06/27/14

ဟိုးတုန်းက အောင်မြင်နေတဲ့ တက်သစ်စ အဆိုတော် လေးဖြူဟာ
"ပါဝါ ၅၄" ဆိုတဲ့ အမည်နဲ့ စီးရီးတစ်ခွေထုတ်ဖူးတယ်။
ဘာကြောင့်ရယ်မှန်းမသိ .. သိပ်မကြာခင်ပြန်သိမ်းသွားခဲ့တယ်
ဆယ်ကျော်သက်တွေကြား ပါဝါ ဆိုတာ စွမ်းအား ဆိုတဲ့ အဓိပ္ပါယ်လောက်ကို သိကြပေမယ့် ၅၄ ဆိုတာဘာမှန်းမသိတဲ့သူတွေကများတယ် ....။

ထားပါတော့ အနုပညာရှင်တစ်ယောက် ကိုယ်ဖေါ်ကြူး ချင်တဲ့အနုပညာကို စိတ်ထဲရှိသလိုဖွင့်ထုတ်လိုက်ချိန်မှာ ၅၄ ဆိုတဲ့ ဂဏာန်းကြောင့် အနှောင့်အယှက်ခံလိုက်ရတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အမှတ် ဖြစ်နေလို့ .... တဲ့။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ 54 ဆိုတဲ့ ဂဏာန်းပြုတ်သွားပြီး "ပါဝါ" ဆိုတဲ့အမည်နဲ့ ပြန်ထွက်လာခဲ့တယ်။ အဲဒီနောက်ပိုင်း ဂီတသမားတွေ ဆံပင်အရှည်မထားနဲ့ဆိုလို့ လေးဖြူဆိုရင် ရွဲ့ပြီး ကတုံးတောင် တုံးပစ်တဲ့အထိ။ အဲဒီကာလက ဗွီစီဒီ သီချင်းတွေဆိုရင် အခုထိတောင် ရှိနိုင်ပါသေးတယ်။ ရှည်နေတဲ့ဆံပင်တွေကို လိုက်ဖျက်ထားတာတွေ အများကြီး။ လှုပ်ရှားနေတဲ့အရုပ်တွေမှာ ဆံပင်ရှည်တွေနဲ့ သီချင်းတွေဆို ဂစ်တာတွေတီး ရိုက်ပြထားသမျှအရုပ်တွေမှာ အဲဒီဆံပင်ရှည်တွေကို ခပ်ဝါးဝါးတွေ လိုက်အုပ်ပြီး ဖျက်ပေးတဲ့သူက အလုပ်အသစ် တစ်မျိုး လုပ်ရတာပေါ့။

အဲဒီလို လူအများစု ဘာမှန်းမသိဘဲ ဆက်စပ်ဖို့တောင် သိပ်မလွယ်ကူတဲ့ ၅၄ ဆိုတဲ့ဂဏာန်းလေးတောင် Public media ပေါ် အရောက်မခံတဲ့ စစ်အုပ်စုဟာ အတိုက်အခံအင်အားစုတွေကိုကျတော့ .. ဆောင်းပါးနဲ့တစ်မျိုး ၊ ရုပ်သံနဲ့တစ်ဖုံ အမျိုးမျိုး အပုပ်ချ တိုက်ခိုက်ခဲ့တယ်။

အဲဒါကို သူတို့အခေါ်တော့ မီဒီယာကို မီဒီယာနဲ့ တိုက်တာ .... တဲ့။

ဦးခင်ညွန့်လက်ထက် မဟာဗုဒ္ဓ၀င် မှာ ဦးဘဥာဏ်ရေးတဲ့ ပန်းချီတွေကို အန်နီမေးရှင်းနဲ့ အသက်သွင်းပြီး နောက်ခံတီးလုံးတွေ ၊ အင်္ဂလိပ်မြန်မာ ၊ ဂျပန် ၊ တရုတ် စတဲ့ ဘာသာလေးမျိုးနဲ့ subtitle ထိုးပြီး ဗုဒ္ဓ၀င်အဖြစ် အခွေထုတ်တော့ သိပ်ကောင်းတဲ့ခွေဗျာ မြန်မာပြည်မှာသာ လူသိပ်မသိလိုက်တာ ... Europe မှာတော့ အတော်လေးကို ပေါက်သွားခဲ့ဖူးတယ်။ အဲဒီမှာ ထူးခြားချက်က သုမေဓါ ရှင်ရသေ့ဘ၀ကနေ လက်ရှိသူအခြေအနေအထိ အထင်ကရ သမိုင်းတွေပါတယ်။ အဲဒီထဲမှာ ဆဌသင်္ဂါယနာ တင်တဲ့အပိုင်းကို ဖျောက်ထားသဗျ။ ဦးနုတင်လို့တဲ့။ ဦးနုတင်တဲ့ သင်္ဂါယနာ မို့လို့တဲ့။

အဲဒါကို သူတို့အခေါ်တော့ မလိုအပ်တဲ့ သမိုင်းတွေကို ဖယ်ရှားတာ ... တဲ့။

နောက်ထပ် အချိုးအကွေ့မှာတော့ ဘုန်းကြီးတွေ ကုန်ဈေးနှုန်းကြောင့် အဆင်မပြေဖြစ်ရတဲ့ ပြည်သူတွေအတွက် လမ်းပေါ်ထွက်ပြီး မေတ္တာပို့စီတန်းလှည့်လည်ကြတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကို တက်စေတဲ့ ကမ္ဘာကျော် မေတ္တာပို့တဲ့ပွဲကြီးတစ်ခုပါပဲ။ ပစ်ဟယ် ခတ်ဟယ် နဲ့ သေတဲ့အထဲ ဂျပန်က သတင်းထောက်တစ်ယောက်တောင် ပါသေးဗျာ။

အဲဒီမှာ ပြည်ပအခြေစိုက်မီဒီယာတွေလည်း ရှိနေပြီမို့ အီလက်ထရောနစ် ဥပဒေ နဲ့ လိုသလို ဆွဲနေတဲ့ အချိန်မှာ citizen journalist တွေက တာဝန်ကျေစွာ ပို့ပေးကြလို့ အဖြစ်မှန်ကို အချို့တွေ သိခွင့်ရကြတယ်။ ညဘက် ကျောင်းတွေ ၀င်စီးတဲ့အကြောင်းတွေ။ ထမီတွေ ချဲစာရွက်တွေ။ အစုံအစုံကို မျိုးစုံအပုပ်ချရင်း မဟန နဲ့ တေ့ပေးခဲ့တယ်။ ဘုန်းကြီးကို ဘုန်းကြီးနဲ့ တိုက်ခဲ့ကြတယ်ဆိုပါတော့။ သန္တိသုခမှာလည်း ဒီအတိုင်းပဲ။ မဟန ရဲ့ရပ်တည်ချက်ဟာ သူလျှိုတွေ ဒလန်တွေ ဘုန်းကြီး ခရိုနီတွေ ပါဝင်နေသလားမှတ်ရလောက်အောင် ဘုန်းကြီးမဆန်တော့တာကြောင့် ပီနန်ဆရာတော်ကြီးအပါအ၀င် နိုင်ငံတကာက ဆရာတော်တွေက မဟန ကို ဆန့်ကျင်ခဲ့ကြတယ်။ သံဃာ ထု အကြား အက်ကြောင်းပေါ်အောင် လုပ်ခဲ့တာ ဘယ်သူတွေမှ မဟုတ်ဘူး ၊ သံဃာတွေကို ဓါတ်တိုင်မှာ ကြိုးတုပ်ပြီး ရိုက်ခဲ့တာ ဘယ်သူတွေမှ မဟုတ်ဘူး ... အခု လက်ရှိ ယူနီဖောင်းပြောင်းထားတဲ့ အစိုးရ နဲ့ လွှတ်တော်ထဲက လူတွေ ရဲ့ စနက်တွေချည်းပဲ။

အဲဒါကို သူတို့အခေါ်ကတော့ ... သံဃာကို သံဃာ နဲ့ တိုက်တာ .... တဲ့။

အမျိုးသားရေးစိတ်တွေ ၊ ဘာသာရေး ယုံကြည်မှု စိတ်တွေ ပြင်းထန်လွန်းတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီ ရှင်သန်ကြီးထွားဖို့ခက်ခဲတယ်ဆိုတာ နိုင်ငံတကာအခြေအနေကို အနည်းငယ်တီးခေါက်မိသူတွေနဲ့ သမိုင်းကို နည်းနည်းပါးပါး စိတ်ဝင်စားတဲ့ စာဖတ်သမားတွေ သိပါတယ်။ ဒီမိုကရေစီ ရှင်သန်လာရင် သူတို့လို ခေါက်ရိုးကျိုးနေတဲ့ အာဏာရှင် စိတ်ဓါတ်ရှိသူတွေ နေရထိုင်ရခက်မယ်ဆိုတာလည်းသူတို့သိတယ်။ ဒါကြောင့် အမျိုးသားရေးဟုန်းဟုန်းတောက်ဖို့ .. ဘာသာရေး ဆတ်ဆတ်ထိမခံဖို့ hate speech တွေကို လွတ်လပ်စွာ ပြောခွင့်ပြုခဲ့တယ်။ ဘာသာစုံနဲ့ ရန်တိုက်ပေးဖို့ ကြိုးစားတယ်။ အထူးသဖြင့် သူတို့ ဂက်စ်တွေ ထုတ်ရောင်းချင်တဲ့ ရခိုင်ပြည်နယ်မှာ အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်ခဲ့တယ်။ သူတို့မဲရဖို့အတွက်လည်း အဲဒီ ရခိုင်ပြည်မှာပဲ ဘင်္ဂါလီတွေကို ယာယီနိုင်ငံသားအဖြစ်ပေးပြီး မဲပေးခွင့်ပြုခဲ့တယ်။

အဲဒါကို သူတို့အခေါ်တော့ ... အမျိုးဘာသာ သာသနာ စောင့်ရှောက်တာ .. တဲ့။

သူတို့ တပြည်လုံးကို မတိုက်ရဲတာ ဆိုလို့ ရိုးသားမှုနဲ့ အမှန်တရားပဲ ရှိတော့ တယ် ....

ရိုးသားမှုကို ရိုးသားမှု နဲ့ သူတို့ မတိုက်ရဲဘူး .....
အမှန်တရားကို အမှန်တရား နဲ့ သူတို့ မတိုက်ရဲဘူး ....

ရိုးသားမှု နဲ့ အမှန်တရားကြားမှာ ရှင်သန်နေခဲ့တဲ့ လူထုခေါင်းဆောင်ကိုသာ လုပ်ကြံဖို့ သူတို့ အချိန်ပြည့်ကြံစည်ခဲ့ကြတယ်။

ရိုးသားမှု နဲ့ အမှန်တရား ဟာ ... မတရားမှုကို စက်ဆုပ်တယ် ....။
ပုဒ်မ ၄၃၆ ဟာ တရားသလား မတရားသလား စာဖတ်တတ်တဲ့ ရင့်ကျက်ပြီးသူတိုင်းသိတယ် ...။
မတရား မှုကို တွန်းလှန်ဖို့အတွက် ကျုပ်တို့မှာ
"ရိုးသားမှု နဲ့ အမှန်တရား" ... ပဲ ရှိဖို့လိုတယ်။
အဲဒီ ရိုးသားမှု နဲ့ အမှန်တရား ကပဲ ကျုပ်တို့အနာဂါတ် နောက်မျိုးဆက်အပေါ် ကျေးဇူးပြုနိုင်လိမ့်မယ် ဆိုတာ ခင်ဗျားလည်း သိတယ် ... ကျုပ်လည်းသိတယ် ... တစ်လောကလုံးသိတယ်။

သူတို့ မတိုက်ရဲ တဲ့ ရိုးသားမှု ကို ကျုပ်တို့ ထုတ်သုံးကြပါစို့ ....
သူတို့ မတိုက်ရဲ တဲ့ အမှန်တရား ကို ကျုပ်တို့ ထုတ်သုံးကြပါစို့ ...

ရိုးသားမှု နဲ့ အမှန်တရားကို လက်ကိုင်ထားပြီး နောက်မျိုးဆက်အပေါ် အကျိုးပြုဖို့ မတရားတဲ့ ပုဒ်မ ... ၄၃၆ ကို စတင် ပြင်လိုက်ကြရအောင်ပါ။

ကျုပ်တို့ နိုင်ငံမှာ မျှတမှု နဲ့ အမှန်တရားဟာ ပုန်းလျှိုးကွယ်လျှိုး နဲ့ လူရာမ၀င်ပဲ ဖြစ်နေရတာကြာပါပြီ။ အမှတ်တရားတွေ လူရာဝင်မှ လူမှန် နေရာမှန်တွေဖြစ်လာမယ် ....။ လူမှန်နေရာမှန်တွေများလာမှ ကျုပ်တို့ရှိတဲ့ အရည်အချင်းအတိုင်း ခံစားကြရမယ်။

အမှန်တရားတွေ လူရာဝင်ဖို့ .... ၄၃၆ ကို ပြင်လိုက်ကြပါစို့ဗျာ ....။


အောင်ကြီး

28

လကမ္ဘာပေါ်သို့ ဟန်းနီးမွန်း ခရီးထွက်မည်ဟု ပြောဆိုခဲ့သူ ဦးစိုးထွန်းရှိန်ပိုင် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီမှ နတ်သြဇာ သဘာဝမြေသြဇာစက်ရုံ တည်ဆောက်ရန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကဒေါင် ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၁၇၅)၊ ဦးပိုင်အမှတ်(၃၂)မှ လယ်မြေ ၃ ဒသမ ၈၁ ဧကကို ၀ယ်ယူခြင်းနှင့် ပတ်သက်၍ အဆိုပါကုမ္ပဏီနှင့် ဒေသခံ လယ်သမားများအကြား အငြင်းပွားလျက် ရှိသည်။
အဆိုပါ လယ်မြေ ၃ ဒသမ ၈၁ ဧကကို အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က နတ်သြဇာ သဘာဝ မြေသြဇာစက်ရုံ တည်ဆောက်ရန် အကြောင်းပြချက်ဖြင့် လယ်လုပ်နေဆဲ လယ်မြေများကို လျော်ကြေးမပေးဘဲ ပုဂ္ဂလိက အကျိုးစီးပွားအတွက် သိမ်းဆည်း ရယူသွားသည့်အတွက် ယင်းလယ်မြေ များအား သိမ်းဆည်းခံ လယ်သမားများသို့ ပြန်လည် စွန့်လွှတ်ပေးရန်အတွက် ဒေသခံ လယ်သမားအချို့က မြန်မာသံတော်ဆင့်သို့ တိုင်ကြားစာ ပေးပို့ထားသည်။

တိုင်ကြားစာ၌ အခင်းဖြစ် လယ်မြေသည် သိမ်းဆည်းခံရသည့် ၂၀၀၈ ခုနှစ် အချိန်တွင် စပါးစိုက်ပျိုးရန် ထွန်ယက် ပျိုးထောင်နေဆဲ အချိန်ကာလဖြစ်ခြင်း၊ လယ်သမားများက နိုင်ငံတော်သို့ နှစ်စဉ်မပျက်မကွက် ၂၀၁၁-၂၀၁၂ ခုနှစ်အထိ မြေခွန် ထမ်းဆောင်ဆဲဖြစ်ခြင်း၊ လယ်သမားများ၏ အမည်ပေါက် ဂရန်ရရှိအောင် ဆောင်ရွက်ပေးမည်ဟု လှည့်ဖြားပြီး လက်မှတ်ရယူခြင်း၊ နိုင်ငံတော်အစိုးရသည် နိုင်ငံတော် စီမံကိန်းနှင့် အများပြည်သူ အကျိုးအတွက် မြေသိမ်းဥပဒေနှင့်အညီ သိမ်းဆည်းသည့် လယ်မြေ မဟုတ်ခြင်းဟူ၍ ပါရှိသည်။
29
ထို့ပြင် ယခင်ကရင်ပြည်နယ် (ပယက)က ၁၁-၈-၂၀၁၀ ရက်စွဲပါ စာအမှတ်၊ ၅/၁-၂၀/ဦး-၆ ဖြင့် နတ်သြဇာ သဘာဝမြေသြဇာစက်ရုံ တည်ဆောက်ရန် လ/န (၃၉) ခွင့်ပြု ပေးခဲ့သော်လည်း သတ်မှတ်ထားသည့် ၆ လ အတွင်း စက်ရုံ တည်ဆောက်ခြင်း မရှိသည့်အပြင် အိမ်၊ ခြံမြေ ၁၉ ကွက် ဖော်ထုတ် နေရာချထား ပေးသည့် အတွက် ဦးစိုးထွန်းရှိန် (ဥက္ကဋ္ဌ၊ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ)သည် ယခင် ၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေပုဒ်မ(၄၈)နှင့် တည်ဆဲ လယ်ယာမြေဥပဒေ ပုဒ်မ(၃၁)တို့ ကိုကျူးလွန် ဖောက်ဖျက်ရာ ရောက်ကြောင်းလည်း ပါရှိသည်။

ယင်းကဲ့သို့ တိုင်ကြားမှုနှင့် ပတ်သက်၍ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ မဖြိုးဖြိုးအောင်က ““မြေစာရင်းက နေပြီးတော့ လယ်သမားတွေကို ပြန်ပေးထားတဲ့ အကွက်တွေရှိတယ်။ စက်ရုံကတော့ အခု လောလောဆယ် လုပ်လည်း လုပ်နေတယ်။ ထရန်စဖော်မာတွေလည်း လျှောက် ထားတယ်။ အိမ်ခြံမြေ အကွက်ဖော်တာက မြေစာရင်းက ဖော်တာပဲဖြစ်မှာပါ။ ကျွန်မတို့ ကုမ္ပဏီဘက်က သွားလုပ်လို့မရဘူးလေ။ သူတို့ဘာသာသူတို့ အကွက်ဖော်ပြီး မြေစာရင်းကနေ လယ်သမားတွေကို ပြန်ပေး တယ်လို့တော့ သိထားတယ်။ ကုမ္ပဏီဘက်က ရောင်းဖို့အတွက်လည်း အကွက်ချထားခြင်း လုံးဝမရှိပါဘူး။ တချို့ လယ်သမားတွေဆို သူတို့ကို ပြန်ပေးထားတဲ့ အကွက်တွေကို ကျွန်မတို့ကို ပြန်ရောင်းတာတွေတောင် ရှိတယ်။ လယ်ကွက်တွေကို ပိုင်ခဲ့ပါတယ်ဆိုတဲ့ လယ်သမားတွေရဲ့ လက်မှတ်တွေရော၊ ပြီးတော့ သူတို့ကို ပြန်ပေးတဲ့ အကွက်တွေရော အဲဒါတွေနဲ့ပတ်သက်ပြီး စာရွက်စာတမ်းတွေ အကုန်လုံး ကျွန်မတို့ မှာရှိပါတယ်”” ဟု ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါ လယ်ယာမြေများကို မြေစာရင်းမှ အကွက်ရိုက်၍ ပြန်လည် ပေးအပ်ခဲ့သည်ဟု အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီမှ ဖြေကြားထားသည့်အတွက် ဘားအံမြို့နယ် မြေစာရင်းရုံးသို့ ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ဆက်သွယ် မေးမြန်း၍ မရရှိခဲ့ပေ။

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်သည် ဇွန် ၉ ရက်တွင် အသက် ၂၂ နှစ် အရွယ်ရှိ သရုပ်ဆောင် ချမ်းမီမီကိုနှင့် ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် မင်္ဂလာဧည့်ခံပွဲ ကျင်းပခဲ့ပြီး ၎င်းတို့ နှစ်ဦးသည် ဟန်းနီးမွန်း ခရီးအား ဒေါ်လာ ၁၅ သန်းတန် လကမ္ဘာခရီးစဉ် သွားရောက်မည် ဖြစ်ကြောင်းကို ““ဟန်းနီးမွန်းက တော့ ကျွန်တော်တို့က လကမ္ဘာသွားမယ်””ဟု ဦးစိုးထွန်းရှိန်၏ ပြောဆိုမှုကြောင့် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့သည်။

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်အတွင်း မိုးထိ မိုးမိဒေသရှိ ရွှေလုပ်ကွက်များကို လုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ယင်းကုမ္ပဏီသည် ရွှေလုပ်ကွက်များ လုပ်ကိုင်ခွင့်နှင့် ပတ်သက်ပြီး လုပ်သားများ၏ ဆန္ဒပြခြင်းများကို ခံနေရသည့် ကုမ္ပဏီဖြစ်သည်။
သဉ္ဇာဆွေ

ယနေ့ ၂၀၀၈ အခြေခံဥပဒေရဲ့ ပုဒ်မ ၅၉ (စ)အရ သမ္မတလောင်း ရွေးချယ်ခံချင်သူ ရဲ့ ချွေးမဟာ တိုင်းတစ်ပါးသား ဖြစ်နေမယ်ဆိုရင် အဲ့သည်သူ အရွေးချယ်ခံပိုင်ခွင့် ဆုံးရှုံးသွားတယ် လို့ပြပါတယ်။ တကယ်တော့ သားသမီး ကိုတောင်မှ အဲ့သလိုချုပ်ခြယ်ချင်လို့ မဖြစ်ပါဘူး။ ငါသမ္မတဖြစ်ချင်လို့ ငါ့သားနင်လည်း နိုင်ငံခြားသားမလုပ်နဲ့ နိုင်ငံခြားသား မိန်းမကိုလည်း မယူနဲ့လို့ ပိတ်ထားရမယ့် အဖြစ်မျိုးပါ။ လူဆိုတာက အသက် ၂၁ ဆိုရင် သူ့လမ်း သူရွေးပြီဘဲ။ အခြေခံ ဥပဒေမှာဖော် ပြထားတဲ့ ပြဋ္ဌာန်းချက် ပုဒ်မ ၃၄၇ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေ အရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်အရ နိုင်ငံသားတိုင်းဟာ အမှန်တကယ် ဘဲ နိုင်ငံရေးမှာ ပါဝင်နိုင်ရပါလိမ့်မယ်။ ဒါအပြင်ပုဒ်မ ၃၄၈ ပြဋ္ဌာန်းချက်အရ နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ် ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ။ ဆိုတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် မို့ဆိုပြီး ခွဲခြားထားလို့ မရပါဘူး။ ဒါဟာ အခြေခံဥပဒေက ပေးပြီးသား နိုင်ငံသားအခွင့် အရေး ဖြစ်ပါတယ်။ ပုဒ်မ ၃၄၈ နှင့် ၃၄၇ ကို ပုဒ်မ ၅၉(စ)က ပြန်ပြီး ကန့်သတ်လိုက်တာ ဖြစ်တဲ့အတွက် ပြင်ကိုပြင်ရပါလိမ့်မယ်။ မပြင်ရင် ကျွန်တော်တို့ ဖွဲ့စည်းပုံဟာ ရှေ့နောက်မညီလို့ ရှက်စရာကြီးပါ။

ဒါကြောင့် နိုင်ငံတကာက ဥပဒေပညာရှင်တွေက အမှိုက်ပုံးဆိုပြီး တင်စားခေါ်ရအောင်စွမ်းတဲ့ ဖွဲ့စည်းပုံဖြစ်နေလို့ပါ။ ၅၉(စ) မပြင်ရင် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်နိုင်ပြီလား မဟုတ်ပါဘူး။ ၅၉(စ)ကို မပြင်လည်း ၀ှိုက်ကတ်ရတဲ့သူတောင်မှ ပါတီထောင်ခွင့်ပေးထားလို့ ဘယ် အမျိုးဘာသာသာသနာ စောင့်ရှောက်တဲ့ ဥပဒေထုတ်ထုတ် ဘာသာခြား အပြင် ကို နိုင်ငံသား မဟုတ်သူပါ လွှတ်တော်ထဲ ရောက်လာနိုင်တဲ့ အခွင့်အရေး ပေး ထားပါတယ်။ ဒါကြောင့် ထူးပြီးခြားမလားနိုင်ပါဘူး။

၅၉(စ) ကိုပြင်ရင် ဘာဖြစ်မလဲ ဘာမှမဖြစ်ပါဘူး။ နိုင်ငံခြားက ဘယ်မွတ်၊ ဘယ်ကုလား ကမှလည်း တက်ပြီး သမ္မတလာဖြစ်လို့မရပါဘူး။ အတော် များများက ၅၉(စ)ကို မဲနေတာ။ သူ့ထက်ကောင်းတဲ့ ၅၉(ခ) နဲ့ ချုပ်ထားပြီးသားဖြစ်ပါ တယ်။ ၅၉(က) နဲ့ (ခ) နဲ့တင် အားလုံးပွဲသိမ်း ပါတယ်။ ၅၉(ခ) မိမိနှင့် မိမိ၏ မိဘနှစ်ပါးလုံး နိုင်ငံတော်၏ အာဏာပိုင်နက် အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသားဖြစ်ရမည်။ သေသေ ချာချာပြန်ဖတ် ကြည့်ပါဦး။

သမ္မတလောင်းတစ်ဦးဟာ မိမိရော၊ မိမိ၏ မိဘနှစ်ပါးစလုံးဟာ မြန်မာနိုင်ငံ မှာပဲ မွေးဖွားကြီးပြင်းသူဖြစ်ရမယ်၊ တိုင်းရင်းသားတွေ ဖြစ်ရမယ်၊ မြန်မာနိုင်ငံသားဖြစ်ရမယ် ဆိုတဲ့ အချက်နဲ့တင် ဘယ်မှာလာပြီး ဘယ်နိုင်ငံက ကုလားတွေ၊ တရုတ်တွေ လာပြီး မြန်မာနိုင်ငံ ရဲ့ သမ္မတလာဖြစ်တော့မလဲ။ သူတို့ဟာ နိုင်ငံသားဖြစ်ခဲ့တယ်ထားဦးတော့ တိုင်းရင်းသားမှ မဟုတ်ကြဘဲ။ သည်တော့ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ဖို့ ၅၉(စ) မလိုပါ။။ ၅၉(ခ)နဲ့တင် ပွဲသိမ်းနေပါပြီ။

၅၉(စ)ကတော့ ထမီဝတ်မိန်းမသားတစ်ဦးကို ဘောင်းဘီဝတ်စစ်သားကြီးများ က ကြောက်ပြီး ရေးထားတဲ့ ဖွဲ့စည်းပုံပြဋ္ဌာန်းချက်ပါ။

ဘုမသိ ဘမသိ အမျိုးစောင့်သူများဟာ မလေ့လာဘဲ မအော်ကြပါနဲ့။ ၅၉(စ)ဖြုတ်လို့ မွတ်နိုင်ငံဖြစ်စရာ အကြောင်း မရှိပါဘူး။ ဖြစ်စရာရှိ ကိုယ့်နိုင်ငံကို အကောင်းဆုံး မြှင့်တင်ပေးနိုင်မည့်သူကို ဆုံးရှုံးသွားမှာကိုပဲ စိုးရိမ်ကြပါ။ ၅၉(စ) မပြင်လို့ နစ်နာစရာရှိရင် ပြည်သူပဲနစ်နာမှာပါ။ ရေးခဲ့တဲ့ စစ်သားဘောင်းဘီကျွတ်တွေကတော့ နစ်နာစရာ မရှိပါဘူး။

အမျိုးဘာ သာသာသနာ စောင့်ရှောက်မယ်အော်တဲ့သူတွေ စိတ်ဆိုး ထိုက်တာက ၅၉(စ) မဟုတ်ဘူး။ နိုင်ငံသားမဟုတ်ဘဲ ၀ှိုက်ကတ်ကိုင်တဲ့သူတွေ ပါတီထောင် ခွင့်ပေးတာကိုပါ။ အဲ့ဒါကိုရော ဘယ်လိုသဘောရလဲ။ ၅၉(စ)ကို ပဲ မြင်မြင်နိုင်လွန်းလို့ ပြော တာပါ။ သမ္မတရာထူး အရည်အချင်းအတွက် မြန်မာနိုင်ငံရဲ့ ဘယ်ဖွဲ့စည်းပုံမှာမှ ပြီးတော့ ဘယ်နိုင်ငံမှာမှ သားသမီး၊ ချွေးမ၊ သမက် တွေကို ကြည့်ပြီး ရွေးချယ်ခံပိုင်ခွင့်မရှိလို့ ပါတာ မတွေ့ဖူးပါဘူး။

၁၉၄၇ ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်က နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားတဲ့ အရည်အချင်းကို ပြပါဦးမယ်။ ၁၉၄၇ ဗိုလ် ချုပ်အောင်ဆန်းတို့ရေးခဲ့သော ဖွဲ့စည်းပုံပုဒ်မ ၄၉(က) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘနှစ်ပါးသော်လည်းကောင်း ပြည်ထောင်စုနိုင်ငံ၏ ပိုင်နက်အတွင်း၌ မွေးဖွား ခဲ့၍ ပြည်ထောင်စုနိုင်ငံသားလည်းဖြစ်သော၊ ထို့အပြင် (ခ) ပါလီမန် အမတ် အဖြစ် ရွေးကောက်တင်မြှောက်ခံနိုင်သည့် အရည်အ ချင်းနှင့်လည်းပြည့်စုံသော ပုဂ္ဂိုလ်မျိုး မဟုတ်လျှင် မည်သူမျှ နိုင်ငံတော် သမ္မတရာထူးအတွက် ရွေးကောက်ခံနိုင်ခွင့်မရှိစေရ။ ကဲ ရှင်းပလား။

ဒါကြောင့်မို့ ၅၉(စ) ဆိုတာ အမျိုးဘာသာစောင့်ရှောက်ဖို့ ထည့်ဆွဲထားတာ မဟုတ်ဘူးဆိုတာ သိရမယ်။ ၅၉(စ) ဆိုတာ ဒေါ်စု သမ္မတဖြစ်လို့မရအောင် ညစ်ပတ်ပြီး ရေးထား တဲ့ ပြဋ္ဌာန်းချက်ဖြစ်တယ်။ လူသား အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးကို ပိတ်ထားတဲ့ ၅၉(စ) ပြုတ်အောင်ကို ပြည်သူ့အင်အားနဲ့ ဖြုတ်ချကြဖို့ တိုက်တွန်းလိုက်ပါတယ်။

-- အတွဲ (၁)၊ အမှတ် (၉၈)၊ သည်လေဒီးစ်ဂျာနယ် --

သမ္မတအကြံပေး အားလုံးနီးပါးဟာ လူထုကြားထဲမှာ ပြောရဲဆိုရဲမရှိဘူး။ ပွဲလယ်မတင့်ဘူးဗျ။ ပြောရင်လည်း သမ္မတဖက်၊ အစိုးရဘက်က ကာကွယ်ပြောတာ များတယ်။ အဲဒါကိုက မှားနေတာပါ။ သမ္မတအကြံပေး အဖွဲ့ကနေ ထွက်တဲ့သူတွေက ဘာကြောင့် ထွက်ရတယ်ဆိုတာ ပြည်သူကို၊ သတင်းမီဒီယာကို ပွင့်ပွင့်လင်းလင်း အသိပေးတာမျိုး မတွေ့ရဘူးဗျ။ မြင်မြင်သမျှ အကြံပေးတွေကတော့ အားလုံး ကောင်းပါတယ်နဲ့ ရေငုံနှုတ်ပိတ် နှစ်မျိုးပဲ…
3
ရန်ကုန်၊ ဇွန် ၂၄
သမ္မတ ဦးသိန်းစိန်က သာသနာရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ အကြံပေးအဖွဲ့များ တိုးချဲ့ ဖွဲ့စည်းခြင်းနှင့် အဖွဲ့ဝင်များ ခန့်ထားမှု၌ သမ္မတနှင့် နီးစပ်သူများ မဟုတ်ဘဲ သမ္မတနှင့် အယူအဆ မတူသူများ၊ ကြားနေ ပညာရှင်များပါ ပါဝင်နိုင်မည်ဆိုပါက ပိုမို အားကောင်းဖွယ် ရှိကြောင်း နိုင်ငံရေး လေ့လာသုံးသပ် သူများနှင့် သတင်းစာဆရာများက သုံးသပ်လျက် ရှိသည်။
ဇွန်လ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် အကြံပေးအဖွဲ့ တိုးချဲ့ ဖွဲ့စည်းရာ၌ သာသနာရေးဆိုင်ရာ အကြံပေးအဖွဲ့၌ သူရဦးမြင့်မောင် (အဖွဲ့ခေါင်းဆောင်)နှင့် အဖွဲ့ဝင်အဖြစ် အငြိမ်းစား သံအမတ်ကြီး ဦးစိန်ဝင်းအောင်အား လည်းကောင်း၊ ကျန်းမာရေး အကြံပေးအဖွဲ့အဖြစ် အငြိမ်းစား ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်နုနုသာ၊ ပညာရေးအကြံပေး အဖွဲ့အဖြစ် အငြိမ်းစား ယူနီဆက်ဝန်ထမ်း ဒေါက်တာရင်ရင်နွယ် (အဖွဲ့ခေါင်းဆောင်)နှင့် အဖွဲ့ဝင်အဖြစ် ဒေါက်တာ ကျော်ရင်လှိုင်နှင့် စီးပွားရေး အကြံပေးအဖွဲ့အဖြစ် အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွဋ်ဦးတို့အား ခန့်အပ်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော် သန်းသင်း 
လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့ဖြစ်သည်။

““သမ္မတအနေနဲ့ သူနဲ့ အမြင်အယူအဆ မတူတဲ့သူတွေ၊ ကြားနေတဲ့ ပညာရှင်တွေကို ပါဝင်စေမယ် ဆိုရင် ပိုအားကောင်းမယ် ထင်ပါတယ်။ သမ္မတ အကြံပေး အဖွဲ့တွေကို အခုထက် ပိုမိုစနစ်ကျကျ၊ ထိထိ ရောက်ရောက် အလုပ်လုပ်ခွင့် ပေးသင့်တယ် ထင်တယ်။ နောက် အဖွဲ့ဝင်တွေထဲမှာ သမ္မတနဲ့ အမြင် အယူအဆ ပြောင်းပြန်ဖြစ်တဲ့၊ အတွေ့အကြုံရှိတဲ့ နိုင်ငံရေး သမားဟောင်းတွေ၊ စီးပွားရေး ပညာရှင်တွေအထိ ပါနိုင်အောင် ချဲ့ထွင်ဖို့ လိုမယ်ထင်တယ်။ နောက် အကြံပေးတွေရဲ့ သီးခြား လွတ်လပ်စွာ ရပ်တည်ပြောဆိုခွင့် ကိုလည်း မချုပ်ချယ်ဖို့ လိုမယ်ထင်တယ်””ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

သမ္မတ၏ အကြံပေးအဖွဲ့များအား၂၀၁၁ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စီးပွားရေး အကြံပေးအဖွဲ့၌ အဖွဲ့ခေါင်းဆောင် အနေဖြင့် ဒေါက်တာဦးမြင့်နှင့် အဖွဲ့ဝင်အဖြစ် ဦးဆက်အောင်နှင့် ဦးစိန်လှဗိုလ်၊ နိုင်ငံရေး အကြံပေးအဖွဲ့၌ အဖွဲ့ခေါင်းဆောင်အဖြစ် ဦးကိုကိုလှိုင်နှင့် အဖွဲ့ဝင်အဖြစ် ဒေါက်တာ နေဇင်လတ်နှင့် ဦးရဲတင့်၊ ဥပဒေ အကြံပေးအဖွဲ့၌ အဖွဲ့ခေါင်းဆောင် အနေဖြင့် ဦးစစ်အေးနှင့် အဖွဲ့ဝင်အဖြစ် ဒေါ်ခင်မျိုးမြင့်နှင့် ဦးသန်းကျော်တို့ဖြင့် ဖွဲ့စည်းခဲ့သည်။

ထို့ပြင် ၂၀၁၂ ခုနှစ် ဇွန်လ ၁၃ ရက်တွင် အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီကို ထပ်မံ ဖွဲ့စည်းခဲ့ပြီး နာယကအဖြစ် ဦးမော်သန်းနှင့် ဥက္ကဋ္ဌအဖြစ် ဦးတင်ထွဋ်ဦးတို့က ဦးဆောင်ကာ အဖွဲ့ဝင်များအဖြစ် ဒေါက်တာ အောင်ထွန်းသက်၊ ဒေါက်တာဒေါ်ခင်စန်းရီ၊ ဒေါက်တာကျော်ရင်လှိုင်၊ ဒေါက်တာဇော်ဦး၊ ဦးသီဟံမျိုးညွန့်၊ ဦးသန့်မြင့်ဦး၊ ဦးတင်မောင်သန်း၊ ဦးဝင်းအောင်၊ ဦးသောင်းတင်၊ ဦးကိုကိုကြီး၊ ဦးသန်းလွင်၊ ဦးခင်မောင်အေး၊ ဦးလှမောင်ရွှေ၊ ဦးမိုးကျော်၊ ဒေါက်တာ ဒေါ်ရင်ရင်နွယ်တို့ ပါဝင်ကာ အတွင်းရေးမှူးအဖြစ် ဦးဆက်အောင်က တာဝန်ယူခဲ့သည်။ ယင်းတို့အနက်မှ ဒေါက်တာ ဒေါ်ခင်စန်းရီအား ပညာရေးဝန်ကြီး၊ ဦးသောင်းတင်အား ဆက်သွယ်ရေးဒုဝန်ကြီးနှင့် ဦးဆက်အောင်အား ဗဟိုဘဏ် ဒုဥက္ကဋ္ဌအဖြစ် အသီးသီး တာဝန်ပေးအပ်ခံခဲ့ရပြီး ဒေါက်တာ အောင်ထွန်းသက်၊ ဒေါက်တာ ကျော်ရင်လှိုင်၊ ဒေါက်တာဇော်ဦးနှင့် ဒေါက်တာ ဒေါ်ရင်ရင်နွယ်တို့မှာ 
သမ္မတရုံး အကြံပေးအဖွဲ့ဝင်များ ဖြစ်လာခဲ့သည်။

““သမ္မတအကြံပေး အားလုံးနီးပါးဟာ လူထုကြားထဲမှာ ပြောရဲဆိုရဲ မရှိဘူး။ ပွဲလယ် မတင့်ဘူးဗျ။ ပြောရင်လည်း သမ္မတဘက်၊ အစိုးရဘက်က ကာကွယ် ပြောတာများတယ်။ အဲဒါကိုက မှားနေတာပါ။ သမ္မတ အကြံပေး အဖွဲ့ကနေ ထွက်တဲ့သူတွေက ဘာကြောင့် ထွက်ရတယ်ဆိုတာ ပြည်သူကို၊ သတင်းမီဒီယာကို ပွင့်ပွင့် လင်းလင်း အသိပေးတာမျိုး မတွေ့ရဘူးဗျ။ မြင်မြင်သမျှ အကြံပေးတွေကတော့ အားလုံး ကောင်းပါတယ်နဲ့ ရေငုံနှုတ်ပိတ် နှစ်မျိုးပဲ တွေ့မိပါတယ်””ဟု ဒေါက်တာရန်မျိုးသိမ်းက မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောကြား သည်။

သမ္မတ အကြံပေးအဖွဲ့ဝင် ဦးသန်းကျော်အား ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင်လည်းကောင်း၊ နိုင်ငံရေး အကြံပေး အဖွဲ့ဝင် ဦးရဲတင့်အား ၂၀၁၃ သြဂုတ် ၇ ရက်တွင် လည်းကောင်း တာဝန်မှ အနားယူခွင့် ပေးခဲ့ကာ ၂၀၁၃ သြဂုတ် ၇ ရက်နေ့တွင်ပင် ဒေါက်တာ အောင်ထွန်းသက်နှင့် ဒေါက်တာဇော်ဦးအား စီးပွားရေး အကြံပေး အဖွဲ့ဝင်၊ ဦးဉာဏ်နိုင်ဝင်းအား ဥပဒေအကြံပေး အဖွဲ့ဝင်အဖြစ် တိုးချဲ့ ဖွဲ့စည်းခဲ့သည်။ ထိြု့ပင်၂၀၁၃ စက်တင်ဘာလ ၉ ရက်နေ့တွင် သံအမတ် (ငြိမ်း) ဦးသန်းဆွေအား နိုင်ငံရေး အကြံပေး အဖွဲ့ဝင်နှင့် ၀န်ကြီးဟောင်း ဦးသောင်းညွန့်အား ဥပဒေအကြံပေး အဖွဲ့ဝင်များအဖြစ် တိုးချဲ့ တာဝန်ပေးအပ်ခဲ့သည်။

ယင်းနောက် ၂၀၁၄ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် သမ္မတ အကြံပေး အဖွဲ့များအား ထပ်မံတိုးချဲ့ ဖွဲ့စည်း ခဲ့ခြင်းလည်း ဖြစ်သည်။ထိုသို့ ဖွဲ့စည်းရာ၌ သမ္မတ ဦးသိန်းစိန်၏ ခမည်းခမက်ဖြစ်သူ ရွှေတိဂုံဘုရား ဂေါပက အဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်၊ ယခင်ကြံခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးစိုးသာ (လက်ရှိ လွှတ်တော် ကိုယ်စားလှယ်)၏ ညီမဖြစ်ပြီး သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ခယ်မဖြစ်သူ အငြိမ်းစား ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်နုနုသာ၊ ယခင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေ၀င်း၏ ချွေးမဖြစ်ခဲ့သူ ယူနီဆက် ၀န်ထမ်းဟောင်း ဒေါက်တာ ရင်ရင်နွယ်နှင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလ သာသနာရေး ၀န်ကြီးအဖြစ် ထမ်းဆောင်ခဲ့ဖူးသူ သူရဦးမြင့်မောင်တို့ ပါဝင်လာခြင်းအပေါ် ဝေဖန်မှုများ ဖြစ်ပေါ်လျက် ရှိသည်။

““ပြန်ကြားရေးက လူအားလုံး မေးကြည့် တစ်သံတည်းပဲ။ နောက် သမ္မတအကြံပေး ခန့်လိုက်တဲ့ ဒေါက်တာ ရင်ရင်နွယ်က ဦးနေ၀င်းရဲ့ချွေးမအရင်း။ ဖြိုးေ၀၀င်းရဲ့မိန်းမ။ ကျွန်တော်တို့ ခေတ်တုန်းက ရင်ရင်နွယ်ဟေ့ ဆိုရင်ဖျားပဲ။ ဘာကြောင့်ဆိုတော့ ရင်ရင်နွယ်က ဟော့ရှော့။ ဖြိုးေ၀၀င်းကလည်း ဟော့ရှော့။ အဲဒီမှာ ဖြိုးေ၀၀င်း ရှလန်ဘာဂျာ ကုမ္ပဏီမှာ အဲဒီခေတ်ကတည်းက ဒေါ်လာ ငါးထောင်လောက်စား၊ ရေနံကုမ္ပဏီမှာ။ ရင်ရင်နွယ်က Geology က Lecturer ။ ကွဲတော့ ကွဲသွားတာပေါ့ဗျာ။ ဒါပေမဲ့ ရင်ရင်နွယ်က ဦးနေ၀င်းရဲ့ ချွေးမတော်ပါသေး တယ်။ နောက်ပြီးတော့ နုနုသာ၊ (ဦး) စိုးသာရဲ့ ညီမအရင်း။ အောင်မင်းရဲ့ မရီးလား၊ ခယ်မလားမသိဘူး။ အဲဒါ ကလည်း ကျန်းမာရေးဌာနမှာ၊ ရှားလားဗျာလူ။ နောက်မြင့်မောင်က ဦးသန်းရွှေရဲ့ တကယ့်လူရင်းတပည့်။ မြင့်မောင်က အခု သာသနာရေးမှာ ခေါင်းဆောင်၊ အကြံပေးခေါင်းဆောင်။ အဲဒီအဆင်ကြီး ကြည့်ကတည်းက အကြံပေးက ဘယ်ဟုတ်တော့မလဲဗျာ။ သူတို့ လက်တံတွေက ဆက်လက်ပြီးတော့ ရှည်တုန်း။ မဟုတ်က ဟုတ်ကတွေ အကုန်လျှောက်လုပ်မယ်””ဟု ယခင် စာနယ်ဇင်း ကောင်စီဝင်ဟောင်း တစ်ဦးက ပြောသည်။

အလားတူ နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကလည်း ““သမ္မတရဲ့ အကြံပေးအဖွဲ့ဆိုတာ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၂၃ အရ သမ္မတက ဖွဲ့စည်းတာပါ။ သမ္မတကို အကြံဉာဏ် ပေးနိုင်ဖို့ ဖွဲ့တာပါ။ သမ္မတနဲ့ နီးစပ်တဲ့သူတွေချည်း စုဖွဲ့တာမျိုးဆိုရင် နိုင်ငံနဲ့ ပြည်သူအတွက် မကောင်းနိုင်ပါဘူး””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။
ထို့ပြင် လက်ရှိတွင် ငွေအလွဲသုံးစားမှု စွပ်စွဲချက်ဖြင့် တာဝန်မှ ရပ်စဲခံရသည့် သာသနာရေးဝန်ကြီး ဦးဆန်းဆင့် နေရာတွင် သာသနာရေး ဒုဝန်ကြီး ဦးစိုးဝင်းအား ခန့်အပ်သည့်အပေါ်၌ ဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
ဦးစိုးဝင်းမှာ ယခင်ကပြန်ကြားရေးဝန်ကြီးဌာန ဦးဆောင် ညွှန်ကြားရေးမှူး လုပ်ကိုင်ခဲ့စဉ်က ငွေသိန်းထောင်ချီ ကွာဟမှုကြောင့် အမှုရင်ဆိုင် နေရသူဖြစ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက မီဒီယာ များသို့ တရားဝင် ပြောကြားခဲ့သည်။
ထို့ပြင်ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်မှာ မိမိသဘောဖြင့် နုတ်ထွက်သွားချိန်၌ ဗိုလ်ချုပ်အဆင့် ရာထူးရှိသူ တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးအား တိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် ပြည်ထောင်စု အစိုးရအဖွဲ့မှ စီစဉ်နေသည် ဆိုသည့်သတင်းများလည်း ထွက်ပေါ်လျက်ရှိကာ ရခိုင်အမျိုးသားပါတီက ပြည်နယ် ၀န်ကြီးချုပ်မှာ ရခိုင်တိုင်းရင်းသားသာ ဖြစ်သင့်ကြောင်းနှင့် လွှတ်တော် ကိုယ်စားလှယ်သာ ဖြစ်သင့်ကြောင်း ဇွန်လ ၂၃ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။
MH-0025

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ““ဒီကိစ္စကတော့ ပွင့်ပွင့်လင်းလင်းလေးတစ်ခု ဖြစ် စေချင်တယ်။ ဦးရဲထွဋ် အကြောင်းပြတဲ့ ကိစ္စလေးတွေက သိပ်မခိုင်လုံဘူးဗျ။ သိန်း ၁၀၀ နီးပါးလောက် ဘာဖြစ် တယ် ဆိုတာမျိုးကို ကျွန်တော်တို့ သိပ်လက်မခံချင်ဘူး။ ဦးဆန်းဆင့်ဖြစ်စဉ်နဲ့ ပတ်သက်တာတွေကို ကျွန်တော်တို့ ဘက်က သိပ်တော့ လက်မခံချင်ဘူး လို့ပြောလို့ရတယ်။ ဖြစ်စဉ်မြန်လွန်းတယ်။ အကြောင်း တစ်ခုခုနဲ့ အသုံးချ လိုက်တဲ့သဘောလည်း ဖြစ်နိုင်တယ် …”” ဟု ပြော …
ရန်ကုန်၊ ဇွန် ၂၄
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား ပြည်သူ့ငွေ အလွဲသုံးစားပြုလုပ်သည် ဆိုခြင်း အပါအ၀င်အခြား ကိစ္စရပ်များရှိကြောင်း စွပ်စွဲမှုဖြင့် တာဝန်မှအနားပေးကာ ထောင်သွင်း အကျဉ်းချထား ခြင်းအပေါ် တရားဥပဒေနှင့် အညီသာ ဖြစ်စေလိုကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က မှတ်ချက်ပြု ပြော ကြားသည်။

ပုသိမ်မြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်၊ ပြည်သူ့ လွှတ်တော်တရား ဥပဒေစိုးမိုးရေး နှင့်အေးချမ်းရေး ကော်မတီအတွင်း ရေးမှူး ဦးဝင်းမြင့်က ““ဦးဆန်းဆင့် ကိုသူတို့ဒီလို ပုဒ်မနဲ့စွဲတယ်ဆိုတာ အန်ကယ်လည်း မီဒီယာကနေ တစ်ဆင့်ကြားရတယ်၊ သိရတယ်။ မီဒီယာကနေ ကြားသိရတဲ့ဟာမှာလည်း တခြားပုဂိ္ဂုလ်တွေ လည်း ဒီလို အလွဲသုံး စားတွေရှိတယ်ဆိုပြီး မီဒီယာကနေ ပြောဆိုနေကြတာ တွေရှိတယ်လေ။ အန်ကယ်တို့က တရားဥပဒေ စိုးမိုးရေး မူအရတော့ ဥပဒေအရာမှာအားလုံးအညီ အမျှ ဖြစ်ရမယ်။ ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိရဘူး။ ဒါမှတရားဥပ ဒေစိုးမိုးရေးဖြစ်မှာလေ””ဟု သုံးသပ် ပြောကြားသည်။ထို့အပြင် ဥပဒေအရ တရားရုံးမှ အပြစ်မပေးမချင်း မည်သည့် ပုဂ်္ဂိုလ်ကိုမှ အပြစ်ရှိသည်ဟု မှတ်ယူ၍ မရ သေးကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ တရားရုံးချုပ်ရှေ့နေကြီး ဦးသိန်းညွန့်က မှတ်ချက်ပြု ပြောကြားသည်။…
““ဥပဒေရဲ့မူကတော့ တရားရုံးက အပြစ်မပေးမချင်း ဘယ်ပုဂိ္ဂုလ်ကိုမဆို အပြစ်ရှိတယ်လို့မှတ်ယူလို့ မရဘူး။ ဥပဒေရဲ့ အခြေခံမူပဲ””ဟု ဦးသိန်းညွန့်က ပြောသည်။
သို့သော်လက်ရှိ ပြည်တွင်း သတင်းမီဒီယာအချို့တွင် ပြော ကြားဖော်ပြချက်များမှာ ရာထူးမှ အနားပေး စွပ်စွဲခံထားရသော သာသနာရေးဝန်ကြီး ဦးဆန်းဆင့် အပေါ် အပြစ်ရှိသူ အဖြစ်သဘော သက်ရောက် စေသော ပြောကြား ဖော်ပြမှုများ ရှိနေသည်။
ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးသိန်းညွန့်က စွပ်စွဲခံရသူနှင့် ပတ်သက်၍ သူ၏အခွင့်အရေးအပေါ် ““တရားရုံးရဲ့စုံစမ်းစစ်ဆေးမှု၊ တစ်ဖက်က ခုခံကာကွယ်ပိုင်ခွင့်အပြည့် အ၀ရပြီးတော့မှ အဲဒီကထွက်လာ တဲ့စီရင်ချက်ပေါ့။ အဲဒီစီရင်ချက်သည်လည်း အဆင့်အမြင့်ဆုံး တရားရုံးအထိအယူခံမှု၊ ပြင်ဆင်မှုတက် နိုင်သေးတယ်””ဟု ပြောသည်။

အစိုးရအဖွဲ့က တာဝန်မှ ရပ်ဆိုင်းခြင်းနှင့်ပတ်သက်၍ သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ““သူ့ကို တာဝန်ရပ်ဆိုင်းရတာက အကြောင်းရင်းတွေအများကြီးထဲ ကတစ်ခုပေါ့။ အကြောင်းရင်း အကျဉ်းချုပ် ကတော့ သူ့ကို သာသ နာရေးဝန်ကြီးအဖြစ် တာဝန်ပေး အပ်တဲ့ဘာသာသာသနာတွေကြား ထဲမှာတည် တည်ငြိမ်ငြိမ် အေးအေး ချမ်းချမ်းနဲ့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးဖို့ဖြစ်တယ်။ အဲဒါကို မလုပ်နိုင်ဘူး””ဟု ပြော ကြောင်း မြစ်မခ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်သည့် ဦးဆန်းဆင့် အပေါ်စွပ်စွဲအရေးယူမှုနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ““ဒီကိစ္စကတော့ ပွင့်ပွင့် လင်းလင်းလေး တစ်ခုဖြစ်စေချင်တယ်။သနိ္တသုခနဲ့ ဆက်စပ်မှုရှိတယ်လို့လည်း ခံစားရတယ်။ ဦးရဲထွဋ် အကြောင်းပြတဲ့ ကိစ္စ လေးတွေက သိပ်မခိုင်လုံဘူးဗျ။ သိန်း ၁၀၀နီးပါး လောက်ဘာဖြစ်တယ်ဆိုတာမျိုးကို ကျွန်တော်တို့သိပ် လက်မခံချင်ဘူး ။ဒါမျိုးအရေးယူမယ်ဆိုရင် နိုင်ငံတော် သမ္မတရုံးအနေနဲ့ စနစ်တကျ အများယုံကြည် လက်ခံတဲ့ အဖွဲ့တွေဖွဲ့ပြီးမှ ၀န်ကြီးဌာနတိုင်းကို စုံစမ်း စစ်ဆေးသင့်တယ်။ယိုပေါက်၊ ဖိတ် ပေါက်တွေ အများကြီးလို့ကြားဖူး တယ်။ ဦးဆန်းဆင့်ဖြစ်စဉ်နဲ့ ပတ်သက်တာတွေကို ကျွန်တော်တို့ဘက်က သိပ်တော့လက်မခံချင် ဘူးလို့ပြော လို့ရတယ်။ ဖြစ်စဉ်မြန်လွန်းတယ်။ အကြောင်းတစ်ခုခုနဲ့ အသုံးချ လိုက်တဲ့သဘောလည်း ဖြစ်နိုင်တယ်။ သမ္မတ အဖွဲ့နဲ့အစိုးရအဖွဲ့မှာ သူ့ရဲ့ အစိုးရအဖွဲ့ရဲ့ တာဝန်လို့ပဲ သုံးသပ်ပါတယ်””ဟု ၎င်း၏ အမြင်ကိုပြောကြားသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးလှဆွေကမူ အစိုးရ၏ယခု ဆောင်ရွက်မှုအပေါ် ““သူ့ အပြစ်ရှိလို့ အရေးယူတာဖြစ်မှာပေါ့။ အစိုးရ အဖွဲ့ဆိုတာကလည်း အပြစ်မရှိဘဲနဲ့တော့ အရေးယူတာ မတွေ့ ဘူး။ ဒါနံပါတ်တစ် အချက်ပေါ့။ ပြီးရင် ၀န်ကြီးဗျာ၊ ရိုးရိုးအရပ်သားမှမဟုတ်တာ၊ သေချာမှ အရေးယူ မှာပေါ့။ နံပါတ်နှစ် အချက်က ကျွန်တော်တို့ သမ္မတကြီး ဦးသိန်းစိန်က အစိုးရ အဖွဲ့ခေါင်းဆောင်ဖြစ်တယ်။ သူက သူ့ အစိုးရအဖွဲ့မှာ သူကရှေ့ကဆွဲ လို့ရှိရင် နောက်က ဆွတ်ဖားလေးနဲ့ လိုက်နေရင်တော့ အဆင်ပြေတာ ပေါ့။ သူက ရှေ့ကဆွဲနေတဲ့ဟာ နောက်ကထယ်ထိုးပြီးလိုက် နေရင် တော့သူကလက်တွဲဖြုတ်မှာပဲလေ။ ဒါ ဘယ် သူမဆို သူသူကိုယ်ကိုယ် ခေါင်းဆောင်လုပ်ပြီဆိုရင် ဒီဟာနဲ့ ကြုံတွေ့ရမှာပဲ။ အခုပြောနေကြတဲ့ လူတွေက အစိုးရအဖွဲ့ မလုပ်ဖူးတဲ့ လူတွေကပြောနေကြတာပါ။ NLD မှာနေတဲ့ဦးတင်ဦးတို့ဘာတို့တောင် မှ ၇၄ ခုနှစ် အလုပ်သမား အရေးအခင်းကို သူတို့ချေမှုန်းခဲ့တာ မှန်ပါတယ်။ တောင်းပန်ပါတယ်ဆိုပြီး ပြောရတာပဲလေ။ အစိုးရအဖွဲ့မှာ တာဝန်ရှိတဲ့သူ တစ်ယောက်လုပ် လိုက်ပြီဆိုရင်တော့ဒါက လူကြိုက် များတာ၊လူကြိုက်နည်းတာ ဒါတွေတော့ ရှောင်လွှဲလို့မရဘူး။ လုပ်ကြရတာပဲလေနော်။ နံပါတ်နှစ်က အဲဒါပေါ့၊ သူက အစိုးရအဖွဲ့မှာတော့ မကြိုက်တဲ့လူတော့လက်တွဲ ဖြုတ် မှာပဲလေ။ ဒါကတော့အစိုးရအဖွဲ့ ခေါင်းဆောင်ရဲ့သဘောပဲ””ဟုပြော သည်။ ဦးဆန်းဆင့်ကို ဇွန်လ ၁၉ ရက်နေ့က နေပြည်တော်၊ ပုဗ္ဗသီရိ မြို့နယ် တရားရုံးတွင်ပထမဦးဆုံး အကြိမ်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့ပြီး အဆိုပါနေ့ ညနေပိုင်းတွင်ပင် ရမည်းသင်းထောင်၌ ထိန်းသိမ်း ထားခဲ့သည်။ လာမည့် ဇူလိုင်လဆန်းတွင် ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေးရန်ရှိသည်။
ယခုအခါ လစ်လပ်လျက်ရှိ သော သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာကို သာသနာရေးဒု ၀န်ကြီး ဦးစိုးဝင်းအား ခန့်အပ်ရန် နိုင်ငံတော်သမ္မတမှ လွှတ်တော်သို့ အမည်စာရင်း တင်သွင်းထားပြီး အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်အချို့ကကန့်ကွက် သွားရန်ရှိကြောင်းလည်း သတင်း ထွက်ပေါ် လျက်ရှိသည်။

ဦးစိုးဝင်းအား ပြန်ကြားရေးဝန် ကြီးဌာန (သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း)တွင် ဦးဆောင်ညွှန်ကြား ရေးမှူး တာဝန်ယူစဉ်က မြန်မာ့အလင်းသတင်းစာတိုက်၌ ငွေကျပ် သိန်း ၈၀၀၀ငွေစာရင်း ကွာဟမှုဖြစ် ပေါ်ခဲ့ခြင်းနှင့် ပတ်သက်၍ တာဝန် အရှိဆုံးသူအဖြစ် ပတ်သက်မှုရှိ သဖြင့်ယခုကဲ့သို့ ပြည်ထောင်စုဝန် ကြီးနေရာအမည် စာရင်းတင်သွင်းအပေါ် ကန့်ကွက်ရန် သတင်းများ ထွက်ပေါ်နေခြင်း ဖြစ်သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ““ဦးစိုးဝင်းက အရင်တုန်းကတော့ သတင်းနှင့် စာနယ်ဇင်း မှာ သူက လုပ်ခဲ့တာကိုး။ အဲဒီမှာ သတင်းစာစက္ကူတွေ ရောင်းစားတာနဲ့ ပတ်သက်ပြီးတော့ သန်းပေါင်းများစွာ ကွာခြားတာရှိတယ်။ ရှိတော့ အမှုကရုံးချိန်း ၅၀ လောက်ရှိနေပြီ၊ အခုထိ မပြီးသေးဘူး။ ဒါပေမဲ့အဲဒီမှာတော့ သူကတော့ မပါဘူးပေါ့နော်၊ သူ့လက် အောက်က လူတွေလုပ်တာပေါ့။ သူကတော့ ဦးကျော်ဆန်း တပည့် ဆို တော့ သူကတော့ဒုဝန်ကြီးဖြစ် သွားတာပေါ့။ ဦးကျော်ဆန်းပြောင်းတဲ့ အခါကျတော့သူက သာသနာရေး ရောက် သွားတာပေါ့။ အခုသာသနာရေးဝန်ကြီးက လစ်လပ်တော့ ၀န်ကြီးဖြစ်တဲ့သဘော ရှိတာပေါ့ လေ””ဟု သုံးသပ် ပြောကြားသည်။

ထို့ပြင် ဧရာဝတီသတင်းဌာနမှ ဦးလှဆွေအားမေးမြန်းမှု၌လည်း ““သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း မှာ သူဦး ဆောင်ညွှန်ကြားရေးမှူး လုပ်ခဲ့တုန်းက ပြဿနာရှိခဲ့တယ်။ သတင်းစာ စက္ကူတွေကို နိုင်ငံခြား ငွေဒေါ်လာနဲ့ သွင်းတယ်။ မြန်မာငွေ ၁၂၀နဲ့ပြန်တွက်ပြီးတော့ သတင်းစာကို အမြတ်ရပါတယ် ပြောသေးတယ်။ တကယ် တမ်းက ဘယ်မြတ်မလဲ။ သူက ဒေါ်လာနဲ့လဲတဲ့ငွေကို ကျပ် ၁၂၀ပဲ ပြတာ။ တကယ်တမ်း အပြင်မှာ ပေါက်နေ တာက တစ်ထောင်ကျော်ရှိတယ်။နောက်တစ်ခုစောင် ရေတွေပိုပြတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိ တယ် ဆိုပြီးတော့ အမှုရင်ဆိုင်ဆဲပဲ။ အမှုကလည်း မပြီးသေးဘူး””ဟု ဦးလှဆွေက ပြောကြားခဲ့သည်။

၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် ငွေစာရင်းရှင်းတမ်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၏ ငွေစာရင်း၌ ကျပ်သိန်း ၈၀၀၀ စာရင်း ကွာဟမှုဖြစ် ပေါ်ခဲ့ပြီး ငွေကိုင်မန်နေဂျာ၊ စာရင်းကိုင်နှင့် ဖြန့်ချိရေးတာဝန်ခံသုံးဦး တို့အမှုဖွင့် တရားစွဲခံ ထား ရခြင်းဖြစ်သည်။ယခုလွှတ်တော်၌ ကန့်ကွက်မှုပြုလုပ်မည့် ကိစ္စကို အမျိုးသား လွှတ်တော်ပြည်သူ တို့၏ တိုင်ကြားစာနှင့် အသနားခံစာကော်မတီ ဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူးဟောင်း ဦးအောင်ငြိမ်းက တင်သွင်းသွား ဖွယ်ရှိနေကြောင်း ဧရာဝတီသတင်း ဌာနက ဖော်ပြထားသည်။
သမ္မတကလက်ရှိ အမည်စာရင်း တင်သွင်းထားသော ဦးစိုးဝင်းနှင့်ပတ်သက်၍ အမျိုးသားလွှတ် တော်ကိုယ် စားလှယ် ဒေါက်တာ အေးမောင်က ““လွှတ်တော်ထဲမှာ ဖြန့်ချိမှုနဲ့ပတ်သက်လို့ သန်းပေါင်း ဘယ်လောက်သွင်းဖို့ တာဝန်ရှိတယ်။ ဘယ်သူတွေကို အရေးယူတယ်။ ဆင့်ကဲဆင့်ကဲ တာဝန်ရှိမှုကို သုံးသပ်ရင်တော့ အဲဒီတုန်းက ပြန်ကြားရေးဝန်ကြီးဌာနရဲ့သတင်းစာနဲ့ ပတ်သက်တဲ့ လုပ်ခဲ့တဲ့ပုဂိ္ဂုလ်တွေမှာ တာဝန်ရှိမှာပေါ့ဗျာ။ သွယ် ၀ိုက်သော နည်းအားဖြင့် ၀န်ကြီးတွေမှာလည်းတာဝန်ရှိတယ်။ နိုင်ငံ တော် ပိုက်ဆံကိုကြီးကြပ်ကွပ်ကဲဖို့ ၀န်ကြီး တွေကို တာဝန်ပေးတာပဲလေ။ ဒါကတော့ စုံစမ်းစစ်ဆေးတဲ့ အဖွဲ့ရဲ့ သမာသမတ်ကျမှုအပေါ်မှာ မူတည်တယ်။ ကြိုးကိုင်တဲ့ ပုဂိ္ဂုလ်တွေလည်းရှိမှာပဲ။ တရားမျှတတဲ့ စုံစမ်းစစ်ဆေးမှု ဆိုတာလိုတယ်။ အစိုးရကို Check လုပ်နိုင် မယ့် အဖွဲ့တွေဖွဲ့တာကောင်းမယ်။ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး ကော်မရှင်ကိုလည်း သိပ်တော့ မယုံဘူး ဗျ။ သူ့ဟာသူဖွဲ့ထား။ သူလူတွေ ပေါ့ဗျာ။ ဘယ်လို လူလဲဆိုတာကို မြင်နေရပါတယ်။ လာဘ်ပေးလာဘ် ယူကို တကယ်တမ်း အရေးယူချင် တယ်ဆိုရင်၊ မိမိအစိုးရတကယ် သန့်ရှင်းတဲ့ အစိုးရဖြစ်ချင်တယ် ဆိုရင် လွတ်လွတ် လပ်လပ် လူရိုသေရှင်ရိုသေလုပ်ချင်တဲ့ ပုဂိ္ဂုလ်တွေနဲ့ ဖွဲ့စည်းတဲ့ကော်မရှင်တစ်ခု ဖြစ်ရမှာပေါ့။ ၀န်ကြီးဌာန ပေါင်းစုံကို စစ်ဆေးသင့်တယ်။ စာရင်းစစ် အခြေခံချက်တွေ၊ တခြား စသုံးလုံး သတင်းတွေချိတ်ဆက်ပြီးမှ တကယ် စစ်ဆေးတဲ့ မားမားမတ်မတ်မဏ္ဍိုင် တစ်ခုရှိနေလို့ အသက်ရှူချောင်မှာ ပေါ့။ အခုကလုပ်ချင်တာ လုပ်တယ်။ ခိုင်းတာလုပ်တဲ့ အဖွဲ့အစည်းမျိုး ဆိုရင်သိက္ခာကျမှာပေါ့””ဟု ပြော သည်။
လစ်လပ် ပြည်ထောင်စုဝန် ကြီးနေရာအား ဒုဝန်ကြီးဦးစိုးဝင်းကို သမ္မတက အမည်စာရင်းတင် သွင်းမှုနှင့် ပတ်သက်၍ ဦးလှဆွေက အမိန့်နာခံသည့် ပုဂ်္ဂိုလ်ဖြစ်၍ ဟုထင်ကြောင်းသုံးသပ်ပြောကြား သည်။
““သူကတော့ အမိန့်နာခံတတ်တဲ့ အကျင့်ရှိတယ်။ အမိန့်နာခံတဲ့ ပုဂိ္ဂုလ်ဆိုတော့ သမ္မတက၀န်ကြီး အဖြစ် တင်တယ်လို့ ထင်ပါတယ်””ဟုပြောသည်။
ဦးစိုးဝင်းအား ကန့်ကွက်မည် ဆိုသည့်သတင်းများ ထွက်ပေါ်နေသည့်အပေါ် နိုင်ငံတော်သမ္မတမှ လွှတ်တော်သို့ အမည်စာရင်းတင် သွင်းမှုအား အရည်အချင်းပျက် ယွင်းကြောင်းခိုင်လုံအောင် မပြနိုင်လျှင် လွှတ်တော်အနေနှင့် ငြင်း ပယ်ပိုင်ခွင့်မရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောသည်။
MH-0099

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.