06/21/14

နောက်ဆုံးကဗျာဖြင့် နှုတ်ဆက်ခဲ့လေသူ

ဆရာမကြီး ဒေါ်မြင့်မြင့်ခင်သည် ပညာဉာဏ်ကြီးမြင့်သလောက် ဝီရိယကြီးပေသည်။ စိတ်သဘော ထားကြီးမြင်သလောက် နှလုံးသားဖြူစင်မွန်မြတ်သည်။ အလွန်အင်မတန် အလုပ်လုပ်သူ၊ အလွန်အင်မ တန် သိစပ်မြင်နှံ့သူ၊ အမှန်တရားကို အလွန်အင်မတန် မြတ်နိုးသူ၊ မတရားမှုကို အလွန်အင်မတန် စက်ဆုပ် သူပီပီ မည်သူ့ကိုမဆို မည်သည့်အခြေအနေကိုမဆို ကာလမရွေး ရင်ဆိုင်ဝံ့သူဖြစ်ပြီး လွတ်လပ်ပွင့်လင်း သလောက် ချစ်စရာကောင်းလှသည့် ပြည်သူ့ဆရာဝန်ကြီး၊ ပြည်သူ့စာရေးဆရာကြီး၊ ပြည်သူ့ဘက်တော် သားကြီးတစ်ဦး အသက် (၉၁) နှစ်အရွယ်၌ ၁၉.၆.၂ဝ၁၄ (ကြာသပတေးနေ့) မွန်းလွဲ (၂း၂ဝ) နာရီအချိန်၌ ရွှေဂုံတိုင်အထူးကုဆေးခန်း (SSC) တွင် ကွယ်လွန်သွားခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်နှင့် အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့မှ သွားရောက်၍ ရေဝေး သုဿန် အအေးခန်းသို့ ပို့ဆောင်ကူညီခဲ့သည်။ ဆရာမကြီး၏ ဈာပနအခမ်းအနားအား ၂၁.၆.၂ဝ၁၄ (စနေ နေ့) ညနေ (၄းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်၌ မီးသင်္ဂြိုဟ်မှုပြုခဲ့ပြီး ကြွင်းကျန်ရစ်မည့် အရိုးပြာများ တို့အား ဂူသွင်းထားရှိ သွားမည်ဖြစ်ပါသည်။

မာမီကြီး (သို့) ဆရာမကြီး ဒေါက်တာ ဒေါ်မြင့်မြင့်ခင်သည် ၁၉၂၄ ခုနှစ်တွင် ပုသိမ်မြို့၌ မွေးဖွား၍ ရန်ကုန်မြို့တော်ကြီးမှာ ကြီးပြင်းခဲ့ပါသည်။ ၁၉၃၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ရောက်ရှိခဲ့ပြီး စစ်တွင်း ကာလ (ဂျပန်ခေတ်)၌ ဆေးကျောင်းတက်ရောက်၍ ၁၉၄၆ ခုနှစ်တွင် B.A ဘွဲ့ကိုရရှိခဲ့သည်။ ၁၉၅ဝ ခုနှစ်တွင် M.B.B.S ဘွဲ့ရယူခဲ့ပြီး USA နှင့် UK နိုင်ငံများတို့တွင် ဘွဲ့လွန်ပညာရပ်များအား ဆည်းပူး၍ ကျန်းမာရေးဌာနတို့တွင် ဝင်ရောက်၍ အမှုထမ်းခဲ့ပြီး ဆေးတက္ကသိုလ် မန္တလေး၌ ဆေးပညာ ပါမောက္ခ/ ဌာနမှူးအဖြစ် နှစ်ပေါင်း (၂ဝ)မျှ ဆောင်ရွက်ခဲ့သည်။ ခင်ပွန်းဖြစ်သူ ဒေါက်တာဦးစံဘော် (အရိုးအထူးကု ဆရာဝန်ကြီး၊ ထင်ရှားကျော်ကြားသော သုတေသီ) တစ်ဦးဖြစ်ပြီး ၁၉၈၄ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် ဆရာမကြီးသည် အငြိမ်းစားယူပြီး မလေးရှား (UKM) ဆေးတက္ကသိုလ်၌ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၅ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှ တိုက်ဒေသ (နယူးဒေလီ)တွင် အကြံပေးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၉၆ ခုနှစ်တွင် မ လေးရှားနိုင်ငံနှင့် သြစတြေးလျနိုင်ငံတွင် နေထိုင်ခဲ့ပြီး မြန်မာပြည်သို့ ပြန်လည်ရောက်ရှိကာ ရန်ကုန်မြို့၌ နေထိုင်ပြီး ဆေးပညာ၊ ပညာရေးနှင့် လောလောဆယ်တွင် ပြဿနာဖြစ်နေသော အကြောင်းအရာများ၊ ဖြေရှင်းရန်လိုအပ်သော အကြောင်းခြင်းရာများတို့ကို မီးမောင်းထိုးပြသည့် ဆောင်းပါးများနှင့် စာအုပ်များ ရေးသားခဲ့သည်။ ပညာရေး၊ သိပံ္ပပညာအခြေခံသိမြင်ရန် သက်ကြီးများ၏ ကျန်းမာရေးအကျိုးဆောင်လုပ် ငန်းများ လုပ်ဆောင်ရန် “မြင့်မြင့်ခင်” ဖောင်ဒေးရှင်း တည်ထောင်ပြီး သားဖြစ်သူ ဒေါက်တာမြင့်ဇံ ပါမောက္ခ ဥပဒေပညာဌာ Multimedia တက္ကသိုလ် မလေးရှားမှ ဆက်လက်ဆောင်ရွက်ရန် ရည်ရွယ်ခဲ့သည်။ ဆရာမ ကြီး မကွယ်လွန်မီ (၃) နှစ်ခန့်မှစပြီး The Heritage: Myanmar Women through the Ages စာအုပ်ကို ရေးသားဆဲဖြစ်ပြီး စာမျက်နှာ (၃ဝဝ) ခန့် ရေးသားပြီး မပြီးဆုံးသေးသော်လည်း သား ဒေါက်တာမြင့်ဇံ မှ တတ်နိုင်သရွေ့ ရေးသားထုတ်ဝေရန် ရည်ရွယ်ထားသည်။ ဆရာမကြီးသည် မြန်မာဆေးလောကအတွက် ၁၉၉၅ ခုနှစ်တွင် “လူတိုင်းအတွက် ထိုးတဲ့ခေါင်းလောင်း” နှင့် “AIDS အကြောင်း” ၁၉၉၉ ခုနှစ်တွင် “ကင် ဆာ” ၂ဝဝ၃ ခုနှစ်တွင် “သက်ရှည်ကျန်းမာမြန်မာ့အစာ” ၊ “ဆေးလိပ်အကြောင်းဖြစ်ကြောင်းကုန်စင်” နှင့် “ဆီးချိုလူနာလမ်းညွှန်” ၂ဝဝ၇ ခုနှစ်တွင် “မိုက်ခရိုဝေဗ်နှင့် ဟင်းချက်နည်းများ” ၊ “ရှေ့တန်းရောက် ကျန်း မာရေးပြဿနာများ” ၊ “ပျော်ရွှင်ကျန်းမာ ဘဝဆည်းဆာ” နှင့် “Myanmar Handbook of Health Research Methods Tomorrow`s Doctors” ၂ဝ၁၂ ခုနှစ်တွင် “အားလုံးအတွက် ပညာရေးနှင့် တိုင်းပြု ပြည်ပြုဆောင်းပါးများ” အစရှိသည့် စာအုပ်များတို့အား ရေးသားထုတ်ဝေခဲ့ပြီးဖြစ်သည်။

ဆရာမကြီး ဒေါက်တာ ဒေါ်မြင့်မြင့်ခင် အသက် (၉၁) နှစ်၏ ဈာပနအခမ်းအနားအား နာရေးကူညီမှု အသင်း(ရန်ကုန်)မှ စီစဉ်ဆောင်ရွက် ကူညီပံ့ပိုးပေးခဲ့ပြီး အသင်းသား/သူများ၊ ဆရာမကြီး၏ မိသားစုဝင် များ၊ သားတပည့်များ၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်၍ ဆရာမကြီး၏ နောက်ဆုံးခရီးအား စည်ကားသိုက်မြိုက်စွာဖြင့် ဂါရဝပြု ပို့ဆောင်ခဲ့ကြသည်။ ဆရာမကြီးသည် ဝေဒနာရှင်ပေါင်း မြောက်များစွာ ကို ကုစားကယ်ဆယ်ခဲ့သလို မျိုးဆက်သစ် ဆေးပညာရှင်ပေါင်း မြောက်မြားစွာကိုလည်း မွေးထုတ်ပေးခဲ့ သည့် ဉာဏ်ပညာကြီးမားသော ဆေးပညာရှင်ကြီးတစ်ဦး၊ ရှည်လျားလှတဲ့ ဘဝသက်တမ်းတလျှောက် တိုင်းပြည်နှင့် လူမျိုးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် မာမီကြီး (သို့) ဆရာမကြီး ဒေါက်တာ ဒေါ်မြင့်မြင့် ခင် ကောင်းရာသုဂတိလားပါစေကြောင်းနှင့် ကျန်ရစ်သူမိသားစုများနှင့်ထပ်တူထပ်မျှ နာရေးကူညီမှုအ သင်း(ရန်ကုန်)မှ ဝမ်းနည်းကြွေကွဲရပါသည်။
ဆရာမကြီး နောက်ဆုံးရေးသားခဲ့သည့် ကဗျာအား အမှတ်တရအဖြစ် ဖော်ပြလိုက်ရပါသည်။
I was dying; my cat by my side
I was yearning to die so the cat did meow.
That means she can`t let me go
When will she mea let me die.
That I don`t know only she Knows
(Oh, Me let me go)2
(Oh the cat will you meow)3

လွှတ်တော်ထဲ ၀င်ခြင်း . . . ညှိနှိုင်းရေး စားပွဲဝိုင်းတစ်ခု ဖြစ်ပေါ်ရန် ရည်ရွယ်ရင်းဖြစ် . . . ဤဗျူဟာ အထမမြောက် . . . ဒေါ်အောင်ဆန်းစုကြည် မပါသော ၂၀၁၅ အထွေထွေရွေးကောက်ပွဲအား ကမ္ဘာက အသိအမှတ်ပြုမည်လား . . .
တစ်လခန့်ကြာမြင့်မည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး ကျင်းပချိန်နှင့် တိုက်ဆိုင်စွာပင် ၂၀၁၄ နှစ် လယ် ဇွန်လ အတွင်း မြန်မာ့နိုင်ငံရေး ကစားကွက် များကား အလျင် နှုန်းမြန်စွာဖြင့် ရှုပ်ထွေးပွေ လီလာ လျက်ရှိ သည်။ အကွက်ရွှေ့မှု များ စိပ်လာသည် ဟုပင် ဆိုရမည်။
ဇွန် ၁၀ရက် ညသန်းခေါင်ယံတွင် တာမွေမြို့နယ်ရှိ မဟာ သန်္တိသုခကျောင်း တော်ကြီးအား ၀န်းရံပိတ် ဆို့၍ အင်အား ၅၀၀ ကျော်ဖြင့် စစ်ဆင်ရေး တစ်ခုပမာ ဗျူဟာခင်း၍ ည ၂ နာရီခန့် တွင်တော့ ကျောင်း တွင်းရှိ သံဃာ အပါး ၂၀ကျော်နှင့် လူပုဂ္ဂိုလ် အချို့တို့အား အနုကြမ်းဝင်စီးပုံ မျိုးဖြင့် သံဃာများအား ကားများဖြင့်ခေါ် ဆောင် သွားကာ လူပုဂိ္ဂုလ်တို့ကိုမူ တာမွေ ရဲစခန်း သို့ ခေါ်ဆောင် သွားခဲ့သည်။ ၁၀ ရက်ညကတည်းက ပြည်သူများကြား ဒေါသ တဖိန်းဖိန်းဖြစ်ေ အာင် ပွက်လောရိုက် စေခဲ့သော အဆိုပါ အဓမ္မဖြစ်ရပ်သည် နောက်ရက် ၁၁ ရက်နေ့ တိုင်အောင် ပြော မဆုံးပေါင် တောသုံးတောင်ဖြစ်စေ ခဲ့သည်။
ဘုန်းတော်ကြီးကျောင်း ၀င်ရောက် စီးနင်းခံရမှု ဖြစ်စဉ်သတင်း နိုင်ငံအ၀န်း ပျံ့နှံ့နေခိုက် နောက်တစ်နေ့ ဇွန် ၁၁ ရက် အမျိုးသားလွှတ်တော်တွင်တော့ PR (ပီအာရ်) စနစ်ကျင့်သုံး သင့်/မသင့် မတ် တတ်ရပ်မဲခွဲရာ ထောက်ခံ သူ ၁၁၇ ဦး၊ ကန့်ကွက်သူ ၈၅ ဦးဖြင့် အမျိုးသားဒီမိုက ရေစီအင်အားစုပါတီမှ ဒေါ်ခင်ဝိုင်းကြည် တင်သွင်း ထားသော အဆိုအတည်ဖြစ်ခဲ့သည်။အဆိုကိုဆွေးနွေးစဉ်က တပ်မတော် သားကိုယ်စားလှယ်များက ကန့်ကွက် ဆွေးနွေးသော်လည်း အတည်ပြုရန် မဲခွဲသော အခါ တပ်မတော်သား ကိုယ်စားလှယ်အား လုံးက ထောက်ခံ ခဲ့ကြသည်။ ဤကား ထူးခြားချက်။ မည်သို့ဆိုစေ အချိန်ကိုက် နိုင်ငံရေးကစားကွက်တစ်ခုကို ဖန်တီး ဖော်ဆောင် ခြင်းလောဟု စဉ်းစားစရာရှိလာ သည်။…
အဆိုပါ ဇွန်၁၀ရက် ၊၁၁ရက်ဖြစ်ရပ်များ အပြီး ဇွန် ၁၂ရက်တွင် မြန်မာ့နိုင်ငံရေး လောကအပေါ် လှုပ်ခတ်နိုင် စွမ်းသော သတင်းတစ်ရပ် ပေါ်ထွက်လာပြန်သည်။ သမ်္မတအရည်အချင်းပါ ပုဒ်မ ၅၉(စ)အား ပြည်ထောင်စု လွှတ်တော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှုကော်မတီက ပြင်ဆင်ခြင်းမပြုရန် ဆုံးဖြတ်လိုက်ကြောင်းဖြစ်သည်။ ၃၁ဦးပါ အဆိုပါကော်မတီက ဇွန် ၆ ရက် အစည်း အဝေးတွင် ၅၉(စ)နှင့် ပတ်သက်၍် ပြင်၊ မပြင် မဲခွဲဆုံးဖြတ်ရာ ပြင်ရန် မဲ ၅ မဲသာ ရရှိဩ၍ မပြင်ရန် မဲ ၂၆၉ မဲရှိကြောင်း သတင်း အရင်းအမြစ် တစ်ခုကလည်း ဆိုသည်။ ဇွန် ၆ ရက် ဆုံးဖြတ်သည့် ကိစ္စသည် ဇွန် ၁၂ ရက်အတွင်းမှ ပြည်သူ များအကြား ဤသတင်း ပျံ့နှံ့လာသည်မှာလည်း ထူး ခြားသည်ဟု ဆိုရမည်။

အထက်ပါ ဇွန်(၁၀)(၁၁)(၁၂)ရက်ဖြစ် ရပ်များအပြီး နောက်တစ်ရက် ဇွန် ၁၃တွင် အင်အားသုံး ဖယ်ရှားခြင်း ခံရသော မဟာ သန်္တိသုကျောင်းတိုက်မှ သံဃာတော်ငါးပါး အား လူဝတ်လဲပြီး ပုဒ်မ ၂၉၅(က)၊ ပုဒ်မ ၂၀/၉၀ တို့ဖြင့် တရားစွဲထားကြောင်း သတင်းပေါ်လာပြန်သည်။ ၂၀၀၇ သံဃာ့ အရေးအခင်းတွင် စာတတ်ပေတတ် သံဃာများအား လူဝတ်လဲ ထောင်သွင်း အကျဉ်းချခဲ့သော ယခင်စစ်အာဏာရှင် အစိုးရ၏ရက်စက်မှု အပေါင်း သရဖူဆောင်း ခဲ့ပုံအကြောင်းအရာ၊ ဓာတ်ပုံများကို လူမှု ကွန်ရက်စာမျက်နှာများတွင် ပလူပျံအောင် ပြန်လည် ရေးသားဖော်ထုတ်ကြခဲ့သည်။

ဤရက်ပိုင်းအတွင်း ဇွန် ၁၃ရက်မှာ ပင် သင်္ဃန်းကျွန်းမြို့နယ်၌ ကျူးကျော်ဖယ် ရှားရေးအင်အားသုံးမှု၌ ဒေသခံ နှင့် ရဲတပ်ဖွဲ့ဝင်တို့ကြား ပဋိပက္ခတစ်ရပ် ဖြစ်ပွားခဲ့ သည်။ ဤမျှပဋိပက္ခများဖြင့် ရှုပ်ထွေးနေ ချိန်တွင်မှ ဤဇွန် ၁၃ ရက်အား ရွေးပြီး ပြဿနာဖန်တီးသည်မှာလည်း အချိန်ကိုက် ဖန်တီးထားသော ဗျူဟာတစ်ရပ်ပင်ဖြစ် သည်။ ဦးသိန်းစိန် အရပ်သားတစ်ပိုင်း အစိုးရတက်လာပြီးနောက်ပိုင်း မြေသိမ်း ယာသိမ်းပြဿနာများ၊ ကျူးကျော်ဖယ် ရှားရေးအကြမ်းဖက်မှုများ၊ မီးကင်းမသေ သေးသောဘာသာရေးအသွင်ဆောင် ပဋိပက္ခများ၊ ဘာသာရေး အဓိကရုဏ်းများအား မီးမွေးလိုက်သလိုရှိသည့် မျိုးစောင့် ဥပဒေပြဋ္ဌာန်းရန်ကြိုး ပမ်းမှုများ၊ တိုင်းရင်း သား ဒေသများ၌ လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး PR စနစ် ပေါ်အခြေပြု၍ ငြိမ်းချမ်းရေး ဖော်ဆောင်မှု၌ အဟန့်အတားဖြစ်စေနိုင်ခြင်းများ၊ တရုတ် ၏လက်ဝါးကြီးအုပ်စီးပွားရေး စီမံကိန်း များ၏ ဂယက်ဒေသခံများကြား ရိုက်ခတ်ကာ ဆန္ဒပြထုတ်ဖော်ပွဲများ၊ သတင်းမီဒီယာ များအား တစ်စတစ်စ နှိပ်ကွပ်မှုပြင်းထန် လာခြင်းများ စသည့် စသည့်ပြဿနာပေါင်း သိန်းခြောက်သောင်းအလယ်တွင် မြန်မာ ပြည်၏ ဒီမိုကရေစီဆိုသည်မှာ အာဏာရှင် အသွင်သစ် ဒီမိုကရေစီပုံစံမျိုးသာ ရှိနေသေးသည်။ မျက်နှာဖုံး အသီးသီး တပ်ထား သော်လည်း မျက်နှာဖုံးများမှာ တရိရိစုတ် ပြဲကွာကျ၍ မူလနဂိုရုပ်ပြန်ပေါ်လာတော့ မည့်အချိန်ကာလ တစ်ရပ်လည်း ဖြစ်သည်။ သို့တိုင် ပြည်သူများ၏ လူမှုဘ၀များကား ပို၍ပင် မွဲပြာကျလာသည်။

ဤသို့ တိုက်ဆိုင်လွန်းလှသော ဗျူဟာကစားကွက်များ စိပ်လာခြင်းအပေါ်၌ မျက်နှာဖုံးကွာကျအံ့ဆဲဆဲ နိုင်ငံရေး ကစားကွင်းကြီး အားအတွင်းသို့ လှစ်ခနဲကြည့် လိုက်သောအခါအစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့ ပွတ်တိုက်ခြင်းဟူသည် ကား သဘောလုပ်ပြခြင်းဖြစ်သည်။အစိုးရ နှင့် လွှတ်တော်တို့သည် ကြံ့ခိုင်ရေး ဗဟို ကော်မတီ၏ အဆုံးအဖြတ်အတိုင်း အသေးစိတ်လိုက်ပါ လုပ်ဆောင်နေရခြင်း ဖြစ် သည်။ ဤအချက်အား ကြံ့ခိုင်ရေးဗဟို အတိုင်ပင်ခံတစ်ဦးက အင်တာဗျူးတစ်ခု တွင် ထုတ်ဖော်ပြောကြားဖူးသည်။

အထက်ပါ အချက်အလက်များကို ပြန်လည်သုံးသပ်သော် အာဏာသုံးရပ်ခွဲ ဝေကျင့်သုံးမှု၊ အပြန်အလှန် ထိန်းကျောင်းမှု (Check and Balance) တို့ တကယ် ကျင့်သုံးနိုင်ပြီလော။ ၂၀၀၈ ဖွဲ့စည်းပုံအရ တပ်မတော်မှာ အပြန်အလှန်ထိန်းကျောင်းမှု ကင်းမဲ့နေ သော သီးခြားအဖွဲ့အစည်းတစ်ရပ်အဖြစ် အစိုးရအပေါ်၌ အာဏာ လွှမ်းမိုးထားနိုင် ဆဲဖြစ်သည်။ စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားသော ကြံ့ခိုင်ရေးအမတ်များ နှင့် တပ်မတော် မှာလည်း ချိန်သားကိုက် ညီညွတ်ရေးတစ်ရပ်ရှိ၍ အရေးကြီးလျှင် သွေးစည်းမည်ဟူသော သဘောထားများ ကိုလည်း နိုင်ငံ၏ အရေးကြီးကိစ္စရပ်များ မဲခွဲရာတွင် မျက်ဝါးထင်ထင် ကြုံတွေ့ရပေ ဦးမည်။

NLD နှင့် ၈၈မျိုးဆက်တို့ ပူးပေါင်း၍ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော် ဟောပြောပွဲများ လက်မှတ်ရေး ထိုးလှုပ်ရှားမှုများ နိုင်ငံအ၀န်း အရှိန်အဟုန်ပြင်းစွာ လုပ်ဆောင်နေချိန်နှင့် ချိန်သားကိုက် ဆိုသလို ဇွန် ၁၀၊ ၁၁၊ ၁၂၊ ၁၃ ဖြစ်ရပ် များ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ NLD ၏ ၄၃၆ မဟာဗျူဟာသည် မည်သို့ ရှိသည်ကို တိတိပပ မသိနိုင်သော်လည်း လက်ရှိ အစိုးရ၏ ၄၃၆ ပြင်ဆင်ရေးမှာမူ အစိုးရပိုင်း stakeholder များ၏ နှုတ်ထွက် စကားများအရ အတော်ပင်ဖြစ်နိုင်ခြေနည်း သည်ဟုဆိုရမည်။ မည်သို့ဆိုစေ NLD နှင့် ၈၈တို့၏ ၄၃၆ လှုပ်ရှားမှုသည် အလုပ်ဖြစ်သည်ဟု ဆိုရမည်။ လူထုတစ် ရပ်လုံး၏ နိုင်ငံရေးနိုးကြားမှု၊ စုစည်းနိုး ကြားမှု (Mobilization) ကိုတော့ ဖမ်း ဆုပ်ယူနိုင်ခဲ့သည်ဟုပင် ဆိုရမည်။ လွှတ်တော်ပြင်ပ လူထုအင်အားဖြင့် လွှတ်တော် အတွင်းညှိနှိုင်းရေးလမ်းကြောင်း (လေးပွင့်ဆိုင်တွေ့ဆုံရေး) အား တွန်းအားပေး ကြည့်သင့်သည်။ ညှိနှိုင်းရေးလမ်းကြောင်းအား တပ်မတော်၊ အစိုးရ၊ လွှတ်တော်တို့မှ လက်သင့်မခံရှောင်ဖယ်မည်ဆိုလျှင် ဘယ် လမ်းအား ဆက်လိုက်မည်နည်း။
အခြေခံ ဥပဒေပြင်ဆင်ရေးအား ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ၆လအလို အပြီးလုပ်ဆောင်ရမည်ဟု လွှတ်တော် နာယက သူရဦးရွှေမန်း၏ ပြောကြားချက် အရ မည်သည့်ပုဒ်မများပြင်မည်၊ မပြင် မည်ကို ရွေးကောက်ပွဲ မဲဆွယ်ကာလ အလုပ်ရှုပ်ချိန်နှင့် တိုက်ဆိုင်စွာ အချိန် နည်းပါးစွာ ပေးထားခြင်းသည်လည်း ဗျူ ဟာမြောက်သော ကစားကွက်တစ်ကွက် သာဖြစ်ဖွယ်ရှိသည်။ NLD အနေဖြင့် ထို ၂၀၁၄နှစ်လယ် ထိစောင့်ကြည့်ပြီးမှ ဗျူဟာ တစ်ရပ်ချမှတ်မည်လော။ အချိန်ကား နည်းပါးသွားချေပြီ။ ဖြစ်သင့်သည်မှာ ၅၉(စ)၊ ၄၃၆ တို့အား ပြင်မည်လော၊ မပြင်မည်လောကို ၂၀၁၄ မကုန်ခင် ကြို တင်တီးခေါက်ခန့်မှန်း၍ …. မပြင်ဆင်ဖို့ သေချာခဲ့သည်ရှိသော် -

(၁)ဒေါ်အောင်ဆန်းစုကြည်အနေ ဖြင့် ၂၀၁၄ မတိုင်ခင် လွှတ်တော်ကိုယ်စား လှယ်အဖြစ်မှ နုတ်ထွက် သင့်သည်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲဝင် ခြင်း ရည်ရွယ်ချက်တွင် ညှိနှိုင်းရေး စားပွဲ ၀ိုင်းတစ်ခု ဖြစ်ပေါ်ရန် ရည်ရွယ်ရင်း ဖြစ် သည်။ ဤဗျူဟာအထမမြောက်သည့် အတူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လွှတ်တော်ထဲကို ၀င်ထိုင်ခြင်းသည် မည် သည့်အကျိုးရလဒ်များ ရနိုင်၍ မည်သည့် ဆိုးကျိုးများရနိုင်သည်ကို နှိုင်းချိန်ယှဉ်ထိုး တွက်ဆသင့်သည်။

၂။ ၂၀၁၅ ရွေးကောက်ပွဲအား မဖြစ်မနေ ၀င်ပြိုင်၍ အနည်းဆုံးမဲ ၇၀ ရာခိုင် နှုန်းရအောင် လူထုအား (အထူးသဖြင့် တိုင်းရင်းသားနယ်မြေများ) မဲဆွယ်စည်းရုံးသင့် သည်။

၃။ သမ္မတလောင်း တစ်ယောက်အား ၂၀၁၄ အကုန်မှစ၍ စိတ်တိုင်းကျစိစစ် ရွေးချယ်သင့်သည်။

၎။ ပါတီ၏ အင်စတီကျူးရှင်း အားကောင်းအောင် တည်ဆောက်၍ ခေတ်အဆက်ဆက် တည်တံ့မည့် အရည်အသွေး မီပါတီကြီးတစ်ရပ်ဖြစ်အောင် ဖော်ဆောင် သင့်သည်။

၅။ ပါတီဥက္ကဋ္ဌအဖြစ်၊ လူထုခေါင်းဆောင်အဖြစ် ခိုင်ခိုင်မာမာရပ်တည်၍ မည်သည့် အစိုးရတက်တက် လူထုခေါင်းဆောင်အဖြစ် ထာဝရရှင်သန်သင့်သည်။

ဤတွင် ဒေါ်အောင်ဆန်းစုကြည်မပါသော ၂၀၁၅ အထွေထွေရွေးကောက်ပွဲအား ကမ္ဘာက အသိအမှတ်ပြု မည်လား၊ ထောက် ခံမည်လားဆိုသည် ကား စောင့်ကြည့်ရှုစားရ မည့် နိုင်ငံရေး ဇာတ်ကွက်တစ်ခုပင် ဖြစ်သည်။
မြန်မာသံတော်ဆင့်သတင်းဌာန

သမ္မတကြီးနှင့်လွှတ်တော်ဥက္ကဋ္ဌ၊ စစ်အစိုးရခေတ်က ဗိုလ်ချုပ်ကြီးများဖြစ်၊ သူတို့၏ ဒီမိုကရေစီ ကြွေးကြော်မှု မှာလည်း ၃ နှစ်သာရှိနေ၊ ပြည်သူနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သော ဒီမိုကရေစီတောင်းဆို ဆန္ဒပြပွဲများတွင် သူတို့ သည် စစ်အာဏာရှင်ဘက်ကသာ ရပ်နေခဲ့ခြင်းတို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်လောက် ယုံကြည် စိတ်ချခြင်း မရှိပေ . . .
ယခုနှစ် အောင်ပန်းရှိ ဆရာတာရာ ၉၅ နှစ်ပြည့် မွေးနေ့ပွဲမှနေ အင်းလေးသို့ ရောက်ဖြစ်ပါသည်။ အင်းလေးကို ရောက် ဖူးသော်လည်း အောင်ပန်းရောက်တိုင်း မပျက်မကွက်သွားရသည်မှာ အင်းလေးရှိ အလွန် ရင်းနှီးသော မိတ်ဆွေ ဒေါက်တာ ထွန်းလှိုင်ဆီ သွားချင်သောကြောင့် ဖြစ် သည်။ ဒေါက်တာထွန်းလှိုင်မှာ ဟဲယား ရွာမတွင် ဆေးကုသနေသော ဆရာဝန်ကြီး ဖြစ်သည်။ အစောပိုင်းက မိတ်ဆွေအပေါင်း အသင်းများ၏ အကူအညီဖြင့် ဟဲဟားရွာမတွင် ဆေးရုံတည်ဆောက်ထား၏။ လူနာ များကို အနီးကပ်ကုသဖို့အထိ အတော်ကြီး အတော် ကျယ်သောဆေးရုံကြီးကို သူ့မိတ် ဆွေများက ဆောက်ပေးထားသည်။ ည အိပ်ညနေလူနာများကို လက်ခံ ကုသပေးဖို့ ရည်ရွယ်ချက်လည်းပါသည်။ သို့သော်စစ် အစိုးရက ဒီမိုကရေစီရေးလှုပ်ရှားခဲ့သော ဒေါက်တာ ထွန်းလှိုင်ကို ဆေး၊ရုံဖွင့်ခွင့် မပေး ပေ။ ပြင်ပဆေးခန်းအဖြစ်သာ လူနာများ မနက်လာကုပြီး ညနေပြန် သွားကြ ရ၏။ ထို အကြောင်းကိုသိသော သီတဂူဆရာတော် ကြီးက မျက်စိပါကု သပေးသော ဆေးရုံကြီး အဖြစ် လာရောက် ဖွင့်လှစ်ပေးမှသာလျှင် ဆေးရုံကို ဖွင့်ထားနိုင်လေသည်။ သူသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အင်းလေးေ ဒသ ညောင်ရွှေမြို့နယ်မှ ရွေးချယ်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စား လှယ်ဖြစ်ခဲ့ပါသည်။ ဆေးကျောင်း သားဘ၀ကတည်းက မဟုတ်မခံ၊ မတရား မှုကို တွန်းလှန်သောကျောင်းသား တစ်ဦး ဖြစ်ခဲ့သည်။ …၁၉၇၈ခုနှစ်တွင် နိုင်ငံရေးလှုပ် ရှားမှုတစ်ခုဖြင့် အဖမ်းခံရကာ အင်းစိန် ထောင်တွင် မိမိနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပါ သည်။ ထိုအချိန်က ကျွန်တော်တို့သည် ၁၉၈၀ ပြည့်အထွေထွေလွတ်ငြိမ်းချမ်းသာ ခွင့်ပေး မှသာ လွတ်ခဲ့ကြလေသည်။ အတူ တူဒုက်္ခဆင်းရဲတွင်းနေခဲ့ရသော မိတ်ဆွေ များဖြစ်၍ သာမန်မိတ်ဆွေ များ ထက် ရင်းနှီးကြလေသည်။ ထိုအချိန်က အင်းလေး ဒေသရှိ မိတ်ဆွေ ၂ ဦးမှာ ဦးချစ်ဦးနှင့် ဒေါက်တာ ထွန်းလှိုင် တို့ ဖြစ်လေ သည်။ နောင်ဆရာ တာရာမွေးနေ့ပွဲများသို့ လာ ရင်း အင်းလေးလာ လည်သည့်အခါမှ ပြန် ဆုံခဲ့ကြ သည်။ ဦးချစ်ဦးမှာမူ ကွယ်လွန် သွားပြီဖြစ်၏။ ကျွန်တော်တို့မှာ နိုင်ငံရေး အမြင်လည်း တူကြသည်။ အစောပိုင်း က သွားလည်လျှင် ခဏသာစကားပြောဖြစ် သည်။ သူက ညအိပ်ညနေနေစေချင်၏။ ကျွန်တော်ကလည်း အဖွဲ့နှင့်လာရသော ကြောင့် သူ့ကို အားနာသည်။ ယခုတစ် ခေါက်တွင်မူ သူနှင့် ကြိုတင်ချိန်းဆိုပြီး တစ်ညအိပ်ဖြစ်ပါသည်။

ထိုညက လက်ရှိနိုင်ငံရေးအခြေအနေ ကို ပြောဖြစ်ကြပါသည်။ အထူးသဖြင့် ဆရာဦးဝင်းတင် ကွယ်လွန်သွားပြီး နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အခြေ အနေကို သုံးသပ်ကြသည်။ ဆရာဦးဝင်း တင်လို ဒိုးဒိုးဒေါက် ဒေါက် ပြောဆိုရေးသား နိုင်သော ပုဂိ္ဂုလ်မျိုး ရှားပါးသွားပြီဖြစ် ကြောင်းလည်း ပြောဖြစ်ကြသည်။ ဆိုလို သည်မှာ လက်ရှိနိုင်ငံရေးအခြေအနေနှင့် NLD ပါတီ၏ အခန်းကဏ္ဍ၊ နိုင်ငံရေး လှုပ်ရှားတက်ကြွသူများအဖို့ မည်သူ့ကို ဗဟိုပြုမလဲ။ အမျိုးသား စည်းလုံးညီညွတ်ရေး၏ အရေးပါပုံတို့ကို ပြောဖြစ်ကြလေ သည်။ ဆရာကြည်နိုင်၊ ဆရာကိုလေးမြတ်၊ ဆရာဦးသန်းညွန့်၊ ဆရာယဉ်မင်းပိုက် တို့လည်း ဆွေးနွေးဝိုင်းတွင် ပါဝင်ကြလေ သည်။ ညနေထမင်းစားပြီးကတည်းက ည ၁၂ နာရီကျော်အထိ ဆွေးနွေးဖြစ် သည်။ အင်းလေးဒေသမှ နိုင်ငံရေး တက်ကြွ သူများနှင့် NLD ပါတီဝင်များလည်း လာ ရောက်ဆွေးနွေးကြလေသည်။ လက်ရှိ နိုင်ငံရေးခရီးမှာ ၂၀၀၈ ဖွဲ့စည်းပုံမပြင်သ ရွေ့ ဒီမိုကရေစီလမ်းကြောင်းပေါ် မရောက် နိုင်ကြောင်း အားလုံးက ထောက်ခံကြ သည်။ စစ်အာဏာရှင်တို့မှာ သူတို့၏ အကျိုးစီး ပွားအတွက် ရေးဆွဲထားခြင်းဖြစ်ကာ ပြင် မရအောင်၊ ပြင်ဖို့ အလွန့်အလွန်ခက်ခဲ အောင် ဖွဲ့စည်းပုံအခန်း ၁၂ပါ ပုဒ်မ ၄၃၆ ကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်းလည်း အား လုံးသဘောတူကြသည်။ ကျွန်တော်တို့တွင် အချေအတင်ဆွေးနွေးစရာ အထွေအထူး မရှိကြ။ ဘုံသဘော တူညီမှုမှာ စစ်အာဏာ ရှင်စနစ်ကို လုံးဝဖယ်ရှားရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဖြစ်၏။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရာတွင် ပုဒ်မ ၄၃၆ ကို ဖြိုချနိုင်လျှင် ၂၀၀၈ တစ်စုံလုံးကို လည်းဖြိုချနိုင်ပေမည်။ ထိုသို့ပြင် ဆင်ရာတွင် လွှတ်တော်တစ်ခုတည်းကို အားကိုး ၍မရပေ။ 

လွှတ်တော်က ကော်မတီဖွဲ့ကာ ပြင်ဆင်နေသည် ဆိုသော်လည်း အဓိက ကျသော ဥပဒေများကို မပြင်ဘဲ ကိုင်းဖျား ကိုင်းနားဥပဒေများကိုသာ အမြီးတပ်၊ ခေါင်းတပ်ပြင်ဆင်နေသောကြောင့် ပြည် သူများ၏ ဆန္ဒနှင့်ပြင်ဆင်ဖို့ ကြိုးစားနေ ကြောင်း၊ ယခုလှုပ်ရှားနေ သည့်ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ လူထု၏သဘောထားလက် မှတ်ကောက်ခံရေးကို လှုပ်ရှားနေသည်။ အားရစရာ ကောင်းလှသည်မှာ ၈၈မျိုးဆက် တို့ကလည်း တက်ကြွစွာပါဝင်လာသလို SNLD လို တိုင်းရင်းသားအဖွဲ့များ ကလည်း ပါဝင်လာလေသည်။ ကျန် ချင်း၊ ကချင်၊ မွန်၊ ကရင်၊ ကယား စသော တိုင်းရင်းသား ပေါင်းစုံကလည်း ထောက်ခံလာသည့် အတွက် အားရစရာ အလွန်ကောင်းလာပါ သည်။ ထိုအခြေအနေမျိုးနှင့် ထိုအခွင့် အရေးကို ရရှိအောင် စွမ်းဆောင်နိုင်သူမှာ ဒေါ်အောင်ဆန်းစုကြည် သာလျှင်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီခေါင်း ဆောင်ဖြစ်နေရသည်မှာလည်း ပြည်သူ၏ဆန်္ဒနှင့်ထပ်တူကျသောကြောင့်ဖြစ်သည်။ ပြည်သူမှာ အပြောင်းအလဲတစ်ခုကို ထက် ထက်သန်သန်လိုလားနေကြ၏။ ယခုအာ ဏာရနေသော အစိုးရအဖွဲ့သစ်သည် ပြု ပြင်ပြောင်းလဲရေး လုပ်သည်ဆိုသော်လည်း နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများကိုမူ ထက်ထက်သန် သန်မရှိပေ။ ဈေးကွက်စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုများ လုပ် သည်ဆိုသော်လည်း လက်တွေ့၌မူ သူတို့ ၏လက်သပ်မွေးခရိုနီများကို လုပ်ပိုင်ခွင့် များပေးနေဆဲဖြစ်သည်။ တရုတ်နိုင်ငံစီးပွား ရေးပြုပြင်ပြောင်းလဲမှုလို ထိထိရောက် ရောက် မရှိခဲ့ပေ။ နိုင်ငံတကာကလည်း ထိရောက်စွာ ပါဝင်ပတ်သက်မှု နည်းနေ သေး၏။ ထိုအခြေအနေမျိုးတွင် သူတို့ ကိုယ်တိုင်ကလည်း မပြောင်းလဲလျှင်မဖြစ် ဟုသိနေသော ၂၀၀၈ ဖွဲ့စည်းပုံကို မည် ကဲ့သို့ဖာထေးထားမလဲ။ မည်ကဲ့သို့မွမ်းမံ ထားမလဲဆိုသည့်ပြဿနာမှာ ထင်သလို မလွယ်ကူတော့ပေ။ ၄၃၆ လိုပုဒ်မမျိုးမှာ မပြင်လျှင် မဖြစ်သောကြောင့် ပြင်ရမည် ဆိုသော အာမခံချက်မျိုးလည်း ပေးနိုင်ရ ပေမည်။

ကျွန်တော်တို့ပြောဖြစ်သည့်အကြောင်း အရာထဲတွင် အဓိကအကျဆုံးမှာ ဒီမိုက ရေစီပန်းတိုင်ကိုရောက်ဖို့ ဒေါ်အောင်ဆန်း စုကြည်ကို မဏ္ဍိုင်ထားရေးသာဖြစ်၏။ ကျွန်တော်တို့ ကြိုက်သည်မကြိုက်သည် ထက် လက်တွေ့ကျကျ ယခင်ကလည်း စွမ်းဆောင်ခဲ့၊ ယခုလည်း စွမ်း ဆောင်ဆဲ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် ၏လှုပ် ရှားမှုတွင် အားလုံးပါဝင်မှဖြစ်မည်ဟု ကျွန် တော်တို့အားလုံး သဘောတူကြပါသည်။ ၂၀၁၅ ရွေးကောက် ပွဲ၌ပင် ဖြစ်ဖြစ်၊ ယခု လိုအခြေအနေမျိုး၌ပင်ဖြစ်ဖြစ်၊ မည်သည့် ခေါင်းဆောင်သစ် ပင်ပေါ်ပေါ် ဒေါ်အောင် ဆန်း စုကြည်လောက် ဒီမိုကရေစီတိုက်ပွဲကို ဦးဆောင်နိုင်မည့်သူမရှိဟုလည်း ကျွန်တော်တို့ သဘောတူ ခဲ့ကြပါသည်။

ယနေ့အာဏာရယူနေသော သမ်္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက်္ကဋ္ဌ သူရဦးရွှေ မန်းတို့မှာ ဒီမိုကရေစီ လမ်း ကြောင်းပေါ်သွား မည်ဟုပြောဆိုခဲ့ကြသည်။ သူတို့သည် ယခင်စစ်အစိုးရခေတ်ကနှင့်မတူဘဲ ပြည် သူများကို ပျော့ပျောင်းညင်သာစွာ ပြောဆို ဆက်ဆံကြလေသည်။ ယခင်စစ်အစိုးရ လက်ထက်ကပုဂိ္ဂုလ်များ နှင့်စာလျှင် လေး စားချစ်ခင်ဖို့ကောင်းပါသည်။ သို့သော် အင်းလေးဟဲယားရွာမမှ ကျွန်တော်တို့၏ နိုင်ငံရေးစကားဝိုင်းတွင် ကျွန်တော်တို့ အားလုံး အငြင်းမပွားဘဲ တစ်သံတည်း သဘောတူလိုက်သည်မှာ ထိုသို့အသွင် ပြောင်းလာပြီး သဘောထားကောင်းသည့် သမ်္မတကြီးနှင့်လွှတ်တော်ဥက်္ကဋ္ဌလို ခေါင်း ဆောင်များကို ကျွန်တော်တို့ လေးစားပါ သော်လည်း သူတို့သည် စစ်အစိုးရခေတ်က ဗိုလ်ချုပ်ကြီးများဖြစ်ခြင်း၊ သူတို့၏ ဒီမိုကရေစီ ကြွေးကြော်မှုမှာ လည်း ၃ နှစ်သာ ရှိနေသေးခြင်း၊ ပြည်သူနှင့် ထိပ်တိုက်တွေ့ ဆုံခဲ့သော ဒီမိုကရေစီတောင်းဆိုဆန္ဒပြပွဲ များတွင် သူတို့သည် စစ်အာဏာရှင်ဘက် ကသာရပ်နေခဲ့ခြင်းတို့ကြောင့် ကျွန်တော် တို့မှာ သူတို့ကို ဒေါ်အောင်ဆန်း စုကြည် လောက်ယုံကြည်စိတ်ချခြင်းမရှိပေ။ ကျွန် တော်တို့၏ဆွေးနွေးပွဲမှာ အလွန်ပျော်စရာ ကောင်းပါသည်။ အလွန်ယထာဘူတကျသော အမြင်များနှင့် ဒီမိုကရေစီလမ်း ကြောင်းကိုလျှောက်လှမ်းဖို့အတွက် စည်း ရုံးရေး အမြင် အတွေးများကြောင့် ယခုနှစ် အင်းလေးဒေသသို့ရောက်ခဲ့ခြင်းမှာ တန်ဖိုး အလွန်ရှိပါတော့သည်။

အင်းလေးမှအပြန်တွင် ကျွန်တော်တို့ သည်ထန်စမ်းဂူသို့သွားရင်း အပြန်တွင် ဟိုပုန်းသို့ဝင်ဖြစ်ပါတော့သည်။ ဟိုပုန်း NLD ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုကော်မတီဝင်၊ ရှမ်းပြည်နယ် တောင်ပိုင်း တာဝန်ခံ စိုင်းမြင့်ဆွေက ကမကထလုပ်ပြီး ဟိုပုန်းမြို့နယ် NLD ရုံးတွင် နိုင်ငံရေးဟောပြောပွဲတစ်ခု ပြုလုပ် ဖြစ်ခဲ့သည်။ ထိုဟောပြောပွဲနှင့်အတူ နိုင်ငံ ရေးဆွေးနွေးပွဲတစ်ခုလည်း ဖြစ်သွားသည်။ ၈၈ မျိုးဆက်ရဲဘော် များလည်း ထိုဆွေး နွေးပွဲတွင် ဆွေးနွေးကြလေသည်။ အောင် ပန်းမှာကတည်းက စိုင်းမြင့်ဆွေက နိုင်ငံ ရေးဟောပြောပွဲတစ်ခုပြုလုပ်ချင်သည်ဆို ၍ ကျွန်တော်လည်း ထန်စန်းဂူမှ အပြန် တွင် ခေတ္တနား ရင်းမြို့နယ် ရုံးတွင် ဆွေး နွေးပွဲလေးတစ်ခုကျင်းပဖြစ်ပါတော့သည်။ ထိုဆွေးနွေးပွဲတွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင် ရေးမှာ ယနေ့ မြန်မာ့နိုင်ငံရေးဖြစ် ပေါ်မှု၏ဆုံမှတ်ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့ စည်းပုံပြင်ဆင်ရေးကို အမျိုးသား ရေးတာ ၀န်တစ်ရပ်လိုပင် ပြည်သူလူထုက ခွန်စိုက် အားစိုက်ဆောင်ရွက်ရလိမ့်မည်ဟု မြင် ကြောင်း ဆွေးနွေး ဖြစ်ခဲ့ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဘဲ ဒီမိုကရေစီလမ်း ကြောင်းလျှောက်သည်ဆိုသည်မှာ သဘာဝ မကျ လှ။ ထိုသို့ ဒီမိုကရေစီခရီး ချီတက်ရာ တွင်ခေါင်းဆောင်နိုင်မည့်သူမှာ ဒေါ်အောင် ဆန်းစုကြည်သာရှိကြောင်း၊ ပြည်သူက လည်း ဒေါ်အောင်ဆန်းစုကြည်၏ အနှစ် ၂၀ ကျော် အနစ်နာခံမှုများကြောင့် စိတ် ချယုံကြည်ပြီး ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှုနောက်သို့ NLD ပါတီက တက်တက်ကြွကြွပါဝင်ခဲ့သလို ပြည်သူလူထုကလည်း ဒီမိုကရေစီရရှိရေး တိုက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုကိုသာ အလေးအနက် လက်ခံယုံကြည်ထားသဖြင့် ယနေ့အချိန် တွင် ကျွန်တော်တို့သည် စစ်အာဏာရှင် စနစ်ဖြိုလှဲရေး နှင့် ဒီမိုကရေစီရေးအတွက် တိုင်းရင်းသားညီအစ်ကိုများနှင့် အတူလက် တွဲကာ ဒေါ်အောင်ဆန်းစုကြည်ခေါင်း ဆောင်မှုနောက်သို့ လိုက်ပါကြရမည်ဖြစ် သည်။ သွေးစည်းညီညွတ်ကြဖို့နှင့် သွေး မကွဲကြဖို့ လိုအပ်နေပါသည်။ စစ်အာ ဏာရှင်တို့၏ လက်ပါးစေများကမူ ဒီမိုကရေစီလမ်းကြောင်းကို ဟန့်တားဆန့်ကျင် ကြပေမည်။ စည်းလုံး ညီညွတ်မှုကို အား ပြတ်စေအောင်လည်း သွေးခွဲလာကြပေမည်။ အနုနည်းအကြမ်းနည်းများဖြင့် ပန်း တိုင်မ ရောက်အောင် တားဆီးလာကြမည် ဟု ပြောဆိုဖြစ်ပါသည်။ အားလုံးကလည်း တစ်သဘောထားတည်းဖြင့် အပြန် အလှန် ဆွေးနွေးကာ ခွဲခွာခဲ့ကြလေသည်။ ဘုရား လည်းဖူး၊ လိပ်ဥလည်းတူး ဆိုသည့်အတိုင်း ကျွန်တော်တို့သည် သွားရောက်ခဲ့သော ခရီးစဉ်တွင် ရှမ်းပြည်နယ်တောင်ပိုင်းမှ ဒီမိုကရေစီ လှုပ်ရှားတက်ကြွ သူများ၊ NLD ရဲဘော်များနှင့်တွေ့ဆုံခဲ့ရသည်ကို မမေ့နိုင် စရာခရီးစဉ်တစ်ခုအဖြစ် မှတ်ယူထားခဲ့ပါ သည်။
မြန်မာသံတော်ဆင့်သတင်းဌာန

Angelina Jolie shares a joke with tribeswoman on World Refugee Day

Angelina Jolie (R), special envoy of the United Nations High Commissioner for Refugees (UNHCR), visits ethnic Karenni refugee Baw Meh, 75, and Baw Meh's family from Myanmar on World Refugee Day, at Ban Mai Nai Soi refugee camp, located approximately 2 km (1.2 miles) from the Thai-Myanmar border, in the province of Mae Hong Son. Reuters/UNHCR/R. Arnold/Handout via Reuters

သံဃာတော်ငါးပါး
ပြန်ပေးဆွဲသွား
လွတ်သွားဖို့အရေး
အာမခံလဲပေး
ငွေသိန်းတစ်ထောင်နဲ့ရွေး
ငွေကြေးပေး ရွေးရတဲ့
ပြန်ပေးအဆွဲသန်တဲ့ ဒီနိုင်ငံ…။

ငွေမျက်နှာကလွဲ
ဘယ်သူ့မျက်နှာမှမကြည့်ဘဲ
အတင့်ရဲတဲ့ မိစ္ဆာတတွေ
နေရာတကာ အသာနေတော့
အသေနာမှာ မသိကြဘူးပေါ့။

ဝေလေလေ..အို မိစ္ဆာတို့ရေ
ငရဲပြည်မှာ နှစ်တသောင်းနေ
ငရဲအရသာ ခံကြည့်ပေါ့လေ
အလိုက်ထိုက်နေ ကြိုက်ပါစေ…။

တက္ကသိုလ်ဘုန်းကြွယ်(ဇွန် ၂၀ ၁၄)

မဇ္ဈိမ။ ။ သာသနာတော် ညှိနွမ်းစေသည့် ပုဒ်မများဖြင့် စွဲဆိုကာ လူဝတ်လဲပြီး ဖမ်ဆီးခံရသည့် လန်ဒန်ဆရာတော် အပါအဝင်သံဃာငါးပါးလွှတ်မြောက်ရေးကို သရုပ်ဆောင်များဖြစ်သည့် ခင်သန်းနွယ်၊ လှလှမိုး၊ မိုးမင်းအပါအဝင် လူပုဂ္ဂိုလ်၁၀ဦးက ဇွန်လ ၂၀ရက်က တာမွေမြို့နယ် တရားရုံးတွင် အာမခံငွေ ကျပ် သိန်း၁၀၀၀ပေးခဲ့ခြင်း ဖြစ်သည်ဟု ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောသည်။

သံဃာများဘက်က အမှုလိုက်ပါ ဆောင်ရွက်ပေးခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးအေးကိုကလည်း “သံဃာတော်တွေကို လူပုဂ္ဂိုလ်တွေ အနေနဲ့ တရားစွဲထားတာဖြစ်လို့ ဆရာတော်တွေက အာမခံပေးလို့မရပါဘူး၊ လူပုဂ္ဂိုလ်တွေကပဲ အာမခံ လိုက်လို့ရတယ်။ သံဃာတော် တစ်ပါးကို ပုဒ်မနှစ်ခုစီနဲ့ တရားစွဲဆိုထားတာဖြစ်လို့ သံဃာတပါးကို ကျပ်သိန်းနှစ်ရာစီ အာမခံလိုက်ပေးရတယ်၊ လူပုဂ္ဂိုလ်၁၀ဦးက ပိုင်ဆိုင်မှုတွေပြပြီး တစ်ဦးကို သိန်းတရာဖြင့် အာမခံလိုက်ပေးခဲ့တာပါ၊ သံဃာငါးပါးဆိုတော့ သိန်းတထောင်အာမခံထားခဲ့ရတယ်” ဟု
ပြောသည်။

ဆရာတော်ငါးပါးကို သာသနာတော် ညှိုးနွမ်းစေသည့် ပုဒ်မများဖြစ်သည့် သံဃာဝိနိစ္ဆယ ပုဒ်မ ၁၄၊ ပုဒ်မ ၂၉၅တို့ဖြင့် အရေးယူထားခြင်းဖြစ်ပြီး ပုဒ်မ တစ်ခုကို သိန်း၁၀၀ဖြင့် တစ်ပါး သိန်း၂၀၀ အာမခံ ပေးရခြင်း ဖြစ်သည်။

လန်ဒန်ဆရာတော်ဦးဥတ္တရက “ဘယ်သူ့က အမိန့်ချခိုင်းသလဲ၊ မဟနက တာဝန်ရှိတယ်ဆိုရင်လည်း တာဝန်ယူပြီး ဖြေရှင်းပေါ့၊ သာသနာကိုညှိုးနွမ်းအောင်မလုပ်ခဲ့ဘူး၊ ဘုန်းကြီးကို အထင်သေးအောင် ပြောတဲ့သူ အခြေအမြစ်မရှိဘဲပြောတဲ့သူသာ သာသနာကို ညှိုးနွမ်းအောင်လုပ်တာဖြစ်တယ် ”ဟု တရားရုံးချိန်းအပြီး မီဒီယာများကို မိန့်ကြားသည်။

အာမခံ ရရှိခဲ့၍ ဇွန်လ ၂၀ရက် ညနေပိုင်းတွင် တာမွေမြို့နယ် သုံးထပ်ကျောင်း၌ သိက္ခာတော် ပြန်ထပ်ကာ သင်္ကန်းစီးခဲ့ပြီး ထိုကျောင်း၌ပင် သီတင်းသုံးမည်ဖြစ်သည်။ ဆရာတော်ငါးပါးမှာ သင်္ကန်းဝတ်ဖြင့် ဆက်လက်တရားရင်ဆိုင်ရမည်ဖြစ်ပြီး ဇွန်လ ၂၇ရက်တွင် တာမွေ တရားရုံးတွင် ပြန်လည် တရားရင်ဆိုင်ရမည် ဖြစ်သည်။

သံဃာငါးပါးကို ဇွန်လ ၂၀ရက် နံနက် အင်းစိန်အကျဉ်းထောင်မှ လူဝတ်ဖြင့် ရုံးထုတ်လာပြီး တာမွေတရားရုံး တွင် နံနက် ၁၀နာရီမှ ညနေ၄နာရီအထိ စစ်ဆေးခဲ့သည်။

တရားရုံးသို့ ရွှေညဝါဆရာတော်၊ ဦးဝီရသူ၊ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခတို့နှင့် တာမွေမြို့နယ်၊ သင်္ကန်းကျွန်းမြို့နယ်၊ သန်လျင်မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ ဆရာတော်များလည်း ကြွလာပြီး သက်သေအဖြစ် လိုက်ပါ ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံတွင် အကျဉ်းထောင်၊ ဆေးရုံများထဲတွင် ဗုဒ္ဓတရားတော်များ ဟောပြောခြင်း၊ တရားပြခြင်းတို့ ဆောင်ရွက်ရန် သမ္မတ၊ ၀န်ကြီးများနှင့် သဘောတူညီမှုရထားပြီးဖြစ်၍ မြန်မာပြည်သို့ ခေတ္တပြန်လာခြင်းဖြစ်သော်လည်း လက်ရှိတွင် အဆိုပါလုပ်ငန်းများကို ရပ်ဆိုင်းထားမည်ဟု လန်ဒန်
ဆရာတော် ဦးဥတ္တရက မိန့်သည်။

မဟာသန္တိသုခကျောင်းတိုက် ပိုဆိုင်မှုအပေါ် လန်ဒန်ဆရာတော်ဦးဥတ္တရက “ဘုန်းကြီးက နိုင်ငံခြားသားလည်းဖြစ်လို့ တို့ပိုင်တာလည်းမဟုတ်ဘူး၊ ပီနန်ဆရာတော်ကြီးရဲ့သဘောပါပဲ" ဟုမိန့်ကြားသည်။

လန်ဒန် ဆရာတော် ဦးဥက္ကရ အပါအဝင် သံဃာငါးပါး တာမွေတရားရုံးတွင် တရားရင်ဆိုင်နေချိန်တွင် ဆရာတော်များ ပြန်လည် လွတ်မြောက်ရေးအတွက် လူ ၃၀၀ခန့်က တရားရုံးအပြင်မှ ကြွေးကြော်သံများဖြင့် တောင်းဆိုခဲ့သေးသည်။

“ပိုက်ဆံများလို့ ပိုင်တယ်ဆိုရင်လည်း လှူတယ်ဆိုတာ ဘာလဲ”

ဦးဥတ္တရကို သာသနာညှိုးနွမ်းစေတယ်လို့ပြောတယ်။ သူတို့လုပ်တဲ့ဟာကျတော့ ဗုဒ္ဓဘာသာတွေရဲ့ရင်ထဲမှာ ကြိမ် မီးအုံးသလိုဖြစ်ပြီးတော့ မခံမရပ်နိုင် ဖြစ်နေတာကျတော့ရော ဘယ်လိုလုပ်ပေးမှာလဲ။ သူတို့ဥပဒေနဲ့ ပြောမယ် ဆိုရင်တော့ ဘုန်းကြီးလေးတွေကသာ အာဂန္တုနဲ့နေပြီးတော့ ဖမ်းသွားတယ်။ အဲဒါ အကြည်ညို ပျက်စေ တယ်ဆိုတော့ လူထုတ်ပစ်လိုက်ရင် သူတို့လုပ်တဲ့အလုပ် ဆိုရင်တော့ . . .
မဟာသန်္တိသုခကျောင်းတော်ကြီးအား ၀င်ရောက်သိမ်းဆည်း ချိပ်ပိတ်ခံရပြီး နောက် အဆိုပါကျောင်းတော်အား ပီနန် ဆရာတော်နှင့် တပည့်ဒါယကာ၊ ဒါယိကာများ ၏ လှူဒါန်းငွေမှာ ကျပ်သိန်း ၁၀၀၀ သာရှိပြီး ကျန်သည့် ကုန်ကျစရိတ်များမှာ အခြား သူများ လှူဒါန်းထားခြင်းဖြစ်ကြောင်း၊ ကျောင်းတော်ကြီးအား လှူဒါန်းရာတွင် လည်း တစ်ဦးတစ်ယောက် ကလှူဒါန်းခြင်းမဟုတ်သလို တစ်ဦးတစ်ယောက်အား လှူဒါန်းခြင်း မဟုတ်ကြောင်း၊ သို့အတွက် တစ်ဦးတည်း ပိုင်ဟု ပြောနေခြင်း မှာ မေးခွန်းပြန်ထုတ်ရ မည်ဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ တစ်ဦးက ပြော ဆိုရေး သားမှုများ ရှိလာသည်။
ထို့ပြင် ပီနန်ဆရာတော်ကြီးမှာလည်း ၂၀၀၇ သံဃာ့အရေးအခင်းကာလက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန)နှင့် စင်ပြိုင်သဖွယ်ဖြစ်နေသည့် သံဃာ့ ဦးသျှောင်အဖွဲ့အား ပြည်ပ၌ခေါင်းဆောင် ထူထောင်ခဲ့ သည့် အပြင် အစိုးရအား ဝေဖန် တိုက်ခိုက်ခဲ့မှုအပေါ် အာဏာပိုင်များက အငြိုးထားကာ မဟာသန်္တိသုခကျောင်းတော် ကြီးအား ဆရာတော်ကြီး ဂျပန်နိုင်ငံသို့ ကြွရောက်နေခိုက် သိမ်းဆည်းခြင်း ဖြစ် ကြောင်းလည်း သုံးသပ်မှုများ ဖြစ်ပေါ်လျက် ရှိသည်။ ထို့ကြောင့် သာသနာရေးဘက်မှပြောဆိုရေးသားမှုများ၊ မဟာသန်္တိသုခ ကျောင်း တော်ကြီး ၀င်ရောက်သိမ်း ဆည်းသိမ်းပိုက်ခံ ရမှုများ၊ ကျောင်းရှိ သံဃာတော်ငါးပါးအား လူဝတ်လဲ ထောင် ချခြင်းများအပေါ် ပီနန် ဆရာတော် ဦးပညာဝံသ၏ အမြင်သဘော ထားများကိုသိရှိနိုင်ရန် မြန်မာသံတော်ဆင့်မှ ယခုကဲ့သို့ မေးမြန်းလျှောက်ထား ခဲ့သည်များအား ဖော်ပြ လိုက်ပါသည်။ …

မြန်မာသံတော်ဆင့်သတင်းအဖွဲ့
သာသနာရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိ တစ်ဦးက ““မဟာသနိ္တသုခ ကျောင်းတိုက်ပိုင်ဆိုင်မှုအတွက် သာသနာ့ အသက်ဝိနည်း တရားတော် ကို ဖျက်ကြမည် လော””ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ရေးသား ထားပါတယ် ဘုရား။ အဲဒီအထဲမှာ လက်ရှိ မဟာသနိ္တသုခကျောင်းတော် ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ အခုကျောင်းတော်ကြီးကို တည်ဆောက်ရာမှာ ကျပ်သိန်းပေါင်း ၁၀၀၀၀ ကုန်ကျပြီး ဆရာတော်ကြီးရဲ့ တပည့်သံဃာတွေက လှူဒါန်းထား တာ ကျပ်သိန်း ၁၀၀၀ ပဲရှိကာ ကျန်တာက အစိုးရဌာနတွေ၊ တခြားအလှူရှင်တွေက လှူဒါန်းထားတာ ဖြစ် ကြောင်း၊ ဒါဟာ တစ်ဦးတစ်ဖွဲ့တည်းက လှူဒါန်းထားတာ မဟုတ်သလို တစ်ဦးတစ်ယောက်အတွက် ရည်ရွယ် တာမဟုတ်၊ သာသနာအတွက် လှူတာ ဖြစ်လို့ ဘာကြောင့်တစ်ဦးတည်းပိုင် ပြောဆိုနေခြင်းအပေါ် မေးခွန်း ထုတ်စရာ လို့ပြောဆိုပါတယ်။ ဒီအပေါ်မှာ ဆရာတော်ဘုရား ဘယ်လိုမိန့်ကြား ချင်ပါသလဲ ဘုရား။
မြေဂရန်ပေးတဲ့အခါမှာ ဘုန်းကြီး နာမည်နဲ့ပေးထားတာ။ စာချုပ်ကလည်း မဟာသနိ္တသုခ ပီနန်ကျောင်း ဆရာတော်လို့ ပေးထားတာလေ။ သာသနာရေးဌာန ကလည်း စိတ်များ ကောင်းတောင်ကောင်း သေးရဲ့လားလို့ မေးကြည့်ပါဦး။ အလှူ လှူတာရယ်၊ လှူတဲ့လူရယ်၊ အလှူခံတဲ့ သူရယ်မှာ ပိုက်ဆံများလို့ သူပိုင်တယ်ဆို ရင် ကျောင်းဒကာတွေက အဲဒီကျောင်းကို သူတို့ပိုင်သွားမှာပေါ့။ တို့ဗုဒ်္ဓဘာသာထုံးစံ အရ ပြောတာပါ။ သာသနာ ရေးဌာနက ဗုဒ္ဓဘာသာမဟုတ်လို့ ဗုဒ်္ဓဘာသာထုံးစံ မသိတာလား၊ နည်းတာများတာက အဓိ ကလားလို့ မေးခွန်း ထုတ်စရာတွေ ဖြစ်နေတာပေါ့။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကျောင်းဆိုရင် သူတို့က ပိုက်ဆံတစ်ပြားမှာလည်း မပါဘူး။ သူတို့ဘာမှပြောသံလည်း မကြားဘူး။ အဲဒါတွေကျတော့ ဘာမှလုပ်သံ မကြားဘူး။ သူတို့ဘာသာသူတို့ ဇာတ် ထုပ်လုပ်ပြီးပြောနေတာပါ။ သဘောပေါက် ဖို့လိုတာက သာသနာရေး ဌာနက လူတွေက ဆရာတော်ကြီး က ပြောတယ်လို့ မင်းတို့တွေ စိတ်မှကောင်းသေးရဲ့လားလို့။ အလှူခံတဲ့လူနဲ့ အလှူပြုတဲ့သူက ပိုင် တယ်ဆို လည်း ယူကြပေါ့လို့။ ဘာမှပြော စရာမရှိပါဘူး။ ပိုက်ဆံများလို့ပိုင်တယ် ဆို ရင်လည်း လှူတယ်ဆိုတာ ဘာလဲ လို့လည်း မေးကြည့်ချင်ပါတယ်။ လှူတာနဲ့ ပေးတာ နဲ့တောင် မကွဲသေးဘူးလားလို့၊ သာသနာ ရေးဌာနလုပ်ပြီး ဒီလောက်လေးတောင် မသိရဘူးလားလို့ ဆရာတော်ကြီးက ပြော တယ်လို့လည်း ပြောလိုက်ပါဦး။

နောက်ပြီး ဒီကျောင်းတော်ကို အရင် ဗိုလ်ချုပ်ကြီးခင်ညွန့်က မဟနအဖွဲ့ကိုအပ် နှံလှူဒါန်းပါသည်ဆိုတဲ့ သတင်းစာ ဖြတ်ပိုင်းနဲ့ စာတွေကိုလည်း အကျယ်တ၀င့်ရေး သားထားပါတယ်။ ပြီးတော့ ဒါဟာဝိနည်း တော်အရ မှန်ကန်တဲ့ အလှူခံမှုလို့ ဆိုထားပါတယ်။ ဒါပေမဲ့ တပည့်တော်တို့သိထား တာက ဒီကျောင်းရဲ့မြေကအစ စင်ကာပူ ပီနန် ကျောင်းတော်ဆိုပြီး ကျထားတာပါ။ ဒီအပေါ်မှာ ဆရာတော် ဘယ်လိုများမိန့် ကြားချင်ပါသလဲ။
သူ ကျောင်းရေစက်ချ လှူထားတယ် ဆိုတာက ၁၉၉၉ ခု၊ ဒီဇင်ဘာ ၁၈ရက်က ရေစက်ချတယ်လေ။ နောက် တစ်ခါ ၂၀၀၂ ခုနှစ်မှာ ဗိုလ်ချုပ်ခင်ညွန့်က ရေ စက်ချလှူတယ်ဆိုတာက ဘုန်းကြီး မရှိပါ ဘူး။ သူ့ဘာသာ သူလှူလား၊ မလှူလား လည်း ဘုန်းကြီးမသိပါဘူး။ သူတို့ပြော တာပဲလေ။ ၂၀၀၂ ခုနှစ်မှာ သူတို့ကိုလှူ တယ်လို့ ပြောတယ်။ အဲဒီအတွင်း သူတို့ ပိုင်တယ်လို့ ပြောပြန်တယ်။ ၂၀၀၄ခုနှစ် ကျတော့ ဗိုလ်ချုပ်ခင်ညွန့်က ၀န်ကြီး ချုပ် ဖြစ်သွားပြီ။ အဲဒီအခါ ဘုန်းကြီးဆီစာရေးတယ်။ အရှင်ဘုရား မကြွတာကြာတော့ တပည့်တော် သတိရနေ ပါတယ်တဲ့။ ဒီကျောင်းက အစိုးရဘက်က သိမ်းတာ မဟုတ်ပါဘူးတဲ့။ ဒါပေမဲ့ ဆရာတော် မရှိ တော့ အုပ်ချုပ် ရေးတွေ အဆင်မပြေလို့ သံဃနာယကကို ခဏအပ်ထားရပါတယ် တဲ့။ အရှင်ဘုရား ပြန်ကြွလာရင် အရင် အတိုင်းပါပဲတဲ့။ အဲဒါ ခင်ညွန့်ရေးတာပဲ။ ၂၀၀၄ ခုနှစ်က စာပို့ခဲ့တာပါ။

နောက်တစ်ခုက ဆရာတော်ဟာ ၂၀၀၇ ရွှေဝါရောင်တုန်းက ပြည်ပမှာ သံဃာ့ဦးသျှောင်အဖွဲ့ကို တည်ထောင်ပြီး မဟနကို တိုက်ခိုက်ခဲ့လို့ အခုလိုမျိုးကျောင်း တော်ကို သိမ်းတာလို့ ပြောဆိုနေကြပါ တယ်။ ဒီတော့ သံဃာ့ ဦးသျှောင် အဖွဲ့ကို ဘယ်လိုရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တယ် ဆိုတာနဲ့ အခုလိုကျောင်းတော်အသိမ်းခံရ မှုအပေါ် ဆရာတော်ရဲ့သဘောထားကို မိန့်ကြားပေးပါ ဘုရား။
ဦးသျှောင်အဖွဲ့က ဘာလို့လုပ်လဲဆို ရင် ဘုန်းကြီးလည်း တစ်ခါမှ နိုင်ငံရေးလုပ် တဲ့ ဘုန်းကြီးမဟုတ်ဘူး။ ဘုန်းကြီးသာ သနာပြုဖို့ပဲ နိုင်ငံခြားမှာနေတာ။ နိုင်ငံ တကာမှာ ကျောင်းပေါင်း ၂၀ကျော်ရှိ တယ်။ တစ်ခါမှ ကြွားဝါလုပ်တဲ့ဘုန်းကြီး လည်းမဟုတ်ပါဘူး။ ရွှေဝါရောင်မှာ ဘုန်းကြီးတွေကို သတ်ပြုနှိပ်စက်နေတော့ မြန်မာ ပြည်ကနေ ဘုန်းကြီးဆီကို တောင်းဆိုကြတယ်။ မြန်မာပြည်မှာတော့ ဘာမှ တောင်းဆိုခွင့်လည်း မရှိဘူး။ အမြဲတမ်းလန့် နေရပါတယ်တဲ့။ အရှင်ဘုရားတို့က နိုင်ငံ ခြားမှာ သာသနာပြုနေတော့ ကြည့်လုပ် ပေးပါ ဘုရားလို့ တောင်းဆိုတော့ ဘုန်းကြီးလည်း အမှန်တကယ် စိတ်မကောင်းဖြစ်ရ တယ်။ အဲဒါကြောင့် သံဃာ့  ဦးသျှောင်ဆို ပြီး လုပ်တာပါ။ အဲဒီတော့ သံဃနာယကက အဲဒီလိုလုပ်တဲ့အချိန်အခါမှာ အစိုးရနဲ့ပြည် သူတွေ ကြားမှာ ဘာလုပ်ဆောင်ပေးသလဲ။ သာသနာအတွက် ဘာတွေလုပ်ခဲ့သလဲဆို တာတော့ ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ ဆုံးဖြတ်ကြပေါ့။

ကျောင်းတော် သိမ်းဆည်းမှုမှာ သံဃာတော်တွေဘက်က မလုပ်သင့်ကြောင်း တစ်သံတည်းထွက်လာပေမယ့် မဟနဘက်က တရားဝင်ထုတ်ပြန်ကြေညာတာ တစ်စုံတစ်ရာ မရှိသေးတဲ့အပေါ်မှာကော ဘယ်လိုများ မိန့်ကြား ချင်ပါသလဲ ဘုရား။
ဒီကျောင်းကို သူတို့ပိုင်တယ်ဆိုတာက ဘာစာချုပ်စာတမ်းရှိလဲဆိုတာလည်း မေး ကြည့်ပါဦး။ စာချုပ်စာတမ်းနဲ့ ပြောမှ ကောင်းမှာပေါ့။ ရေစက်ချတာနဲ့ ပိုင်တယ် ဆိုရင်တော့ ဘုန်းကြီးလည်း ရေစက်ချတာ နဲ့ပိုင်မှာပဲ။ မီဒီယာ တွေလည်း ရေစက်ချ တာနဲ့ပိုင်မှာပဲ။ ထားပါတော့။ ဒီကိစ်္စနဲ့ ပတ်သက်ပြီး မဟနဘက်က ဘာမှမပြော ဘူးဆို တော့ သူတို့မှာ ဘာပြောစရာ ရှိလို့လဲ။ လုပ်တဲ့ဟာတွေကလည်း ဦးဥတ်္တရကို သာသနာညှိုးနွမ်းစေတယ်လို့ ပြောတယ်။ သူတို့လုပ်တဲ့ဟာကျတော့ ဗုဒ်္ဓဘာသာတွေ ရဲ့ရင်ထဲမှာ ကြိမ်မီးအုံးသလိုဖြစ်ပြီးတော့ မခံမရပ်နိုင်ဖြစ် နေတာကျတော့ရော ဘယ် လိုလုပ်ပေးမှာလဲ။ သူတို့ဥပဒေနဲ့ပြောမယ် ဆိုရင်တော့ ဘုန်းကြီးလေးတွေကသာ အာဂန္တုနဲ့ နေပြီးတော့ ဖမ်းသွားတယ်။ အဲဒါ အကြည်ညိုပျက်စေတယ်ဆိုတော့ လူထုတ် ပစ်လိုက်ရင် သူတို့ လုပ်တဲ့ အလုပ်ဆိုရင် တော့ သူတို့သံဃနာယကဥပဒေနဲ့ ပြောရ မယ်ဆိုရင်တော့ သေဒဏ်တောင် ပေးဖို့ ကောင်းတာပေါ့။

အခုလက်ရှိ သံဃမဟာနာယကအဖွဲ့ ကလည်း ကျောင်းတော်ကြီးနဲ့ ပတ်သက် လို့ စိတ်မကောင်းဖြစ်နေရတယ် ဆိုတာ တွေကြားရပါတယ်။ ဒီတော့ အခုကျောင်း တော်ကိုသိမ်းပြီး သံဃာတော်တွေကို ဖမ်း ဆီးတဲ့အပေါ် မဟနအနေနဲ့ ဘယ်လိုမျိုး ရပ်တည်သင့်တယ်လို့ ဆရာတော် မိန့်ချင် ပါသလဲ။
မဟာနာယကလည်း ဒီဘုန်းကြီး၃ပါး ပဲ ဦးစီးပြီးလုပ်တာပါ။ ကျန်တဲ့ဘုန်းကြီး တွေကမသိရပါဘူး။ သူတို့ ၂ပါး၊ ၃ပါးနဲ့ အံ့မောင် လူလေး ၂ယောက်၊ ၃ယောက် တို့ သာသနာရေးဌာနကလူတွေ ပေါင်းပြီး အခုလိုလုပ်တာ။ ဘုန်းကြီး ပြောချင်တာက မပါတဲ့ ဆရာတော်တွေကကောင်းပါတယ်။ သို့သော်လည်းပဲ မပါဘဲနဲ့ အမိန့်ထုတ်တဲ့ အခါကျတော့ ၄၇ပါးအမိန့်ဆိုတော့ သူတို့ မပြောပေမယ့်လည်း ဘုန်းကြီးသဘော ပေါက်တယ်။ ဒါပေမဲ့ စာထွက် လာတာက ၄၇ ပါးအမိန့်ဆိုတော့ ကေအသာအေငခ ကိုမှားနေ တာပေါ့။ အဲဒီဆရာတော်တွေကို ဘုန်းကြီး က သတိပေး တယ်။ ကိုယ့်နာမည်တော့ အလွဲသုံးစားမလုပ်ပါနဲ့။ တကယ်လိုချင်ရင် ပြော။ ဟိုနာမည်တော့ အလွဲသုံးစား မလုပ်နဲ့ ဆိုတော့လည်း သူလိုလို သိပ်ပြောမနေနဲ့ လို့လည်း ဘုန်းကြီးက လျှောက်ချင်ပါတယ်။

ကျောင်းတော်သိမ်းဆည်းမှုမှာ သမ္မတ အကြံပေးဆိုသူ ဦးအံ့မောင်ကြောင့် စီစဉ်မှုတွေလည်း ပါတယ်ဆိုပြီး ဝေဖန်သံတွေရှိပါ တယ်။ နောက်ပြီး ဦးအံ့မောင်ဟာ ၂၀၀၇ သံဃာ့အရေးအခင်းတုန်းကလည်း သံဃာ တော်တွေ ကို ဖြိုခွင်းဖို့ အစီအစဉ်ချပေးခဲ့ သူလို့လည်း ပြောဆိုမှုတွေရှိပါတယ်။ ဒီလို ပြောဆိုမှုတွေ ရှိတဲ့အပေါ်မှာ မဟာသနိ္တ သုခကျောင်းတော်ကြီး သိမ်းခံရတာနဲ့ပတ် သက်လို့ ဆရာတော်ကြီး ဘယ်လိုများ မိန့်ကြားချင်ပါသလဲဘုရား။
အံ့မောင်ဆိုတာက တစ်ကမ္ဘာလုံးသိတဲ့ သာသနာဖျက်တဲ့ကောင်။ အဲဒီသာသနာ ဖျက်တဲ့ကောင်က ဆရာတော် တွေနဲ့ သွားပေါင်းတဲ့အခါကျတော့ ဘုန်းကြီးတွေပါ နာမည်ပျက်နေတာပေါ့။ ဒါကြောင့် ဘုန်းကြီးကလည်း စိတ်မကောင်းပါဘူး။ တို့ ဆရာတော်တွေက အလကားသက်သက် နာမည်ပျက်နေတာပေါ့။ မုဆိုးနားနီးမုဆိုး၊ တံငါနားနီး တံငါဆိုတော့ မကောင်းတဲ့သူ နဲ့သွားပေါင်းတော့ မကောင်းတဲ့စိတ်ဝင်လာ တာပေါ့။ အံ့မောင်က လည်း အဲဒီကျောင်းတွေက စားသောက်နေရတော့ အဲဒီကျောင်းကို အသေရရ အရှင်ရရ လက် မလွှတ်နိုင် ဘဲဖြစ်နေတာ။ အဲဒါ လက်မလွှတ် နိုင်တာကို သူ့အနေနဲ့လုပ်လို့မရတော့ သံဃနာယကဆိုပြီး နာမည်သုံးပြီး တော့ အံ့မောင်က လုပ်နေတဲ့အလုပ်တွေပေါ့။

အခုကျောင်းတော် သိမ်းတဲ့ကိစ္စမှာ ဓမ္မစက်နဲ့လုပ်မရလို့ အာဏာစက်နဲ့ လုပ်တာလို့ သာသနာရေးဘက်က ပြောဆိုတာတွေရှိပါတယ်။ ဆရာတော့်အနေနဲ့ကော ဒီအပေါ်မှာ ဘယ်လိုများမိန့်ကြား ချင်ပါသလဲဘုရား။
ဓမ္မစက်က ဘာဓမ္မစက်လဲလို့၊ သူခိုး ဓမ္မစက်လားလို့၊ ဓမ္မစက်ဆိုတာက တရားသဖြင့် လုပ်တာကိုပြောတာလေ။ မဟာ သနိ္တသုခကို သံဃနာယကကလည်း သူပိုင်တယ်ပြောတယ်။ ဘုန်းကြီးကလည်း ပိုင်တယ်ပြောတယ်။ ဒီကျောင်းကိုတက် သိမ်းဖို့လည်း မလိုပါဘူး။ စိစစ်ပေါ့။ ဘယ် သူကမှန်လဲ။ ဘယ်သူ့မှာ စာချုပ်စာတမ်း ရှိလဲ။ ဘယ်သူ့မှာ မရှိလဲ။ အခုတော့ အဲဒီလိုလုပ်တဲ့အတွက် အာဏာစက်ရော၊ ဓမ္မစက်ရော ဆိုတာသိရဲ့လား။ အာဏာရှင် ဓမ္မစက်၊ အာဏာရှင် အာဏာရှင်စက်ပဲ ဖြစ်မှာပဲ။ ဒီမိုကရေစီ ဓမ်္မစက်၊ ဒီမိုကရေစီ အာဏာစက် တော့ဖြစ်မှာ မဟုတ်ဘူး။ သူတို့မဟုတ်တာ လုပ်တာကို ခံနေရမှာ လား။ မြန်မာပြည်ကတော့ ခံပေါ့ကွာ။ သူတို့ပြောမှပဲ ကြားဖူးတော့တယ်။

လက်ရှိ သိမ်းဆည်းခံထားရတဲ့ ကျောင်းတော်နဲ့ ပတ်သက်လို့ ဘယ်လိုပုံ စံမျိုး ဖြေရှင်းသင့်တယ်ဆိုတာ မိန့်ကြား ပေးပါဦးဘုရား။
အငြင်းပွားနေကြတယ်ဆိုတော့ ၀ိနိစ္ဆယရုံးမှာပဲဖြစ်ဖြစ်၊ တရားရုံးမှာပဲဖြစ်ဖြစ် ဖြေ ရှင်းဖို့လိုတာပေါ့။ ဘယ်သူက အမှန်လဲ၊ ဘယ်သူကမှားလဲ၊ မှားတဲ့လူက ပေးလိုက် ပေါ့။ သံဃနာယကမှာလုပ်မယ်ဆိုတော့ သံဃနာယက က မဟုတ်တဲ့ ၀ိနည်းတွေနဲ့ လျှောက်ပြောနေတော့ ဘယ်သူကလက်ခံ မလဲ။ စာချုပ်စာတမ်းနဲ့ပတ်သက်တာ ဆို တော့ တစ်ဖက်သတ်ဆုံးဖြတ်လို့တော့ မရ ဘူးပေါ့။ မှန်ကန်တဲ့လူကို အနိုင်ပေးလိုက် ပေါ့။ ဒါက လွယ်လွယ် လေးပါ။ အလယ်က တရားသူကြီး လုပ်တဲ့သူကတော့ မှန်ကန်ဖို့ လိုတာပေါ့။ ဘယ်သူ့ဘက်မှ မလိုက်နဲ့ပေါ့။ သံဃနာယကကလို ငါအကြီးဆုံး။ ငါလုပ်ချင်တာလုပ်မယ်ဆိုတာတော့ ဘုန်းကြီးက လက်မခံဘူးလေ။

ကျောင်းတော်သိမ်းဆည်းခံရတာ ကြောင့် သံဃာ့အရေးအခင်းဖြစ်မှာကိုလည်း စိတ်ပူပန်တာတွေရှိနေပါတယ် ဘုရား။ ဒီအပေါ်မှာကော ဘယ်လိုမျိုး မိန့်ကြားချင်ပါသလဲ ဘုရား။
အဲဒါကတော့ အုပ်ချုပ်ရေးကင်းမဲ့နေတာမှ မဟုတ်ဘဲလေ။ အုပ်ချုပ်ရေးလုပ်တဲ့ အစိုးရက ဒီကိစ္စကို တရား သဖြင့် လုပ်ပေး ပေါ့။ ဒါက အုပ်ချုပ်တဲ့လူတွေရဲ့ တာဝန်ပဲ။ တရားသဖြင့် မလုပ်ရင်တော့ အရေးအခင်း ကြီးဖြစ် သွားမှာပေါ့။ အုပ်ချုပ်တဲ့သူတွေက ဘက်လိုက်နေရင်တော့ ဒါ အရေးအခင်း ဖြစ်သွားမှာ သေချာတာပေါ့။ အရင်တုန်းက ရခိုင်မှာဖြစ်တဲ့ကိစ္စတွေ၊ မိတီ်္ထလာမှာ ဖြစ်တဲ့ကိစ္စတွေလို ဗုဒ္ဓဘာသာနဲ့ရော၊ မွတ်ဆလင်နဲ့ ရောဘာမှမဆိုင်ဘူး။ သေချာ မရှင်းတဲ့အခါကျတော့ မြန်မာ-မွတ်ဆလင် အဓိကရုဏ်းဖြစ်သွားတာပေါ့။ ဒါကိုအုပ် ချုပ်တဲ့သူတွေ သဘောပေါက်ပြီး မှန်မှန် ကန်ကန်ဖြေရှင်းပေးဖို့တော့ လိုတာပေါ့။

မဟာသနိ္တသုခကျောင်းတော်နဲ့ ပတ် သက်လို့ တပည့်တော် မမေးမိတာထဲက ဖြည့်စွက် မိန့်ကြားချင်တာများရှိရင် မိန့် ကြားပါဦးဘုရား။
သမ္မတဆီကို ဘုန်းကြီးအနေနဲ့ မေတ္တာရပ်ခံဖို့ စီစဉ်ထားတယ်။ သမ်္မတနဲ့ တကွ ဒီမိုကရေစီပြောင်းလဲဖို့ ဆောင် ရွက်နေကြတဲ့ ဦးသျှောင်တွေကို အခုလိုဖြစ်ပျက်နေ တဲ့ဟာတွေကို အမြန်ဆုံးဖြေရှင်းပေးဖို့ပေါ့။ မဖြေရှင်း ရင်တော့ ဒီမိုကရေစီက အန္တရာယ် ဖြစ်နေတယ်ဆိုတာကို ဘုန်းကြီးကမေတ္တာ ရပ်ခံဖို့ စာရေးနေ ပါတယ်။ သမ္မတကို အဓိကထားပြီးတော့ပေါ့။ နေပြည်တော်ကို စာပို့ဖို့ ဘုန်းကြီးရေးနေပါတယ်လို့ ပြော ချင်ပါတယ်။
 မြန်မာသံတော်ဆင့်

ယနေ.နေ.လည်က ဆရာတော်များအားတာမွေတရားရုံးတွင်ဆွမ်းကပ်နေပုံ
မဟာသန္တိသုခကျောင်းတော်ကနေ ဖမ်းဆီး လူဝတ်လဲပြီး တရားစွဲဆိုခံရတဲ့ အင်္ဂလန်ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာ(၅)ငါးပါး ညနေ ၄ နာရီကျော်က အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဇွန်လ ၁၁ ရက် မနက်အစောပိုင်းက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်းကနေ အင်အားသုံး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာတော် ၅ ပါးကို သာသနာတော်ညှိုးနွမ်းစေမှုနဲ့ တရားစွဲပြီး တာမွေမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့တာပါ။ သံဃာတပါးချင်းဆီကို အာမခံကြေး ကျပ် သိန်း (၂၀၀) စီနဲ့ ငါးပါးအတွက် အာမခံကြေး သိန်း (တစ်ထောင်) ပေးခဲ့ကြရပါတယ်။

ညနေငါးနာရီခန့်မှာ အာမခံနဲ့ပြန်လည်လွတ်မြောက်လာတဲ့ ဒီကိုယ်တော်တွေဟာ မဟာသန္တိသုခကျောင်းအနီးက သုံးထပ်ကျောင်းမှာ သင်္ကန်းပြန်ဝတ်ခဲ့ကြပါတယ်။

ဓာတ်ပုံ -ကျော်ဇေယျာဝင်း (DVB), Kyaw Swar Myint

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.