသည်ကို KNU ခေါင်းဆောင်များ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ကို မေးကြည့်သင့် သည်။

သို့ သော် စကားတော့ ကြွံသွားခဲ့ပေပြီ။

-- စောပူတူး-The Ladies News Journal



Kyaw Swar Myint's photo.
သတင်း-ထက်နိုင်ဇော် (ဧရာဝတီ)
အင်အားသုံး ဖယ်ရှားခြင်း ခံခဲ့ရသည့် မဟာသန္တိသုခကျောင်းတိုက် ဆရာတော်များအနက်မှာ ပီနန်ဆရာတော်ကြီး ဦးပညာဝံသ၏ တပည့်ရင်းဖြစ်သူ ဆရာတော် ဦးဥတ္တရ(အင်္ဂလန်) နှင့် သံဃာ ၄ ပါးကို ယနေ့တွင် တာမွေမြို့နယ် တရားရုံးသို့ ရုံးထုတ်လာပြီး လူဝတ်လဲကာ အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ပြီ ဖြစ်သည်။

“ဒီနေ့ ရုံးထုတ်တယ်ကြားလို့ တာမွေ တရားရုံးကို လိုက်သွားတယ်။ ဟိုရောက်တော့ ရုံးထုတ်သွားပြီတဲ့။ ဦးဥတ္တရနဲ့ သံဃာ ၄ ပါး လူဝတ်လဲခံရတယ် ပြောတယ်။ ကျန်တဲ့ သံဃာတွေကိုတော့ ပြန်လွှတ်လိုက်တဲ့ သဘောပြောတယ်။ နောက်ရုံးချိန်းက ၂၀ ရက်နေ့ ။ တာမွေမှာပဲ ရုံးထုတ်လိမ့်မယ် ” ဟု တာမွေမြို့နယ် တရားရုံးသို့ သွားရောက် စုံစမ်းခဲ့သူ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့မှ ဦးပါမောက္ခက ဧရာဝတီသို့ မိန့်ကြားသည်။

ဦးဥတ္တရ(အင်္ဂလန်) အပါအ၀င် ဆရာတော် ၅ ပါးကို သာသနာတော် ညိုးနွမ်းစေမှုဖြင့် ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ သာသနာတော် အကြည်ညိုပျက်စေသည်ဆိုသော ပုဒ်မမှာ ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် ၁ နှစ် အပြစ်ပေးနိုင်ကြောင်း၊ ဥပဒေတွင် ထောင်ဒဏ် ၂ နှစ်အထိ ခွင့်ပြုထားပြီး ထောင်ဒဏ် ၊ ငွေ ဒဏ် နှစ်မျိုးစလုံးပါ အပြစ်ပေးနိုင်သဖြင့် သာသနာတော် အကြည်ညိုပျက်စေမှုဖြင့် ထောင်ကျခံရသော ဖြစ်စဉ်များစွာ ရှိခဲ့ကြောင်း ရှေ့နေကွန်ရက်မှ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

“အစိုးရကတော့ မလုပ်သင့် မလုပ်ထိုက်တာတွေကို လုပ်နေပြီ။ ဒီကိစ္စက တို့သွားမယ့် ဒီမိုကရေစီအတွက် အလားအလာ မကောင်းဘူး။ တိုင်းပြည်ပါ ဒုက္ခရောက်တော့မယ် ” ဟု
ဦးကြီးမြင့်က ပြောသည်။

သံဃာတော်များကို လူဝတ်လဲခြင်းမှာ သံဃ မဟာ နာယက ကခွင့်ပြုသည့် မြို့နယ်အဆင့် သံဃာတော်တပါး၏ ရှေ့တွင် လူဝတ်လဲ၍ ရကြောင်း ၊ ယခုကဲ့သို့ သံဃာများကို
အတင်းအကျပ် လူဝတ်လဲ ၊ ညအချိန် ကျောင်းတိုက် ၀င်စီးသည့် လုပ်ရပ်များသည် ယခင်စစ်အစိုးရ၏ လုပ်ရပ်များကို သတိရစေကြောင်း ဦးကြီးမြင့်က ဆိုသည်။

ဧရာဝတီသတင်းဌာနက အဆိုပါသတင်းကို အတည်ပြုနိုင်ရန် တာမွေမြို့နယ် ရဲစခန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေး ဦးစီးဌာန ၊ နေပြည်တော် သာသနာရေးဝန်ကြီးဌာနတို့ထံ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း တာဝန်ရှိသူများက ဖြေကြားရန် ငြင်းဆိုခြင်း၊ ဖုန်းမကိုင်ခြင်းတို့ဖြင့် သတင်းအမှောင်ချထားနေခဲ့သည်။

“ ဒီနေ့ ရုံးထုတ်တာ ဟုတ်ပါတယ်။ ဒီထက်ပိုပြောလို့ မရဘူး။ အလုပ်များနေတယ် ”ဟုသာ တာမွေမြို့နယ်မှ ယင်းအမှုကို ကိုင်တွယ်သည့် ရဲအုပ် ရဲမျိုးဟိန်းက ဖြေဆိုသည်။

ကျောင်းပိုင်ဆိုင်မှု အငြင်းပွားနေသည့် ယခုလို အချိန်မျိုးတွင် တရားရုံး တခုခု သို့မဟုတ် သံဃာ့ဝိနိစ္ဆယ အဖွဲ့တခုခု၏ ဆုံးဖြတ်ချက် မဟုတ်ဘဲ ယခုကဲ့သို့ သံဃာတော်များ သီတင်းသုံးလျက်ရှိသော ကျောင်းတိုက်မှ စီမံခန့်ခွဲရေး အမိန့်ညွှန်ကြားချက်ဖြင့် ဆွဲချနှင်ထုတ်ခြင်းသည် ဥပဒေနှင့် မညီဘဲ နိုင်ငံတော် သံဃ မဟာ နာယက (မဟန) အဖွဲ့က ထုတ်ပြန်ထားသည့် သံဃာ့လက်စွဲတွင်လည်း ယင်းလုပ်ပိုင်ခွင့်ကို ပေးအပ်ထားခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ် တရားလွှတ်တော် ရှေ့နေတဦးလည်း ဖြစ်သူ ဦးဝင်းထိန်က ဧရာဝတီသို့ ပြောသည်။

“မဟနက လုပ်တဲ့ အစည်းအဝေး ဆုံးဖြတ်ချက်လိုမျိုး၊ စီမံခန့်ခွဲမှုလို အမိန့်မျိုးနဲ့ ဒီပြဿနာကို ဖြေရှင်းလို့ မရဘူး။ ဒီကျောင်း ဘယ်သူ ပိုင်ဆိုင်တယ်ဆိုတာကို အပြတ်ဖြတ်ပြီးမှ လုပ်ဆောင်သင့်တယ်။ ဒီကိစ္စကြောင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့ သိက္ခာအရမ်းကျတယ်။ သူတို့(မဟန)ရဲ့ အမိန့်နဲ့တင် ဒီကျောင်းတိုက်ကြီးကို ပိုင်တယ်လို့ ဆုံးဖြတ်ခွင့် မရှိဘူး”ဟု ဦးဝင်းထိန်က ရှင်းပြသည်။

နေပြည်တော် သာသာနာရေး ၀န်ကြီးဌာနတွင်လည်း မဟာသန္တိသုခကျောင်းကိစ္စနှင့် ပတ်သက်ပြီး သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကိုယ်တိုင် ဦးဆောင်၍ အထူးအစည်းအဝေးတခု ပြုလုပ်သွားခဲ့ကြောင်းလည်း စုံစမ်းသိရှိရသော်လည်း အသေးစိတ် မသိရသေးချေ။

ပီနန်ဆရာတော်ကြီး ဦးပညာဝံသနှင့် သံဃမဟာနာယကအဖွဲ့အကြား ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသော ရန်ကုန်မြို့ တာမွေ မြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတော်ကြီးကို ဇွန်လ ၁၀ ရက်နေ့ ညပိုင်းတွင် စည်းကမ်းထိန်းသိမ်းရေး ဘုန်းကြီး ၂၈၁ ပါး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကျောင်းတိုက်ကို ၀င်ရောက်စီးနင်းခဲ့ပြီး ကျောင်းမှ သံဃာတော် ၇ ပါးကို ထိန်းသိမ်းခဲ့သည်။

နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့က သိမ်းယူလိုက်ပြီဖြစ်သော ယင်းကျောင်းကိစ္စနှင့်ပတ်သက်၍ သံဃာတော် အပါး ၂၀ ကို ထိန်းသိမ်းပြီး ဥပဒေနှင့်အညီ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သာသာနာရေး ၀န်ကြီးဌာနက တရားဝင် ကြေညာခဲ့သည်။ ပီနန်ဆရာတော်ကြီး ဂျပန်နိုင်ငံသို့ သာသနာပြုခရီး သွားရောက်နေစဉ် ယခုကဲ့သို့ ဝင်သိမ်းခြင်း ဖြစ်သည်။

သာသနာရေး ၀န်ကြီးဌာနက ဦးဆောင်ပြုလုပ်သည့် မဟာသန္တိသုခကျောင်းအကြောင်း သတင်းစာရှင်းလင်းပွဲတွင် သမ္မတအကြံပေး ဦးအံ့မောင်က “နိုင်ငံတော် သံဃ မဟာ နာယကအဖွဲ့ကို မမှန်ဘူးလို့ ထင်လို့ရှိရင် ခင်ဗျားတို့ ကြိုက်တဲ့တရားရုံးကို သွား”ဟု သတင်းထောက်များကို အော်ဟစ်ခဲ့သည်။

စည်သူအောင်မြင့်(ဧရာဝတီ) June 13, 2014

ခုရက်ပိုင်းအတွင်း ဂယက်အရိုက်ခတ်ဆုံး သတင်းကတော့ ပီနန်ဆရာတော်ကြီး သီတင်းသုံးတော်မူတဲ့ တာမွေနတ်ချောင်းက မဟာသန္တိသုခ ကျောင်းတော်ကြီးကို ဆရာတော်ကြီး ဂျပန်ပြည် ကြွနေခိုက် သာသနာရေးဝန်ကြီးဌာနက ပုဂ္ဂိုလ်တွေ၊ ရဲတွေနဲ့ သံဃာတချို့ ပူးပေါင်းပြီး ည အချိန်မတော် ၀င်ရောက်စီးနင်း သိမ်းပိုက် ချိတ်ပိတ်လိုက်တဲ့ ကိစ္စပါပဲ။ နည်းပညာတွေ တိုးတက်လာတာနဲ့အညီ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်လာတာနဲ့အညီ အဲဒီ ညက ရဲ၊ လူပုဂ္ဂိုလ်နဲ့ သံဃာတစ်ချို့ ကျောင်းတော်ကြီးကို ၀င်ရောက်ခဲ့တဲ့ ပုံတွေ ဆိုရှယ်မီဒီယာတွေကနေ တဆင့် ကမ္ဘာအနှံ့ ပျံ့သွားခဲ့ပါတယ်။ ပြဿနာ ဘယ်လို ဖြစ်တာပါလဲ၊ သာသနာရေး ၀န်ကြီးဌာန နဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ခုလို ဖြေရှင်းတာ သင့်တော်မှု ရှိပါရဲ့လား။ ဒီလို ဖြေရှင်းလိုက်တဲ့အတွက် မြန်မာ့ပုံရိပ်၊ သာသနာတော် ပုံရိပ် ဘယ်လိုဖြစ်လာနိုင်မလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

ဖြစ်စဉ်အကျဉ်းကတော့ မဟာသန္တိသုခ ကျောင်းတော်ကြီးကို ၀င်ရောက် စီးနင်းမှု ဇွန်လ ၁၁ ရက်နေ့ညမှာ ဖြစ်ပွားခဲ့တာပါ။ အခင်းဖြစ်ပွားချိန် ပီနန်ဆရာတော်ကြီး ဦးပညာဝံသ ကျောင်းတော်ကြီးမှာ မရှိပါဘူး။ ပြည်ပရောက်နေပြီး တပည့် ရဟန်းသံဃာတချို့ပဲ သီတင်းသုံးနေပါတယ်။ အတိုခေါက်အားဖြင့် မဟန လို့ခေါ်တဲ့ နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ရဲ့ ဓမ္မစက်ကို သာသနာရေးဝန်ကြီးဌာနက အကောင်အထည် ဖော်ပေးတာဖြစ်ပြီး၊ သာသနာရေး ၀န်ကြီးဌာနရဲ့ တောင်းဆိုချက်ကြောင့် ပြည်ထဲရေးဝန်ကြီးဌာန ရဲတပ်ဖွဲ့တွေ ပါဝင်ရတာလို့ ဆိုပါတယ်။ ကျောင်းတိုက်ကြီးထဲကိုဝင်၊ သီတင်းသုံးနေတဲ့ သံဃာတွေကိုခေါ်ဆောင်သွားပြီး ကျောင်းတိုက်ကို ချိတ်ပိတ်ပြီးချိန် နောက်တနေ့မှာ သာသနာရေး ၀န်ကြီးဌာနက သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ ပြောတာကတော့ ၁၉၉၆ ခုနှစ်မှာ ဗိုလ်မှူးကြီးဟောင်း စောမြင့်က မဟာသန္တိသုခ ကျောင်းတော်ကြီးကို နိုင်ငံတော် အစိုးရက ဦးဆောင်တည်ဆောက်ပေးဖို့ နိုင်ငံတော် အကြီးအကဲဆီ တင်ပြခဲ့တယ် ဆိုတဲ့အကြောင်း၊ ခွင့်ပြုချက်ရတော့ ကော်မတီဖွဲ့ပြီး ဆောက်ခဲ့တဲ့အကြောင်း ပြောဆိုပါတယ်။ ကျောင်းတော်ကြီးအတွက် ပီနန်ဆရာတော်ကြီးနဲ့ တပည့်ဒါယကာ၊ ဒါယိကာမတွေက ငွေကျပ် သိန်း ၂ ထောင်၊ အလှူရှင်တွေက ငွေကျပ် သိန်း ၂၁၀၀၊ စည်ပင် နဲ့ အေးရှားဝေါလ်က ကျပ် သိန်း ၂၄၀၀၊ ဘဏ်ချေးငွေ သိန်း ၂ ထောင် အပါအ၀င် စုစုပေါင်း ကျပ် သိန်း ၈၅၀၀ နဲ့ တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၉၉ ခုနှစ်ကျတော့ ဒီကျောင်းတော်ကြီးကို “သံဃိက” သံဃာကိုရည်မှန်းပြီး ဗုဒ္ဓသာသနာတော်ကို လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

၂၀၀၂ နှောင်းပိုင်းမှာ ကျောင်းတော်ကြီးကို ကော်မတီဖွဲ့ပြီး အုပ်ချုပ်စေခဲ့တဲ့အကြောင်း၊ နောက်ပိုင်း အစိုးရက ဒီကျောင်းတော်ကြီးကို နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ မဟန ကို လွှဲပြောင်းလှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၃ ခုနှစ်ရောက်တော့ ပီနန်ဆရာတော်ဘုရားကြီး မြန်မာပြည် ပြန်ရောက်လာတဲ့အချိန် မဟန အဖွဲ့က အာဂန္တု (ဧည့်သည်) အဖြစ် တပါးတည်း တည်းခိုသီတင်းသုံးခွင့် ပြုခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဆရာတော်ကြီးက နောက်လိုက်သံဃာတွေကိုပါ သီတင်းသုံးစေခဲ့တဲ့အတွက် မဟန အဖွဲ့က ဆရာတော်နဲ့ အဖွဲ့ကို ၂၀၁၄ မတ်လ မှာ ကျောင်းတော်ကြီးက အပြီးအပိုင် ထွက်သွားဖို့ နှင်ထုတ်မိန့် ထုတ်ခဲ့တဲ့အကြောင်း၊ ဒါပေမယ့်လည်း ထွက်မသွားတဲ့အတွက် တိုင်းသံဃ မဟာ နာယကအဖွဲ့နဲ့ တိုင်းအစိုးရအဖွဲ့တို့ဟာ ခုလို ပီနန်ဆရာတော်ကြီး နဲ့ အဖွဲ့ကို ရှင်းလင်း ဖယ်ရှား ချိတ်ပိတ်ရတာ ဖြစ်တယ်လို့ ရှင်းပါတယ်။

သာသနာရေး ၀န်ကြီးဌာနက တာဝန်ရှိသူတွေ ရှင်းတဲ့အထဲမှာ မမှန်တာတွေ၊ ဖုံးကွယ်ထားတာတွေ အများကြီး ပါပါတယ်။ ဒီ မဟာသန္တိသုခ ကျောင်းတော်မြေကွက်ကြီး ဟာ ပီနန်ဆရာတော်ကြီးရဲ့ နာမည်ပေါက် ဖြစ်တယ်ဆိုတာ မပြောခဲ့သလို၊ ကျောင်းဆောက် ပြီးပြီးချင်း ကျောင်းတိုက်ကို သံဃာကို ရည်စူးပြီးလှူတယ်၊ နောက်ပိုင်း အစိုးရက မဟန ကို ပြန်လွှဲပြောင်းပေးတယ် ဆိုတာကလည်း ရှေ့နောက် ဆီလျော်မှု မရှိပါဘူး။ ဒီကျောင်းတိုက်ကြီးဟာ ပီနန်ဆရာတော်ကြီးနဲ့ ဘယ်အချိန်တုန်းကမှ ဘယ်လိုမှ မပတ်သက် မဆိုင်သယောင် ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ပီနန်ဆရာတော်ကြီး မီဒီယာတွေကို ရှင်းပြတာက ဒီလိုပါ။ ကျောင်းတော်ကြီးဆောက်ဖို့ ဆရာတော်ကြီးနဲ့ တပည့် ဒါယိကာ ဒါယိကာမတွေ ကြိုးပမ်းခဲ့ကြတယ်၊ ၁၉၉၅ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ဆရာတော်ကြီးဆီ ရေစက်ချ လှူဒါန်းခဲ့တယ် လို့ ဆိုပါတယ်။ ပီနန်ဆရာတော်ကြီး ပြည်ပ ထွက်ခွာသွားပြီးနောက်ပိုင်း ၂၀၀၂ ခုနှစ်မှာ ကျောင်းကို စီမံခန့်ခွဲသူတွေ နိုင်ငံရေးလုပ်တယ်၊ ငွေအလွဲသုံးစားလုပ်တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အဲဒီအချိန်က အာဏာရှိတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က ကျောင်းတိုက်ကို မဟန အဖွဲ့ဆီ အပ်လိုက်တယ်လို့ ဆိုပါတယ်။ နောက်ပိုင်း ၂၀၀၄ ခုနှစ်မှာ ဦးခင်ညွန့်က ပီနန်ဆရာတော်ကြီးဆီ မဟာသန္တိသုခ ကျောင်းတော်ကြီးကို မဟန အဖွဲ့မှာ ခေတ္တ အပ်နှံထားတဲ့အကြောင်း စာရေးအကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်း ပီနန်ဆရာတော်ကြီး မြန်မာပြည် ပြန်ရောက်လာပြီး ကျောင်းတော်ကြီးမှာ ပြန်သီတင်းသုံးဖို့ လုပ်တဲ့အခါ ခုလို ကျောင်းပိုင်ဆိုင်မှု ပြဿနာ ပေါ်လာတာ ဖြစ်ပါတယ်။ ဒီအခါ နိုင်ငံတော်သမ္မတဟာ ငြိမ်းချမ်းရေးစင်တာက ဦးညိုအုန်းမြင့်ကို စေလွှတ်ပြီး စိတ်ပူပန်ကြောင့်ကြ ကင်းစွာနဲ့ အေးချမ်းစွာ သီတင်းသုံးပါ ဆိုပြီး လျှောက်ထားစေခဲ့တယ်လို့ ဆိုပါတယ်။ ဒီ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပီနန်ဆရာတော်ဘုရားကြီးက “သူခိုးက လူ လူလို့ ဟစ်တဲ့ ဖြစ်ရပ်” အဖြစ် ပြောဆိုပါတယ်။

ဒါနဲ့ပတ်သက်ရင် ပဋိပက္ခ ပြဿနာတွေမှာ ချင့်ချင့်ချိန်ချိန် နှိုင်းနှိုင်းဆဆ မိန့်တော်မူတတ်တဲ့၊ တိုင်းပြည်က ကြည်ညိုလေးစား အားထားရတဲ့ ကမ္ဘာ့သာသနာပြု သီတဂူဆရာတော် အရှင်ဥာဏိဿရရဲ့ ၀င်ရောက်မိန့်ကြားချက်ကတော့ တရားမျှတမှု အရှိဆုံး ဖြစ်မယ် ယူဆရပါတယ်။ သီတဂူဆရာတော်ကြီး အာရ်အက်ဖ်အေ သတင်းဌာနကို မိန့်ကြားတာက “နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းရေးမှာ သာသနာရေးတို့ နိုင်ငံတော် သံဃာ့မဟာနာယကတို့က ထိန်းပေးရမယ်။ သာသနာရေးဌာနတို့ သံဃာ့မဟာနာယကတို့က ချိတ်ပိတ်တာကို သူတို့က ထိန်းတယ်လို့ ဒီလိုထင်ပုံ ရတယ်။ ချိတ်ပိတ်လိုက်တာ ထိန်းသိမ်းရာမရောက်ဘူး၊ လူတွေရဲ့ စိတ်နှလုံးကို ဆူပူအောင်လှုံ့ဆော်ရာ ရောက်တယ်။ နောက် တချက်က ဒီလိုကျောင်းတိုက်တွေကို သူပိုင်ငါပိုင် အငြင်းပွားကြတဲ့ကိစ္စမှာ ဘုရားဟော ပါဠိတော်ထဲမှာ ပါတဲ့အတိုင်း မျက်နှာချင်းဆိုင် တွေ့ဆုံပြီးတော့ ဆွေးနွေး ဖြေရှင်းရမယ့်ကိစ္စမှာ ပီနန်ဆရာတော်ကြီး နိုင်ငံခြားခရီးထွက်နေတဲ့အခိုက် တိတ်တဆိတ် သန်းခေါင်ယံမှာဝင်ပြီးတော့ ချိတ်ပိတ်လိုက်တဲ့ကိစ္စဟာလည်း တော်တော် မသင့်လျော်တဲ့ကိစ္စဖြစ်တယ်” လို့ မိန့်ပါတယ်။

“ ပီနန်ဆရာတော်ကြီးဟာ ဒီကျောင်းတိုက်ကြီး တည်ထောင်ပြီး နိုင်ငံခြား ထွက်သွားပြီး “သံဃာ့ဥသျှောင်” ဆိုတဲ့ အဖွဲ့ကြီး ဖွဲ့ပြီးတော့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကို အပြင်ကနေ အပြင်းအထန် တိုက်ခိုက်တဲ့ အလုပ်တွေ လုပ်ခဲ့ဖူးတယ်။ အဲဒါတွေကို အညှိုးထားပြီး ရန်ညှိုးတွေနဲ့ လုပ်နေတယ် ဆိုတဲ့ အဓိပ္ပါယ်မျိုး ရောက်သွားမှာကို အလွန်စိုးရိမ်တယ်။ လက်နက်ကိုင် သောင်းကျန်းသူတွေကိုတောင် လက်နက်ကိုင် သောင်းကျန်းသူလို့ မခေါ်တော့ဘူး။ လက်နက်ကိုင် အဖွဲ့လို့ ခေါ်တယ်။ တိုင်းရင်းသားတွေနဲ့ နှစ်ပေါင်း ၆၀ လောက် တိုက်ခိုက်လာတာ အခု စားပွဲဝိုင်းမှာ ဆွေးနွေးနေကြပြီ။ နိုင်ငံတော်ရဲ့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆွေးနွေးနေကြပြီ။ သာသနာရေး ၀န်ကြီးဌာနက ဒါကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မဖြေရှင်းနိုင်သေးတာဟာ အလွန်ဝမ်းနည်းစရာ ကောင်းတဲ့ အဖြစ်တစ်ခုပဲ။ လူတွေတောင် စားပွဲဝိုင်းမှာ ဆွေးနွေးနိုင်သေးရင် သံဃာတော်တွေ၊ သာသနာရေး ၀န်ကြီးဆိုသူတွေက စားပွဲဝိုင်းမှာ အေးအေးဆေးဆေး ဖြေရှင်းလိုက်ရင် နိုင်ငံအတွက် အေးချမ်းသွားမှာ။”

“ခုတော့ ဒေါသ အာဃာတ ရန်ညှိုးနဲ့ လိုက်လံပြီးတော့ ပိတ်ဆို့ နှောင့်ယှက်နေတဲ့ သဘောတွေ ဆောင်ပြီးတော့ ဒါ အတော်လေးကို ၀မ်းနည်းစရာကောင်းတဲ့ အချက်ပဲလို့ မြင်ပါတယ်။ ကျောင်းတိုက်ကြီးရဲ့ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ပြောရရင် ဒါတွေက အလွန်ရှည်လျားတယ်။ စာရွက်စာတမ်းပေါင်း မြောက်မြားစွာကို ကြည့်ပြီးတော့ အသေးစိတ် ပြောဖို့ လိုလိမ့်မယ်။ ကျောင်းတိုက်မြေကြီးဟာ ပီနန်ဆရာတော်ကြီးရဲ့ နာမည်နဲ့ ထွက်ထားတာပါ။ သာသနာရေး ၀န်ကြီးဌာန နာမည်နဲ့ မဟုတ်ဘူး။ ပြောရရင် ရှည်လျားတယ်။ သံဃာတော်အား ရေစက်ချထားတဲ့ ကိစ္စကို သိမ်းယူခြင်း ပြုတယ်ဆိုတဲ့ ကိစ္စဟာ တော်တော်လေး မသင့်လျော်တဲ့ ကိစ္စ။ မြင်းခြံဆရာတော်၊ မင်းကွန်းဆရာတော် သက်တော်ထင်ရှားရှိစဉ်က ဒီကျောင်းတိုက်ကြီးကို ရေစက်ချထားတာပါ။ သံဃိက ပစ္စည်းကို သိမ်းပိုင်ခွင့် မရှိဘူး။ သံဃာ့မဟာနာယက ဆိုတဲ့ အဖွဲ့အစည်းတစ်ခုခုကလည်း ပိုင်ဆိုင်ခွင့် မရှိဘူး။ သံဃိက ပစ္စည်းကို သံဃာကပဲ ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။ သံဃိက ပစ္စည်းကို သိမ်းတယ်ဆိုတာ မသင့်လျော်ပါဘူး” လို့ မိန့်တော်မူပါတယ်။

ဒီလောက်ဆို ဖြစ်စဉ် တခုလုံးကို မှန်းဆနိုင်ပါပြီ။ တကယ်တော့ ဒီ ပြဿနာဟာ ကျောင်းတိုက် ပိုင်ဆိုင်မှု ပြဿနာ သက်သက် မဟုတ်ပါဘူး။ နိုင်ငံရေး ပါဝင်တဲ့ အညှိုးအတေး အာဃာတ တရားတွေကနေ ပေါက်ဖွားလာတာ အလွန်ထင်ရှားပါတယ်။ ဒီအထဲ လူပုဂ္ဂိုလ် တစ်ချို့ရဲ့ ငွေရေးကြေးရေး အကျိုးစီးပွားပြသနာတွေကလည်း ရောယှက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် အခု ဖြစ်ရပ်ဟာ ပီနန်ဆရာတော်ဘုရားကြီး မိန့်သလို ဗုဒ္ဓသာသနာတော်ကို အကြမ်းဖက်တဲ့ ဘာသာအဖြစ် ပုံရိပ် ထင်စေခဲ့ပါပြီ။ ဒီအတွက် ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတွေအနေနဲ့ ဆရာတော်ကြီး မိန့်မှာသလို လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ကြဖို့ပဲ ရှိပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

(စာရေးသူသည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်။ လတ်တလော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဖြစ်အပျက်များ အပေါ် ဝေဖန် သုံးသပ်ချက် ဆောင်းပါးများကို သတင်းစာ၊ ဂျာနယ်များတွင် ရေးသားလျက် ရှိသည်။) စည်သူအောင်မြင့်(ဧရာဝတီ)

Credit : ဧရာဝတီ

ကျွန်တော်တို့ပြည်သူအများဟာ ၀ုန်းကနဲဆို စစ်အာဏာကုန်ဆုံးပြီလို့ တံခါးဖွင့်ကြည့်လိုက်တဲ့အခါမှာမုဆိုးအသံမကြားရတော့ပေမယ့် ထောင်ချောက်များပတ်လည်ဝိုင်းနေတဲ့ဂူဝကိုတက်လာရတဲ့ယုန်သူငယ်လေးတွေနဲ့အလားသဏ္ဍာန်တူနေပါတယ်။မုဆိုးမရှိ တော့ဘူးထင်ပြီးဂူဝကိုပြေးတက်လာတဲ့ယုန်သူငယ်များသဖွယ် ပြည်သူအများလက်ရှိ ခံစားနေရဆဲပါ။ထိုနည်းတူစွာပဲကျွန်တော်တို့ပြည်သူအများဟာအာဏာရှင် မရှိတော့ဘူးလို့ဝမ်းသာနေကြပေမယ့်အာဏာရှင်ဟာ ပြည်သူအများအတွက် နိုင်ငံရေးရေချိန်ကစားနိုင်ဖို့ လှည့်ကွက်ထောင်ချောက်များစွာ ဆင်သွားခဲ့တာ သိရှိနိုင်ဖို့ခက်ခဲ လှပါတယ်။

အဲ့ဒီတော့ ကျွန်တော်တို့ပြည်သူအများဟာ ထောက်ချောက်အတွင်း မသက်ဆင်းမိကြ
စေဖို့ အလေးထားဂရုစိုက်ရပါတော့မယ်။ ဘယ်လိုထောင်ချောက်များလဲလို့ မေးခွန်း
ထုတ်ကြရင်ဖြင့် ပြည်သူအများအတွက် နိုင်ငံရေးထောင်ချောက်များကို စစ်အာဏာရှင်
များထားခဲ့ပါတယ်။ကျွန်တော်တို့ ပြည်သူအများဟာ နိုင်ငံရေးပါးမ၀ခဲ့ကြပါ။အာဏာရှင်စနစ်ကလွတ်ပြီလို့ ထင်ပြီးကျွန်တော်တို့ပြင်ပလောကနဲ့ အခြားသောနိုင်ငံများနှင့် တန်း
ယှဉ်မိတဲ့အခါမှာ ကျွန်တော်တို့ပြည်သူအများ နိုင်ငံရေးလှည့်ကွက်နောက်သာ ကောက်
ပါလိုက်မိနေတုန်းပါ။ ဘာကြောင့် နိုင်ငံရေးလှည့်ကွက်တွေထဲ ကျွန်တော်တို့ဝင်သွားရ
လဲဆိုတော့ ကျွန်တော်တို့ဟာ အာဏာရှင်စနစ်မှာ ပြည်သူများဟာ နိုင်ငံရေး မျက်စိပိတ် နားပိတ်ခံခဲ့ကြရသူတွေဖြစ်ခဲ့လို့ပါ။ နိုင်ငံရေးပါးဝမနေတဲ့

ပြည်သူကို အာဏာရှင်ဟာ
ဘယ်လိုကိုင်တွယ်ရမယ် သိနေခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ပထမဦးဆုံး
စမြင်ရမှာက ဘာသာရေးနဲ့ လူမျိုးရေးထောင်ချောက်ပါ။ သေသေချာချာ plan ရေးပြီးစ
နစ်တကျလုပ်ဆောင်သွားနေတဲ့ ဘာသာရေး၊ လူမျိုးရေးထောင်ချောက်ပါ။ ကျွန်တော်
တို့ပြည်သူတွေ အစလုပ်ခဲ့တဲ့ ကိစ္စတွေမရှိသလို ဘယ်သူတွေစတင်ပြီး သွေးထိုးမှု၊ လှုံ့
ဆော်မှုတွေလုပ်တယ်ဆိုတာ သိတဲ့သူတွေသိပြီးသားဖြစ်မှာပါ။ ပဋိပက္ခတွေရဲ့နောက်
ကွယ် ဘယ်သူတွေ ကြိုးကိုင်မှုပါလဲ သိတဲ့သူတွေသိမှာပါ။ ၀မ်းနည်းမိတာက ပြည်
သူတွေအများဟာ နည်းပညာစနစ်မှာ လေ့လာသူ၊ သုံးသပ်နိုင်သူတွေ ကိုယ်ရှိန်သပ်ခဲ့
ပေမယ့် ဘာသာရေးလူမျိုးရေးထောင်ချောက်နောက် ကောက်ကောက်ပါဝင်သွားသူတွေ
က ရိုးသားတဲ့ သိက္ခာသမာဓိရှိတဲ့ ဆရာတော်တွေ၊ ဘုန်းကြီး၊ ဦးဉ္ဇင်း၊ ရဟန်းတွေပါသွား
တာစိတ်မကောင်းဖြစ်မိပါတယ်။ သံဃာတော်၊ ဆရာတော်တွေကို ဘုန်းကြီးစာချ မလု
ပ်ချင်ပါ။ ဒါပေမဲ့ မပြောမပြီးကိစ္စတွေကလည်း ရှိနေပြန်တော့ ပြောတော့ပြောပါရစေ
အရှင်ဘုရားတို့။

စကားငှါးသာပြောရပါမည်။ အရှင်ဘုရားတို့လောက် တပည်တော်တို့ ဗုဒ္ဓစာပေကျမ်းဂန် တွေ မတတ်ကျွမ်းပါ။ နိုင်ငံရေးတော့ အရှင်ဘုရားတို့ထက်
အမြဲတစေ လေ့လာနေသူများဖြစ်တဲ့အတွက်သိပါသည်ဘုရား။အရှင်ဘုရားတို့သည်
လည်းဗုဒ္ဓစာပေကျမ်းဂန်များလေ့လာလိုက်စားနေရသောဘုရားသားတော်များဖြစ်သည့်
အတွက် အရှင်ဘုရားတို့ထက် ပါဠိ၊ အဌကထာ၊၀ိနည်း၊အဘိဓမ္မာ၊သုတ်၊ဓမ္မာခန္ဓာပေါင်း
ရှစ်သောင်းလေးထောင်၊အဘိဓမ္မာခုနှစ်ကျမ်းဒါတွေအရှင်ဘုရားတို့ထက်မသိပါဘုရား။
တိုင်းပြည်တစ်ပြည်မှာဘယ်စနစ်ထူထောင်ပြီးဘယ်လမ်းစဉ်တွေကျင့်သုံးလာမယ်တော့
တပည့်တော်တို့အရှင်ဘုရားတို့ထက်သိနိုင်ပါမည်။တပည့်တော်တို့ဟာအရှင်ဘုရားတို့
အားနည်းချက်ကို အခွင့်ကောင်းယူတာကိုသိပေမယ့် မတားနိုင်တာဂါရ၀တရားကြောင့်
ပါ။အရှင်ဘုရားတို့တင်လားဆိုတော့မဟုတ်ပါဘူး။ ပြည်သူအများပါဘာသာရေးလူမျိုး
ရေးထောင်ချောက်ထဲရောက်ကြကုန်ပါတယ်။ အလွယ်တွေးနည်းအရတွေးကြည့်ရင်
ငါးမရှိတဲ့ နေရာပိုက်မထောင်ကြပါဘူး။ ငါးရှိတဲ့နေရာသာ ပိုက်ထောင်ကြပါတယ်။
တိုင်းပြည်ရဲ့ ပညာရေး၊ အသိဥာဏ်ပွင့်လင်းမှု၊ တွေးခေါ်ယူဆပုံတွေ ဘယ်လောက်
အဆင့်ရှိနေတယ်သိပြီးမှ ဘာသာရေးလူမျိုးရေး plan တွေချခဲ့တာပါ။ ဘာသာအပေါ်
ဖန်တီးသူလက်သယ်တွေဟာ ချစ်ရင်ဖြင့် အမှန်ကိုဟောပြောတဲ့ ရွှေည၀ါဆရာတော်၊
ဥူးသုမင်္ဂလတို့ တရားဟောခွင့်ပိတ်စရာအကြောင်းကိုမရှိပါ။အမျိုးဘာသာ၊သာသနာဆို
တဲ့စကားတွေ လှိုင်လာချိန်မှာ ဒီဆရာတော်တွေ ပြည်သူကိုတကယ်နက်နက်နဲနဲ ဘာဆို
တာသိအောင်ဟောပြနိုင် အသိဖွင့်ပေးနိုင်တဲ့ ဆရာတော်တွေကို ပိတ်ပင်ပစ်တာ ဘာ့
ကြောင့်ပါလဲ။

အမုန်းတရားတွေနဲ့ တခြားဘာသာဝင်တွေအပေါ် အသေအလဲပုတ်ခတ်စော်ကား
တိုက်ခိုက် ပလ္လင်ပေါ်တက် emotion ထုတ်ဒီဆရာတော်တွေတရားတစ်ပုဒ်နဲ့တိုင်းပြည်
မငြိမ်မသက်ဖြစ်သွားနိုင်တာတွေကျတော့ ဟောခွင့်ကပါမစ်တောင်တင်စရာမလို။ နိုင်ငံ
ပိုင်ရုပ်သံတွေကပါလွှင့်ပေး။ ဆရာတကာတွေ လက်ဝါးချင်းတော့ ရိုက်ထားပုံရပါ
တယ်။ တရုတ်မကောင်းကြောင်း ဟောမိလို့ကတော့ နောက်နေ့အဲ့ဒီဆရာတော်
ကို အင်းစိန်မှာသွားဖူးရမယ်ထင်ပါတယ်။ ဘာသာရေးလို့ ဆရာတော်တွေ နာမည်တပ်
ဟောပြောကြတော့ အရှင်ဘုရားတို့ ဘာသာကို ဘာသာခြားက လာစော်ကားတာခဏ
ထား။ကိုယ့်ဘာသာချင်းကအာဏာသုံးပြီးရဟန်းရဟန်းမှန်းမသိ၊သံဃာသံဃာမှန်းမသိ နှိပ်ကွပ်ခံရတာမျိုးမဖြစ်အောင် အရင်ဂရုစိုက်ပါ။ တခြားဘာသာက လာနှိပ်ကွပ်လို့
မရအောင်တော့ တပည့်တော်တို့တွေ အသက်ပေးရဲပါတယ်ဘုရား။ ကိုယ့်ဘာသာအ
ပေါ် ရဟန်းရဟန်းမှန်းမသိ ၀ရမ်းပြေးတပ်ဖမ်း၊ ကျူးကျော်ဆိုပြီးဖယ်ရှား။ မီးလောင်ဗုံးနဲ့
ထုသူကအာဏာပိုင်။ တပည့်တော်တို့လည်း တခြားဘာသာကစော်ကားရင် ဓါးကိုမြနေ
အောင်သွေးထားနိုင်ပေမယ့် အာဏာပိုင်က အရှင်ဘုရားတို့ကို သင်္ဃန်းချွတ် ထောင်ထဲ
ထည့်။ ကတုံးကို နံပတ်တုတ်နဲ့ ဂွပ်ကနဲမြည်အောင် ရိုက်နိုင်တယ်ဘုရား။ တပည့်တော်
တို့ပါရင် တပည့်တော်တို့ပါ ထောင်ထဲရောက်တယ်ဘုရား။ တပည့်တော်တို့ ဗုဒ္ဓဘာသာ
ကို တပည့်တော်တို့ ဘာသာခြားမထိပါးအောင်စောင့်ရှောက်နိုင်ပေမယ့် အာဏာပိုင်က
စော်ကားရင် တပည့်တော်တို့ လက်ပိုက်ကြည့်နေရပါတယ်ဘုရား။ အရှင်ဘုရားတို့
policy အမျိုးစောင့်ဥပဒေထက် ဘာသာစောင့်၊ သာသနာစောင့်၊ ဘုန်းကြီးစောင့်၊ သံ
ဃာစောင့်၊ သိမ်စောင့်၊ ကျောင်းစောင့် ဥပဒေများထုတ်ဖို့အပူတပြင်းလိုအပ်နေပါတယ်
ဘုရား။ ဘာလို့လဲဆိုတော့ ကိုယ့်ဘာသာအပေါ် ဗိုလ်ကျစိုးမိုးခြယ်လှယ်နေတာ
တပည့်တော်တို့ မကာကွယ်နိုင်လို့ပါဘုရား။ အမျိုးစောင့်ထက် အဲ့ဒီဥပဒေမျိုးထုတ်ရင် တပည့်တော်တို့ ကြိုက်သလောက်ဝေးပါစေ လက်မှတ်ထိပ်ဆုံးကပို့ပေးပါ့မယ်ဘုရား။
ကိုယ့်ဘာသာ သာသနာအပေါ် အာဏာနဲ့ လက်နက်ပြခြိမ်းခြောက်ခံနေ
ရပြီး နှိပ်ကွပ်ခံနေရတာ ရင်နာလို့ပါ။

အရှင်ဘုရားတို့အပေါ်မှာ ဒီလိုရက်စက်ရဲပြီး လုပ်ရဲတဲ့သူတွေကို အရင်မမြင်ဘဲ ကုလား
ကိုရှေ့ပြေးမမြင်ပါနဲ့ဦး။ အရှင်ဘုရားတို့ကို သင်္ဃန်းချွတ်ထောင်ထဲထည့်တာ ကုလားမ
ဟုတ်ဘူး။ မီးလောင်ဗုံးနဲ့ထုတာ ကုလားမဟုတ်ဘူး။ ကျူးကျော်ဆိုပြီး ၀ရမ်းပြေးတပ်ဖမ်း
သံဃာအတုလို့အချိန်မရွေးတံဆိပ်ကပ်ရဲတာ ကုလားမဟုတ်ဘူး။ ကျောင်းတိုက်ကြီးကို
ညအချိန်မတော် သူပုန်စီးသလိုဝင်စီးတာကုလားမဟုတ်ဘူး။ ဘုရားစေတီ ၀င်မဖူး
မြော်ရဆိုပြီး ကုလားတွေလာမကန့်သတ်ဘူး။ ကုလားအာဏာရနေတဲ့ အီရတ်တို့ ဘတ်ဂဒတ်တို့ နိုင်ငံမဟုတ်ဘူး။ ဗုဒ္ဓဘာသာအင်အားများတဲ့ နိုင်ငံမှာ ကုလားနိုင်ငံ
ဖြစ်မယ်၊ ကုလားကြီးစိုးလာမယ်ဆိုရင် ကမ္ဘာ့ပညာရှင် နိုင်ငံရေးသုတေသီတွေ ဟော
ကိန်းအချက်အလက် နယ်နမိတ်၊ပထ၀ီအနေအထား၊သမိုင်းကြောင်း၊လက်ရှိကျင့်သုံးတဲ့
ဘာသာရေးဦးရေ တွက်ချက်ပုံတွေ ယူလာခဲ့။ ချက်ကျလက်ကျ တွက်ချက်ပြ။ emotion
နဲ့တော့လာချမပြနဲ့။ဗျာဒိတ်ကျမ်းအရ မြန်မာပြည်ဗုဒ္ဓဘာသာကုလားကြောင့်ကွယ်မယ်ဆိုတာဘုရားရှင်ဟောသွားတဲ့ ဗျာဒိတ်နိပတ်တွေမှာလည်း မပါဘူး။အလဇ္ဇီသံဃာအတု
အယောင် ၀ိနည်းမလိုက်နာသော ရဟန်းသံဃာများကြောင့်

သာသနာကွယ်မယ်လို့ပဲ ဘုရားရှင်ဗျာဒိတ်တော်ထားခဲ့တယ်။ ၀ါးကိုဖျက် ၀ါးမျက်စကားပုံစာအတိုင်း မဖြစ်စေချင်ပါ။

အဲ့ဒီနောက် ဘာသာရေးအရတွေးကြည့်လိုက်တဲ့အခါ သံဃာသင်းခွဲမှုတွေ ဖြစ်လာတာ
ပဉ္စာနန္ဒိယကံကြီးထိုက်နေပြီ။ သံဃာတွေ၊ ဘုရားသားတော်တွေကို သင်းခွဲမှုတွေဖြစ်
လာတယ်။ ဖြစ်အောင်လည်း တမင်လုပ်ဆောင်ကြတယ်။သံဃာကြားထဲမှာတင်သံဃာ ကိုဝင်ရောက်သွေးထိုးလာတယ်။ ဘယ်သူတွေလည်း မပြောလိုဘူး။အာဂန္တုတွေရဟန်း
ကြားထဲ၊ သံဃာကြားထဲတွေ ၀င်နှောက်လာတယ်။ ဘွဲ့တံဆိပ်တော်ရတွေပါ ၀င်လာပြီး
သံဃာကြားထဲဝင်သွေးထိုး ၀ါဒမှိုင်းတိုက် အစစ်တွေပါအတုနဲ့ရောရင်း အတုယောင်
ယောင်တွေအထင်ခံရတယ်။ ဒီလိုသာဆက်ဖြစ်လာရင် သာသနာကော ရဟန်းအစစ်
တွေပါ ကွယ်တော့မယ်။ ပြီးရင်ဘာသာကွယ်တော့မယ်။ မီဒီယာကို မီဒီယာနဲ့တိုက်။
ကျောင်းသားကို ကျောင်းသားနဲ့တိုက်။ သံဃာကို သံဃာနဲ့တိုက်လေသလားမသိ။ သံ
ဃာတုတွေက အစစ်ယောင်ယောင်ဖြစ်လာတော့ သံဃာစစ်စစ်တွေလည်း ထောင်ထဲ
ရောက်ရ သံဃာယောင်ယောင် အလဇ္ဇီတွေ ကြီးစိုးချယ်လှယ်လာတာ ဘာသာအတွက် ရင်လေးမိပါတယ်။ နောင်တရမိပေမဲ့ အာဏာရှင်ဟာ ဘာသာအပေါ် ထိန်ချန်ပြီးဖျက်စီး
မှာတော့မဟုတ်ဘူးလို့ ယူဆမိတာ ကျွန်တော့်ရဲ့လွဲချော်မှုပါလားတွေးရင်း နောက်ထပ်
ကြိမ်ဖန်များစွာ နောင်တရနေမိပါတယ်။

သံမဏိ

၁၉၉၃-ခုနှစ်တွင် ပီနန်ဆရာတော်ကြီးအား အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်၍လာရောက်ယူစဉ် ဦးစောမြင့်မှ အသက်ကြီးလာလျှင်ဆရာတော်ကြီးသီတင်းနေထိုင်ရန်ကျောင်းတစ်ကျောင်းဆောက်ပါရန်လျှောက်ထားခဲ့သည်။ ဆရာတော်ကြီးမှ ဘုန်းကြီးအတွက် မလိုဘူး။ ဆောက်ချင်ယင် ပြည်ပသာသနာပြုလေ့ကျင့်ရေးကျောင်း
ဆေက်ချင်တယ်ဟု မိန့်ကြား သည်မှ စတင်ပေါ်ပေါက်လာခဲ့ပါသည်။ ကျောင်းတော်ကြီးကို
ပြည်တွင်းပြည်ပစေတနာရှင်များ၏လှူဒါန်းငွေနှင့်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါသည်။
၁၉၉၉-ခုနှစ် ဒီဇင်ဘာလတွင်ကျောင်းတော်ကြီးကို နဝတ တာဝန်ရှိသူများမှ ရေ
စက်ချလှူဒါန်းခဲ့ပါသည်။ ဦးသန်းရွှေနှင့်အတူ လူမမယ် ဖိုးလပြည့်လည်းပါဝင်ရေစက်ချ
ခဲ့ပါသည်။ ထိုဒီဇင်ဘာလမှာပင်ပြည်ပသာသနာပြုရဟန်းတော်များကို သတင်းစာမှတ
ဆင့်ခေါ်ယူခဲ့ပါသည်။ ဝင်ခွင့်ကို အင်္ဂလိပ်ဘာသာဖြင့်ဖြေဆိုခဲ့ရပါသည်။ တာမွေမြို့နယ်
ထဲမှ အထက်တန်းကျောင်းတစ်ခုတွင်ဖြစ်ပါသည်။ ရဟန်း သီလရှင်အပါး ၁၀၀-ကျော်
ဖြေဆိုခဲ့ရာ ၄၄-ပါးရေးဖြေအောင်မြင်ခဲ့ပါသည်။ နှုတ်ဖြေ အင်္ဂလိပ်ဘာသာဖြင့်ပင်ဖြေ
ဆိုခဲ့ရပြီး ရဟန်းတော် ၂၁-ပါးနှင့် သီလရှင် ၅-ပါးရွေးချယ်ခဲ့ပါသည်။ နောက်မ တရုတ်
သီလရှင် ၁-ပါးလာရောက်သင်တန်းတက်ရောက်ခဲ့ပါသည်။ ရဟန်းတော် ၁-ပါးကျန်းမာ
ရေးမကောင်းသောကြောင့်သင်တန်းမှ နှုတ်ထွက်ခဲ့ပါသည်။
၂၀၀၂-ခုနှစ်တွင်သင်တန်းပြီးဆုံးခဲ့ပြီး ရဟန်းတော် ၆-ပါးကိုထိုင်ဝမ်သို့လည်း
ကောင်း၊ ၂-ပါးကို အမေရိကန် သို့လည်းကောင်း၊ ၂-ပါးကို နယူးဇီလန် သို့လည်း
ကောင်း သာသနာပြုစေလွှတ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲတွင် ဆရာတော်ကြီးမှ သင်တန်းဆင်းလက်မှတ်နှင့် အတွင်းရေးမှူး ၁ ဦးခင်ညွန့်မှခရီးဆောင်အိပ်တစ်လုံးစီဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆရာတော်ကြီးမှာ ပြည်ပတွင်သာအနေများပြီး သင်တန်း
ဖွင့်ပြီးသည်မှ သင်တန်းဆင်းသောအခါမှ ဤကျောင်းတော်ကြီးသို့ ပြန်လည်ကြွရောက်
ခဲ့ပါသည်။

ဆရာတော်ကြီးပြန်လည်ကြွရောက်လာစဉ် ကျောင်းတော်ကြီး၏ ဥပဌာက ဥက္ကဌအဖြစ်ဆောင်ရွက်နေသော ဦးစောမြင့် ( မဆလ ခေတ်ရာတန်များငွေမဲ မကျေငြာမှီ သတင်းပေါက်ကြားမှုဖြင့်ပြုတ်ခဲ့၊ မဟေသီမဂ္ဂဇင်းတိုက်ပိုင်ရှင်၊ ယခုသေဆုံးပြီး)
အား ခင်မြားဥက္ကဌရာထူးမှနားတော့ဟုပြောဆိုခဲ့ပါသည်။

ဆရာတော်ကြီး၏ နိုင်ငံအသီးသီး၌ရှိသောကျောင်းတိုက်အားလုံး၏စည်းမျဉ်းတွင် ဂေါပက ဥက္ကဌတာဝန်ကို ၂-နှစ်
သာထမ်းဆောင်စေပါသည်။ထိုသို့ မိန့်ကြားပြီးဆရာတော်ကြီး ပြည်ပသို့ ပြန်လည်ကြွ
သွားခဲ့ပါသည်။ ဦးစောမြင့် ဥက္ကဌရာထူးမှနားရန်ဖြစ်လာသောအခါငွေစာရင်းများရှင်းရန်
ကိစ္စပေါ်ပေါက်လာပါသည်။ ငွေစာရင်းများ အဓိကကိုင်တွယ်နေသူမှာ ဦးတင်ရွှေ (ဗိုလ်မှူးးငြိမ်း၊ ဦးစောမြင့်၏ယောက်ဖ) ဖြစ်ပါသည်။
ငွေစာရင်းများရှင်းလင်းရန်အခက်ခဲရှိလာခဲ့ပြီး ဦးစောမြင့်နှင့် ဦးအံမောင် (ဘုန်းကြီးလူထွက်၊ ယခင်သာသနာညွှန်ကြားရေးမှူးး၊ နအဖခေတ် နိုင်ငံတော်ကောင်စီ အကြံပေး၊ ဦးသန်းရွှေနှင့်ရင်းနှီး၊ ယခုကမ္ဘာအေးတွင်နေထိုင်ကာ မဟန အားဆရာ လုပ်လျက်ရှိ) နှင့်ပေါင်းမိကာ ၂၀၀၂-ဒီဇင်ဘာလတွင် မဟနဆရာတော်များအား
ကျောင်းတော်ကြီးသို့ ပင့်ဆောင်ခဲ့ပါသည်။ ပင့်ရသည့်အကြောင်းမှာ သြဝါဒခံယူရန်ဟု ဆိုပြီး အမှန်တကယ်အခန်းအနားတွင်ကျောင်းတော်ကြီးကိုထိုးအပ်ခဲ့ပါသည်။ မဟန လည်းဘုမသိ ဘမသိနှင့် လက်ခံခဲ့ရခြင်းဖြစ်ပါသည်။

ထိုစဉ်က မဟန ဥက္ကဌမှာ မကွေး ဆရာတော် ဦးကုမာရ ဖြစ်ပေလိမ့်မည်။ RFA နှင့် အင်တာဗျူးးစဉ် မကွေးဆရာ
တော်မှကျောင်းတော်ကြီးကို မဟန သိမ်းတာမဟုတ်ကြောင်း အစိုးရသိမ်းတာဖြစ်ကြောင်းမိန့်ကြားခဲ့ပါသည်။

ဤသို့ဖြင့်ကျောင်းတိုက်တွင်သီတင်းသုံးနေထိုင်တော်မူသောရဟန်းတော်တို့အား ၂၀၀၃-ခုနှစ် ဖေဖော်ဝါရီ ၂၈ နေ့တွင်မောင်းထုတ်ခဲ့ပါသည်။
အမှန်တကယ်တွင်ကျောင်းတော်ကြီးကို အစိုးရသိမ်းတာလဲမဟုတ်၊ မဟနသိမ်းတာလဲမဟုတ်ဘဲ ဦးအံ့မောင်အကြံနှင့်ဦးစောမြင့်သိမ်းခဲ့ခြင်းသာဖြစ်သည်။ ယခုအချိန် ထိဦးတင်ရွှေမှာ ကျောင်းတော်ကြီးတွင်နေထိုင်လျက်ရှိပါသည်။ ( ညကအဖြစ် အပျက်မတိုင်မှီအထိ)။
ရန်ကုန်မြို့တွင် ဗုဒ္ဓဘာသာညီလာခံမကျင်းမမှီ မလေးရှားသံရုံးမတဆင့် ဆရာတော်ကြီး ကြွလာရန်နှင့် ကျောင်းတော်ကြီးပြန်လည်လွှဲအပ်ရန် စီစဉ်ခဲ့ကြပါသည်။ စီစဉ်
သူဦးခင်ညွန့်မှာ ညီလာခံမတိုင်မီပြုတ်သွားခဲ့ပါသည်။ ယခုအခါ နိုင်ငံရေးပွင့်လင်းမြင် သာမှုရှိပြီထင်၍ဆရာတော်ကြီးမှ ကျောင်းတော်ကြီးပြန်ရရန်ကျိုးးစားခဲ့ခြင်းဖြစ်ပါသည် ။ ဆရာတော်ကြီးနေရန်မဟုတ်ဘဲ သာသနာ့အကျိုးဆောင်ရွက်ရန်သာဖြစ်ပါသည်။
စတင်ဖွင့်လှစ်ခဲ့သည့်အချိန်မှ ယနေ့အချိန်ခါကြအောင် စာရင်းရှင်းတမ်း မကြားဘူးပေ။ ၁၁-ထပ်တွင် တယ်လီဖုန်းတာဝါတိုင်များငှါးရမ်းထားရှိစေခြင်း၊ ၄-ထပ်တွင် ရုံးခန်းများ ငှါးရမ်းထားခြင်း၊ ၂-ထပ်တွင် Video ရိုက်ရန်အခန်းများငှါးထား
ခြင်း၊ မြေညီထပ်တွင် မင်္ဂလာခန်းမ ငှါးရမ်းခြင်းတို့ဖြင့်စီးပွါးရေးလုပ်စားနေကြပါသည်။
ထိုသို့ဝင်ငွေကောင်းနေပါသောကြောင့်ကျောင်းတော်ကြီးအားပြန်လည်မပေးလိုခြင်းသာဖြစ်ပါသည်။

မဟာသန္တိသုခမှမွေးထုတ်လိုက်သော ပထမပတ်သင်တန်းသားများမှ စင်္ကာပူတွင် ၄-ပါး၊ အမေရိကန်တွင် ၂-ပါး၊ ကနေဒါတွင် ၁-ပါး၊ အင်္ဂလန်တွင် ၁-ပါး၊ ထိုင်ဝမ်တွင် ၂-ပါး၊ သြစတေလျတွင် ၁-ပါး၊ နယူးဇီလန်တွင် ၂-ပါး၊ ပြည်တွင်း၌ ၄-ပါး သာသနာပြုလျက်ရှိပါကြောင်း။
ပီနန်ဆရာတော်ကြီးက မဟာသန္တိသုခကျောင်းတော်ကြီးကို ပြန်ပိုင်ဆိုင်ဘို့ကြိုး စားတာဟာ ကျောင်းကြီးကိုမက်မောလို့ မဟုတ်ဘူး။ မတရားမှုကို မခံချင်လို့။ ဆန္ဒရှိယင်ဒီကျောင်းမျိုး ၁၀-ကျောင်းမက ထပ်ဆောက်နိုင်တယ်။ ပြည်ပခရီးမထွက်ခင် ဒကာမတစ်ဦးက US$ 100000-မဟာသန္တိသုခပြုပြင်ဘို့လှူထးတာသက်သေဘဲ။ ဒီလိုဒကာ၊ ဒကာမ အသိုင်းအဝိုင်း ရေတွက်လို့မရဘူး။ မြန်မာပြည်လို ရေမမှန် မီး မမှန် ချင်ယင်တလှောင်းလှောင်းထနေတဲ့ ဒေသမှာ တလပြည့်အောင် နေတာ သာသနာတော်အတွက်ပါ။

ပြည်ပမှာ ဆရာတော်ဦးဆောင်ဆောက်လုပ်ထားတဲ့ကျောင်းတွေ-
၁။ စင်္ကာပူ ၁-ကျောင်း
၂။ မလေးရှား ၃-ကျောင်း
၃။ ထိုင်ဝမ် ၃-ကျောင်း
၎။ ဂျပန် ၁-ကျောင်း
၅။ နယူးဇီလန် ၁-ကျောင်း
၆။ သြစတေလျ ၂-ကျောင်း
၇။ အင်္ဂလန် ၂-ကျောင်း
၈။ ဒိန်းမတ် ၁-ကျောင်း
၉။ ဂျမဏီ နေမည့်သံဃာမရှိ။
၁၀။ အမေရိကန် ၂-ကျောင်း
၁၁။ ကနေဒါ ၂-ကျောင်း ရှိတယ်ဆိုတာ သိထားကြပါ။

သီတဂူဆရာတော်ကြီးကိုယ်တိုင် အင်္ဂလန်မှာ နှစ်ပေါင်း ၂၀-ကျော်နေသွားတဲ့ ဦးသေဌိလ တောင်ကျောင်းဖြစ်အောင်မလုပ်နိုင်ခဲ့ဘူးလို့ ပီနန်ဆရာတော်ကို ချီးကျူးထားပါတယ်။ ပြည်ပရောက်ဘူးတဲ့ သံဃာတိုင်းသိပါတယ်။

အချို့သော မဟန ကိုယ်တော်ကြီးတွေလို ရာထူးမက်၊ ခြင်းကပ် တာလေးသာယာ အံ့မောင် ခိုင်းသမျှလုပ် ရာထူးမပြုတ်ပီးရောဆိုတဲ့အထဲမှာ ပီနန်ဆရာတော်ကြီးမပါဘူး။ ရောက်လေရာအရပ်မှာ ကျောင်းထောင်ပီး အိပ်စားလုပ်မနေဘူး။ အနည်းဆုံး Sunday School ဖွင့်ပီး လူတွေကို အသိညဏ်ပေးတယ်။ ယခု စင်္ကာပူ အိုးအိမ်ဝန်ကြီး Mr Khaw Boon Wang (ယခင် ကျန်းမာရေးဝန်ကြီး) တို့ဇနီး မောင်နှံဟာ ပီနန် SundaySchool ကျောင်းထွက်တွေဘဲ။

အရှက်မရှိလို့ ဗုဒ္ဓဘာသာတိုင်းပြည်မှာ ကျောင်းကို အနုကြမ်းစီး ဘုန်းကြီးတွေကို ထင်ရှားတဲ့အပြစ်မရှိဘဲ လူဝတ်လဲ၊ ထောင်းထဲပို့။ ဒါလား ဘုရားသားတော်။ ဒါလား ဗုဒ္ဓဘာသာ တိုင်းပြည် ရှက်လွန်လွန်းလို့ ...။ 

ဤ Post တွင် မမှန် မကန် ရေးသားမှုများပါခဲ့သော် မဟာအဝီစိငရဲသို့ ကြပါစေသား။ မှန်မှန်ကန်ကန် ရေးသားထားသည်ရှိသော် ဤ ဘဝ၌ပင် မဂ်ညဏ် ဖိုလ်ညဏ်ရ ၍ မင်းဆိုးမင်းညစ် အုပ်ချုပ်မှုမှကင်းဝေးရာဌာနသို့ရောက်စေသော် ....။
Ashin Tejinda'

လူဝတ်လဲ ခံရတဲ့ လန်ဒန် က ဆရာတော် သန္တိသုခကျောင်းတိုက်က အင်္ဂလန်ဆရာတော်ဦးဥတ္တရ
မဇ္ဈိမ။ ။ အင်အားသုံးပြီး ဖယ်ရှားခြင်းခံခဲ့ရသည့် မဟာသန္တိသုခကျောင်းတိုက်မှ သံဃာငါးပါးကို လူဝတ်လဲပြီး အင်းစိန်ေ ထာင်သို့ ပို့ဆောင်လိုက်ခြင်းသည် စစ်အစိုးရ၏ အုပ်ချုပ်ရေးစနစ်သာဖြစ်သည်ဟု ဆရာတော်တစ်ပါးက မိန့်ကြားလိုက်သည်။

မဟာသန္တိသုခကျောင်းတိုက်မှ သံဃာတော်ငါးပါးကို သာသနာတော် ညှိုးနွမ်းစေမှု ၂ဝ/၉ဝဖြင့် စွဲချက်တင်ပြီး လူဝတ်လဲစေကာ အင်းစိန်ထောင်သို့ ဇွန် ၁၃ ရက်၊ နေ့လည်က ပို့ဆောင်လိုက်ပြီဖြစ်သည်။

`လူဝတ်လဲပြီး အချုပ်ထဲထည့်တာမတရားဘူး။ စစ်အစိုးရပြန်အုပ်ချုပ်နေတယ်လို့ ခံစားရတယ်” ဟု မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက မိန့်သည်။

ပိုင်ဆိုင်မှုအငြင်းပွားနေသည့် သန္တိသုခကျောင်းတိုက်မှ သံဃာတော်များကို ဇွန်လ ၁ဝ မနက် ၁နာရီက စည်းကမ်းထိန်းသိမ်းရေးဘုန်းကြီးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သာသနာရေးမှ တာဝန်ရှိသူများက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့သည်။

ယင်းနောက် ကျောင်းတိုက်မှ သံဃာတော် အပါး ၂ဝကို မှန်လုံယာဉ်များဖြင့် အတင်းအကြပ် ပြောင်းရွှေ့စေခဲ့သ ည်။ ထိုအထဲမှ သံဃာတော်ငါးပါးကို ယခုကဲ့သို့ လူဝတ်လဲစေခဲ့ခြင်းဖြစ်သည်။

ယခုလုပ်ရပ်အပေါ် “လူဝတ်လဲရမယ့် အမှုမဟုတ်ပါဘူး” ဟု ဦးပါမောက္ခက မိန့်သည်။

လူဝတ်လဲခံရသည့် သံဃာတော်ငါးပါးမှာ ပီနန်ဆရာတော်ကြီး၏ တပည့်ရင်းဖြစ်သူ လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအဝင် ဦးသုန္ဒရ၊ ဦးပညာဝံသနှင့် ဦးတေဇိန္ဒတို့ဖြစ်ပြီး ၎င်းတို့ကို ဇွန်လ ၂ဝတွင် ၎င်းတို့အား တာမွေတရားရုံးတွင် ပြန်လည်ရုံးထုတ်မည်ဖြစ်သည်။

ယခုလုပ်ရပ်များသည် ၂ဝဝ၇ခုနှစ်က ဖြစ်ပေါ်ခဲ့သည့် ရွေးဝါရောင်တော်လှန်ရေးကဲ့သို့ ထပ်မံပေါ်ပေါက်ရန် ဖန်တီးလိုက်ခြင်းဖြစ်သည်ဟု ဆရာတော် ဦးဝီရသူက ဇွန် ၁၂ရက်တွင် မိန့်ကြားထားသည်။

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.