06/17/14



ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၉ နှစ်မြောက်မွေးနေ့အခမ်းအနားနှင့်သုံးရောင်ခြယ်မိသားစုများမှ ဂါရ၀ပြုကန်တော့ခြင်းအခမ်းအနားကို ယနေ့ ဇွန်လ ၁၇ ရက်နေ့ နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်။ ဒေါ်လ်ဖင်စားသောက်ဆိုင်တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ သုံးရောင်ခြယ်အဖွဲ့ဝင် ၃၅ ဦးနှင့်မိသားစုများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြပြီး အခမ်းအနားအစီအစဉ်အရ ယခုအခမ်းအနားကျင်းပခြင်းအကြောင်းကို ကိုမြတ်စံကရှင်းပြခြင်း၊အဆိုတော်ကိုလင်းလင်းကသုံးရောင်ခြယ်သီချင်းဖြင့်သီဆိုဂုဏ်ပြုခြင်း၊ မွေးနေ့ရှင်ဒေါ်အောင်ဆန်းစုကြည်အားသုံးရောင်ခြယ်အဖွဲ့ဝင်များနှင့်မိသားစုကဂါရ၀ပြုကန်တော့ခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကဆုပေးအမှာစကားပြောကြားခြင်း၊ ၆၉ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်ကိတ်လှီးဖြတ်ခြင်း တို့ဖြစ်ပါသည်။ ထို့နောက် ကြွရောက်လာကြသောဧည့်ပရိသတ်အားစားပွဲဝိုင်းတိုင်းသို့ ဒေါ်အောင်ဆန်းစုကြည်ကသွားရောက်နှုတ်ခွန်းဆက်ခဲ့ပြီး အခမ်းအနားကို နေ့လည် ၁နာရီထိစည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။

National League for Democracy

မြန်မာနိုင်ငံက ရွေးကောက်ပွဲကော်မရှင်ဟာ ကမ္ဘာမှာ ကြားမနေ ဆုံး ကော်မရှင်ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လေးရက်ကြာ နီပေါနိုင်ငံခရီးစဉ် နောက်ဆုံးနေ့ မြန်မာနိုင်ငံကိုပြန်လည် မထွက်ခွာခင် ခတ္တမန္ဒူမြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

၂ဝဝ၈ အခြေခံဥပဒေပါ ပုဒ်မ ၃၄၆ ပြင်ဆင်ရေးဆိုင်ရာ လူထုဟောပြော ပွဲတွေမှာ တပ်မတော်ကို ထိပါးတဲ့ စကားတွေ မပြောကြား ဖို့ ရွေးကောက်ပွဲကော်မရှင်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကို ပြီးခဲ့တဲ့ လက အသိပေးစာ ပေးပို့ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မိမိ အပါအဝင် တခြား နိုင်ငံရေး ပါတီခေါင်းဆောင်တွေ ကို ဒါတွေ မပြောသင့်ဘူး၊ ဟိုဟာတွေပြော သင့်တယ် ဆိုတာမျိုး သတိပေးဖို့ဆိုတာ ရွေးကောက်ပွဲကော်မရှင် ရဲ့အလုပ်မ ဟုတ်ကြောင်း လည်း သတင်းထောက်တွေရဲ့မေးခွန်း ကို ပြန်လည်ဖြေ ကြားခဲ့ပါတယ်။

ဒါ့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင် အထည်ဖော်ရေး ကော်မတီက ပုဒ်မ ၅၉(စ)ကို မပြင်ဖို့ ဆုံးဖြတ် ထားတယ် ဆိုတဲ့ သတင်းတွေ ပေါ် ထွက်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်အောင်ဆန်း စုကြည်က ဖွဲ့စည်း ပုံပြင် မပြင် ဆိုတာနဲ့ သူ့ကိုသမ္မတအဖြစ် ရွေးလို မရွေးလို ဆိုတာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒ သဘောထားအပေါ်မှာ သာ မူတည်နေကြောင်း ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓမွေးဖွားရာ လုမ္ဗီနီ ဒေသ နဲ့ ပတ်သက်ပြီးတော့လည်း ဗုဒ္ဓမြတ်စွာကို အခု နီပေါနိုင်ငံထဲမှာ ပါဝင်နေတဲ့ လုမ္ဗီနီ မှာ ဖွားမြင်ခဲ့တယ်လို့ အားလုံး သိကြတယ်၊ ဒါပေမဲ့ သိဒ္ဓတ္ထ မင်းသားဟာ အိန္ဒိယတိုက်ငယ် တခုလုံး ရဲ့ မင်းသားပါ၊ ဗုဒ္ဓကိုယ်တော်တိုင်ကတော့ သူ့ကို အိန္ဒိယတိုင်းသား၊ နီပေါနိုင်ငံသား ဆိုတာမျိုး အခေါ်ခံလိုမယ် မထင်ပါဘူး၊ တကယ်တော့ ဗုဒ္ဓရှင်တော် အပေါ် လူသားအားလုံးက ဂုဏ်ယူသင့်တဲ့၊ မဟာလူသား တစ်ဦး အဖြစ် ရှုမြင်ကြဖို့ကောင်းပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပါတယ်။

နီပေါနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်သွားရောက်ခဲ့ တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ တနင်္လာနေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပါ တယ်။

Credit : RFA
Photo : NLD Chairperson


၂၀၁၅ မှာ သမ္မတ ဖြစ်လာဖို့ဆိုတာ မြန်မာပြည်သူတွေရဲ့ ဆန္ဒပေါ် မူတည်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့နဲ့သက်ဆိုင်တဲ့ ပြည်သူတွေရဲ့ဆန္ဒနဲ့၊ သမ္မတအဖြစ် သူတို့ရွေးချယ်ချင်တဲ့ သူတွေနဲ့ဆိုင်တဲ့ ပြည်သူ့ဆန္ဒပေါ် မူတည်နေတာပါလို့ နီပေါနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေ တဲ့ မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က သူ့ရဲ့ ခရီးစဉ် အဆုံးသတ်တဲ့ ဇွန် ၁၆ ရက်န့မှာ ပြောဆိုလိုက်တာပါ။

သူဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေ ရဲ့ ဘယ်အစိတ်အပိုင်းကို မဆို ပြောင်းလဲဖို့ကို ဥပဒေပြုလွှတ်တော် မှ ရွေးကောက်ခံ အမတ် အများစုအတွက် အဖြစ်နိုင်ဆုံး နည်းလမ်းတွေ ရှာဖွေနေတယ် လို့ ဒေါ်အောင် ဆန်းစုကြည် က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက လွှတ်တော် ကော်မတီတရပ်ကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမ္မတဖြစ်ခွင့်ရအောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်မှာကို ကန့်ကွက်မဲ ဆန္ဒပြုခဲ့ကြပါတယ်။

အဲဒီဥပဒေဆိုင်ရာ အပိုဒ်ငယ်ကတော့ သမ္မတ သို့မဟုတ် ဒုသမ္မတ ဖြစ်မယ့်သူရဲ့ ဇနီးနဲ့ ခင်ပွန်း သို့မဟုတ် သားသမီးဟာ နိုင်ငံခြားတိုင်းပြည်တွေကို သစ္စာခံသူ မဟုတ်ရဘူး လို့ တားဆီးထားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါနိုင်ငံ ခရီးစဉ်အတွင်း ထိပ်တန်း နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး၊ နီပေါနိုင်ငံတောင်ပိုင်းမှာ ရှိတဲ့ ဗုဒ္ဓ ဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်ကိုလည်း သွားရောက် ဖူးမြော်ခဲ့ပါတယ်။
photo..NLD Chairperson
Credit : DVB

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.